fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Duan Nago Bogho (2023) ⭐IMDB: 8.4/10 (21 Votes) 🎬 #Action #Asian #Comedy #Crime #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Malaysia ⏰ 1 နာရီ 41 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Duan Nago Bogho 2023IMDb 8.4/10Action/Drama ဒူအန်ဆိုတဲ့ Makyongရိုးရာအကအနုပညာရှင်တစ်ယောက်ဟာ ရန်ပွဲတစ်ခုမှာဝင်ပါမိတဲ့အတွက် မိဘတွေကနေ ကွာလာလမ်ပူကို ပို့လိုက်ပါတယ်။မြို့ကြီးပြကြီးမှာ သူငယ်ချင်းတွေနဲ့အတူတူ အလုပ်ပေါင်းစုံကိုလုပ်နေရပေမယ့်လည်း သူ့ရဲ့စိတ်ဝိညာဉ်ကတော့ Makyongအကထဲမှာပဲ ရှိနေပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ Makyongအကကို သုတေသနလုပ်ဖို့ဆိုပြီးဒူအန်ဆီကို ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတော့တယ်။ဒါပေမဲ့ ဒီကောင်မလေးရဲ့နောက်ကွယ်မှာ လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်။ ဒါတွေကို ဒူအန်တို့ ဘယ်လိုဖြေရှင်းပြီးဖော်ထုတ်ကြမလဲ။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာဖြစ်ပါတယ်။

Born Dead (2021) ⭐IMDB: 5.2/10 (157 Votes) 🎬 #Horror #Thriller 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #Italy ⏰ 1 နာရီ 22 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Born Dead (2021)=============Genre – Horror, ThrillerIMDb Rating – 5.3/10 လူနာဆိုတဲ့ အမျိုးသမီးက တိရစ္ဆာန်တွေကို ကလီစာထုတ်ပြီးတော့ မပုပ်မသိုးပဲ အကောင်အတိုင်းလေးတွေ ပြန်လုပ်ယူရတာကို ကြိုက်နှစ်သက်တဲ့လူတစ်ယောက်။ တစ်ရက်သူအပြင်သွားနေတုန်း အဖြစ်အပျက်တစ်ခု ကြုံလိုက်ရတယ်။ စိတ္တဇလူသတ်သမားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လိုက်သတ်နေတဲ့အချိန် မိန်းကလေးကခုခံကာကွယ်လိုက်လို့ လူသတ်သမား ဒဏ်ရာရသွားသလိုမိန်းကလေးလည်း အသတ်ခံလိုက်ရပါတယ်၊ ဒဏ်ရာကြောင့်လည်း မေ့လဲသွားပါတော့တယ်။ အဲဒါကို မြင်လိုက်ရတဲ့ လူနာတစ်ယောက် နှစ်ယောက်လုံးကို အိမ်ခေါ်လာပြီး မိန်းကလေးအလောင်းကို ဒီတိုင်းထားပြီးလူသတ်သမားကို ကြိုးတုပ်ထားကာ ဆေးပါ ပြန်ကုပေးထားပါတယ်။ ဒီလိုနဲ့ လူနာရဲ့ လူသတ်သမားကို ဖမ်းထားရခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ၊ လူသတ်သမားကရောလူနာ့လက်ကနေ လွတ်မြောက်နိုင်မလား၊ နောက်ပြီး အဲဒီလိုဖြစ်နေတဲ့အချိန် လူနာ့ဆီလာမယ့်လူတွေကရော ဘာတွေဖြစ်ကြမလဲ စသဖြင့် ကြည့်ရှုခံစားရမယ့် အီတလီ သည်းထိတ်ရင်ဖိုကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

12 Strong (2018) ⭐IMDB: 6.5/10 (85 k Votes) 🎬 #Action #Drama #History #War 🗓️ 2018 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်ဝတ္ထု Horse Soldiers ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတဲ့ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါဝင်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။ တာလီဘန်တွေနဲ့ ယှဉ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊ သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါဝင်ပါတယ်။ ပုံမှန်ဆိုရင် နှစ်စဉ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။ တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘဝအခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့ခဲ့တဲ့ကားတစ်ကားဖြစ်ပြီး Imdb 6.5 ရရှိထားတဲ့ကားတစ်ကားပါ။ MCU Thor မင်းသား Chris Hemsworth၊ Man of Steel ဇာတ်ကားမှာ Zod အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Michael Shannon၊ Ant-Man ဇာတ်ကားက Michael Pena တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး Chris Hemsworth ရဲ့ ဇနီးဖြစ်သူElsa Pataky ကလဲ ဒီကားမှာ သူ့ရဲ့ဇနီးအဖြစ်ပဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကား၊ စစ်ကားကောင်းကောင်းမျှော်နေသူတွေအတွက်တော့ ဒီကားက ကြည့်ရကျိုးနပ်စေမှာပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ ဆရာအူးအာကာမှရေးပေးထားတာပါ) ———————————————————————- စစ်ကားကောင်းကောင်းမှ ကြည့်ချင်တယ်ဆိုတဲ့ စစ်ကားကြိုက်ပရိသတ်တွေအတွက် 12 Strong ဆိုတဲ့ ရုံတင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီရုပ်ရှင်ဟာ Doug Stanton ရဲ့ဖြစ်ရပ်မှန်၀တ္ထု Horse Soldiers ကို မီွငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာဆိုရင်တော့ 9/11 အဖြစ်အပျက်အပြီး အာဖဂန်နစ္စတန်ကို ပထမဆုံးစေလွှတ်ခံရတ့ဲ အမေရိကန်တပ်ဖွဲ့အကြောင်ကို အဓိကထားပြီး ပြသထားတာပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကပ္ပတိန်မစ်ချ်နယ်လ်ဆန်ဦးဆောင်ပြီး တပ်သား ၁၂ ယောက်သာပါ၀င်တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဟာ အာဖဂန်စစ်ခေါင်းဆောင်တစ်ယောက်နဲ့ ပူးပေါင်းပြီး တာလီဘန်နဲ့ အယ်လ်ကေဒါးတွေလက်ထဲကျရောက်နေတဲ့ မြို့၊ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးပမ်းကြရတာဖြစ်ပါတယ်။ တာလီဘန်တွေနဲ့ ယှဥ်ရင် လက်နက်အင်အား၊ လူအင်အားလဲ မမျှသလို နယ်မြေလဲမကျွမ်းကျင်ကြတဲ့ နယ်လ်ဆန်တို့အဖွဲ့သူတို့ရဲ့မစ်ရှင်တွေကို အောင်နိုင်ပါ့မလား၊ သူတို့ရဲ့မဟာမိတ် စစ်ခေါင်းဆောင်ဆိုတာလဲ ယုံကြည်ရရဲ့လား ဆိုတဲ့ သို့လော သို့လောတွေ အများကြီးပါ၀င်ပါတယ်။ ပုံမှန်ဆိုရင် နှစ်စဥ် ပထမဆုံးလမှာ ရုံတင်တဲ့ရုပ်ရှင်ကားတွေက ဂွမ်းလေ့ရှိပေမယ့် ဒီကားကတော့ ရုံတင်တဲ့အခါ တော်တော်လေး ချီးကျူးခံခဲ့ရတဲ့ကားတစ်ကားဖြစ်ပါတယ်။ တာလီဘန်တွေ ဘယ်လောက်ရက်စက်သလဲဆိုတာကိုသေချာပြသွားနိုင်ခဲ့သလို အာဖဂန်ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ဘ၀အခြေအနေတွေကိုလဲ သေချာရိုက်ကူးပြသွားခဲ့ပါတယ်။ ေ၀ဖန်ရေးဆရာတွေ အကြိုက်တွေ့ခဲ့တဲ့ကားတစ်ကားဖြစ်ပြီး Imdb 6.9 ရရိွထားတဲ့ကားတစ်ကားပါ။ MCU Thor မင်းသား Chris Hemsworth၊ Man of Steel ဇာတ်ကားမှာ Zod အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Michael Shannon၊ Ant-Man ဇာတ်ကားက Michael Pena တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပြီး Chris Hemsworth ရဲ့ ဇနီးဖြစ်သူElsa Pataky ကလဲ ဒီကားမှာ သူ့ရဲ့ဇနီးအဖြစ်ပဲ ပါ၀င်သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကား၊ စစ်ကားကောင်းကောင်းမျှော်နေသူတွေအတွက်တော့ ဒီကားက ကြည့်ရကျိုးနပ်စေမှာပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ ဆရာအူးအာကာမှရေးပေးထားတာပါ)

