ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Elena Knows (2023)
⭐IMDB: 5.6/10 (256 Votes)
🎬 #Drama #Mystery
🗓 2023 🎞 movie
🌎 #Argentina
⏰ 1 နာရီ 41 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elena Knows (2023)
ခုလတ်တလောမှ ထွက်ရှိထားတဲ့ အာဂျင်တီးနားဇာတ်ကားလေးပါပဲ။ Drama Mystery အမျိုးအစားဖြစ်ပြီး နာမည်ကြီး Best Seller စာအုပ်တစ်အုပ်ဖြစ်တဲ့ “Elena Knows” ကို Netflix က ဇာတ်ကားအနေနဲ့ အသက်သွင်းထားတဲ့ကားလေးပါ။ လူ့လောက လူ့ဘ၀ရဲ့ကြမ်းတမ်းလှတဲ့ အမှန်တရားကိုချပြသွားတဲ့ကားတစ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ပါကင်ဆန်ရောဂါသည် အယ်လီနာကို စောင့်ရှောက်ပေးနေတဲ့သမီးဖြစ်သူ ရီတာက ချာ့ခ်ျကျောင်းမှာ သတ်သေသွားခဲ့ပါတယ်။ အယ်လီနာက ရီတာအသတ်ခံလိုက်ရတယ်လို့ယုံကြည်နေပြီး တရားခံကိုလိုက်ရှာရာကနေ ရောဂါသည်သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ခရီးရှည်ကြီးကစတင်လာတာပါပဲ။ ဇာတ်လမ်းထဲမှာ အတိတ်နဲ့ပစ္စုပ္ပန်အဖြစ်အပျက်တွေကိုယှဥ်ပြရင်း သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုလည်း မြင်ရမှာပါ။
ရီတာက ကိုယ့်ကိုယ်ကိုယ် တကယ်သတ်သေခဲ့တာလား… အသတ်ခံခဲ့ရတာလား… တကယ်သတ်သေခဲ့တယ်ဆိုရင်လည်း ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်လဲ… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားကောင်းလေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Mystery on Mistletoe Lane (2023)
⭐IMDB: 7.2/10 (660 Votes)
🎬 #Mystery #TVMovie #Drama #Romance
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada
⏰ 1 နာရီ 24 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
မင်းသားကြီး Victor Webster နဲ့ မင်းသမီးကြီး Erica Cerra တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystry/Holiday/Thriller Family ဇာတ်ကားလေးတစ်ကားပါ
မိဘ၊ သားသမီး၊ အဘိုး၊ အဘွား၊ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ လူ့အသိုင်းအဝိုင်းမှာ ကျင်လည်နေကြတဲ့ ကျွန်တော်တို့လူသားတွေအတွက် လောဘ ဒေါသ မောဟ တွေကြားမှာ ရုန်ကန်ရှင်သန်နေကြရင်နဲ့ လူ့အဖွဲ့အစည်းကြီးမှာ တဖြည်းဖြည်းနဲ့ လျှော့ပါးပျောက်ဆုံးလာနေတဲ့ ချစ်ခြင်းမေတ္တာတရားအကြောင်းကို ခရစ္စမတ်ရိုးရာလေးနဲ့ နှောပြီးတော့ ဘယ်လိုမေတ္တာဖွဲ့တင်ဆက်ထားသလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်………
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Mystery on Mistletoe Lane (2023)
⭐IMDB: 7.2/10 (660 Votes)
🎬 #Mystery #TVMovie #Drama #Romance
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada
⏰ 1 နာရီ 24 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
မင်းသားကြီး Victor Webster နဲ့ မင်းသမီးကြီး Erica Cerra တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystry/Holiday/Thriller Family ဇာတ်ကားလေးတစ်ကားပါ
မိဘ၊ သားသမီး၊ အဘိုး၊ အဘွား၊ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ လူ့အသိုင်းအဝိုင်းမှာ ကျင်လည်နေကြတဲ့ ကျွန်တော်တို့လူသားတွေအတွက် လောဘ ဒေါသ မောဟ တွေကြားမှာ ရုန်ကန်ရှင်သန်နေကြရင်နဲ့ လူ့အဖွဲ့အစည်းကြီးမှာ တဖြည်းဖြည်းနဲ့ လျှော့ပါးပျောက်ဆုံးလာနေတဲ့ ချစ်ခြင်းမေတ္တာတရားအကြောင်းကို ခရစ္စမတ်ရိုးရာလေးနဲ့ နှောပြီးတော့ ဘယ်လိုမေတ္တာဖွဲ့တင်ဆက်ထားသလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်………
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Elena Knows (2023)
⭐IMDB: 5.6/10 (256 Votes)
🎬 #Drama #Mystery
🗓 2023 🎞 movie
🌎 #Argentina
⏰ 1 နာရီ 41 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elena Knows (2023)
