ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Nodadha Putagalu (2023) ⭐IMDB: 7.3/10 (1 k Votes) 🎬 #Bollywood #Fantasy 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Padikkadha Puththagangal (2024) မောင်ကံကောင်းရဲ့ တလွဲကြမ္မာ တစ်ခါတလေတော့လည်း လောကကြီးကဆန်းကြယ်သား ။အရေးကြီးတဲ့အရာတွေ ဘဝကိုအဆုံးအဖြတ်ပေးတဲ့အချိန်တွေမှာကံကောင်းတတ်ပြီး ကျန်တဲ့အချိန်တိုင်း ဘယ်လောက်ကြိုးစားကြိုးစားအမြဲလွဲချော်နေတတ်တယ် နေ့စဉ်ဘဝကြီးက အမြဲကသိကအောက်နဲ့ကံဆိုးတယ်ပြောရအောင်လည်း တကယ့်အရေးဆို အားလုံးအဆင်ချောနေပြန်ရော။ ဒီကားထဲက အာဒီကလည်း မွေးကင်းစမှာ အစာဝင်အဆုတ်ရောင်ရောဂါဖြစ်ပြီးသေလုဆဲဆဲမှာ ကံကောင်းပြီးအသက်ဆက်ခွင့်ရခဲ့တယ် ။ ကံကောင်းလေးပါလို့ ပြောရအောင်လည်း အဲဒီအချိန်တည်းက သူ့ငယ်ဘဝလူငယ်ဘဝ နဲ့ အချစ်ရေးကိစ္စတွေမှာ အလွဲလွဲအချော်ချော်တွေဖြစ်တာပဲဒါပေမဲ့ လူ့လောကထဲကိုအရောက်ပို့ပေးနိုင်ခဲ့တဲ့ သူရဲ့ကံကြမ္မာက သူ့ဘဝမှာရောဘယ်လိုအပြောင်းအလဲကြီးကြီးမားတွေ လုပ်ပေးဦးမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်...
The Djinn's Curse (2023) ⭐TMDB: 40% User Score 🎬 #Horror 🗓 2023 🎞 movie 🌎 #Thailand ⏰ 1 နာရီ 38 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Djinn’s Curse (2023) ယခုတစ်ခါမှာတော့ Horror movie ပရိသတ်တွေအတွက်ဂျင်အောက်လမ်းနဲ့ဆိုင်တဲ့ Horror ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းရဲ့အစမှာ ဝင်းတို့မိသားစုဟာ ဘန်ကောက်ကနေ နာရာသီဝပ်ကို အကြောင်းကိစ္စတစ်ခုကြောင့် ပြောင်းရွှေ့လာခဲ့ရပါတယ်။သူတို့ နာရာသီဝပ်မှာ နေဖို့အတွက် အိမ်ကိုရောက်တဲ့အချိန်မှာအဲဒီအိမ်ကြီးကို ပစ္စည်းတွေရှင်းရင်း ဂျင်နဲ့ပတ်သတ်တဲ့ စာအုပ်တွေအများကြီးရှိနေတာကို တွေ့ရပါတယ်။ပြီးတော့ အဲဒီဒေသမှာ မကောင်းဆိုးဝါးပူးကပ်မှုတွေကိုလည်း မကြာခဏမြင်တွေ့နေရပါတယ်။ဒီလိုနဲ့ အဲဒီအိမ်ကြီးမှာ နေလာရင်း မီနာနဲ့လင်းညီအစ်မနှစ်ယောက်ဘယ်လိုကြောက်စရာကိစ္စတွေနဲ့ ကြုံတွေ့ရမလဲ …..သူတို့မိသားစုကရော ဘယ်လိုပြဿနာတွေကြောင့် ဒီကိုပြောင်းရွှေ့လာခဲ့ရတာလဲ …..သူတို့မိသားစုအပေါ်မှာရော ဂျင်အောက်လမ်းတွေက ဘယ်လိုတွေသက်ရောက်လာမလဲ… ဆိုတာတွေကို နောက်ခံအသံကောင်းကောင်းနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းကိုတော့Char Ouက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary Christ&Char Ouတို့ပဲ ဖြစ်ပါတယ်။...
Four Souls of Coyote (2023) ⭐IMDB: 7.3/10 (455 Votes) 🎬 #Action #Adventure #Animation #Drama 🗓 2023 🎞 movie 🌎 #Hungary ⏰ 1 နာရီ 47 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီပုံပြင်လေးမှာ Animation အသံသရုပ်ဆောင်ရာမှာ ဂုရုတွေဖြစ်ကြတဲ့ Fred Tatasciore, Bill Farmer, Clé Bennett, John Eric Bentley, Gerda Pikali, Péter Bozsó, Lorne Cardinal တို့လို လူတွေအားလုံး တက်ညီလက်ညီ ပါဝင်ထားကြတဲ့ animation ကောင်းကောင်းလေး တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ထိုပုဂ္ဂိုလ်တွေရဲ့animation လက်ရာတွေကနေ ကျွန်တော်တို့မျိုးဆက်တွေထဲမှာ ဘယ်သူမှ ပြေးလွတ်မှာ မဟုတ်ပါဘူး။ အရမ်းနားထောင်လို့ ကောင်းမယ့် ပုံပြင်လေး တစ်ပုဒ်ကို ပြောပြပါမယ်။ ဇာတ်လမ်းလေးကတော့ အမေရိကန်အရင်းရှင်သူဌေးကြီးတွေက native americanတွေ ရှိတဲ့တောအုပ်ကို ဖျက်၊သစ်ပင်တွေကို ခုတ်လှဲပြီး ရေနံပိုက်လိုင်းသွယ်ဖို့လုပ်နေပါတယ်။ ဒီလိုနဲ့ ထိုပရောဂျက်ကို ဆန္ဒပြဖို့ native americanတွေပေါင်းပြီး စုဝေးကြပါတယ်။ Native americanတွေထဲမှ အသက်အကြီးဆုံးဖြစ်တဲ့ အဖိုးကြီးကနေ ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်အကြောင်းကနေ အစချီလို့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်အောင် ဇာတ်လမ်းလေးသဖွယ် ပုံပြင် ပြောပြပါတော့တယ်။ ဒီanimationရဲ့ အဓိက ဇာတ်လမ်းလေးကတော့ ထိုပုံပြင်လေးပါပဲ။ ဖန်ဆင်းရှင်က ဘယ်သတ္တဝါမှ မရှိသေးတဲ့ ကမ္ဘာကြီးကို ဘယ်လိုဖန်တီးမလဲ။ သူ ဖန်တီးတဲ့ ဖန်တီးမှုတွေက အချင်းချင်းတည့်ပါ့မလား၊ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ လူတွေကိုရော ဘယ်သူက ဖန်တီးခဲ့တာလဲ။ ကိုယော့လို့ခေါ်တဲ့ လှည့်စားတတ်တဲ့ ဝံပုလွေကရော ဖန်တီးသူရဲ့ဖန်တီးမှုတွေကို ဘယ်လိုကုန်းတိုက်မလဲ၊ လူတွေကရော ခေတ်အဆက်ဆက် ဘယ်လိုပြဿနာရှာလာကြမလဲဆိုတာကို animation ကောင်းကောင်းကိုမှ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ခံစားကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Seagrass (2023) ⭐IMDB: 6.0/10 (209 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 56 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ အိမ်ထောင်ရေးတစ်ခုမှာ အချိန်ကြာလာတာနဲ့အမျှ ဖြစ်တတ်ကြတဲ့, ဖြစ်နေကြတဲ့ ပြဿနာတွေ အခက်အခဲတွေအကြောင်းကို ရိုက်ကူးပြပေးထားတာပါ။ အိမ်ထောင်တစ်ခုမှာ သားသမီးတွေရှိလာတဲ့အချိန် တစ်ဖက်နဲ့တစ်ဖက်အလျှော့ပေးပြီး နားလည်ပေးမှ အိမ်ထောင်ရေးသာယာနိုင်မှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင်တော့ တစ်ခုခုဖြစ်တာနဲ့ စပြီးနစ်နာကြရမှာက သားသမီးတွေပဲမဟုတ်လား။ အခု ဒီဇာတ်ကားကတော့ အဲဒီအကြောင်းကို ဦးစားပေးပြီးရိုက်ကူးထားတာပါပဲ။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ တစ်နေ့တစ်ခြားအဆင်မပြေဖြစ်လာတဲ့ အိမ်ထောင်ရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် စတိဗ်နဲ့ ဂျူးဒစ်တို့ဟာ ချစ်သူတွေ, အိမ်ထောင်ရှင်တွေအတွက် နားထောင်ပြောဆို အကြံပေးတဲ့စခန်းတစ်ခုဆီကို သမီးနှစ်ယောက်နဲ့အတူ ခရီးထွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ထိုနေရာကိုရောက်မှ အကြောင်းအမျိုးမျိုးကြောင့်, လူတွေအမျိုးအမျိုးကြောင့် နဂိုထက်ပိုပြီး အခြေအနေတွေ တင်းမာလာတဲ့အချိန်မှာတော့ သူတို့တွေဘယ်လိုပြန်ပြီးဖြေရှင်းကြမလဲ, ဘယ်လိုအခက်အခဲတွေရောရှိနေကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်ရှုခံစားပေးကြပါဦး။...
The Deadly Swarm (2024) ⭐TMDB: 20% User Score 🎬 #Horror #SciFi #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 21 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော်ရာ သိပ္ပံရုပ်ရှင်သစ်ပါ။ ငွေလိုနေတဲ့ အယ်လီတို့သူငယ်ချင်းတစ်စုက ဒေါက်တာဖယ်လ်မန်းဆိုသူရဲ့ အခကြေးငွေရမယ့် ဆေးဝါးစမ်းသပ်မှုမှာ ဗော်လန်တီယာလုပ်ပေးဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ တောနက်ထဲကစံအိမ်ကြီးတစ်ခုဆီကိုရောက်လာကြပါတယ်။ အယ်လီတို့ရောက်ရှိသွားကြတဲ့အချိန်မှာတော့ အယ်လီတို့ကို အသိပေးထားသလိုမဟုတ်ဘဲ ဆေးဘက်၀န်ထမ်းလည်းတစုံတရာမရှိ၊ အယ်လီတို့ကို ဆေးဝါးစမ်းသပ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဆင့်ခေါ်ထားတဲ့ ဒေါက်တာဖယ်လ်မန်းရဲ့နောက်ကွယ်မှာလည်း လျှို့ဝှက်ချက်တွေရှိနေတဲ့အခါမှာတော့…အယ်လီတို့ သူငယ်ချင်းတစ်စုဟာ ဒေါက်တာဖယ်လ်မန်းရဲ့စံအိမ်ကြီးမှာ ဘယ်လိုထူးဆန်းတဲ့အရာတွေနဲ့ကြုံတွေ့ရမလဲ၊ အသက်အန္တရာယ်ပါကြုံတွေ့လာရတဲ့နောက်မှာတော့ သူတို့အားလုံး လွတ်မြောက်နိုင်ပါ့မလား၊ ဒေါက်တာဖယ်လ်မန်းနဲ့ သူ့နောက်ကွယ်က လျှို့ဝှက်စမ်းသပ်မှုတွေ၊ အကျည်းတန်တဲ့အရာတွေကရော ဘာတွေလဲဆိုတာ ဆက်လက်ရှုစားလိုက်ကြပါဦး။...