Tinnitus (2022) ⭐IMDB: 6.0/10 (115 Votes) 🎬 #Drama #Horror #Sport #Romance 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Brazil ⏰ 1 နာရီ 41 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tinnitus (2022) နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)

CC2C (2009) ⭐IMDB: 4.2/10 (9 k Votes) 🎬 #Action #Comedy #Adventure #Drama #Fantasy 🗓️ 2009 🎞️ Movie 📺 720p 🌎 #India #UnitedStates ⏰ 2 နာရီ 24 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသား Akshay Kumar နဲ့ မင်းသမီးချော Deepika Padukone တို့ပါဝင်ထားတဲ့ Action, Adventure, Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားကိုတော့ Ko Myo Kyaw Kyaw မှကိုယ်တိုင်ဘာသာပြန် Encode လုပ်ပေးထားတာပါ။) ကြည့်ရှုအားပေးကြပါဦး။

Tinnitus (2022) ⭐IMDB: 6.0/10 (115 Votes) 🎬 #Drama #Horror #Sport #Romance 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Brazil ⏰ 1 နာရီ 41 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Tinnitus (2022) နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)

Kanjoos Majnu Kharchili Laila (2023) ⭐IMDB: 5.0/10 (214 Votes) 🎬 #Bollywood #Comedy #Family #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 47 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Win Lae Yi KhaingKanjoos Majnu Kharchili Laila (2023) ပိတ်ရက်မှာဘာကြည့်ရမလဲမသိဖြစ်နေသူတွေအတွက် မင်းသမီးချောလေးSehar Shehnaz ပါဝင်ထားပြီးလောကမှာတွေ့ရလေ့ရှိတဲ့ ကပ်စေးနှဲလူတွေကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာအရွှန်းဖောက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ရီသိက်တို့ မိသားမှာရှိတဲ့ ယောက်ျားလေးတွေဟာ ချမ်းသာပေမဲ့ အင်မတန်မှကပ်စေးနှဲကြတဲ့သူတွေဖြစ်ပါတယ်။အဘိုးကစပြီး မြေးအထိ ရည်းစားထားတာကအစ ဈေးတွက်တွက်ပြီး တစ်ပြားကို နှစ်ပြားဖြစ်အောင်ခွာနေကြတဲ့ကမ္ဘာကျော်ကော်တရာများဖြစ်ကြပါတယ်ဗျ။ တစ်နေ့မှာတော့ သူတို့မိသားစုက အမျိုးသမီးတွေဟာသူတို့ကပ်စေးနှဲယောက်ျားတွေကို သည်းမခံနိုင်ကြတော့ဘဲ ကွာရှင်းခွင့်တောင်းကြပါတော့တယ်။ ရီသိက်ဟာ ကပ်စေးအင်မတန်နည်းပေမဲ့ သူနဲ့ အိမ်ထောင်ကျတဲ့ သူ့ဇနီးကတော့ အကောင်းဆုံးတွေကိုမှ ကြိုက်တတ်တဲ့လက်ဖွာတဲ့မိန်းကလေးဖြစ်နေပါတယ်ဗျ။ ဒါပေမဲ့ ရီသိက်ရဲ့အမျိုးသမီးမှာလည်း လျို့ဝှက်ချက်တွေရှိနေပါသေးတယ်။ရီသိက်ဇနီးရဲ့ လျှို့ဝှက်ချက်က ဘာတွေလဲ၊ ကပ်စေးနဲတဲ့ယောက်ျားတွေကရော မိသားစုအပေါ် ပျက်ကွက်မိတာတွေအတွက်သင်ခန်းစာရကြမလား၊ ကပ်စေးနဲ ရီသိက်နဲ့ လက်ဖွာတဲ့ သူ့ရဲ့ဇနီးတို့ ဘယ်လို ဖူးစာပါခဲ့ကြလဲဆိုတာတွေကိုရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးနဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ…။

