fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
The Guardians of the Galaxy Holiday Special (2022) ⭐IMDB: 6.9/10 (82 k Votes) 🎬 #Action #Adventure #Comedy #ScienceFiction #SciFi 🗓 2022 🎞 tv special 📺 #720p #1080p #4K 💿 446.0 MB ⦿ 1.2 GB ⦿ 3.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 42 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Guardians of the Galaxy Holiday Special (2022)=====================================IMDb Rating – 7.9/10 Marvel ရဲ့ Gotg 3 မလာခင်မှာ ခရစ်စမတ် အထူးအပိုင်းတစ်ခုအနေနဲ့  Holiday Special ထွက်လာပါတယ်။Gotg အဖွဲ့သားတွေအားလုံးကိုမြင်တွေ့ရမှာဖြစ်ပြီး၊ ပီတာကွေး(စတားလော့ဒ်) ရဲ့ ဂါမိုရာကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်းမှာပူဆွေးဝမ်းနည်းနေမှုကို နှစ်သိမ့်ပေးဖို့အတွက် Gotg အဖွဲ့သားတွေကမ္ဘာမြေက ခရစ်စမတ်ပွဲတော်ကို အလည်လာကြတဲ့ အကြောင်းကိုရိုက်ပြထားပါတယ်။ Gotg ရဲ့ထုံးစံအတိုင်း ရယ်စရာဟာသတွေနဲ့အတူ ခရစ်စမတ်ရဲ့ အငွေ့အသက်တွေကိုပါ ခံစားရနိုင်မယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naingမှ ရေးသားပေးပြီး၊ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)...

Black Adam (2022) ⭐IMDB: 6.3/10 (250 k Votes) 🎬 #Action #Fantasy #SciFi #Adventure #ScienceFiction 🗓 2022 🎞 movie 📺 #720p #1080p #480p #4K 💿 1.3 GB ⦿ 2.5 GB ⦿ 728.6 MB ⦿ 8.3 GB 🌎 #UnitedStates #Canada #NewZealand #Hungary #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Adam (2022) DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီးမှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။“ရှဇမ်း” လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကိုသူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာနှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့်အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်… မူလထွက်ထားတဲ့ DC စူပါဟီးရိုးရုပ်ရှင်အားလုံးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...

Gone Girl (2014) ⭐IMDB: 8.1/10 (1 M Votes) 🎬 #Drama #Mystery #Thriller 🗓 2014 🎞 movie 📺 #720p #1080p #4K 💿 806.7 MB ⦿ 1.4 GB ⦿ 1.5 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 30 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating 8.1 / Rotten Tomatoes (88%) ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။Amazing Amy …ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ သူတို့မင်္ဂလာ နှစ်ပတ်လည် ငါးနှစ်ပြည့်တဲ့နေ့မို့လို့ သူ့ဇနီးက ပဟေဠိ ဖြေပြီးရှာတွေ့မှရမယ့် လက်ဆောင်တစ်ခု ရဖို့ရှိကြောင်း ပြောပြီး အိမ်ပြန်လာတယ်။ အိမ်ကလည်းတိတ်ဆိတ်လို့ အထဲဝင်တော့မှ တစ်ခုခုထူး ခြားနေပါလား။ ဧည့်ခန်းမှာ မှန်စားပွဲကကွဲလို့ ပက်လက်လန်နေတယ်။ ကျန်တာတော့ သပ်သပ်ယပ်ယပ်ပဲ။ တစ်အိမ်လုံးလိုက်ရှာတယ်။ အပေါ်ထပ်မှာ သူ့ဇနီးအေမီမရှိ၊ သူတို့ကြောင်လေးက သူ့ကိုပြူးကြောင်ကြောင်ကြည့်တယ်။ အေမီပျောက်နေတယ်။ ရဲစခန်းကိုဖုန်းဆက်တယ်။ စုံထောက်မ နဲ့သူ့ပါတနာလာစုံစမ်းတယ်။ သဲလွန်စတွေကြည့်တယ်။ သွေးတစ်စ၊ မှန််ကွဲစတွေ၊ တိုက်လက်စမီးပူနဲ့ဝတ်စုံတစ်ထည်။ အေ့မီရုံးခန်းဝင်ကြည့်တော့မှ အေမီဆိုတာ ရွှေရောင်ဆံပင်နဲ့လှပတဲ့ Amazing Amy ဆိုတဲ့နံမည်ကြီးကလေးစီးရီးစာအုပ်တွေရဲ့ စာရေးဆရာမ၊ ဟားဗတ်တက္ကသိုလ်ဘွဲ့ရဆိုတာ သိရ…အဲဒီအချိန်ထိ နစ်က သာမာန်အဖြစ်အပျက်တစ်ခုပဲလိုပဲပေါ့ပေါ့ပါးပါးဖြစ်နေသေးတယ်။ စုံထောက်မမနဲ့ ရဲစခန်းလိုက်တာတောင် သူကနောက်လိုက်သေးတယ်။ Law & Order ဇာတ်ဝင်ခန်းထဲကလိုပေါ့နော်ဆိုပြီး။ နောက်တော့ နစ်ကို သာမာန်မေးခွန်းတွေဖြစ်တဲ့ အေမီမှာ သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲဆိုတော့သူက ” မရှိဘူးမသိဘူး။” နေ့တိုင်းအေမီဘာလုပ်လဲဆိုတော့ “မသိဘူး”တဲ့။ စုံထောက်မနည်းနည်း စိတ်တိုသွားတယ်။ ဒါဆို “ရှင့်မိန်းမ သွေးအုပ်စုကဘာလဲ” ဆိုတော့ သိဘူးတဲ့။ ဒါဆိုယောကက္ခမတွေကိုရော အကြောင်းကြားပြီးပြီလားဆိုတော့ သိသိချင်းခင်ဗျားတို့ကို ပြောတာပဲလေတဲ့ ကျွန်တော်ဘယ်ပြောရဦးမလဲ ခဏ ကျွန်တော်ဖုန်းခေါ်ဦးမယ်ဆိုပြီး ယောက္ခမတွေကိုခေါ်.. အကြောင်းကြား၊ .. မထင်မှတ်ဘဲနဲ့ အမှုကကြီးသွားပြီး မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်ရမယ်ဆိုတော့ သူတောင်နဲနဲကြောင်သွားတယ် ..အဲဒီလောက်လုပ်စရာလိုလို့လားပေါ့။ ခဏနေ ရဲစခန်း အပြင်မှာ အသံကြားလို့ထွက်ကြည့်တော့.. သူငယ်ပြန်နေတဲ့သူ့အဖေ…ဒါနဲ့သူ့ကိုရဲစခန်းကနေအိမ်လိုက်ပို့လိုက်တယ်တစ်ခန်းဝင်တစ်ခန်းထွက်ကြည့်ရင်း သူ့မိန်းမ အဝတ်ဗီရိုခန်းထဲမှာထူးခြားတာတစ်ခု… Clue one သဲလွန်စနံပါတ် ၁ တဲ့…. စကားထာကိုဖြေကြည့်တော့ နေရာက သူ့ကျောင်းက ရုံးခန်း .. ရှာရင်းတွေ့တာက ဖိုင်တွေထားတဲ့နေရာမှာ .. အနီရောင် မိန်းမဝတ်အတွင်းခံ Langerie တစ်ထည်….နောက်ပြီး Clue two .. clue three .. clue …စုံစမ်းလိုက် စစ်ဆေးလိုက် နဲ့ဇာတ်လမ်းကို ပြောင်းဖူးပြုတ်အခွံခွာသလို တစ်လွှာချင်းတစ်လွှာခြင်း၊ ဆောရီး ကြက်သွန်ခွံခွာသလို တစ်ထပ်ချင်းတစ်ထပ်ချင်း တစ်ထပ်ခွာပြီးတိုင်း ကြည့်နေရတာ စိတ်တင်းကျပ်လာတယ်။ ဘာဖြစ်မလဲဆိုတာ မကြည့်ချင်တော့သလို ဆက်ပြီးတော့လည်း ကြည့်ချင်နေတယ်။ တဖြည်းဖြည်းနဲ့ အေမီရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ ခံစားရတာတွေ တစ်ခုချင်းတစ်ခုချင်း.. …. …………လိမ်ညာခံရတာတွေက” အေမီ ကိုလား .. အေမီ ကလား”… “အေမီကရော နစ်ကိုချစ်သလား”.. “နစ်ကရောအေမီကိုချစ်သလား…”ကြိုတင်ခန့်မှန်းနိုင်စရာ အထောက်အထား တစ်ခုမှမပါ။ ဘယ်သူ့မှာ ဘာအပြစ်ရှိလို့ ဘယ်သူသေသင့်တယ်ဆိုတာ တွက်ထားလို့မရ။ ဘယ်သူဗီလိန် ဘယ်သူလူကောင်းဆိုတာလည်း သတ်မှတ်လို့မရ။ အေမီ့ကို သနားပြီး နစ်ကို သေစေချင်သလို နစ်ကို သနားပြီးအေမီ့ကို လည်းသေစေချင်မိပြန်တယ်။သုံးပွင့်ဆိုင်တစ်ခုမှာ ဘယ်သူ့မှလည်း innocent ဖြစ်မနေပါ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီး မှမြည်တယ်ဆိုရင် သုံးပွင့်ဆိုင်ဆိုတော့ အပြစ်သုံးခုဆုံနေသလို။ တစ်ခုပဲရှိသည်။ ယောကျာ်းမို့ responsibility ဆိုတဲ့ ခေါင်းစဉ...

