ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Unicorn Wars (2022)
⭐IMDB: 6.8/10 (662 Votes)
🎬 #Action #Animation #Comedy #Fantasy #Horror #War #Drama
🗓️ 2022 🎞️ Movie 📺 720p
🌎 #Spain #France #Belgium
⏰ 1 နာရီ 33 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Unicorn Wars (2022)
~ IMDb – 6.8/10, RT – 83%, Meta – 73% ~
လူတိုင်းကပျော်ချင်တယ်… လွတ်လပ်ချင်တယ်… ကိုယ့်အတွက် အကောင်းဆုံးလို့ထင်တာတွေကို ရချင်တယ် မဟုတ်လား။ လူတိုင်းမှာ အဲဒီအခွင့်အရေးရှိတယ်ဆိုပေမဲ့ ကိုယ့်ရဲ့ အခွင့်အရေးကိုရယူနိုင်ဖို့ တပါးသူကို ထိခိုက်စေမယ်ဆိုရင်တော့ အကျည်းတန်တဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။
ဥပမာ – စစ်ပွဲပေါ့…
တရားမျှတမှု၊ ယုံကြည်မှု၊ မျိုးချစ်စိတ် စတဲ့ စတဲ့ခေါင်းစဉ်တွေအောက်မှာ တိုက်ခဲ့တဲ့စစ်ပွဲပေါင်းများစွာ ကို ကျွန်တော်တို့တွေ မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူး၊ ကြားဖူး၊ သိဖူးကြပါတယ်။ ဒါပေမဲ့ ရန်စဆိုတာ ဘယ်ဖက်ကစမွှေးမွှေး နှစ်ဖက်စလုံးကိုတော့ ပူလောင်စေတာအမှန်ပါပဲ။ ဘယ်လိုရည်ရွယ်ချက်ကြောင့်တိုက်တိုက် ဘယ်လိုရလာဒ်ပဲထွက်လာပါစေ စစ်ပွဲကတော့ အကျဥ်းတန်တယ်ဆိုတာကို အားလုံး တညီတညွတ်တည်း လက်ခံကြလိမ့်မယ်ပါတယ်။
စစ်ပွဲဟာ လှပတဲ့ အရာပေါင်းများစွာကို ဖျက်ဆီးနိုင်တဲ့အစွမ်းရှိပါတယ်…တစ်ချိန်က သုခဘုံဖြစ်ခဲ့တဲ့နေရာဟာ မီးလောင်ပြင်တစ်ခုဖြစ်လာနိုင်ပါတယ်…တစ်ချိန်က လှပရိုးသားခဲ့တဲ့ စိတ်ဓာတ်တွေကို ကြမ်းရင့်ဆိုးယုတ်တဲ့ အဖြစ်ရောက်အောင် ရိုက်ချိုးနိုင်ပါတယ်…အချစ်တွေနဲ့ ပြည့်နေတဲ့ အိမ်လေးတစ်လုံးကို ပြာပုံဖြစ်သွားအောင် စွမ်းဆောင်နိုင်ပါတယ်…ဘာလို့များ လှပတဲ့အရာတွေကို အကျည်းတန်အရုပ်ဆိုးစေတဲ့ စစ်ပွဲတွေ ဖြစ်လာကြတာပါလဲ…ဘာကြောင့်များ လှပတဲ့ တိမ်တိုက်တွေကို မီးခိုးတွေနဲ့ ဖုံးလွမ်းအောင် လုပ်လိုက်ကြတာလဲ…ကလေးငယ်တစ်ယောက်ရဲ့ ကြည်ကြည်နူးနူးရယ်မောသံတွေကို ဘယ်လိုကြောင့်များ တိုက်ပွဲခေါ်သံတွေနဲ့ အုပ်လွှမ်းလိုက်ကြတာလဲ…ကျောင်းတက်ခေါင်းလောင်းသံကို ဘာကြောင့်များ စစ်ခရာသံနဲ့ ပြောင်းလဲပစ်ရက်ကြတာလဲ…
ချာလီချက်ပလင်ရဲ့ The Great Dictator ဇာတ်ကားထဲက နောက်ဆုံးမိန့်ခွန်းလိုပဲ…“လှပတဲ့ ဘဝရဲ့လမ်းကို လွတ်လွတ်လပ်လပ် လျှောက်လှမ်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ လမ်းပျောက်နေကြတယ်” တဲ့။ ကျွန်တော်တို့တွေ တကယ်ပဲ လမ်းပျောက်နေပြီလား…
Unicorn Wars ဇာတ်ကားလေးက ၂၀၂၂ ထွက် စပိန်-ပြင်သစ် ပူးပေါင်းတင်ဆက်တဲ့ Animation, War, Drama အမျိုးအစား စစ်ပွဲဆန့်ကျင်ရေး ဇာတ်ကားလေးပါ။ ကာတွန်းဆိုပေမဲ့ ကလေးကြည့်ဖို့မဟုတ်တာတော့ အသေအချာပါပဲ။ အဓိကဇာတ်ကောင်တွေက ချစ်စရာ Teddy Bear တွေနဲ့ ဒဏ္ဍာရီလာ မီးမီးလေးတို့ ချစ်တဲ့ Unicorn တွေဆိုပေမဲ့ War, Drama ဆိုတဲ့အတိုင်း သွေးထွက်သံယိုအခန်းတွေ အများကြီးပါတဲ့အတွက် ကလေးငယ်တွေ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။ ထူးကဲပြောင်မြောက်တဲ့ Animation ရုပ်ရှင်တွေကို ဖန်တီးနေတဲ့ Goya ဆုပိုင်ရှင် Alberto Vázquez က ဖန်တီးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ဟိုးရှေးရှေးတုန်းကလို့ စပြောရမှာပါပဲ။ မှော်ရုံတောကြီးထဲမှာ Teddy Bear တွေနဲ့ Unicorn တွေနဲ့ အခြားတိရစ္ဆာန်တွေ ငြိမ်းငြိမ်းချမ်းချမ်းနေနေကြတာပေါ့။ တစ်နေ့မှာတော့ အရာအားလုံးကို သိမြင်နိုင်စွမ်းရှိတဲ့ ဗဟုသုတတွေပါတဲ့ စာအုပ်ကို Teddy Bear တွေက ရသွားပြီး အခြားတိရစ္ဆာန်တွေထက် သာလွန်တဲ့ မျိုးစိတ်တွေ ဖြစ်လာပါတယ်။ သူများထက် တိုးတက်နေတဲ့ Teddy Bear တွေက အသိဉာဏ်တွေ ဖွံ့ဖြိုးလာတာနဲ့အမျှ နေထိုင်မှုပုံစံကိုလည်း အဆင့်မြှင့်ဖို့ ကြိုးစားပါတယ်။ သူတို့နေထိုင်တဲ့ မှော်ရုံတောကို သူတို့လိုသလို ဖန်တီးဖို့ ကြိုးစားလာတဲ့အခါမှာ ယူနီကွန်တွေက ဦးဆောင်ပြီး ဆန့်ကျင်တိုက်ထုတ်ကြပါတယ်။
စစ်ပွဲမှာ Teddy Bear တွေ အရေးနိမ့်သွားပြီး မှော်ရုံတောကနေ နှင်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး Teddy Bear တွေနဲ့ Unicorn တွေရဲ့ စစ်ပွဲက စတင်လာပါတော့တယ်။ ဇာတ်ကားထဲမှာတော့ မြင့်မြတ်တဲ့ စစ်ပွဲကြီးရဲ့ နောက်ဆုံးတိုက်ပွဲကို တွေ့ရပါလိမ့်မယ်။
“သေဆုံးခြင်းဆိုတာ ဘဝသစ်တစ်ခုရဲ့အစပါ။ ဒါပေမဲ့ သေဆုံးခြင်းဆိုတာ ဘာလဲ။ ငါတို့က ရှင်သန်ခြင်းဆိုတာကိုတောင် ရေရေရာရာသိကြတာမှမဟုတ်တာ”
“ယုံကြည်မှုရှိရမယ်ဆိုတာ အမှန်ကို မျက်ကွယ်ပြုရတာဆိုရင်တော့ လုံးဝအဓိပ္ပါယ်မရှိဘူးဗျာ”
ဒီလို ဒိုင်ယာလော့ လှလှလေးတွေနဲ့ တွေးစရာတွေ အများကြီးပေးနိုင်သလို ရသအစုံအလင်ပေးနိုင်တဲ့၊ ကာတွန်းကားဆိုပြီး ကျော်သွားမိရင် နောင်တရနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပြီး ကလေးများအတွက် မဟုတ်တဲ့ ကာတွန်းကားလေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)

🗓️ 2022 🎞️ Movie 📺 1080p

A Matter of Trust (2022)
⭐IMDB: 6.2/10 (91 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p
🌎 #UnitedKingdom #Denmark
⏰ 1 နာရီ 46 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Matter of Trust (2022)
~ IMDb rating – 6.2/10 ~
(18+ အခန်းလေးတွေပါတာမို့လို့ ၁၈နှစ်ပြည့်မှ ကြည့်ကြဖို့တိုက်တွန်းပါရစေခင်ဗျာ)
2022 မှာထွက်ရှိထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုဖြစ်တဲ့ A Matter of Trust မှာတော့ လူတွေ ပုန်းကွယ်ထားတဲ့ မိမိရဲ့ Dark Side တစ်ခု ကျိုးပေါက်သွားချိန် ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားချက်တွေ အကျင့်စရိုက်တွေကို ရိုက်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။
မတူညီတဲ့မိသားစုငါးစုရဲ့ မိသားစုဝင်တွေရဲ့ Dark Side တွေနဲ့ သူတို့ကြုံတွေ့လာရတဲ့ အတိတ်အဖြစ်အပျက်တွေ ဟန်ဆောင်မှုတွေ ယုံကြည်မှုချိုးဖောက်ခံရတဲ့အခါ ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေကို တစ်ကွက်ပြီး တစ်ကွက်ရိုက်ပြထားတဲ့ ဇာတ်ကောင်းကားလေးတစ်ပုဒ်ဖြစ်ပါတယ်။
