fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Tatsama Tadbhava (2023) ⭐IMDB: 6.8/10 (1 k Votes) 🎬 #Bollywood #Crime #Thriller #Mystery 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tatsama Tadbhava (2023) “ထို့အတူ…”IMDb – 6.9/10 တကယ်ကောင်းတဲ့ရုပ်ရှင်ဆိုပြီး ခင်ဗျားတို့တွေ ဝေဖန်လေကန်လို့ရလောက်မဲ့ ကန်နာဒါစကားပြောအိန္ဒိယရုပ်ရှင်ကားကောင်းကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင် ရုံတင်တဲ့အချိန်တုန်းက ကန်နာဒါထိပ်ဆုံးရုပ်ရှင်ဆယ်ကားစာရင်းမှာ နံပါတ်တစ်နေရာမှာရှိနေခဲ့တာ။ မင်းသမီး Meghana Rajရဲ့ comebackရုပ်ရှင်ဖြစ်ပြီး ဒီရုပ်ရှင်နဲ့ပဲ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတစ်ခုမှာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်။မင်းသားကလည်း အိန္ဒိယရုပ်ရှင်ပရိသတ်နဲ့မစိမ်းတဲ့ Prajwal Devaraj။ ဇာတ်လမ်းက သည်းထိပ်ရင်ဖိုအမျိုးအစား မှုခင်းဇာတ်လမ်း။အမျိုးသမီးတစ်ယောက် ခင်ပွန်းသည်ဖြစ်သူပျောက်လို့ လိုက်ရှာရာကနေစတဲ့ဇာတ်လမ်း။လူပျောက်မှုကနေ လူသတ်မှုလား လူသေမှုလားဆိုတဲ့ အခြေအနေတစ်ခုကိုပြောင်းသွားတယ်။နောက်ကွယ်က ရှုပ်ထွေးလွန်းတဲ့ ဇာတ်ကောင်ရဲ့အကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာခဲ့။ ရဲစခန်းထဲကနေ ထိုင်ကြည့်နေရသလို ဘာတွေဆက်ဖြစ်မလဲဆိုတာ သိချင်စိတ်နဲ့တစ်ခန်းချင်းဆွဲခေါ်သွားပေးမဲ့ဇာတ်လမ်းမျိုးမို့ အားပေးကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Rendition (2007) ⭐TMDB: 64% User Score 🎬 #Drama #Thriller 🗓 2007 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို ၂၀၀၇ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသားချော Jake Gyllenhaal နဲ့ သရုပ်ဆောင်မင်းသမီး Reese Witherspoon တို့ ဆန်ခါတင်စာရင်း nomination တွေရရှိခဲ့ပြီး ၂၀၀၇ Mill Valley ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပါတယ်။ ဇာတ်ကြောင်းက တောင်အာဖရိက နိုင်ငံတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးက လူစည်ကားရာ မြို့တော်ရင်ပြင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ဦးပါ ဒဏ်ရာရသေဆုံးသွားခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ အီဂျစ်နိုင်ငံမှာ မွေးခဲ့ပြီး အမေရိကမှာ အခြေချ နေထိုင်နေခဲ့တဲ့ အန်ဝါဆိုတဲ့ ဓာတုဗေဒ ပညာရှင် အင်ဂျင်နီယာတစ်ယောက်ကို ဗုံးတည်ဆောက်ရာမှာ ကူညီမှုနဲ့ သံသယရှိ ဖမ်းဆီးထားပါတယ်။ သူ့ကို ဘယ်လိုမျိုး နှိပ်စက်စစ်မေးကြမလဲ၊ သူကရော အမှန်တကယ် အပြစ်ရှိတဲ့သူတစ်ယောက်လား။ စီအိုင်အေ အရာရှိ ဒေါက်ဂလက်စ်အနေနဲ့ရော မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလား
...

The BFG (2016) ⭐IMDB: 6.3/10 (93 k Votes) 🎬 #Adventure #Family #Fantasy 🗓 2016 🎞 movie 🌎 #USA #UnitedKingdom #India #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2016 IMDb 6.3 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ…. ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။
...

Snowden (2016) ⭐IMDB: 7.3/10 (163 k Votes) 🎬 #Biography #Crime #Drama #History #Thriller 🗓 2016 🎞 movie 🌎 #France #Germany #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမဝင်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ဝန်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ အဆုံးထိကြည့်ဖို့လည်း မမေ့ပါနဲ့လို့။ ဘာသာပြန်သူဟာ နိုင်ငံရေးနယ်ပယ်ကမဟုတ်လို့ official အသုံးအနှုန်းများနဲ့ ကွဲလွဲသည်များရှိသော် နားလည်ပေးကြဦး ခင်ဗျ။
...

Miss Peregrine's Home for Peculiar Children (2016) ⭐IMDB: 6.7/10 (189 k Votes) 🎬 #Adventure #Drama #Family #Fantasy #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #UnitedKingdom #Belgium #Canada #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 6.7 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ…လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။
...

