fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
My Daemon (2023-2023) ⭐IMDB: 8.0/10 (1 k Votes) 🎬 #Animation #SciFi #Fantasy #Action #Adventure 🗓 2023-2023 🎞 tv series 🌎 #Thailand #Japan ⏰ 30 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Daemon (2023)My Daemon (2023)IMDb – 8/10 Your browser does not support the video tag.ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ထိုင်းအခြေစိုက်ကုမ္ပဏီကနေ ထုတ်လုပ်ပြီး Netflix ကနေ ထုတ်လွှင့်ထားတဲ့ အပိုင်း(၁၃)ပိုင်းပါဝင်တဲ့ Fantasy, Science Fiction အမျိုးအစား Anime စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။နယူကလီးယားထုတ်လုပ်ရာနေရာကနေ ပျံ့လွှင့်လာတဲ့ ဒေးမိုးနီးယန်းအမှုန်လေးတွေကြောင့် လူသားတွေဟာ ဒေမွန်ရောဂါကို ခံစားနေကြရပါတယ်။ အဲဒီရောဂါဖြစ်ပြီးတဲ့သူတိုင်းဟာ ကင်ဆာလိုပဲ အသက်ရှည်ရှည်မနေရတော့ပါဘူး။ ဒေးမိုးနီးယန်းအမှုန်လေးတွေကနေတစ်ဆင့် ဒေမွန်တို့တဲ့ မကောင်းဆိုးဝါးတွေလည်း ပေါက်ဖွားပြီးတော့ လူသားတွေက ဒေမွန်တွေကို လူသားကမ္ဘာကို ပျက်စီးခြင်းတွေ ယူဆောင်လာတယ်ဆိုပြီးတော့ မြင်တာနဲ့ မြင်တဲ့နေရာမှာ သတ်ပစ်ရမယ်လို့ သတ်မှတ်ထားကြပါတယ်။ကန်တိုဆိုတဲ့ ကောင်လေးဟာလည်း ဒေမွန်ရောဂါကို ခံစားနေရသူဖြစ်ပြီး မိခင်ဖြစ်သူမှ အလိုလိုက်ချင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။ တစ်ရက် ကျောင်းက ပရောဂျက်တစ်ခုကြောင့်နဲ့ လမ်းမှာတွေ့တဲ့ ဒေးမိုးနီးယန်းအမှုန်လေးကို ကောက်ယူလာရာကနေ အန်နာဆိုတဲ့ ဒေမွန်လေးပေါက်ဖွားလာပါတော့တယ်။သူငယ်ချင်းမရှိတဲ့ ကန်တိုလေးဟာ အန်နာလေးကိုပဲ အဖော်ပြုရင်းနေလာရာကနေ ဒေမွန်နဲ့ လူသားအတူတူနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းမှုတွေကြောင့် အန်နာလေးကို ဒေမွန်သခင်တွေက လိုက်ဖမ်းတာကိုခံရရင်းနဲ့ အန်နာကိုလိုက်ဖမ်းတဲ့ ဒေမွန်သခင်နဲ့ ကန်တိုတို့နှစ်ယောက် တိုက်ရင်းခိုက်ရင်း ကန်တိုလေးကို ပစ်လိုက်တဲ့ ပစ်ချက်ဟာ ကန်တိုလေးကို စိတ်မချလို့လိုက်လာတဲ့မိခင်ဖြစ်သူကို မတော်တဆထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံးသွားရပါတော့တယ်။ဒီနောက်မှာတော့ မိခင်ဖြစ်သူရဲ့အသက်ကို ပြန်လည်ကယ်တင်မယ်ဆိုပြီးတော့ သိမ်းဆည်းရေးဒေမွန်လေးအန်နာကို မိခင်ဖြစ်သူရဲ့အလောင်းကို သိမ်းဆည်းခိုင်းထားပြီး သတင်းသဲ့သဲ့ကြားဖူးတဲ့ အချိန်နောက်ပြန်လှည့်နိုင်တဲ့ ဒေမွန်ကို အရှာထွက်ရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Hokage Saii ~ Zwe ~ ToMo တို့ပဲ ဖြစ်ပါတယ်)...

Friday the 13th: A New Beginning (1985) ⭐TMDB: 53.0% User Score 🎬 #Fridaythe13thCollection #Horror #Mystery #Thriller 🗓 1985 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Friday the 13th: A New Beginning (1985) ငါးကားမြောက် ဇာတ်လမ်း။ ဂျေဆင်အတွက်တော့ မျက်နှာပျက်စရာပဲဗျာ။ တကယ်။ ကလေးတန်မဲ့နဲ့ ဂျေဆင်ကို အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့တဲ့ တွန်မီဟာ စိတ္တဇညတွေကျော်ဖြတ်ရင်း အရွယ်ရောက်လာခဲ့တယ်။ ဒါပေမဲ့ စိတ်ရောဂါကုဆေးရုံမှာပဲ အရွယ်ရောက်ခဲ့ရတာမျိုးပါ။ ဒီတော့ အရူးဆေးရုံတွေ ပြောင်းရင်းနဲ့ ဂျေဆင် နေတဲ့နေရာနားကိုပဲ ပြန်ရောက်လာပြန်တာပေါ့။ ဒီလိုနဲ့ အရူးတွေကြားထဲမှာ ဖြတ်သန်းရင်း အရူးတစ်ယောက်က အရူးတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက် ခုတ်သတ်ခံရတဲ့မြင်ကွင်းက အားလုံးကို ခြောက်ခြားသွားစေတယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ရယ်၊ ခပ်ကဲကဲ လိင်မှုကိစ္စ အရူးအမူးလုပ်ကြတဲ့ စုံတွဲတွေရယ်တို့ဟာ တစ်ယောက်ပြီးတစ်ယောက် သေချင်းဆိုးနဲ့ သေကုန်ကြပြန်ပါပြီ။ တွန်မီက သူသတ်ခဲ့တဲ့ ဂျေဆင်ကို နောက်တစ်ခါ ပြန်ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဒဏ်ရာတွေ အဆုံးစွန် ပြန်ခံစားရပြီး အဆိပ်ကိုအဆိပ်နဲ့ကုလိုက်သလိုပဲ သူ့စိတ်ဝေဒနာတွေ သက်သာသွားတယ်ပေါ့။ ဒီလိုနဲ့ လူသတ်သမားကြီးကို ဝိုင်းဝန်းရင်ဆိုင်ကြရင်းနဲ့ ဂျေဆင်ကြီး မျက်နှာဖုံးကျွတ်သွားတဲ့အခါမှာ မထင်တာတွေ ဖြစ်လာပါလေရော။ (ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...