ခုလတ်တလောမှ ထွက်ရှိထားတဲ့ အာဂျင်တီးနားဇာတ်ကားလေးပါပဲ။ Drama Mystery အမျိုးအစားဖြစ်ပြီး နာမည်ကြီး Best Seller စာအုပ်တစ်အုပ်ဖြစ်တဲ့ “Elena Knows” ကို Netflix က ဇာတ်ကားအနေနဲ့ အသက်သွင်းထားတဲ့ကားလေးပါ။ လူ့လောက လူ့ဘ၀ရဲ့ကြမ်းတမ်းလှတဲ့ အမှန်တရားကိုချပြသွားတဲ့ကားတစ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ပါကင်ဆန်ရောဂါသည် အယ်လီနာကို စောင့်ရှောက်ပေးနေတဲ့သမီးဖြစ်သူ ရီတာက ချာ့ခ်ျကျောင်းမှာ သတ်သေသွားခဲ့ပါတယ်။ အယ်လီနာက ရီတာအသတ်ခံလိုက်ရတယ်လို့ယုံကြည်နေပြီး တရားခံကိုလိုက်ရှာရာကနေ ရောဂါသည်သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ခရီးရှည်ကြီးကစတင်လာတာပါပဲ။ ဇာတ်လမ်းထဲမှာ အတိတ်နဲ့ပစ္စုပ္ပန်အဖြစ်အပျက်တွေကိုယှဥ်ပြရင်း သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုလည်း မြင်ရမှာပါ။
ရီတာက ကိုယ့်ကိုယ်ကိုယ် တကယ်သတ်သေခဲ့တာလား… အသတ်ခံခဲ့ရတာလား… တကယ်သတ်သေခဲ့တယ်ဆိုရင်လည်း ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်လဲ… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားကောင်းလေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Mystery on Mistletoe Lane (2023)
⭐IMDB: 7.2/10 (660 Votes)
🎬 #Mystery #TVMovie #Drama #Romance
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada
⏰ 1 နာရီ 24 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
မင်းသားကြီး Victor Webster နဲ့ မင်းသမီးကြီး Erica Cerra တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystry/Holiday/Thriller Family ဇာတ်ကားလေးတစ်ကားပါ
မိဘ၊ သားသမီး၊ အဘိုး၊ အဘွား၊ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ လူ့အသိုင်းအဝိုင်းမှာ ကျင်လည်နေကြတဲ့ ကျွန်တော်တို့လူသားတွေအတွက် လောဘ ဒေါသ မောဟ တွေကြားမှာ ရုန်ကန်ရှင်သန်နေကြရင်နဲ့ လူ့အဖွဲ့အစည်းကြီးမှာ တဖြည်းဖြည်းနဲ့ လျှော့ပါးပျောက်ဆုံးလာနေတဲ့ ချစ်ခြင်းမေတ္တာတရားအကြောင်းကို ခရစ္စမတ်ရိုးရာလေးနဲ့ နှောပြီးတော့ ဘယ်လိုမေတ္တာဖွဲ့တင်ဆက်ထားသလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်………
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Dahanam (2023)
⭐TMDB: 0.0% User Score
🎬 #Bollywood #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 16 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dahanam (2023) “အနိစ္စ”IMDb-8.8/10
၁၉၈၄ အန်ဒရာပရာဒတ်ရှ်ပြည်နယ်ရဲ့ မြောက်ပိုင်းကမ်းခြေတစ်နေရာက ဘုရားကျောင်းဗိမာန်တော်မှာနေထိုင်ခဲ့တဲ့ ဘုန်းတော်ကြီး ဘာရက်ဒ်ဝါဂျာဆက်စ်ထရီအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်လမ်းပါ။
အရှင်သျှီ၀ကို ဆည်းကပ်ယုံကြည်ပြီး သူ့တဘ၀လုံးကို အရှင်သျှီ၀အတွက်သာသနာပြုနေတဲ့ဘုန်းတော်ကြီး ဆက်စ်ထရီ။သူနဲ့မိသားစု အတူနေထိုင်ရာ ဘုရားကျောင်းက ရွာထဲကသူဌေးအမွေရပိုင်ခွင့်ထဲမှာပါလာတဲ့အခါမှာတော့တရားရုံးမှာ ဘုရားကျောင်းကိုပိတ်ပစ်မယ့်အရေးကနေ ကာကွယ်ရပါတော့တယ်။
ဘုရားကျောင်းနဲ့ မလှမ်းမကမ်းမှာနေတာကတော့ သုဘရာဇာယစ်ထုတ်ကြီးတို့လင်မယားပါ။အချိန်ပြည့်မူးနေပေမယ့် မိန်းမကို ကြင်ကြင်နာနာနဲ့ ရှာဖွေကျွေးမွေးနေတဲ့သူ။
ဘုန်းတော်ကြီးရဲ့ ကလေးတွေ စားစရာမလုံလောက်လို့ငိုယိုဂျီကျနေသံကြားနေရတော့ ယစ်ထုတ်ကြီးကတွေးတယ်“သူတို့တွေ ဘုရားရှိခိုးရင်း ငတ်နေကြပြီ ငါတို့ကတော့ အလောင်းတွေမြေမြှုပ်ပေးရင်း စားသောက်နေကြတာတကယ်တော့ ဘုရားထက် အလောင်းတွေကမှငါတို့ကို ထမင်းကျွေးထားသေးတယ်” ဆိုပြီး။
ဒီလိုမျိုးရိုးဇာတ် အနိမ့်အမြင့်တွေကြားက ကွာဟမှုတွေ၊လူ့ဘောင်လူလောကကြားက မညီမျှမှုတွေကိုမီးမောင်းထိုးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Elf Me (2023)
⭐IMDB: 5.2/10 (167 Votes)
🎬 #Adventure #Comedy #Family #Fantasy
🗓 2023 🎞 movie
🌎 #Italy
⏰ 1 နာရီ 41 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elf Me (2023)
မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးကြည့်လို့ရမယ့် အီတလီ ခရစ္စမတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ Adventure, Family အမျိုးအစားဖြစ်ပြီး ကလေးတွေအချစ်တော် ဆန်တာကလော့စ်တို့ နတ်သူငယ်တို့ပါ၀င်တဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးပါ။