ဇာတ်ကားရဲ့ နာမည်အတိုင်း ယုံကြည်မှုဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာရော တခြားသူအတွက်မှာပါ ဘယ်လိုအရေးပါလဲဆိုတာကိုလည်းရိုက်ပြထားပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

Urban Legend (2022- )
⭐IMDB: 5.3/10 (459 Votes)
🎬 #Horror #Mystery #Documentary
🗓️ 2022- 🎞️ Series 📺 1080p
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 42 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Urban Legend (2022) CompleteUrban Legend (2022) Complete
Knock Knock (2015) ရဲ့ ဒါရိုက်တာဖြစ်တဲ့အပြင်ကို Horror ကားကောင်းတွေ ပရိုဂျူဆာလုပ်ခဲ့ ရိုက်ခဲ့တဲ့ Master of Horror ကြီး Eli Roth ရဲ့ ကွပ်ကဲမှုနဲ့ ရိုက်ထားတဲ့ Anthology series ပါ။ တစ်ပိုင်းတစ်ဇာတ်မို့ အဆင်ပြေသလို ကြည့်လို့ရပါတယ်။ Urban Legend ဆိုတဲ့အတိုင်း တစ်ကြောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပါးစပ်ပြောဒဏ္ဍာရီပုံပြင် Horror ဇာတ်လမ်းတွေကိုပဲ တင်ဆက်ထားတာဖြစ်ပြီး ပရိသတ်တွေ မမြင်ဖူးလောက်တဲ့ အသစ်အဆန်းတွေ အများကြီးပါတယ်လို့တော့ဆိုထားပါတယ်။ သို့ပေမဲ့ အပိုင်းတစ်ကတော့ Saw ကားတွေကိုမှ Bitcoin နဲ့ ပေါင်းစပ်ထားတဲ့ အပိုင်းဖြစ်နေပါတယ်။ ကြည့်လို့တော်တော်ကောင်းပါတယ်။ ဆိုက်ကိုပတ်တွေ၊ ပဟေဠိဆန်တဲ့လူသတ်မှုတွေ၊ ကြောက်စရာသတ္တဝါတွေ စသဖြင့် ဇာတ်လမ်းပေါင်းများစွာကို ကြည့်ရမယ့် Horror Anthology Series ပါပဲ။ Slasher, Gore, Body Horror, Psychological Horror, Monster Horror စတဲ့ Horror အမျိုးအစားတွေလည်း စုံစုံလင်လင်ပါလာမယ့်ပုံပါပဲ။ Horror ဖန်တွေ အပျင်းပြေကြည့်သင့်တဲ့ စီးရီးလို့ဆိုလို့ရပါတယ်။ တစ်ပိုင်းမှ နာရီဝက်ကျော်ကျော်မို့ အချိန်လည်းသိပ်မပေးရပါဘူး။ ညမအိပ်တတ်ကြတဲ့သူတွေအတွက် တစ်ညတစ်ပိုင်း နိုဝင်ဘာလကြီးကို ဖြတ်သန်းဖို့ လုံလောက်တဲ့စီးရီးဖြစ်မှာပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်။)Size ~ 450MB+
The Silent Forest (2022)
⭐IMDB: 5.3/10 (249 Votes)
🎬 #Crime #Drama #History #Mystery #Thriller
🗓️ 2022 🎞️ Movie 📺 720p
🌎 #Germany
⏰ 1 နာရီ 35 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Silent Forest (2022)
ဒီကားရဲ့ Genre က Crime, Drama, History, Mystery, Thriller ပါတဲ့။ ဒီ Genreနဲ့လိုက်အောင်ပဲ ဒီအချက်တွေ အားလုံး ဒီကားမှာပြည့်စုံတယ်ပြောရမယ်။ စစချင်း ခင်ဗျားကို ဒီကားက တောတွင်းတစ်နေရာမှာ ဘာတွေဖြစ်နေလဲမသိတဲ့ သစ်တောဝန်ထမ်းမလေးနဲ့ သစ်တောထဲက လူရဲ့အဖြစ်ကို Mystery ဆန်ဆန်ပြလိမ့်မယ်။ ဒီနောက် ဒီကိစ္စတွေကို Crime ဆန်ဆန် ကောင်မလေးငယ်ငယ်က ဒီတောမှာ ပျောက်သွားတဲ့ ကောင်မလေးအဖေဘာဖြစ်သွားလဲ ကောင်မလေး ခြေရာခံတာတွေလာလိမ့်မယ်။ နောက် မြို့ခံလူတွေကြားက Drama တွေနဲ့ ကောင်မလေးကို ဒီအဖြစ်ရဲ့အဖြေကို မရှာဖြစ်အောင် တားတာတွေက Thriller ဆန်လာမယ်။ နောက်ဆုံးမှာ ဒီကားရဲ့အဖြေကို History ထဲက ဂျာမန်အကျဉ်းစခန်းတစ်ခုနဲ့ ဆက်စပ်ပြီး ပြသွားတယ်။ သူတင်ပြထားတဲ့ အကြောင်းအရာလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသလို ကားအစအဆုံး သစ်တောကြီးတစ်ခုထဲ ဘာတွေဖြစ်နေလဲ ရင်တမမနဲ့ ကြည့်ရမယ့် ရသစုံကားလေးပါပဲ။
