fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Death is All Around (2023) ⭐TMDB: 50.0% User Score 🎬 #Drama 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 32 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Death is All Around (2024) သင့်အနီးအနားက မရဏတရား လူသားတွေက စိတ်ညစ်တာတွေများလာတဲ့အခါ အရမ်းတွေစိတ်ဖိစီးလာခဲ့အခါမျိုးမှာလွတ်ရာလွတ်ကြောင်း ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်တတ်ကြပါတယ်။အဲဒီလိုလုပ်တဲ့အခါမှာ သူတို့ရဲ့ဝိညာဉ်က နောင်ဘဝကို မကူးခင် အပြစ်တွေကိုကျေအောင်အရင်ဆပ်ရပါတယ်။သတ်သေတဲ့ ဝိညာဉ်တွေကို အပြစ်တွေကျေနိုင်ဖို့ကူညီလမ်းပြပေးနေတဲ့ ကူညီသူဆိုတာရှိပါတယ်။ကူညီသူတွေကတော့ လူသားလည်းမဟုတ် ဝိညာဉ်လည်းမဟုတ် လူတွေရဲ့ယုံကြည်မှုကနေ မွေးဖွားလာသူတွေပါ။ကူညီသူတွေမှာ လူသားတွေနဲ့တိုက်ရိုက်ပတ်သတ်မှုမရှိရချစ်သူမဖြစ်ရဆိုတဲ့ စည်းကမ်းချက်ကရှိနေပါသေးတယ်။ကူညီသူတွေထဲကမှ အတော်ဆုံးနံပါတ်၁ဖြစ်တဲ့ ကူညီသူသန့်ခ်ကတော့လူသားတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးရင်းလူသားကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့ ……..အဲဒီကောင်မလေးနဲ့ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ …..ကူညီသူတစ်ယောက်ရဲ့ တာဝန်တွေကျေပွန်အောင်ရောဘယ်လိုတွေ ထမ်းဆောင်သွားမလဲ… ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့Char Ouက ရေးထားပေးပြိးတော့ဘာသာပြန်ထားတာကတော့Char Ou, Kaung, Maryတို့ပဲ ဖြစ်ပါတယ်။
...

Argylle (2024) ⭐IMDB: 6.0/10 (30 k Votes) 🎬 #Action #Comedy #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kingsmen ဒါရိုက်တာ Matthew Vaughn ရဲ့ လက်ရာအသစ် အက်ရှင် သရေလာ ကားပါ။ ကင်းမန်းစတိုင် ဖိုက်တင်ခန်း ကောင်းကောင်းတွေနဲ့ စပိုင်ဇာတ်လမ်းရိုက်ကူးထားတာပါပဲ။ စူပါမန်းမင်းသား Henry Cavill၊ John Cena နဲ့ Dua Lipa တို့ကတော့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ အဓိက မင်းသမီးကတော့ Bryce Dallas Howard ပါပဲ။ ဇာတ်လမ်းအကျဉ်း အယ်လီကွန်ဝေးဆိုတဲ့ စာရေးဆရာမ တစ်ယောက်ဟာ ၅ နှစ်အတွင်း ရောင်းအကောင်းဆုံး ကမ္ဘာကျော် စပိုင် ဝတ္ထု ၄ အုပ်ကို ထုတ်ဝေခဲ့တဲ့သူပါ။ ၅ အုပ်မြောက်စာအုပ်ကို အဆုံးသတ်ပြီး စာမူကြမ်းထွက်တဲ့အချိန်မှာပဲ သူ့ကို လုပ်ကြံမဲ့ အေးဂျင့်တွေ စပိုင်တွေ၊ သူ့ကိုကယ်မဲ့ စပိုင်တွေ တကယ်တွေ့လာရပြီး သူ့စာအုပ်တွေထဲက အဖြစ်တွေက အပြင်မှာပါ တကယ်ဖြစ်နေတာကို သိလိုက်ရပါတယ်။ ကြောက်စရာကောင်းတဲ့ လျို့ဝှက်အဖွဲ့ကြီးနဲ့ အေးဂျင့်တွေက သူ့ကို ဘာလို့ အသည်းအသန်လိုချင်နေတာလဲဆိုတာကို တဖြည်းဖြည်းနဲ့ သူကိုယ်တိုင်သိလာရပြီး အသက်ရှင်ဖို့အတွက် ရုန်းကန်ရပါတော့တယ်။
...

Let's Talk About CHU (2024) ⭐TMDB: 78.0% User Score 🎬 #Family #Drama #Comedy 🗓 2024 🎞 Series 🌎 #Taiwan ⏰ 44 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Let’s Talk About CHUလူကြီးမိဘများနှင့် အတူမကြည့်သင့်သော အခန်းများပါ၀င်ပါသည်။ ဒီဇာတ်ကားလေးကတော့ 2024မှ Netflix ကနေပြထားတဲ့ လိင်အသိပညာပေး ထိုင်ဝမ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးအနေနဲ့Wax နည်းပညာရှင်တစ်ဦးဖြစ်တဲ့ ချူအိုက်လို့‌ခေါ်တဲ့ ကောင်မလေးက” အတွင်းရေး အလင်းအစီအစဉ် ” ဆိုတဲ့ခေါင်းစဉ်နဲ့ လိင်ပညာပေး အကြောင်းအရာvlog တွေတင်တဲ့ယူတျု့ချန်နယ်တစ်ခုထောင်ထားတဲ့သူပါ ။ သူမက ဘဝကို” only sex , no love ” ဆိုတဲ့ဆောင်ပုဒ်နဲ့ပဲနေထိုင်ပြီးတော့ အချစ်ကိုအယုံအကြည်မရှိတဲ့သူပေါ့ ။ဒါ့အပြင်သူမက ဖျင်ခဲ့နဲ့လည်း ကာလရှည် အိပ်ဖော်အဖြစ်ဆက်ဆံရေးတစ်ခုရှိနေပါသေးတယ်။ဒါပေမဲ့ ချူမိသားစုထဲမှာပဲ sex နဲ့ love ကြား စိတ်ဆန္ဒတွေကို မခွဲခြားနိုင်မဖြည့်ဆည်းနိုင်တဲ့ ပြဿနာလေးတွေပေါ်လာချိန်မှာတော့… ချူအိုက်တစ်ယောက်ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းသွားမလဲ ? မိမိကိုယ်ကိုယ်ရောရှာတွေ့သွားမလား ?ဒါမှမဟုတ် ရုပ်ပိုင်းဆိုင်ရာထက်ပိုတဲ့ ဆက်ဆံရေးတစ်ခုကို စတင်နိုင်မလားဆိုတာကိုဆက်ပြီးကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစေရှင်။
...

Night Explorers: The Asylum (2023) ⭐IMDB: 4.3/10 (197 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ horror အမျိုးအစားရုပ်ရှင်ဇာတ် လမ်းလေးပါ။ ဇာတ်လမ်းအကြောင်းကတော့… မင်းသားတို့သူငယ်ချင်းတစ်စုဟာ ချန်နယ်တစ်ခုထောင်ထားပြီးတော့ ခြောက်ခြားစရာကောင်းတဲ့နေရာတွေမှာ ပရလောကနဲ့ဆက်သွယ်တဲ့အကြောင်းကို တင်ဆက်ကြတဲ့သူတွေပါ။ သူတို့က အခုအခါမှာတော့ ကြုံတော့ကြုံခဲအနေနဲ့ ပီလိုစီစိတ္တဇဆေးရုံကို ဝင်ခွင့်ရခဲ့ကြပါတယ်။ ပီလိုစီဆေးရုံကိုသွားဖို့အတွက် သူတို့ကအခြားအဖွဲ့တစ်ခုနဲ့ပူးပေါင်းပြီးသွားကြပါတယ်။ အရင်တင်ဆက်ထားတဲ့ ဗီဒီယိုတွေမှာ သရဲခြောက်တာကိုအလိမ်အညာလုပ်တာ အရမ်းများသွားတဲ့အတွက် ဒီတခါမှာတော့ အလိမ်အညာမလုပ်တော့ပဲ တကယ်သရဲခြောက်တဲ့အတွေ့အကြုံကိုပဲ တင်ဆက်ကြမယ်ဆိုပြီးသွားကြပါတယ်။ ဆေးရုံကိုရောက်တဲ့အခါ ဆေးရုံကအရမ်းကြီးလွန်းတော့ လူခွဲသွားဖို့အကြောင်းဖန်လာပါတယ်။ ဆေးရုံထဲမှာ ဖုန်းလိုင်းကလည်းမမိ၊ ယူသွားတဲ့ရေဒီယိုတွေကလည်း နံရံတွေအရမ်းထူနေတဲ့အတွက် ကောင်းကောင်းအသုံးပြုလို့မရဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။
...

