fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Nanu Ki Jaanu (2018) ⭐IMDB: 5.4/10 (2 k Votes) 🎬 #Bollywood #Comedy #Drama #Horror 🗓 2018 🎞 movie 🌎 #India ⏰ 2 နာရီ 11 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nanu Ki Jaanu 2018 လူကြမ်းကြီးရဲ့နှလုံးသား IMDb -5.4/10 အိမ်ငှားလုပ်ပြီး အိမ်တွေကို မတရားသဖြင့် ဈေးနှိမ်ပြီးတော့ အပိုင်သိမ်းတတ်တဲ့လူမိုက်ကြီး နာနူတစ်ယောက် တစ်နေ့ အိမ်တစ်အိမ်ကိုသိမ်းဖို့ လမ်းမှာသွားနေရင်းလမ်းပေါ်မှာ လူတွေစုရုံးစုရုံးလုပ်နေတာ တွေ့လိုက်ရပါတယ်။ ထုံးစံအတိုင်းပဲဝင်စပ်စုကြည့်တော့ သွေးအိုင်ထဲမှာ လဲနေတဲ့ကောင်မလေးတစ်‌ယောက်ကို မြင်လိုက်ရတာပေါ့။ ဘေးမှာရပ်နေတဲ့ လူတစ်အုပ်ကတော့ရဲအမှုအခင်းထဲပါမှာကြောက်ပြီးကူညီပေးဖို့ လက်တွန့်နေကြပေမဲ့ ကောင်မလေးကိုကရုဏာသက်သွားတဲ့နာနူကတော့ ကောင်မလေးကို ပွေ့ချီပြီး ဆေးရုံပို့ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ကံကြမ္မာက ကျီစယ်ချင်တော့ နာနူရဲ့ကားပေါ်က အားပေးမှုတွေနဲ့ဂရုစိုက်ပေးမှုကြောင့် ဆေးရုံတော့ရောက်သွားရှာပေမဲ့ရောက်ရောက်ချင်းပဲ အသက်ထွက်သွားတဲ့အခါ…. လူတွေက သေခါနီးနောက်ဆုံးမှာမြင်ရတဲ့အရာကို စွဲကျန်တတ်ကြသလိုပဲသေသွားတဲ့ဆစ်ဒီလေးကလည်း သေခါနီးမှာ ဂရုတစိုက်ကူညီပေးခဲ့တဲ့ နာနူကိုမှ စိတ်စွဲသွားတဲ့အခါမှတော့…… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
...

Jatt & Juliet (2012) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Bollywood #Comedy #Romance 🗓 2012 🎞 movie 🌎 #India #Canada ⏰ 2 နာရီ 21 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jatt And Juliet (2012)”ကနေဒါ ဖူးစာ”============================== နာမည်ကြီး ပန်ချာပီမင်းသား ဒီလ်ဂျစ်ဒိုဆန်ဂျ်ရဲ့ ၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် သူ့ခေတ် သူ့အခါက အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက်နောက်ဆက်တွဲ ရုပ်ရှင် နှစ်ကားထိထွက်ရှိထားပြီး IMDb မှာလည်း 7.5 ထိရိတ်တင်းရထားပါသေးတယ်။ ဇာတ်လမ်းကတော့.. ဘိုစာကို နကန်းတစ်လုံးမှမသိဘဲ ကနေဒါကိုသွားပြီး ကနေဒါမှအဖြူမလေးနဲ့ အိမ်ထောင်ပြုအခြေချချင်နေတဲ့ ဖာတယ်ဆင်းဂ်နဲ့ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ ကနေဒါကို ကျောင်းလာတက်တဲ့ ပူဂျာဆိုတဲ့ အိမ်ထောင်ပြုခါနီးကောင်မလေး။ သူတို့နှစ်ယောက် ကနေဒါမှာ တွေ့ဆုံကြပြီး အစပိုင်းမှာ တစောင်းစေးနဲ့ မျက်ချေးလိုအချင်းချင်း ရန်ဆောင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းချင်း ငြိတွယ်လာကြပုံကိုပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး တင်ဆက်ထားတဲ့ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာ Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်
...

The Face Reader (2013) ⭐IMDB: 6.8/10 (3 k Votes) 🎬 #Drama #History #Action 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 20 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Saw Wuua ပါ)
...

