ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Dayo (2024) ⭐IMDB: 5.5/10 (14 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 52 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ============= အယ်လ်ဆာကမိဘမဲ့ ကလပ်မယ်လေးတစ်ယောက်ဖြစ်ပြီး အဒေါ်မိသားစုနဲ့အတူနေထိုင်ပါတယ်။ ငယ်ဘ၀က ကျေးဇူးတွေကြောင့် သူကခန္ဓာကိုယ်ကိုရင်းပြီးလုပ်ကျွေးနေပေမယ့် သူ့ကိုထိကပါးရိကပါးလုပ်လွန်းတတ်တဲ့အဒေါ် ယောက်ျား၊ ယောက်ျားဘက်ကပဲ ပါတတ်တဲ့အဒေါ်တို့ကိုစိတ်ပျက်လာပြီး ဘ၀သစ်ထူထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ လက်ရှိဘ၀ကိုစွန့်လွှတ်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ခေါ်ဆောင်ရာ ကမ်းခြေမြို့လေးတစ်မြို့ကိုထွက်လာခဲ့ပါတယ်။ အဲ့ဒီမြို့လေးမှာ တွေ့ကြုံရမယ့် သူ့ဘ၀သစ်ထဲကိုရောက်ရှိလာမယ့် လူအသစ်တွေ၊အဖြစ်အပျက်အသစ်တွေနဲ့ သူ့ရည်မှန်းချက်အတိုင်းရှာဖွေနေတဲ့ဘ၀အဓိပ္ပါယ်တွေကို တွေ့ရှိနိုင်မလား? ဘယ်လိုသင်ခန်းစာအသစ်တွေ ရလာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ နောက်ပေါက်မင်းသမီးတွေထဲက အချိန်တိုအတွင်းရှေ့ရောက်လာတဲ့ Rica Gonzales နဲ့ PantaXa: Laiya ပြိုင်ပွဲဝင်ဟောင်း Audrey Avila တို့ခေါင်းဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Ettum Varai Ettu (2024) ⭐TMDB: 0% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 21 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ettum Varai Ettu (2024)“ပြေးနေသော မိန်းမငယ်လေး” အသစ်စက်စက်ထွက်ရှိထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေးတစ်ပုဒ် ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ရွာငယ်ဇနပုဒ်လေးတစ်ခုမှာ မြေရိုင်းတွေချည်း ဆိုပေမယ့် သူ့အဆင်းသူ့အချင်းနဲ့ကျေးလက်ဓလေ့စရိုက် သဘာဝအလှတွေနဲ့ အတူ ဟန်ချက်ညီနေတဲ့အပြင်အပြေးပြိုင်ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ် မိတဆိုးသမီးလေး ပူမာနီက သူများအပျိုလေးတွေလို ရိုးရာဝတ်စုံကိုဝတ်လို့ကျော့ကျော့မော့မော့မနေတတ်ပဲ ဖုန်တလုံးလုံး ရှိတဲ့ မြေပေါ်မှာ ကဆုန်ပေါက်ပြေးလွှားရတာကိုပဲ နှစ်ခြိုက်သူလေးပါ ဖခင်ဖြစ်သူက အိမ်အလုပ်တွေ ဘယ်လိုပဲလုပ်ခိုင်းလုပ်ခိုင်း နားမထောင်ပဲ သူ့ဘဝရည်မှန်းချက်ကလွဲဘာကိုမှ ဂရုမစိုက်တာကြောင့် အဖေဖြစ်သူခဗျာမှာလည်း ပြောမသလို့ သမီးလေးကို လွတ်လပ်ခွင့်ပေးထားရတယ် ရွာအဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ ပြိုင်ပွဲအလီလီတက်လှမ်းနိုင်ဖို့ မမောတမ်းပြေးလွှားနေတဲ့ ကောင်မလေး….သူ့ရှေ့က ခလုတ်ကန်သင်းတွေနဲ့ ကြုံ့တွေ့ပြီး မှောက်ရက်လဲလို့ ပြန်ထနိုင်မှာလားဆိုတာကတော့… ဖခင်မေတ္တာကိုပါ ပြထားတဲ့ ဒီကျေးလက်ဇာတ်လမ်းလေးမှာ ပရိသတ်ကြီး ရှုစားပေးပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Phobia 2 (2009) ⭐TMDB: 62% User Score 🎬 #Comedy #Fantasy #Horror #Mystery #Thriller 🗓 2009 🎞 movie 🌎 #Thailand ⏰ 2 နာရီ 5 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Phobia 2(2009) Phobia 1 အထိုက်အလျောက်အောင်မြင်မှုတွေ ရပြီးတဲ့နောက်မှာတော့ ပိုမိုဆန်းသစ်တဲ့ ဇာတ်လမ်း 5 ခုနဲ့ ထွက်ရှိလာတဲ့ Phobia 2 ပထမတွဲတုန်းက ဒါရိုက်တာတွေအပြင် နောက်ထပ်မံအားဖြည့်ထားတဲ့ ဒါရိုက်တာတွေနဲ့ ဆန်းသစ်တဲ့ဘယ်လိုဇာတ်လမ်းတွေ ချပြလာမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ သူများကားတွေကို ခဲနဲ့ထုရတာကြိုက်တဲ့ကောင်ဇိုးလေးတစ်ယောက် အဖေ့ကားကိုခဲနဲ့ထုမိလိုက်မိတဲ့ ခေတ်သစ်အဇာတသတ်ရဲ့အဖြစ်ဆိုးကို ရိုက်ကူးထားတဲ့ ရှင်လောင်း Novice ဆယ်ကျော်သက်ပီပီ ဆိုင်ကယ်နဲ့ဒွန့်ရင်းနဲ့ ဆိုင်ကယ်မှောက် ဆေးရုံရောက်ရာက ထူးဆန်းတဲ့လူနဲ့တူတူ ဆေးရုံတက်ဖို့ဖြစ်လာတဲ့ကောင်လေးအကြောင်း ပုံဖော်ထားတဲ့ Ward ထရပ်ကားတားစီးရာက ငွေညှစ်ခံရပြီး ဇွန်ဘီးနဲ့ပါထပ်တိုးတဲ့ခရီးသည်နှစ်ယောက် Backpackers အတိတ်ဆိုးနဲ့ ကားဟောင်းတွေကို အပြုံးချိုချို ဈေးချိုချိုနဲ့ရောင်းနေရင်း မြားဦးက ရောင်းသူဘက်ပြန်လှည့်လာတဲ့ တစ်ပတ်ရစ်ကားလေးရဲ့ပုံပြင် Second Hand Car နောက်ဆုံးအနေနဲ့ကတော့ သရဲကားရိုက်ကွင်းတိုင်းမှာဖြစ်နေကြဖြစ်တဲ့ သရဲကားရိုက်ရင်း သရဲအစစ်ပါလာတဲ့ In The End သရဲကားလည်းကြိုက်တယ် အချိန်အကြာကြီး ဇာတ်လမ်းတစ်ခုတည်းနဲ့မပျင်းချင်ဘူးဆိုရင်တော့ အချိန်တိုတိုနဲ့ ဇာတ်လမ်းစုံစုံ horror vibeခံစားချင်သူတွေအတွက် အကြိုက်တွေ့မယ့်ဇာတ်ကားလေးဖြစ်လို့ ခုပဲကြည့်ရှုခံစားလိုက်ရအောင်ပါ။...
