fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Where's Wanda? (2024) ⭐IMDB: 5.6/10 (415 Votes) 🎬 #Drama #Comedy 🗓 2024 🎞 tv series 🌎 #Germany ⏰ 49 မိနစ် 36 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျာမန်စကားပြော ဟာသစီးရီးလေးကို တင်ဆက်လိုက်ပါတယ် ဆွန်ဒါရှိုင်းဆိုတဲ့ မြို့သေးသေးလေးမှာ Dedo Klatt နဲ့ Carlota Klatt တို့ ဇနီးမောင်နှံ၊ ခပ်ဆိုးဆိုးသမီးလေး Wanda Klatt နဲ့ မောင်ဖြစ်သူ Ole Klatt တို့ သာမန်လူလတ်တန်းစား မိသားစုတစ်စု ရှိပါတယ် Nuppelwocken ဆိုတဲ့ သူတို့အရပ်က ဟောလိုးဝင်းဆန်ဆန် ပွဲတော်ရက်မှာပဲ Wanda တစ်ယောက် အစအနမရှိအောင် ပျောက်သွားခဲ့တယ် ဒီလိုနဲ့ သတင်းစာရှင်းလင်းပွဲ၊ တီဗွီအစီအစဉ်တွေနဲ့ ဒရာမာတွေခင်းခဲ့ပေမယ့် အကြောင်းမထူးလာပါဘူး ဒါ့အပြင် အချက်အလက်များအရ ပျောက်ဆုံးတဲ့ရက် ၁၀၀ ကျော်သွားရင် ပျောက်ဆုံးသူကို ပြန်တွေ့နိုင်ချေ ၁၀% အောက်ရောက်သွားမယ်ဆိုတဲ့ စကားကိုယုံပြီး ရက် ၁၀၀ မပြည့်ခင် ရက် ၃၀ အလို ၇၀ ရက်မြောက်မှာ သူတို့လင်မယားက Wanda အင်္ကျီရှာတွေ့တဲ့နေရာဝန်းကျင်ပတ်လည်က အိမ်ပေါင်းခြောက်ဆယ်ကျော်ကို သူတို့ကိုယ်တိုင် လျှို့ဝှက်ထောက်လှမ်းစုံစမ်းဖို့ ကြိုးစားတဲ့အခါမှာတော့ သူများမိသားစုတွေရဲ့ လျှို့ဝှက်ချက်တွေသိလာရပြီး ဘယ်လိုအရှုပ်အထွေးတွေထဲ ပတ်သက်မိမလဲဆိုတာကို ဟာသလေးနှောပြီး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်
...

Shangri-La Frontier (2023) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Animation #Action #Adventure #Comedy #SciFi #Fantasy 🗓 2023 🎞 Series 🌎 #Japan ⏰ 24 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 7.5/10, MyAnimeList – 8/10 စဖွင့်လိုက်ကတည်းက ပေါက်ကွဲအားအပြည့် Metal စတိုင် Opening သီချင်းနဲ့တင် မိုက်နေတဲ့ VR ဂိမ်းအခြေခံ Anime ကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်တယ်ဗျာ။ Word of Warcraft တို့ Genshin Impact တို့လိုမျိုး MMORPG ဂိမ်းတွေကို ကြိုက်တဲ့လူဆိုရင်တော့ ဒီ Anime က ပိုကြည့်ကောင်းမှာ အမှန်ပဲ။ သူကလည်း နာမည်ကျော်မကျော်တော့ မသိဘူး S1 နဲ့ S2 ထွက်တာ တစ်နှစ်တောင် မခြားဘူးဗျာ စဉ်းစားသာကြည့်ပေတော့။ ဇာတ်လမ်းအကျဉ်းလေးက VR ဂိမ်းတွေ မှိုလိုပေါက်ပြီး ကောင်းတာတွေ ရှိသလို စုတ်ပြတ်သတ်ချာတူးလန်နေတာမျိုးလည်း ရှိတာပေါ့။ အဲဒီမှာ MC လုပ်တဲ့ကောင်က သောက်တလွဲကောင်၊ ဘာကောင်လဲဆိုတော့ အဲဒီလို စုတ်ပြတ်သတ် ချာတူးလန် အမှိုက်ဂိမ်းတွေကိုပဲ သေချာရွေးဆော့ပြီး ဆရာကျအောင် ပြီးဆုံးအောင် ဆော့ပြီး ကျေနပ်နေတဲ့ ငကြောင်။ တစ်ရက်ကျ သူ ဂိမ်းဝယ်နေကြဆိုင်က အစ်မကြီးကနေ နင် အစုတ်အပြတ်တွေ ဆော့နေတာတော်ပြီ တစ်ခါလောက် အကောင်းလေး ဒီ Shangri-La Frontier ကို ဆော့ကြည့်ဆိုပြီး ရောင်းလိုက်ရာကနေ ဒီ ဇာတ်လမ်း ဖြစ်လာတော့တာပဲ။ မကြည့်ခင်တုန်းကတော့ MC က ငှက်ခေါင်းကြီးနဲ့ ဘာတုန်းဟ ငစားပေါ့ တွေးမိသေးတယ်။ ကြည့်ပြီးမှ အကျိုးအကြောင်းသိရတော့တာ။ MC ဂိမ်းထဲမှာ စွန့်စားခန်းထွက်ရတာတွေကို ဦးတည်ရိုက်ပြထားတဲ့ Anime မျိုးပေါ့။ ဒါပေမဲ့ ပုံမှန် Level တင် နောက်ဆုံးဘော့စ်ချတာမျိုးမဟုတ်ဘူူး အမှိုက်ဂိမ်းဆော့လာတဲ့ကောင်ဆိုတော့ သူများနဲ့ အတွေးမတူတာမျိုးတွေ၊ သူ့ကို ကြိတ်ကြိုက်နေတဲ့ ကောင်မလေးကလည်း ဂိမ်းထဲမှာ လိုက်ရှာပြီး ဘယ်လိုဖြစ်ကြမလဲ ဆိုတာတွေ၊ တခြားဂိမ်းက ပြိုင်ဖက်တွေလည်း လာပြီး ဆော်ကြတာတွေ၊ ချစ်စရာ အဖော်ယုန်မလေးနဲ့အတူ လျှို့ဝှက်ချက်တွေရှာရင်း ရေတွေကြီး ပြဿနာတွေတက် တိုက်ခိုက်ကြနဲ့ တော်တော် Entertain ဖြစ်တဲ့ Anime လေး ဖြစ်လို့ အားလုံး ကြည့်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။
...

