ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
The Birdcage (1996)
⭐IMDB: 7.2/10 (92 k Votes)
🎬 #Comedy
🗓️ 1996 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 59 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“ကမ္ဘာပေါ်မှာ ငါ့အတွက်အိမ်လို့ခေါ်နိုင်တဲ့နေရာကတစ်ခုတည်းပဲရှိတယ် အဲဒါကမင်းရှိနေတဲ့နေရာပဲ”Armand Goldman (Owner of the Birdcage)
IMDB 7.2, Rotten Tomatoes 83% ရထားတဲ့ဒီ The Birdcage (1996)ဆိုတဲ့ LGBT/Comedyကားလေးမှာတော့ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Nathan Lane (Mouse huntမင်းသားကြီး)နဲ့Robin Williams (Jumamji 1995မင်းသားကြီး)တို့ကအဓိကပါဝင်ထားကြတာပါ..
“ဇာတ်လမ်းအကျဉ်း”အမျိုးသားတွေက အမျိုးသမီးအဝတ်အစားတွေဝတ်ပြီးကပြဖျော်ဖြေရတဲ့ Dragလို့ခေါ်တဲ့အကရဲ့ Birdcageကလပ်ပိုင်ရှင်တစ်ဖြစ်လည်း ဒါရိုက်တာအာမန်နဲ့ ထူးချွန်တဲ့တင်ဆက်သူ အဲလ်ဘတ်တို့က အတွဲညီတဲ့ အတူနေလိင်တူချစ်သူတွေပေါ့..စိတ်ခံစားချက် နုနယ်ပြီး ထိလွယ်ရှလွယ် အဲဘ်ဘတ်နဲ့ ရင်ထဲကစကားတွေကို တော်ရုံထုတ်မပြတတ်ပေမယ့်ဂရုစိုက်တတ်တဲ့ အာမန်တို့က လူလတ်ပိုင်းအရွယ်လိင်တူလင်မယားအဖြစ်နဲ့ သားလေးတစ်ယောက်လည်း မွေးထားခဲ့တာပါ..တစ်ဦးတည်းသော သားလေးကို တုန်နေအောင်ချစ်လို့မဝသေးခင် အခုမှ အသက် ၂၀ အရွယ်သားဖြစ်သူကတစ်နေ့မှာတော့ သူ လက်ထပ်ချင်တဲ့သူရှိပါပြီလို့ တောင်းဆိုလာတဲ့အခါ…ရင်ကွဲပက်လက်ဖြစ် ဟတ်ထိသွားကြပေမယ့်လည်း သားဖြစ်သူစိတ်ချမ်းသာဖို့အရေး လိုက်လျောဖို့တွေးရပါတော့တယ်..ဒါပေမယ့်လည်း သူတို့သားဖြစ်သူ လက်ထပ်မယ့်သူက ရိုးရိုးသတို့သမီးမဟုတ်ဘဲဂုဏ်သရေရှိ လွှတ်တော်အမတ်တစ်ဦးရဲ့ သမီးဖြစ်နေတဲ့အခါမှာတော့…တစ်ဖက်မိဘတွေက ဒီမင်္ဂလာပွဲကို အကန့်အကွက်မရှိ ခွင့်ပြုနိင်ဖို့အရေး ဘယ်လိုတွေလုပ်ဇာတ်ခင်းကြမလဲ..အဖေနှစ်ယောက်ရှိနေတာကို အသိမပေးဘဲ အဖေတစ်ယောက် အမေတစ်ယောက်လို့ထင်ဖို့အရေးဘယ်လို အမျိုးမျိုးသော ကလိမ်ကကျစ်နည်းပေါင်းစုံနဲ့ လှည့်စားကြမလဲ…လွှတ်တော်အမတ်တွေဘက်ကရော သူတို့လို လိင်တူစုံတွဲရဲ့သားကို သူတို့သမီးနဲ့ လက်ထပ်ဖို့ခွင့်ပြုနိင်ပါ့မလား..ဒါရိုက်တာအာမန်နဲ့ တင်ဆက်သူအဲလ်ဘတ်တို့ တတ်ထားတဲ့ပညာတွေကိုသုံးပြီးအဆုံးထိ ပိပိရိရိလှည့်စားလိုက်နိုင်ပြီး လက်ထပ်ခွင့်ရသွားကြမလား…တစ်ဝက်တစ်ပျက်နဲ့ အလိမ်ပေါ်ပြီး အရှက်တကွဲ အကျိုးနည်းဖြစ်သွားကြမလား..ဆိုတာကိုတော့ အလွဲလွဲအချော်ချော်ပေါင်းများစွာကို အသည်းတယားယား ရင်တထိတ်ထိတ်နဲ့ အခွီတစ်လိုင်းပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မှာမို့ အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်..
