ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Suspicion (2024) ⭐IMDB: 3.5/10 (166 Votes) 🎬 #Crime #Horror #Thriller 🗓 2024 🎞 movie 🌎 #Nigeria ⏰ 1 နာရီ 57 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခါမှာတော့ Suspicion ဆိုတဲ့ လျှို့ဝှက်သည်းဖို ကားလေးကို တင်ဆက်ပေးပါရစေ။ အာဖရိကမှာက မှော်နက်ပညာတွေထွန်းကားတယ်ဆိုပြီး ကျွန်တော်တို့တွေကြားဖူးကြတဲ့အတိုင်းပဲ ဒီဇာတ်ကားလေးမှာတော့ အဲဒီလိုမျိုးမှော်နက်ပညာနဲ့ ပတ်သက်တဲ့အရာမျိုးတွေကြည့်ရမှာပါ ဗိုကီတို့မိသားစုဟာမွေးရာပါမှော်ပညာတွေပါလာကြတဲ့ မိသားစုဖြစ်ကြပေမယ့် သူတို့အစွမ်းတွေကိုမလိုအပ်ဘဲ မသုံးဘဲနဲ့နေကြတဲ့သူတွေပါ တစ်နေ့မှာဗိုကီရဲ့မွေးစားသမီး ဖြစ်သူ လိုလူလေး ပြန်ပေးဆွဲခံလိုက်ရတဲ့အပြင် လိုလူရဲ့ ဖခင်အရင်းဖြစ်သူ ဗိုကီရဲ့အချစ်ဆုံးသူငယ်ချင်း ရော့ဂ်ဘာကလည်း အသတ်ခံလိုက်ရပါတော့တယ်. ဒီလိုနဲ့ဘဝမှာအချစ်ရဆုံးသော လူတွေကို ဆက်တိုက် ဆုံးရှုံးပြီးတဲ့နောက်မှာတော့ ဗိုကီတစ်ယောက်အမှန်တရားကို ရှာဖွေဖို့အတွက် သူ့ရဲ့မှော်ပညာကိုအသုံးပြုဖို့ အကြောင်း ဖန်လာပါတော့တယ် ဗိုကီတစ်ယောက်အမှန်တရားကိုရှာဖွေရင်းဘာတွေရလာပြီး ဘာတွေထပ်ပြီးဆုံးရှုံးသွားရဦးမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်လိုက်ရအောင်ပါ...
Dangerous Liaisons (1988) ⭐TMDB: 72% User Score 🎬 #Drama #Psychological #Romance 🗓 1988 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူဟောင်းကို လက်စားချေချင်တဲ့ မာတူအီဆိုတဲ့အမျိုးသမီးတစ်ဦးဟာ သူ၏ချစ်သူဟောင်းရဲ့အပျိုစင်သတို့သမီးလောင်းရဲ့ ဂုဏ်သိက္ခာညစ်နွမ်းအောင် အမျိုးသမီးတွေရဲ့အသည်းနှလုံးကို ကစားရာမှာနာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ဗယ်မွန့်ကိုတာဝန်ပေးထားပါတယ်။ ကိုယ့်ကျင့်သိက္ခာတရားကို အင်မတန်တန်ဖိုးထားလှသော အမျိုးသမီးတစ်ဦးဖြစ်တဲ့ မဒမ် တော်ဗယ်ကိုလည်း ရအောင်ဆွဲဆောင်မည်ဟု ဗယ်မွန့်တစ်ယောက် မာတူအီနဲ့အပေးအယူလုပ်ထားပါတော့တယ်။ အပေးအယူကတော့ ပေးအပ်ထားတဲ့တာဝန်အောင်မြင်ရင် မာတူအီနှင့်တစ်ညတာကုန်ဆုံးခွင့်ပဲဖြစ်ပါတယ်။ ဗယ်မွန့်တစ်ယောက် သူကြံစည်ထားတဲ့အတိုင်း ဖြစ်လာနိုင်လား ၊မာတူအီကရော သူ့လက်စားချေခြင်း အောင်မြင်နိုင်ပါ့မလား ၊ဘယ်လိုတွေ အဆုံးသတ်ကြမလဲ စသည်ဖြင့်ကြည့်ရှုရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။...
Hellraiser: Judgment (2018) ⭐IMDB: 4.3/10 (8 k Votes) 🎬 #Drama #HellraiserFranchise #Horror #Thriller 🗓 2018 🎞 video movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hellraiser: Judgement (2018) ခေတ်တွေပြောင်းပြီး အရမ်းတိုးတက်လာတော့ အပ်ခေါင်းတစ်ယောက် ရှေးနည်းအတိုင်း သစ်သားတုံးတစ်တုံးကို လိုက်လက်ဆင့်ကမ်းနေရုံနဲ့ အလုပ်မဖြစ်တော့လို့ နည်းသစ်တွေ ကြံစည်ရပါတော့တယ်။ လုပ်ထုံးလုပ်နည်းတွေလည်း အသစ်ဖြစ်လာတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းကတော့ စုံထောက်ညီနောင် ပညတ်တော်ဆယ်ပါးအတိုင်း လူလိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားကို စုံထောက်နေရာကစပါတယ်။ သူတို့နှစ်ယောက်အဖွဲ့ကို စုံထောက်မအသစ်တစ်ယောက် ဝင်လာပြီး သုံးယောက်သားစုံထောက်ကြပါတယ်။ နောက်တော့ အစ်ကိုဖြစ်သူက သဲလွန်စတစ်ခုရပြီး လိုက်သွားကြည့်ရင်း Cenobite တွေနဲ့ Pinhead တို့နဲ့ ကြုံလာရပါတော့တယ်။ စုံထောက်ဇာတ်လမ်းတစ်ဖြတ် Horror တစ်ဖြတ်ဆိုတော့ ရင်ထိတ်ရသလို စိတ်ဝင်စားဖို့လည်း ကောင်းတာပေါ့။ ပြီးတော့ Cenobite တွေရဲ့ ဘုရင် Pinhead ထက် မြင့်တဲ့သူတွေလည်း ဇာတ်လမ်းထဲမှာပါလာပါတယ်။ အသည်းမကောင်းတဲ့သူတွေ မကြည့်ကြဖို့တော့မှာချင်ပါတယ်။ Hellraiser ပရိသတ်တချို့တောင် မျက်နှာလွှဲချင်လောက်မယ့် အခန်းတွေလို့ပြောလို့ရမယ်ထင်တဲ့ အော်ဂလီဆန်စရာ အခန်းတချို့တွေပါလို့ပါ။ ကျွန်တော့်အမြင်အရ Hellraiser Franchise ထဲမှာတော့ ၅ /၁၀ ပဲအမှတ်ပေးလို့ရမယ့်ကားလို့ ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Iron Monkey (1993) ⭐TMDB: 74% User Score 🎬 #Action #Crime #Drama 🗓 1993 🎞 movie 🌎 #HongKong #Taiwan ⏰ 1 နာရီ 32 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Iron Monkey (1993) IMDb Rating (7.5) / Rotten Tomatoes (91%) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ တရုတ်သိုင်းကားလေးပဲဖြစ်ပါတယ်။ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်တဲ့ Donnie Yan , Rongguang Yu, Jean Wang တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDB rating 7.5 ရရှိထားပြီး ဆန်ခါတင်စားရင်နှစ်ခါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ရောဘင်ဟုဒ်လိုစတိုင်မျိုးပါ။ ပြည်သူတွေသဘာဝဘေးအန္တရာယ်တွေ ရောဂါဆိုးတွေ ဆင်းရဲမွဲတေမှုတွေခံစားနေရပေမဲ့ အကျင့်ပျက်ခြစားတဲ့အရာရှိကဘာမှမလုပ်ပေးတဲ့အတွက် သိုင်းပညာလည်းတတ်ကျွမ်းတဲ့ ဆရာဝန်ဖြစ်သူဒေါက်တာယန်ဟာ သံမဏိမျောက်ဆိုတဲ့နာမည်ကိုသုံးပြီးတော့ အကျင့်ပျက်အရာရှိတွေဆီကနေ ရွှေငွေရတနာတွေပြန်ခိုးပြီး ပြည်သူတွေကိုဝေပေးနေခဲ့ပါတယ်။ အရာရှိကသံမဏိမျောက်ကိုဖမ်းမမိတဲ့အခါ ခရီးသွားရင်းရောက်လာတဲ့ ဝမ်ကျိယင်နဲ့ဝမ်ဖေးဟုန်တို့သားအဖကို သံမဏိမျောက်ကိုဖမ်းခိုင်းပါတော့တယ်။ နဂိုအရာရှိကအသုံးမကျတဲ့အတွက် သူတို့မြို့ကို စစ်ဆေးရေးမှူးအနေနဲ့ရောက်ရှိလာတဲ့ ဘုန်းကြီးဟင်ဟုန်ရောက်ရှိလာပါတယ်။ ဘုန်းကြီးဟင်ဟုန်က ဝမ်ကျိယင်နဲ့ရှောင်လင်ကျောင်းတော်မှာအတူနေထိုင်ခဲ့သူဖြစ်ပြီး ရှောင်လင်ကျောင်းတော်ကိုသစ္စာဖောက်ပြီးမီးရှို့ခဲ့တဲ့သူပါ။ ထိုအခါဝမ်ကျိယင်နဲ့သံမဏိမျောက်ကပူးပေါင်းပြီး ဘုန်းကြီးဟင်ဟုန်နဲ့ရင်ဆိုင်တိုက်ခိုက်ကြပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။)...
Hellraiser: Revelations (2011) ⭐IMDB: 2.7/10 (10 k Votes) 🎬 #HellraiserFranchise #Horror 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hellraiser: Revelations (2011) Hellraiser Revelations ကတော့ မိသားစုကြောင့် စိတ်ဒုက္ခရောက်နေတဲ့လူငယ်လေးနှစ်ယောက် စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း ဒီဘဝအလွန်က သာယာမှုကို ရှာဖွေဖို့ အခွင့်အရေးကြုံလာပါတယ်။ သေတ္တာကို ဖွင့်လိုက်တော့ Cenobite တွေ ရောက်လာတယ် ခေါ်သွားတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကပဲ ခေါ်လိုက်တာဖြစ်ပေမဲ့ နှစ်ယောက်လုံးက မိသားစုဆီ ပြန်ရောက်မလာကြလို့ မိသားစုနှစ်ခုလုံး စိတ်ဒုက္ခရောက်နေကြရပါတယ်။ သူတို့ပျောက်သွားတဲ့အချိန်မှာ ဗီဒီယို ရိုက်ထားတာရှိတော့ အဲဒီဗီဒီယိုကနေ သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်တာကို သိကြပေမဲ့ ဘာကြောင့်ရယ်ဆိုတာကိုတော့ အဖြေမထုတ်နိုင်ကြပါဘူး။ သူတို့မိသားစုနှစ်စု ညစာစားနေတဲ့အချိန် ပျောက်သွားတဲ့ ကောင်လေးထဲက တစ်ယောက် ပြန်ရောက်လာတဲ့အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Kanakarajyam (2024) ⭐IMDB: 7.6/10 (98 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kanakarajyam (2024)“လောကဓံ” အသစ်ထွက်ရှိထားတဲ့ မလေယာလမ် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ရာမန်ဆိုတဲ့ အဘိုးကြီးဟာ ရွှေဆိုင်တစ်ဆိုင်မှာလုံခြုံရေးလုပ်ပြီး အများချစ်ခင်တဲ့အပြင်အကောင်းဆုံးဝန်ထမ်းဆုကိုပါ ရထားတဲ့သူပါ ဗီနူးဆိုတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ကတော့ယောက္ခမပိုက်ဆံလည်းအကြွေးတင်နေကာ တလောတုန်းကစီးပွားရေးလုပ်ငန်းတစ်ခုမှာ ရှုံးသွားလို့ အကျပ်ရိုက်နေတဲ့အပြင်ဇနီးသည်ကလည်း သူအမေက ပိုက်ဆံပြန်တောင်းနေတဲ့အကြောင်းမကြာခဏသတိပေးသလို အိမ်လခလည်း အကြွေးကျန်ပြီး ချေးငွေလည်းယူလို့မရ ဖြစ်နေပါတယ် ဒီလိုအကျပ်အတည်းတွေကနေ အိမ်ထောင်ဦးစီးဖြစ်တဲ့ ဗီနူးကဘယ်လိုရုန်းထွက်နိုင်ဖို့ ကြိုးစားသွားမှာလဲ ဆိုတာကိုပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်...
