fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Twilight of the Warriors: Walled In (2024) ⭐IMDB: 7.5/10 (1 k Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 5 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Louis Koo ၊ Sammo Hung ၊ Richie Jen ၊ Lam Raymond စတဲ့ဟောင်ကောင်မင်းသားတွေတစ်သီကြီးသရုပ်ဆောင်ထားတဲ့အက်ရှင်ဝေဝေဆာဆာနဲ့ ဟောင်ကောင်မြို့ထဲကသီးခြားတံတိုင်းမြို့အကြောင်းအက်ရှင်ကားကိုတင်ပေးလိုက်ပါပြီ။ ဇာတ်လမ်းကတော့ ၁၉ရာစုနှစ် ဟောင်ကောင်ရဲ့အုပ်ချုပ်ရေးမတည်ငြိမ်တဲ့ကာလကိုအခြေခံထားတာဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာမဟာမိတ်အဖွဲ့က ဟောင်ကောင်ကိုပထမဆုံးခိုလှုံခွင့်ရဆိပ်ကမ်းအဖြစ်သတ်မှတ်လိုက်တဲ့အတွက် ဟောင်ကောင်ကိုခိုလှုံလာတဲ့ဒုက္ခသည်တွေအများကြီးရောက်လာကြတယ်။ ဟောင်ကောင်ရဲ့တစ်ချို့အပိုင်းတွေမှာ အုပ်ချုပ်ရေးမဲ့တဲ့အနေအထားဖြစ်နေတဲ့အတွက်လူမိုက်အုပ်စုဂိုဏ်းတွေဖွဲ့ပြီး ပိုင်နက်ရဖို့ အင်အားပြိုင်တိုက်ခိုက်နေကြတဲ့အချိန်ဖြစ်တယ်။ ဒုက္ခသည်လူငယ်တစ်ယောက်ကလူမိုက်ခေါင်းဆောင်တစ်ယောက်ကို ပြဿနာရှာမိရာကနေပြီးတော့ကျိုလုံတံတိုင်းမြို့ကိုရောက်သွားပြီး ခိုလှုံရာကနေစတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအများကြီးမပြောတော့ပါဘူး မင်းသားကြီးတွေနဲ့အရည်အသွေးရှိရှိရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အတွက်အက်ရှင်ကားကြိုက်သူတွေ ဟောင်ကောင်ဂိုဏ်းစတားကားပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်လို့ပဲပြောပါရစေ။
...

Unseen Enemy (2017) ⭐IMDB: 7.3/10 (296 Votes) 🎬 #Documentary 🗓 2017 🎞 movie 🌎 #UnitedStates #Brazil #Cambodia #China #Congo-Brazzaville #Germany #Liberia #SierraLeone #Singapore #Switzerland #Thailand #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Unseen Enemy (2017)IMDb – 7.3/10Genre – Documentary ကမ္ဘာမှာ လူဦးရေတွေများပွား၊ လူမှုအဆင့်အတန်းတွေမြင့်တက်လို့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ နောက်ကနေကပ်ပါလာတာကတော့ အမျိုးမျိုးသော အမည်မဲ့ကပ်ဘေးများပါပဲ။ရည်ရွယ်ချက်ရှိရှိသော်လည်းကောင်း မတော်တဆသော်လည်းကောင်း ကပ်ဘေးဟေ့လို့ဆိုလိုက်တာနဲ့ရင်စည်းပြီးခံရတာဟာလည်း ဖန်တီးသူလူသားတွေပါပဲ။ လတ်တလောမှာဖြစ်ပွားခဲ့ပြီး၊ ဖြစ်ပွားနေဆဲဖြစ်တဲ့ ကိုဗစ်ဟာ ကမ္ဘာမှာဖြစ်ခဲ့တဲ့ တစ်ခုတည်းသောရောဂါကပ်တော့ မဟုတ်ခဲ့ပါဘူး။ ဆားစ်ရောဂါ၊ H1N1 စသည်ဖြင့် ရောဂါကပ်ဘေးတွေအမြောက်အများမှာအမျိုးမျိုးသော ဖြစ်ရပ်ပေါင်းများစွာနဲ့ ကျွန်မတို့ရင်ဆိုင်ခဲ့ကြရပြီးပါပြီ။ ဒီ Documentary မှာတော့ နာမည်ကြီးရောဂါကပ်တွေမှာ ဘာတွေဖြစ်ခဲ့သလဲ ဘယ်လိုတွေကျော်လွှားခဲ့လဲဘာတွေကဖြစ်စေခဲ့လဲဆိုတာကို ကြည့်ရှုရမှာမို့ ရောဂါကပ်တွေနဲ့ပတ်သတ်တဲ့ အသိဉာဏ်ပြတင်းပေါက်တစ်ချပ်လှပ်ပေးလိုက်နိုင်မယ်လို့မျှော်လင့်ရင်း CM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။
...

Son of Batman (2014) ⭐IMDB: 6.7/10 (31 k Votes) 🎬 #Action #Adventure #Animation #Crime #Drama #Fantasy #Mystery 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Son of Batman (2014)IMDb: 6.7/10Rotten Tomatoes: 64%Genre: Animation/Action/Adventure Son of Batmanဟာ ၂၀၁၄ ခုနှစ်ထွက် DC Animated Original Movies ရဲ့ အခု ၂၀ မြောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ထွက် “Batman and Son” comic ကိုအခြေခံထားတာဖြစ်ပါတယ်။ဘတ်မန်းရဲ့ သားဖြစ်တဲ့ ဒေမီယမ်ဝိန်း ကိုမိတ်ဆက်တဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။အဖေနဲ့သားရဲ့ချစ်စဖွယ် ဇာတ်လမ်းလေးပေါ့ဗျာ 🙂 ဇာတ်ညွှန်းLeague of Assassins ဦးဆောင်နေသူဟာ ရေရှယ်ဂူးလ် ဖြစ်တယ်ဆိုတာကို ဘတ်မန်းနဲ့ မစိမ်းသူတိုင်းသိပါတယ်။ဘရုစ်ဝိန်းဆိုတဲ့ လူတစ်ယောက်မရောက်လာခင်အထိ ဆလိတ်ဝီဆင်လ်(Deathstroke) ဟာရေရှယ်ဂူးလ် ရဲ့ ညာလက်ရုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရုစ်ဝိန်းရောက်လာတဲ့အချိန်မှာတော့ဆလိတ်ကို လက်လွှတ်လိုက်တာသိကြမှာပါ။ တစ်ရက်မှာတော့ ဆလိတ်ဝီဆင်လ်ဟာ ရေရှယ်ဂူးလ်တို့တည်ရှိနေတဲ့နေရာကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်။သေမင်းကိုခဏခဏကလိမ်ကျပြီး အသက်ရှင်ခဲ့တဲ့ ရေရှယ်ဂူးလ် ဟာ ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးခဲ့ပါတယ်။ဒါပေမယ့် မသေပဲလွတ်သွားတဲ့လူနှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ တာလီယာနဲ့ ဒေမီယမ်တို့နှစ်ယောက်ဖြစ်ပါတယ်။ တာလီယာကတော့ရေရှယ်ဂူးလ်ရဲ့သမီးဖြစ်ပြီး ဒေမီယမ်ကတော့ တာလီယာရဲ့သားဖြစ်ပါတယ်။ဒေမီယမ်ရဲ့အဖေကတော့ ဘရုစ်ဝိန်းဖြစ်ပါတယ်။ League of Assassins ပျက်စီးသွားချိန်မှာတော့တာလီယာဟာ ဒေမီယမ်ကို ဘရုစ်လက်ထဲထည့်ဖို့အကြောင်းဖန်လှပါတော့တယ်။ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်၊ ငယ်ငယ်ထဲက လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ဖြစ်ဖို့လေ့ကျင့်ခံထားပေးရတဲ့ကောင်လေးတစ်ယောက်နဲ့ စည်းကမ်းတင်းကြပ်လှတဲ့ သခင်ကိုယ်တော်ဆရာဘတ်တို့နှစ်ယောက်ဘယ်လိုနှစ်ပါးသွားမှာလဲ။ League of Assassins ကိုဖြုတ်ချတာထက်ပိုတဲ့ ရည်ရွယ်ချက်တွေရှိနေတဲ့Deathstroke ကိုသားအဖနှစ်ယောက်ပေါင်းပြီး ဘယ်လိုတိုက်မှာလဲ။
...

