ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Once Upon a Time in Asia (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 9 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1990 ခုနှစ် အလယ်ပိုင်းလောက်မှာ တရုတ်အရှေ့မြောက်ပိုင်းကရှဲ့ဝိန်တုန်းဟာ အရှေ့တောင်အာရှမှာ အိမ်ခြံမြေလုပ်ငန်းလုပ်ပြီးအရှိန်အဟုန်မြင့်စွာ တိုးတက်လာပါတယ်။ အဲဒါကြောင့်မကျေနပ်သူတွေ ရှိလာခဲ့ပြီး ဇနီးလောင်းကအသတ်ခံခဲ့ရပြီး အမေဖြစ်သူက စိတ်ရောဂါ ရသွားခဲ့ပါတယ်။ ဇာတိကိုပဲ ပြန်နေချင်တဲ့ အမေ့ကို အဖော်ပြုပြီး ရှဲ့ဝိန်တုန်းတစ်ယောက်နာမည်ပြောင်းပြီး တရုတ်အရှေ့မြောက်ပိုင်းက သစ်သားစက်ရုံတစ်ခုမှာအလုပ်လုပ်နေခဲ့ပါတယ်။ စက်ရုံပိုင်ရှင်ရဲ့ ညီမလေးဖြစ်သူဝမ်ကျီဟန်က စကားနည်းတဲ့ ရှဲ့ဝိန်တုန်းအပေါ် မေတ္တာတွေ ပိုနေခဲ့ပါတယ်။ အဲဒီအကြောင်းကို ဝမ်ကျီဟန်ကို သဘောကျနေတဲ့ အစ်ကိုပါးက သိသွားတဲ့အခါရှဲ့ဝိန်တုန်းနဲ့ အမေဖြစ်သူကို ပြဿနာ လုပ်ပါတော့တယ်။တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှမှာ ရှိနေတဲ့ချန်ပိုင်ချန်ကလည်း ရှဲ့ဝိန်တုန်းကို လိုက်ရှာနေပါသေးတယ်။ အရှေ့ရော အနောက်ရော ရန်သူတွေနဲ့ ပြည့်နေတဲ့ရှဲ့ဝိန်တုန်းတစ်ယောက် သူနေချင်တဲ့ သာမန်ဘဝမျိုးမှာ နေခွင့်ရမလား……ဘယ်လို အန္တရာယ်မျိုးတွေကို ကြုံတွေ ဖြတ်ကျော်ရမလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။...
The Hidden Fox (2022) ⭐TMDB: 61% User Score 🎬 #Action #Drama #Martial #Fantasy 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 45 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဂန္တဝင်စာရေးဆရာကြီး Jin Yong ရဲ့Fox Volant of the Snowy Mountain ( နှင်းတောင်သူရဲကောင်း )ဇာတ်လမ်းတွဲကိုMovie Version အဖြစ် |ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကလီဇီချန်ဘုရင်ရဲ့ ထူးခြားအံ့ဩဖွယ်ရတနာတစ်ပါးကြောင့် မြောင်ရန်ဖုန်းဆိုတဲ့မြောင်မျိုးနွယ်သူရဲကောင်းနဲ့စောင့်ရှောက်သူဟူတို့ကြား မသင့်မြတ်မှုနဲ့အတူတိုက်ပွဲတစ်ခုဖြစ်ခဲ့ပြီး၂ဦးလုံး ထူးဆန်းစွာ အသက်ဆုံးရှုံးခဲ့ရတယ်… နောက်တော့ ရတနာနဲ့အတူမြေပုံရော သော့ပါ ပျောက်ဆုံးသွားခဲ့တာ၁၀ နှစိကျော်အားလုံးလိုက်ရှာခဲ့ပြီးနောက်မှာတော့ရတနာမြေပုံ လမ်းစရလို့ သူရဲကောင်း ၈ဦး မြေပုံရှိရာဖေးဟူတောင်ကို ချီတက်ခဲ့တဲ့ခရီးသွားမှတ်တမ်းလေးကိုတင်ဆက်ထားတာပါ… မြောင်နဲ့ ဟူ ဘယ်လို သေသွားတာလဲ…သူတို့ဆက်ခံသူတွေရောမြေပုံလမ်းစမသိဘူးလားဒါမှမဟုတ် ဆက်ခံသူပါ ပျောက်ဆုံးသွားတာလား… ဒါဆိုသူတို့ချင်းမသင့်မြတ်ကြရာက သေတာရော ဟုတ်ရဲ့လား…နောက်ပြီးဘာလို့သူရဲကောင်း ၈ ဦးကပဲ ဖေးဟူတောင် သွားခဲ့တာလဲ… ဒီလို စိတ်ဝင်စားစရာကောင်းပြီး နာမည်ကြီးကားကို movie version မှာဘယ်လိုပုံဖော်ထားတယ် သိရအောင် အမြန်လေး ဒေါင်းကြည့်လိုက်ကြပါတော့...
The Lion Roars (2002) ⭐TMDB: 61% User Score 🎬 #Comedy 🗓 2002 🎞 movie 🌎 #China ⏰ 1 နာရီ 41 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Cecilia Cheung ၊ Louis Koo နဲ့ Fang Bingbing တို့ရဲ့2002 ခုနှစ်မှာထွက်ရှိခဲ့တဲ့ဟောင်ကောင်အချစ်ဟာသဇာတ်ကားလေးပြန်တင်ပေးလိုက်ပါတယ်။စုန့်ခေတ်ကိုအခြေခံထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။အစ်ကိုကြီးနဲ့နှစ်ယောက်ထဲကြီးပြင်းလာတဲ့ လျိုယွဲ့အော်ကကြမ်းတမ်းတဲ့အကျင့်စရိုက်ရှိတဲ့အတွက်ကြောင့်ကြင်ဖက်ရှာတဲ့နေရာမှာမအောင်မြင်နိုင်ဖြစ်နေခဲ့တယ်။ တစ်နေ့မှာ နူးညံ့တဲ့စာပေသမားကဗျာဆရာတစ်ယောက်နဲ့တွေ့တော့ ချစ်မိသွားခဲ့တယ်။နန်းတွင်းကဂုဏ်ပြုပွဲတစ်ညမှာ ဘုရင်ကြီးကသူတို့နှစ်ယောက်ကိုလက်ဆက်ပေးလိုက်တဲ့အခါ အကျင့်စရိုက်ဆန့်ကျင်ဘက်ရှိတဲ့သူနှစ်ယောက်ဟာအကြင်လင်မယားတွေဖြစ်သွားကြတယ်။သူတို့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေပါ့မလား……အဲဒီအချိန်မှာပဲ ယုန်မိစ္ဆာယောင်ဆောင်တဲ့ မင်းသမီးတစ်ယောက်ကကဗျာဆရာလေးကို အပိုင်ကြံချင်လာတော့သူတို့ရဲ့ ၃ပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာမလဲ...
