fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Last Christmas (2019) ⭐IMDB: 6.5/10 (87 k Votes) 🎬 #Comedy #Drama #Romance #Fantasy 🗓 2019 🎞 movie 🌎 #UnitedKingdom #UnitedStates #China #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။Romance ကား ကောင်းကောင်းလေးပါပဲ။ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ်မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရောအစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ...

Uniki (2022) ⭐IMDB: 3.7/10 (113 Votes) 🎬 #Bollywood #Crime #Mystery #Thriller #Uncategorized #Action 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Madam Collector – Uniki 2022( မမခရိုင်မှူး) ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ် ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာသူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါ အိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက်ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ် ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ် အညွှန်းကို‌တော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Your Christmas or Mine 2 (2023) ⭐TMDB: 69.0% User Score 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 39 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Your Christmas or Mine 2 (2023)======================== ၂၀၂၂ ခရစ်စမတ်မှာ ရထားချင်းလွဲပြီး အိမ်မှားရောက်သွားခဲ့ကြတဲ့ဂျိန်းစ်နဲ့ ဟေလေတို့ ချစ်သူနှစ်ယောက် အခု ၂၀၂၃ ခရစ်စမတ်မှာလည်း လွဲကြပြန်ပါပြီ။ဒီတစ်ခေါက်ကတော့ ဒီလိုပါ။ သူတို့နှစ်ယောက် ခရစ်စမတ်ပိတ်ရက်မှာ နှစ်ဖက်မိသားစုတွေနဲ့အတူတူ အပ်စ်တောင်တန်းမှာ နှင်းလျှောစီးဖို့ စီစဉ်ထားကြပါတယ်။လူကုံထံတွေဖြစ်တဲ့ ဂျိန်းစ်တို့ဘက်က နှင်းတောင်တန်းတွေရဲ့ အလယ်မှာရှိတဲ့ ကြယ်လေးပွင့်ဇိမ်ခံဟိုတယ်ကြီးမှာ ဘိုကင်တင်ထားကြပြီးသာမန်မိသားစုလေးဖြစ်တဲ့ ဟေလေတို့ဘက်ကတော့ သက်သာချောင်ချိရေး တည်းခိုအိမ်လေးမှာပဲ ဘိုကင်ယူထားကြတာပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ နှစ်ဖက်မိသားစုက ကားချင်းလွဲတက်သွားကြပြီး နေရာတွေမှားရောက်ကုန်ကြပါပြီ။ မိုးနဲ့မြေလို ကွာခြားတဲ့ နေရာနှစ်ခုကို လွဲပြီးရောက်သွားကြချိန်မှာတော့ သူတို့တွေ ဘာဆက်ဖြစ်လာမလဲ၊ ဂျိန်းစ်နဲ့ဟေလေတို့ကရော ဘယ်လိုဆက်နှစ်ပါးသွားကြဦးမလဲဆိုတာကို ပျော်ပျော်ပါးပါးကြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...

Your Christmas or Mine 2 (2023) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 42 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Your Christmas or Mine 2 (2023)======================== ၂၀၂၂ ခရစ်စမတ်မှာ ရထားချင်းလွဲပြီး အိမ်မှားရောက်သွားခဲ့ကြတဲ့ဂျိန်းစ်နဲ့ ဟေလေတို့ ချစ်သူနှစ်ယောက် အခု ၂၀၂၃ ခရစ်စမတ်မှာလည်း လွဲကြပြန်ပါပြီ။ဒီတစ်ခေါက်ကတော့ ဒီလိုပါ။ သူတို့နှစ်ယောက် ခရစ်စမတ်ပိတ်ရက်မှာ နှစ်ဖက်မိသားစုတွေနဲ့အတူတူ အပ်စ်တောင်တန်းမှာ နှင်းလျှောစီးဖို့ စီစဉ်ထားကြပါတယ်။လူကုံထံတွေဖြစ်တဲ့ ဂျိန်းစ်တို့ဘက်က နှင်းတောင်တန်းတွေရဲ့ အလယ်မှာရှိတဲ့ ကြယ်လေးပွင့်ဇိမ်ခံဟိုတယ်ကြီးမှာ ဘိုကင်တင်ထားကြပြီးသာမန်မိသားစုလေးဖြစ်တဲ့ ဟေလေတို့ဘက်ကတော့ သက်သာချောင်ချိရေး တည်းခိုအိမ်လေးမှာပဲ ဘိုကင်ယူထားကြတာပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ နှစ်ဖက်မိသားစုက ကားချင်းလွဲတက်သွားကြပြီး နေရာတွေမှားရောက်ကုန်ကြပါပြီ။ မိုးနဲ့မြေလို ကွာခြားတဲ့ နေရာနှစ်ခုကို လွဲပြီးရောက်သွားကြချိန်မှာတော့ သူတို့တွေ ဘာဆက်ဖြစ်လာမလဲ၊ ဂျိန်းစ်နဲ့ဟေလေတို့ကရော ဘယ်လိုဆက်နှစ်ပါးသွားကြဦးမလဲဆိုတာကို ပျော်ပျော်ပါးပါးကြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...