Raksha Bandhan (2022) ⭐IMDB: 5.3/10 (26 k Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2022 🎞 movie 📺 #720p #1080p #4K 💿 1.0 GB ⦿ 2.1 GB ⦿ 4.0 GB 🌎 #India ⏰ 1 နာရီ 46 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raksha Bandhan (2022)==================== ဒီဇာတ်ကားလေးကတော့ အရှေးကူမားရဲ့မေတ္တာစာဖွဲ့ကားလေးလို့ပြောရမယ်..စွန့်လွှတ်အနစ်နာခံတဲ့ အစ်ကိုကြီး အဖရာ နေရာကနေသရုပ်ဆောင်ထားတယ်.. အိန္ဒိယနိုင်ငံအတွင်းမှာက သတို့သမီးဘက်က သတို့သားကို တင်တောင်းရတယ်သမီးမွေးထားတဲ့ မိဘတွေက တစ်သက်လုံးလျှာထွက်အောင်ရုန်းရတယ် သူတို့သမီးလေးယောက္ခမအိမ်မှာ မျက်နှာမငယ်ရဖို့အတွက် တင်တောင်းငွေများများပေးပြီးမင်္ဂလာဆောင်ပေးတဲ့ ဓလေ့ဆိုပါတော့… ဒါတင်မကသေးဘူး တချို့သားရှင်တွေက ဘယ်လောက်ဆိုးလဲဆိုရင်တင်တောင်းငွေပေးပြီး ပေးစားလိုက်ပြီးတာတောင် ပွဲတော်အခါသမယတွေရောက်တိုင်းဟိုဟာပေးပါဦး ဒီဟာပေးပါဦးနဲ့ ထပ်တောင်းကြသေးတယ် မပေးရင်တော့ဒီသမီးမိန်းကလေးက စိတ်ချမ်းချမ်းသာသာနဲ့ မနေရ သိမ်ငယ်ရတာပေါ့ ဒီအဖြစ်ဆိုးမျိုးတွေနဲ့ ဓလေ့ကြီး ရိုက်ခတ်အခံရဆုံးသူကတော့ ချန်ဒီချော့မြို့လေးအတွင်းမှာနေထိုင်သူ လာလာကီဒါနသ်ဆိုသူပေါ့…မိဘတွေဆုံးပါးသွားကြပြီးနောက်ညီမလေးယောက်ဖြစ်သူကို ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရသူပေါ့… ညီမလေးတွေ အရွယ်ရောက်လာတော့ သူတုိ့လေးတွေကို မင်္ဂလာဆောင်ပေးရမယ့်ဝန်ထုပ်ကြီးက သူ့ခေါင်းပေါ်မှာ ပိနေသလို ချစ်ရသူလေးကလည်း သူ့ကိုလက်ထပ်ပေးဖို့ဂျီကျလာတဲ့အခါ မိခင်မဆုံးခင်ကလည်း သူညီမလေးယောက်ကို မင်္ဂလာဆောင်ပေးပြီးမှသူလက်ထပ်ပါ့မယ်လို့ ကတိပေးထားခဲ့လေတော့…. မိခင်ကိုပေးထားတဲ့ ကတိကိုတည်နိုင်အောင်ကြိုးစားဖို့ပဲ အားသန်နေတဲ့ လာလာတစ်ယောက်… ကတိတည်နိုင်ပါ့မလား…. သူ့အချစ်လမ်းခရီးဖြောင့်ဖြူးနိုင်ပါ့မလား… ရှေ့ဆက်ပြီးတော့ အရှေးကူမားရဲ့ထုံးစံအတိုင်းအလွဲလေးတွေနဲ့ ခွီရမယ့်အပြင်လောကဓံကရိုက်ခတ်လာတဲ့အခါ ဝမ်းနည်းစရာလေးတွေကြုံလာရမှာမို့ဒီကားလေးဟာ ခွီလည်းခွီရ ငိုလည်းငိုရနဲ့ ပညာပေးရိုက်ကူးထားတဲ့ အရှေးကူမားရဲ့မိသားစု ဒရာမာ ဟာသကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်…...

Bullet Train (2022) ⭐IMDB: 7.3/10 (368 k Votes) 🎬 #Action #Comedy #Thriller 🗓 2022 🎞 movie 📺 #720p #1080p #480p #4K 💿 1.2 GB ⦿ 1.9 GB ⦿ 543.9 MB ⦿ 5.3 GB ⦿ 5.6 GB 🌎 #Japan #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bullet Train (2022) ဒီရုပ်ရှင်ကိုတော့ အကုန်ကြည့်ချင်ကြမယ်ထင်တယ်။ ဘရက်ပစ်ကြီးရဲ့ အက်ရှင်၊ဟာသကောင်းပါ။ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင်ကောင်းကောင်း၊ ရိုက်ချက်လှလှတွေနဲ့ တင်ဆက်ထားပါတယ်။ဒါရိုက်တာကလည်း Atomic Blond ကိုရိုက်ပြီး John Wick ကို Producer လုပ်ခဲ့တဲ့ David Leitch ပါပဲ။ IMDb Rating(7.5) ထိ ရရှိထားသလို တကယ်လဲ ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ဘရက်ပစ်ကတော့ ကြေးစားဟောင်းတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာတွေကို ဆရာဝန်ပြရင်းအနားယူနေတဲ့လူတစ်ယောက်ပါပဲ။တစ်နေ့မှာတော့ သူအလုပ်ပြန်စလုပ်ဖို့ လွယ်တဲ့အလုပ်လေးတွေပေးပါလို့ အလုပ်တောင်းတော့သူ့ကို ရထားပေါ်က ပစ္စည်းလေးတစ်ခု သယ်ပြီး ပြန်ဆင်းလာဖို့ ဆိုပြီး အလုပ်လွယ်လွယ်တစ်ခုပေးလိုက်ပါတယ်။ဒါပေမဲ့ ကံဆိုးပြီး ဂျပန်ရဲ့အကြီးဆုံးဂိုဏ်းခေါင်းဆောင်ရယ် လူသတ်သမားတွေ ကြေးစားတွေအကြံမျိုးစုံနဲ့ အကြောင်းမျိုးစုံနဲ့ ကျည်ဆံရထားပေါ်ရောက်လာတဲ့လူမျိုးစုံကို ရင်ဆိုင်ရတဲ့အခါတလွဲတွေကြားထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်… အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။...