Heretic (2024) ⭐IMDB: 7.0/10 (69 k Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 51 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Heretic (2024) IMDb Rating (7.2) / Rotten Tomatoes (91%) ဒီဇာတ်ကားလေးကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှ ပူပူနွေးနွေး ထွက်ရှိထားတာဖြစ်ပြီး အိမ်တစ်အိမ်တည်းမှာ ဇာတ်အိမ်တည်ထားတာကို ကြည့်ရင်းတဖြည်းဖြည်း စိတ်ကျဉ်းကျပ်လာကာ ဘာသာရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ရှုထောင့်တစ်မျိုးကနေ ပျင်းစရာမကောင်းပဲ ရင်ဖိုစိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း စစ္စတာ ဘန်းစ်နဲ့ စစ္စတာ ပက်စတန်ဟာ ဆယ်ကျော်သက်အရွယ် သီလရှင်နှစ်ယောက်ဖြစ်ပြီး သူတို့ဟာ ခရစ်ယာန်ဘုရားကျောင်းမှာပဲ မွေးပြီး အဲမှာပဲ ပြုစုပျိုးထောင်ခံရကာ ကြီးပြင်းလာခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း စက်ဘီးကိုယ်စီနဲ့ မြို့ထဲပတ်သွားပြီး လူတွေကို သူတို့ရဲ့ မော်မွန်ဘာသာ (၁၈၃၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာသော ခရစ်ယာန်ဘာသာဂိုဏ်းခွဲ)ကို ဝင်ရောက်ကြဖို့ တရားလိုက်ဟောရင်း သာသနာပြုကြပါတယ်။ တစ်နေ့မှာတော့ သူတို့ဟာ မြို့စွန်မှာနေတဲ့ ဘာသာမျိုးစုံကို လေ့လာလိုက်စားပြီးတော့ မေးခွန်းထုတ်တတ်တဲ့ မစ္စတာရိဒ်ဆိုတဲ့ ဘာသာရေးပညာရှင်ရဲ့ အိမ်ကို သူတို့ရဲ့ ဘာသာက စစ်မှန်ကြောင်း သာသနာပြုရှင်းပြဖို့ သွားရောက်ခဲ့ပါတယ်။ မစ္စတာရိဒ်က သူတို့နှစ်ယောက်ကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ တစ်ခုရှိတာက သူ့ရဲ့ အိမ်နံရံ၊ မျက်နှာကြက်နှင့် ပြတင်းပေါက်တွေဟာ သံတိုင်တွေအပြည့်နဲ့ ထွက်ပေါက်မရှိပါဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ မစ္စတာရိဒ်နဲ့ ဘာသာရေးအကြောင်းဆွေးနွေးရင်း သူတို့ရဲ့စကားဝိုင်းက ထူးဆန်းလာပြီး နေရခက်လာခဲ့ပါတယ်။ ဒီတော့ မစ္စတာရိဒ်မှာ ဘာအကြံရှိနေတာလဲ၊ သူတို့နှစ်ယောက်ကရော ဒီအိမ်ထဲက ဖြောင့်ဖြောင့်တန်းတန်း ထွက်လာနိုင်ပါ့မလားဆိုတဲ့အတွေးတွေနဲ့ ဘာသာရေးဆွေးနွေးမှုကို ရင်ဖိုစိတ်လှုပ်ရှားစွာ စိတ်တထင့်ထင့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။)...
Gone in Sixty Seconds (2000) ⭐TMDB: 64% User Score 🎬 #Action #Crime #Thriller 🗓 2000 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆရာကြီး Nic Cageရဲ့ နုစဉ်အခါက ဇာတ်ကားဟောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Need for Speed F&Fတို့လို vibeမျိုးဖြစ်ပြီး Nic ရဲ့ ကားမောင်းစွမ်းရည် တွေကို မြင်တွေ့ရမှာပါ။ အဲဒီအပြင် မမဂျိုလီရဲ့ နုပျိုတဲ့ အလှတရားတွေကိုလည်း တွေ့ရဦးမှာပါ။ ဇာတ်လမ်းကတော့ ကားသူခိုးအလုပ်ကနေ အနားယူပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့ မမ်ဖစ်ရိန်းစ် တဖြစ်လဲ နစ်ကေ့ဂ်ျကြီးဆီကို မကောင်းတဲ့အလုပ်တွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ ညီဖြစ်သူ ကစ်ပ်က ကားမှောင်ခိုဂိုဏ်းတစ်ခုအတွက် ကားခိုးပေးဖို့ အလုပ်လက်ခံပြီး အောင်မြင်အောင် မလုပ်နိုင်လို့ ဖမ်းခံ ထားရပြီး အသတ်ခံရမယ့်အရေးနဲ့ ကြုံနေရတာပါ။ အဲဒီအတွက် ညီဖြစ်သူကိုကယ်တင်ဖို့ အပေးအယူအနေနဲ့ မမ်ဖစ်တစ်ယောက် အဲဒီဂိုဏ်းအတွက် ကားခိုးပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ ခိုးပေးရမယ့် ကားအစီးရေ ကလည်း အစီး၅၀တိတိ ဖြစ်ပြီး လေးရက်အတွင်း အပြီး ခိုးပေးရမှာပါ။ ဒါ့အပြင် သူနဲ့ နောက်ကြောင်းတွေ ရှိခဲ့တဲ့ နယ်ခံစုံထောက်တွေကလည်း သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေတာမလို့ မမ်ဖစ်တစ်ယောက် သူ့ကားသူခိုးအဖွဲ့နဲ့ ရဲတွေလက်ကလွတ်အောင် ကားအစီး၅၀ကို ဘယ်လိုမျိုး ခိုးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။...
Curse of the Jurenei (2023) ⭐TMDB: 50% User Score 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 30 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Curse of the Jurenei (2023) IMDb Rating (4.6) ဒီရုပ်ရှင်ကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တော့မယ့် ရှေးဟောင်းယဇ်ပုလ္လင်တိုင်တွေကို လေ့လာရေးလုပ်ဖို့ သွားရာကနေ လူတစ်စုပျောက်သွားရာကနေ စပါတယ်။ တောကြီးမျက်မည်းထဲမှာ သွားလေ့လာရတာဖြစ်ပြီး သွားတဲ့လူတွေအကုန် ပျောက်ချင်းမလှပျောက်သွားတဲ့နောက် ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ကလူတွေကိုရှာဖို့ ဘီးဆိုတဲ့ တာဝန်ခံထားတဲ့ကောင်မလေးဟာ အဖွဲ့အသစ်တစ်ဖွဲ့ဖွဲ့ပြီး ပျောက်သွားတဲ့အဖွဲ့ကို ရှာဖို့ ရောက်လာခဲ့တယ်။ ဒီလိုပျောက်သွားတဲ့အဖွဲ့ကိုရှာရင်း ပထမအဖွဲ့ပျောက်သွားတဲ့တောကြီးထဲမှာ ယဇ်ပုလ္လင်တိုင်ရဲ့ ကျိန်စာနဲ့ပတ်သက်တာတွေကို သိလိုက်ရပြီး ပဟေဠိတစ်ခု တဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာတာကို မြင်ရမယ့်ရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)...