Bagavathi (2002) ⭐TMDB: 54% User Score 🎬 #Action #Bollywood #Drama #Romance 🗓 2002 🎞 movie 🌎 #India ⏰ 2 နာရီ 45 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bagavathi aka Bhagavathy (2002) ( ဘာဂါဗာသီ ) ဒီဇာတ်ကားကတော့ တမီးလ်ရုပ်ရှင်ကားပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့်၂၀၀၂ ခုနှစ်ထွက် IMDb 6.1/10ရထားတဲ့ အက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒီကားဟာ Box Office မှာ ဈေးကွက်အရအောင်မြင်ခဲ့တဲ့အပြင် 2004, 2005 မှာပါတခြားနာမည်နဲ့ Remake ပြန်ရိုက်ခဲ့ပါသေးတယ်။ မင်းသားကလည်း အိန္ဒိယနိုင်ငံရဲ့ သျှမ်းသျှမ်းတောက်မင်းသားကြီးဗီဂျေးဆိုတော့အထွေအထူးညွှန်းစရာလိုမယ်မထင်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ –လူတိုင်းမှာ နေ့ရက်တွေအတွက် အမှတ်တရတွေရှိကြပါတယ်။ ပျော်စရာနေ့ ဝမ်းနည်းစရာနေ့စသဖြင့်ပေါ့။ ဇွန်လ ၁၅ ရက်နေ့ကတော့ဘာဂါဗာသီအတွက် မမေ့နိုင်မယ့်ရက်စွဲတွေထဲကတစ်ခုပါ။ အဲဒီနေ့ဟာ သူချစ်ရတဲ့ သူ့ညီလေး ဂူနာရဲ့မွေးနေ့ဖြစ်ပါတယ်။ဘာဂါဗာသီက သူ့ညီကို ချစ်လွန်း တန်ဖိုးထားလွန်းလို့ သူကိုယ်တိုင်လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ခြစ်ခြစ်ကုပ်ကုပ်ကြိုးစားစုဆောင်းကာသူ့ညီကို ဆေးကျောင်းထားပေးခဲ့တာပါ။ ဂူနာလေး ဆရာဝန်ကြီးဖြစ်လာပြီး သူ့ဘဝမြင့်တက်လာဖို့က သူ့ရဲ့တစ်သက်တာ အိပ်မက်ပဲဖြစ်ပါတယ်။အဲဒီအိပ်မက်ဟာ ပရီယာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ဂူနာ့ဘဝထဲ ဝင်ရောက်လာပြီးတဲ့နောက်မှာ ကွဲကြေ ပျက်စီးသွားပါတော့တယ်။ ဂူနာနဲ့ ပရီယာရဲ့ချစ်ဇာတ်လမ်းကို လက်မခံနိုင်တဲ့ ပရီယာ့ရဲ့အဖေကြောင့် ရှင်ကွဲ ၊သေကွဲအမျိုးမျိုးတွေ့ကြုံလာရပြီးတဲ့နောက်မှာ ဖြူစင်ဖြောင့်မတ်တဲ့ချစ်စရာလူရိုးကြီးဘာဂါဗာသီတစ်ယောက်ရဲ့ ပြောင်းလဲသွားပုံတွေကိုအဆိုအက ၊ အလွမ်းအဆွေး ၊ အသတ်အပုတ်ဇာတ်လမ်းဇာတ်ကွက်စုံလင်စွာနဲ့ ကြည့်ရှုနိုင်မှာပါပဲဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့ အညွန်းကို CM Bollywood Team မှ ရေးသားထားပါတယ်
...

Kadaisi Ulaga Por (2024) ⭐IMDB: 7.4/10 (413 Votes) 🎬 #Bollywood #SciFi #ScienceFiction #Action #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kadaisi Ulaga Por (2024) IMDb7.6/10 “ဘုရင်ကိုတင်မြှောက်ပေးတဲ့လူဟာအဲဒီဘုရင်နေရာကိုတပ်မက်တော့မှာမဟုတ်ဘူးသူလိုချင်တာ တိုင်းပြည်ကိုပဲ” မဝေးတော့တဲ့ အနာဂတ်မှာ တရုတ် ရုရှားနဲ့တစ်ခြားနိုင်ငံပေါင်း ၇၂နိုင်ငံတို့ဟာ “ပြည်သူ့သမ္မတနိုင်ငံ” ဖွဲ့စည်းပုံကိုနိုင်ငံအတွင်းကျင့်သုံးကြပြီး မပါဝင်တဲ့နိုင်ငံတွေကိုတော့ကုန်သွယ်မှုတွေပိတ်ဆို့တားဆီးခြင်းပြုခဲ့ကြပါတယ် နိုင်ငံတကာ တပ်ဖွဲ့များရဲ့ ကုန်သွယ်မှု ပိတ်ဆို့ခြင်းကြောင့်အိန္ဒိယနိုင်ငံအတွင်း နိုင်ငံရေး ပဋိပက္ခများ ပေါ်ပေါက်ခဲ့ပြီးပြည်တွင်း မငြိမ်သက်မှုများ ဖြစ်ပေါ်လာခဲ့ပါတယ် ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တာက Hiphop Tamizhaလို့ခေါ်တဲ့ဟစ်ဟော့ပ်အဖွဲ့က အာဒီပါ တမီးလ်နာဒူးမှာ ပထမဆုံးဟစ်ဟော့ပ်တေးအယ်လ်ဘမ်ကိုဖြန့်ချီပြီး ဝက်ဝက်ကွဲအောင်မြင်တွေမှုရခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူရဲ့ အနုပညာရူးသွပ်မှုနဲ့အတူ ရုပ်ရှင်လောကထဲကိုဝင်လာခဲ့ပြီးတဲ့နောက်မှာ ဒီရုပ်ရှင်ကိုကိုယ်တိုင်ပရိုဂျူဆာလုပ်ပြီး ရိုက်ကူးခဲ့တာပါ ရှုပ်ထွေးတဲ့နိုင်ငံရေးလှည့်ကွက်တွေကိုတစ်ဝကြီးကြည့်ရမဲ့အိန္ဒိယနိုင်ငံရေးကားကောင်းလေးတစ်ကားပါ (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)
...

