ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
အောင်စေပိုင်စေ
⭐N/A
🎬 #action #comedy #cinema
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 06 မိနစ် 03 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
လူမိုက်အနေဖြင့်တစ်ရွာလုံးကိုအပိုင်သိမ်းထားတဲ့ အောင်စေ မှာ ချောမေ နဲ့ဘယ်လိုပတ်သတ်သွားမလဲ … ကယ်တင်ရှင်အနေနဲ့ ပိုင်စေ ရောက်လာခဲ့
တော့ အောင်စေ နဲ့ ပိုင်စေ တို့ရဲ့ပတ်သတ်မှုကဘယ်လိုတွေရှိနေမလဲ … အောင်စေ နဲ့ ပိုင်စေ တို့နှစ်ယောက်မှာ ကြည်ကြည် တို့ရွာကို ဘယ်လို
ရောက်ရှိမလဲ ... သူတို့နှစ်ယောက်နဲ့ပတ်သတ်ပြီး တစ်ရွာလုံးမှာဟာသဆန်ဆန်ဘယ်လိုများကယက်ထကြမလဲဆိုတာ ...
သရုပ်ဆောင်
လူမင်း၊ နေတိုး၊ မင်းရာဇာ၊ ညီထွဋ်ခေါင်၊ ခိုင်သင်းကြည်၊ အိချောပို
ဒါရိုက်တာ
ကျော်ဇောလင်း
ထုတ်လုပ်ရေး
ခုနှစ်စင်ကြယ်
November (2022)
⭐IMDB: 6.9/10 (2 k Votes)
🎬 #Crime #Drama #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #France #Belgium
⏰ 1 နာရီ 46 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
November (2022)=============IMDb Rating – 6.9/10
၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော်တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်းရာချီသေဆုံးခဲ့ရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထားဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။
ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည်တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက်တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုးစားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလိုဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီးလာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆုထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန်မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)
စရိုက်
⭐N/A
🎬 #drama #romance
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 02 မိနစ် 03 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
မုန့်ဟင်းခါးရောင်းပြီးဘဝကိုရုန်းကန်နေရတဲ့ ဒေါ်ရင်လှ နဲ့ ဘဲဉမ...သူတို့သားအမိဘေးအိမ်ကိုအိမ်ငှားအဖြစ်ရောက်လာတဲ့ကျောင်းဆရာ ကိုညိုထွန်းလူ...ဘဲဉမ နဲ့ကားစပယ်ယာ တင်မောင်ဝင်း တို့မှာ
ချစ်သူတွေဖြစ်ပြီးလက်ထပ်ခဲ့ကြပေမယ့် တင်မောင်ဝင်း ရဲ့မိန်းမရှုပ်တတ်တဲ့စရိုက်ကြောင့်စရိုက်ကြမ်းတဲ့ ဘဲဉမ နဲ့ဘယ်လိုအိမ်ထောင်ကျသွားမလဲဆိုတာ...စရိုက်ကြမ်းတဲ့ ဘဲဉမ ကိုပြုပြင်ပေးဖို့
ဆုံးဖြတ်လိုက်တဲ့ ကိုညိုထွန်းလူ မှာ ဘဲဉမ ကိုပြုပြင်ပေးရင်းသူတို့နှစ်ယောက်ဘာဆက်ဖြစ်ကြမလဲ...ဘဲဉမ ရဲ့အကျင့်စရိုက်ကကောပြင်ပေးလို့ရနိုင်ပါ့မလားဆိုတာ...
သရုပ်ဆောင်
လူမင်း၊ ကျော်ထက်အောင်၊ထွန်းအိနြာဗို၊ ခိုင်သင်းကြည်
ဒါရိုက်တာ
သြရသ
ထုတ်လုပ်ရေး
အောင်ခေတ်မင်း
ကိုယ်စောင့်နတ်
⭐N/A
🎬 #comedy #romance
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 32 မိနစ် 15 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ဒေးဗစ် နဲ့ ဘယ်လာ တို့မှာငယ်စဉ်ကတည်းကသူငယ်ချင်းတွေဖြစ်ကြပေမယ့် ဒေးဗစ် ရဲ့တလွဲလုပ်မှုကြောင့် ဘယ်လာ နဲ့အနေဝေးခဲ့တဲ့ ဒေးဗစ်...