Margot at the Wedding (2007) ⭐TMDB: 58% User Score 🎬 #Comedy #Drama 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇင်ဘာအားလပ်ရက်တွေထဲ ပေါ့ပေါ့ပါးပါးကြည့်စရာ ဟာသဒရာမာ ဇာတ်လမ်းရှာနေသူတို့အဖို့ (၂၀၀၇)ခုနှစ်က ထွက်ရှိထားတဲ့ “Margot at the Wedding” ဆိုတဲ့ ဇာတ်လမ်းလေးကို CM ကနေ တင်ဆက်ပေးလိုက်ပါပြီ။ ပရိတ်သတ်တွေ အကြိုက် ဟာသသရုပ်ဆောင် Jack Black လည်း ပါဝင်သရုပ်ဆောင်ထားပါတယ် မာဂေါ့တစ်ယောက် သူ့သားလေး ကလော့နဲ့ သူ့ညီမလက်ထပ်ပွဲကို သွားရာကနေ အစပျိုးလိုက်တဲ့ အဖြစ်အပျက်တွေကို ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ညီအစ်မတွေဖြစ်ကြတဲ့ မာဂေါ့နဲ့ ပေါလ်လင်းတို့ဟာ ပြဿနာတွေကြောင့် အချင်းချင်း စကားမပြော၊ အဖတ်မလုပ်ကြတာ နှစ်တော်တော်ကြာနေပြီ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ယောင်လို့တောင် မခေါ်ကြပေမယ့်လည်း ညီအစ်မစိတ်ဆိုတာ ရှိသေးတာကြောင့် မာဂေါ့တစ်ယောက် ပေါလ်လင်းလက်ထပ်ပွဲ ကျင်းပမယ့်ဆီကို သွားပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြပေမယ့်လည်း အစ်မဖြစ်သူ မာဂေါ့ဟာ ပေါလ်လင်းလက်ထပ်မယ့်သူကို အဖြစ်မရှိသူလို့ သတ်မှတ်ထားပြီး မျက်မုန်းကျိူးနေပါတော့တယ်။ ဒါတင်မကသေး ဒီလက်ထပ်ပွဲကို အစပြုပြီးတော့ မထင်မှတ်ထားတဲ့ ဇာတ်ကောင်းတွေရဲ့ ပြဿနာတွေကလည်း ပေါ်လာပါတော့တယ်။ ညီအစ်မကြား၊ သားသမီးတွေနဲ့ မိဘတွေကြား စတဲ့ ဆက်ဆံရေးတွေကြားက နားလည်မှုမရှိတာ၊ ပြဿနာဖြစ်တာတွေအပြင် သူတို့တွေကြားမှာ ချစ်ခြင်းမေတ္တာဆိုတဲ့အရာဟာ ရှိပါကြောင်းကို တမျိုးတဖုံသွယ်ဝှိုက်ဖော်ပြထားနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ခုလည်းဖြစ်ပါတယ်။ ဖြစ်လုဆဲဆဲ ဒီလက်ထပ်ပွဲကို မာဂေါ့တစ်ယောက် သွားရာကနေစပြီးတော့ ညီအစ်မနှစ်ယောက်ကြား မိသားစုဝင်တွေကြား နားလည်မှုတွေပဲ တိုးလာမလား၊ ပြဿနာတွေပဲ တက်လာမလားဆိုတာကိုတော့ ခံစားချက်အမျိုးမျိုးနဲ့ “Magot at the Wedding” ဆိုတဲ့ ဇာတ်ကားလေးထဲမှာ ခံစား ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။...
B4 (2012) ⭐IMDB: 4.7/10 (322 Votes) 🎬 #SciFi #Thriller #ScienceFiction 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 50 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၁၂ တုန်းကထွက်ရှိခဲ့တဲ့ Si-Fi Movie လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းဇာတ်ကောင်တွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ မျက်စိနောက်အောင် လျှောက်ထည့်ထားတဲ့ Si-fi Movie တွေထက်စာရင်ဆောင်းတွင်းမှာ စောင်လေးခြုံကွေးပြီး ကော်ဖီလေးတစ်ခွက်နဲ့ တစ်စိမ့်စိမ့်ကြည့်ရင်း တစ်စိမ့်စိမ့်တွေးကြည့်ရတဲ့ ဇာတ်ကားမျိုးဆိုတာ နောက်ပိုင်းမှာတော်တော်ရှားသွားပါပြီ။ထွက်သမျှဇာတ်ကားတွေက ဇာတ်လမ်းဇာတ်ကွက်သွက်သွက်နဲ့ Tempo တွေကိုအချိန်ပြည့်မြင့်ပြီး ဆွဲခေါ်သွားတဲ့ဇာတ်ကြောင်းတွေပဲ များလာတော့ဒီလိုကားလေးတွေက ၂၀၂၀ နောက်ပိုင်းကားတွေပဲ ရှာကြည့်နေရတာ။တစ်ခါတစ်လေကျတော့လဲ ဝိုင်းဒိုင်းကျဲ ဘာမှမတွေးပဲကြည့်ရတဲ့ဇာတ်ကားတွေများလာတော့ဒီလိုတွေးရင်းကြည့်ရတဲ့ ဇာတ်ကားလေးတွေက ပြန်ပြီးခံစားလိူ့ကောင်းလာတာပေါ့။အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကလဲစောင်လေးကိုဆွဲ ဆိုဖာလေးမှာ ငုတ်တုတ်လေးထိုင်ခြုံပြီးတော့ဘေးနားမှာကော်ဖီတစ်ခွက်နဲ့ ထိုင်ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ မီဂန်၊ အယ်ရွန် နဲ့ ဒေးဗစ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်ကဒေးဗစ်ကြွားကြွားနေတဲ့ ကောင်မလေးကိုသွားပြီးကြည့်ကြမယ်ဆိုပြီး ကလပ်ကိုသွားကြည့်ကြပါတယ်။ဒါပေမဲ့ ထင်သလိုဖြစ်မလာပဲ သူငယ်ချင်းသုံးယောက် စိတ်ဓာတ်ကျကျနဲ့ ကလပ်ကပြန်ထွက်လာတဲ့အချိန်မှာတော့သူတို့ကားပါကင်ထိုးထားတဲ့ B4 ဆိုတဲ့အထပ်မှာ ထိုးခဲ့တဲ့ကားက ပျောက်ချင်းမလှပျောက်သွားရာကနေအကူညီခေါ်ဖို့ ဒေးဗစ်ကို အပေါ်ထပ်ပြန်လွှတ်လိုက်ရာ သူတို့မသိလိုက်ချိန်မှာပဲသူတို့က ဒီ B4 ဆိုတဲ့ကားပါကင်အထပ်ထဲမှာပဲ ပိတ်မိနေပါတော့တယ်။အဲ့အပြင် ဘယ်ကမှန်းမသိတဲ့ကောင်မလေးတစ်ယောက်နဲ့ ပေါလ်ဆိုတဲ့စိတ္တဇကောင်တစ်ယောက်ကို ဝင်တားရာကနေသူငယ်ချင်းသုံးယောက်ရယ် ကောင်မလေးတစ်ယောက်ရယ် ပေါလ်ဆိုတဲ့ သူတို့ကိုသတ်ချင်နေတဲ့ စိတ္တဇကောင်တစ်ယောက်ရယ်ဒီ B4 ဆိုတဲ့ကားပါကင်လေးမှာ ဘယ်လောက်ကြာအောင်ပိတ်မိနေကြမလဲ။သူတို့တွေဒီ B4 အထပ်ကနေလွတ်အောင် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး …. ဘာသာပြန်နဲ့ အညွှန်းကိုတော့Khant Zaw Heinမှ ရေးသားပေးထားပါတယ်...