Classified (2024) ⭐IMDB: 3.9/10 (546 Votes) 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #Bulgaria #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ချိန်တစ်ခါကအရမ်းနာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး Aaron Eckhart ရဲ့ Classified ဆိုတဲ့အက်ရှင်ဇာတ်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။အသက်ကြီးပေမဲ့ မပျက်စီးသေးပဲ အခုထက်ထိကြမ်းနေတုန်းဆိုတာကို တွေ့ရမှာဖြစ်ပြီး အက်ရှင်ခန်းတွေ ကလည်းအကြမ်းစားတွေပါပဲ။ ကြေးစားလူသတ်သမားတစ်ယောက် နိုင်ငံတော်အတွက် တာဝန် ထမ်းဆောင်နေတယ်လို့မှတ်ယူပြီး လူတွေလိုက်သတ်ပေးနေရင်းနဲ့ နောက်ပိုင်းမှာ သူ့ကိုအမိန့်ပေးနေတဲ့လူပြောင်းသွားပြီး ပစ်မှတ်တွေ ကလည်းနိုင်ငံအတွက်အကျိုးမရှိဘဲ လိုက်သတ်ပေးနေရတာကိုတွေ့တဲ့ အခါမှာ အဖြစ်မှန်ပေါ်ပေါက်အောင်လိုက်လံစုံစမ်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အဲ့ဒီကြေးစားလူသတ်သမားကတော့ရှောပဲဖြစ်ပြီး သူ့ကိုယ်သူတော့ CIA အတွက်အလုပ်လုပ်ပေးနေတယ်လို့ထင်ခဲ့ပေမဲ့ တစ်နေ့မှာတော့ ကေစီဆိုတဲ့ MI6 ကကောင်မလေးကသူ့ဆီကိုရောက်ချလာခဲ့ပြီး သူထင်နေသလိုမဟုတ်ဘူးဆိုတာကို သက်သေတွေနဲ့တကွလာရှင်းပြ ပါတော့တယ်။ကေစီပြောတာတွေကလည်းယုတ္တိရှိနေတဲ့အတွက် သူ့ကိုအလုပ်ခိုင်းနေတာ CIA မဟုတ်ဘူးဆိုရင် နောက်ကွယ်က ကြိုးကိုင်ထားတဲ့လူဘယ်သူလဲဆိုတာကို အဖြေရှာဖို့အတွက် ကေစီနဲ့ အတူတူစတင်စုံစမ်းခဲ့ကြပါတော့တယ်။ တစ်ဖက်မှာလည်း သူ့ကိုအလုပ်ခိုင်းနေတဲ့လူကစစ်ဆင်ရေးတွေကို ဆက်လုပ်ဖို့ တွန်းအားပေးတဲ့အနေနဲ့ သူ့နောက်ကိုလူတွေလွှတ်ပြီး တောက်လျှောက်တိုက်ခိုက်ခိုင်းတဲ့အခါမှာတော့ ရှောနဲ့ကေစီတို့ နှစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်ပြီး နောက်ကွယ်ကလူကို အဖြေရှာပုံတွေအပြင် တခြားသောမြှုပ်ကွက်လေးတွေကိုပါ စိတ်ဝင် တစားကြည့်ရှုရမဲ့ အက်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
...

Ang Duyan ng Magiting (2023) ⭐TMDB: 0% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Philippines ⏰ 2 နာရီ 1 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ang Duyan Ng Magiting (2023)”ရှုထောင့်”================================ ၂၀၂၃ တုန်းက ထွက်ရှိခဲ့တဲ့ controversial ဖြစ်စရာနိုင်ငံရေးကားကောင်းလေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်က အညွှန်းရေးပြဖို့တော့ တော်တော်ခက်ပါတယ်။ဒီရုပ်ရှင်ထဲမှာ ကောင်းတဲ့သူတွေပါတယ်၊ ဆိုးတဲ့သူတွေပါတယ်။ကြည့်နေရင်းနဲ့ ကိုယ်တိုင် ဝင်ခံစားမိပြီး ခံစားချက်မျိုးစုံရနိုင်မယ့် ဒိုင်ယာလော့တွေပါတယ်။ ဇာတ်လမ်းကို အကြမ်းဖျင်းပြောရရင်တော့ ဖိလစ်ပိုင်နိုင်ငံရေး၊အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးတက္ကသိုလ်က ဆရာတစ်ယောက်၊ အဓိပတိတစ်ယောက်၊အလုပ်သမားတစ်ယောက်၊ ကျောင်းသားနှစ်ယောက်နဲ့ မိခင်နှစ်ယောက်၊ရှေ့နေတစ်ယောက်က သူတို့ရဲ့ ခံယူချက်တွေ၊ ခံစားချက်တွေ၊သရော်ချင်တာတွေ၊ လိပ်ပြာမလုံတာတွေကိုစကားစစ်ထိုးကြပုံကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။)
...

Balestra (2024) ⭐IMDB: 5.0/10 (407 Votes) 🎬 #Drama #Fantasy #SciFi #Sport #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 2 နာရီ 26 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပါရမီရှက်လို့ အများကသက်မှတ်ထားတဲ့ ဓားရေးကစားသမား ဂျိုအန်နာဟာ ပြိုင်ပွဲတွေမှခေတ္တအနားယူပြီးနောက် ပဲရစ်အိုလံပစ်တွင် ဝင်ပြိုင်ခွင့်ရရှိရန် ကြိုးပမ်းပါတော့တယ်။ ပဲရစ်အိုလံပစ်တွင် ပြိုင်ခွင့်ရရန်အတွက် အမှတ်တက်အောင် တခြားပြိုင်ပွဲမျိုးစုံကို ဝင်ပြိုင်သော်လည်း ထင်သလိုရလဒ်များမထွက်လာသောအခါ ခေတ်မီနည်းပညာတမျိုးကို စမ်းသပ်ပြီး အိမ်မက်ထဲမှာပါ လေ့ကျင့်ခွင့်ရအောင်ကြိုးစားပါတော့တယ်။ အဲဒီစက်ကို ဆက်တိုက်အသုံးပြုလာရင်းနှင့် ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းလာသောအခါ အစစ်အမှန်လောကနှင့် တဖြည်းဖြည်းကင်းကွာလာသောအခါ သူ၏ခင်ပွန်း နည်းပြဖြစ်သူက စက်ကိုအသုံးပြုခြင်းကို ရပ်တန့်ရန်ကြိုးစားပါတော့တယ်။ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းခြင်းကို ရပ်တန့်နိုင်မလား မျှော်မှန်းထားသလို ရွှေတံဆိပ်ဆုရယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
...