JFK: What the Doctors Saw (2023) ⭐IMDB: 7.5/10 (429 Votes) 🎬 #Documentary #History 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 JFK: What The Doctors Saw (2023) ~ IMDb – 7.5/10, Rotten Tomatoes – 83% ~ Q: “ကနေဒီ” ကို ဘယ်သူသတ်သလဲ။Me: “ကနေဒီ” ကို အမေရိကန်အစိုးရက သတ်လိုက်ပါတယ်။ ကျွန်တော်တို့တတွေ ဇာတ်ကားတွေတိုင်းမှာ ကမ္ဘာပျက်လုနီးအဖြစ်တွေကို ကယ်တင်နေကျ FBI အေးဂျင့်တွေ လျှို့ဝှက်ထောက်လှမ်းရေးသမားတွေက နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို စစ်တပ်နဲ့ တွဲဖက်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတော့ အဖြစ်မှန်က ဇာတ်ကားနဲ့ မတူဘူးလို့ပဲ ပြောရမလား။ ကနေဒီ ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား“လီ ဟာဗေး အောက်စ်ဝဲလ်” ဆိုတာ နယ်ရုပ်လေးတစ်ခုပဲလား။ သေနတ်သမားတစ်ယောက်တည်းပါဆိုပြီး ကျားကျားမီးယပ်ပြောနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ ရေတပ်က ဆရာဝန်တွေဟာ သမိုင်းတွင်လောက်တဲ့ အမှားအယွင်းကြီးကို ရိုးရိုးသားသားလုပ်မိတာလား၊ ဆန်းဆန်းပြားပြားလုပ်ခဲ့တာလား။ ယုတ်စွအဆုံး လုပ်ကြံမှုစုံစမ်းရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ဩဇာတိက္ကိမရှိသူတွေပါဝင်တဲ့ ဝါရန် ကော်မရှင်ကလည်း ဒီပုတ်ထဲကဒီပဲ အရသာပဲထွက်လာတဲ့ ဟင်းတစ်ခွက်ပဲလား။ သမ္မတ ကနေဒီက သေနတ်ဒဏ်ရာ သုံးခုနဲ့ သေဆုံးခဲ့တယ်။ နောက်ကျော ပုခုံးညပ်ရိုးပေါ်မှာတစ်ခု၊ လည်ပင်းအရှေ့ဘက် လေပြွန်နားမှာတစ်ခု၊ ဦးခေါင်းညာဘက် ပွင့်ထွက်ဒဏ်ရာတစ်ခု။ ဒါပေမဲ့ လုပ်ကြံမှုစုံစမ်းရေးသမားတွေက ဦးခေါင်းကို ပြန်ချုပ်ပြီး အကောင်းပတိဟန်ပန်လုပ်၊ နောက်ကျောက ကျည်ဆံဝင် လည်ပင်းက ပြန်ထွက်ပါတယ်ဆိုပြီး ကျည်တစ်တောင့်တည်းသီအိုရီတွေပါ တွက်ပြလာတော့ အမှန်ကို သိတဲ့၊ ကနေဒီ မသေခင်မှာ ပြုစုကုသခွင့်ရလိုက်တဲ့ ပါ့ခ်လန်းဒ်ဆေးရုံက ဆရာဝန်တွေ ခေါင်းတစ်ခါခါဖြစ်ရတာပေါ့။ ဒါပေမဲ့ ဘယ်သူမှ တစ်ခွန်းမှ မဟရဲပါဘူးလေ။ ထောက်လှမ်းရေးသမားတစ်ယောက် အနားကပ်လာပြီး “ကိုယ့်လူ မဆိုင်တာတွေ ထင်ရာမြင်ရာ လျှောက်ပြောမနေနဲ့၊ ခင်ဗျားအကျိုးအတွက်ပြောတာ” ဆိုပြီး စေတနာဗရပွနဲ့ သတိပေးသွားတော့ အခုလက်ရှိအချိန်အထိ ရေငုံနှုတ်ပိတ်ကြပေါ့လေ။ ဒီတော့ ဒါဟာ လူကြီးမင်းတို့အနေနဲ့ သမ္မတကနေဒီ ဘယ်လိုဆုံးပါးခဲ့သလဲ… ဘယ်သူလုပ်ကြံခဲ့သလဲ… လုပ်ကြံသူကို ဖုံးဖိဖို့ အစိုးရအဖွဲ့ဝင်တွေ ဘယ်လောက် ကြိုးစားခဲ့ကြသလဲ… ဒီကြားထဲကမှ အဖြစ်မှန်က မလူးသာ မလွန့်သာ ရိုးတိုးရိပ်တိပ် ပေါ်လာပုံတွေကို ဗဟုသုတရဖွယ် ကြည့်ရှုရမယ့် ရုပ်သံမှတ်တမ်းတစ်ခုဖြစ်ပါကြောင်း။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...

#MayaLo (2023) ⭐IMDB: 7.7/10 (24 Votes) 🎬 #Bollywood #Comedy #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 00 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 #Mayalo (2023) အမုန်းမှသည်အချစ်ရှိရာသို့IMDb -6.5/10 “ဘဝဆိုတာ ကံကြမ္မာဇာတ်ဆရာရဲ့လိုအင်အရ ကပြနေရတဲ့ဇာတ်ခုံတစ်ခုဆိုတဲ့အတိုင်းပဲ မထင်မှတ်ထားတဲ့ထင်ယောင်ထင်မှား အယောင်ပြသက်သက်တွေနဲ့ ပြည့်နှက်နေတတ်ပါသတဲ့” Slap kissကြိုက်တဲ့ပရိသတ်ကြီးအတွက် slap-kissလောက်မကြမ်းပေမဲ့ တကျက်ကျက်ရန်ဖြစ်နေရင်းကနေအချစ်တွေပေါက်ဖွားလာမယ့် argue-kissအချစ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။မြူးကြွတဲ့သီချင်းလေးတွေနဲ့ ဟာသတွေနဲ့ ခပ်မြူးမြူးဇာတ်လမ်းလေးဆိုတော့ မပျင်းရမှာတော့ အသေအချာပါပဲ။ မာယာ ဆင်ဒူနဲ့ ခရစ်ရှ်နာဆိုတာ တက္ကသိုလ်မှာ အတန်းတူတူတက်ခဲ့ကြတဲ့ အတန်းဖော် ၃ ယောက်ပေါ့။ ခရစ်ရှ်နာကတော့တက္ကသိုလ်တစ်လျှောက်လုံးမှာ မာယာကိုသဘောကျနေပြီး ကျောင်းပြီးရင်စဉ်းစားပေးမယ်ဆိုတဲ့စကားတစ်ခွန်းကိုအတည်ယူလို့ မာယာအတွက် အရာရာဖြည့်ဆည်းပေးခဲ့ပေမဲ့ ခြံထဲကကြက်လို့ပဲ ခရစ်ရှ်နာကိုသဘောထားခဲ့တဲ့မာယာကတော့ ခရစ်ရှ်နာကို‌စိတ်မဝင်စားခဲ့ပါဘူး။ မာယာနဲ့ဆက်နွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြတဲ့ ဆင်ဒူနဲ့ခရစ်ရှ်နာဟာလည်းကျောင်းတော်က ရန်စလေးတွေကြောင့် တွေ့လိုက်တိုင်း ၃ နဲ့ ၄ လို မျက်နှာချင်းမဆိုင်ကြဘဲ ကြောင်နဲ့ကြွက်လို တကျက်ကျက်ပေါ့။ တွေ့တာနဲ့ရန်ဖြစ် အငြင်းပွားပြီး တူးခါးနေအောင်မုန်းပါတယ်ဆိုတဲ့ ဒီနှစ်ယောက် မာယာရဲ့မင်္ဂလာပွဲအတွက်မင်္ဂလာကားကိုပို့ပေးရမယ်ဆိုတဲ့ အကြောင်းရင်းကြောင့် တစ်ကားတည်းအတူစီးလို့ တစ်ခရီးတည်းသွားဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့… မျက်နှာမြင်တာနဲ့ကို ရန်ဖြစ်ချင်နေတဲ့ဒီနှစ်ယောက် လမ်းခရီးတစ်လျှောက် ဘယ်လိုတွေခရီးဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ KKKZ ~ Alex တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