ဆန်နီကိုလာအာလ်မွန်တီမြို့လေးမှာ ခေတ်ဟောင်းအရုပ်ဆိုင်လေးဖွင့်ထားတဲ့ အီလီရာနဲ့ မိခင်ဖြစ်သူ အီဗာနာ… သူတို့အရုပ်တွေက ဒိတ်အောက်နေပြီမို့လို့ ကလေးတွေက မ၀ယ်ကြဘဲ ခေတ်မီဆန်းသစ်တဲ့အရုပ်တွေပဲ လိုချင်ကြလို့ သူတို့သားအမိဆိုင်လေးက မရောင်းရပါဘူး။
တစ်ဖက်မှာလည်း မြောက်၀င်ရိုးစွန်းက ဆန်တာရဲ့ အလုပ်ရုံမှာ လုပ်တဲ့ အလှဆင် နတ်သူငယ် ထရစ်ပ်… နှစ်စဉ် သူထွင်ထားတဲ့ အရုပ်သစ်ကို ခွင့်ပြုချက်ရဖို့ ကြိုးစားပေမဲ့ သူ့အရုပ်တွေက အန္တရာယ်များတဲ့အတွက် ပယ်ချတာပဲခံရပါတယ်။
ဒီနှစ်မှာတော့ ထရစ်ပ်က သူ့အရုပ်ကို ခိုးပို့ဖို့ ကြိုးစားတာကို မထင်မှတ်ဘဲ အရုပ်အစား သူက အီလီရာတို့အိမ်ရောက်လာပါတယ်။
၀င်ရိုးစွန်းကို ပြန်ချင်တဲ့ထရစ်ပ်နဲ့ မိဘတွေ ကွာရှင်းတာကိုမသိဘဲ ဖခင်ကိုပြန်ခေါ်ချင်တဲ့ အီလီရာတို့ဆုံပြီး ဘယ်လို အပေးအယူလုပ်ကြမလဲ… နောက်ထပ် ဘာစွန့်စားခန်းတွေ ကြုံရမလဲဆိုတာ… ကြည့်ရှူအားပေးနိုင်ပါပြီ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
七令诡事录 (2023)
⭐TMDB: 0.0% User Score
🎬 #Horror #Mystery #Thriller
🗓 2023 🎞 tv mini series
🌎 #China
⏰ 1 နာရီ 27 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် အက်ရှင်မှုခင်းရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-
သိုင်းလောက သူရဲကောင်းမောင်နှမနှစ်ယောက် ရွှဲရှောင်ဖုန်းနဲ့ ရွှဲရှောင်ဟွားတို့ကိုလူမိုက်ချီးရဲက နှလုံးဖောက်အမှုနဲ့ စွပ်စွဲခဲ့တဲ့အတွက် ဖမ်းမိန့်ထုတ်ထားတာ ခံခဲ့ရပါတယ်။သူတို့ရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့အတွက် ရွှဲမောင်နှမနှစ်ယောက်ချီးရဲကို သွားဖမ်းချိန်မှာ ချီးရဲလူသတ်နေတာကို တွေ့ခဲ့ပြီးအသတ်ခံရခါနီး မိန်းကလေးကို ကယ်နိုင်ခဲ့ပါတယ်။
ချီးရဲကလည်း အသက်ချမ်းသာခွင့်ရဖို့အတွက် ရွှေတံဆိပ် ၇ ခုထဲက တစ်ခုကိုရွှဲရှောင်ဖုန်းကို ပေးခဲ့ပြီး သူ့နောက်ကွယ်ကလူက လုံခန်ရွာကဖြစ်ကြောင်းပြောပြခဲ့တယ်။ရွှေတံဆိပ် ၇ ခုစုံရင် လျှို့ဝှက်အခန်းတစ်ခုကို ဖွင့်နိုင်မှာဖြစ်ပြီးအဲ့အခန်းထဲမှာ ရတနာတွေ အပြည့်ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။အဲ့အချိန်မှာ စုံထောက်ကောဝိန်ရှန်းက လာရောက်ဖမ်းဆီးခဲ့ပေမယ့်ရွှဲမောင်နှမ နှစ်ယောက် ထွက်ပြေးလွှတ်မြောက်ခဲ့ပါတယ်။
ရွှဲမောင်နှမ နှစ်ယောက်သား နောက်ကွယ်က ကြိုးကိုင်သူကို ဖမ်းဆီးနိုင်ပါ့မလား……လူတိုင်း လိုချင်နေတဲ့ လျှို့ဝှက်ခန်းထဲက ရတနာတွေက တကယ်ရှိခဲ့တာလား……ဆိုတာကို ရုပ်ရှင်ဆက်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။...
All-Time High (2023)
⭐IMDB: 5.7/10 (927 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #France
⏰ 1 နာရီ 43 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
စလောင်းပဲ့နှင့် နှုတ်ခမ်းရွဲ့ဆိုတဲ့စကားပုံက ဒီဇာတ်ကားမှာ အစစ်ပါပဲ။ ဇာတ်ဆောင်နှစ်ယောက်က သေအောင်လည်းရယ်ရ ငိုချင်စရာလေးလည်းပါတော့ ရသစုံလွန်းလို့ ဘာသာပြန်ရင်း သဘောကျမိတဲ့ ဟာသကားလေးပါ။
ယူဆက်ဖ်ဟာ မလိမ်ရမနေနိုင်တဲ့ ကလိမ်ကကျစ်ကောင်ပါ။ ဘဝကလည်းချို့တဲ့ ငွေကြေးဥစ္စာကလည်းမရှိတော့ ကြုံရင်ကြုံသလို တွေ့တဲ့လူအပေါ်မှာ ခွင်ဖန်တတ်တဲ့ကောင်မျိုးပါ။ တနေ့မှာတော့ သူဟာ ကာစီနိုမှာပိုကာဆော့ရင်းနဲ့ ငွေပမာဏအများကြီး အကြွေးတင်လာပြီး လစ်ပြေးလာပါတော့တယ်။
ဒီအချိန်မှာ ကာစီနိုပိုင်ရှင်ကို သူ့ကိုအသေရရ အရှင်ရရလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း စတက်ဖနီဆိုတဲ့ကောင်မလေးက ယောင်္ကျားဆန်ဆန်နေတတ်ပြီး ရုပ်ကလည်း ရွက်ကြမ်းရေကျို ညစ်ညစ်ပတ်ပတ်လည်းနေတတ်ပါသေးတယ်။ သူမဟာ လူတိုင်းကို ခရစ်ပတိုငွေကြေး (ဘစ်ကွိုင်) တွေအများကြီးရှိတယ်ဆိုပြီးတော့ ပြောပြတတ်ပါတယ်။ ဒီလိုနဲ့ ဂိုဏ်းက ဆယ်ရက်အတွင်း ပိုက်ဆံပြန်မပေးနိုင်ရင် သတ်ခံရမယ့် ယူဆက်ဖ်နဲ့ ပါးစပ်ဖွာတတ်လို့ သူ့မှာခရစ်ပတိုငွေရှိတာ လူဆိုးတွေသိပြီး အလိုက်ခံနေရတဲ့ စတက်ဖနီတို့ နှစ်ယောက်သား ကံကြမ္မာက ဆုံတွေ့ပေးလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုချစ်တီးကျမလဲ၊ ဖျံကျကြမလဲ၊ အန္တရာယ်တွေကနေရော လွှတ်နိုင်ပါ့မလား
ခွက်ထိုးခွက်လန်အူတက်အောင် ရယ်ရမယ့်ပြင်သစ်ဟာသကားလေးပါ။ ၂၀၂၃ မှာပဲထွက်ရှိထားတာဖြစ်ပြီး IMDb Rating 5.4/10 ရရှိထားကာ ရယ်နေရတာနဲ့ကို ကြည့်လို့တန်နေပါပြီ။ ဘာသာပြန်ဆိုသူမှာ Matteo ဖြစ်ပါတယ်။...