တလွဲတချော်ဖြစ်နေမှုတွေမှာ ကိုယ်စောင့်နတ် ကိုသာအပစ်ပုံချခဲ့တဲ့ ဒေးဗစ် တစ်ယောက်ဘယ်လိုကံကောင်းမှုတွေရောက်ရှိလာမလဲဆိုတာ...
ကိုယ်စောင့်နတ် ရဲ့ကောင်းမှုကြောင့်ကံကောင်းခြင်းတွေကို ဒေးဗစ် တစ်ယောက်လက်ခံနိုင်စွမ်းရှိပါ့မလား...ဒေးဗစ် နဲ့ ဘယ်လာ ရဲ့အချစ်ရေးကဘာဆက်ဖြစ်မလဲ...
သရုပ်ဆောင်
လွှမ်းပိုင်၊ထွန်းထွန်း၊ထူးအောင်၊ရန်အောင်၊ရဲအောင်၊ကျော်သူ၊အောင်ရဲထွေး၊ခင်၀င့်၀ါ၊မေသဉ္ဇာဦး
ဒါရိုက်တာ
ဝင်းလွင်ထက်
ထုတ်လုပ်ရေး
မီဒီယာဆဲဗင်း
အမျှ အမျှ
⭐N/A
🎬 #drama #horror #mystery #thriller
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 49 မိနစ် 25 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ကိုလွင်ဦး နဲ့ မိုးမခ တို့မှာအိမ်ထောင်ရေးအဆင်မပြေတာကြောင့်သမီးတစ်ယောက်စီခေါ်ထားပြီးခွဲနေခဲ့ကြရာ မိုးမခ ရဲ့သမီးလေး စနိုးဝှိုက် တစ်ယောက်မမြင်ရတဲ့သူကို မေမေ ခေါ်နေခဲ့ရာကအစပြုပြီး မိုးမခ ဘာဆက်လုပ်မလဲ...
မိုးမခ ရဲ့သံသယတွေရှင်းဖို့အတွက် DNA စစ်ခဲ့ရာကအစပြုပြီး စနိုးဝှိုက် မှာ ကိုလွင်ဦး နဲ့ မိုးမခ တို့ရဲ့သမီးအရင်းမဟုတ်မှန်းသိလိုက်ရချိန်မှာတော့ စနိုးဝှိုက် ကဘယ်သူ့သမီးဖြစ်နေမလဲ...
ကိုလွင်ဦး နဲ့ မိုးမခ တို့ရဲ့သမီးအရင်းဖြစ်တဲ့ ဟေမာန် တစ်ယောက်ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ဘယ်လိုခြောက်ခြားနေရမလဲဆိုတာ...ကိုလွင်ဦး နဲ့ မိုးမခ တို့ရဲ့အိမ်ထောင်ရေးကိုဘယ်ဟာက
နည်းမျိုးစုံနဲ့အနှောင့်အယှက်ပေးနေမလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားပြီးထိတ်လန့်စရာတွေနဲ့ အမျှ အမျှ အမျှ ကိုဘယ်လိုကြည့်ရမလဲဆိုတာ...
သရုပ်ဆောင်
ခန့်စည်သူ၊အိန္ဒြာကျော်ဇင်၊လင်းဇာနည်ဇော်၊ချစ်စနိုး၊ယွန်းမေ
ဒါရိုက်တာ
စတီးလ်
ထုတ်လုပ်ရေး
R Square
Kaali (2018-2018)
⭐IMDB: 7.1/10 (568 Votes)
🎬 #Thriller
🗓️ 2018-2018 🎞️ Series 📺 1080p FHD
🌎 #India
⏰ 22 မိနစ် 28 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kaali(2018)Kaali (2018)
Thriller
IMDb 7.1/10အခုတစ်ခါမှာလည်း Zee5 စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါတော့မယ်။
ကာလီဆိုတဲ့ အမျိုးသမီးဟာ အနေအထိုင်ဆင်းရဲပြီး ယောက်ျားဖြစ်သူကလည်း
ဆေးရောင်း မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်..အိမ်ပြန်လာရင်လည်း
ပြဿနာအရှုပ်ထုပ်တွေ သယ်လာလေ့ရှိပါတယ်။သူ့မှာ ဆန်နီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။သားဖြစ်သူကလည်း စာမကြိုးစားဘဲ အဖေ့ခြေရာနင်းဖို့ ကြိုးစားနေပါတယ်။