New Normal (2023) ⭐TMDB: 70.0% User Score 🎬 #Comedy #Horror #Thriller 🗓 2023 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 New Normal (2023) ပုံမှန်မြင်တွေ့နေကျ K Drama တွေနဲ့မတူဘဲ တမူထူးခြားတဲ့ ဇာတ်လမ်းပုံစံလေးနဲ့New Normal (2023) ကတော့ ၂၀၂၂ ခုနှစ်အတွင်း ဆိုးလ်မြို့ရဲ့ နေ့ရက် ၄ ရက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီ ၄ ရက်တာကို အပိုင်းလေးတွေခွဲထားပြီးတစ်ပိုင်းနဲ့တစ်ပိုင်းဟာလည်း အနည်းအကျဉ်းစီ ဆက်စပ်နေကြပါတယ်။ တစ်ပိုင်းချင်းစီမှာ ကိုယ့်အနေနဲ့ တစ်ခါမှကြုံတွေ့ဖူးမှာမဟုတ်တဲ့ အံ့အားသင့်ထိတ်လန့်စရာ နေ့ရက်တစ်ရက်စီကို ရိုက်ကူးပြထားပြီးနေ့စဉ်ဘဝမှာ ကိုယ်မျှော်လင့်မထားမိတဲ့ အန္တရာယ်နဲ့အကြောက်တရားတွေအကြောင်း သရုပ်ဖော်ပြထားတာပါ။ SHINee’s Minho, Strong Girl Gang Nam Soon ထဲက Lee Yoo Mi တို့အပြင်Choi Ji Woo တို့လို မင်းသမီးကြီးတွေပါ ပါဝင်ထားတာမို့ ကြည့်ရတန်စေမယ်လို့ ထင်ပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hmweပဲ ဖြစ်ပါတယ်။...

Jack Strong (2014) ⭐IMDB: 7.0/10 (5 k Votes) 🎬 #Thriller #Drama #History 🗓 2014 🎞 movie 🌎 #Poland ⏰ 2 နာရီ 8 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာ အရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။ သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့ စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့ သူ့မိသားစုရဲ့လုံခြုံရေးအတွက် “Jack Strong” ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီး အမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာ တရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာ ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။ စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့ သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။...

Primary Colors (1998) ⭐TMDB: 63.0% User Score 🎬 #Comedy #Drama 🗓 1998 🎞 movie 🌎 #France #Germany #Japan #UnitedKingdom #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 24 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Primary Colors (1998) ~ IMDb – 6.7/10, Rotten Tomatoes – 80% ~ 70s, 80s ခုနှစ်ပိုင်းက Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ထရာဗိုတာအပြင် Emma Thompson နဲ့ Kathy Bates တို့လို ဝါရင့်သမ္ဘာရင့်မင်းသမီးကြီးတွေလည်း ပါ၀င်ထားပြီး အော်စကာဆုအတွက်ပါ ဆန်ခါတင် ဆုနှစ်ခု၀င်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ထွက် Comedy, Drama အမျိုးအစား အဟောင်းအကောင်းဇာတ်ကားတစ်ကားပါ။ အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်းနဲ့ မဲဆွယ်ပုံတွေအကြောင်းကို အသားပေးပြီး ရိုက်ကူးထားတာပါ။ 1996 မှာထွက်ခဲ့တဲ့ အမည်မသိဆောင်းပါးရှင်ရဲ့ နိုင်ငံရေး၀တ္ထုဖြစ်တဲ့ “Primary Colours: A Novel of Politics” ကို ပြန်ရိုက်ထားတာဖြစ်ပြီး အဲဒီ၀တ္ထုကလည်း အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်ရဲ့ ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုအကြောင်းရေးသားထားတယ်လို့ဆိုကြပါတယ်။ ဇာတ်ကားထဲမှာတော့ ရွေးကောက်ခံအမတ်လောင်းတွေကြားက ညစ်ပတ်တဲ့ကစားကွက်တွေ၊ အချင်းချင်းချောက်ချတာတွေ ပါဝင်ပြီး နိုင်ငံရေးဆိုတာ ဒီလိုပါလားဆိုတာသဘောပေါက်စေမယ့်၊ မဲပေးသူတွေကို မျက်စိပွင့်နားပွင့်ဖြစ်စေမယ့် ဇာတ်ကားကောင်းပါပဲ။ ၁၉၉၈ ခုနှစ်ကကားဖြစ်ပေမဲ့ အခုထိကိုခေတ်မီနေဆဲကားဖြစ်တယ်လို့ပြောလို့ရတဲ့ ကားကောင်းလေးမလို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