Lord of War (2005)
⭐TMDB: 73.0% User Score
🎬 #Crime #Drama #Thriller
🗓 2005 🎞 movie
🌎 #UnitedStates #Germany #France #UnitedStatesofAmerica
⏰ 2 နာရီ 1 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lord of War (မရဏကုန်သည်)
မင်းသားကြီး နီကလက်ကေ့ရဲ့ ရွှေခေတ်က ရွှေရုပ်ရှင်တစ်ခုကို ဘာသာပြန်ကောင်းကောင်း ကွာလတီကောင်းကောင်းနဲ့ ပြန်တင်ဆက်ပေးထားပါတယ်။ အရင်သိမ်းထားတဲ့ဖိုင်တွေရှိရင် ဖျက်လိုက်ပြီး ပြန်သာသိမ်းလိုက်ကြပါ။ Nicolas Cage, Jared Leto, Bridget Moynahan နဲ့ Ethan Hawke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်း
ယူရီအော်လော့ (N Cage) တို့မိသားစုက ယူကရိန်းကနေ ဂျူးယောင်ဆောင်ပြီး အမေရိကန်ကို ပြောင်းလာတာပါ။ ဇာတ်လမ်းထဲမှာ မင်းသားပြောသလိုပါပဲ သမိုင်းမှာ ဂျူးဖြစ်ရလို့ ကံကောင်းတယ်ဆိုတဲ့အချိန်က ရှားပါတယ်။ ဒါပေမဲ့ ဂျူးဖြစ်လို့ ယူကရိန်းကနေ အမေရိကန်ကို ရောက်လာနိုင်တာလေးတစ်ခုကတော့ ကံကောင်းတယ်ပြောရမှာပေါ့။ နာဇီတွေက ဂျူးတွေကို ယူကရိန်းမှာ အပြုံလိုက်ရှင်းပစ်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်အပြီး ဆိုဗီယက်မှာလည်း ဂျူးတွေ နေရာမရကြပါဘူး။
အမေရိကန်ရောက် ယူကရိန်းသား ညီအစ်ကိုဟာ လက်နက်အရောင်းအဝယ်လောကထဲကိုဝင်မိခဲ့ကြပါတယ်။ နယ်ခံလူဆိုးဂိုဏ်းကို ဈေးဦးပေါက် အူဇီလေးရောင်းမိတာကနေ လုပ်ငန်းစခဲ့ပြီး ပထမဆုံး သူဌေးဖြစ်ကွက်ကိုတော့ ၁၉၈၂ လစ်ဘနွန်စစ်ပွဲမှာ ရသွားခဲ့ကြတာပါ။ အစ္စရေးတွေက လစ်ဘနွန်ကိုကျူးကျော်တာကနေ ပါလက်စတိုင်းနဲ့စစ်ဖြစ်ချိန်မှာ ညီအစ်ကိုနှစ်ယောက်က နှစ်ဘက်လုံးကို လက်နက်ရောင်းစားပြီး သူဌေးဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာ ယူရီတစ်ယောက် အချီကြီးမိတာကတော့ စစ်အေးတိုက်ပွဲအဆုံး ဆိုဗီယက်ယူနီယံ ပြိုကွဲချိန် ၁၉၉၁ ပါပဲ။ ဆိုဗီယက်ပြည်ထောင်စုဝင် (ရုရှား၊ ဘီလာရု၊ ကာဇက်စတန်၊ လက်ဗီးရား၊ ကာဂျစ်စတန်၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာ၊ မော်ဒိုဗာ၊ အက်စ်တိုးနီးယား၊ တာဂျစ်ကစ္စတန်၊ ယူကရိန်း၊ လစ်သူရေးနီးယား၊ အာမဲနီးယား၊ ဥဇဘက်ကစ္စတန်၊ တာမန်နစ္စတန် နှင့် အခြားခွဲထွက်နိုင်ငံအချို့) နိုင်ငံတွေကနေ ဖရိုဖရဲဖြစ်နေတဲ့ လက်နက်ဂိုထောင်တွေကို အောက်ဈေးလိုက်နှိုက်ပါတော့တယ်။ အဲဒီကနေမှ လိုက်ဘီးရီးယားနိုင်ငံရဲ့ စစ်အာဏာရှင်ကို သေနတ်တွေရောင်းမိပြီး အာဖရိကရဲ့သွေးစိန်တွေနဲ့ ပိုချမ်းသာလာပါတော့တယ်။ အဲဒီချမ်းသာမှုကနေ တရားကျစရာတွေ ဘယ်လိုရမလဲဆိုတာ ကြည့်မယ်ဆိုရင်တော့မကြည့်ပါနဲ့။ ချမ်းသာတာဟာ ချမ်းသာတာပါပဲ။ ချမ်းသာပြီးပဲ ပြီးသွားမှာပါ။ သမိုင်းတလျှောက် လက်နက်အရောင်းအဝယ်တွေနဲ့ နိုင်ငံရေးတွေကိုတော့ တရားကျလို့ရပါလိမ့်မယ်။ မကြည့်ရသေးရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
စစ်အေးတိုက်ပွဲ
ဒါကတော့ ရုပ်ရှင်တွေမှာ အသုံးများပြီး လူတိုင်းသိနေတာပေမဲ့ မသိသေးတဲ့သူတွေ ဇာတ်လမ်းကြည့်ရင် နည်းနည်းပိုနားလည်အောင် ရေးပေးတာပါ။ စစ်အေးတိုက်ပွဲ (1945 မှ1991)ဆိုတာ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နဲ့ဆိုဗီယက်ယူနီယံ စစ်မဖြစ်ပေမဲ့ အရာရာအားပြိုင်ကြ၊စစ်ဖြစ်မလို ခြိမ်းခြောက်ကြ လက်နက်စုကြ၊ သူလျိုတွေအပြိုင်အဆိုင်သုံးကြ ဖြစ်နေတဲ့ကာလပါ၊ အဏုမြူလက်နက်တွေအထိန်းအကွပ်မရှိစုစည်းထားပြီး တကယ်သာ စစ်ဖြစ်ခဲ့ရင်သေချာပေါက် ကမ္ဘာပျက်မဲ့ပွဲမို့ ကမ္ဘာတစ်ဝှမ်းလုံး ရင်တမမနဲ့ နေခဲ့ရတဲ့ကာလပါပဲ။ ဇာတ်လမ်းတွေလည်း မရေတွက်နိုင်အောင်ထွက်ထားပြီးပါပြီ။စစ်အေးတိုက်ပွဲနဲ့ဆိုင်တဲ့နာမည်ကြီးကားတွေကို ကြည့်ချင်ရင်တော့Charlie Wilson’s War (2007)Oppenheimer (2023)Watchmen ( 2009)The Tunnel (2001)Miracle (2004)Miracle (2004)First Man (2018)Thirteen Days (2000)Spacewalk (2017)Cold War (2018)The Death Of Stalin (2017)The Lives Of Others (2006)Good Night, And Good Luck (2005)Tinker Tailor Soldier Spy (2011)Bridge Of Spies (2015)The Shape Of Water (2017)A Beautiful Mind (2001)The Hunt For Red October (1990)Searching for Bobby Fischer 1993Pawn Sacrifice (2014)The Queen’s Gambit (2020)Chernobyl (2019)တို့မှာလည်း ကြည့်ရှုလို့ရပါတယ်
