fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
The Brothers Bloom (2008) ⭐IMDB: 6.7/10 (51 k Votes) 🎬 #Action #Adventure #Comedy #Crime #Drama #Romance 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 54 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2008 ကထွက်ရှိခဲ့တဲ့ comedy ကားလေးပါ။ မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့ တို့ဟာ ငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီး အစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီး ညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။ နှစ်‌တွေကြာပြီးမှာတော့ ညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူ တစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ကုန်ပါတော့တယ်။ ဒါရိုက်တာ Rian Johnson ရိုက်ကူးထားပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Adrien Brody, Mark Ruffalo, Rachel Weisz တို့ပါ၀င်ထားပါတယ်။

The Brothers Bloom (2008) ⭐IMDB: 6.7/10 (51 k Votes) 🎬 #Action #Adventure #Comedy #Crime #Drama #Romance 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 54 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2008 ကထွက်ရှိခဲ့တဲ့ comedy ကားလေးပါ။ မိဘမဲ့ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Stephen နဲ့ တို့ဟာ ငယ်စဉ်ကတည်းက ဆိုးသွမ်းတတ်တာကြောင့် မွေးစားမိဘတွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းခဲ့ရပါတယ်။ ညီအစ်ကိုနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက လိမ်လည်ခြင်းအတတ်ပညာကို ကျွမ်းကျင်ကြပြီး အစ်ကိုဖြစ်သူစတီဗင်က လူလိမ်ဇာတ်လမ်းတွေကို သေချာအစီအစဉ်ချပြီး ညီဖြစ်သူကတော့ ပစ်မှတ်ရဲ့ယုံကြည်မှုကိုရနိုင်ဖို့ဟန်ဆောင်ပေးရပါတယ်။ နှစ်‌တွေကြာပြီးမှာတော့ ညီနောင်တို့ရဲ့နောက်ဆုံးပစ်မှတ်ဖြစ်သူ တစ်ကောင်ကြွက်သူဌေးသမီး Penelope နဲ့တွေ့ချိန်မှာတော့ စီစဉ်ထားတာတွေအကုန် လွဲချော်ကုန်ပါတော့တယ်။ ဒါရိုက်တာ Rian Johnson ရိုက်ကူးထားပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Adrien Brody, Mark Ruffalo, Rachel Weisz တို့ပါ၀င်ထားပါတယ်။

The Glory (2022- ) ⭐IMDB: 7.9/10 (8 k Votes) 🎬 #Drama #Mystery #Thriller 🗓️ 2022- 🎞️ Series 📺 1080p FHD 🌎 #SouthKorea ⏰ 54 မိနစ် 50 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Glory Part-1 (2022) [Complete]The Glory Part-1 (2022)အပိုင်းသစ် – ၈ (Part-1 ဇာတ်သိမ်းပိုင်း) (1080p များလည်းရပါပြီ)တို့မမ ဆုန်းဟယ်ဂို ရဲ့ ဒရမ်မာ အသစ်လေး လာပါပြီ။ မထွက်ခင်ကတည်းက အားလုံးသိထားတဲ့အတိုင်း လက်စားချေတဲ့ ဇာတ်မျိုးဖြစ်လို့ လောင်လို့ ကောင်းကြဦးမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်း …ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ တစ်ပုံကြီးနဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက် … ကံဆိုးစွာနဲ့ပဲ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခုမှာ နစ်နာသူဖြစ်ခဲ့တယ်ဆိုပေမဲ့ ကျောင်းနားရမဲ့အထဲ သူလည်း ပါဝင်ခဲ့ရတယ်။နှစ်တွေ ကြာလာတဲ့အခါမှာတော့ တစ်ချိန်က ကျောင်းတွင်းအကြမ်းဖက်မှုမှာ အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူဟာ အိမ်ထောင်ရပ်သားကျပြီး သားသမီးတွေပါ ထွန်းကားခဲ့ပါပြီ။ ဒီလိုနဲ့ သူရဲ့ သားသမီးတွေ ကျောင်းနေရမဲ့ အရွယ်ရောက်လာပါတော့တယ်။ကံကြမ္မာအလှည့်အပြောင်းအနေနဲ့ ကလေးတွေရဲ့ အတန်းပိုင် ဆရာမက တစ်ချိန်က သူ အနိုင်ကျင့်ခဲ့တဲ့သူဖြစ်နေတဲ့အခါ …ဘာတွေဆက်ဖြစ်မလဲ? မိဘနဲ့ ရန်ငြိုးရှိခဲ့တာကြောင့် ကလေးတွေအပေါ် မညှာမတာလုပ်ရပ်တွေနဲ့ လက်စားချေသွားမလား? ဆရာ ဆိုတဲ့ ဂုဏ်အတိုင်း ကလေးတွေကို ငဲ့ညာမလား? ဆိုတာတော့ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။Aired: Dec 30, 2022