Spirit Puppets (2023) ⭐⁉️ 🎬 #Mystery #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China ⏰ 1 နာရီ 12 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CM ကနေ ဒီတစ်ခါမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ စိတ္တဇဆန်ဆန်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် သဘင်ပညာသည်လေး ရှစ်ကျားဟာရုပ်သေးရုပ်တွေကို စူးစမ်းရတာ ကြိုက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူဟာ ရုပ်သေးရုပ်လေးတစ်ရုပ်ကို အကြောင်းတိုက်ဆိုင်စွာနဲ့တွေ့ခဲ့ပါတယ်အဲ့ရုပ်သေးရုပ်လေးရဲ့ လက်ရာက အတော်ကိုမှရှားပါးတဲ့ လက်မှုပညာနဲ့လုပ်ထားတာဖြစ်လို့ ရုပ်သေးရုပ်တွေအကြောင်း နားလည်တဲ့သူ့အတွက် အတော်လေးကို နှစ်သက်ဖွယ်ဖြစ်နေပြီး အိမ်ကိုယူသွားခဲ့ပါတယ် အိမ်ကို ယူသွားတဲ့နေ့မှာပဲ သူဟာ သေဆုံးသွားခဲ့ပြီးရဲတွေကတော့ ဒါကို အဆုံးစီရင်မှုနဲ့ အမှုပိတ်ဖို့လုပ်လိုက်ပါတယ် အဲ့အချိန်မှာရှစ်ကျားကိုအရမ်းချစ်တဲ့ သူ့ဇနီးသည်ယွိပိက လက်မခံနိုင်ဘဲ စခန်းမှူးကိုအမှုမှန်ပေါ်ပေါက်အောင်လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်စခန်းမှူးကတော့ ဒီအမှု အဆုံးစီရင်မှုအနေနဲ့ပဲဆက်သွားစေချင်ခဲ့ပါတယ် ယွိပိကို သနားသွားတဲ့ ရဲအရာရှိချောင်ကတော့ ဒီအမှုကို သူလွှဲယူခဲ့ပြီးရှစ်ကျားရဲ့ သေဆုံးမှုကို သူ့ဇနီးနဲ့အတူ လိုက်လံစူးစမ်းခဲ့ရာမှာတော့ရုပ်သေးရုပ်လေးက လူသတ်ပါတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကအရာရှိအိမ်တော်ရဲ့အဖြစ်အပျက်လေးဟာ ပြန်အသက်ဝင်လာခဲ့ပါတော့တယ် လူတွေရဲ့ကြိုးဆွဲရာကို ကရတဲ့ ရုပ်သေးရုပ်လေးက တကယ်ပဲ လူသတ်တာလား ….ဒီအမှုကရော လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို ဝိညာဉ်ရုပ်သေးရုပ်‌ရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရတာလား….ဆိုတာကိုတော့ စိတ်ဝင်စာဖို့‌ ကောင်းတဲ့ စိတ္တဇဆန်တဲ့ဒီဇာတ်ကားလေးမှာပဲ ကြည့်ရှုအဖြေရှာလိုက်ပါနော်

The Legend of Tarzan (2016) ⭐IMDB: 6.2/10 (181 k Votes) 🎬 #Action #Adventure #Drama #Fantasy #Romance 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom #Canada #UnitedStates #Australia ⏰ 1 နာရီ 50 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့ရဲ့ ကလေးဘဝ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ  လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေဝါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။ ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့  အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး  ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ…. ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့  စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။  အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး မ်ဘွန်ဂါ အပြင် သူ့ကို စွန့်ခွာသူအဖြစ်သတ်မှတ်လိုက်တဲ့ လူဝံအုပ်စုတွေ ကြားထဲမှာ ရုန်းကန်ရင်း……. ကျွန်တော့်အတွက်တော့ တာဇံရဲ့ စွန့်စားခန်းတွေနဲ့ တိရစ္ဆာန်တွေကို ငယ်ငယ်တုန်းကလိုပြန်ကြည့်ရတဲ့ အရသာကတော့ တကယ်ကို ပြည့်စုံတယ် ပြောရမှာပါပဲ။ IMDb Rating (6.3) ရရှိထားပါတယ်..ခံစားအားပေးကြပါဦး။

Beef (2023- ) ⭐IMDB: 8.4/10 (7 k Votes) 🎬 #Comedy #Drama 🗓️ 2023- 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 34 မိနစ် 7 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 BEEF (2023)   ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ IMDB 8.2 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ် လောကကြီးမှာ ထိန်းရအခက်ဆုံးက ကိုယ့်စိတ်ပါပဲ ကိုယ့်စိတ်ကိုယ်နိုင်ရင် လောကကြီးကို တဝက်နိုင်ပြီဆိုသလိုပဲ လူတိုင်းက ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အကြိုက်နဲ့ကိုယ် နေထိုင်နေကြတာပါ စိတ်ရဲ့စေစားရာကို တွန်းလှန်နိုင်ဖို့က တကယ့်ကိုမှခက်ခဲတဲ့အလုပ်တစ်ခုပါပဲ တော်ရုံလူမလုပ်နိုင်လို့ ဘဝပျက်သွားရတဲ့သူတွေမှအများကြီးပါ ဒီဇာတ်လမ်းလေးကတော့ အဲဒါကိုအခြေခံပြီး ကွင်းကွင်းကွက်ကွက် မြင်နိုင်အောင်ရိုက်ပြထားတဲ့ကားလေးပါပဲ တချို့တွေနဲ့ အရမ်းကိုတိုက်ဆိုင်နေရင်တော့ ပြင်ဆင်ဖို့အတွက် တကယ့်ကိုအထောက်အကူဖြစ်မဲ့ကားလေးပါဇာတ်လမ်းအကျဉ်းလေးကတော့ ဒန်နီရယ် နဲ့ အေမီတို့ဟာ စတိုးဆိုင်တစ်ခုမှာ ဘာမှာမဟုတ်တဲ့ ကားဟွန်းတီးတဲ့ ကိစ္စလေးနဲ့ ကားသမားချင်း ပြဿနာတက်ခဲ့ကြတာပေါ့ ဖြစ်ချင်တော့ အဲဒီအချိန်မှာ နှစ်ယောက်လုံးက စိတ်မကြည်တဲ့အချိန်ဖြစ်နေသလို ဘာပဲလုပ်လုပ် တစ်ခုခုအဆင်မပြေဖြစ်နေတဲ့အချိန်ဆိုတော့ ပိုဆိုးသွားတာပေါ့ အဲဒီလိုနဲ့ ဒန်နီရယ်က အေမီရဲ့ ကားနံပါတ်ကိုမှတ်ထားပြီးလိုက်ရှာပါလေရော တကယ်ဆို အေးဆေးပြီးသွားရမဲ့ကိစ္စကနေ အများအမြင်မှာ ဘာမဟုတ်တဲ့ကိစ္စလေးကို အကျယ်ချဲ့မိသလိုဖြစ်သွားတာပေါ့ ရှာရင်းတွေ့သွားတော့ အေမီ့ အိမ်မှာ သေးနဲ့ပန်းခဲ့ပါလေရော အဲဒီလိုနဲ့စတဲ့ဇာတ်လမ်းလေးရယ် နှစ်ယောက်လုံးက ဘာလုပ်လုပ် အဆင်မပြေတစ်ခုခုဖြစ်နေကြဇာတ်လမ်းလေးရယ် ပေါင်းလိုက်တော့ ပရိသတ်ကြီး အဆုံးထိမထတမ်းကြည့်ဖြစ်မယ်လို့ပဲ ပြောလိုက်ပါရစေဗျာ File size…(650 MB) (310 Mb)