Bunraku (2010) ⭐IMDB: 6.1/10 (21 k Votes) 🎬 #Action #Drama #Thriller 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန် ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာ နောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့ အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။ ၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင် အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကို Bunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့် ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့် သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာ လူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်း ခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အား အကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေ အများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကို ယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။ တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမား တစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာ မြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့် အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။ သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့် နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာ ပဲဖြစ်ပါတယ်။
...

Duplicity (2009) ⭐TMDB: 59% User Score 🎬 #Comedy #Crime #Romance #Thriller 🗓 2009 🎞 movie 🌎 #UnitedStates #Germany #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန်တစ် မှုခင်း ဟာသ ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကို ဝါရင့်နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသမီးကြီး ဂျူလီယာရောဘတ်နဲ့ မင်းသား ကလိုက်ဗ်အိုဝင်တို့ တွဲဘက်ညီညီ သရုပ်ဆောင် ထားကြပါတယ်။ ဂျူလီယာရောဘတ်ရဲ့ ပရိသတ်ဆိုရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကြောင်းက အစိုးရစစ်တပ်ထောက်လှမ်းရေး အရာရှိ ရေးကိုဗယ်ဟာ ဒူဘိုင်းက ပါတီတစ်ခုမှာ စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်တဲ့ ကလဲရာစတန်ဝစ်ကို အကြောင်းမသိဘဲ လူပါးပုလင်းထိ သွားပြီးဇာတ်လမ်း စမိပါတယ်။ ဟိုတယ်ရောက်တော့ ကလဲရာက သူ့ကို ဆေးခတ်အိပ်ပျော်အောင် လုပ်ပြီး သူ့ဆီက လျှို့ဝှက်အရေးကြီး စာရွက်စာတမ်းတွေကို အလစ်သုတ်သွားခဲ့တာပါ။ နောက်သုံးနှစ်အကြာ ရောမမြို့မှာ ပြန်ဆုံမိကြတဲ့အခါ နှစ်ယောက်အတူ အကောင်းစား ဟိုတယ်တစ်ခုမှာ ရက်အတန်ကြာ ပြန်ချိတ်မိခဲ့ကြပါတယ်။ အစိုးရအလုပ်တွေကို ထွက်ပြီး ပြိုင်ဆိုင်မှု များတဲ့ စီးပွားရေး ကော်ပိုရေးရှင်းအလုပ်မှာ ဂျင်ပေါ်ကထုံး လုပ် ပိုက်ဆံများများ ရှာဖို့ အတူကြံခဲ့ကြပြီး အစီအစဉ်တွေ ဆွဲကြပါတော့တယ်။ တခြားသူတွေကို လှည့်စားနိုင်ဖို့အတွက် နှစ်ဦးသား အကွက်ကျကျ ဘယ်လိုတွေ လုပ်ကြမလဲ။ တစ်ဦးခြေလှမ်း တစ်ဦးကြိုမြင်နေကြတဲ့ သူတို့နှစ်ဦး ဘယ်လိုတွေ ကွက်ကျော်ရိုက်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးနဲ့ မျောပါရင်း ကြည့်ရှုခံစားကြည့်ကြပါဦး
...