#MayaLo (2023) ⭐IMDB: 7.7/10 (24 Votes) 🎬 #Bollywood #Comedy #Romance 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 47 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 #Mayalo (2023) အမုန်းမှသည်အချစ်ရှိရာသို့IMDb -6.5/10 “ဘဝဆိုတာ ကံကြမ္မာဇာတ်ဆရာရဲ့လိုအင်အရ ကပြနေရတဲ့ဇာတ်ခုံတစ်ခုဆိုတဲ့အတိုင်းပဲ မထင်မှတ်ထားတဲ့ထင်ယောင်ထင်မှား အယောင်ပြသက်သက်တွေနဲ့ ပြည့်နှက်နေတတ်ပါသတဲ့” Slap kissကြိုက်တဲ့ပရိသတ်ကြီးအတွက် slap-kissလောက်မကြမ်းပေမဲ့ တကျက်ကျက်ရန်ဖြစ်နေရင်းကနေအချစ်တွေပေါက်ဖွားလာမယ့် argue-kissအချစ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။မြူးကြွတဲ့သီချင်းလေးတွေနဲ့ ဟာသတွေနဲ့ ခပ်မြူးမြူးဇာတ်လမ်းလေးဆိုတော့ မပျင်းရမှာတော့ အသေအချာပါပဲ။ မာယာ ဆင်ဒူနဲ့ ခရစ်ရှ်နာဆိုတာ တက္ကသိုလ်မှာ အတန်းတူတူတက်ခဲ့ကြတဲ့ အတန်းဖော် ၃ ယောက်ပေါ့။ ခရစ်ရှ်နာကတော့တက္ကသိုလ်တစ်လျှောက်လုံးမှာ မာယာကိုသဘောကျနေပြီး ကျောင်းပြီးရင်စဉ်းစားပေးမယ်ဆိုတဲ့စကားတစ်ခွန်းကိုအတည်ယူလို့ မာယာအတွက် အရာရာဖြည့်ဆည်းပေးခဲ့ပေမဲ့ ခြံထဲကကြက်လို့ပဲ ခရစ်ရှ်နာကိုသဘောထားခဲ့တဲ့မာယာကတော့ ခရစ်ရှ်နာကို‌စိတ်မဝင်စားခဲ့ပါဘူး။ မာယာနဲ့ဆက်နွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြတဲ့ ဆင်ဒူနဲ့ခရစ်ရှ်နာဟာလည်းကျောင်းတော်က ရန်စလေးတွေကြောင့် တွေ့လိုက်တိုင်း ၃ နဲ့ ၄ လို မျက်နှာချင်းမဆိုင်ကြဘဲ ကြောင်နဲ့ကြွက်လို တကျက်ကျက်ပေါ့။ တွေ့တာနဲ့ရန်ဖြစ် အငြင်းပွားပြီး တူးခါးနေအောင်မုန်းပါတယ်ဆိုတဲ့ ဒီနှစ်ယောက် မာယာရဲ့မင်္ဂလာပွဲအတွက်မင်္ဂလာကားကိုပို့ပေးရမယ်ဆိုတဲ့ အကြောင်းရင်းကြောင့် တစ်ကားတည်းအတူစီးလို့ တစ်ခရီးတည်းသွားဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့… မျက်နှာမြင်တာနဲ့ကို ရန်ဖြစ်ချင်နေတဲ့ဒီနှစ်ယောက် လမ်းခရီးတစ်လျှောက် ဘယ်လိုတွေခရီးဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ KKKZ ~ Alex တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Basic Instinct (1992) ⭐TMDB: 69.0% User Score 🎬 #Adult #Drama #Mystery #Thriller 🗓 1992 🎞 movie 🌎 #UnitedStatesofAmerica #France ⏰ 2 နာရီ 8 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Basic Instinct (1992) IMDb Rating (7.0) ဒီဇာတ်ကားကို ယောက်ျားလေးပရိသတ်ထဲက မသိတဲ့သူ ရှားမယ်ထင်ပါတယ်။ မင်းသမီး ရှာရွန်စတုန်း ခြေထောက်ကို ဘယ်ညာပြောင်းချိတ်ပြတဲ့အခန်းကို သုံးလေးခါလောက် ရှေ့နောက်ရစ်လိုက်၊ ရပ်လိုက်၊ Slow နဲ့ ကြည့်လိုက် ကြည့်ဖူးတဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်…ခင်ဗျားတို့လဲပါပါလိမ့်မယ်…မပူပါနဲ့…တစ်ကမ္ဘာလုံးလဲ ခုထိ အဲ့လိုပဲကြည့်နေကြတုန်းပါပဲ။ဘာလို့ဆို Pause ခလုတ်နှိပ်ပြီးရပ်ကြည့်ရတဲ့ ရုပ်ရှင်စာရင်းတွေထဲမှာ ဒီရုပ်ရှင်က ထိပ်ဆုံးမှာ ရပ်တည်နေလို့ပါပဲ။ အခုပြန်ကြည့်မိတော့မှ ဒီဇာတ်ကားက မင်းသမီးကို ငမ်းရတာထက် အများကြီးအနှစ်ရှိပြီး အရမ်းကောင်းတဲ့ Psychological, Crime, Drama ဇာတ်ကားလေးဆိုတာ သိရတော့တာပါပဲ။ ဇာတ်လမ်းအလှည့်အပြောင်းလေးတွေက အရမ်းလှတယ်။ ကြည့်နေရင်း မင်းသားစုံထောက်နဲ့တူတူ ခေါင်းတွေလည်သွားမှာသေချာပါတယ်။ အမှုတစ်မှုကနေ စပြီး တခြားအမှုတွေ တစ်သီတတန်းကြီး ထွက်လာတယ်။ အဲဒီအမှုတွေ အကုန်လုံးကလည်း လူတစ်ယောက်တည်းနဲ့ ဆက်စပ်နေတယ်။ ဒါပေမဲ့လည်း အဲဒီလူက အမှုကျူးလွန်ပါတယ်ဆိုတာကို သက်သေမပြနိုင်ဘူး။ တော်တော်လေးကို အကွက်ရွှေ့တာတွေလှပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ခပ်ရှုပ်ရှုပ် စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီး Sharon Stone နဲ့ Jeanne Tripplehorn တို့ရဲ့ အလှအပတွေကိုလည်း ခံစားနိုင်သေးတော့ ကြည့်ဖူးပြီးသားလူတွေလည်း ပြန်ကြည့်သင့်ကြောင်း ညွှန်းလိုက်ပါတယ်။ ရှရွန်စတုန်းကလဲ တကယ့်အဟော့ဆုံးအချိန်ဗျာ…ရိုက်ထားတာကလဲ အကုန်ရှင်းရှင်းလင်းလင်း…ဇာတ်လမ်းကလဲ ရမ္မက်တွေနဲ့ပြစ်မှုတွေအကြောင်းဆိုတော့ ဘာမှဖြတ်တောက်ထားခြင်းမရှိတဲ့ Unrated Version ကိုမှ ကာလာအစုံနဲ့အလန်းဆုံးကြည့်ရှုရမယ့် 4K HDR Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်။ မိသားစုနဲ့တော့ကြည့်ရှုလို့မရပါခင်ဗျာ။ 4K ဖိုင်ကို HDR Version နဲ့တင်ဆက်ထားတာကြောင့် မိမိကြည့်ရှုမယ့် Player မှာ HDR Setting တွေ On ထားပြီးကြည့်ရှုမှသာ ကာလာစုံမြင်ရမှာဖြစ်ပြီး 1080p/720p ကတော့ ရိုးရိုးတမ်းတမ်းကြည့်ရှုလို့ရပါတယ်။...