Deleted (2022) ⭐IMDB: 4.9/10 (36 Votes) 🎬 #Action #Crime #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Singapore #Malaysia ⏰ 1 နာရီ 26 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူသားတွေဟာ တကယ်တမ်းတော့ ရောင်းဝယ်ဖောက်ကားဖို့လုပ်ချင်တိုင်းလုပ်လို့ရတဲ့ ရောင်းကုန်ပစ္စည်းတွေမဟုတ်ချေပါဘူး ။လူကုန်ကူးမှုတွေဟာ ယနေ့ထက်တိုင်အထိလဲ ရှိနေကြတုန်းပါပဲ ။ ရွှေ့ပြောင်းနိုင်ငံတွေမှာ အများအပြားကြုံတွေ့ရတတ်ပြီးတော့လူကုန်ကူးခံရတဲ့ လူဦးရေး သုံးပုံ နှစ်ပုံဟာ အရွယ်မရောက်သေးတဲ့ကလေးငယ်လေးတွေပါ ။ ကလေးငယ်တွေရဲ့ ကျောက်ကပ်တွေကိုယ်တွင်း အင်္ဂါတွေကို ရောင်းချကြတဲ့ ဒုစရိုက်သမားတွေကလဲအများကြီးပါပဲ ။ လူကုန်ကူးမှုကို တွင်တွင်ကျယ်ကျယ်တိုက်ဖျက်ပေးဖို့အတွက်ဇူလိုင်လ ၃၀ ရက်နေ့ကို တစ်ကမ္ဘာလုံးဆိုင်ရာလူကုန်ကူးမှု တိုက်ဖျက်ရေး နေ့အဖြစ်သတ်မှတ်ထားခဲ့ကြပါတယ် ။ ဒီတော့ ဒီကနေ့ တင်ဆက်ပေးသွားမဲ့ ဇာတ်ကားလေးကတော့ လူကုန်ကူးမှုပညာပေးရေး ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ။ နိုင်ငံရပ်ခြားမှရွှေ့ပြောင်း တရုတ်မိသားစုတစ်စုက သမီးငယ်လေးတစ်ဦးဟာထူးဆန်းစွာနဲ့ ပျောက်ဆုံးလို့သွားခဲ့ပါတယ် ။ အဲဒီအချိန်အတွင်းမှာလဲနိုင်ငံအတွင်းမှာလူကုန်ကူးမှုတွေနဲ့ အတူကလေးငယ်အများအပြား သေဆုံးမှူကလဲ ဖြစ်ပေါ်လို့နေပါတယ် ။ ❏ ဒီတော့ အခြေအနေတွေ အကြပ်ရိုက်နေတဲ့ အချိန်မှာသမီးငယ်လေးကိုကယ်တင်နိုင်ပါ့မလား ?❏ လူကုန်ကူးခံရတဲ့ သမီးငယ်လေးအပြင် တစ်ခြားကလေးတွေကိုပါကယ်တင်ပြီး တရားခံကို လက်ရဖမ်းဆီးနိုင်မလား ?❏ ဘယ်လို ဆုံးရှုံး စတေးမှုတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာစိတ်လှူပ်ရှားစွာကြည့်ရှုရမဲ့အပြင် လူကုန်ကူးမှုပညာပေးရေးကိုပါမြင်တွေ့ရစေမှာပါ ။ ကဲ…အခုပဲ ကြည့်ရှုလိုက်ပါနော် ။

Sayen (2023) ⭐IMDB: 4.7/10 (309 Votes) 🎬 #Action #Thriller 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #Chile ⏰ 1 နာရီ 35 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sayen(2023) ************ လီတောင်ပိုင်းမှာ မူချီလူမျိုးတွေဟာ မြို့ပေါ်ကလူတွေနဲ့ဆက်ဆံမှုကင်းဝေးပြီးသစ်တောထဲမှာတစ်သီးတစ်သန့်နေထိုင်ကြတယ်၊ ဆိုင်ရန်ဟာ ဝင်ကာလို့ခေါ်ကြတဲ့မြို့ပေါ်မှာပညာဆည်းပူးပြီး နေရပ်ကိုပွဲတော်ရက်အမှီပြန်လာခဲ့ပါတယ်၊ ခြောက်နှစ်လောက်ဝေးကွာနေတဲ့အဖွားဖြစ်သူကလည်းသူမြေးပြန်လာတော့ဝမ်းသာနေတာပေါ့၊ တစ်နေ့မှာ အက်တွန်ဆိုတဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီက လူတစ်စုသူတို့ဆီကို မြေတွေရောင်းချဖို့အတွက်လာကမ်းလှမ်းတယ်။ အဖွားဖြစ်သူအီဝမ်က နှစ်ပေါင်းများစွာနေနေတဲ့ ဒီမြေတွေမရောင်းနိုင်တဲ့အကြောင်းပြောပြီးနှင်လွှတ်လိုက်တယ်၊ဆိုင်ရန်ဟာ မသကႅာတာနဲ့နောက်ယောင်ခံလိုက်ကြည့်တဲ့အခါ သစ်တောထဲက သဘာဝအရင်းအမြစ်တွေကိုခိုးဝှက်တူးဖော်လုပ်ကိုင်နေတဲ့ကုမ္ပဏီမှန်းသိသွားပြီးတော့ မှတ်တမ်းပါယူလာလိုက်တယ်၊ ကုမ္ပဏီအဖွဲ့ကလူတွေသူမှတ်တမ်းတင်တာသိသွားတော့လိုက်လံဖမ်းဆီးတဲ့အခါမှာတော့…….

Sayen (2023) ⭐IMDB: 4.7/10 (309 Votes) 🎬 #Action #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Chile ⏰ 1 နာရီ 35 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sayen(2023) ************ လီတောင်ပိုင်းမှာ မူချီလူမျိုးတွေဟာ မြို့ပေါ်ကလူတွေနဲ့ဆက်ဆံမှုကင်းဝေးပြီးသစ်တောထဲမှာတစ်သီးတစ်သန့်နေထိုင်ကြတယ်၊ ဆိုင်ရန်ဟာ ဝင်ကာလို့ခေါ်ကြတဲ့မြို့ပေါ်မှာပညာဆည်းပူးပြီး နေရပ်ကိုပွဲတော်ရက်အမှီပြန်လာခဲ့ပါတယ်၊ ခြောက်နှစ်လောက်ဝေးကွာနေတဲ့အဖွားဖြစ်သူကလည်းသူမြေးပြန်လာတော့ဝမ်းသာနေတာပေါ့၊ တစ်နေ့မှာ အက်တွန်ဆိုတဲ့ သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးကုမ္ပဏီက လူတစ်စုသူတို့ဆီကို မြေတွေရောင်းချဖို့အတွက်လာကမ်းလှမ်းတယ်။ အဖွားဖြစ်သူအီဝမ်က နှစ်ပေါင်းများစွာနေနေတဲ့ ဒီမြေတွေမရောင်းနိုင်တဲ့အကြောင်းပြောပြီးနှင်လွှတ်လိုက်တယ်၊ဆိုင်ရန်ဟာ မသကႅာတာနဲ့နောက်ယောင်ခံလိုက်ကြည့်တဲ့အခါ သစ်တောထဲက သဘာဝအရင်းအမြစ်တွေကိုခိုးဝှက်တူးဖော်လုပ်ကိုင်နေတဲ့ကုမ္ပဏီမှန်းသိသွားပြီးတော့ မှတ်တမ်းပါယူလာလိုက်တယ်၊ ကုမ္ပဏီအဖွဲ့ကလူတွေသူမှတ်တမ်းတင်တာသိသွားတော့လိုက်လံဖမ်းဆီးတဲ့အခါမှာတော့…….