Blackia 2 (2024) ⭐IMDB: 7.8/10 (80 Votes) 🎬 #Bollywood #Crime #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blackia 2 (2024)“ဘလက်ကီရာ အပိုင်းနှစ်” IMDb 7.9 ရထားတဲ့ ပန်ဂျာဘီ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ်စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ မှုခင်းကားကို ရှာနေတဲ့ပရိသတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်လမ်းမျိုးပါ ဇာတ်ကြောင်းနည်းနည်းပြောရရင်တော့ ဇာတ်လမ်းအစမှာ ရွှေးကောက်ပွဲကာလမတိုင်ခင်ဂူနမ်ဆင်းဂ် ဆိုသူ လွှတ်တော်အမတ်တစ်ယောက်ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်ပေမယ့် … လူတစ်ယောက်က အစားဝန်ခံပေးလိုက်ပါတယ်ဂူနမ်ဆင်းဂ်ဟာ သူ့ကို ဝန်းရံထောက်ခံသူပေါများပြီးနာမည်တစ်လုံးနဲ့ မျက်နှာရနေပေမယ့် တစ်ချိန်က “ဘလက်ကီရာ” ဆိုတဲ့ လူဆိုးလူမိုက်ဖြစ်နေတာပါ တစ်ချိန် ၁၉၇၀ ဝန်းကျင်က နယ်စပ် မှောင်ခိုဂိုဏ်းတစ်ဂိုဏ်းက ဘဲတစ်ဗွေရဲ့ ပစ္စည်းတွေကိုတစ်ကိုယ်တော် လုယူလိုက်ပြီးနောက် တဖြည်းဖြည်း နာမည်ကျော်လာပြီးမြေအောက်လောကမှတဆင့် ဘယ်လိုမျိုး လူတွေလေးစားမှုကို ရလာတာလဲ မေးခွန်းများစွာနဲ့အတူ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ပရိသတ်ကြီးက ဆက်လက်အားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Garuda Purana (2023) ⭐IMDB: 8.5/10 (216 Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 13 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Garuda Purana (2023) “လွန်လေပြီးသောအခါ…” လတ်တလောမှာ ဆက်တိုက်ဆိုသလို စိတ်ဝင်စားဖို့ကောင်းတဲ့ကန်နာဒါအိန္ဒိယမှုခင်းရုပ်ရှင်တွေထွက်ရှိလာတာမို့ ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ကန်နာဒါလူငယ်ဒါရိုက်တာ Manjunath B Nagbaကိုယ်တိုင်ရေးသားရိုက်ကူးခဲ့ပြီး ကိုယ်တိုင်ပဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ မိန်းမငယ်လေးတွေ လိင်ပိုင်းဆိုင်ရာစော်ကားသတ်ဖြတ်ခံရပြီးအလောင်းတွေကို လူသူမနီးတဲ့ဆီမှာ အိတ်တစ်လုံးနဲ့ ပစ်ထားခဲ့ခြင်းခံရပါတယ်။ရဲတပ်ဖွဲ့က ကွင်းဆက်လူသတ်မှုလို့ကောက်ချက်ချပြီး တရားခံကိုဖမ်းဖို့ကြိုးစားပေမဲ့လည်းကောက်ရိုးပုံမှာအပ်ရှာနေရသလို ဘာသဲလွန်စမှမရသေးဖြစ်နေခဲ့။ တစ်ဖက်မှာတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ယောကျ်ားလေးသူငယ်ချင်းသုံးယောက်က မိန်းကလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးပြီးမှအဲဒီမိန်းကလေးကလည်း ကွင်းဆက်လူသတ်မှုတွေမှာ သေဆုံးခဲ့ရတဲ့ မိန်းကလေးတွေလို သေဆုံးသွားခဲ့ချိန်မှာတော့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Luckless in Love (2023) ⭐IMDB: 5.9/10 (430 Votes) 🎬 #Comedy #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 31 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တကယ်လို့ သင်ဟာ အချစ်အကြောင်းကိုရေးတဲ့ ဘလော့ဂါ တစ်ယောက်ဖြစ်နေမယ်ဆိုပါတော့။ ဘယ်လိုအကြောင်းတွေကို ‌ရေးဖြစ်မယ်၊ ရေးချင်လည်းဆိုတာကို အက်ဒမင်စိတ်ဝင်စားမိပါတယ်။ အက်ဒမင်သာ အချစ်အကြောင်းရေးတဲ့ စာရေးဆရာမ ဘလော့ဂါတစ်ယောက်သာဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ချစ်သူနဲ့ကြည်နူးဖို့ကောင်းပြီး လှပတဲ့အတွေ့အကြုံတွေ၊ သူပြုံးလိုက်တိုင်း ရင်တွေမတရားခုန်နေတတ်တဲ့ အကြောင်းတွေကနေ သားသားမီးမီးလေးတွေနဲ့မိသားစုဘဝကြီးရတဲ့အထိရေးမိမှာပါဘဲ။ ဒါပေမယ့်ဒီဇာတ်လမ်းထဲက ဝင်နီဆိုတဲ့ ဘလော့ဂါလေးကတော့ ထူးထူးခြားခြားမိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်။ “အချစ်ကံခေသူ” ဆိုတဲ့ ကလောင်နဲ့ သူမရဲ့တွဲခဲ့သမျှအမျိုးသားတွေနဲ့ အလွဲလွဲအချော်ချော် ဒိတ်တွေကို သူမရဲ့လူသိမများတဲ့ ဘလော့မှာ ရေးနေသူတစ်ယောက်ပေါ့။ သူမရဲ့အကြီးမားဆုံးအိမ်မက်က