ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Live by Night (2016) ⭐IMDB: 6.4/10 (61 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Live by Night ဆိုတာ 2016 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရာဇဝတ်မှုဒရာမာရုပ်ရှင်ဖြစ်ပြီး Ben Affleck က ဒါရိုက်တာအနေနဲ့ကော အဓိကဇာတ်ဆောင်အနေနဲ့လည်း ပါဝင်ထားပါတယ်။ Dennis Lehane ရဲ့ ဝတ္ထုကို အခြေခံပြီး Prohibition Era (အရက်သောက်ခွင့်တားမြစ်ခဲ့တဲ့အချိန်) ကို ဇာတ်အိမ်ထားရိုက်ကူးထားတာပါ။ ဇာတ်လမ်းက Joe Coughlin (Ben Affleck) ဆိုတဲ့ စစ်သားဟောင်းတစ်ယောက်ရဲ့ အချုပ်အခြာမဲ့လူနေမှုနဲ့ စတင်ပြီး မူးယစ်အမှုအခင်းတွေထဲ ရောက်သွားတဲ့အခါ ဘဝရဲ့ တိုးတက်မှုအဆင့်ဆင့်ကို ပြသထားပါတယ်။ Joe က မူးယစ်ရောင်းချမှုတွေ၊ ဖလော်ရီဒါမှာ လျှို့ဝှက်လုပ်ငန်းတွေ စတင်လုပ်ကိုင်ပြီး နောက်ဆုံးမှာ သူငယ်ချင်း၊ အချစ်၊ သစ္စာဖောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခန်းတွေအထိ ရောက်သွားပါတယ်။ ရုပ်ရှင်ထဲမှာ Elle Fanning, Zoe Saldana, Chris Messina တို့လို ကောင်းမွန်တဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး Ben Affleck ရဲ့ သရုပ်ဆောင်မှုကလည်း စွဲမက်ဖွယ်ကောင်းပါတယ်။ အထူးသဖြင့် ဇာတ်အိမ်အဖြစ်ထားတဲ့ အချိန်နှင့်နေရာတွေကို ရုပ်ရှင်ရိုက်ချက်အလှအပနဲ့ ဖော်ကျူးပြသထားတာကလည်း အရမ်းလှပါတယ်။ သို့သော် ဇာတ်လမ်းက အချို့နေရာတွေမှာ တိုတောင်းမူရှိပြီး ဇာတ်ကောင်တစ်ချို့ရဲ့ ဖွံ့ဖြိုးမှုက အားနည်းနေပါတယ်။ သစ္စာ၊ တောင့်တင်းမှုနဲ့ ပြန်လည်ရယူမှုအကြောင်းရသတွေကို မျှော်လင့်ထားသလို အားမရစေတဲ့အချို့အပိုင်းတွေလည်း ရှိပါတယ်။ Live by Night က ရုပ်ရှင်ကြည့်တဲ့အချိန်မှာ စိတ်ဝင်စားစေတဲ့ အချိန်တစ်ချို့ရှိပေမယ့် ရင်ထဲမှာအမြဲတမ်းကျန်နေစေမယ့် ရုပ်ရှင်တစ်ကားတော့ မဟုတ်သေးပါဘူး။...
Wizards Beyond Waverly Place (2024) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Comedy #SciFi #Fantasy #Family #Drama 🗓 2024 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 26 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Wizards Beyond Waverly Place (2024) အားလုံးသိကြတဲ့အတိုင်း အသည်းကျော်လေး Selena Gomez ဆိုတာငယ်စဉ်ဘဝတုန်းက Disney ကလေးချန်နယ်တွေကနေ တက်လာတဲ့အဆိုတော်/သရုပ်ဆောင်တစ်ယောက်ပါ။ အဲဒီမှာ ၂၀၀၇ ခုနှစ်တုန်းက မှော်ဆရာ မိသားစု ဟာသ Sitcom(Wizards of Waverly Place) လေးမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု ၂၀၂၄ ခုနှစ်မှာတော့ သူလည်း ဆရာကျနေပြီဆိုတော့သူကိုယ်တိုင် ထုတ်လုပ်၊ သူကိုယ်တိုင် ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပြန်လာပြီးဒီFamily Comedy Sitcom လေးကို အသစ်ဖြစ်စေခဲ့ပါတယ်။ဒီမှာကျ သူ့အစ်ကို မိသားစုအကြောင်း အဓိက ဦးတည်ပြသွားမှာပါ။ ဇာတ်လမ်းလေးကတော့ ဂျက်စတင်ဆိုတာ မှော်ကျောင်းကနေ အလုပ်ပြုတ်လာပြီးမှော်ပညာတွေစိတ်နာကာ မိသားစုကိုလည်း သူက မှော်ဆရာဆိုတာ မပြောပဲဇာတ်မြုပ်နေထိုင်နေတဲ့ ဖခင်တစ်ယောက်ပါ။ သားနှစ်ယောက်ဖြစ်သူကလည်း သိတဲ့အတိုင်း အရွယ်မကွာတော့ ဘုနဲ့ဘောက်ပေါ့။တစ်နေ့ကျ သူ့မွေးနေ့မှာ ညီမဖြစ်သူ (Selena Gomez) က ဘယ်ကမှန်းမသိတဲ့ဘီလီဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ခေါ်လာပြီး အိမ်ကိုရောက်ချလာပါလေရော။ဒီဘီလီဆိုတာ မှော်ကျောင်းမှာ ဆရာတိုင်းက လက်လန်ပြီး သြချထားရတဲ့ ဆိုးသွမ်းမှော်ကျောင်းသူလေးမို့ သူ့အစ်ကိုတော့ သင်ကြားပေးနိုင်မှာပဲဆိုပြီးဇွတ်အတင်း ထိုးအပ်သွားတဲ့အခါမှတော့ မိန်းမဖြစ်သူ သားနှစ်ယောက်နဲ့ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာ ကြည့်ရမယ့် မိသားစု ဟာသ Sitcom လေး ဖြစ်ပါတယ်။ (Sitcom ဆိုတာ နောက်က ရယ်မောသံတွေပါတဲ့ စီးရီးအမျိုးအစားတစ်မျိုးပါ) (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်)...