The Book of Life (2014) ⭐IMDB: 7.2/10 (79 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical #Romance 🗓 2014 🎞 movie 🌎 #UnitedStates #Mexico #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တော်တော်ကြည့်ကောင်းတဲ့ ကာတွန်းကားဖြစ်သလို ပေးချင်တဲ့ မက်ဆေ့တွေကလဲ တကယ်ကို ကောင်းမွန်လှပါတယ် မကြည့်ရသေးသူများ ကြည့်လိုက်ကြပါဦး ဇာတ်လမ်းအညွန်းကတော့… ဇာတ်ကားဟာ မိသားစုရဲ့ မျှော်လင့်ချက်တွေပြည့်မှီအောင်လုပ်ဖို့နဲ့ သူ့စိတ်ဆန္ဒအတိုင်း နေထိုင်ဖို့ ဆိုတဲ့အရာနှစ်ခုအကြား ရွေးချယ်ရခက်နေတဲ့ လူငယ်လေး Manolo (Diego Luna) ရဲ့ ခရီးလမ်းကိုတင်ဆက်တာဖြစ်ပါတယ်။ ချောမောလှပတဲ့ Maria (Zoe Saldana) ကိုချစ်မိသွားပြီး ဆွဲဆောင်မှုရှိတဲ့ ပြိုင်ဘက် Joaquin (Channing Tatum) နဲ့ အချစ်ရေးယှဉ်ပြိုင်ရာမှာဖြစ်တဲ့အတွက် ဝိဉာဉ်တွေဖြစ်တဲ့ La Muerte (Kate del Castillo) နဲ့ Xibalba (Ron Perlman) တို့က Maria ကိုဘယ်သူရမလဲ အလောင်းအစားလုပ်ကြပါတယ်။ Maria က Manolo ဘက်ကိုယိမ်းသွားတဲ့အခါ အလောင်းအစားကိုရူံးနိမ့်မှာစိုးရိမ်တဲ့အတွက် Joaquin ကို Maria ရဲ့ချစ်သူဖြစ်စေနိုင်ဖို့မျှော်လင့်ပြီး Xibalba က Manolo ကိုသတ်ဖို့ မြွေတစ်ကောင်ကိုလွှတ်လိုက်ပါတယ်။ Maria ရှိရာ လူသားတွေနေတဲ့ ကမ္ဘာကိုပြန်လာဖို့အတွက် Manolo တစ်ယောက် အကြီးမားဆုံးအကြောက်တရားနဲ့ ရင်ဆိုင်ရမယ့် စိတ်ကူးယဉ်ကမ္ဘာသုံးခုပါဝင်တဲ့ မယုံနိုင်ဖွယ် ခရီးစဉ်တစ်ခုကိုစတင်ရတာဖြစ်ပါတယ်။ အမေရိကန် 3D computer-animated အချစ်၊ စွန့်စားခန်း၊ ဟာသဇာတ်ကား The Book of Life ကို ဒါရိုက်တာ Jorge Gutierrez က ရိုက်ကူးပေးထားပြီး Channing Tatum, Zoe Saldana, Diego Luna နဲ့ Christina Applegate တို့ကအသံနဲ့သရုပ်ဆောင်ထားပါတယ်။ IMDb Rating (7.4/10) Rotten Tomatoes (82%) ရရှိထားလို့ ကြည့်ဖို့တိုက်တွန်းပါတယ်။
...

The Shaukeens (2014) ⭐IMDB: 4.8/10 (3 k Votes) 🎬 #Bollywood #Comedy 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Shaukeens (2014) “ခြောက်ဆယ်ကျော်အချစ်”IMDb – 4.8/10 ၁၉၈၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Shaukeenကို ပြန်လည်ဆန်းသစ်ထားတဲ့၂၀၁၄ထွက် ဟိန္ဒူရုပ်ရှင်အဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီးအက်ရှေးကူးမားနဲ့ ရုပ်ရှင်ကားကြီးတွေမှာဇာတ်ပို့နေရာကတွေ့ရတတ်တဲ့အဘိုးကြီးသုံးယောက်အဓိကပါဝင်ထားကြပါတယ်။ လာလီ၊ ကေဒီနဲ့ ပင်ကီဆိုတဲ့ ခြောက်ဆယ်ကျော်အဘိုးကြီးသုံးယောက်။ ရတာမလို လိုတာမရနဲ့ဘ၀မှာ အထီးကျန်နေကြပြီး အသက်ကြီးပေမဲ့ မပျက်စီးချင်ကြသေးဘဲ ရင်ခုန်သံတွေပျိုမြစ်လတ်ဆတ်နေတုန်းအချိန်။သုံးယောက်တည်းမှာ လူပျိုကြီးဘ၀နဲ့ ဖြတ်သန်းလာခဲ့ရသူ ကေဒီက အချမ်းသာဆုံးနဲ့ တအားပွေးချင်တဲ့သူ။သူငယ်ချင်း လာလီနဲ့ပင်ကီကိုမြှောက်ပေးပြီး သူ့အပန်းဖြေအိမ်မှာ စကီလေးတွေခေါ်ပြီးပျော်ပါးဖို့ကြိုးစားရာကစ သူတို့တွေစွဲလန်းမိသွားတာ အဟာနာဆိုတဲ့ အမျိုးသမီးလေး။အဟာနာက ဆိုရှယ်မီဒီယာကို တအားစွဲလန်းနေတဲ့သူတစ်ယောက်။ ဒီမှာပဲ အက်ရှေးရဲ့ဖန်ဖြစ်တဲ့ အဟာနာကို အက်ရှေးနဲ့တွေ့ပေးဖို့အရေးအဘိုးကြီးသုံးယောက်ကြိုးစားရာကစဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