How to Date Billy Walsh (2024) ⭐IMDB: 5.5/10 (2 k Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 41 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့အထက်တန်းကျောင်းနောက်ခံအချစ်ဟာသဒရာမကားလေးတစ်ကားဖြစ်ပါတယ်။ အာချီနဲ့မီလီဟာတစ်ဆေးရုံတည်းမွေးပြီးမိဘချင်းသာမကခွေးတွေချင်းပါရင်နှီးနေတဲ့အထိခင်မင်ကြတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ အာချီကမီလီကိုငယ်ငယ်ကနေကြိတ်ချစ်လာခဲ့ပေမဲ့ဖွင့်မပြောနိုင်တာတော့အထက်တန်းနောက်ဆုံးနှစ်အထိပါပဲ။ ဒီလိုနဲ့တစ်ရက်မှာတော့အာချီတစ်ယောက်သေချာအစီစဉ်ချပြီးမီလီဖွင့်ပြောဖို့ကြံပါတယ်။အဲဒီနေ့မှာပဲသူတို့ကျောင်းကိုဘီလီဝါ့ရှ်ဆိုတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကျောင်းသားသစ်တစ်ယောက်ပြောင်းလာပါတယ်။ဘီလီကိုမီလီကလည်းအဲဒီနေ့မှာတင်ကြွေသွားပါတော့တယ်။ဒီတော့အာချီကပဲသူငယ်ချင်းကနေချစ်သူအဆင့်တက်သွားနိုင်မလားအသည်းကွဲပဲကျန်ခဲ့ရမလားကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါရှင့်။...
His Secret Life (2001) ⭐TMDB: 73% User Score 🎬 #Drama #Romance 🗓 2001 🎞 movie 🌎 #France #Italy ⏰ 1 နာရီ 45 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ အီတလီစကားပြောရုပ်ရှင်ဖြစ်ပြီး ၂၀၀၁ ခုနှစ်ကထွက်ရှိခဲ့ပါတယ်။ Family Drama အမျိုးအစားဖြစ်ပြီး အီတလီနာမည်က Le fate ignoranti ဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ နောက်ထပ် အင်္ဂလိပ် title က His Other Life ဖြစ်ပါတယ်။ သိပ်မကြာသေးခင်ကပဲ ဒီဇာတ်ကားကို Remake ပြန်လည်ရိုက်ကူးခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Antonia က ရောမမြို့ပြင်က ရပ်ကွက်တစ်ခုမှာနေတဲ့ အထက်တန်းလွှာအမျိုးသမီးတစ်ဦးဖြစ်ပြီး Massimo ဆိုသူနဲ့ အိမ်ထောင်ကျတာ ၁၅ နှစ်ရှိပြီဖြစ်ပါတယ်။ ၁၅ နှစ်လုံးလုံး Massimo ရဲ့အရိပ်အောက်မှာပဲနေရင်း ခင်ပွန်းဖြစ်သူလိုအပ်တာကို ဖြည့်ဆည်းပေးခဲ့တဲ့ဇနီးကောင်းဖြစ်ပါတယ်။ Massimo ကလည်း သူ့အတွက်ခင်ပွန်းကောင်းဖြစ်တဲ့အတွက် နှစ်ယောက်အတူပျော်ရွှင်စွာ နေထိုင်လာရာကနေ တစ်နေ့မှာ Massimo တစ်ယောက် ယာဥ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကွယ်လွန်ပြီး သူ့ရုံးခန်းထဲက ပစ္စည်းတွေကို အိမ်ပြန်ပို့ရာကနေ အဲဒီပစ္စည်းတွေထဲမှာ ပန်းချီကားတစ်ချပ်ပါလာပါတယ်။ ပန်းချီကားနာမည်က The Ignorant Fairies ဖြစ်ပြီး ဒီပန်းချီကနေတဆင့် Massimo က အိမ်ထောင်ရေးဖောက်ပြန်နေတဲ့အပြင် သူနဲ့ဖောက်ပြန်နေတဲ့လူက အမျိုးသားတစ်ဦးဖြစ်နေတာကိုသိလိုက်ရပါတော့တယ်။ ဇာတ်လမ်းဇာတ်အိမ်က ရိုးရှင်းပြီး Character-driven ဇာတ်လမ်းမျိုးဖြစ်တာနဲ့အညီ အချိန်ယူပြီးကြည့်ရှုသင့်တဲ့ ရုပ်ရှင်မျိုးဖြစ်ပါတယ်။ Massimo ရဲ့ နောက်ကြောင်းကိုစုံစမ်းရင်းနဲ့ Antonio တစ်ယောက် သူ့ခင်ပွန်းဖြစ်သူမှာ အမျိုးသားချစ်သူအပြင် နောက်ထပ်ဘဝတစ်ခုရှိနေတာကိုပါ သိလိုက်ရပြီး သူကိုယ်တိုင် အဲဒီကမ္ဘာထဲ တဖြည်းဖြည်းရောက်ရှိသွားပြီး ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်လည်ရှာဖွေတဲ့ theme မျိုးကိုဖော်ညွှန်းထားပါတယ်။ ဥရောပရုပ်ရှင်တွေကိုနှစ်သက်သူများဆိုရင် ၂၀၀၀ ခုနှစ်ကျော်က ဒီရုပ်ရှင်လေးကိုကြည့်ရှုသင့်ပါတယ်။ စိတ်အနှောက်အယှက်ဖြစ်စရာ 18+ ဇာတ်ဝင်ခန်းတွေမပါဝင်တဲ့အတွက်လည်း စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်။...