Furiosa: A Mad Max Saga (2024) ⭐IMDB: 7.8/10 (89 k Votes) 🎬 #Action #Adventure #SciFi #ScienceFiction #Thriller 🗓 2024 🎞 movie 🌎 #Australia #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 28 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကမ္ဘာကျော် Mad Max ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဖြူရီအိုဆာ လာပါပြီ။ ဒါရိုက်တာ ဂျော့မေလာ ရိုက်ကူးထားပြီး မင်းသမီး အာညာတေလာဂျွိုင်း နဲ့ ခရစ်ဟမ်းဆွာ့တို့ ပါဝင်ထားပါတယ်။ IMDb 7.8 အထိ ရရှိထားတာမို့ ရုံတင်ကားတွေထဲမှာတော့ အကောင်းစားလို့ပြောရမှာပါပဲ။ Mad Max နဲ့ မပူးပေါင်းခင် ဖြူရီအိုဆာရဲ့ ရာဇဝင်ကို ပြန်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။) +++++++++++++++++++++++Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။+++++++++++++++++++++++Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်လောက်က ထွက်ရှိခဲ့တဲ့ Action Movies တွေထဲက သင်ကြည့်ဖူးသမျှ Action Movies တွေထဲမှာ ဘယ်ရုပ်ရှင်ဟာ အကောင်းဆုံးလဲလို့အရင်တွေးကြည့်လိုက်ပါ။ သင်တွေးမိလိုက်တဲ့ ထိုရုပ်ရှင်ထက် ယခု ဒီ Mad Max: Fury Road ရုပ်ရှင်ဟာ ပိုကောင်းတယ်ဆိုတာ သေချာတပ်အပ် ကျွန်တော် ရဲရဲကြီး ပြောဆိုနိုင်ပါတယ်။Mad Max ဆိုတာ ဘယ်သူကို ပြောတာလဲ? Max Rockatansky ဆိုတဲ့ လူတစ်ယောက်ကိုပြောတာပါ။ ဒါဆိုထိုသူက ဘယ်သူလဲ? သူဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အရင်ကားဟောင်း 3 ကားဖြစ်တဲ့ Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ သိခဲ့ပြီး ဖြစ်ပါတယ်။ Max သည် ကမ္ဘာကြီး မပျက်ဆီးခင်က အမှန်တရားရဲ့ဘက်တော်သားလို့အမည်ရတဲ့ ရဲတစ်ဦးဖြစ်ခဲ့သည်။ သူ့တွင် တွယ်တာစရာ မိန်းမနှင့် သားလေးတစ်ဦးပါဝင်သော မိသားစုလေးရှိခဲ့သည်။ ဒါတွေကို ကျွန်တော်တို့ပထမဆုံး Mad Max (1979) တွင် တွေ့ခဲ့ရသည်။ သူသည် ထိုရုပ်ရှင်ထဲတွင် ရဲဌာနမှ အငြိမ်းစားယူရန် မကြာခဏ တောင်းဆိုခဲ့သည်မှာ ထိုမိသားစုလေးအတွက်ပင်ဖြစ်သည်။ သို့သော် ကံမကောင်းခဲ့သော သူ့အတွက် သူ့ရဲ့ ထိုမိသားစုကလေးကို ဆုံးရှုံးရသောအခါ ရုပ်ရှင်ရဲ့The Third Act လောက်မှာ သူ့ရဲ့Antihero တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သော စရိုက်ကို တွေ့မြင်ခဲ့ရပြန်သည်။ ထိုရုပ်ရှင်သည် Director George Miller ရဲ့ပထမဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ သူသည် အရင်က ဆေးကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ $350,000 ဆိုသော Budget ကလေးနဲ့အောင်မြင်သွားချက်က ထိုခေတ်က $100 Million နီးပါးပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် The Blair Witch Project ဆိုသော သရဲကား မထွက်ခင်ထိ Mad Max ရုပ်ရှင်သည် အမြတ်ပမာဏ အများဆုံးရရှိသော ရုပ်ရှင်တစ်ကားဖြစ်ခဲ့လေသည်။ဒုတိယ ဇာတ်ကား Mad Max: Road Warrior (1981) ဇာတ်ကားစတော့ ကမ္ဘာကြီးသည် ပျက်စီးသွားခဲ့ပြီး Max ကိုလည်း လမ်းပေါ်မှာ တစ်ဦးတည်း ဦးတည်ချက်မဲ့ သွားနေသော ခရီးသည်ကြီးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတော့တယ်။ သူသည် မိမိနှင့်မဆိုင်ရင် ဝင်မပါသောသူ ကြမ်းတမ်းသော လောကကြီးတွင် မည်ကဲ့သို့အသက်ဆက်ရှင်ရမည်ကို ကောင်းမွန်စွာ သိသောသူ စကားနည်းသွားသောသူ အဖြစ် ကျွန်တော်တို့သူ့ရဲ့ တည်ငြိမ်သော စရိုက်ကို မြင်ခဲ့ကြရပြန်တယ်။ အစားစရာ၊ ရေ၊ နေထိုင်စရာနေရာတစ်ခု နှင့် Petrol တို့ကို လိုအပ်ချက်သည် ထိုရုပ်ရှင်ရဲ့အဓိက ဇာတ်လမ်းပင်ဖြစ်ခဲ့သည်။ သူ့ရဲ့ခရီးစဉ်ရဲ့တစ်နေရာတွင် သူသည် ဓာတ်ဆီများကို ပိုင်ဆိုင်ထား၍ အခြေတကျ နေထိုင်နေကြသော လူတစ်စုနှင့် ထိုဓာတ်ဆီများကို လိုချင်နေကြသော အကြမ်းဖက်ဒုစရိုက် အုပ်စု တစ်စုတို့ရဲ့ကြားထဲကို ရောက်ရှိခဲ့လေသည်။ ဒီရုပ်ရှင်သည် Mad Max ဆိုသော ဇာတ်ကောင်ကို Icon တစ်ခုအဖြစ် အသွင်ပြောင်းပေးခဲ့သော ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပေ။တတိယ ဇာတ်ကား Mad Max: Beyond Thunderdome (1985) စပြန်တော့လည်း သူ့ကို အရင်ကလို တစ်ဦးတည်း သွားလာနေတဲ့ ခရီးသည်ကြီးတစ်ယောက် အဖြစ်စတင်ခဲ့ကာ မိမိရဲ့ပိုင်ဆိုင်သော အရာများကို လုယူခံရခြင်းမှ ထိုအရာများကို ပြန်လည် လဲယူရန် Society တစ်ခုနှင့် အပေးအယူ လုပ်ခဲ့သည်။ အုပ်ချုပ်မှုဆိုသော ခေါင်းဆောင်ပိုင်းကို လုယူနေကြသော လူများကို သူတွေ့ခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော ကမ္ဘာကြီးရဲ့သရုပ်မှန်လောကကြီးနှင့် ဝေးကွာသောတစ်နေရာတွင် ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး အဖြစ်မှန်ကို မသိခဲ့ကြတဲ့ လူတစ်စုကိုလည်း သူ တွေ့ခဲ့ပြန်သလို ကျွန်တော်တို့လည်း တွေ့ခဲ့...