The Negotiator (2003) ⭐TMDB: 68% User Score 🎬 #Crime #Drama #Thriller #TVMovie 🗓 2003 🎞 movie 🌎 #Japan ⏰ 1 နာရီ 47 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.2 ရရှိထားတဲ့ Negotiator ဆိုတဲ့ ဂျပန်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ…Negotiator ဆိုတဲ့ အလုပ်က ဘယ်လောက် တာဝန်ကြီးတယ်ဘယ်လောက် လေးနက်တယ်ဆိုတာကို ခံစားမိစေမယ့်ကားကောင်းလေးတစ်ခုပါ… ဒီကားထဲမှာ ကုန်စုံဆိုင်တစ်ခုမှာလုယက်မှုဖြစ်ပြီးတော့ အဲ့က လုယက်သူတွေလို့ သံသယရှိတဲ့နိုင်ငံခြားသား ၃ယောက်အဖွဲ့က ဆေးရုံကို ဖောက်ဝင်ပြီးဆရာဝန် သူနာပြု နဲ့ လူနာတွေ စုစုပေါင်း အယောက် ၃၀ ကိုဓားစာခံအဖြစ်ခေါ်ထားတဲ့အမှု… ဒီအမှုကို negotiator တွေဘယ်လိုဖြေရှင်းမယ်ဆိုတာ ရင်ခုန်စွာနဲ့ ဇာတ်လမ်းလေးနဲ့ထပ်တူခံစားနိုင်ဖို့ ဒေါင်းကြည့်ဖြစ်အောင် ဒေါင်းကြည့်လိုက်ပါ
...

Executioners: The Heroic Trio 2 (1993) ⭐TMDB: 58% User Score 🎬 #Action #Fantasy #SciFi #Thriller #Comedy #ScienceFiction 🗓 1993 🎞 movie 🌎 #HongKong ⏰ 1 နာရီ 39 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မီရှယ်ယို…မက်ဂီချောင်…အန်နီတာမွိုင်တို့ပါဝင်တဲ့ အံ့ဖွယ်အမျိုးသမီးသုံးယောက်ပေါင်း လောင်းကျော် ဟောင်ကောင်ဂျက်မသုံးဖော်ရဲ့ ဒုတိယကားလေး လာပါပြီဗျာ။ ပထမကားကတော့ သုံးယောက်ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတာကို အသားပေးရိုက်ကူးထားပြီး အခုကားလေးမှာတော့ ပိုပြီးခိုင်မာလာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့ တာဝန်ဝတ္တရားများအကြောင်းကို အလေးပေးရိုက်ကူးထားတာမို့ ခံစားမှုရသတစ်မျိုးပေးဦးမှာဖြစ်ပါတယ်။ နှစ်ကားစလုံးကို ကြည့်နိုင်ရင်ပိုအရသာရှိပြီး တစ်ကားစီခွဲကြည့်ရင်လည်း အဆင်ပြေပါတယ်။ ကမ္ဘာကြီးရဲ့ဆုတ်ကပ်သင်္ကေတအဖြစ် အနုမြူဗုံးပေါက်ကွဲသွားတဲ့အချိန်ပေါ့။ အရာအားလုံးပျက်စီးသွားပြီး ပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ပါ ညစ်ညမ်းသွားပါတယ်။ သန့်စင်တဲ့ရေကိုရအောင်ရှာပေးနိုင်တဲ့ အဖြူရောင်သူရိယအဖွဲ့ကို ပြည်သူတွေက တစ်ခနက်အားပေးထောက်ခံလာတဲ့အချိန် စစ်တပ်ကအရမ်းတုန်လှုပ်သွားပါတယ်။ အဲ့ဒါကြောင့် အဖြူရောင်သူရိယအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံလိုက်တဲ့အပြင် စွမ်းဆောင်မှုမရှိဘူးဆိုပြီး သမ္မတကိုဖြုတ်ချကာ စစ်အာဏာသိမ်းဖို့ပြင်ဆင်ပါတော့တယ်။ ရေသန့်ကိစ္စနဲ့ အဓိကရုဏ်းဖြစ်လာကြပြီး အာဏာတစ်ခုအတွက်နဲ့အသေခံရတဲ့သူတွေများလာတဲ့အခါ.. ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်သုံးယောက်က ဘယ်လိုမျိုးလှလှပပ ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်….။ ။ IMDb Rating(5.8) ထိပဲ ရရှိထားတယ်ဆိုပေမယ့် ဇာတ်လမ်းသဘောလန်းသလို ဇာတ်ကောင်တွေကိုလဲ မညှာမတာကိုင်တွယ်ထားတဲ့ ဒီဇာတ်ကားက ခေတ်မီမှုသိပ်မရှိသေးတဲ့ CGI သဘောတွေကို ဖယ်ကြည့်မယ်ဆိုရင် တော်တော်ကို မိုက်တဲ့ အက်ရှင်ဇာတ်ကားပါ။
...

