cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Blood Money- သွေးစွန်းငွေ

Ban Jet Fuel Exports to Myanmar. Sanction Aviation Fuel. Freeze Payments To Junta. Keep In Escrow Account. Sanction MOGE.

نمایش بیشتر
پست‌های تبلیغاتی
2 423
مشترکین
اطلاعاتی وجود ندارد24 ساعت
-77 روز
-5330 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
Myanmar is facing daily airstrikes targeted civilians. The United Nations Special Rapporteur for Human Rights in Myanmar said that ASEAN member state (Myanmar) is one of the countries where Airstrikes are taking place and this year it has increased fivefold. Amnesty International reveals international companies supply aviation fuel to the junta, including Sahara Energy (Singapore) and CNOOC Trading (China). Ref: Amnesty International - Myanmar: ‘Reckless’ shipments of jet fuel continue as air strikes multiply #ASEAN #Myanmar #AirStrikes #WhatsHappeningInMyanmar #BloodMoneyCampaignMM
نمایش همه...
👍 2
Photo unavailableShow in Telegram
သိဖို့ သိဖို့ #WhatsHappeningInMyanmar #BloodMoneyCampaignMM #BanAviationFuelExportToMM
نمایش همه...
👍 1
အရှေ့တောင်အာရှအဖွဲ့၀င် မြန်မာနိုင်ငံဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်ခံရမှုတွေ နေ့စဉ် ဖြစ်ပွားနေတဲ့ နိုင်ငံတစ်ခုအဖြစ် ရှိနေပါတယ်။ စစ်အုပ်စုရဲ့ ယခုနှစ် လေကြောင်းတိုက်ခိုက်မှုတွေဟာ ယခင်နှစ်တွေထပ် ငါးဆတိုးလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားထားပါတယ်။ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (amnesty international) ရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အရ စစ်အုပ်စုရဲ့ လေယာဉ်ဆီ ဝယ်ယူရေးနဲ့ ပို့ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာကုမ္ပဏီတွေ ပါဝင်နေကြောင်းတွေ့ရပါတယ်။ အစီရင်ခံစာရဲ့ ဖော်ပြချက်အရ တရုတ်ကုမ္ပဏီပိုင် HUITONG78 အမည်ရှိ လေယာဉ်ဆီတင်သင်္ဘောဟာ ဗီယက်နမ်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ ထို့အတူ စစ်အုပ်စုထံကို လေယာဉ်ဆီ ရောင်းချနေတဲ့ ကုမ္ပဏီတွေထဲမှာ စင်ကာပူနိုင်ငံအခြေစိုက် Sahara Energy International Pte. Ltd ကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် CNOOC Trading (Singapore) Pte. Ltd တို့ပါဝင်ပါတယ်။ ၂၀၂၄ ခုနှစ် အတွက် ပြီးခဲ့တဲ့ မေလမှာ ယူအေအီးနိုင်ငံကနေ မြန်မာနိုင်ငံကို ရောက်ရှိခဲ့နိုင်တယ်လို့ ခန့် မှန်းထားကြောင်းလည်း အဲ့ဒီအစီရင်ခံစာမှာပဲ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုတွေကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတကာအစိုးရတွေကနေ စစ်အုပ်စုကို လေယာဉ်ဆီဖြတ်တောက်ရေးဟာ အလွန်အရေးကြီးပါတယ်။ Ref: Amnesty International - Myanmar: ‘Reckless’ shipments of jet fuel continue as air strikes multiply #ASEAN #Myanmar #AirStrikes #WhatsHappeningInMyanmar #BloodMoneyCampaignMM
نمایش همه...
👍 3
01:20
Video unavailableShow in Telegram
စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခံရစဉ်မှာ ကလေးတွေ၊ ဆရာ/မတွေအ​နေနဲ့ မြေပြင်အခြေအနေကို ဘယ်လိုတွေ ရင်ဆိုင်ခဲ့ရလဲ #BanJetFuelExportsToMM #SanctionAviationFuel #StopJetFuelSalesAndShipmentInsuranceToMM #WhatsHappeningInMyanmar #BloodMoneyCampaignMM
نمایش همه...