The Outlaws (2021) ⭐IMDB: 7.7/10 (17 k Votes) 🎬 #Comedy #Crime #Drama #Thriller 🗓 2021 🎞 tv series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 59 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Outlaws Season 1 (2021) အပိုင်း (၁ မှ ၆) အစ/အဆုံး ဘဝမှာ တစ်ခါမှ မသိကျွမ်းဖူးတဲ့အပြင် အသက်မွေးဝမ်းကျောင်းပညာရပ်တွေပါမတူညီကြတဲ့ သူစိမ်း ခုနစ်ယောက် မိမိတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်လူမှုကြွေးပြန်ဆပ်ဖို့အတွက် ဘရစ်စတိုးမြို့မှာ ရှိတဲ့ မြို့ပြအသင်းတိုက်မှာ ပရဟိတလုပ်ငန်းတွေလုပ်ဖို့ပြစ်ဒဏ်ချမှတ်ခံရပြီးမှ အချင်းချင်း ရင်းနှီးလာကြပါတယ် ကံကောင်းချင်တော့ သူတို့ဟာ ငွေသားတွေအပြည့်ပါတဲ့ အိတ်တစ်အိတ်ကိုရှာတွေ့ခဲ့ကြပြီး ဝေစုခွဲယူကြဖို့ စီစဉ်ထားကြပါတယ် ဒါပေမဲ့ သူတို့မသိတာက ဒီငွေထုပ်ကြီးကို အန္တရာယ်ရှိတဲ့ ဒုစရိုက်သမားတချို့ကလည်းအပူတပြင်းလိုက်ရှာနေတယ်ဆိုတာပါပဲ အပိုင်း ၆ ပိုင်း ပါတဲ့ Season 1 ကို BBC က ထုတ်လွှင့်ပြသားထားပြီးBBC One နဲ့ Amazon Studios တို့ရဲ့ ပူးပေါင်းတင်ဆက်မှုဖြစ်တဲ့အပြင်ဇာတ်အိမ်လည်း ခိုင်တာကြောင့် ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်
...

LSD 2: Love, Sex Aur Dhokha 2 (2024) ⭐IMDB: 4.2/10 (2 k Votes) 🎬 #Bollywood #Comedy #Crime #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Sex Aur Dokha 2 (2024)အချစ် တဏှာနှင့် လှည့်စားခြင်းများ ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2010 တုန်းက ထွက်ရှိထားတဲ့Love Sex Aur Dokha ဇာတ်ကားလေးရဲ့ ဒုတိယကားဖြစ်တဲ့ Love Sex Aur Dokha 2 လေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကိုတော့ Dibakar Banerjee က ရိုက်ကူးပေးထားပြီးတော့ သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ပါတယ်အဲဒီထဲကမှ Naagin ဇာတ်ကားထဲမှာ မြွေမင်းသမီးလေး ရှီဗန်ညာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့မင်းသမီးချောလေး Mouni Roy လည်း ပါဝင်တာမလို့ သူ့ရဲ့ပရိသတ်တွေကတော့ လက်မလွတ်တမ်း ကြည့်ရှု့သင့်တယ်နော် ဒီဇာတ်လမ်းထဲမှာဆိုရင် ခေတ်သစ်ဆက်ဆံရေးအရှုပ်‌အထွေးတွေ ခေတ်မီနည်းပညာတိုးတက်လာမှုတွေပါဝင်ပါတယ် ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့လျှို့ဝှက်ကင်မရာတွေနဲ့ မတူညီတဲ့ဇာတ်လမ်းသုံးခုကို အခြေခံထားသလို ခေတ်မီချစ်ခြင်းမေတ္တာ၊ ခင်မင်ရင်းနှီးမှုနှင့်မိမိကိုယ်ကိုရှာဖွေတွေ့ရှိမှုတို့၏ ရှုပ်ထွေးမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘဝကိုသရုပ်ဖော်ရိုက်ကူးထားတာမလို့ ဘာတွေများ စိတ်ဝင်စားစရာကောင်းစွာနဲ့ မြင်တွေ့ရမလဲဆိုတာဒီဇာတ်လမ်းလေးထဲမှာ စောင့်မျှော်ကြည့်ရှု့အားပေးကြပါဦးရှင့် အညွှန်းနဲ့ ဘာသာပြန်ကတော့ Cyrah ဖြစ်ပါတယ်ရှင်
...

Full Metal Jacket (1987) ⭐TMDB: 81% User Score 🎬 #Drama #War 🗓 1987 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Full metal Jacket ( 1987 ) IMDb Rating (8.3) / Rotten Tomatoes (90%) အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။ Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။ ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက...