The Gilded Age (2022- ) ⭐IMDB: 8.0/10 (32 k Votes) 🎬 #Drama 🗓 2022- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 2 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Gilded Age (2022) Your browser does not support the video tag.ဒီစီးရီးက ဘက်ဂျက်အတော်ကြီးကိုသုံးထားပြီး အတော်ကြီးကို ကောင်းပါတယ်။ HBO စီးရီးတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ဆက်တင်တွေပီပီပြင်ပြင်ကြည့်ရမှာပါ။1882 ခုနှစ်၊ အမေရိကန်မှာ သံလမ်းလုပ်ငန်းတွေတွင်ကျယ်လာပြီး စီးပွားရေးအပြောင်းအလဲကြီးတွေ ဖြစ်ပျက်နေတဲ့ကာလ၊ နည်းလမ်းဟောင်းတွေနဲ့ နည်းလမ်းသစ်တွေ တိုက်ခိုက်နေကြတဲ့ Gilded age လို့ခေါ်တဲ့ကာလပါ။ နိုင်ငံရေးမသမာမှုတွေလည်း အတော်များတဲ့ကာလပေါ့။ပန်ဆယ်ဗေးနီးယား ကျေးလက်ဒေသမှာနေထိုင်တဲ့ မာရီယန်ဘရွတ်ခ်ဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီး သူ့ဖခင်နဲ့မသင့်မြတ်ခဲ့တဲ့ နယူးယောက်ကအဒေါ်တွေဆီ မဖြစ်မနေပြောင်းနေရဖို့ ဖြစ်လာပါတယ်။ရည်မှန်းချက်ကြီးတစ်ခုနဲ့ ဘဝသစ်စချင်နေတဲ့ လူမဲမိန်းကလေးပက်ဂီနဲ့တွေ့ရာကအပြန်အလှန်ကူညီဖို့အကြောင်းဖန်လာရင်း အဒေါ်တွေရဲ့အိမ်ကို အတူတူရောက်သွားကြပါတယ်။နယူးယောက်ရဲ့ လူကုံထံတွေဆီပြောင်းလာပြီး ဝင်ဆံ့အောင်ကြိုးစားချင်နေတဲ့ သံလမ်းလုပ်ငန်းပိုင်ရှင် မိသားစုတစ်စုနဲ့ လူသစ်လက်မခံချင်ကြတဲ့ အသိုင်းအဝိုင်းတို့ကြား မယ်ရီယန်တို့ရောက်လာတဲ့အခါ ဘယ်လိုအရှုပ်တော်ပုံတွေ ကြုံကြရမလဲဆိုတာ ရှုစားလိုက်ကြပါတော့။၁၉ရာစုလို စက်မှုထွန်းကားခါစကာလအခြေတည်တဲ့စီးရီးမျိုးတွေကြိုက်ရင်၊ ဇာတ်အိမ်ခိုင်ခိုင်မာမာစီးရီးတွေနှစ်သက်ရင် လုံးဝလက်လွှတ်မခံသင့်​ကြောင်း ပြောလိုက်ပါရစေ...