Elimination Game (2014) ⭐IMDB: 3.7/10 (1 k Votes) 🎬 #Action #Thriller 🗓️ 2014 🎞️ Movie 📺 720p HD 🌎 #Australia ⏰ 1 နာရီ 31 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Turkey Shoot (2014)=============== ရစ်ခ်တိုင်လာဟာ စစ်ပွဲအတွင်း အမျိုးသမီးတွေနဲ့ ကလေးအများအပြားကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံထားရဲ့ Navy SEAL commander တစ်ဦးပါ။တစ်နေ့မှာတော့ သူ့လွတ်မြောက်နိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အခွင့်အရေးကတော့ Turkey Shoot ဆိုတဲ့ survival အစီအစဉ်မှာ ပါဝင်ရမှာပါ။ တစ်ကမ္ဘာလုံး အချိန်နဲ့ တစ်ပြေးညီထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကစားပွဲမှာအဆင့် သုံးဆင့်ရှိပြီး တစ်ဆင့်မှာ မိနစ်(၉၀)တိတိ အချိန်ပေးထားပါတယ်။ အဆင့်တစ်ဆင့်တိုင်းမှာ ကမ္ဘာအနှံ့က ကြည့်ရှုသူတွေ မဲပေးရွေးချယ်ထားတဲ့ ညှာတာမှု အလျဉ်းမရှိတဲ့သေနတ်သမားတွေနဲ့ ရင်ဆိုင်ရမှာပါ။ သေနတ်သမားတွေကို ကျော်ဖြတ်ပြီး ပေးထားတဲ့အချိန်အတွင်းသတ်မှတ်ထားတဲ့နေရာမှာ ပုံးတစ်ပုံးကို ရှာနိုင်ရင် နောက်တစ်ဆင့်တက်နိုင်ပါပြီ။ အဆင့်သုံးဆင့်လုံးကို မသေဘဲ ဖြတ်ကျော်နိုင်ရင်တော့ လွတ်လပ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထင်ထားသလောက်တော့ မလွယ်ကူပါဘူး။ တစ်ဖက်မှာလည်း သူ့ကို သတ်ဖို့ အခွင့်အရေးကို စောင့်နေကြသူတွေလည်း ရှိပါတယ်။ ဘာလို့ ဒီလို သတ်ဖို့ ကြိုးစားနေတာလဲ အဲဒီအစုအပြုံလိုက် သတ်ဖြတ်မှုကို သူတကယ် ကျူးလွန်ခဲ့သလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)

Elimination Game (2014) ⭐IMDB: 3.7/10 (1 k Votes) 🎬 #Action #Thriller 🗓️ 2014 🎞️ Movie 📺 1080p FHD 🌎 #Australia ⏰ 1 နာရီ 31 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Turkey Shoot (2014)=============== ရစ်ခ်တိုင်လာဟာ စစ်ပွဲအတွင်း အမျိုးသမီးတွေနဲ့ ကလေးအများအပြားကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံထားရဲ့ Navy SEAL commander တစ်ဦးပါ။တစ်နေ့မှာတော့ သူ့လွတ်မြောက်နိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အခွင့်အရေးကတော့ Turkey Shoot ဆိုတဲ့ survival အစီအစဉ်မှာ ပါဝင်ရမှာပါ။ တစ်ကမ္ဘာလုံး အချိန်နဲ့ တစ်ပြေးညီထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကစားပွဲမှာအဆင့် သုံးဆင့်ရှိပြီး တစ်ဆင့်မှာ မိနစ်(၉၀)တိတိ အချိန်ပေးထားပါတယ်။ အဆင့်တစ်ဆင့်တိုင်းမှာ ကမ္ဘာအနှံ့က ကြည့်ရှုသူတွေ မဲပေးရွေးချယ်ထားတဲ့ ညှာတာမှု အလျဉ်းမရှိတဲ့သေနတ်သမားတွေနဲ့ ရင်ဆိုင်ရမှာပါ။ သေနတ်သမားတွေကို ကျော်ဖြတ်ပြီး ပေးထားတဲ့အချိန်အတွင်းသတ်မှတ်ထားတဲ့နေရာမှာ ပုံးတစ်ပုံးကို ရှာနိုင်ရင် နောက်တစ်ဆင့်တက်နိုင်ပါပြီ။ အဆင့်သုံးဆင့်လုံးကို မသေဘဲ ဖြတ်ကျော်နိုင်ရင်တော့ လွတ်လပ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထင်ထားသလောက်တော့ မလွယ်ကူပါဘူး။ တစ်ဖက်မှာလည်း သူ့ကို သတ်ဖို့ အခွင့်အရေးကို စောင့်နေကြသူတွေလည်း ရှိပါတယ်။ ဘာလို့ ဒီလို သတ်ဖို့ ကြိုးစားနေတာလဲ အဲဒီအစုအပြုံလိုက် သတ်ဖြတ်မှုကို သူတကယ် ကျူးလွန်ခဲ့သလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Phu Myat Thwe ဖြစ်ပါတယ်)