(အညွှန်းနဲ့ဘာသာပြန်ကတော့ Emilyပဲဖြစ်ပါတယ်)
The Birdcage (1996)
⭐IMDB: 7.2/10 (92 k Votes)
🎬 #Comedy
🗓️ 1996 🎞️ Movie 📺 1080p FHD

Daylight (1996)
⭐IMDB: 5.9/10 (74 k Votes)
🎬 #Action #Adventure #Drama #Thriller
🗓️ 1996 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 55 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Daylight ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်မှာ ပြသခဲ့တာဖြစ်ပြီး ရမ်ဘိုမင်းသားကြီး စတားလုံး ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကပ်ဘေးရှင်သန်ရေး thriller disaster ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒေါ်လာသန်း၈၀ အကုန်ကျခံရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဟာ သန်း၁၆၀နီးပါး ပြန်လည်ရရှိခဲ့လို့ အောင်မြင်တဲ့ရုပ်ရှင်တစ်ခုလို့ ပြောလို့ရပါတယ်။
ဇာတ်လမ်းအကျဥ်းဟာဆိုရင်ဖြင့် New York မြို့ကနေ တရားမဝင် အဆိပ်သင့်စွန့်ပစ်ပစ္စည်းတွေကို နယူးဂျာဆီပြည်နယ်ကိုခိုးပြီး စွန့်ပစ်ဖို့လုပ်ရာကနေ ဇာတ်လမ်းစပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ထရပ်ကားတွေက ဥမင်လှိုဏ်ခေါင်းတစ်ခုကိုအဖြတ်မှာ ယာဥ်ဓားပြတိုက်လာတဲ့ သူခိုးအုပ်စုကားနဲ့ ဝင်တိုက်မိပြီး ပေါက်ကွဲမှူအကြီးစားတွေဖြစ်ကာ လှိုဏ်ခေါင်းကြီးလည်း ပြိုကျသွားပါတော့တယ်။ အဲဒီမှာ ပြိုကျသွားတဲ့လှိုဏ်ခေါင်းထဲကလူတွေ အသက်ရှင်သန်အောင်ဘယ်လိုကြိုးစားကြမလဲ။ အသက်ရှင်လျက်ရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစား လိုက်လံကြည့်ရှု စီးမျောလို့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
အသက်ရှင်သန်ရေး ကြိုးပမ်းတဲ့ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူတွေရဲ့အတ္တတွေ မာနတွေ ကြိုးစားမှုတွေ မျှော်လင့်ချက်ကုန်ခမ်းသွားတာတွေ စိတ်ဓာတ်လုံးဝကျသွားတာတွေကိုကြည့်ရင်း ကိုယ်ပါ ရင်ထဲအလုံးကြီး ဆို့ထားသလို အောင့်သက်သက် ခံစားရဦးမှာပါ။ ဒါကြောင့် Survival Thriller ရုပ်ရှင်ကြိုက်နှစ်သက်သူများအတွက် ဒီရုပ်ရှင်ကို ကြည့်ရှုကြဖို့ နှိုးဆော်လိုက်ရပါတယ်။

Empire of Light (2022)
⭐IMDB: 6.7/10 (6 k Votes)
🎬 #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom #UnitedStates
⏰ 1 နာရီ 55 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Empire of Light(2022)
*********************
“အင်ပါယာ” ဆိုတဲ့ ပင်လယ်နားကရုပ်ရှင်ရုံကြီး။ အဲဒီမှာအလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေလည်း
မိသားစုလိုချစ်ချစ်ခင်ခင်နဲ့ပါ။ ထူးခြားနေတာကတော့ ဟီလာရီဆိုတဲ့အမျိုးသမီးပဲ။
သူက စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးရုံပြပြနေရသူ..တစ်နေ့မှာတော့ စတီဖင်ဆိုတဲ့ လူမည်းကောင်လေးတစ်ယောက်
ဝန်ထမ်းအသစ်အနေနဲ့ သူတို့ဆီရောက်လာခဲ့ပါတယ်..စိတ်ဓါတ်ကျနေတတ်တဲ့ဟီလာရီ့ဘဝထဲဝင်လာတဲ့ စတီဖင်၊
လူမည်းလို့အမြဲခွဲခြားခံနေရပြီး အိပ်မက်တွေလက်လျှော့ခဲ့ရတဲ့ စတီဖင့်ဘဝထဲဝင်လာတဲ့ ဟီလာရီ..သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်
ဘယ်လိုတွေအကူအညီဖြစ်သွားစေမလဲဆိုတာကတော့…..