Max Manus: Man of War (2008) ⭐IMDB: 7.3/10 (29 k Votes) 🎬 #Action #Biography #Crime #Drama #History #War #Thriller 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #Norway #Denmark #Germany ⏰ 1 နာရီ 58 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်မှာ နာဇီလက်အောက်ကိုကျရောက်နေခဲ့တဲ့ နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် မက်စ်မာနက်ကြိုးပမ်းခဲ့ပုံကိုရိုက်ကူးထားတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ မက်စ်မာနက်စ်ဟာ ဗြိတိန်နိုင်ငံနဲ့ နော်ဝေနိုင်ငံကချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်တွေ ရရှိခဲ့သူဖြစ်ပြီး နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် အဓိကဦးဆောင်ခဲ့သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ မက်စ်မာနက်စ်ဟာ နော်ဝေစစ်တပ်နဲ့အတူ ဆို‌ဗီယက်တွေကို တိုက်ထုတ်ပြီးတဲ့နောက်မှာ နာဇီတွေနော်ဝေကိုသိမ်းပိုက်လိုက်တဲ့သတင်းကြားကြားချင်း နော်ဝေနိုင်ငံကိုပြန်လာခဲ့ပါတယ်။ နော်ဝေမှာ ဂျာမနီရဲ့ ဂက်စတာပိုရဲတပ်ဖွဲ့က အုပ်ချုပ်နေပြီး လူအင်အားမရှိတဲ့ မက်စ်တို့ဟာ မြေအောက်စစ်ဆင်ရေးလုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါနဲ့ သူတို့တွေဟာ စကော့တလန်မှာ စစ်သင်တန်းတက်ရောက်ခဲ့ကြပြီ အမိမြေကိုပြန်ရယူဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ဟာ ဂက်စတာပိုရဲ့ချောင်ပိတ်ဖမ်းတာတွေ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး သူတို့ရဲ့စစ်ဆင်ရေးကို ဘယ်လိုမျိုး အောင်မြင်အောင်လုပ်ခဲ့လဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပါတယ်။

Alibi.com (2016) ⭐IMDB: 6.5/10 (9 k Votes) 🎬 #Comedy #Romance 🗓️ 2016 🎞️ Movie 📺 720p 🌎 #France ⏰ 1 နာရီ 29 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟာသကားတွေစောင့်မျှော်နေသူတွေအတွက် ပြင်သစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဂရက်ဆိုတဲ့သူဟာ သူငယ်ချင်းတစ်ယောက်နဲ့အလီဘိုင်ဆိုတဲ့ကုမ္ပဏီတည်ထောင်ထားပါတယ်။သူတို့အလုပ်က နောက်မီးလင်း အရှုပ်ထုပ်ပေါင်းစုံကို လိုက်လံဖုံးဖိကူညီပေးတာပါ။တစ်ရက်မှာတော့ အချစ်ကိုအယုံအကြည်မရှိတဲ့ဂရက်က ဖလိုလို့ခေါ်တဲ့ ရှေ့နေကောင်မလေးနဲ့ ပန်းခြံမှာခွေးကိုလွှတ်ပေးလိုက်လို့ ကားတိုက်ခံရတာကစပြီး ရင်းနှီးသွားပါတယ်။နောက်တော့ သူတို့နှစ်ဉီးချစ်သူတွေဖြစ်လာကြပြီး ကောင်မလေးအိမ်လိုက်သွားရင်းက ဖလိုရဲ့အဖေက အလီဘိုင်ကုမ္ပဏီရဲ့ဖောက်သည်တစ်ဉီးဖြစ်နေတာကို သိလိုက်ရပါတယ်။ ဖလိုက လိမ်လည်တာကိုသိပ်မုန်းတာကြောင့် ဂရက်ကသူ့လုပ်ငန်းကိုလည်းမပြောပြရဲသလို သူ့အဖေကိုလုပ်ပေးရမဲ့ ပြဿနာကလည်း သူ့ကောင်မလေးကိုသူ့သရုပ်မှန်ပေါ်လာဖို့ တဖြည်းဖြည်းလမ်းဆီကိုရောက်လာပါတယ်။ဂရက်တစ်ယောက် ဖလို့အဖေရဲ့ပြဿနာတွေဖြေရှင်းပေးရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ ၊ဖလို့အဖေရဲ့လျှို့ဝှက်ချက် သူ့ရဲ့လျှို့ဝှက်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်ပါမလား။သူတို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဉီး။ သရုပ်ဆောင်တွေအဖြစ်နဲ့ Philippe Lacheau ၊ Élodie Fontan ၊ Didier Bourdon တို့ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကိုယ်တိုင်ကပဲရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ် Comedy ကားလေးဖြစ်ပါတယ်။

