ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
World on Fire (2019- )
⭐IMDB: 7.3/10 (7 k Votes)
🎬 #Drama #War #Politics
🗓 2019- 🎞 tv series
🌎 #UnitedKingdom #CzechRepublic #France #Germany
⏰ 56 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
World on Fire (2019) “စစ်ပွဲတိုင်းဟာ အစပိုင်းမှာ မတူညီတဲ့ အကြောင်းတွေနဲ့ စတင်ခဲ့ကြပေမယ့်
Your browser does not support the video tag.အဆုံးမှာတော့ အပြစ်မဲ့ ပြည်သူတွေအတွက် ရလဒ်ဆိုးတွေက အတူတူပါပဲ”တဲ့။ဒီဇာတ်လမ်းစီးရီးက ဒုတိယကမ္ဘာစစ်ကာလဝန်းကျင်ကို အခြေပြုပြီးရိုက်ကူးထားတာပါ၊ ပထမ ကမ္ဘာစစ်ကြီးအပြီးမှာ များစွာသော လူတွေဟာနိုင်ငံစည်းလုံးရေးနဲ့ အားကောင်းခိုင်မာတဲ့ ခေါင်းဆောင်ကောင်းကို လိုချင်လာခဲ့ကြတယ်။အီတလီက ဘန်နီတို မူဆိုလီနီမှ အစပြုပြီး ဂျာမနီမှာ အဒေါ့ ဟစ်တလာ၊ အင်္ဂလန်မှာအော့စ်ဝါ့ မိုးစလီ ဆိုပြီး၁၉၂၅ နောက်ပိုင်းမှာ ဖက်ဆစ်ဝါဒီတွေ အားကောင်းလာခဲ့ပါတယ်။၁၉၃၉ မှာ ဂျာမန်တွေ ပိုလန်ကို စတင် ကျုးကျော် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးမဟာမိတ် အင်္ဂလန်နဲ့ ပြင်သစ်က ဂျာမနီကို တုံ့ပြန် စစ်ကြေငြာလိုက်ခြင်းနဲ့ ဒုတိယကမ္ဘာစစ်ကြီးအစပြုခဲ့ပြီး ၁၉၄၅အထိ ခြောက်နှစ်တိုင် ကြာမြင့်ခဲ့တာပါ။ နာဇီတွေဝင်ရောက်လာခဲ့ပြီးစစ်မီးက ဥရောပနိုင်ငံ မြို့ကြီးတွေမှာ ပျံ့နှံလောင်ကျွမ်းလာတဲ့အခါ မှီတင်းနေထိုင်ကြတဲ့သာမန်ပြည်သူတွေ ဘဝကို ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာခဲ့လဲဆိုတာကိုဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားပါတယ်။အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့၊ ပိုလန်နိုင်ငံ ဝါးဆောမြို့၊ ပြင်သစ်နိုင်ငံ ပါရီမြို့၊ ဂျာမနီနိုင်ငံဘာလင်မြို့တို့ကို အခြေပြုထားပြီး ဇာတ်ကောင်တွေကို သရုပ်ဖော်ထားပါတယ်။စစ်ပွဲတွေရဲ့ အနိဌာရုံတွေ၊ အဓိပ္ပါယ်မဲ့ သေပွဲဝင်ကြရတဲ့ လက်နက်မဲ့ပြည်သူတွေ၊နှောင်ကြိုးမှတပါး အခြားဆုံးရှုံးစရာ မရှိတော့တဲ့အချိန်မှာ နှောင်ကြိုးတွေကိုပါဆုံးရှုံးလိုက်ရတဲ့ သနားစဖွယ် မိန်းမသားတွေရဲ့ ဘဝ စသဖြင့် ရသစုံလင်စွာနဲ့ ကြည့်ရှုခံစားရမှာပါ။ဒီဇာတ်လမ်းတွဲ World On Fire : Season 1 ကို ၂၀၁၉ မှာ စတင်ထုတ်လွှင့်ခဲ့ပြီးအပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွေမှာ အကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲ၊ဂီတနှင့်အသံဖမ်း၊ အမျိုးသမီး ဇာတ်ဆောင်ဆု စတဲ့ ဆုတွေအပါ Nomination ငါးခုထိချိတ်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ( ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Aoi ဖြစ်ပါတယ်...
The Nannies (2022)
⭐IMDB: 6.5/10 (228 Votes)
🎬 #Comedy
🗓 2022 🎞 movie
🌎 #France
⏰ 1 နာရီ 40 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.5 ရရှိထားပြီး The Nanny ဆိုတဲ့နာမည်အတိုင်းပဲ ဒီရုပ်ရှင်က လူမည်းအမျိုးသမီး ကလေးထိန်းတွေအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။
အန်ဂျလီဟာ အဝေးတစ်နေရာကနေ ပဲရစ်မြို့ကို အလုပ်လုပ်ဖို့ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ ရရာအလုပ်ကို လုပ်ကိုင်ရင်း ရုန်းကန်နေရတဲ့ အမျိုးသမီးတစ်ယောက်ပါ။
တစ်နေ့မှာတော့ အိမ်နီးချင်းဖြစ်တဲ့ အူအက်တာရာဆိုတဲ့ အမျိုးသမီးရဲ့အကူအညီနဲ့ လူကုံထံအမျိုးသမီးတစ်ဦးရဲ့ နေအိမ်မှာ အာသာလို့ အမည်ရတဲ့ ၈နှစ်အရွယ် ကောင်ကလေးအတွက် ကလေးထိန်းသွားလုပ်ဖို့ရာ အကြောင်းဖန်လာခဲ့ပါတယ်။
ပါရီမြို့က လူကုံထံအသိုင်းအဝိုင်းဟာ ၀င်ငွေကောင်းတဲ့အလုပ်အကိုင်တွေကို လုပ်ကိုင်ကြတဲ့အလျောက် မိဘအတော်များများဟာ အချိန်ပြည့်နီးပါး မအားလပ်ကြပဲ သားသမီးတွေကို ကြည့်ရှုထိန်းကျောင်းပေးဖို့ရာ ကလေးထိန်းတွေကို ငှားရမ်းကြတာများပါတယ်။
အာသာတို့ကျောင်းရှေ့မှာဆိုရင်လည်း ညနေကလေးကျောင်းဆင်းလို့ ကျောင်းလာကြိုကြသူတွေဟာ ကလေးမိဘတွေမဟုတ်ဘဲ လက်တွန်းလှည်းတွေကိုယ်စီနဲ့ ကလေးအရွယ်ပေါင်းစုံကို ထိန်းကျောင်းနေကြတဲ့ ကလေးထိန်းအမျိုးသမီးတွေပဲ ဖြစ်ပါတယ်။
ဒီလိုနဲ့ အန်ဂျလီဟာ ကလေးကစားကွင်းမှာ မိမိလို ကလေးထိန်းအလုပ်ကို လုပ်ကိုင်သူအမျိုးသမီးတစ်စုနဲ့ ခင်မင်ရင်းနှီးသွားပြီးနောက်မှာတော့ အိမ်အကူ ကလေးထိန်းအမျိုးသမီးတစ်ဦးကို ကူညီပေးဖို့ ကြိုးစားရင်းကနေ ကလေးထိန်းတွေ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံနေရမှုတွေကို ဥပဒေဘောင်အတွင်းကနေ ကာကွယ်ပေးဖို့ရာ အကြောင်းဖန်လာခဲ့ပါတော့တယ်…
ဒီရုပ်ရှင်ထဲမှာ ပါရီလိုမြို့ကြီးတစ်မြို့ကအထက်တန်းလွှာနဲ့ အောက်ခြေလူတန်းစားတွေရဲ့ဘ၀တွေ ကွာခြားကြပုံတွေ လူချမ်းသာတွေရဲ့ လူဆင်းရဲတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်ကြပုံတွေ အများနည်းတူ ခေါင်းငုံ့မခံနေဘဲ ကိုယ့်ရပိုင်ခွင့်အတွက် ဖီဆန်ထကြွသူတို့ရဲ့ စိတ်ဓာတ်တွေကို မီးမောင်းထိုးရိုက်ပြထားတဲ့အပြင် ဒရာမာနဲ့ ဟာသကို ရောယှက်ရိုက်ကူးထားတာမလို့ အချိန်ပေးကြည့်ရှုဖို့ရာ ထိုက်တန်မယ့် ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။...