All You Need Is Death (2023) ⭐IMDB: 5.2/10 (176 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Ireland ⏰ 1 နာရီ 37 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “အချစ်ဆိုတာ လက်ကိုင်ကဓားသွားဖြစ်နေတဲ့ ဓားတစ်ချောင်းပါပဲ” အန်နာနဲ့ အဲလက်ခ်တို့ စုံတွဲဟာ လူတွေမေ့ဖျောက်ထားတဲ့ (ဒါမှမဟုတ်) ရှေးကျပြီး လူတော်တော်များများမကြားဖူးသေးတဲ့ သီချင်း တွေကို လိုက်လံရှာဖွေဖော်ထုတ်ရတာကို သဘောကျတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ တနေ့မှာတော့ အိုင်းရစ်ရှ်ဘာသာစကားထက် ရှေးကျတဲ့ဘာသာစကားတစ်ခုနဲ့သီဆိုထားတဲ့ ကျေးလက်သီချင်းတစ်ပုဒ်အကြောင်း သူတို့သတင်းကြားမိပြီး သီဆိုသူကိုလိုက်လံ ရှာကြည့်ပါတော့တယ်။ သီဆိုသူအဘွားကြီးကို ရှာတွေ့သွားတဲ့အခါ သူမက ထိုသီချင်းမှာ သူ့အမေက သူ့ကို အမွေပေးခဲ့ခြင်းဖြစ်ပြီး မျိုးရိုးစဉ်ဆက်ထိန်းသိမ်းလာတဲ့သီချင်းဖြစ်ကြောင်းနှင့် သူ့တွင်သားတစ်ယောက်သာရှိသဖြင့် အဆိုပါသီချင်းကိုအမွေအဖြစ် ဆက်လက်ဆင့်ကမ်းရန်မဖြစ်နိုင်တော့ကြောင်းအစချီ၍ သီချင်းပါအကြောင်းအရာများကိုပါ ပြောပြပါတော့တယ်။ သီချင်းကို အမျိုးသမီးများကသာ နားဆင်ခွင့်ရှိမည်ဖြစ်ပြီး သီချင်းစာသားများကို ချရေးခြင်းမပြုဖို့ အတန်တန်မှာကြားကာ အန်နာ့အတွက် သီးသန့်သီဆိုပြလိုက်ပါတော့တယ်။ ဒါပေမဲ့လည်းသီချင်းနားထောင်ခွင့်မရှိသဖြင့် အိမ်အပြင်တွင်စောင့်နေသည့် သူ့ချစ်သူ အဲလက်ခ်ကို အိမ်အပြန်လမ်းတွင်ပင် အန်နာက ပြန်လည်သီဆိုပြလိုက်သောအခါ……? အဲလက်ခ်က သီချင်းကို အသံသွင်းပြီး ဘာသာပြန်ရန် အတွက် ချရေးလိုက်မိသောအခါ……..? ဘာတွေဆက်ဖြစ်ကြမလဲ? သီချင်းရဲ့အဓိကအကြောင်းအရာကရော အချစ်အကြောင်း လား? ကျိန်စာတစ်ခုအကြောင်းလား? ဒါတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကို အိုင်ယာလန်တွင် အခြေပြုထားပြီး ဇာတ်ကားအမျိုးအစားကတော့ Horror အမျိုးအစားဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
UnWoman (2023) ⭐IMDB: 8.0/10 (14 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 UnWoman 2023 (မိန်းမ မဟုတ်သော မိန်းမတစ်ယောက်)IMDb -8/10 ဘဝကို ရိုးရိုးပဲနေထိုင်နေတဲ့ ဘန်ဝါဆိုတဲ့ကောင်လေးတစ်ယောက်၊သူတို့ရွာကတော့ မိန်းကလေးရှားလို့ အိမ်ထောင်မကျဘဲ လူပျိုကြီးတွေပဲပေါများလွန်းတဲ့ ရွာလေးပေါ့။ ဒီလိုနဲ့ နေလာရင်း ဘန်ဝါရဲ့ဦးလေးဖြစ်သူဟာသူ့တူကို မိန်းမပေးစားချင်တာနဲ့ မိန်းမအဝယ်ထွက်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ မိန်းမရောင်းပေးတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မိန်းမဝယ်ဖို့ဖြစ်လာရာကနေဆန်ဝရီဆိုတဲ့တစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ဆန်ဝရီဆိုတာကတော့ ယောက်ျားလေးအဖြစ်ကနေ မိန်းကလေးဘဝကို ခံယူထားတဲ့သူတစ်ဦး၊ပြောရရင်တော့ ဒွိလိင်တစ်ယောက်ပေါ့။ ဒီလိုလူမျိုးကို မိန်းကလေးပါဆိုပြီးတော့ ဘန်ဝါတို့ကိုအေးဂျင့်က လိမ်ရောင်းလိုက်ရာကနေ ဆန်ဝရီဟာ ဘန်ဝါ့ဇနီးတစ်ယောက်အနေနဲ့ ဘန်ဝါတို့ရွာကိုလိုက်ပါသွားရပါတော့တယ်။ ဒီလိုနဲ့ မင်္ဂလာဦးညကို ဆင်နွှဲတဲ့အချိန်မှာပဲ ဘန်ဝါဟာ ဆန်ဝရီကမိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာကို သိရှိသွားပြီးတဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ……ဆန်ဝရီရဲ့ ဘဝလေးဟာရော ဘာတွေဘယ်လိုဖြစ်ဦးမလဲ …. ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ BpL~ Alex~ ToMo တို့ပဲဖြစ်ပါတယ်)...
The Embroidered Sword (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ပြည်ရဲ့ ရှေးပဒေသရာဇ်ခေတ်မှာ ဘုရင့်အာဏာကိုနောက်ကွယ်ကနေချုပ်ကိုင်တတ်ကြတာ မိဖုရားတွေဖြစ်ပြီးနောက်လူတစ်မျိုးကတော့ ရှင်ဘုရင်နားမှာအနီးကပ်နေတဲ့မိန်းမစိုးကုန်းကုန်းတွေပဲဖြစ်ကြတယ်။ ဒီဇာတ်ကားမှာ တိုင်းပြည်ကိုပုန်ကန်ဖို့ကြိုးစားနေတဲ့မိန်းမစိုးအဖွဲ့အစည်းကို ကိုယ်ရံတော်တပ်ကသစ္စာရှိကိုယ်ရံတော်တွေက တွန်းလှန်ဖို့ကြိုးစားတဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်။ အလေအလွင့်ဓားပြတစ်ယောက်ဟာ မဟုတ်မခံ မတရားမှုကိုလက်ပိုက်မကြည့်နေနိုင်တဲ့အကျင့်တစ်ခုရှိတယ်သူကအကြောင်းတိုက်ဆိုင်ပြီး ကိုယ်ရံတော်တပ်ထဲကိုရောက်သွားခဲ့ပါတယ်။မကောင်းတဲ့လမ်းဟောင်းကိုစွန့်ပြီး တရားသောလမ်းကိုသူလျှောက်နိုင်မလား……တရားသောလမ်းမှာသူ့ကိုဘယ်လိုအန္တရာယ်တွေကစောင့်ကြိုနေမလဲ……စိန်ခေါ်မှုတွေကိုဖြတ်ကျော်နိုင်ပါ့မလားဆိုတာ…….သေသပ်တဲ့ရိုက်ချက်တွေနဲ့ အရည်အသွေးကောင်းတဲ့သိုင်းကားအက်ရှင်ကားလေးကို အားပေးလိုက်ကြပါဦး။...