The Monkey King (2014) ⭐TMDB: 56% User Score 🎬 #Action #Adventure #Family #Fantasy 🗓 2014 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 59 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီးအထူးသဖြင့် မြန်မာပရိတ်သက်အများအပြားအထူးကြိုက်နှစ်သက်အားပေးခဲ့ကြတဲ့ စွန်းဝူခုန်းဇာတ်ကားလေးပါ။Visual Effect အလန်းစားတွေနဲ့စွန်းဝူခုံး မွေးဖွားလာပုံကနေစပြီးနဂါးပြည်သို့သွားရောက်မွှေနှောက်ပြီး သူ့ရဲ့လက်စွဲတော်ရွှေတုတ်တံရှာပုံတော်ဖွင့်ပုံ .နတ်ပြည်သို့သွားရောက်ပြီး မွှေနှောက်ခဲ့ပုံများကို အလန်းဆုံးသရုပ်ဆောင်မှုတွေနဲ့ ကြည့်ရမယ့်ကားလေးပါ။နောက်ဆုံးမှာ မိစ္ဆာတွေနှိမ်နှင်းပြီးတဲ့နောက်မှာတော့ နတ်ပြည်ကိုဖျက်ဆီးခဲ့မှုတွေကြောင့်ဘုရားရဲ့အပြစ်ပေးခြင်းကို ခံခဲ့ရပြီးလက်ငါးချောင်းတောင်အောက်မှာ အနှစ် ၅၀၀ တိတိ ချုပ်နှောင်ခံခဲ့ရပါတယ်။အနောက်ဘက်ကိုသွားပြီး ကျမ်းစာတွေကိုသွားရောက်ပင့်ဆောင်မယ့် ဘုန်းကြီးနဲ့တွေ့မှသာလက်ငါးချောင်းတောင်အောက်ကလွတ်ပြီးအနောက်ဘက်ကကျမ်းစာတွေပင့်ဆောင်ပြီးမှသာ အပြီးလွတ်ကျွတ်ဖို့ သတ်မှတ်ခံခဲ့ရပါတယ်။ (Part 2မှာ ကျမ်းစာပင့်ဆောင်ဖို့ စတင်မှာပါ။
...

White Coats (2004) ⭐TMDB: 51% User Score 🎬 #Comedy 🗓 2004 🎞 tv series 🌎 #Canada ⏰ 1 နာရီ 39 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ဆေးရုံတိုင်းမှာဖြစ်တတ်တဲ့ အလွဲတွေကို အမေရိကန်က စိန့်အဲလ်ဘတ်ဆိုတဲ့ ဆေးရုံမှာဖြစ်နေသလို ပုံဖော်ရိုက်ကူးထားတဲ့ comedyဇာတ်ကားပဲ ဖြစ်ပါတယ်။ အမေရိကန်တစ်နိုင်ငံလုံးမှာ အညံ့ဆုံးဆေးရုံလို့ပြောရမယ့် စိန့်အဲလ်ဘတ်ဆေးရုံကို တတိယနှစ်အလုပ်သင်ဆရာဝန် တစ်သိုက်ရောက်လာပြီးမှ ကြုံတွေ့ရတဲ့ အလွဲအချော်တွေ၊ ပေါက်ကရတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ စာမေးပွဲအချကြမ်းတဲ့ ဆရာဝန်ကြီး၊ ဆေးရုံသုံးစက်တွေ ရောင်းစားပြီး အောက်ဆိုက်ရှာဖို့ပဲ အမြဲတွေးနေတတ်တဲ့ ဆေးရုံအုပ်ကြီး၊ ဘယ်သူမှလူမထင်တဲ့ နှလုံးခွဲစိတ်အထူးကု ဆရာဝန်ကြီးတို့ လက်အောက်မှာ မအူမလည်နဲ့ တလွဲ‌တွေပဲ လုပ်တတ်တဲ့သူ၊ မြင်သမျှ မိန်းကလေးတိုင်းကို နှာဘူးထဖို့ပဲ တွေးနေတဲ့သူ၊ တတ်‌ယောင်ကားလုပ်တတ်သူ၊ ရိုးမလိုလိုနဲ့ ကုတ်ကမြင်းဖြစ်နေသူ၊ ကျောင်းစရိတ်ကို နိုက်ကလပ်မှာ ရှာရတဲ့သူ၊ နှလုံးခွဲစိတ်ဆရာဝန်ဖြစ်ချင်တဲ့သူ စသဖြင့် စရိုက်ပေါင်းစုံနဲ့ အလုပ်သင်တွေရဲ့ အမှားတွေ၊ ပေါက်ကရ လုပ်ရပ်တွေကြား ဆေးရုံကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်မသွားအောင် ထိန်းရပုံကို ဟာသနှောပြီးကြည့်ရမှာပါ။ ဆေးလောကအလွဲတွေကို သဘောကျသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
...

Hotel Belgrade (2020) ⭐IMDB: 6.2/10 (2 k Votes) 🎬 #Comedy #Romance 🗓 2020 🎞 movie 🌎 #Russia ⏰ 1 နာရီ 46 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကတော့ ၂၀၂၀ ပြည့်နှစ်ကထွက်ရှိခဲ့တဲ့ ရုရှား-ဆာဘီးယန်း အချစ်/ဟာသ ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ပါဗန်က ချမ်းသာတဲ့သူဌေးတစ်ယောက်ဖြစ်ပြီး ဘဲလ်ဂရိတ်မြို့လယ်ခေါင်မှာ ခမ်းနားထည်ဝါလှတဲ့ ဟိုတယ်တစ်လုံးကိုပိုင်ထားသူပါ။ သူက တစ်နေ့မှာ လူမိုက်ခေါင်းဆောင်တစ်ယောက်နဲ့ ပြဿနာတက်ရာကနေ အဲ့ဒီလူရဲ့ သမီးက သူ့ကိုတစ်ဖက်သတ်ချစ်ကြိုက်စွဲလန်းနေသူတစ်ယောက်ဖြစ်နေတော့ ပြဿနာကိုလည်း မဖြေရှင်းနိုင်တဲ့ပါဗန်တစ်ယောက် လူမိုက်ခေါင်းဆောင်ရဲ့သမီးကို လက်ထပ်ဖို့ဖြစ်လာပါတော့တယ်။ မင်္ဂလာပွဲအတွက် ပြင်ဆင်နေစဉ်မှာပဲ ပါဗန်ရဲ့တစ်ချိန်က အဆက်ဟောင်းက သူ့ဟိုတယ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

