ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
A Bridesmaid in Love (2022)
⭐TMDB: 54.0% User Score
🎬 #Comedy #Romance #TVMovie
🗓 2022 🎞 movie
🌎 #Canada
⏰ 1 နာရီ 27 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Bridesmaid in Love (2023)=====================
အချစ်ဇာတ်ကားတွေကြည့်ရတာ သဘောကျတဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ရိုမန်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကတ်သရင်းဆိုတဲ့ကောင်မလေးက မင်္ဂလာဆောင်တွေမှာ သတို့သမီးအရံအနေနဲ့ ကူညီပေးတဲ့ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ သူမသူငယ်ချင်းမက်ဇင်းရဲ့မင်္ဂလာပွဲအတွက် ကူညီပေးရင်း လွန်ခဲ့တဲ့ဆယ်ခုနစ်ကခင်ခဲ့တဲ့မက်ဇင်းရဲ့အကိုမက်ထ်နဲ့ပြန်ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးတွေပြောင်းလဲလာမလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရူခံစားရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Nang Aye Myat Phoo ဖြစ်ပါတယ်)...
Partner (2023)
⭐IMDB: 6.1/10 (74 Votes)
🎬 #Bollywood #Comedy #ScienceFiction
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 3 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Partner 2023 (သို့) ညိုကီမှပျိုမဒီIMDb – 6.3/10
တောင်ပိုင်းမင်းသားချော အာဒီနဲ့ သူမပါရင်တောင်ပိုင်းကားမဟုတ်သလို ဇာတ်ကားတိုင်းမြင်နေရတဲ့ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ရဲ့ ထူးခြားဆန်းကြယ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
အာဒီက အကြွေးပူနေလို့ ငယ်သူငယ်ချင်း ဘာဘူကြီးရှိရာ ချန်နိုင်းကို ရောက်လာခဲ့ရော။အဲဒီမှာ အသက်ရှင်ဖို့အရေး ခိုးဝှက်စားသောက်နေကြလေရဲ့။ ရိုးရိုးခိုးတာမဟုတ် ကုမ္ပဏီထောင်ခိုးတာ။တစ်ရက် အချီကြီးကြံဖို့အရေး သူဌေးကို ဂွင်ကျော်ရိုက်ရာကအစ သိပ္ပံပညာရှင်ကြီးတစ်ယောက်ရဲ့စမ်းသပ်ခန်းထဲက ချစ်ပ်ပြားလေးတစ်ခုကို ဝင်ခိုးရင်း ဇာတ်လိုက်ကျော်ယိုဂီဘာဘူတစ်ယောက်ဘုန်းကညာတပါး လုံးရာကပြားပြီး မင်းသမီးချောလေး ဟန်စီကာအဖြစ်ပြောင်းသွားပါရောလား။
အဲဒီကနေ ဘယ်လိုတွေတိုင်ပတ်ပြီး ပျိုကညာမဒီတပါး ပြားရာကပြန်လုံးဖို့ ကြိုးစားကြပုံကိုဝါးလုံးမကွဲဘဲ ပြုံးဖြဲဖြဲရယ်မောရင်း ကြည့်ရှုအမောဖြေကြစို့လေ။
(အညွှန်းနဲ့ဘာသာပြန်သူတွေက Zwe~BpL~V~YH~ToMo~KKKZတို့ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Breach (2022)
⭐IMDB: 4.9/10 (360 Votes)
🎬 #Horror #Mystery
🗓 2022 🎞 movie
🌎 #Canada
⏰ 1 နာရီ 33 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Breach (2022)
~ Rotten Tomatoes – 82% ~
မိုးအေးအေးနဲ့ လိုက်ဖက်မယ့် Horror ကားလေးတစ်ကား လာပါပြီ။
ဂျွန်ဟောကင်းဟာ ခပ်ခေါင်ခေါင်ဒေသက မြို့ငယ်လေးတစ်မြို့ရဲ့ ရဲမှူးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူလူသူသူအားကျရာအရပ်ဆီကို ပြန်လို့ပြောင်းမိန့်ကျထားပြီဖြစ်တာကြောင့် သူ ပြောင်းရတော့မယ့်ရက်ကို စောင့်စားရင်းနေနေသူ တစ်ဦးဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးထူးဆန်းဆန်းဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းတစ်လောင်းဟာ မြစ်စပ်မှာ မျောလို့ တင်လာပါတယ်။ ဒီလိုနဲ့ပဲ ဂျွန်ဟောကင်းတစ်ယောက် သူ့အတွက် ဒီမြို့လေးရဲ့ နောက်ဆုံးဖြေရှင်းရမယ့်အမှုအဖြစ် စတင်ကိုင်တွယ်ရပါတော့တယ်။
Horror ကားဆိုတဲ့အတိုင်း များများပြောပြလို့ မကောင်းတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ လူသားတစ်ဦးရဲ့ နားလည်နိုင်စွမ်းအလွန်က ကြောက်မက်ဖွယ်ပဟေဠိထဲ ဂျွန်ဟောကင်းတစ်ယောက် ဘယ်လိုတွေ ရင်ဆိုင်ရဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါ။ ဒီရုပ်ရှင်ဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့် Best FX Makeup (အထူးပြုလုပ်ချက်မိတ်ကပ်ဆု)ကို ဆွတ်ခူးထားသမို့တော့ သက်ဝင်ကြွရွ အလောင်းလှလှလေးတွေ မြင်ချင်ရင်တော့ လက်မနှေးဘဲ ဒေါင်းလိုက်ကြပါဦးနော့်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
Desperation Road (2023)
⭐IMDB: 5.7/10 (462 Votes)
🎬 #Action #Thriller #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင်
ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့
လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံး
အချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာ
ကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့
အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့
သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်း
နေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။
ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်း
ပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျော
ပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲ
သူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေး
တိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့
ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေ
ဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။...