Those Who Call (2023)
⭐IMDB: 3.3/10 (87 Votes)
🎬 #Horror
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိဘနှစ်ပါးဆုံးပါးသွားပြီးနောက် အနေဝေးနေခဲ့ကြတဲ့ ညီမနှစ်ယောက်ဟာ ဆက်ဆံရေးတွေ ပြန်လည်နွေးထွေးလာအောင် နှစ်ယောက်အတူ ခရီးထွက်ခဲ့ကြပါတယ်
လမ်းတစ်ဝက်အရောက်မှာ မောင်းလာတဲ့ ကားဓာတ်ဆီကုန်ခါနီးမလို့ ဆီဆိုင် လိုက်ရှာရင်းထူးဆန်းခြောက်ခြားဖွယ် မြို့ဟောင်း တစ်မြို့ကို ရောက်သွားပါတော့တယ်
ဆီဆိုင်မပြောနဲ့ အိမ်တောင် တစ်အိမ်မှ မတွေ့ရတဲ့ ဒီမြို့ထဲ အရောက်မှာတော့ ဖုန်းလိုင်းတွေပါ ပျောက်သွားပါတော့တယ်
ကံကောင်းစွာပဲ ညီအစ်မနှစ်ယောက်ဟာ ဆီဆိုင်ဟောင်းတစ်ဆိုင်ကို ရှာတွေ့သွားပါတယ် ဒါပေမယ့် ဆိုင်ပိုင်ရှင်ဟာ ညီအစ်မနှစ်ယောက်ကို တွေ့တွေ့ချင်းမှာပဲ ခါးခါးသီးသီးငြင်းလွှတ်ပြီး မြို့က အမြန်ဆုံးထွက်သွားဖို့ ပြောပါတော့တယ်
အဲ့ဒီမြို့ဟောင်းကအထွက် သစ်တောတစ်တောထဲအရောက် ညအချိန်မှာတော့ ကားဆီပြတ်သွားကာ ညီအစ်မနှစ်ယောက် ကားထဲမှာ ထိုင်နေစဥ် ညီမဖြစ်သူက လူရိပ်တစ်ခုကို ခြောက်ခြားဖွယ် တွေ့ရှိလိုက်ပါတော့တယ်
မနက်မိုးလင်း နိုးထလာချိန်မှာတော့ ညီအစ်မနှစ်ယောက်ဟာ ကားပေါ်မှာ မဟုတ်ဘဲ အောက်လမ်းပစ္စည်းတွေ ပတ်လည်ဝိုင်းနေတဲ့ တောလယ်တစ်နေရာကို ရောက်ရှိနေခဲ့ပါတယ်
ထို့နောက် လူမမြင်ရဘဲ ကျောချမ်းဖွယ် တီးတိုးသံတွေကိုသာ မကြာခဏကြားနေရပါတော့တယ်
ပျောက်သွားတဲ့ကားကို လိုက်ရှာရင်း ဆီဆိုင်ဟောင်းမှ လူရဲ့သွေးတစ်စက်စက် ကျနေတဲ့အလောင်းကို သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားတာကို မြင်လိုက်ရတဲ့အခါ….
ကြည့်နေရင်း အသက်မရှူနိုင်လောက်အောင် သည်းထိတ်ရင်ဖို ဖြစ်စေမယ့် Horror ဖန်တွေ အကြိုက် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်
ဇာတ်လမ်းအစ အဆုံး ဇာတ်ရှိန် လုံးဝမကျသွားဘဲ ကြည့်ရတာ တန်တဲ့ Horror / Drama ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်
Executive Decision (1996)
⭐IMDB: 6.5/10 (59 k Votes)
🎬 #Action #Thriller #Adventure
🗓️ 1996 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 2 နာရီ 13 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။
၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ဓားစားခံကယ်ဆယ်ရေး လုပ်ဆောင်မယ့် ဗိုလ်မှူး အော်စတင် ထရာဗစ် (Steven Seagal) နဲ့ပူးပေါင်းပြီး သူတို့ဓားစားခံတွေကို ဘယ်လိုကယ်တင်ကြမလဲ။ အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်ကရော တစ်ခုတည်းပဲလား။ ဘယ်လိုတွေရော အသက်တွေရင်းပြီး ကယ်ဆယ်ရမလဲဆိုတာကို လိုက်ပါကြည့်ရှု့ရမယ့် ရုပ်ရှင်ဇာတ်ကားတစ်ခု ဖြစ်ပါတယ်။ ၁၉၉၀ ကျော်က အက်ရှင်ဇာတ်ကားကောင်းတွေ ကြိုက်နှစ်သက်သူတွေ တစ်ဖန်ပြန်ကြည့်ရှု့သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းကို အကြံပြုလိုပါတယ်။
Feast (2005)
⭐IMDB: 6.2/10 (33 k Votes)
🎬 #Action #Comedy #Horror #Thriller
🗓️ 2005 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 27 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Feast(2005)===========
ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့
သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင်
ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲ
သောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး
အပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။
မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကို
ဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ်
ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့
အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။
အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာ
မထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့
အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့
ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။
R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့်
ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။
(ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ်)

🗓️ 2005 🎞️ Movie 📺 1080p FHD

Sherlock (2010-2017)
⭐IMDB: 9.1/10 (936 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2010-2017 🎞️ Series 📺 720p HD
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 11 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sherlock (Season 1-4) Complete
IMDb Rating (9.1/10) / Rotten Tomatoes (78%)BBC One ရုပ်သံလိုင်းကနေ အလွန်ကပ်စီးနည်းစွာ ထုတ်လုပ်ထားတဲ့ ရှားလော့ဟုမ်းဇာတ်လမ်းတွဲပါပဲ…Season တစ်ခုထွက်ဖို့ ၂ နှစ်ကြာသလို ထွက်လာရင်လဲ အပိုင်း(၃)ပိုင်းပဲပါတတ်ပါတယ်…အခုထိတော့ Season(4) ထိထွက်ရှိထားပြီး Special Episode နဲ့ဆို စုစုပေါင်းအပိုင်း (၁၃) ပိုင်းထွက်ရှိထားပြီဖြစ်ပါတယ်။ရှားလော့ဟုမ်းအဖြစ် မင်းသား Benedict Cumberbatch နဲ့ ဒေါက်တာ Watson အဖြစ် မင်းသားကြီး Martin Freeman တို့မှပါဝင်သရုပ်ဆောင်ထားပါတယ်။Benedict Cumberbatch ရဲ့ သရုပ်ဆောင်ချက်တွေက ခေတ်သစ်ရှားလော့ဟုမ်းအဖြစ် သူ့ကိုနာမည်ကြီးစေခဲ့သလို ဒီစီးရီးဟာလဲ ကြည့်ရှုသူတွေ တစ်ခဲနက်အားပေးကြတဲ့ ရှားလော့စီးရီးဖြစ်ခဲ့ပါတယ်။ရှားလော့ဟုမ်းနဲ့ပတ်သက်တာတွေ Sherlock Series နဲ့ပတ်သက်တာတွေကိုတော့ အောက်မှာမြည်းစမ်းလို့ရပါတယ်။+++++++++++++++++++++++++++++++++++++++++Most portrayed literary human character in film and television history.
(ရုပ်ရှင်နှင့် ရုပ်သံ သမိုင်းတွင် အကြိမ်ရေ အများဆုံး ပြန်လည်အသက်သွင်းခြင်းခံရသည့် စာအုပ်ထဲမှ လူသား ဇာတ်ကောင်)
ကျနော်တို့ ဝတ္ထုစာအုပ်တွေထဲက အလွန်ပဲ နှစ်သက်တဲ့ ဇာတ်ကောင်တွေရှိပါတယ်။ အဲဒီဇာတ်ကောင်တွေထဲကမှ တစ်ယောက်သောသူဟာ စာအုပ်တွေထဲကနေထွက်လာပြီး ရုပ်ရှင်နဲ့ ရုပ်သံသမိုင်းတစ်လျှောက် အကြိမ်ကြိမ် အသက်ဝင်နိုင်ခဲ့ပါတယ်။ သူကတော့ နာမည်ကျော်စုံထောက်ကြီး ရှားလော့ဟုမ်း (Sharlock Holmes) ပါပဲ။ ဘယ်လောက်တောင်များ ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းအဖြစ် ပြန်လည်ဖန်တီးခဲ့သလဲဆိုရင် ၁၈၈၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ သရုပ်ဆောင် ၇၅ ဦးက ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ (ရုပ်သံဇာတ်လမ်း တစ်ပိုင်းကို တစ်ကြိမ်အဖြစ် ရေတွက်ပါတယ်) ၂၅၄ ကြိမ်ထိ သရုပ်ဆောင်ထားခဲ့တယ်လို့ ဂရင်းနစ် ကမ္ဘာ့ စံချိန်မှတ်တမ်းမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ အခု ၂၀၂၁ ထိဆိုရင် ပိုတောင်များသွားနိုင်ပါတယ်။