အမှန်ပြောရရင် ဒီဇာတ်လမ်းက သူ့နောက်က သမိုင်းကိုပါ ထည့်ပြောပြရင် တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသွားမှာပါ။ ဒါပေမဲ့ Thriller ကားတစ်ကားရဲ့သော့ချက်ကိုက ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားအောင်လုပ်နိုင်ခြင်း (ဝါ) အဖြေကို သိချင်လာအောင်လုပ်နိုင်ခြင်းဖြစ်နေတော့ ဒီသမိုင်းကို ပြောပြလို့တော့ အဆင်မပြေပါဘူး။ ကြည့်ကြည့်ကြပါ… ကြည့်လို့တန်တဲ့ ကားကောင်းလေးပါပဲ။ သို့လောသို့လောဖြစ်နေရင်း တစ်ကားလုံးကို ထိုင်ရာမထ ကြည့်မိအောင် ဆွဲဆောင်နိုင်တဲ့ Thriller ကားဆိုတာတော့ အာမခံလို့ရပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)

Unseen (2023)
⭐IMDB: 5.6/10 (276 Votes)
🎬 #Horror #Mystery #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 16 မိနစ် 24 စက္ကန့်
👑 ShweFlix
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအစမှာအမ်မလီဆိုတဲ့ကောင်မလေးတစ်ယောက်ကသူ့ရည်းစားဟောင်းရဲ့ဖမ်းဆီးခြင်းကိုခံထားရပါတယ်။ သူ့ကိုလမ်းခွဲခဲ့တဲ့အတွက်မကျေနပ်တဲ့အတွက်အမ်မလီကိုဖမ်းပြီးတော့သတ်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့်အမ်မလီလဲလွယ်လွယ်နဲ့တော့အသေမခံနိုင်တဲ့အတွက်မိန်းမမာယာသဲကိုးဖြာသုံးပြီးတော့အားကုန်သုံးပြီးထွက်ပြေးပါတော့တယ်။ ကံကောင်းတာကသူ့ရည်စားလက်ကနေလွတ်ခဲ့ပေမဲ့ကံဆိုးချင်တော့အမ်မလီကဆရာဝန်ဖြစ်တဲ့အတွက်မျက်မှန်တပ်နေရသူတစ်ယောက်ဖြစ်ပြီးမျက်မှန်မပါရရင်ဘာမှမမြင်ရပါဘူး။ ထွက်ပြေးလာခဲ့တဲ့အချိန်မှာလဲမျက်မှန်ကကွဲသွားခဲ့ပါတယ်။ အဲ့ဒီအပြင်ကိုမှသူရောက်နေတဲ့နေရာကဘယ်နေရာမှန်းမသိတဲ့တောအုပ်ကြီးတစ်ခုထဲမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့အမ်မလီတစ်ယောက်မမြင်မစမ်းနဲ့တောထဲရောက်နေတဲ့အချိန်မှာသူ့မှာပါလာတဲ့ဖုန်းကနေတစ်ဆင့်အကူအညီတောင်းဖို့ကြိုးစားပါတော့တယ်။ တွေ့ကရာနံပါတ်ကောက်နှိပ်ရင်းနဲ့ဓာတ်ဆီဆိုင်မှာအလုပ်လုပ်နေတဲ့ကောင်မလေးတစ်ယောက်ကိုအကူအညီတောင်းခဲ့ပါတယ်။
ဒီလိုနဲ့သူတို့ Video Call ခေါ်ပြီး အမ်မလီတစ်ယောက်လွတ်အောင်ကူညီပေးဖို့ကြိုးစားပုံတွေကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
Adore (2013)
⭐IMDB: 6.2/10 (35 k Votes)
🎬 #Drama #Romance
🗓️ 2013 🎞️ Movie 📺 720p
🌎 #Australia #France
⏰ 1 နာရီ 51 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Adore(2013)
IMDb….6.2
ဒီဇာတ်ကားမှာတော့ မင်းသမီးချောကြီး (၂)လက်ဖြစ်တဲ့ Naomi Watts,နဲ့ Robin Wright တို့ အဓိက ပါဝင်ထားကြပါတယ်….
Lil နဲ့ Roz တို့ နှစ်ယောက်က သာယာလှပတဲ့ ကမ်းခြေမြို့လေးတစ်မြို့မှာ အိမ်နီးချင်းတွေ အဖြစ် နေထိုင်ကြတဲ့ အချစ်ဆုံး သူငယ်ချင်းနှစ်ယောက်ပါ..