4bia (2008) ⭐TMDB: 63% User Score 🎬 #Asian #Drama #Horror #Mystery #Thriller 🗓 2008 🎞 tv series 🌎 #Thailand ⏰ 1 နာရီ 56 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 VHS horrorတွေလို တိုတိုနဲ့လိုရင်းရောက်တဲ့ Anthology horror geneကိုလည်းကြိုက်တယ်၊ asian အငွေ့အသက်လေးလည်း ပါစေချင်တယ်ဆိုသူတွေအတွက် 2008 ခုနှစ်ထွက် Phobia ဆိုတဲ့ ထိုင်းသရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ။ Anthology ပီပီ ဇာတ်လမ်းမတူ ဒါရိုက်တာမတူတဲ့ ဇာတ်လမ်း 4 ခုကို ဒီကားလေးမှာ ခံစားရမှာပါ။ ပထမဆုံးအနေနဲ့ အထီးကျန်နေလို့ အွန်လိုင်းမှာချစ်သူရှာရင်း အဖြစ်ဆန်းသွားတဲ့ မိန်းကလေးအကြောင်းရိုက်ကူးထားတဲ့ အထီးကျန်ကမ္ဘာ Loneliness သာမန်ကျောင်းတွင်းအနိုင်ကျင့်မှုကနေ အောက်လမ်းတွေပါလာတဲ့အခါ အဖြစ်ဆိုးသွားတဲ့ ကျောင်းသားတစ်စုအကြောင်း ပုံဖော်ထားတဲ့ မရဏကျိန်စာ Deadly Charm သိပ်ချစ်ကြတဲ့ ရွှတ်နောက်နောက်သူငယ်ချင်းရဲ့ အမြဲထာဝရသူငယ်ချင်းဆိုတာ ဘယ်အထိရောက်မလဲဆိုတဲ့ The Man In the Middle နောက်ဆုံးအနေနဲ့ကတော့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်မင်းသမီးနဲ့ လေယာဉ်မယ်ကြားက ဇာတ်ရှုပ်အကြောင်းတွေ့မြင်ရမယ့် Flight 244 Anthology တွေရဲ့ထုံးစံအတိုင်း fast plot ကိုတွေ့မြင်ရမှာဖြစ်ပြီး Horror sceneအသားပေးထားတာမလို့ မီးပြတ်နေတုန်း နားကြပ်နဲ့အရသာရှိရှိခံစားနိုင်ဖို့ ရှုစားလိုက်ရအောင်ပါ။...
No Mercy (2019) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Action #Asian #Crime #Drama #Adventure #Thriller 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 34 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ မမ Lee Si Youngရဲ့ အမိုက်စားအက်ရှင်ကားလေးပါ။ အော်တဇင်ဖြစ်နေတဲ့ ညီမလေးကို နိုင်ငံရေးသမားတစ်ယောက်က မတရားကြံတာကြောင့် ညီမလေးအွန်းဟယ်ကိုကာကွယ်ပေးရင်း ထောင်နန်းစံလိုက်ရပြီး ပြန်ထွက်လာတဲ့မင်းသမီး Lee Si Young… အမထောင်ထဲမှာရှိနေချိန် ကျောင်းမှာလည်းအနိုင်ကျင့်ခံရ၊ အမလည်း ထောင်ထဲရောက်နေတာကြောင့်အားကိုးရာမဲ့ဖြစ်နေတဲ့ အပျိုအရွယ် အော်တဇင်လေးအွန်းဟယ်ကို သားသမီး နှမချင်းမစာမနာ အမြတ်ထုတ်ချင်တဲ့ ရပ်ကွက်ထဲကယောက်ျားသားတွေရဲ့ အနိုင်ကျင့်မှုတွေ၊ ဒီလိုမျိုး အနိုင်ကျင့်မှုတွေကို ထောင်ထဲကထွက်လာတဲ့ အမကို မပြောရဲဘဲ အရွယ်နဲ့မလိုက်အောင်ခံစားနေရတဲ့ အွန်းဟယ်ပါ။ တစ်ရက်မှာတော့ ပိုက်ဆံရှာချင်တဲ့ အတန်းဖော်တွေဟာ အွန်းဟယ်ကို အနိုင်ကျင့်ပြီးတော့ ဟိုတယ်မှာအဖိုးကြီးတွေနဲ့အိပ်ဖို့သွားခိုင်းပါတယ်။ အဖိုးကြီးတွေအိပ်ဖို့ကြိုးစားတဲ့အချိန်မှာ သူတို့က အခန်းထဲဝင်လာပြီးတော့ ခြိမ်းခြောက်ငွေညှစ်တာမျိုးလုပ်တာပါ။ အဲဒီထဲမှာမှ ကောင်မလေးတွေကို မုဒိန်းကျင့်ပြီး ရောင်းစားတတ်တဲ့ လူမိုက်တစ်ယောက်နဲ့တွေ့သွားတဲ့အခါ အွန်းဟယ်တစ်ယောက် ရောင်းစားခံလိုက်ရပါတော့တယ်။ ညီမလေးအိမ်ပြန်မလာလို့ စိတ်ပူနေတဲ့ အမကလည်း ရဲတိုင်ပေမယ့်လည်း အဆင်မပြေတဲ့အပြင် ကျောင်းကဆရာကိုယ်တိုင်ကလည်း အရေးတယူမလုပ်တာကြောင့် ကိုယ်တိုင်စုံစမ်းပြီး ပျောက်နေတဲ့ ညီမလေးကိုတစ်ကိုယ်တော်ရှာပုံတော်ဖွင့်ပါတော့တယ်။ ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းကိုမြင်တွေ့ရမယ့်အပြင် အော်တဇင်လေးအွန်းဟယ်ရဲ့ ဇာတ်နာမှုတွေကိုလည်း ဝမ်းနည်းဖွယ်ရိုက်ကူးပြထားပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်ရေးနည်းပြဟောင်းအနေနဲ့ မမ Lee Si Young ရဲ့ တိုက်ရေးခိုက်ရေးတွေကိုလည်း အားရပါးရ အဝကြည့်ရမှာမလို့ မလွတ်တမ်းကြည့်ရှုခံစားလိုက်ပါဦး။...