Planetquake (2024) ⭐IMDB: 4.0/10 (108 Votes) 🎬 #Adventure #SciFi #Action #Drama #Fantasy #ScienceFiction #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 ခုနှစ်ထွက် Disaster, sci-fi ကားလေးတစ်ကား လာပါပြီ။ ထုံးစံအတိုင်း ကမ္ဘာကြီးကို ဘေးအမျိုးမျိုးနဲ့ ဒါရိုက်တာတွေက လက်စွမ်းပြဖျက်ဆီးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဦးသန်မာကမ္ဘာကြီးပဲ ယက်ကန်ယက်ကန်နဲ့ ဆက်လက်တည်ရှိသွားမယ့် ဇာတ်လမ်းကျောရိုးပါ။ ကဲ အခုတစ်ခါလည်း ကမ္ဘာကြီးကို ဘယ်လိုဇာတ်လမ်းဆင်ပြီး ဖျက်ပြကြဦးမလဲ ကြည့်ကြရအောင်ပါ။ ဒေါက်တာ မီလီ၊ ဒေါက်တာ ဒရက်စ်ဒန်မောင်နှမဟာ ငလျင်ဗေဒပညာရှင် ဉာဏ်ကြီးရှင်ငတော်ကြီးနှစ်ယောက်ပါ။ ပြောရရင် အစ်ကိုဖြစ်သူဒရက်စ်ဒန်က ပိုတော်ပါတယ်။ တော်လွန်းလို့ အမေရိကန်စစ်တပ်က အာကာသနျူကလီးယားလက်နက်အခြေစိုက်စခန်းစီမံကိန်းမှာ ခေါ်ခန့်ပါတယ်။ ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို မြင့်တယ်ထင်တဲ့သကောင့်သားက ဒီလိုလက်နက်တွေမရှိသင့်ဘူးဘာညာစသဖြင့် စာရိတ္တတရားတွေ စွတ်ရှိပြပြီး လျို့ဝှက်ဖိုင်တွေခိုးပြေးကာ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေပါတယ်။ ဇာတ်လမ်းက အခုမှစမှာပါ။ နျူကလီးယားအကြွင်းအကျန်တွေရှင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဘယ်ကဘယ်လိုကလိလိုက်တယ်မသိ၊ ကမ္ဘာ့မြေအောက်ကျောက်ချပ်လွှာတွေ ဆက်စပ်နေတဲ့ ငလျင်ပြတ်ရွှေ့ကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်ပြီး ငလျင်တွေထလှုပ်ပါတယ်။ ရစ်ချ်တာ ၈ လောက်အထိတက်တဲ့ငလျင်တွေဆိုတော့ ပြင်းအားကတော့ ခန့်မှန်းသာကြည့်ကြပါတော့ခင်ဗျာ။ အဲ့အချိန်မှာ ဒေါက်တာ မီလီက ငလျင်စောင့်ကြည့်ရေးဌာနတာဝန်ခံဖြစ်တဲ့အတွက် ဒီငလျင်တွေကိုခန့်မှန်းတွက်ချက်ပြီး နောက်လာမယ့် ငလျင်တွေမတိုင်ခင် ကြိုတင်ဆောင်ရွက်စရာတွေအတွက် စီမံဆောင်ရွက်ပေးဖို့ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ သမီးဖြစ်သူဆိုဖီကလည်း အဲ့နေ့မှာပဲ လေယာဥ်စီးပြီးသူ့ဆီလိုက်အလာ လေယာဥ်ကွင်းထဲမဆင်းနိုင်ခင်မှာတင် ငလျင်ကြောင့်တိုင်တွေပတ်ပြီး အကုန်ဇယားတွေနောက်ကုန်ပါတယ်။ မီလီ့အမျိုးသား ဆိုဖီ့အဖေကလည်း ခေသူတော့မဟုတ်ပါဘူး။ အမျိုးသားအစောင့်တပ်က ဗိုလ်မှူးပါ။ တိုက်ဆိုင်လိုက်ပုံက သူ့သမီးကိုသူကိုယ်တိုင်သွားကယ်ရမယ့် မစ်ရှင်ခေါင်းဆောင် အခန့်ခံရပါတယ်။ တစ်ဖက်မှာလည်း ဒေါက်တာမီလီတစ်ယောက် အားပြင်းငလျင်တွေကို ဘာလုပ်ရမှန်းမသိ၊ ခြေမကိုင်မိလက်မကိုင်မိနဲ့ ပျားတွေတုပ်နေပါတယ်။ အဲ့အချိန်မှာပဲ NSC ညွှန်မှူး ဗိုလ်ချုပ်ကြီးဝက်စ်ရဲ့ ညွှန်ကြားချက်နဲ့ သူ့အစ်ကို မာစတာဘရိန်းကြီး ဒရက်စ်ဒန်ကိုပြန်ခေါ်ပြီး ဂြိုဟ်ဖျက်ငလျင်ကြီးတွေကို လူလေးလက်တစ်ဆုပ်စာလောက်နဲ့ အံ့မခန်းတားဆီးပြမယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။ Erica Duke၊ Phillip Andre Botello၊ Anthony Jensen၊ Erin Gall၊ Doug Jeffery၊ Michael Pare တို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ Monroe Robertson ပါ။ ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါစို့ဗျာ။
...

Slashening: The Final Beginning (2021) ⭐IMDB: 4.6/10 (120 Votes) 🎬 #Comedy #Horror #Thriller 🗓 2021 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 21 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size…(1.5 GB)/(665 Mb)Quality….Blu-Ray 1080p / 720pFormat…mp4Duration….01:20:00Genre…Comedy, Horror, ThrillerSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by TMMT
...

Ajami (2009) ⭐TMDB: 71.0% User Score 🎬 #Crime #Drama 🗓 2009 🎞 Series 🌎 #Israel #Germany ⏰ 2 နာရီ 6 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် thriller/crime ရုပ်ရှင်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းထဲမှာတော့ TelAvi မှာကြုံတွေ့ခဲ့ရတဲ့ Muslimsနဲ့ Christians ကြားက ပြဿာနာပဠိပက္ခတွေကို တင်ဆက်ရိုက်ကူးထားတဲ့အပြင် အစ္စရေး Ajamiမှာ နေထိုင်နေတဲ့ နိုင်ငံသားတွေတွေ့ကြုံရတဲ့ society တစ်ခုက community တွေကြားက ချိတ်ဆက်မှုတွေ ခွဲခြားမှုတွေ အခက်အခဲ‌တွေ commual conflicts တွေကို အခန်းဆက် 5 ခုနဲ့ပါ ထိထိမိမိတင်ပြထားပါတယ်။ တကယ့်ကို harsh powerful ဖြစ်တဲ့ဇာတ်လမ်းကောင်းတစ်ခုလို့ဆိုရမှာပါ။ အားလုံးပဲကြည့်ရှူပေးကြပါဦး။
...