Spectre (2015) ⭐IMDB: 6.8/10 (476 k Votes) 🎬 #007 #Action #Adventure #Thriller 🗓 2015 🎞 movie 🌎 #UnitedKingdom #UnitedStates #Morocco #Italy #Austria #Canada #Mexico #UnitedStatesofAmerica ⏰ 2 နာရီ 28 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့ စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်။ https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။ ***+++++++++++++++++++++++++++++++++++++++++++++++++++++++++ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Spectre ဇာတ်ကားဟာ ၂၄ ကားမြောက် James Bond ဇာတ်ကားဖြစ်ပါတယ်..။ Spectreဆိုတဲ့ နာမည်ဟာ James Bondရုပ်ရှင်တွေမှာ ပါလေ့ရှိတဲ့ ကမ္ဘာ့အကြမ်းဖက် အဖွဲ့အစည်းဖြစ်မှန်း James Bond ပရိသတ်တွေ သိကြမှာပါ။ ဒီနာမည်ရဲ့ အရှည်က မကောင်းဆိုးဝါးတစ်ကောင်လိုဖြစ်ပြီး Special Executive for Counter-intelligence, Terrorism, Revenge, and Extortion ဖြစ်ပါတယ်။ ဒီဂိုဏ်းကို Skyfall မှာတုန်းက သေသွားခဲ့တဲ့ M ရဲ့မသေခင် ပေးပို့သွားတဲ့ Message ကနေခြေရာခံလိုက်ခဲ့တာပါ။ ယခင်ဂျိမ်းဘွန်းကားတွေနဲ့ မနှိုင်းယှဉ်တော့ပါဘူး…ဒီဖက်ခေတ်အထာတွေအများကြီးပါဝင်လာတာမို့လို့ပါ။ ယခင်ဇာတ်ကားတွေလို ဂျိမ်းစ်ဘွန်းကို Team တစ်ခုလုံးက မထောက်ပံ့နိုင်အောင် C ဆိုသူမှ ဝင်ရှုပ်နေပါတယ်။ ဒါကြောင့် Q တို့ မန်နီပန်နီတို့ M တို့က တရားဝင်ကူညီခွင့်မရဘဲ ဘေးကနေ အသာလေးကူညီနေရပြီး ဂျိမ်းစ်ဘွန်းတစ်ယောက်ထဲ ကြိုးစားရုန်းကန်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတာကြောင့် ရှေးခေတ်တုန်းကလို ဘော်ကြော့ ဟီးရိုး မဟုတ်တော့ဘဲ ယခုခေတ် ခပ်မိုက်မိုက် ထီမထင် ဟီးရိုးပုံစံဖြစ်လာပါတယ်။ ဝင်ငွေတွေလဲ စံချိန်ချိုးခဲ့တယ်လို့ သိရပါတယ်။ခံစားအားပေးကြပါဦး။ (ကျွန်တော်တို့ရဲ့ မမကြီး Monica Bellucci ဟာ ဒီကားနဲ့ Bond Girl ဖြစ်လာခဲ့ပြီး ဒီအချက်ကိုတော့ အားအရဆုံးပါပဲ…ဤကားစကားချပ်။)...
Scent of a Woman (1992) ⭐TMDB: 78% User Score 🎬 #Drama #Comedy 🗓 1992 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 37 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scent of a Woman (1992) IMDb (8.0) / Rotten Tomatoes (88 %)Won 1 Oscar. Another 5 wins & 14 nominations ဒီတစ်ခါ Old But Goldတွေထဲကပဲ ကျွန်တော်တို့သရုပ်ဆောင်အကောင်းဆုံး မင်းသားလို့သိကြတဲ့Godfatherကြီး Alpacinoရဲ့ Leding Roleကနေအော်စကာရခဲ့တဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားထဲက Alpacinoနဲ့ အတူသရုပ်ဆောင်ရမဲ့နေရာအတွက် Matt Damon, Braden Fraser,Ben Affleck တို့ Audience ဝင်ခဲ့ကြပေမဲ့ Chris O’Donnell က ရသွားခဲ့ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ နာမည်ကိုကအတော်လေး ဆွဲဆောင်မှု ရှိပါတယ်…“Scent Of A Womanမိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့” ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခုလက်ခံခဲ့ပါတယ်။ သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက်ဒေါသကြီးပြီး အရာရာကို စိတ်တိုင်းမကျဖြစ်နေတက်တဲ့ လူ့ဂွစာပါ။ဒီ ဇာတ်ရုပ်ကိုလည်း ကျွန်တော်တို့်ရဲ့Godfaherကြီး Alpacinoကခပ်ကြမ်းကြမ်းဟောက်ချက်တွေOver မဖြစ်တဲ့ တိုက်ခိုက်မှုတွေနဲ့ဖော်ပြခဲ့သလို Oscar ဆုရခဲ့တဲ့အထိအပီပြင်ဆုံး သရုပ်ဆောင်ခဲ့ပါတယ်။Godfather ထွက်ပြီး ၂နှစ်အကြာထွက်ခဲ့တဲ့ကားဆိုတော့ကာသူတို့၂ယောက်စတွေ့တဲ့အခန်းမှာGodfatherဟန်မပျောက်သေးဘူးမှတ်ရလောက်အောင် ဂေါ်တဲ့စတိုင်ကို မြင်ရဦးမှာပါ။ လူ့ဂွစာတွေ စရိုက်အတိုင်း သူတို့၂ယောက်ဟာသဟဇာတမဖြစ်တာတွေကြုံရပေမဲ့တစ်ယောက်သဘော တစ်ယောက်နားလည်လာတဲ့အခါလူသားပီပီသသ တစ်ယောက်နဲ့တစ်ယောက်ဘယ်ရွေ့ ဘယ်မျှအထိ နှလုံးသားချင်းနီးစပ်သွားကြမလဲဆိုတာကို…ကျွန်တော်တို့ တငွေ့ငွေ့ ခံစားရမှာပါ။ ဒီဇာတ်လမ်းနဲ့”Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့”ဆိုတဲ့ခေါင်းစဉ် ဘယ်လို ပက်သက်သွားလဲဆိုတဲ့အမေးတော့ ရှိမှာပါ။ “ကိုယ်သင်းနံ့ဟာ ဆွဲဆောင်မှုဆိုတာရဲ့ အပြင်းဆုံး လက်နက်တစ်မျိုးပဲဒီလက်နက်ကို ကောင်းကောင်းအသုံးချတက်တဲ့မိန်းမတစ်ယောက်ဟာ တခြားသောလက်နက်တွေကို မလိုတော့ဘူး “ဆိုတဲ့စကားလေးနဲ့ချိတ်သွားသလို ဒီကားရဲ့ အဓိကဇာတ်ဆောင်ဟာ မျက်မမြင်တစ်ယောက်ပါ။ မထိမကိုင်ရပဲမျက်မမြင်တစ်ယောက် ခံစားနိုင်မဲ့အမြင့်ဆုံးလိင်အာရုံ အရသာက ကိုယ်သင်းရနံ့ပါပဲ.။ Oscarသုံးနေရာအတွက် ရာထားခံရပြီးOscarတစ်ခုရခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ပေးအရမ်းလှသလိုရသလည်းမနုံနဲ့ခဲ့ပါဘူး…ရုပ်ရှင်တစ်ကားကြည့်ပြီး တစ်စုံတစ်ရာသောခံစားချက်ရယူချင်တယ်ဆိုပါစို့…ဒီကားဟာ ခင်ဗျား ခံစားကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ (ရုပ်ရှင်အညွှန်းကို Wira Aung မှရေးသားပေးပြီး ဘာသာပြန်သူကတော့ ညီမငယ် Tinnilar Lwin ပဲဖြစ်ပါတယ်...
Paternel (2024) ⭐IMDB: 6.1/10 (109 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #France ⏰ 1 နာရီ 33 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ်နိုင်ငံရဲ့ ကက်သလစ်ဘာသာရေးဆိုင်ရာ အယူအဆအကြောင်း၊ ကက်သလစ်ဘုန်းတော်ကြီးတွေလိုက်နာရတဲ့ ဝိနည်းစည်းမျဉ်းတွေအကြောင်း၊ လူသားတွေရဲ့ ဖြူစင်တဲ့သံယောဇဉ်အနှောင်အဖွဲ့အကြောင်းကို ခံစားကြည့်ရှုရမယ့် မေတ္တာဘွဲ့ဒရာမာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း Simonဆိုတဲ့အမျိုးသားတစ်ဦးဟာ ဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဆောင်ဖို့ ကက်သလစ်ဘုန်းတော်ကြီးဘဝကို ရွေးချယ်ခဲ့တဲ့သူဖြစ်ပြီးအသင်းတော်ရဲ့ ယုံကြည်သူတွေကလည်း အင်မတန်လေးစားအားကိုးကြတယ် အဲဒီအချိန် ပြင်သစ်မှာ ကလေးတွေအပေါ် ဘုန်းတော်ကြီးတွေက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေပေါ်ပေါက်လာခဲ့ပြီး ဘုရားကျောင်းတွေကို လူတွေက ယုံကြည်မှုကျဆင်းလာခဲ့တယ် တစ်နေ့မှာတော့ Simonတို့ဘုရားကျောင်းက ကလေးမလေးတစ်ယောက် ရုတ်တရက်ကိုယ်ဝန်ရှိလာတဲ့အခါ ဘာကြောင့်ဒီလိုတွေဖြစ်လာရတာလဲဆိုတာ ဖြေရှင်းဖို့ကြိုးစားနေရင်း Simon လူဝတ်ကြောင်ဘဝက ရည်းစားဟောင်းဖြစ်ခဲ့တဲ့ Louise Fisher ဆိုတဲ့အမျိုးသမီးဟာ Aloe ဆိုတဲ့ကလေးတစ်ယောက်နဲ့အတူ Simon ကိုလာတွေ့ပြီးနောက် ပြဿနာတွေစတင်လာခဲ့တယ် ဘုန်းတော်ကြီးမဖြစ်ခင်က ဇာတ်လမ်းတစ်ခုကြောင့် Simon ရဲ့ ဘုန်းတော်ကြီးဘဝကို သက်ရောက်မှုရှိတွေခဲ့လာတဲ့အခါ Simon တစ်ယောက်ဘယ်လိုတွေဖြေရှင်းမလဲ ဖခင်တစ်ယောက်ရဲ့တာဝန်ကိုရောယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ပြင်သစ်ဒရာမာဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...