36 Days (2024) ⭐IMDB: 8.1/10 (5 k Votes) 🎬 #Drama #Mystery #Crime #Thriller 🗓 2024 🎞 tv series 🌎 #India ⏰ 40 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 36Days 2024 (ရှုပ်ထွေးပွေလီ ဗီလာကြီး) လူကုံထံအသိုင်းအဝိုင်းတွေပဲနေထိုင်တဲ့ ဗီလာတစ်ခုမှာတိုနီဟာ အိမ်တော်တော်များများကိုပိုင်ဆိုင်ပြီးပြန်လည်အငှားချကာထားပါတယ်။ တစ်ရက်တော့ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ ဒီဗီလာကိုဖာရာဆိုတဲ့ လေယာဉ်မယ်လေး ပြောင်းရွှေ့နေထိုင်တဲ့အချိန်ကနေစပြီးတော့ ဒီဗီလာအကြားမှာ ပြဿနာတွေ ဖြစ်လာခဲ့ပါတော့တယ်။ ဒီရှုပ်ထွေးမှုတွေကြားမှာ ဖာရာက ဘယ်လိုတွေ ပါဝင်ပတ်သက်နေတာလဲ …….ပြီးတော့ အိမ်ရှာလို့မရသေးလိုဆိုတဲ့အကြောင်းပြချက်နဲ့ သူငယ်ချင်းအိမ်မှာခေတ္တလာရောက်တည်းခိုနေတဲ့ အခြောက်မလေး တာရာကရောဒီရှုပ်ထွေးတဲ့ဇာတ်လမ်းထဲမှာ ဘယ်လိုတွေ ပါဝင်ပတ်သက်နေဦးမလဲ…….ဗီလာမှာရှိတဲ့သူတွေကြားက ပြဿနာအရှုပ်တွေရော ပြန်လည်အဆင်ပြေသွားပြီးအရင်လိုပဲ အေးအေးချမ်းချမ်းနေရပါ့မလား …… ဒီဗီလာမှာရှိတဲ့သူတွေရဲ့ အချစ်, အမုန်း, ငွေကြေးအားပြိုင်မှုတွေ,အလိမ်အညာလှည့်ကွက်တွေနဲ့အတူ ဘယ်လိုလျှိ့ဝှက်ချက်များစွာတွေရှိနေမလဲဆိုတာကို ကြည့်ရှုရမယ့် အပိုင်း၈ပိုင်းပါဝင်တဲ့ ဟင်ဒီ Thriller ဝဘ်စီးရီးလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ YunnI~BpL~ToMo~KKKZ တို့ပဲဖြစ်ပါတယ်)
...

Lore (2023) ⭐IMDB: 5.0/10 (195 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 29 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက သူငယ်ချင်းလေး ယောက် ခရီးတစ်ခုကိုသွားတာကနေ အစပျိုးထားပါတယ် သူတို့ဟာ တောင် တက်ခရီးစဥ်အတွက် တောထဲကနေရာ တစ်ခုကိုသွားနေကြတာပါ သူတို့သူငယ် ချင်းလေးယောက်က နွေရာသီရောက် တိုင်း ခရီးသွားနေကြပေါ့ ဒါမဲ့သူတို့ စခန်းချတဲ့နေရာကိုရောက်တော့ ထူးဆန်းတဲ့လူကြီးကလွဲပြီး ဘယ်သူမှမရှိပါဘူး သူကတော့လမ်းပြလိုပုံစံပေါ့ သူတို့အဲ့ညမှာပဲအဲ့မှာနားကြရတော့ အဘိုးကြီးက ကြောက်မက်ဖွယ်ကောင်းတဲ့ပုံပြင်ပြောတဲ့ရိုးရာကိုပြောပြပါတယ် အဲ့တော့သူငယ်ချင်းလေးယောက်လုံးက သူတို့ရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ ပုံပြင်တစ်ခုစီကိုပြောပြမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးက တခြားHorrorကား တွေနဲ့မတူတာက ဇာတ်လမ်းတွေ အများကြီးပါတာကြောင့် ကြည့်မပျင်းပါဘူးအချိန်လည်းမရှိတာကြောင့်ဇာတ်လမ်းတစ်ခုချင်းစီတိုင်းကိုအတိုချုပ် ရိုက်ပြထားတာဆိုတော့ပျင်းဖို့လုံးဝကောင်းမနေပါဘူး ဒါမဲ့ဒီကားကဇာတ်လမ်းလေးခုနဲ့ပြီးမသွားပါဘူး အဲ့အဘိုးကြီးကသူတို့ကိုဘာလို့ အဲ့လိုပုံပြင်တွေပြောခိုင်းရတာလဲ သူကရောဘာလဲ ဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှူပေးကြပါဦး
...