I Was Swamped By The Innocent Temptation Of A Female Talent – Arisu Shinomiya – Decensored (SSIS-862)
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 1 နာရီ 57 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့ ချစ်စရာမျက်နှာထားလေးနဲ့ ပြည့်ပြည့်ဖောင်းဖောင်း ဂျပန်မင်းသမီးလေး Arisu Shinomiya ရဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်…..
ဒီ SSIS-862 ဇာတ်ကားလေးထဲမှာတော့ Arisu Shinomiya ဟာ ဓာတ်ပုံရိုက်တဲ့ မော်ဒယ်လေးတစ်ယောက်ပါ အဲဒီလို ချစ်စရာကောင်းတဲ့ မော်ဒယ်မလေးက မန်နေဂျာကို နတ်ပြည်တက်ဖို့ ဖျားယောင်းတဲ့အချိန်မှာတော့ နတ်ပြည်ကို ဘယ်လိုပန်းရထားနဲ့ တက်သွားမလဲဆိုတာ မဆုတ်မနစ်သာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့…………..
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Fearless Hyena 2 (1983)
⭐TMDB: 57.0% User Score
🎬 #Action #Drama #JackieChan
🗓 1983 🎞 movie
🌎 #HongKong #HongKong
⏰ 1 နာရီ 33 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသားကြီး ဂျက်ကီချန်းရဲ့အစောပိုင်းဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အတွက် ထွေထွေထူးထူးညွှန်းဖို့တောင်လိုမယ်မထင်ပါဘူး
တရုတ်ပြည်ရဲ့ကိုလိုနီမတိုင်ခင်ရှေ့ခေတ်ကို ဇာတ်အိမ်တည်ထားပြီး ဂျက်ကီချမ်းကတော့ ထုံးစံအတိုင်း အားလုံဆိုတဲ့ သိုင်းသမားလူငယ်လေးဖြစ်ပါတယ် ဇာတ်လမ်းအစပိုင်းမှာတော့ မိစ္ဆာကျင့်စဉ်ကိုကျင့်ကြံတဲ့ သိုင်းဆရာနှစ်ယောက်ဟာ တရားမျှတတဲ့ဂိုဏ်းတွေကိုလိုက်သုတ်သင်နေတာကိုတွေ့ရမှာပါ “ချင်” မိသားစုဟာလည်းတစ်ဂိုဏ်းလုံးသုတ်သင်ခံလိုက်ရပြီး ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ အားလုံနဲ့ အားတုန်တို့ပဲကျန်ခဲ့တာပါ နှစ်တွေကြာလာပြီးတဲ့နောက်မှာတော့ ချင်မိသားစုဝင်တွေဟာမိစ္ဆာတွေလက်ထဲကလွတ်မြောက်နိုင်ပါ့မလား တရားမျှတတဲ့သူနဲ့ ယုတ်မာတဲ့သူတွေကြားကတိုက်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှူရမှာဖြစ်ပါတယ် အက်ရှင်နဲ့ သိုင်းကွက်တွေအပြည့်ပြထားတဲ့အပြင် ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ “old but gold” ရုပ်ရှင်တစ်ကား ဆိုရင်လည်းမမှားပါဘူး...
Dragon Gate Posthouse 10: Wolf Warrior (2018)
⭐TMDB: 0.0% User Score
🎬 #Action #DragonGatePosthouse #History #Mystery
🗓 2018 🎞 movie
🌎 #China
⏰ 1 နာရီ 35 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီကားလေးမှာတော့ လုံမိန်ရပ်နားစခန်းရဲ့ပိုင်ရှင်ဖြစ်တဲ့ ဖုန်းစစ်ညန်ရဲ့ဒဏ္ဍာရီ လုံမိန်ရပ်နားစခန်းရဲ့ဒဏ္ဍာရီအကြောင်းပဲဖြစ်ပါတယ်။
ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကိုတစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်
ဒီမှာရှာပါ
ဖုန်းစစ်ညန်ဟာ ကန္တာရကိုအမြဲငေးမောကြည့်နေတတ်တယ်။သူကတစ်ယောက်ယောက်ကိုစောင့်နေသလိုပါပဲ။ဖုန်းစစ်ညန်ဟာ တစ်သက်ဆုံးပေါင်းဖက်သွားမယ်လို့ကတိပေးခဲ့တဲ့ချစ်ရသူကိုစောင့်နေတာပဲဖြစ်တယ်။
ဒါပေမယ့် ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးရွှီဟာ လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းကတိုက်ပွဲမှာကျဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူ့မှာမျှော်လင့်ချက်တွေရှိနေတုန်းပဲ။တစ်နေ့မှာတော့ ညမှာပဲပေါ်လာတတ်တဲ့ ဝံပုလွေမိစ္ဆာစစ်သည်တွေဆိုပြီးကောလဟာလရှိတဲ့ ရက်စက်တဲ့စစ်သည်တွေဟာလုံမိန်ရပ်နားစခန်းကိုရောက်လာခဲ့ပြီးစစ်သူကြီးရွှီဟာမိစ္ဆာစစ်သည်တွေထဲကတစ်ယောက်ဖြစ်နေတယ်။
ဝံပုလွေမိစ္ဆာစစ်သည်တွေက တကယ်ပဲသရဲလား လူလား…….ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးကဘယ်လိုကြောင့်ဒီအဖြစ်မျိုးရောက်သွားရတာလဲ…….စစ်သူကြီးရဲ့လုံမိန်ရဲ့ကံကြမ္မာဟာဘယ်လိုဖြစ်သွားမလဲ...