IMG_5136.MP428.67 MB
😢 3💔 2👍 1
Photo unavailableShow in Telegram
WEAPONS TRANSFERS TO MYANMAR JUNTA FROM SINGAPORE - BASED ENTITIES DOWN BY 83% UN special rapporteur MAR 19, 2024 #DoMoreSingapore #WhatsHappeningInMyanmar #BloodMoneyCampaignMM
نمایش همه...
5👎 1
Photo unavailableShow in Telegram
မြန်မာစစ်အုပ်စုထံ လက်နက်လွှဲပြောင်းမှု စင်္ကာပူအခြေစိုက် အဖွဲ့အစည်းများ ၈၃% ကျဆင်းခဲ့ UN Special Rapporteur မတ်လ ၁၉ ရက်၊ ၂၀၂၄ #DoMoreSingapore #WhatsHappeningInMyanmar #BloodMoneyCampaignMM
نمایش همه...
8
Living Under the Constant Threat of Myanmar Military Airstrikes မြန်မာအကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ၏ စဉ်ဆက်မပြတ် ခြိမ်းခြောက်မှုများအောက်တွင် နေထိုင်ရခြင်း In September 2022 in Myanmar, the military junta conducted airstrikes on a school while children were in class. A teacher who was in the classroom with the children at the time of the bombing recounted the event. ၂၀၂၂ ခုနှစ် စက်တင်ဘာလက အကြမ်းဖက်စစ်အုပ်စု၏ စာသင်ခန်းထဲတွင် စာသင်နေသော ကလေးများရှိသည့် စာသင်ကျောင်းအပေါ် လေကြောင်းတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ကို ကလေးများနှင့်အတူ ရှိနေသည့် ဆရာမတစ်ဦးမှ ပြန်လည်ပြောပြခြင်းဖြစ်သည်။ အပြည့်အစုံကို Blood Money Campaign YouTube channel တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://youtu.be/ryaDx_y2N3Y #BanJetFuelExportsToMM #SanctionAviationFuel #StopJetFuelSalesAndShipmentInsuranceToMM #WhatsHappeningInMyanmar #BloodMoneyCampaignMM #GSCB
نمایش همه...
Living Under the Constant Threat of Myanmar Military Airstrikes

In September 2022 in Myanmar, the military junta conducted airstrikes on a school while children were in class. A teacher who was in the classroom with the children at the time of the bombing recounted the event.

7
Kler Lwee Htu မှ ကျောင်းသား/သူများက မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့နဲ့ နိုင်ငံတကာကနေ စစ်အုပ်စုကို လေယာဉ်ဆီ တင်ပို့ရောင်းချနေတာတွေ ရပ်တန့်ဖို့ Sanction Aviation Fuel လှုပ်ရှားမှု ပြုလုပ် Sanction Aviation Fuel Stop Burmese Military Airstrikes Now! EU Sanction Aviation Fuel Rishi Sunak Sanction Aviation Fuel President Biden Sanction Aviation Fuel #SanctionAviationFuel #BanAviationFuelExportsToMyanmar #StopJetFuelSalesAndShipmentInsuranceToMM #WhatsHappeningInMyanmar #BloodMoneyCampaignMM
نمایش همه...