The Golden Book of Tricks (2024) ⭐TMDB: 0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြည်သူတွေရဲ့ယုံကြည်ကိုးကွယ်မှုကို အသုံးချပြီးတော့အမြတ်ထုတ်စီးပွားရှာကြတဲ့ မသမာသူတွေကိုပြန်ပြီးဆန့်ကျင်နှိမ်နင်းတဲ့အကြောင်းလေးဖြစ်ပါတယ်။ တစ်ဖက်ပိတ် ယုံကြည်ကိုးကွယ်စိတ်ဟာဘယ်လောက်ကြောက်စရာကောင်းလဲဆိုတော့ ခရိုင်တစ်ခုလုံးကိုဒုက္ခပေးနိုင်တဲ့အထိပါပဲ။ခရိုင်လေးမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်နေခဲ့တယ်။အဲဒါကမကောင်းဆိုးဝါးဓာတ်ရှိတဲ့ ပစ္စည်းတစ်ခုကြောင့်ပါဆိုပြီးအသိဉာဏ်နည်းတဲ့ပြည်သူတွေကိုအယုံသွင်းတယ်။ အဲဒီလိုအယုံသွင်းပြီးတော့ တဖြည်းဖြည်းနဲ့ မိန်းမပျိုလေးတွေကိုသူတော်စင်မအဖြစ်ပူဇော်ခိုင်းတဲ့အထိပါဖြစ်လာခဲ့တယ်။အိမ်ကရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကိုပါ ဂိုဏ်းကိုပူဇော်လာဖို့တောင်းဆိုလာတဲ့ခါ……ဒီမသမာတဲ့ဂိုဏ်းကိုရပ်တန့်လို့ရနိုင်ပါဦးမလား……ပြည်သူတွေကနေစပြီး ခရိုင်မှူးအရာရှိမင်းအထိပါ ချုပ်ကိုင်ထားတဲ့မသမာဂိုဏ်းကိုဘယ်လိုများတွန်းလှန်ကြမလဲဆိုတာ အားပေးကြည့်ရှုလိုက်ပါဦးနော်။...
Sapta Sagaradaache Ello: Side B (2023) ⭐IMDB: 8.1/10 (3 k Votes) 🎬 #Action #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sapta Sagaradaache Ello Side B (2023)“မေ့ပြီလား” မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကိုအဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ် ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊ ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲ ဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်းဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီးရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ် ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီသူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့… တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲအဆုံးသတ်ရဦးမှာလားဆိုတာကိုတော့ သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲအပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
For Regn (2024) ⭐IMDB: 7.0/10 (473 Votes) 🎬 #Bollywood #Comedy #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 For Regn (2024)အချစ်နဲ့အတူ IMDb – 7.9/10 ကန်နာဒါစကားပြော အိန္ဒိယဟာသ အချစ်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရာရာနားလည်လက်ခံကြပြီး သိပ်ကိုချစ်ကြပါတယ်ဆိုတဲ့ချစ်သူတွေလည်းလက်ထပ်ခါနီးမှ သောကဝေ ဒုက္ခတွေများကြရပါတယ် အကြောင်းအရင်းကတော့နှစ်ဖက်အသိုင်းအဝိုင်းမိဘတွေရဲ့ လွှမ်းမိုးမှုပါပဲ နှစ်ယောက်တည်းတုန်းကညှိလွယ်ပြေလွယ်ခဲ့ကြတဲ့အရာတွေက အသိုင်းအဝိုင်းကြီးနှစ်ခုထိပ်တိုက်တွေ့တဲ့အခါထင်သလောက်မလွယ်တော့ပါဘူး အချစ်နဲ့ ရအောင်ကျော်ဖြတ်နိုင်ကြသူတွေရှိသလို ဒီနေရာမှာ အချစ်ဇာတ်လမ်းတစ်ခန်းရပ်သွားသူတွေ ဒုနဲ့ဒေးပါ အာရှူနဲ့ အန်ဗီတို့က ရှေးရိုးစွဲမိသားစုတွေကြားထဲကနေမှ ဆွေမျိုးမိဘတွေ မသိအောင်အတူပေါင်းသင်းနေထိုင်နေကြတဲ့ လူငယ်စုံတွဲလေး။ဒီကြားထဲမှာ ဆွေမျိုးမိဘတွေကြောင့်ပဲ ပြဿနာတွေတက်၊ နှစ်ယောက်ကြားမှာအဆင်မပြေမှုတွေဖြစ်လာရာကနေ သူတို့နှစ်ယောက်အချစ်ခရီးဟာရှေ့တိုးရမလို နောက်ဆုတ်ရမလိုတွေ ဖြစ်လာပါတော့တယ် နှစ်ဖက်အသိုင်းအဝိုင်းအရှိန်အဝါတွေကြောင့် အချစ်ဇာတ်သိမ်းသွားမလားအချစ်နဲ့ပဲရအောင်ကျော်ဖြတ်မလားဆိုတာ ပေါ့ပေါ့ပါးပါးအချစ်ကားလေးကို အကဲဖြတ်ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်...