Rangoli (2023)
⭐IMDB: 9.9/10 (351 Votes)
🎬 #Bollywood #Drama #Family #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 10 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rangoli (2023) “ချယ်မှုန်းရောင်စုံ”IMDb-9.3/10
မျက်နှာသစ် မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်အသစ်တွေဆိုပေမယ့် ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာတွေ့ရပါတယ်။
ဇာတ်လမ်းအညွှန်း
ကျွန်တော့်နာမည် ဆပ်သရာ။အစိုးရအထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ကောင်။အဖေက ဒိုဘီလုပ်ငန်းလုပ်တယ်။ကျွန်တော်တို့မှာ မိသားစုဝင်လေးယောက်အဖေရယ် အမေရယ် အစ်မရယ်။
အဖေသင်ပေးထားတဲ့တစ်ခုခုကိုလိုချင်ရင် အဲဒီအရာအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့စကားအတိုင်းပဲကျွန်တော်ဖြစ်ချင်တာအတွက်ဆိုရင် တိုက်ခိုက်ဖို့ရာ ဝန်မလေးဘူး။အဖေတို့ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်ရုန်းကန်နေရတဲ့ကြားထဲကနေအပေါင်းအသင်းမှားနေတယ်ဆိုပြီးကျွန်တော့်ကို ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းပေးခဲ့ကြတယ်။
ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ သူတို့တွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာရယ်ကျွန်တော်ကိုယ်တိုင်ကကျောင်းဟောင်းကိုတွယ်တာတဲ့စိတ်ရယ်နဲ့မပြောင်းချင်ဘူးပြောပေမယ့် မိဘတွေစကားမလွန်ဆန်နိုင်တဲ့အတွက်ပြောင်းခဲ့တယ်။
လမ်းမှာတစ်ခါတွေ့ခဲ့ဖူးပြီး စွဲလန်းခဲ့ရတဲ့ ကျစ်ဆံမြီးနဲ့ကောင်မလေး။အဲဒီကောင်မလေးနဲ့ ကျောင်းအသစ်မှာ ပြန်တွေ့ခဲ့တယ်။အဲဒါနဲ့အတူ အဲဒီကျောင်းကကောင်တွေရဲ့အနိုင်ကျင့်မှုတွေရယ်ရောပေါ့။ကျွန်တော်ဘယ်လိုတွေ ဖြတ်သန်းရမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMမှပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Rangoli (2023)
⭐IMDB: 9.9/10 (351 Votes)
🎬 #Bollywood #Drama #Family #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 10 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rangoli (2023) “ချယ်မှုန်းရောင်စုံ”IMDb-9.3/10
မျက်နှာသစ် မင်းသားမင်းသမီးတွေနဲ့ ရိုက်ကူးထားတဲ့ မိသားစုဒရာမာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်အသစ်တွေဆိုပေမယ့် ကျရာနေရာကနေ အကောင်းဆုံးသရုပ်ဆောင်ထားတာတွေ့ရပါတယ်။
ဇာတ်လမ်းအညွှန်း
ကျွန်တော့်နာမည် ဆပ်သရာ။အစိုးရအထက်တန်းကျောင်းမှာ ပညာသင်နေတဲ့ကောင်။အဖေက ဒိုဘီလုပ်ငန်းလုပ်တယ်။ကျွန်တော်တို့မှာ မိသားစုဝင်လေးယောက်အဖေရယ် အမေရယ် အစ်မရယ်။
အဖေသင်ပေးထားတဲ့တစ်ခုခုကိုလိုချင်ရင် အဲဒီအရာအတွက်တိုက်ခိုက်ရမယ်ဆိုတဲ့စကားအတိုင်းပဲကျွန်တော်ဖြစ်ချင်တာအတွက်ဆိုရင် တိုက်ခိုက်ဖို့ရာ ဝန်မလေးဘူး။အဖေတို့ မိသားစုစားဝတ်နေရေးအတွက် ဒီလောက်ရုန်းကန်နေရတဲ့ကြားထဲကနေအပေါင်းအသင်းမှားနေတယ်ဆိုပြီးကျွန်တော့်ကို ကိုယ်ပိုင်အထက်တန်းကျောင်းဆီပြောင်းပေးခဲ့ကြတယ်။
ကျွန်တော့်ကို ကိုယ်ပိုင်ကျောင်းပို့ဖို့ သူတို့တွေ ဘယ်လောက်ခက်ခဲနေလဲဆိုတာရယ်ကျွန်တော်ကိုယ်တိုင်ကကျောင်းဟောင်းကိုတွယ်တာတဲ့စိတ်ရယ်နဲ့မပြောင်းချင်ဘူးပြောပေမယ့် မိဘတွေစကားမလွန်ဆန်နိုင်တဲ့အတွက်ပြောင်းခဲ့တယ်။
လမ်းမှာတစ်ခါတွေ့ခဲ့ဖူးပြီး စွဲလန်းခဲ့ရတဲ့ ကျစ်ဆံမြီးနဲ့ကောင်မလေး။အဲဒီကောင်မလေးနဲ့ ကျောင်းအသစ်မှာ ပြန်တွေ့ခဲ့တယ်။အဲဒါနဲ့အတူ အဲဒီကျောင်းကကောင်တွေရဲ့အနိုင်ကျင့်မှုတွေရယ်ရောပေါ့။ကျွန်တော်ဘယ်လိုတွေ ဖြတ်သန်းရမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMမှပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
American Ninja 3: Blood Hunt (1989)
⭐TMDB: 47.0% User Score
🎬 #Action #Adventure #Drama
🗓 1989 🎞 movie
🌎 #UnitedStates #Canada #SouthAfrica #UnitedStatesofAmerica #SouthAfrica
⏰ 1 နာရီ 30 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ကားမှာတော့ ရှောင်ဒေးဗစ်ဆန်ဆိုတဲ့ကောင်လေးဟာ သူ့အဖေပါဝင်မယ့် နပန်းပွဲကို ကြည့်ဖို့ရောက်နေတာ ဖြစ်ပြီး စိတ်လှုပ်ရှားနေတဲ့အတွက် သူ့အဖေကို စင်နောက်မှာ သွားရှာပါတော့တယ်။ ဒီအချိန်မှာ ကောင်တာကို ဓားပြတိုက်ဖို့ လာတဲ့အဖွဲ့နဲ့တိုးပြီး ရှောင်ကို ဓားစာခံအဖြစ် ချုပ်ထားပါတော့တယ်။
ဒီအချိန်မှာပဲ ရှောင်ရဲ့အဖေဖြစ်သူဟာ ရှောင့်ကို ကယ်ဖို့ကြိုးစားရင်း ပစ်သတ်ခံလိုက်ရပါတော့တယ်။ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ရှောင့်ကို ဂျပန်လူမျိုး အီဇူမိုဆိုတဲ့လူကြီးက ပြုစုစောင့်ရှောက်ခဲ့ပြီး နင်ဂျာအတတ်ပညာတွေကို ဆရာစားမချန် သင်ကြားပေးခဲ့တဲ့အတွက် သူဟာ နင်ဂျာတစ်ယောက် ဖြစ်လာခဲ့ပြီး ကရာတေးချန်ပီယံအနေနဲ့ ဘဝကိုဖြတ်သန်းနေပါတော့တယ်။ ဒီလိုနဲ့ ကျွန်းတစ်ကျွန်းမှာ နိုင်ငံတကာ ကရာတေးပြိုင်ပွဲ ကျင်းပပေးတဲ့အတွက် ရှောင်တစ်ယောက် ပြိုင်ဖို့ရောက်လာပါတော့တယ်။
ဒီအချိန်မှာ အရင်ဇာတ်ကားမှာပါဝင်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး ဂျက်ဆန်လည်း လာရောက်ယှဉ်ပြိုင်ပါတယ်။ တစ်ကယ်တမ်းကျ ကရာတေးပြိုင်ပွဲက အယောင်ပြသာဖြစ်ပြီး ဒီကျွန်းပေါ်မှာ အန္တရာယ်ရှိဗိုင်းရပ်စ်တွေကို စမ်းသပ်နေတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ရှောင်နှင့် ဂျက်ဆန်တို့နှစ်ယောက် ဘယ်လိုပါဝင်ပတ်သက်လာပြီး ဘယ်လိုတားဆီးကြမလဲ ရှောင့်အနေနဲ့ သွေးကြွေးဆပ်ဖို့ ဘယ်လိုကြုံကြိုက်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီး အရင်ကားတွေလည်း ကြည့်ပြီးသားဖြစ်လောက်တဲ့အတွက် အထူးတလည် ညွန်းစရာမလိုတော့ပါဘူးနော်။ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။...
