cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

Thet Naing Oo

ကိုသက်နိုင်ဦး၏ Live Vedio များကို ကူးယူဖေါ်ပြပေးပါမည်

نمایش بیشتر
پست‌های تبلیغاتی
3 506
مشترکین
+724 ساعت
+517 روز
+15430 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

Photo unavailableShow in Telegram
မတ္တရာမြို့နှင့်(၁၅)မိုင်အကွာ ဆည်တော်ကြီးအနီး သန်းကုန်း ရွာရှိ မြေအောက်လှိုဏ်ဂူကြီးထဲ တွင် TNLA+PDFsအင်အား(၈၀၀) ခန့် အခြေပြုလှုပ်ရှားလျှက်ရှိသည်။
نمایش همه...
👍 26🤔 1🌚 1
03:53
Video unavailableShow in Telegram
မရေးချင်လို့.. ထိလွယ် ရှလွယ်လို့.. စစ်ကိုင်းတိုင်း ၊မကွေးတိုင်းတွေက ပြည်သူတွေရဲ့ ပေးပို့သတင်းတွေမှာ Pdf ခေါင်းဆောင်ပိုင်းတော်တော်များများက ဘုန်းကြီးတွေ၊ဦးဇင်းတွေချည်းပဲ.. စစ်ကြောင်းလာရင် စစ်တပ်က ဘုန်းကြီးကျောင်းတည်းတယ်..ဘုန်းကြီးကိုမှယုံတယ်..ပြန်ရင် မိုင်းဆွဲခံရရော.. သတိထားဖို့ပါ.. ကျွန်းလှမီးအိမ်ရှင် https://t.me/kyunhlanews
نمایش همه...
6.16 MB
👍 16😢 1
သီ​ပေါဘက်မှာ စာသင်တိုက်က ကိုရင်​လေး ​တွေ ဆွမ်းကိစ္စအဆင်မ​ပြေ​တော့လို့ ​နေရပ် ပြန်ပို့ရတယ်ဆိုရင် ဒါမ​ကောင်းဘူး။ မန္တ​လေးလို​နေရာကို ​ရွေ့​ပေးဖို့လိုတယ်။ ဒီကိုရင်​လေး​တွေ သူတို့ ရွာ​တွေပြန်​ရောက် ရင် သူပုန်နယ်ထဲဆို သူပုန်က ဖမ်းပြီး သူပုန် လုပ်ခိုင်းမှာ။ ဒီ​လောက်ပဲ​ပြောပြ​စေ။
نمایش همه...
😢 56👍 27
🇲🇲💛💚❤️💙💜🇲🇲 အချို့က သူ့ဟာသူ ရှာ​ဖွေ ချက်ပြုတ် ခူးခပ်စားတယ်။ အချို့က အခွံနွှာ​ပေးမှ စားချင်တယ်။ အချို့က ပါးစပ်ထဲ အ​ရောက်ခွံ့ကျွေးမှ စားမယ်​ပြောတယ်။ အချို့ကလည်း ဘယ်လို​ကျွေး​ကျွေး ​ထွေးထုတ်ပစ်တယ်။ ဒါက သူတို့ရဲ့ကိစ္စသက်သက်ပါ။ ကျွန်​တော်နဲ့မဆိုင်ပါဘူး။ ကျွန်​တော့်ကိစ္စကြ​တော့--- ■အချိန်ကိုတန်ဖိုးထားတယ်။ ■​အချိန်တိုင်းမှာ တစ်ခုခု အကျိုး ဖြစ်ထွန်း​စေဖို့ တတ်နိုင်သမျှ အား ထုတ်တယ်။ ■ချီးထိုင်ပါရင်း သတင်းစာ/စာ တစ်ခုခုဖတ်တယ်။ ■တစ်ခုခုလုပ်​နေချိန် အနည်းဆုံး အင်္ဂလိပ် စကား​ပြောတစ်ခုခု ဖွင့် ထားတယ်။ဥပမာ အ​မေရိကန် သမ္မတ ​ဒေါ်နယ်ထရန့်ရဲ့ မိန့်ခွန်းရှည် ■ခု လူနာ​စောင့်ရင်း အချို့စာလေး​တွေ ​ရေးတင်တယ်။မ​ရေးရင်စာဖတ်တယ်။ ​နေ့စဥ်ဖြတ်သန်းရတဲ့ဘဝမှာ တစ်ခုခုကျန် ​အောင်ကြိုးစား အားထုတ်ရမယ်တဲ့ ■​ငွေ​ကြေးဓနလား ■တရားဓမ္မလား ■အသိပညာလား ■ကုသိုလ်​ကောင်းမှုလား ကုသိုလ် ​ကောင်းမှုဆိုရာမှာ ​ကောင်းတဲ့ ​စေတနာစိတ်နဲ့ အသိအမြင်ဖြန့်​ဝေခြင်း လည်း အကြုံးဝင်ပါတယ်။ ■ခု​နောက်ပိုင်း အင်တာနက်လိုင်း​တွေ အတက်အကျများတယ်။ ■Live နာရီဝက်​လောက် ရဖို့ ၂နာရီ ​လောက်ထိုင်​ပြောရတယ်။လိုင်းကျရင် ရပ်လိုက်၊ပြန်တက်လာရင် ဆက်​ပြော လိုက် အဆင်မ​ပြေဘူး။ ■ပြီးရင် ပြန် DLဆွဲ ဒါလည်း အကြာ ကြီး။ ■ပြီးရင် တယ်လီဂရမ် ပြန်တင်။ဒါလည်း အခန့်မသင့်ရင် ကြာပြန်။ ■​တော်​တော်အဆင်မ​ပြေဘူး။ ■vedio ရိုက်ပြီး တယ်လီဂရမ်​ပေါ်တင် ပြန်​တော့ file ဆိုက်ကြီးလို့တဲ့ တင်မရ ပြန်ဘူး။ ■ကိုယ်တိုင်နည်ပညာ အားနည်းတာလည်း ပါပါတယ်။ ■အဲ့​တော့ ​အောက်ဆီဂျင်​ပေးထားရတဲ့ လူနာကို ​စောင့်ရင်း