The Haunted Hotel (2023) ⭐IMDB: 5.1/10 (253 Votes) 🎬 #Horror #Thriller #Mystery 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 50 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 cm ပရိသတ်ကြီးကို အင်ဒိုနီးရှား သရဲကား ကောင်းကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးကို ဂျာဗားကျွန်းဆွယ်စကားနဲ့ “Panggonan Wingit” လို့လည်း ခေါ်ပါတယ်။ ဇာတ်ကြောင်းက ရိန်နာနဲ့ ဖေးဆိုတဲ့ ညီအစ်မနှစ်ယောက်က ဖခင် ဆုံးပါးပြီးနောက်မှာ ဟိုတယ်တစ်လုံးကို အမွေ ရရှိခဲ့ပါတယ်။ ဒီဟိုတယ်ရဲ့ တတိယထပ်မှာ အခန်းနံပါတ်မရှိတဲ့ အခန်းတစ်ခန်းရှိနေတာပါ။ ဒီဟိုတယ် တတိယထပ်ကို မသွားဖို့ အဖွားဖြစ်သူက ပြောထားပေမယ့် ရိန်နာတစ်ယောက် ညဘက်ကြီး ငိုကြွေးသံတွေကြားလို့ ဒီအခန်းထဲကို ဝင်လိုက်တဲ့အခါ အခန်းထဲမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေတဲ့ မိန်းကလေးတစ်ယောက် ရှိနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက်မှာတော့ ရိန်နာတို့ ညီအစ်မနှစ်ယောက် ကံကြမ္မာက ဘာတွေ ပြောင်းလဲသွားမလဲ။ ဒီကျိန်စာသင့်အခန်းထဲက မိန်းကလေးက ဟိုတယ်နဲ့ ဘာတွေပတ်သတ်မှု ရှိနေတာလဲ...
One Bad Apple: A Hannah Swensen Mystery (2024) ⭐IMDB: 6.6/10 (290 Votes) 🎬 #Mystery #TVMovie #Crime #Drama 🗓 2024 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mystery နဲ့ Thriller အမျိုးအစားဖြစ်တဲ့ One Bad Apple: A Hannah Swensen Mystery ရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ်မှာမှထွက်ရှိထားတာဖြစ်ပြီး ဟန်နာရဲ့စိတ်ဝင်စားစရာမုန့်လုပ်နည်းတွေကို ဟန်နာနဲ့အတူလူသတ်မှုကိုလိုက်ပါစုံစမ်းရင်း စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။ ဒါရိုက်တာ Shannon Kohli က ရိုက်ကူးပေးထားပြီး ရုပ်ရှင်ကိုရေးသားခဲ့သူတစ်ဦးဖြစ်တဲ့ Alison Sweeney က ဟန်နာအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဟန်နာဆွမ်ဆင်ဟာ မြို့ကကောလိပ်မှာ မုန့်ဖုတ်သင်တန်းတစ်ခု သင်ပြပေးဖို့ဖြစ်လာခဲ့ပြီး တစ်ရက်မှာတော့ သူ့အတန်းမှာသုံးတဲ့ ပစ္စည်းကိရိယာတစ်ခုကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မီးသတ်ဌာနက မတော်တဆမှုလို့ကောက်ချက်ချခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ဟန်နာရဲ့လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာ တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုနဲ့ဆက်စပ်နေတယ်လို့ ယူဆစရာဖြစ်လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ မိတ်ဆွေတွေ၊ မိသားစုဝင်တွေရဲ့အကူအညီနဲ့ ဟန်နာတစ်ယောက် မှုခင်းရဲ့ သဲလွန်စလေးတွေကို လိုက်လံဆက်စပ်စုံစမ်းရပါတော့တယ်။...
Elegy (2008) ⭐TMDB: 63% User Score 🎬 #Drama #Romance 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားက ဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကို ဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့ လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့ မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲက Captain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီး အမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲ ဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့ တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley) တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေ ချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားက သားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော် သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကို တစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင် ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။...
Do Over (2023) ⭐IMDB: 7.0/10 (29 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 31 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Do over (2023) ယမကာနဲ့ ဘဝ IMDb-7/10 “အပေါင်းအသင်းတွေနဲ့ ဆုံတုန်းလေးသောက်တာ ဘာဖြစ်လို့လဲအတင်းတိုက်လို့သောက်ရတာ တစ်ခါတလေလေးဘာဖြစ်လို့လဲကိုယ့်ဘာသာအေးဆေးသောက်တာ ဘယ်သူ့ကိုထိခိုက်နေလို့လဲ”ဆိုတဲ့စကားတွေ ပတ်ဝန်းကျင်မှာ ခဏခဏကြားဖူးကြမှာပါ ဒီကားထဲက စီဗာကူးမားဆိုတာ ဝင်ငွေကောင်းတဲ့အလုပ် ၊ ချစ်ဇနီး ၊ ချစ်သမီးနဲ့သာယာပျော်ရွှင်နေတဲ့သူတစ်ယောက်ပါ အလုပ်ကြောင့် အပေါင်းအသင်းကြောင့်တစ်ခါတလေသောက်တာပါဆိုရာကနေ အရက်စွဲသွားပြီး အလုပ်ပြုတ် မိန်းမလည်းအိမ်ပေါ်ကဆင်း ငှားထားတဲ့အိမ်ပေါ်ကပါ နှင်ချခံရပြီး ပြန်လည်ထူထောင်ရေးစခန်းရောက်သည်ထိဘဝအခြေအနေပြောင်းလဲထိုးစိုက်သွားခဲ့တာပါ အားလုံးကိုအမြင်မှန်ရပြီး အစွမ်းကုန်ပြန်ကြိုးစားပေမဲ့ သူ့အရင်အနေအထားပြန်ရဖို့ကို ခက်ခဲသွားခဲ့ပါပြီ ဒီလိုနဲ့ဘဝကိုအရှုံးပေးပြီး အရက်သမားဘဝပြန်ရောက်သွားမလားဇွဲမလျော့တမ်းကြိုးစားပြီးအောင်မြင်သွားနိုင်မလားဆိုတာတော့……. လက်တွေ့ဘဝဖြစ်ရပ်ကို ဇာတ်လမ်းသဘောလေးနှောပြီးရိုက်ကူးထားတာကြောင့်အရက်ဆန့်ကျင်ရေးဋီကာတွေနဲ့ ဖွဲ့နွှဲ့ထားတာမဟုတ်ဘဲ လက်တွေ့ကျတဲ့ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရှုစားနိုင်မှာပါ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni ပဲဖြစ်ပါတယ်...
