fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Uzumaki (2000) ⭐TMDB: 59% User Score 🎬 #Drama #Fantasy #Horror #Mystery 🗓 2000 🎞 movie 🌎 #Japan ⏰ 1 နာရီ 32 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2000 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japanese Horror, Sci-fi ကားလေးတစ်ခုဖြစ်ပြီး နာမည်ကျော် The Junji Ito Collection တို့ Tomie တို့ရဲ့ပဲ့ကိုင်ရှင်ဖြစ်တဲ့ Artist Junji Ito ရဲ့ Manga ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Junji Ito ရဲ့ထုံးစံအတိုင်း လျှို့ဝှက်ဆန်းကျယ်စွာနဲ့ ခြောက်လှန့်မယ့်၊ ကြောက်လန့်ရမယ့်ကားလေးဆိုလည်း မမှားပါဘူး။ ရှူးအိချိနဲ့ခီရိအဲတို့က ငယ်သူငယ်ချင်းတွေဖြစ်ပြီး ကျောင်းသွားကျောင်းပြန် အတူတူသွားလာနေကြလျက်ရှိပါတယ်။ တစ်နေ့ ခီရိအဲ ရှူးအိချိနဲ့ဆုံနေကျနေရာကိုသွားတဲ့လမ်းမှာ ရှူးအိချိရဲ့အဖေကိုတွေ့လို့ သွားနှုတ်ဆက်ချိန်မှာတော့ ရှူးအိချိအဖေက ပြန်မနှုတ်ဆက်ခဲ့ပါဘူး။ ရှူးအိချိအဖေက အုဇုမာကိလို့ခေါ်တဲ့ ကြောင်လိမ်ပုံစံ အသွင်သဏ္ဍာန်တစ်ခုကို အလွန်စွဲလမ်းနေတဲ့လူတစ်ယောက်ပါ။ မြို့ထဲလမ်းပတ်လျှောက်ရင်း အုဇုမာကိပုံစံတစ်ခုခုကိုတွေ့တိုင်း အိမ်ကိုပြန်သယ်လာတဲ့အထိ အစွန်းရောက်စွဲလမ်းနေတာပဲဖြစ်ပါတယ်။ ရှူးအိချိက သူ့အဖေရဲ့ မူမမှန်တဲ့ပုံစံတွေကိုကြည့်ရင်း မြို့ကြီးက ထူးဆန်းနေတယ်ဆိုတာကို သတိထားမိလာပါတော့တယ်။ ဒီလိုနဲ့ ထူးဆန်းမှုတွေက ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခါမှာတော့ တစ်မြို့လုံး ဘယ်လိုကံကြမ္မာကြီးနဲ့ ကြုံတွေ့လာရမလဲ။ အုဇုမာကိစွဲလမ်းမှုက ရိုးရှင်းရဲ့လား။
...

Someday We'll Tell Each Other Everything (2023) ⭐IMDB: 6.0/10 (783 Votes) 🎬 #Drama #History #Romance 🗓 2023 🎞 movie 🌎 #Germany ⏰ 2 နာရီ 8 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Someday We’ll Tell Each Other Everything (2023) IMDb Rating (6.0) 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ သူမရဲ့နာမည်က မာရီယာ။ ချစ်သူကောင်လေးနဲ့အတူ ကောင်လေးရဲ့မိသားစုနဲ့ပါ လယ်ထဲမှာအတူနေနေကြတာပေါ့။ ဇာတ်အိမ်တည်ထားတာက ၁၉၉၀ ခုနှစ် အရှေ့ဂျာမန်နဲ့ အနောက်ဂျာမန် နှစ်ခြမ်းကွဲနေတဲ့ကာလပဲဖြစ်တယ်။ မာရီယာတို့က အရှေ့ပိုင်းမှာနေကြတာပါ။ မာရီယာက ကျောင်းဆက်မတက်ချင်ပေမဲ့ စာဖတ်ရတာတော့အရမ်းဝါသနာပါတယ်ရယ်။ ဒါပေမဲ့ သူမထက်အသက်နှစ်ပြန်ကြီးတဲ့ ဟန်နာဆိုတဲ့ အိမ်နီးနားချင်းကိုမှ မေတ္တာတွေပုံအပ်ပေးလိုက်တယ်။ သူတို့နှစ်ယောက် အပြန်အလှန်မေတ္တာမျှသွားကြပြီးနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကြည့်ရှုရမဲ့ ဂျာမန်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။)
...

Tom and Jerry's Giant Adventure (2013) ⭐TMDB: 58% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2013 🎞 movie 🌎 #UnitedStatesofAmerica ⏰ 57 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ ငယ်ငယ်ကကြားဖူးနေကျ မှော်ပဲစေ့နဲ့ နတ်တိုင်းပြည် ပုံပြင်လိုပါပဲ။ တွမ်နဲ့ဂျယ်ရီဟာ ပုံပြင်စာအုပ် မြို့တော်ဆိုတဲ့အပန်းဖြေကစားကွင်းပိုင်ရှင်တွေ မွေးထားတဲ့ကောင်လေးနှစ်‌ကောင်ပေါ့။ အဲဒီကစားကွင်းက လူမလာဘဲ အရှုံးပေါ်နေတာ‌ကြောင့် အကြွေးနဲ့သိမ်းခံရတော့မယ့်အထိအခြေအနေ ဆိုးနေခဲ့တာပါ။ ဒါကြောင့် ကစားကွင်းထဲက ပစ္စည်းတွေ၊ တိရစ္ဆာန်ရုံ‌‌ထဲက အကောင်တွေ ရောင်းထုတ်ပြီး ပိုက်ဆံရှာနေရတာပါ။ ရောင်းရင်းရောင်းရင်း နောက်ဆုံးမှာနွားမလေးတစ်ကောင်ပဲ ရောင်းစရာဆိုလို့ ကျန်တော့တာပါ။ ဒါပေမဲ့ ကစားကွင်းပိုင်ရှင်ရဲ့သား ဂျက်က အဲဒီနွားလေးကို ပိုက်ဆံမယူဘဲ မှော်ပဲစေ့ဆိုတာတွေနဲ့ လဲလိုက်မိသွားပါတယ်။ ဒီလိုနဲ့ စိတ်ဓါတ်ကျနေတဲ့ ဂျက်တို့အဖွဲ့ အဲဒီပဲစေ့တွေကိုပဲ စိုက်လိုက်ရင်း နောက်နေ့မှာတော့ ဧရာမပဲပင်ကြီးအဖြစ်နဲ့ ကောင်းကင်ပေါ်က နတ်သမီးတိုင်းပြည်ဆိုတဲ့ ထူးဆန်းတဲ့ နေရာတစ်ခုအထိ ရောက်အောင် ပေါက်နေတာကို သိလိုက်ရပါတယ်။ အဲဒီတိုင်းပြည်မှာ ဧရာမဘီလူးကြီးတစ်‌ကောင်ကပြည်သူတွေဆီက ရွှေငွေတွေကို အင်အားသုံး လုယူနေတာပါ။ ဒါကို လက်မခံနိုင်တဲ့ ဂျက် တွမ်နဲ့ ဂျယ်ရီတို့က အဲဒီဘီလူးကိုတားပြီး နတ်သမီးတိုင်းပြည်ကို ကယ်ဖို့ ကြိုးစားပါတော့တယ်။
...

