cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Bago Division News 2024

پست‌های تبلیغاتی
496
مشترکین
-124 ساعت
+307 روز
+3330 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ပြည်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်သင်ပညာ သင်တန်းအမှတ်စဉ်(၁၁/၂၀၂၄) ကြိုဆိုပွဲပုံရိပ်များ
نمایش همه...
Photo unavailableShow in Telegram
ပဲခူးတိုင်းဒေသကြီးအပါအဝင် ပြည်နယ်/တိုင်း ဆယ်ခုတွင် ၇ ရက် သို့မဟုတ် ၁၀ ရက်အထိ ဆက်တိုက် မိုးထစ်ချုန်းရွာနိုင် ပဲခူး ဇူလိုင် ၁၊၂၀၂၄ ပဲခူးတိုင်းဒေသကြီးအပါအဝင် ပြည်နယ်/တိုင်း ဆယ်ခုတွင် ၇ ရက် သို့မဟုတ် ၁၀ ရက်အထိ ဆက်တိုက် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလေဗဒ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ ဇူလိုင်လ ပထမ ၁၀ ရက်အတွင်း ခန့်မှန်းချက် ဖော်ပြရာ၌ မိုးထစ်ချုန်းရွာမည်ဖြစ်သော်လည်း ပဲခူးမြစ်ရေသည် ဇောင်းတူမြို့နှင့် ပဲခူးမြို့တို့တွင် နှစ်ပေ မှ သုံးပေခန့်သာ လက်ရှိရေမှတ်အထက် မြင့်တက်မည်ဟု ဖော်ပြထားသည့်အတွက် ပဲခူး၌ ရေကြီးမှု ဖြစ်ပေါ်လာချေ နည်းပါးသည်ကို တွေ့ရှိရသည်။ မိုးရွာသွန်းနိုင်မှု အေုခအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ၇ ရက္ကေန ၁၀ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ဖော်ပြထားသည်။ နေပြည်တော်အပါအဝင် ကျန်သည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၄ ရက္ကေန ၆ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း အနည်းဆုံးတစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မြုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ရာတွင် ဇူလိုင်လ ပထမ ဆယ်ရက်ပတ်အတွက် မိုးလေဝသ ခန့်မှန်းချက်ဖြစ်သည်။ မိုးရွာသွန်းမှု အခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်များမှာ မိုးပိုနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွေမှာ မိုးရွာသွန်းမှု လျော့နည်းနိုင်ကာ နေပြည်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ကျန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရွာသွန်းမြဲအတိုင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်၊၊ ထုတ်ပြန်ချက်အရ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြိူ့၊ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့တို့တွင် (၆) ပေမှ (၁၀) ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊မကွေးမြိူ့၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင် (၁၀) ပေမှ (၁၂) ပေခန့်၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်တို့တွင် (၄)ပေမှ (၅)ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ကြောင်း သိရသည်။ ထို့ပြင် ချင်းတွင်းမြစ်ရေသည်လည်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့ ၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၈) ပေမှ (၁၃) ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာမည်ဟု မိုး/ဇလက ဆိုသည်။ မြစ်သာမြစ်ရေသည်လည်း ကလေးမြို့တွင် (၅)ပေခွဲခန့်၊ ဒုဌဝတီမြစ်ရေသည် သီပေါမြို့နှင့် ရွှေစာရံမြို့တိူ့တွင် (၁)ပေမှ (၃)ပေခန့်နှင့် မြစ်ငယ်မြို့တွင် (၈) ပေခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တို့တွင် (၂) ပေမှ (၃) ပေခန့်၊ သံလွင်မြစ်ရသည် ဘားအံမြို့တွင် (၂) ပေခန့်၊ သောင်ရင်း မြစ်ရေသည် မြဝတီတွင် (၂)ပေခွဲခန့်၊ ငဝန်မြစ်ရေသည် ငါး သိုင်းချောင်း၊ သာပေါင်းနှင့် ပုသိမ်မြို့တို့တွင် (၁)ပေမှ (၃) ပေခန့်၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၂) ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၃)ပေခွဲခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာမည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။ လက်ရှိတွင်မူ ကချင်ပြည်နယ်အထက် မိုးသည်းထန်စွာရွာနေသည့်အတွက် ဧရာဝတီမြစ်ရေသည် ဆက်မြင့်တက်နေကာ ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားရှိ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးမှုဒဏ်ကို ခံနေရကြောင်း သိရသည်။
نمایش همه...
آرشیو پست ها
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.