Udaan (2010) ⭐IMDB: 8.1/10 (48 k Votes) 🎬 #Drama 🗓 2010 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Udaan (2010) ************** IMDb….8.1 တစ်ချို့သောမိဘတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာ၊သားသမီးအပေါ်ထားတဲ့ စေတနာ၊အကြင်နာတွေကို ကလေးအိပ်ပျော်သွားတဲ့အချိန်ရောက်မှ ခိုးနမ်းရင်း ပြကြတယ်… ဘာဖြစ်လို့ အဲဒီလိုလုပ်ကြလဲမေးရင် သူတို့ရဲ့ပျော့ညံမှုကို သားသမီးတွေ မမြင်စေလိုတာရယ်တစ်ကြောင်း တအားချစ်မှန်းသိရင် ကလေးကို ဆုံးမရခက်မှာစိုးရိမ်လို့ဆိုတဲ့စကားမျိုးဖြေကောင်းဖြေကြပါလိမ့်မယ်….မိဘတစ်ချို့ဟာ ကလေးစကားစပြောတတ်ပြီဟေ့ ဆိုတာနဲ့ အများဆုံးဘာသင်လဲဆိုတော့ သားလေး သမီးလေး ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အမေးစကားကို ဆရာဝန်ကြီးလုပ်မယ်… အင်ဂျင်နီယာကြီးလုပ်မယ်ဆိုတဲ့အဖြေစကားပါပဲ….ဧည့်သည်တွေ ဆွေမျိုးတွေကြားထဲမှာ ဒီကလေးတွေရဲ့အဖြေဟာ ဂုဏ်ယူစရာဖြစ်ခဲ့သလို အရွယ်ရောက်လာရင်လည်း ဒီလိုမျိုးတွေဖြစ်လာဖို့ ပြုစုပျိုးထောင်ပုံသွင်းကြတယ်…တချို့သောကလေးတွေအတွက် အဆင်ပြေပေမဲ့ ၀ါသနာနဲ့ နှလုံးသားရဲ့ မြတ်နိုးရာ လမ်းကြောင်းတစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့ရှိသွားတဲ့ကလေးတွေအတွက် အနာဂတ်ဟာ ဝေ၀ါးသွားတတ်တယ်.. ..နားလည်ပေးနိုင်တဲ့မိဘမျိုးဆိုအဆင်ပြေပေမဲ့ အတ္တအနည်းငယ်ကြီးတဲ့မိဘမျိုးရှိသူ ကလေးအတွက်တော့ လမ်းမှားတောင်ရောက်သွားနိုင်ပါတယ်.. ..ဒီကားက အင်ဂျင်နီယာကြီးဖြစ်စေချင်တဲ့ မိဘနဲ့ စာရေးဆရာ ကဗျာဆရာဖြစ်ချင်တဲ့ သားတစ်ယောက်အကြောင်းရိုက်ပြထားတာပါ….. အိန္ဒိယရုပ်ရှင်တွေရဲ့အကောင်းဆုံး (၄၆) ကားစာရင်းထဲပါခဲ့သလို အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဇာတ်လမ်းဆု၊ အကောင်းဆုံးဇာတ်ပို့ဆုနဲ့ အခြေားဆုပေါင်းများစွာရရှိထားပါတယ်…. ဒီကားမဒေါင်းခင်ကြိုပြောလိုတာက မင်းသမီးမပါသလို ခမ်းနားထည်ဝါတဲ့ အကတွေ သမီးရည်းစားအချစ်ခန်းတွေမပါဘူး…. ပညာပေးကားတွေရိုက်တဲ့နေရာမှာ အိန္ဒိယကားတွေဟာ အဆန့်အတန်းရှိကြောင်း ခင်ဗျားဟာ ဒီကားကြည့်ပြီး သတိထားမိသွားလိမ့်မယ်… အယ် အစကထဲက သတိထားမိပြီးသားဆိုရင်လည်း ခင်ဗျားတို့ကြိုက်တဲ့ အဆင့်အတန်းရှိပညာပေးကားစာရင်းမှာ Udaan ဆိုတဲ့ကားကို စာရင်းထပ်သွင်းလိုက်မှာ ကျွန်တော်ရဲရဲကြီးအာမခံရဲတယ်…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်...
Conclave (2024) ⭐IMDB: 7.4/10 (55 k Votes) 🎬 #Drama #Thriller #Mystery 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.4/10 နဲ့ RT 93% အထိတောင် ရရှိထားတဲ့ စိတ်ဝင်စားဖို့လည်းကောင်း ဗဟုသုတလည်း ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆုအတွက်လည်း ဆန်ကာတင် ပူပူနွေးနွေး ဝင်သွားပါပြီ။ ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါး ပျံလွန်တော်မူသွားတဲ့အခါ နောက်ထပ် ပုပ်ရဟန်းမင်းကြီးတစ်ပါး တင်မြှောက်ဖို့ ပြုလုပ်ရတဲ့ သီးသန့်ဆွေးနွေးပွဲ သို့မဟုတ် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးကောက်တင်မြှောက်ပွဲကို အသေးစိတ်အဆင့်ဆင့် ရိုက်ပြထားပါတယ်။ ဒီရွေးကောက်တင်မြှောက်ပွဲမှာ ဘုန်းတော်ကြီးတွေဟာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခု လုပ်ပြီး ပုပ်ရဟန်းမင်းကြီး တင်မြှောက်ဖို့အတွက် မဲတွေပေးရပါတယ်။ မဲရဲ့ သုံးပုံနှစ်ပုံကို ရမှသာ ပုပ်ရဟန်းမင်းကြီး ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအရေအတွက်မရမချင်း ပါဝင်ရွေးကောက်ခံတဲ့ ဘုန်းတော်ကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေဟာ ထပ်ခါတလဲလဲ မဲပြန်ပေးရပါတယ်။ မဲအဆုံးအဖြတ်မပေါ်မချင်း သူတို့ဟာ ဒီတံခါးပိတ်ဆွေးနွေးပွဲကနေ ထွက်ခွင့်မရပါဘူး။ ဒီဇာတ်လမ်းမှာလည်း ဒီလိုပဲ ပုပ်ရဟန်းမင်းကြီးအသစ်တင်မြှောက်ဖို့ တံခါးပိတ်သီးသန့်ဆွေးနွေးပွဲ လုပ်ကြပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ သဘောထားကွဲလွဲမှုတွေ ပြဿနာတွေ အမျိုးမျိုး ပေါ်လာပြီး အဖြေမပေါ်တဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာတွေကို ဆွေးနွေးပွဲဦးဆောင်သူ ဘုန်းတော်ကြီး သောမတ်စ်က ဘယ်လိုတွေ အဖြေရှာ ဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် မြင်ရမှာမလို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်...
Watching (2019) ⭐IMDB: 5.8/10 (423 Votes) 🎬 #Horror #Thriller 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 39 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Watching(2019) ****************** 2019 ထွက် Horror Movie လေးတင်ဆက်ပေးလိုက်ပါတယ်… ယောင်းဝူဟာ အလုပ်အရမ်းကြိုးစားတဲ့ အဖွဲ့မှူး တစ်ယောက်ပါ … သူမက Single Mother တစ်ယောက်ဖြစ်ပြီး ဂုဏ်သိက္ခာအပြည့်နဲ့ ရပ်တည်နေသူပါ … သူမရဲ့ အလုပ်ပြန်ချိ်န်ကတော့ အမြဲနောက်ကျလေ့ ရှိပါတယ် … သူမကို အဖွဲ့ခေါင်းဆောင်ကလည်း အလုပ်တွေအနိုင်ကျင့်ပြီး ခိုင်းတတ်ပါသေးတယ် … ဒါပေမဲ့ သူမကို အမြဲ သတိထားစောင့်ကြည့်နေတဲ့သူရှိပါတယ်… သူကတော့ သူမတို့ Company အဆောက်အဦ ကားပါကင်က ဂျွန်ဟိုဆိုတဲ့ လုံခြုံရေးကောင်လေးပါ… သူမကို အမြဲတမ်း စကားတွေ လိုက်ပြောလေ့ရှိပြီး မမ လို့ တရင်းတနှီးလည်း ခေါ်တတ်ပါသေးတယ်… စွဲလမ်းမှုကနေ စိတ္တဇလိုဖြစ်လာပြီး ဂျွန်ဟိုတစ်ယောက်ဟာ မလုပ်သင့်တာတွေ လုပ်ပါတော့တယ်… ယောင်းဝူဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာကိုတော့…. ခံစားကြည့်ကြပါဦး… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Han Thu Aye ပဲဖြစ်ပါတယ်...