Aitraaz (2004) ⭐TMDB: 59% User Score 🎬 #Bollywood #Drama #Romance #Thriller 🗓 2004 🎞 movie 🌎 #India ⏰ 2 နာရီ 33 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aitraaz (2004) “ကန့်ကွက်ချက်”Genre – Drama, Romance, ThrillerIMDB – 6.6/10 ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ရာ့ဂျ်တစ်ယောက်နဲ့ ရှေ့နေပေါက်စလေး ပရီယာတို့ဟာ ဘုရားသခင် ဖန်ဆင်းပေးတဲ့ဖူးစာအလွဲလေးကနေ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရည်းစားဘဝကနေ လက်ထပ်ကြပြီးတော့ရင်သွေးလေးလွယ်ထားတဲ့အချိန် ရာ့ဂျ်တစ်ယောက်လည်း ရာထူးတိုးတော့မယ်အချိန်မှာ ကံဆိုးမှုတွေကအဆင်းမှာဘီးတပ်ဝင်လာပါတော့တယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး သူတို့ ကုမ္ပဏီပိုင်ရှင်ရဲ့ အသစ်စက်စက်ယူထားတဲ့ ဇနီးချောလေးကြောင့် ဖြစ်ပါတယ်။ဒီတစ်ယောက်နဲ့ ရာ့ဂျ်ဟာ ဘယ်လိုတွေ သမိုင်းကြောင်းရှိခဲ့တာလဲ၊ လက်ရှိ သူတို့ဆက်ဆံရေးကိုဘယ်လိုမျိုးတွေ ဆူးခင်းလမ်း ဖြစ်လာစေမှာလဲဆိုတာကို အချစ်ဇာတ်လမ်းလေးကနေလျှို့ဝှက်သည်းဖိုအဖြစ် ကူးပြောင်းပြီး ပရိသတ်တွေကို အာရုံဖမ်းစားသွားမယ့်ကားလေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
...

Hum Chaar (2019) ⭐IMDB: 5.8/10 (348 Votes) 🎬 #Bollywood #Drama #Romance 🗓 2019 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hum Chaar (2019)ဘဝတစ်ကွေ့ IMDb 5.7/10ဇာတ်လမ်းပုံစံမြူးမြူးကြွကြွလေးနဲ့ကောလိပ်ဆေးကျောင်းသားအချစ်ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးပါမယ် ဆေးကျောင်းတက်နေကြတဲ့မတည့်အတူ‌နေသူငယ်ချင်းသုံးယောက် နမ်မစ်၊အဘီယာနဲ့ဆိုဂျူးတို့ဆေးကျောင်းမှာဗရုတ်ကျနေကြရင်း တစ်ရက်တော့ ဆေးကျောင်းကို မန်ဂျယ်ရီဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာပါတယ်။ မကြာခင်မှာပဲသူတို့သုံးယောက်လုံး ကောင်မလေးနဲ့သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ဒါပေမဲ့လည်းသုံးယောက်လုံးကမန်ဂျယ်ရီအပေါ်ခံစားချက်ရှိနေတာကိုသိပြီးကြပြီးနောက်သူမမွေးနေ့မှာပဲတစ်ပြိုင်တည်းအချစ်ကိုဖွင့်ဟပြီး သူမချစ်တာဘယ်သူလဲဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ ‌ မန်ဂျယ်ရီကမူးမူးရူးရူးနဲ့သုံးယောက်လုံးကိုအဖြေပြန်ပေးလိုက်မိပြီး နောက်ရက်‌ေရာက်တော့ဘာမှမမှတ်မိတော့ပါဘူးကောင်လေးတစ်ယောက်ကအဲဒီညကအဖြစ်ကိုရိုက်ထားတဲ့ဗီဒီယိုကို YouTube မှာတင်လိုက်တော့သူငယ်ချင်းသုံးယောက်ပြဿနာတက်ကြရင်းထိုကောင်လေးအပါ်ကို chemical ဆေး‌ရည်တွေမှောက်ကြကုန်ရင်းအချင်းပိုပွားလာကြကာ တစ်ယောက်နဲ့အပြီးတိုင်တစ်ယောက်လမ်းခွဲလိုက်ကြပါတော့တယ်။ လေးနှစ်ကြာပြီးနောက်သူငယ်ချင်း‌လေးယောက် အချင်းချင်းပြန်တွေ့ကြတဲ့အချိန်မှာတော့……. (အညွှန်းရေးသားသူ Bluri ဖြစ်ပြီး ဘာသာပြန်ဆိုသူ CM Bollywood Team မှ ဖြစ်ပါတယ်)
...

High Noon (1952) ⭐TMDB: 77% User Score 🎬 #Drama #Thriller #Western 🗓 1952 🎞 tv movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကောင်းဘွိုင်ခေတ် အမေရိကန်တောင်ပိုင်း ကသာယာမြို့လေးတစ်မြို့မှာ လွန်ခဲ့တဲ့ငါးနှစ်က ဖမ်းခံလိုက်ရတဲ့ လူဆိုးတစ်ယောက်က ကြိုးမိန့်မကျဘဲ ပြန်လွှတ်လာပြီး မြို့ကိုလက်စာချေဖို့ ပြန်လာတာကို မြို့ကသူတွေဘယ်လိုဖြေရှင်းကျမလဲဆိုတာ ရင်ခုန်ခုန်နဲ့ကြည့်ရမယ့် ဇာတ်လမ်းလေးပါ ကြည့်ရင်းနဲ့မှ ပျော်ဝင်ခံစားလို့ကောင်းတာမို့ ဇာတ်လမ်းအညွှန်းကိုတော့ တိုတိုလေးပဲညွှန်းပါရစေ
...