Crisis Negotiators (2024) ⭐TMDB: 70% User Score 🎬 #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းကတော့အမှုတစ်ခုဖြစ်တိုင်း ပြစ်မှုကျူးလွန်သူတွေလက်နက်မချ အညံ့မခံတဲ့အခါမျိုးမှာတစ်ဖက်နဲ့တစ်ဖက်ပြန်မတိုက်ခင်ရဲနဲ့ အပြစ်သားကြားမှာညှိနှိုင်းဆွေးနွေးမှုလုပ်ရတာပေါ့။ဒီလိုမှမရတဲ့အဆုံးမှာလက်နက်သုံးတိုက်ခိုက်တဲ့အထိဖြစ်လာကြတာရဲဌာနရဲ့လုပ်ငန်းစဉ်ပါပဲ။ ဒီဇာတ်လမ်းထဲမှာ ကျောဝန်ဝေ၊ရှဲ့ကျားကျွင့်၊ကျန်းရုံကျာတို့က အကျွမ်းကျင်ဆုံးညှိနှိုင်းသူတွေဖြစ်ပြီး ရှဲ့ကျားကျွင့်ကလက်နက်မသုံးသွားပဲတဖက်အပြစ်သားကိုလက်နက်အညံ့ခံလာအောင်လုပ်နိုင်တဲ့အထိ ညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိသူ။ ကျောဝန်ဝေကနည်းနည်းစိတ်ဆတ်သူဖြစ်ပြီးတည့်တိုးညှိနှိုင်းသည့်အဆုံးမရရင် လက်နက်သုံးတိုက်ခိုက်တဲ့အရည်အချင်းရှိသူ။ဒီလိုနဲ့တစ်နေ့မှာရှဲ့ကျားကျွင့်အလုပ်ထွက်သွားပြီးလုပ်အားပေးအနေနဲ့လုပ်နေကာသုံးနှစ်ကြာပျောက်သွားခဲ့တယ်။ ဒီသုံးနှစ်အတွင်းကျောဝန်ဝေနဲ့ကျန်းရုံကျာတို့အတူတူအလုပ်ဆက်လုပ်ကြရင်းတစ်ဖက်မှာ ရဲဌာနလူမှုဖူလုံရေးရန်ပုံငွေအလွဲသုံးစားမှုကိစ္စကို စုံစမ်းနေတယ်။ဒီလိုနဲ့ကျောဝန်ဝေမွေးနေ့မှာ ကျန်းရုံကျာကသဲလွန်စရသွားပြီးနောက်တစ်နေ့ကျောဝန်ဝေကို ရန်ပုံငွေအလွဲသုံးစားလုပ်သူမည်သူဖြစ်ကြောင်းပြောဖို့ချိန်းထားပေမဲ့တဖက်ကတစ်လှမ်းရှေ့ရောက်ပြီး ကျန်းရုံကျာကိုသတ်သွားခဲ့တယ် ။ဒီလိုနဲ့ ကျောဝန်ဝေကိုစွပ်စွဲပြီးဖမ်းဆီးစစ်ဆေးမေးမြန်းခဲ့ရာဘယ်လိုတွေဖြစ်လာမလဲ။ ဒီလိုအမှန်တရားကိုမြတ်နိုးပြီး အမြဲတမ်းတည့်တိုးပြောတတ်တဲ့ ကျောဝန်ဝေတစ်ယောက်ဘယ်လိုဒီအမှုကိုဖော်ထုတ်မလဲဆိုတာတော့ဒီဇာတ်လမ်းလေးကို ဆက်လက်စောင့်မျှော်ကြည့်ရူလိုက်ရအောင်...
Mulan Legend (2020) ⭐TMDB: 59% User Score 🎬 #Action #Romance 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 34 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ရာဇဝင်တွေထဲက နာမည်ကြီးအမျိုးသမီးစစ်သူကြီးဟွားမုလန်ကိုအားလုံးကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားလေးကတော့စစ်သူကြီိးဟွားမုလန်ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေထဲကတစ်ခုကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့အေဒီ၄၃၀လောက်မှာ ရိုရန်မျိုးနွယ်တွေက စတင်တိုက်ခိုက်မှုတွေလုပ်လာပြီးမြောက်ပိုင်းဝေ့တိုင်းပြည့်ရဲ့ ယွင်ကျုံးမြို့ကိုသိမ်းပိုက်ခဲ့ပါတယ် ။ ဒီလိုအရိုင်းဆန်ပြီးရင်ဆိုင်ရခက်တဲ့ ရိုရန်မျိုးနွယ်စုကိုနှိမ်နင်းဖို့အတွက်မြောက်ပိုင်းဝေ့ပြည်ဟာ မြောက်ပိုင်းလျန်နဲ့ ထိမ်းမြားပြီးမဟာမိတ်ယူဖို့ကြိုးစားပါတော့တယ် ။ ကံကြမ္မာက မျက်နှာသာမပေးရှာတော့ မြောက်ပိုင်းဝေ့ပြည်ရဲ့ မင်္ဂလာဆောင်ရမဲ့မင်းသမီးကို လမ်းတစ်ဝက်တင် ရိုရန်လူမျိုးတွေက ဖမ်းသွားပါတော့တယ်။ဒီလိုနဲ့မင်းသမီးကိုကာကွယ်ဖို့တာဝန်ရထားတဲ့ စစ်သူကြီးဟွားမုလန်ဟာတာဝန်မကျေပွန်မှုနဲ့ သေမိန့်ချခံလိုက်ရပါတယ် ။ဟွားမုလန်ကိုသေမိန့်မချခင် ရိုရန်လူမျိုးတွေက သူတို့ဆီစာပါးပြီးမြောက်ပိုင်းဝေ့ပြည်ရဲ့ မြို့၁၀မြို့ကို အပိုင်ပေးရင်ပေးမပေးရင်မင်းသမီးကိုသတ်မယ်ဆိုပြီး ချိန်းခြောက်လာချိန်မှာတော..ဟွားမုလန်နဲ့သူ့စစ်သည်တွေရဲ့ မင်းသမီးကယ်ဆယ်ရေးခရီးစဉ်ကြီးစတင်ခဲ့ပါတော့တယ်...