The Heroic Trio (1993) ⭐TMDB: 65% User Score 🎬 #Action #Fantasy #Thriller 🗓 1993 🎞 movie 🌎 #HongKong ⏰ 1 နာရီ 29 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Michelle Yeoh , Maggie Cheung , Anita တို့သုံးယောက်ပေါင်းလောင်းကျော်ထားတဲ့ ဟောင်ကောင်ဂျက်မသုံးဖော်ဇာတ်ကားလေးလာပါပြီ။ သူတို့သုံးယောက်ငယ်နုတုန်းက ပုံရိပ်အလန်းတွေကိုတစ်ဝကြီးရှုစားရမယ့်အပြင် ၁၉၀၀ ခုနှစ်လောက်က ဟောင်ကောင်အက်ရှင်ကားအကြမ်းကိုကြည့်ရမှာဆိုတော့ ရွှေခေတ်ဇာတ်ကြမ်းတွေပေါ့… ဇာတ်လမ်းကတော့ သုံးလအတွင်း ကလေး (၁၈)ယောက်ပျောက်တာနဲ့စပါတယ်။ဘယ်လိုမှရှာမတွေ့တဲ့အပြင် ရဲမှူးကြီးရဲ့ကလေးကိုလည်း ခိုးမယ်လို့ပေါ်တင်ပြောပြီး စိန်ခေါ်ပါတော့တယ်။တစ်ခါတစ်လေ ဥပဒေဘောင်ထဲကလုပ်လို့အဆင်မပြေတဲ့အရာတွေ၊ မလုပ်ရဲတဲ့အရာတွေကိုပြည်သူ့သူရဲကောင်းတွေက မျက်နှာဖုံးတွေနောက်ကွယ်ကနေ ကူညီပေးတတ်ကြတယ်မလား….ဘယ်လိုသူရဲကောင်းတွေလဲဆိုတာ ဆက်လက်ရှုစားကြပါ။ IMDb Rating (6.5)ထိ ရရှိထားပြီး Uncut version နဲ့ကြည့်ရင်တကယ်လဲ ကြမ်းတဲ့ဟောင်ကောင်ဇာတ်ကားမလို့ အက်ရှင်ပရိတ်သတ်တွေအတွက် အမိုက်စားပါပဲ။
...

Executioners: The Heroic Trio 2 (1993) ⭐TMDB: 58% User Score 🎬 #Action #Fantasy #SciFi #Thriller #Comedy #ScienceFiction 🗓 1993 🎞 movie 🌎 #HongKong ⏰ 1 နာရီ 39 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မီရှယ်ယို…မက်ဂီချောင်…အန်နီတာမွိုင်တို့ပါဝင်တဲ့ အံ့ဖွယ်အမျိုးသမီးသုံးယောက်ပေါင်း လောင်းကျော် ဟောင်ကောင်ဂျက်မသုံးဖော်ရဲ့ ဒုတိယကားလေး လာပါပြီဗျာ။ ပထမကားကတော့ သုံးယောက်ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတာကို အသားပေးရိုက်ကူးထားပြီး အခုကားလေးမှာတော့ ပိုပြီးခိုင်မာလာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့ တာဝန်ဝတ္တရားများအကြောင်းကို အလေးပေးရိုက်ကူးထားတာမို့ ခံစားမှုရသတစ်မျိုးပေးဦးမှာဖြစ်ပါတယ်။ နှစ်ကားစလုံးကို ကြည့်နိုင်ရင်ပိုအရသာရှိပြီး တစ်ကားစီခွဲကြည့်ရင်လည်း အဆင်ပြေပါတယ်။ ကမ္ဘာကြီးရဲ့ဆုတ်ကပ်သင်္ကေတအဖြစ် အနုမြူဗုံးပေါက်ကွဲသွားတဲ့အချိန်ပေါ့။ အရာအားလုံးပျက်စီးသွားပြီး ပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ပါ ညစ်ညမ်းသွားပါတယ်။ သန့်စင်တဲ့ရေကိုရအောင်ရှာပေးနိုင်တဲ့ အဖြူရောင်သူရိယအဖွဲ့ကို ပြည်သူတွေက တစ်ခနက်အားပေးထောက်ခံလာတဲ့အချိန် စစ်တပ်ကအရမ်းတုန်လှုပ်သွားပါတယ်။ အဲ့ဒါကြောင့် အဖြူရောင်သူရိယအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံလိုက်တဲ့အပြင် စွမ်းဆောင်မှုမရှိဘူးဆိုပြီး သမ္မတကိုဖြုတ်ချကာ စစ်အာဏာသိမ်းဖို့ပြင်ဆင်ပါတော့တယ်။ ရေသန့်ကိစ္စနဲ့ အဓိကရုဏ်းဖြစ်လာကြပြီး အာဏာတစ်ခုအတွက်နဲ့အသေခံရတဲ့သူတွေများလာတဲ့အခါ.. ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်သုံးယောက်က ဘယ်လိုမျိုးလှလှပပ ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်….။ ။ IMDb Rating(5.8) ထိပဲ ရရှိထားတယ်ဆိုပေမယ့် ဇာတ်လမ်းသဘောလန်းသလို ဇာတ်ကောင်တွေကိုလဲ မညှာမတာကိုင်တွယ်ထားတဲ့ ဒီဇာတ်ကားက ခေတ်မီမှုသိပ်မရှိသေးတဲ့ CGI သဘောတွေကို ဖယ်ကြည့်မယ်ဆိုရင် တော်တော်ကို မိုက်တဲ့ အက်ရှင်ဇာတ်ကားပါ။
...

The New King of Comedy (2019) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Comedy #Drama 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ မင်းသားကြီး စတီဗင်ချောင်က ထုတ်လုပ်သူနဲ့ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး IMDb 6.3 ရထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးမှာ..သရုပ်ဆောင်အရမ်းဝါသနာပါပြီးအောင်မြင်တဲ့မင်းသမီးလေးဖြစ်ချင်တဲ့ကောင်မလေး ရှုမုံ့တစ်ယောက်ဟာနှစ်တွေအကြာကြီးတိုင်အောင် ကြုံရာသရုပ်ဆောင်အဖြစ်လုပ်ခဲ့ရတာတောင်အောင်မြင်ဖို့ထားပါဦး..ငြင်းပယ်ခြင်းနဲ့အထင်သေးခြင်းတွေကိုသူ့မှာဆက်တိုက်ခံစားခဲ့ရတယ်..ဒ ါပေမယ့်သူမက ဘယ်တော့မှလက်လျော့ဖို့မကြိုးစားပဲ အမြဲတစေတက်ကြွနေခဲ့တယ်..ဒီလိုနဲ့တရက်မှာရူမုံ့ဟာနာမည်ကျမင်းသားMarco နဲ့ရိုက်ကွင်းတခုမှာတွေ့ဆုံခဲ့ရာကနေသူတို့၂ဦးရဲ့ကံကြမ္မာဘယ်လိုပြောင်းလဲသွားမလဲ..အနုပညာလမ်းကြောင်းရဲ့ခက်ခဲပုံတွေ..လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလို အနှစ်အရသာရှိရှိနဲ့ခံစားကြည့်ရှုရမှာဖြစ်ပါတယ်…မင်းသားကြီးစတီဗင်ချောင်ရဲ့လက်ရာဆိုတဲ့အတိုင်း..ရသမြောက်တယ်လို့ခံစားမိပါတယ်Comedy လေးတွေလည်းပါတော့ ပိုပြီးပေါ့ပေါ့ပါးပါးလည်းဖြစ်ပါတယ်
...