Death Becomes Her (1992) ⭐TMDB: 68% User Score 🎬 #Comedy #Fantasy #Horror 🗓 1992 🎞 Series 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Death Becomes Her (1992) ဒီဇာတ်ကားဟာ 1993ခုနှစ်တုန်းက best visual effects အော်စကာဆုရခဲ့တဲ့ ဇာတ်ကားပါ။ ဟောလိဝုဒ်ရဲ့ ဒိတ်ဒိတ်ကြဲ သုံးယောက်ဖြစ်တဲ့ Meryl Streep ၊Goldie Hawn နဲ့ Bruce Willis တို့ အဓိကပါဝင်ထားကြတဲ့ dark comedy , horror, fantasy အမျိုးအစား ရုပ်ရှင်ပါ။ ဇာတ်ကားဟောင်းဖြစ်ပေမယ့် တကယ်ကို ကြည့်ဖို့ ညွှန်းပါတယ်။ ဒီဇာတ်ကားရဲ့ visual effectsတွေ မိတ်ကပ်ပညာတွေဟာ တကယ်ကို သေသပ်ပါတယ်၊ ဒါတောင် 1992ခုနှစ်က ကားပါ။ ဇာတ်လမ်းကလဲ တော်တော်လေးသွက်ပြီး ဟာသတွေကလဲ ပြောင်မြောက်ပါတယ်။ ပြီးတော့ လူတိုင်းအတွက် လေးလေးနက်နက် တွေးကြည့်စရာ အတွေးစလေးတွေလဲ ချန်ခဲ့ဦးမှာပါ။ ဇာတ်လမ်းအကျဉ်း အောင်မြင်မှုသိပ် မရှိတဲ့ မင်းသမီး မက်ဒ်လင်း နဲ့ စာရေးဆရာမ ဖြစ်ချင်တဲ့ ဟယ်လင်န် တို့ဟာ ဟန်ဆောင်ပေါင်းသင်းနေကြပေမယ့် တစ်ယောက် နောက်ကျော တစ်ယောက်ဓားနဲ့ထိုးဖို့ အမြဲ ချောင်းနေကြသူတွေပါ။ တစ်နေ့မှာ ဟယ်လင်န် ဟာ သူမ လက်ထပ်ယူမယ့် ခွဲစိတ်ဆရာဝန် ဒေါက်တာအန်းနက်စ်ကို မက်ဒ်လင်းနဲ့ မိတ်ဆက်ပေးမိရာကနေ၊ ငွေကြေးချမ်းသာတဲ့ ခွဲစိတ်ဆရာဝန်ကြီးကို မက်ဒ်လင်းက ဖြတ်ခုတ်သွားပါတော့တယ်။ ဒီလိုနဲ့ တစ်ယောက်အပေါ် တစ်ယောက် အမုန်းတရားတွေ ပိုများလာပြီး ဘာတွေဆက်ဖြစ်ကြလဲဆိုတာကို ပုံမှန် အိမ်ထောင်ရေး အရှုပ်ရှင်းကားတွေနဲ့ ကွဲပြားစွာ တက်ဆက်ပြထားပါတယ်။ နောက်ထပ် ဇာတ်ကားအကြောင်းဆက်ပြောရင် spoilမိတော့မှာမို့ ကိုယ့်ဘာသာ ဆက်ကြည့်လိုက်ကြဖို့ပဲ ညွှန်းပါတယ်။ ဒါရိုက်တာကလဲ Back to the Future တို့လို legendary classic movie မျိုးတွေကို ရိုက်ကူးခဲ့တဲ့ Robert Zemeckisမို့ ဘာမှ မကောင်းမှာ စိတ်ပူစရာမလိုပဲ စိတ်ချလက်ချကြည့်ဖို့ ညွှန်းလိုက်ပါတယ်ဗျ။
...

Grendel (2017) ⭐TMDB: 55% User Score 🎬 #Crime #Drama #Mystery #Thriller 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 38 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Grendel (2017) လူတစ်ယောက်ရဲ့ သေဆုံးမှုက ကိုယ့်ဘဝရဲ့ အောင်မြင်မှုလမ်းစဆိုရင်… သင် ဘာလုပ်မလဲ??လူ့သဘာဝ၊ မီဒီယာတွေရဲ့ သဘော၊ ကိုယ်အဆင်ပြေဖို့ကိုပဲရှေ့တန်းတင်တတ်တဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို ဒီဇာတ်ကားမှာ ကြည့်ရှုရမှာပါပဲ။ စာရေးဆရာဟန်ဂျွန်းဟာ သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားသူဖြစ်ပေမဲ့ အားပေးသူတော့ သိပ်မရှိလှပါဘူး။တစ်နေ့ သူ့ဝတ္ထုထဲက လူသတ်မှုအတိုင်း ပုံစံတုလူသတ်မှု‌ ပေါ်ပေါက်လာတဲ့အခါလူစိတ်ဝင်စားမှု မြင့်တက်လာပြီး သူ့စာအုပ်ကလည်း ရောင်းမလောက်ဖြစ်လာတော့တာပါပဲ။ဒီလိုနဲ့ ဟန်ဂျွန်းတစ်ယောက် သေဆုံးသူကိုတောင် အားမနာနိုင်ဘဲနာမည်ကြီးလာဖို့အတွက် ရဲတွေလှည့်စား၊ မီဒီယာကို အသုံးချ လုပ်ပါတော့တယ်။ဒါပေမဲ့ ဇာတ်လမ်းက အဆုံးမသတ်ရသေးတဲ့အခါ… လက်သည်မပေါ်တဲ့ အမှုရဲ့နောက်ဆက်တွဲကို သူ ဘယ်လိုဖြေရှင်းမလဲအောင်မြင်မှုကို ဖက်တွယ်တတ်ကြတဲ့ လူတွေအကြောင်းကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်း နဲ့ ဘာသာပြန်ကတော့Su Myatပဲ ဖြစ်ပါတယ်)
...