Liger (2022) ⭐IMDB: 2.7/10 (47 k Votes) 🎬 #Action #Bollywood #Drama #Romance #Sport 🗓 2022 🎞 movie 📺 #720p #1080p 💿 1.7 GB ⦿ 3.6 GB 🌎 #India ⏰ 2 နာရီ 18 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Liger (2022) ဒီတစ်ခါတော့ Arjun Reddy, World Famous Lover ဆိုတဲ့ တေလဂူဇာတ်ကားတွေနဲ့ပျိုမေတွေရဲ့အသည်းကိုကိုင်လှုပ်ခဲ့တဲ့ဲ ဗီဂျေးဒေဗရာကွန်ဒါရဲ့ပထမဦးဆုံးBollywood ဘက်ကိုစတင်ခြေလှမ်းတဲ့ ဟင်ဒီဘာသာစကားပြောဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီးအနေနဲ့တော့ Student of the Year 2 ထဲက မင်းသမီးချောလေးအာနန်ယားပန်ဒေးပဲဖြစ်ပါတယ်… ဒီဇာတ်ကားမှာ ဗီဂျေးက စကားထစ်တယ် ဆင်းရဲတယ် အဖေဆုံးသွားလို့အမေနဲ့အတူ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးဖွင့်ပြီး အသက်မွေးဝမ်းကျောင်းပြုနေရတယ်.. သူတို့သားအမိရဲ့ရည်မှန်းချက်က ဆုံးသွားတဲ့သူ့ဖခင်ရဲ့ဆန္ဒအတိုင်းဗီဂျေးကို MMA ဖိုက်တာ ချန်ပီယံတစ်ယောက်ဖြစ်စေချင်တယ်… အာနန်ယားကတော့ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာပြီး ဘဝမှာလုပ်ချင်တာမှန်သမျှ စိတ်ကြိုက်လုပ်ခွင့်ရနေသူပေါ့… သူတို့နှစ်ယောက်ငြိသွားကြတဲ့အခါ ဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲ…။ MMA ဖိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ သူ့ဆန္ဒတွေရော ပြည့်ဝလာပါ့မလား…။ ဒီဇာတ်ကားလေးက ဗီဂျေးရဲ့ Muscle အလန်းစားတွေနဲ့ ပျိုမေတွေကိုဖမ်းစားနိုင်တဲ့အပြင် အာနန်ယားရဲ့အလန်းစားဖက်ရှင်တွေကြောင့် ပုရိသတွေလည်းအကြိုက်တွေ့စေမှာ အမှန်ပဲဖြစ်ပါတယ်… လက်ဝှေ့ထိုးသတ်ချက်တွေကိုလည်း များများစားစားဖော်ပြပေးထားလို့ချခန်း ဖိုက်ခန်းကြိုက်နှစ်သက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ညွှန်းဆိုပေးလိုက်ပါတယ်နော်…။...

Conan the Barbarian (2011) ⭐IMDB: 5.1/10 (101 k Votes) 🎬 #Action #Adventure #Fantasy 🗓 2011 🎞 movie 📺 #1080p #720p 💿 2.4 GB ⦿ 1.1 GB 🌎 #UnitedStates #Bulgaria #Germany #India ⏰ 1 နာရီ 52 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Conan the Barbarian (2011) ဒီနေ့မှာတော့ အားလုံးရဲ့အချစ်တော် Aquaman မင်းသားကြီး Jason Momoa ရဲ့ 2011 ကထွက်ရှိထားတဲ့ Conan the Barbarian ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားကို ဟိုက်ဘိုရီယန်ခေတ်မှာ အခြေတည်ထားပြီးတော့ ခန့်မှန်းအားဖြင့် BC 14000 ကနေ 9500 ကြားလောက်အချိန်အတွင်းဖြစ်ပါတယ်။ဟိုက်ဘိုရီယန်ခေတ်မတိုင်ခင် အက်ရှရွန်ခေတ်မှာမှော်ဆရာတွေဟာ သေသူကိုပြန်ဆင့်ခေါ်နိုင်ဖို့ ဘုရင်တွေရဲ့အရိုးတွေကိုသုံးပြီး နတ်ဆိုးတွေစီး၀င်‌နေတဲ့ မျက်နှာဖုံးတစ်ခုကို ဖန်တီးလိုက်ကြပါတယ်။ မျက်နှာဖုံးဟာ စွမ်းအားကြီးလွန်းလို့ အက်ရှရွန်တွေဟာ တစ်ကမ္ဘာလုံးကို အုပ်စိုးသွားနိုင်ခဲ့ပေမယ့် သူတို့ကိုတော်လှန်နိုင်တဲ့ဘာဘေရီယန်ဆိုတဲ့ မျိုးနွယ်စုတစ်စု ကျန်ရှိနေခဲ့ပါတယ်။ ဘာဘေရီယန်တွေဟာ မျက်နှာဖုံးကိုခွဲပစ်လိုက်နိုင်ပြီး မသမာသူတစ်ယောက်ယောက်က အစိတ်အပိုင်းတွေကိုပြန်မဆက်နိုင်အောင်တစ်ပိုင်းချင်းစီကို မျိုးနွယ်စုအသီးသီးဆီဖြန့်ကျက်ထားလိုက်ပါတယ်။ ဒါပေမယ့် တစ်နေ့တော့ အပိုင်းအစတွေကိုပြန်စုတဲ့လူတစ်ယောက်ပေါ်လာခဲ့တဲ့အခါ ဇာတ်လိုက်ကျော် Jason Momoa တစ်ယောက် ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရင်း တားဆီးဖို့ကြိုးစားသွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက မင်းသားကြီးအာနိုးရဲ့ Conan the Barbarian (1982) နဲ့နာမည်တူ ခေတ်ပုံစံတွေတူပေမယ့် ဇာတ်လမ်းဆက်စပ်မှုတော့ မရှိပါဘူး။...