Max Manus: Man of War (2008) ⭐IMDB: 7.3/10 (29 k Votes) 🎬 #Action #Biography #Crime #Drama #History #War #Thriller 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #Norway #Denmark #Germany ⏰ 1 နာရီ 58 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တိယကမ္ဘာစစ်ဖြစ်နေတဲ့အချိန်မှာ နာဇီလက်အောက်ကိုကျရောက်နေခဲ့တဲ့ နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် မက်စ်မာနက်ကြိုးပမ်းခဲ့ပုံကိုရိုက်ကူးထားတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ မက်စ်မာနက်စ်ဟာ ဗြိတိန်နိုင်ငံနဲ့ နော်ဝေနိုင်ငံကချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်တွေ ရရှိခဲ့သူဖြစ်ပြီး နော်ဝေနိုင်ငံလွတ်မြောက်ရေးအတွက် အဓိကဦးဆောင်ခဲ့သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ မက်စ်မာနက်စ်ဟာ နော်ဝေစစ်တပ်နဲ့အတူ ဆို‌ဗီယက်တွေကို တိုက်ထုတ်ပြီးတဲ့နောက်မှာ နာဇီတွေနော်ဝေကိုသိမ်းပိုက်လိုက်တဲ့သတင်းကြားကြားချင်း နော်ဝေနိုင်ငံကိုပြန်လာခဲ့ပါတယ်။ နော်ဝေမှာ ဂျာမနီရဲ့ ဂက်စတာပိုရဲတပ်ဖွဲ့က အုပ်ချုပ်နေပြီး လူအင်အားမရှိတဲ့ မက်စ်တို့ဟာ မြေအောက်စစ်ဆင်ရေးလုပ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါနဲ့ သူတို့တွေဟာ စကော့တလန်မှာ စစ်သင်တန်းတက်ရောက်ခဲ့ကြပြီ အမိမြေကိုပြန်ရယူဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ဟာ ဂက်စတာပိုရဲ့ချောင်ပိတ်ဖမ်းတာတွေ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး သူတို့ရဲ့စစ်ဆင်ရေးကို ဘယ်လိုမျိုး အောင်မြင်အောင်လုပ်ခဲ့လဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပါတယ်။

Alibi.com (2016) ⭐IMDB: 6.5/10 (9 k Votes) 🎬 #Comedy #Romance 🗓️ 2016 🎞️ Movie 📺 1080p 🌎 #France ⏰ 1 နာရီ 29 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟာသကားတွေစောင့်မျှော်နေသူတွေအတွက် ပြင်သစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဂရက်ဆိုတဲ့သူဟာ သူငယ်ချင်းတစ်ယောက်နဲ့အလီဘိုင်ဆိုတဲ့ကုမ္ပဏီတည်ထောင်ထားပါတယ်။သူတို့အလုပ်က နောက်မီးလင်း အရှုပ်ထုပ်ပေါင်းစုံကို လိုက်လံဖုံးဖိကူညီပေးတာပါ။တစ်ရက်မှာတော့ အချစ်ကိုအယုံအကြည်မရှိတဲ့ဂရက်က ဖလိုလို့ခေါ်တဲ့ ရှေ့နေကောင်မလေးနဲ့ ပန်းခြံမှာခွေးကိုလွှတ်ပေးလိုက်လို့ ကားတိုက်ခံရတာကစပြီး ရင်းနှီးသွားပါတယ်။နောက်တော့ သူတို့နှစ်ဉီးချစ်သူတွေဖြစ်လာကြပြီး ကောင်မလေးအိမ်လိုက်သွားရင်းက ဖလိုရဲ့အဖေက အလီဘိုင်ကုမ္ပဏီရဲ့ဖောက်သည်တစ်ဉီးဖြစ်နေတာကို သိလိုက်ရပါတယ်။ ဖလိုက လိမ်လည်တာကိုသိပ်မုန်းတာကြောင့် ဂရက်ကသူ့လုပ်ငန်းကိုလည်းမပြောပြရဲသလို သူ့အဖေကိုလုပ်ပေးရမဲ့ ပြဿနာကလည်း သူ့ကောင်မလေးကိုသူ့သရုပ်မှန်ပေါ်လာဖို့ တဖြည်းဖြည်းလမ်းဆီကိုရောက်လာပါတယ်။ဂရက်တစ်ယောက် ဖလို့အဖေရဲ့ပြဿနာတွေဖြေရှင်းပေးရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ ၊ဖလို့အဖေရဲ့လျှို့ဝှက်ချက် သူ့ရဲ့လျှို့ဝှက်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်ပါမလား။သူတို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဉီး။ သရုပ်ဆောင်တွေအဖြစ်နဲ့ Philippe Lacheau ၊ Élodie Fontan ၊ Didier Bourdon တို့ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကိုယ်တိုင်ကပဲရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ် Comedy ကားလေးဖြစ်ပါတယ်။