နာမည်ကျော် စာရေးဆရာမဖြစ်ဖို့ပါဘဲ။ တစ်ရက်မှာတော့ သူမရဲ့လုပ်နိုင်စွမ်းကိုပြဖို့ အခွင့်အရေး ပေါ်လာပါတော့တယ်။ အခွင့်အရေးရဖို့အရင်းအနှီးကတော့ သူမခဏတာ ချိန်းတွေ့ဖူးတဲ့လူရှုပ်တစ်ယောက်ကို ဆက်တွဲပြီး အဲ့ဒီလူရဲ့ ကမောက်ကမနိုင်မှုတွေကို ဆောင်းပါအနေနဲ့ရေးပေးရမှာပါ။ ဟိုလ်ဒန်ဆိုတဲ့ အင်္ဂလန်သား မုဆိုးဖိုကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လို့မဆိုရရုံတစ်မယ် မိန်းကလေးတွေကို ဆွဲဆောင်နိုင်လွန်းသူ အားကစားအေးဂျင့်တစ်ယောက်ပါ။ အင်္ဂလိပ်လေသံဝဲဝဲနဲ့ခန့်ချောကြီးကို ဘယ်သူလွန်ဆန်နိုင်ပါ့မလည်း? ဒါပေမယ့်သူနဲ့တွဲခဲ့တဲ့ မိန်းကလေးတွေက သူ့ရဲ့လျှို့ဝှက်ချက်ကို သိပြီးတာနဲ့ ထွက်ပြေးကုန်ကြလို့ နှင်းဆီခိုင်ကနေ အိုင်တွေ့ရင်ခြေဆေးတတ်တဲ့လူ ဘဝရောက်သွားပါတော့တယ်။ တစ်ရက်မှာတော့ သူအရမ်းစာချုပ်ချုပ်ချင် နေတဲ့ ကစားသမားကို စာချုပ်ချုပ်ခွင့်ရဖို့ဖန်လာပါတော့တယ်။ အခြေအနေတစ်ခုကသူ့အတွက်စိတ်ညစ်စရာဖြစ်နေပါတော့တယ်။ စာချုပ်ချုပ်ခွင့်ရဖို့ မိန်းကလေးတစ်ယောက်ကို အတည်တကျတွဲရမှာပါ။ အင်္ဂလန်သားကြီးတစ်ယောက် လူရှုပ်လူပွေဘဝကနေ အချစ်စစ်ကိုတွေ့နိုင်မှာလား? ဘလော့ဂါမလေးကရော သူမရဲ့လူရှုပ်လူပွေချိန်းတွေ့သူနဲ့ ကမောက်ကမအကြောင်းတွေရေးရင်း အချစ်စစ်ကိုရှာတွေ့သွားမှာလားကတော့ ပရိတ်သတ်ကြီးတို့ဘဲ ဇာတ်လမ်းလေးကို ဆက်ကြည့်ကြပါတော့နော်။ Rating ပေးပါဆိုရင်တော့ 7/10 ပါဘဲ။ ကြည့်ရတာပျော်ရတဲ့ အချစ်ဟာသကားလေးပါ။
...

Gampang Cuan (2023) ⭐TMDB: 77% User Score 🎬 #Comedy #Drama 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 59 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 GAMPANG CUAN (2023)====================IMDb – 7.4/10 ဇာတ်လမ်းအညွှန်း မိသားစုကိုလုပ် ကျွေးဖို ရည်ရွယ်ချက်နဲ့ မြို ပေါ်တက်လာတဲ့ ဆူတန်တစ် ယောက် အလုပ်မရတဲ့အပြင် အ ကြွေး နွံထဲပါ နစ် နေ ပေမယ့်လည်း မိသားစုကို အမှန်အတိုင်းအသိမ ပေးပဲ ကျိတ်ပြီး ဖြေရှင်း နေခဲ့ပါတယ် အဲ့ဒီလို ဖြေရှင်းရာက တစ် နေ့ ညီမဖြစ်သူ အီကစ်ကပါ မြို ပေါ်မှာ အလုပ်ရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တက်လာရင်း အကိုဖြစ်သူက ပြောထားတာနဲ့ လွဲပြီး အလုပ်အကိုင်မရှိဖြစ် နေတာကို သိလိုက်ရပါတယ်တစ်လက်စတည်းမှာပဲ အ မေ့ရဲ့အိမ်ကိုပါ ဘဏ်ကသိမ်း တော့မှာကို သိလိုက်ရတဲ့ မောင်နှမနှစ် ယောက် သူတို အ မေမသိ အောင် အိမ်ကိုပြန် ရွေးဖို ကြိုးစားရပါ တော့တယ် ငွေရှာဖိုကြိုးစားရင်း Stock စျေးကွက်နဲ့ကြီးပွား နေတဲ့သူတစ် ယောက်နဲ့ဆုံပြီး စာ တွေအဂ်လိပ်စာ တွေမတတ် ပေမယ့် Stock ကစားရင်း ကြီးပွား အောင်လုပ်မယ်လိုဆုံးဖြတ်လိုက်ကြပါ တော့တယ် Stock စျေးကွက်ကို အခုမှစကြားဖူးတဲ့ ဆူတန်တို မောင်နှမနှစ် ယောက် ဘယ််လိုအခက်အခဲ တွေကိုကြုံရမလဲနောက်ဆုံး အ မေ့အိမ်ကို ပြန် ရွေးလိုက်နိုင်လားဆိုတာ တွေကို ရိုက်ပြထားတဲ့ကား လေးပဲဖြစ်ပါတယ် ဒီကား လေးမှာ မောင်နှမကြားသံ ယောဇဥ် မိဘနဲ့သားသမီးကြားက စေတနာ မေတ္တာ တွေကို နွေး ထွေးစွာခံစားရမယ့် ရိုက်ကွက် လေး တွေလည်းပါတာ ကြောင့် ဒရာမ ကြိုက်သူတိုင်းကြည့်သင့်တဲ့ မိသားစုဒရာမာ ကား ကောင်း လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Flashbacks of a Fool (2008) ⭐TMDB: 62% User Score 🎬 #Drama 🗓 2008 🎞 movie 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 50 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Flashbacks of a Fool (2008)======================= CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဂျိမ်းစ်ဘွန်းမင်းသားDaniel