Beast (2022) ⭐IMDB: 5.6/10 (35 k Votes) 🎬 #Adventure #Drama #Horror #Thriller #Action 🗓 2022 🎞 movie 📺 #1080p #720p #4K 💿 2.0 GB ⦿ 965.2 MB ⦿ 6.0 GB 🌎 #India #UnitedStates #Iceland #Japan #SouthAfrica #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Beast (2022) Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ … နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ … အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ အချိန်မှာတော့ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရတယ်ဆိုတာ လူတွေကို သဲသဲမဲမဲကို လိုက်သတ်တဲ့ ခြင်္သေ့မျိုးပါ။ ခြင်္သေ့တွေက စားစရာမလိုဘဲ သာမန်အားဖြင့် လိုက်သတ်လေ့မရှိပါဘူး။ ဒီခြင်္သေ့ကြီးကတော့ အုပ်စုတစ်ခုလုံးကို တရားမဝင်မုဆိုးတွေက သတ်လိုက်လို့ တွေ့သမျှလူတွေကို သောင်းကျန်ပြီးလိုက်သတ်တာပါပဲ။ ဗီလိန်လို့တောင် မပြောနိုင်ပါဘူး။ တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်သူတွေ အကြိုက်တွေ့မှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Mr.Andersonပါ။)...

The Tourist (2010) ⭐IMDB: 6.0/10 (250 k Votes) 🎬 #Action #Adventure #Crime #Thriller #Romance 🗓 2010 🎞 movie 📺 #720p #1080p 💿 738.7 MB ⦿ 1.4 GB 🌎 #UnitedStates #France #Italy #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂျော်နီဒပ်နဲ့အန်ဂျလီနာဂျိုလီတို့ပါဝင်တဲ့ ဒီဇာတ်ကားက Action/Crime ပုံစံ လျှို့ဝှက်သည်းထိတ်ရင်ဖိုရုပ်ရှင်ကားပါ။ အလက်ဇန္ဒား ပီးရက် လို့ခေါ်တဲ့ ရုရှား မာဖီယားဂိုဏ်းတစ်ခုက ငွေထိန်း လူယုံ တစ်ယောက် ။သူ့သူဌေး ဂိုဏ်းခေါင်းဆောင်ဆီက ဒေါ်လာ သန်း ၂၀၀ ကျော် ဘုံးသွားတယ် ။ဒါ့အပြင် အင်္ဂလန် နာမည်ကျော် စကော့တလန်ယာဒ့် စုံထောက်အဖွဲ့ကြီး ဆီကနေလဲ ပေါင် ၇၃၃ သန်း ဘုံးသွားပါသေးတယ် ။သူ့ကို ၂ နှစ်လုံးလုံး လိုက်ရှာကြတယ် ။အစအနတောင် မတွေ့ရခဲ့ပါဘူး ။စကော့တလန်ယာဒ့် အဖွဲ့က အလက်ဇန္ဒား ပီးရက်ကို မိဖို့ အတွက် ပေါင် ၈ သန်းကျော် အသုံးပြုခဲ့တယ် ။ တစ်နေ့တော့ အထူးစုံထောက် အာချက်ဆင် ခေါင်းဆောင်တဲ့ စုံထောက်အဖွဲ့တွေက အလက်ဇန္ဒား ပီးရက် ရဲ့ ဇနီးသည်နောက်ကို ထပ်ခြပ်မကွာ လိုက်လံစုံစမ်းနေတဲ့ကြားက သူတို့ နှစ်ဦး ဆက်သွယ်မိသွားကြတယ် ။အလက်ဇန္ဒားဟာ သူ့ဇနီးသည်ကို အချစ်မြို့တော်လို့ခေါ်တဲ့ အီတလီနိုင်ငံ ဗင်းနစ်မြို့မှာ တွေ့ဆုံဖို့ ခေါ်ယူလိုက်တယ် ။ဇနီးသည် အဲလစ်ဟာ ပဲရစ်ကနေ ဗင်းနစ်သို့ လာရင်း ရထားပေါ်မှာ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်နဲ့ ဆုံမိပါတော့တယ် ။ပြသနာအရပ်ရပ်က အဲဒီအချိန်က စတော့တာပါပဲ ။ ရုရှားလူဆိုးဂိုဏ်းခေါင်းဆောင်ရယ် … စကော့တလန်ယာဒ့် စုံထောက်တွေရယ် အလက်ဇန္ဒားလို့ ခေါ်တဲ့ သူခိုးရယ်…အဲလစ်ဆိုတဲ့ မိန်းမလှလေးရယ်… အမည်မသိလူတစ်ယောက်ရယ်…ငွေတွေရယ်…ဘယ်လိုစခန်းဆက်ကြမလဲဆိုတာ…။...

Prey (2022) ⭐IMDB: 7.1/10 (209 k Votes) 🎬 #Action #Drama #Horror #Predator #Thriller #ScienceFiction #Adventure #SciFi 🗓 2022 🎞 movie 📺 #720p #1080p #4K #480p 💿 851.2 MB ⦿ 1.9 GB ⦿ 3.7 GB ⦿ 415.3 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Predator 5: Prey (2022) Predator ရုပ်ရှင်စီးရီးထဲက အသစ်တစ်ကားလာပါပြီ။ ဒါကတော့ အခုခေတ်မဟုတ်ဘဲ ဟိုးအရင် ခေတ်တုန်းက ပရက်ဒေတာတွေ လူတွေကိုအမဲလိုက်တဲ့အကြောင်းကို တင်ဆက်ထားတာပါ။ ဒီတော့ သေနတ်တွေနဲ့တောင် မနည်းချရတဲ့ ဂြိုလ်သားကို လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကိုမန်ချီလူမျိုးတွေ ပြင်သစ်မုဆိုးတွေ ရင်ဆိုင်ကြပုံကို ပြသထားပါတယ်။ အက်ရှင်အသားပေးမို့ တစ်ကားလုံးကြုံးနေကြတာပါပဲ။ ကြည့်လို့အတော်ကောင်းပါတယ်။ ရိုက်ချက်တွေရော အက်ရှင်တွေရောမိုက်တယ် အားလုံးကြိုက်ကြမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Mr. Andersonပါ။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာhttps://channelmyanmar.org/category/special-package/predator/ကြည့်ပါ။...

The Predator (2018) ⭐IMDB: 5.3/10 (138 k Votes) 🎬 #Action #Adventure #Horror #Predator #SciFi #ScienceFiction #Thriller 🗓 2018 🎞 movie 📺 #720p #1080p 💿 900.2 MB ⦿ 1.9 GB 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အတော်ကြာကြာ စောင့်လိုက်ရတဲ့ ရုပ်ရှင်ကားလေး အခုတော့ ထွက်လာပါပြီ။ Predator တွေကိုတော့ ရုပ်ရှင်ချစ်သူအတော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ ကိုယ်ပျောက်နိုင်စွမ်းတွေ လက်နက်ဆန်းတွေနဲ့ လူတွေကို အားကစားတစ်ခုလို အမဲလိုက်တတ်ကြတဲ့ ဂြိုလ်သားတွေပါပဲ။ ဒီကားအကျဉ်းကတော့ စစ်တပ်က လက်ဖြောင့်စနိုက်ပါတစ်ဦးဟာ ယာဉ်နဲ့ကျလာတဲ့ ပရက်ဒေတာဂြိုလ်သားဆီကနေ ပစ္စည်းတွေ ရလာခဲ့ပါတယ်။ သူ့အတွက် သက်သေဖြစ်အောင်လို့ ဒါတွေကို သူ့ရဲ့မိသားစုဆီကို ခိုးပြီးပို့လိုက်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီဂြိုလ်သားနည်းပညာကိုလိုချင်တဲ့အဖွဲ့ နဲ့ သူ့ပစ္စည်းတွေကို ပြန်လိုက်ရှာမယ့် ပရက်ဒေတာ နဲ့ အခြားပြဿနာကြီးတွေ ရင်ဆိုင်လာရပါတော့တယ်။ Predator ဇာတ်ကားအကုန်လုံးကို ဒီမှာhttps://channelmyanmar.org/category/special-package/predator/ကြည့်ပါ။...