Fangs & Fury (2024) ⭐TMDB: 0% User Score 🎬 #Action #Romance #ScienceFiction 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 12 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အတိတ်မေ့နေတဲ့ ယွမ်ပုဆိုတဲ့ ကောင်လေးတစ်ယောက်ကို ပန်းဆိုင်ဖွင့်ထားတဲ့ဝူထင်နဲ့ လျို့လျို့တို့ မောင်နှမက အခြေအနေတချို့ကြောင့် ကယ်ထားခဲ့ပြီး၃ ယောက်သား မိသားစုလို နေထိုင်ခဲ့ပါတယ်။ ယွမ်ပုဆီမှာ သာမန်လူတွေနားမလည်နိုင်တဲ့ လျှို့ဝှက်ချက်ပေါင်းများစွာရှိပေမဲ့ ယွမ်ပုရဲ့ ရိုးသားပြီးပွင့်လင်းတဲ့စရိုက်ကြောင့် မောင်နှမနှစ်ယောက်ကလည်း လက်ခံနိုင်ခဲ့ပါတယ်။ ဝူထင်မှာ မွေးရာပါသွေးပူရောဂါရှိပြီး ရောဂါပြင်းထန်လာတဲ့အတွက်ခွဲစိတ်မှုလုပ်ဖို့ ငွေလိုလာပါတယ်။ ယွမ်ပုဟာ ဝူထင်အတွက် ဆေးကုစရိတ်ရှာဖို့ကြေးစားလက်ဝှေ့ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ပြိုင်တိုင်းနိုင်တဲ့ ယွမ်ပုရဲ့သတင်းကလည်း ချက်ချင်းပဲ ကျော်ကြားသွားခဲ့ပြီး ယွမ်ပုကိုစမ်းသပ်ပစ္စည်းလုပ်ဖို့ လိုက်ရှာနေတဲ့ ဖုယိက ရှာတွေ့သွားပါတော့တယ်။ဝူထင်ရဲ့ ရောဂါကို ကုသဖို့ နည်းလမ်းရှိပါ့မလား……ယွမ်ပုတစ်ယောက် ဖုယိတို့ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်ပါ့မလား……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။
...

Stairway to Heaven (2023) ⭐IMDB: 6.5/10 (183 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Estonia ⏰ 1 နာရီ 48 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Stairway to Heaven (2023)IMDb- 6.5/10 အချိန်ခရီးသွားရုပ်ရှင်တွေထဲမှာမှ တစ်မျိုးဆန်းသစ်နေတဲ့ အက်စ်တိုးနီးယားရုပ်ရှင်ကိုတင်ဆက်ပေးပါရစေ။ အူလစ်ဖ်ဆိုတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်က သူ ငယ်စဉ်ကတည်းက ခင်ခဲ့ရတဲ့မိတ်ဆွေပန်းချီဆရာကြီးဆီကို ခဏတိုင်းသွားလည်ပါတယ်။ ပန်းချီဆရာကြီးသေဆုံးခါနီးမှာ အတိတ်ဆီကို ပြန်သွားဖို့ဆိုတဲ့စကားတွေဗလုံးဗထွေးနဲ့ ပြောနေခဲ့ရင်း အူလစ်ဖ်ရှေ့မှာပဲ ဆုံးပါးသွားခဲ့တယ်။အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အူလစ်ဖ်က ပန်းချီဆရာကြီးစကားကိုမယုံပေမဲ့ပန်းချီဆရာကြီးစကားအတိုင်းလုပ်ကြည့်ရင်း အတိတ်ဆီကိုရောက်သွားခဲ့တယ်။ ဒါပေမဲ့ အတိတ်မှာပဲလား အတိတ်က ပစ္စုပ္ပန်နဲ့တစ်ထပ်တည်းကျနေတာလားဆိုတာကိုဝေဝါးနေတဲ့အူလစ်ဖ်တစ်ယောက် ဘယ်မှာရှင်သန်မလဲ ဆုံးဖြတ်ရခက်နေတဲ့ ဒီရုပ်ရှင်ကအချစ်၊ ဂီတ၊ ခင်မင်မှု၊ သေခြင်းတရားကိုအခြေခံထားတာဖြစ်လို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)
...