ဘယ်လိုအခက်အခဲတွေပဲရှိရှိ သူတို့ဟာ ကမ်းခြေမှာ အပန်းဖြေလိုက်ရုံနဲ့ စိတ်အမောတွေပြေသွားကြပုံပါပဲ…
တစ်ယောက်အကြောင်းတစ်ယောက်သိတဲ့ သူတို့ (၂)ယောက်ဟာ အားနည်းချက်တွေကိုအပြန်အလှန်နားလည်းပေးကြလို့ အသက်အရွယ်ရလာသည့်
အထိ သိပ်ချစ်တဲ့သူငယ်ချင်းတွေအဖြစ်ရှိနေတုန်းပါပဲ….ဒီလိုနဲ့ သူတို့ ၂ယောက်ဟာ အိမ်ထောင်တွေကျလို့ သားတစ်ယောက်ဆီလည်းရလာတယ်…
သူတို့သားတွေကလည်း အမေနှစ်ယောက်ချစ်ကြသလို ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်လာပါတယ်…
ဒီမိသားစု(၄)ယောက်ဟာ ခွဲမရဘူးလို့တောင်ပြောလို့ရပါတယ်…သို့ပေမယ့် သားတွေအရွယ်ရောက်လာတဲ့အခါမှာတော့
ခံစားချက်တွေလည်းပြောင်းလဲကုန်တယ်ထင်ပါရဲ့…ခံစားချက်ဆိုတာမျိုးဟာ စည်းတွေဘောင်တွေနဲ့ကန့်သတ်လို့ရလား..သူတို့ဖြစ်နေတဲ့ဟာတွေရောမှန်ရဲ့လား
….ဒါတွေကို ကျွန်တော်တော့မသိဘူး …ခင်ဗျားတို့လည်း ဒီကားကိုကြည့်ပြီး ဘယ်လိုဆုံးဖြတ်မှာလဲ သိချင်မိတယ်…ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့…
မှတ်ချက်…မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းတွေပါလို့ သတိချပ်စေချင်ပါတယ်…
သေတ္တာအမှတ် (၈၈)
⭐N/A
🎬 #crime #cinema #action #drama
🗓️ N/A 🎞️ Movie 📺 1080p
🌎 #Myanmar
⏰ 1 နာရီ 36 မိနစ် 1 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
သာယာအေးချမ်းတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားကြတဲ့ ရဲထက် နဲ့ ဝတီ တို့ရဲ့တစ်ဦးတည်းသောသမီးလေး နွဲ့ရည်...နွဲ့ရည် လေးမှာမိဘတွေရဲ့အုပ်ထိန်းမှုအောက်မှာ
နေလာခဲ့ရင်းဘယ်လိုဖြစ်ပြီးလူကုန်ကူးခံရမလဲဆိုတာ...ယူကျုံးမရဖြစ်ပြီးပူဆွေးသောကရောက်နေတဲ့မိဘနှစ်ပါးရဲ့ဖြစ်ရပ်နဲ့အတူလူကုန်ကူးခံရတဲ့
ကလေးတွေရဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ သေတ္တာအမှတ် ၈၈...
သရုပ်ဆောင်
နေတိုး၊ထွန်းထွန်း၊အိန္ဒြာကျော်ဇင်
ဒါရိုက်တာ
ဝင်းလွင်ထက်
ထုတ်လုပ်ရေး
media7
Kanjoos Makhichoos (2023)
⭐IMDB: 6.4/10 (1 k Votes)
🎬 #Bollywood #Comedy #Drama #Family
🗓️ 2023 🎞️ Movie 📺 720p
🌎 #India
⏰ 1 နာရီ 57 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kanjoos Makhichoos (2023)******************************မင်းသားကြီး ကုနားလ်ခေမူးပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 နဲ့ဒီကားဟာဆိုရင် ရယ်စရာလည်းကောင်း စိတ်အပန်းဖြေစရာလည်းကောင်းပြီးတကယ်ကြည့်သင့်တဲ့ Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။
စော်ဘွားတွေရဲ့မြို့တော်လက်ခနောင်းမှာနေတဲ့ဂျန်မနာဆိုတဲ့လူကကပ်စေးနှဲကော်တရာပါ ဘယ်လောက်တောင်လဲဆိုရင်အမွှေးတိုင်တစ်ထုပ်ကို တစ်နှစ်လောက်ထိချွေတာပြီးသုံးတဲ့လူမျိုးပါ ဒီလိုကပ်စေးကုပ်တာကတော့အကြောင်းရှိပါတယ်။
အဲဒါကတော့သူ့မိဘတွေကိုဘုရားဖူးလိုက်ပို့နိုင်ဖို့ပါပဲဒီလိုနဲ့ပိုက်ဆံစုတာပြည့်လို့မိဘတွေကိုဘုရားဖူးပို့ပြီးချိန်မှာတော့သူတို့ဘဝတွေပြောင်းလဲသွားမဲ့ကိစ္စကြီးတစ်ခုဖြစ်သွားပါတယ်အဲဒါကတော့ကံဆိုးမိုးမှောင်ကျပြီး ဘုရားဖူးသွားတဲ့သူ့မိဘနှစ်ပါးက မိုးကြီးလေကြီးထဲပါသွားလို့ပါပဲ။ဒီလိုနဲ့သေဆုံးသူနစ်နာကြေးအနေနဲ့ အစိုးရကပိုက်ဆံပေးတော့သုံးဖြုန်းပြီးကာမှ မိဘနှစ်ပါးလုံးမသေဘဲပြန်ရောက်လာတဲ့အခါမှာတော့…နစ်နာကြေးငွေတွေကိုသူတို့ဘယ်လိုဆပ်ကြမလဲ ပိုက်ဆံမရှိတော့တဲ့သူတို့အစိုးရကိုဘယ်လိုကွက်ကျော်ရိုက်မလဲဆိုတာကြည့်လိုက်ကြပါဦး။

The Haunting (2023)