Coco Before Chanel (2009) ⭐IMDB: 6.7/10 (42 k Votes) 🎬 #Biography #Drama #History 🗓 2009 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 51 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Chanelဆိုတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုကို မွေးဖွားပေးခဲ့တဲ့ Coco Chanel။ ကမ္ဘာမှာလွှမ်းမိုးမှုအရှိဆုံး ဖက်ရှင်ဒီဇိုင်နာလို့ ရှာလိုက်ရင်ပဲ အခုချိန်ထိ Coco Chanelက ထိပ်ဆုံးမှာ နေရာယူထားဆဲပါ။ Coco Chanelဆိုတာ ပြင်သစ်အမျိုးသမီး Gabrielle Bonheur Chanelပဲဖြစ်ပါတယ်။ သူ့ကို ၁၈၈၃ခုနှစ် ဩဂုတ်လ ၁၉ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ကလေးဘ၀မှာပဲ မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီး အဖေဖြစ်သူက သူတို့ညီမနှစ်ယောက်ကို မိဘမဲ့ဂေဟာမှာ စွန့်ပစ်ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အချိန်မှာတော့ မိဘမဲ့ဂေဟာက တတ်မြောက်လာခဲ့တဲ့ အပ်ချုပ်ပညာရပ်နဲ့ အလုပ်လုပ်ရပြီး ညဘက်တွေဆို စားသောက်ဆိုင်တွေမှာ သီဆိုဖျော်ဖြေရင်း ဘ၀ကိုခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရပါတယ်။ စစချင်းမှာ ဦးထုတ်တွေကို ဒီဇိုင်းထုတ်ပြီး ရောင်းချရာကနေစတင်ခဲ့တယ်။ စတိုင်လ်ဘောင်းဘီတွေဟာ အမျိုးသမီးတွေအတွက်လို့ မထင်ကြတဲ့ခေတ်တစ်ခုကို Coco Chanelက ပြောင်းလဲပေးခဲ့ပြီး ဖက်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုကမ္ဘာ့ဖက်ရှင်လောကရဲ့ အကျော်ကြားဆုံးအမျိုးသမီးတစ်ယောက်ရဲ့ ကလေးဘ၀ကစလို့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာတဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ဘ၀အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုကြပါဦး။...

My Left Foot: The Story of Christy Brown (1989) ⭐TMDB: 75.0% User Score 🎬 #Biography #Drama 🗓 1989 🎞 movie 🌎 #Ireland #UnitedKingdom #UnitedKingdom ⏰ 1 နာရီ 43 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ်စတီဘရောင်းဟာ မွေးကတည်းက မသန်စွမ်းလေးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းနှိမ်တာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။မိသားစုတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုရင်ဆိုင်ပြီး မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း ခရစ်စတီ ဘရောင်းတစ်ယောက်ဝါသနာပါရာ ပန်းချီကိုရေးဆွဲဖြစ်လာတယ်။ စကားပြောတတ်အောင် သင်ပေးတဲ့ ဆရာဝန်မလေး အယ်လင်က သူဝါသနာပါရာတွေကို တတ်နိုင်သမျှ ကူညီပေးရာကနေ မိသားစုငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ အယ်လင်‌ကြောင့် ကဗျာစာပေတွေကိုချစ်မြတ်နိုးသွားပြီး အယ်လင့်ကိုပါချစ်မိသွားရာက ဖွင့်ပြောလိုက်တဲ့အခါ အယ်လင်မှာ လက်ထပ်တော့မဲ့သူဆိုတာ သိလိုက်ရပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် My Left Foot ဆိုတဲ့ ဝတ္ထု အပေါ်အခြေခံရိုက်ကူးထားပြီး ဆုပေါင်း ၁၁ခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ Christmas တိုင်းကြည့်ခဲ့တဲ့ Home alone ဇာတ်လမ်းထဲမှ ‌ခိုအစာကျွေးတဲ့အမျိုးသမီးလို့သိကြတဲ့ Brenda Frickerဟာ ခရစ်စတီဘရောင်းရဲ့ အမေနေရာအဖြစ် ပါဝင်ထားပါတယ်။...

Voice from the Stone (2017) ⭐IMDB: 5.2/10 (12 k Votes) 🎬 #Drama #Mystery #Thriller #Romance 🗓 2017 🎞 movie 🌎 #Italy #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တိတ်ဆိတ်မှု?????တိတ်ဆိတ်မှုဆိုတာဘာလဲ။တိတ်ဆိတ်မှုမှာ အဓိပ္ပါယ်ပေါင်းများစွာ အကြောင်းအရင်းပေါင်းများစွာ ခံစားချက်ပေါင်းများစွာ ပါဝင်နေတတ်တယ်။အတိတ်ဆိုတာ ကျွန်တော်တို့မနက်မိုးလင်းလို့အိပ်ယာကထလိုက်တာနဲ့ အိပ်မက်အဖြစ်ကျန်ခဲ့သွားပါပြီ။ ဒီဇာတ်ကားလေးကတော့ Game of thrones fanတွေရဲ့ အသည်းစွဲမင်းသမီးလေး Emilia Clarkeရဲ့ပူပူနွေးနွေးထွက်ရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။Emiliaဟာ Me before you ဇာတ်ကားထဲကလိုပဲ ယခုဇာတ်ကားမှာလည်း nurseတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပါတယ်။သို့ပေမယ့် ယနေ့ခေတ်nurseအဖြစ်သရုပ်ဆောင်ခြင်းမဟုတ်ဘဲ 1950 ကာလပတ်ဝန်းကျင်အခြေအနေနဲ့ရိုက်ပြထားခြင်းဖြစ်သည်။မိခင်ဖြစ်သူကွယ်လွန်သွားတဲ့အတွက်စွံ့အသွားတဲ့ကောင်လေးတစ်ယောက်ကို Verena အမည်ရှိတဲ့ nurseမလေး တစ်ယောက်က ဘယ်လိုတွေပြုစုပေးမလဲ။ကောင်လေးကရော ဘာ့ကြောင့်စွံ့အသွားတာလဲကောင်လေးနဲ့နီးစပ်လာရင်းနဲ့ ကောင်လေးဟာ သာမန်တိတ်ဆိတ်ဆွံ့အသွားခြင်းမဟုတ်ဘဲမန္တန်တစ်ခုကြောင့်ဖြစ်သွားရတာသိလိုက်ရတဲ့အခါမှာတော့ … (ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)...