Sisi & I (2023)
⭐IMDB: 6.8/10 (244 Votes)
🎬 #Biography #Drama #History
🗓 2023 🎞 movie
🌎 #Austria #Germany #Switzerland
⏰ 2 နာရီ 14 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sisi & I (2023)
~ IMDb – 6.8/10, Rotten Tomatoes – 80% ~
ခုတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားဟာဆိုရင်တော့ သာမန်ရိုးရိုး ဂျာမန်ဒရာမာကားတစ်ကားတင်မဟုတ်ဘဲ ဩစတြီးယားဧကရီ အဲလက်ဇဘက်အကြောင်းကို Biography သဘောမျိုး ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပါ။ ဂျာမန်ဝါရင့်မင်းသမီးနှစ်ဦးဖြစ်တဲ့ Sandra Hüller နဲ့ Susanne Wolff ကနေ ဇာတ်ဆောင်မင်းသမီးနှစ်ဦးအဖြစ်ပါဝင် သရုပ်ဆောင်ထားတာဖြစ်ပြီး ထွက်ထွက်ပြီးချင်း လပိုင်းအတွင်း ဆန်ကာတင်ဆု ၅ ခု ရရှိခဲ့ပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
မြို့စားကတော်အနေနဲ့ မွေးဖွားလာခဲ့ရတဲ့ အိုင်မာဟာ စီစီလို့ လူသိများကြတဲ့ ဩစတြီးယားဧကရီ အဲလစ်ဇဘက်အတွက် အမှုထမ်းရဖို့အကြောင်းဖန်လာပါတယ်။ အိုင်မာကတော့ ငယ်ငယ်ကတည်းက မျိုးရိုးမြင့်တစ်ယောက်အနေနဲ့ ကြီးပြင်းလာခဲ့ရတဲ့အတွက် လောကကြီးကိုစိတ်ကုန်နေတာပေါ့။ ဒါပေမဲ့ မိခင်ရဲ့ တိုက်တွန်းမှုကြောင့် မိသားစုဂုဏ်ကိုထောက်ပြီး ဧကရီဆီမှာ အစေခံဖို့သွားခဲ့ပါတယ်။ အိုင်မာဟာ စီစီ့ဆီကိုရောက်ရောက်ချင်းမှာပဲ ပြင်းထန်တဲ့စမ်းသပ်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ စီစီ့ကိုမငြင်းဘဲ ရှိရှိတဲ့အတိုင်းရအောင်နေခဲ့ပါတယ်။ တကယ်တော့ စီစီရဲ့ ဘဝဟာလည်း အိုင်မာနဲ့ သိပ်မကွာလှပါဘူး။ ငယ်ငယ်တုန်းက မြို့စားမင်းသမီးအနေနဲ့ပျော်ပျော်ရွှင်ရွှင်နေခဲ့ရပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ ဧကရာဇ်မင်းကြီးရဲ့ ကြင်ယာဖက်အနေနဲ့ ရွေးကောက်ခံလိုက်ရတဲ့အတွက် စီစီ့ရဲ့ဘဝကြီးဟာ လူငယ်ဘဝကိုမခံစားရတော့ဘဲ ကံဆိုးမိုးမှောင်ကျသလိုဖြစ်သွားရပါတယ်။ အဲဒါကြောင့်ပဲ သူဟာ ဧကရီဖြစ်လာပြီးနောက်ပိုင်း ဧကရာဇ်မင်းကြီးနဲ့လည် းနန်းတော်ထဲမှာ အတူမနေ တိုင်းပြည်နဲ့ပတ်သက်တဲ့ကိစ္စတွေကို အရေးမစိုက်တော့ဘဲ ဧကရီအာဏာနဲ့ ဂရိပြည်မှာ လွတ်လွတ်လပ်လပ်သွားနေခဲ့တာပေါ့။ အဲဒီလိုနဲ့ စီစီနဲ့အိုင်မာတို့ ဆုံခဲ့ကြပါတယ်။ သူတို့နှစ်ယောက် စစတွေ့ချင်းကတည်းက ကံမကောင်းအကြောင်းမလှလို့ ဘေးဘီကလူတွေရဲ့ တိုက်ခိုက်မှုကြောင့် နှစ်ယောက်လုံးပြဿနာအသီးသီးခံစားခဲ့ရတာပါ။ ဒါပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ နှစ်ယောက်လုံး တစ်ဦးကိုတစ်ဦးသံယောဇဉ်တွယ်မိသွားပြီး သမိုင်းက စီစီ့ကိုအဆုံးသတ်မသွားခင်အထိ နှစ်ယောက်သားအတူယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။
ဒီဇာတ်ကားထဲမှာတော့ စီစီနဲ့ အိုင်မာတို့နှစ်ယောက် စတွေ့ရာက ဖြစ်ပေါ်လာတဲ့ဒုက္ခပြဿနာတွေအကြောင်းကိုပဲ အဓိကထားရိုက်ကူးထားတာဖြစ်လို့ သမိုင်းကြောင်းအကုန်အစင်မပါပေမဲ့လည်း အဆင့်အတန်းချင်းမတူပေမဲ့ အသက်ထက်ဆုံးမိတ်ဆွေတွေဖြစ်ခဲ့ကြတဲ့ အမျိုးသမီးနှစ်ဦးရဲ့သံယောဇဉ်ကို မြင်သာအောင်ရိုက်ထားတာဖြစ်လို့ လက်ရာမြောက် ဒရာမာဇာတ်ကားတစ်ကားလည်းဖြစ် ဩစတြီးယားဧကရီရဲ့ ဘဝအကြောင်းကိုလည်း သိရှိနိုင်မယ့် ရာဇဝင်ဇာတ်ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
The Exorcist: Believer (2023)
⭐IMDB: 5.1/10 (7 k Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 25 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအစမှာ ဖာသာ ရိုင်လန်ဆီကို လူတစ်ယောက်ရောက်လာတယ်။
ရွံ့ကျိုးတဲ့ပုံစံနဲ့ ကိုယ့်ကိုယ်ကို ဖာသာ ရောလ်ကိုတက်စ်ဖြစ်ကြောင်းနှုတ်ဆက်လိုက်ပြီး
ပရောဂကုပေးဖို့အကူအညီတစ်ခုတောင်းလိုက်တယ်။