The Three Musketeers - Part II: Milady (2023) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Action #Adventure #History #Drama 🗓 2023 🎞 movie 🌎 #France #Germany #Spain #Belgium ⏰ 1 နာရီ 55 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Three Musketeers Part II : Milady ( 2023 ) ပြင်သစ်စာရေးဆရာနဲ့ ပြဇာတ်ရေးဆရာ အလက်ဇန္ဒားဒူးမားရဲ့ ဝတ္တုတွေဟာ ကမ္ဘာကျော်သလိုရွှေဥဒေါင်းရဲ့ မြန်မာမူ ဘာသာပြန်လိုက် လက်ချက်တွေနဲ့ တော်တော်မစိမ်းကြဘူး။သူရေးခဲ့သမျှထဲ ဒီထဲ ရုပ်ရှင်အဖြစ် အသက်သွင်းမှုအများဆုံးက The Three Musketeers ပါပဲ။ဇာတ်လမ်းအမျိုးမျိုးပေါင်းပြီး တစ်ဖုံ ချိတ်ပြီးတစ်ဖုံ သူ့ဘာသာတစ်ဖုံ အဖုံဖုံ ရိုက်ကူးခဲ့ကြတာ ကားပေါင်း ၅၀လောက်ရှိပါတော့မယ်။ဒီထဲကမှ အနုပညာအရ အအောင်မြင်ဆုံး Ratingအမြင့်ဆုံးလို့ပြောရမှာကတော့မနှစ်ကနှစ်လယ်လောက်မှာထွက်ခဲ့တဲ့ The Three Musketeers: D’Artagnan ပါပဲ။ကောင်းဆို ပြင်သစ်ကပဲ ထုတ်တာကိုး။ ပြင်သစ်စာရေးဆရာ ဝတ္တုကိုကမ္ဘာအရပ်ရပ်က ပတ်ထုတ်လို့ဝမှ ပြင်သစ်က ပြန်ကောက်ထုတ်လိုက်တာပါ။ဒါပေမဲ့လည်း အကောင်းဆုံးဖြစ်နေတုန်းပါပဲ။ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က သူ့ဇာတ်ကွန့်တွေကတခြားကားလိုတွေလို မဟုတ်ဘဲ တစ်သားတည်းဖြစ်ပြီး တော်တော်လေး သေသပ်တာပါပဲ။ ကောင်းဆို ဒါရိုက်တာအပါအဝင် ဒီကားထဲပါကြတဲ့လူအတော်များများကThe Three Musketeersနဲ့ ရေစက်မကင်းတဲ့လူတွေ The Three Musketeersကို တန်ဖိုးထားတဲ့လူတွေချည်းပါပဲ။ဒါရိုက်တာ Martin Bourboulonဆို Revenge of the Musketeersကို သူ့အဖေက ပရိုဂျူဆာလုပ်ခဲ့သလိုငယ်ငယ်ကတည်းက ဒီရိုက်ကွင်းကို ရိုက်ခဲ့ပြီး တော်တော်လေး အထင်ကြီးခဲ့တဲ့လူပါ။ဒီထဲက နာမည်ကျော် ပြင်သစ်သရုပ်ဆောင် Vincent Casselဆိုလည်း သူ့အဖေက ပထမဆုံး1973ကားမှာ သရုပ်ဆောင်ဖူးသလိုဒါးတညံနေရာက သရုပ်ဆောင်တဲ့ François Civilဆိုလည်း ဒါးတညံနေရာက သရုပ်ဆောင်ဖို့က သူ့ငယ်ဘဝအိပ်မက်ဖြစ်ခဲ့ပါတယ်။နောက်Louis Garrelနဲ့ Eva Greenတို့လို နာမည်ကျော်ပြင်သစ်သရုပ်ဆောင်တွေလည်းပါတယ်။Eva Greenကတော့ ညှို့ဓာတ်ပြင်းသလို အဆိပ်လည်းပြင်းတဲ့ မိန်းမနေရာက သရုပ်ဆောင်တဲ့နေရာမှာသက်ရှိထင်ရှားတဲ့သူ့ထက်သာတဲ့လူမရှီဘူးလို့ ပြောစမှတ်ပြုကြုတဲ့လူဆိုတော့ ဒီကားထဲက ဇာတ်ရုပ်ဟာ သူနဲ့အံကိုက်ပေါ့။ Part 2 မှာတော့ Part 1 မှာဖြစ်ခဲ့တဲ့ ဘုရင်ကို လုပ်ကြံဖို့ ပေါင်းကြံခဲ့တဲ့လူတွေကို ဖော်ထုတ်ပြီး ဒီပုန်ကန်မှုရဲ့ ကြိုးကိုင်သူကိုရှာဖို့ လုပ်နေကြပါပြီ။ဇာတ်လမ်းနာမည်ကို Milady လို့တပ်ထားတဲ့အတိုင်းပဲ အီဗာဂရင်းရဲ့ဇာတ်ကောင် Miladyဟာ မွှေနည်းပေါင်းစုံနဲ့ ပတ်မွှေကောင်းတုန်းပါပဲ။ဘုရင်ကိုလုပ်ကြံဖို့လုပ်ရဲမှာက ဘုရင့်အတွင်းစည်းထဲက လူတွေပဲလို့ Musketeerတွေက ယူဆပြီး ဒီလူကို ရှာဖို့လုပ်ကြတယ်။ဘုရင့်ရဲ့ အတွင်းစည်းထဲက ဒီလိုသစ္စာဖောက်မှုကို Musketeerတွေ အာဏာချင်းမမျှပေမဲ့ ဘယ်လို သတ္တိတွေနဲ့ သက်သေပြကြမလဲကြည့်ကြရမှာပါ။Part 2မှာလည်း ဇာတ်လမ်းဟာ အဆုံးမသတ်သေးဘဲ Part 3 ကို ဦးတည်ထားပါတယ်။Part 3 ထွက်မထွက်တော့ မသိရသေးပေမဲ့ ထွက်ချင်လည်းထွက်လို့ရသေးတဲ့ အခြေအနေပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။...