The Burial (2023)
⭐IMDB: 7.1/10 (12 k Votes)
🎬 #Drama #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 7 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Burial (2023)
~ IMDb – 7.1/10, Rotten Tomatoes – 91% ~
ဒီကားမှာ ကားမရိုက်တာ နည်းနည်းတော့ကြာပြီဖြစ်တဲ့ Tommy Lee Jones ကြီးက စကေးပြန်ပြထားသလို Jamie Foxx လည်းပါပါတယ်။ The Great Debaters တို့ Birds of Prey တို့ Lovecraft Country တို့မှာ သရုပ်ဆောင်စွမ်းပြခဲ့ဖူးတဲ့ Jurnee Smollett လည်းပါပါတယ်။ ဒီထဲလည်း စကေးထပ်ပြပြန်တာပါပဲ။ ဒီကားကို ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ် အခြေတည်ထားတယ်။ အော်စကာဝိုင်းလား မတ်တွိုင်းရဲ့စကားလားတော့မသိဘူး။ တစ်ခါတခါ လက်တွေ့ဘဝက ဖစ်ရှင်တွေထက် ပိုဆန်းကြယ်တယ်ဆိုတဲ့ စကားလိုပဲ။ ဒီဖြစ်ရပ်မှန်ကလည်း သောက်ဆန်းကြီးပါပဲ။
ပြောရရင် ဒီကားထဲ တွမ်မီလီဂျုန်းကြီးက သုဘရာဇာလုပ်တာ… သုဘရာဇာလုပ်ငန်းကို ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားလို မျိုးနဲ့ရိုးနဲ့လုပ်လာတာ။ သူမွေးထားတဲ့ များပြားလှတဲ့ သားသမီးမြေးမြစ်တွေကို အမွေပေးဖို့ လုပ်ငန်းခွဲတွေ အများကြီးထောင်ထားတယ်။ သင်္ချိုင်းအာမခံအလုပ်လည်း ထောင်ထားတယ်။ ဒါပေမဲ့ အာမခံငွေတွေ အကုန်ထုတ်သုံးလိုက်မိရာက အာမခံလုပ်ငန်းစစ်ဆေးရေးက သူ့အာမခံလုပ်ငန်းလိုင်စင်ကိုသိမ်းဖို့ဖြစ်လာရာက သူ့နာရေးလုပ်ငန်းတွေထဲက ၃ခုကို နာရေးလုပ်ငန်းတွေအကုန်ဝယ်ချင်နေတဲ့ ဘဲတစ်ပွေကို ရောင်းဖို့ကြံတယ်။ ဟိုဘဲက ဒီဈေးကွက်ကို အပိုင်အုပ်ချင်တာဆိုတော့ တွမ်မီလီဂျုန်းဆီ ဘာမှမကျန်အောင် လုပ်ချင်တယ်။ ဒီတော့ ငွေမချေသေးဘဲ အေးဆေးထိုင်စောင့်နေတယ်။ ဒီတော့ တွမ်မီလီဂျုန်းကြီးက တရားစွဲရဖို့ အကြောင်းဖန်လာရော။
သူငှားတဲ့ရှေ့နေက ဂျေမီဖောက်စ်။ ဒီရှေ့နေကလည်း ငစား။ သက်တမ်း၁၂နှစ်မှာ တစ်မှုမှမရှုံးဖူးဘူး။ ဆန်းလည်းမဆန်းဘူး။ ရှုံးမယ်ထင်ရင် မလိုက်ဘူးလေ။ ပြီးတော့ ထိခိုက်နစ်နာမှု တစ်မျိုးပဲကိုင်တာ။ ဒီအမှုက စာချုပ်ဖောက်ဖျက်မှုလိုလို ဘာလိုလိုဆိုတော့ သူ့လိုင်းတော့ ဟုတ်မနေဘူး။ ဒါပေမဲ့ နားချကောင်းတော့ ဒီအမှုကိုလိုက်ဖို့ အကြောင်းဖန်လာရော။ လက်ဝါးကြီးအုပ်ချင်တဲ့လုပ်ငန်းစုကြီးကို သူတို့အတူတိုက်ခိုက်ကြရော။ တရားရေးကားဆိုပေမဲ့ တရားရေးထက်ပိုသလို ဖြစ်ရပ်မှန်ကို အခြေတည်ထားတယ်ဆိုပေမဲ့ မြင်နေကျ တရားခွင်ကားတွေနဲ့ မတူတာတော့အမှန်ပဲ။
သုဘရာဇာကြီးရယ် ဂျက်လေယာဉ်စီးတဲ့ရှေ့နေကြီးရယ် သင်္ချိုင်းလုပ်ငန်းကို လက်ဝါးကြီးအုပ်ချင်တဲ့ သင်္ချိုင်းဂိုဏ်းချုပ်ဖြစ်ချင်တဲ့လူကြီးရယ် တရားခွင်တက်ပြီး ပြိုင်ကြဆိုင်ကြမှာကို ကြည့်ရမယ့် အရသာရှိတဲ့ ရုပ်ရှင်ကောင်းပါပဲ။ သရုပ်ဆောင်တွေလည်းလန်းသလို ဇာတ်လမ်းလည်းကောင်းသလို အင်တာနေရှင်နယ်မူဗီဒေတာဘေ့စ် ရိတ်တင်လည်း ၇ အထက်ရှိတာမို့ ချေးများတဲ့လူတွေတောင် ကြိုက်လောက်မယ့်ရုပ်ရှင်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
I've Loved You So Long (2008)
⭐IMDB: 7.6/10 (21 k Votes)
🎬 #Drama
🗓 2008 🎞 movie
🌎 #France #Germany
⏰ 1 နာရီ 57 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကိုယ့်ရဲ့သားကို ကိုယ်တိုင်ပြန်သ-တ်ခဲ့မိလို့ မိဘဖြစ်သူနဲ့ ယောင်္ကျားဖြစ်သူကပါ စွန့်ပစ်ခဲ့ကြတဲ့အပြင် ထောင်ဆယ့်ငါးနှစ်ကျခံခဲ့ရတဲ့ ဂျူးလိယက် ဖောင်တိန်၊ အစ်မဖြစ်သူနဲ့ ၁၅ နှစ်တောင်ခွဲခဲ့ရပြီး အခုချိန် တက္ကသိုလ်မှာ ပါမောက္ခဖြစ်နေတဲ့အပြင် အိမ်ထောင်ပြုပြီးမိသားစုဘဝတစ်ခုကိုပါရနေပြီဖြစ်တဲ့ ညီမဖြစ်သူ လီယာ။