စာ​လေး​တွေ​ရေးတင် ​နေတာပါ။ ဒါက ကိုယ့်တွက်လည်း ​ဘေး ကင်းပါတယ်။ ■Live မှာစိတ်ရှိတိုင်း ​ပြောမိရင်။ ​ထောင်ထမင်းစားရ​တော့မယ့် နိုင်ငံ​ရေး အ​ခြေအ​နေလည်း ဖြစ်​နေတယ်။ ■ဒီအ​ခြေအ​နေကိုလည်း ​ရှောင်လွှဲနိုင်ဖို့ အ​ကြောင်းတရား​တွေကိုက စီစဥ်ထား သလားလို့ စိတ်ထဲ​တွေးမိ​သေးတယ်။ ■​ကြောက်လို့မဟုတ်ဘူး။ မမြင်ရတဲ့ သဘာဝ အ​ကြောင်းတရား​တွေက ကျွန်​တော့်ကို ကာကွယ်ပြီးသားဖြစ်တယ်။ ■ကျွန်​တော့်စိတ် နဲ့ ကျွန်​တော့်ရဲ့ မ​ကြောက် တတ်မှုနဲ့ စိတ်ရှိတိုင်း ​ပြောလို့က​တော့ ပွဲက လှပြီ။​​ထောင်ထဲမှာ။ မိတ်​ဆွေများလည်း စာဖတ်ရင် ပိုက်ဆံမကုန် ဘူး။ အချိန်​တော့ ၅မိနစ် ၁၀မိနစ်ကုန်မှာ​​ပေါ့။ အချိန်မ​ပေးနိုင်ရင် အိမ်သာထဲ ချီးထိုင်ပါချိန် ဖတ်​ပေါ့။ ■စာဖတ်ပျင်းတယ်​တော့ မ​ပြောကြပါနဲ့။ အဲ့ဒါက မိတ်​ဆွေတို့ရဲ့ ကိစ္စသာဖြစ်တယ်။ ■အနည်းဆုံး​တော့ ကျွန်​တော်​သေရင် သားသမီး​တွေက အ​ဖေကို သတိရတဲ့အခါ အ​ဖေ ဘာ​တွေ ​ရေးခဲ့လဲ ပြန်ဖတ်လို့ရတယ် ဆိုရင် ကျွန်​တော့်အတွက် ​ရေးရကျိုးနပ်ပါ တယ်။ ဘယ်သူမှမဖတ်လည်း ကျွန်​တော်က ဘာပြဿနာမှမရှိပါဘူး။
نمایش همه...
👍 75 20🙏 5🥰 2
ယူကရိန်းနယ်စပ်မှာ ရုရှား စစ်ပြင်ချိန် (၂၀၂၁ စက်တင်ဘာ ​လောက်)၊ရုရှားသမ္မတပူတင် က ​ နေတိုးအဖွဲ့ထံ ​တရားဝင်​ ရေးသား​တောင်းဆို ​ပေးပို့ချိန်(ယူကရိန်းကို ​နေတိုးအဖွဲ့ထဲ ဆွဲမသွင်း ဖို့၊​နေတိုးအဖွဲ့ကို အ​ရှေ့ဘက်ထပ်တိုးချဲ့မလာ ဖို့---စသည်)။ ပူတင် ​တောင်းဆိုချက် ညှိမရင် ယူကရိန်းကို တကယ်တိုက်မယ် ​ကျွန်​တော်တို့တွက်ကိန်း မှန်ခဲ့တယ်။ အ​ခြေအ​နေက နှစ်ဖက်လုံး နင်ဘာလဲငါဘာလဲ စိတ်နဲ့ သွားကြမှာမို့ ဒီစစ်က ​ရှောင်မရဘူး။ ပူတင်ကလည်း စစ်အင်အား​တွေ ပို့ထားပြင်ဆင် ထားပြီးမှ (ပြစားလုပ် ​ခြောက်တာ​ပေါ့၊မရ​တော့ ဒီအတိုင်း ပြန်ဆုတ်ဖို့ဆိုတာ သူ့က င​ပေါကြီး ဖြစ်သွားမှာ​ပေါ့) ဒါ​ကြောင့် ကိုယ့်အကွက် ကိုယ်​ရွေ့ကြရင်း နှစ် ဖက်လုံးက စစ်ဖြစ်ဖို့စီ တွန်းပို့ပြီးသားဖြစ်သွား တာ​ပေါ့။ ချပြီဆို​​တော့။တွက်ကိန်း​တွေမှန်ကြ​​တော့ နိုင်ငံ ​ရေး​လေ့လာသူ​တွေအားလုံး ဂုဏ်ထူးရသလို​ ​ပေါ့။ ​တောင်​ပြော​မြောက်​ပြောကြပြန်​ပေါ့။ ထူးထူးခြားခြား WW3 စပြီးလို့ ​ပြောတာ မိမိ တစ်​ယောက်တည်း​ပေါ့။ ဒီအဆင့်ထိ အဲ့အချိန်မှာ ဘယ်​ပြောလို့ဖြစ်မ လဲ။ ကျွန်​တော်က​တော့​ပြောပါတယ်။ ပူတင်ကလည်း ဘယ်လိုမှ ​နောက်ဆုတ်လို့မရ ဘူး။သူကျရှုံးရင် သူ​ရောရုရှား​ကော ဘဝပျက် ပြီ။ အ​မေရိကန်၊​နေတိုး က​ကော။သူတို့လည်း ဘယ် လိုမှ ​နောက်ဆုတ်လို့မရဘူး။ ဒီပွဲမှာ ပူတင်စား သွားတာနဲ့ အ​မေရိကန်​နေတိုး ဆိုတာ အစွယ်ချိုး ခံရတဲ့ ဘဝ​ရောက်ပြီ။ ကမ္ဘာ့နိုင်ငံ​ရေးမှာ ​မြောင်း ထဲ​ရောက်မှာ။အဲ့​တော့ သူတို့လည်း ဘယ်လိုမှ ​နောက်ဆုတ်မရဘူး။ ခု​တော့ နူးလက်နက်ထိပ်ဖူး​တွေ​တောင် သူပြင် ကိုယ်ပြင်၊​နောက်မဆုတ်၊​ရှေ့ကြီးတိုး ဆိုးလာ​နေ တာ။(ဒီအ​ခြေအ​နေကို ​ပြောင်းနိုင်တာ တစ်နည်း ပဲရှိတယ်။လာမယ့် နိုဝင်ဘာ အ​မေရိကန်​သမ္မတ ရွေး​ကောက်ပွဲမှာ သမ္မတ​ဟောင်းထရန့်နိုင် ပြီး--- ယူကရိန်းကို အ​ထောက်အပံ့ ရပ်လိုက်တာနဲ့ ရုရှား---ယူကရိန်းစစ်ကပြီးသွားမှာ။ ပူတင်က ယူကရိန်းနယ်​မြေ အချို့ကို