Black Swan (2010) ⭐TMDB: 77% User Score 🎬 #Drama #Thriller #Horror 🗓 2010 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Black Swan ( 2010 ) IMDb Rating (8.0) / Rotten Tomatoes (85 %) Black Swanရဲ့ ဒါရိုက်တာ Darren Aronofsky ဟာ Requiem for a Dream, The Whale , The Wrestler , Pi , Motherတို့လို အနုပညာအရ တော်တော်လေးအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တဲ့သူပါ။ Black Swanဟာလည်း သူ့ရဲ့ အရေးပါတဲ့ မိုင်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ Best Picture, Best Director, Best Actress, Best Cinematography နဲ့ Best Film Editing စသဖြင့် အော်စကာငါးဆုဆန်ခါတင်ဝင်ခဲ့ပြီး အဓိကဇာတ်ဆောင်ဖြစ်တဲ့ နာတာလီပို့မန်း Best Actress ဆုကိုရသွားခဲ့ပါတယ်။ ပို့မန်းအတွက်လည်း Black Swan ဟာ အရေးကြီးတဲ့ မိုင်တိုင်တစ်ခုဖြစ်ခဲ့တယ်။ Black Swan ဟာ ဘဲလေးအကကို အဓိကဇာတ်အိမ်တည်ပြီး ရိုက်ပြထားတဲ့ ကချေသည်တွေ ပြဇာတ်ဒါရိုက်တာတွေရဲ့ သူတို့အနုပညာအပေါ် သူတို့ခံယူချက်နဲ့ ကချေသည်ရဲ့ သူ့အနုပညာကို တင်ဆက်ပုံအကြောင်းရိုက်ပြထားတဲ့ psychological horror ကားပါ။ ဘဲလေးအကကိုရူးသွပ်ပြီး ငန်းဘုရင်မဖြစ်ချင်ခဲ့တဲ့ ကချေသည်မလေးတစ်ယောက် သူ့အိပ်မက်နောက်လိုက်ရင်း အတိုက်အခိုက်တွေ အခက်အခဲတွေကြား တစ်စစီပြိုလဲရပုံကို ရိုက်ပြထားတယ်လို့ပြောလို့ရပါတယ်။ Darren Aronofsky ဟာ ဒီကချေသည်မလေးအကြောင်းကို ပဟေဠိဆန်ဆန် ရင်ဖိုစရာကောင်းအောင် ပုံဖော်ထားခဲ့ပါတယ်။ သူ့ဇာတ်လမ်းက မဆိုးပေမဲ့ သရုပ်ဆောင်တွေသိပ်ကောင်းနေတာက ဒီဇာတ်ကို ဒီလောက်အထိ ခရီးပေါက်စေခဲ့ပုံပါပဲ။ ဒီကားမှာ မှော်အောင်ခဲ့တဲ့ Natalie Portman အပြင် Vincent Cassel ကလည်း သူ့အပြိုင်ဇာတ်ကောင်အဖြစ် ခြောက်ပြစ်ကင်းအောင်သရုပ်ဖော်နိုင်ခဲ့တာကြောင့် ဒီဇာတ်လမ်းက အသက်ဝင်သွားပုံပါပဲ။ ဒီရုပ်ရှင်ကားနဲ့ ပက်သက်ပြီး ညွှန်းရမယ်ဆိုရင် စကားလုံးတလုံးပဲရှိမယ်။” အနုပညာ မှော်ဝင်စားမှု” ဘဲလေးအကပညာထဲပဲ စိတ်ကို စုံလုံးနှစ်ထားတဲ့ Nina ဆိုတဲ့ကချေသည်မလေးတစ်ယောက်Swan Lake ပြဇာတ်ကို ကဖို့ လူဝင် အရွေးခံရာက ဒီဇာတ်လမ်းလေး ဖြစ်လာခဲ့တယ်…။Swan Lake ပြဇာတ်ရဲ့ ငန်းဖြူနေရာနဲ့ အသင့်တော်ဆုံး သူ ဖြစ်ပေမဲ့…ငန်းနက်နေရာအတွက်တော့ သူ့ စရိုက်နဲ့ ကွဲပြားလွန်းနေခဲ့တယ်….။ငန်းနက်ရဲ့ တဏှာများ ကြမ်းတမ်းတဲ့စရိုက်နဲ့ သူမရဲ့ ပျော့ညံ့တဲ့ စိတ်နဲ့ကြား..သူ့ အသက် သူ့ဘဝ ဖြစ်တဲ့ အက အနုပညာရဲ့ မှော်ဝင်စားမှုနဲ့…သူ့ရဲ့ အမှောင်ဘက်အခြမ်း ထွက်လာတဲ့အခါ….။ က ကွက်တွေ….တေးဂီတတွေနဲ့ ဒီဇာတ်လမ်းလေးက တာရာမင်းဝေ ရဲ့ နာမည်ကြီးဝတ္ထုစာအုပ်ဖြစ်တဲ့ “အရှေ့မြို့ရိုးက မိုးရေစက်များ” နဲ့အတော်လေး ထပ်တူညီတဲ့ ရသတစ်ခုကိုခံစားမိစေပါတယ်။ Black Swan ကို အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ကားလို့ သတ်မှတ်ကြသလို Black Swanရဲ့ အခုထိ မတင်မကျဖြစ်နေသလိုလို ဖြစ်နေတဲ့ ကိစ္စတစ်ခုလည်းရှိပါတယ်။ Aronofsky က‌တော့ Black Swan မှာ All About Eve (1950), Roman Polanski’s The Tenant (1976) နဲ့ ဒေါ့တိုယက်စကီးရဲ့ The Double ဝတ္တုကနေ သူ့ဇာတ်လမ်းအတွက် ပါဝင်ပစ္စည်းတွေရခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝေဖန်ရေးသမာတွေကတော့ စတိုရှိခွန်ရဲ့ Perfect Blue ( 1997)နဲ့ အဓိကအခန်းတွေမှာ တော်တော်လေးတူနေတာကို ထောက်ပြခဲ့ကြပါတယ်။ Aronofsky ကိုယ်တိုင်ကလည်း ဒီ၂ကား ဆင်တတွေရှိနေတာကို လက်ခံထားပေမဲ့ Perfect Blueကို မှီးထားတယ်ဆိုတဲ့အချက်ကိုတော့ လုံးဝငြင်းခဲ့ပါတယ်။ စတိုရှိခွန်ကတော့ Aronofsky နဲ့ သူ ၂၀၀၁မှာ တွေ့ခဲ့တဲ့အကြောင်း သူ့ဘလော့မှာ မှတ်တမ်းတင်ထားခဲ့တယ်။ ဘယ်လိုပဲမဟုတ်ပါဘူးပြောပြော တစ်ပုံစံတည်းနီးပါးဖြစ်နေတဲ့ တစ်ချို့အခန်းတွေကို Perfect Blueက မဟုတ်ပါဘူးလို့တော့ ယုံနိုင်စရာမရှိပါဘူး။ Aronofsky အနေနဲ့ Perfect Blueကို ကူးလိုက်တာက ဒါဦးဆုံးလည်း မဟုတ်တော့ပါဘူး Requiem for a Dream( 2000 )မှာတင် Perfect Blueနဲ့ တစ်ပုံစံတည်းဖြစ်နေတဲ့ ဇာတ်ဝင်ခန်းတွေ ပါခဲ့ဖူးပါတယ်။ ဒါကိုဝန်မခံလို့ ဒါရိုက်တာဟာ တော်တော်လေး အမြင်ကတ်စရာကောင်းနေတာကလွဲ Black Swan ကတော့ ရုပ်ရှင်ကားကောင်းတစ်ကားအဖြစ်ရပ်တည်နိုင်တုန်းပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)
...