Shining Girls (2022) ⭐TMDB: 77% User Score 🎬 #Drama #Crime #Mystery #SciFi #Thriller 🗓 2022 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 53 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shining Girls (2022) (Complete)Shining Girls (2022) (Complete Mini Series) ~ IMDb – 7.4/10, Rotten Tomatoes – 83%, Meta – 65% ~ Apple TV+ ကနေ နိုလန်ရိုက်တဲ့ စီးရီးလို့ထင်ရလောက်အောင် ရှုပ်ယှက်ခက်နေတဲ့ Thriller စီးရီးအသစ်တစ်ခုထွက်လာပါတယ်။ Lauren Beukes ရဲ့ နာမည်တူ ၀တ္တုကိုပဲ ပြန်ရိုက်ထားတာပါ။ ဇာတ်ကြောင်းကလည်း ထူးပါတယ်။ အချိန်ခရီးသွား ကွင်းဆက်လူသတ်သမားကို လိုက်တဲ့အကြောင်းပါ။ တော်တော်ရှုပ်သလို စစချင်းမှာဆို ဘာအကြောင်းလဲသိဖို့တောင် ခက်ပါတယ်။ ခေါင်းစားရတဲ့ ရုပ်ရှင်တွေ ကြိုက်တဲ့သူတွေ အကြိုက်စီးရီးပါပဲ။ မင်းသမီးချောတာမပါဘဲ ကျွန်တော့်ကို ဆွဲဆောင်နိုင်တဲ့ Series ဆိုလို့ ဒီ Series ပဲရှိမယ်ထင်တယ်။ ရင်တသိမ့်သိမ့်တုန်ဖွယ် ထူးခြားဆန်းကျယ်အမျိုးအစားပေါ့။ လူသတ်သမားကိုရှာတဲ့ မင်းသမီးက သူ့အကြောင်းသူတောင် မမှတ်မိဘူး။ လူသတ်သမားက အချိန်တွေ ခုန်ကူးပြီး လူလိုက်သတ်နေတယ်။ ဘာဖြစ်လာမယ်။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အကုန်သိနေသလိုပဲ။ မင်းသမီးကို ကူပြီး ဒီသတင်းကိုလိုက်ပေးနေတဲ့သတင်းထောက်က အရက်စွဲနေတဲ့ကောင်။ ဒီလောက်နဲ့တင် တော်တော်တိုင်ပတ်နေပါပြီ။ ဇာတ်လမ်းက ဟိုခုန်ကူး ဒီခုန်ကူးနဲ့ ပြနေလို့ နည်းနည်းဇာတ်ရည်မလည်တာမျိုးဖြစ်နိုင်ပေမဲ့ အဲဒါကိုက ဆွဲဆောင်မှု တစ်ခုလိုဖြစ်နေပါတယ်။ အတိတ်၊ အနာဂါတ်တွေကို ကြိုသိနေတဲ့ လူသတ်သမားနဲ့ ကိုယ့်ကိုယ်ကိုယ်တောင် သေချာမသိတဲ့ သတင်းထောက်အမျိုးသမီး ဘယ်လိုတွေ အားပြိုင်ကြမလဲဆိုတာ စိတ်ဝင်တစားနဲ့ ကြည့်ရမှာပါ။ မင်းသမီးကလည်း The Invisible Man တို့ Us တို့ The Handmaid’s Tale တို့လို နာမည်ကြီး Thriller တွေအပါအ၀င် တခြားနာမည်ကြီးကားကောင်းပေါင်းများစွာ ရိုက်ဖူးတဲ့ Elisabeth Moss ပါ။ Hamilton တို့ tick, tick…BOOM! တို့လို နာမည်ကြီးကားတွေရိုက်ဖူးတဲ့ Philippa Soo လည်းပါပါတယ်။ Narcos မှာ ပါဘလို အက်စကိုဘား နေရာက သရုပ်ဆောင်ဖူးတဲ့ Wagner Moura ကလည်း အဓိကဇာတ်ကောင်တစ်ကောင်ပါပဲ။ ကားကောင်းတွေချည်း ရွေးရိုက်တဲ့သူတွေ ရိုက်ထားကြတဲ့ Thriller မီနီ စီးရီးကောင်းပါပဲ။...
Salisihan (2024) ⭐IMDB: 6.3/10 (40 Votes) 🎬 #Adult #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 49 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Salisihan (2024) ============== ဒန်နဲ့အန်နာတို့က လူလတ်ပိုင်းလင်မယားနှစ်ယောက်ပါ။နှစ်ဦးလုံးကလေးအသည်းအသန်လိုချင်ပေမယ့် ပထမဆုံး ကိုယ်ဝန်ပျက်ကျပြီးကတည်းက နောက်ပိုင်းကံမကောင်းသေးပါဘူး။ တစ်နေ့မှာတော့ သူတို့အိမ်ကို ဆိုဖီဆိုတဲ့ ကိုယ်ဝန်ဆောင်မိန်းကလေးတစ်ယောက်ရောက်လာပြီး သူဟာ ဒန်ရဲ့သားဖြစ်သူရဲ့ချစ်သူပါလို့ မိတ်ဆက်လာပါတယ်။ အဲ့ဒီလိုနဲ့ ဒန်ကိုယ်တိုင်မမြင်ဖူးသေးတဲ့ သားဖြစ်သူရဲ့ချစ်သူကို အိမ်ပေါ်မှာတင်ခေါ်ထားလိုက်ပြီးတဲ့နောက်မှာ..သူ့သားဖြစ်သူဆိုသူကလည်း ရောက်လာပါတယ်။ အဲ့ဒီမှာပဲ အရွယ်ချင်းမကွာလှတဲ့ ချွေးမနဲ့ယောက္ခမ၊မိထွေးနဲ့လင်ပါသား စသဖြင့် ပတ်လည်ရိုက်ဇယားတွေရှုပ်ကြပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Crossword Mysteries: Terminal Descent (2021) ⭐IMDB: 6.9/10 (883 Votes) 🎬 #Crime #Drama #Mystery #TVMovie #Romance 🗓 2021 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Who murdered Morgan?ဘယ်သူက မော်ဂန်ကိုသတ်တဲ့တရားခံလဲ? IT နည်းပညာရှင် သူဌေးကြီး လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး တရားခံအမှန်ပေါ်ပေါက်အောင် crossword ပဟဠိ ကျွမ်းကျင်ပညာရှင် တက်စ်နဲ့ စုံထောက် လိုဂန်တို့က ဘယ်လိုမျိုးတွေ ကွင်းဆက်တွေရှာဖွေခဲ့လဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်၊ စုံထောက်ဇာတ်လမ်းကြိုက်သူများ ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။...
Laapataa Ladies (2023) ⭐IMDB: 8.4/10 (4 k Votes) 🎬 #Bollywood #Comedy #Drama #Adventure 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Laapataa Ladies 2023 (လွဲခဲ့လေသော ဘူတာ)IMDb 8.4 ဖူးစာပါရင်တော့ ရထားလွဲလည်း ဘူတာမှန်မှာပြန်ဆုံနိုင်ပါတယ် ဒီကားကတော့ဇာတ်လမ်းအစတည်းကဘူတာမှားခဲ့ကြတဲ့ ဖူးစာဘက်တွေအကြောင်းဟာသလေးနှောပြီးတင်ဆက်ထားတဲ့ ရုံတင်ကားတစ်ကားပါ Box office အနေနဲ့216 သန်းရရှိထားပြီး မဆိုးလှတဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုကြဖို့ ညွှန်းဆိုလိုက်ရပါတယ် နေ့ထူးနေ့မြတ်ဖြစ်တဲ့ပွဲတော်ရက်မှာ လက်ထပ်ပွဲလုပ်ကြရင် တစ်သက်လုံးပျော်ရတယ်ဆိုတဲ့အစဉ်အလာနဲ့ဒီပွဲတော်နေ့ဖြစ်တဲ့ထရီတီယာနေ့မှာ အိမ်ထောင်ပြုကြသူတွေ ကြိတ်ကြိတ်တိုးပေါ့ သျှောင်နောက် ဆံထုံးပါဆိုသလိုယူပြီးလို့ လင်ယောက်ျားရွာကို လိုက်ရမဲ့အချိန်ရောက်တော့လည်း ရထားဘူတာမှာ ကြိတ်ကြိတ်တိုးပေါ့ရထားတစ်တွဲမှာ မင်္ဂလာစုံတွဲ ၃တွဲလောက်တော့ပါပြီးသားပါပဲ ဒီထဲမှာဒီပူတို့လည်းပါတာပေါ့ ကြင်စဦး လောလောလတ်လတ်မင်္ဂလာဆောင်ပြီး ဇနီးသည်လေးကို ရွာခေါ်လာဖို့ဒီရထားပေါ်ပါလာခဲ့တယ် လူတွေများတဲ့ရထားတွဲပေါ်တက်မိပြီး သူတို့ရတဲ့နေရာဘေးမှာ သူ့ရဲ့ဇနီးလောင်းလေးလိုဆာရီအနီ အရပ်အမောင်း ကိုယ်လုံးကိုယ်ပေါက်တူပြီး ပဝါပါမျက်နှာခြုံထားတာတဲ့နောက်ထပ်သတို့သမီးကလည်းရှိနေပါတယ် တစ်နေ့တာရထားစီးပြီး ညရောက်လို့ရွာရောက်ချိန်မှာတော့ရထားပေါ်က ကမျောသောပါးဆင်းကြရင်း တွေးနေကြသလို သတို့သမီးမှားသွားပါတော့တယ် နောက်ပိုင်းဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ ကြည့်ရှုသူတို့ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော် (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Arnold Is a Model Student (2022) ⭐IMDB: 6.5/10 (133 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #Thailand #Singapore #Philippines #France #Netherlands #Germany ⏰ 1 နာရီ 25 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Arnold is a Model Student ( 2023 ) Arnold is a Model Student ဟာ မျက်မှောင်ခေတ် ထိုင်းမှာကြုံနေရတဲ့ ပြဿနာတွေကို တင်ပြထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပြီးSorayos Prapapanက ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။မျက်မှောက်ခေတ်ထိုင်းကျောင်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြပြီးထိုင်းပညာရေးရဲ့ ဦးတည်ချက်ကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပါပဲ။Prapapan ဟာ ဒီရုပ်ရှင်ကို ထိုင်းမှာ ၂၀၂၀ တုန်းက ဖြစ်ခဲ့တဲ့ bad student movement နဲ့အဲဒီဆန္ဒပြမှုတုန်းကသုံးခဲ့တဲ့ ကျောင်းသားလက်စွဲစာအုပ်ကို အခြေခံပြီး ရိုက်ထားတာပါ။ဒီရုပ်ရှင်ရဲ့အခန်းတွေကိုလည်း အဲဒီလက်စွဲစာအုပ်က အခန်းတွေနဲ့ပဲ ခွဲထားတယ်။ Prapapanရဲ့ ကားနာမည် Arnold is a Model Student ဟာ ကားထဲက ကျောင်းသားတွေရဲ့ ဆန္ဒပြမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသလိုရုပ်ရှင်မှာလည်း ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ ဆန့်ကျင်စွာ ရပ်တည်နေတဲ့ အာနိုးဟာ အဓိကဇာတ်ကောင်ဖြစ်နေခဲ့တယ်။သူ့ဇာတ်အိမ်ဟာ bad student movementကို အခြေတည်ထားပေမဲ့ သူ့အဓိကဇာတ်ကောင်က ဒီအရွေ့နဲ့ဆန့်ကျင်ပြီးဒီပျက်စီးနေတဲ့ စနစ်ကြီးကနေ သူ့အခွင့်အရေး သူအရယူတဲ့သူအဖြစ်ပြပြီး ဒီနှစ်ခုကို မျဉ်းပြိုင်အနေနဲ့သုံးပြီးထိုင်းပညာရေးစနစ်ရဲ့ လာဘ်ထိုးမှုတွေ အကျင့်ပျက်ခြစားမှုတွေ တက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်တဲ့အလိမ်အညာတွေဆရာဆရာမတွေရဲ့ အာဏာအလွဲသုံးစားလုပ်ခြင်းတွေကို ပြထားတယ်။ Arnold is a Model Student ဟာ မျက်မှောက်ခေတ် ထိုင်းပညာရေးက ပြဿနာတွေကိုတင်ပြချင်တဲ့ ရည်ရွယ်ချက်တော့ကောင်းပေမဲ့ လုံးဝကြီး သရုပ်ပေါ်အောင်ပြနိုင်ခဲ့တဲ့ ရုပ်ရှင်တော့ မဖြစ်ခဲ့ပါဘူး။ဒါပေမဲ့လည်း စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို ဇာတ်အိမ်တည်ထားတာဖြစ်သလိုပညာရေးစနစ်တွေနဲ့ပတ်သက်ပြီး ဒီလိုတင်ပြတဲ့ကားတွေ သိပ်မတွေ့ရတတ်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။...
Pon Ondru Kanden (2024) ⭐IMDB: 5.6/10 (155 Votes) 🎬 #Bollywood #Comedy #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ponn Ondru Kandein (2024) “သုံးပွင့်ဆိုင်” IMDb – 5.5/10 ဗီဂျေးဒေဗာရာခွန်ဒါရဲ့ တလေဂူးရုပ်ရှင် Pelli Choopulu (2016)ကိုRemakeပြန်လည်ရိုက်ကူးထားတဲ့ တမီးလ်အချစ်ဇာတ်မြူးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ စိုင်းနဲ့ ရှီဗာတို့နှစ်ယောက်က ဆယ်ကျော်သက်အရွယ်ကျောင်းတော်ကရန်စတွေကြောင့် မဆုံမိကြဖို့အရေး ရှောင်ပြေးနေကြသူတွေ။ အလုပ်ကိုယ်စီနဲ့ ကိုယ့်ဘ၀ကိုယ်ကျောင်းနေရင်း တစ်ရက်မှာတော့ ငယ်သူငယ်ချင်းတွေကကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲအတွက် မလာမနေရ ဇွတ်အတင်းခေါ်ပါတော့တယ်။ နှစ်ယောက်သား ဟိုကောင်လာမှာလားဆိုတာကို အရင်မေးတော့ဘော်ဒါတွေက လုံး၀မလာနိုင်ကြောင်းပြောပြီး နှစ်ယောက်လုံးကိုvအရခေါ်ကြပါတော့တယ်။ ဆန်ဒီကတော့ ချန်နိုင်းက စားသောက်ဆိုင်ကို စေလွှတ်ချင်းခံနေရတဲ့ စားဖိုမှူးမလေးပေါ့။ ဒီသုံးယောက်ဆုံတွေ့ကြတဲ့အချိန်မှာတော့ စိုင်းနဲ့ရှီဗာတို့နှစ်ယောက်ကျောင်းတော်ကရန်စ အသစ်တစ်ဖန် ပြန်လည်ဖြစ်လာမှာလားဆိုတာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်...
Lineman (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 7 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lineman 2024 (လျှပ်စစ်မီးသမားလေး နာတာရာ့ဂျ်) ယခုတစ်ခေါက်မှာတော့ မီးခဏခဏလာတတ်တဲ့ တို့တွေလိုမျိုးပဲမီးမပေးလို့ ပြဿနာတက်ရတဲ့ ရွာလေးတစ်ရွာရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ရွာလေးရဲ့နာမည်ကတော့ ဆာသီပါလီလို့ခေါ်ပါတယ်။ ယခုခေတ် ရွာတွေဟာလည်း အရင်ကလိုအိမ်တိုင်းမှာ နွားလှည်းကိုယ်စီမဟုတ်ဘဲ ဆိုင်ကယ်ကိုယ်စီဖြစ်နေကြပြီး ရေဒီယိုတွေအစားစမတ်ဖုန်းတွေကိုင်ကြတဲ့ခေတ်ကို ရောက်ရှိနေပါပြီ။ တီဗီကိုယ်စီရှိနေကြပြီး အိမ်ထောင်ရှင်မတွေဟာလည်း ဇာတ်လမ်းတွဲတွေစွဲလို့နေကြပါပြီ။ဒီရွာလေးရဲ့ လျှပ်စစ်မီးပေးရုံးမှာ တာဝန်ထမ်းဆောင်နေရတဲ့ကောင်လေးကတော့ နာတာရာ့ဂျ်လို့ခေါ်ပြီးတစ်ရွာလုံးကတော့ သူ့ကို နာတူလို့ခေါ်ကြပါတယ်။ နာတူဟာ သူ့အဖေရဲ့အစိုးရဝန်ထမ်းနေရာကိုဆက်ခံရင်း လျှပ်စစ်မီးသမားလေးလုပ်နေရင်း အောင်မြင်မှုကြီးကြီးမားမားကို လိုချင်နေသူလေးတစ်ယောက်ပေါ့။ အလုပ်လေးကလည်းရှိ အသက်ကလည်း ရှိသင့်သလောက်ရှိပြီဆိုတော့ အမေဖြစ်သူက နာတူကိုအိမ်ထောင်ပြုစေချင်ပေမယ့် နာတူကတော့ အမြဲငြင်းရင်း သူတို့သားအမိဟာလည်း ဒီကိစ္စနဲ့ အမြဲပြဿနာဖြစ်လို့နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရွာရဲ့အသက်အဘွားကြီးရဲ့ အသက်(၁၀၀)မွေးနေ့ကို ကျင်းပဖို့ ညဘက်မှာ မီးပေးဖို့အတွက်နာတူကိုပြောကြတဲ့အခါ နာတူကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုငြင်းဆန်လိုက်တဲ့အခါမှာတော့မီးသမားလေးနာတူကတစ်ဖက် တစ်ရွာလုံးက တစ်ဖက်နဲ့ ပြဿနာတွေဖြစ်ကြပါတော့တယ်။ဘာလို့ နာတူက မီးပေးဖို့အတွက် ငြင်းဆန်ရတာလဲ ……အမေဖြစ်သူရဲ့ သူ့သားအတွက် မိန်းမရရေးစီမံကိန်းကရော အောင်မြင်သွားမှာလား …… စတဲ့ အကြောင်းပြချက်တွေနဲ့ မီးသမားလေးရဲ့ဘဝအကြောင်းလေးကို ကြည့်ရှုအားပေးလိုက်ကြပါဦးနော် (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)...