စစ်အေးကာလတိုက်ပွဲအတွက် ဆိုဗီယက်နဲ့ အမေရိကန်တင်မကဘဲ သက်ဆိုင်ရာမဟာမိတ်တွေလည်း ဝါဒရေးရာနဲ့ နယ်မြေအတွက် စစ်ပွဲတွေအများကြီးဖြစ်ခဲ့တာမို့ နာမည်ကြီးစစ်ကားအတော်များများကလည်း ဒီကာလထဲမှာဖြစ်ခဲ့တာပါပဲ။ ဥပမာဘာလင်တံတိုင်းတည်ဆောက်ခြင်း (၁၃ ဩဂုတ် ၁၉၆၁ – ၉ နိုဝင်ဘာ ၁၉၈၉)တရုတ်ကွန်မြူနစ်တော်လှန်ရေး ( ၁၉၂၇ – ၁၉၄၉) ကွန်မြူနစ်အစိုးရ ပြည်မကြီးကိုရသွားပြီး ရီပက်ဘလစ်အစိုးရ ထိုင်ဝမ်ကိုရှောင်တိမ်းရတဲ့အကြောင်း၊ မြန်မာပြည်ရဲ့ကွန်မြူနစ်တိုက်ပွဲတွေဟာ ဒီကနေ ဆက်စပ်လာခဲ့တာပါကိုရီးယားစစ်ပွဲ (၁၉၅၀-၁၉၅၃)၁၉၅၆ ဟန်ဂေရီယန် တော်လှန်ရေး နဲ့ စူးအက်တူးမြောင်းအရေးအခင်း၁၉၆၂ ကျူးဘားဒုံးအရေးအခင်းဗီယက်နမ်စစ်ပွဲ (၁၉၆၄ – ၁၉၇၅) တွေဟာလည်း စစ်အေးတိုက်ပွဲရဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။
စစ်အေးတိုက်ပွဲအဆုံးသတ်မှာတော့ ဘာလင်တံတိုင်းပြိုကျခြင်း၊ ဥရောပအရှေ့ခြမ်းကွန်မြူနစ်တိုက်ထုတ်ခံရခြင်း နဲ့ ဆိုဗီယက်ယူနီယံပြိုကွဲခြင်းတို့နဲ့အဆုံးသတ်ခဲ့ပါတယ်။...
Criminal Code (2023- )
⭐IMDB: 6.9/10 (738 Votes)
🎬 #Drama #Crime #Action #Adventure #Thriller
🗓 2023- 🎞 tv series
🌎 #Brazil
⏰ 50 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Criminal Code (2023)Criminal Code (2023)
===============
IMDb Rating – 6.9/10Criminal Action စီးရီးတွေကို မျှော်လင့်နေကြတဲ့သူတွေအတွက်
အကြိုက်တွေ့စေနိုင်မဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးကောင်းတစ်ခုကို တင်
ဆက်ပေးလိုက်ပါပြီ။
Your browser does not support the video tag.နာမည်ကျော် ဒုစရိုက်မှုတွေနဲ့ ကျော်ကြားတဲ့ ဘရာဇီးလ်-ပါရာဂွေး
နှစ်နိုင်ငံ နယ်စပ်မှာ အကြီးစားငွေတိုက်ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား
ခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေထက် ပိုများတဲ့လူအင်အားတွေ၊ သာလွန်တဲ့
လက်နက်အင်အားတွေကြောင့် ဓားပြတွေဘက်က အသာစီးရနေခဲ့
ပါတယ်။ နှစ်နိုင်ငံနယ်စပ်တည့်တည့်မှာ ဖြစ်ပွားတဲ့ အမှုကြီးဖြစ်တဲ့
အတွက် တစ်ဖက်စီကလည်း ဒီအမှုကို သူကိုင်မယ် ငါကိုင်မယ် အလု
အယက်နဲ့ပါပဲ။ဒီလိုအမှုကြီးကို ကိုင်တွယ်ဖို့ အကြောင်းဖန်လာတဲ့သူကတော့ ဘနီဆို
လို့ ခေါ်တဲ့ ဖက်ဒရယ်ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။ သူကတော့ မကြာ
သေးခင်က ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်မှုမှာ တွဲဖက်ပါတနာကောင်း
တစ်ယောက်ကို ဆုံးရှုံးထားရပြီး တစ်ကိုယ်တော်လှုပ်ရှားနေရတဲ့ အရာ
ရှိတစ်ဦးပါ။ လက်ရှိဖောက်ထွင်းမှုနဲ့ သူ့ပါတနာသေဆုံးခဲ့ရတဲ့ ထောင်
ဖောက်မှုတို့က ဆက်စပ်နေတာကို သိရှိပြီးနောက်ပိုင်းမှာတော့ ဘနီဆို့
အတွက် ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ဖို့ အကြောင်းတရားတွေ ဖန်လာ
ခဲ့ပါပြီ။ဖြစ်ရပ်မှန်စီးရီးတစ်ခုဖြစ်တာကြောင့် ဒီအမှုကို လိုက်စဉ်မှာ အသုံးပြုခဲ့တဲ့
နည်းပညာတွေ၊ လျှို့ဝှက်မစ်ရှင်တွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါ
တယ်။ ပထမဆုံးနိုင်ငံတကာမှုခင်းကြီးတစ်ခုဖြစ်ပြီး ဆက်စပ်ဂိုဏ်းအဖွဲ့
အစည်းတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တာကြောင့် နှစ်နိုင်ငံနယ်စပ်သမိုင်းမှာ
အခုထိ ပြောစမှတ်တွင်နေရဆဲပဲ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)...