Thor: Love and Thunder (2022) ⭐IMDB: 6.2/10 (368 k Votes) 🎬 #Action #Adventure #Comedy #Fantasy #Romance #SciFi 🗓 2022 🎞 movie 📺 #720p #1080p #480p #4K 💿 1.1 GB ⦿ 1.8 GB ⦿ 794.8 MB ⦿ 4.8 GB 🌎 #Australia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ စတုတ္ထမြောက် သောရ် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အရှေ့မှာတော့ Thor, Thor : Dark World, Thor Ragnarok တို့ ထွက်ထားခဲ့ပြီးပါပြီ။ ဒီဇာတ်လမ်းကတော့ Avengers : Endgame အပြီးမှာ Guardians of the Galaxy နဲ့အတူ အာကာသထဲမှာ စွန့်စားခန်းဖွင့်ဖို့ ထွက်လာခဲ့တဲ့ သောရ်ရဲ့အကြောင်းပါပဲ။ ဒီတစ်ခါ သောရ်ရင်ဆိုင်ရမှာကတော့ နတ်ဘုရားသတ်သမား ဂေါရ် ဆိုတဲ့ ဗီလိန်ပါပဲ။ ဂေါရ်ဟာ အရင်က နတ်ဘုရားကို ယုံကြည်ကိုးကွယ်ခဲ့သူဖြစ်ပေမဲ့ သူတို့ဂြိုလ်ကြီး အငတ်ဘေးဆိုက်ပြီး နောက်ဆုံး သူ့ရဲ့သမီးလေးပါ သေသွားတာကို နတ်ဘုရားတွေက ပျက်ရယ်ပြုပြီး လျစ်လျူရှုထားတာကိုတွေ့အပြီးမှာ နတ်ဘုရားတွေကိုမုန်းတီးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ နတ်ဘုရားတွေကို သတ်နိုင်တဲ့ ရှေးဟောင်းလက်နက်တစ်ခုဖြစ်တဲ့ ကျိန်စာသင့် နက်ခရိုဓားဟာ ဂေါရ်ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီဓားနဲ့ ဂေါရ်တစ်ယောက် စကြဝဠာတစ်ခွင်က နတ်ဘုရားတွေကို လိုက်သတ်နေရင်း နတ်ဘုရားအားလုံးကို တစ်ချီတည်းနဲ့ အပြီးသတ်သတ်နိုင်မယ့်လမ်းကို ကြိုးစားနေခဲ့ပါတယ်။ အဲဒီလမ်းမှာပဲ သောရ်နဲ့ ရင်ဆိုင်တွေ့လာပြီး သောရ်နဲ့အတူ မီအောရ်နာတူကို ကိုင်ဆောင်ထားတဲ့ သောရ်ရဲ့ ရည်းစားဟောင်း ဂျိန်းဖော်စတာ၊ ဖယ်ခရီတို့အတူပါဝင်တိုက်ခိုက်လာကြတဲ့အခါ စကြဝဠာတစ်ခုလုံးက နတ်ဘုရားတွေကို ကယ်တင်ရမယ့် တာဝန်ကြီးစတင်လာပါတော့တယ်။...

Predator (1987) ⭐IMDB: 7.8/10 (436 k Votes) 🎬 #Action #Adventure #Horror #Predator #SciFi 🗓 1987 🎞 movie 📺 #1080p #720p 💿 3.7 GB ⦿ 1.2 GB 🌎 #UnitedStates #Mexico ⏰ 1 နာရီ 25 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Raing (7.8) / Rotten Tomatoes (80%) Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့‌ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။ သူ့နောက်မှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) နဲ့ Prey (2022) တို့ အသီးသီး ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) နဲ့ Alien vs. Predator: Requiem (2007) တို့ပါ။ မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ်ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ်ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အမေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါတယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက်ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ်သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ်တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာhttps://channelmyanmar.org/category/special-package/predator/ကြည့်ပါ။...

To Catch a Thief (1955) ⭐IMDB: 7.4/10 (77 k Votes) 🎬 #Mystery #Romance #Thriller 🗓 1955 🎞 movie 📺 #1080p #4K #720p 💿 2.6 GB ⦿ 7.2 GB ⦿ 985.3 MB 🌎 #UnitedStates ⏰ 1 နာရီ 47 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 To Catch A Thief (1955) IMDb Rating (7.4) / Rotten Tomatoes (94%) Marilyn Monroe နဲ့ခေတ်ပြိုင် အော်စကာဆုရ မင်းသမီးတစ်ဦးဖြစ်တဲ့ Grace Kelly ရဲ့ ထင်ရှားတဲ့ရုပ်ရှင်ကား To Catch A Thief (၁၉၅၅)ကို တင်ဆက်ပေးချင်ပါတယ်ဆွဲဆောင်မှုရှိတဲ့ အပြောချိုချို ဟန်ပန်အမူအရာတွေနဲ့ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့အလှဆုံးမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Grace Kelly နဲ့  ဂန္တဝင်မင်းသားကြီး Cary Grant တို့ကို ပူးတွဲမြင်တွေ့ရမယ့်ဇာတ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ John Robie ဆိုတဲ့ ရတနာသူခိုးတစ်ယောက်ဟာ လတ်တလော ဖြစ်ပေါ်နေတဲ့ ခိုးမှုတွေမှာ သူအပြစ်မရှိကြောင်း သက်သေပြဖို့အတွက် သူ့ကိုတုပ​နေတဲ့ တကယ့် ရတနာသူခိုးကို ပြန်လိုက်ရှာပေးရမှာပါ ဇာတ်ကားဟာ ဒိုင်ယာလော့ခ်တွေကအစ လှိုင်းလုံးလေးတွေလို အလှုပ်အရွေ့တွေနဲ့ရှိနေပြီး ဇာတ်လမ်းကလည်း နိမ့်ချီမြင့်ချီနဲ့ရှိနေတာကတော့ နာမည်ကျော် ဂန္တဝင်ဒါရိုက်တာကြီး Alfred Hitchcock ရဲ့ ဒါရိုက်တာစွမ်းတွေကြောင့်လို့ပြောရင်မမှားပါဘူး။ သူဟာ သူခိုးအလုပ်ကို အရင်ကလုပ်ခဲ့ဖူးပြီး အနားယူထားသူဆိုတော့ သူခိုးရဲ့ အသွားအလာတွေကို သိနေတာတော့ မထူးဆန်းဘူးပေါ့။ ဒါပေမဲ့ ခက်တာကလည်း ရဲတွေအပါအဝင် နီးစပ်တဲ့အသိုင်းအဝိုင်းက သူ့ကို နာမည်ကြီး ကြောင်သူခိုး The Cat အနေနဲ့ ပြန်လှုပ်ရှားနေပြီလို့ ထင်နေကြတာပါပဲ။ နောက်ဆုံးမှာတော့ Robie တစ်ယောက် သူခိုးဘယ်လိုဖမ်းမလဲ၊ ကြားထဲမှာကော ဘယ်လိုတွေ ဖြေရှင်းရမလဲ၊ အချစ်နဲ့ဘယ်လိုတွေ့ရှိမလဲဆိုတဲ့ အူယားစရာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ ပြဇာတ်ဆန်တဲ့တင်ဆက်မှုမျိုးနဲ့နောက်ခံတေးဂီတတွေက ၁၉၅၅ ခုနှစ်များဆီကို ဆွဲခေါ်သွားနိုင်တဲ့ဇာတ်ကားပါ။ ဒါကြောင့် ဂန္တဝင်ကားတစ်ကားကြည့်ဖို့ စိတ်ဝင်စားနေတယ်ဆိုရင် To Catch A Thief က ပေါ့ပေါ့ပါးပါးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရမယ့်ကားတစ်ကားဖြစ်ပြီး Hitchcock ရဲ့ထုံးစံအတိုင်း suspense တွေနဲ့ ပြည့်နှက်နေမယ့်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။)...