Thaaram Theertha Koodaram (2023) ⭐IMDB: 7.8/10 (630 Votes) 🎬 #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thaaram Theertha Koodaram (2023) သောကမျက်ရည်စက်များIMDb- 7.8/10 အမေဖြစ်သူက နောက်ယောကျ်ားယူသွားပြီး ပထွေးဖြစ်သူ နှင်ချခံထားရတဲ့အကြွေးနွံနစ်နေတဲ့ အိမ်ခြေရာမဲ့ညီမနှစ်ယောက်။ အခန်းခကလည်း မပေးနိုင်တဲ့အပြင် အကြွေးရှင်တွေကလည်း သတ်မှတ်ရက်အတွင်းအကြွေးကို ဆပ်ဖို အတင်းတိုက်တွန်းနေတဲ့အခြေအနေမှာ သူငှားနေတဲ့အခန်းရဲ့ ဘေးအခန်းကကောင်လေး ဆန်ဂျေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆန်ဂျေးဆိုသူကတော့ နှစ်ကိုယ်ခွဲစိတ်ရောဂါခံစားနေရပြီးတော့ မိသားစုကနေ ပစ်ပယ်ခြင်းကိုခံထားရသူတစ်ဦးပေါ့။ ဒီလိုနဲ့ ဆန်ဂျေးဟာ အိမ်ခြေရာမဲ့ညီမနှစ်ယောက်ကို သူဟာလူမှုစိတ်ဓာတ်အပြည့်အဝရှိသူပါဆိုတာကို သက်သေပြနိုင်ဖို ကူညီပေးဖို ကြိုးစားရင်းနဲ့ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာရိုမန့်စ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တိုပဲဖြစ်ပါတယ်)
...

Sisid Marino (2024) ⭐IMDB: 6.3/10 (34 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 41 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ================== အယ်လ်မာနဲ့ဆူဇန်တို့ဟာ ငယ်ချစ်တွေဖြစ်ပြီး အခုချိန်မှာသာယာတဲ့အိမ်ထောင်တစ်ခုကို တည်ထောင်ထားနိုင်ပါတယ်။ဘ၀မှာတင့်တင့်တယ်တယ်နေနိုင်ဖို့အယ်လ်မာက သင်္ဘောသားအဖြစ်နှစ်တွေကြာ ပင်ပန်းဆင်းရဲခံခဲ့ရပြီး အခုချိန်မှာတော့ ငွေတွေကို ငါးဖမ်းလှေတစ်စီးထောင်၊ကျန်တာတွေကို အစုစပ်လုပ်ငန်းတစ်ခုမှာရှယ်ယာထည့်ထားပါတယ်။ သူတို့ရဲ့သားဦးလေးဟာ ဝမ်းတွင်းပါရောဂါနဲ့သေဆုံးသွားခဲ့တဲ့နောက်မှာတော့ ဆူဇန်ဟာအရူးတစ်ပိုင်းဖြစ်သွားခဲ့ပြီး အဲ့ဒီအဖြစ်ကစလို့ သူတို့ဘ၀ထဲကို ကြမ္မာဂြိုလ်ဆိုးတွေစပြီး ဝင်ရောက်စပြုလာပါတော့တယ်။ သူတို့နှစ်ယောက်ကတော့ လိင်ကိစ္စကို coping mechanism တစ်ခုအဖြစ်အသုံးချပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးနဲ့ကင်းကွာလာတဲ့နောက်မှာတော့..။ဒီဇာတ်ကားမှာလည်း Vivamax ရဲ့မျက်နှာသစ် မျက်နှာဟောင်းမင်းသမီးလေးတွေအစုံအလင်ပွဲကြမ်းထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Nurse Abi (2024) ⭐IMDB: 5.8/10 (7 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 47 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 =============== ရွိုင်းဟာ ကြေငြာကုမ္ပဏီတစ်ခုရဲ့ ဂရပ်ဖစ်ဒီဇိုင်နာဖြစ်ပြီး လစာနည်းပြီး ဖိအားများလွန်းတာကြောင့်လုပ်ဖော်ကိုင်ဖက်တွေအလုပ်ထွက်ကုန်ကြပြီး သူတစ်ယောက်တည်း ပင်တိုင်တာဝန်ယူပေးနေရပါတယ်။ တစ်နေ့တော့ အလုပ်ပင်ပန်းမှုဒဏ်နဲ့မေ့လဲသွားခဲ့ပြီးနိုးလာတဲ့အချိန်မှာ နတ်သမီးလေးတစ်ပါးကိုတွေ့ခဲ့ပါတယ်။သူအပြည့်အ၀ပြန်သတိရလာချိန်မှာတော့ အဲ့ဒီနတ်သမီးလေးဟာ သူတို့ရုံးခန်းရှိတဲ့အဆောက်အအုံက သူနာပြုမလေးတစ်ယောက်ဖြစ်ပြီး အက်ဘီလို့ခေါ်ကြောင်းသိခဲ့ရပါတယ်။ခြောက်သွေ့ငြီးငွေ့ဖွယ်သူ့ဘ၀ဟာ အက်ဘီကိုတွေ့ခဲ့ပြီးတဲ့နောက်အရောင်တွေစုံလာခဲ့ပြီး မနက်တိုင်းမှာအလုပ်ကိုလာဖို့တွန်းအားတွေအပြည့်နဲ့စိုပြေလာခဲ့ပါတော့တယ်။ ဝါရင့်မင်းသမီးတွေကားရိုက်ကြဲသွားတဲ့နောက်မှာ Vivamax ကမင်းသမီးအသစ်လေးတွေ အင်တိုက်အားတိုက်ထုတ်ပြလာပါတယ်။ဒီဇာတ်ကားမှာတော့ တောင့်တောင့်တင်းတင်းအကိတ်လေးတစ်ယောက်ဖြစ်တဲ့ Alessandra Cruz ကိုမိတ်ဆက်ပေးထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Cita (2024) ⭐IMDB: 6.4/10 (14 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 50 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ============== စီတာက အဖေအရွယ်သစ်သီးခြံပိုင်ရှင်သူဌေးကြီးတစ်ဦးကိုလက်ထပ်ထားတာပေမယ့် ကွယ်ရာမှာသူ့ရဲ့လင်ပါသားဖြစ်သူနဲ့ မရှင်းမရှင်းတွေဖြစ်ပါတယ်။သူဌေးကြီးကလည်း အပြင်မှာကြုံရာစားတတ်တဲ့စရိုက်ရှိသူမို့အချင်းချင်းပြဿနာမရှိပါဘူး။ ဒါပေမယ့်တစ်နေ့မှာ သူဌေးကြီးရဲ့သားက သူဟာ သားအရင်းမဟုတ်ကြောင်းနဲ့ ဒီဘ၀ကနေလွတ်မြောက်စေဖို့အဘိုးကြီးကိုလုပ်ကြံဖို့အတွက် သူ့ကိုတိုင်ပင်လာခဲ့ပါတယ်။သူတို့ရဲ့အကြံအစည်အထမြောက်နိုင်မလား? တကယ်တမ်းဒီထက်ရှုပ်ထွေးတဲ့ ဘယ်လိုပြဿနာတွေက သူတို့ကိုစောင့်ကြိုနေဦးမလဲ?အရင့်အရင်ဇာတ်ကားတွေမှာ မထင်မရှားနေရာတွေကနေ ပါခဲ့ရတဲ့ မင်းသမီးအသစ်လေးနှစ်ဦးကိုစင်တင်မိတ်ဆက်ပေးထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