Onimusha (2023-2023)
⭐IMDB: 6.9/10 (2 k Votes)
🎬 #Animation #Action #Adventure #SciFi #Fantasy #History #Mystery
🗓 2023-2023 🎞 tv mini series
🌎 #Japan
⏰ 37 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Onimusha (2023)
Your browser does not support the video tag. ဒီ ဂျပန်ကာတွန်းစီးရီးအသစ်ကတော့ အပိုင်းရှစ်ပိုင်းပါဝင်ပြီး နာမည်ကျော် ဂိမ်းစီးရီးတစ်ခုဖြစ်တဲ့ Onimmusha ကို အခြေခံပြီး ရိုက်ကူးထားပါ။ ဆာမူရိုင်းဓားခုတ်ဆိုပြီး ဂိမ်းဆိုင်မှာ ၃၀ ဖိုးလောက် ဆော့ဖူးတဲ့သူတွေလည်း ဒီဂိမ်းကို ရင်းနှီးသလို steam မှာ ဆော့နေတဲ့သူတွေလည်းရှိမှာပါ။ ဒီဂိမ်းဟာ တိုက်ခိုက်ပုံ ရုပ်ထွက်တွေအပြင် ဇာတ်လမ်းမှာလည်း နာမည်ကြီးပဲမို့ ဒီစီးရီးကလည်း ကြည့်သင့်တဲ့ စီးရီးကောင်းတစ်ခုပါပဲ။ဇာတ်လမ်းအကျဉ်းနာမည်ကျော် ဆာမူရိုင်းကြီး မီယာမိုတာ မူဆာရှီဟာ မိစ္ဆာဝိညာဉ်တွေကို အရမ်းငတ်ကြီးကျတတ်တဲ့အိုနီလက်အိတ်နဲ့အတူ ရန်သူတစ်ယောက်ကို နှိမ်နင်းဖို့ ထွက်လာပါတယ်။ သူနဲ့အတူ ဆာမူရိုင်းတသိုက်လည်းပါလာပါတယ်။ သူတို့ရင်ဆိုင်ရမဲ့သူကလည်း ဆာမူရိုင်းအဖြစ်ကနေ ရှိုးဂန်းကို သစ္စာဖောက်ပြီး ပုန်ကန်ဖို့ကြံစည်နေတဲ့သူပါပဲ။ ဒါပေမဲ့ လမ်းခရီးမှာ ရန်သူဟောင်းတွေအသစ်တွေတွေ့လာရပြီး ရန်သူဆာမူရိုင်းက သာမန်ဓားသမားမဟုတ်ဘဲ အောက်လမ်းအတတ်နဲ့ပါ မူဆာရှီသတ်ခဲ့တဲ့ ရန်သူတွေကို အသက်သွင်းပြီး တိုက်ခိုက်လာတဲ့အခါ...
Sleepaway Camp III: Teenage Wasteland (1989)
⭐TMDB: 54.0% User Score
🎬 #Comedy #Horror
🗓 1989 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှေ့ကနှစ်ကားရဲ့ အဆက် သုံးကားမြောက်ရုပ်ရှင်ပါ။
ဒီတကားကိုတော့ ဒုတိယကားထဲက ဖြစ်ရပ်တွေအပြီး တနှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။
ထုံးစံအတိုင်း အန်ဂျလာတယောက် ပြန်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ ပြန်လည်ပြုပြင်ထားတဲ့ နွေရာသီတောစခန်းမှာ လူမှုရေးစမ်းသပ်မှုတခုပြုလုပ်ဖို့ အထက်တန်းလွှာက လူငယ်တစုနဲ့ သာမန်အောက်ခြေလူတန်းစား လူငယ်တစုကို ခေါ်ထားပါတယ်။ အန်ဂျလာကတော့ ဒုတိယတစုထဲမှာပေါ့။ စမ်းသပ်မှုရဲ့အစီအစဉ်က ထိုလူငယ်နှစ်စုကို အဖွဲ့တွေခွဲကာ ရောယှက်လိုက်ပြီး မတူညီတဲ့နေရာတွေမှာ စခန်းချစေဖို့ပါပဲ။ ဒီလိုနဲ့ အန်ဂျလာတယောက်ကို မျက်စိစပါးမွေးစူးအောင် လုပ်မိတဲ့လူငယ်တွေ ဒီတခါရော ဘယ်လိုတွေ ကြိတ်ခံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေပိုများလာပြီး လက်ယဉ်သွားပြီဖြစ်တဲ့ အန်ဂျလာရဲ့ ပရိယာယ်တွေ သတ်ဖြတ်ပုံတွေကလည်း ပိုအဆင့်မြင့်လာပြီး ပိရိလာတာကိုမြင်တွေ့ရမှာပါ။ အဖော်အချွတ်ရိုက်ချက်တွေပါတာကြောင့် ၁၈အောက် မကြည့်ရှုဖို့ အကြံပေးလိုက်ပါတယ်။...
Police Story 2 (1988)
⭐TMDB: 70.0% User Score
🎬 #Action #Comedy #Crime #JackieChan #Thriller
🗓 1988 🎞 movie
🌎 #HongKong #HongKong
⏰ 2 နာရီ 2 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Police Story ဆိုတာနဲ့ မင်းသားကြီး ဂျက်ကီချန်းဇာတ်ကားတွေမှန်း သိပြီးသားဖြစ်မှာပါ။
Police Story နာမည်နဲ့ ဂျက်ကီချန်းဇာတ်ကား ၆ ကားထွက်ပါတယ်။
ဒါကတော့ ဒုတိယမြောက်ကားလေးပါ…..
ဒီဇာတ်ကားလေးထဲမှာတော့ ပထမကားရဲ့ အမှုနဲ့ချိတ်ဆက်ထားပြီးနောက်ထပ် ဘာတွေထပ်ဖြစ်ဦးမလဲ…..ဘယ်လို ဖိုက်တင်ကောင်းကောင်းလေးတွေကို ဟာသနှောပြီးကြည့်ရဦးမလဲ ဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦး...