ရုတ်တရက်ကြီး သားဖြစ်သူဟာ အရှုပ်ထုပ်တွေနဲ့ ပတ်သက်မိရင်း မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ခွဲစိတ်ကုသဖို့ ငွေလိုလာတော့ ဆင်းရဲညစ်စုတ်တဲ့ဘဝမို့ သူမအတွက် မတတ်နိုင်ခဲ့ပါဘူး။ ရသမျှနည်းလမ်းနဲ့
ရသလိုရှာလာတဲ့အခါမှာတော့ မူးယစ်ဂိုဏ်းတွေနဲ့ သွားရှုပ်မိပြီး အသက်အန္တရာယ်ပါ စိုးရိမ်ရလာပါတော့တယ်။ဒီလိုနဲ့ ဒီအမေဟာ ကိုယ့်အသက်အန္တရာယ်ကိုလည်း ဂရုစိုက်ရင်း ကိုယ့်သားအသက်ကိုပါ
ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေးမှာ ရင်တမမနဲ့ ကြည့်ရှုကြပါဦးနော်။Quality : 400MB / 200MBTotal Episodes : 8EpsFormat : mp4Genres : Thriller , BollywoodDuration :25minsSubtitle : Myanmar Subtitle ( Hardsub )
မုန်းစွဲ
⭐N/A
🎬 #action #drama #thriller #mystery
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 12 မိနစ် 43 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
လူဆိုးလူမိုက်တွေဖြစ်ကြတဲ့ ထူးဇော် နဲ့ ထူးမော်...သည်းအုံ ကိုမြင်မြင်ချင်းချစ်မိသွားတဲ့စိတ်ကြောင့် သည်းအုံ ရဲ့ဘဝကိုအပိုင်ယူဖို့ကြိုးစားသွားမယ့် ထူးဇော်...
သိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်ကြတဲ့ ဖိုးအောင် နဲ့ သည်းအုံ....မုန်းစွဲဘဝကိုရောက်သွားတဲ့ ထူးဇော် နဲ့ ထူးမော် တို့မှာဘယ်လိုပုံစံမျိုးနဲ့ ဖိုးအောင် တို့ဘဝထဲကိုပြန်ရောက်လာမလဲ...
သူတို့ရဲ့မုန်းစွဲစိတ်တွေကောပြေပျောက်နိုင်ပါ့မလားဆိုတာ...မုန်းစွဲအပြင်ချစ်တဲ့စိတ်ကြောင့်ရောက်ရှိလာမယ့်သူကဘယ်သူဖြစ်မလဲ...သံသယဝဋ်ကြွေးတွေကိုပညာပေးပုံစံအနေနဲ့ရိုက်ကူးတင်ဆက်ထားတဲ့ မုန်းစွဲ...
သရုပ်ဆောင်
နေတိုး၊မင်းသွေး၊ကျော်ကျော်ဗို၊ဖွေးဖွေး၊အေး၀တ်ရည်သောင်း
ဒါရိုက်တာ
သြရသ
ထုတ်လုပ်ရေး
မီဒီယာဆဲဗင်း
ချာလီဘ
⭐N/A
🎬 #comedy #romance
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 06 မိနစ် 11 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ပျော်ပျော်နေတတ်တဲ့ ချစ်ရင်ထူး တစ်ယောက်သူငယ်ချင်းဖြစ်သူ ဆယ်လီ နဲ့အတူနေခဲ့ပြီးအိမ်နီးချင်း ဂေါ်လီမ ဆိုတဲ့ကောင်မလေးကိုချစ်ခဲ့မိရာကအစပြုပြီး ဂေါ်လီမ ရဲ့အချစ်ကိုပိုင်ဆိုင်ဖို့အတွက်
ချစ်ရင်ထူး ဘဝကနေဘယ်လိုဖြစ်ပြီး ဦးချာလီ ဘဝကိုရောက်သွားမလဲဆိုတာ...ဦးချာလီ ဘဝမှာ ဂေါ်လီမ ရဲ့အဒေါ် ဒေါ်မော်လီ ရဲ့ချစ်ကြိုက်ခြင်းကိုခံခဲ့ရတော့ ဒေါ်မော်လီ နဲ့ ဂေါ်လီမ ရဲ့ကြားထဲမှာ
ချစ်ရင်ထူး တစ်လှည့် ဦးချာလီ တစ်လှည့်နဲ့ဘယ်လိုများဝက်ဝက်ကွဲအောင်ဟာသဆန်နေမလဲဆိုတာ...ဦးချာလီ နဲ့ရုပ်ချင်းတူတဲ့လူနဲ့တွေ့တော့ဘယ်လိုအလွဲလေးတွေနဲ့ဟာသဆန်နေမလဲ...