Tillu Square (2024) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Thriller #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tillu Square (2024) အချစ်ထောင်ချောက် IMDb (7.3/10) ဒီနေ့မှာတော့ CMပရိသတ်ကြီးအတွက် အချစ်ဟာသ မှုခင်းဇာတ်လေးတင်ဆက်ပေးလိုက်ပါတယ်DJ Tillu (2022)ရဲ့အဆက်sequelကားလေးပါ. အရင်ကားမှာငွေတွေနဲ့လွတ်မြောက်လာတဲ့နောက်မှာတီလူက မင်္ဂလာပွဲတွေစီစဥ်DJလိုက်တီးပေးတဲ့အလုပ်လုပ်ရင်းဘဝကိုဖြတ်သန်းနေခဲ့တာပေါ့ ဒီလိုနဲ့ တစ်နေ့မှာလီလီဆိုသူနဲ့တွေ့ဆုံပြီးတစ်ညတာမှားသွားခဲ့တဲ့တီလူဟာ မနက်ရောက်တော့ လီလီမရှိတော့လို့စိတ်ပျက်သွားခဲ့ရတယ် ဒီလိုနဲ့သူတို့ဇာတ်လမ်းတစ်ခန်းရပ်ပြီထင်ခဲ့ပေမဲ့ ရောဂါဖြစ်နေတဲ့အဖေနဲ့အတူလီလီကိုဆေးရုံမှာပြန်တွေ့ခဲ့ချိန်မှာတော့ လီလီက သူ့မှာတီလူ့ကိုယ်ဝန်ရှိနေတယ်လို့ပြောလာခဲ့တယ်ဒီလိုနဲ့ တီလူကလီလီနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ရပါတော့တယ်. တစ်နေ့..တီလူ့မွေးနေ့မှာ လီလီကတိုက်ခန်းတစ်ခုကိုခေါ်သွားတော့ အဲဒီတိုက်ခန်းကတစ်ချိန်တုန်းကပတ်သက်ဖူးတဲ့ ရာဒီကာသူ့ကိုခေါ်လာဖူးတဲ့တိုက်ခန်းလို့မှတ်မိလာတဲ့အပြင်လီလီကသူဟာ ရာဒီကာသတ်လိုက်တဲ့ရိုဟစ်ရဲ့ညီမလို့ ပြောလာတဲ့အခါ ….တီလူတစ်ယောက်ဘယ်လိုအရှုပ်အထွေးတွေကြားထဲ ထပ်ရောက်သွားမလဲ ကြည့်ရှုပေးကြပါဦး( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollyood Team ဖြစ်ပါတယ်)...
Manderlay (2005) ⭐TMDB: 69% User Score 🎬 #Drama 🗓 2005 🎞 movie 🌎 #Germany #Denmark #UnitedStatesofAmerica #France #Italy #Netherlands #UnitedKingdom #Sweden ⏰ 2 နာရီ 20 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၉၃၀ ပြည့်နှစ်ကာလတွေက အမေရိကန်နိုင်ငံမှာရှိတဲ့ လူမည်းကျွန်တွေရဲ့ဘဝကို ရိုက်ကူးထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ Dogville 2003 ရဲ့ Trilogy တစ်ကားလည်းဖြစ်ပါတယ် အလာဘားမားပြည်နယ်က မန်းဒလေး ဆိုတဲ့ ဝါဂွမ်းစိုက်ပျိုးရေးခြံကြီးကိုပိုင်ဆိုင်တဲ့ လူဖြူမိသားစုတစ်စုဟာ လူမည်းကျွန်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေဖြစ်တဲ့ ဆိုရှယ်လစ်/ကွန်မြူနစ် ဆန်ဆန် Mam’s Law ဆိုတဲ့ဥပဒေနဲ့ အုပ်ချုပ်နေတာပေါ့…. တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ဂိုဏ်းစတားခေါင်းဆောင်ရဲ့ သမီးတစ်ယောက်ဟာ အဲဒီခြံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး မတရားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ဝါဒ၊ အရင်းရှင်ဝါဒတွေကို လက်မခံတော့တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီကျကျအတွေးအခေါ်တွေနဲ့ ကျွန်လူတန်းစားနဲ့ သခင်လူတန်းစားနှစ်ရပ်စလုံးကို မြေလှန်ပစ်ဖို့ အစီအစဉ်ချပြီးကြိုးစားရုန်းကန်မှာပဲဖြစ်ပါတယ် ဇာတ်ကားရဲ့ထူးခြားချက်ကလည်း Studio ထဲမှာပဲ Setting တစ်ခုတည်းနဲ့ရိုက်ကူးထားတဲ့ Directior ကြီး Lars von Trier ရဲ့စိတ်ကူးပဲဖြစ်ပါတယ်…… Argylle ၊ Jurassic World 1,2 ထဲက မင်းသမီးချော Baryce Dallas Howard ရဲ့ ထူးခြားပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်…. ဂရေ့စ် တစ်ယောက် မန်းဒလေး ကကျွန်တွေရဲ့ဘဝကို ဒီမိုကရေစီနည်းနဲ့ ပြောင်းလဲအုပ်ချုပ်လို့ရပါ့မလား…. ခြံပိုင်ရှင်လူဖြူမိသားစုကရော ဂရေ့စ် ကိုဘယ်လိုသဘောထားပြီးဆက်ဆံမှာလည်း….. ကျွန်စနစ်ကိုဖျက်သိမ်းလိုက်ပါပြီလို့ ကြေညာထားတဲ့ အမေရိကန်နိုင်ငံကိုယ်တိုင်ကရော ဘယ်လိုသဘောထားတွေရှိနေတာလဲ….. ဂရေ့စ် တွေးထားသလို ခြေနှစ်ချောင်း ကယ်ကောင်းရဲ့လား ဆိုတာတွေကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
MirrorMask (2005) ⭐TMDB: 64% User Score 🎬 #Fantasy 🗓 2005 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့Dark Fantasy အမျိုးအစားလေးပါ ဟယ်လန်နာဆိုတဲ့ကောင်မလေးဟာ တစ်ညမှာအိပ်ပျော်နေရာကနိုးလာတဲ့အခါ သူမ,မရောက်ဖူးတဲ့နေရာတစ်ခုကိုရောက်ရှိနေပါတယ် အဲ့ဒီနေရာမှာရှိတဲ့လူတွေအားလုံးဟာမျက်နှာဖုံးတွေတပ်ထားကြပါတယ် သူလိုက်စုံစမ်းရင်းကနေ အဲ့ဒီနေရာဟာအလင်းမြို့တော်ဆိုတာကိုသိခဲ့ရပါတယ် အလင်းမြို့တော်နဲ့ကပ်လျက်ရှိနေတာကတော့ အရိပ်တိုင်းပြည်ပါ။ အကြောင်းအရင်းတစ်ခုကြောင့် အလင်းမြို့တော်နဲ့အရိပ်တိုင်းပြည်ကြားက ဟန်ချက်ညီမျှမှုကြီး ကျိုးပျက်သွားပြီး အလင်းမြို့တော်ကအဖြူရောင်ဘုရင်မဟာနိုးမလာတော့ဘဲအိပ်မောကျသွားပါတယ် ဟယ်လန်နာတစ်ယောက် အဖြူရောင်ဘုရင်မပြန်လည်နိုးလာဖို့နဲ့ မြို့နှစ်ခုကြားက ဟန်ချက်ညီမျှမှုကြီးကို ပြန်လည်တည်ဆောက်ပေးဖို့အတွက်ကြိုးစားပါတော့တယ် ဟယ်လန်နာဟာ အဲ့ဒီနေရာကြီးကိုဘာကြောင့်ရောက်သွားတာလဲ အလင်းမြို့တော်ကြီးကိုအရင်လိုပုံမှန်ဖြစ်အောင်ကယ်တင်နိုင်ပါ့မလား သူမကရော သူမရဲ့အရင်ကမ္ဘာကိုပြန်ရောက်နိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ...