နိုင်ငံတစ်ကာမှာလည်း ရှားလော့ဟုမ်း ဇာတ်ကောင်ကို မှီငြမ်းတဲ့ စုံထောက်ဇာတ်လမ်းတွေအများကြီး ထွက်ပေါ်လာခဲ့ပါတယ် မြန်မာနိုင်ငံမှာလည်း တိုက်ရိုက်မှီငြမ်းတဲ့ စုံထောက် ဦးစံရှား၊ စုံထောက် ဦးထင်ကျော်တို့ရှိသလို သွယ်ဝိုက်မှီငြမ်းတဲ့ ဆားပုလင်းနှင်းမောင်လို ဇာတ်ကောင်တွေလည်း ရှိလာခဲ့ပါတယ်။ စုံထောက်ဇာတ်လမ်း ကြိုက်သူတွေအတွက်ကတော့ ရှားလော့ဟုမ်းဟာ သက်ရှိလူသား တစ်ယောက်ပါပဲ။
မြန်မာပြည်က ရှားလော့ဟုမ်းကို မှီငြမ်းတဲ့ စုံထောက်ဇာတ်ကောင်တွေနဲ့ ရှားလော့ဟုမ်း ဘာကွာလဲလို့ မေးရင် ကွာခြားချက်တွေ အများကြီးပါ။ အဓိကကွာခြားချက်ကတော့ လိပ်စာလို့ပဲပြောရပါမယ်။ ရှားလော့ဟုမ်းကို မှီငြမ်းတဲ့ ဦးစံရှား၊ ဆာပုလင်းနှင်းမောင်တို့ရဲ့ နေရပ်လိပ်စာဟာ သူတို့ကို ပုံဖော်ခဲ့တဲ့ စာရေးစရာတွေရဲ့ နေအိမ်လိပ်စာတွေဖြစ်ပြီး ရှားလော့ဟုမ်းရဲ့ လိပ်စာကတော့ အပြင်လောကမှာကို တကယ်မရှိတဲ့ လိပ်စာတစ်ခု ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ရှားလော့ဟုမ်းဟာ အပြည့်အဝကို စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပြီး သူ့ကိုမှီငြမ်းတဲ့ ဇာတ်ကောင်တော်တော်များများဟာ တစ်ဝက်တပျက် စိတ်ကူးယဉ် ဇာတ်ကောင်တွေ ဖြစ်ပါတယ်။
ရှားလော့ဟုမ်းနေထိုင်ရာလိပ်စာ ၂၂၁ (ဘီ) ဘေကာလမ်းဆိုတာ လန်ဒန်မှာရှိကိုမရှိတဲ့ လိပ်စာပါ။ စာရေးဆရာ ဆာ အာသာကိုနွိုင်ဒွိုင်းဟာ အမှန်တော့ အမှတ် ၁၂၊ တက်နီဆင်လမ်း၊ တောင် နော့ဝုဒ်၊ လန်ဒန်မှာ ၄ နှစ်ခန့်သာနေထိုင်ခဲ့ပြီး စကော့တလန်မှာပဲ နေထိုင်ခဲ့သူပါ။ သူရှားလော့ဟုမ်းကို စတင်ရေးသားခဲ့စဉ် ၁၈၈၇ ခုနှစ် ကလည်း လန်ဒန်မြို့ ဘေဘာလမ်းမှာ အိမ်နံပတ် ၁ ကနေ ၈၅ အထိသာရှိပါတယ်။ ဒါကြောင့် ရှားလော့ဟုမ်းဟာ စိတ်ကူးယဉ် ဇာတ်ကောင်သက်သက်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ရှားလော့ဟုမ်းရဲ့ ကျော်ကြားမှုဟာ နေလိုမီးလို့ ထွန်းလင်းတောက်ပပြီး စာအုပ်ထဲကဇာတ်ကောင်ထက် ကျော်လွန်ကာ သက်ရှိလူသားတစ်ယောက် အဖြစ် စာဖတ်ပရိသတ်တွေက သတ်မှတ်လိုက်ကြတဲ့အခါမှာတော့ အစိုးရကနေပြီး ဘေကာလမ်းကို အိမ်နံပတ် ၂၂၉ အထိ တိုးချဲ့သတ်မှတ် ပေးလိုက်ကြပါတယ်။ နောက်ပြီး အိမ်နံပတ် ၂၁၉ကနေ ၂၂၉ ထိကလည်း အာမခံ ကုမ္ပဏီတစ်ခုရဲ့ လိပ်စာပါ။ နောက်ပိုင်းမှာတော့ အိမ်နံပတ် ၂၂၁ (ဘီ) ကို ရှားလော့ဟုမ်း ပြတိုက်အဖြစ်ပြောင်းလဲခဲ့ပြီး ပတ်ဝန်းကျင် ကိုလည်း ရှားလော့ဟုမ်း ဇာတ်လမ်းထဲကအတိုင်း ပြင်ဆင်လိုက်ကြပါတယ်။ အဲဒီနေရာကို နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်လည်ပတ်နေကြပါတယ်။
ကျနော့ အသက်အရွယ် အားဖြင့် ဟိုးအရင် ရှားလော့ ဇာတ်လမ်းတွေကို အကုန်မကြည့်ဖူးပေမယ့် အခုခေတ် ပြန်ရိုက်တဲ့ ရှားလော့တော့ကိုတော့ ကြည့်ဖူးပါခဲ့ပါတယ်။ ရောဘတ်ဒေါင်းနင်း အငယ်ကောင် နဲ့ ဂျ
Reborn Rich (2022-2022)
⭐IMDB: 8.1/10 (2 k Votes)
🎬 #Drama #Fantasy #Romance #SciFi
🗓️ 2022-2022 🎞️ Series 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 28 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Reborn Rich(2022)[Complete]Reborn Rich(2022)*******************
အပိုင်း( ၁ မှ ၁၆)ထိ စ/ဆုံး Yoon Hyun Woo (Song Joong Ki)က အင်အားကြီးလုပ်ငန်းစုကြီးဖြစ်တဲ့Soonyang Group မှာ သူဌေးမိသားစုရဲ့ လူယုံအတွင်းရေးမှူးအဖြစ် ၁၀ နှစ်ကြာအလုပ်ကျွေးပြုခဲ့ပါတယ်ဒီမိသားစုဆီမှာပဲ အစေခံတစ်ယောက်လို အလုပ်ကြိုးစားခဲ့ပေမဲ့ တစ်နေ့မှာတော့အလွဲသုံးစားမှုနဲ့စွပ်စွဲခံရပြီး အသတ်ခံခဲ့ရတယ် ..