Swiss Army Man (2016) ⭐IMDB: 6.9/10 (137 k Votes) 🎬 #Comedy #Drama #Fantasy #Romance #Adventure 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကား ပေါ့ပေါ့ပါးပါး ဟာသကားပါပဲ။ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား ဇာတ်လမ်း ဇာတ်ကွက်တွေက အတော်လေး သဘောကျဖို့ ကောင်းပါတယ်။ Cast တွေကလဲ Harry Potter ရဲ့ Daniel Redcliffe၊ Little Miss Sunshine နဲ့ The Batman ရဲ့ Paul Dano၊ Wolf Lake series နဲ့ Final Destination 3 တို့က Mary E. Winstead တို့ကို တွေ့ရမှာပါ။ ဟန့်ခ်သွန်မဆင်က ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း သောင်တင်နေတာပါ။ ကိုယ့်ဟာကို အဆုံးစီရင်ဖို့ လုပ်နေတုန်း ကမ်းခြေမှာ အလောင်းတစ်လောင်းကို တွေ့လိုက်ပါတယ်။ အဲဒါကတော့ မန်နီပါ။ အလောင်းထဲက ပိတ်မိနေတဲ့ လေတွေကို ဂျက်စကီးလို အသုံးချပြီး ပင်လယ်ပြင်ကို ဖြတ်ပါတော့တယ်။ ကမ်းခြေတစ်ခုမှာ သောင်တင်နေပေမယ့် လူတွေနဲ့တော့ ဝေးနေတုန်းပါ။ လူတွေဆီ ပြန်ရောက်ဖို့ အခက်အခဲတွေ အများကြီး ဖြတ်ကျော်ရပါမယ်။ အခက်အခဲတွေကို အတူရင်ဆိုင်ရင်း သံယောဇဥ်ဖြစ်သွားတဲ့ အချိန်တွေ ရှိလာပါတယ်။ သူတို့ ပြန်ချင်တဲ့ အိမ်ကိုရော ပြန်ရောက်မှာလား။ မင်းသမီးကရော ဘယ်အပိုင်းကနေပါလာမှာလဲဆိုတာ ကြည့်လိုက်ကြပါဦး...
Delicious Delivery (2015) ⭐IMDB: 4.4/10 (13 Votes) 🎬 #Adult #Drama #Romance 🗓 2015 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 24 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ******************************** အင်ဟျော့ဆိုတဲ့ လူငယ်လေးက လူချမ်းသာမိဘတွေ ကျေးဇူးကြောင့် ငယ်စဉ်ကတည်းက ပူပင်ကြောင့်ကြမရှိ နေခဲ့ရသူလေးပါ .. ဒါပေမဲ့ တစ်နေ့မှာ အဖေဖြစ်သူက ချောက်ချခံရပြီး တရားရင်ဆိုင်စရာကိစ္စပေါ်လာပါတော့တယ် ဒါကြောင့် အင်ဟျော့လည်း ပစ္စည်းပို့ အချိန်ပိုင်းအလုပ်ကို စလုပ်ဖြစ်ခဲ့ပြီး ပစ္စည်းလိုက်ပို့ရင်း ရပ်ကွက်တစ်ခုက အဒေါ်ကြီးသုံးယောက်နဲ့ ငြိသွားတဲ့အခါမှာတော့...
Bucha (2023) ⭐IMDB: 6.1/10 (850 Votes) 🎬 #Thriller #Drama 🗓 2023 🎞 movie 🌎 #Ukraine ⏰ 1 နာရီ 59 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း************** ဒီဇာတ်ကားက ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကိုစတီယာ ဆိုတဲ့ ကာဂျစ်စတန်သားဟာ ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ ဒုက္ခသည်အနေနဲ့ နေထိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်လာတဲ့အခါ လူပေါင်းများစွာ ဒုက္ခရောက်ကြရတာကို သူ့အနေနဲ့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ကိုစတီယာဟာ ကြောက်ကြောက်နဲ့ ရှေ့ဆက်တိုးတဲ့ သတ္တိရှိသူတို့ရဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ယူကရိန်းနိုင်ငံသားပေါင်း ၂၀၀ ကျော်ကို စစ်ဘေးသင့်နေရာတွေကနေ သူ့ရဲ့ ကာဂျစ်စတန် မှတ်ပုံတင်နံပါတ်ကို သုံးပြီး ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ စစ်ရဲ့ အနိဌာရုံတွေကို ပြသပေးရုံမက ကိုစတီယာရဲ့ ရဲရင့်မှုကိုလည်း ပြသပေးပါတယ်။ ဒီဇာတ်ကားထဲက ဒိုင်ယာလော့တွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်စပ်ခံစား ကြည့်လို့ ရမှာ အသေချာပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်။...
36th Precinct (2004) ⭐TMDB: 69% User Score 🎬 #Action #Crime #Drama #Thriller 🗓 2004 🎞 movie 🌎 #France ⏰ 1 နာရီ 51 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 36th Precinct(2004) ********************* IMDb…7.2,,,Rotten..100% ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေ အများအပြားကျူးလွန်နေလျက်ရှိပြီး ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလို ဒုက္ခပေးတာကြာပြီ… ဒီမြို့မှာပဲ လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန်ဆိုတဲ့ ရဲအရာရှိနှစ်ယောက်ဟာ ရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ ရဲနှစ်ယောက်ဖြစ်တယ် …သူတို့မြို့က နာမည်ကြီးဆုံး လူဆိုးဂိုဏ်းအဖွဲ့ရဲ့သတင်းကိုရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်.. ၂ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ… လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင် တကယ့်လက်ရဲဇက်ရဲတွေ… သူတို့ ၂ယောက်စုံစမ်းတာအောင်မြင်မလား…. ကြားထဲမှာ ဘယ်လိုပြသနာပေါင်းစုံကြုံတွေ့ရမလဲဆိုတာကိုတော့ Action , Crime တွေကိုမှ ကြိုက်တဲ့သူတွေအဖို့ ဒီကားက နင်းကန်လန်းတယ်လို့ သတင်းကောင်းပါးပါရစေ…. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်...