The Sin (2024) ⭐IMDB: 6.3/10 (95 Votes) 🎬 #Horror #Mystery #Supernatural #Thriller #Fantasy 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 44 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Sin (2024) ************** ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ inter ဘက်မှာ‌ Exhuma ထက် ပိုကောင်းတယ်ဆိုပြီးတော့ Review ပေးခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Kim Yoon Hye, Song Yi-jae, Park Ji-hoon, Lee Sang-ah တို့က အဓိကပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအညွှန်း- သရုပ်ဆောင်ဖြစ်ချင်တဲ့ Shi Young က ‌audition တစ်ခုမှာ အောင်သွားပြီး အကရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ကောင်နေရာကို ရသွားပြီးနောက် ရိုက်ကူးရေးအတွက် ဟိုးတောထဲက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုဆီကို တစ်ယောက်တည်း သွားဖို့ဖြစ်လာပါတော့တယ်။ ကျောင်းကို ‌‌ရောက်ရောက်ချင်းမှာတင် မကောင်းတဲ့ စွမ်းအင်ကို ခံစားမိပြီး စိတ်မသန့်သလိုဖြစ်ပေမဲ့လည်း အဲဒါကို လျစ်လျူရှုပြီး ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းကြီးထဲက မနှိုးလိုက်သင့်တဲ့ အရာတွေရှိနေတာကို မသိလိုက်ဘဲ မတော်တဆ သွားထိမိလိုက်တဲ့ အခါမှာတော့…. အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲ သွားပါတော့တယ် ။ ဒီကားလေးက ရိုးရိုး horror ပုံစံမျိုးမဟုတ်ဘဲ ရိုးရာကျိန်စာတွေ ဖုတ်ကောင်တွေ လူဆိုးဂိုဏ်းတွေ အကျင့်ပျက်ခြစားရဲတွေစသဖြင့် genre မျိုးစုံကိုရောယှက်ပြီး အချိတ်အဆက်မိမိနဲ့ ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာကြောင့် အခန်းတိုင်း အခန်းတိုင်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ Low budget ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ရိုက်ချက်တွေက သိပ်မမိုက်ပေမဲ့လည်း Plot twist တွေက အရမ်းမိုက်သလို Interက သူတွေကလည်း အတော်ကို ညွှန်းကြတဲ့အတွက် Exhuma ထက် တကယ်ကောင်းရဲ့လား ကြည့်ရတာတန်ရဲ့လားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်။ (အညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။)
...

Homefront (2013) ⭐IMDB: 6.5/10 (131 k Votes) 🎬 #Action #Crime #Thriller 🗓 2013 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ အက်ရှင်ပရိတ်သတ်အကြိုက် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Transporter မင်းသား Jason Statham ရဲ့ကားဆိုတော့ ပရိတ်သတ်ကြီးသိတဲ့အတိုင်း အက်ရှင်ကြမ်းကြမ်းရမ်းရမ်းတွေ ကြည့်ရမှာပါ။ မင်းသားက ဒီကားမှာ DEA Agent ဖြစ်ပြီး ဇာတ်လမ်းအစမှာတင် သူက Undercover ဝင်လုပ်နေရာကနေ သူဖမ်းရမယ့် လူဆိုးကိုလည်း မိသွားသလို လူဆိုးရဲ့သားလည်း သေသွားပါတယ်။ အဲ့ဒီမှာ မင်းသားက Undercover အလုပ်ကို စိတ်ကုန်ပြီး အလုပ်က နုတ်ထွက်သွားပြီး တောရွာလေးတစ်ရွာမှာသွားနေပါတယ်။အဲ့ဒီရွာမှာ လူဆိုးဗိုလ်အဖြစ် James Franco က သရုပ်ဆောင်ထားပြီး သမရိုးကျ အက်ရှင်ကားတွေအတိုင်း မင်းသားနဲ့ ဒေသခံတစ်ချို့နဲ့ ပြသ၁နာဖြစ်ကြရာကနေ James Franco က မင်းသားကို DEA မှန်းသိသွားတဲ့ တဲ့အခါမှာ မင်းသားဖမ်းပေးခဲ့တဲ့ လူဆိုးရဲ့ တပည့်တွေကို သတင်းပေးပြီး မင်းသားကို အပြတ်ရှင်းခိုင်းပါတယ်။ အလဲအလှယ်အနေနဲ့ သူရဲ့ ဘိန်းတွေကို လူဆိုးတွေက ဖြန့်ပေးဖို့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းက စတားလုံး၊ မင်းသားက Jason ဆိုတော့ ဇာတ်လမ်းကလည်း ကျွန်တော်တို့ ခေတ်က အက်ရှင်ကားကောင်း တစ်ကားရဲ့ အငွေ့အသက် အပြည့်အဝပါပါတယ်။ မင်းသားကို လူဆိုးတွေက ရန်စမယ် မင်းသားက သည်းခံလို့မရတဲ့အဆုံး ပြန်ချရင်းနဲ့ လူတွေက သူ့အကြောင်း သိမယ်။ လူဆိုးတွေက လက်တုန့်ပြန်တာတွေ၊ ချခန်းတွေနဲ့ ကြည့်လို့ကောင်းတဲ့ကားတစ်ကားပါ။ ဒါပေမယ့် စိတ်တိုင်းမကျတာတစ်ခုက အဓိက ဗီလိန် အဖြစ် James Franco ကို ပါဝင်စေပြီး သူ့ရဲ့ Character ကလည်း တော်တော် ပျော့ပါတယ်။ သရုပ်ဆောင်ကလည်း ကြောက်စရာတစ်စက်မှ မရှိသလို မင်းသားကို ချိန်းခြောက်နိုင်လောက်တဲ့ အရှိန်အဝါလည်းမရှိပါဘူး။ Jason Statham လိုမင်းသားမျိုးနဲ့ James Franco ကို ဆန့်ကျင်ဖက်ထားတာတော့ တော်တော်လေး ညံ့ဖျင်းပါတယ်။ ဒါကလည်း လွဲရင် ကျန်တာပြောစရာမရှိပါဘူး။ Jason ရော James ရော သရုပ်ဆောင်တာ ကောင်းပါတယ်။ အက်ရှင်ကား ပရိတ်သတ်တွေ လက်မလွှတ်သင့်ပါဘူး။ ရုံမှာသွားကြည့်သင့်ပါတယ်။ မိသားစုတူတူ ကြည့်နိုင်ပါတယ်။ Sex Scene တစ်ခန်း ပါပြီး၊ သရုပ်ဆောင် မိန်းကလေးတွေက မပေါ့တပေါ်ဝတ်တာတွေရှိသလို Rated -R ဖြစ်လို့ ကလေးတွေ မိဘ၊ အုပ်ထိန်းသူနဲ့ အတူတူကြည့်သင့်ပါတယ်။ (ရုပ်ရှင်အညွှန်းကိုMovie Previews For Myanmarမှကူးယူဖော်ပြသည်)
...