Dead Ringers (1988) ⭐TMDB: 71% User Score 🎬 #Drama #Horror #Thriller 🗓 1988 🎞 movie 🌎 #Canada ⏰ 1 နာရီ 55 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။ ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။ အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက မူမှန်ရဲ့လားဆိုတာကို စဉ်းစားရခက်စွာ အဖြေရှာရှင်း ကြည့်ရှုရမယ့် ဇာတ်ကားအမျိုးအစားပါ၊ ၁၉၈၈ ကတည်းက ဒီဘက်ခေတ်မီအောင် ပြောင်မြောက်စွာ ရိုက်ကူးထားတဲ့အတွက်ကြောင့် ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦးခင်ဗျာ။...
The Three Musketeers - Part I: D'Artagnan (2023) ⭐IMDB: 6.7/10 (19 k Votes) 🎬 #Action #Adventure #History #Drama 🗓 2023 🎞 movie 🌎 #Belgium #France #Germany #Spain ⏰ 2 နာရီ 01 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Three Musketeers: D’Artagnan (2023) ~ IMDb – 6.9/10, Rotten Tomatoes – 96% ~ ကျွန်တော်တို့အဘိုးတွေ အဖေတွေခေတ်ကတည်းက ရွှေဥဒေါင်းလက်ရာနဲ့ လူတိုင်းနီးပါးရင်းနှီးခဲ့တဲ့ အလက်ဇန္ဒြားဒူးမားရဲ့ The Three Musketeers ကို ခေတ်အဆက်ဆက် ရုပ်ရှင်အနေနဲ့ အသက်သွင်းခဲ့ကြပြီးပါပြီ။ သိသလောက်ဆို ဒီရုပ်ရှင်တွေက ဝေဖန်ရေးဆရာတွေအမြင်အရ မအောင်မြင်ခဲ့တာတွေက ပိုများတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ အလက်ဇန္ဒြားဒူးမားစာအုပ်တွေကို ရွှေဥဒေါင်းဘာသာပြန်ထားတဲ့ ရတနာသိုက်တို့၊ ကိုယ်ရံတော်တို့၊ သူရဲကောင်းသုံးယောက်တို့ ဖတ်ကြည့်ရုံနဲ့တင် ဒူးမားအနေနဲ့ ဇာတ်ကြွအောင် ပုံဖော်တာပိုင်နိုင်ပုံကို မြင်နိုင်တယ်။ ဒီလိုဇာတ်ကို ပြန်အသက်သွင်းတာကို ဝေဖန်ရေးဆရာတွေ အရမ်းအကြိုက်မတွေ့ခဲ့ကြတာတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီတစ်ခါရုပ်ရှင်ကတော့ ရှေ့ကားတွေထက် ဝေဖန်ရေးဆရာတွေရဲ့ မျက်နှာသာပေးပိုခံရတယ်လို့ ပြောရပါမယ်။ ခရမ်းချဉ်သီး ၉၆လုံး ရထားပါတယ်။ ဟိုးရှေးခေတ်ကတည်းကနေ ခုထိ ရိုက်ခဲ့သမျှတွေထဲ ခရမ်းချဉ်သီးအမြင့်ဆုံးပါပဲ။ သရုပ်ဆောင်တွေကိုလည်း ကားကောင်းတွေရိုက်တာများတဲ့ Vincent Cassel, François Civil, Eva Green, Louis Garrel တို့လို လူတွေကို သုံးပေးထားပါတယ်။ ဇာတ်လမ်းကတော့ ဒူးမားရဲ့ ဇာတ်လမ်းအတိုင်းကိုမှ အနည်းအကျဥ်း အပြောင်းအလဲလေးတော့ရှိတာပေါ့ဗျာ။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ယေဘုယျဝေဖန်ချက်တွေကတော့ အဖက်ဖက်မှာ အကောင်းတွေများပြီး ဇာတ်လမ်းပြန်ယူထားတဲ့နေရာမှာတော့ သဘောမကျတဲ့သူတွေရှိပါတယ်။ ဒါပေမဲ့ စာအုပ်က ကောင်းနေတော့ အသစ်ထပ်ပြောင်းတာကို လက်မခံကြတဲ့သူတွေက မကျေမနပ်ဖြစ်ကြတာလည်းဖြစ်နိုင်ပါတယ်။ အက်ရှင်ခန်းတွေလည်း မဆိုးသလို ဟာသလေးလည်းနှောပြီးပြတယ်။ ဇာတ်လမ်းက အရမ်းကြီးလေးမနေသလို စုံထောက်ဇာတ်လမ်းလည်းဆန်တယ်။ Eva Green က Milady နေရာက သရုပ်ဆောင်ထားတာကတော့ အပိုဆုလေးပေါ့။ သူ အဲဒီနေရာက သရုပ်ဆောင်ထားတာက ဇာတ်ကားကို နောက်တစ်ဆင့်မြှင့်ပေးလိုက်သလိုပါပဲ။ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပြဿနာတက်တဲ့တစ်ချက်က ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့အချိန် ၁၇ ရာစုလောက်က ဇာတ်ကောင် ပေါသိုး ကို Bi လား Gay လား လုပ်ထားတာတစ်ခုတော့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပြီးတော့ ပထမပိုင်းပဲရှိပါသေးတယ်။ နောက်တစ်ပိုင်းကို မျှော်နေတဲ့သူတွေလည်း အများကြီးပါပဲ။ အဲဒီထဲမှာ ခင်ဗျားပါမလားဆိုတာကတော့ ကြည့်ပြီး ဆုံးဖြတ်ပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