Hacksaw Ridge (2016) ⭐IMDB: 8.1/10 (539 k Votes) 🎬 #Biography #Drama #History #War 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #Australia #UnitedStates #UnitedKingdom #China #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ((Blu-Ray 1080p 5.1 CH, Blu-Ray720, တို့ဖြင့် နင်းကန်ကောင်းသည့် စစ်ကားအား ပြန်လည် အရောင်အသွေးစုံလင်စွာဖြင့် တင်ဆက်ပေးလိုက်ပါသည်….)) စစ်ခုံရုံးတစ်ခု မှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်… စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ… စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် … သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်… သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် … အားပေးမှုတွေလုပ်မယ် … ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ… စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ … ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်းဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် … Ratingမြင့် ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်… နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာတိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် အမေရိကန်သမ္မတ ထရူးမင်းချီးမြှင့်တဲ့ Medal of Honorဆုကိုရသွားတယ် … ဒီစစ်သည်လေးဟာ သူ့ရဲ့ ပုံမှန်ထက်ပိုတဲ့ယုံကြည်ချက်ကြောင့် ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ အများကြီးပါပဲ … ချစ်သူ မိဘ ရဲဘော်ရဲဘက် အထက်ခေါင်းဆောင်အရာရှိတွေကြားမှာပေါ့… ပြီးတော့ ဒီဇတ်ကားထဲမှာမင်းသား Andrew Garfield၊မင်းသမီးTeresa Palmer၊မင်းသား Sam Worthingtonအခြား နာမည်ကျော်ဇာတ်ပို့များပါလေတော့ သရုပ်ဆောင်ပိုင်းထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ် Screen playပိုင်းဆိုရင် အထူးသဖြင့်ဒုတိယ ကမ္ဘာစစ်အတွင်းထိချက်ပြင်း 7.62မမကျည်ဆန်ရဲ့ အသားတွေပေါ်ဖောက်ထွက်ပုံတွေအမြောက် ကျည်ဆန်တွေထိဖြာပုံတွေကဝေဖန်ရေးဆရာတွေရဲ့ချီးကျူးခံရလောက်အောင် လန်းလွန်းတယ်… ကဲ ပရိတ်သတ်ကြီးရေ ရေးတာလည်းများပြီဗျာ IMDBကလည်း 8.1 ဆိုတော့ကျွန်တော်ညွန်းတာ ဟုတ်မဟုတ်ကတော့ စောင့်သာကြည့်လိုက်ပါဦးလို့ ====================== ((Blu-Ray 1080p 5.1 CH, Blu-Ray720, တို့ဖြင့် နင်းကန်ကောင်းသည့် စစ်ကားအား ပြန်လည် အရောင်အသွေးစုံလင်စွာဖြင့် တင်ဆက်ပေးလိုက်ပါသည်….)) စစ်ခုံရုံးတစ်ခု မှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်… စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ… စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် … သို့သော် တပ်မတော်တွင် တာ၀န်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာ၀န်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်… သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် … အားပေးမှုတွေလုပ်မယ် … ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ… စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ … ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်းဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် … Ratingမြင့် ယုတိၱလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်… နောက်တော့ ကျွန်တော်ထင်တာ လုံး၀လွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာတိုက်ပွဲ၀င်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် အမေရိကန်သမ္မတ ထရူးမင်းချီးမြှင့်တဲ့ Medal of Honorဆုကိုရသွားတယ် … ဒီစစ်သည်လေးဟာ သူ့ရဲ့ ပုံမှန်ထက်ပိုတဲ့ယုံကြည်ချက်ကြောင့် ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေ အများကြီးပါပဲ … ချစ်သူ မိဘ ရဲဘော်ရဲဘက် အထက်ခေါင်းဆောင်အရာရှိတွေကြားမှာပေါ့… ပြီးတော့ ဒီဇတ်ကားထဲမှာမင်းသား Andrew Garfield၊မင်းသမီးTeresa Palmer၊မင်းသား Sam Worthingtonအခြား နာမည်ကျော်ဇာတ်ပို့များပါလေတော့ သရုပ်ဆောင်ပိုင်းထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ် Screen playပိုင်းဆိုရင် အထူးသဖြင့်ဒုတိယ ကမ္ဘာစစ်အတွင်းထိချက်ပြင်း 7.62မမကျည်ဆန်ရဲ့ အသားတွေပေါ်ဖောက်ထွက်ပုံတွေအမြောက် ကျည်ဆန်တွေထိဖြာပုံတွေကေ၀ဖန်ရေးဆရာတွေရဲ့ချီးကျူးခံရလောက်အောင် လန်းလွန်းတယ်… ကဲ ပရိတ်သတ်ကြီးရေ ရေးတာလည်းများပြီဗျာ IMDBကလည်း 8.1 ဆိုတော့ကျွန်တော်ညွန်းတာ ဟုတ်မဟုတ်ကတော့ စောင့်သာကြည့်လိုက်ပါဦးလို့