Ribblehead (2022) ⭐IMDB: 4.6/10 (24 Votes) 🎬 #Thriller #Horror 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 28 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အင်ဒီရုပ်ရှင်တစ်ခုဖြစ်တဲ့ Ribblehead က ထွက်​တာ​မကြာသေးတဲ့ ဗြိတိသျှ​ စိတ္တဇ​ဒရာမာရုပ်ရှင်ဖြစ်ပြီး သဘာဝ​လွန် Horror လို့​လည်းပြောလို့ရပါတယ်။ ဇာတ်ကား​နာမည်ဖြစ်တဲ့ Ribblehead​ က ဗြိတိန်​နိုင်​ငံမှာတည်​ရှိပြီး လူသိများကျော်ကြားတဲ့ Landmark ဒေသဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ တောင်ကြားဖြတ်တံတားနဲ့ ရထားလမ်း​အကြောင်း​ကို​လည်း​ Documentary တွေ​အများကြီး​ရိုက်​ထားတာရှိပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ မာခ့်စမစ်ဆင် ဟာ စာအုပ်​တစ်​အုပ်​တည်း​နဲ့ အောင်မြင်​သွား​တဲ့​ လူငယ်​စာရေးဆရာ​ဖြစ်ပြီး အရက်​စွဲနေပါတယ်။ ဒုတိယ​တစ်အုပ်ကိုရေးဖို့ကြိုးစားရင်း စိတ်ပိုင်းအခြေအနေဆိုးဝါးလာပြီး စာဆက်ရေးဖို့ အခက်​အခဲတွေရှိလာတာကြောင့် ဇနီး​ဖြစ်သူနဲ့အတူ အမွေရထားတဲ့ ကျေး​လက်​ဒေသ​က အိမ်ကြီးတစ်လုံးကိုပြောင်းလာခဲ့ပါတယ်။ အဲဒီ​ဒေသမှာ နာမည်​ကျော်​ Ribblehead တံတား​ကြီးနဲ့ ရထားလမ်း​ရှိပြီး ဒီရထားလမ်းကိုဖောက်လုပ်ရင်း အလုပ်သမား​တွေအများကြီးကွယ်လွန်ခဲ့ရပြီး မာခ့်​ရဲ့အဘေးဖြစ်သူလည်းပါဝင်ပါတယ်။ သူ့ရဲ့​ဒုတိယ​ဝတ္ထု​ကို ဒီ​ရထား​လမ်းအကြောင်း အခြေခံပြီး ရေးမယ်လို့ဆုံးဖြတ်ပြီး လိုအပ်​တဲ့သမိုင်းအချက်အလက်တွေကို သုတေသန​ပြုရှာဖွေရာကနေ ကြောက်​စရာကောင်းတဲ့ အဖြစ်​အပျက်တွေ တစ်ခု​ပြီး​တစ်ခုပေါ်လာပြီး အရှိတရားနဲ့ စိတ်​ထင်​ယောင်မှား​မှုကြား ဝေခွဲမရဖြစ်လာကာ သူနဲ့သူ့ဇနီးဖြစ်သူ ဆာရာတို့ရဲ့အသက်အန္တရာယ်အထိ ခြိမ်း​ခြောက်​လာပါတော့တယ်။ ဇာတ်လမ်း​က slow burn အမျိုး​အစားဖြစ်ပြီး ဇာတ်​အိမ်​က လှပကောင်းမွန်ပါတယ်။ ဇာတ်​ရှိန်​တက်တာ အနည်းငယ်နှေးပြီး စိတ္တဇ​ဒရာမာ​အမျိုးအစား​ဖြစ်ပေမဲ့ သဘာဝလွန်ပြကွက်တွေလည်းပါဝင်ပါတယ်။ မာခ့်​မြင်နေရတဲ့ ဖြစ်​ရပ်တွေက သူ့စိတ်ထင်မဟုတ်ဘဲ တကယ်​ဖြစ်​ခဲ့တာမျိုးပါ။ ဇာတ်ကား​ရဲ့ Cinematography​ က ကောင်း​မွန်ပြီး Ribblehead​ ဒေသရဲ့လှပတဲ့ရှုခင်းတွေကို မြင်​တွေ့ရမှာပါ။ Slow burn အင်ဒီရုပ်ရှင်မျိုးကြိုက်ရင် သေချာ​အချိန်​ယူပြီး ကြည့်ရှုသင့်တဲ့ ဇာတ်​ကားကောင်းတစ်ကားဖြစ်ပါတယ်။
...

A Korean Odyssey (2017) ⭐TMDB: 82.0% User Score 🎬 #Comedy #Mystery #SciFi #Fantasy #Drama 🗓 2017 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 16 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Korean Odyssey (2017)           IMDb Rating 8.9 ရထားတဲ့ tvN က လက်ရှိအပါတ်စဥ်စနေတနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ကိုးရီးယားစီးရီးလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးမှာ မိနစ် ၉၀စာ အပိုင်း ၂၀ ပါ၀င်မယ်လို့ ပြောပါတယ်။စီးရီးအမျိုးအစားကတော့ Romance Comedy Horror Fantasy ရသစုံပါ၀င်တဲ့ စီးရီးလေးပါ။tvN က ကိုးရီးယားပြည်တွင်းမှာ ထုတ်လွှင့်ပြသနေသလိုNetflix ကလည်း Globally distributor အနေနဲ့ တစ်ကမာၻလုံးကို ထုတ်လွှင့်ပြသနေတဲ့စီးရီးလေးပါ။အစကနဦးက ဒါရိုက်တာတစ်ဦးထဲရိုက်ကူးခဲ့ပေမယ့် အာရှသာမကကမာၻအနှံ့ထုတ်လွှင့်ပြသမှာဖြစ်တာကြောင့် နောက်ထပ်နာမည်ကျော်ဒါရိုက်တာနှစ်ယောက်လည်းပါ၀င်လာတာကြောင့် စုစုပေါင်း ဒါရိုက်တာ ၃ ဦး ကောင်းမွန်သေသပ်တဲ့ CGI effectတွေနဲ့အတူအကောင်းဆုံးလက်စွမ်းပြထားတဲ့စီးရီးဖြစ်သလို ဇာတ်ညွှန်းရေးတဲ့သူကလည်း ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Master’s sun , My girlfriend is a Nine-Tailed Fox ,My girl အစရှိတဲ့စီးရီးတွေကို ရေးခဲ့တဲ့နာမည်ကျော် Hong sisters ပါ။ဒီစီးရီးကတော့ အရင်ကျွန်တော်တို့ ကလေးဘ၀ကအသဲစွဲကြိုက်ခဲ့ရတဲ့ “Journey to the West” နာမည်ကျော် စွန်း၀ူခုံးဇာတ်ကားကိုကျောရိုးယူထားပြီး အသွင်သစ်အမြင်သစ်တွေနဲ့ ကိုးရီးယားဗားရှင်း ပြောင်းရိုက်ထားတာပါ။စွန်း၀ူခုံးလို့ ပြောလိုက်တာနဲ့ကို ဆရာတော်နဲ့ သူရဲ့တပည့်ကျော်သုံးယောက်ကို တစ်ခါတည်းတွဲမြင်ပြီးသားဖြစ်မှာပါ။ ကိုးရီးယားဗားရှင်းမှာ Romance ဖြစ်တာကြောင့် ဆရာတော်နေရာဆိုရင်Romance လုပ်လို့မရတာကြောင့် ဘုန်းကညာတစ်ပါး လုံးရာကပြားပြီး ဒီစီးရီးမှာမိန်းကလေးလိုအသွင်သစ်နဲ့ မြင်ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့………..တရုတ်ဒဏ္ဍရီအယူအဆအရ ဒီလောကမှာ လူသားတွေအပြင်အခြားနာနာဘာ၀ ၀ိနာဘာ၀တွေ မိစာၦတွေ မကောင်းဆိုး၀ါးတွေ ရှိကြပါတယ်။ဒီထဲမှာမှ တိရိစာၦန်နွယ်၀င်မိစာၦတွေဟာ သက်တမ်းရှည်ပြီး Supernatural သဘာ၀လွန်စွမ်းအားတွေပိုင်ဆိုင်ပြီးလူသားအသွင်ပြောင်းတာတွေ လုပ်နိုင်သလို တာအို၀ါဒအတိုင်း ကျင့်ကြံပြီးကောင်းတာတွေလုပ်လို့ရှိရင် နတ်ဘုံနတ်နန်း နတ်အနွယ်၀င်ဖြစ်လာနိုင်ပါတယ်တဲ့။၂၁ ရာစုမှာတော့ ဒိမိစာၦတွေဟာ လူသားအသွင်ဖန်ဆင်းပြီးတော့ကောင်းကင်ဘုံ ရောက်နိုင်ဖို့အတွက် ကျင့်ကြံနေကြပါတယ်။ဒီလူ့လောကထဲမှာအောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေတောင် ဖြစ်နေကြပါပြီ။နွားမိစာၦ မာ၀မ်လည်း တစ်ယောက်အပါအ၀င်ပေါ့။အဲဒီမိစာၦတွေထဲက စွန်းအိုဂွန်းလို့ခေါ်တဲ့မျောက်မင်းတစ်ကောင်ဟာစွမ်းအား အလွန်ကြီးပါတယ်။ သူရဲ့စွမ်းအားတွေကတော့အလေးချိန်ပေါင် ၂သောင်းလောက်ကိုအလွယ်တကူမ နိုင်သလို အမြန်နှုန်းကကမာၻကိုတစ်ပတ်ပါတ်ဖို့  ၂စက္ကန့်ပဲကြာလို့ Flash ထက်တောင်မြန်ပါတယ်။အသွင်သဏ္ဍန်အမျိုးမျိုးပြောင်းနိုင်ပြီး ကောင်းကင်ဘုံရဲ့ အတော်ဆုံးစစ်သည်တော်တွေကိုတောင်ယှဥ်ပြိုင်နိုင်ပါတယ်။ လေ-ရေ-မိုးတိမ်တွေကို ထိန်းချုပ်နိုင်တဲ့ဂာထာတွေတတ်သလိုတခြားစွမ်းအားတွေအများကြီးပိုင်ဆိုင်ပါတယ်။ တစ်နေ့တော့ ကောင်းကင်ဘုံမှာမူးပြီးသောင်းကျန်းလို့ မိုးနတ်မင်းက သူ့ကိုတောင်ငါးလုံးအောက်မှာ ဖမ်းချုပ်ထားတာခံနေရပါတယ်။ဂျင်ဆွန်းမီလို့ ကလေးမလေးတစ်ယောက်ဟာ တစ္ဆေသူရဲတွေကို မြင်နိုင်တဲ့ထူးခြားတဲ့ကလေးမလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ နွားမိစာၦ မာ၀မ်ဟာစွန်းအိုဂွန်းဖမ်းချုပ်ထားတဲ့ဆီက ယပ်တောင်ကို လိုချင်တာကြောင့် ဒီကလေးမလေးကိုယူဖို့ခိုင်းလိုက်ရင်း ကလေးမလေးဟာ စွန်းအိုဂွန်းကို အချုပ်အနှောင်ကလွတ်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်ပေးလို့ အပြန်အလှန်အနေနဲ့ ကလေးမလေးကို စွန်းအိုဂွန်းကသူ့နာမည်ခေါ်လိုက်တာနဲ့ ရောက်လာပြီး ကူညီစောင့်ရှောက်ပေးဖို့  ကတိက၀တ်ပြုထားကြပါတယ်။ဒါပေမယ့် စွန်းအိုဂွန်းကတော့ မျောက်ကျင့်မျောက်ကြံအတိုင်း မကူညီချင်လို့ကလေးမလေးရဲ့ မှတ်ဥာဏ်ထဲက သူ့နာမည်ကိုဖျက်ပစ်လိုက်ပြီး ပျောက်ကွယ်သွားပါတယ်။ဂျင်ဆွန်းမီကတော့ မျောက်မင်းစွန်းအိုဂွန်းကို လွတ်ပေးလိုက်မိတဲ့အတွက်ဆရာတော်ထျန်ဆန်းရဲ့ သွေးကို  အမွေဆက်ခံရသူဖြစ်သွားပါတယ်။လူသားတွေအတွက်မသိသာပေမယ့်  သူရဲ့အသွေးအသားကို သောက်သုံးရတဲ့မိစာၦတွေဟာအသက်ရှည်စွမ်းအားတွေအလွန်တိုးလာနိုင်ပါတယ်။ ဒါကြောင့် သူဟာ မိစာၦတွေအားလုံးကငမ်းငမ်းတက်လိုချင်နေတဲ့သွေးပိုင်ရှင်ဖြစ်လာပါတော့တယ်။-ဒီလို အန္တရာယ်တွေကို သူဘယ်လိုကျော်လွှားမှာလဲ-သူ့ကို အကာအကွယ်ပေးမယ့် စွန်းအိုဂွန်း နာမည်ကို ဘယ်လိုမှတ်မိအောင်ပြန်လုပ်မှာလဲ-စွန်းအိုဂွန်းကို ဘယ်လိုများထိန်းချုပ်နိုင်မှာလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြည့်လိုက်ပါ။စွန်းအိုဂွန်းအနေနဲ့ Gu Family Book, My girlfriend is a nine-tailed fox တို့နဲ့လူသိများတဲ့မင်းသား မင်းသား Li-Seung Gi ,  ဂျင်ဆွန်းမီအနေနဲ့ မင်းသမီး Oh Yeon Seo ( Shine or Go Crazy, Come back Mist...