ဂျူးလိယက် ထောင်ကပြန်လွတ်လာတဲ့ အချိန်မှာ လူမှုဝန်ထမ်းတွေကဆက်သွယ်ပေးခဲ့လို့ ကန့်သတ်ကာလအတွင်း ညီမဖြစ်သူ လီယာတို့ မိသားစုနေထိုင်ရာ လော်ရိန်းမြို့မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ထောင်ထဲမှာ ၁၅ နှစ်လောက်ရှိနေခဲ့ရတဲ့ ဂျူးလိယက်တစ်ယောက် လူတွေနဲ့ ပြောဆိ ဆက်ဆံတဲ့နေရာမှာ အခက်တွေ့နေပါတယ်။ လီယာရဲ့ မိသားစုနဲ့ ပြောဆိုဆက်ဆံရတာတွေနဲ့၊ အလုပ်ရှာတဲ့ နေရာမှာလည်း ထောင်ကျခဲ့တဲ့ကိစ္စကြောင့် ရှာလို့မလွယ်ဖြစ်နေပြီး လူအသိုင်းအဝိုင်းထဲကို ဝင်ဆံ့ဖို့ ပြန်လည်သင်ယူရပါတယ်။ ဒီလိုနဲ့ ကြိုးစားနေထိုင်ရင်း သူ(မ)ရဲ့ ခံဝန်အရာရှိက ထောက်ခံပေးတာကြောင့် ဆေးရုံမှာ အစမ်းအလုပ်ရသွားခဲ့ပြီး လီယာရဲ့ မိသားစုအပြင်၊ မိတ်ဆွေတွေနဲ့ပါ တဖြည်းဖြည်းရင်းနှီးလာပါတော့တယ်။
ဒီလိုနဲ့ ဂျူးလိယက်ရဲ့ အပြုအမူတွေဟာ ပုံမှန်လူတစ်ဦးလို တဖြေးဖြေးချင်းပြန်ပြောင်းလဲလာခဲ့ပြီး တစ်နေ့မှာတော့ သူ့ရဲ့သားလေးဖြစ်သူ ပီရာ့ သေဆုံးခဲ့ရတဲ့အကြောင်းအရင်းမှန်ကို လီယာသိသွားတဲ့အခါမှာတော့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေရှိနေမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုအများကြီးရထားတဲ့အပြင် ဖြေးဖြေးချင်းနဲ့ ဆွဲခေါ်ပေးသွားမဲ့ ပြင်သစ်စကားပြော ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာမလို့ တင်ဆက်ပေးလိုက်ရပါတယ်ဗျ။...
American Ninja 2: The Confrontation (1987)
⭐TMDB: 54.0% User Score
🎬 #Action #Comedy #Drama
🗓 1987 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ကားကတော့ အမေရိကန်နင်ဂျာရဲ့ ဒုတိယအပိုင်းဆက်ပါ။
ဒုတိယပိုင်းမှာကတော့ ကျွန်းတစ်ကျွန်းကို သံတမန်ရေးရာ သွားရောက်နေတဲ့ ရေတပ်ဌာနက ရေတပ်သားတွေ ပြန်ပေးဆွဲခံရပြီး ပျောက်ချင်းမလှ ပျောက်သွားလို့ ကျည်းတပ်ကို အကူအညီတောင်းတဲ့အတွက် ဂျိုးနှင့် ဂျက်ဆန်ကို စစ်တပ်ဘက်က လွှတ်လိုက်ပါတော့တယ်။ သူတို့ရောက်တဲ့အခါမှာ ရေတပ်သားတွေလေးယောက် ပြန်ပေးဆွဲခံထားရပြီး ဒီကိစ္စဟာလည်း သွေးရိုးသားရိုး မဟုတ်တဲ့အတွက် လိုက်လံစုံစမ်းတဲ့ကြပါတော့တယ်။
ဒီအချိန်မှာ ရေတပ်သားတစ်ယောက်ဖြစ်တဲ့ တေလာက ရေတပ်ကို သစ္စာဖောက်နေပြီး ခြင်္သေ့ဆိုတဲ့လူကြီးကို ပြန်ပေးဆွဲမှုတွေမှာ ကူညီလုပ်ကိုင်ပေးနေကြောင်း ဂျိုးတစ်ယောက် သိလာရပါတော့တယ်။ ဒီလိုနဲ့ တေလာ့ကို ရအောင်မေးရာကနေ ခြင်္သေ့ဆိုတာ မုတ်ဆိတ်နက်ကျွန်းကိုပိုင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပြီး မူးယစ်ဆေးကို အကြီးအကျယ်ကုန်သွယ်နေပြီး ရလာတဲ့ပိုက်ဆံတွေကို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ လူသားနင်ဂျာတွေဖန်တီးတဲ့ဆီမှာ သုံးနေတာကို သိလိုက်ရတဲ့အခါ ဂျိုးတစ်ယောက် ရေတပ်နဲ့ ပူးပေါင်းပြီး ဒီမူးယစ်ဆေးကုန်သွယ်မှုနဲ့ မျိုးရိုးဗီဇပြောင်းလဲဖန်တီးမှုတွေကို ဘယ်လိုတားဆီးမလဲဆိုတာကို ရင်ဖိုင်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီဇာတ်ကားကိုကြည့်တော့မယ်ဆိုရင် ပထမကားကို ကြည့်ပြီးသားဖြစ်မှာမို့လို အထူးတလည်ညွန်းစရာမလိုတော့ပါဘူး။ ဒီတော့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။...