Girl Scout (2008) ⭐TMDB: 67% User Score 🎬 #Comedy #Crime #Drama 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 40 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Girl Scout (2008) ********************* ဒီတစ်ခါမှာတော့ Kim Sun-Ah, Na Moon-hee, Goo Jun-Hee တို့လို့ ဝါရင့်မင်းသမီးကြီးတွေ ပါဝင်ထားတဲ့ ရယ်လည်းရယ်ရပြီး စိတ်ဝင်စားဖို့လည်းကောင်းတဲ့ 2008 ခုနှစ်ထွက် ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရပ်ကွက်ထဲက ဆံသဆိုင်မှာ စုကြေးငွေ စုကြရင်း ငွေလိမ်ခံလိုက်ရတဲ့ အမျိုးသမီးတွေအကြောင်းပါပဲ ။ ရှယ်ယာကစားရင် ရှယ်ယာရှုံး ၊ အထည်ဆိုင်ဖွင့်တော့ အရင်းပြုတ်တဲ့အပြင် ယောကျ်ားကပါ ထားသွားတဲ့ ချွဲမီဂယောင်းအတွက်တော့ အဲဒီပိုက်ဆံက စားသောက်ဆိုင်လေး ဖွင့်ဖို့ စုထားတဲ့ပိုက်ဆံဖြစ်သလို နှလုံးရောဂါရှိနေတဲ့ သားလေးရဲ့အမေ အိုဘုံဆွန်းကလည်း သူ့သား ခွဲစိတ်ဖို့ စုထားတဲ့ ပိုက်ဆံပါတဲ့။ စူပါမားကတ်မှာ ခါးကျိုးမတတ်အလုပ်လုပ်ရတဲ့ အဘွားအို အီမန်ကလည်း ငွေလိမ်ခံရလို့ သားဖြစ်သူဆီမှာ အထုအထောင်းခံရပြန်ပေါ့။ အဲဒီမှာပဲ အကြွေးနွံနစ်နေတဲ့ ဂန်အွန်းဂျီကပါ အဒေါ်ကြီး သုံးယောက်နဲ့အတူ အလိမ်ခံရတဲ့ငွေတွေကို ပြန်ရှာဖို့အရေး လေးယောက်သား ကြိုးစားကြတဲ့ အခါမှာတော့… သူတို့အလိမ်ခံရတဲ့ ပိုက်ဆံတွေ တကယ်ပဲ ပြန်ရမှာလား..။ အဲဒီကိစ္စတွေ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ..။ တစ်ဖက်က ပိုက်ဆံနဲ့ ဆွဲဆောင်လာတဲ့အခါ သူတို့ လေးယောက်ရော စည်းစည်းလုံးလုံး ဆက်ရှိနိုင်ပါ့မလားဆိုတာကိုတော့ ဒီ Girl Scout ရုပ်ရှင်မှာ ဆက်ရှုစားလိုက်ရအောင်နော် ။ (ဇာတ်လမ်းအကျဉ်းကို Hazelle မှ ရေးသားပေးထားပါတယ်။)
...

Sweet Bobby: My Catfish Nightmare (2024) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Documentary 🗓 2024 🎞 movie 🌎 #India #UnitedKingdom ⏰ 1 နာရီ 24 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sweet Bobby: My Catfish Nightmare 2024 IMDb – 6.4/10 နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုဖြစ်လာတဲ့ ဆိုရှယ်မီဒီယာရဲ့ကြီးစိုးမှုအောက်မှာအွန်လိုင်းချစ်သူဆိုတာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ဒါပေမဲ့ ဒီကိစ္စမှာ မေးစရာရှိတာက အွန်လိုင်းပေါ်ကဘဝက လက်တွေ့နဲ့ ဘယ်လောက်ထိထပ်တူကျလဲ။ ကိုယ်ကသိပ်ချစ်ပါတယ်ဆိုတဲ့ အွန်လိုင်းချစ်သူအကြောင်းကိုရော ကိုယ်ဘယ်လောက်သိလဲ? သူတို့စကားထဲက သူတို့အကြောင်းတွေကရော တကယ်ပဲသူတို့အကြောင်းလား? သူတို့ကတကယ်ပဲ ဘယ်သူတွေလဲ? ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ ချစ်မိသွားရင် စုံလုံးကန်းကြတာဆိုတော့ သိစိတ်ရဲ့ထောင့်တစ်နေရာကမေးခွန်းထုတ်မိရင်တောင် နှလုံးသား တရားသူကြီးရဲ့စီရင်ချက်အောက်မှာ ဒီသံသယမေးခွန်းတွေဟာမကြာခဏဆိုသလို သေဒဏ်ပေးခံလိုက်ရတတ်ပါတယ်။ ဒါကလည်း Catfisherဆိုတဲ့ အွန်လိုင်းပေါ်မှာအချက်အလက်အတုတွေနဲ့ အချစ်ကိုညာယူတတ်သူတွေ သုံးနေကြအကွက်ပေါ့။ အခုတင်ဆက်ပေးမှာကတော့ BBCရဲ့ Sweet Bobby ဆိုတဲ့ အပိုင်းဆက်podcastကို Documentary movieပြန်ရိုက်ထားတဲ့ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး အချိန်အကြာဆုံး Catfishလုပ်ခံရသူတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆယ်စုနှစ်တစ်ခုနီးပါဘော်ဘီဆိုတဲ့လူလိမ်ရဲ့ အလိမ်အညာရေယဉ်ကြောမှာ မျောပါခဲ့ရတဲ့ သူ့ရဲ့ဇာတ်ကြောင်းကို သင်ခန်းစာရဖွယ် ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Alex ~ Bluri တို့ပဲ ဖြစ်ပါတယ်)
...

Krispy Rishtey (2024) ⭐IMDB: 7.6/10 (38 Votes) 🎬 #Bollywood #Drama #Musical #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Krispy Rishtey 2024 “လေးပွင့်ဆိုင်” ကာရန်ဆိုတဲ့ကောင်လေးဟာ သူ့အဖေရဲ့ဆန္ဒအရငယ်ငယ်လေးကတည်းက ချစ်ခဲ့ရတဲ့ ချစ်ရသူ နာတာရှာကိုထားခဲ့ပြီး အန်ဂျလီနဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အန်ဂျလီဆိုတဲ့ကောင်မလေးကတော့ ရိုးရာယဉ်ကျေးမှုအတိုင်းထိန်းထိန်းသိမ်းသိမ်းနေတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။ ကာရန်ကတော့ ဒီလို အတင်းအကျပ်ပေးစားတဲ့ မင်္ဂလာပွဲကိုမလုပ်ချင်တဲ့အတွက်ကြောင့်နဲ့ ဒီမင်္ဂလာပွဲကို ပျက်သွားအောင် ကြံစည်ပါတော့တယ်။ ဒီအချိန်မှာပဲ အန်ဂျလီတစ်ယောက် နာတာရှာ့အကြောင်းကို သိသွားပြီးတဲ့နောက်မှာတော့သူ့သူငယ်ချင်းဖြစ်သူ ဗင်နော့နဲ့ ဆွေးနွေးတိုင်ပင်ပါတော့တယ်။ ဒီလိုနဲ့ ကာရန်, ဗင်နော့,အန်ဂျလီနဲ့ နာတာရှာတို့ကြားထဲက ဆက်ဆံရေး, ယုံကြည်မှု, ကိုးကွယ်မှုနဲ့ အနစ်နာခံမှုတွေနဲ့အတူကြည့်ရှုရမယ့် မိသားစု ဒရာမာဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
...