Finestkind (2023) ⭐IMDB: 5.8/10 (986 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 6 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Finestkind (2023)=============Crime, Drama, Thriller Wednesday မင်းသမီး Jenna Ortega အပြင်…နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Ben Foster, Tommylee Jones တို့ ပါဝင်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ အမေရိကန်ရဲ့ နာမည်ကြီးတက္ကသိုလ်ဝင်ခွင့်ကို ငြင်းပယ်ပြီးအကိုဖြစ်သူ တွမ်အယ်ဒရစ်နဲ့ ပင်လယ်ပြင်ကိုစွန့်စားပြီး ငါးဖမ်းဖို့ထွက်လာခဲ့တဲ့ ချာလီဆိုတဲ့ကောင်လေး တစ်ယောက်ရှိပါတယ်။ သာမန်ဘွဲ့ရ ရုံးတစ်ရုံးမှာအလုပ်ဝင်လုပ်ရမယ့် ဘဝကိုစွန့်ပစ်ပြီး အစ်ကိုဖြစ်သူလို ငါးဖမ်းသင်္ဘောကြီးတွေနဲ့အတူစွန့်စားဖို့အတွက် နယူးစတက်ဖို့ဒ်ဆိုတဲ့ တံငါမြို့လေးကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမှာ မေဘယ်ဆိုတဲ့ မိန်းမလှလေးနဲ့တွေ့ပြီး သူ့ရဲ့ဘဝလမ်းကြောင်းက ပိုသေချာသွားခဲ့ပါတယ်။ မေဘယ်နဲ့ပြန်တွေ့ခွင့်ရဖို့အစ်ကိုဖြစ်သူနဲ့အတူ အမေရိကန်ရေပိုင်နက်မှာ ကမာကောင်တွေဖမ်းဖို့ အတွက် ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် တွမ်ဟာ အမေရိကန်ရေပိုင်နက်ကိုကျော်ပြီး တစ်ဖက် ကနေဒါနိုင်ငံရဲ့ ရေပိုင်နယ်ထဲကိုရောက်သွားတဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ထင်ထားသလောက် မရိုးရှင်းတော့ပါဘူး။ သဘာဝဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုတွေနဲ့အတူ ညီအစ်ကို(၂) ယောက်ငါးဖမ်းသင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, LeonardLin တို့ဖြစ်ပါတယ်)...

End of Loyalty (2023) ⭐IMDB: 4.7/10 (48 Votes) 🎬 #Action #Crime 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဂိုဏ်းရာဇာတစ်ဦးဖြစ်တဲ့ ကာမိုင်းနဲ့သားဖြစ်သူတ်ို့ဟာ လုပ်ငန်းအကျိုးတူပူးပေါင်းသူဖြစ်တဲ့ ရုကာနဲ့ညှိနှိုင်းရန် သွားတွေ့ဆုံရာမှ ဖခင်ဖြစ်သူအသတ်ခံလိုက်ရပါတော့တယ်။ ဖခင်ဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ရဲအရာရှိတစ်ယောက်ဖြစ်နေပြီတဲ့ ငယ်သူငယ်ချင်းနဲ့ ပြန်အဆက်အသွယ်ရခဲ့ပါတယ်။ အဖေဖြစ်သူအတွက် လက်စားချေဖို့ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ ၊ ရဲဖြစ်သူ သူငယ်ချင်းကရော ဂိုဏ်းရန်ပွံတွေကြားမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ စသဖြင့်ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။...