The Intern: A Summer of Lust (2019) ⭐TMDB: 59% User Score 🎬 #Adult #Drama #Mystery 🗓 2019 🎞 movie 🌎 #Spain ⏰ 1 နာရီ 49 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ထဲမှာ ပါတဲ့ဇာတ်ကောင်တွေက Blaire Ivory၊ Casey Calvert၊ Kali Sudhra၊ Michael Vegas။နာမည်တွေကို သိတဲ့သူတွေလည်း သိလောက်မှာဆိုပေမဲ့ မသိသေးတဲ့သူတွေကဒီရုပ်ရှင်လေးကို အရင်ခံစားကြည့်ပါ။ ပြီးမှ နာမည်တွေရှာပြီး လိုက်ကြည့်ချင်ရင်လည်းကိုယ့်ဝေဒနာနဲ့ကိုယ်ပေါ့။ မက်ဒီဆိုတဲ့ကောင်မလေးက ရှေးရိုးစွဲမိဘတွေဆီမှာမနေနိုင်တော့ဘဲ ဘာစီလိုနာကိုထွက်လာခဲ့တယ်။နာမည်ကြီး အပြာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းရေးရာပိုင်းအလုပ်သင်ဝင်လုပ်တယ်။လွပ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေကို ခံစားနိုင်သမျှခံစားလိုက်တယ်။ တနေ့ မက်ဒီ ရုတ်တရက်ကြီး ပျောက်သွားခဲ့တယ်။ ဒီမှာပဲ ညီမဖြစ်သူ ပေစ်လီ အမေရိကကနေအစ်မဖြစ်သူကိုရှာဖို့ ဘာစီလိုနာကို လိုက်လာခဲ့တယ်။သူ့အစ်မ ဘာတွေဖြစ်ခဲ့လဲ ဘာဖြစ်သွားတာလဲရှာဖွေရင်း ဘ၀ရဲ့အနှစ်သာရကိုဖြည်းဖြည်းချင်း နားလည်သဘောပေါက်လာခဲ့ပုံကို အမိုက်စားရိုက်ကူးတင်ဆက်သွားတာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)
...

Blackmail (2018) ⭐IMDB: 7.1/10 (12 k Votes) 🎬 #Bollywood #Comedy #Drama #Thriller 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating (7.2) မင်းသားကြီး Irrfan Khan ရဲ့  ဒီဇာတ်ကားလေးကတော့  Comedy/Thriller အမျိုးအစားဖြစ်ပြီး တွေ့ရခဲတဲ့ပေါင်းစပ်မှုတချို့နဲ့ စိတ်ဝင်စားစရာရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… သာမန်ရုံးတစ်ခုမှာ သာမန်အလုပ်တွေလောက်ပဲလုပ်ကိုင်နေရပြီး အကြွေးတွေပတ်ချာလည်နေတဲ့ လင်ယောကျာ်းတစ်ယောက် မိသားစုအတွက် ရုန်းကန်ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးယောကျာ်းတစ်ယောက်၊ စီးပွားရေးမပြေလည်သလို အိမ်ထောင်ရေးလဲမသာယာတဲ့ လင်ယောကျာ်းတစ်ယောက်၊ သူများမစားတဲ့အသီးကို ထိုးကျွေးခံလိုက်ရပြီး ကိုယ့်အတွက်လည်းဘာမှအကျိုးမရှိဘဲ ဝဋ်ခံနေရတဲ့လင်ယောကျာ်းတစ်ယောက်အဖြစ် Dav… အိမ်ထောင်ရေးမသာယာတာကြောင့် အိမ်ကိုစောစောမပြန်ဖြစ်ပဲ ရုံးမှာအနေများတဲ့ Dav တစ်ယောက် ကိုယ့်မိန်းမနောက်မီးလင်းနေမှန်းသိရတော့ တော်တော်စိတ်ထိခိုက်သွားပါတယ်။ အရာအားလုံးမအောင်မြင်နေရတဲ့ကြားထဲ မိန်းမဖြစ်သူကပါ စည်းမစောင့်တော့တာ သိရှိသွားချိန်မှာတော့ Dav တစ်ယောက် ဘယ်လိုတွေလက်စားပြန်ချေဖို့ကြိုးစားမလဲဆိုတာ…။ ဟာသလေးတွေနှောပြီး ရိုက်ကူးထားတဲ့အတွက် ရယ်လည်းရယ်ရပါတယ်။ Irrfan Khan ရဲ့ ထိမိတဲ့ ထုံပေပေမျက်နှာပေးနဲ့ သက်ဝင်ထားတဲ့ Dav တစ်ယောက် ဘယ်လိုတွေအကွက်ချမလဲဆိုတာ ကြည့်လိုက်ကြပါဦး။
...