Brother (2000) ⭐TMDB: 71% User Score 🎬 #Crime #Drama #Thriller 🗓 2000 🎞 movie 🌎 #UnitedStatesofAmerica #Japan #UnitedKingdom ⏰ 1 နာရီ 53 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Brother (2000) IMDb Rating (7.1) / Rotten Tomatoes (47%) Brother ဆိုတာ တကာရှီ ကီတာနိုရဲ့ ဒါရိုက်တာအဖြစ်နဲ့ ဂျပန်-အမေရိကန် ယာကူဇာဇာတ်ကားတစ်ကားပါ။ ယာကူဇာအဖွဲ့ပြိုကွဲပြီးတဲ့အခါ ယမမတိုဆိုတဲ့ ဇာတ်လိုက်က ဂျပန်ကို စွန့်ခွာပြီး လော့စ်အိန်ဂျလိစ်ကို သွားရပါတယ်။ အဲဒီမှာ သူ့ညီဖြစ်သူ ကင်ကို ရှာဖွေပြီး မိမိရဲ့အခြေခံကို ပြန်တည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ ယမမတိုအနေနဲ့ တကာရှီ ကီတာနိုရဲ့ သရုပ်ဆောင်မှုက တကယ်ကိုအေးဆေးတည်ငြိမ်နေတာနဲ့ ကြမ်းတမ်းမှုတွေကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တာ အံ့သြစရာပါပဲ။ ဇာတ်လမ်းက မိသားစုတန်ဖိုး၊ သစ္စာရှိမှု၊ ယာကူဇာရဲ့ယဉ်ကျေးမှုတွေအပြင် အကြမ်းဖက်မှုရဲ့ကျိန်စာတွေကိုပါ ထိထိရောက်ရောက် ဖော်ပြထားပါတယ်။ ဂျပန်ယာကူဇာယဉ်ကျေးမှုနဲ့ အမေရိကန်လမ်းသရဲဂိုဏ်းတွေ ပေါင်းစပ်မှုကလည်း တမူထူးခြားတဲ့ ပုံစံတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ဇာတ်လမ်းရဲ့အဆုံးသတ်ကတော့ ဝမ်းနည်းစရာဖြစ်စေနိုင်သလို တကယ်တန်ဖိုးရှိတဲ့ သင်ခန်းစာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ရိုက်ချက်ကလည်း ရိုးရှင်းပြီး တကာရှီရဲ့ထုံးစံအတိုင်း ဟာသနဲ့ ကြမ်းတမ်းမှုတွေကို သေချာပေါင်းစပ်ထားတာဆိုတော့ ကြည့်ရတာ တကယ်ပျော်ဖိုလည်းကောင်းသလိုအထာလည်းကျပါတယ်။ ယာကူဇာဇာတ်ကားတွေကို ကြိုက်တယ်ဆိုရင်တော့ Brother ကို လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)...
The Safari (2003) ⭐TMDB: 62% User Score 🎬 #Adventure #Comedy #Fantasy 🗓 2003 🎞 movie 🌎 #Thailand ⏰ 1 နာရီ 43 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Duk dum dui (Aka) The Safari ဒီကားက ပေါက်ကရတွေချည်းရိုက်ထားတဲ့ ထိုင်းဟာသဇာတ်ကားပါ။ ထိုင်းကားဆိုပေမယ့် အာဖရိက ဆာဖာရီတောထဲ ရောက်သွားတဲ့ပုံနဲ့ ရိုက်ကူးထားတာမလို့ အာဖရိကလူမျိုးတွေရော တောတွင်းလူသားစ-ားလူရိုင်းတွေရော သရဲတွေရော ဘီလူးတွေရော လူပုလေးတွေရော မင်းသမီးလေးတွေရော ဘုန်းကြီးတွေရောနဲ့ တကယ့်ဗြုတ်ဇဗျင်းတောင်းဇာတ်ကားပါ။ ပိုက်ဆံရမယ်ဆိုလို့ အထူးအဆန်းလူသေမှုတွေဖြစ်နေတဲ့ ရွာကိုသွားစုံစမ်းကြမယ့် ဇာတ်လိုက်ကျော် ၄ ယောက်ဟာ ဇာတ်ကားစတာနဲ့ ကားပျက်သွားလို့ လမ်းဆင်းလျှောက်ကြရင်း ဘာမှန်းမသိတဲ့တောထဲရောက်သွားကြပြီး အထူးအဆန်းပေါင်းစုံနဲ့ တလွဲပေါင်းစုံကို ကြုံတွေ့ရပါတော့တယ်… တချိန်လုံးမရပ်မနား တလွဲတွေနဲ့ နင်းကန်ကြမ်းကြလို့ အခွီသက်သက်ကြိုက်တဲ့လူတွေတော့ကြိုက်ကြမှာပါ။ ဒီကားက ကြည်တောက်ရှင်း Quality တအားရှားတာမလို့ အတော်ကြည်တဲ့ Version ကို မနည်းရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်။...