Journey to Bethlehem (2023) ⭐IMDB: 6.2/10 (1 k Votes) 🎬 #Drama #Family #Fantasy #Adventure #Musical 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခရစ္စမတ်နေ့ဆိုတာဟာ ဘုရားသခင်ဂျီးဆပ် ဖွားမြင်တော်မူတဲ့နေ့ပါ။ အခု ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ ဂျီးဆပ်မွေးဖွားလာပုံနဲ့ မယ်တော်မယ်ရီနဲ့ဂျိုးဆပ်တို့ရဲ့ဇာတ်လမ်းအကြောင်းကို Musical Film အနေနဲ့ ရိုက်ကူးထားတဲ့ A Journey to Bethlehem ဆိုတဲ့ ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း​လေးကတော့ ဂျူဒါတိုင်းပြည်ကြီးမှာ မယ်ရီဆိုတဲ့ကောင်မလေးကို သူမရဲ့မိဘတွေဟာ ဂျိုးဆပ်ဆိုတဲ့ကောင်လေးနဲ့ လက်ထပ်ပေးဖို့စီစဥ်ကြပါတယ်သူတို့နှစ်ယောက်ရဲ့စေ့စပ်ပွဲလုပ်ပြီး မင်္ဂလာမဆောင်ရခင်မှာ မယ်ရီဟာထူးခြားလှတဲ့အိပ်မက်မက်ခဲ့ပါတယ် အဲ့ဒါကတော့ ကောင်းကင်ကတမန်တော်တစ်ယောက်ဟာ သူမဆီကိုလာပြီး သူမဟာ ဘုရားသခင်ရဲ့သားတော်ကို မွေးဖွားပေးဖို့အတွက်ရွေးချယ်ခံထားရတယ်လို့လာပြောပါတယ်။ အဲဒီနောက်မှာ သူမဟာ အပျိုစင်ဘဝနဲ့ပဲကိုယ်ဝန်ရခဲ့တော့ ဂျိုးဆပ်ရဲ့မိဘတွေဘက်ကနေ စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်ပါတယ် မယ်ရီတစ်ယောက် ကလေးကိုဘယ်လိုမွေးဖွားမလဲ ဂျိုးဆပ်ကရော အိပ်မက်ကိုယုံကြည်ပါ့မလား။ တစ်ဖက်မှာလည်း ပညာရှိသုံးယောက်ဟာ ဘုရားသခင်ရဲ့သားတော်မွေးဖွားမယ်ဆိုလို့ လိုက်ရှာနေကြပါတယ် ဂျူဒါတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ဟဲရစ်ဟာလညး်ဆိုးရွားယုတ်မာတဲ့ဘုရင်ဖြစ်တယ် သူကရော အဲ့ဒီမွေးဖွားလာမယ့်ကလေးနဲ့ပက်သက်ပြီးဘယ်လိုလုပ်ဆောင်မလဲဆိုတာတွေကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဂျီးဆပ်မမွေးဖွားမီ မယ်ရီရဲ့ဘဝအကြောင်းကိုအဓိကရိုက်ပြထားပြီး မယ်ရီနဲ့ဂျိုးဆပ်တို့နှစ်ဦးကြားကမေတ္တာအကြောင်းတွေအဓိကပါပါတယ်...

Hard Days (2023) ⭐IMDB: 6.0/10 (377 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဂျပန် ဒရာမာရုပ်ရှင်က ၂၀၁၄တုန်းက ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ A Hard Day လို့အမည်ရတဲ့ ကိုရီးယားကားကို ဂျပန်မှုပြုပြီး ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ မိုးသည်းထန်တဲ့ညတညမှာ စုံထောက်ယူဂျီကူဒိုဟာ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ အမေဖြစ်သူဆီကို အလောတကြီးသွားနေပါတယ်။ ဒီအချိန်မှာ အထက်လူကြီးဆီက ဖုန်းတကောလ်၀င်လာပြီး ဖုန်းခေါ်လာရခြင်း အကြောင်းရင်းကတော့ ကူဒိုကို လာဘ်ပေးလာဘ်ယူကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ပါ။ ဂျပန်တွေဟာ စည်းကမ်းသိပ်တင်းကျပ်ပါတယ်။ အထူးသဖြင့် စုံထောက်တယောက် လာဘ်စားတာကိုမိသွားရင် ဘ၀ပျက်ပြီး ထောင်ထဲအထိရောက်သွားနိုင်ပါတယ်။ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ အကျပ်ရိုက်နေတဲ့ကူဒိုဟာ အမေ့ဆေးရုံကိုသွားတဲ့လမ်းမှာ သက်လတ်ပိုင်းယောက်ျားတဦးကို ကားနဲ့တိုက်မိပြီး ဒုက္ခလှလှထပ်တွေ့ပြန်ပါတယ်။ ဒီလိုနဲ့ ကြံရာမရတဲ့ ကူဒိုဟာ အလောင်းကိုကားနောက်ဖုံးထဲထည့်သယ်သွားပြီး အလောင်းဖျောက်ဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းက အခုမှစတာပါ။ အလောင်းဖျောက်ဖို့ကြိုးစားပြီးနောက်မှာ ကူဒိုရဲ့ဖုန်းထဲကို “မင်း လူတယောက်ကိုသတ်ခဲ့တာ ငါသိတယ်”ဆိုတဲ့ စာတိုတစောင်ရောက်လာခဲ့ပြီး ကူဒိုတယောက် ရှုပ်ထွေးလှတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ဒီရုပ်ရှင်ဟာ ပြသချိန် ၂နာရီကြာပါတယ်။ဇာတ်လမ်းအစမှာ ဘာကိုပြလို့ပြချင်နေမှန်းမသိ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဇာတ်လမ်းတ၀က်လောက်ကနေစပြီး ဇာတ်ရှိန်တက်လာပြီး ဇာတ်အိမ်အချိတ်အဆက်တွေကလည်း ကောင်းတယ်ဆိုတဲ့အထဲမှာ ပါတာမလို့ ကူဒိုတယောက်ရင်ဆိုင်ရမယ့် အရှုပ်အထွေးတွေကို စိတ်၀င်တစား ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...

Various Geeks (2023) ⭐TMDB: 0.0% User Score 🎬 #Comedy #Crime 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 30 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တကယ်လို့ ဒေါ်လာ ၁၀ သိန်းက သင့်ရှေ့ကို ရောက်လာရင် ဘယ်လိုလုပ်မလဲ။လိုချင်မိမလား။ ဒီတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက်ဟာသမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- နိုင်ငံခြားမှာ ကျောင်းတက်ပြီး ပြန်လာတဲ့ ကျန်းပေါ်ဟာနိုင်ငံခြားခရီးသွားလုပ်ငန်းကို လုပ်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့သူဌေးဝမ်ရဲ့ တောင်းဆိုချက်အရ ဒေါ်လာ ၁၀ သိန်းကို နိုင်ငံခြားပို့ဖို့ စီစဉ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ငယ်သူငယ်ချင်း ဖုန်လဲ့ချီကဒေါ်လာအတုအမှုတစ်ခုကို လိုက်လံစုံစမ်းနေခဲ့ပါတယ်။ သူတို့ နှစ်ယောက်နဲ့ နယ်ပယ်အစုံက ငွေမက်သူတွေနဲ့ ဒေါ်လာ ၁၀ သိန်းရဲ့အရှုပ်တော်ပုံထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ ငွေအတုတွေအစစ်တွေနဲ့ လူတိုင်းဟာ အရှုပ်တော်ပုံထဲကို ရောက်သွားတဲ့အခါမှာတော့…… ကျန်းပေါ်တစ်ယောက် ဒေါ်လာ ၁၀ သိန်းကို သေချာထိန်းသိမ်းနိုင်ပါ့မလား……ဒေါ်လာအတု အရောင်းအဝယ်လုပ်နေတဲ့ လူတွေကရော ဘယ်လို ဇာတ်သိမ်းမျိုးဖြစ်မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။...

The Family Plan (2023) ⭐IMDB: 6.2/10 (4 k Votes) 🎬 #Action #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့ အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရ ကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူ ကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။ ဇာတ်လမ်းအကျဉ်း*************** ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာ နီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့ နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစား လုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေ ပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို ဖွင့်မပြောဘဲ အပမ်းဖြေ ခရီးလိမ်ပြီးခေါ်လာပြီး တစ်လမ်းလုံး မိသားစုမသိအောင် ရန်သူတွေကို တိတ်တိတ်လေးကြိတ်ရှင်းရတာကမျိုးနဲ့ ရိုက်ထားတာမို့ကြည့်လို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။...