သရုပ်ဆောင်
မြင့်မြတ်၊ရဲအောင်၊ဂျိုကာ၊ရွှေမှုန်ရတီ၊စိုးမြတ်သူဇာ
ဒါရိုက်တာ
တည်တံ့
ထုတ်လုပ်ရေး
လက်ကီးဆဲဗင်း
Carnival Row (2019-2023)
⭐IMDB: 7.8/10 (67 k Votes)
🎬 #Crime #Drama #Fantasy #Mystery #Thriller
🗓️ 2019-2023 🎞️ Series 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 07 မိနစ် 46 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Carnival Row (2019)+ Season-2Carnival Row (2019)Burgue မှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေ…..
အသတ်ခံလိုက်ရတဲ့လူတိုင်းကလည်း Fae(ဖေး) လို့ ခေါ်တဲ့ မိန်းမပျိုလေးတွေချည်း ဖြစ်နေတဲ့အခါ…..ဒါကို စုံစမ်းထောက်လှမ်းနေတဲ့ စုံထောက်ဖိုင်လို…..မိမိရဲ့နေရပ်ကို စွန့်ခွာလာတဲ့ “ဖေး” မလေး ဗင်ညက်….သူတို့နှစ်ဦး ဆုံတွေ့ကြတဲ့အခါ…..သူတို့ကြားမှာ ရှိနေတဲ့ဇာတ်လမ်းက…..ဘာလဲ?လူသတ်မှုတွေကရော ပေါ်ပေါက်လာပါ့မလား?လူတန်းစား၊ မျိုးနွယ်စု ကွာခြားမှုတွေနဲ့အတူ ဇာတ်ရဲ့မြှုပ်ကွက်တွေက ဘာတွေဖြစ်မလဲ?တစ်ပိုင်းထက်တစ်ပိုင်း စိတ်ဝင်စားဖို့ကောင်းပါတယ် မင်းသားက Orlando Bloomမင်းသမီးက Cara Delevigne (Suicide Squad ထဲက Enchantress) တို့အဓိက ပါဝင် သရုပ်ဆောင်ထားပြီးတော့ IMDb – 8/10 ရထားတဲ့ ဇာတ်လမ်းတွဲ တစ်တွဲ ဖြစ်ပါတယ်။File size…350-450mbQuality…720p WEB-DL.DD.5.1 H264 FGTFormat…mp4Duration…56minSubtitle….Myanmar Subtitle (Hardsub)Encoder…sithu
တော်တော်ဖြစ်နေလား
⭐N/A
🎬 #comedy #romance
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 43 မိနစ် 27 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ကိုသူရိယ ရဲ့အထောက်အပံ့ကိုလိုချင်တဲ့စိတ်ကြောင့်အိမ်ထောင်ရှိဟန်ဆောင်ဖို့အတွက်သူငယ်ချင်းဖြစ်သူ ထိုက်တန် ရဲ့ဇနီးကိုအကူညီတောင်းခဲ့တဲ့ မိုးည...အိမ်ငှားဖို့ရောက်လာခဲ့တဲ့ IC ညှပ်ရိုး အပါအဝင်သိန်း ၁၀၀၀ အကြွေးရှိမှန်း
သိလိုက်ရတဲ့ ကိုသူရိယ တစ်ယောက်ဘာဆက်လုပ်မလဲ...ကိုသူရိယ ရဲ့အချစ်ရေးကိုနည်းမျိုးစုံနဲ့နှောင့်ယှက်သွားမယ့် ထိုက်တန်....တော်တော်ဖြစ်နေလား ဆိုတဲ့နာမည်လေးအတိုင်းအလွဲအမှားပေါင်းသောင်းခြောက်ထောင်ကို
ဘယ်လိုဟာသဆန်ဆန်ပျော်ရွှင်စရာတွေနဲ့တွေ့မြင်ရမလဲဆိုတာ....
သရုပ်ဆောင်
ကျော်ရဲအောင်၊မြင့်မြတ်၊ညီထွဋ်ခေါင်၊ရွှေသမီး၊ခေးဆက်သွင်
ဒါရိုက်တာ
ကျော်သားကြီး
ထုတ်လုပ်ရေး
ဖိုးသူတော်
Grand Central (2013)
⭐IMDB: 6.2/10 (3 k Votes)
🎬 #Drama #Romance
🗓️ 2013 🎞️ Movie 📺 720p HD
🌎 #France #Austria
⏰ 1 နာရီ 31 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Grand Central(2013)
*******************
Blue Is the Warmest Colourနဲ့လူသိများခဲ့တဲ့
မင်းသမီးLéa Seydoux အချစ်ရိုမန့်ကားလေးဖြစ်ပါတယ်.
အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂါအီဟာပြင်သစ်နိုင်ငံရဲ့ နူကလိယလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာအလုပ်လျှောက်ပါတယ်။စက်ရုံမှာ training ပေးပြီးတော့မှအလုပ်ကိုဝင်လုပ်ခွင့်ရမှာဖြစ်တဲ့အတွက်လူငယ်တစ်ချို့ကို စီနီယာတစ်ချို့နဲ့တွဲပြီးလေ့ကျင့်ခိုင်းတယ်။ တိုနီနဲ့အခြားစီနီယာတွေကသူတို့ကိုကြီးကြပ်စေပြီးတော့လေ့ကျင့်မှုစမ်းသပ်မှုအောင်မြင်အောင်ကြိုးစားပေးကြတယ်။နူကလိယစက်ရုံဆိုတာသိတဲ့အတိုင်းပဲ ဓာတ်ရောင်ခြည်သင့်မှုတွေရှိတဲ့အတွက်ဂါအီအစ်မ မာမီကတော့ သူ့ကိုမလုပ်စေချင်ဘူး။ ဒါပေမယ့်လည်း ပိုက်ဆံရတဲ့အတွက်ဂါအီဟာဒီအလုပ်ကိုပဲလုပ်ဖို့ဆုံးဖြတ်ထားတယ်။ စက်ရုံမှာနေနေရင်းနဲ့ တိုနီနဲ့ဇနီးလောင်းကာရိုးနဲ့ ချစ်မိသွားတယ်။ အဲ့ဒီနောက်မှာတော့..
Stay the Night (2022)
⭐IMDB: 6.5/10 (448 Votes)
🎬 #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Canada
⏰ 1 နာရီ 29 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Stay The Night (2022)————————————-Introvert တစ်ယောက်ဖြစ်တဲ့အပြင် အချစ်ရေးမှာလည်း သတ်မှတ်ထားတဲ့ စံနှုန်းတွေတအားမြင့်တဲ့၂၇ နှစ်အရွယ် HR Adviser ဂရေ့စ်ဟာ အလုပ်မှာရော အချစ်ရေးမှာပါကံခေသူလေးပေါ့။တစ်နေ့မှာတော့ အလုပ်မှာအဆင်မပြေပါဘူးဆိုနေ ရည်းစားရှုပ်တဲ့ သူ့အခန်းဖော်သူငယ်ချင်းကြောင့်အိမ်ကိုပြန်လို့မရသေးဘဲ ဘာလုပ်ရမှန်းမသိဖြစ်နေတုန်း အသင်းကနေထုတ်ခံရလို့ စိတ်ဓာတ်ကျပြီး ဘားလာထိုင်တဲ့ ကာတာနဲ့တွေ့ပြီးတဲ့နောက်မှာတော့ပထမဆုံးတွေ့ဖူးတဲ့ လူနှစ်ယောက်က အချင်းချင်းနားလည်ပေးနိုင်ပြီး အပြန်အလှန်ကူညီပေးကြရာကနေ သံယောဇဥ်တွေဖြစ်လာတဲ့အခါမှာတော့…
ဂရေ့စ်လည်း သူအမြဲတမ်းစိတ်ကူးယဥ်ခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ RS ကိုကာတာနဲ့မှ ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလို့ရမယ့်ဇာတ်ကားလေးပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။
Someday or One Day (2022)
⭐IMDB: 6.2/10 (240 Votes)
🎬 #Drama #Romance #Science Fiction #Mystery #ScienceFiction #Fantasy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #HongKong #China #Taiwan
⏰ 1 နာရီ 47 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“အတိတ်ကို ပြန်လည်သွားနိုင်ပေမဲ့ အတိတ်ကဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား”
အရာအားလုံးရဲ့ ဇာတ်လမ်းဖြစ်တည်မှု အစက “၂၀၀၉” ခုနှစ်…!အသက် ၂၈ နှစ်အရွယ်လီဇီဝေဟာ အအေးအဖျော်ဆိုင်လေးတစ်ခုမှာအလုပ်လုပ်တဲ့ အသက် ၁၇ နှစ်အရွယ် ဟွမ်ယွီရွှမ်း နဲ့တွေ့ဆုံခဲ့ပါတယ် ။တွေ့ဆုံတဲ့ အချိန်မှာလဲ တစ်ဦး နဲ့ တစ်ဦးဟာ ဟိုးအရင်ကတည်းကသိကျွမ်းခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်က ထူးဆန်းစွာနဲ့ ရလို့နေပါတယ် ။