သူနဲ့အတူ အပနှင်ခဲ့တဲ့သူ ဂျွန်မာဖီဟာသေဆုံးသွားပြီဖြစ်တဲ့အတွက် မသေခင်မှာ
ဖာသာရိုင်လန်ကိုသွားရှာပါလို့မှာခဲ့တဲ့အတွက် လာရောက်ခြင်းဖြစ်ကြောင်းရှင်းပြလိုက်တယ်။
ဆရာလည်းဖြစ် မိတ်ဆွေလည်းဖြစ်တဲ့ ဂျွန်မာဖီရဲ့ တောင်းဆိုချက်ကြောင့် လက်ခံလိုက်တယ်။
တစ်ဖက်မှာ စစ္စတာ ကယ်ရိုလိုင်းဟာ စိတ်ရောဂါကုဆရာဝန်ဒေါက်တာ ဘတ်ခ်တက်ကို
အကူအညီတောင်းနေတယ်။
လက်ရှိဖြစ်နေတဲ့ မကောင်းဆိုးဝါးဝင်ပူးခံထားရတဲ့ ကလေးဟာ ဒေါက်တာဘတ်ခ်တက်ကို
မဖြစ်မနေခေါ်လာခိုင်းတာဖြစ်ကြောင်းရှင်းပြတယ်။ အစပိုင်းမှာ မယုံကြည်ပေမယ့်
နောက်ဆုံးမှာ စစ္စတာကယ်ရိုလိုင်းထုတ်ပေးလိုက်တဲ့ဖိုင်ကို ကြည့်ပြီးတော့ လက်ခံလိုက်တယ်။
ဒါတင်အားမရသေးဘဲ စစ္စတာကယ်ရိုလိုင်းဟာ နောက်ထပ် အမျိုးသမီး အပနှင် သူဘတ်တစ်
ဘုန်းတော်ကြီးကို အကူအညီထပ်တောင်းရပြန်တယ်။ ဒီလို အင်အားကြီးအတွေ့အကြုံရင့်သန်သူတွေကို
အကူအညီတောင်းပြီးနောက်မှာ ကလေးပေါ်မှာဝင်ပူးနေတဲ့မကောင်းဆိုးဝါးကို စတင်ချွတ်ပါတော့တယ်။...
Desperation Road (2023)
⭐TMDB: 0.0% User Score
🎬 #Action #Thriller #Drama
🗓 2023 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင်
ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့
လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံး
အချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာ
ကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့
အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့
သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်း
နေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။
ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်း
ပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျော
ပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲ
သူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေး
တိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့
ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေ
ဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။...
Man on Fire (2004)
⭐TMDB: 74.0% User Score
🎬 #Action #Crime #Drama #Thriller
🗓 2004 🎞 movie
🌎 #USA #Switzerland #UnitedKingdom #UnitedStates #Mexico #UnitedKingdom #UnitedStatesofAmerica
⏰ 2 နာရီ 26 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Man on Fire (2004)
IMDb-(7.7)
The Equalizer 3 ထဲမှာပြန်လည်ဆုံတွေ့ကြတဲ့ Denzel Washington နဲ့ Dakota Fanning တို့ ငယ်ငယ်တုန်းက
ရုပ်ရှင်ဇာတ်ကားကြီးကို Quality အမိုက်စားနဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။
ဇာတ်လမ်းကတော့….
နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ဗရပွနဲ့ လူတစ်ယောက်…သူက အတိတ်က လုပ်ခဲ့တဲ့ ကိစ္စတစ်ရဲ့ အမှားတစ်ချို့ ကိုမေ့ပျောက်ဖို့ အတွက်
အရက်ကို အချိန်ပြည့်နီးပါးအဖော်ပြုနေတဲ့သူ….တစ်နေ့တော့ သူ့သူငယ်ချင်းတစ်ယောက်က လာပြောတယ် ဒီအတိုင်းနေမယ့်
အတူတူ အပြုအမူလေးတွေဆင်ခြင်ပြီးတော့ ချမ်းသာတဲ့ အသိုင်းအဝန်းက အိမ်မှာ ဘော်ဂီဂတ်လုပ်ဖို့ အကြံပေးလာတယ်…
သူဟာ အတိတ်တုန်းက စစ်မှုထမ်းခဲ့ပြီး စစ်မှုထမ်းသက်လည်း အတော်ရှိခဲ့ပြီး ထူးချွန်ခဲ့တဲ့သူတစ်ယောက်…
ဘော်ဒီဂတ်လုပ်ရမှာကပြန်ပေးမှုအများဆုံးဖြစ်နေတဲ့ မက္ကဆီကို ..သူဒီအလုပ်ကိုလက်ခံလိုက်တယ်…
ဒီကားက တော်တော်များများကြားဖူး ကြည့်ဖူးပြီးသားဖြစ်မှာပါ…ဒါရိုက်တာTony Scott ရိုက်ကူးပြီး
ကျွန်တော်တို့ရဲ့ အသည်းစွဲမင်းသားကြီး Denzel Washington, ပါဝင်သရုပ်ဆောင်ထားပါတယ်….