Thor: The Dark World (2013) ⭐IMDB: 6.8/10 (702 k Votes) 🎬 #Action #Adventure #MarvelUniverse #SciFi #Fantasy 🗓 2013 🎞 movie 📺 #1080p #4K 💿 1.1 GB ⦿ 1.2 GB ⦿ 2.4 GB ⦿ 2.6 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thor: The Dark World (2013) IMDb Rating (6.8) ဇာတ်လမ်းအဖွင့်မှာ Odin က လက်ရှိ စင်္ကြာဝဠာထဲမှာ ဘာမှမရှိခင်ကာလတုန်းက အရာအားလုံး အမှောင်အတိဖြစ်နေပြီး အဲ့ဒီအမှောင်ထုထဲမှာ Dark Elf လို့ခေါ်တဲ့ လူမျိုးစုတွေ အမှောင်ထဲမှာနေထိုင်ကြပါတယ်။ အဲ့ဒီနောက်မှာ အလင်းရောင်ဖြစ်ပေါ်လာပြီး တစ်ခြား သတ္တဝါတွေ ဖြစ်လာပြီးနဲ့နောက်မှာ Dark Elf မင်းသားက စင်္ကြဝဠာကြီးကို အရင်လို အမှောင် ဘ၀ ပြန်ရောက်အောင်လုပ်ဖို့ကြိုးစားရာမှာ Odin ရဲ့အဖေ Bor က တားဆီးနိုင်ခဲ့ပါတယ်။ Dark Elf (Malekith) ရဲ့ လက်နှက် အဖြစ်သုံးတဲ့ Aether လို့ခေါ်တဲ့ အရာဝတ္ထုကိုတော့ ဖျက်ဆီးလို့မဖြစ်လို့ဘယ်သူမှာ မတွေ့နိုင်တဲ့နေရာမှာ ဖွက်ထားခဲ့ပါတယ်။ ဒါကို မင်းသမီး Natalie Portman က Thor နဲ့အဆက်အသွယ်ရဖို့ ကြိုးစားနေရင်းနဲ့ မထင်မှတ်ပဲ ရှာတွေ့သွားခဲ့ပါတယ်။ (ကမ္ဘာတွေအားလုံးက နှစ်ပေါင်း ၅၀၀၀ မှာတစ်ကြိမ် တစ်တန်းထဲ ကျပြီး တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိတယ်လို့ဆိုပါတယ်။ အဲ့ဒီအချိန်မှာ Malekith က ကမ္ဘာအားလုံရဲ့ နေတွေကို ဖျက်ဆီးဖို့ကြိုးစားတာပါ။) အဲ့လိုအချိတ်အဆက်ဖြစ်နေတဲ့ အချိန်မှာ မင်းသမီး က မထင်မှတ်ပဲ Aether ကို ဖွက်ထားတဲ့ ဂြိုလ်ပေါ်ရောက်သွားပြီး Aether က သူ့ကိုယ်ထဲ ဝင်သွားသလို Malekith ကလည်း Aether ရဲ့ စွမ်းအားကို အာရုံခံမိသွားပြီး Natalie Portman အနောက်ကို လိုက်ဖို့ကြိုးစား သလို Thor ကလည်း သူချစ်သူကို ရော ကမ္ဘာကြီးကိုပါ Malekith ရဲ့လက်က နေ ကယ်တင်ရပုံတွေကို ကြည့်ရှုခံစားရမှာပါ။(အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်။) ++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီးစကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue)(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီးAvengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red)( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb)( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green)( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow)( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Vision ရဲ့ နဖူးထဲမှာ မြှပ်ထားတာပါ) ၆။ Soul Stone (Orange)( သက်ရှိ သက်မဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်။ Planet Vormir မှာရှိပါတယ်။ ) အဆိုပါ ကျောက်တုံး ၆ တုံးကို သုံးနိုင်ဖို့ Infinity Gauntlet ဆိုတဲ့ လက်အိတ်ကို လိုပါတယ်။ အဲဒီလက်အိတ်ကိုတော့ Thanos ပိုင်ဆိုင်ထားပါတယ်။ဒီလောက်ဆို Marvel Universe ကိုကြည့်ဖို့ အကြမ်းဖျဉ်းလုံလောက်ပြီ ထင်ပါတယ်။...