Gran Torino (2008) ⭐TMDB: 80% User Score 🎬 #Drama #Thriller 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica #Germany ⏰ 1 နာရီ 57 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162 ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။ သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ဘာမှသိပ်ပြီးစွဲမက်စရာမရှိသလိုလို….။ဒါပေမယ့် Top IMDb စာရင်းထဲပါနေတာရော Rotten မှာလည်း အတော်လေးကောင်းနေပြန်တော့ ဘာသာပြန်ပြီးကြည့်မိတယ်ဆိုပါတော့…။ ဒီကားမှာ သူကိုယ်တိုင်ပဲ အဓိကသရုပ်ဆောင်နေရာကနေပါဝင်ထားပါတယ်။ ဇာတ်လမ်းအစမှာ သူဟာ ခန်းမတစ်ခုထဲမှာ မတ်တပ်ရပ်နေတယ်။သူ့မိန်းမရဲ့ အသုဘ အခမ်းအနား လာရောက်တဲ့သူတွေကိုသူကြည့်နေတဲ့ပုံက ခက်ထန်မာကြောမှုအပြည့်နဲ့သူ့သားတွေ မြေးတွေနဲ့ မိတ်ဆွေအများစုတစ်ဖွဲဖွဲရောက်လာတယ်။ သူ့မျက်လုံးတွေဟာ ဇနီးဆုံးလို့ ဝမ်းနည်းတဲ့အရိပ်အယောင်အစား မြေးတွေရဲ့ အပြုအမူတွေကို ဒေါသထွက်နေတဲ့ပုံပဲသူဟာ စကားတွေကိုလည်း အမြင်ကိုအမြင်အတိုင်း ငဲ့ကွက်ခြင်းမရှိဘဲဒဲ့ဒိုးပြောဆိုတတ်တဲ့သူ.သူ့စရိုက်ကြောင့် သားသမီးတွေမြေးတွေကလည်း သူနဲ့ဆိုစကားပြောရမှာတောင် ဝန်လေးနေတယ်။ ဒီလိုနဲ့ ကမောက်ကမ သူ့ရဲ့ပတ်ဝန်းကျင်ကို နိုင်ငံခြားသားမိသားစုတွေပြောင်းလာတယ်။ ဒီကားဟာ ဘီကီနီဝတ်အလှတွေမပါသလို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေ လည်းမပါပါဘူး။သို့ပေမယ့် ခင်ဗျားကိုဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့အပြင်ခင်ဗျားရဲ့နှလုံးသားကိုလည်းအရောင်အမျိုးမျိုးနဲ့ခပ်ကြမ်းကြမ်းဖြန်းပက်သွားလိမ့်မယ်။ သေချာတယ် ခင်ဗျားတို့လည်း ဒီကားကြည့်ပြီးရင် ကျွန်တော့်လို ဒီဘဲကြီးက ဂျလန်းကြီးဟလို့ရေရွတ်မိလိမ့်မယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Crystal Win မှတင်ဆက်ထားပါတယ်။)...
Catching Dust (2023) ⭐IMDB: 6.1/10 (865 Votes) 🎬 #Thriller #Drama 🗓 2023 🎞 movie 🌎 #UnitedKingdom #Spain #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb (6.1)/ Rotten Tomatoes (75%) အထီးကျန်မှုကို ကျတော်တို ဘယ်လိုဖြေဖျောက်ကြပါသလဲ။ ခင်ပွန်းသည်ရဲ့ မျက်စိဒေါက်ထောက် ကြည့်နေတာကို ခံနေရတဲ့ အထီးကျန် ဇနီးသည်တစ်ယောက်ဟာ ကျွန်တော်တို ကိုယ်တိုင် ဆိုရင်ကော။ ကျွန်တော်တိုရဲ့ ချစ်ခြင်းမေတ္တာကို သက်ဆိုင်သူတွေ မြင်အောင်ကော ကျွန်တော်တို ပြတတ်ကြပါရဲ့လား။ အစစအရာရာ ထိမ်းချူပ်လွန်းတဲ့ ခင်ပွန်းကို စိတ်ပျက်နေတဲ့ တက်ဆက်ပြည်နယ် တောချောင်ကလောင်က ဇနီးသည်တစ်ဦး။ နယူးယောက်မြိုကြီးကနေ အဲ့ဒီတောနယ်ကို ဆိုင်းမဆင့်ဘုံမဆင့် ပြောင်းလာတဲ့ မြိုကြီးသား လင်မယား။ ဒီလူလေးဦးကြားမှာ ဘာလျှိဝှက်ချက်တွေ ရှိနေသလဲ။ ဇာတ်ကား တစ်ခုလုံး ဘာဆက်ဖြစ်မလဲ ကော်ဖီသောက်စရာမလိုပဲ ရင်တစ်သိမ့်သိမ့်တုန်အောင် စောင့်ကြည့်ရမယ့် thriller ဇာတ်ကား အမျိုးအစားဖြစ်ပါတယ်။ The Boys ပရိသတ်တွေ အသည်းစွဲ မင်းသမီးချော Erin Moriarty ရဲ့ သရုပ်ဆောင်ချက်တွေကို စီးမျှောရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Lazum David ဖြစ်ပါတယ်)...
The Truth (2024) ⭐IMDB: 7.2/10 (136 Votes) 🎬 #Crime #Drama #Mystery 🗓 2024 🎞 tv series 🌎 #Israel ⏰ 51 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Season 1 အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး The Truth ကတော့ ၂၀၂၄ ကထွက်ရှိထားတဲ့အစ္စရေးတရားခွင် ဒရမ်မာစီးရီးတစ်ခုဖြစ်ပါတယ်။ ယာဒန်ပါလီဆိုတဲ့မိန်းမငယ်လေး တစ်ယောက်ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့တရားခံ ရူဘီဒီလိုယာဟာ အပြစ်ရှိကြောင်းစီရင်ချက်ချခံရပြီးတဲ့တိုင်အောင် သူ့မှာအပြစ်မရှိဘူးလို့သာဆိုနေပြီး ဆယ်နှစ်အကြာမှာ အယူခံ ဝင်ခဲ့ပါတယ်။ ရူဘီဒီလိုယာရဲ့အမှုဟာ အစ္စရေးနိုင်ငံရဲ့အငြင်းပွား စရာအကောင်းဆုံးအမှုဖြစ်လာပြီး ဒီလိုယာကအပြစ်ရှိတာကို ယုံကြည်သူတွေနဲ့ မယုံကြည်သူတွေကြား သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဒီလိုယာရဲ့အယူခံကို တရားရုံးကစီရင်ချက်ချမယ့်နေ့မှာပဲ နောက်ထပ်မိန်းမငယ်လေးတစ်ယောက်ဟာ ယာဒန်ပါလီလိုတစ်ပုံစံတည်း သတ်ဖြတ်ခံထားရတာကိုတွေ့ရှိခဲ့ရပြီးတဲ့နောက်မှာတော့ အမှုရဲ့ မူလစုံစမ်းစစ်ဆေးမှုတွေကိုသံသယဖြစ်လာကြပြီး လူငယ်စုံထောက် ရာချယ်လီဇာဘာတာနီတစ်ယောက် အမှုနှစ်ခုလုံးကို ပစ္စုပ္ပန်မှာ ဖြေရှင်းနိုင်ဖို့ အတိတ်ကိုပြန်လည်အဖြေရှာရပါတော့တယ်။ IMDb rating 7.2/10 ရရှိထားပြီး မင်းသမီးချောလေး Mor Dimri က စုံထောက် ရာချယ်လီဇာဘာတာနီအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။...