ပရိယာယ်များပြီး ဘယ်ကိစ္စမဆို ယုံကြည်လို့မရတဲ့ ဒီလောကကြီးမှာ ကျွန်တော်ကတော့ Denzel Washington ရိုက်တဲ့ ကားတွေကို ချွင်းချက်ထားလိုက်ချင်တယ်…
သိတဲ့အတိုင်း သူ့ကားတွေဟာ မကောင်းတဲ့ကားတောင်မရှိသလောက်ရယ်…ဒီကားမှာလည်း တိုတိုပြတ်ပြတ်ပြောပြီးအလုပ်ကိုတာဝန်ကျေတဲ့သူတစ်ယောက်…
သူစောင့်ရှောက်ရတဲ့ ကလေးမလေးအပေါ် သမီးလေးတစ်ယောက်လိုသံယောဇဉ်တွယ်ပြီး တဖြည်းဖြည်းပြောင်းလဲလာတဲ့ ဆက်ဆံရေး..
ရှုပ်ထွေးပွေလီလှတဲ့ ကလေးငယ်ပြန်ပေးဆွဲမှုတွေ….ပြင်းရှရက်စက်တဲ့အက်ရှင်စွန့်စားခန်းတွေနဲ့ မနားတမ်းဆွဲခေါ်သွားမှာပါ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကိုJtheKoalaမှ တင်ဆက်ထားပါတယ်။)...
Desperation Road (2023)
⭐IMDB: 5.7/10 (455 Votes)
🎬 #Adult #Action #Thriller #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 52 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင်
ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့
လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံး
အချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာ
ကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့
အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့
သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်း
နေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။
ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်း
ပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျော
ပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲ
သူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေး
တိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့
ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေ
ဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။...
Megalodon: The Frenzy (2023)
⭐IMDB: 2.4/10 (148 Votes)
🎬 #Action #Adventure #Horror #ScienceFiction #SciFi
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 22 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Megalodonငါးမန်းကြီးတွေလို့ပြောလိုက်ရင် လူတွေကိုလိုက်လံတိုက်ခိုက်တဲ့
အစွယ်တဖွေးဖွေးနဲ့ ဧရာမငါမန်းကြီးတွေဆိုတာ အထူးတလည်မိတ်ဆက်စရာလိုမယ်မထင်ပါဘူး….။
ဒီဇာတ်လမ်းကလည်း ဒီလိုသဲထိတ်ရင်ဖိုကြည့်ရမယ့် ငါးမန်းကားပါပဲ…။
ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းလွန်တွင်းတူစင်တစ်ခုမှာ သုတေသနလုပ်ရင်းနဲ့
Megalodonငါးမန်းကြီးပေါ်လာပါတယ်….။
ပေ ၂၀၀လောက်ရှိတယ်လို့ဆိုပါတယ်…။
သို့ပေမဲ့ ဒီငါးမန်းမျိုးက ဒီတစ်ကောင်တည်းမကပါဘူး…။
အမေရိကန်စစ်သင်္ဘောတစ်စီးကိုတိုက်ခိုက်သွားတဲ့ ငါးမန်း၊ ကမ်းခြေမှာတိုက်ခိုက်သွားတဲ့
ငါးမန်းဆိုပြီး ငါးမန်းတွေ တစ်ကောင်ပြီးတစ်ကောင်ပေါ်လာပါတယ်…။
လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသန်းခွဲလောက်ကတည်းက မျိုးတုံးသွားပြီလို့သိထားတဲ့
ဒီငါးမန်းတွေဟာ အခုကျမှ ဘာလို့ရုတ်တရက်တစ်ကောင်ပြီးတစ်ကောင်ပေါ်ထွက်လာလဲ
အဖြေရှာကြည့်တဲ့အခါမှာတော့...
Bite the Dust (2023)
⭐IMDB: 4.9/10 (56 Votes)
🎬 #Western #Action
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 43 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bite the Dust (2023)
Cowboy ကားကြိုက်တဲ့သူတွေအတွက် ကောင်းဘွိုင်လိုစွန့်စားခန်းရော ဘောက်ဆင်ထိုးတာပါ ပါတဲ့ Country ကားပါ။
ဒက်ခ်ျနဲ့ဝေကိုတို့နှစ်ယောက်က ဆုငွေကြေညာထားတဲ့ လူဆိုးတွေကို လိုက်ဖမ်းတဲ့ ဆုကြေးမုဆိုးတွေဖြစ်ပြီး ကြေးကြီးကြီးရမယ့် လူဆိုးနောက်လိုက်ရင်း မြို့လေးတစ်မြို့ကိုရောက်လာပါတယ်။ မြို့လေးက ရွှေထွက်ပေမဲ့ ရဲမှူးနဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်ထားတဲ့ မိုင်းသူဌေးကြောင့် မြို့သားတွေ ဘာမှမရတဲ့အပြင် မြို့ကပါ အကြွေးထဲနစ်နေပါတယ်။