Day Dreaming (2024) ⭐TMDB: 71% User Score 🎬 #Comedy #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 38 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့ကို ကျူးထုံမူလတန်းကျောင်းသားလေးရဲ့တစ်နေ့တာ စိတ်ကူးယဉ်အိပ်မက် ခရီးစဉ်ကို ရိုက်ကူးပြထားတဲ့ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဖေဖေမေမေတို့အတွက် ကလေးကို ကျောင်းပြောင်းပေးတာ လွယ်ကူပေမယ်…ကျောင်းသစ်တစ်ခုကို ရောက်သွားတဲ့ ကလေးတစ်ယောက် ဘယ်လိုဒုက္ခတွေရင်ဆိုင်ရတယ် ဆိုတာလေးကို ဟာသနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ.. ကလေးတစ်ယောက်က ဘာမှနားမလည်သေးပေမယ့်လည်းသူနားလည်တဲ့ပုံစံနဲ့ အရာအားလုံးကို အသစ်အဆန်းတွေကိုပုံဖော်ပုံလေးတွေလည်း စိတ်ဝင်စားဖို့ကောင်းသလို..ကျောင်းသားချင်း ဆက်ဆံရေး၊ ကျောင်းသား ဆရာ ဆက်ဆံရေး၊ဆရာချင်း ဆက်ဆံရေး၊ မိဘဆရာ ဆက်ဆံရေး အားလုံးကိုနည်းနည်းချင်းစီ ပုံဖော်ပြထားတာလေးလည်း စိတ်ဝင်စားဖို့ကောင်းနေပြန်ရော… Baby’s Day Out လိုမျိုးပဲ မူလတန်း တတိယနှစ်ကျောင်းသားလေးတစ်ယောက်ရဲ့သူ့အမြင် သူ့အတွေး သူ့စိတ်ကူးကို ကလေးရှုထောင့်ကကြည့်ပြီးရိုက်ကူးပြထားတာ အတော်လေး ပြောင်မြောက်တာမို့…ဖေဖေမေမေတို့ပဲဖြစ်ဖြစ် ဦးဦးဒေါ်ဒေါ်တို့ပဲဖြစ်ဖြစ်ဆရာဆရာမတို့ပဲဖြစ်ဖြစ် ကလေးတွေအကြောင်းနားလည်ချင်ရင် ကြည့်သင့်သလို…စိတ်ကူးစိတ်သန်း ကွန့်မြူးချင်ပါတယ်ဆိုရင်လည်းဒီကားလေးကြည့်ပြီး သင်ယူနိုင်ပါလိမ့်မယ်… ဒီတစ်ကားလုံးရဲ့ အားနည်းချက်ကို ပြောရရင် ကြည့်လို့ မဝတာပဲ ဖြစ်လိမ့်မယ်…အတွဲ ၂ ဆက် ရှိမယ်ဆို ကြည့်ချင်ပါသေးတယ်လို့ပြောရလောက်တဲ့ ဇာတ်ကားကောင်းလေးကို အားပေးကြပါဦးနော်...
The Mausoleum Keeper of Yinshan (2024) ⭐TMDB: 80% User Score 🎬 #Action #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 12 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ သင်္ချိုင်းစောင့်သူတွေရဲ့ ရာဇဝင်နဲ့ မြွေပါကတိုးဝါတွေကရှေးဟောင်းသင်္ချိုင်းတွေကို စောင့်ရှောက်ကြတယ်ဆိုတဲ့ဒဏ္ဍာရီကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ – သင်္ချိုင်းစောင့်မိသားစုဖြစ်တဲ့ စစ်အိမ်တော်က မြေးအဖိုးကသင်္ချိုင်းသူခိုးကုလင်နဲ့ပတ်သတ်မိလို့ ဝိညာဉ်ပူးပြီး အဖြစ်ဆိုးနဲ့ကြုံခဲ့ရပါတယ် ၊မြို့ခံတွေပြောပုံအရတော့ ကုလင်က စစ်အိမ်ရဲ့မြေးဖြစ်သူစစ်ယွီရှီးကိုသဘောကျတာကို အဘိုးဖြစ်သူကလက်မခံတာကြောင့် လက်စားချေတယ်လည်းပြောကြပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် စစ်အိမ်တော်က မြေးအဖိုးသေသွားပြီး ၊ဘယ်သူမှမဝင်နိုင်တဲ့ရှေးဟောင်းသင်္ချိုင်းကိုဝင်နိုင်ခဲ့တဲ့ ကုလင်ဆီမှာသင်္ချိုင်းကနေရလာတဲ့ရတနာတွေရှိတယ်ဆိုပြီး သတင်းပျံ့သွားချိန်မှာတော့ရတနာတွေကို မက်မောတဲ့ သင်ွချိုးသူခိုးတွေ အန့်လင်မြို့ကိုရောက်လာပြီးမြို့သူမြို့သားတွေရဲ့ အသက်အန္တာရာယ်ကိုချိန်းခြောက်လာပါတော့တယ် ။ ဇာတ်လမ်းထဲမှာ plot twist တွေနဲ့အတူ ကိုယ်ထင်ထားတာတွေကအမှန်မဟုတ်ဘဲ တစ်မျိုးပြီးတစ်မျိုး မထင်မှတ်ထားတဲ့အပြောင်းအလဲတွေဆက်တိုက်ဖြစ်နေမှာမို့ မပျင်းရမှာသေချာပါတယ်နော်။ဇာတ်ကားလေးထဲမှာပဲ အဆုံးမှာဘယ်လိုတွေဖြစ်သွားလဲဆိုတာကို ကြည့်ရှူ့လိုက်ကြပါဦး...