The Walking Dead: The Ones Who Live (2024) ⭐TMDB: 83.0% User Score 🎬 #SciFi #Fantasy #Drama 🗓 2024 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 2 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Walking Dead: The Ones Who Live (2024) AMC Walking dead universe ရဲ့ အဓိကဇာတ်ကောင် ၂ ယောက်ဖြစ်တဲ့ Rick Grime နဲ့ Michoone ရဲ့ ဇာတ်လမ်းတွဲထွက်ရှိလာပါပြီသာမန် WD sequel ဇာတ်လမ်းတွဲတွေနဲ့ယှဉ်ရင် ဒီဇာတ်လမ်းတွဲက ဘက်ဂျက်လည်း ပိုသုံးထားပြီး ကြည့်ရတာအတော်လေးခမ်းခမ်းနားနားရှိပါတယ်…. စီစင် ၁၁ ထဲက လွမ်းနေရတဲ့ ရစ်ခ်ဂရိုင်းကြီး ပြန်ပါလာပြီဆိုတော့ ဇာတ်လမ်းဇာတ်ကွက်က ပြောစရာမလိုပါဘူးဇာတ်တည်ထားတဲ့ပုံစံက တံတားပေါ်မှာ အားလုံးက သေပြီလို့ထင်ထားတဲ့ ရစ်ခ်ဂရိုင်းဟာ လူ ၂ သိန်းကျော်နေတဲ့ လျှို့ဝှက်မြို့ကြီးကိုရောက်သွားပါတယ် အဲ့ဒီမှာသူနိုးထလာတော့ တစ်မြို့လုံးကို စစ်တပ်က အုပ်ချုပ်တာဖြစ်ပြီး … လူတွေကို အဆင့် အေ နဲ့ ဘီဆိုပြီးခွဲထားပါတယ်… အေက မြို့ကြီးတွေမှာနေခွင့်ရဲ့တဲ့ နိုင်ငံသားတွေ ဘီက ရစ်ခ်လိုပြင်ပကရောက်လာသူ အောက်ခြေတွေ… ဘီလူတန်းစားတွေ အေအဆင့်ရောက်ဖို့ဆိုရင် မြို့စွန်ဖျားတွေမှာ အောက်ခြေသိမ်း ၆ နှစ်လုပ်ရပါတယ်…ဒါပေမယ့် အဲ့ဒီမြို့ဟာ အဝင်ပဲရှိပြီး ဘယ်သူမှထွက်ခွင့်မပေးပါဘူး..ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ နိုင်ငံတစ်ခုလိုဖြစ်နေတဲ့ မြို့ကြီးကနေ ထွက်ပြေးဖို့ကြိုးစားနေတာလည်း ရစ်ခ်တစ်ယောက်ပဲရှိပါတယ်… မီရှုန်းနဲ့ သူ့သမီးဂျူးဒစ်တို့ဆီကို ပြန်ရောက်ဖို့ ကြိုးစားနေတဲ့ ရစ်ခ်ဂရိုင်းနဲ့ ရစ်ခ်ကိုလိုက်ရှာနေတဲ့ မီရှုန်းတို့ နှစ်ယောက်ပြန်လည်တွေ့ရှိဖို့ ကြိုးစားကြပါတော့တယ်…( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်
...