ဝေကိုတို့ ပစ်ဖမ်းလာတဲ့လူဆိုးအတွက်ဆုငွေကိုလည်း မပေးသေးဘဲ ရွှေ့ဆိုင်းထားတဲ့အတွက် သောင်တင်နေရင်း ဒီမြို့ကို မွေးစားဖို့ရထားနဲ့ပို့လိုက်တဲ့ ကလေးတွေအခြေအနေသိရအောင် လာစုံစမ်းတဲ့ မိန်းကလေးနဲ့ ဆုံပါလေရော။
မိဘမဲ့ကလေးတွေနဲ့ မိုင်းသူဌေး ဘယ်လိုပတ်သက်နေတာလဲ… သူ့လုပ်ရပ်တွေ သိသွားတဲ့အခါ လူယုတ်မာတွေလက်ကနေ မြို့လေးကို ဘယ်လိုကယ်တင်မလဲဆိုတာ ဆက်အားပေးလိုက်ကြပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Golden Boy (2022- )
⭐IMDB: 6.3/10 (4 k Votes)
🎬 #Family #Drama #Romance
🗓 2022- 🎞 tv series
🌎 #Turkey
⏰ 1 နာရီ 9 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Golden Boy(2022)Golden Boy(2022)*****************
CM ပရိသတ်ကြီးကို IMDB 6.5 ရရှိထားတဲ့ romance drama စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီစီးရီးဟာ လတ်တလောမှာ နိုင်ငံတကာဇာတ်လမ်းကြည့်ရှုသူများအကြား ရေပန်းစားလျှက်ရှိပြီး
နာမည်ကြီးနေရတဲ့ အကြောင်းအရင်းကတော့ မင်းသားမင်းသမီး
အချောအလှများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင်
ဇာတ်လမ်းဇာတ်အိမ်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ တော်တော်လေးစွဲဆောင်မှုရှိနေလို့ပါ။ဇာတ်လမ်းကတော့ Korhan လို့ အမည်ရတဲ့ မြို့မျက်နှာဖုံးလူချမ်းသာမိသားစုတစ်စုကို
ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။
Korhan တွေဟာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲဆိုရင် တူရကီနိုင်ငံရဲ့ အကြီးမားဆုံးမြို့တော်ဖြစ်တဲ့
အစ္စတန်ဘူလ်မှာတောင် သူတို့ရဲ့ အာဏာစက်က တော်တော်လေးပြင်းထန်တာပါ။
သူတို့မှာရှိတဲ့ ပြဿနာဆိုလို့ မိသားစုရဲ့ မြေးအငယ်အဆုံးဖြစ်တဲ့ Ferit Korhan ပါပဲ။
ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့ သူဌေးသားဖြစ်တာနဲ့အညီ ကောင်မလေးတွေ
တရုန်းရုန်းနဲ့ ပြဿနာပတ်ရှာတတ်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ သတင်းမီဒီယာတွေမှာ အရှက်ကွဲပေါင်းများလာတဲ့အခါ
Korhan မိသားစုရဲ့ ဥသျှောင်ဖြစ်သူ Halis Korhan က သူ့မြေးကို ခြေငြိမ်စေဖို့အတွက်
မိန်းမပေးစားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဒါ့အပြင် Halis Korhan ဟာ သူ့မွေးရပ်မြေကို အလွန်တန်ဖိုးထားသူဖြစ်တာကြောင့်
သူကြီးပြင်းရာ Gaziantep မြို့မှာနေထိုင်တဲ့ ကောင်မလေးတစ်ယောက်နဲ့သာ သူ့မြေးကို နေရာချပေးချင်တာပါ။
ဒီလိုနဲ့ Gaziantep မြို့မှာနေတဲ့ ကောင်မလေးနဲ့ Ferit တို့ တွေ့ဆုံကြပြီး ကြည်နူးဖွယ်
ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေါ်လာပါတယ်။ဇာတ်ကောင်တိုင်းက စိတ်ဝင်စားစရာကောင်းတဲ့အပြင် ဇာတ်ဝင်ခန်း အပြင်အဆင်များကိုလည်း
Budget ကောင်းကောင်းသုံးစွဲရိုက်ကူးထားတာဖြစ်တဲ့အတွက် မျက်စိပေဒေသာလည်း ဖြစ်ရဦးမှာပါ။
အချိန်ပေးကြည့်ရှုသင့်တဲ့ စီးရီးလေးဖြစ်တဲ့အတွက် ကြည့်ရှုကြဖို့ တိုက်တွန်းပါတယ်ဗျာ။ဇာတ်လမ်းတွဲအညွှန်းကိုတော့ Thet Hnin Hsu မှရေးသားပေးထားပါတယ်...
A Southern Haunting (2023)
⭐IMDB: 3.6/10 (266 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဉ်းကတော့ စစ်ပွဲတွေဖြစ်တဲ့အခါအစိုးရက မြေတွေကိုရောင်းချတယ်
ရောင်းချလိုက်တဲ့မြေတွေက ဘာစိုက်စိုက်မဖြစ်ထွန်းပါဘူး။ လူလာတို့မိသားစုဟာ
မြေဧက ၄၀ ကိုဝယ်ပြီးတော့ အရင်နေရာဟောင်းကနေပြောင်းရွှေ့လာတယ်။ ဒီမြေကိုပြုပြင်ပြီး
ဒီမြေတွေလုပ်ကိုင်စားသောက်မယ်လို့တွေးထားတယ်။ သူတို့ဝယ်လိုက်တဲ့ မြေတွေဟာ
ကျိန်စာသင့်နေတယ်လို့လူအများကပြောကြတယ်။ အနီးအနားပတ်ဝန်းကျင်ကလည်း
အမြဲတမ်းအထိတ်တလန့် ရန်လိုတဲ့အပြုအမူတွေချည်းပဲ။ သူတို့နဲ့စကားလာပြောဆိုတာဆိုလို့
လယ်ကွင်းရဲ့တစ်ဖက်အကျော်က တိုင်ရွန်တစ်ယောက်ပဲရှိတယ်။ သူတို့ဝယ်ထားတဲ့အိမ်ကို
ပြောင်းရွှေ့ပြီးသိပ်မကြာခင်မှာပဲအိမ်မှာထူးဆန်းတဲ့အသံတွေစကြားလာတယ်၊နောက်ပိုင်းမှာ
ဘာကြောင့်မှန်းမသိ လူလာရဲ့အစ်ကိုဟာ ကြက်သေသေလိုချည်းဖြစ်သွားတယ်။ စကားလည်းမပြော
ဘာမှလည်းမတုံပြန်ဘူး။
ဒီလိုထူးဆန်းမှုတွေတစ်ခုပြီးတစ်ခုစဖြစ်လာတဲ့အခါမှတော့...