How to Rob a Bank (2007) ⭐TMDB: 58.0% User Score 🎬 #Comedy #Crime #Mystery #Action 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ဘဏ်ဘယ်လိုဖောက်ရမလဲ” ၂၀၀၇ တုန်းကထွက်ရှိခဲ့တဲ့ Thriller/Comedy ရုပ်ရှင်ပါ။ ခရမ်းချဉ်သီးပုပ်မှာ မျက်နှာပန်းမလှရှာပေမဲ့ IMDbမှာတော့ 6 အထိရရှိထားပါတယ်။ ကျွန်တော့်အတွက်ကတော့ ၂၀၀၇ လို ခုနှစ်တုန်းက ထွက်ရှိထားတဲ့ ရုပ်ရှင်တစ်ကားအနေနဲ့ စိတ်၀င်စားစရာကောင်းပြီး လက်ခံပေးလို့ရတဲ့ အဆင့်မှာရှိတယ်လို့ မြင်ပါတယ်။ ဒီရုပ်ရှင်က ရိုက်ကွင်း နှစ်ခုသုံးခုလောက်နဲ့ ပတ်ရိုက်ထားတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါ။ ဇာတ်လမ်းအစမှာ ဂျေဆန်တေလာဆိုတဲ့ဘဲက ဘဏ်တစ်ခု အနုကြမ်းစီးခံနေရချိန်မှာ ငွေတိုက်ထဲမှာ ဂျက်စီကာလို့‌ခေါ်တဲ့ စော်လေးတစ်ပွေနဲ့ပိတ်မိနေတယ်။ တကယ်တော့ ဒီဘဲက အနုကြမ်းစီးတဲ့အဖွဲ့နဲ့ လားလားမှမဆိုင်ဘူး။ သူ့ အေတီအမ်ကဒ်ကနေ ငွေထုတ်ရင်း အပိုကြေးထပ်ဖြတ်ခံလိုက်ရလို့ ဘဏ်မှာမကျေမနပ်နဲ့ ကွန်ပလိန်းလာတက်ရင်းကနေ အနုကြမ်းစီးတဲ့အချိန်နဲ့ တည့်တည့်တိုးပြီး ထီပေါက်သွားတာ။ ဂျေဆန်နဲ့ ဂျက်စီကာတို့ပိတ်မိနေတဲ့ ငွေတိုက်ခန်းထဲမှာ ကွန်ပြူတာတစ်လုံးရှိတယ်။ ဒီကွန်ပြူတာကို ဆယ်တန်လောက်လေးတဲ့ သံတံခါးကြီးနဲ့ပိတ်ထားတဲ့ ငွေတိုက်ထဲမှာ ထည့်ထားရခြင်း အကြောင်းရင်းတစ်ခုရှိပါတယ်။ ဒီလိုနဲ့ ဂျေဆန်တို့ဆီကို အပြင်မှာ အနုကြမ်းစီးနေတဲ့ လက်နက်ကိုင်အဖွဲ့ရယ်၊ ဓားစာခံကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ရဲတပ်ဖွဲ့ရယ်ဆီကနေ ဖုန်းတွေ တဂွမ်ဂွမ်လာပါတော့တယ်။ ဂျေဆန်တို့နှစ်ယောက် လိုင်းပြတ်တောင်း‌ပြတ်တောင်းဖြစ်‌တဲ့နေရာမှာ နိုကီရာဖုန်းလေးကိုသုံးပြီး ငွေတိုက်အပြင်ကနေလူတွေနဲ့ ဘယ်လိုတွေညှိနှိုင်းဆွေးနွေးပြီး အပြင်ပြန်ထွက်နိုင်ဖို့အရေး ဘယ်လိုကြံဖန်ကြိုးစားကြမလဲ၊ ဂျက်စီကာကရော ဘယ်သူလဲ ဘာကိစ္စ ဂျေဆန်နဲ့အတူ ငွေတိုက်ထဲရောက်နေဝာလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...

Next Goal Wins (2023) ⭐IMDB: 6.6/10 (7 k Votes) 🎬 #Comedy #Drama #Sport 🗓 2023 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Next Goal Wins (2023) ~ IMDb – 6.6/10, RT – 44%, Meta – 44% ~ ကမ္ဘာ့အညံ့ဆုံးဘောလုံးအသင်းတစ်သင်းရှိတယ်။ အဲဒီအသင်းနာမည်က “American Samoa” တဲ့။ အဲဒီအသင်းက ၂၀၀၂ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲကန်တုန်းက ဩစတေးလျနဲ့ကန်တာမှာ ၃၁ဂိုး ဂိုးမရှိနဲ့ ရှုံးသွားဖူးတယ်။ အဲဒီရှုံးပွဲက ကမ္ဘာ့ဖလားသမိုင်းရဲ့ အဆိုးရွားဆုံးရှုံးပွဲလို့ သမိုင်းတွင်ထားတယ်။ တော်တော်တော့လည်းစားတယ်။ သူတို့အသင်းက ဂိုးတစ်ခါမှ မသွင်းဖူးသေးဘူး။ အဲဒီအမေရိကန်ဆာမိုအာက ဘောလုံးဖက်ဒရေးရှင်းဥက္ကဌရဲ့ ဆန္ဒကတော့ ဂိုးတစ်ဂိုးလောက်သွင်းနိုင်ရင်သေပျော်ပြီဆိုတဲ့ ဆန္ဒပဲ။ စစချင်းဆို တခြားဖက်ဒရေးရှင်းဥက္ကဌတွေနဲ့ သူတို့အသင်းက ဂိုးတစ်ဂိုးမသွင်းနိုင်ရင် မျက်နှာမှာ နို့ပုံဆွဲဆိုပြီး လောင်းလာတာ ခဏနေတော့ မျက်နှာတစ်ခုလုံး မာကာမင်အသေနဲ့ ဆွဲထားတဲ့ နို့ပုံတွေပြည့်သွာရတဲ့အထိပဲ။ ဒီတော့ သူလည်း အကြံထုတ်တယ်။ သူတို့အသင်း တစ်ဂိုးလောက်သွင်းဖူးအောင် ဘယ်လိုလုပ်ရမလဲပေါ့။ ဒီလိုနဲ့ နည်းပြအသစ်ငှားဖို့ အိုင်ဒီယာရသွားတယ်။ လက်ရှိနည်းပြကို ဖြုတ်လိုက်တယ်။ ကျွန်းပေါ်ကနေ နည်းပြအသစ်ရှာဖို့လုပ်တယ်။ သူ့ထက်နည်းနည်းတော်တဲ့ သူ့မိန်းမကတော့ ကျွန်းပေါ်ကလူခန့်လို့ကတော့ ဒီပုတ်ထဲကဒီပဲလာမှာ ကောင်းကောင်းသိတော့ လူဖြူနည်းပြငှားခိုင်းတယ်။ နိုင်ငံတော်သစ္စာဖောက်ရာကျမယ်ဆိုပြီး သူ့လင်က မငှားချင်ပေမဲ့ မိန်းမရဲ့တစ်ချက်လွှတ်အမိန့်အတိုင်း ငှားလိုက်ရတယ်။ စားတာက သူ့သားက အဲဒီအသင်းက ဘောသမားဖြစ်သလို သူအလုပ်ထုတ်လိုက်တဲ့နည်းပြကလည်း သူ့အိမ်မှာတင်နေတာ။ ဒါကို Taika Waititi ကြီး စမိတ်ဆက်သွားတဲ့ပုံကလည်း မိုက်တော့မိုက်တယ်။ မထင်ထားကာမှ ကောက်ကောက်လုပ်ပြသွားတာ။ ဒီကားထဲ အဲဒီလိုအကွက်တွေ သူသုံးသွားတာမနည်းဘူး။ အဲဒီလိုအကွက်တွေက ရယ်ရတဲ့အခန်းမှာ ပိုရယ်ရသွားစေသလို ငိုရမယ့်အခန်းမှာလည်း ပိုငိုရအောင်အသက်သွင်းနိုင်ခဲ့တယ်။ Taika ရဲ့စကေးတစ်ပေါက် သျှမ်းသျှမ်းတောက်အောင် ပြသွားတယ်ပြောရမှာပဲ။ ဒီလိုနဲ့ သူတို့ဆီ Michael Fassbender ရဲ့ ဇာတ်ကောင် ဘောလုံးနည်းပြရောက်လာတယ်။ သူကလည်း အကောင်းတော့ရောက်လာတာမဟုတ်ဘူး။ ပြဿနာရှာလွန်းလို့ ဘယ်သူမှ မသွားချင်တဲ့နေရာကို ထိုးပို့ခံလိုက်ရတာ။ ဒီလိုနဲ့ အမေရိကန်ဆာမိုအာဆိုတဲ့အသင်းတစ်သင်းရဲ့ ဂိုးတစ်ဂိုးသွင်းဖူးချင်တဲ့ဆန္ဒလေးကို ဒီနည်းပြနဲ့ ဒီအသင်းသားတွေ အသက်သွင်းကြတာကို ကြည့်ရမှာပေါ့။ Next Goal Wins (2023) ဟာ သူရထားတဲ့ Rating တွေနဲ့ယှဉ်ရင် အများကြီးပိုကောင်းနေတာ ထူးထူးခြားခြားဖြစ်နေတယ်။ ရှေ့ကထွက်ထားတဲ့ ဒီဖြစ်ရပ်မှန်ရဲ့ ဒိုကူမန်ထရီကြောင့်လားတော့မသိဘူး။ ဒါပေမဲ့ အာမခံလို့ရတာက ဖျော်ဖြေရေးအရရော၊ ရတဲ့ဖီလင်အရရော၊ ဟာသကားတစ်ကားအနေနဲ့ရော ဒီနှစ်ထွက်ထားတဲ့ မိန်းစထွင်းမ်က ကားကောင်းတွေထက်မနိမ့်ဘူး။ ဘောလုံးကားတွေကြိုက်တဲ့လူတွေဆို ရွှေပဲ။ တချို့အခန်းတွေဆို စတီဖင်ချောင်ရဲ့ ရှောင်လင်ဘောလုံးလို ပုံစံမျိုးတွေ့ရသလို Ted Lasso စီးရီးရဲ့ ပုံစံမျိုးလည်းတွေ့နေရတယ်။ ဆိုတော့ Taika က ဘောလုံးဟာသကားကောင်းတွေက အကွက်တွေကို ရောသမမွှေချလိုက်တာလည်းဖြစ်နိုင်တယ်။ သူကိုယ်တိုင် ဝင်သရုပ်ဆောင်ထားတဲ့ Narrator ဇာတ်ကောင်ကလည်း ထထဖောက်သေးတယ်။ ရယ်ချင်တယ်ဆိုရင်တော့ ပါးစပ်မစေ့အောင်ရယ်နေရမယ့် ကားမျိုးဖြစ်သလို ငိုချင်တယ်ဆိုရင်လည်း ကြည်နူးမျက်ရည်တွေ လှိမ့်ဆင်းလာမယ့်ကားမျိုးပါပဲ။ MCU ရဲ့ ပြင်ပမှာတော့ Taika ဟာ ကျွန်တော်တို့ကို စိတ်မပျက်စေခဲ့ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...