Somante Krithavu (2023) ⭐IMDB: 6.0/10 (819 Votes) 🎬 #Bollywood #Drama #Comedy 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Somante Krithavu (2023) “လူ့ဂွစာ”IMDb – 6.0/10 စိမ်းစိုတဲ့ လယ်ယာရှုခင်းတွေနဲ့အတူ ကျေးလက်သဘာ၀ကို ဖော်ကျူးထားတဲ့မလေယာလမ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆိုမန်ဆိုတာ စိုက်ပျိုးရေးအရာရှိလူပျိုကြီးတစ်ယောက်။ သဘာ၀တရားကြီးကိုချစ်မြတ်နိုးပြီး အော်ဂဲနစ်ဆိုတာကို ရူးသွပ်သူတစ်ယောက်။ အလိမ်အညာစကားမဆိုဘဲ အလုပ်ကိုရိုးသားကြိုးစားစွာနဲ့လုပ်ကိုင်နေသူတစ်ယောက်ဆိုလည်းဟုတ်။သူတင်မကဘဲ သူ့မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဓာတုဆေးပါတဲ့ အစားအသောက်အသုံးအဆောင်တွေကိုမသုံးစွဲဖို့ လိုက်တားမြစ်ပြီးဆုံးမနေတဲ့အတွက်တစ်ရွာလုံးနဲ့တစ်ယောက်ဆိုသလို သူ့ကိုအမြင်မကြည်ကြပါဘူး။ ဖြစ်ချင်တော့ သူ့သစ်တောရုံးက သစ်ပင်တစ်ပင်မှာ တင်ပါးဆုံပုံစံထွက်လာတာကိုကလေးတွေက နောက်ပြောင်ပြီး ဓာတ်ပုံရိုက်လိုက်ကြ အမျိုးသမီးတွေလည်းအဲဒါကိုကြည့်ပြီးရှက်ကြတယ်ဆိုတော့ ရွာလူကြီးက ခုတ်ဖို့စီစဉ်ပါရော။ ဒီမှာပဲ ဆိုမန်တစ်ယောက် သစ်ပင်မခုတ်ဖို့အရေး အစာငတ်ခံဆန္ဒပြပါတော့တယ်။ဒီလိုလူ့ဂွစာဖြစ်နေတဲ့ ဆိုမန်ရဲ့ ဘ၀ရှင်သန်ပုံကို ဟာသလေးနှောပြီးရိုက်ကူးတင်ဆက်ထားတာမို့အပျော်သဘောနဲ့ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Wanderlust (2012) ⭐IMDB: 5.6/10 (81 k Votes) 🎬 #Comedy #Romance 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wanderlust (2012) Paul Rudd ရယ်…Jennifer Aniston နဲ့ အဲ့တုန်းက သူ့ချစ်သူ Justin Theroux တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ကားက Comedy Romance အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပါတယ်… အလုပ်အကိုင်မရှိတော့လို့ ဓာတ်ကျနေတဲ့ စုံတွဲတစ်တွဲဟာ ဒီကမ္ဘာမှာ ကိုယ့်ကိုပျော်ရွှင်စေမယ့် တခြားရှင်သန်နေထိုင်မှုပုံစံတမျိုးမျိုးကိုရှာဖွေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်.. ဒါကြောင့်မလို့ နယူးယောက်ကနေ တင်နက်ဆီ ပြည်နယ်က ဟစ်ပီရွာလေးမှာ သွားနေထိုင်ရင်း မတူကွဲပြားတဲ့လူတွေကြား အလွဲလွဲအချော်ချော်ဖြစ်ကြရင်း အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိကြမလားဆိုတာ
...

Maharaj (2024) ⭐IMDB: 6.0/10 (903 Votes) 🎬 #Biography #Bollywood #Crime #Drama #History #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #India ⏰ 2 နာရီ 11 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maharaj (2024)“အများနဲ့တစ်ယောက်” IMDb 6.4 ဖြစ်ရပ်မှန် အမှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့စိတ်ဝင်စားစရာ ဒရာမာရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ကျွန်တော်တို့ငယ်ငယ်က မိဘဘိုးဘွားတွေကို ဘာသာတရား၊ ဓလေ့ထုံးတမ်းတို့ကိုအကျအနကောက်ပြီး တန်ပြန်မေးခွန်းထုတ်လာတဲ့အခါကျ “ငရဲကြီးမယ် မမေးရဘူး” လို့ အပြောခံရဖူးမှာပါ ဒီလို အများနဲ့တစ်ယောက်ဆန်ဆန် အတွေးအခေါ်နဲ့ လက်တွေ့တရားကိုသာဆုပ်ကိုင်ထားသူ၊ရှေးရိုးစွဲတွေကို မျက်စိဆံပင်မွှေးစူးနေတဲ့လူကတော့ ဂျာနယ်လစ် ကာဆန်ပါပဲ သူဟာ ၁၈၆၀ အိန္ဒိယလို ရှေးရိုးစွဲအယူဝါဒများလွန်းတဲ့ နိုင်ငံမှာ ၊ မုဆိုးမများကိုတန်းညီဆက်ဆံရေး၊ ခေတ်သစ်အတွေးအခေါ်တို့ကို ဟောပြောရေးသားလေ့ရှိပြီးချစ်ရသော ဇနီးလောင်း ကီရှိုရီကတော့ မိရိုးဖလာ ဓလေ့တို့ကို မျက်စိစုံမှိတ်ယုံကြည်သူတစ်ယောက် ‘ဟိုလီ’ ဆေးရောင်ခြယ်ပွဲတော်နေ့မှာ သူတို့နယ်က လူတိုင်းလေးစားရတဲ့ ဂုရုတစ်ပါးဖြစ်တဲ့ ဂျေဂျေဟာ“ချာရန်စီဗာ” ဆိုတဲ့ ခြေလက်ဆေးကြောအရိုအသေပေးတဲ့ အမှုကိုပြုဖို့ အပျိုစင်ဖြစ်သူ ကီရှိုရီကို ရွေးချယ်လိုက်တယ် လူတိုင်းလေးစားရတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဟာ ဘာသာတရားအမည်ခံပြီးကီရှိုရီ့ကို မဖွယ်မရာလုပ်နေတာ ကာဆန်တစ်ယောက် မြင်သွားတဲ့အခါမှာတော့ … ဘယ်လိုတွေဆက်ဖြစ်မှာလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
...