⭐TMDB: 0.0% User Score
🎬 #Fantasy #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #Australia #China
⏰ 1 နာရီ 4 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အိမ်ခြံမြေလုပ်ငန်းရှင်Jiang Shuoရဲ့ အိမ်အရောင်းဝယ်လုပ်ငန်းကိုလုပ်ကိုင်ရင်း ကြုံတွေ့ရတဲ့အတွေ့အကြုံလေးအကြောင်းပဲဖြစ်ပါတယ်။
ရေမြေမကောင်းလို့ လာဘ်မကောင်းလို့ သရဲခြောက်လို့ ဆိုပြီးအလောတကြီးရောင်းချင်တဲ့အိမ်တွေကတော့ Jiang shuo ရဲ့အကြိုက်ပါပဲ။Jiangက အဲဒီလိုအိမ်ရှင်တွေဆီကနေပြီး ဗိုက်နာစျေးနဲ့ဝယ်ပြင်ပြင်ဆင်ဆင်လုပ်ပြီး စျေးပြန်မြှင့်ပြီးရောင်းတဲ့အိမ်ခြံမြေလုပ်ငန်းရှင်လူဖျံလေးတစ်ယောက်ပေါ့……
တစ်နေ့မှာတော့ Jiangဆီကို တိုက်ကြီးတစ်တိုက်ကိုစျေးပေါပေါနဲ့လာရောင်းပါတယ်။သူတို့အိမ်သွားကြည့်တဲ့နေ့ဟာ တစ္ဆေပွဲတော်နေ့ဖြစ်ပြီးတိုက်ကြီးမှာနေတဲ့သူတွေက ပူဇော်ပွဲလုပ်နေကြပါတယ်။တိုက်ကြီးမှာနေတဲ့သူတွေက ဖီပါးကုန်းဆိုတဲ့နတ်ကို ကိုးကွယ်ကြသတဲ့။
အိမ်ကြီးကလဲ ကျောချမ်းစရာအပြည့်နဲ့ ခြောက်ချားစရာကြီးနဲ့ဖီပါးကုန်းဆိုတာဘာနတ်မှန်းလဲမသိတော့ Jiang ရဲ့လုပ်ဖော်ကိုင်ဖက်ကမဝယ်ဖို့တားတာပေါ့။ဒါပေမယ့် အိမ်ရှင်ကစျေးကိုအဆမတန်လျှော့ပေးတော့စျေးပေါတာကြိုက်တဲ့ Jiang တစ်ယောက်ဝယ်လိုက်ပါလေရော…..သူ့လက်ထဲကိုအိမ်ကြီးရောက်လာပြီးမှ ဖီးပါးကုန်းရဲ့ကျိန်စာကြောင့်သေတယ်ဆိုပြီး လူတွေဆက်တိုက်သေလာပါတယ်……ရှေ့ဆက်ပြီးကျန်းတို့အဖွဲ့ဘာတွေကြုံတွေ့ကြရမလဲ……လူတွေသေရတဲ့နောက်ကွယ်ကအမှန်တရားကရောဘာတွေဖြစ်နေမလဲ……ကျန်းတို့အဖွဲ့ကဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုခြောက်ချားစရာတွေကြားမှာဟာသလေးနှောပြီး စိတ်ဝင်စားဖွယ်ကြည့်ရမှာဖြစ်ပါတယ်။
Johnny & Clyde (2023)
⭐IMDB: 3.0/10 (95 Votes)
🎬 #Action #Thriller
🗓️ 2023 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Johnny & Clyde (2023)
ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလိုMegan Foxလည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။
အဲဒီကာစီနိုကို ဦးစီးတဲ့လူက မီဂန်ဖောက်ရဲ့ ဇာတ်ကောင်။ သူလည်း အရူးပဲ။ သတ်ချင်တဲ့လူကို သတ်ချင်သလိုသတ်နေတဲ့အပြင် ကာစီနိုကို ကာကွယ်ဖို့ ဟိုးရှေးကတည်းက ရှိနေတဲ့ နတ်ဆိုးလိုလို သေမင်းလိုလိုတစ်ကောင်ကို အောက်လမ်းနဲ့ ထိန်းချုပ်ပြီး ခိုင်းထားတယ်။
ဒီမှာ ဓားပြလာတိုက်ချင်နေတဲ့ အရူးတစ်အုပ်နဲ့ ကာစီနိုကိုဦးစီးနေတဲ့ အရူးတစ်အုပ် အရူးချင်းဆော်ကြတာကိုမှ နတ်ဆိုးက ဝင်မွှေးထားသေးတဲ့ အရူးဇာတ်ပါပဲ။ ဒါကြီးကို ကြည့်ရင်း အားလုံးရူးကြောင်မူးကြောင်ဖြစ်သွားကြမှာမို့ ရူးစေချင်တဲ့ စေတနာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုဆိုဆို မီဂန်ဖောက်အလှအပတွေကို ခံစားရမှာမို့ ကြည့်ရင်း ရူးသွားလည်း ရူးပျော်တဲ့ကားလေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုLuciferမှ ပြန်ဆို ရေးသားထားပါတယ်)
Of Mice and Men (1992)
⭐IMDB: 7.5/10 (45 k Votes)
🎬 #Drama #Western
🗓️ 1992 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 1 နာရီ 51 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Of Mice and Men (1992)
~ IMDb – 7.5/10, Rotten Tomatoes – 97% ~
အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။
ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။
ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့…
လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့…
လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။
ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။
ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။
ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။
(ဒီဇာတ်ကားနဲ့အညွှန်းကိုThaman Myintမှ ပြန်ဆို ရေးသားထားပါတယ်)
Johnny & Clyde (2023)
⭐IMDB: 3.0/10 (95 Votes)
🎬 #Action #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Johnny & Clyde (2023)
ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလိုMegan Foxလည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။
အဲဒီကာစီနိုကို ဦးစီးတဲ့လူက မီဂန်ဖောက်ရဲ့ ဇာတ်ကောင်။ သူလည်း အရူးပဲ။ သတ်ချင်တဲ့လူကို သတ်ချင်သလိုသတ်နေတဲ့အပြင် ကာစီနိုကို ကာကွယ်ဖို့ ဟိုးရှေးကတည်းက ရှိနေတဲ့ နတ်ဆိုးလိုလို သေမင်းလိုလိုတစ်ကောင်ကို အောက်လမ်းနဲ့ ထိန်းချုပ်ပြီး ခိုင်းထားတယ်။
ဒီမှာ ဓားပြလာတိုက်ချင်နေတဲ့ အရူးတစ်အုပ်နဲ့ ကာစီနိုကိုဦးစီးနေတဲ့ အရူးတစ်အုပ် အရူးချင်းဆော်ကြတာကိုမှ နတ်ဆိုးက ဝင်မွှေးထားသေးတဲ့ အရူးဇာတ်ပါပဲ။ ဒါကြီးကို ကြည့်ရင်း အားလုံးရူးကြောင်မူးကြောင်ဖြစ်သွားကြမှာမို့ ရူးစေချင်တဲ့ စေတနာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုဆိုဆို မီဂန်ဖောက်အလှအပတွေကို ခံစားရမှာမို့ ကြည့်ရင်း ရူးသွားလည်း ရူးပျော်တဲ့ကားလေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုLuciferမှ ပြန်ဆို ရေးသားထားပါတယ်)
One Piece Film: Red (2022)
⭐IMDB: 6.7/10 (10 k Votes)
🎬 #Action #Adventure #Animation #Fantasy
🗓️ 2022 🎞️ Movie 📺 720p
🌎 #Japan
⏰ 1 နာရီ 55 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
One piece red film……………………………IMDb 6.9/10Rotten Tomatoes 95%
ဒီကားကတော့ One Piece Animation Movieတွေရဲ့၁၅ကားမြောက်ရုပ်ရှင်ပါ။မထွက်ခင်ကတည်းက ပရိသတ်တွေကြား တော်တော်ကိုhypeခဲ့ကြသလိုထွက်လာတော့လည်း Jujutsu no Kaisen movieကို ရုံဝင်ငွေမှာအမေရိကန်ဒေါ်လာ၁၈၀သန်းနဲ့တောက်ချပစ်ခဲ့ပါတယ်။ဒီရုပ်ရှင်ဟာ one piece anine seriesရဲ့အပိုင်း၁၀၀၀ပြည့်မြောက်တဲ့အထိမ်းအမှတ်နဲ့ထုတ်ခဲ့တာပါ။
ဒါပေမဲ့ one piece film red စီးရီးဇာတ်လမ်းနဲ့တော့ဆက်မနေပဲalternate timelineအနေနဲ့(non canon)ပဲရှိပါတယ်။ဆိုတော့ကာ စီးရီးကြည့်ပြီး Shanksရဲ့သမီးက ဘယ်ကပေါ်လာတာလဲစဥ်းစားမနေနဲ့ဗျ။
ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ဖျက်ဆီးခံလိုက်ရပြီလို့လူသိများတဲ့ Elegiaကျွန်းပေါ်မှာနာမည်ကျော်အဆိုတော်မလေး Utaဟာသမိုင်းတွင်လောက်မယ့်ရှိုးပွဲတစ်ခုကိုလုပ်ဖို့စီစဥ်ထားတာကြောင့် ငဖီတို့အဖွဲ့လည်းရှိုးပွဲကြည့်ဖို့ရောက်လာပါတယ်။ရှိုးပွဲကိုရောက်တော့ ငဖီနဲ့ Utaတွေ့ဆုံချိန်မှာ Utaဟာငဖီရဲ့ငယ်သူငယ်ချင်းဖြစ်နေတာကိုသိလိုက်ရပါတယ်။
Utaဟာ သူ့ရဲ့ရှိုးပွဲဟာ ရာသက်ပန်ပျော်ရွှင်စေမယ့်ပွဲဖြစ်စေရမယ်လို့ကြေညာခဲ့ပြီး ရွှေပွဲလာပရိသတ်တွေကိုလည်းဆန်းကြယ်တဲ့ဖျော်ဖြေမှုတွေနဲ့တင်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့သူ့ရဲ့ရှိုးပွဲနောက်ကွယ်မှာတော့ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တစ်ခုဟာစောင့်ကြိုနေပါတယ်။ အဲ့ဒီလျှို့ဝှက်ချက်ကတော့…..