Chithha (2023)
⭐IMDB: 8.6/10 (909 Votes)
🎬 #Bollywood #Drama #Thriller #Mystery
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 19 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Chithha (2023) “ဖခင်သောက”
IMDb 8.5 ရထားပြီး ရုံတင်ငွေ လေးဆ ပြန်ရရုံသာမက ရုပ်ရှင်ဝေဖန်ရေးဆရာတွေရဲ့ ထောပနာပြုမှုကိုပါခံထားရတဲ့ Tamil စကားပြော drama/thriller ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်တမီးလ်မင်းသား Siddharth ပါဝင်ထားပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ရာဇဝတ်မှုထူပြောလှတဲ့ အိန္ဒိယက ဆင်ခြေဖုံးမြို့လေးမှာ အီစ်ဝါရန်ဆိုတဲ့ အစိုးရဝန်ထမ်းနဲ့ သူ့ရဲ့ ရှစ်နှစ်အရွယ် တူမလေး ဆွန်ဒါရီတို့ အတူနေကြပါတယ်အီစ်ဝါရန်မှာ အိမ်ထောင်လည်းမရှိတာမို့ တူမလေးကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်နေရသူပါ
တစ်နေ့မှာ သူ့ရဲ့ ချစ်လှစွာသော တူမလေးကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သက်ငယ်မုဒိန်းသမား က ပြန်ပေးဆွဲသွားပါတော့တယ်ဒီကိစ္စကို အီစ်ဝါရန်နဲ့ သူ့ရဲ့ သူငယ်ချင်း ရဲဖြစ်သူ ဗာဒီဗယ်လ်လူတို့ အပူတပြင်း လိုက်ရှာကြပါတော့တယ်တူမလေးအသက်ကို သူတို့ အချိန်မီ ကယ်နိုင်ပါ့မလား…
အိန္ဒိယလိုမျိုး အာရှနိုင်ငံအချို့မှာ အဖြစ်အများဆုံးဖြစ်တဲ့ ဒီလို အမှုမျိုးက ဘယ်သူမဆို မကြားချင်မှ အဆုံးပါဒီကားမှာလည်း ဒီအမှုမျိုးကို ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ထိုင်ခုံအစွန်းက မထချင်ဖြစ်အောင် ပုံဖော်ထားပြီးဦးလေးဖြစ်သူ အီစ်ဝါရန်ရဲ့ ဖခင်သောက၊ လူ့မိစ္ဆာရဲ့ အဆုံးစွန် ယုတ်ကမ်းမှု၊ လက်စားချေခြင်း စတဲ့အကြောင်းအရာတွေကို ၂ နာရီခွဲဆိုတဲ့ အချိန်အတွင်းမှာ အပိုအလိုမရှိ ကြည့်ရှုရမှာပါ
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Earth Mama (2023)
⭐IMDB: 7.0/10 (221 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Earth Mama (2023)==============IMDb Rating – 7.0/10
အခုနောက်ပိုင်း ရုပ်ရှင်ကောင်းလက်ရာကောင်းတွေ ဖန်တီးလာတဲ့A24 စတူဒီယိုရဲ့ နောက်ထပ်လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။လူမည်းအမျိုးသမီး single mom တစ်ယောက်အနေနဲ့ ကလေးစရိတ်မပေးနိုင်တာကြောင့် ကလေးနှစ်ယောက်ကို အစိုးရက အုပ်ထိန်းခွင့်လွှဲပြောင်းဖို့အရေး ကြိုးဆွဲနေရတဲ့ ဘဝတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။ဘဝရဲ့အခက်အခဲတွေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ရိုက်ခပ်မှုတွေကြားကဘယ်လောက်ပဲ ဆိုးနေတဲ့မိခင်ဖြစ်ပါစေ ကလေးတွေအပေါ်ထားတဲ့မေတ္တာနဲ့ ကြိုးစားမှုတွေကို အကောင်းဆုံးပုံဖော်ထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Courtney Gets Possessed (2022)
⭐IMDB: 5.1/10 (54 Votes)
🎬 #Comedy #Horror
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘဝမှာအမြဲတမ်း မယုံသင်္ကာစိတ်တွေနဲ့ကြီးပြင်လာတဲ့ ကော့ဒ်နေ နဲ့ သူ့အစ်မဆီက ဘာမဆို ခိုးဖို့ နောက်ဆုံး သူ့အစ်မဘဲတွေကိုပါ အမြဲတမ်းစနိုက်ကြော်နေတဲ့ ကော့ဒ်နေ ရဲ့ ညီမ ကိတ်တလင်း တို့ရဲ့ တစ်ယောက်နဲ့တစ်ယောက်ရွဲ့ကြရင်း ဖြစ်လာတဲ့ ပြဿနာတွေပေါ့
ကော့ဒ်နေ တစ်ယောက် မင်္ဂလာဆောင်တော့မယ်ဆိုတော့တော့ သူ့ ညီမစနိုက်ကြော်မှာကိုကြောက်လို့ အစီအရင်တွေနဲ့ ဂါထာမန္တာန်တွေ လျှောက်လုပ်ရာကနေ စေတန်ကို သူတို့မိသားစုထဲ အမှတ်မထင်ခေါ်ခဲ့မိလိုက်တယ်လေ…..
မင်္ဂလာဆောင်ဖို့ ၁ ရက်အလိုညမှာ စေတန်ကိုယ်တိုင်ရောက်ချလာပြီးတော့ တစ်ယောက်ပြီးတစ်ယောက် သတ်တော့တာပဲ…… သူတို့ညီအစ်မနှစ်ယောက်နဲ့သူငယ်ချင်းတစ်သိုက် စေတန်ကို ဘယ်လိုရင်ဆိုင်သွားပြီ ငရဲ့ကိုပြန်ပို့ကြမလဲဆိုတာကိုတော့……..
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Wingwomen (2023)
⭐IMDB: 5.6/10 (4 k Votes)
🎬 #Action #Comedy #Crime #Drama #Thriller
🗓 2023 🎞 movie
🌎 #France
⏰ 1 နာရီ 56 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wingwomen (2023)===============
Netflix ရဲ့ အက်ရှင်ကားကောင်း ကားသစ်လေးတင်ဆက်ပေးလိုက်ပါပြီ။သူလျှိုဂိုဏ်းကနေ အေးဂျင့်တွေအဖြစ် လုပ်ကိုင်ရင်း လက်ရွေးစင်တွေဖြစ်လာတဲ့ ကာရိုးနဲ့ အဲလက်စ်ဆိုတဲ့ အမျိုးသမီး ၂ ယောက်ရှိပါတယ်။ မိန်းမတွေဆိုပေမယ့် လျှော့တွက်လို့မရတဲ့ ဓားပြတိုက် လူသတ် လုပ်ကြံစတဲ့ လက်ရွေးစင် လူသတ်သမားတွေပေါ့။
သူတို့နှစ်ယောက်ဟာ မစ်ရှင်များစွာလုပ်ရင်း နောက်ဆုံးမှာ အနားယူကြဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဂိုဏ်းခေါင်းဆောင်ကြီးက သူတို့ကိုအမျိုးမျိုး မနားဖို့စည်းရုံးနေပေမယ့် ဘယ်လိုမှ ညှိမရတာကြောင့် သူတို့နှစ်ယောက်ကိုလက်စသပ် အစဖျောက်ဖို့အမျိုးမျိုးကြိုးစားပါတော့တယ်။ ကိုယ့်ရဲ့ ဂိုဏ်းသားတွေနဲ့ ပြန်ရင်ဆိုင်တွေ့တဲ့အခါမှာ ဘယ်လိုမျိုးရင်ဆိုင်တိုက်ခိုက်ကြလဲဆိုတာကို အက်ရှင်ခန်းကောင်းကောင်းတွေနဲ့ ရိုက်ပြသွားတာဖြစ်ပါတယ်။ မင်းသမီးအလန်းလေး ၂ ယောက်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ရိုက်ကူးထားပါတယ်
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thiha Yan Naing ဖြစ်ပါတယ်)...