Laws of Man (2024) ⭐IMDB: 4.3/10 (251 Votes) 🎬 #Crime #Drama #Thriller #War 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 39 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Laws of Man (2025) ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲရဲ့အစောပိုင်းကာလအချိန်..။ ဖရန့်ခ်နဲ့ တွမ်မီဆိုတဲ့ ယူအက်စ်မာရှယ်နှစ်ယောက် နီဗားဒါးပြည်နယ်က မြို့လေးတစ်မြို့မှာ ၀ရမ်းပြေးတရားခံတစ်ယောက်နောက်ကို လိုက်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သက်သေတစ်မှုန်တစ်စိမှ မတွေ့ရတဲ့အပြင် ရှိခဲ့ဖူးတဲ့တစ်ခုတည်းသောသက်သေကလည်း ရုံးမီးလောင်တဲ့ထဲ ပါသွားတယ်ဆိုတော့ တရားခံကိုဖမ်းဖို့ အကျပ်ရိုက်နေခဲ့ကြတယ်။ မြေယာအတွက်နဲ့ပဲ လူသတ်မှုတွေဆက်တိုက်လုပ်နေတယ်လို့ သူတို့ထင်ထားတဲ့တရားခံက သူတို့ထင်မှတ်မထားတဲ့ ကိစ္စကြီးတစ်ခုမှာပါနေတာကို သိရတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)...
Young Werther (2024) ⭐IMDB: 5.6/10 (157 Votes) 🎬 #Comedy #Romance #Drama 🗓 2024 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ Channel Myanmar ပရိတ်သတ်ကြီးကို ကနေဒီယန် အချစ်ဒရာမာကားလေးနဲ့မိတ်ဆက်ပေးပါရစေ.. ဇာတ်လမ်းကတော့ ဝယ်သာဆိုတဲ့ ကောင်လေးတစ်ယောက် မြို့ကြီးပြကြီးက သူ့အဒေါ်ဆီကနေ အမွေပစ္စည်းတစ်ခုကို လာယူရင်းနဲ့ နန်းဆန်တဲ့ ပန်းခြံ အဲမဟုတ်သေးဘူး ပန်းမာန်လိုလှတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့မိရင်း မြင်မြင်ချင်းချစ်မိသွားပါတယ်။ ဝယ်သာဟာလူချစ်လူခင်များအောင်နေတတ်သူတစ်ယောက်မလို့ ကောင်မလေးအနားကိုအဆင်ပြေပြေ ချဉ်းကပ်ဖို့ကတော့ မခက်ခဲ လှပါဘူး။ ဒါပေမဲ့ မမျှော်လင့်ထားတာကတော့ ကောင်မလေးက လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ သတို့သားလောင်းနဲ့ စေ့စပ်ထားတာပါပဲ။ ဟင် ဒါဆိုမင်းဇာတ်ကားကြီးက သူများဆော် ကြောင်တောင်နှိုက်တဲ့ ကားကြီးပေါ့လို့ပြောစရာရှိပါတယ်။ ဟုတ်ပါတယ် ဒါပေမဲ့ ကျွန်တော်လက်ခံထားတာကတော့ ဇာတ်လမ်းတွေဟာ ဇာတ်လမ်းပြောသူရဲ့ ရှူထောင့်ပေါ်မူတည်ပြီး ရသတွေ အမြင်တွေ ကွာကုန်တာပါပဲ။ ဥပမာပြောရရင် ရာမယနဇာတ်ဟာ နိုင်ငံတော်တော်များများမှာ ဒဿ ကို လူဆိုးအနေနဲ့ပဲ ဖော်ကျူးခဲ့ကြပေမဲ့ မြန်မာမှာတော့ ဆရာချစ်ဦးညို လက်စွမ်းပြလိုက်တာ ဒဿဟာ သနားစရာ အချစ်ရှုံးသမားအဖြစ် ပြောင်းလဲသွားတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဝယ်သာက ဒဿလိုပဲ စာတွင်တဲ့အချစ်ရှုံးသမားပဲဖြစ်မလား၊ အနိုင်ရတဲ့သူပဲဖြစ်မလားဆိုတာကိုတော့……….. ထူးခြားချက်အနေနဲ့ ဒီကားက ကနေဒီယန်ကားပေမဲ့ ၁၇၇၄ က The Sorrows of Young Werther ဆိုတဲ့ ဂျာမန်ဝတ္တုကိုအခြေခံ ထားတာဖြစ်ပြီး အော်ပရာအနေနဲ့ကထားတာတွေလည်းရှိပါတယ် ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ José Lourenço ကဇာတ်ညွန်းကိုယ်တိုင် ရေးသားရိုက်ကူးထားပြီး Douglas Booth, Alison Pill, Iris Apatow , Patrick J. Adams တို့လိုသရုပ်ဆောင်တွေပါဝင်ရိုက်ကူးထားပါတယ်...