Mission: Impossible - Dead Reckoning Part One (2023)
⭐IMDB: 7.9/10 (147 k Votes)
🎬 #Action #Adventure #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 47 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mission: Impossible – Dead Reckoning Part One (2023)
~ IMDb – 8/10, Rotten Tomatoes – 96% ~
Mission: Impossible – Fallout (2018) ရဲ့ အဆက်ဖြစ်တဲ့ Dead Reckoning Part 1 လာပါပြီ။ ဒါဟာ သတ္တမမြောက် M:I ရုပ်ရှင်ပဲဖြစ်ပါတယ်။ Fallout, Top Gun တို့ရဲ့ ဇာတ်ညွှန်းဆရာ Christopher McQuarrie ကပဲ ဇာတ်ညွှန်းရေးသား ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နှစ်ကားတွဲဖြစ်ပြီး Dead Reckoning Part II ကိုလည်း ဆက်ပြီးရိုက်ကူးသွားမှာပါ။ တွမ်ခရုရဲ့ သက်စွန့်ဆံဖျားစတန့်တွေနဲ့ နာမည်ကြီးခဲ့တဲ့ M:I ရုပ်ရှင်တွေဟာ ဒီကားမှာလည်း အရှိန်ကို ဆက်ထိန်းထားတုန်းပါပဲ။ ဝေဖန်ရေးဆရာတွေရဲ့ Rating တွေအရ M:I ၇ ကားထဲမှာ Dead Reckoning Part I ဟာ အကောင်းဆုံးအဖြစ် ရပ်တည်နေပါတယ်။ တွမ်ခရုရဲ့ အရင်ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ ပြန်ပါလာကြသလို မင်းသမီးအသစ်အနေနဲ့ ကပ္ပတိန်အမေရိကန်ရဲ့ ချစ်သူ၊ S.H.I.E.L.D. အဖွဲ့တည်ထောင်သူ အေးဂျင့်ကာတာ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Hayley Atwell နဲ့ GoTG မှာ Mantis လုပ်ခဲ့တဲ့ Pom Klementieff တို့ ပါဝင်ထားပါတယ်။
~ ဇာတ်လမ်းအကျဉ်း ~
ဒီတစ်ခါ ရန်သူကတော့ လူပုဂ္ဂိလ်အဖွဲ့အစည်းမဟုတ်တော့ပါဘူး။ လူတွေနဲ့ချရတာ ဦးခရုအတွက် အရမ်းလွယ်နေပါပြီ။ တစ်ကမ္ဘာလုံးက စနစ်တွေ နက်ဝက်တွေကို ဖောက်ဝင်ပြီး ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စက်ဦးနှောက် AI တစ်ခုဟာ ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ လူတွေကို ပြန်ပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်။ အဲဒီ AI ကို Entity (သတ္တဝါ/အရာဝတ္ထု သက်ရှိ) လို့ နာမည်ပေးထားလိုက်ကြပါတယ်။ ဒီ အန်တတီကိုနိုင်မယ့် နည်းပညာမရှိတော့ပေမဲ့ ထိန်းချုပ်နိုင်တဲ့ သို့မဟုတ် သတ်ပစ်နိုင်တဲ့ လျှို့ဝှက်ချက်ဟာ သော့တစ်ချောင်းအပေါ်မှာ မူတည်နေပါတယ်။ အဲဒီသော့ဟာလည်း အပိုင်းနှစ်ပိုင်းရှိပြီး တစ်ကမ္ဘာလုံးက အစိုးရတွေက ကိုယ်ပိုင်အသုံးချနိုင်ဖို့ အပြိုင်အဆိုင်လိုက်နေကြပါတယ်။ အဲဒီသော့ကို ရဖို့အတွက် IMF ကို တာဝန်ပေးခံရတဲ့အခါ အီသန်ဟန့်နဲ့အဖွဲ့လည်း နောက်ထပ် မဖြစ်နိုင်စရာစစ်ဆင်ရေးတစ်ခုကို ဆင်နွှဲရပါတော့တယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...