Aloevera (2020) ⭐IMDB: 7.6/10 (73 Votes) 🎬 #Drama #Fantasy #Romance 🗓 2020 🎞 movie 🌎 #Ghana ⏰ 1 နာရီ 48 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Gnomeo & Juliet (2011)ဆိုတဲ့ သိပ်ချစ်စရာကောင်းတဲ့ ကာတွန်းကားလေးကို ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီရုပ်ရှင်က Gnomeo & Juliet(2011)ကနေ inspiredယူပြီး ရိုက်ကူးထားတဲ့ အာဖရိကန်သား ဂါနာလူမျိုးတွေရဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ကြက်ဥနဲ့ ကြက်မဘယ်ကစသလဲနဲ့ တက်သွားတဲ့ ပြဿနာကနေ အသိုင်းအဝိုင်းနှစ်ခု ကွဲသွားပါသတဲ့။ ဇာတ်လမ်းနာမည်ကအတိုင်း အာလိုဆိုတာက တစ်ဖက် ဗယ်ရာဆိုတာကတစ်ဖက်။ နှစ်ဖက်စလုံးက ကြားထဲမှာနယ်နိမိတ်စည်းတစ်ခု ခြားထားပြီး အပ်တိုလေးတစ်ချောင်းတောင် အကျော်မခံကြပါဘူး။ လူတယောက်ပဲဖြစ်ဖြစ် အရာ၀တ္ထုတစ်ခုပဲဖြစ်ဖြစ် နယ်နိမိတ်စည်းကို ကျော်လာတိုင်း တစ်ဖက်စီကနေ သူရဲကောင်းရွေး ယှဉ်ပြိုင်စေပြီး ရှုံးရင် ကျွန်အဖြစ်နဲ့သိမ်းယူပါတယ်။ ဒီလို တစ်ဖက်နဲ့ တစ်ဖက်မသင့်မြတ်တဲ့ကြားကနေပဲ နှစ်ဖက်အသိုင်းအဝိုင်းခေါင်းဆောင်ကြီးတွေရဲ့ သားနဲ့သမီးဖြစ်သူတို့ ချစ်မိသွားကြတဲ့အခါမှာတော့ အာလိုဗယ်ရာဆိုတဲ့ လှပတဲ့ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...

Every Day I Just Have Sex With My Friend – Airi Suzumura (Decensored – ABW-290) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 55 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ မြို့တက်အလုပ်မလုပ်တော့ချင်လောက်ဆောင် ကိုယ့်သူငယ်ချင်းကြီးကိုမှ စွဲဆောင်နိုင်လွန်းတဲ့ ရင်အေးစရာအလှပိုင်ရှင်လေး Airi Suzumura ရဲ့ ကားလေးကိုတင်ဆက်ပေးလိုက်ပါပြီ…… ABW-290 ဆိုတဲ့ ဒီကားလေးထဲမှာတော့ ရွာမှာနေရတာ ပျင်းနေတဲ့ သူငယ်ချင်းမလေးရယ် မြို့တက်အလုပ်လုပ်တဲ့ သူငယ်ချင်းကောင်လေးရယ် အကြောင်းကို ရိုက်ပြထားတာပါ…..မြို့က ဆေးဆိုးပန်းရိုက်မျက်နှာတွေ ဘယ်လောက်လှလှ ရွာက အလှစစ်ကို မမေ့နိုင်လောက်အောင် ဖြစ်သွားတဲ့အထိ သူငယ်ချင်းကို ပြုစုပေးနိုင်တဲ့ သူငယ်ချင်းမလေးအကြောင်း တဝကြီးသာ ကြည့်ရှုခံစားလိုက်ပါဦးလို့….. (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

The Prequel of Gold Convoyers: A Supernumerary Candidate (2010) ⭐TMDB: 0.0% User Score 🎬 #Action #Drama #ThePrequelofGoldConvoyers 🗓 2010 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒါကတော့ The Prequel of Gold Convoyers ရဲ့(၇)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီးအားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဒီဇာတ်ကားမှာတော့ ဝမ်ကျောက်ရှင်းတို့ပို့ဆောင်ရေးအဖွဲ့ဟာဆားဂိုဏ်းဂိုဏ်းချုပ်ကြီးအပ်တဲ့ပစ္စည်းကိုပို့ရတာပဲဖြစ်ပါတယ်။ ရှေးခေတ်မှာဆားကိုတရားမဝင်ရောင်းဝယ်တဲ့သူဟာ အပြစ်တော်တော်ကြီးပါတယ်။ ဆားဂိုဏ်းဆိုတာကတော့ ဆားမှောင်ခိုအရောင်းအဝယ်အားလုံးထိန်းချုပ်ထားတဲ့ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး အရမ်းကိုချမ်းသာပါတယ်။ဘုရင်ကဆားရောင်းဝယ်တာတွေကိုပြန်စီမံမယ်ဆိုတော့ စံပြနမူနာအနေနဲ့ဆားဂိုဏ်းဂိုဏ်းချုပ်တူဝရီးကိုအရင်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာ ဝမ်ကျောက်ရှင်းက ဆားဂိုဏ်းကိုတိုက်တိုက်ဆိုင်ဆိုင်ရောက်နေတဲ့အတွက်ဆားဂိုဏ်းဂိုဏ်းချုပ်ဖမ်းဆီးဖို့စစ်ဆင်ရေးမှာ သူပါပါဝင်ရတော့တာပေါ့။ နဂါးတော်ဝင်တပ်ရဲ့ရန်အပြင် အတွင်းရေးပဋိပက္ခတွေပါရှိနေတဲ့ ဆားဂိုဏ်းဟာဘယ်လိုအဆုံးသတ်သွားမလဲ။ ဝမ်ကျောက်ရှင်းတို့အဖွဲ့ဟာဒီတာဝန်ကိုရောဘယ်လိုအောင်မြင်အောင်လုပ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော်။...