Sniper: The Last Stand (2025) ⭐IMDB: 4.3/10 (296 Votes) 🎬 #Action #Thriller 🗓 2025 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica #Canada ⏰ 1 နာရီ 39 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sniper: The Last Stand (2025) Sniper ( 1993 ) ကစလို့ Sniper : The Last Stand ( 2025 ) အထိ ထွက်ရှိလာခဲ့တာအပြင် အခုဆိုရင် စုစုစုပေါင်း sequel (11)ကားထိရှိလာခဲ့ပြီဖြစ်ပါတယ်။ 1993 , 2002 , 2004 မှာတော့ Sniper 1 , 2 ,3 ဆိုပြီးထွက်ရှိလာခဲ့တာဖြစ်ပြီး 2011 , 2014 , 2016 , 2017 , 2020 , 2022 , 2023မှာစုစုပေါင်း ( 7 )ကားအပြင် Sniper : The Last Stand ( 2025 )အထိ အပါအ၀င်ဆိုရင် စုစုပေါင်း ( ၁၁ )ကားအထိ ရှိလာခဲ့ပါပြီ။ US Marine Corps မှာ Master Gunnery Sergeant အဖြစ်တာ၀န်ထမ်းဆောင်နေတဲ့ အဖေဖြစ်သူ Thomas Beckettကစလို့ သားဖြစ်သူ Brandon Beckett အထိ အထက်ကပေးအပ်တဲ့တာ၀န်တွေ မစ်ရှင်တွေကို ဘယ်လိုကျေပွန်စွာ ထမ်းဆောင်သွားမလဲဆိုတာကို Franchise ပေါင်းများစွာနဲ့ တစ်၀ကြီး ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။)...
Star Trek: Section 31 (2025) ⭐IMDB: 3.8/10 (8 k Votes) 🎬 #Action #Adventure #Drama #SciFi #ScienceFiction 🗓 2025 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Startrek Franchise ထဲက ကားကောင်းတစ်ကားထွက်လာပါတယ် မင်းသမီး မီချဲရို ဦးဆောင်ပါ၀င်ထားတဲ့ ဒီကားဟာ Star trekအကြောင်းကို သေချာနားမလည်လဲကြည့်လို့ရတဲ့အထဲမှာပါတယ် .. ဖက်ဒရေးရှင်းရဲ့ အသေခံကြေးစားအဖွဲ့လို့သတ်မှတ်လို့ရတဲ့ Section 31 အဖွဲ့ဟာ ဖက်ဒရေးရှင်း နယ်စပ်နားမှာရောက်နေတဲ့ အင်ပါယာသခင်မ ဖီလစ်ပါဂျော်ဂျာက်ုဖမ်းဆီးပြီး သူ့ဆီက စကြ၀ဠာဖျက်လက်နက်ကို အရယူဖို့ တာ၀န်ပေးလိုက်တယ် ဒါပေမယ့် ဒီအရာကိုစိတ်၀င်စားနေတာ သူတို့ချည်းမဟုတ်ဘဲ ဗော်ကန်နဲ့ တစ်ခြား ဂြိုလ်သားတွေနဲ့ပါထိပ်တိုက် ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့ Noo stop action ကြည့်ရမယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။...
'71 (2014) ⭐IMDB: 7.2/10 (62 k Votes) 🎬 #Action #Drama #Thriller #War #Crime 🗓 2014 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 39 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ’71 (2014)************** IMDb….7.2,,,Rotten….95(ဆုပေါင်း (၁၂)ဆု ရရှိခဲ့ပြီး အခြားဆုများအတွက် ဆန်ကာတင်(၂၅)ဆုစာရင်းဝင်ခဲ့….) ကျွန်တော်တို့အားလုံးဟာ တိုက်လိုခိုက်လိုစိတ်ပျင်းပြပြီးရန်လိုတဲ့သူတွေ မဟုတ်တဲ့အပြင် တခြားသူဒုက္ခရောက်နေမှ ပျော်နေတဲ့သူတွေမဟုတ်ကြဘူး… သို့ပေမယ့် ဒီလိုအရာတွေနဲ့မကင်းတဲ့ စစ်ကားတွေကို လူကြီးလူငယ်မရွေးဘာကြောင့်ကြိုက်ကြတာပါလိမ့်…… တခြားနိုင်ငံမှရိုက်သည့်စစ်ကားအများစုသည် အဆဲမျိုးစုံပါဝင်သလို အထက်အောက် ပုံစံပေးနည်းမျိုးစုံပါဝင်လေသည်… သို့ပေမယ့် စစ်မြေပြင်ရောက်လျှင်သော်လည်းကောင်း ဒုက္ခမျိုးစုံသော်လည်းကောင်းကြုံသည့်အချိန်မျိုးတွေ အတူပူပေါင်းဖြေရှင်းသည့်ပုံစံများမှာ ကျွန်တော်တို့ကို လွန်စွာမှဆွဲဆောင်နိုင်ပါသည်…ဥပမာ Jarhead (2005) တပ်သားသစ်ဘဝကိုစရိုက်ပြတာ ဆဲတာလည်းစုံ ပညာပေးနည်းလည်းစုံ မီးကြောင့်ရဲရဲနီသည့် သံကွင်းနဲ့တောင် ထိုးကြသေးတယ်.. သို့ပေမယ့် နောက်ဆုံးခန်းရောက်တော့ ကျွန်တော်တို့မျက်ရည်စို့ရတယ်..နောက် Fury (2014) အချင်းချင်းမှဆဲချက်ပေါက်ကရပြောချက်..အသစ်ကောင်လေးကိုလည်း ပုံစံပေးချက်က မညှာတာ…. သို့ပေမယ့် ဒီလူ့အရိုင်းအစိုင်းလို စစ်သားကြီးတွေက ကျွန်တော်တို့ကိုမျက်ရည်စို့ခဲ့ရတယ်.. အခြားစစ်ကားကောင်းများစွာရှိပါသေးသည်… ’71(2014)ဇာတ်လမ်းအညွှန်းကိုအတိုချုံးပြောရမယ်ဆိုရင် တပ်ရင်းတစ်ရင်းဟာ ကက်သလစ်ဂိုဏ်း အဖွဲ့အထိကရုဏ်းဖြစ်တဲ့ Belfast မြို့ကို အရေးပေါ်လုံခြုံရေးသွားယူရတယ်..အဲ့ဒီလုံခြုံရေးယူတဲ့ထဲမှာ သင်တန်းဆင်းခါစ ရဲဘော်သစ်တွေပါတယ်…တစ်နေ့လုံခြုံရေးယူပေးနေရင်း စစ်သည်တစ်ယောက် အသတ်ခံလိုက်ရတယ်….တခြားသူတွေတော့ ထွက်ပြေးလွတ်မြောက်သွားတယ်.. လွတ်မြောက်သွားတဲ့အထဲမှာ တပ်သားသစ် ဟွတ်ခ်ဆိုတဲ့သူလည်းပါတယ်..သူဟာ ထွက်ပြေးနေတုန်းမှာ သူလုံးဝမမျှော်လင့်ထားတဲ့ အဖွဲ့အစည်းတွေနဲ့တွေ့ခဲ့ရတယ်.. ကိုင်း သူတွေ့ခဲ့တဲ့အဖွဲ့အစည်းတွေက ဘာတွေဖြစ်မလဲ… ဒီရဲဘော်သစ်လေး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်...