Pusher (1996) ⭐TMDB: 70% User Score 🎬 #Action #Crime #Drama 🗓 1996 🎞 movie 🌎 #Denmark ⏰ 1 နာရီ 46 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.3, Rotten Tomatoes 83% ရထားတယ်။ Cannibal မင်းသားကြီး Mads Mikkelson ပါ၀င်သရုပ်ဆောင်ထားတဲ့ ၁၉၉၆ ကထွက်ရှိခဲ့တဲ့ Crime/Thriller အမျိုးအစား trilogy တစ်ခုပါ။ စုစုပေါင်း ၃ ကားရှိပြီး Pusher 2 နဲ့ 3 ကိုတော့ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်မှာ ဆက်ထုတ်ခဲ့ပါတယ်။ Pusher trilogy ထဲက အဓိကဇာတ်ကောင်တွေကို ဟစ်ဟော့ပ်ဗီဒီယိုတွေထဲက ဂိုဏ်းစတားအကြမ်းစားကြီးတွေလိုမဟုတ်ဘဲ အောက်ခြေက မူးယစ်ဆေးရောင်းစားတဲ့ ငချွတ်လေးတွေအဖြစ် လက်တွေ့ဆန်အောင် အသက်သွင်းထားပါတယ်။ ဒီကားထဲမှာ Mads Mikkelson ကြီးကို မူးယစ်ဆေးရောင်းသမားကတုံး တိုနီ ကာရိုက်တာနဲ့မြင်ရမှာပါ။ ကတုံးတိုနီရဲ့ တွဲဖက်ဖြစ်တဲ့ ဖရန့်ခ်နေရာမှာ သရုပ်ဆောင်ထားတဲ့ Kim Bodnia ကလည်း နာမည်ကြီး ရုပ်ရှင်နဲ့ စီးရီးတွေမှာ ပါ၀င်သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ/သရုပ်ဆောင်တစ်ဦးပါ။ ဆိုတော့ကာ အက်တင်ပိုင်း ဘာညာအနေအထားကတော့ အလန်းလွန် အလွန်လန်းပါတယ်။ Pusher ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကိုက တရားမ၀င် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချတဲ့သူလို့ အဓိပ္ပာယ်ရပါတယ်။ ဖရန့်ခ် နဲ့ တိုနီတို့ ဘော်ဒါနှစ်ယောက်က မူးယစ်ရာဇာတွေဆီကနေ တဆင့်ပြန်ယူပြီး ရောင်းစားနေတဲ့ ဆေးရောင်းသမားနှစ်ယောက်။ အစပိုင်းမှာတော့ ဒီဘဲနှစ်ပွေရဲ့စည်းပွားရေးက သာသာယာယာပဲ။ စော်တွေကိုအမ်း၊ လိုချင်တာ၀ယ်၊ သုံးဖြုံးပြီး အိုကေစိုပြေနေတာပေါ့။ ဒါပေမဲ့ ဒီမြေအောက်လောကရဲ့ ထုံးစံအတိုင်း တစ်ရက်မှာ ဖရန့်ခ်တစ်ယောက် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားမိလိုက်ရာကနေ ကံဆိုးမိုးမှောင်ကျပြီး မူးယစ်ဆေးဒိုင်ဆီမှာ အကြွေးတွေတင်သွားပြီး ငါးပါးမှောက်ပါတော့တယ်။ Pusher 1 မှာတော့ ဖရန့်ခ်၊ တိုနီ နဲ့ သူ့ဘော်ဒါဘော်ဂျွတ်တွေအကြောင်းကို မိတ်ဆက်ထားပြီး ဖရန့်ခ်တို့ အကြွေးနွံထဲနစ်ရင်း တိုင်ပတ်တဲ့ကိစ္စကို ဇာတ်အိမ်တည်ပြီး ဖရန့်ခ် ဇာတ်ကောင်ကို အသားပေးရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်က ရိုးရှင်းပြီး crime/thriller ရုပ်ရှင်ကားတွေထဲမှာ တော်တော်လေး လက်တွေ့ဆန်တယ်ဆိုတဲ့အထဲမှာပါပါတယ်။ ကျွန်တော်ပဲ ၉၀ ကျော်ကရိုက်ခဲ့တဲ့ရုပ်ရှင်တွေကို ပိုကြိုက်မိလို့လားတော့မသိဘူး မှောင်ခိုဆေးဖြန့်တဲ့အကြောင်းတွေရိုက်ကူးထားတဲ့ Crime/Thriller ကားတွေထဲ ဒီကားကတော်တော်ထူးခြားတယ်လို့မြင်မိတယ်။ ရိုင်းတာလည်းလွှတ်ရိုင်းပါတယ်။ မိသားစုနဲ့အတူကြည့်ဖို့ လုံး၀မသင့်တော်ပါဘူး။ ဒိန်းမတ်စကားပြောရုပ်ရှင်ဖြစ်နေတာကြောင့်လည်း အင်္ဂလိပ်ကားတွေနဲ့မတူဘဲ နည်းနည်းကွဲထွက်နေတာဖြစ်ပါလိမ့်မယ်။ နောက်ပြီး ဒီရုပ်ရှင်ကိုကြည့်နေရင်းသတိထားမိလိုက်တာက ရုပ်ရှင်တစ်ခုလုံးကို လက်ကိုင်ကင်မရာတွေနဲ့ပဲရိုက်ထားတာပါ။ ဒါကြောင့် ကားမောင်းခန်းတွေ၊ ထိုးတာကြိတ်တာတွေကအစ တခြားရုပ်ရှင်တွေနဲ့မတူဘဲ ဇာတ်လမ်းထဲ ကိုယ်တိုင်၀င်ပါနေရသလို အရသာကိုရစေမှာပါ။ ဇာတ်ကားနံပါတ် ၂ နဲ့ ၃ ရဲ့ rating တွေကလည်း အတူတူပဲဖြစ်ပြီး ၂ မှာဆိုရင် ဆုတွေလည်းရထားတဲ့အပြင် Mads Mikkelson ကြီးလည်း ထပ်မံပါ၀င်ထားတာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်တဲ့ Crime/Thriller trilogy တစ်ခုဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။...