Purple Butterfly (2003) ⭐TMDB: 66% User Score 🎬 #Drama #History #War 🗓 2003 🎞 movie 🌎 #China #France #HongKong ⏰ 2 နာရီ 3 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Purple Butterfly ( 2003 )IMDb – 6.1/10Genre – Drama/History/War ဒီကားကိုရိုက်တဲ့ Lou Yeကို တော်တော်များများကတော့ Suzhou Riverတို့ Summer Palaceတို့နဲ့ သိကြမှာပါပဲ။လုရီဟာ ပြည်မကြီးက ဒါရိုက်တာဖြစ်သလို ခြောက်ဆက်မြောက်မျိုးဆက်ဒါရိုက်တာလည်း ဟုတ်တယ်။Chen Kaigeတို့ Zhang Yimouတို့ရဲ့ နောက်တစ်ဆက် Jia Zhangkeတို့အဆက်ပေါ့။ ဒီမျိုးဆက်က အချိုးအကွေ့တော့ ကြီးတယ်ပြောရမလားပဲ။ ချန်ကေ့တို့ ကျန်းရိမူတို့ အဆက်နဲ့အကြောင်းအရာရော တင်ဆက်ပုံရော တော်တော်လေးကွဲပြားသွားတယ်။ဒီလိုဆန်းသစ်မှုတွေနဲ့ ပြည်မနဲ့ရဲ့ ပြဿနာလည်း တော်တော်လေးပေါ်လာတယ်။လုရီရဲ့ ပထမဆုံးကားဖြစ်တဲ့ Weekend Loverကလည်း အပိတ်ခံရသလို Suzhou Riverကလည်း အပိတ်ခံခဲ့ရတယ်။သူလည်း ရုပ်ရှင်ရိုက်ခွင့် ၂နှစ်အပိတ်ခံခဲ့ရလို့ ၂၀၀၃မှာမှ တတိယကားဖြစ်တဲ့ Purple Butterflyနဲ့ ပြန်ပေါ်လာခဲ့တယ်။ ဒီတစ်ခါတော့ သူနည်းနည်း သတိကြီးသွားတယ်ထင်တာပဲ ဒီကားမှာ သူသုံးထားတဲ့ မင်းသမီးက ကျန်းကျိရီ။လိင်မှုခန်းတွေလည်းတော်တော်ပါသင့်တဲ့ကား။ ဒါပေမဲ့ ပါသင့်သလောက်မပါဘူးဖြစ်သွားတယ်။ကျန်းကျိရီကိုသာ ဝေါင်ကာဝေး၂၀၄၆မှာသုံးခဲ့တဲ့ အနေလောက်ရိုက်ပြခဲ့ရင်တော့ ပိုဂျွတ်သွားမှာပဲ။ဒါပေမဲ့လည်း ဒီလောက်နဲ့တောင် ကျန်းကျိရီဟာ ရင်သပ်ရှုမောဖြစ်စရာကောင်းလွန်းတယ်။ ဇာတ်ကတော့ ဂျပန်တွေ တရုတ်ပြည်ကို ကျူးကျော်လာတဲ့အချိန်နားမှာပဲစတယ်။Second Sino-Japanese War အစပျိုးတော့မယ့် ကာလမှာပေါ့။ ဒီကာလက ဂျပန်ဆန့်ကျင်တဲ့တော်လှန်ရေးသမားတွေရယ် စပိုင်တွေရယ် ဂျပန်ဘက်က ထောက်လှမ်းရေးတွေရယ်ရဲ့ အားပြိုင်မှုကိုအချစ်ဇာတ်လမ်းတစ်ပုဒ်နဲ့ အတူတူသွတ်သွင်းထားတာ။ ဒီလိုမျိုး ခပ်ဆင်ဆင်ကြည့်ဖူးတယ်မလား။ အန်းလီရဲ့ Lust Caution။ ခေတ်တော့အတူတူပဲ။ ဒါပေမဲ့ Purple Butterfly ကတော့အစပြုတော့မယ့်ကာလမှာ ဇာတ်အိမ်တည်ထားပြီး Lust Cautionကတော့ ဖြစ်နေတဲ့ကာလတွေအရှိန်အဟုန်ကောင်းနေတဲ့ကာလတွေမှာ တည်ထားတယ်။ ဒါပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေးဆင်တယ်။တင်ဆက်ပုံတော့ တော်တော်ကွဲပြားတယ်။ ပြောရရင် အန်းလီရဲ့ Lust Cautionကိုပဲ တခြားဟန်နဲ့ ခေတ်နည်းနည်းစောပြီးတင်ဆက်သလိုလိုတော့ဖြစ်နေတယ်။ အတိအကျတော့မဟုတ်ပေမဲ့ပေါ့။ဒီကားက အန်းလီကားထက် ၄နှစ်စောပေမဲ့ Lust Cautionကတော့ မသိသူမရှိတာမို့ ဒီလိုပဲ ဥပမာပြရမှာပဲ။Lou Yeရဲ့ အိပ်မက်ဆန်တဲ့အခင်းအကျင်းမှာ ဇာတ်ကောင်တွေရဲ့ ဒွိဟတွေရော အချစ်တွေရော တာဝန်တွေရောရောထွေးနေတာတွေက အန်းလီတင်ဆက်သလိုမျိုး ပြေပြေပျစ်ပျစ်ခေါင်းထဲဝင်သွားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ဇာတ်အိမ်က အန်းလီလောက်မကျစ်လစ်နေတာတောင် လုရီရဲ့အိပ်မက်ဆန်တဲ့အခင်းအကျင်းကရတဲ့အရသာကလည်း အန်းလီအောက်မနိမ့်ဘူး။ ကျန်းကျိရီဟာလည်း ထျန်းဝေလောက်တော့ဈာန်ဝင်ခွင့် ဖမ်းစားခွင့်မရခဲ့ပေမဲ့ ကျန်းကျိရီရဲ့ လျှပ်တစ်ပြက်ရုပ်ပုံလွှာတွေဟာကျွန်တော်တို့အတွက် သူယောင်မယ်ကို အိပ်မက်မက်ရသလို အတွေးထဲ စိုးနိုင်ခဲ့တယ်။
...

Rudy (1993) ⭐TMDB: 74% User Score 🎬 #Biography #Drama #Sport #History 🗓 1993 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rudy 1993 ဟာ sport/family အမျိုးအစားဖြစ်ပြီးတော့ iMDB 7.5 ရရှိထားတဲ့ကား‌ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ Rotten Tomatoes ကလည်း 77% တောင်ရှိတာဆိုတော့ရုပ်ရှင်ပရိသတ်တွေလုံးဝ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ပုဒ်လို့ပြောရမယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီဆိုတဲ့ကောင်လေးတစ်ယောက်ဟာ နော်ထရီဒိန်းမှာဘောလုံးကစားသမား ဖြစ်ချင်ပေမယ့်ကျူရှင်ဖိုးမတတ်နိုင် စာတော်တဲ့အထဲလည်းမပါ‌တော့ သူ့အနေနဲ့ အိပ်မက်ကို အကောင်ထည်ဖော်နိုင်ဖို့ဘယ်လိုကြိုးစားမလဲ၊ အခက်ခဲတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာကို မြင်တွေ့ရမှာပါ။ဇာတ်လမ်း ဇာတ်ကွက်လည်း ကောင်းပြီး ပရိသတ်တွေကို motivation ကောင်းကောင်းပေးနိုင်မယ့်ရုပ်ရှင်တစ်ပုဒ်လို့လည်း ပြောလို့ရတယ်။ ရူဒီဇာတ်ကောင်ရဲ့ မလျှော့သော ဇွဲ၊ စိတ်အားထက်သန်မှု၊ ရလိုစိတ်ပြင်းပြမှုတွေနဲ့အတူပျင်းဖို့အချိန်မရှိရလောက်အောင် ဇာတ်ရှိန်ကိုဆွဲခေါ်နိုင်တဲ့ကားမို့ ပရိသတ်တို့အကြိုက်တွေ့မှာသေချာပါတယ်။
...