The Trade (2023) ⭐IMDB: 5.9/10 (47 Votes) 🎬 #Crime #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #Nigeria ⏰ 2 နာရီ 10 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Trade ကတော့ အင်္ဂလိပ်စကား​ပြောနိုင်ဂျီးရီးယားရုပ်ရှင်ပါ။ the trade of humansကိုရည်ညွှန်းချင်တာဖြစ်ပါတယ်။ လူတွေကိုပြန်ပေးဆွဲ လူကုန်ကူးတဲ့ အကြီးစားရာဇဝတ်ကောင်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်တချို့ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ နိုင်ဂျီးရီးယားကလည်း crime rateမြင့်ပြီး သွားရောက်လည်ပတ်ဖို့မသင့်ထဲနိုင်ငံတွေထဲတစ်ခုအပါအဝင်မဟုတ်လား။ ရဲတွေဟာလာဘ်စားပြီး တရားဥပဒေစိုးမိုးမှုနည်းပါးတယ်။ အသေးစားပြစ်မှုတွေကနေ လူသတ်မှု ဓားပြတိုက်မှု ပြန်ပေးဆွဲမှု လူကုန်ကူးမှုတွေအထိ နိုင်ငံအနှံ့မှာဖြစ်နေတယ် ဒီဇာတ်လမ်းထဲမှာတော့ အဲရစ်ခ်ဆိုတဲ့ ပြန်ပေးဆွဲလူသတ်တဲ့အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်…သူဟာ နိုင်ဂျီးရီးယား လာဂိုစ်ပြည်နယ်ကို အကြမ်းဖက်နေခဲ့တာနှစ်ပေါင်းကြာခဲ့ပြီ။ သူ့ရဲ့သားကောင်တွေက ချမ်းသာတဲ့သူတွေ (သို့) သူချမ်းသာတယ်လို့ယူဆတဲ့သူတွေဖြစ်လေ့ရှိတယ်။ သူဖမ်းခေါ်သွားတဲ့ဓားစာခံတွေအတွက် ပြန်ရွေးငွေကတော့ အမေရိကန်ဒေါ်လာတစ်သန်း။ ပြန်မရွေးနိုင်တဲ့သူတွေကို ညှာတာမှုမရှိသတ်ပစ်တယ်။ အဲရစ်ခ်ဆိုတာကလည်းနာမည်အတု သူ့နာမည်အရင်းကို သူ့လူတွေရော သူ့မိန်းမတွေနဲ့သားသမီးတွေတောင်မသိပါဘူး။ ဆင်းမ်ကတ်တစ်ခုကို တစ်ကြိမ်မှာနံပါတ်တစ်ခုကိုပဲခေါ်ပြီး သီးသန့်နံပါတ်နဲ့ပဲဆက်သွယ်တဲ့အရိပ်လိုလူတစ်ယောက်။ အဘူကာဆိုတဲ့စုံစမ်းရေးမှူးကတော့ ဖြောင့်မတ်ပြီးအရည်အချင်းရှိတဲ့သူတစ်ယောက်ပေါ့။ သူဟာအဲရစ်ခ်ကိုဖမ်းမိဖို့အတော်လေးနီးစပ်ခဲ့ပေမယ့် အဲရစ်ခ်ရဲ့ပိရိမှုအထက်အမိန့်ကိုမလွန်ဆန်နိုင်မှု ရင်းမြစ်မလုံလောက်မှုတွေကြောင့်လွဲချော်ခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ သဲလွန်စတွေကို သူဘယ်လိုချိတ်ဆက်သွားမလဲ…. ဇာတ်ကားရဲ့ဒါရိုက်တာက Jadesola Osiberu ပါ သူတို့နိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို awareness မြင့်တက်စေဖို့ရည်ရွယ်ပုံပေါ်ပါတယ်။ တကယ်တော့ အကြမ်းဖက်မှုတွေဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်နေပြီး ရုပ်ရှင်တွေထဲကရက်စက်ကြမ်းကြုတ်မှုတွေကလက်တွေ့မှာဖြစ်နေတာတွေထက် မပိုမယ့်အပြင် လိုတောင်နေပါသေးတယ်။

The Trade (2023) ⭐IMDB: 5.9/10 (47 Votes) 🎬 #Crime #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Nigeria ⏰ 2 နာရီ 10 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Trade ကတော့ အင်္ဂလိပ်စကား​ပြောနိုင်ဂျီးရီးယားရုပ်ရှင်ပါ။ the trade of humansကိုရည်ညွှန်းချင်တာဖြစ်ပါတယ်။ လူတွေကိုပြန်ပေးဆွဲ လူကုန်ကူးတဲ့ အကြီးစားရာဇဝတ်ကောင်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်တချို့ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ နိုင်ဂျီးရီးယားကလည်း crime rateမြင့်ပြီး သွားရောက်လည်ပတ်ဖို့မသင့်ထဲနိုင်ငံတွေထဲတစ်ခုအပါအဝင်မဟုတ်လား။ ရဲတွေဟာလာဘ်စားပြီး တရားဥပဒေစိုးမိုးမှုနည်းပါးတယ်။ အသေးစားပြစ်မှုတွေကနေ လူသတ်မှု ဓားပြတိုက်မှု ပြန်ပေးဆွဲမှု လူကုန်ကူးမှုတွေအထိ နိုင်ငံအနှံ့မှာဖြစ်နေတယ် ဒီဇာတ်လမ်းထဲမှာတော့ အဲရစ်ခ်ဆိုတဲ့ ပြန်ပေးဆွဲလူသတ်တဲ့အကြမ်းဖက်အဖွဲ့ရဲ့ခေါင်းဆောင်…သူဟာ နိုင်ဂျီးရီးယား လာဂိုစ်ပြည်နယ်ကို အကြမ်းဖက်နေခဲ့တာနှစ်ပေါင်းကြာခဲ့ပြီ။ သူ့ရဲ့သားကောင်တွေက ချမ်းသာတဲ့သူတွေ (သို့) သူချမ်းသာတယ်လို့ယူဆတဲ့သူတွေဖြစ်လေ့ရှိတယ်။ သူဖမ်းခေါ်သွားတဲ့ဓားစာခံတွေအတွက် ပြန်ရွေးငွေကတော့ အမေရိကန်ဒေါ်လာတစ်သန်း။ ပြန်မရွေးနိုင်တဲ့သူတွေကို ညှာတာမှုမရှိသတ်ပစ်တယ်။ အဲရစ်ခ်ဆိုတာကလည်းနာမည်အတု သူ့နာမည်အရင်းကို သူ့လူတွေရော သူ့မိန်းမတွေနဲ့သားသမီးတွေတောင်မသိပါဘူး။ ဆင်းမ်ကတ်တစ်ခုကို တစ်ကြိမ်မှာနံပါတ်တစ်ခုကိုပဲခေါ်ပြီး သီးသန့်နံပါတ်နဲ့ပဲဆက်သွယ်တဲ့အရိပ်လိုလူတစ်ယောက်။ အဘူကာဆိုတဲ့စုံစမ်းရေးမှူးကတော့ ဖြောင့်မတ်ပြီးအရည်အချင်းရှိတဲ့သူတစ်ယောက်ပေါ့။ သူဟာအဲရစ်ခ်ကိုဖမ်းမိဖို့အတော်လေးနီးစပ်ခဲ့ပေမယ့် အဲရစ်ခ်ရဲ့ပိရိမှုအထက်အမိန့်ကိုမလွန်ဆန်နိုင်မှု ရင်းမြစ်မလုံလောက်မှုတွေကြောင့်လွဲချော်ခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ သဲလွန်စတွေကို သူဘယ်လိုချိတ်ဆက်သွားမလဲ…. ဇာတ်ကားရဲ့ဒါရိုက်တာက Jadesola Osiberu ပါ သူတို့နိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို awareness မြင့်တက်စေဖို့ရည်ရွယ်ပုံပေါ်ပါတယ်။ တကယ်တော့ အကြမ်းဖက်မှုတွေဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်နေပြီး ရုပ်ရှင်တွေထဲကရက်စက်ကြမ်းကြုတ်မှုတွေကလက်တွေ့မှာဖြစ်နေတာတွေထက် မပိုမယ့်အပြင် လိုတောင်နေပါသေးတယ်။