A Costa Rican Wedding (2024) ⭐IMDB: 6.1/10 (431 Votes) 🎬 #Adventure #Comedy #Romance 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates ⏰ 1 နာရီ 24 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကော်စတာရီကာဆိုတာနဲ့ ကမ်းရိုးတန်းတွေ၊ အပူပိုင်းသစ်တောတွေနဲ့ ဌာနေတောရိုင်းတိရစ္ဆာန်တွေကြောင့် နာမည်ကြီးလှပါတယ်။ နောက်တစ်ခုကတော့ ချစ်သူတွေအတွက် ပျားရည်ဆမ်းခရီးထွက်ဖို့ရာနေရာတစ်ခု အနေနဲ့လည်း နာမည်ကြီးပြန်တယ်။ အချစ်ရဲ့အငွေ့အသက်တွေပြည့်နေတဲ့ ကော်စတာရီကာက ချစ်သူတွေအတွက် လောကနိဗ္ဗာန်ဘုံ တစ်ခုဖြစ်သလို အသည်းကွဲနေတဲ့သူတွေအတွက်လည်း အချစ်ကို ပြန်လည်တွေ့ရှိနိုင်တဲ့နေရာတစ်ခုလို့ဆိုရင် မှားနိုင်မယ်မထင်ဘူး။ အသည်းကွဲနေတဲ့ ဆရာဝန်မလေး အမ်မလီတစ်ယောက် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဖိုဘီ နဲ့ ဂျမဲလ်တို့ရဲ့ ကော်စတာရီကာမှာလုပ်မယ့် မင်္ဂလာပွဲအတွက်ကူညီပြင်ဆင် ပေးနေသူပေါ့။ နှစ်ဖက် မိသားစုဆုံချိန်မှာတော့ သူလုံးဝကြည့်မရခဲ့တဲ့ ရိုင်ယန်ဆိုတဲ့ အမျိုးသားကပါ သတို့သားရဲ့မိသားစုဝင်အနေနဲ့ပါလာတော့ အမ်မလီတစ်ယောက် စိတ်ရှုပ်သွားခဲ့ရတယ်။ ပိုဆိုးတာကတော့ ရှပ်ပြာပြာအမ်မလီတစ်ယောက် လက်ထပ်လက်စွပ်ထည့်လာတဲ့ ကျောပိုးအိတ်ကို ‌မျောက်တွေလုသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ? မင်္ဂလာပွဲကရော ဆက်လက်ကျင်းပနိုင်မှာလား? အမ်မလီရဲ့ကြေကွဲနေတဲ့ နှလုံးသားကိုရော ကော်စတာရီကာက ကုစားပေးနိုင်မှာလား? အချစ်ဟာသကားလေးမို့ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဖြစ်မှာပါ။ ကိုယ့်ကိုအမှတ်ပေးဆိုရင်တော့ 7.5/10 လောက်တော့ ပေးပါမယ်။
...

Scam1770 (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Scam 1770 ( 2024 )လှည့်ကွက်များIMDb 7.4/10 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့2024 ထွက် Scam ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ NEET စာမေးပွဲရဲ့ ရက်စက်တဲ့အဖြစ်မှန်တွေနဲ့ပညာရေးလောကရဲ့ရိုက်စားလုပ်ကွက်တွေကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ဇာတ်လမ်းအစမှာပဲ နစ်သရာဆိုတဲ့ကောင်မလေးဟာသူ့ရဲ့ဆေးကျောင်း၀င်ခွင့်ကိုလက်လျှော့လိုက်တာနဲ့စထားပါတယ်။ကောင်မလေးဟာ ၀င်ခွင့်ကိုလက်လျှော့လိုက်ရုံတင်မကဘဲရထားလမ်းပေါ်မှာပါ သေကြောင်းကြံသွားပါသေးတယ်။လူတွေကတော့ စာမေးပွဲမအောင်လို့ လုပ်မိလုပ်ရာလုပ်တယ်လို့ပဲထင်ကြတာပေါ့ဗျာ။ ဘာကြောင့်များလဲ။ ဘယ်လိုအခက်အခဲတွေကြောင့် ဆရာ၀န်ဖြစ်ချင်လှတဲ့နစ်သရာတစ်ယောက်အိပ်မက်တွေအကောင်အထည်ဖော်ရခါနီးမှာ ဘာကြောင့်များ လက်လျှော့ပြီး ဘ၀ကိုအရှုံးပေးသွားတာပါလဲ။ဖိအားတွေကြောင့်များလား။ ဒါမှမဟုတ် ပျက်စီးခြစားနေတဲ့ပညာရေးစနစ်ကပဲသူ့ကိုအဆုံးစွန်ထိတွန်းပို့ခဲ့တာလား။ နစ်သရာရဲ့သေဆုံးမှုနောက်ကွယ်မှာ ဘာတွေရှိဦးမလဲ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...