American Ninja 2: The Confrontation (1987)
⭐TMDB: 54.0% User Score
🎬 #Action #Comedy #Drama
🗓 1987 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ကားကတော့ အမေရိကန်နင်ဂျာရဲ့ ဒုတိယအပိုင်းဆက်ပါ။
ဒုတိယပိုင်းမှာကတော့ ကျွန်းတစ်ကျွန်းကို သံတမန်ရေးရာ သွားရောက်နေတဲ့ ရေတပ်ဌာနက ရေတပ်သားတွေ ပြန်ပေးဆွဲခံရပြီး ပျောက်ချင်းမလှ ပျောက်သွားလို့ ကျည်းတပ်ကို အကူအညီတောင်းတဲ့အတွက် ဂျိုးနှင့် ဂျက်ဆန်ကို စစ်တပ်ဘက်က လွှတ်လိုက်ပါတော့တယ်။ သူတို့ရောက်တဲ့အခါမှာ ရေတပ်သားတွေလေးယောက် ပြန်ပေးဆွဲခံထားရပြီး ဒီကိစ္စဟာလည်း သွေးရိုးသားရိုး မဟုတ်တဲ့အတွက် လိုက်လံစုံစမ်းတဲ့ကြပါတော့တယ်။
ဒီအချိန်မှာ ရေတပ်သားတစ်ယောက်ဖြစ်တဲ့ တေလာက ရေတပ်ကို သစ္စာဖောက်နေပြီး ခြင်္သေ့ဆိုတဲ့လူကြီးကို ပြန်ပေးဆွဲမှုတွေမှာ ကူညီလုပ်ကိုင်ပေးနေကြောင်း ဂျိုးတစ်ယောက် သိလာရပါတော့တယ်။ ဒီလိုနဲ့ တေလာ့ကို ရအောင်မေးရာကနေ ခြင်္သေ့ဆိုတာ မုတ်ဆိတ်နက်ကျွန်းကိုပိုင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပြီး မူးယစ်ဆေးကို အကြီးအကျယ်ကုန်သွယ်နေပြီး ရလာတဲ့ပိုက်ဆံတွေကို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ လူသားနင်ဂျာတွေဖန်တီးတဲ့ဆီမှာ သုံးနေတာကို သိလိုက်ရတဲ့အခါ ဂျိုးတစ်ယောက် ရေတပ်နဲ့ ပူးပေါင်းပြီး ဒီမူးယစ်ဆေးကုန်သွယ်မှုနဲ့ မျိုးရိုးဗီဇပြောင်းလဲဖန်တီးမှုတွေကို ဘယ်လိုတားဆီးမလဲဆိုတာကို ရင်ဖိုင်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီဇာတ်ကားကိုကြည့်တော့မယ်ဆိုရင် ပထမကားကို ကြည့်ပြီးသားဖြစ်မှာမို့လို အထူးတလည်ညွန်းစရာမလိုတော့ပါဘူး။ ဒီတော့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။...
The Men Who Stare at Goats (2009)
⭐IMDB: 6.2/10 (136 k Votes)
🎬 #Comedy #War
🗓 2009 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယခုရုပ်ရှင်ကနာမည်တူစာအုပ်ကိုအခြေခံထား ပြီး Ewan McGregor နဲ့ George Clooney တို့ဦး ဆောင်ပါ၀င်ထားပါတယ်။
ဇာတ်လမ်းအစမှာ သတင်းစာသမားဖြစ်တဲ့ ဝဲလ်တန် ဟာ အယ်ဒီတာရဲ့စေခိုင်းမှုအရ နယ်ခံ စစ်မှုထမ်း ဟောင်းတစ်ယောက်ကိုအင်တာဗျူးဖို့ဖြစ်လာပါတယ်။ အဆိုပါအင်တာဗျူးကြောင့်ဝဲလ်တန်တစ်ယောက် အမေရိကန်အစိုးရရဲ့အထူးစစ်သားတွေဖန်တီးနေတဲ့ လျှိုဝုက်ပရိုဂရမ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။
အထူးစစ်သားတွေဟာ နံရံတွေကိုဖြတ်ကျော်သွားနိုင်သလို အကြည့်တစ်ချက်နဲ့ သက်ရှိတွေရဲ့နှလုံးခုန်ကို ရပ်တန့်အောင်ပြုလုပ်နိုင်တဲ့စိတ်စွမ်းအင်ရှိတဲ့သူတွေဖြစ်တယ်ဆိုပါတယ်။ ဝဲလ်တန်အနေနဲ့ကနဦးမှာအယုံအကြည့်မရှိခဲ့ပေမယ့် စစ်ပွဲသတင်းတွေရေးဖို့ကူဝိတ်ကိုရောက်ရှိသွားရာမှာ အထူစစ်သားအဖွဲ့ကအတော်ဆုံးအဖွဲ့၀င် လန့်ကတ်စတီ အမှတ်မထင်ဆုံမိကြပြီး ခရီးလမ်းတစ်လျောက်မှာ အထူးအဆန်းတွေကိုဆက်တိုက်ကိုကြံရပါတော့တယ်။...
Glory Day (2015)
⭐IMDB: 6.4/10 (834 Votes)
🎬 #Drama
🗓 2015 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 33 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
One Way Trip(Or) Glory Day(2016)
********************************၂၀၁၆ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် One Way Trip or Glory Day ရုပ်ရှင်ဇာတ်ကားတွင်
နာမည်ကြီးတက်သစ်စမင်းသားများဖြစ်သည့် ဂျီဆူ (Ji Soo)၊ ရူဂျွန်ယော ( Ryoo Joon Yeol) နှင့်
နာမည်ကြီး ကေပေါ့ပ် EXO အဖွဲ့ဝင်ဖြစ်သည့် ဆူဟို (Suho) နှင့် ဂင်ဟီချန်း (Kim Hee Chan)တို့က
ပါဝင်အားဖြည့်ထားပါသည်။သူငယ်ချင်းလေးယောက်ဖြစ်သည့် ယုံးဘီ၊ ဆန်းဝူ၊ ဂျီဂုံးနှင့် ဒိုမန်တို့သည် အသက် ၂၀ အရွယ်ကောင်လေးများဖြစ်ကြပါသည်။
သူတို့သည် ဆန်းဝူ စစ်မှုထမ်းဖို့ကိုလိုက်ပို့ရန် ဖိုဟန်ကို တစ်ညအိပ်နှစ်ရက်ခရီးထွက်ခဲ့ကြပါသည်။
တစ်ညတွင် ပင်လယ်ကြီးရဲ့ညရှုခင်းကိုကြည့်ပြီး ကမ်းခြေတွင် အရက်သောက်ခဲ့ရာမှ
လူတစ်ယောက်က မိန်းကလေးကို ထိုးနှက်ရိုက်နေသည်ကို မြင်တွေ့ခဲ့ပါသည်။အဲဒီနောက် မိန်းကလေးကို ကယ်ဖို့ သွားရာက သူတို့သူငယ်ချင်းလေးယောက်
ပြဿနာမျိုးစုံကိုကြုံတွေ့ရပါတော့တယ်...
Everything Is Both (2023)
⭐IMDB: 6.4/10 (126 Votes)
🎬 #Drama #Crime
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 21 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ တင်ဆက်မယ့်ကားလေးကတော့ Crime, Dramaအသားပေး ဇာတ်ကားလေးတစ်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့ သေနတ်မှောင်ခိုသူဌေးဆီကနေ လူတစ်ယောက်က ပစ္စည်းလေးတစ်ခု ခိုးလာပါတယ် ထိုသို့ခိုးလာပြီးနောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ထိုပစ္စည်းလေးဟာ သူ့ရည်းစားဖြစ်သူ ဒိုက်ရှာဆိုတဲ့ ကောင်မလေးလက်ထဲကို ရောက်ရှိခဲ့ပါတယ်။
အဲဒီပစ္စည်းနောက်ကို လိုက်လာတဲ့လူတွေဟာ အန္တရာယ်အရမ်းရှိတဲ့လူတွေဖြစ်တာကြောင့် ဒိုက်ရှာဟာလဲ အသက်လုကာပြေးရပါတော့တယ် အဲဒီလိုပြေးရင်းလွှာရင်းပဲ ဒိုက်ရှာဟာ သူစိမ်းတစ်ယောက်ရဲ့ကားထဲကို ဝင်ပုန်းရာကနေ ထိုသူစိမ်းနဲ့တွေ့ပြီး ထိုသူစိမ်းဟာ လူဆိုးလား လူကောင်းလားဆိုတာကတော့… ပရိတ်သတ်ကြီးပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦးဗျ...