👍 5 4
“ ပြီးခဲ့တဲ့ ၈၈မှာက မြန်မာပြည်ကို အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်။ ဒါပေမဲ့ စစ်အုပ်စုပဲ ချမ်းသာသွားတယ်။ ပြည်သူတွေကတော့ ဆင်းရဲသွားတယ်။ အဲ့ဒါရဲ့အဓိကအကြောင်းက တကယ့် MOGE ရဲ့ နိုင်ငံခြားဝင်ငွေကို မဖြတ်နိုင်ခဲလို့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေမလုပ်ခဲ့လို့ဆိုတဲ့ သမိုင်းသင်ခန်းစာအနေနဲ့ ပြန်လည်သုံးသပ်မှုတွေလုပ်တဲ့အခါမှာတွေ့ရတယ်။”လို့ မူလန်က ရှင်းပြပါတယ်။ ၁၉၈၈ မှာလည်း MOGE ကို ဖြိုဖို့လုပ်ခဲ့ပေမယ့် မအောင်မြင်တာကြောင့် စစ်အုပ်ချုပ်မှုဟာ နှစ်ကြာသွားခဲ့ရတာ ဖြစ်ပါတယ်။ MOGE အကြောင်းကို လူထုကို အသိပညာပေးတာတွေမလုပ်ခင်မှာပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေကို ဦးစွာ ဆွေးနွေးပြီး MOGE က ဘယ်လိုအရေးကြီးတယ်။ ဘာလုပ်ရမလဲဆိုတာတွေပါ တိုင်ပင်ခဲ့ကြပါတယ်။ ဆွေးနွေးမှုလုပ်ရာမှာ ပြည်ပအဖွဲ့အစည်းတွေဖြစ်တဲ့ ၈၈ အရေးအခင်းက ဝါရင့်နိုင်ငံရေးသမားတွေ၊ ABSDF မှာ ပါဝင် သူတွေနဲ့လည်း MOGE နဲ့ပတ်သက်ပြီး သူတို့ခေတ်က လုပ်ဆောင်ခဲ့တဲ့အခြေအနေတွေနဲ့ လက်ရှိကာလမှာ ဘယ်လိုလုပ် ကြမလဲဆိုတာတွေကိုပါ ဆွေးနွေးဖလှယ်ခဲ့ကြတာဖြစ်ပါတယ်။ MOGE နဲ့ပက်သက်ပြီး၊ သဘာဝအရင်းအမြစ် သံယဇာတနဲ့ပက်သက်ပြီး ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ စီးပွားရေး ပညာရှင် သုတေသန၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတိုင်ပင်တာတွေပြုလုပ်ခဲ့ကြပါတယ်။ လှုပ်ရှားမှုတွေစတဲ့အချိန်မှာ အားပေးတဲ့သူတွေ အများအပြားရှိသလို တချို့လည်း အနုတ်လက္ခဏာဆောင်တဲ့ မေးခွန်းတွေ ပြောကြ၊ မေးကြတာတွေလည်ရှိခဲ့တာဖြစ်ပါတယ်။ “ကျနော်တို့ဆို စစချင်းတုန်းက အရမ်းမေးခံရတယ်။ မဖြစ်နိုင်တာကို လုပ်တယ်ဆိုပြီး ဝိုင်းကြပ်တာတွေလည်း ရှိ တာပေါ့။ ခနဲ့တဲ့တဲ့မေးတာတွေလည်း ကြုံခဲ့ရပါတယ်။”လို့ မူလန်က ဆိုပါတယ်။ သူတို့အနေနဲ့ သူတို့ Blood Money Campaign(BMC)အဖွဲ့ကို ယုံကြည်လာဖို့ တကယ်အလုပ်တွဲလုပ်ကိုင် လာဖို့ စတာတွေကို အင်တိုက်အားတိုက်ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ MOGE လို့ပြောလိုက်ရင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ဆိုတာ လူထုနဲ့တိုက်ရိုက်သက်ဆိုင်တယ်ဆိုတာ အများစုက မသိကြတဲ့စိန်ခေါ်မှုတွေနဲ့လည်း ကြုံခဲ့ရတာပါ။ “ဒီငွေတွေက ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေး၊ လှုမှုရေးဖွံ့ဖြိုးမှုအတွက် တိုက်ရိုက်သက်ဆိုင်တဲ့ငွေတွေ ဒါတွေကို စစ်အုပ်စုက စစ်ယန္တရားလည်ပတ်ရေးအတွက် ဘယ်လိုတွေသုံးနေတယ်ဆိုတာကို အရင်ဆုံး ကျနော်တို့က အချင်းချင်းကော အဖွဲ့တွင်းတွေကော အများပြည်သူကိုကော သတင်းစကားပေးတာ မျှဝေတာတွေ အများ ကြီး