The Dead and the Deadly (1982) ⭐TMDB: 60% User Score 🎬 #Action #Comedy #Fantasy #Horror 🗓 1982 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 39 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါကတော့ ၁၉၈၂ခုနှစ်မှာ ထွက်ခဲ့တဲ့ ဟုန်ကျင်းပေါင်Sammo Hung ရဲ့သရဲဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အဖိုးလေးနဲ့အတူကြီးပြင်းလာတဲ့ကျူးဟုန်ယိဟာ အလုပ်လုပ်တဲ့နေရာမှာကပျက်ကချော်နိုင်ပေမယ့် သူငယ်ချင်းအပေါ်သစ္စာရှိတဲ့လူတစ်ယောက်ဖြစ်တယ်။ အဖိုးလေးနဲ့အတူ ဈာပနာအခမ်းအနားသုံးစက္ကူရုပ်တွေလုပ်ကိုင်ရင်းအသက်မွေးဝမ်းကြောင်းခဲ့တယ်။ မမွေးခင်ကတည်းကစေ့စပ်ထားတဲ့အားယွင်ဆိုတဲ့ကောင်မလေးရှိပေမယ့် ကျူးဟုန်ယိကသူ့ကိုအလေးမထားခဲ့ဘူး။ တစ်နေ့မှာတော့ ကျူးဟုန်ယိရဲ့သူငယ်ချင်းတစ်ယောက်ဟာထူးထူးဆန်းဆန်းသေသွားခဲ့တယ်။ သူငယ်ချင်းသေတာမသင်္ကာစရာဖြစ်နေတော့ကျူးဟုန်ယိတစ်ယောက်အယောင်ဆောင်လိုက်လံစုံစမ်းခဲ့တယ်။သူငယ်ချင်းရဲ့ဇနီးနဲ့ယောက်ဖဆိုတဲ့သူတွေကငွေလိုချင်လို့ကြံစည်နေတာဖြစ်ပြီးတော့လောဘကြောင့် နောက်ဆုံးမှာသူငယ်ချင်းကိုသတ်လိုက်တာဖြစ်နေတယ်။ဒီလိုနဲ့သူငယ်ချင်းရဲ့ဝိဉာဉ်ဟာ ကျူးဟုန်ယိကသူ့ကိုကူညီပြီးလက်စားမချေမချင်း လိုက်ကပ်ပြီးနှောက်ယှက်ပါတော့တယ်။မတတ်သာတဲ့အဆုံးသူငယ်ချင်းကိုအစားလက်စားချေဖို့လက်ခံလိုက်ပြီး ဘာတွေဆက်ပြီးအလွဲလွဲအချော်ချော်ဆက်ဖြစ်နေမလဲ...
Vamps (2012) ⭐IMDB: 5.3/10 (11 k Votes) 🎬 #Comedy #Horror #Romance 🗓 2012 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vamps (2012)IMDb: 5.3/10Genre: Comdey, Horror, Romance ဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ 2012 က ထွက်ခဲ့တဲ့ Vamps ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီကားလေးက အချစ်ဟာသကားလေးဖြစ်ပြီးတော့ အကုန်လုံး ပေါ့ပေါ့ပါးပါး ခံစားနိုင်မှာပါ။ ၁၈၄၁ ခုနှစ်ထဲက သွေးစုပ်ဖုတ်ကောင် အပြောင်းခံရခဲ့ရတဲ့ ဂွတ်ဒီတစ်ယောက် လူသွေးကို မသောက်ဘဲ အသက်ရှင်လာခဲ့တာကြာပြီး နောက်မှ အပြောင်းခံရတဲ့ စတေစီနဲ့ သူငယ်ချင်းဖြစ်ကြတဲ့အခါ၊ စတေစီနဲ့ အတူ ညတွေကို ဖြတ်သန်းရင် အချိန်အကြာကြီး အသက်ရှင်နေတာကို ငြီးငွေ့လာတဲ့ ဂွတ်ဒီတစ်ယောက်နဲ့ လူသားတစ်ယောက်ကို ချစ်မိသွားတဲ့ စတေစီတို့ရဲ့ အကြောင်းကို ဟာသအဖြစ် ပေါ့ပေါ့ပါးပါး ကြည်ရှုခံစားနိုင်မှာပါ...
Autumn Fairy Tale (2019) ⭐IMDB: 5.2/10 (179 Votes) 🎬 #Drama #Romance 🗓 2019 🎞 movie 🌎 #China ⏰ 1 နာရီ 47 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ ဆောင်းဦးရွက်ကြွေချစ်သက်သေကိုးရီးယားဇာတ်လမ်းတွဲကိုပြန်ရိုက်ထားတဲ့chinese movieကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားမှာတော့အဓိကသရုပ်ဆောင်အဖြစ်Xu kai နဲ့ Zhao Lusi တို့ပါဝင်သရုပ်ဆောင်ထားပါတယ် ရင်ကျွင့်ရှီးငယ်ငယ်ကဆေးရုံမှာညီမလေးကိုသွားကြည့်ရင်းသတိမထားမိပဲအန်းရှီးနဲ့ရှင်းအိုက်မွေးကင်းစကလေးနှစ်ယောက်ရဲ့ချိတ်ထားတဲ့နာမည်ကတ်ပြားတွေကိုပြုတ်ကျအောင်လုပ်မိပြီးသူနာပြုဆရာမတွေ့သွားတဲ့အခါနာမည်ကတ်ပြားကိုမှားယွင်းပြီးပြန်ချိတ်မိသွားပါတယ်။ သာယာချမ်းမြေ့တဲ့မိသားစုမှာကြီးပြင်းလာကြတဲ့ရင်ကျွင့်ရှီးနဲ့ရင်အန်းရှီးတို့မောင်နှမနှစ်ယောက်ကြားကိုကားတိုက်မှုတစ်ခုဝင်လာပြီးနောက်အရာအားလုံးကပြောင်းလဲခဲ့ရပါတယ်။ကားတိုက်မှုကြောင့်အန်းရှီးသွေးအမျိုးအစားကိုမိဘတွေစစ်ဆေးကြည့်မိတဲ့အခါမှာတော့အန်းရှီးနဲ့ပတ်သက်တဲ့အဖြစ်မှန်ကိုသိသွားပြီး တစ်ညထဲနဲ့ဆင်းရဲနွမ်းပါးတဲ့မိန်းကလေးအဖြစ်အမေအရင်းဆီကိုပြန်ရောက်သွားပြီးကျွင့်ရှီးကအဖေအမေ ညီမလေးရှင်းအိုက်တို့နဲ့အတူအမေရိကန်ကိုပြောင်းသွားခဲ့ရပါတော့တယ်။ အချိန်တွေကြာပြီးနောက် အန်းရှီးနဲ့အတူပိုင်ဆိုင်ခဲ့ဖူးတဲ့လှပတဲ့အမှတ်တရတွေရှိနေတဲ့မွေးရပ်မြေကိုကျွင့်ရှီးနောက်တစ်ခါပြန်ရောက်လာပြီးအန်းရှီးကိုပြန်လာရှာခဲ့ကာနောက်ပိုင်းဘယ်လိုဆက်ဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှုကြပါလို့တိုက်တွန်းလိုက်ပါတယ်နော်...