ဒီလိုနဲ့ပဲ နှစ်ဦးသား ဆက်ဆံရေးတွေဟာ ကောင်းမွန်လာခဲ့ပြီး၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးရက် နှစ်သစ်ကူးညလေးမှာသူတို့ရဲ့ချစ်ခြင်းခရီးစဥ်ကို စတင်ခဲ့ပါတော့တယ် ။ ဒီလိုနဲ့ အရာအားလုံးအဆင်ပြေချောမွေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်အရောက်မှာတော့အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လို့ လာခဲ့ပါတယ် ။
ဟွမ်ယွီရွှမ်းတစ်ယောက် လက်ရှိပစ္စုပန်က ချစ်ရသူ လီဇီဝေကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် ထူးဆန်းစွာနဲ့ပဲ သူမဟာ အတိတ်ကိုပြောင်းလဲနိုင်ဖို့ အခွင့်အရေးကြုံလာတဲ့အခါမှာ…?
❏ လီဇီဝေကို ကယ်တင်ဖို့ အတိတ်ကိုတစ်ဖန်ပြန်ရောက်သွားပေမဲ့❏ အနာဂတ် နဲ့ အတိတ် ကြားက ရောယှက်ရိုက်ခတ်မှုဒဏ်တွေကြုံတွေလာရတဲ့အခါမှာတော့ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရင်ဆိုင်မှာလဲ?
❏ အတိတ်ဆိုးကြီးကိုရော သူမပြန်လည်ပြင်ဆင်နိုင်ပါ့မလား ?❏ ပစ္စုပန် အနာဂတ် နဲ့ အတိတ်ကြားမှာ ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ရင်ဆိုင်ရဦးမလဲ ? သူမကိုယ်တိုင်ကရော သူမချစ်ရသူနဲ့ပေါင်းစပ်နိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါနော် ။
Golden Robbery (2023)
⭐⁉️
🎬 #Comedy #Mystery
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 14 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ဟာသလေးနှောထားတဲ့မှုခင်းကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
ရဲစခန်းလုံခြုံရေးအစောင့်မာတာနဲ့ သူ့ရဲ့ရည်းစာချောလေးလျိုစီးကျားတိုဟာ သာမန်ဘဝကို ဖြတ်သန်းနေကြတဲ့စုံတွဲလေးတစ်တွဲပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတစ်စုံတစ်ယောက်က မာတာရဲ အဖေဆိုပြီး ဖုန်းဆက်လာခဲ့ပါတယ်။
နှစ် ၂၀ လောက် ပျောက်သွားခဲ့တဲ့ အဖေက ရုတ်တရက်ပြန်ပေါ်လာတဲ့အချိန်ကစ မာတာရဲ့ အေးချမ်းတဲ့ ဘဝကြီးက စတင်ရှုပ်ထွေးလာပါတော့တယ်။ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းမှောင်ခိုမှု၊ သင်္ချိုင်းဖောက်မှု၊ရဲအတု အစစ်တွေနဲ့ ဘယ်လို အရှုပ်တွေ ဖြစ်မလဲဆိုတာကိုGolden robbery ဆိုတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ပါနော်။
ပပ၀တီစီရင်ခန်း
⭐N/A
🎬 #cinema
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 01 မိနစ် 00 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
"အလှဂုဏ်မောကလွန်းတဲ့ နန်းရွှေမှုံ မှအဆင့်အတန်းမတူ ရုပ်ဆိုးပြီးအသံကောင်းလွန်းတဲ့ သက်ထား ကိုဘယ်လိုမနာလိုတွေဖြစ်သွားမလဲဆိုတာ...နန်းရွှေမှုံ ရဲ့နည်းမျိုးစုံဒုက္ခပေးမှုကြောင့်
သက်ထား တစ်ယောက်စိတ်ဝင်စားဖွယ်ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ...သက်ထား ကိုအမြဲကူညီတတ်တဲ့ နန်းရွှေမှုံ ရဲ့အစ်ကိုဖြစ်သူ ဘုန်းမြတ်သွေး...ဘုန်းမြတ်သွေး ရဲ့တစ်ဖက်သတ်အချစ်တွေကို
ဖွင့်မပြောဘဲနေလာခဲ့ရင်း သူတို့ ၃ ယောက်ဘဝထဲကို သီဟရဲရင့် ဆိုသူရောက်လာခဲ့ပြီး နန်းရွှေမှုံ ရဲ့ထုံးစံအတိုင်းမနာလိုမှုတွေကြောင့် နန်းရွှေမှုံ နဲ့ သက်ထား တို့ရဲ့အလှတရားတွေကဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ..."