Valiant (2005) ⭐TMDB: 55% User Score 🎬 #Adventure #Animation #Comedy #War #Family 🗓 2005 🎞 Series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်အတွင်း တိရစ္ဆာန်လေးတွေက လူ့အသက်ပေါင်းများစွာကယ်တင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိရှိမှုအတွက် အမြင့်ဆုံးဆုတံဆိပ်ကတော့ Dickin Medal ဖြစ်ပြီး စစ်ပွဲအတွက် ယင်းဆုတံဆိပ်ပေါင်း ၅၄ ဆုချီးမြှင့်ခံရတဲ့အထဲမှာ ၁၈ ဆုကို တော့ ခွေးလေးတွေကရရှိခဲ့ပြီး၊ မြင်းလေးတွေက ၃ ဆု၊ ကြောင်လေးတစ်ကောင်က ၁ ဆုနှင့် ခိုလေးတွေက ဆုပေါင်း ၃၂ ဆု ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးက ဒုတိယကမ္ဘာစစ်အတွင်း စစ်သားတွေကို ကူညီပေးခဲ့တဲ့ ရာနဲ့ချီတဲ့ ခိုလေးတွေရဲ့အကြောင်းကို Inspire ယူပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းမှာ ၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားစဉ်ကာလကို အခြေတည်ထားပြီး ဇာတ်လမ်းအစပိုင်းတွင် Royal Homing Pigeon Service က ခိုလေး ၃ ကောင်ဟာ အလွန်အရေးပါတဲ့စာတစ်စောင်ကို သယ်ကာ အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ပျံရင်း ဗြိတိန်နိုင်ငံထံသို့ အရောက်ပြန်နေကြပါတယ်။ ညဖက်အချိန် ဆိုးဝါးလှသည့်ရာသီဥတုကြားမှ အားတင်းကာ ပျံသန်းကြရင်း ဒိုဗာ အဖြူရောင်ကမ်းပါးကိုမြင်နေရပြီဖြစ်တဲ့အတွက် သူတို့ရဲ့ ဦးတည်သည့်နေရာ သို့မဟုတ် သူတို့ရဲ့ အိမ်ကိုရောက်ရှိတော့မှာဖြစ် ပါတယ်။ သို့သော် ရုတ်တရတ် နာဇီဂျာမန်များဘက်မှ ရန်သူသိမ်းငှက်ကြီးတစ်ကောင်က သူတို့ကို ခြုံခိုတိုက်ခိုက်ပါတော့တယ်။ ခိုလေးနှစ်ကောင်မှာ ထိုနေရာတွင်ပင်သတ်ဖြတ်ခံလိုက်ရပြီး ကျန်တစ်ကောင်ကိုတော့သိမ်းငှက်ကြီးက ဖမ်းခေါ်သွားပါတော့တယ်။ အခြားတစ်နေရာမှာတော့ ဗားလီယန့်လို့ခေါ်တဲ့ သေးငယ်ပြီးရဲရင့်တဲ့ ခိုငှက်ငယ်လေးက မဟာမိတ်တပ်များဘက်မှ ပါဝင်ပြီး တိုက်ပွဲဝင်ပေးချင်သည့်အတွက် သူ့အမေတားနေတဲ့ကြားက စာပို့ခိုလေးအဖြစ် တာဝန်ထမ်းဆောင်ရန်စာရင်းပေးလိုက်ပါတော့ တယ်။ စစ်ပွဲအတွင်းစာပို့ခိုတစ်ကောင် ဖြစ်လာနိုင်ရန် လေ့ကျင့်နေစဉ်ပင် စာပို့ခိုတပ်စုများတစ်ခုပြီးတစ်ခု သုတ်သင်ရှင်းလင်းခံ နေရတဲ့အတွက် သူတို့အဖွဲ့ကအရေးကြီးပြီးအန္တရာယ်များတဲ့စစ်ဆင်ရေးတစ်ခုကို ဖော်ဆောင်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဗားလီယန့်နဲ့သူတို့အဖွဲ့ စစ်ဆင်ရေးကို အောင်မြင်သည်အထိဖော်ဆောင်နိုင်ပါ့မလား? နာဇီဘက်က သိမ်းငှက်ကြီးကရော သူတို့ကို ဘယ်လိုမျိုးတိုက်ခိုက်မှာလဲ? ဒါတွေကိုကြည့်ရှုရမှာပဲဖြစ်တယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
9th Company (2005) ⭐TMDB: 68% User Score 🎬 #Action #Drama #History #War 🗓 2005 🎞 movie 🌎 #Finland #Russia #Ukraine ⏰ 2 နာရီ 19 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.1, RT 69% SEAL Team, Jarhead, The Pacific, Jack Ryan, The Terminal List အစရှိတဲ့ စစ်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် တိုက်ပွဲ တစ်ခုကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာကို တင်ဆက်ပေးချင်ပါတယ်။ ဆိုက်ဘေးရီးယားက လူငယ်တချို့ဟာ ရုရှားနိုင်ငံ တပ်မတော်မှာ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းခဲ့ပါတယ်။ ဗိုရိုဗိယက်၊ ချူဂိုင်နဗ်၊ ရိုင်ယာဘိုကွန်၊ လူတာယက်ဗ်အိုလက်၊ ရုသ်စလန်၊ ဂျိုကန်ဒါ၊ စတက်၊ ပေါ့ကီ၊ ပီနိုရှေး၊ ဘက်ဘူလာတော့ဗ်တို့ကတော့ လူသစ်စုဆောင်းလေ့ကျင့်ရေးမှာ တပ်ရင်း အတူတူကျတဲ့ တပ်စုဖြစ်ပါတယ်။ သူတို့ သွားရောက် စစ်မှုသွားရောက်ထမ်းဆောင်ရမယ့် နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်မှုမထမ်းဆောင်ခင်မှာ စစ်ပြန်ကြီး ဒုဗိုလ် ဒိုင်းဂါလိုရဲ့လက်အောက်မှာ လေ့ကျင့်ရပါတယ်။ ထို့နောက် အာဖဂန်နစ္စတန်နိုင်ငံမှာ မစ်ရှင်တွေ ဆောင်ရွက်ဖို့ စစ်ကြောင်းထွက်ရပါတော့တယ်။ သူတို့ရဲ့ မစ်ရှင်က စစ်ယာဥ်ကြော ဖြတ်သန်းနိုင်ဖို့ အမြင့်တောင်ကုန်းတစ်ခုကို သိမ်းပိုက်ထားပြီး ရန်သူတွေကို ခံတိုက်ပေးဖို့ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်က Jarheadလို စစ်ရေးလေ့ကျင့်နေစဥ်မှာ ဗယုသုတ်ခ လုပ်တာတွေ၊ SEAL Teamလို မစ်ရှင်စစ်ကြောင်းထွက်တာမျိုးကို ရုပ်ရှင်တစ်ကားထဲမှာ ပြည့်ပြည့်စုံစုံကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် Jarheadလို စစ်မတိုက်လိုက်ရဘဲ ပြီးသွားမယ့် ရုပ်ရှင်မျိုး မဟုတ်တဲ့အပြင် SEAL Teamလို အမေရိကန်ဘက်ကနေ ရိုက်ထားတာမဟုတ်ဘဲ ရုရှားနိုင်ငံအမြင်ဘက်က ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် ဒီရုပ်ရှင်က သာမန်နဲ့တော့ ကွာနေမှာပါ။ ဒါ့အပြင် ၁၉၈၈ ဇန်နဝါရီ ၈ရက်နေ့၊ ပက်တီးယားပြည်နယ် တောင်ကုန်း ၃၂၃၄မှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအကြောင်းကို ကြည့်ရှု့ရတာဆိုတော့ သာမန်စစ်ကားတွေထက် ပိုပြီး တန်ဖိုးရှိတဲ့ ခံစားချက်တစ်ခုကို ရရှိမှာတော့ အမှန်ပါပဲ။ တပ်ရင်း ၉က သူတို့ရဲ့မစ်ရှင်ဖြစ်တဲ့ တောင်ကုန်းကို သိမ်းပိုက်ထားပြီး ရန်သူတွေကို ချေမှုန်းနိုင်ပါ့မလား၊ သူတို့ရဲ့ မစ်ရှင်ဟာ ကျရှုံးသွားမလားဆိုတာကို ဇာတိမာန်အပြည့်နဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