Drillbit Taylor (2008) ⭐IMDB: 5.7/10 (61 k Votes) 🎬 #Action #Comedy #Thriller #Crime 🗓️ 2008 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 50 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 5.7 / Rotten Tomatoes 26% စိတ်အပန်းပြေစေမယ့် ဆယ်ကျော်သက်ကျောင်းသား ဟာသကားလေး Drillbit Taylor Drillbit Taylor ဆိုတဲ့အတိုင်း ဒီဇာတ်ကားလေးထဲမှာ ပလက်ဖောင်းခေါင်းအုံး လမ်းဘေးရေပန်းမှာ ကိုယ်တုံးလုံးချွတ် ရေချိုးလေ့ရှိတဲ့ အိမ်ခြေမဲ့ တပ်ပြေး Drillbit Taylor နဲ့ကျောင်းတွင်းအနိုင်ကျင့်ခံနေရတဲ့ အထက်တန်းကျောင်းသားလေး သုံးယောက်တို့ရဲ့ အလွဲလေးများကို ရယ်မောဖွယ် ကြည့်ရှုရမှာပါ အိမ်ခြေမဲ့ဘဝမှာ လူတွေရဲ့ကဲ့ရဲ့တဲ့အကြည့်တွေ အပြောတွေကို မုန်းတီးလာတဲ့ Drillbit Taylor တစ်ယောက် ကနေဒါမြောက်ပိုင်းမှာ သွားအချေခြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ အထက်တန်းကျောင်း စတက်တက်ချင်းမှာပဲ ကျောင်းသားကြီးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျခြင်းကို နေ့စဥ်ရက်ဆက် ခံနေတဲ့ ကျောင်းသားလေးသုံးယောက်ဟာကိုယ်တိုင် ပြန်မခုခံနိုင်တဲ့အဆုံး မိမိတို့ကို ကာကွယ်ပေးမယ့် သက်တော်စောင့်တစ်ယောက် ငှားဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ…ခရီးစရိတ်လိုအပ်နေတဲ့ Drillbit နဲ့ သက်တော်စောင့်လိုနေတဲ့ သူတို့လေးတို့ တွေ့ဆုံကာ အလုပ်ဖြစ်သွားပါတော့တယ် Drillbit တစ်ယောက် ကလေးတွေရဲ့ကျောင်းမှာ ဆရာအဖြစ် ဟန်ဆောင်ရင်း အနိုင်ကျင့်နေတဲ့ကျောင်းသားကြီးတွေကို ပြန်သင်ခန်းစာပေးလိုက်ဆရာမလေးတစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်လိုက်နဲ့ သာယာနေပါတော့တယ်ဒီလိုနဲ့ တစ်နေ့မှာတော့ ကံဆိုးမှုတွေ အစုလိုက်အပြုံလိုက် ရောက်လာပါတော့တယ်Drillbitရဲ့သရုပ်မှန်ကို ကျောင်းသားကြီးတွေရော ချစ်သူဆရာမလေးပါ သိသွားကြပြီး တစ်ဖက်မှာလည်း သူ့သူငယ်ချင်းလူမိုက်ကကလေးတွေရဲ့အိမ်ကို ဖောက်ကာ ပစ္စည်းတွေ ခိုးသွားတဲ့အခါမှာတော့…ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးတွေကို ကြည့်ရှုချင်ကြသူတွေ ဒီ Comdey / Drama ဇာတ်ကားကောင်းလေးကို ကြည့်ရှုကြည့်ကြပါလို့ တိုက်တွန်းရင်း…

Drillbit Taylor (2008) ⭐IMDB: 5.7/10 (61 k Votes) 🎬 #Action #Comedy #Thriller #Crime 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 50 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 5.7 / Rotten Tomatoes 26% စိတ်အပန်းပြေစေမယ့် ဆယ်ကျော်သက်ကျောင်းသား ဟာသကားလေး Drillbit Taylor Drillbit Taylor ဆိုတဲ့အတိုင်း ဒီဇာတ်ကားလေးထဲမှာ ပလက်ဖောင်းခေါင်းအုံး လမ်းဘေးရေပန်းမှာ ကိုယ်တုံးလုံးချွတ် ရေချိုးလေ့ရှိတဲ့ အိမ်ခြေမဲ့ တပ်ပြေး Drillbit Taylor နဲ့ကျောင်းတွင်းအနိုင်ကျင့်ခံနေရတဲ့ အထက်တန်းကျောင်းသားလေး သုံးယောက်တို့ရဲ့ အလွဲလေးများကို ရယ်မောဖွယ် ကြည့်ရှုရမှာပါ အိမ်ခြေမဲ့ဘဝမှာ လူတွေရဲ့ကဲ့ရဲ့တဲ့အကြည့်တွေ အပြောတွေကို မုန်းတီးလာတဲ့ Drillbit Taylor တစ်ယောက် ကနေဒါမြောက်ပိုင်းမှာ သွားအချေခြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ အထက်တန်းကျောင်း စတက်တက်ချင်းမှာပဲ ကျောင်းသားကြီးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျခြင်းကို နေ့စဥ်ရက်ဆက် ခံနေတဲ့ ကျောင်းသားလေးသုံးယောက်ဟာကိုယ်တိုင် ပြန်မခုခံနိုင်တဲ့အဆုံး မိမိတို့ကို ကာကွယ်ပေးမယ့် သက်တော်စောင့်တစ်ယောက် ငှားဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ…ခရီးစရိတ်လိုအပ်နေတဲ့ Drillbit နဲ့ သက်တော်စောင့်လိုနေတဲ့ သူတို့လေးတို့ တွေ့ဆုံကာ အလုပ်ဖြစ်သွားပါတော့တယ် Drillbit တစ်ယောက် ကလေးတွေရဲ့ကျောင်းမှာ ဆရာအဖြစ် ဟန်ဆောင်ရင်း အနိုင်ကျင့်နေတဲ့ကျောင်းသားကြီးတွေကို ပြန်သင်ခန်းစာပေးလိုက်ဆရာမလေးတစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်လိုက်နဲ့ သာယာနေပါတော့တယ်ဒီလိုနဲ့ တစ်နေ့မှာတော့ ကံဆိုးမှုတွေ အစုလိုက်အပြုံလိုက် ရောက်လာပါတော့တယ်Drillbitရဲ့သရုပ်မှန်ကို ကျောင်းသားကြီးတွေရော ချစ်သူဆရာမလေးပါ သိသွားကြပြီး တစ်ဖက်မှာလည်း သူ့သူငယ်ချင်းလူမိုက်ကကလေးတွေရဲ့အိမ်ကို ဖောက်ကာ ပစ္စည်းတွေ ခိုးသွားတဲ့အခါမှာတော့…ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးတွေကို ကြည့်ရှုချင်ကြသူတွေ ဒီ Comdey / Drama ဇာတ်ကားကောင်းလေးကို ကြည့်ရှုကြည့်ကြပါလို့ တိုက်တွန်းရင်း…