သရုပ်ဆောင်
ထွန်းထွန်း၊ အလင်းရောင်၊ ဖွေးဖွေး၊ မိုးဟေကို
ဒါရိုက်တာ
ဝိုင်း
ထုတ်လုပ်ရေး
မီးမီးရွှေခြူး
သင်္ကြန်မိုး
⭐N/A
🎬 #drama #cinema #romance
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 02 မိနစ် 36 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
သင်္ကြန်မှာ ခင်ခင်ထားအတွက် သီချင်းရေးပေးတီးခတ်ပေးတဲ့ စန္ဒယားကိုငြိမ်းမောင်တစ်ယောက်ခင်ခင်ထားကို မြင်မြင်ချင်း မေတ္တာသက်ဝင်ခဲ့တယ်။ ကိုငြိမ်းမောင်နဲ့ခင်ခင်ထားတို့ခင်မင်ရင်းနှီးရာက တစ်ယောက်နှင့်တစ်ယောက်မေတ္တာရှိနေကြတာကို ခင်ခင်ထားရဲ့မိခင်ကသဘောမတူတာကြောင့် ခိုးပြေး ဖို့ စီစဉ်ခဲ့ကြပေမယ့် ကိုငြိမ်းမောင်တစ်ယောက်ချိန်းထားတဲ့နေရာကို ရောက်မသွားနိုင်တာကြောင့် တစ်ဦးနှင့်တစ်ဦး အထင်လွဲမှုတွေနဲ့ ဘာတွေဆက်ဖြစ် ကြမလဲ..
သရုပ်ဆောင်
နေအောင်၊ ဇင်ဝိုင်း၊ ဇော်ဝမ်း၊ ခင်သန်းနု၊ မေသန်းနု၊ သီတာသိမ့်
ဒါရိုက်တာ
မောင်တင်ဦး
ထုတ်လုပ်ရေး
ရီမြင့်
ကြီးလေးကြီး
⭐N/A
🎬 #cinema #romance #comedy
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 07 မိနစ် 08 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
လက်စားတဲ့ကျေးရွာအုပ်ချုပ်ရေးမှူး အုပ်ကြီး တစ်ယောက်အတင်းပြောတတ်တဲ့ တင်တင်လေး ခေါ် အာကြီး ကိုချစ်နေခဲ့ရာအပျိုကြီး တင်တင်ကြီး ကို
တဖက်သတ်ချစ်နေတဲ့ မော်ကြီး....အာကြီး ခေါ် တင်တင်လေး နဲ့ တင်တင်ကြီး တို့ရဲ့နာမည်တူ တင်တင် နဲ့ပတ်သတ်ပြီး မော်ကြီး နဲ့ အုပ်ကြီး တို့ရဲ့
အချစ်ဇာတ်လမ်းလေးကဘယ်လိုများဟာသဆန်နေမလဲဆိုတာ...ကြီးလေးကြီး ရဲ့အချစ်ပြဿနာကို ပြည်ဟိန်းသီဟ တစ်ယောက်ဘယ်လိုဖြေရှင်းသွားမလဲ...