An Officer and a Spy (2019)
⭐IMDB: 7.2/10 (20 k Votes)
🎬 #Drama #History #Thriller
🗓 2019 🎞 movie
🌎 #France #Italy
⏰ 2 နာရီ 12 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကို
ဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး…
2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံး
ဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်…။
ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့…
၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်
သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်…။
ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်…။
ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ…သူ့ကိုညွှန်းဆိုထားတာလဲ
ရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ…။
အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့
ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲ
နိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်…။
ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့
အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်….။
လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ…
တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲ
အလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့
ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်း
သပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ…။
အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ”အရာရှိတစ်ဦးနဲ့
သူလျှိုတစ်ယောက်”အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...
Cart (2014)
⭐IMDB: 6.7/10 (1 k Votes)
🎬 #Drama
🗓 2014 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 43 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cart(2014)
*********
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည်
နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့်
ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့်နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့က
ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။
ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည်
အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက်ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက်
မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအား
ကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင်
ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက်
ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...
Haunted Buffalo (2023)
⭐IMDB: 1.5/10 (15 Votes)
🎬 #Documentary #Horror #Mystery #RealityTV #Thriller
🗓 2023 🎞 tv movie
🌎 #UnitedStates
⏰ 42 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါကတော့ အမေရိကန် သရဲဖမ်းအဖွဲ့တစ်ခုရဲ့ ၄၅မိနစ်ကြာ reality-tv show တစ်ခုပါ။
အမေရိကန် သရဲဖမ်းအဖွဲ့တစ်ခုဟာ နယူးယောက်မြို့မှာတည်ရှိတဲ့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ Buffalo သမိုင်း၀င်ပြတိုက်မှာ သဘာ၀လွန်ကိစ္စရပ်တွေကို စူးစမ်းလေ့လာဖို့ရောက်ရှိလာပါတယ်။
ဒီအစီအစဉ်ထဲမှာတော့ ဝိညာန်တွေ၊ တစ္ဆေတွေ အစရှိသဖြင့် သာမန်လူမျက်လုံးနဲ့ မမြင်နိုင်တဲ့အရာတွေကို စူးစမ်းလေ့လာဖို့အတွက် သရဲဖမ်းတဲ့အဖွဲ့တွေ အသုံးပြုလေ့ရှိကြတဲ့ တိုင်းတာရေးပစ္စည်းကိရိယာတွေအကြောင်းကိုလည်း လေ့လာသိရှိနိုင်ပါမယ်။
Reality-TV ဖြစ်တာကြောင့် သဘာ၀လွန်ဖြစ်ရပ်မှန်တွေကို လက်တွေ့ဆန်ဆန်ကြည့်ရှုလိုသူတွေအတွက်တော့ ၄၅မိနစ်စာအချိန်က ပေးရကျိုးနပ်ပါလိမ့်မယ်လို့ ညွှန်းဆိုပေးလိုက်ရင်းနဲ့ပဲ...
American Ninja (1985)
⭐TMDB: 59.0% User Score
🎬 #Action #Adventure #Romance
🗓 1985 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဂျိုးဆိုတဲ့ကောင်လေးဟာ ကိုယ့်မိဘ ဘယ်သူမှန်းလည်း မသိ၊ ကိုယ့်မွေးနေ့မွေးရက်ကိုလည်းမသိတဲ့အပြင် ကျွန်းတစ်ကျွန်းမှာ ပေါက်ကွဲမှုကြောင့် အတိတ်မေ့သွားရှာတဲ့ ကောင်လေးတစ်ယောက်ပါ။ သူဟာ အရွယ်ရောက် ကတည်းက ပြဿနာအမျိုးမျိုးတက်ပြီး လူငယ်ထိန်သိမ်းရေးကျောင်းကိုလည်း ခဏခဏရောက်ပြီး နောက်ဆုံးမှာ တရားရုံးက စစ်မှုထမ်းဖို့ အမိန့်ချမှတ်လိုက်တဲ့အတွက် စစ်တပ်ထဲရောက်လာတဲ့သူပါ။
တစ်နေ့မှာတော့ သူတာဝန်ကျရာစခန်းက ကာနယ်ကြီးရဲ့သမီးကို အိမ်ပြန်ပို့ဖို့ တာဝန်ကျလို့ ပြန်ပို့ရာလမ်းမှာ နင်ဂျာတစ်ဖွဲ့က သူတို့ထရပ်ကားတွေကို ဝင်စီးတဲ့အခါမှာ ထူးဆန်းစွာပဲ သူခန္ဓာကိုယ်အလိုအလျောက်တုန့်ပြန်ပြီး ကာနယ်သမီးကို နင်ဂျာအတတ်ပညာဖြစ်တဲ့ နင်ဂျုဆုတွေကို အသုံးပြုပြီး ကယ်တင်လိုက်ပါတယ်။
ဒီလိုနဲ့ ပြန်ရောက်တဲ့အခါမှာ ဆာဂျင်က သူ့ကိုပြစ်ဒဏ်ချတဲ့အနေနဲ့ ထရပ်ကားသိုလှောင်ရုံဘက်မှာ တာဝန်ချရာကနေ စစ်တပ်နဲ့ ဒီနင်ဂျာသူပုန်အဖွဲ့ဟာ ပူးပေါင်းကြံစည်နေပြီးတော့ နိုင်ငံတော်ပိုင်လက်နက်တွေကို မှောင်ခိုထုတ်နေမှန်းသိလိုက်ရာကနေ သူ့ကိုလိုက်သတ်နေတဲ့နင်ဂျာအဖွဲ့တွေဆီကရော သူ့ကို ပြဿနာကောင်အနေနဲ့ မြင်တဲ့ စစ်တပ်က လူတွေကိုရော ဘယ်လိုယုံအောင်ရှင်းပြမလဲ ဒီကိစ္စရဲ့နောက်ကွယ်မှာရော ဘယ်သူတွေပါဝင်နေလဲ သူကရော နင်ဂျာအတတ်ပညာတွေကို ဘယ်လိုတတ်မြောက်နေတာလဲ အတိတ်မေ့နေတဲ့မှတ်ဉာဏ်တွေကရော ပြန်ပေါ်လာပါ့မလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပြီး 90s ရာစုက အငွေ့အသက်ကို အပြည့်အဝခံစားရမှာဖြစ်ကာ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ အာနိုးဇာတ်ကားတွေကို ပြန်လည်သတိရစေမှာဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။...