Craig ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.8/10 ရရှိထားတဲ့ (2008)ခုနှစ်ထွက် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အက်ရှင်ကားမဟုတ်ဘဲ တစ်မျိုးတစ်ဖုံစီးမျောလို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ ဂျိုးဟာ နာမည်ကျသွားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူ့ရဲ့စည်းလွတ်ဝါးလွတ်နေပုံထိုင်ပုံတွေကြောင့် ဘဝကြီး ကမောက်ကမဖြစ်နေရသူပေါ့။ တစ်နေ့ကျ သူနှစ်ပေါင်းများစွာလျစ်လျူရှုထားတဲ့ မွေးရပ်မြေကသတင်းဆိုးတစ််ခုကို သူ့အမေကယူဆောင်လာခဲ့ပါတယ်။ တစ်ချိန်က သူ့အချစ်ဆုံးသူငယ်ချင်း ဘုစ် ဆုံးသွားတဲ့အကြောင်းပါ။ အဲလိုနဲ့ ဂျိုးတစ်ယောက် မွေးရပ်မြေကို ပြန်ဖို့ဖြစ်လာပါတယ်။ တကယ်တော့ သူဟာ မွေးရပ်မြေကနေ ထွက်ပြေးလာပြီး သရုပ်ဆောင်လုပ်ဖို့ မြို့တက်လာတာပါ။ မမှတ်မိချင်လို့တစ်သက်လုံးရှောင်ပုန်းနေခဲ့တဲ့ မှတ်ဉာဏ်တွေဟာလည်း သူ့ဆီကို တစ်ရစ်ချင်းပြန်ဝင်လာခဲ့ပါတယ်။ ဂျိုးတစ်ယောက်သူ့အတိတ်ကို ဘယ်လိုပြန်ရင်ဆိုင်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Rathnam (2024) ⭐IMDB: 8.3/10 (2 k Votes) 🎬 #Action #Bollywood #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 32 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rathnam 2024 (ပတ္တမြားမှန် နွံမနစ် ) ******************************* မူရင်းအသံ Tamilဗားရှင်းပြန်လည် UPDATEပေးထားပါပြီ ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထွက်တမီးလ်ဘာသာစကားပြော အက်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ IMDb rating အနေနဲ့ကတော့ 8.4 အထိတောင် ရရှိထားလိုအတော်လေး ကြည့်လို့ကောင်းမှာကတော့ အသေအချာပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ Hari ကနေ ရိုက်ကူးထားပြီးတော့2023 ခုနှစ်က ထွက်ရှိထားတဲ့ Mark Antony ဇာတ်ကားမှမင်းသားချော Vishal မှလည်း ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ သူတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အားလုံးရဲ့ အချစ်တော် ဟာသသရုပ်ဆောင်Yogi Babu ကလည်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်ကားအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ရာသ်နမ်ဆိုတဲ့ လူဟာ MLA ပါနီးရ်ဆယ်လ်ဗမ်ရဲ့ လက်အောက်မှာလက်မရွံနောက်လိုက်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရင်းဇာတ်ကားရဲ့ အစ‌မှာတော့ အန်ဒရာ-တမီးလ်နာဒူနယ်စပ်မှာအကြီးစားဓားပြတိုက်မှုတစ်ခုနဲ့ စတင်ခဲ့ပါတယ်။ နာမည်ကြီး မင်းသမီးချော Priya Bhavani Shankar သရုပ်ဆောင်ထားတဲ့ဇာတ်ကောင်မိန်းကလေးမာလီဂါဟာ အင်တာဗျူးဖြေဖို့ဗဲလ်လောရ်ကို လာတဲ့အချိန်မှာတော့ ရာသ်နမ်နဲ့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှာတော့ ဒီမိန်းကလေးရဲ့ မိသားစုပိုင်ဆိုင်တဲ့မြေယာ ကိစ္စနဲ့ပတ်သက်တဲ့အငြင်းပွားစရာတွေ ဖြစ်လာသလို သူမဟာလည်းအန်ဒရာအခြေစိုက်ကြေးစားဂိုဏ်တစ်ခုရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ်။ အဲဒါကြောင့် သူမကို သတ်ပစ်ဖို့ ကြိုးစားကြတဲ့အချိန်မှာ ရာသ်နမ်ကဝင်ကယ်ရင်း ရာသ်နမ်တစ်ယောက် မာလီဂါရဲ့ သက်တော်စောင့်သဘောမျိုးဖြစ်လာသလို ကိစ္စမျိုးစုံကြုံတွေ့ရင်း ဇာတ်လမ်း ဇာတ်ကွက်တွေ ရှုပ်ထွေးလာတာကို တွေ့မြင်ရမှာပါ။တကယ်ပဲ ရာသ်နမ်တစ်ယောက် မာလီဂါကို ကြာကြာကာကွယ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့
...