Marlowe (2022) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Crime #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedStates #Ireland #Spain #France #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marlowe (2022) ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ The Postman Always Rings Twice တို့က Jessica Lange နဲ့ National Treasure အပြင် Inglourious Basterds ထဲက ဂျာမန်သွေးနှောအလှလေး Diane Kruger တို့ ပါပါတယ်။ စိတ်ဝင်စားစရာ စုံထောက်ကားမို့ အားလုံးကြိုက်ကြမှာပါ။ စုံထောက်ကားကိုမှ Neo-noir ကားဆိုတော့ Neo-noir ကားတွေ ကြိုက်တဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ စုံထောက်ကြီးမာလိုဟာ ရဲတပ်ဖွဲ့ကနေ ပြဿနာတက်ပြီး ထွက်လိုက်ရလို့ ပင်စင်မရဘဲ အလွတ်စုံထောက်လုပ်စားနေရတာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကလဲယားဆိုတဲ့ မိန်းမလှသူဌေးမလေးတစ်ယောက်က အလုပ်အပ်လာပါတယ်။ သူ့ရဲ့အငယ်အနှောင်းချစ်သူ နီကိုပီတာဆန်ဆိုတဲ့လူ ပျောက်ဆုံးမှုပါပဲ။ အစကတော့ သူ့ကိုပလစ်သွားတဲ့ဘဲကို လိုက်ရှာပေးရုံပဲထင်မိပေမဲ့ လူသတ်မှုတွေ၊ လူဆိုးဂိုဏ်းတွေနဲ့ အရှုပ်တော်ပုံတွေကြားထဲက ရောက်သွားပြီး လျို့ဝှက်ချက်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Eat Drink Man Woman (1994) ⭐IMDB: 7.8/10 (22 k Votes) 🎬 #Comedy #Drama #Romance 🗓️ 1994 🎞️ Movie 📺 720p HD 🌎 #Taiwan #China #UnitedStates ⏰ 2 နာရီ 5 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “Ang Lee” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့  Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့  A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်င

Marlowe (2022) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Crime #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Ireland #Spain #France #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Marlowe (2022) ဒီကားက Philip Marlowe ဆိုတဲ့ စုံထောက်ကြီးအကြောင်းကို ရိုက်ထားတာပါ။ သူကလည်း ရှားလော့ဟုမ်းတို့ ပယ်ရီမေဆင်တို့လောက် နာမည်မကြီးတာပဲရှိတယ် နှယ်နှယ်ရရတော့မဟုတ်တဲ့ ပုဂ္ဂိုလ်ပေါ့။ ရေမွန်ချန်ဒလာဆိုတဲ့ စာရေးဆရာကြီးက ၁၉၃၀ကျော်ကတည်းက စအသက်သွင်းခဲ့ပြီး ဝတ္တုရှည်၇အုပ်နဲ့ ဝတ္တုတိုအများအပြားထွက်ခဲ့သလို နောက်ပိုင်းတခြားစာရေးဆရာတွေကလည်း ဒီဇာတ်ကောင်ကိုသုံးပြီး အများကြီးပြန်ရေးခဲ့ကြတယ်။ ဒီစာအုပ်တွေကို ဇာတ်ကားအဖြစ်လည်း ၁၃ခါပြန်ရိုက်ခဲ့သလို နောက်ဆုံးထွက်ထားတဲ့ ဇာတ်ကားက 1978 တုန်းက The Big Sleep ပါ။ ဆိုတော့ ၄၄နှစ်ကြာပြီးမှ Marlowe ဇာတ်ကောင်ကို ထပ်အသက်သွင်းတဲ့ရုပ်ရှင်ဆို‌တော့ ထူးထူးခြားခြားပေါ့။ ခုကားကတော့ 2014 ခုနှစ်ထွက် The Black-Eyed Blonde ဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာပါ။ 40s ခုနှစ်တွေကို အခြေပြုထားတဲ့ ဂန္ထဝင်စတိုင် စုံထောက်ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ မင်းသားကတော့ Taken မင်းသားကြီး လီယံနီဆန်ပါပဲ။ မင်းသမီးတွေကတော့ Big Fish တို့၊ The Postman Always Rings Twice တို့က Jessica Lange နဲ့ National Treasure အပြင် Inglourious Basterds ထဲက ဂျာမန်သွေးနှောအလှလေး Diane Kruger တို့ ပါပါတယ်။ စိတ်ဝင်စားစရာ စုံထောက်ကားမို့ အားလုံးကြိုက်ကြမှာပါ။ စုံထောက်ကားကိုမှ Neo-noir ကားဆိုတော့ Neo-noir ကားတွေ ကြိုက်တဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ စုံထောက်ကြီးမာလိုဟာ ရဲတပ်ဖွဲ့ကနေ ပြဿနာတက်ပြီး ထွက်လိုက်ရလို့ ပင်စင်မရဘဲ အလွတ်စုံထောက်လုပ်စားနေရတာပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကလဲယားဆိုတဲ့ မိန်းမလှသူဌေးမလေးတစ်ယောက်က အလုပ်အပ်လာပါတယ်။ သူ့ရဲ့အငယ်အနှောင်းချစ်သူ နီကိုပီတာဆန်ဆိုတဲ့လူ ပျောက်ဆုံးမှုပါပဲ။ အစကတော့ သူ့ကိုပလစ်သွားတဲ့ဘဲကို လိုက်ရှာပေးရုံပဲထင်မိပေမဲ့ လူသတ်မှုတွေ၊ လူဆိုးဂိုဏ်းတွေနဲ့ အရှုပ်တော်ပုံတွေကြားထဲက ရောက်သွားပြီး လျို့ဝှက်ချက်တွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Eat Drink Man Woman (1994) ⭐IMDB: 7.8/10 (22 k Votes) 🎬 #Comedy #Drama #Romance 🗓️ 1994 🎞️ Movie 📺 1080p FHD 🌎 #Taiwan #China #UnitedStates ⏰ 2 နာရီ 5 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “Ang Lee” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့  Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့  A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင

Justin Bieber: Never Say Never (2011) ⭐IMDB: 1.6/10 (76 k Votes) 🎬 #Documentary #Music #Family 🗓️ 2011 🎞️ Movie 📺 720p HD 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Belieber တို့ရဲ့ အသည်းကျော်Justin Drew Bieber ဟာဆိုရင် March လ ၁ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ အစက မွေးရက်မှာဒီ film ကို တင်ပေးဖို့ စီစဉ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မတင်ဖြစ်ခဲ့ပါဘူး။ မနှစ်ကလည်း ဒီလိုအချိန်မှာ Birthday အမှတ်တရအဖြစ် Believe Documentary ကို တင်ဆက်ပေးခဲ့သလို ဒီနှစ်မှာတော့ လွန်ခဲ့တဲ့၁၂ နှစ်က ထွက်ရှိခဲ့တဲ့ Never Say Never Documentary လေးကို တင်ဆက်ပေးချင်ပါတယ်။ Believe က အောင်မြင်မှုရဲ့ အစကို ရိုက်ကူးတင်ဆက်ခဲ့တာဆို ရင် Never Say Never ဟာ အရာအားလုံးရဲ့စတင်ရာပါပဲ။ Justin Bieber ဆိုပြီး ဖြစ်တည်လာဖို့ ဘယ်လိုအကြောင်းဖန်ခဲ့လဲဆိုတာတွေ၊ငယ်ဘဝ ပါရမီပါလာခဲ့ပုံတွေကို အသေးစိတ်ချပြထားမဲ့အပြင် My World Tour ဖျော်ဖြေမှုတွေကိုပါ မပျင်းမရိ ကြည့်ရှုရမှာပါ။ အိမ်ထောင်ကျပြီး မိန်းမနားပဲကပ်နေတဲ့ Justin ရဲ့ လူပျိုပေါက်စဘဝက ကလေးဆန်ဆန် အမူအရာလေးတွေနဲ့ အသံချိုချိုလေးကို သတိရလွမ်းဆွတ်နေတယ်ဆိုရင်တော့ဒီDocumentary ကို ကြည့်ပြီးမျက်ရည်လည်ရဦးမှာ သေချာပါတယ်။ ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ သီချင်းလေးတွေကို ပြန်လည်နားဆင်ရင်း နောက်နှစ် ထိပ်စီးပြောင်းတော့မဲ့ Justin Bieber အတွက် ဒီ documentary နဲ့အတူ မွေးနေ့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ Clarification – Artist အတွက် အမှတ်တရလက်ဆောင် ပေးချင်သည့် ဆန္ဒကလွဲ၍ တခြား ဘာရည်ရွယ်ချက်မှ မရှိပါ။ (အညွှန်းနဲ့ ဇာတ်လမ်းကို Thet Hnin Hsu က ဘာသာပြန်ဆိုရေးသားထားပါတယ်)

Made for Each Other (2023) ⭐IMDB: 6.2/10 (316 Votes) 🎬 #Comedy #Fantasy #Romance #TVMovie 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #UnitedStates #Canada ⏰ 1 နာရီ 25 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Made for Each Other(2023) ************************* Rachael Becker ဆိုတဲ့ ကောင်မလေးဟာ ပန်းပုထုရတာကို ဝါသနာပါခဲ့ပြီး ထက်ထက်မြက်မြက်လည်းရှိလေတော့ ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေတယ်..တကယ်တော့ သူက အရမ်းဇီဇာကြောင်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်…. သူလိုချင်တဲ့ ယောကျာ်းလေးပုံစံက အရမ်းပြီးပြည့်စုံတာမို့ အပြင်မှာမတွေ့နိုင်လောက်အောင် ရှားတာပါ…အဲ့ဒါကြောင့် သူဟာ အဲ့ဒီလိုလူပုံစံကို ပန်းပုပဲ ထုခဲ့ပါတော့တယ်တစ်နေ့တော့ သူ့ရဲ့ အိမ်နီးချင်း Doris ဆိုတဲ့ အမျိုးသမီးဆီက အဆောင်လိုမျိုး လည်ဆွဲတစ်ခုကို ရလို့ သူ့ရဲ့ လူရုပ်ထုကို ဆွဲပေးလိုက်ပါတော့တယ်အဲ့ဒီလိုနဲ့ အဲ့ဒီအရုပ် အသက်ဝင်လာတဲ့ အခါမှာတော့…..

Delta of Venus (1995) ⭐IMDB: 4.7/10 (2 k Votes) 🎬 #Adult #Drama 🗓️ 1995 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************ 18 ကိုမှ အလန်းစား ဇာတ်လမ်း အမိုက်စား အလန်းစား ချောမောတဲ့ သရုပ်ဆောင်တွေပါတာမှ ကြည့်ချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်.. အယ်လန်နာမာတင်ဟာ စာရေးဆရာမအလုပ်ကိုဇောက်ချလုပ်ဖို့အတွက် ပဲရစ်မြို့ကိုလာခဲ့ပါတယ်။ထုတ်ဝေသူ မာဆယ်ဆီကို စာမူတွေရေးပို့ပေမယ့် စစ်ပွဲကြောင့်ဘယ်သူမှအရှုံးခံပြီးစာအုပ်မထုတ်ကြပါဘူး။နောက်တော့ မာဆယ်ဟာ အယ်လန်နာကို နာမည်ကြီးစာရေးဆရာလောရန့်စ်ပါတီပွဲကိုဖိတ်လိုက်တယ်။ထူးခြားလှပနေတဲ့ အယ်လန်နာဟာကိုလောရန့်က ရင်းနှီးသွားပါတယ်။ အယ်လန်နာက လောရန့်စ်ရဲ့စာရေးနည်းတွေကိုလေ့လာရင်းနဲ့ နှစ်ယောက်သားချစ်မိသွားတယ်။ တစ်နေ့ပြီးတစ်နေ့ သူတို့နှစ်ယောက်ရဲ့စိတ်ကူးတွေကိုဖလှယ်ရင်း အချစ်တွေတိုးလာကြတယ်။တစ်နေ့မှာ လောရန့်စ်ဟာ ခရီးစဉ်တစ်ခုမထွက်ခွာခင်မိန်းမပျက်တစ်ယောက်နဲ့ဖြစ်နေတာကို အယ်လန်နာတွေ့ပြီးလောရန့်စ်နဲ့အဆက်ဖြတ်လိုက်တယ်။ အယ်လန်နာက တစ်ကိုယ်တည်းနေရတဲ့အပြင်စာမူခမရတဲ့အတွက် ငွေကြေးအခက်အခဲကြုံလာရတယ်။ မာဆယ်ဆီစာပေတဲ့ပက်သက်တဲ့ အလုပ်မေးမြန်းတဲ့အခါမှာတော့သူ့ဆီကို အပြာစာပေရေးသားဖို့ကမ်းလှမ်းထားရှိတယ်ဆိုတဲ့အကြောင်းသိလိုက်ရတယ်။ အလုပ်ရှင်နာမည်ကိုတော့မသိရပေမယ့် ပိုက်ဆံကပိုရတဲ့အတွက်အလုပ်ကိုလက်ခံလိုက်တယ်။ ဒီလိုနဲ့ အယ်လန်နာက ကိုယ်တိုင်လက်တွေ့ခံစားပြီး အပြာစာပေတွေကိုရေးသားတဲ့အခါမှတော့ ……