Almost Pyaar with DJ Mohabbat (2023) ⭐IMDB: 4.7/10 (710 Votes) 🎬 #Bollywood #Drama #Musical #Romance #Music 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Almost Pyaar with DJ Mohabbat (2023)*************************************************** ယခုတစ်ခါအလှည့်ကျတာကတော့ Parallel Universe အကြောင်းစိတ်ဝင်စားသူတွေအကြိုက်တွေ့စေမဲ့ အပြိုင်စကြဝဠာအကြောင်းပါမင်းသမီးချောလေး အာလ်ယာအက်ဖ်နဲ့ မင်းသား ကာရန်မဲဟ်သာတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပြိုင်စကြဝဠာ ..တစ်ဖက်စကြဝဠာကကိုယ်ကဒီအချိန်ဘာတွေလုပ်နေလိမ့်မလဲဒီဘက်မှာစော်မရှိတဲ့လူတွေရော ဟိုဘက်လောကမှာရည်းစားရနေမလားဒါကတော့တော်တော်များများတွေးဖူးကြမှာပါ ဒါဆိုရင်တော့ဒီကားကိုကြည့်သင့်ပါတယ်။ ဟာမိနဲ့ အိုင်ရှာကတစ်တွဲ ယာဂုနဲ့ အမ်ရီတာကတစ်တွဲ ပြသွားမဲ့ပုံစံပဲဖြစ်ပါတယ် ဟာမိနဲ့အိုင်ရှာကတော့ဘားတစ်ခုမှာတွေ့ဆုံရာကစပြီးဖြစ်တည်လာမဲ့စုံတွဲဖြစ်ပြီး ယာဂုနဲ့အမ်ရီတာကတော့ ဟိုလီပွဲကိုအကြောင်းပြပြီးတွေ့ဆုံရမှာပါ။တစ်ပိုင်းချင်းစီကိုသေချာလေးကြည့်ရင်တော့ ဟာကွက်မရှိတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါလို့ညွှန်းဆိုရင်း…ဘာသာပြန်တွေကတော့ Yunni,Bplနဲ့ Thaik Sanတို့ဖြစ်ပါတယ်။

Brooklyn's Finest (2009) ⭐IMDB: 6.7/10 (65 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2009 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ‌ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ‌ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်‌ကြောင့် သူ့မိသားစုနေထိုင်ဖို့အတွက် အိမ်အသစ်ဝယ်ဖို့ပိုက်ဆံစုနေတဲ့သူပါ။ သာမာန်ရဲဝန်ထမ်းလစာကနည်းတဲ့အပြင်ငွေချေရမဲ့ရက်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက် အိမ်ကိုရောင်းမဲ့သူကလည်း ‌တချိန်လုံးဖုန်းဆက်ပြီး မေးနေတာကြောင့် မူးယစ်ဆေးဝါးဂိုဏ်းတွေကိုဝင်စီးတဲ့အချိန်မှာ ရှိနေတဲ့ပိုက်ဆံတွေကို ဘတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဌာနလည်းမတူ၊ တစ်ယောက်ကိုတစ်ယောက်လည်းမသိကြပဲ၊ ဘာဆိုဘာမှချိတ်ဆက်မှုမရှိကြတဲ့ ဘရွတ်ကလင်းကရဲသုံးယောက်သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းကြရင်း ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်ပြီး ဖြေရှင်းကြရမလဲ၊ ဆဲလ်ကရော သူလိုတဲ့ပိုက်ဆံကိုရှာနိုင်သွားမလား၊ ကလဲရန့်စ်ကရော သူ့လိုချင်တဲ့ရာထူးကိုယူမလား၊ သူ့ရဲ့မိတ်ဆွေကြီးကိုကယ်နိုင်မလား၊ ဒူဂန်ကရော သူ့ဘဝရဲ့ အငြိမ်းစားယူချိန်လေးမှာ ဘာတွေလုပ်သွားနိုင်မလဲ၊ ခုနှစ်ရက် ဆိုတဲ့ တစ်ပတ်တာကာလအတွင်းမှာ သူတို့သုံး‌ယောက်ဘယ်လိုတွေကြုံတွေကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။အမေရိကန်က ရဲတွေကြုံတွေ့ကြရတဲ့ပြဿနာတွေ၊ လစာနည်းပါးတာတွေ၊ အမေရိကန်အပြင် ကမ္ဘာပေါ်မှာ ယနေ့တိုင်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လာဘ်စားမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေကြားကပြဿနာတွေနဲ့ လူတွေရဲ့စိတ်အကြောင်းကို ရသစုံစုံလင်လင်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ MCU က War Machine သရုပ်ဆောင် မင်းသားကြီး Don Cheadle လည်းပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှုအားပေးလိုက်ကြပါဦးဗျ။