Thor (2011) ⭐IMDB: 7.0/10 (873 k Votes) 🎬 #Action #Adventure #MarvelUniverse #SciFi #Fantasy 🗓 2011 🎞 movie 📺 #4K #1080p #720p 💿 3.3 GB ⦿ 1.6 GB ⦿ 1.2 GB ⦿ 1.3 GB ⦿ 1010.3 MB 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thor (2011) IMDb Rating (7.0) လွန်ခဲ့သည့် နှစ်ပေါင်းများစွာက စကြဝဠာတွင် အဖွဲ့အစည်း ၃ ခုတည်ရှိသည်။ Giant Frost, Asgard နှင့် လူသား မျိုးနွယ်များဖြစ်သည်။ Giant Frost က လူသားမျိုးနွယ်စု နေထိုင်သည့် ကမ္ဘာမြေကြီးကို ကျူးကျော် တိုက်ခိုက်သည်။ သို့သော် Asgard က အနှီ ကျုးကျော်မှုကို လက်မခံပဲ Giant Frost များကို ပြန်လည်တိုက်ခိုက်သည်။ နောက်ဆုံးတွင် Asgard လူမျိုးနွယ်စုက အနိုင်ရရှိပြီး Giant Frost မှ အရေးကြီးဆုံး လက်နက်ကို သိမ်းပိုက်ပြီး ငြိမ်းချမ်းစွာ နေထိုင်သည့် သဘောတူညီချက် ကိုပြုလုပ်သည်။ Asgard ဘုရင် တွင် သားတော် ၂ ပါး Thor နှင့် Loki ရှိသည်။ Thor သည် စစ်မှုရေးရာတွင် ကျွမ်းကျင်သော်လည်း အင်မတန် တိုက်ခိုက်ချင်စိတ်များကာ မရင့်ကျက်သေးသည့် စစ်သားတစ်ယောက်ဖြစ်သည်။ Thor ကို တစ်ရက် ဘုရင်ကြီး အိုဒင် က ထီးနန်းလွှဲပေးမည့် နေ့ ရက်ဖြစ်သည်။ သူတို့လက်နက်တိုက်မှ Giant Frost မှ အရေးကြီးဆုံး လက်နက် ကို Giant Frost ထံမှ ဘက်တော်သားများက ခိုးယူဖို့ ကြံစည်သည်။ ဘုရင်ကြီးသိသွားကာ အစောင့်ကို တိုက်ခိုက်လိုက်သည်။ ထိုသို့ လာရောက်ကျူးကျော်မှုကို Thor က လက်မခံသော်လည်း ဘုရင်ကြီးက ဘာသိဘာသာနေဖို့ ပြောလိုက်သည်။ Thor မှ မခံချင်ပဲ သူ့ညီငယ် Loki မြှောက်ပေးမှုနှင့် အတူ သူငယ်ချင်းများနှင့် Giant Frost တိုင်းပြည်ကိုသွားကာ ပြဿနာရှာသည်။ Giant Frost က မခံချင်အောင် ရန်စ ပြောဆိုသဖြင့် ပဋိပက္ခ ဖြစ်သည်။ သူတို့ ဘက်က အုပ်စုက ထွက်ပြေးလာကာ ပြေးပေါက် မရှိသည့် အချိန်တွင် ဘုရင်ကြီး လာရောက် ကယ်ဆယ်သည်။ပြသနာ အရင်းခံ Thor မှ ဖခင် ဘုရင်ကြီးကို မချေမငံ ပြန်လည် ပြောဆိုရာမှ ဘုရင်ကြီး အမျက်တော်ရှပြီး Thor ကို အစွမ်းသတ္တိများ သိမ်းယူပြီး ကမ္ဘာဘက်သို့ နယ်နှင်ဒဏ်ပေးလိုက်သည်။ Thor တစ်ယောက် မင်းသားဘဝကနေ ကမ္ဘာကြီးမှာ သာမာန်လူအဖြစ်နဲ့ ဘယ်လိုများ ဆက်လက် အသက်ရှင်မလည်း၊ Asgard ပြည်ကို ပြန်လည်ရောက်ရှိအုန်းမှာလည်း၊ သူမရှိပဲ Asgard တိုင်းပြည်ရေး အခြေအနေ ဘယ်လိုများ ပြောင်းလဲ သွားမလည်းဆိုတာကြည့်ရှုရမှာပါ။(အညွှန်းကို ရတနာပုံဆိုဒ်မှ ကူးယူဖော်ပြပါသည်။) +++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီးစကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, Hawkeye, Vision,Scarlet Witch,Antman,Falcon) တို့နဲ့Spiderman, Doctor Strange, Black Panther, Guardians of the Galaxy အဖွဲ့တို့ ပူးပေါင်းတားဆီးကြရင်း ဖြစ်လာတဲ့ စစ်ပွဲပါ။ Infinity Stones 6 လုံးရဲ့ တည်နေရာတွေကတော့ ၁. Space Stone aka Tesseract (Blue)(Captain America: the first avenger ဇာတ်ကားမှာ နာဇီတွေဆီက လုယူရတဲ့ ကျောက်တုံးဖြစ်ပြီးAvengers ဇာတ်ကားမှာ လိုကီက ဂြိုလ်သားတွေကို ကမ္ဘာကိုခေါ်ဖို့ ဝင်ပေါက်ဖွင့်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်၊လက်ရှိကတော့ Asgard ဂြိုလ်ပေါ်မှာ သိမ်းဆည်းခဲ့ရင်း Thor: Ragnarok ကားအဆုံးမှာ လိုကီ ခိုးယူခဲ့တာကို တွေ့ရမှာပါ) ၂။ Reality Stone aka Aether (Red)( စကြဝဠာကို Big Bang မတိုင်ခင်အထိတောင် ပြန်ပြောင်းပစ်နိုင်ပါတယ်။Thor 2: The Dark World မှာ ပါလာခဲ့ပြီး နောက်ဆုံး credit scene မှာ Collector ဆိုသူဆီမှာ သိမ်းဆည်းထားပါတယ်) ၃။ Power Stone (Purple Orb)( ဂြိုလ်တစ်ခုလုံးကို အသာလေးဖျက်ပစ်လို့ရတဲ့ raw power တွေပါပါတယ်။Guardian of the Galaxy 1 မှာ ပါဝင်ခဲ့ပြီး Xander က Nova Corps စစ်တပ်လက်ထဲမှာ သိမ်းဆည်းထားပါတယ်။) ၄။ The Time Stone ( The Eye of Agomotto, Green)( အချိန်ကို လိုသလိုအသုံးချနိုင်ပါတယ်။ Doctor Starnge ဇာတ်လမ်းမှာ ပါဝင်လာပြီး လက်ရှိ ဒေါက်တာ စထ်ရိန့်က စောင့်ရှောက်ထားပါတယ်) ၅။ Mind Stone (Yellow)( ဉာဏ်ရည်ကို မြှင့်တင်ခြင်းနဲ့ စိတ်ညို့ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ Avengers 1 မှာ ပါဝင်ခဲ့ပြီး လက်ရှိ Visi...

Burial (2022) ⭐IMDB: 4.9/10 (2 k Votes) 🎬 #Thriller #War 🗓 2022 🎞 movie 📺 #4K #1080p #720p #480p 💿 1.7 GB ⦿ 1.0 GB ⦿ 435.8 MB ⦿ 343.6 MB ⦿ 590.6 MB 🌎 #UnitedKingdom #Estonia ⏰ 1 နာရီ 34 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Burial 2022 ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဘာလင်တိုက်ပွဲပြီးလုပြီးခင်မှာဘာလင်မြို့ကရုရှားထောက်လှမ်းရေးဖြစ်တဲ့ ဘရာနာ နဲ့ တပ်သားတစ်ချို့ကအထူးလျှို့ဝှက်တာဝန်ပေးခံရပါတယ်။ ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို သူတို့ရုရှားခေါင်းဆောင်စတာလင်ဆီသယ်သွားပေးဖို့ပါ။ဒါကလျှို့ဝှက်မစ်ရှင်ဖြစ်တာကြောင့် လေယာဥ်မသုံးရသလို ဘာလင်ကသူတို့ရဲဘော်ရဲဘက်တွေနဲ့လဲအဆက်အသွယ်မလုပ်ရပါဘူး။သေတ္တာထဲမှာဘာပါတယ်ဆိုတာလဲ ဘရာနာရယ် နောက်ခေါင်းဆောင်နှစ်ယောက်ရယ်သာသိပြီး တပ်သားတွေကမသိကြပါဘူး။သူတို့ကဒီသေတ္တာကြီးကို ညမှာသူတို့ကိုလာသတ်ပြီးယူသွားမှာဆိုးလို့ညဆို ဒီသေတ္တာကြီးကိုမြေကျွင်းတူးပြီးမြှပ် မနက်ကျမှပြန်တူးပြီးခရီးဆက်ပါတယ်။တပ်သားတွေကလဲဒီသေတ္တာထဲမှာဘာပါမှန်းတာမသိတာအမိန့်အရဒါကြီးကိုသူတို့အသက်နဲ့ရင်းပြီးကာကွယ်ဖို့အသင့်ဖြစ်နေတာပါပဲ။အဲလိုသစ္စာရှိတပ်သားတစ်စုရယ် သေတ္တာကြီးတစ်လုံးရယ်အဲဒီသေတ္တာကြီးကို လိုချင်နေတဲ့ တခြားအဖွဲ့ရယ်စစ်ဘေးဒဏ်ကြောင့်စစ်သားတွေအပြင် လူမြင်မြင်သမျှကြောက်နေရတဲ့ ပြည်သူပြည်သားတွေရယ်ကြားမှာဘာတွေဆက်ဖြစ်မလဲဘရာနာတို့ရဲ့အထူးလျှို့ဝှက်တာဝန်ရောအောင်မြင်သွားမလားဆိုတာကြည့်ရှုလိုက်ပါဦး အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Rashidaနဲ့Moh Mohပဲ ဖြစ်ပါတယ်။...