Tom and Jerry: Snowman's Land (2022) ⭐IMDB: 4.9/10 (347 Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2022 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးမှာ ဂျယ်ရီက ဂွတ်ဘယ်ရီဆိုတဲ့မြို့လေးက အရုပ်ဆိုင်ရှင်ကြီးရဲ့ ကြွက်ကလေးပါ။ သူ့မှာ မျက်လှည့်ရူး တပ်ဖီဆိုတဲ့ တူတစ်ယောက်လည်း ရှိပါသေးတယ်။ အဲဒီမှာ တွမ်ကတော့ ပြိုင်ဖက်အရုပ်ဆိုင်ရှင် ဒက်ဗယ်ဗေးရဲ့ ကြောင်ပါ။ အဲဒီဂွတ်ဘယ်ရီမြို့‌မှာ မှော်အစွမ်းရှိတယ်လို့ နာမည်ကြီးတဲ့ အိုစမိုင်းလီဆိုတဲ့ တောင်တစ်လုံးလည်း ရှိပါတယ်။ တစ်နေ့ဂျယ်ရီရဲ့တူ တပ်ဖီတစ်ယောက် မျက်လှည့်ပြကွက်အသစ် ဖန်တီးရာကနေ နှင်းလူသားတစ်ယောက် ဖန်တီးမိသွားပါတယ်။ အဲဒီနှင်းလူသားက အိုစမိုင်းလီတောင်ရဲ့ မှော်အစွမ်းကြောင့်ဖြစ်လာတာလို့ ယုံကြည်ထားပြီး အဲဒီတောင်ပေါ်ကို ပြန်ပို့ပေးဖို့ ဂျယ်ရီနဲ့ တပ်ဖီတို့ ပြင်ဆင်နေကြပါတယ်။ ဒါကိုသိသွားတဲ့ တွမ်နဲ့ ဒက်ဗယ်ဗေးတို့က အရုပ်နည်းပညာအသစ်လို့ ယူဆပြီး နှင်းလူသားကို ဖမ်းဆီးစမ်းသပ်ဖို့ ကြိုးစားပါတော့တယ်။ ဂျယ်ရီတို့နှစ်ယောက် သူတို့လက်က လွတ်အောင် လုပ်ပြီး နှင်းလူသားကို အဲဒီမှော်တောင်ထိပ်ပေါ်ကို အရောက်ပို့ပေးနိုင်မလား၊ ကြောင်ကြီး တွမ်တို့က သူတို့ကို ဘယ်လောက်ထိ နှောင့်ယှက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
...

Agent Crazy Flower (2020) ⭐IMDB: 4.9/10 (31 Votes) 🎬 #Action #Crime 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ ၈လပိုင်း၂၀၂၀မှာထွက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်..မိန်းကလေးလျို့ဝှက်အေးဂျင့်ရဲ့ sexyဆန်ဆန်လှပစွာတိုက်ခိုက်မှုတွေကိုတွေ့မြင်ရမှာပါအရှေ့တောင်အာရှဆိုတဲ့နယ်မြေမှာ ကိုယ်တွင်းအဂ်ါတွေကိုမှောင်ခိုရောင်းချနေတဲ့Mဂိုဏ်းရဲ့ခေါင်းဆောင်ပါးစုန့်ဟာ သူ့ရဲ့ပါတနာတွေနဲ့လမ်းကြောင်းအသစ်တွေအတွက်ဆွေးနွေးပွဲလုပ်နေချိန်မှာ ATOအဖွဲ့ရဲ့လျို့ဝှက်အေးဂျင့်ဖြစ်တဲ့ ယာမိန်ဦးဆောင်တဲ့အဖွဲ့ဟာ ပါးစုန်ကိုဖမ်းဖို့အပျော်မယ်အသွင်နဲ့ရောက်လာပါတယ်… ဒီလိုနဲ့ဗုံးပေါက်ကွဲမှုဖြစ်ပေါပြီးယာမိန်မသေခဲ့ပဲ သာမန်လူဘဝနဲ့ ချစ်သူဖန်းလိနဲ့အတူ ဇာတ်မြှုပ်ကာဘဝကိုဖြတ်သန်းနေပါတယ်…တစ်နေ့မှာ ယာမိန်ရဲ့ဘဝမှန်ကိုသိတဲ့သူတစ်ယောက်ကဖန်းလိကိုပြန်ပေးဆွဲပြီး Mဂိုဏ်းက လူတွေကိုသတ်ပေးဖို့ကမ်းလှမ်းပါတော့တယ်…ယာမိန်က ဖန်းလိကိုကယ်တင်နိုင်ပါ့မလား….ဘယ်လိုအန္တရာယ်တွေကသူ့ကိုစောင့်ကြိုနေမှာလဲ…ဇာတ်လမ်းတစ်ခုလုံးကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ
...