Roudhra Rupaya (2024) ⭐IMDB: 8.4/10 (2 k Votes) 🎬 #Action #Bollywood 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 52 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Roudhra Rupaya (2024) ထိတ်လန့်ဖွယ်ရာဧည့်ဂေဟာ ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားလို့အဘိုးဖြစ်သူနဲ့နေထိုင်‌ခဲ့ရတဲ့ညီအစ်မ၂ယောက်အာဒယာနဲ့ အဘီတဲ့ အာဒယာကအကြီးဖြစ်ပြီးရုံးအလုပ်လုပ်နေသူပေါ့ တစ်နေ့တော့ရာထူးတိုးနဲ့ပြောင်းရွှေ့ကျလာပါတယ်သူသွားရမဲ့နေရာကတော့ဂိုအာပါ မြေးလေးကိုမလွှတ်ချင်ပေမဲ့မသွားမဖြစ်ဆိုတော့ စိတ်မချခြင်းတွေနဲ့အဘိုးဖြစ်သူကလွှတ်လိုက်ရတာပေါ့ အာဒယာက အဖော်အဖြစ်နဲ့ ညီမလေးကိုပါခေါ်သွားခဲ့တယ်ဂိုအာရောက်တော့ ဇာတ်လမ်းစလာပါပြီ သူတို့အတွက်စီစဉ်ပေးနေတဲ့နေရာကအဆင်မပြေသေးတာကြောင့် ကုမ္ပဏီရဲ့ဧည့်ဂေဟာမှာရက်ပိုင်းလောက်နေဖို့အကြောင်းဖန်လာခဲ့တယ်ဒီဗီလာရဲ့ထူးခြားချက်ကတော့ ဗီလာနာမည်ကြားတဲ့လူတိုင်းကြောက်ကြတာပါ အကြောင်းကတော့ ဗီလာထဲဝင်သွားတဲ့လူပဲရှိပြီး ဘယ်သူမှပြန်ထွက်မလာနိုင်လို့ပါပဲအကြောင်းမသိသေးတဲ့သူတို့ညီအစ်မကိုတော့ သတိပေးတဲ့လူကပေးပေါ့ဒါပေမဲ့လည်းဒီနေရာကလွဲ နေရာစိမ်းမှာ သွားစရာကမရှိတော့ဒီဗီလာမှာပဲနေဖို့ဆုံးဖြတ်လိုက်ကြရတယ် ဆိုတော့မိန်းမသား၂ယောက်နဲ့ ချောက်ချားစရာဗီလာအကြောင်း ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Bluri တို့ပဲဖြစ်ပါတယ်
...

Expeditie Cupido (2024) ⭐IMDB: 3.9/10 (112 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Netherlands ⏰ 1 နာရီ 32 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Expeditie Cupido 2024 အနုပညာလောကမှာ နေဝင်ချိန်ရောက်နေတဲ့ ယက်စ်မေတစ်ယောက်သတင်းဆိုးတွေလည်းထွက်နေတဲ့ကြားက ဆက်ဆီMVရိုက်နေရတဲ့အထိ ဘဝတွေဆိုးနေချိန်မှာ သူ့ဆီကရောက်လာတဲ့ အခွင့်အရေးတစ်ခု ဒီအခွင့်အရေးကတော့ ပစိဖိတ်သမုဒ္ဒရာထဲက လူသူအရောက်နည်းတဲ့ကျွန်းတစ်ကျွန်းမှာ Dating reality showတစ်ခုသွားရိုက်ဖို့ပါ။ ကျွန်းပေါ်က reality showဆိုတဲ့အကြံကို သဘောမကျပေမဲ့ အနုပညာလောကမှာဆက်နေဖို့ရွေးစရာမရှိတဲ့ ယက်စ်မေတစ်ယောက် ဒီအလုပ်ကိုလက်ခံလိုက်ပါသတဲ့။ ဒီလိုနဲ့ တခြားဆယ်လီ ၇ ယောက်နဲ့အတူ ရိုက်ကူးရေးလုပ်နေတုန်း မုန်တိုင်းတိုက်ပြီးအားလုံးပြတ်တောက်သွားတဲ့အတွက် ဟန်ပြdating survival ရှိုးကနေတကယ်ကြီး အသက်ရှင်ဖို့ ရုန်းကန်ရဖို့ ဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamတို့ပဲဖြစ်ပါတယ်)
...

Blind at Heart (2023) ⭐TMDB: 48% User Score 🎬 #Drama #History 🗓 2023 🎞 movie 🌎 #Germany #Luxembourg #Switzerland ⏰ 2 နာရီ 18 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blind at Heart aka Die Mittagsfrau (2023)IMDb 6.3 ဒုတိယကမ္ဘာစစ် ဂျာမနီကိုနောက်ခံထားတဲ့ ဂျာမန်စကားပြောရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ဟဲလီနာက သူတို့ခေတ်က မိန်းကလေးတွေနဲ့ အတွေးအမြင်တွေမတူတဲ့ ကောင်မလေးအဖေဖြစ်သူက စစ်ကြီးက ပြန်မရောက်လာနိုင်တော့သလိုအမေဖြစ်သူကလည်း ရူးကြောင်ကြောင်ဖြစ်သွားတဲ့အခါမှာမာသာနဲ့အတူတူ အဒေါ်ရှိရာ မြို့တော်ဘာလင်ကို ရောက်လာခဲ့တယ် ဘာလင်မှာ ဘဝသစ်ထူထောင်ဖို့ စိတ်ပိုင်းဖြတ်ရင်း သူ့အိပ်မက်ဖြစ်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုကြိုးစားမှာလဲသူ့ဘဝထဲ ဘယ်လိုယောကျ်ားတွေဝင်လာပြီး ဘယ်သူတွေနဲ့ ဘယ်လိုဒရာမာတွေဖြစ်ဦးမှာလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်
...