ရုရှားပိုင်နက်အဖြစ် စာချုပ်စတမ်း​တွေနဲ့ ရလိမ့်မယ်။(ကရိုင်ူမီးယား နဲ့ ခုရုရှားထဲ သွပ်သွင်းထားတဲ့ ပြည်နယ် ၄ ခု) ယူကရိန်းက နယ်​မြေရှုံး၊တိုင်းပြည်​ကျေ။သမ္မတ ဇင်လင်းစကီးပြုတ်ကျ။ဘီလီယံနာဖြစ်။​နောက် ပိုင်း တိုင်းပြည်တရားခံအဖြစ် ​ပြည်သူကပြဿ နာရှာလာရင် အ​နောက်နိုင်ငံတစ်ခုခုကို ထွက်​ပြေး။ (ထရန့်နိုင်ရင် ဖြစ်လာမယ့်အဲ့ထွက်​ပေါက်က အား လုံးတွက် ခုသာခံသာ၊ ​ရှေမျက်နှာ​နောက်ထား အိ​န္ဒြေရရ ထွက်​ပေါက်ရ​စေတာ) ထရန့်မနိုင်ဘဲ ဘိုင်ဒန်(ဒီမိုကရက်ဘက်က)နိုင်ရင် နူးလက်နက်​တွေနဲ့ ​ဆော်ပြီး အားလုံးပျက်စီးမှာပဲ။ ဒီအခါ ကြားက တရုတ်ကြီးက အလိုလို နံပါတ် ၁ ​နေရာ ဝင်ယူမှာ။ အ​မေရိကန်၊​နေတိုး အ​နောက်အုပ်စုကို ​ရင်ဆိုင် ဖို့ဆိုတာ ဒီဘက်ကလည်း (ရုရှား--တရုတ်--- ​မြောက်ကိုးရီးယား---အီရန်)တို့ဟာ မဖြစ်မ​နေ ​ကျောချင်းကပ် ဝင်ရိုးတန်းဖွဲ့ရမယ်လို့​ လည်း သုံးသပ်ပြခဲ့ပြီးသား။Evil Axis နဲ့ Devil Axis ​ပေါ့လို့။ တကယ်က တစ်အုပ်စုမှမ​ကောင်းဘူး။ ခု​တော့ တကယ်ဖွဲ့လာကြတာပါပဲ။ ခု အစ္စ​ရေး နဲ့ ဟားမာစ် စစ်က​နေ၊ အစ္စ​ရေး-- ဟစ်ဘိုလာ စစ်အထိကျယ်ပြန့်လာပြီ။ ယီမင် ဟူသီသူပုန် အဖွဲ့ကလည်း Red Sea နဲ့ ​အေဒင် ပင်လယ်​ကွေ့မှာ ကုန်တင် သ​​​​​ေင်္ဘာ​တွေ၊အ​မေ ရိကန် စစ်​သ​ေင်္ဘာ​တွေကို တိုက်ခိုက်​နေတာ။ ဒီဟားမာစ်၊ဟစ်စဘိုလာ၊ဟူသီ သူပုန်​တွေက အီရန်အ​ထောက်ပံ့ခံ​တွေ။အီရန်​​မွေးထားတာ။ ဒီစစ်ပွဲ​တွေကလည်း ရုရှား--ယူကရိန်းစစ်ပွဲ နဲ့ ချိတ်​နေတာ၊ WW3ထဲ အကြုံးဝင်တယ်​ ပြော ရမှာပဲ။ စစ်ပညာသ​ဘောအရ ရန်သူကို အခက် ​တွေ့အကြပ်ရိုက် အောင်စစ်မျက်နှာချဲ့တဲ့ သ​ဘောပဲ။ အ​မေရိကန်၊​နေတိုး အ​နောက်အုပ်စုဟာ တရုတ် ကို ဖြိုဖို့လည်း ကြံ​နေမှာပဲ။ တရုတ်ကလည်း လွယ်​တော့မလွယ်ဘူး။ မြန်မာ့ ဥပမာနဲ့ ​ပေးရမှာပဲ။ "သူ​တောင်းစား ထမင်းဝလာ ​တော့ ယီး​တောင်" ဆိုတဲ့အတိုင်းပဲ။ ပတ်ဝန်းကျင် ​တွေ့သမျှ အ​ပေါက်အကုန် လိုက်ထိုးထည့်ချင်​နေ တယ်။ အ​မေရိကန်အ​နောက်အုပ်စု က တရုတ်ကို ဖြိုနိုင် မယ့် နည်းက တစ်နည်းပဲရှိတယ်။ တရုတ်စစ်တပ် ကိုဖျက်ဆီးပစ်ရမယ့်နည်းပဲ။ ဘယ်လိုဖျက်ဆီးမလဲ။ အကျက့်ပျက်ချစား​အောင် ဖျက်ဆီး။ စစ်တပ်အရာရှိကြီး​တွေနဲ့ တရုတ်ကွန်မြူနစ် ပါတီအာဏာပိုင်​တွေကြား သပ် လျှိုခြင်းပဲ။ တရုတ်ကို ဖြိုချင်ရင် ကွန်မြူနစ်ပါတီကို ဖြိုရမယ်။ ကွန်မြူနစ်ပါတီကိုဖြိုချင်ရင် တရုပ်စစ်တပ်နဲ ပါတီ အကြားကွဲ​အောင်လုပ်ရမယ်။ ​နောက်တစ်ဆင့်ကြ မှ တရုပ်စစ်တပ်ကို ထပ်ဖြိုရမယ်။ အ​မေရိကန်က ဒါကို မသိရှိမယ်​တော့ မထင်ပါ။ သူလည်း ဆင်ကြံကြံ​နေမှာပဲ။ မကြံလို့လည်းမရဘူး။ တရုတ်က ပိုယုတ်တယ်။ သူ အင်အားကြီးထွားလာ တာနဲ့အမျှ အိမ်နီးချင်းနိုင်ငံ​တွေ၊​ဒေသတွင်း နိုင်ငံ​တွေ အတွက် အန္တရာယ်ကြီးလာတယ်။ တရုတ်နဲ့ ရုရှား ပုံစံမတူဘူး။ ရုရှားသမ္မတ ပူတင်က လူ​ဖြောင့်။ သူ့နိုင်ငံ သူ့လူမျိုး ကို ကာကွယ် လိုရင်းသာဖြစ်တယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က လူ​ကောက်။သူ့နိုင်ငံ အကျိုးစီးပွား ထူ​ထောင်လိုသမျှ ကျန်သူ​တွေကို(နိုင် ငံ​တွေကို)​လေးစားရမှန်းမသိဘူး။ ဘယ်လိုအမြတ် ထုတ်ရမလဲ ပဲ ကြံစည်​နေတာဖြစ်တယ်။
نمایش همه...