The Hills Have Eyes (1977) ⭐TMDB: 62% User Score 🎬 #Horror #Thriller 🗓 1977 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့ကို အပန်းဖြေရီးထွက်လာခဲ့ကြတဲ့ ကာတာမိသားစု‌ဟာ သူတို့မိသားစုရဲ့ ပဲ့ကိုင်ရှင် ဘော့နဲ့ အက်သယ် ကာတာတို့ရဲ့ ငွေရတုလက်ဆောင်ဖြစ်တဲ့ သဲကန္တာရထဲက ငွေသတ္တုမိုင်းတွင်းတစ်ခုကို လမ်းကြုံဝင်ခဲ့ကြပါတယ်။ ဒီခရီးမှာကတော့ ဘော့နဲ့ အက်သယ်တို့အပြင် ဘရန်ဒါ လင်းနဲ့ ဘော်ဘီဆိုတဲ့ သားသမီးသုံးယောက်နဲ့အတူ လင်းရဲ့ ယောကျာ်းဖြစ်သူ ဒေါ့နဲ့ သမီးလေး ကေတီတို့ ပါလာခဲ့ကြပါတယ်။ ဒီလိုနဲ့ မိုင်းတွင်းကိုမရောက်ခင်မှာ ဖရတ်ဒ်ဆိုတဲ့အဘိုးကြီးရဲ့ သတိပေးချက်ကို နားမထောင်ခဲ့ကြတဲ့ သူတို့တွေဟာ ကားပျက်ပြီး သောင်တင်ခဲ့ကြပါတော့တယ်။ ပိတ်မိနေတဲ့ သူတို့တွေကို သဲကန္တာရထဲမှာ ကျက်စားနေကြတဲ့ စိတ်မူမမှန်လူသားစား အရိုင်းအစိုင်းတွေက တိုက်ခိုက်သတ်ဖြတ်လာခဲ့တဲ့အခါမှာတော့ ကာတာမိသားစုဟာ သူတို့ရဲ့အသက်အတွက် ဘယ်လိုမျိုးရင်ဆိုင်ခုခံသွားကြရမလဲဆိုတာကို CM ပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။
...

Tom and Jerry: The Magic Ring (2002) ⭐TMDB: 64% User Score 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 2 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးမှာတော့ တွမ်က မှော်ဆရာကြီးတစ်ဦးရဲ့ အိမ်မွေးကြောင်တစ်ကောင်ပါ။ မှော်ဆရာကြီးက အစီအရင်တစ်ခုကြောင့် အဝေးကိုသွားရမယ့်အချိန် သူ့ရဲ့အဖိုးတန်‌မှော်လက်စွပ်ကို တွမ်ကို မပျောက်မပျက်အောင် သေချာအပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီလက်စွပ်က ဂျယ်ရီရဲ့ခေါင်းပေါ်ကိုမှ မတော်တဆ သွားစွပ်မိပြီး ချွတ်မရတော့လို့ တွမ်တစ်ကောင် အကျပ်ရိုက်ပြီး ဂျယ်ရီဆီက အတင်းလုရာမှတခြားပြဿနာပေါင်းစုံ တက်လာပုံကို အူလှိမ့်နေအောင်ရယ်မောရင်း ကြည့်ရှုရမှာပါ။
...

A beautiful K-cup office lady-Hikaru Nagi (SONE-436-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #- #Japan ⏰ 2 နာရီ 28 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nagi Hikaru ဆိုတာ JAV လောကမယ် ဘယ်လောက် ဝိတ်ကြီး ပါဝါကြီးတယ်ဆိုတာ JAV ဖန်တွေဆို သိမှာပါ။ ခဏခဏမြင်တွေ့နေရပေမယ့် မရိုးနိုင်အောင် ပြည့်ဝတန်းမီတဲ့ JAV ဝါရင့်သရုပ်ဆောင်ပါ။ SONE-436-Decensored ဒီကားထဲမှာတော့ ရက်ရောသဘောကောင်းတဲ့ မမကြီးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး သူမရဲ့ပါဝါကို မလွန်ဆန်နိုင်တဲ့ပုရိသတွေနဲ့ နှပါးသွားကြမှာပါ။ SONE စီးရီးတွေရဲ့ ထုံးစံအတိုင်း ဘွင်းဘွင်းရှင်းရှင်းမလို့ အာခေါင်ခြောက်နိုင်ပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီး အပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

The Good Dinosaur (2015) ⭐IMDB: 6.7/10 (132 k Votes) 🎬 #Adventure #Animation #Comedy #Family #Action #Drama #Fantasy 🗓 2015 🎞 movie 🌎 #USA #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 6.7/10_____Rotten – 76% 2015 လောက်က CM မှာ တင်ခဲ့ဖူးတဲ့ The Good Dinosaur ဆိုတဲ့ Animation ရုပ်ရှင်ကားလေးကို အသစ်တဖန် 4K BluRay Versionအဖြစ်ပြောင်းလဲ တင်ဆက်ပေးလိုက်ပါတယ် ကြည်တောက်ရှင်းမှကြိုက်တဲ့ Quality အကောင်းကြိုက်သူတွေ အတွက်ပါ…. ဒီ Animation ရုပ်ရှင်လေးဟာ ကလေးတွေတင်မကပါဘူး လူကြီးတွေပါ ကြိုက်ပါတယ်… ကျနော်တို့ မသိလိုက်တဲ့ ကျောက်ခေတ် မှာ ဒိုင်နိုဆော တွေဟာ သူတို့ဘာသာ အသက်ရှင်ရပ်တည်ဖို့ အသီးအရွက်စားတွေ ဆို လယ်တွေ စိုက်တယ်ရိတ်သိမ်းတယ် လှောင်ထားတယ် နွေစာ မိုးစာ ဆောင်းစာသက်သက်မှတ်မှတ် သိမ်းကြပြီး အသားစား သတ္တဝါတွေကတော့အသားစားလို့ရတဲ့ သတ္တဝါငယ်တွေကို မွေးမြူပြီး စားသောက်ကြပါတယ် အဲ့ဒီအချိန်မှာ လူသားတွေ ဆိုတာ ဒိုင်နိုဆော လောက်တောင် အသိဉာဏ် မဖွင့်ဖြိုးသေးတဲ့ ပုံစံ ပြသထားပြီး ဒီရုပ်ရှင်ကား ရဲ့ အဓိက ဇတ်ကောင် ၂ ခုဖြစ်တဲ့အာလို ဆိုတဲ့ ဒိုင်နိုဆော ငကြောက်လေး ရယ် သူ့ကို အမြဲ လိုက်စောင့်ရှောက်ပေးတဲ့ စပေါ့ ဆိုတဲ့ လူသားပေါက်စ လေးရယ် က ဇတ်လမ်းကိုအဆုံးထိ ထိုင်ရာက မထစတမ်း ကြည့်ချင်အောင် ဆွဲဆောင်သွားပါတော့တယ်…. ကဲ အညွှန်းကို သေချာမပြောတော့ပါဘူး ကြည့်ဖူးတဲ့သူတွေလဲ ကြည့်ဖူးပြီးသားဖြစ်မှာမို့လို့ Version အသစ်လေးနဲ့ငြိမ့်လိုက်ကြစို့
...