Foursome (2023) ⭐IMDB: 6.5/10 (72 Votes) 🎬 #Adult #Drama #Romance 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 49 မိနစ် 7 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Foursome (2023) ဒီနိုနဲ့ ဂျီနာတို့ဟာ ငယ်သူငယ်ချင်းတွေဘ၀ကနေ ညားသွားကြတဲ့ လင်မယားနှစ်ယောက်ပါ။ ငွေကြေးဥစ္စာပြည့်စုံသလို အချင်းချင်းလည်းချစ်ကြင်နာကြတဲ့ သူတို့နှစ်ယောက်ဘ၀မှာ အကြီးမားဆုံးပြဿနာကတော့ ဒီနိုရဲ့ ယောက်ျားဘာ၀အားနည်းမှုကြောင့်ပါပဲ။ ညားကာစခြောက်လလောက်အထိ အဆင်ပြေနေပေမဲ့ နောက်ပိုင်းဇာတ်ရှိန်တက်မှ ညှိုးကျသွားတဲ့ ဒီနိုရဲ့ပန်းကလေးကြောင့် ဂျီနာတစ်ယောက် ဟာစလာဖြစ်ပြီး ကျန်ခဲ့ရတာအခါခါဆိုတော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ကီကီနဲ့မိန်းမချင်း နှစ်ပါးသွားကြပါတော့တယ်။ ဒီနိုဘက်ကလည်း သူ့ရဲ့ပြဿနာကိုအဖြေရှာဖို့ ဒီအပိုင်းမှာကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာခရစ်စ်နဲ့တိုင်ပင်ရင်း သူကပါ ဒေါက်တာခရစ်စ်နဲ့အမျိုးသားချင်း သဒ္ဒါလွန်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒေါက်တာခရစ်စ်နဲ့ ဂျိမ်းပြီးတဲ့နောက်မှာ သူ့ရဲ့ညှိုးငယ်တဲ့ပြဿနာ ပျောက်ချင်းမလှပျောက်သွားပြီး သူဟာတွန်းနှိုးတစ်ယောက်ဖြစ်တယ်ဆိုတာ သိလိုက်ရချိန်မှာတော့… ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ကြမလဲ၊ ပြဿနာတွေဘယ်လိုတက်ပြီး အဖြေကိုဘယ်လိုရှာတွေ့ကြမလဲဆိုတာ လေးထပ်ကိတ်ဇာတ်ကားကြီးမှာ ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

Jalapata (2023) ⭐IMDB: 9.0/10 (322 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Jalapata (2023)“သဘာဝရဲ့ ရင်သွေးငယ်များ” IMDb 9.0 Jalapata ဆိုတဲ့ ကန်နားဒါး ရုပ်ရှင်လေးက သာမန်မြင်နေကျဇာတ်ကားတွေနဲ့ ကွဲထွက်တဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသားပေး ရုပ်ရှင်ဖြစ်ပါတယ် သို့ပေမယ့် ပတ်ဝန်းကျင်ဆိုလို့ မှတ်တမ်းရုပ်ရှင်ဆန်ဆန်မဟုတ်ပဲ ဇာတ်လမ်းဇာတ်ကောင်ကိုယ်စီနဲ့ ကြည့်လို့ကောင်းအောင် တင်ဆက်ထားတာမို့ မပျင်းဘဲ ကြည့်ရမှာပါ “ဂျာလာဒူရ်ဂါ” ဆိုတဲ့ စိမ်းစိုစို သစ်တောတွေနားက ရွာငယ်လေးတစ်ရွာမှာ အမျိုးမျိုးသောလူတန်းစား အစုံအလင်ရဲ့ ဇာတ်ကောင်တွေကို နောက်ခံစကားပြောနဲ့ မိတ်ဆက်ပေးပြီးခရီးသွားဝတ္ထုအရသာကို အမှန်အကန် ခံစားရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ် ဇာတ်လမ်းရဲ့ မူလကျောရိုးကတော့ပူရ်ဗီနဲ့ကီရန်တို့ သူငယ်ချင်းနှစ်ယောက် Vlog တွေ ရိုက်နေရာကနေ အိမ်အိုလေးမှာ နေထိုင်တဲ့အဘွားကြီးတစ်ယောက် အကြောင်းကို ဗီဒီယိုရိုက်တင်ဖို့ စိတ်ကူးရလာပါတယ် အဘွား ဗာနာမာလာမာရဲ့ သားဖြစ်သူနဲ့ ဇနီးသည်က အမေရိကကို စွန့်ခွာသွားခဲ့ပြီးတော့ စာမလာ သတင်းမကြားတော့ပဲ…အဘွားအိုတစ်ယောက် အထီးကျန်စွာ နေထိုင်နေရပါတယ်ဒါကို ဗီဒီယိုတစ်ပုဒ် viewer အယောက် ၂၀ ကနေ မတက်တဲ့ ပူရ်ဗီနဲ့ ကီရန်တို့ဒရာမာအပြည့်နဲ့ အင်တာဗျူးလိုက်ရာမှာတော့ သူတို့ vlog လေးက ဘွားအေရဲ့မြေးဖြစ်သူ ဗီဟန်ရှိရာ အမေရိက အထိ ပေါက်ရောက်သွားခဲ့ပြီး … ဗီဟန်လည်း သူ့အမေတားတဲ့ကြားက အဘွားဖြစ်သူနဲ့ တွေ့ရဖို့ “ဂျာလာဒူရ်ဂါ” ရွာလေးကို ပြန်ခဲ့ပါတော့တယ် …သူ့ရဲ့ ခရီးစဥ်တစ်လျှောက်မှာ ဘာတွေ တွေ့ကြုံရမလဲဆိုတာကိုတော့… အင်တာနက်ခေတ်မှာ ပတ်ဝန်းကျင်သဘာဝရဲ့ အလှတရားကို ဂရုမပြုမိကြတော့တဲ့ကျွန်တော်တို့ ဒီရုပ်ရှင် ၂ နာရီအတွင်းမှာတော့ ကိုယ့်ကိုယ်ကို တစ်ခုခုပြန်ပြီးသုံးသပ်မိကြမှာပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Killer Soup (2024- ) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Comedy #Crime #Drama #Thriller 🗓 2024- 🎞 tv series 🌎 #India ⏰ 54 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Killer Soup (2024)Killer Soup (2024) “ပူမှုရယ် ဆယ်ကုဋေ” IMDb – 6.3/10ကွန်ကိုနာဆန်ရှာမာဆိုတာ ဝေဖန်မှုတွေနဲ့အတူ အောင်မြင်ခဲ့တဲ့ Lust Stories 2မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ထူးချွန်ဆုများစွာ ပိုင်ဆိုင်ထားတဲ့ မင်းသမီးကြီးတစ်လက်။ ဒီဇာတ်လမ်းတွဲမှာတော့ သိပ်ကြမ်းတဲ့အိမ်ရှင်မ ဆွာသီဆိုတဲ့ အဓိကဇာတ်ရုပ်နေရာက ပါဝင်ထားပါတယ်။ Sirf Ek Bandaa Kaafi Hai (2023)ထဲမှာ ရှေ့နေဆိုလန်ကီအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး မနော့ဂျ်ကလည်း နှစ်ကိုယ်ခွဲအနေနဲ့ ပါဝင်ထားတယ်။ Your browser does not support the video tag.ဆွာသီဆိုတာ ဟင်းချက်ညံ့ပေမဲ့ စားသောက်ဆိုင်ဖွင့်ချင်တဲ့ အိမ်ရှင်မတစ်ယောက်။ ယောကျ်ားဖြစ်သူက ပရာဘူ။ ပရာဘူက အကောင်ကြီးကြီးတစ်ကောင်ကို နှပ်ချဖို့ကြိုးစားနေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦး။ ယောကျ်ားဖြစ်သူ ပရာဘူ ပလစ်တာခံနေရတဲ့ ဆွာသီက ယောကျ်ားအလစ်မှာ အနှိပ်သည် အူမာ့ရှ်ကို လိုက်ပွဲခေါ်စားနေလေရဲ့။ ဖြစ်ချင်တော့ အနှိပ်သည်အူမာ့ရှ်နဲ့ ခင်ပွန်းသည်ပရာဘူက ရုပ်ချင်းဆင်တူနေပါရော။အိမ်သူဇနီးသည် မဆွယ်သာက အသွင်တူလို့ ခေါ်စားနေတဲ့ အနှိပ်သည် အူမာ့ရှ်ကို အကြောင်းကြောင်းရယ်ကြောင့် ခင်ပွန်းသည်နေရာမှာအစားထိုးဖို့ကြိုစားပါတော့တယ်။ ဒါပေမဲ့လည်း သူတို့နောက်ကြောင်းကိုလိုက်နေတဲ့ အလွတ်စုံထောက်ရယ်၊ ခင်ပွန်းဖြစ်သူမွှေထားတဲ့ ပြဿနာတွေကြားမှာ ဆွာသီနဲ့ အူမာ့ရှ်တော့ ရွာလည်ကြတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Hellraiser III: Hell on Earth (1992) ⭐TMDB: 56.0% User Score 🎬 #HellraiserFranchise #Horror 🗓 1992 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 27 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hellraiser III: Hell on Earth (1992) Hellraiser Franchise ရဲ့ တတိယမြောက်ဇာတ်ကားကတော့ ပိုပြီး ဇာတ်လမ်းက မြိုင်လာပါတယ်။ ရှေ့နှစ်ကားနဲ့ ဆက်စပ်နေတယ်ဆိုပေမဲ့ နည်းနည်းတော့ ဝေးသွားပါတယ်။ ဒီတစ်ခါမှာတော့ လူတွေကို ငရဲကိုခေါ်သွားပြီး၊ ငရဲကို ရောက်သွားတာမဟုတ်ဘဲ ငရဲက ကမ္ဘာပေါ်ကိုရောက်လာတာပါ။ Cenobite တွေထဲက ဆရာကြီး Pinhead ရဲ့ လူသားစိတ်လုံးဝမရှိတော့ဘဲ ရက်စက်မှုတွေပြည့်နေတဲ့ အပိုင်းက ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ လူသားတွေရဲ့ အတောမသတ်နိုင်တဲ့ သာယာမှုအသစ်အဆန်းတွေကို ရှာဖွေလိုတဲ့စိတ်က သူ့ကို ပြန်အသက်သွင်းပေးလိုက်တဲ့အချိန်မှာ ငရဲကအလုပ်တွေကို ကမ္ဘာပေါ်မှာ ဆက်လုပ်ဖို့ ကြိုးစားပါတော့တယ်။ ဒါရိုက်တာကတော့ House of Wax ရဲ့ မူရင်းဇာတ်ကား Waxwork (1988) ကို ဖန်တီးခဲ့သူ Anthony Hickox ပါ။ ရှေ့နှစ်ကားနဲ့ ယှဉ်ရင်တော့ သူက အလယ်မှာ ထားရမယ်ထင်ပါတယ်။ Star Trek: Deep Space Nine စီးရီးက မင်းသမီး Terry Farrell က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...