သေဆုံးသွားပေမဲ့ အံ့ဩဖို့ကောင်းစွာနဲ့ပဲ သူ့ဝိညာဥ်ဟာSoonyang Group CEO Jin Yang Cheol (Lee Sung Min) ရဲ့အငယ်ဆုံးသားလေးJin Do Joon ခန္ဓာကိုယ်ထဲကနေ နောက်တစ်ကြိမ်ပြန်နိုးလာတဲ့အခါမှာတော့ ..အဖြစ်အပျက်တွေအားလုံးကို မှတ်မိနေတဲ့ Jin Do Joon တစ်ယောက် ..သူ့ကိုသတ်ခဲ့တဲ့ ဂျင်မိသားစုကို ဘယ်လိုလက်စားပြန်ချေမလဲ ..“Soonyang Group Grim Reaper”လို့ လူသိများတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကအမှုစစ် Seo Min Young (Shin Hyun Bin) နဲ့ လက်တွဲပြီးငွေကလွဲရင် ဘာမှမမြင်နိုင်တဲ့ CEO ကို ဘယ်လိုအစီအစဥ်တွေနဲ့ အကွက်စေ့စေ့ဖြုတ်ချနိုင်မလဲဆိုတာ ..
ရင်တမမနဲ့ တစ်ခန်းမှမလွတ်တမ်း စောင့်ကြည့်ရမယ့် series လေး ဖြစ်ပါတယ် Episodes: 16File Size:1.1GB, 500MBQuality :Web-DL 1080p,720PGenres: Drama, Sci-Fi & Fantasy
The Price of Perfection (2022)
⭐IMDB: 5.7/10 (74 Votes)
🎬 #Thriller #TVMovie
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Canada
⏰ 1 နာရီ 24 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ လူငယ်တွေအတွက် ပညာပေးပုံစံမျိုးနဲ့ အထာကျကျ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးပြထားတာပါ။ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ K တွေ E တွေနဲ့ ဆင်တူတဲ့ ဆေးတစ်မျိုးကို စမ်းသုံးကြရင်း ပြဿနာတွေ ဖြစ်ကြတာပေါ့။ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်လို့မရတဲ့ရောဂါ ကုသဖို့အတွက် ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ခွင့်ရှိတဲ့ဆေးကို လူငယ်လေးယောက်က စမ်းသုံးခဲ့ကြပါတယ်။ အဲဒီထဲက အေဗာဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုရဖို့အတွက် အာရုံစူးစိုက်နိုင်အောင် စပြီးသုံးခဲ့တာပါ။ အဲဒီလိုနဲ့ စွဲသွားခဲ့ပါတယ်။ အဲဒီကိစ္စကို အမေဖြစ်သူက မသိဘဲ ဗိုင်းကောင်းကျောက်ပိ သမီးအလိမ္မာလေးအတွက် အမြဲတမ်း ဂုဏ်ယူနေပေမယ့် တစ်နေ့မှာတော့ ရဲစခန်းကနေ သူ့သမီးဟာ သူငယ်ချင်းဖြစ်သူကို ကားနဲ့တိုက်ပြီး ထွက်ပြေးနေကြောင်း သိလိုက်ရပါတယ်။ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေတဲ့မိခင်အနေနဲ့ သက်သေတွေကို ရဲတွေလက်ထဲ အရင်မရောက်အောင် ကြံဖန်ရင်း အမှုမှန်ပေါ်ဖို့ သူကိုယ်တိုင် ကြိုးပမ်းပါတော့တယ်။ အေဗာရဲ့ကားကလည်း ကားရှေ့ပိုင်းမှာ လူကို တိုက်ထားသလိုမျိုး ရှာဖွေတွေ့ခဲ့ပြီးနောက် ကားတိုက်ပြေးတဲ့သူဟာ အေဗာမှန်း တဖြည်းဖြည်း သေချာလာခဲ့ပါတယ်။ သူ့သမီးဟာ ရာဇဝတ်ကောင်မဟုတ်ဘူးလို့ တထစ်ချယုံကြည်နေတဲ့ မိခင်ဖြစ်သူကတော့ ရဲတွေနဲ့အပြိုင် အမှုကိုလိုက်ရင်း သူ့သမီးကို လိုက်ရှာပါတော့တယ်။တကယ်ပဲ အေဗာဟာ သူငယ်ချင်းကို ဆေးကြောင်ပြီး ကားနဲ့တိုက်ခဲ့တာလား…?မိခင်ဖြစ်သူထင်သလို နောက်ကွယ်မှာ ဘာတွေရှိဦးမလဲ…? စိတ်ဝင်စားဖွယ် ကြည့်ရမှာဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။
Ghodwa (2021)
⭐IMDB: 6.1/10 (138 Votes)
🎬 #Drama
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #Tunisia
⏰ 1 နာရီ 41 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Poetry,Politics and Promises are lies “နိုင်ငံရေး၊ကဗျာတွေနဲ့ ကတိတွေဆိုတာ အလိမ်အညာတွေကွတဲ့။ မှတ်မှတ်ရရ Pacific Rim ထဲမှာ ကြားဖူးတဲ့စကား။အခု ဒီ Ghodwa ဆိုတဲ့ဇာတ်ကားကို ကြည့်အပြီးမှာ အဲ့စကားကို ပြန်သတိရသွားတယ်။Ghodwa ဆိုတာ မြန်မာလိုအလွယ်ပြန်ရရင် မနက်ဖြန် (ဒါမှမဟုတ်) မျှော်လင့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ဒီဇာတ်ကားက Jasmine Revolution လို့ခေါ်တဲ့ တူနီးရှန်းတော်လှန်ရေးအပြီး ဆယ်နှစ်အကြာမှာဇာတ်အိမ်တည်ထားပြီး ဟာဘစ် လို့ခေါ်တဲ့ လူ့အခွင့်အရေးရှေ့နေတစ်ယောက် နဲ့ သူ့သားအာမက်တို့ရဲ့ဘဝကို