Sleepaway Camp II: Unhappy Campers (1988)
⭐TMDB: 58.0% User Score
🎬 #Comedy #Horror
🗓 1988 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sleepaway Camp 1 1983 အပြီး ၅နှစ်အကြာမှာ ဆက်ထုတ်ခဲ့တဲ့ နံပါတ်နှစ် ရုပ်ရှင်ပါ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒီတခေါက်မှာလည်း ကံမကောင်း အကြောင်းမလှတဲ့ စခန်းချသူတွေကို မြင်တွေ့ရမှာပါ။
ဒီရုပ်ရှင်ဟာ Sleepaway Camp ရဲ့ အဆက်ဖြစ်တာကြောင့် နံပါတ်တစ်ကိုမကြည့်ရသေးဘူးဆိုရင်တော့ အရင်သွားကြည့်ဖို့ အကြံပေူချင်ပါတယ်။ နံပါတ်တစ်မကြည့်ထားဘဲ ကြည့်ရင်ရော ရလားဆိုတော့ ရတော့ရပါတယ် ဒါပေမဲ့ အဓိကဇာတ်ကောင်ဖြစ်တည်လာပုံကို ဂဃနဏသိချင်ရင်တော့ နံပါတ်တစ်ကိုအရင်ကြည့်မှ ပြီးပြည့်စုံသွားပါလိမ့်မယ်။
ဒီရီဗျူးက နံပါတ်တစ်ရဲ့အဆက်ဖြစ်တာကြောင့် စပွိုင်လာကင်းကင်းပြောပြရရင်တော့ နွေရာသီစခန်းမှာအလုပ်လာလုပ်တဲ့ အကြံပေးဟာ ဆိုးသွမ်းတဲ့ကလေးတွေကို သူ့နည်းသူ့ဟန်နဲ့ လိုက်ဆုံးမတာပါ။
အောက်ကရီဗျုးမှာတော့ စပွိုင်လာအနည်းငယ်ပါရှိမှာဖြစ်ပါတယ်။
ဒီကားကတော့ နံပါတ်တစ်ရုပ်ရှင်က ဖြစ်ရပ်တွေအပြီး ၅နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လိုက်ကျော်အန်ဂျလာဟာ နွေရာသီစခန်းတခုမှာ အလုပ်လုပ်ဖို့ရာပြန်လည်ရောက်ရှိလာပါတယ်။ ဒါပေမဲ့ စခန်းချသူတွေဟာ သူ(မ)ရဲ့ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ မလျော်မကန်ပြုမူတာတွေ ရှိလာတဲ့နောက်မှာတော့ အန်ဂျလာဟာ နည်းဟောင်းတွေကိုသုံးပြီး ဆိုးသွမ်းတဲ့ စခန်းချသူတွေကို ပညာပေးဖို့ရာ ထပ်မံအကြောင်းဖန်လာပါတော့တယ်။
ဒီရုပ်ရှင်ထဲမှာတော့ နံပါတ်တစ်ထဲကလိုမဟုတ်ဘဲ ဆယ်ကျော်သက်သရုပ်ဆောင်တွေ ဖောဖောသီသီပါ၀င်လာပြီး ၈၀ခုနစ် လူငယ်တွေရဲ့ ဖက်ရှင်ဒီဇိုင်းကာလာ ဘာညာအနေအထားတွေကို ရော့ခ်ဂီတတွေနဲ့ ထည့်သွင်း ပုံဖော်ရိုက်ကူးထားပါတယ်။ ကိုယ်လုံးတီးရိုက်ချက်တွေ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေလည်း အများကြီးပါ၀င်လာတာကြောင့် ၁၈နှစ်အောက်ကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးလိုက်ရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။...
Age of Uprising: The Legend of Michael Kohlhaas (2013)
⭐IMDB: 6.1/10 (9 k Votes)
🎬 #Drama #History
🗓 2013 🎞 movie
🌎 #France #Germany
⏰ 2 နာရီ 2 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ ၁၉ရာစုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့
မြင်းကုန်သည်ကြီး Hans Kohlhaseအကြောင်းကို မှီငြမ်းထားတာပါ….။
သို့ပေမဲ့ ဇာတ်လမ်းကိုတော့ ၁၆ရာစု မြေရှင်၊ကြွေးရှင်စနစ်ပျက်သုဥ်းခါနီးကာလမှာပဲ
ဇာတ်အိမ်တည်ထားပါတယ်…။
အဲ့ခေတ်အခါမှာက မြေရှင်တွေ၊ နယ်စားတွေ ဘုရင်တွေဆိုတာ ဥပဒေအထက်မှာ
ရှိသူတွေပါ….။
ဥပဒေကိုလိုရာအသုံးချပြီး အောက်ခြေလူတန်းစားတွေ၊ သူရင်းငှားတွေကို
ဆက်ဆံချင်သလိုဆက်ဆံတဲ့ခေတ်ပေါ့….။
ဒီခေတ်ကြီးထဲမှာမှ မြင်းကုန်သည် မိုက်ကယ်ကိုလာဟတ်စ်ဆိုသူဟာ
မြင်းရောင်းဖို့ မြို့ကိုအသွား…
လမ်းမှာနယ်စားတစ်ယောက်က သူ့နယ်ကို ဖြတ်သန်းမယ်ဆိုရင် ခွင့်ပြုမိန့်လိုကြောင်း
တောင်းပါတယ်…။
ခွင့်ပြုမိန့်မရှိတဲ့ မိုက်ကယ်ဟာ လှလှပပ ကျန်းကျန်းမာမာမြင်းနှစ်ကောင်ကို
အပေါင်အဖြစ်ထားခဲ့ပြီး ခရီးဆက်သွားပါတယ်….။
ဒါပေမဲ့ အပေါင်ပြန်ရွေးတဲ့အချိန်မှာတော့ သူ့မြင်းတွေဟာ ဒဏ်ရာဗလဗွနဲ့
ပိန်ချုံးချိ့နဲ့နေပါပြီ….
ဒီအတွက် မကျေနပ်တဲ့ မြင်းကုန်သည်ကြီးဟာ သူ့အတွက် တရားမျှတမှု
ရှာဖွေဖို့အတွက် ခရီးစတင်ခဲ့ပါတယ်….။
တရားမျှတမှုရှာဖွေတဲ့ မြင်းကုန်သည်ကြီး သူ့မြင်းနှစ်ကောင်အတွက်နဲ့
မြေရှင်ကြွေးရှင်တွေကို ဘယ်လိုစစ်ခင်းမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...