The Big Doll House (1971) ⭐TMDB: 56% User Score 🎬 #Action #Adult #Drama #Thriller 🗓 1971 🎞 movie 🌎 #UnitedStatesofAmerica #Philippines ⏰ 1 နာရီ 35 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Big Doll House (1971) (အဖော်အချွတ် နှင့် လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းများပါရှိသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။) မိန်းမထောင်ကားတွေ ခေတ်စားတုန်းကာလ ၁၉၇၁ ခုနှစ်က ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထောင်တွင်း အကြမ်းဖက် အနိုင်ကျင့်မှုတွေ၊ မိန်းမချင်း ရန်ပွဲဖြစ်ပွားမှုတွေ၊ ယောကျ်ားသနာများနဲ့ ထိတွေ့မှုကင်းကွာနေတဲ့မိန်းမတွေရဲ့စိတ်ဆန္ဒတွေ ကိုရောပြွန်းတင်ပြထားတဲ့ မိန်းမထောင် ဇာတ်ကားတွေဟာလည်းရုပ်ရှင်အမျိုးအစားတစ်ခုအနေနဲ့ တွင်ကျယ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာလည်း ဖောက်ပြန်တဲ့ယောကျ်ားကို လူသတ်မှုကျူးလွန်မိခဲ့သူ ကော်လီရာတစ်ယောက် အမျိုးသမီးထောင်တစ်ခုကို ရောက်လာခဲ့ပုံနဲ့ စတင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားကနေ ဆေးသမားအထိ မှုခင်းစုံ ကျူးလွန်ထားကြတဲ့အခန်းဖော် (၅) ယောက်နဲ့ စတင်ဆုံခဲ့ရပြီး သူ့ရဲ့ ထောင်တွင်းသင်ခန်းစာတွေကို စတင်လေ့လာရပါတော့တယ်။ တော်လှန်ရေးသမားချစ်သူဆီကနေ မှောင်ခိုရလာခဲ့တဲ့ စာတစ်စောင်ကြောင့် ဘိုဒင်းဟာ နာကျင်စေရတာကို စွဲလမ်းတဲ့ရောဂါစွဲကပ်နေတဲ့ ထောင်အစောင့် လူစီယန်ရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်.။ လူစီယန်ရဲ့ အပူခန်းထဲကိုရောက်သွားခဲ့ရတဲ့ အကျဉ်းသားတိုင်းဟာ မရှုမလှဇာတ်သိမ်းရင်သိမ်း မဟုတ်ရင် သေလုမျောပါး ခံစားရလေ့ရှိပါတယ်။ ညှင်းပန်းနှိပ်စက်တဲ့ အခါတိုင်းမှာလည်း အမြဲတမ်း အခန်းထောင့်ကနေ ထူးဆန်းလျှို့ဝှက်တဲ့ လူတစ်ယောက်ကစောင့်ကြည့်တာကိုလည်း ခံခဲ့ရပါတယ်။ သေလုမျောပါး ညှင်းပန်းခံခဲ့ရတဲ့ ဘိုဒင်းဟာ ထွက်ပြေးဖို့ နည်းလမ်းကလွဲပြီးတော့ ဒီနေရာကနေ လွတ်မြောက်နိုင်လမ်း မရှိတာကို သဘောပေါက်ပြီး ထောက်ဖောက်ဖို့ အစီအစဉ်ကို စတင်လာပါတယ်။ ထောင်ထဲကို အစားအသောက်ပို့ဖို့ ဝင်ထွက်ခွင့်ရထားတဲ့၊ စားရကံကြုံတိုင်း မုတ်ဆိတ်မီးစွဲတဲ့ဟယ်ရီနဲ့ဖရက်ဒ်တို့ ဆရာတပည့်ကလည်း ဘိုဒင်းတို့ရဲ့ ထောင်ဖောက်ပြေးတဲ့အစီအစဉ်မှာ မမျှော်လင့်ဘဲဝင်ပါခဲ့ရပြန်ပါတယ် ။ ငိုအားထက်ရယ်အားသန် ဆိုရမယ့် အဖြစ်အပျက်တွေနဲ့ မိန်းမထောင်ဇာတ်ကားလေးတစ်ပုဒ်ကိုCM က ပရိသတ်များကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။...