The Hills Have Eyes Part 2 (1985) ⭐TMDB: 44% User Score 🎬 #Horror #Thriller 🗓 1985 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကာတာမိသားစုရဲ့ သဲကန္တာရအတွင်းက အဖြစ်အပျက်တွေဟာ ရှစ်နှစ်ကြာမြင့်ခဲ့ပါပြီ။ ဒီအဖြစ်အပျက်ရဲ့ အသက်ရှင်ကျန်သူတွေထဲက ဘော်ဘီနဲ့ ရူဘီတို့ဟာ အခုမှာတော့ ဆိုင်ကယ်ပြိုင်ပွဲဝင်အဖွဲ့တစ်ခုကို တည်ထောင်ထားကြပြီဖြစ်ပါတယ်။ ဘော်ဘီရဲ့ ဓာတ်ဆီအသစ်ကို စမ်းသပ်ဖို့အတွက် သဲကန္တာရထဲက ပြိုင်ပွဲ‌တွေကို ရူဘီဟာ စိတ်ထိန်းချုပ်မရဖြစ်‌နေတဲ့ ဘော်ဘီ့ကိုယ်စား အဖွဲ့ဝင် လူငယ်လေးတွေဖြစ်တဲ့ ရွိုင်း၊ ဖော်စတာ၊ ဆူး၊ ဟယ်ရီ၊ ဂျိန်းနဲ့ မျက်မမြင်မလေး ကက်စ်တို့နဲ့အတူ ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ အမှားအယွင်းတွေကြောင့် နောက်ကျနေကြတဲ့ သူတို့တွေဟာ သဲကန္တာရထဲက ဖြတ်လမ်းတစ်ခုကို သုံးကြရင်း ကားပျက် သောင်တင်နေခဲ့ပြန်တဲ့အခါမှာတော့ ရန်သူတော်ဟောင်းတွေဖြစ်တဲ့ လူသားစား အရိုင်းအစိုင်းမိသားစုနဲ့ ထပ်မံရင်ဆိုင်ကြရပြန်ပါတော့တယ်။ လူသားစားမိသားစုကို ဒီတစ်ခါမှာ ဦးဆောင်နေတာက ဘယ်သူလဲ။ ရူဘီတို့တွေလည်း ထပ်ပြီး လွတ်မြောက်နိုင်ကြပါဦးမလား။ အဆုံးမှာ ဘယ်သူတွေက အသက်ရှင်ကျန်နိုင်ကြပါ့မလဲဆိုတာကို CM ပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။
...

Suicide Club (2001) ⭐TMDB: 65% User Score 🎬 #Horror #Mystery #Thriller #Drama 🗓 2001 🎞 movie 🌎 #Japan ⏰ 1 နာရီ 43 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၉၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံတွင်း ကလေးသူငယ်သတ်သေမှုနှုန်းက တစ်စတစ်စ မြင့်တက်လာခဲ့ပါတယ်။ ဒီလိုသတ်သေမှုတွေဖြစ်ပေါ်စေတဲ့အကြောင်းပြချက်တွေထဲက တချို့ဖြစ်တဲ့ အထီးကျန်ခြင်း၊ သီးသန့်နေခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားမှုလျော့နည်းခြင်း၊ မိမိအသက်ကိုတန်ဖိုးမထားခြင်း စတဲ့အချက်တွေကို မြင်သာအောင်ရိုက်ပြထားတာပဲဖြစ်ပါတယ်။ မေလ ၂၇ ရက်နေ့မှာ ဘူတာတစ်ခုမှာ ကျောင်းသူ ၅၄ ယောက် ရထားရှေ့ခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ ဒီအကြောင်းအရာက တစ်နိုင်ငံလုံးကို အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပါတယ်။ အဲဒီအကြောင်းအရာဖြစ်ပြီးမကြာခင်မှာပဲ သူနာပြုနှစ်ယောက် တိုက်ပေါ်က ခုန်ချသတ်သေမှု ဖြစ်သွားခဲ့ပါတယ်။ ဖြစ်ရပ်နှစ်ခုကို မဆက်စပ်မိခဲ့ကြပေမယ့် အခင်းဖြစ်ပွါးရာ‌ နေရာ ၂ နေရာလုံးမှာ လူ့အရေပြားတွေကို တွဲချုပ်ထားတဲ့အလိပ်ထည့်ထားတဲ့ အဖြူရောင်အားကစားအိတ်တွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ရဲဌာနခေါင်းဆောင်ပိုင်းတွေက သတ်သေမှုပဲ တိုက်ဆိုင်တာပဲလို့ ပြော‌ကြပေမယ့် ခူရိုဒကတော့ ကွင်းဆက်လူသတ်မှုလို့ပဲ သဘောထားခဲ့ပါတယ်။ ဒီလိုနဲ့ လင်းနို့လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဆီက သတင်းပေးချက်ဝင်လာပြီးနောက်မှာ ဝက်ဘ်ဆိုက်တစ်ခုကို သိရှိခဲ့ပါတော့တယ်။ ဝက်ဘ်ဆိုက်က သတ်သေတဲ့လူဦးရေကိုပြသထားတာဖြစ်ပြီး ဘာသတင်းမှမထုတ်ပြန်ခင် ‌အရေအတွက်တိုးပွါးလာတာပဲဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေရှိမလဲ… ခူရိုဒထင်သလို လူသတ်မှုပဲဖြစ်နေမလား… အထက်လူကြီးတွေထင်သလိုပဲ ရိုးရိုးရှင်းရှင်းလူသတ်မှုပဲဖြစ်မလား
...