ရိုက်ပြထားတာ။ဟာဘစ်ဆိုတဲ့ လူဟာ လွန်ခဲ့တဲ့ဆယ်နှစ် တူနီးရှန်းတော်လှန်ရေးမှာ အဖမ်းဆီးခံ၊အနှိပ်စက်ခံရတဲ့ စိတ်ဒဏ်ရာနဲ့ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရပြီး သူ့စိတ်ထဲမှာလည်း လူတွေအတွက် တရားမျှတမှုဘယ်လိုဆောင်ကြဉ်းပေးရမလဲဆိုတာကိုပဲ အမြဲတမ်းတွေးနေတတ်တယ်။အာမက်ဆိုတာကတော့ သူ့ရဲ့သားပေါ့။ဆယ်ကျော်သက်ချာတိတ်လေး။ဒါပေမယ့် အရွယ်နဲ့ မလိုက်အောင်ကို တစ်ဖက်သားအတွက် တွေးပေးတတ်ပြီး ရောဂါသည် သူ့အဖေကိုလည်း တစ်ချိန်လုံးပူပန်စောင့်ရှောက်ပေးနေရတယ်။ဒီဇာတ်ကားဟာ သူတို့နှစ်ယောက်အကြောင်းကိုအခြေတည်ပြီး တူနီးရှန်းပြည်သူတွေရဲ့ လက်ရှိဘဝတွေ၊တရားစီရင်ရေးစနစ်ရဲ့ ပျက်ကွက်မှုတွေ၊တူနီးရှန်းတော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့ရည်မှန်းချက်တွေအကြောင်းကို တည့်တည့်ကြီးမီးမောင်းထိုးပြထားတယ်။ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ Cairo International Film Festival မှာလည်း International Federation of Critics’ Award ဆုကိုလည်း ရထားသေးတယ်။ဒီဇာတ်ကားကို ကြည့်ပြီးရင် ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာလိမ့်မယ်။ရင်မောစရာတွေ အများကြီး ပေါ်လာလိမ့်မယ်။ကျွန်တော့်လို တွေးချင်ငေးချင်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ social drama ကားကောင်း တစ်ကားပေါ့ဗျာ။
We Own the Night (2007)
⭐IMDB: 6.8/10 (90 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2007 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 57 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။
ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။
ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။
လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။
တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။
သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
Cut Bank (2014)
⭐IMDB: 6.1/10 (13 k Votes)
🎬 #Crime #Drama #Thriller
🗓️ 2014 🎞️ Movie 📺 720p HD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cut Bank(2014)
============
Cut Bank ရုပ်ရှင်လေးကတော့ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး သရုပ်ဆောင်
Liam Hemsworth၊ John Malkovich၊ Billy Bob Thornton အစရှိတဲ့
နာမည်ရှိပြီးသား သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒါ့အပြင်
ဇာတ်လမ်းလေးကလည်း သည်းထိတ်ရင်ဖိုစရာလည်းကောင်းတော့
ကြည့်ရှုသူတွေ အကြိုက်တွေ့ကြမှာပါ။
ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ကောင်က နေရပ်ကို စွန့်ဖို့ လုပ်ရင်း
အသက်ဘေးနဲ့ ကြုံလာရပါတယ်။ ဇာတ်ရှိန်ရလာတာနဲ့အမျှ စိတ်လှုပ်ရှားဖို့
ကောင်းတဲ့ plot twist တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ သင်က suspense၊
thriller ဇာတ်ကားလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီဇာတ်ကားလေးကို
ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဝါရင့် ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု၊
ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာကောင်းမှုတို့က သင့်အတွက် ကြည့်ရကျိုးနပ်စေမှာပါ။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်)
Ghodwa (2021)
⭐IMDB: 6.1/10 (138 Votes)
🎬 #Drama
🗓️ 2021 🎞️ Movie 📺 1080p FHD

🗓️ 2014 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Cut Bank(2014)
============
Cut Bank ရုပ်ရှင်လေးကတော့ 2014 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး သရုပ်ဆောင်
Liam Hemsworth၊ John Malkovich၊ Billy Bob Thornton အစရှိတဲ့