Dark Nature (2022)
⭐IMDB: 4.4/10 (953 Votes)
🎬 #Horror
🗓 2022 🎞 movie
🌎 #Canada
⏰ 1 နာရီ 26 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်ပြီး Horror အမျိုးအစားဖြစ်ပါတယ်။ Jigsaw နဲ့ The Purge မှာပါဝင်ခဲ့တဲ့ Hannah Anderson က အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဂျွိုင်း (Hannah Anderson) ဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်သူ ဒဲရက်ရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေကြောင့် စိတ်ဒဏ်ရာရနေသူဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းဖြစ်သူ ကာမင်က ဂျွိုင်းကို စိတ်ရောဂါပညာရှင်ဒေါက်တာဒန်လေရဲ့ တောနက်ကြီးထဲမှာ ခရီးထွက်ရင်း သဘာဝတရားနဲ့ထိတွေ့ပြီးစိတ်ဝေဒနာတွေကိုကုသမဲ့ ကုထုံးအစီအစဥ်မှာပါဝင်စေခဲ့တယ်။
ဂျွိုင်းတို့နှစ်ယောက်က ဒေါက်တာဒန်လေရဲ့ဦးဆောင်မှုအောက်မှာ သူမတို့လိုပဲ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေသူအမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံပြီး ငါးယောက်သားအတူခရီးထွက်ခဲ့ကြပါတယ်။ ခရီးစပြီးမကြာမီ ဂျွိုင်းတစ်ယောက် တောထဲမှာ သူတို့ကိုနောက်ယောင်ခံလိုက်နေသူတစ်ဦးရှိနေတယ်လို့ သံသယဝင်လာပါတော့တယ်။ မကြာခင်သူတို့ငါးယောက်ဟာ သူတို့အတိတ်ကခြောက်လှန့်နေတဲ့အဖြစ်အပျက်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုကို လူသူမနီးတဲ့တောတောင်ထဲမှာ ကြုံတွေ့ရပါတော့တယ်။ သဘာဝတရားဖြစ်တဲ့ တောတောင်ရေမြေတွေနဲ့ထိတွေ့ခြင်းက စိတ်ဝေဒနာဒဏ်ရာတွေကို ကုသပေးတယ်ဆိုပေမဲ့ ဂျွိုင်းတို့အတွက်ကတော့ ဒီသဘာဝတရားက သူတို့စိတ်ဒဏ်ရာတွေကိုကုသပေးမလား ပိုပြီးဆိုးဝါးတဲ့စိတ်ဒဏ်ရာတွေကို ပေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာသာပြန်သူက Wolfenheim ဖြစ်ပါတယ်။...
Lay the Favorite (2012)
⭐IMDB: 4.8/10 (12 k Votes)
🎬 #Comedy #Drama #Romance
🗓 2012 🎞 movie
🌎 #UnitedStates #UnitedKingdom #France #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lay the Favorite (2012)==================
အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကိုပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။
နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါတော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာစိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
City Island (2009)
⭐IMDB: 7.4/10 (32 k Votes)
🎬 #Comedy #Drama
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
City Island (2009)=============IMDb Rating – 7.4/10
ဇာတ်လမ်းလေးကတော့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပေါ့။ မျက်နှာချင်းတိုင်းခဏတဖြုတ်ပဲ လေပေးဖြောင့်တဲ့ ရစ်ဇိုတို့လင်မယားမှာ သားသမီးနှစ်ယောက်ရှိတယ်။ ယောက်ျားဖြစ်သူ ဗင့်စ်ဟာ အကျဉ်းဦးစီးအရာရှိတစ်ဦးဖြစ်ပြီး မိန်းမဖြစ်သူ ဂျွိုင်ဆီကို ကြောက်နေရတယ်။ မိန်းမမသိအောင် ဆေးလိပ်တောင်ခိုးသောက်ရတဲ့ဘဝ။ ဂျွိုင်ဆီကလည်း ကြမ်းကြမ်းတမ်းတမ်း။
သူတို့သမီးလေး ဗီဗီယန်ကို ကောလိပ်ကျောင်းတက်နေတယ်လို့သိထားပေမယ့် တကယ်တမ်းက အဖော်အချွတ်မယ်လုပ်ပြီးမိဘတွေမသိအောင်ပိုက်ဆံရှာနေသူပါ။သားဖြစ်သူ လူပျိုပေါက်အရွယ် ဗင်နီဟာ ကိုယ့်ကိုယ်ကို ကျောင်းထက်ပိုတော်တယ်လို့ထင်ပြီး အမြဲကျောင်းပြေးနေသူ။ ဒီလိုနဲ့ ဗင့်စ်နဲ့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ချိန်တစ်ခါက လက်သွန်ကြက်သွန်ဖြစ်ပြီးမွေးလာတဲ့သားတစ်ယောက်က ဒီလိုအကြောင်းပြချက်ကိုယ်စီရှိတဲ့ မိသားစုထဲကို ရောက်လာတဲ့အခါမှာတော့……….
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Tin Myo Lwin ဖြစ်ပါတယ်)...
Infestation (2009)
⭐IMDB: 5.8/10 (10 k Votes)
🎬 #Action #Horror #ScienceFiction #Comedy #Adventure #SciFi #Thriller
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကူပါ ဆိုတဲ့ကောင်လေးက ဘဝကို ပေါ့ပေါ့နေ ပေါ့ပေါ့စားနေတတ်တဲ့ ကောင်လေးဖြစ်ပါတယ်။ အလုပ်တောင်မှ သူ့အဖေက ရှာပေးလို့ အလုပ်ရပြီး အလုပ်ရတာတောင် အလုပ်ထဲမှာ ရုံးက တခြားဝန်ထမ်းတွေနဲ့ ရေလားဝါးလား နေတတ်တဲ့ လူဖြစ်ပါတယ်။ တစ်ရက်မှာ ကူပါ သူဌေးနဲ့ စကားပြောနေတုန်း အသံတစ်ခုကြားလိုက်ပြီး မေ့လဲသွားပါတော့တယ်။ သတိပြန်ရတဲ့အချိန်မှာ ကမ္ဘာကို ပိုးကောင်ကြီးတွေက အုပ်စိုးထားပြီး လူတွေကိုလည်း ပိုးအိမ်ထဲထည့်ထားပြီး ဖမ်းထားပါသေးတယ်။ ပေါ့ပေါ့နေ ပေါ့ပေါ့စားတတ်တဲ့ ကူပါ တစ်ယောက် အသက်ရှင်ဖို့ ဘယ်လိုကြိုးစားမလဲ။ ပိုးကောင်ကြီးတွေ ရန်ကနေ ဘယ်လိုထွက်ပြေးကြမလဲ၊ ပိုးကောင်ကြီးတွေကို ဘယ်လိုသတ်ကြမလဲ ဆိုတာကို Character developmentတွေနဲ့အတူ ရင်သက်ရှု့မောဖွယ် ကြည့်ရှု့ရမှာဖြစ်ပါတယ်။ 2009ခုနှစ်က ရုပ်ရှင်တစ်ခုအတွက် CGIက ကြည့်လို့အဆင်ပြေတဲ့ထဲပါပြီး ဇာတ်လမ်းဇာတ်သွားကလည်း ကြည့်လို့ကောင်းပါတယ်။ အကောင်တွေပါပြီး Survival ပုံစံမျိုးကို ကြည့်ရတာ နှစ်သက်တဲ့လူတွေအတွက် ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ခုပါလို့ ပြောရင်း reviewကို နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။...