The Martian (2015) ⭐IMDB: 8.0/10 (954 k Votes) 🎬 #Adventure #Drama #SciFi #ScienceFiction 🗓 2015 🎞 movie 🌎 #UnitedStates #UnitedKingdom #Hungary #Jordan #UnitedStatesofAmerica ⏰ 2 နာရီ 31 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အင်္ဂါဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။ မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား ၃ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။ မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အင်္ဂါဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါ လုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။ စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲ အပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ ကမ္ဘာ မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့် ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်း ဝပ်နေးကို အင်္ဂါဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အင်္ဂါဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာ ရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်း လူငယ်လေးတစ်ယောက်ရဲ့ အတွေးခေါ်တစ်ခုကနေ အကောင်းဆုံးနဲ့စွန့်စားမှုတွေအပါအဝင် မာခ်ဝပ်နေးကိုအမြန်ဆုံးကယ်တင်နိုင်မယ့် နည်းလမ်းကိုရခဲ့ပါတယ်။ အဲ့တော့ ဘယ်လိုမျိုးများ စွန့်စားကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာသာခံစားကြည့်ရှုကြပါ။ ဒီကားရဲ့ IMDb rating 8.0 ဆိုတာကိုလည်း မမေ့ကြနဲ့ဦးနော်။
...

Keshava Chandra Ramavath (2024) ⭐IMDB: 6.9/10 (71 Votes) 🎬 #Bollywood #Romance #Drama #History 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 KCR(2024) ယုံကြည်ရာဆီသို့ သန်ဒါဆိုတဲ့ရွာလေးမှာ ကီရှာဗာဆိုတဲ့ ကလေးလေးဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာရှိနေတာပါ။အဖေရယ်၊ အမေရယ်၊ အဘွားရယ်ဟာ သူ့ကို တစ်ဦးတည်း‌သောသား‌လေးရယ်ဆိုပြီး တုန်နေအောင်အချစ်ခံရသူပေါ့။တောရွာလေးတွေရဲ့ထုံးစံအတိုင်းသူ့ဖခင်ဟာ ဆိတ်ကျောင်းရင်းအသက်မွေးရသူမို့ ငွေကြေးအရာမှာတော့မတတ်နိုင်ရှာကြပါဘူး။တစ်နေ့သူ့အမေက ချောင်းအလွန်ဆိုးနေတဲ့အတွက် ဆေးခန်းပြဖို့ရာ သူတို့အဘွားရဲ့နားကပ်ကိုရောင်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့စာမဖတ်တတ်တဲ့သူ့ဖခင်ကို ကီရှာဗာက ဦးဆောင်ခေါ်သွားရင်း လမ်းကဆိုင်းဘုတ်တွေလည်း သူပဲဖတ်ပြလာပါတယ်။ဘဏ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့အဘွားရဲ့နားကပ်ဟာ သူတို့တစ်ခါမှတောင်မမြင်ဖူးတဲ့ပစ္စည်းပါဆိုပြီးအပေါင်မရခဲ့ဘဲ ငွေပဲချေးခဲ့ရပါတော့တယ်။ အပြန်လမ်းမှာ ကီ‌ရှာဗာလေးဟာ ဗိုက်အလွန်ဆာလို့ဆိုင်ကြီးတစ်ဆိုင်ထဲ သားအဖနှစ်ယောက်ဝင်ထိုင်ရုံရှိသေး ဝတ်စားထားတာနွမ်းနေလို့ပါဆိုပြီး နှင်ထုတ်ခံရပြန်ပါတယ်။ အဲဒီလိုနဲ့ တွန်းလှည်းလေးနဲ့ရောင်းတဲ့မုန့်ကိုသားအဖနှစ်ယောက်စားနေရင်း လမ်းဘေးတစ််နေရာ တီဗွီကနေသူတို့ဘဝတွေကိုပြောင်းလဲပေးပါမယ်ဆိုတဲ့ KCR အမည်ရှိ လူတစ်ယောက်ရဲ့မိန့်ခွန်းပြောနေသံကို တွေ့မြင်ကြားသိခဲ့ရပါတယ်။ သူတို့ရဲ့ဘဝဟာဘာတွေဖြစ်လို့ပြောင်းလဲချင်နေရပါသလဲဆိုရင်တော့ အိမ်နားကဦးလေးဟာ ဘဏ်ကြွေးတွေမဆပ်နိုင်လို့စိတ်ဖိအားများကာ သေသွားရတာ၊ လယ်ကွင်းထဲရေလွှတ်ရင်း မြွေကိုက်လို့သေသွားရတာ၊ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ဆေးရုံသွားမယ့်လမ်းမှာ လမ်းဆိုးလွန်းလို့သေသွားရတာစသည်ဖြင့် အများကြီးပါပဲ။ ကီရှာ‌ဗာလေးဟာ အဲဒီနေ့ကစပြီး KCR ရဲ့မိန့်ခွန်းတွေနားထောင်ပြီးလေးစားအားကျစိတ်အပြည့်နဲ့ ပါးစပ်ကမချ ဖြစ်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ကီရှာဗာဟာ သူ့ကိုအချစ်လေးလို့ချစ်စနိုးခေါ်ပြီးအရိပ်တကြည့်ကြည့်နဲ့ဘေးမှာရှိနေပေးတဲ့ မန်ဂျူဆိုတဲ့ကလေးမလေးဆီကလည်းဂရုစိုက်ခံရလေရဲ့။ ကီရှာဗာကရှေ့ဆက် သူတို့ရွာကိုဘယ်လိုပြောင်းလဲဦးဆောင်မှာလဲ သူ့မိသားစုတွေ‌ကရောဘယ်လိုတားဆီးပိတ်ပင်မလဲ ထောက်ပံ့အားပေးမလဲ မန်ဂျူကရောဘေးကနေဘယ်လိုပါရမီဖြည့်ပေးမှာလဲ ဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Squirt Game-Waka Misono, Mizuki Yayoi, Mizuki Igarashi, Machi Ikuno (DASS-534-Decensored) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 1 နာရီ 46 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Squid Game ကို အပြောင်အပျက်ရိုက်ထားတဲ့ JAV ဖက်က Squirt Game ဇာတ်ကားထွက်လာပါတယ်။ Waka Misono, Mizuki Yayoi, Mizuki Igarashi, Machi Ikuno စတဲ့ JAV မင်းသမီး ၄ ယောက်ပါဝင်ပြီးCode ကတော့ DASS-534 ဖြစ်ပါတယ်။ Decensored Version နဲ့ တင်ထားပါတယ်။ ချစ်သူကောင်လေးရဲ့ ရောဂါကုသဖို့ ပိုက်ဆံလိုတာကြောင့် ဂိမ်းပြိုင်ပွဲထဲဝင်ပြိုင်မယ့် ကောင်မလေးနေရာကနေ စတင်ထားပြီးတခြားသော ကိစ္စရပ်များကြောင့် ဂိမ်းတွေပါဝင်လာသူတွေနဲ့ တွေ့ဆုံရပုံတွေကို JAV ပုံစံရိုက်ကူးထားပါတယ်။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ကြည့်ရှုဖို့သာဖြစ်ပြီးအပြင်လောကနဲ့ဆက်စပ်မှုမရှိကြောင်း ထပ်ဆောင်းသတိပေးအပ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)
...