Joe Pickett (2021- ) ⭐IMDB: 7.7/10 (5 k Votes) 🎬 #Drama #Western 🗓 2021- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 48 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Joe Pickett – Season (01)Joe Pickett – Season (01) =================IMDb 7.7 ရရှိထားပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့ season 2 ခု ထွက်ရှိထားတဲ့ စီးရီးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ အထူးသဖြင့် အမျိုးသားပရိသတ်တွေ ပိုအကြိုက်တွေ့နိုင်မဲ့ ဇာတ်လမ်းမျိုးလို့ ထင် မြင်မိပါတယ်။ ဇာတ်ကောင်တွေရဲ့ အံဝင်ခွင်ကျဖြစ်မှု၊ ရိုက်ကူးတင် ဆက်ပုံ ကောင်းမွန်မှု နဲ့ နောက်ခံရှု့ခင်းတွေ သဘာဝဆန်စွာ လှပမှုတွေ ကြောင့် စတင်ထုတ်လွှင့်ချင်းမှာပဲ feedback ကောင်းတွေ အများကြီး ရထားတဲ့ စီးရီးတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်း _____________ ဂျိုးပစ်ကတ်က ဆက်ဒယ်စထရင်းဆိုတဲ့ မြို့လေးကို အသစ်ပြောင်းလာ တဲ့ တောခေါင်းတစ်ယောက်ပါ။ ဥပေဒကို ချိုးဖောက်တဲ့ ဘယ်သူ့ကိုမဆို ချက်ချင်းအရေးယူတတ်ပြီး လိုင်စင်မဲ့ ငါးဖမ်းတဲ့ အစိုးရအဖွဲ့ခေါင်းဆောင် ကိုပါ ထိန်းသိမ်းအရေးယူခဲ့တာကြောင့် သတင်းစာတွေမှာ ဟိုးလေးတ ကြော်ကြော်ဖြစ်နေတဲ့သူပေါ့။ ဒါ့အပြင် ဇနီးဖြစ်သူ ရှေ့နေမလေးနဲ့ သမီး နှစ်ယောက်အပေါ်မှာလည်း တော်တော်လေးကို တာဝန်ကျေတဲ့ အိမ်ထောင် ဦးစီးကောင်းတစ်ယောက်ပါ။ ဒီလိုနဲ့ ဆက်ဒယ်စထရင်းကို သူရောက်လာလာချင်းမှာပဲ အုတ်ခီလီဆိုတဲ့ တောကောင်ရောင်းဝယ်ရေးသမားတစ်ယောက်က ရာသီချိန်မဟုတ်ဘဲ အမဲ လိုက်နေတဲ့အတွက် လိုင်စင်သိမ်းပြီး အရေးယူပစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသိ ခဲ့တာကတော့ အုတ်ခီလီက အဲဒီမြို့မှာ နာမည်ကြီးဖြစ်တဲ့ မိသားစုတစ်ခုနဲ့ အဆက်အစပ်ရှိနေတဲ့ လူမိုက်တစ်ယောက်ပါ။ တစ်နေ့မှာတော့ အုတ်ခီလီ တစ်ယောက် ဂျိုးရဲ့ အိမ်နောက်ဘေးမှာ သေဆုံးနေတာကို တွေ့ခဲ့ရပြီး ပြဿ နာတွေ စတင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ပေးရမဲ့ ဂျိုးနဲ့ တရားမဝင်ရောင်းဝယ်ချင်နေကြတဲ့လူတွေကြား အားပြိုင်မှုတွေကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမဲ့ စီးရီးတစ်ခုပါပဲ။ စီးရီးရဲ့ အားသာချက်တစ်ခုကတော့ တိမ်ကောပျောက်ကွယ်တော့မဲ့ တောရိုင်းတိရစ္ဆာန် တွေကိုပါ ထည့်သွင်းရိုက်ကူးပြထားပြီး လူတိုင်းမှာ ကာကွယ်ရမဲ့တာဝန်ရှိတယ် ဆိုတာကိုပါ မက်ဆေ့ချ် ပေးထားတာပဲ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာ ပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size………….(500 MB) / (1.0 GB)...

The Bear (2022- ) ⭐IMDB: 8.4/10 (103 k Votes) 🎬 #Drama #Comedy 🗓 2022- 🎞 tv series 📺 #1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 29 မိနစ် 58 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Bear Season 1 + 2 (2022)The Bear (2022) Season 1အမေရိကန်ရဲ့ထိပ်တန်းစားသောက်ဆိုင်က ထိပ်တန်းစားဖိုမှူးလေး Carmen Berzatto တစ်ယောက် မိသားစုလုပ်ငန်းဖြစ်တဲ့ ဆန်းဒွစ်ဆိုင်ကို ပြန်ဦးစီးဖို့ဖြစ်လာတဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ ရုန်းကန်မှုတွေအကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးပါ။ IMDb rating 8.5 ရထားပြီးတော့ စားသောက်ဆိုင်က စားဖိုဆောင်ကလူတွေရဲ့ အလေ့အကျင့်တွေ လုပ်ပုံကိုင်ပုံတွေကို အသေးစိတ်ရိုက်ပြထားတာဖြစ်လို့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။Carmen ဦးစီးရမယ့်စားသောက်ဆိုင်ကဝန်ထမ်းတွေက သူ့တို့အစီအစဉ်အတိုင်းလုပ်ချင်ပြီးတော့ သူ့လို လူသစ်ကို လက်မခံချင်တဲ့အခါ၊ သူ့ဆုံးဖြတ်ချက်တွေကို မလေးစားတဲ့အခါ၊ သူ့အစ်ကိုဝမ်းကွဲကလည်း သူပြောင်းလဲချင်တာတွေကို လက်မခံတဲ့အခါ ဝန်ထမ်းတွေနဲ့ဆက်ဆံရေး၊ မိသားစုနဲ့ ဆက်ဆံရေးတွေအတွက် သူတော်တော်လေးရုန်းကန်ရပါတယ်။ Carmen တစ်ယောက် ဆိုင်ကိုအောင်မြင်အောင် ဦးဆောင်နိုင်ပါ့လား၊ ဝန်ထမ်းတွေနဲ့ရော အဆင်ပြေပါ့မလား၊ မိသားစုကရော သူလုပ်ချင်တာတွေကို လက်ခံပါ့မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ အပိုင်းတိုင်းစောင့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။စုစုပေါင်း ၈ ပိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh နဲ့ Rashida ပဲ ဖြစ်ပါတယ်။Genre….. Comedy...

You Don't Mess with the Zohan (2008) ⭐IMDB: 5.6/10 (208 k Votes) 🎬 #Action #Comedy 🗓 2008 🎞 movie 📺 #1080p #720p 💿 2.1 GB ⦿ 902.6 MB 🌎 #UnitedStates ⏰ 1 နာရီ 57 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 You Don’t Mess with the Zohan (2008) Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကကို ထူးဆန်းတဲ့နည်းနဲ့ သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇိုဟန်တစ်ယောက် အမေရိကရောက်သွားတော့ ဘာတွေဆက်ဖြစ်မလဲ… ဘယ်လိုဆန်းပြားတဲ့အတွေ့အကြုံသစ်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Adam Sandler ထုံးစံ စခွီတစ်သိန်းနဲ့ မြင်ရမှာဖြစ်လို့ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...