Sex-Positive (2024) ⭐IMDB: 4.2/10 (423 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ပရိသတ်ကြီးအတွက် မဖြစ်မနေ ၁၈ ယောက် စုကြည့်ရမယ့် ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်ဟာဆိုရင် ပွင့်လင်းရှင်းလင်းတဲ့ ပြကွက်ပေါင်းများစွာ ပါဝင်နေပေမယ့် p-o-r-n လို နှိုးဆွစေရန် မရည်ရွယ်ဘဲ လိင်ပိုင်းဆိုင်ရာ အသိပညာပေး ဟာသရုပ်ရှင် ပုံစံမျိုး တင်ဆက်ထားပါတယ် Virginia က ဇာတ်လမ်းအစမှာ ကောင်လေးတစ်ယောက် ပစ်တာခံလိုက်ရပြီး ပေါက်ကွဲနေချိန်မှာ Jake ဆိုတဲ့ ကောင်လေးနဲ့တွေ့ပြီး Jake က သူ့စံအိမ်ကို ခေါ်လာပါတယ် ဟိုရောက်တော့ ယောကျာ်း မိန်းမမျိုးစုံ အဝတ်တွေမကပ်ကြဘဲ ပွင့်လင်းမြင်သာစွာ လိင်အပျော်ကြူးနေတာကို မြင်လိုက်ရတော့ Virginia တစ်ယောက် အံ့အားသင့်သွားရပါတယ် Jake က သူ့ပရောဂျက်အတွက် Virginia ကို ကမ်းလှမ်းလာတဲ့အခါမှာ Virginia တစ်ယောက် အလုပ်လည်း မရှိ နေစရာလည်းမရှိသေးတာကြောင့် အရာရာစမ်းသပ်ကြည့်ဖို့ လက်ခံလိုက်ပါတယ် ဒီရုပ်ရှင်မှာဆိုရင် အမျိုးစားစုံလင်အောင် မူမမှန်တဲ့ ကာမစိတ်အမျိုးမျိုးနဲ့အတူ BDSM, Group Sex စတဲ့ နည်းနည်းဆန်းတာကစလို့ ကျွန်တော်တို့သိမှာမဟုတ်လောက်တဲ့ အဆန်းကြယ်ဆုံး လိင်မှုကိစ္စတွေပါ ထည့်သွင်းထားပြီး consent ( နှစ်ဦးသဘောတူညီချက်) ရဲ့ အရေးပါပုံ… လိင်စိတ်အပေါ် အကောင်းမြင်မှု၊ ယောကျာ်းမိန်းမ အယူဝါဒ ကွဲပြားမှုအပြင် အချစ်နှင့် ပျော်ရွှင်မှုကိုရှာဖွေကြပုံတို့ကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရမှာပါ
...

Turtle (2018) ⭐IMDB: 6.9/10 (135 Votes) 🎬 #Bollywood #Drama 🗓 2018 🎞 movie 🌎 #India ⏰ 1 နာရီ 11 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Turtle (2018) “လိပ်ကလေး”IMDb – 6.9/10 ၂၀၁၈ကထွက်ရှိခဲ့ပြီး အားလုံးနဲ့မစိမ်းတဲ့ ဇာတ်ပို့သရုပ်ဆောင် ဆန်ဂျေးမီရှရာအဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေးကိုတင်ဆက်ပေးပါရစေ။ ရွာမှာ မိုးခေါင်ရေရှားဖြစ်ပြီး ရေတွင်းရေကန်တွေ ခန်းခြောက်ကုန်တာ ရှစ်နှစ်ကြာခဲ့ပါပြီ။ဒါကို ရွာလူကြီးရမ်ကာရန်ရဲ့ ကျိန်စာသင့်နေတဲ့မြေးဖြစ်သူကံဆိုးမှုကြောင့်လို့ ယိုးမယ်ဖွဲ့ကြပါတယ်။ မြေးဖြစ်သူကိုအပြစ်တင်ကြတာ မခံနိုင်တဲ့ရမ်ကာရန်က သူ့ခြံဝင်းထဲမှာ ဘိုးဘေးတွေမြှုပ်ထားခဲ့တဲ့ ရွှေချောင်းတွေရှိတယ်။အဲဒါတွေကို တူးပြီး ရေကန်အကြီးကြီးဆောက်ပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ဒီမှာပဲ ရွာသူရွာသားတွေစုရုန်းပြီး ရွာလူကြီးရမ်ကာရန်ရဲ့ခြံဝန်းထဲမှာရွှေချောင်းတွေရှာဖို့ မြေတူးကြရာကစ မထင်မှတ်ထားတဲ့အရာတွေဖြစ်လာခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunniတို့ဖြစ်ပါတယ်)
...

Boat (2024) ⭐IMDB: 7.6/10 (683 Votes) 🎬 #Bollywood #History #Comedy #Adventure 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Boat (2024) လှေ IMDb-7.9/10 အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ် ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ….။ ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမ‌ကို အိမ်ထောင်ချပေးဖို့အရေး ၊ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကိုမပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်….။ ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်….။ ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်….။ တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလိုဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့….။ ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်
...