A Boy Called Sailboat (2018) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Comedy #Drama #Family 🗓 2018 🎞 movie 🌎 #UnitedStates #Australia #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Boy Called Sailboat (2018) ************************** IMDb…6.7….Rotten…85% ဆေးလ်ဘုတ်တို့မိသားစုဟာ နေထိုင်မှုပုံစံအရ မပြည့်စုံဘူးလို့ပြောရမယ်…နေတာကလည်း မြို့ပြင်မှာဖြစ်ပြီး အိမ်လေးလဲမပြိုအောင် ဒေါက်တိုင်တစ်တိုင်ကိုတစ်ဖက်ကထောက် တစ်ဖက်က ကြိုးနဲ့ ကျားကန်ထားရလေရဲ့…. ဆေးလ်ဘုတ်ဆိုတာ အသက်(၇)နှစ်ခန့်အရွယ် ကောင်လေးတစ်ယောက်ပါ…သူ့အဖေနဲ့ အမေဟာ သူ့ကိုသိပ်ချစ်ကြတယ်….မိသားစုဝင်(၃)ဦးပေါ့… ဒီကားက အဓိကဇာတ်ဆောင်ဟာ ဆေးလ်ဘုတ်ဆိုတဲ့ကောင်လေးပါ….သူရဲ့နောက်ခံစကားပြောသံလေးနဲ့ တစ်ကားလုံးကို ပြီးဆုံးစေတယ်…သူ့ကြည့်ရတာ သူ့ရဲ့အဘွားကိုအတော်ချစ်တဲ့ပုံပဲ… ဘာလို့လဲဆိုတော့ အကြောင်းအရာတိုင်းဟာ သူ့အဘွားရဲ့ သွန်သင်မှုတွေကနေ မြစ်ဖျားခံလာလို့ပါပဲ… ဥပမာ…”ကျွန်တော့်အဘွားက ပြောတယ်…မြေးလေး ရှာဖွေမှု မလုပ်တဲ့အချိန်မျိုးမှာမှ အရးအကြီးဆုံးအရာကို တွေ့တတ်တယ်တဲ့… တချို့အရာတွေဖြစ်လာတာက တခြားသောအရာတွေ ဆက်စပ်ဖြစ်လာနိုင်ဖို့ပါတဲ့…” ဒီကောင်လေးဟာ အဘွားရဲ့ ပြောဆိုမှုတွေနဲ့ လောကကြီးကို သုံးသပ်နေဟန်ပါပဲ.. ကျွန်တော်တို့ဟာ ဆေးလ်ဘုတ်ရဲ့နောက်ခံစကားပြောသံနဲ့ အတွေးတွေနောက်ကို လိုက်ရင်း တချို့သောအကြောင်းအရာလေးတွေကို ဖမ်းဆုပ်မိနေလိမ့်မယ်.. ဒီကားက တချို့သောသူတွေအတွက် ဘာကြီးမှန်းမသိဘူးဆိုပြီးဖြစ်သွားပါလိမ့်မယ်.. ဒါပေမယ့် တချို့သောသူတွေအတွက် ရိုးစင်းပြီးနက်နဲတဲ့ ကဗျာတစ်ပုဒ်နဲ့တူပါလိမ့်မယ်… ခံစားကြည့်လိုက်ပါဦးလို့ပဲပြောပါရစေ...