Break In (2023) ⭐IMDB: 4.2/10 (84 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟယ်သာဟာ ယောကျာ်းဖြစ်သူနဲ့ အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးနောက် ကွာရှင်းဖို့ဆိုပြီး မိခင်ဖြစ်သူရဲ့စံအိမ်ဟောင်းကြီးကိုပြန်လာခဲ့ပါတယ်….။ အဲ့ဒီအိမ်ကြီးဟာ မြို့ပြင်ခပ်လှမ်းလှမ်းမှာတည်ရှိပြီး ဖုန်းလိုင်းလည်းမမိတဲ့ နေရာမျိုးမှာရှိတာပါ….။ အိမ်ထဲမှာလည်း တန်ဖိုးကြီးအနုပညာပစ္စည်းတွေ အများကြီးပါ…။ ဒီလိုနေရာကြီးကိုမှ ဟယ်သာကတစ်ယောက်တည်း လာနေဖြစ်ခဲ့ရင်း တစ်ရက်မှာတော့…. လူစိမ်းတစ်ယောက်ဟာ ခြံထဲကိုတိုးတိုးတိတ်တိတ်ဝင်ရင်း အိမ်ကို ဖောက်ထွင်းဖို့ကြံပါတော့တယ်…. ဒီလူကရော သာမန်ဖောက်ထွင်းသူခိုးပဲလား…ဒါမှမဟုတ် ဟယ်သာ့ကို အန္တရာယ်ပြုဖို့တမင်ရောက်လာတဲ့လူလား…. ဟယ်သာတစ်ယောက်ရော အသက်ဘေးကလွတ်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ...

The Killing Room (2009) ⭐IMDB: 5.6/10 (15 k Votes) 🎬 #Drama #Thriller #Mystery 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ ရုပ်ရှင်က Horror/Mystery အမျိုးအစားဖြစ်ပြီး IMDb 5.6/10 နဲ့ Rotten Tomatoes 71% ရထားပါတယ်။ MK Program ဆိုတဲ့ လူသားစမ်းသပ်မှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Main Castတွေ အနေနဲ့ Clea Duvall, Chole Sevigny,Timothy Hutton,Nick Canon, Peter Stormare တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ လူလေးယောက်က စိတ်ပညာလေ့လာမှုတစ်ခု စမ်းသပ်ဖို့အတွက် ပိုက်ဆံယူပြီး စမ်းသပ်ခံကြပါတယ်။ သူတို့လည်း ဘာမှ ရေရေရာရာ မသိဘဲ ပိုက်ဆံလွယ်လွယ်ကူကူများများစားစားရတဲ့အတွက် ပါဝင်ခဲ့ကြပါတယ်။ သူတို့ထဲမှာ Crawfordဆိုတဲ့သူက ဒီလိုစမ်းသပ်မှုမျိုးတွေကို အခကြေးငွေယူပြီးအများကြီး လုပ်ဖူးခဲ့ပါတယ်။ ဒါပေမယ့်သူတို့ ထင်ထားသလို သာမန်မေးခွန်းတွေ မေးတဲ့ စမ်းသပ်မှုမဟုတ်ဘဲ သူတို့ထဲကအမျိုးသမီး candidate တစ်ယောက်ကို မျက်စိရှေ့မှာ သတ်ခံလိုက်ရတဲ့အခါ ကျန်တဲ့သူတွေဟာ သူတို့အပေါ်ကျရောက်လာမယ့် စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။...