The Body (2019) ⭐IMDB: 5.4/10 (4 k Votes) 🎬 #Bollywood #Mystery #Thriller 🗓 2019 🎞 movie 🌎 #India ⏰ 1 နာရီ 41 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Body (2019) ဒီတစ်ခါ ဘောလိဝုဒ်ဖန်တွေအတွက် ၂၀၁၉ ထွက် Crime, Mystery ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း နာမည်ကျော်တွေဖြစ်တဲ့ Emraan Hasmi နဲ့ Rishi Kapoor တို့ အပြိုင်သရုပ်ဆောင်ထားကြတာပါအထူးသဖြင့် မင်းသမီးရဲ့အက်တင်တွေကလည်း အတော်လေးကို ကောင်းလှပါတယ် ဇာတ်လမ်းလေးကတော့စီပွားရေးလောကမှာ အောင်မြင်ပြီး သြဇာအာဏာကြီးမားတဲ့ အမျိုးသမီးငယ်တစ်ယောက်ဟာ နှလုံးရောဂါနဲ့ ဆုံးသွားခဲ့ပါတယ်အလောင်းခွဲစိတ်စစ်ဆေးဖို့ သူ့အလောင်းကို ရင်ခွဲရုံပို့ထားတဲ့အခါ ညဘက်ကျတော့ အလောင်းပျောက်သွားပါတယ် ညစောင့်ပြောတာတော့ အလောင်းပြန်ရှင်လာပြီး ထသွားတာတဲ့ဒါပေမဲ့ တာဝန်ကျရဲမှူးကြီးကတော့ သူ့ယောက်ျားဖြစ်သူ အဂျေးပူရီကိုပဲ သံသယဝင်နေပါတော့တယ်ထိုညမှာ ရဲမှူးကြီးနဲ့ အဂျေးပူရီတို့ မာယာဗာရ်မားရဲ့အလောင်းကို ရှာတွေ့ပါ့မလား ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်သွားမလဲဆိုတာကိုတော့ အားလုံးပဲ ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်လိုက်ကြပါ အထူးမေတ္တာရပ်ခံလိုတာက ဒီဇာတ်ကားဟာ ၂၀၁၂ ခုနှစ်ထွက် စပိန်ရုပ်ရှင်ကား The Body ကို Remake ပြန်ရိုက်ထားတာဖြစ်လို့မူရင်းဇာတ်ကားကြည့်ပြီးသူများ ဇာတ်လမ်းကို စပွိုင်းမလုပ်ကြဖို့ တောင်းဆိုပါရစေ (Netflix စာဖိုင်ကို ဘာသာပြန်ထားရသောကြောင့် အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာတန်းမပါပါဘူးအတတ်နိုင်ဆုံး နားထောင်ပြီး ဖြည့်ပေးထားပါတယ် လိုအပ်ချက်ပါရှိပါက သည်းခံပေးကြပါခင်ဗျာ) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)
...

Vong Nhi (2023) ⭐IMDB: 5.3/10 (100 Votes) 🎬 #Horror #Drama #Thriller 🗓 2023 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 58 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Unborn Soul (2023) IMDb Rating (5.3) ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ Tung နဲ့ Thao က သူတို့ဘဝမှာ အရာအားလုံးအဆင်ပြေနေပေမဲ့ သူတို့လိုချင်တဲ့ မိသားစုဝင်အသစ် ကလေးလေးကို တော့ အိမ်ထောင်သက်တမ်းသုံးနှစ်ပြည့်တဲ့အထိ ​မရနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာကံကောင်းပြီး Thao ကိုယ်ဝန်ရသွားတော့ သူတို့နှစ်ယောက် အပျော်လွန်နေချိန်မှာပဲ ထူးဆန်းတဲ့ ကလေးဝိဉာဥ် ခြောက်လှန့်မှုတွေကို သူတို့အိမ်မှာ စပြီး ကြုံခဲ့ရတော့တယ်။ အိပ်မက်ဆိုးတွေဆက်တိုက်မက်တဲ့ Thao က ကြာလာတော့ ကြောက်ရွံ့ပြီး အပနှင်ဆရာဆီကို သွားမေးတဲ့အခါ အဲဒီဝိဉာဥ်က Thao အတိတ်က သူ့ဝမ်းကွဲညီမလေးကို ကိုယ်ဝန်ဖျက်ချခိုင်းခဲ့လို့ Thao ကို အငြိုးထားနေတဲ့ သန္ဓေသားဝိဉာဥ်ဆိုတာ သိခဲ့ရတယ်။ Thao သူလွယ်ထားတဲ့ ကလေးလေးကို သူ့နောက်ခြောက်လှန့်ပြီး အနှောင့်အယှက်ပေးနေတဲ့ ကလေးသရဲဆီကနေ ဘယ်လိုကာကွယ်မလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီ Vietnam horror ကားက ဗီယက်နမ်နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုနှုန်းတွေက အတော်လေးမြင့်တက်နေတာကြောင့် လူ့ဘဝကိုရောက်ခွင့်မရသေးတဲ့ အပြစ်မဲ့ကလေး တွေရဲ့အသက်ကို တန်ဖိုးထားပြီး ကာကွယ်တတ်ဖို့ မက်ဆေ့ကိုပေးချင်တဲ့ Horror ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...