နာမည်ရှိပြီးသား သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ ဒါ့အပြင်
ဇာတ်လမ်းလေးကလည်း သည်းထိတ်ရင်ဖိုစရာလည်းကောင်းတော့
ကြည့်ရှုသူတွေ အကြိုက်တွေ့ကြမှာပါ။
ဒီဇာတ်လမ်းလေးမှာ အဓိကဇာတ်ကောင်က နေရပ်ကို စွန့်ဖို့ လုပ်ရင်း
အသက်ဘေးနဲ့ ကြုံလာရပါတယ်။ ဇာတ်ရှိန်ရလာတာနဲ့အမျှ စိတ်လှုပ်ရှားဖို့
ကောင်းတဲ့ plot twist တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ သင်က suspense၊
thriller ဇာတ်ကားလေးတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီဇာတ်ကားလေးကို
ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဝါရင့် ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှု၊
ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာကောင်းမှုတို့က သင့်အတွက် ကြည့်ရကျိုးနပ်စေမှာပါ။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်)
We Own the Night (2007)
⭐IMDB: 6.8/10 (90 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2007 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 57 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။
ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။
ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။
လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။
တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။
သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
By the Time It Gets Dark (2016)
⭐IMDB: 6.4/10 (589 Votes)
🎬 #Drama
🗓️ 2016 🎞️ Movie 📺 1080p FHD
🌎 #Thailand #France #Qatar #Netherlands
⏰ 1 နာရီ 46 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
By the Time It Gets Dark (2016)
~ IMDb – 6.4/10, RT – 90%, Meta – 73% ~
By the Time It Gets Dark ကို ကိုယ်ပိုင်အမြင်အရပြောရမယ်ဆိုရင်တော့ ယုန်တွင်းထဲ လိုက်ဝင်သွားတဲ့ အဲလစ်လိုပါပဲ…။
ယုန်တွင်းထဲမှာတော့ ၁၉၇၆ ခုနှစ်တုန်းကာလ ထိုင်းနိုင်ငံရဲ့ ကျောင်းသားသပိတ်ရှိနေပြီး လိုက်ပြတဲ့ ယုန်လေးကတော့ ဒီကားရဲ့ အဓိကဇာတ်ဆောင်လို့ ပြောလို့ရလောက်မယ့် ဒါရိုက်တာ မိန်းမငယ်လေးပေါ့…။ အဲဒီယုန်လေးနောက် အပြေးလိုက်ရင်း အပိုင်းအစတွေ အမှတ်တရတွေကို လိုက်ပါခံစားကြည့်ရမယ့် ရုပ်ရှင်ချစ်သူတိုင်းကတော့ အဲလစ်လေးတွေပါပဲ။ ငါတို့အားလုံးသည် အဲလစ်များသာပေါ့။
အံ့ဖွယ်ကမ္ဘာထဲက အဲလစ် (Alice in Wonderland) နဲ့မတူမှာဆိုလို့ ယုန်တွင်းထဲရှိနေတာဟာ Wonder (အံ့ဖွယ်တွေ) မဟုတ်ဘဲ Massacre (လူမဆန်စွာ သတ်ဖြတ်ခံရခြင်း)တွေ ဖြစ်နေတာပါပဲ။
ဒီဇာတ်ကားကို ဘန်ကောက်မြို့ သမ်မာဆတ်တက္ကသိုလ်မှာ ကြုံတွေ့ခဲ့တဲ့ ၁၉၇၆ ကာလတုန်းက ကျောင်းသားသပိတ်ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ အမျိုးသမီးရဲ့ဇာတ်လမ်းကို ရုပ်ရှင်ပြန်ရိုက်ဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာမိန်းမငယ်လေး၊ ခြံလုပ်သားတဖြစ်လဲ နာမည်ကြီးသရုပ်ဆောင်ကောင်လေး၊ အလုပ်တွေတောက်လျှောက်ပြောင်းနေတဲ့ သာမန်မိန်းကလေးတစ်ယောက်၊ ဒီလို တစ်ယောက်ချင်းစီကြားက ဖြတ်သန်းမှုတွေ စတဲ့ အပိုင်းအစတွေနဲ့ ဖွဲ့စည်းထားပါတယ်။
တစ်ခုရှိတာက ဒီဇာတ်လမ်းဟာ အသင့်ခွံ့ကျွေးထားတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကြေညက်အောင်ဝါးစားဖို့ အချိန်ပေးရမယ့် ဇာတ်လမ်းမျိုးပါ။ ထိုင်းနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်တစ်ခုကို အခြေခံထားတယ်ဆိုပေမဲ့ Festival Type ရုပ်ရှင်မျိုးဖြစ်တာမို့ အပြနှေးနှေးနဲ့ စိတ်ရှုပ်စရာကောင်းတယ်လို့ထင်တဲ့ကားမျိုးကို မကြိုက်ရင်တော့ ကြိုတင်သတိချပ်စေလိုပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)