Brooklyn's Finest (2009) ⭐IMDB: 6.7/10 (65 k Votes) 🎬 #Action #Crime #Drama #Thriller 🗓️ 2009 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.7/10 ရဲလုပ်သက်လည်းရင့်ပြီး လူဂွစာကြီးလည်းဖြစ်တဲ့ အက်ဒီ ဒူဂန် (Richard Gere) ဟာ အငြိမ်းစားယူဖို့အတွက် ကြိုးစားနေတဲ့သူပါ။ ဒီလိုနဲ့ အငြိမ်းစားယူဖို့တစ်ပတ်အလိုမှာ ဌာနကလုပ်တဲ့ ပရိုဂရမ်အသစ်မှာပါဝင်ဖို့ ဝာာဝန်ပေးခံလိုက်ရပြီး ရဲတပ်သားအသစ်လေးကို လေ့ကျင့်ပေးတဲ့အနေနဲ့ သူနဲ့အတူခေါ်ပြီး လှည့်ကင်းထွက်ရပါတော့တယ်။ ကလဲရန့်စ် (Don Cheadle)ကတော့ စားပွဲခုံမှာအလုပ်လုပ်ရတဲ့ရာထူးအဆင့်အထိတိုးရဖို့ ရည်ရွယ်ချက်နဲ့ တန်ဂို ဆိုတဲ့ နာမည်ဝှက်ကိုသုံးပြီး မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုမှာ အသွင်ယူနေတဲ့ ရဲတစ်ယောက်ပါ။ ဒီလိုအသွင်ယူမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးကလည်း ပျက်ပြားသွားခဲ့ပြီး သူကိုယ်တိုင်ကလည်း ထောင်ထဲမှာ အသွင်ယူနေတုန်းက သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့ဖူးတဲ့ မူးယစ်ရာဇာ ဂိုဏ်းခေါင်းဆောင် ကတ်ဇ် ကို မိတ်ဆွေရင်းချာတစ်ယောက်အဖြစ်မှတ်ယူထားသူပါ။ တစ်နေ့မှာတော့ သူ့ရဲ့ မိတ်ဆွေကြီး ကတ်ဇ်ကို ‌ထောင်ထဲပြန်ထည့်ဖို့အတွက် အထက်လူကြီးတွေက တာဝန်ပေးလာခဲ့ပါတော့တယ်။ ဆဲလ် (Ethan Hawke) ကတော့ မူးယစ်ရဲတပ်ဖွဲ့က တစ်ယောက်ဖြစ်ပြီး သူလက်ရှိ‌ နေထိုင်နေတဲ့အိမ်က မှိုပြဿနာတက်နေတာကြောင့် သူ့မိန်းမရဲ့ကိုယ်ဝန်ကိုထိခိုက်လာတဲ့အတွက်‌ကြောင့် သူ့မိသားစုနေထိုင်ဖို့အတွက် အိမ်အသစ်ဝယ်ဖို့ပိုက်ဆံစုနေတဲ့သူပါ။ သာမာန်ရဲဝန်ထမ်းလစာကနည်းတဲ့အပြင်ငွေချေရမဲ့ရက်ကတဖြည်းဖြည်းနီးကပ်လာတဲ့အတွက် အိမ်ကိုရောင်းမဲ့သူကလည်း ‌တချိန်လုံးဖုန်းဆက်ပြီး မေးနေတာကြောင့် မူးယစ်ဆေးဝါးဂိုဏ်းတွေကိုဝင်စီးတဲ့အချိန်မှာ ရှိနေတဲ့ပိုက်ဆံတွေကို ဘတ်ဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဌာနလည်းမတူ၊ တစ်ယောက်ကိုတစ်ယောက်လည်းမသိကြပဲ၊ ဘာဆိုဘာမှချိတ်ဆက်မှုမရှိကြတဲ့ ဘရွတ်ကလင်းကရဲသုံးယောက်သူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းကြရင်း ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရင်ဆိုင်ပြီး ဖြေရှင်းကြရမလဲ၊ ဆဲလ်ကရော သူလိုတဲ့ပိုက်ဆံကိုရှာနိုင်သွားမလား၊ ကလဲရန့်စ်ကရော သူ့လိုချင်တဲ့ရာထူးကိုယူမလား၊ သူ့ရဲ့မိတ်ဆွေကြီးကိုကယ်နိုင်မလား၊ ဒူဂန်ကရော သူ့ဘဝရဲ့ အငြိမ်းစားယူချိန်လေးမှာ ဘာတွေလုပ်သွားနိုင်မလဲ၊ ခုနှစ်ရက် ဆိုတဲ့ တစ်ပတ်တာကာလအတွင်းမှာ သူတို့သုံး‌ယောက်ဘယ်လိုတွေကြုံတွေကြရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။အမေရိကန်က ရဲတွေကြုံတွေ့ကြရတဲ့ပြဿနာတွေ၊ လစာနည်းပါးတာတွေ၊ အမေရိကန်အပြင် ကမ္ဘာပေါ်မှာ ယနေ့တိုင်ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှုတွေ၊ လာဘ်စားမှုတွေ၊ ရာဇဝတ်မှုတွေ၊ မူးယစ်ဆေးဝါးဂိုဏ်းတွေကြားကပြဿနာတွေနဲ့ လူတွေရဲ့စိတ်အကြောင်းကို ရသစုံစုံလင်လင်နဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ MCU က War Machine သရုပ်ဆောင် မင်းသားကြီး Don Cheadle လည်းပါဝင်သရုပ်ဆောင်ထားတာမလို့ ကြည့်ရှုအားပေးလိုက်ကြပါဦးဗျ။

Rye Lane (2023) ⭐IMDB: 7.3/10 (3 k Votes) 🎬 #Comedy #Drama #Romance 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rye Lane (2023)============IMDb Rating – 7.3/10 အသည်းကွဲနေတဲ့ကောင်လေးနဲ့ လမ်းခွဲပြီးစ ကောင်မလေးတို့ရဲ့ လန်ဒန်မြို့တောင်ဘက်ခြမ်းက လမ်းမထက်က အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှက်တတ်တဲ့ ဒွန်မ်နဲ့တက်တက်ကြွကြွနေတတ်တဲ့ ရာ့စ်တို့နှစ်ယောက်ဟာအကျင့်စရိုက်ချင်းမတူညီကြပေမယ့် အချင်းချင်းနှစ်သိမ့်ပေးရင်း အခက်အခဲတွေကို ကူညီပေးရင်း အချစ်ပန်းပွင့်ဖူးလာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ များသောအားဖြင့် ဒီလိုကားမျိုးတွေဟာ ချိုသာတဲ့အပြောလေးတွေ အပြလေးတွေနဲ့ ကြည့်ရှုသူကို ချွဲမယ့်ကားဆိုပေမယ့် ဒီဇာတ်ကားလေးကတော့ ဟာသလေးတွေ အလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အချစ်ဟာသကားလေးဖြစ်ပါတယ်။ တစ်ချိန်ချိန်တစ်နေရာရာမှာ ကိုယ်နဲ့လိုက်ဖက်ညီမယ့်လက်တွဲဖော်ဆိုတာ စောင့်နေပါတယ်ဆိုတဲ့ အသိလေးကို ပေးထားတဲ့ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Zaw Myo Thu ဖြစ်ပါတယ်)