Made for Each Other (2023) ⭐IMDB: 6.2/10 (316 Votes) 🎬 #Comedy #Fantasy #Romance #TVMovie 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #UnitedStates #Canada ⏰ 1 နာရီ 25 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Made for Each Other(2023) ************************* Rachael Becker ဆိုတဲ့ ကောင်မလေးဟာ ပန်းပုထုရတာကို ဝါသနာပါခဲ့ပြီး ထက်ထက်မြက်မြက်လည်းရှိလေတော့ ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေတယ်..တကယ်တော့ သူက အရမ်းဇီဇာကြောင်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်…. သူလိုချင်တဲ့ ယောကျာ်းလေးပုံစံက အရမ်းပြီးပြည့်စုံတာမို့ အပြင်မှာမတွေ့နိုင်လောက်အောင် ရှားတာပါ…အဲ့ဒါကြောင့် သူဟာ အဲ့ဒီလိုလူပုံစံကို ပန်းပုပဲ ထုခဲ့ပါတော့တယ်တစ်နေ့တော့ သူ့ရဲ့ အိမ်နီးချင်း Doris ဆိုတဲ့ အမျိုးသမီးဆီက အဆောင်လိုမျိုး လည်ဆွဲတစ်ခုကို ရလို့ သူ့ရဲ့ လူရုပ်ထုကို ဆွဲပေးလိုက်ပါတော့တယ်အဲ့ဒီလိုနဲ့ အဲ့ဒီအရုပ် အသက်ဝင်လာတဲ့ အခါမှာတော့…..

Delta of Venus (1995) ⭐IMDB: 4.7/10 (2 k Votes) 🎬 #Adult #Drama 🗓️ 1995 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************ 18 ကိုမှ အလန်းစား ဇာတ်လမ်း အမိုက်စား အလန်းစား ချောမောတဲ့ သရုပ်ဆောင်တွေပါတာမှ ကြည့်ချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်.. အယ်လန်နာမာတင်ဟာ စာရေးဆရာမအလုပ်ကိုဇောက်ချလုပ်ဖို့အတွက် ပဲရစ်မြို့ကိုလာခဲ့ပါတယ်။ထုတ်ဝေသူ မာဆယ်ဆီကို စာမူတွေရေးပို့ပေမယ့် စစ်ပွဲကြောင့်ဘယ်သူမှအရှုံးခံပြီးစာအုပ်မထုတ်ကြပါဘူး။နောက်တော့ မာဆယ်ဟာ အယ်လန်နာကို နာမည်ကြီးစာရေးဆရာလောရန့်စ်ပါတီပွဲကိုဖိတ်လိုက်တယ်။ထူးခြားလှပနေတဲ့ အယ်လန်နာဟာကိုလောရန့်က ရင်းနှီးသွားပါတယ်။ အယ်လန်နာက လောရန့်စ်ရဲ့စာရေးနည်းတွေကိုလေ့လာရင်းနဲ့ နှစ်ယောက်သားချစ်မိသွားတယ်။ တစ်နေ့ပြီးတစ်နေ့ သူတို့နှစ်ယောက်ရဲ့စိတ်ကူးတွေကိုဖလှယ်ရင်း အချစ်တွေတိုးလာကြတယ်။တစ်နေ့မှာ လောရန့်စ်ဟာ ခရီးစဉ်တစ်ခုမထွက်ခွာခင်မိန်းမပျက်တစ်ယောက်နဲ့ဖြစ်နေတာကို အယ်လန်နာတွေ့ပြီးလောရန့်စ်နဲ့အဆက်ဖြတ်လိုက်တယ်။ အယ်လန်နာက တစ်ကိုယ်တည်းနေရတဲ့အပြင်စာမူခမရတဲ့အတွက် ငွေကြေးအခက်အခဲကြုံလာရတယ်။ မာဆယ်ဆီစာပေတဲ့ပက်သက်တဲ့ အလုပ်မေးမြန်းတဲ့အခါမှာတော့သူ့ဆီကို အပြာစာပေရေးသားဖို့ကမ်းလှမ်းထားရှိတယ်ဆိုတဲ့အကြောင်းသိလိုက်ရတယ်။ အလုပ်ရှင်နာမည်ကိုတော့မသိရပေမယ့် ပိုက်ဆံကပိုရတဲ့အတွက်အလုပ်ကိုလက်ခံလိုက်တယ်။ ဒီလိုနဲ့ အယ်လန်နာက ကိုယ်တိုင်လက်တွေ့ခံစားပြီး အပြာစာပေတွေကိုရေးသားတဲ့အခါမှတော့ ……