Ni Main Sass Kuttni 2 (2024) ⭐TMDB: 66% User Score 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ni Main Sass Kuttni 2 (2024)“ယောက္ခမနဲ့ ချွေးမ” ဒီတစ်ခါမှာ ပရိသတ်တို့အတွက်ပန်ချာပီ မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ အမျိုးသမီး ကျေးရွာလူကြီးဖြစ်တဲ့ ချွေးမလုပ်သူဟာဆိုရင်မြေးနှစ်ယောက်ရတဲ့အရွယ်အထိ အိမ်ကအသက်အကြီးဆုံးအဘွားအိုဖြစ်တဲ့ ယောက္ခမနဲ့ မတည့်နိုင်ဘဲရှိပါတယ် ယောက္ခမလုပ်သူကလည်း အိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်းစွာကျယ်စွာကျယ်လုပ်တဲ့ ချွေးမကို ပြန်နိုင်ဖို့ရာ အကြံထုတ်လျက်ရှိပါတယ် တစ်ဖက်မှာလည်း ရှေ့နေစုံတွဲနှစ်ယောက် တရားခွင်မှာပြိုင်ဘက်တွေဖြစ်ပေမယ့် တရားရုံးအပြင်မှာတီတီတာတာလုပ်ကြတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူ တခြားသော ရပ်ရေးရွာရေး ပြဿနာတွေဘယ်လိုဖြေရှင်းကြမှာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်
...

Kannai Nambathey (2023) ⭐IMDB: 5.8/10 (832 Votes) 🎬 #Bollywood #Crime #Drama #Thriller #Action 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 8 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kannai Nambathey 2023 (ကိုယ့်မျက်လုံးကို မယုံပါနဲ့) နီဇယ်ပရဟိတကျောင်းမှာ ကလေးငယ်လေးတွေကို ဂရုစိုက်ပေးနေတဲ့အမျိုးသမီးကြီးတစ်ယောက်၊ ကလေးလေးတွေကြားထဲမှာမှအသက်၇နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်းရှိနေပါတယ်။ ဒီကောင်မလေးကတော့ အမျိုးသမီးကြီးဟာ ကလေးငယ်ငယ်လေးတွေကိုပဲဂရုစိုက်နေတဲ့အတွက် မနာလိုဖြစ်နေပြီးတော့ သူ့ရဲ့ ၇နှစ်ပြည့်မွေးနေ့မှာကိတ်မုန့်ထဲ ဆေးခတ်ပြီး ကလေးတွေကို စားစေလိုက်တဲ့အတွက်ကလေးတွေ အစာအဆိပ်သင့်သွားတဲ့ မြင်ကွင်းနဲ့ စတင်ထားပါတယ်။ အာရွန်ဆိုတဲ့ ကောင်လေးတစ်ယောက်၊ အိမ်ကနေ နှင်ချခံလိုက်ရတဲ့အတွက်အိမ်အငှားလိုက်ရှာရင်းကနေ သူကြိုက်နေတဲ့ကောင်မလေး ဒီဗယာတို့အိမ်မှာတိုက်တိုက်ဆိုင်ဆိုင်အိမ်ငှားလိုအပ်နေတာကိုတွေ့သွားပါတော့တယ်။ ဒါပေမဲ့လည်း ဒီအိမ်မှာ လူပျိုတစ်ယောက်တည်းကို မငှားဘူးလို့ဆိုလာတာကြောင့်ဇာတိမြေက မိခင်ဖြစ်သူ မကြာခင် လိုက်လာမှာပါလို့ လိမ်ပြီး ငှားနေလိုက်ပါတော့တယ်။ ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ခရီးလမ်းလေး စတင်ခဲ့ပါတယ်။ဒါပေမဲ့လည်း အချိန်နည်းနည်းကြာတဲ့အထိ မွေးရပ်မြေက မိခင်ဆိုသူရောက်မလာတဲ့အခါမှာတော့ လိမ်ထားတာတွေ ပေါ်ကုန်ပြီးအိမ်ကနေ ဆင်းပေးရပါတော့တယ်။ ဒီလိုနဲ့ နောက်ထပ် အိမ်ငှားလိုက်ရှာရင်း တိုင်ပတ်ပြန်ပါတော့တယ်။ခက်ခက်ခဲခဲနဲ့ အိမ်ငှားရှာတွေ့ပြန်တော့လည်း အခန်းဖော်နဲ့အတူငှားနေရမယ့်အခန်းဖြစ်နေပြန်ပါတယ်။ သို့ပေမဲ့လည်းအသက်အရွယ်မကွာတဲ့အတွက် မြန်မြန်ပဲ ရင်းနှီးမှုရရှိခဲ့ပါတော့တယ်။ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လို ဆက်ဖြစ်လာမလဲ …..အာရွန်တစ်ယောက် ရာဇဝတ်မှုတွေနဲ့ ဘယ်လို ဆက်စပ်မိသွားမှာလဲ …….အာရွန်ရဲ့ အခန်းဖော်ကရော လူကောင်းပဲလား …..ကလေးတွေကို ဆေးခတ်လိုက်တဲ့ ကောင်မလေးကရော ဘယ်သူလဲ …..ဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Culpa Tuya (2024) ⭐IMDB: 5.3/10 (5 k Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #Spain #UnitedStatesofAmerica ⏰ 2 နာရီ 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Culpa Tuya : Your Fault (2024) 2023 တုန်းက ထွက်ရှိခဲ့တဲ့ My Fault ရဲ့ sequel ဇာတ်လမ်း Your Fault ဖြစ်ပါတယ်။ ဇာတ်ကြောင်းကို နားလည်ဖို့ဆိုရင်တော့ My Fault ကို အရင်ကြည့်ဖို့ လိုပါလိမ့်မယ်။ My Fault မကြည့်ရသေးရင်တော့ ရီဗျူးကို ဆက်မဖတ်ဘဲ စပွိုင်လာရှောင်သင့်ပါတယ်။ Your Fault မှာတော့ နစ်ခ်နဲ့နိုအာတို့က တိတ်တိတ်လေး ခိုးကြိုက်နေကြတဲ့ ချစ်သူတွေ ဖြစ်နေပါပြီ။ နစ်ခ်က အလုပ်သင်ဘဝနဲ့ ရှေ့နေကုမ္ပဏီတစ်ခုမှ အလုပ်ဆင်းနေပြီး နိုအာက အထက်တန်းပြီးလို့ ကောလိပ်သွားတက်ပါတော့မယ်။ နစ်ခ်ဟာ အလုပ်မှာ ဆိုဖီယာဆိုတဲ့ ကောင်မလေးနဲ့ အတူတူ အလုပ်တွဲလုပ်ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရတာကလည်း နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုက ရှိနေပါတယ်။ တစ်ဖက်မှာလည်း နိုအာဟာ ကောလိပ်မှာ နစ်ခ်ရဲ့ အတိတ်ကပတ်သတ်ခဲ့သူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပါတယ်။ ဒီတော့ နဂိုကမှ တိတ်တိတ်ပုန်း ချစ်ကြိုက်နေရတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ဘယ်လိုအနှောက်တွေ ဝင်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး
...