Alchemy of the Spirit (2022) ⭐IMDB: 5.4/10 (72 Votes) 🎬 #Drama #SciFi 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2022 တုန်းကထွက်ရှိထားတဲ့ “စိတ်ဝိညာန်ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ပြောင်းလဲမှု” လို့အမည်ပေးထားတဲ့ Sci-fi ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ထူးထူးခြားခြား ဆုပေါင်း ၂၃ ခုအထိရရှိထားပါတယ်။ အော်လီဗာဘလက်ခ်လို့ အမည်ရတဲ့ ပန်းချီဆရာကြီးဟာ ချစ်မြတ်နိုးရတဲ့ ဇနီးဖြစ်သူအယ်ဗလင်းနဲ့ တစ်သက်လုံးလက်တွဲဖြတ်သန်းလာခဲ့သူတစ်ဦးပါ။ တစ်ရက်မှာတော့ အယ်ဗလင်းဟာ အိပ်စက်နေရင်း သေဆုံးသွားခဲ့ပြီး အော်လီဗာတစ်ယောက် အယ်ဗလင်းရဲ့ဘေးမှာ နိုးထလာခဲ့ပါတယ်။ အော်လီဗာဟာ အစကတော့ ၉၁၁ ကို ဖုန်းဆက်အကြောင်းကြားဖို့ တွေးမိခဲ့ပေမဲ့ ဒီလိုလုပ်လိုက်ရင် သူနဲ့ သူချစ်ရတဲ့ဇနီးတို့ဟာ ထာ၀ရဝေးကွာသွားရတော့မှာကို သဘောပေါက်သွားပါတယ်။ အော်လီဗာဟာ ဇနီးသည်ရဲ့သေဆုံးမှုကို လက်မခံချင်ဘူး။ ဒီလိုလက်မခံထားမှသာ သူနဲ့ ဇနီးဖြစ်သူဟာ ဘယ်တော့မှမခွဲခွာရမှာ။မှော်ဆန်တဲ့ လက်တွေ့တည်ရှိမှုနဲ့အတူအော်လီဗာဟာ ယုံကြည်မှုတွေရဲ့ မှားယွင်းနေတဲ့အတွေးကမ္ဘာကြီးထဲကို ရောက်ရှိသွားတယ်။ အိုလီဗာအတွက် အချိန်နဲ့ နေရာတို့ဟာ ရောယှက်သွားခဲ့ပြီး ဘယ်ဟာကအစစ်အမှန်လဲ ဘယ်ဟာက စိတ်ရဲ့လှည့်စားမှုလဲဆိုတာ ကွဲပြားအောင်ခွဲခြားဖို့အတွက် စတင်ခက်ခဲလာခဲ့တယ်။ ဒီလိုနဲ့ အော်လီဗာရဲ့ ထင်ယောင်ထင်မှားဖြစ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အတွေးကမ္ဘာကြီးထဲကို အယ်ဗလင်းရောက်လာခဲ့တယ်။ အယ်ဗလင်းနဲ့ အော်လီဗာ စကားပြောကြတယ်၊ အယ်ဗလင်းက အော်လီဗာကိုထွေးပွေ့တယ်။ အော်လီဗာဟာ လက်တွေ့ကမ္ဘာနဲ့ အတွေးကမ္ဘာအကြား သေဆုံးသွားပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ ဆက်လက်ဆက်သွယ်နေရင်း ဖောက်သည်တစ်ယောက်အပ်ထားတဲ့ အနုပညာဖန်တီးမှုတစ်ခုကို ဆက်လက်ပြုလုပ်နေတယ်။ ဒီရုပ်ရှင်ဟာ သေခြင်းတရားအပေါ် မေးခွန်းထုတ်စေမယ်။ သေဆုံးပြီးသွားတဲ့အခါ နောက်ဘ၀ဆိုတာ ရှိမလား၊ ဘ၀ဆိုတာ သေဆုံးပြီးသွားတာနဲ့ ရပ်တန့်သွားပြီလား၊ စိတ်ကရော ဒါကိုဘယ်လိုလက်ခံလဲဆိုတဲ့ မေးခွန်းထုတ်စရာကိစ္စတွေကို အော်လီဗာနဲ့ အယ်ဗလင်းတို့အကြားက ချစ်ခြင်းသံ‌ယောဇဉ်ကို ထူးခြားတဲ့အရောင်တွေ၊ စကားလုံးလှလှတွေနဲ့ လွမ်းဆွေးဖွယ်ရာသီချင်းသံ‌တွေကို အသုံးပြုပြီး နူးညံ့ ဖြေးညင်းစွာ ပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ပျင်းစရာကောင်းပေမဲ့ တစ်ချိန်တည်းမှာ ကြည့်ရှုသူကို အတွေးကမ္ဘာထဲခေါ်ဆောင်သွားပေးမယ့် ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုရင်းနဲ့ပဲ...

Saving Grace (2022) ⭐IMDB: 3.8/10 (121 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #Australia ⏰ 1 နာရီ 29 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆာရာဆိုတဲ့ အမျိုးသမီးလေးက ကလေးဘ၀က နာကျင်စရာတွေနဲ့အတူ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်ပေးရတဲ့ လူနာစောင့်အဖြစ်လုပ်ကိုင်နေတဲ့သူ။ စွန့်စားမှုအသစ်တစ်ခုအနေနဲ့ လူတွေတဲ့ဝေးတဲ့ ကျွန်းလေးတစ်ခုပေါ်က ဂရေ့စ်ဆိုတဲ့ အမျိုးသမီးကြီးကို သွားပြီးစောင့်ရှောက်ပေးဖို့ တာဝန်ယူလိုက်တဲ့အခါမှာတော့။ တစ်အိမ်လုံးမှာ တစ်ယောက်တည်းရှိတဲ့ ဂရေ့စ်ဆိုတဲ့အဘွားအိုကြီးက မလှုပ်မရှား ခံစားချက်မဲ့နေတဲ့အပြင် နောက်ဖေးအိမ်မှာကလည်း ဂရေ့စ်နဲ့ အမျိုးမကင်းတဲ့ သက်လတ်ပိုင်းလူကြီးတစ်ယောက်ရှိနေပြန်ရော။ စိတ်ဒဏ်ရာတွေအများကြီးနဲ့ ဆာရာတစ်ယောက် ဒီတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မှာလား။ ထိတ်လန့်စရာကောင်းလို့ လူနာစောင့်တွေ တပတ်တောင်မခံဘူးဆိုတဲ့ ဒီအိမ်လေးမှာရော ဆာရာ့ကို ဘာတွေက စောင့်မျှော်နေမှာလဲ။ ဇာတ်လမ်းနာမည်အတိုင်း ဆာရာတစ်ယောက် ဂရေ့စ်ကို ဘယ်အရာဆီက ကယ်တင်ရမှာလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...

Powder Blue (2009) ⭐IMDB: 6.2/10 (15 k Votes) 🎬 #Drama #Action #Crime 🗓 2009 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ IMDb 6.2ထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ Los Angeles က လူလေးယောက် အကြောင်းကို ရိုက်ကူးထားတာပါ ခရစ္စမတ်မှာ ဒေါ်လာငါးသောင်းထည့်ထားတဲ့အိတ်တစ်လုံးနဲ့ သူ့ကိုသတ်ပေးမယ့်သူ လိုက်ရှာနေတဲ့ ဖာသာဖြစ်ခဲ့ဖူးသူ ချာလီ……ကိုမာဖြစ်နေတဲ့ သားလေးရဲ့ ဆေးရုံစရိတ်အတွက် အဖော်အချွတ်မယ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ ဂျွန်နီ……အဖေဆုံးသွားပြီး အကြွေးပိနေ‌တဲ့ သုဘရာဇာ ကွာရတီ…….၂၅နှစ်ထောင်ကျပြီးနောက် ထောင်က လွတ်လာတဲ့ ဂျက်……. သူတို့လေးယောက်ရဲ့ ဘဝတွေက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ်...