All the Pretty Horses (2000) ⭐TMDB: 58.0% User Score 🎬 #Drama #Romance #Western 🗓 2000 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 All the Pretty Horses (2000) ဒီကားလေးကတော့ (၂၀၀၀)ခုနှစ်ထွက် Western ရုပ်ရှင် ရိုမန့်စ်ဒရာမာကားလေးဖြစ်ပြီး “Best Seller” စာအုပ်တစ်အုပ်ဖြစ်တဲ့ “All the Pretty Horses” ကို ပြန်အသက်သွင်းထားတဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ Blockbuster ဆုနှစ်ခုရခဲ့တဲ့အပြင် Golden Globe ဆုအတွက်ပါ ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးပါပဲ။ Matt Damon ရဲ့နုစဉ်ကာလက ကားကောင်းလေးဖြစ်ပြီး မင်းသမီးကလည်း Penélope Cruz ဆိုတော့ Cast တွေနဲ့တင် ကြည့်ရတန်တဲ့ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့… တက္ကဆက်ကနေထွက်လာတဲ့ ကောင်းဘွိုင်သူငယ်ချင်းနှစ်ယောက် အလုပ်ရှာဖို့ မက္ကဆီကိုဖက်ကိုရောက်လာပါတယ်။ လမ်းမှာ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ကံအကြောင်းမလှလို့ ဒေသခံတွေနဲ့လည်း မြင်းပြဿနာတက်ခဲ့ပါ‌သေးတယ်။ မက္ကဆီကိုခြံပိုင်ရှင်ရဲ့သမီးနဲ့လည်း ချစ်ကြိုက်မိပြီး မမှီတဲ့ပန်းကိုတုံးခုလှမ်းမိတဲ့အချိန်မှာတော့ မူလရှိရင်းစွဲပြဿနာတွေပါပြန်တက်ပြီး သူငယ်ချင်းနှစ်ယောက် သေချင်တဲ့ကျားတောပြောင်းဆိုသလို ဒုက္ခတွေရောက်ပြီး သူတို့နှစ်ယောက်ရဲ့ခရီးကြမ်း ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

Enjoy (2022) ⭐IMDB: 8.5/10 (563 Votes) 🎬 #Bollywood #Romance 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Enjoy (2022) ပျော်စရာ အရှုပ်တော်ပုံများ***********************************************ဒီဇာတ်ကားလေးကတော့ ၂၀၂၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Romance/Comedyအမျိုးအစားအချစ်ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းကောလိပ်တွေထဲကတစ်ခုဖြစ်တဲ့ ချင်နိုင်းက VACကောလိပ်ကို BACတက်ဖို့အတွက် မိန်းကလေး ၃ယောက် ရောက်လာခဲ့တယ်။ကောလိပ်မှာရှိတဲ့ ကျောင်းသားဟောင်းစီနီယာတွေက သူတို့ကို ဘာTaskလုပ်ရမယ် ညာTaskလုပ်ရမယ်မဟုတ်ရင် အခန်းထဲ သွားလို့မရဘူးဆိုပြီး ဂျင်းဝိုင်းသိပ်ပါတော့တယ်။ ပြီးတော့ တစ်ခါ ဂျောနီဆင့်ဆိုတာ ဘယ်သူလဲလို့မေးပြန်တော့ ရိုးအလှတဲ့ မိန်းကလေး ၃ယောက်ခမျာဒီနာမည်ကို တစ်ခါမှမကြားဖူးတဲ့အတွက် ဘာပြောလို့ပြောရမှန်းမသိဖြစ်နေတော့တာပေါ့။ စီနီယာတွေက ဒီနာမည်ကို တစ်ပါတ်အတွင်းသိအောင်လုပ်ခဲ့ဖို့ ရာဇသံ ပေးလိုက်ရာက …ဘယ်လို အရှုပ်တွေကို ဟာသနှောပြီး တင်ဆက်ပေးထားလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ….အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BollywoodTeam မှ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Departure (2015) ⭐IMDB: 6.7/10 (3 k Votes) 🎬 #Drama #Romance #Family 🗓 2015 🎞 movie 🌎 #UnitedKingdom #France ⏰ 1 နာရီ 48 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Departure (2015)============= ဒီဇာတ်လမ်းမှာ ဆယ်ကျော်သက်ကောင်လေး Elliotနဲ့သူ့အမေ Beatriceတို့ ပြင်သစ်က သူ့မိဘတွေလာနေကျအပန်းဖြေအိမ်ကို ရောက်လာခဲ့တယ်။ Beatriceက အိမ်ကိုရောင်းဖို့စီစဥ်နေပြီး Elliotကလည်း သူ့အမေကို ပရိဘောဂတွေ ကူရှင်းပေးတယ်။ အဲဒီအချိန်မှာပဲ အနီးနားရွာက ပဟေဠိဆန်တဲ့ ကောင်လေးClément ရောက်လာပြီး Elliot နဲ့ သူငယ်ချင်းဖြစ်ရာကElliot တို့မိသားစုကြား ပြဿနာတွေပိုရှုပ်ထွေးလာတော့တာပါပဲ။ ဒီဇာတ်လမ်းမှာ The End of the F***ing World က မင်းသားAlex Lawtherက Elliot အဖြစ်ပါဝင်ပြီး ဒီကားထဲမှာတော့ သူ့ရဲ့sexuality ကို ​သဘောပေါက်ခါစ လိင်တူစိတ်ဝင်စားသူတစ်ဦး​ဇာတ်ရုပ်နေရာက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...