Shakhahaari (2024) ⭐IMDB: 8.3/10 (331 Votes) 🎬 #Bollywood #Thriller #Crime #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shakhahaari (2024)”ဂယက်”======================== စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်နာဒါစကားပြောမှုခင်းရုပ်ရှင်လေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဆူဘာနာဟာ ရွာမှာ စားသောက်ဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်း နေနေတဲ့သူပါ။တစ်နေ့မှာတော့ လူသဝာ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဗီဂျေးဆိုတဲ့တရားခံတစ်ယောက်ဟာ ရဲစခန်းကနေ ထွက်ပြေးလာပြီး ဆူဘာနာရဲ့ဆိုင်ထဲမှာ ပုန်းခိုနေခဲ့ပါတယ်။ ဗီဂျေးကို ထောင်ထဲထည့်ပြီးရင် နယ်ပြောင်းခွင့်ရမယ့်ရဲမှူးကလည်း နယ်ပြောင်းချင်စိတ်နဲ့ဗီဂျေးကို အသည်းအသန်လိုက်ရှာပါတယ်။အဲဒီအချိန်မှာ လူသဝာ်မှုတစ်ခု ဆက်ဖြစ်ပွားခဲ့တာကြောင့် တရားခံဟာ သူလိုလိုငါလိုလို ယုန်ထင်ကြောင်ထင် ဖြစ်လာပြီး ရဲတွေနဲ့လည်း ဇာတ်လမ်းရှုပ်ကာဆူဘာနာရဲ့ အေးချမ်းတဲ့ဘဝလေးမှာ လှုပ်ခတ်မှုတွေဖြစ်လာခဲ့ပါတယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

摩登澡堂 (2024) ⭐TMDB: 0% User Score 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အဖေ့ရဲ့ဆတ္တာသည်အလုပ်အပေါ်ရှက်ပြီး မကျေမနပ်စိတ်နဲ့ရှင်သန်လာတဲ့သားဟာ မိုးကြိုးတွေပစ်ပြီးမိုးသည်းထန်ရွာတဲ့တစ်နေ့မှာ မတော်တဆအဖေငယ်ရွယ်စဉ် အတိတ်ကိုပြန်ရောက်သွားတဲ့အခါ….. သူ့အဖေရဲ့လူပျိုဘဝကို အတူဖြတ်သန်းကြည့်တဲ့အခါမှဒီလိုသိမ်ငယ်တယ်လို့သူယူဆခဲ့တဲ့ အလုပ်ရဲ့နောက်ကွယ်ကရည်မှန်းချက်ကြီးကိုသိခဲ့လိုက်ရတယ်။တဖြည်းဖြည်းနဲ့ အဖေဖြစ်သူကိုပိုနားလည်လာခဲ့တယ်။သားဆိုးလေးပီပီ လူပျိုဘဝကအဖေကိုလဲ ပြဿနာတွေမနည်းပေးခဲ့ပြီးအများကြီးကူညီခဲ့တဲ့အတွက် အနာဂတ်မှာလုပ်ငန်းကိုပိုတိုးတက်အောင်ကူညီခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
...