Public Disorder (2025) ⭐IMDB: 6.5/10 (789 Votes) 🎬 #Action #Adventure #Crime #Drama 🗓 2025 🎞 tv series 🌎 #Italy ⏰ 54 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါတင်ဆက်ပေးမှာတော့ အီတလီဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်…..အီတလီရဲ့ အဓိကရုဏ်းတွေနှိမ်နှင်းရတဲ့ လုံထိန်းရဲတွေအကြောင်းပါ….. သူတို့ဆီမှာ အမြန်ရထားဆောက်ဖို့ ပြင်ဆင်နေချိန် မကျေနပ်တဲ့ လူထူတွေက ဆန္ဒပြကြပါတယ်……အဲဒီမှာ ပစ္စည်းတွေနဲ့ပေါက် ဆဲဆိုရန်စတဲ့သူတွေလည်းပါတာပေါ့……အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သူတို့အဖွဲ့ခေါင်းဆောင်နားမှာ လက်လုပ်ဗုံးပေါက်လို့ အပြင်းအထန်ဒဏ်ရာရသွားပါတယ်…..ဒါပေမဲ့လည်း ဆန္ဒပြတဲ့နေရာနဲ့ နည်းနည်းလှမ်းတဲ့ မြစ်ရိုးနားမှာလည်း ဆန္ဒပြတဲ့သူတွေထဲက ကောင်လေးတစ်ယောက်ကို ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ တွေ့လို့ ကယ်တင်ခဲ့ရပြန်ပါတယ်…… ဆန္ဒပြတဲ့ကောင်လေးလည်းအပြင်းအထန်ဒဏ်ရာရပြီး ကိုမာပါဝင်သွားပါတယ်……အဲဒါကြောင့် အဲဒီကောင်လေးကို ဘယ်သူရိုက်နှက်တယ်……ဘယ်သူတွေပေါင်းလုပ်ခဲ့တယ်ဆိုတာကို အစိုးရရှေ့နေ စုံစမ်းဖော်ထုတ်တဲ့အချိန် စွပ်စွဲခံရတဲ့ တပ်ဖွဲ့ကသူတို့မဟုတ်ကြောင်း ဘယ်လိုပူးပေါင်းငြင်းဆိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ်...
Day of the Dead (1985) ⭐TMDB: 71% User Score 🎬 #Horror #Thriller #Drama #Mystery 🗓 1985 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 7.1 ရထားတဲ့ ခေတ်ဟောင်း ဇွန်ဘီရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ဇွန်ဘီကပ်ဖြစ်ပြီး နှစ်အတော်ကြာမှာ လူသားတွေဟာ ဇွန်ဘီတွေနဲ့ယှဉ်ရင် အင်မတန်နည်းတဲ့ လူနည်းစုဖြစ်သွားပြီး အဆောက်အအုံတစ်ခုမှာ သိပ္ပံပညာရှင်တွေ၊ စစ်သားတွေစုပေါင်းနေထိုင်ကြပါတယ် သိပ္ပံပညာရှင်တွေထဲက ဒေါက်တာလိုဂန် စမ်းသပ်ဖို့အတွက် စစ်သားတွေက ဇွန်ဘီတွေအသက်စွန့်ဖမ်းပေးရပြီး ဒေါက်တာလိုဂန်က ဇွန်ဘီတွေကို ယဉ်ကျေးလာအောင် မွေးမြူဖို့ကြိုးစားနေတာပါ ဗိုလ်မှူးတစ်ယောက်ဆုံးသွားပြီး ကပ္ပတိန်ရုတ်ဒ်ဆိုသူက တာဝန်ယူအုပ်ချုပ်လိုက်ချိန်ကစလို့ သူတို့စခန်းက လူတွေအချင်းချင်းမတည့်ဘဲ ပြဿနာတွေ တက်လာချိန်မှာတော့...
The Trauma Code: Heroes on Call (2025) ⭐IMDB: 8.5/10 (1 k Votes) 🎬 #Drama 🗓 2025 🎞 tv series 🌎 #SouthKorea ⏰ 55 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Trauma Code: Heroes on Call (2025) **************************************** အပိုင်းသစ် (၁ မှ ၈) စ/ဆုံး မျက်စိတစ်မှိတ်အတွင်းမှာ ဓားတစ်ချောင်းနဲ့ အသက်တစ်ချောင်းကို ကယ်နိုင်ပြီး နတ်ဘုရားလက်လို့တောင် တင်စားခံရတဲ့ အထူးကုခွဲစိတ်ဆရာဝန် ဘဲ့ဂန်ဟျော့ဟာ စစ်မြေပြင်အထိသွားရောက်ကာ အသက်ကယ်တင်လာခဲ့တဲ့သူမို့လို့ ဆေးပညာလောကမှာ ဂုဏ်သတင်း ကြီးလှသူပါ။ လူနာအသက်ကို ကယ်တင်တဲ့အရာမှာတော့ လက်စောင်းထက်လှပေမဲ့ ပင်ကိုယ်စရိုက်ကတော့ မှန်တယ်ထင်ရင် ဖရုံမသီးတဲ့ ဘဲ့ဂန်ဟျော့ဟာ တက္ကသိုလ်ဆေးရုံတစ်ခုမှာ တာဝန်ကျပြီး အထူးခွဲစိတ်အဖွဲ့ကို ဦးဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သို့သော် တစ်ဖက်မှာ အထူးခွဲစိတ်အဖွဲ့အနေနဲ့ လူနာများစွာကယ်တင်လေ ဆေးရုံရဲ့ဘဏ္ဍာရေးကို ထိခိုက်လေဖြစ်နေတာကြောင့် အမည်ခံအဖွဲ့သာသာအဖြစ်သာ တည်ရှိနေရပါတယ်။ တက္ကသိုလ်ဆေးရုံကို နတ်ဘုရားလက် ဘဲ့ဂန်ဟျော့ ရောက်ရှိလာတဲ့အခါမှာတော့ အထူးခွဲစိတ်အဖွဲ့ကို လက်တွေ့မြေပြင်အထိသွားရောက်ကာ လူနာကယ်တင်စေရန် လုပ်ငန်းစပါတော့တယ်။ ဘဲ့ဂန်ဟျော့တစ်ယောက် သူ့ဗီဇသူ့ခံယူချက်အတိုင်း အထူးခွဲစိတ်အဖွဲ့ကို ဘယ်လိုပုံဖော်ဖန်တီးယူမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်အပြင် ဝါရင့်မင်းသားကြီး ဂျူဂျီဟွန်းရဲ့ ပိုင်နိုင်တဲ့သရုပ်ဆောင်မှုနဲ့ အက်ရှင်ခန်းများကိုလည်း တွေ့မြင်နိုင်ဦးမှာဖြစ်ပါတယ်။ မင်းသားကြီး ဂျူဂျီဟွန်းသာမက အခြားသော ဝါရင့်သဘာရင့်သရုပ်ဆောင်များစွာလည်း ပါဝင်ထားတာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်လက်ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသားထားပါတယ်။)...