Exiled (2006) ⭐TMDB: 73.0% User Score 🎬 #Action #Crime #Drama #Thriller 🗓 2006 🎞 Movie 🌎 #HongKong ⏰ 1 နာရီ 49 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Exiled (2006) ~ IMDb – 7.2/10, RT – 80%, Meta – 73% ~ Directed by“Johnnie To” ဂျွန်နီတိုရဲ့ ဒါရိုက်တာဘဝအစောပိုင်းမှာ ခုလို Crime Action ရုပ်ရှင်တွေကို စရိုက်ခဲ့တာတော့မဟုတ်ဘူး။ ကနဦးသူ့ရုပ်ရှင်တွေမှာ ဟာသနဲ့အက်ရှင်အရောကားတွေ ချောင်ကားတွေအထိ ရိုက်ခဲ့တယ်။ နောက်ကျ မှုခင်းအက်ရှင်ဘက် ပိုကူးလာတာတွေ့ရတယ်။ ဒါပေမဲ့ နှောင်းပိုင်းမှာတော့ Crime Action ကားတွေပဲ အရိုက်များလာခဲ့သလို အဲဒီကားတွေကလည်း သူ့မာစတာပိစ်ဖြစ်လာခဲ့တယ်။ ကနဦးအားဖြင့်တော့ သူက စတားတွေအသုံးများခဲ့တယ်။ ဒါပေမဲ့ သူ့တကယ့်မာစတာပိစ်ဆိုတာတွေကတော့ စတားတွေ မသုံးထားတာတွေပဲ။ သို့ပေမဲ့ သရုပ်ဆောင်ကောင်းတဲ့ သူသုံးနေကျလူတွေပါပဲ။ The Misson နောက်ပိုင်းကတည်းက ဒီလိုပုံစံမျိုးမှာ ဒီလူတွေကို သူခဏခဏသုံးလာခဲ့တယ်။ သူ့ကားတွေများပေမဲ့ ဒီလူတွေပါရင်ကို သူ့မာစတာပိစ်ကားလို့သတ်မှတ်လိုက်လို့ရတယ်။ ဒီနှစ်ကားကတော့ အဲဒီလူတွေကို သုံးထားတဲ့ သူ့မာစတာပိစ်၂ကားပေါ့။ Exiled (2006) ကလည်း ဂျွန်နီတို့ တစ်ချို့ရုပ်ရှင်တွေလိုမျိုး ရဲတွေဝင်မပါရဲတာကို ကောင်းကောင်းအသုံးချပြထားတဲ့ ဂျွန်နီတိုရုပ်ရှင်ပဲ။ ဒီဇာတ်အဖြစ်အပျက်တစ်ခုလုံးရဲ့ကြာချိန်ကို ဂိုဏ်းတွေပစ်ခတ်တဲ့ ကြားရောက်ရောက်လာတတ်တဲ့ ပင်စင်ယူတော့မယ့်ရဲအဘိုးကြီးကို သုံးပြီးပြသွားတယ်။ ဘယ်လိုပြလဲဆို‌တော့ သူတို့ပြဿနာစဖြစ်တဲ့အချိန်မှာ ရဲအဘိုးကြီးက သူပင်စင်ယူဖို့ ၃ရက်ပဲလိုတော့တယ် သူ့ဘာသာလေးနေပါရစေလို့ပြောတာကနေ စတယ်။ ဒီကနေ သူက ဂိုဏ်းတွေချပြီဆိုပေါ်လာတတ်တယ်။ သူပင်စင်ယူဖို့ ဘယ်နှနာရီပဲလိုတော့တယ် ထထအော်ပြီး လစ်လစ်သွားတယ်။ သူပင်စင်ယူမယ့်ညမှာ ဒီဇာတ်က ဆုံးသွားတယ်။ ဆိုတော့ အဖြစ်အပျက်တွေများပေမဲ့ ဒီဇာတ်က တကယ်တမ်း ၃ရက်ပဲ။ Exiled မှာ Anthony Wong, Francis Ng, Lam Suet, Nick Cheung, Richie Jen, Simon Yam တို့ပါထားတယ်။ ဒီလူတွေနဲ့ ဒီလိုကားတွေ လိုက်တယ်ဆိုတာ ထပ်ပြောဖို့မလိုလောက်တော့ဘူး။ Nick Cheung ရဲ့ ဇာတ်ကောင်က သူတို့ဘော့စ် Simon Yam ကို သတ်ဖို့ကြိုးစားခဲ့တယ်။ ဒီတော့ သူတို့ဘော့စ်က နစ်ရဲ့ဇာတ်ကောင်ကို သူ့လူတွေကို သတ်ခိုင်းတယ်။ သူ့လူတွေဆိုတာလည်း နစ်ရဲ့ ဘော်ဒါတွေချည်းပဲ။ ဒီတော့ သူတို့တွေ သတ်ဖို့သွားပေမဲ့ တကယ်တမ်းမသတ်ရက်ဘဲ အတူတူထွက်ပြေးကြဖို့ အကြောင်းဖန်လာတယ်။ ဒီမှာတစ်ခုရှိတာက ဒီအဖြစ်က ကိုရီးယားက ရိုက်တဲ့ Jang Dong-gun ပါတဲ့ Friend (2001) လို အဖြစ်မျိုးပဲ။ အဲဒီမှာတော့ ဘော်ဒါကိုသတ်လိုက်ပေမဲ့ ဒီမှာတော့ တော်တော်အားရစရာကောင်းတယ်။ နှစ်ခုယှဉ်ကြည့်လိုက်ရင် ဒီဇာတ်က တော်တော်အားရစရာကောင်းလိမ့်မယ်။ ဆိုခဲ့သလို သူတို့တွေ ပြေးဖို့ကြံရင်း ငွေရအောင် နောက်ဆုံးအလုပ်ကိုလုပ်ကြတယ်။ အဲဒီအလုပ်အဆင်မပြေသွားရာကနေ ဒီသုံးရက်အတွင်း ဘယ်လို ဂြိုဟ်တွေ ဝင်စီးလဲ ပြတယ်။ ဒါပဲ။ သူ့ထုံးစံအတိုင်း ဇာတ်အချိန်ကျဉ်းတယ်။ ကကျိုးကကြောင်အဖြစ်တွေလည်းပါတယ်။ ဂျွန်နီတိုအရသာအပြည့်ရတယ်။ ဒါမဲ့ တချို့အချက်တွေကြောင့် ဒီကားကို ဂျွန်နီတိုရဲ့အကောင်းဆုံးကားလို့ သတ်မှတ်ချင်မိတာမျိုးတော့ ရှိတယ်။ ဥပမာဆို နောက်ဆုံးပစ်ခန်း ပစ်ကြခတ်ကြတာတွေကို ကျွန်တော်တို့ကိုပြရင် အနည်းဆုံး ၅မိနစ်ဝန်းကျင်လောက်တော့ ကြည့်ရတယ်။ လူအုပ်လိုက်ကြီးပစ်ခတ်နေကြတာဆိုတော့ ထောင့်ပေါင်းစုံက ပတ်ပြနေတာကိုး။ ဒါပေမဲ့ ပစ်ခတ်ကြတဲ့အချိန်ဟာ ခဏလေးဆိုတာကို ကြည့်တဲ့သူ မြင်သာ‌အောင် ဂျွန်နီတိုက လှလှလေးပြသွားတယ်။ ဆိုင်မွန်ယန်းရဲ့ ဇာတ်ကောင် ဘော့စ်က ကျွဲရိုင်းဘူးကို ဝရန်တာက ပစ်ချပြီး သူ့လူတွေကို ပစ်ဖို့အချက်ပြတယ်။ ဘူးမကျခင် တစ်ကောင်က ဘူးကိုကန်ချလိုက်တယ်။ ပြီးတော့နောက်တစ်ကောင်ကကန်တယ်။ နောက်ဆုံးအန်သိုနီဝေါင်ထပ်ကန်လိုက်လို့ ဘူးလေထဲပြန်မြောက်သွားတဲ့အချိန်မှာ စပစ်ကြတယ်။ ပစ်တာခတ်တာကတော့ အကြာကြီးလိုလိုပဲ။ ဟိုကောင်ကပစ်တာပြလိုက် ဒီကောင်ကပစ်တာပြလိုက်နဲ့ပဲ။ အကုန်လည်းသေပြီးရော ဘူးက ကြမ်းပေါ်ပြုတ်ကျတာကိုပြတယ်။ တကယ်တမ်း သူတို့ပစ်နေကြတဲ့အချိန်က စက္ကန့်ပိုင်းပဲရှိခဲ့တာကို ဂျွန်နီတိုက ဇာတ်ထဲရှိနေပြီးသား အရာကိုပဲသုံးပြီး လှလှပပကို ပြသွားခဲ့တယ်။ Exiled (2006) ဟာ ကြည့်လို့တော်တော်အရသာရှိတဲ့ ဂျွန်နီတိုရုပ်ရှင်တွေထဲမှာတောင် ကြည့်လို့တော်တော်အရသာရှိနေတဲ့ ရုပ်ရှင်ပဲ။ ခုကြည့်ပြီး ခုနောက်တစ်ခေါက်ပြန်ကြည့်ချင်လောက်အောင်ကို ကြည့်ရ အရသာရှိလွန်းခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Vengeance (2009) ⭐TMDB: 66.0% User Score 🎬 #Action #Crime #Thriller 🗓 2009 🎞 Movie 🌎 #France #HongKong ⏰ 1 နာရီ 49 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vengeance (2009) ~ IMDb – 6.5/10, Rotten Tomatoes – 68% ~ Directed by“Johnnie To” ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။ အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ Simon Yam တို့ကိုထည့်သုံးထားပေမဲ့ အဓိကဇာတ်ကောင်ကတော့ ပြင်သစ်လူမျိုး အဆိုတော်သရုပ်ဆောင် Johnny Hallyday ဖြစ်နေတယ်။ သူ့သမီးနဲ့သမက်ရော မြေးနှစ်ယောက်လုံးကိုရော တရုတ်လူသတ်သမားတွေက သတ်သွားလို့ မကာအိုကို လာပြီး သတ်တဲ့တရားခံကိုရှာပြီး လက်စားချေဖို့ အန်သိုနီဝေါင်တို့ အုပ်ကို သူပိုင်သမျှအကုန်ပေးပြီး ငှားလိုက်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ လက်စားချေတဲ့ဇာတ်ပေါ့။ နာမည်နဲ့တော့ ကွက်တိပါပဲ။ ဒီကားက ဂျွန်နီတိုရဲ့ အကောင်းဆုံး ၇ကားစာရင်းလောက်တော့ ဝင်လိမ့်မယ်။ အန်သိုနီဝေါင်ပါခဲ့ဖူးတဲ့ Exiled က အရသာမျိုးခပ်ဆင်ဆင်ပဲထပ်ရတယ်။ အဲဒီကလိုပဲ အသတ်အဖြတ်တွေကြားက ကကျိုးကကြောင်အဖြစ်တွေလည်း ပါတယ်။ ကကျိုးကကြောင်ဆိုတာက ဒီဂိုဏ်းစတားတွေက အဘိုးကြီးမိသားစုကို သတ်သွားတဲ့ အုပ်ကို လိုက်သတ်တယ်။ ၂ဖက်စလုံးထိခိုက်ပြီး ပြန်လာရတယ်။ သူတို့နားနေတုန်း သူတို့ဘော့စ်က သူတို့ဆီဖုန်းဆက်ပြီး သူ့လူတွေကို လူတစ်အုပ်က တိုက်နေကြောင်းအထိနာနေကြောင်းပြောပြီး သွားကူခိုင်းတယ်။ နောက်ဆုံးပြောသွားတာက တရုတ်လေးကောင်နဲ့ နိုင်ငံခြားသားတစ်ကောင်ပါတဲ့အုပ်တဲ့။ သူတို့ကိုပဲပြောနေတာ။ ဒီတော့ သူတို့က နေရာမေးပြီး သွားသတ်ပစ်လိုက်ရော။ စားတော့စားတယ်။ ဒါပေမဲ့ ဒီလိုကကျိုးကကြောင်တွေက ဂျွန်နီတို့ ဂိုဏ်းစတားကားတွေမှာ ကျွန်တော်တို့မြင်နေကျပဲ။ နောက် ဂိုဏ်းစတားတွေရဲ့ သတ္တိတွေ သစ္စာတွေလည်းပါတယ်။ ပြင်သစ်အဘိုးကြီးက ခေါင်းမှာကျည်ဝင်နေတော့ သူအပ်ထားတဲ့အလုပ်ကို သူမေ့နေတာတောင် သူတို့လက်ခံထားတဲ့အလုပ်အတွက် သူတို့သေနိုင်မှန်းသိပေမဲ့ ရဲရဲကြီး အသေခံသွားတဲ့ ဂိုဏ်းစတားတွေအကြောင်းပေါ့။ ဂျွန်နီတိုရဲ့ ထုံးစံအတိုင်း ပုံမှန်အက်ရှင် ဒါရိုက်တာတွေပြနေကျမဟုတ်တဲ့ ဇာတ်ကွန့်တွေ ကကျိုးကကြောင်အဖြစ်တွေနဲ့ ကြည့်ရမယ့် ဂိုဏ်းစတားအက်ရှင်ကားပဲ။ ဂျွန်နီတို့ရုပ်ရှင်တွေကို ကြိုက်ရင်တော့ Vengeance (2009) ကတော့ လုံးဝလက်လွတ်ခံလို့မဖြစ်တဲ့ ရုပ်ရှင်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Sungkyunkwan Scandal (2010) ⭐TMDB: 65.0% User Score 🎬 #Comedy #Drama 🗓 2010 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 7 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sungkyunkwan Scandal(2010)Sungkyunkwan Scandal(2010)**************************** အပိုင်း (၁ မှ ၂၀)ထိ စ/ဆုံး ဒီတစ်ခါမှာတော့ K drama fanတွေ ရင်းနှီးပြီးသားcastတွေဖြစ်တဲ့ Park Min Young, Park Yoo Chun,Song Joong Ki, Yoo Ah Inတို့ ပါဝင်ထားတဲ့ တစ်ချိန်က အရမ်းနာမည်ကြီးခဲ့တဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းခေတ် ဆောင်းဂယွန်းဂွမ်ကျောင်းမှာ ပညာသင်ယူ‌ေနကြတဲ့ လူငယ်လေးယောက်ရဲ့အချစ်နဲ့ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ပြထားတာပါဂင်ယွန်းဟီး(Park Min Young)ဟာ သူမရဲ့အဖေဆုံးပါးသွားကတည်းကမိသားစုတာဝန်တွေကို ထမ်းထားရတဲ့အပြင် ပညာကိုပါ သေချာဆည်းပူးလေ့လာနေတဲ့ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ပါ တစ်နေ့မှာတော့ ဂင်ယွန်းဟီးဟာ ယောက်ျားလေးလိုဝတ်ဆင်ပြီးသူ့မောင်လေးရဲ့ ကျောင်းသားကတ်ကိုယူကာ အမျိုးသားတွေပဲ ဝင်ရောက်ဖြေဆိုခွင့်ရှိတဲ့ အမှုထမ်းစာမေးပွဲကို သွားဖြေပါတော့တယ်အဲဒီနေ့မှာပဲ အီဆွန်းဂ‌ျွန်း(Park Yoo Chun)နဲ့ တွေ့ဆုံကာ သူငယ်ချင်းဖြစ်သွားပါတယ်အီဆွန်းဂျွန်းကတော့ အာဏာရှိအသိုင်းအဝိုင်းမှ ရုပ်ရည်ချောမောတဲ့သခင်လေးတစ်ယောက်ပါ သူတို့နှစ်ယောက်လုံး စာမေးပွဲအောင်ပြီး ဆောင်းဂယွန်းဂွမ်ကျောင်း တက်ခွင့်ရပြီးတစ်ခန်းတည်း အတူနေရပါတော့တယ်ဆောင်းဂယွန်းဂွမ်ကျောင်းမှာ‌ေတာ့ ဂူယုံးဟာ( Song Joong Ki)ဟာ သောက်စားပျော်ပါးတတ်ပြီးမိန်းကလေးတွေကြားမှာ ရေပန်းစားသူတစ်ယောက်ပါမွန်ဂျယ်ရှင်း(Yoo Ah In)ကတော့ ဆောင်းဂယွန်းဂွမ်ရဲ့ မြင်းရူးဆိုတဲ့နာမည်ပြောင်ရထားပြီး ‌ကျောင်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါဒီလူငယ်လေးယောက် ဘယ်လိုရင်းနှီးသွားပြီး ပြဿနာတွေကို ဘယ်လိုအတူတူဖြေရှင်းသွားကြမလဲဂင်ယွန်းဟီးက မိန်းကလေးဆိုတာကို သိသွားပြီးနောက် ဘယ်လိုတွေကာကွယ်ပေးသွားကြမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုပေးကြပါဦးနော်အညွှန်းကိုတော့ Toe Toe Aung မှ ရေးသားထားပါတယ်
...