GO (2001) ⭐TMDB: 74% User Score 🎬 #Drama #Romance 🗓 2001 🎞 movie 🌎 #Japan ⏰ 2 နာရီ 4 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျပန်-ကိုရီးယားစပ်တစ်ယောက်ဖြစ်တဲ့ ဆုဂီဟာရာက မြောက်ကိုရီးယားကျောင်းမှာတက်နေရင်း ကျောင်းနဲ့ သူနဲ့မလိုက်ဖက်တာကို သိခဲ့ရပါတယ်၊ အဲဒါကြောင့် ဂျပန်ကျောင်းကိုပြောင်းလိုက်ချိန်မှာလည်း ထင်ထားသလိုမျိုး အဆင်မပြေလာပါဘူး။ ဒီလိုမျိုး ကိုယ်နဲ့သင့်တော်မယ့် လိုက်ဖက်မယ့် သူ့ကို အရှိအတိုင်းလက်ခံမယ့်နေရာကို လိုက်ရှာနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆာကူရာအီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး ချစ်မိသွားတဲ့နောက်မှာတော့ သူလည်း ပြောင်းလဲလာခဲ့ပါတယ်… ဆုဂီဟာရာတစ်ယောက် ဘယ်လိုမျိုးဘဝအခက်အခဲတွေ လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံရပြီး နောက်ဆုံး ဆာကူရာအီနဲ့ ဘယ်လိုဆက်ဖြစ်သွားမလဲ...
All You Need Is Blood (2023) ⭐IMDB: 5.3/10 (272 Votes) 🎬 #Comedy #Horror #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ cm ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါး Horror comedy ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက် ပေးချင်ပါတယ်…။ ဇာတ်ကြောင်းကတော့ ဘက်ကီဆိုတဲ့ ဆယ်ကျော်သက် ကောင်လေး တစ်ယောက်က ရုပ်ရှင်ရိုက်ကူးတာကို ရူးသွပ် ခုံမင်သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်း ရုပ်ရှင်ပွဲတော်တွေမှာ သူရိုက်ကူးတဲ့ ဗီဒီယို အတိုအစလေးတွေကို ပေးပို့ယှဉ်ပြိုင် ပေမယ့်လည်း တစ်ခါမှ အောင်မြင်မှု မရရှိသေးပါဘူး။ တစ်နေ့မှာ သူတို့အိမ်ရှေ့က ကွင်းပြင်ထဲကို အာကာသထဲက အမျိုးအမည်မသိတဲ့ အရာတစ်ခု ကျလာခဲ့ပါတယ်။ အဲဒီအရာကို သွားထိကိုင်လိုက်မိတဲ့ ဘက်ကီရဲ့ အဖေဖြစ်သူဟာ ဇွန်ဘီတစ်ကောင်အဖြစ်ကို ကူးပြောင်းသွားပါတော့တယ်။ ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ ဘက်ကီတစ်ယောက် ဇွန်ဘီရုပ်ရှင်ကို ရိုက်ကူးဖို့ ကြိုးစားရင်း ဘယ်လိုမျိုး အလွဲလေးတွေ ဖြစ်ကြမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဟော်ရာ ဇာတ်လမ်းလေး ဖြစ်တာမို့ အားပေးကြည့်ရှုလိုက်ကြပါဦးလို့...
Operation Undead (2024) ⭐IMDB: 4.8/10 (261 Votes) 🎬 #Action #Drama #Horror #Thriller #History 🗓 2024 🎞 movie 🌎 #Thailand #Singapore ⏰ 1 နာရီ 50 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Operation Undead (2024) ************************ တလောကမှ ရုံတင်ထားတဲ့ Nongkul ရဲ့ ဇွန်ဘီးကားအသစ်လေးကိုCM ပရိသတ်ကြီးအတွက် Quality အလန်းနဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ရုံတင်တုန်းက mixed review တွေ ရထားတဲ့ဒီကားလေးကရော ပရိသတ်စိတ်ကြိုက်တွေ့မလား .. just another zombie movie ဖြစ်မလားဆိုတာကိုတော့ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ ဒုတိယကမ္ဘာစစ်ကာလ ထိုင်းနယ်စပ်ကို ဂျပန်စစ်သားတွေ ကျူးကျော်ဝင်ရောက်လာတဲ့အတွက် စစ်ဖြစ်ကြရင်း နှစ်ဖက်သဘောတူ အပစ်အခတ် ရပ်စဲလိုက်ကြတာပေါ့။ ဒီတော့ ဌာနချုပ်က မက်နဲ့မော့တို့ ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့တပ်ဖွဲ့တွေနဲ့ အတူနယ်စပ်မှာ နယ်မြေရှင်းလင်းရေးအတွက် လွှတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ သူတို့ မသိတာက ကျူးကျော်လာတဲ့ ဂျပန်စစ်သားတွေမှာ ထူးဆန်းတဲ့ဇီဝလက်နက်တစ်ခု ပါလာပြီးတော့ တိုက်ပွဲဖြစ်ရင်းအဲဒီလက်နက်က သေတ္တာထဲကကျသွားပြီး နယ်စပ်က ရွာနီးစပ်ချုပ်မှာ ပြန့်သွားတဲ့အခါ… ကိုယ့်ဇာတ်ကိုယ်မကနိုင်လို့ အကုန်ရှင်းပစ်ဖို့ကြံစည်နေတဲ့ ဂျပန်စစ်သားတွေကတစ်ဖက်ကိုယ့်ရဲ့ရှင်သန်ရေးအတွက် တိုက်ခိုက်ရမယ့် ရွာသားတွေနဲ့ ထိုင်းစစ်သားတွေကတစ်ဖက်လွန်ဆွဲပွဲမှာ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်)...