The Stand Up (2022)
⭐TMDB: 0.0% User Score
🎬 #Comedy #Drama
🗓 2022 🎞 movie
🌎 #Nigeria
⏰ 1 နာရီ 53 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Stand Up (2022)================
2022 က ထွက်ရှိခဲ့တဲ့ နိုင်ဂျီးရီးယား comedy, crime, drama ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အိုဗီက သူ့အဖေနဲ့အတူ ဝါရီမြို့မှာ လုံခြုံရေးအစောင့်အနေနဲ့ အလုပ်လုပ်ပါတယ်။ တစ်နေ့မှာ အဖေက ပစ်သတ်ခံလိုက်ရပြီးမြေမြှုပ်တဲ့နေ့မှာပဲ ဒီဝါဆိုတဲ့လူကြီးက အိုဗီ့အဖေက သူ့ဆီမှာ နိုင်ရာနှစ်သန်းအကြွေးတင်နေတယ်လို့ စာချုပ်နဲ့တကွ ပြလာတယ်။ ဘယ်တုန်းက ချေးထားမှန်းလဲ မသိရ၊ ဘယ်မှာသုံးထားမှန်းလဲ မသိရတဲ့ အိုဗီက မပေးနိုင်ဘူးငြင်းတဲ့အခါမှာ ဒီဝါက အိုဗီ့ညီမလေးကို ဖမ်းခေါ်ထားလိုက်ပါတယ်။
ဒါနဲ့ပဲ အိုဗီက လူတွေပြောပြောနေကြတဲ့ လီဂိုစ်မြို့ကိုသွားပြီး ပိုက်ဆံရှာဖို့လုပ်ပါတော့တယ်။ ဘာရည်မှန်းချက် ပန်းတိုင်မှမရှိတဲ့ ကောင်လေးက ညီမကို ကယ်ဖို့လုပ်ရာကနေ သူကျွမ်းကျင်တဲ့အလုပ်ကို တွေ့သွားပြီး အောင်မြင်အောင်ကြိုးစားတဲ့ ခရီးစဉ်ကို ရိုက်ကူးထားတာပါ။ Stand-up comedian တွေရဲ့ ဟာသတွေပြက်လုံးတွေ အိုဗီ့ခရီးလမ်းတစ်လျှောက် တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ လူတွေရဲ့ယုတ်မာကောက်ကျစ်မှုတွေကို ဝေဝေဆာဆာထည့်သွင်းထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့EL ဖြစ်ပါတယ်)...
Everything Will Be Fine in the End (2023)
⭐IMDB: 5.8/10 (66 Votes)
🎬 #Comedy #Crime #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ ပေတေလေလွင့်နေကျ နှစ်ဆယ်ကျော်
လူငယ်ဘဝအကြောင်း ရိုက်ကူးပြထားတဲ့ဇာတ်လမ်းလေးပါပဲ…။
လမ်းလျှောက်တတ်စအရွယ်ကတည်းက ဒုက္ခနဲ့သာလုံးပန်းခဲ့ရတဲ့သူတို့အတွက်တော့
ဘဝရည်မှန်းချက် ရည်ရွယ်ချက်ကြီးကြီးထားရမယ့်အစား ကြုံလာသမျှပြဿနာကို
ကြုံသလိုဖြေရှင်းရင်းသာ အချိန်ကုန်နေရတာပါ…။
ဇာတ်လမ်းထဲမှာတော့ ဂျော့ဟာ အကြွေးမဆပ်နိုင်လို့ဆိုပြီး သူ့ရဲ့ခွေးကို အပေါင်အဖြစ်
ပစ္စည်းသိမ်းခံလိုက်ရပါတယ်…။
နာမည်က ယောကျာ်းလေးနာမည်ဆိုပေမယ့် ဂျော့ဆိုတာ မိန်းကလေးပါ..။
သူ့ခွေးဆိုတာကလည်း သူများဆီက အလစ်သုတ်ထားတဲ့ ခွေးလေးပါ…။
ဒီတော့ ဂျော့ဟာ သူ့ခွေးကို ပြန်ရဖို့ အကြွေးတွေဆပ်နိုင်ဖို့ ကြံရပါတော့တယ်၊
တစ်ယောက်တည်းကြံမရတော့ သူငယ်ချင်းနှစ်ယောက်ကိုပါ စစ်ကူခေါ်ပြီး
ရာဇဝတ်မှုလုပ်ဖို့ ကြံမိကြံရာကြံပါတော့တယ်…။
သို့ပေမယ့် အမြဲတမ်း ဒုက္ခနဲ့သာကြုံတွေ့နေရတဲ့သူ့တို့တစ်တွေအဖို့ အခုလည်း
အဆင်မပြေတာတွေပဲဆက်တိုက်ကြုံတွေ့လာတဲ့အခါမှာတော့…
ကြံထားသလိုလုပ်နိုင်မလား၊ အားမတန်မာန်လျှော့ရမလားဆိုတာကို…
ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...