Invictus (2009)
⭐IMDB: 7.3/10 (166 k Votes)
🎬 #Drama #History #Action #Adventure #Biography #Sport #Thriller
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 14 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDB 7.3/10, RT 76 %, ဆု ၁၂ ဆုနဲ့ ဇကာတင် (အော်စကာဆုအပါအဝင်) ၃၈ ခု ဝင်ခဲ့တဲ့ Sport/Drama အမျိုးအစား ဖြစ်ရပ်မှန်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Morgan Freeman (The Shawshank Redemption)နဲ့ Matt Damon (The Martian)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပြီး တောင်အာဖရိကရဲ့ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင်မန်ဒယ်လာရဲ့ လူဖြူ၊ လူမည်း ပြည်သူတစ်ရပ်လုံးကချစ်တဲ့သမ္မတအဖြစ် ကြိုးပမ်းပုံကို ပုံဖော်ရိုက်ကူးထားတာပါ။
ဇာတ်လမ်းရဲ့ စ လယ် ဆုံး သုံးပါးလုံးက ခိုင်မာတဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံဖြစ်တယ်ဆိုတာနဲ့ အရည်အချင်းပြည့်ဝပြီး ပီပြင်အောင် သက်ဝင်ခံစားနိုင်တဲ့ သရုပ်ဆောင်တွေရယ်၊ ပါဝင်တဲ့ဇာတ်ကောင်တိုင်းက အပြင်လောကမှာ တကယ်ရှိတဲ့ဇာတ်ကောင်တွေကို ပုံဖော်ထားတာရယ်၊ ခမ်းနားကြီးကျယ်တဲ့ ပြိုင်ပွဲရိုက်ချက်တွေရယ်ကြောင့် review ကောင်းများစွာကို ရရှိထားတဲ့ ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်ကားရဲ့နာမည် Invictus ဆိုတာက အင်္ဂလိပ်ကဗျာဆရာ William Ernest Henley ရဲ့ ကဗျာနာမည်ဖြစ်ပြီး လက်တင်လို “အနိုင်မခံ အရှုံးမပေး”လို့ အဓိပ္ပါယ်ရပါတယ်။ ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေ ဘယ်လောက်များများ ခါးသီးမှုတွေကို သည်းခံ တွန်းလှန်ပြီး နောက်ဆုံးအချိန်ထိ မလျှော့တဲ့ဇွဲ၊ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့သာ ကြိုးစားမယ်ဆိုရင်… အောင်မြင်မှုဆိုတာ ရယူဖို့ လွယ်ကောင်းလွယ်နိုင်သော်ငြား ကြာရှည်ထိန်းသိမ်းထားနိုင်ဖို့ ခက်တယ်လို့ပြောကြပေမဲ့ နိုင်ငံရေးသမား နယ်လ်ဆင်မန်ဒယ်လာအတွက်တော့ သမ္မတဖြစ်ဖို့ဆိုတဲ့ ခရီးလမ်းက မလွယ်ကူခဲ့ပါဘူး။ သူဟာ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင် ၂၇ နှစ်ကျခံခဲ့ရပြီး ဒုက္ခမျိုးစုံကို ခံစားခဲ့ရပါတယ်။ ၁၉၉၀ခုနှစ် ထောင်က ပြန်လွတ်လာချိန်မှာလည်း အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးမှ ၁၉၉၄မှာ တောင်အာဖရိကရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့တာပါ။ သမ္မတ မဖြစ်ခင် ခရီးလမ်းကမလွယ်ကူခဲ့သလို သမ္မတဖြစ်ပြီးချိန်က ပိုလို့တောင် ခက်ခဲနေခဲ့ပါသေးတယ်။ လူမည်းတစ်ဦးကသမ္မတ ဖြစ်သွားတာမို့ အရင်ကဖိနှိပ်ခံခဲ့ရတဲ့ လူမည်းတွေက သူတို့ကိုဖိနှိပ်ခဲ့တဲ့ လူဖြူတွေကို တဖန် ပညာပြဖို့ကြိုးစားရင်း လူဖြူ၊ လူမည်း အားပြိုင်မှုတွေ ဖြစ်လာတဲ့အခါ လူမျိုးရေးခွဲခြားမှုရဲ့သင်္ကေတလို့ ပြောလို့ရနိုင်တဲ့ လူဖြူတွေအားပေးကြတဲ့ ရက်ဘ်ဘီဘောလုံးကစားနည်းရဲ့ (ဘဲဥပုံဘောလုံးကို ဘေးတိုက်၊ နောက်ပြန် ပစ်၊ ကန်ရတဲ့ကစားနည်း) စပရင်ဘုတ်ခ်စ်အသင်းက လူမည်းတစ်ဦး သမ္မတဖြစ်လာမှုရဲ့အကျိုးဆက်ကို စတင်ခံစားရပါတော့တယ်။
အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ သူတို့အသင်းဖျက်သိမ်းရေးကို လူမည်းတွေက ဝိုင်းဝန်းတောင်းဆိုခဲ့ကြပေမဲ့ တောင်အာဖရိကရဲ့ လူမျိုးရေးခွဲခြားတဲ့ဝါဒကို ဆန့်ကျင်သူ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူတစ်ယောက်ရဲ့ ပြယုဂ်ဖြစ်တဲ့ သမ္မတမန်ဒယ်လာက ဒီပဋိပက္ခကို ဖြေရှင်းဖို့ တစ်နိုင်ငံလုံးမှာ နိုင်ငံကိုယ်စားပြုအသင်း တစ်သင်းပဲရှိရမယ်ဆိုပြီး တစ်သင်းတည်းသော စပရင်ဘုတ်စ်ခ်အသင်းရဲ့ခေါင်းဆောင် ပီနာဖရန်ဆွာကို ကမ္ဘာ့ဖလားမှာ အနိုင်ရအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတော့တယ်။ ကျွမ်းကျင်သူတွေက ကွာတားဖိုင်နယ်ရောက်ရင်တောင် ကံကောင်းလို့ မှတ်ချက်ပြုခဲ့ချိန်မှာ ဖရန်ဆွာတစ်ယောက် သာမန်အရည်အချင်းပဲရှိတဲ့ သူ့အသင်းကို ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ထိ ရောက်အောင်ဆွဲခေါ်သွားနိုင်ပါ့မလား.. ပြိုင်ပွဲကို ကွင်းထဲအထိ သွားအားပေးမဲ့သမ္မတကရော သောင်းချီတဲ့ပရိသတ်တွေကြား ဘေးကင်းနိုင်ပါ့မလား.. သမ္မတဖြစ်စေချင်သလိုရော လူဖြူ လူမည်း စည်းလုံးမှု ရယူနိုင်ပါ့မလား.. ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး အားလုံးရဲ့စံပြဖြစ်ရမဲ့ သမ္မတဆိုတဲ့ လူပုဂ္ဂိုလ်တစ်ယောက်မှာ ဘယ်လိုစိတ်ထား ခံယူချက်တွေ ထားရှိရမလဲ.. ထားရှိသင့်သလဲ.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ စီးမျောခံစားကြည့်လိုက်ကြပါဦးနော်။(ဒီဇာတ်ကားနဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)...