Bachelor Party (2024) ⭐IMDB: 6.4/10 (147 Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bachelor Party (2024) “ကြိုးပြတ်သွားသော ခိုင်းနွား”=========================IMDb 6.6 ရထားပြီး အမှန်အကန်ရယ်ရမယ့် ကန်နားဒါး ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဥ်းကတော့ ဆန်တို့ရှ်က ရိုးသားကြိုးစားပြီး ဘော့စ်က အားထားရတဲ့ဝန်ထမ်း – မိသားစုကို လိုလေသေးမရှိရလေအောင်ထောက်ပံ့တဲ့လူကောင်းတစ်ယောက်ဖြစ်ပေမဲ့ အိမ်ပြန်ရောက်လာရင်တော့ ကြင်သူသက်ထားရဲ့ ခြေသုတ်ခုံဘဝကို ရောက်သွားပါတယ်… ဆန်ဒယာက ဘာအလုပ်မှမလုပ် အိမ်ဖော်ငှားပြီးယောကျာ်းရှာသမျှစည်းစိမ်ကို သုံးဖြုန်းတဲ့အပြင် … ဆန်တို့ရှ်ကို ခိုင်းနွားလိုဆက်ဆံ…အလုပ်ကပြန်ရောက်ရင် ရေတစ်ခွက်တိုက်ဖို့နေနေသာသာ တစ်စက်လေးမှ အဖတ်မလုပ်ပဲ ယောကျာ်းကို မီးဖိုချောင်မှာ ညအိပ်ခိုင်းတဲ့ချစ်စရာ ဇနီးချောလေးတစ်ယောက်ပေါ့ ဒါတွေကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ တစ်နေ့ ဆန်တို့ရှ်တစ်ယောက် ပါတီတစ်ခုမှာငယ်သူငယ်ချင်းနဲ့ ပြန်ဆုံပြီး သူတို့ရဲ့ ကျောင်းဆရာ အပါအဝင် သုံးယောက်ပေါင်း လောင်းကျော်ရင်း နွားသိုးကြိုးပြတ်သလိုရူးသွပ်မှုလယ်ဗယ်လ် အဆုံးစွန်ရောက်သွားတဲ့ စွန့်စားခန်းတွေကို ရယ်ရယ်မောမော ရှုစားရမှာဖြစ်ပြီးဆန်တို့ရှ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့ ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာပါ့မလားဆိုတာကို… မီဆိုဂျီနီ အဆင့်ထိ မရောက်ပေမယ့်လို့ ဖီးမေးလ် အန်ပါဝါးမန့်နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ မေးလ်အန်ပါဝါးမန့်ကို ဦးစားပေးထားတဲ့အတွက်မမတို့ညီမလေးတို့အကြိုက်တွေ့မယ့် ကားလေးပါနော် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Scott Pilgrim Takes Off (2023) ⭐TMDB: 82.0% User Score 🎬 #Animation #Action #Adventure #Comedy #SciFi #Fantasy 🗓 2023 🎞 Series 🌎 #Japan #UnitedKingdom #UnitedStatesofAmerica ⏰ 29 မိနစ် 31 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scott Pilgrim Takes Off (2023) Netflixကနေပြီးတော့ ကြည့်လို့ကောင်းတဲ့ နောက်ထပ် spin off seriesလေးတစ်ခုတင်ဆက်လိုက်ပြန်ပါပြီ။မူရင်း Scott Pilgrim Comicကိုအခြေခံကာ adventureaction animationစီးရီးအဖြစ်ထွက်ရှိလာတာဖြစ်ပြီးအသံသရုပ်ဆောင်ပေးထားတဲ့ actorsတွေကလည်း၂၀၁၀ခုနှစ်က Scott Pilgrim vs. the Worldဇာတ်ကားထဲကသရုပ်ဆောင်တွေပါပဲ။ဆိုတော့ကပ္ပတိန်အမေရိကChris Evans၊ကပ္ပတိန်မာဗယ်Brie Larsonစတဲ့ ပရိသတ်အကြိုက် သရုပ်ဆောင်တွေလည်းပါတာပေါ့။ဇာတ်လမ်းအကျဥ်းကို ဆက်ကြပါစို့…။Scott Pilgrimဆိုတာကတော့ Ramona Flowersဆိုတဲ့ကောင်မလေးကို ကြိုက်မိတဲ့ အလုပ်အကိုင်မရှိနဲ့ဂစ်တာတီးဝိုင်းကကောင်လေးတစ်ယောက်ပါ။ဘယ်လောက်ကြိုက်မိလဲဆိုရင် အိပ်မက်ထဲအထိတောင်ထည့်မက်ရအောင်ကြိုက်ပါတယ်။သူအဲ့လောက်ကြိုက်မယ်ဆိုရင်လည်း ကြိုက်ချင်စရာပဲဗျ…ဘာလို့ဆို anmiatedပုံစံနဲ့ Ramonaလေးက အတော်ကိုချစ်စရာကောင်းတဲ့ပုံစံလေးပါ။သို့ပေမယ့် ဒီကောင်မလေးကို‌ လွယ်လွယ်နဲ့ကြိုက်ချင်တိုင်းကြိုက်လို့မရအောင် လိုက်နှောင့်ယှက်တဲ့သူတွေရှိနေပါတယ်…။သူတို့တွေကတော့ Ramonaရဲ့ ရည်းစားဟောင်း ဇိုး၇ယောက်နဲ့ဖွဲ့စည်းထားပြီး ရှေ့လူထက်နောက်လူ လက်စွမ်းထက်တဲ့ရည်းစားဟောင်းဇိုးများအဖွဲ့ပဲဖြစ်ပါတယ်။Ramonaကို ကြိုက်ချင်ရင် ဒီရည်းစားဟောင်း ဇိုး၇ယောက်ကိုအနိုင်ယူပြီးမှ ကြိုက်လို့ရပါမယ်…။ဒီတော့ Scott Pilgrimတစ်ယောက် Ramonaနဲ့လက်တွဲနိုင်ဖို့အတွက်ရည်းစားဟောင်းဇိုးများအဖွဲ့ကို အနိုင်ယူနိုင်ပါ့မလား…။အကယ်၍များ အနိုင်မယူနိုင်ဘဲ အသက်သေဆုံးသွားခဲ့ရင်ရောဇာတ်လမ်းကဘယ်လိုဆက်မလဲ…စတာတွေကို action ဆန်ဆန်မြင်တွေ့ရမှာမို့ ကြည့်ဖြစ်အောင်ကြည့်သင့်တဲ့ စီးရီးလေးပါပဲ…။၂၀၁၀ထွက်ဇာတ်ကားလေးကလည်း အတော်ကောင်းတဲ့ကားလေးမို့မကြည့်ရသေးရင်CMမှာ ရှာကြည့်နိုင်တာမို့ ထပ်မံညွှန်းပေးလိုက်ပါတယ်ဗျ။
...