Weapon (2024) ⭐TMDB: 0% User Score 🎬 #Action #Bollywood #SciFi #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 00 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Weapon (2024) “စူပါလူသား”IMDb – 8.6/10 ၁၉၆၄ခုနှစ် အိန္ဒိယတစ်နိုင်ငံလုံး လွပ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြချိန်။ တော်လှန်ရေးခေါင်းဆောင်နှစ်ယောက်က လွပ်လပ်ရေးတိုက်ပွဲဝင်နေသူတွေအတွက် အကူအညီရဖို့ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာဆီကို သွားခဲ့ကြတယ်။ဟစ်တလာက လက်ခံတွေ့ဆုံပြီး အကူအညီပေးဖို့ကတိပေးခဲ့တယ်။ ဟစ်တလာ လက်တွေ့စမ်းသပ်နေတာက စူပါစစ်သားတွေဖန်တီးပြီး ရန်သူတွေကိုတိုက်ခိုက်နိုင်တဲ့စူပါလူသားဖြစ်ပေါ်စေတဲ့ သွေးရည်ကြည်။ ဒီသွေးရည်ကြည်အောင်မြင်တဲ့အတွက် အကူအညီသွားတောင်းတဲ့ရဲဘော်ကို ကူညီပေးဖို့ကမ်းလှမ်းပေမဲ့အိန္ဒိယရဲ့အနာဂတ် ပျက်ဆီးမှာကိုမြင်ပြီး သွေးရည်ကြည်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒီမှာဘဲ အတူပါသွားတဲ့ရဲဘော်က ဟစ်တလာရဲ့လျှို့ဝှက်စမ်းသပ်ခန်းထဲကစူပါလူသားဖြစ်စေမဲ့သွေးရည်ကြည်ကိုခိုးပြီးအိန္ဒိယကို တစ်ယောက်တည်းပြန်လာခဲ့ပါတယ်။ အဲဒီအချိန် အိန္ဒိယမှာလွပ်လပ်ရေးရနေပြီဖြစ်တဲ့အတွက် သွေးရည်ကြည်ကိုဘယ်သူ့မှအသိမပေးဘဲလုံခြုံတဲ့နေရာမှာဝှက်ထားခဲ့တယ်။ တစ်ရက် ဟစ်တလာလွှတ်လိုက်တဲ့ လျှို့ဝှက်တပ်ဖွဲ့တိုက်ခိုက်မှုကြောင့်သားဖြစ်သူ အသက်ဆုံးရှုံးခံနီးမှာ ဝှက်ထားတဲ့သွေးရည်ကြည်ကိုယူပြီး သားဖြစ်သူကိုထိုးပေးခဲ့ပါတော့တယ်။ဒီမှာပဲ မမျှော်လင့်တဲ့ဖြစ်ရပ်တွေနဲ့ကြုံလာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Crush (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Crush (2024) ကြင်သူအလိုကျGenre – Romance, Drama ကာနာဆိုတာ တွေ့သမျှကောင်မလေးတိုင်း လိုက်ဖွံကြောင်ရည်းစားစကားလိုက်ပြောပေမဲ့ အမြဲတမ်း အငြင်းခံရပြီး ပလစ်ခံနေရတဲ့ကောလိပ်ကျောင်းသားလေး ဖြစ်ပါတယ်။ ဒီလိုနဲ့ နေလာရင်း ကျောင်းမှာ ရှကီရာတို့လို့ ဆံပင်ကောက်ကောက်လေးနဲ့အလန်းလေးတစ်ယောက်တွေ့လို့ နောက်ထပ်တစ်ခါ ဇွဲလုံ့လ ဝီရိယကြီးစွာနဲ့ လိုက်ခဲ့ပါတော့တယ်။ဒါပေမဲ့ ဒီ အမ်မီဆိုတဲ့ ဆံကောက်မလေးမှာက ကလေးဘဝကတည်းက အဖြစ်ချင်ဆုံး ဆန္ဒလေးတစ်ခု ရှိနေတယ်၊အဲဒါကလည်း လွယ်တော့ လွယ်မနေပါဘူး။ ဒီလိုနဲ့ ကာနာတစ်ယောက် သူချစ်ရတဲ့သူလေးကို ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြည့်စည်းနိုင်အောင် ကူညီပေးနိုင်မလား၊ကူညီပေးရင်းကနေ လိုချင်တဲ့အချစ်မေတ္တာကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ရမယ့်ကန်နားဒါ အိန္ဒိယအချစ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
MI-5 (2015) ⭐IMDB: 6.2/10 (24 k Votes) 🎬 #Action #Drama #Thriller 🗓 2015 🎞 movie 🌎 #UnitedKingdom #Germany ⏰ 1 နာရီ 44 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Spooks: The Greater Good သို့မဟုတ် တစ်ချို့နိုင်ငံတွေမှာ MI-5 အဖြစ်မိတ်ဆက်ခဲ့တဲ့ဒီဇာတ်ကားဟာနာမည်ကျော်ဗြိတိန်စပိုင်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Spooks ရဲ့နောက်ဆက်တွဲဖြစ်ပြီး Jon Snow လို့လူသိများတဲ့ GOT မင်းသား Kit Harington ခေါင်းဆောင်ပါဝင်ထားပါတယ်။ MI5 ရဲ့အကြမ်းဖက်တိုက်ဖျက်ရေးဌာနအကြီးအကဲ ဟယ်ရီဟာ အမေရိကန်ကအလိုရှိနေတဲ့ အကြမ်းဖက်သမား Adem Qasim ကိုယာဉ်တန်းအစောင့်အရှောက်နဲ့လွှဲပြောင်းဖို့ပို့ဆောင်နေချိန်မှာ တိုက်ခိုက်မှုခံခဲ့ရပြီး Adem Qasim လွတ်မြောက်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုစုံစမ်းရင်းနဲ့ အဲ့ဒီကိစ္စမှာ MI5 ထဲကအကြီးတန်းတွေကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး သူတို့အဖွဲ့အစည်းကိုအမေရိကန်ဘက်ကသိမ်းယူနိုင်ဖို့ပူးပေါင်းကြံစည်ခဲ့ကြတယ်ဆိုတာ သိလိုက်ရတဲ့နောက် နောက်ဆက်တွဲဖြစ်ရပ်တွေကိုSuspense အပြည့်နဲ့ရှုစားကြရမှာပါ။...