Love and Love Not (2022)
⭐IMDB: 7.2/10 (62 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love and Love Not (2022)
~ IMDb rating – 7.2/10 ~
“ကိုယ်အိမ်ပြန်လာပေးရမယ့်သူ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူတစ်စုံတစ်ယောက်ရှိတာ သိပ်ကောင်းတဲ့ကိစ္စတစ်ခုပဲ…”လမ်းခွဲပြီး ရည်းစားဟောင်းကို Move on မလုပ်နိုင်သေးတဲ့သူတစ်ယောက်ရဲ့ အထီးကျန်မှုကိုမြင်လိုက်ရတဲ့ Dialogue ပေါ့။
2022 တုန်းကထွက်ခဲ့တဲ့ Romance ဇာတ်ကားသစ်ပါ။
ဒါရိုက်တာ Anthony Cally ရဲ့တက်သစ်စသရုပ်ဆောင် Francesco D’Onofrio, Makenna Perkal တို့နဲ့ရိုက်ကူးထားတဲ့ဒီဇာတ်ကားက Romance ဆိုတာထက် Move on Story ဆန်ပါတယ်။
နစ်ကီဆိုတဲ့ နယူးယောက်က ရုပ်ရှင်တည်းဖြတ်ရေးဌာနမှ ာအလုပ်လုပ်နေတဲ့ အသက် ၂၀ ဝန်းကျင်ကောင်လေးဟာ မွေးရပ်မြေ လော့စ်အိန်ဂျလိစ်က ရည်းစားဟောင်းလီလီကို မေ့မရသေးတဲ့သူပေါ့။ သူနဲ့လီလီရဲ့ဇာတ်ကြောင်းကိုတော့ အကျယ်တဝင့်မဖော်ပြထားပါဘူး။ နစ်ကီတို့ရဲ့ နွေရာသီအားလပ်ရက်သူငယ်ချင်းဟောင်းတွေ့ဆုံပွဲက Conversation အရ နစ်ကီနဲ့လီလီတို့ တွဲခဲ့ကြဖူးတယ်။ နစ်ကီရဲ့သူငယ်ချင်းတစ်ယောက်နဲ့ လီလီအတူအိပ်ခဲ့တဲ့ကိစ္စက နစ်ကီကိုအသဲကွဲစေခဲ့တယ်။
နစ်ကီရဲ့မကောင်းတဲ့အချက်တစ်ခုက လိင်ကိစ္စကိုစွဲလမ်းနေတာပါ။ မိသားစုနဲ့ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးမရှိတာရဲ့ သက်ရောက်မှုလည်းဖြစ်နိုင်ပါတယ်။ တခြားတဖက်မှာလည်း နစ်ကီဟာ လီလီနဲ့အတူတူ Commitment ရှိတဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်ချင်တယ်။ သူ့ရဲ့ အားလပ်ရက်အိမ်ပြန်ခရီးဟာ သူမျှော်လင့်သလိုတော့မဖြစ်ခဲ့ပါဘူး….
အနှစ်ချုပ်ရရင် တစ်ခါတလေမှာ Move On လိုက်တာက ကိုယ့်အတွက်ရော ရည်းစားဟောင်းအတွက်ပါ အကောင်းဆုံးအဖြေတစ်ခုဖြစ်နေနိုင်တယ်ဆိုတာပါပဲ။ နစ်ကီ ညတိုင်းအိမ်ပြန်လာဖြစ်မယ့်အကြောင်းရင်းက ဘယ်သူဖြစ်လာမလဲဆိုတာကိုလည်း ဆက်ပြီးကြည့်ရှုလိုက်ပါဦး…
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)