Cashback (2007) ⭐TMDB: 70% User Score 🎬 #Comedy #Drama #Romance 🗓 2007 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 43 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Comedy, Drama, RomanceIMDB Rating: 7.1/10 ဒီဇာတ်ကားကတော့ ခင်ဗျားတို့ မြင်ဖူးတဲ့Romance ကားတွေနဲ့ မတူ တော်တော်ထူးခြားနေမှာပါ။ Ben ဆိုတဲ့ အနုပညာကျောင်းသား ပန်းချီဆရာ‌လေးတစ်ယောက်သူ့ကောင်မလေးနဲ့ လမ်းခွဲပြီးနောက်ပိုင်းInsomnia လို့ခေါ်တဲ့အိပ်မရတဲ့ ရောဂါတစ်မျိုး စွဲကပ်လာပါတော့တယ်။ အဲဒီတော့ ‌အိပ်မရတဲ့ ၈နာရီဟာအချိန်ပိုဖြစ်လာတဲ့အတူတူ အကျိုးရှိအောင်ဆိုပြီးတော့ ‌စူပါမားကတ်တခုမှာအချိန်၈နာရီနဲ့ ‌‌ငွေနဲ့လဲလှယ်ဖြစ်လာခဲ့ပါတော့တယ်(cashback)။ အဲဒီအလုပ်မှာပဲ Ben ဟာသူအချိန်ကို ရပ်နိုင်တယ်ဆိုတဲ့စွမ်းအားရှိကြောင်း သိရှိလာခဲ့ပါတယ်။အဲဒီလိုနဲ့ပဲ Ben ရဲ့စိတ်ကူးယဥ် လက်တွေ့မဆန်တဲ့ကမ္ဘာမှာနေနေတုန်း လောကကြီးရဲ့ အလှတရားတွေ ရပ်တန့်နေတဲ့ကမ္ဘာမှာ မိန်းမတွေရဲ့ အလှတရားတွေအကုန်လုံးကိုခံစားမိလာပြီးတော့ သူ့ဘဝကြီးရဲ့ အဓိပ္ပာယ်နဲ့အလှတရားကို ရှာတွေ့သွားပါတော့တယ်။ Ben ဟာ သူနဲ့ အလုပ်အတူတူလုပ်တဲ့ Sharon ဆိုတဲ့ကောင်မလေးကို သဘောကျသွားမိပြီးတော့သူ့အတိတ်ကိုမေ့ထားပြီးပစ္စုပ္ပာန်ကို တန်ဖိုးထားတတ်လာပါတော့တယ်။ ဒီ Cashback ဆိုတဲ့ဇာတ်ကားလေးမှာ ဆိုရင်တော့ဖြင့် အချစ်၊ လမ်းခွဲခြင်း၊ ပြောင်းလဲတတ်ခြင်းစတဲ့အရာတွေကိုခံစားရမှာဖြစ်ပြီးတော့ Ben ရဲ့အကြောင်းကိုကြည့်ရင်းနဲ့ ကျွန်တော်တို့အတွေးတွေ တခုခုတော့ပြောင်းလဲသွားမှာပါခင်ဗျာ။ IMDB 7.1 လဲရထားတာမလို့ ကြည့်ရတန်တဲ့ ဇာတ်ကားတကားဖြစ်မှာပါလို့ ကျွန်တော်တော့ထင်ပါတယ်။ ရှုစားကြပါအုံးခင်ဗျာ။
...

Bourek (2015) ⭐IMDB: 6.2/10 (3 k Votes) 🎬 #Comedy #Drama 🗓 2015 🎞 movie 🌎 #Cyprus #UnitedStates #Greece #Serbia #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bourek (2015)Comedy DramaIMDB Rating: 6.2/10အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာ သင်က အကောင်းမြင်တတ်သူလား အဆိုးတွေပဲမြင်တတ်သူလား ဒါမှမဟုတ် ကိလေသာတဏှာကိုပဲ တပ်မက်နေတဲ့သူလား အခွင့်အရေးရတိုင်း အမြတ်ထုတ်ချင်နေတဲ့ ဓနရှင်လား။ ကိုယ်က ဘယ်အမျိုးအစားထဲမှာပဲ ပါပါ ဒီကားလေးကို ကြည့်ပြီးရင် ကိုယ်လိုချင်တာကို ရအောင် တစိုက်မတ်မတ် သွားချင်တဲ့ စိတ်ဖြစ်လာမှာပါ။ ဒီဇာတ်ကားလေဟာ (၂၀၁၂)ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ ကမ္ဘာပျက်ဟောကိန်းကို ယုံကြည်သူ တစ်ယောက်နဲ့ စတင်ပါတယ်။ ကမ္ဘာပျက်ရင် ရှောင်ဖို့ စည်းစိမ်တွေကို စွန့်လွှတ်ပြီး လွတ်မြောက်ရာလို့ ညွှန်းပေးလိုက်တဲ့ ဂရိနိုင်ငံက ကျွန်းလေးကို လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးကျဆင်းနေတာကြောင့် ဂရိအစိုးရက နိုင်ငံပိုင် ကျွန်းလေးတွေကို ပုဂ္ဂလိကလက်ထဲ ရောင်းချနေရတဲ့ အချိန်ပါ။ ဂရိနိုင်ငံက ခရိုးနို့စ်ကျွန်းလေးမှာ အဖွားရဲ့လက်ငုပ်လက်ရင်းဆိုင်လေးကို ဆက်ပြီးအသက်ဆက်အောင် ကြိုးစားနေတဲ့ အီလီနီဆိုတဲ့ ကောင်မလေးရှိနေပါတယ်။ သူမရဲ့ ဘဝကို အရှုံးမပေးပဲ ရင်ဆိုင်မယ့် တိုက်ပွဲမှာ အဖက်ဖက်က ပါဝင်လာကြမယ့်သူတွေရယ်။ ကမ္ဘာပျက်ရင် လွတ်မြောက်နယ်မြေဖြစ်မယ်လို့ ယုံကြည်ပြီးရောက်လာတဲ့ သူဌေးရယ်။ တဏှာကလွဲပြီး ကျန်တာ စိတ်မဝင်စားတဲ့ ညီအစ်ကို ဝမ်းကွဲနှစ်ယောက်ရယ်နဲ့ ဟာသဇာတ်မြူးတစ်ခုကို ကြည့်ရမှာဖြစ်ပါတယ်။ ဂရိမှာရှိတဲ့ ကျွန်းလေးပေါ်မှာ ရိုက်ထားတဲ့ ဒီကားလေးဟာ အီဂျစ်ရုပ်ရှင်ပြပွဲနဲ့ အေသင်ရုပ်ရှင်ပြပွဲတွေမှာ ပြသဖို့ အရွေးချယ်ခံခဲ့ရပါတယ်။
...