ပြုလုပ်ခဲ့ကြပါတယ်။”လို့မူလန်က ရှင်းပြပါတယ်။ အဓိကကတော့ လူငယ်တွေဖြစ်တဲ့အပြင်အားလုံးက လုံခြုံရေးကြောင့် နာမည်ဝှက်တွေနဲ့ low profile လှုပ်ရှားရပြီး ဒီကဏ္ဍကလည်း များစွာခက်ခဲမှုရှိတဲ့အပေါ်လုပ်နိုင်ပါ့မလားဆိုတဲ့တချို့သူတွေရဲ့ မယုံတယုံပြောတာတွေ၊ အမေးခံရတာ တွေစတဲ့စိန်ခေါ်မှုတွေက ပိုများတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ ဒီလိုဝေဖန်မှုတွေကြားကနေ အကောင်းဆုံးကြိုးစားဆောင်ရွက်ခဲ့တာကြောင့် အခုဆိုရင် သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုဟာ အောင်မြင်မှုအတိုင်းအတာတစ်ခုအထိရောက်ရှိနေပြီဖြစ်ပါတယ်။ ထင်သာတဲ့လုပ်ငန်းတွေပြောမယ်ဆိုရင် TOTAL၊ Chevron, POSCO, PTTEP တို့က စစ်အုပ်စုကို ပေးနေတဲ့ ဝင်ငွေတွေရပ်ဖို့အပြင် ပြည်သူတွေနဲ့ထိတွေ့မှုရှိတဲ့ Telenor ထွက်သွားဖို့ လုပ်တဲ့အချိန်မှာ တာဝန်ယူမှု တာဝန်ခံ မှုရှိတဲ့ထွက်ခွာမှုမျိုးဖြစ် ဖို့တောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။ နောက် စကာၤပူအစိုးရကို လက်နက်၊ လေယာဉ်ဆီ နည်းပညာတွေ စစ်အုပ်စုကို ရောင်းချပေးနေတာတွေရပ်ဖို့၊ ကြားခံ ပွဲစားနိုင်ငံအနေနဲ့ ကူညီထောက်ပံ့နေတာတွေရပ်ဖို့ စတဲ့လှုပ်ရှားမှုတွေကို မူလန်တို့အင်တိုက်အားတိုက် လုပ်ခဲ့ကြတာပါ။ ဒါ့အပြင် USA, UK, EU က MOGE, MFTB, MICB ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူဖို့ တောင်းဆိုလှုပ်ရှားခဲ့ပြီး အမေရိကန် က MFTB, MICB တို့ကိုပိတ်ဆို့အရေးမှုတွေ ပြုလုပ်ခဲ့ပြီး EU က MOGE ကို ဒဏ်ခတ် ပိတ်ဆို့အ ရေးယူခဲ့တာဖြစ်ပါတယ်။ “နိုင်ငံရေးအရ အောင်မြင်မှုရတာလည်းရှိတယ်။ ဒါပေမဲ့ စစ်အုပ်စုဆီဝင်နေတဲ့ငွေတွေကတော့ မလျော့သေးဘူး ပေါ့။ ဥပမာ MOGE ကို US က ငွေကြေးဆိုင်ရာကန့်သတ်မှု၊ ဒေါ်လာသုံးစွဲခွင့်ပိတ်တယ်။ အပြည့်အဝဒဏ်ခတ် ပိတ်ဆို့ မှုတော့ မလုပ်နိုင် သေးဘူး။ အဲ့အတွက် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက အကြမ်းဖက်စစ်အုပ်စုကို ဒေါ် လာကနေ ဘတ်ပြောင်းပြီး ငွေတွေဆက်လွှဲနေတာတွေရှိတယ်။”လို့ မူလန်က ထောက်ပြပါတယ်။ EU ဘက်က ချမှတ်ထားတဲ့ပိတ်ဆို့မှုကျတော့ ဘယ်လောက်ထိလဲဆိုရင် တရုတ်ကိုပို့နေတဲ့ ရွှေစီမံကိန်း ဓါတ်ငွေ့ ကနေရတဲ့ဝင်ငွေကို အီးယူက စီးပွားရေးအရပိတ်ဆို့မှုလုပ်တဲ့အတွက် စစ်အုပ်စုထံတိုက်ရိုက်ငွေလွှဲလို့ မရတော့ ဘဲ ကြားခံနယ် ဘဏ်တစ်ခုမှာ freeze ဖြစ်နေတာတွေရှိလာကြောင်း ပြောပါတယ်။ ဒါပေမယ့်တခြားရတနာစီမံကိန်း၊ ဇောတိကစီမံကိန်းတို့မှ ရတဲ့ငွေကြေးတွေက စစ်အုပ်စုထံဝင်နေဆဲဖြစ်လို့ ဝင် ငွေက လျော့မသွားသေးတာဖြစ်ပါတယ်။ ဒီအတွက်လည်း သူတို့ကြိုးစားနေတာရှိကြောင်း ဆိုပါတယ်။
نمایش همه...
1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.