Ullozhukku (2024) ⭐IMDB: 7.8/10 (401 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 1 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ullozhukku 2024 (သိုဝှက်နက်ရှိုင်းသောခံစားချက်များ) IMDb – 7.9/10 ဇာတ်အေးအေးလေးကိုမှ တစိမ့်စိမ့်အတွေးထဲစီးမျောခံစားချင်သူတွေအကြိုက်တွေ့မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားလေးကတော့ ယောက္ခမဖြစ်သူလီလာမာနဲ့ ချွေးမဖြစ်သူအန်ဂျူးကြားကခံစားချက်တွေကို ပုံဖော်ထားတဲ့family dramaလေးဆိုပေမဲ့ မထင်မှတ်ထားတဲ့plot twistလေးတွေလည်း ပါဦးမှာပါ။ ချစ်သူရှိပေမဲ့ မရေရာတဲ့အနာဂတ်ကို ပုံမအပ်ချင်တာကြောင့် အိမ်ကပေးစားတဲ့သူကိုမျက်စိမှိတ်ပြီးယူလိုက်ရတဲ့အန်ဂျူးရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းနေတာပေါ့။ခင်ပွန်းဖြစ်သူသောမတ်စ်ကူတီကလည်း အန်ဂျူးကိုချစ်ရှာပေမဲ့ ကံဆိုးချင်တော့မင်္ဂလာဆောင်ပြီးမကြာခင်မှာပဲ သောမတ်စ်တစ်ယောက် အကြီးအကျယ်နာမကျန်းဖြစ်ပြီးအိပ်ရာထဲလဲတော့ ရောဂါသည်ခင်ပွန်းနဲ့ ယောက္ခမလီလာမာကို ပြုစုရတဲ့တာဝန်ကအန်ဂျူးပခုံးပေါ်ရောက်လာတော့တာပေါ့။ နဂိုကတည်းကမှ အချစ်နဲ့စခဲ့တဲ့အိမ်ထောင်ရေးမဟုတ်ရတဲ့ထဲ ဝန်ပိုတွေတိုးလာချိန်မှာမွန်းကြပ်နေတဲ့ အန်ဂျူးတစ်ယောက် ခင်ပွန်းကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အပြင်သင်္ဂြိုဟ်ခါနီးမှာမှ ရေဘေးကထပ်သင့်ပြန်ပါတယ်။ အလောင်းကြီး အိမ်ထဲထားပြီး တစ်နေ့တာကိုမွန်းကြပ်စွာနဲ့ သမီးယောက္ခမနှစ်ယောက်ဖြတ်သန်းနေတုန်း အန်ဂျူးတစ်ယောက် ချစ်သူဟောင်းနဲ့ အဆက်အသွယ်ပြန်ရပြီးမထင်မှတ်ထားတာတွေ ဖြစ်လာချိန်မှာတော့….. (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ V ~ BpL တို့ပဲဖြစ်ပါတယ်။)...
Bharath Ane Nenu (2018) ⭐IMDB: 7.5/10 (19 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 49 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bharat Ane Nenu (2018) IMDb Rating (7.5) / Rotten Tomatoes (88%) ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ဖခင်ကြီးရဲ့အသက်ကိုမမှီလိုက်သလိုဇာပနအခမ်းအနားကိုတောင် ကျင်းပခွင့် မရလိုက်ဘူး. . . သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့ ဖြစ်လာတယ် ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ် မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . . ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူး ပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိ ရှောင်တခင် စစ်ဆေးတတ်တယ် သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ် လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . . အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . . လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံဖြိုးရေးစတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ် သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ။ သူပြောတဲ့စကားက”စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ”တဲ့ မည်သို့ပင်ဆိုစေ. . .ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမြဲပါပဲ နေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖြတ်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ် သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့ ပါပါရာဇီတွေရှိတယ်. . . လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . . ဒီနှစ်ပိုင်းထွက်တဲ့တောင်ပိုင်းကားတွေထဲဒီကားကတော့ ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ် အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . . တစ်နည်းပြောရရင် သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့ လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့ အစိုးရဝန်ထမ်းတွေအကြောင်း ဖြစ်လေ့ဖြစ်ထရှိတဲ့လူ့သဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူးချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . . ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ တစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . . မြင်နေကျ အိန္ဒိယတောင်ပိုင်းကားတွေလိုဘလိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကိုရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပါကြောင်း. . . မကြည့်ဖြစ်ရင် တစ်ခေတ်နောက်ကျမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါကြောင်းညွှန်းဆိုလိုက်ပါရစေ ခင်ဗျား. . . ရုပ်ရှင်ကြာမြင့်ချိန် ၃ နာရီနီးပါးရှိတာမလို့ အေးအေးဆေးဆေး မိသားစုနဲ့ အပန်းဖြေကြည့်ရှုဖို့သင့်တော်ပါတယ်။ (ရုပ်ရှင်အညွှန်းကို MLMC မှ ရေးသားထားပါတယ်။)...
Another Self (2022) ⭐IMDB: 6.9/10 (14 k Votes) 🎬 #Drama #Romance 🗓 2022 🎞 tv series 🌎 #Turkey ⏰ 52 မိနစ် 15 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အတိတ်ကရုန်းထွက်မရသူတွေ၊ အတိတ်ကြောင့်နာကျင်ရတဲ့သူတွေကြည့်သင့်တဲ့ seriesလေးပါ။ Another Selfဆိုတဲ့seriesက Netflixမှာ top 100စာရင်းထဲဝင်ခဲ့တဲ့ပထမဆုံးTurkish seriesဖြစ်ပါတယ်။ ဇာတ်ဆောင်ဖြစ်တဲ့သူငယ်ချင်း၃ယောက်ဟာ သူတိုရဲ့အတိတ်ကtraumaကိုဘယ်လိုကုစားကြမလဲ အနာဂတ်ကိုရှေ့ဆက်ကြမလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပါတယ်။...