သရုပ်ဆောင်
လူမင်း၊ ခန့်စည်သူ၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်
ဒါရိုက်တာ
ပြည်ဟိန်းသီဟ
ထုတ်လုပ်ရေး
အောင်တိုင်းကျော်
လှပ်၍လွင့်သော
⭐N/A
🎬 #crime #thriller #cinema #drama
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 1 နာရီ 53 မိနစ် 27 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ဦးမောင်ပြေ နဲ့အတူနေပြီးဖခင်ကိုရင်းနှီးမှုမရှိတဲ့သမီး ခင်ငြိမ်းချမ်း...ခင်ငြိမ်းချမ်း မှာအလှူတစ်ခုကိုသွားရင်း မကြည်ပြာ ဆိုတဲ့မိန်းမတစ်ယောက်ရဲ့စကားကြောင့်ဖခင် ဦးမောင်ပြေ ကို
မေးမြန်းခဲ့ပေမယ့် ဖခင် နဲ့ မကြည်ပြာ တို့ရဲ့မညီညာတဲ့အမှုတစ်ခုရဲ့စကားအပေါ်စဉ်းစားရခက်နေတဲ့ ခင်ငြိမ်းချမ်း...အမှုတစ်ခုရဲ့စွပ်စွဲခြင်းကိုခံခဲ့ရတဲ့ဖခင် ဦးမောင်ပြေ မှာအမှန်တကယ်ပဲ
တရားခံဖြစ်နေမလား ဒါမှမဟုတ် မကြည်ပြာ ရဲ့စွပ်စွဲချက်ကပဲမှားနေသလားဆိုတဲ့အမှုကိုဖော်ထုတ်သွားမယ့် ခင်ငြိမ်းချမ်း...
သရုပ်ဆောင်
ကျော်ရဲအောင်၊ ဖွေးဖွေး၊ခင်ဝင့်ဝါ၊ မို့မို့မြင့်အောင်
ဒါရိုက်တာ
ဝိုင်း
ထုတ်လုပ်ရေး
ခရေဖြူ
တောမီး
⭐N/A
🎬 #drama #action
🗓️ N/A 🎞️ Movie 📺 480p SD
🌎 #Myanmar
⏰ 2 နာရီ 00 မိနစ် 20 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
"ခွန်လင်းနဲ့ နန်းငယ်ထွေးတို့က မောင်နှမအရင်းတွေ မဟုတ်ပေမယ့် ခွန်လင်းက နန်းငယ်ထွေးကို ကိုယ့်ညီမအရင်းတစ်ယောက်လိုချစ်ခဲ့တယ်။ တစ်နေ့မှာ
ခွန်လင်းတစ်ယောက် နန်းငယ်ထွေးရဲ့ အရှက်ကို ကာကွယ်ပေးရင်း လူသတ်မှုဖြစ်သွားတာကြောင့် ထောင်ကျသွားခဲ့ပြီး ရွာမှာ နန်းငယ်ထွေးတစ်ယောက်
ကိုယ်ဝန်ရှိလာခဲ့တယ်။ သူမရဲ့ကိုယ်ဝန်ဟာ အမည်မပေါ်တာကြောင့် ခွန်လင်းထောင်ကထွက်တဲ့အခါ ဘယ်လိုဖြေရှင်းလိုက်မလဲ...နန်းငယ်ထွေးရဲ့
ကိုယ်ဝန်ဟာ ဘယ်သူကြောင့် ဖြစ်မလဲ..."
သရုပ်ဆောင်
လူမင်း၊ ထွန်းထွန်း၊ နဝရတ်
ဒါရိုက်တာ
နေပိုင်
ထုတ်လုပ်ရေး
အောင်တိုင်းကျော်
ရင်ဘတ်ထဲကဓား
⭐N/A
🎬 #cinema #drama
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 21 မိနစ် 32 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ဆေးကျောင်းသား ကိုသီဟနိုင် နဲ့ ဘယ်နေရာမှာမဆိုအကွက်ကျကျလုပ်တတ်လွန်းတဲ့ လရိပ်ဝေး တို့မှာတစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီးလက်ထပ်ခဲ့တော့
သီဟ တို့အမေနဲ့အမ တို့အိမ်ကိုလာရောက်ခဲ့ရာအစပြုပြီး သီဟ နဲ့ အဝေး တို့မှာဘယ်လိုပြဿနာတွေတတ်ကြမလဲ ... တဖက်ပြောစကားများကိုသာအယုံလွန်ပြီး
စိတ်ထားပျော့ညံ့တဲ့ သီဟ နဲ့ အရာရာဆင်ခြင်သုံးသပ်နိုင်တဲ့ အဝေး တို့နှစ်ယောက်ကြားမှာ ရင်ဘတ်ထဲကဓား ဆိုတဲ့အဓိပ္ပာယ်တစ်ခုဘယ်လိုပေါ်ပေါက်လာမလဲ ...
သရုပ်ဆောင်
ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ မေကဗျာ၊ မြတ်ကေသီအောင်
ဒါရိုက်တာ
ဝိုင်း
ထုတ်လုပ်ရေး
ခရေဖြူ