Tracker (2024) ⭐TMDB: 73.0% User Score 🎬 #Drama #Crime 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 42 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tracker (2024)Tracker (2024) Ongoing  ~ IMDb – 6.7/10, RT – 88%, Meta – 64% ~ Smallville ထဲ အိုလီဗာကွင်း ဂရင်းအဲရိုးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ Justin Hartley အဓိကသရုပ်ဆောင်ထားတဲ့ စီးရီးအသစ်ပါ။ ဒီစီးရီးက ဘာနဲ့တူလဲဆို ခုမြင်ရများတဲ့ စီးရီးတွေထက် ဟိုးတုန်းက စီးရီးတွေပုံစံမျိုးပိုသွားတယ်။ ဇာတ်ကတော့ သူ့နာမည်အတိုင်းပဲ လူပျောက်တာတွေ ပစ္စည်းပျောက်တာတွေကို ခြေရာခံလိုက်ရှာပြီး အဲဒီအတွက် ထုတ်ထားတဲ့ ဆုကြေးကိုစားနေတဲ့ ဆုကြေးစားတစ်ယောက်အကြောင်းပဲ။ သူများပြဿနာတွေကို ဖြေရှင်းရင်း သူ့ပြဿနာတွေတစ်စနဲ့တစ်စပေါ်လာတာက စူပါနေထရယ်ရဲ့စစချင်းစီဆန်တွေလိုပဲ။ အမှုတစ်ခုလိုက်လိုက် ငွေထုတ်လိုက် နောက်တစ်မှုထပ်ရှာလိုက်။ သူကတစ်ယောက်တည်းလုပ်နေတာတော့မဟုတ်ဘူး။ သူ့နောက်မှာ အချက်အလက်တွေစုဆောင်းပေးတဲ့သူတွေ ဟက်ကာတွေ နောက် ရှေ့နေတွေအထိပါရှိနေတယ်။ တစ်ခါတလေ လူပျောက်ရှာတာက စွန့်စားခန်းဆန်ပေမဲ့ တစ်ခါတလေကျလည်း စုံထောက်ကားကြည့်နေရသလိုပဲ။ သူ့အတိတ်မှာလည်း ပဟေဠိတစ်ခုချန်ထားတာဆိုတော့ လူပျောက်တွေလိုက်ရှာ အမှုတွေရှင်းရင်း သူ့အတိတ်က ပဟေဠိဘယ်လိုပုံပေါ်လာမလဲကြည့်ရလိမ့်မယ်။ လက်ရှိအထိတော့ ၃ပိုင်းထွက်ထားပြီး တစ်ပတ်ကိုတစ်ပိုင်းနှုန်းနဲ့ ၁၃ပိုင်းအထိ ဆက်ထွက်သွားဖို့ရှိတယ်။ အမှုလိုက်တာတွေ လူပျောက်ရှာတာတွေ အက်ရှင်ခန်းတွေ မိန်းမလှလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါတာမို့ ထမင်းစားရင်း ဘာကြည့်ရမလဲမသိဖြစ်နေရင် ကြည့်လို့ကောင်းမယ့် စီးရီးပါပဲ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)
...