The Indrani Mukerjea Story: Buried Truth (2024) ⭐TMDB: 70% User Score 🎬 #Documentary #Crime 🗓 2024 🎞 Series 🌎 #India #UnitedStatesofAmerica ⏰ 50 မိနစ် 51 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Indrani Mukerjea Story: Buried Truth (2024)The Indrani Mukerjea Story: Buried Truth (2024) “မြှုပ်နှံထားသော အမှန်တရား” IMDb – 6.3/10Netflixကနေ ဆက်တိုက်ဆိုသလို အိန္ဒိယဖြစ်ရပ်မှန်မှုခင်းမှတ်တမ်းရုပ်ရှင်တွေ ထုတ်လွှင့်လာခဲ့ရာမှာ ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကတော့ အတော်လေးကို ဇာတ်အလှည့်အပြောင်းများပြီး စိတ်ကူးယဉ်ဇာတ်လမ်းတွေထက်တောင် ပိုပြီးစိတ်ကူးယဉ်ဆန်နေတာကို တွေ့ရပါတယ်။ ၂၀၁၅ခုနှစ်မှာ ရှီနာဘိုရာလူသတ်မှုဆိုပြီး အိန္ဒိယပြည်သူတွေကြား ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာပေါ့။နာမည်ကြီးမီဒီယာတစ်ခုရဲ့ စီအီးအိုအင်ဒရာနီကို ညီမဖြစ်သူ ရှီနာကိုသတ်တဲ့အမှုနဲ့ မွမ်ဘိုင်းရဲတွေဖမ်းဆီးခဲ့ပါတယ်။ ၂၀၁၂က ပျောက်ဆုံးသွားခဲ့တဲ့ ရှီနာဘိုရာကို ၂၀၁၅ခုနှစ်မှ အသတ်ခံရမှန်းသိပြီး တရားခံအင်ဒရာနီကိုဖမ်းဆီးခဲ့တာပါ။ ဒီလိုဖမ်းဆီးခံရတော့မှ ရှီနာဟာ အင်ဒရာနီရဲ့ညီမမဟုတ်ဘဲ သမီးအရင်းဖြစ်နေတာ ပေါ်လာခဲ့ပါတော့တယ်။ကိုယ့်သမီးအရင်းကို သတ်တဲ့အမေဆိုပြီး ပြည်သူတွေရဲ့ ပြစ်တင်ရှုံ့ချခြင်းကိုလည်း ခံခဲ့ရတယ်။ ဒါပေမဲ့ အင်ဒရာနီကတော့ သူ့သမီးက အမေရိကမှာကျောင်းတက်နေတာ… သူမသတ်ပါဘူးဆိုပြီး ဘူးခံလို့ငြင်းကောင်းတုန်းပါပဲ။သပွတ်အူလိုရှုပ်ထွေးလှတဲ့ မိသားစုအသိုင်းအဝိုင်းဆက်နွယ်မှုတွေနဲ့အတူ တကယ့်အဖြစ်မှန်ကဘာလဲဆိုတာ စိတ်ဝင်တစားကြည့်ရမဲ့ဇာတ်လမ်းတွဲမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်)...
Inside Man (2022) ⭐TMDB: 69% User Score 🎬 #Drama #Crime #Mystery 🗓 2022 🎞 Series 🌎 #UnitedKingdom ⏰ 1 နာရီ 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Inside Man (2022)Inside Man (2022) =============== IMDb Rating – 6.6./10Games of Thorne , Sherlock Holmes စတဲ့ အကောင်းဆုံး ဇာတ်လမ်း တွဲတွေကို ထုတ်လွှင့်ခဲ့တဲ့ BBC ကနေ တာဝန်ယူထုတ်လွှင့်ထားတဲ့ စုံထောက် လူသတ်ဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းတွဲ ဆိုပေမယ့် ၄ ပိုင်းထဲပါပြီး ၄ နာရီကြာဇာတ်ကားတစ်ခုလို အတော်လေးကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး British မင်းသား David Tennat နဲ့ ရာဇ ဝတ်ကားတွေဆို နောက်ကွယ်ကဉာဏ်ကြီးရှင် Master mind နေရာမှာပါဝင် နေကြ Stanley Tucci တို့က ပါဝင်အားဖြည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရာဇဝတ်မှုပိုင်းဆိုင်ရာပညာနဲ့ ပါရဂူဘွဲ့ရခဲ့ပြီး မှုခင်းလောကရဲ့ နာမည်ကြီးစုံထောက်ကြီး…ဂျက်ဖာဆင်ဟာ ကိုယ့်မိန်းမကို သတ်မှုနဲ့ ထောင်ကျနေခဲ့တာ ၁၀ နှစ်ရှိပါပြီ။ ရိုးရိုးသတ်တာမဟုတ်ဘဲ ခေါင်းပါ ဖြတ်ခဲ့လို့ သေမိန့်ကျထားခံရသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပညာဟာ ထောင် ထဲရောက်သွားတောင် အကျိုးပေးနေပါသေးတယ်။ အပြင်လောကက မနိုင် တော့တဲ့ အမှုမှန်သမျှကို ရဲ, စုံထောက်တွေက ဆရာကြီးဂျက်ဖာဆင်ဆီ လာပြီး ထောင်ထဲထိ ဖြေရှင်းခိုင်းရပါတယ်။ သူကလည်း သာမန်အမှုမျိုးဆို ကိုင်တတ် သူမဟုတ်ဘဲ၊ သူ့ရဲ့သတ်မှတ်စံနှုန်းပြည့်မှီတဲ့ အမှုကိုမှ ကိုင်ပါတယ်။အမှုတွေဖြေရှင်းလာရင်း သူသေမိန့်နီးလာတဲ့ ၂ ပတ်အလိုမှာ အင်္ဂလန်က ဘုန်း ကြီးလူသတ်မှုကို ဖြေရှင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ သာမန်ဆို ခရစ် ယာန်ဘုန်းတော်ကြီး ဟယ်ရီဟာ လူသတ်ဖို့မပြောနဲ့ တစ်မြို့လုံးကချစ်ကြတဲ့ လူကောင်း ဘုန်းတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီရဲ့ ရှုပ် ထွေးလှတဲ့အမှုကို ဖြေရှင်းဖို့ ဂျက်ဖာဆင်ဆီ ရောက်လာတဲ့ အခါမှာတော့ . . .မသေခင် နောက်ဆုံးအမှုတစ်ခုကို ကိုင်တွယ်ဖို့ဆုံးဖြတ်လိုက်တဲ့ ဂျက်ဖာဆင်နဲ့ ဟယ်ရီတို့ရဲ့ အမှုကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ စုံထောက်ဇာတ် လမ်းတွဲတွေ ကြိုက်သူအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲလို့ အကြံ ပြုချင်ပါတယ်။ ဂျက်ဖာဆင်အဖြစ် သရုပ်ဆောင်ထားသူက Stanley Tucci ပဲ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)...