What Happened at the Carpenter's Shop (2020) ⭐TMDB: 55% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 12 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] What Happened at the Carpenter’s Shop (2020) **************************************************** ယွန်းဂျူက သစ်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဝူရှစ်ကတော့ သူ့ကို လေးစားအားကျပြီး အမြဲစောင့်ကြည့်နေတဲ့ သူတစ်ယောက်ပါ ယွန်းဂျူကို အပတ်တိုင်း ဒိတ်လုပ်ဖို့ခေါ်ပေမဲ့ ယွန်းဂျူကတော့ သူ့ကိုကိုရှိနေတာမလို့ အမြဲ ငြင်းခဲ့ပါတယ် အဲဒီသစ်ဆိုင်မှာ ဝူရှစ်ကို သဘောကျနေတဲ့ ထယ်ဂျူဆိုတဲ့ကောင်မလေးတစ်ယောက်လည်းရှိပါတယ် ဒါပေမဲ့ ဝူရှစ်ကတော့ ယွန်းဂျူမှ ယွန်းဂျူဖြစ်နေတာပါတစ်ရက်မှာတော့ ယွန်းဂျူနဲ့ သူ့ကိုကိုတို့က ဝူရှစ်အကြောင်းပြောနေတာကို ကြားသွားခဲ့ပါတယ်အဲဒီအချိန်မှာ ထယ်ဂျူနဲ့ တွေ့ပြီး ဘာတွေဆက်ဖြစ်သွားလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး…File Size MB Quality : 1080p, 720p Format…mp4 Duration…01:12:40 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Relative Brother (2020) ⭐TMDB: 40% User Score 🎬 #Adult #Drama #Romance 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 10 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ******************************အမေဖြစ်သူနောက်အိမ်ထောင်ပြုသွားပြီးတစ်ယောက်တည်းအထီးကျန်ဘဝကို ဖြတ်သန်းနေရတဲ့ ဟယ်ရန်းတစ်ယောက်ပထွေးရဲ့တူဖြစ်သူ ဆန်းဝူနဲ့တစ်အိမ်တည်းနေဖို အကြောင်းဖန်လာပါတော့တယ် သွေးမနှောပေမဲ့ လူမှုရေးအရတော်စပ်ကြတဲ့ မောင်နှမနှစ်ယောက်ကြားခံစားချက်တွေပေါက်ဖွားလာကြတဲ့အခါမှာ ဘယ်လိုဇာတ်လမ်းတွေဖြစ်လာကြဦးမလဲ…. ကြည့်ရှုလိုက်ကြပါဦးနော်
...

Do the World Darts (2007) ⭐TMDB: 20% User Score 🎬 #Action #DoTheWorldDart #Drama 🗓 2007 🎞 movie 🌎 #China ⏰ 1 နာရီ 33 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ပထမဆုံးကားဖြစ်ပါတယ်။ ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိတယ်။ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးရဲ့သားဖြစ်သူဝမ်ကျန့်ဝေးဟာ ပို့ဆောင်ရေးလုပ်ငန်းကို ထျန်းရှဆိုတဲ့နာမည်နဲ့မြို့တော်မှာသွားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ချင်ခဲ့တယ်။အဲဒါကြောင့် ဇာတိကနေ မြို့တော်ကိုတစ်ယောက်ထဲထွက်လာပြီးထျန်းရှပို့ဆောင်ရေးလုပ်ငန်းကိုစတင်ဖို့ကြိုးစားပါတယ်။ ဖြစ်ချင်တော့ မြို့တော်ကဒိတ်ဒိတ်ကျဲ ရှန်သခင်မလေးနဲ့တွေ့ပြီးသူ့ရဲ့ပထမဆုံးပစ္စည်းပို့တဲ့အလုပ်ကိုလက်ခံခဲ့တယ်။ဒီပထမဆုံးပို့ဆောင်ရေးအလုပ်ကလဲသူ့ရဲ့ထျန်းရှပို့ဆောင်ရေးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။ လမ်းခရီးတစ်လျှောက်မှာ လုယက်သူတွေ တိုက်ခိုက်နှောက်ယှက်သူတွေအများကြီးကြုံလာရတော့ သူပို့ပေးရမယ့် ပစ္စည်းဟာသာမန်မဟုတ်မှန်းတဖြည်းဖြည်းသတိထားမိလာခဲ့တယ်။ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲသူ့ရဲ့ပထမဆုံးအလုပ်ကို အောင်မြင်အောင်ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။
...