The Storm (2024) ⭐IMDB: 6.5/10 (57 Votes) 🎬 #Action #Adventure #Animation #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 42 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ရိုးရာ ကာတွန်းလေးတွေကြိုက်တယ်ဆိုတဲ့သူတွေဆိုဒီတစ်ခေါက်ကာတွန်းလေးကို လက်လွှတ်မခံသင့်ဘူးနော်… ဒီဇာတ်လမ်းလေးကို အမြည်းမိတ်ဆက်ပေးရမယ်ဆိုရင်မန်ထိုဆိုတဲ့ကောင်လေးက သာ့ကူကျစ်ဆိုတဲ့သူ့ကို မွေးစားထားတဲ့မွေးစားအဖေနဲ့အတူ လူသူကင်းမဲ့တဲ့ ရွာလေးတစ်ခုမှာ ဦးတည်ရာမဲ့ ဒဏ္ဏာရီထဲက ရှိကူသင်္ဘောနဲ့ ယဲ့လင်သွမ့်ကို ရှာဖွေနေခဲ့တာပေါ့… ဘယ်လိုဒဏ္ဏာရီလဲဆိုရင်တော့ ယဲ့လင်ငှက်ဆိုတဲ့ ငှက်နတ်ဘုရားရဲ့အမွှေးအတော်ကနေ ယဲ့လင်သွမ့်ဖြစ်လာပြီး ဒီယဲ့လင်သွမ့်ကိုဟေးလုံတပ်က တိုက်ခိုက်လုယူခဲ့တာကြောင့် ယဲ့လင်ငှက်တို့ မျိုးသုဉ်းခဲ့ရတာပေါ့…ဒါပေမယ့်လည်း ဟေးလုံတပ် အခြေစိုက် လျိုအိမ်တော်လည်းဂိုဒေါင်မီးလောင်လို့ လုယူခဲ့တဲ့ ယဲ့လင်သွမ့်လည်း မီးလောင်ပျက်စီးခဲ့ရတာပေါ့… ဒါပေမယ့်လည်း ဒဏ္ဏာရီလာ ရှိကူသင်္ဘောမှာ အရောင်တလက်လက်လင်းနေတဲ့သေတ္တာထဲမှာ နောက်ထပ် ယဲ့လင်သွမ့်တစ်ခုရှိတယ်လို့ ဆိုထားတာကြောင့်…မန်ထိုလေးရဲ့ မွေးစားအဖေ သာ့ကူကျစ်ကလည်း လိုက်ရှာနေခဲ့တာပေါ့… ကဲ မန်ထိုလေးတို့သားအဖ ဘယ်လို စွန့်စားခန်းတွေကြုံရမလဲ…ဒဏ္ဏာရီက တကယ်ဖြစ်လာမှာလား…တကယ်ဖြစ်လာရင်လည်း ဘယ်လိုအခက်ခဲတွေကြုံနိုင်လဲဇာတ်လမ်းလေးကိုကြည့်ရင်း အဖြေရှာကြည့်လိုက်ပေါ့ကွယ်
...

The Puppet Asylum (2023) ⭐IMDB: 6.1/10 (90 Votes) 🎬 #Horror #Short 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 32 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ short filmလေးကတော့ Down Syndromeခံစား‌ခဲ့ရတဲ့ ဒါရိုက်တာ Otto Baxterရိုက်ခဲ့တဲ့ ဇာတ်လမ်းတိုလေးပါပဲ။ သူက ဒီဇာတ်လမ်းရဲ့ Main characterနေရာမှာ သူပဲသရုပ်ဆောင်ပြီးတော့ သူ့ရဲ့ဘဝမှာ ကြုံခဲ့တဲ့ အခက်အခဲပေါင်းများစွာရယ်၊ လူတွေက သူ့အပေါ်ဘယ်လိုမျိုးနှိမ့်ချဆက်ဆံခဲ့သလဲဆိုတာတွေကို horror, comedyနဲ့ fantasy ပေါင်းစပ်ထားတဲ့ short filmလေးတစ်ခုအဖြစ် အသက်သွင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးကို ပုံဖော်ထားတာက ပုံပြင်တစ်ပုဒ်ကိုပြောပြနေသလိုဖြစ်ပြီး ကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့လဲ ပုံပြင်တစ်ပုဒ်ကိုဖတ်နေရသလိုပဲ ထင်မှတ်စေမှာပါ။ အဲဒါကြောင့်ပဲ ပရိတ်သတ်ကြီးလဲ စိတ်ဝင်စားတယ်ဆိုရင် မိနစ်သုံးဆယ်ပဲကြာတဲ့ ဒီshort filmလေးကို အားတဲ့အချိန်လေးမှာ အေးအေးဆေးဆေးကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
...

To The Best Of Your Life – Ai Hongo ( Decensored – SSIS-963 ) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 3 နာရီ 27 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ai Hongo ဆိုတဲ့ ဒီမင်းသမီးလေးကတော့ ရုပ်လေးကြည့်လိုက်ရင် ဘာမှမသိနားမလည် အပြစ်ကင်းစင်တဲ့ရုပ်လေးနဲ့ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးပါပဲ……ပြောပုံဆိုပုံတင်မက အကြည့်လေးတွေနဲ့ပါ မြူတူတူလုပ်တတ်တဲ့ သူ့ပုံစံလေးကြောင့် သကာပေါ်ပျားရည်လောင်းသလို ချိုအီနေတဲ့ ခံစားချက်လေးကို ပေးစွမ်းနိုင်တဲ့သူလေးပါ….. SSIS-963 ဆိုတဲ့ ဒီကားလေးထဲမှာတော့ သူလေးက ပုရိသတို့ရဲ့ အကြောအချဉ်တွေတင်မက တင်းရင်းနေတာတွေကိုပါ အစအဆုံးတာဝန်ယူဖြေလျှော့ပေးတဲ့သူအနေနဲ့ သရုပ်ဆောင်ထားပါတယ်……သူ့အယုအယ အပြုအစုတွေက ကြည့်နေရင်းနဲ့တောင် လူကြီးမင်းတို့ကို စခရင်ထဲ ပြေးဝင်သွားချင်စိတ်ပေါက်တဲ့အထိ ကောင်းလွန်းနေတာကြောင့် နောက်မကျတမ်းသာ ကြည့်ရှုလိုက်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်…. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။
...

Without Air (2023) ⭐IMDB: 7.3/10 (348 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Hungary #Romania ⏰ 1 နာရီ 44 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟန်ဂေရီ Drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အကောင်းဆုံး ရုပ်ရှင်ဆု၊ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ သရုပ်ဆောင်ဆုတွေအများကြီးရထားတဲ့ ပညာရေးလောကကို မေးခွန်းထုတ်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ အန်နာ ဆိုတဲ့ ကျောင်းဆရာမတစ်ယောက်ဟာ သူ့ရဲ့ သင်ကြားပြသမှုတွေဟာ နာမည်လည်းကြီးသလို ကျောင်းသားတွေရဲ့ ချစ်ခင်မှုကိုလည်း ရရှိထားတဲ့ စာပေနဲ့ ပြဇာတ် ဆရာမတစ်ယောက်ပေါ့ တစ်နေ့မှာ ကျောင်းသားတွေကို ကဗျာတစ်ပုဒ်အကြောင်းသင်နေတုန်းမှာ ပိုပြီးကိုးကားလို့ရအောင် ရုပ်ရှင်ဇာတ်ကားတစ်ခုကို ညွှန်းမိပြီး ကျောင်းသားမိဘတစ်ယောက်က မသင့်တော်လို့ဆိုပြီး တိုင်ကြားအမှုဖွင့်တာကနေ စတဲ့ အရှုပ်ထုပ်ပေါ့……. လူ့သဘောသဘာဝအတိုင်း အောင်မြင်နေတဲ့သူကို ဝိုင်းပြီးအသရေဖျက်ဖို့ ကြိုးစားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့….မကျေနပ်တဲ့ ကျောင်းသားမိဘတွေနဲ့….. မိဘကျန်းမာရေး၊ LDRS ချစ်သူနဲ့ အဆင်မပြေမှုတွေကြားထဲကနေ စုံစမ်းစစ်ဆေးရေးခုံရုံအထိ တက်ဖိုက်ရပြီး ခေတ်ပေါ်ပညာရေးကဏ္ဍမှာ သင်ရိုးညွှန်းတမ်းတွေဟာ ထင်သလောက် ဘောင်မဝင်ဘူးဆိုတဲ့အကြောင်းနဲ့…… ချွန်ထွက်ရင် “တိ” ခံရတယ်ဆိုတဲ့ သောက်တလွဲ logic တွေအကြောင်းကို မီးမောင်ထိုးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ…….. ဇာတ်ကားရဲ့နာမည်အတိုင်း Elfogy a levego “လေကုန်ပါတယ်” ဗျာ…… ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...