Chhota Bheem and the Curse of Damyaan (2024) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Action #Adventure #Bollywood #Comedy #Fantasy #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Choota Bheem and the Curse of Damyaan(2024)“ချိုတာဘီးမ်နှင့် ဓမ္မရံကျိန်စာ”========================================= လူတိုင်း မကြည့်ဖူးရင်တောင် လူတိုင်းသိကြမယ့် အိန္ဒိယရဲ့ နာမည်အကြီးဆုံးAnime ချိုတာဘီးမ်ရဲ့ live action ထွက်ရှိလို့လာပါပြီ။ Live action ဆိုပေမဲ့ Target audience က ကလေးတွေဖြစ်တာကြောင့်အထူးပြုလုပ်ချက်တွေ အရမ်းမကောင်းလှပေမဲ့ ဆက်တင်ဆင်ရိုက်ထားတဲ့နေရာတွေကတော့ ကာတွန်းကားထဲက ရှုခင်းတွေကိုအပြင်မှာမြင်နေရသလိုမျိုးကို ခံစားရပါတယ်။ ဇာတ်လမ်းကတော့… နှစ်ထောင်ချီပြီး အကျဉ်းတိုက်ထဲမှာပိတ်မိနေတဲ့ မိစ္ဆာအရှင်ကြီး ဒမ်ယန်ကိုစစ်မှန်ပြီး ရိုးသားတဲ့လူစွမ်းကောင်းတစ်ယောက်ကပဲ အကျဉ်းတိုက်ထဲက ထုတ်ပေးနိုင်မယ်လို့တဘောင်ထွက်လာတဲ့အတွက် ဒမ်ယန်ရဲ့ ငယ်ကျွန်တွေဖြစ်ကြတဲ့ မှော်ဆရာနဲ့ စုန်းမကသူတို့ရဲ့ မိစ္ဆာစစ်သည်တွေအကူအညီနဲ့ ချိုတာဘီးမ်ကို သိမ်းသွင်းဖို့ကြိုးစားပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ။ ချိုတာဘီးမ်ဆိုတဲ့အတိုင်း ဘာကောင်ကြီးပဲလာလာ မုန့်ချိုစားပြီး ပြန်ဗျင်းတာတွေအပြင်တခြားဇာတ်ကောင်တွေဖြစ်တဲ့ ရာဂျူး၊ ချူကီ၊ ဂျာဂူး၊ ကာလီယာတို့အပြင် ဒိုလူ၊ဘိုလူတို့လို ပုစိမွစိတွေကအစ ကာတွန်းနဲ့တူအောင် အနီးစပ်ဆုံးထည့်ထားပြီးဇာတ်လမ်းကလည်း ကြည့်ပျော်တာမလို့ ၂ နာရီခွဲလောက် အချိန်ပိုနေပြီးနော်စတဲဂျားခံစားချက်လေးရချင်တယ်ဆိုရင် အပျင်းပြေကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Bloody Ishq (2024) ⭐IMDB: 3.5/10 (108 Votes) 🎬 #Bollywood #Horror #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bloody Ishq (2024) ဒီနေ့မှာတော့ horror ဆန်ဆန်ဘောလိဝုဒ်ကားလေးအလှည့်ကျလာပြီပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ နေဟာဆိုတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ဟာမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး မှတ်ဉာဏ်တွေပျောက်ဆုံးသွားခဲ့ရပါတယ်။ မှတ်ဉာဏ်တွေမရသေးပေမဲ့ ဆေးရုံကသက်သာလို့ ဆင်းလာပြီးတဲ့နောက် သူမရဲ့အမျိုးသားနဲ့အတူသူတို့နေထိုင်ခဲ့တဲ့ စကော့တလန် ကျွန်းပေါ်က သူတို့အိမ်တစ်အိမ်ပဲရှိတဲ့ အိမ်ကြီးကို ပြန်လာနေခဲ့ပါတယ်။အမျိုးသားဖြစ်သူကလည်း သူ့ဇနီးကို သိပ်ဂရုစိုက်တာပေါ့။ နေဟာကတော့ သူမ အတိတ်က သူတို့ရဲ့အကြောင်းတွေကို ဘာဆိုဘာမှ ပြန်မခံစားရလို့အတော်လေးထိတ်လန့်လို့နေတာပေါ့။ ဆိုတော့ တကယ်ဖြစ်တာရော ဟုတ်ရဲ့လား။သူမ မတော်တဆဖြစ်တဲ့ကိစ္စကရော သွေးရိုးသားရိုးဟုတ်ရဲ့လားသူမ ယောက်ျားကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲဆိုတာစိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်ဗျ။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်။...
Crush (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Crush (2024) ကြင်သူအလိုကျGenre – Romance, Drama ကာနာဆိုတာ တွေ့သမျှကောင်မလေးတိုင်း လိုက်ဖွံကြောင်ရည်းစားစကားလိုက်ပြောပေမဲ့ အမြဲတမ်း အငြင်းခံရပြီး ပလစ်ခံနေရတဲ့ကောလိပ်ကျောင်းသားလေး ဖြစ်ပါတယ်။ ဒီလိုနဲ့ နေလာရင်း ကျောင်းမှာ ရှကီရာတို့လို့ ဆံပင်ကောက်ကောက်လေးနဲ့အလန်းလေးတစ်ယောက်တွေ့လို့ နောက်ထပ်တစ်ခါ ဇွဲလုံ့လ ဝီရိယကြီးစွာနဲ့ လိုက်ခဲ့ပါတော့တယ်။ဒါပေမဲ့ ဒီ အမ်မီဆိုတဲ့ ဆံကောက်မလေးမှာက ကလေးဘဝကတည်းက အဖြစ်ချင်ဆုံး ဆန္ဒလေးတစ်ခု ရှိနေတယ်၊အဲဒါကလည်း လွယ်တော့ လွယ်မနေပါဘူး။ ဒီလိုနဲ့ ကာနာတစ်ယောက် သူချစ်ရတဲ့သူလေးကို ဖြစ်ချင်တဲ့ဆန္ဒတွေ ဖြည့်စည်းနိုင်အောင် ကူညီပေးနိုင်မလား၊ကူညီပေးရင်းကနေ လိုချင်တဲ့အချစ်မေတ္တာကို ရရှိသွားမလားဆိုတာ စောင့်ကြည့်ရမယ့်ကန်နားဒါ အိန္ဒိယအချစ်ကားသစ်လေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