👍 63 22🤡 1
ကမ္ဘာကြီးက တရုတ်ကို ဂုတ်နှိပ်ချင်၊အင်အားချိန်ခွင် လျှာညှိချင်ရင်​တော့ အိန္ဒိယကို တက်လာ​အောင်ကူ ရမယ်။ဂျပန်၊ကိုးရီးယား၊ထိုင်ဝမ်နဲ့ ပစိဖိတ်သမုဒ္ဒရာ ​ဒေသတွင်း နိုင်ငံ​တွေဟာ စစ်​ရေးမဟာမိတ်ဖွဲ့ ညီ ညွတ်ကြရပါမယ်။အ​မေရိကန် အ​နောက်နိုင်ငံ​တွေက ဒီ​လောက်​တော့ သိပြီးသားဖြစ်ပါလိမ့်မယ်။ မြန်မာအတွက်က​တော့ တရုတ်နဲ့ အိန္ဒိယဟာ မတူပါ ဘူး။အိန္ဒိယ ဟာ အိမ်နီးချင်း​ကောင်းဖြစ်တယ်။ ဒီ​လောက်ပါပဲ။ ဒီအခင်းအကျင်း​တွေကို ကစား​နေတာ၊​ရွေ့​နေကြ ခြင်းက WW3ဖြစ်​နေတာပါပဲ။ ၂၁ရာစုမှာ စစ်ပွဲ ​တွေက ပုံစံ​ပြောင်းသွားပြီ။ အချို့က​တော့ "multidimensional warfare လို့ဆိုကြတာ​ပေါ့ဗျာ။
نمایش همه...
👍 93 21🤔 1
တကယ်က ကျွန်​တော်ဟာ အချိန်တိုင်း ​လေ့လာ သင်ယူ မှတ်သား​နေတတ်သူတစ်​ယောက်ပါ။ ထို့အတူပဲ ပြဿနာ အ​ကြောင်းအရာတိုင်း ကို ​ကောင်းမွန်တဲ့ အ​ဖြေရလဒ်​တွေ ရ​အောင် ရှာ​ဖွေ လိုစိတ်ရှိသူတစ်​ယောက်သာ ဖြစ်ပါတယ်။ လူတိုင်းဟာ ကျွန်​တော့်ရဲ့ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာ ​တွေပါပဲ။ ဒါ့​ကြောင့် လူတိုင်းအ​ပေါ် ​​လေးစားတန်ဖိုးထားပါတယ်။ လူဆိုးသူခိုး ​တွေ ကို မြင်ရင် ငါသူတို့လို မဖြစ်​အောင်​ရှောင်ရမယ် လို့ ဒီလို​တွေး​တော့ ​ရှောင်ရှားရမှာကို သင်​ပေးတဲ့ ဆရာ​တွေ​ပေါ့။ဒီလိုသ​ဘောပါ။ဒါ အပြုသ​ဘော စိတ်၊လူတိုင်းအ​ပေါ် ​မေတ္တာ တရားနဲ့ရှု့​သောစိတ် ​ပေါ့။ ဒီလို​မေတ္တာစိတ်မျိုး ထားနိုင်ကြရင် မြန်မာပြည် ​အေးချမ်း​နေမှာ​သေချာပါတယ်ဗျာ။ မိတ်​ဆွေများအားလုံး ​ဘေးကင်းကျန်းမာ​အေး ချမ်းစွာရှိနိုင်ကြပါ​စေ။ မြန်မာပြည်​အမြန်ငြိမ်းချမ်းပါ​စေ။ (ကိုယ့်အ​ကြောင်းကိုယ်​တွေး​နေတာ အပြစ်ကင်း ပါတယ်​လေ။)
نمایش همه...
👍 67 36
သင်ယူတတ်​မြောက်လိုစိတ် /////////////////////////////// ဖြစ်သမျှအ​ပေါ် ခံစားတုန့်ပြန်​နေရင် ကိုယ် လည်းပင်ပန်းမယ်၊ သက်ဆိုင်သူ​တိုင်းအ​ပေါ် လည်း ​စိတ်ရှိတိုင်း​ပြောမိရင် ကိုယ်လည်း မ ​ကောင်း​ပြောသူဖြစ်မယ်။ တတ်နိုင်သမျှ ချုပ် တည်း၊​ပြောသင့်သ​လောက် အပြုသ​ဘော ချိန် ဆ ​သိ​စေ။ ဒီလိုလုပ်ရတာပါပဲ။ အ​ကောင်းဆုံး က ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်၊ပြင်ဆင်၊သင် ယူ၊ဖြည့်ဆည်း တာပါပဲ။ လူမှန်းသိတတ်စ အရွယ်ကတည်းက စိတ်မှာ ဖြစ်ချင်တာက။ဒီသာပါ​မောက္ခဆရာကြီးလို။ ဒါက အဘွားဖြစ်သူ​ပြောပြတဲ့ ညအိပ်ယာဝင် ပုံပြင်​တွေ နား​​ထောင်ရင်း ​မွေးရာပါ ဗီဇစိတ် ဘယ်ကိုသွားလဲညွှန်းတာ။ ​ကျောင်းသားဘဝ ​လေး/ငါး/​ခြောက်တန်း ဆရာဝန်ကြီးဖြစ်ချင်။ လူ့အသက်​တွေ ကယ် တင်​ပေးချင်။ ​နောက်တဖြည်းဖြည်း နားလည် လာ​တော့ Phd ​ဒေါက်တာကြီး ဖြစ်ချင်လာ။ ပါရဂူ​မြောက် တတ်သိနားလည် ပြုပြင်​ပေးလို စိတ်ပဲ။ပညာ​တွေ ဖြန့်ဖြူးပို့ချ ​ပေးချင်တဲ့စိတ်။ ဒါကဟို့ က​လေး​​လေးဘဝ အဖွား​ ပြောပြတဲ့ ပုံပြင်​တွေ နား​ထောင်ချိန်ဖြစ်ချင်ခဲ့တဲ့ ဒီသာပါ​ မောက္ခ။ ဆို​တော့ ဖြစ်ချင်တဲ့ဆန္ဒ တစ်ပတ်တိတိလည်ပြီး လိုရင်းအစစ်အမှန် ထွက်​ပေါ်လာတာ​ပေါ့။ ခက်တာက ဖြတ်သန်းရတဲ့ဘဝ။ ပြည့်ပြည့်စုံစုံ ပြုစု ပျိုး​ထောင်ခံရတဲ့ ဘဝဆိုရင်​တော့ ဘယ်​ ပြော​ကောင်းမလဲ။ တကယ့်အစစ်အမှန် ဘဝက။ မုဆိုးမသား။ ငယ်ငယ်က ​ရေခဲ​ချောင်းလည်း​ရောင်းဖူးတာပဲ။ ​ရေခဲ​ချောင်း တစ်​ချောင်းတစ်မတ်။ အ​ချောင်း ၁၀၀ ကုန်ရင် ၅ ကျပ် မြတ်။ ​ရေထမ်း​ရောင်းဖူးတာပဲ။​လေး​ထောင့်သံပုံး၂လုံး ကို ၁ ထမ်း။ ၁ထမ်း ၅မူး။ ၁၀ထမ်း ၅ကျပ်။ ပေပါ ၁လုံး ၆ထမ်းဆံ့ ​တော့ ၃ကျပ်ရ။ ​ရေတွင်း ကဆွဲထမ်းရင် လက်​တွေ နိုင်လုံကြိုးစား။သံလွင် ​ချောင်းထဲကထမ်းရင် ကမ်းပါး​ဇောက်ကိုထမ်း တက်ရ။ ညတိုင်းနီးပါးမီးကင်းငှား​စောင့်ခဲ့ဖူးတာပဲ။​ ၁ည ၅ကျပ်က​နေ ​နောက်ဆုံး​စောင့်ခဲ့တာ ၁၅ကျပ်။ မြေပဲ​ပေါင်းဆွ၊​မြေပဲနှုတ်၊ပဲပုတ်ရိတ် အငှား လိုက်လုပ်တာပဲ၊ အိမ်မိုးရာသီလား--အိမ်ငှားမိုး ဖူးတာပဲ။ ဒီအလုပ်​တွေထဲမှာကိုယ့်ရပ်ကွက်ထဲ က အမတန်ဂဂျီဂ​ဂျောင် ဖိုးတိကျ​တွေ နဲ့ လိုက် ပါလုပ်ခဲ့ရတာ။ သူတို့အရွယ် တူ​တွေတောင် အဖွဲ့ထဲ လိုက်ပါလုပ်ကိုင်ချင်သူ​တွေ သူတို့စိတ် တိုင်းမကျရင်မ​ခေါ်ဘူး။ အိမ်မိုး၊​ပေါင်းဆွ၊ပဲနှုတ်ပဲရိတ်​တွေဆိုရင်​ပေါ့။ ကျွန်​တော့် တစ်​ယောက်ကို​တော့ သူတို့ အမြဲ လက်တွဲ​ခေါ်ပါတယ်။ အဲ့အချိန်က ရှင်သန်ရတဲ့ ဘဝမှာ သူတို့​ကျေးဇူး​တွေ ရှိခဲ့ပါတယ်။ ဒီဦး​လေး၊ဘကြီး​တွေစီက​နေလည်း သူ့ဆိုင်ရာ အရပ်ပညာ​တွေရပါတယ်။ ဆယ်နှစ်သားမှာအ​ဖေဆုံး။အ​မေကလည်း ရှာ ရ​ဖွေရ​စျေး​ရောင်း​​​​ကျွေးရ(ကရင်​တောမှာ ​စျေး ဆိုင်​လေး သွားဖွင့်​ရောင်း​တော့ )အိမ်မှာက ကျွန်​တော်တို့ ​ကျောင်း​နေအရွယ် ​မောင်နှမ ၅ ​ယောက်။ ကျွန်​တော်က ထမင်းချက်။ထင်း​ပေါက်​ရေခပ်။ အဝတ်​လျော်၊အိမ်သိမ်း အကုန်လုပ်ရ။ အ​မေ ​ပေးသွားတဲ့ ​စျေးဖိုးပိုက်ဆံ​လေးကို ​နောက် ၁ ပတ်/၂ပတ် အ​မေပြန်မ​ရောက်မီထိ ရ​အောင် စီမံခန့်ခွဲရ။ မှတ်မိပါ​သေးတယ်။ မဖြစ်မ​နေ အရင်ဆုံး ဝယ်လိုက်တာက ​ရေနံဆီ အလုံအ​ လောက်ပဲ။ညစာကျက်ဖို့ မီးခွက်ထွန်းဖို့ ​ရေနံဆီ မရှိလို့မဖြစ်ဘူး။ဒီလိုနဲ့ အ​မေ​ပေးသွားတဲ့စျေးဖိုး ကိုစနစ်တကျ​ချွေတာသုံး။ပိုလျှံတာ​လေးကို မူးစု ပဲစု စုထား။ (အဲ့ စု​ငွေ​လေး​တွေ ၇၅ ကျပ်တန် တို့ ဘာတို့သိမ်း​တော့ စိတ်ဆင်းရဲ​နေတဲ့ အ​မေ့ ကို ကိုယ်စုထား​ပေးတဲ မူးစုပဲစု​လေး​တွေ ​ပေးနိုင် ခဲ့) ဆို​တော့ ရက်အုပ်မကွာ ဆိုဆုံးမ ​ပေးမယ့် မိဘ အရိပ်ကို အပြည့်မရခဲ့ဘူး။ လူကြီးသူမ​တွေရဲ့ ဆိုဆုံးမမှု​လေး​တွေကြားချင်လွန်း​တော့---- အိမ်​ရှေ့အိမ်က အကြီးတစ်​ယောက် သူ့သားသ မီး​တွေကို​ ပြောဆိုဆုံးမသမျှ အသာ​လေးနား ​ထောင် နာယူမှတ်သားရ။ တစ်အိမ် ​ကျော်မှာ ဦး​လေးဘကြီးအရွယ်​တွေရဲ့ ရေ​နွေးချမ်းစကား ဝိုင်း​လေး ​နေ့စဥ်​နေ့တိုင်းရှိ။ အချိန်ရသမျှ အဲ့ လူကြီး​တွေရဲ့ စကားဝိုင်း​ဘေးနား အသာ​လေး သွားထိုင်။ သူတို့​တွေ ​ပြောသမျှ အသာ​လေးနား ​ထောင်။နာယူမှတ်သား။ အိမ်အ​နောက်လမ်းက တိရိစ္ဆာန်ဆရာဝန်အိမ်မှာ သတင်းစာသွားဖတ်။ ဒီလိုဘဝနဲ့ ဆယ်တန်း​အောင်။ ဒီ​နေရာမှာ ဆင်း ရဲပင်ပန်း​သော်လည်း သား​သမီး​တွေကို ​ကျောင်း မထုတ်၊​ကျောင်းထား​ပေးခဲ့တဲ့ အ​မေ့ကို အမြဲ ​ကျေးဇူးအကြီးကြီးတင်​နေမိတယ်။ သူတို့ရဲ့ စကား​လေး​တွေ ခိုးပြီးနာယူမှတ်သားခွင့်ရခဲ့တဲ့ ဦးကြီး၊ဘကြီး၊ကြီး​တော်များ အားလုံးရဲ့ ​ကျေး ဇူး​တွေကို အမြဲ သတိရ​နေမိတယ်။ သူတို့ကိုယ် တိုင်က​တော့ ဒီက​လေူတစ်​ယောက်ဟာ သူတို့ ​ပြောသမျှ စကားတိုင်းကို အ​​လေးထား လိုက်နာ မှတ်သား ဘဝရှင်သန်နိုင်ဖို့ ကြိုးစား ​နေပါလား ဆိုတာ သိခဲ့ကြမယ်မထင်ပါဘူး။ ခု​တော့ ဘယ် သူမှ မရှိကြ​ရှာတော့ဘူး။ အချို့ကိုလည်း ​ကိုယ်တတ်နိုင်သမျှ ကျေးဇူး ဆပ်နိုင်ခဲ့ပြီး၊အချို့ကို​တော့ ဆပ်ခွင့်မရခဲ့ပါဘူး။ ခုချိန်မှာ​တော့ အားလုံးရဲ့​ကျေးဇူး​တွေကို အမြဲ သတိတရရှိ​နေပြီး ​နေ့စဥ်ဘုရားဝတ်ပြုတိုင်း ဆု ​တောင်း အမျှ​ဝေ​ပေးပါတယ်။
نمایش همه...
👍 41 26
မြန်မာနိုင်ငံသား ဝါစိမ်းနီပြာ အားလုံးကို ​လေးစား တန်ဖိုးထားပါတယ်ခင်ဗျာ။ ကျွန်​တော်က သာမန်​တောသားတစ်​ယောက်ပါ။ ဘာ ပညာမှ မယ်မယ်ရရ မတတ်ပါဘူးခင်ဗျား။ တိုင်းပြည်ကို ​ကောင်း​စေလိုတဲ့​စေတနာ ရှိရုံ​လေး ပါ။ ဒါ​စေတနာ ကလည်း မိတ်​ဆွေတို့ထက် ပို​နေ တယ်လို့မထင်ပါဘူး။ ၂၀၂၀ ထဲ ကို​အောင်မင်းရဲ့ Myanmar Hard Talk Live တစ်ခုထဲမှာ ​ပြောခဲ့တာ​​လေးရှိပါတယ်။ အချို့မိတ်​ဆွေများ မှတ်မိ​ကောင်းမှတ်မိပါလိမ့်မယ်။ NLD အစိုးရ လက်ထက် ၂၀၁၈-၂၀၁၉ စီးပွား ​​ရေးပြိုလဲလုလု အ​ခြေအ​နေ၊တစ်တိုင်းပြည်လုံး အစိုးရ​ကော၊ပြည်သူ​ကော၊လုပ်ငန်းရှ​တွေ​​ကော ဘဏ်​တွေ​ကော​ သောက​တွေပွား ​ဒေါက်တာ ခင်​ရွှေ ငိုတဲ့ကိစ္စ​လေ----- ဘာမှ လုပ်လို့မရဘူး အစိုးရက လုပ်စရာ တစ်ခုကိုမဖြစ်မ​နေလုပ်ရ မယ်။ ​ငွေ​ကြေးလည်ပတ်မှု ပြန်အား​​ကောင်းလာ ​အောင်ကို အရင်လုပ်ရမယ်။ လုပ်ပုံလုပ်နည်းကလည်း--တစ်နည်းပဲရှိတယ် --၂၀၂၀ ဖြည့်စွက်ရန်ပုံ​ငွေ(SG)နဲ့ ၂၀၂၀--၂၀၂၁ နိုင်ငံ​တော်ဘတ်ဂျက်မှာ တည် ​ဆောက်​ရေး ဘတ်ဂျက်​တွေ များများ ပုံထည့် ​ပေးလိုက်လို့။ ပြီးရင် ပြည်တွင်း အကြီးစားအ​သေးစား လုပ် ငန်းရှင်​တွေကို ​ချေး​ငွေပမာဏ တစ်ခုထုတ်​ချေး ​ပေးရမယ်လို့။(ဒါ​လေး​ပြောခဲ့တယ်) [[[ဒီလိုလုပ်ခြင်းက အ​ခြေခံ လက်လုပ်လက်စား​ တွေ အလုပ်အကိုင် အခွင့်အလမ်း ​ပေါ်လာမယ် လုပ်အားခရရင် ဝယ်ယူစားသုံးနိုင်မယ်။ ဝယ်ယူစားသုံးနိုင်စွမ်း တက်လာရင် ထုတ်လုပ်မှု တိုးတက်​အောင် ထုတ်လာရမယ်။ ထုတ်လုပ်မှု တိုးတက်လာဖို့ အဲ့ဆက်စပ် လုပ်သားတွေက လည်းအလုပ်ရမယ်။ဝယ်ယူစားသုံးလာနိုင်မယ်။ ဒီလိုနဲ့ ထုတ်လုပ်သူ၊တည်​ဆောက်သူ၊လုပ်သား ​တွေနဲ့ ဝန်​ဆောင်မှု စားသုံးမှု ယန္တယားကြီး သူ့ Cycleအတိုင်း သူပြန်လည်ပတ်သွားမှာ​လေ]]] ကျွန်​တော်က ပညာရှင်မဟုတ်ပါဘူး။ တစ်ချို့ ဗိုလ်ဆန်သူ​တွေအတွက်​တော့ ဒါ Stimulation လုပ်တယ်လို့ ​ခေါ်တယ်။ တစ်တိုင်းပြည်လုံးနားလည်​အောင်​ပြောရရင် "​သေလုလု မသာကို အသက်ကယ်​ဆေးထိုး" တာလို့မြင်​ပေါ့။ Stimulate လုပ်တယ်ဆိုရာမှာ Fiscal Stimulus Monetary Stimulus ဆိုပြီးပုံစံနှစ်မျိုး ရှိတာ​ပေါ့။ ဒါက မဖြစ်မ​နေလုပ်ရမယ့် ယာယီအစီအစဥ် ပါ။ ​လေး၊ ငါး၊ဆယ်နှစ်လုပ်ရမှာမျိုး မဟုတ် ဘူး။ ဘယ်အချိန်မှာ ဒီ လုပ်ဟန်က​နေပြန်ထွက် ရမလဲဆိုတာက လည်း အ​ရေးကြီးပါတယ်။ ကျွန်​တော်​ပြောတဲ့ လက်ဆ​ပေါ့။ လက်ဆမမှန် ရင် လည်းပြဿနာ​တွေရှိတယ်။ ခု​ပြောခဲ့တဲ့နည်းက Logical Concept ပါ။ စီးပွား​ရေး ပညာရှင်မဟုတ်​တော့ စီးပွား​ရေး ပညာမှာ ဘယ်လို ​ရေးထားမလဲ ကျွန်​တော်မသိ ပါဘူး။ ကျွန်​တော်မှတ်မိ​နေတာက အဲ့ဒီပြဿနာ​တွေ ဖြစ်တဲ့အချိန် ဘယ်စီးပွား​ရေးပညာရှင်ကြီး ​တွေမှ ကျွန်​တော့်ရဲ့ အကြံပြုချက်မျိုး NLD အစိုးရကို အကြံမပြုခဲ့ဘူး။ ကျွန်​တော်က NLD အစိုးရက အထက်ပါ အတိုင်း အကြံပြုခဲ့တယ်လို့ ​ပြောရခြင်း အ​ကြောင်းက အဲ့ကာလ အဲ့အချိန်​တွေမှာ Myanmar Hard Talk ကို NLD အစိုးရ ​ကော တစ်တိုင်းပြည်လုံး​ကော တစ်ကမ္ဘာလုဲး ပြန့်​နေတဲ့ မြန်မာနိုင်ငံသား​တွေ​ကော ကြည့် ​နေကြလို့ ဖြစ်ပါတယ်။ အမှန်​တော့ ကျွန်​တော်က အကြံ​ပေးလည်း မဟုတ်ဘူး။ ပညာရှင်လည်းမဟုတ်ဘူး။ ​တောက တာ​ဇံတစ်​ယောက်ပါပဲ။ ဒီ​လောက်ပါပဲ။ မိတ်​ဆွေများအားလုံးကို ​လေးစားပါတယ်။ ​အော်---မိတ်​ဆွေတစ်​ယောက်က ​မေး​နေလို့ ဒီက​နေ့ မြန်မာ့ စီးပွား​ရေး ပြဿနာက ရယ် စရာ​ကောင်းပါတယ်။ "BRAND" ပြဿနာကို အရင်ရှင်းရမယ် ​နော်။ ​စေတနာနဲ့ ​ပြောတာပါ။ (ဘာကို ရည်ရွယ်​ပြောတာလဲ--သိနိုင်​တွေးနိုင် ကြပါ​စေဗျာ။) မြန်မာပြည် အမြန်ဆုံး​အေးချမ်းပါ​စေ။ စစ်ပညာရှင်များက စစ်ကိုနိုင်​အောင်တိုက် ​ပေးကြပါ။ စီးပွား​ရေးပညာရှင် ကျွမ်းကျင်​​သော ​ဒေါက်တာ ဆိုသူများကလည်း တိုင်းပြည်ကို ကူကြပါလို့ပဲ ​မေတ္တာရပ်ခံပါရ​စေခင်ဗျာ။ ပညာဆိုတာ စာအုပ်ထဲက အတိုင်း သိရင် မိမိ တစ်ဦးတည်းအတွက်​တော့ လုံ​လောက် အကျိုးပြုနိုင်ပါတယ်။ စာအုပ်ထဲက အပြင်ကို ခုန်ထွက်ပြီး Creation/Innovation
نمایش همه...
မြန်မာနိုင်ငံသား ဝါစိမ်းနီပြာ အားလုံးကို ​လေးစား တန်ဖိုးထားပါတယ်ခင်ဗျာ။ ကျွန်​တော်က သာမန်​တောသားတစ်​ယောက်ပါ။ ဘာ ပညာမှ မယ်မယ်ရရ မတတ်ပါဘူးခင်ဗျား။ တိုင်းပြည်ကို ​ကောင်း​စေလိုတဲ့​စေတနာ ရှိရုံ​လေး ပါ။ ဒါ​စေတနာ ကလည်း မိတ်​ဆွေတို့ထက် ပို​နေ တယ်လို့မထင်ပါဘူး။ ၂၀၂၀ ထဲ ကို​အောင်မင်းရဲ့ Myanmar Hard Talk Live တစ်ခုထဲမှာ ​ပြောခဲ့တာ​​လေးရှိပါတယ်။ အချို့မိတ်​ဆွေများ မှတ်မိ​ကောင်းမှတ်မိပါလိမ့်မယ်။ NLD အစိုးရ လက်ထက် ၂၀၁၈-၂၀၁၉ စီးပွား ​​ရေးပြိုလဲလုလု အ​ခြေအ​နေ၊တစ်တိုင်းပြည်လုံး အစိုးရ​ကော၊ပြည်သူ​ကော၊လုပ်ငန်းရှ​တွေ​​ကော ဘဏ်​တွေ​ကော​ သောက​တွေပွား ​ဒေါက်တာ ခင်​ရွှေ ငိုတဲ့ကိစ္စ​လေ----- ဘာမှ လုပ်လို့မရဘူး အစိုးရက လုပ်စရာ တစ်ခုကိုမဖြစ်မ​နေလုပ်ရ မယ်။ ​ငွေ​ကြေးလည်ပတ်မှု ပြန်အား​​ကောင်းလာ ​အောင်ကို အရင်လုပ်ရမယ်။ လုပ်ပုံလုပ်နည်းကလည်း--တစ်နည်းပဲရှိတယ် --၂၀၂၀ ဖြည့်စွက်ရန်ပုံ​ငွေ(SG)နဲ့ ၂၀၂၀--၂၀၂၁ နိုင်ငံ​တော်ဘတ်ဂျက်မှာ တည် ​ဆောက်​ရေး ဘတ်ဂျက်​တွေ များများ ပုံထည့် ​ပေးလိုက်လို့။ ပြီးရင် ပြည်တွင်း အကြီးစားအ​သေးစား လုပ် ငန်းရှင်​တွေကို ​ချေး​ငွေပမာဏ တစ်ခုထုတ်​ချေး ​ပေးရမယ်လို့။(ဒါ​လေး​ပြောခဲ့တယ်) [[[ဒီလိုလုပ်ခြင်းက အ​ခြေခံ လက်လုပ်လက်စား​ တွေ အလုပ်အကိုင် အခွင့်အလမ်း ​ပေါ်လာမယ် လုပ်အားခရရင် ဝယ်ယူစားသုံးနိုင်မယ်။ ဝယ်ယူစားသုံးနိုင်စွမ်း တက်လာရင် ထုတ်လုပ်မှု တိုးတက်​အောင် ထုတ်လာရမယ်။ ထုတ်လုပ်မှု တိုးတက်လာဖို့ အဲ့ဆက်စပ် လုပ်သားတွေက လည်းအလုပ်ရမယ်။ဝယ်ယူစားသုံးလာနိုင်မယ်။ ဒီလိုနဲ့ ထုတ်လုပ်သူ၊တည်​ဆောက်သူ၊လုပ်သား ​တွေနဲ့ ဝန်​ဆောင်မှု စားသုံးမှု ယန္တယားကြီး သူ့ Cycleအတိုင်း သူပြန်လည်ပတ်သွားမှာ​လေ]]] ကျွန်​တော်က ပညာရှင်မဟုတ်ပါဘူး။ တစ်ချို့ ဗိုလ်ဆန်သူ​တွေအတွက်​တော့ ဒါ Stimulation လုပ်တယ်လို့ ​ခေါ်တယ်။ တစ်တိုင်းပြည်လုံးနားလည်​အောင်​ပြောရရင် "​သေလုလု မသာကို အသက်ကယ်​ဆေးထိုး" တာလို့မြင်​ပေါ့။ Stimulate လုပ်တယ်ဆိုရာမှာ Fiscal Stimulus Monetary Stimulus ဆိုပြီးပုံစံနှစ်မျိုး ရှိတာ​ပေါ့။ ဒါက မဖြစ်မ​နေလုပ်ရမယ့် ယာယီအစီအစဥ် ပါ။ ​လေး၊ ငါး၊ဆယ်နှစ်လုပ်ရမှာမျိုး မဟုတ် ဘူး။ ဘယ်အချိန်မှာ ဒီ လုပ်ဟန်က​နေပြန်ထွက် ရမလဲဆိုတာက လည်း အ​ရေးကြီးပါတယ်။ ကျွန်​တော်​ပြောတဲ့ လက်ဆ​ပေါ့။ လက်ဆမမှန် ရင် လည်းပြဿနာ​တွေရှိတယ်။ ခု​ပြောခဲ့တဲ့နည်းက Logical Concept ပါ။ စီးပွား​ရေး ပညာရှင်မဟုတ်​တော့ စီးပွား​ရေး ပညာမှာ ဘယ်လို ​ရေးထားမလဲ ကျွန်​တော်မသိ ပါဘူး။ ကျွန်​တော်မှတ်မိ​နေတာက အဲ့ဒီပြဿနာ​တွေ ဖြစ်တဲ့အချိန် ဘယ်စီးပွား​ရေးပညာရှင်ကြီး ​တွေမှ ကျွန်​တော့်ရဲ့ အကြံပြုချက်မျိုး NLD အစိုးရကို အကြံမပြုခဲ့ဘူး။ ကျွန်​တော်က NLD အစိုးရက အထက်ပါ အတိုင်း အကြံပြုခဲ့တယ်လို့ ​ပြောရခြင်း အ​ကြောင်းက အဲ့ကာလ အဲ့အချိန်​တွေမှာ Myanmar Hard Talk ကို NLD အစိုးရ ​ကော တစ်တိုင်းပြည်လုံး​ကော တစ်ကမ္ဘာလုဲး ပြန့်​နေတဲ့ မြန်မာနိုင်ငံသား​တွေ​ကော ကြည့် ​နေကြလို့ ဖြစ်ပါတယ်။ အမှန်​တော့ ကျွန်​တော်က အကြံ​ပေးလည်း မဟုတ်ဘူး။ ပညာရှင်လည်းမဟုတ်ဘူး။ ​တောက တာ​ဇံတစ်​ယောက်ပါပဲ။ ဒီ​လောက်ပါပဲ။ မိတ်​ဆွေများအားလုံးကို ​လေးစားပါတယ်။ ​အော်---မိတ်​ဆွေတစ်​ယောက်က ​မေး​နေလို့ ဒီက​နေ့ မြန်မာ့ စီးပွား​ရေး ပြဿနာက ရယ် စရာ​ကောင်းပါတယ်။ "BRAND" ပြဿနာကို အရင်ရှင်းရမယ် ​နော်။ ​စေတနာနဲ့ ​ပြောတာပါ။ (ဘာကို ရည်ရွယ်​ပြောတာလဲ--သိနိုင်​တွေးနိုင် ကြပါ​စေဗျာ။) မြန်မာပြည် အမြန်ဆုံး​အေးချမ်းပါ​စေ။ စစ်ပညာရှင်များက စစ်ကိုနိုင်​အောင်တိုက် ​ပေးကြပါ။ စီးပွား​ရေးပညာရှင် ကျွမ်းကျင်​​သော ​ဒေါက်တာ ဆိုသူများကလည်း တိုင်းပြည်ကို ကူကြပါလို့ပဲ ​မေတ္တာရပ်ခံပါရ​စေခင်ဗျာ။ ပညာဆိုတာ စာအုပ်ထဲက အတိုင်း သိရင် မိမိ တစ်ဦးတည်းအတွက်​တော့ လုံ​လောက် အကျိုးပြုနိုင်ပါတယ်။ စာအုပ်ထဲက အပြင်ကို ခုန်ထွက်ပြီး Creation/Innovation လုပ်နိုင်သူက​တော့ တစ်​​လောကလုံး ကို အကျိုးပြုနိုင်ပါတယ်။ တစ်​လောကလုံးကို အကျိုးပြုနိုင်ကြပါ​စေ။
نمایش همه...
👍 111 50🫡 1
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.