fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
https://m.media-amazon.com/images/M/MV5BMTEzYTIzN2ItNDQ5Ny00YWVmLWFmZWYtNmNmMWIxY2IyMmFkXkEyXkFqcGdeQXVyOTQ2NDIyMTM@._V1_FMjpg_UX1000_.jpg B Cut (2022) ⭐IMDB: 6.0/10 (13 Votes) 🎬 #N/A 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 South Korea ⏰ 1 နာရီ 32 မိနစ် 49 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 B Cut (2022)ကိုးရီးယား action, thriller ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်မင်းသမီး မင်ယောင်းတစ်ယောက် ဖုန်းပြုပြင်ရေး နှင့် ဒေတာပြန်လည်ရရှိအောင်လုပ်ပေးတဲ့ ကုမ္ပဏီတစ်ခုကိုရောက်လာရင်း….ဖုန်းထဲရှိ B-cut ဒေတာ အပိုင်းကိုပြန်လည်ရရှိအောင် ဆောင်ရွက်ပေးဖို့ပြောရာ… အများပြည်သူမသိသင့်သော ကမ္ဘာကို ချမပြသင့်သော အရာဖြစ်ပြီး… ထိုအရှုပ်တော်ပုံကို Korea ပြည်သူတစ်ရပ်လုံးသိသွားသောအခါ…Translated & Encoded by AMO

https://m.media-amazon.com/images/M/MV5BNmJjZGVlMGMtN2E3YS00ZmU3LWJiMDEtNGIyN2Y4YzQzOWJjXkEyXkFqcGdeQXVyMTUwMTUzMjkx._V1_FMjpg_UX1000_.jpg Break through the line of fire (2021) ⭐IMDB: 5.4/10 (20 Votes) 🎬 #Drama 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 China ⏰ 1 နာရီ 24 မိနစ် 19 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Break through the Line of Fire (2021)Rong ဆိုသူက အရှေ့တောင်အာရှမှာ အတော်ဆုံး ဘော်ဒီဂတ်များထဲက တစ်ယောက်ဖြစ်ခဲ့သော်လည်း…မထင်မှတ်ဘဲ မက်ရှင် ကျရှုံးသွားရာ သူ့ညီ သေဆုံးသွားတယ် တချိန်ထဲမှာပင် ဇနီးလဲဆုံးသွားသဖြင့် အလုပ်မှ အနားယူကာ သာမန်ဘဝလေးနဲ့ပဲ နေထိုင်ရင်း…..မထင်မှတ်ထားတဲ့အချိန် သူ့ရဲ့သမီးဟာ ဆေးအမှုမှာ ပါဝင် ပတ်သက်နေခဲ့ပြီး ထိုအဖွဲ့မှ ပြန်ပေးဆွဲသွားရာ…. ဖခင်ဖြစ်သူက သမီးကို ကယ်တယ်ရန် တစ်ကိုယ်တည်း ဘယ်လိုတိုက်ပွဲဝင်မလဲဆိုတာ…Translated & Encoded by AMO

https://image.tmdb.org/t/p/original/dEk0kC7uq54g7cVheQBgiAcCuNH.jpg Ivanna (2022) ⭐IMDB: 5.9/10 (577 Votes) 🎬 #Horror #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Indonesia ⏰ 1 နာရီ 42 မိနစ် 44 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Ivanan (2022)Horror, Thriller ကြိုက်တဲ့သူအတွက်ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်အမ်ဘာနဲ့ဒီကာ တို့နှစ်ယောက် မိဘတွေသေဆုံးပြီးနောက် အဝေးတစ်နေရာသို့ပြောင်းရွှေ့သွားရာအမ်ဘာဆိုတဲ့ အမျိုးသမီးငယ်လေးက အမြင်အာရုံအားနည်းပေမဲ့ တခြားသူတွေ မမြင်နိုင်တဲ့အရာများကို မြင်တွေ့ရသောအခါ…အမ်ဘာရဲ့အမြင်အာရုံမှာ ခေါင်းမပါတဲ့ ဒတ်ချ် အမျိုးသမီးIvanna အကြောင်း သိသောအခါ….Translated & Encoded by AMO

https://image.tmdb.org/t/p/original/8XYghKF0xkxp5A7QtK2F5vffdpZ.jpg Black Swan (2010) ⭐IMDB: 8.0/10 (771 k Votes) 🎬 #Drama #Thriller 🗓️ 2010 🎞️ Movie 📺 1080p FHD 🌎 USA ⏰ 1 နာရီ 48 မိနစ် 08 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Black Swan (2010)ဘဲလေးအကသမား နီနာက အဓိက ခေါင်းဆောင်နေရာတွေ သရုပ်ဆောင်ဖို့ ရွေးချယ်ခံရသော်လဲ…အနုပညာ ဒါရိုက်တာ သောမတ်စ် က လီလီက ပိုပြီးသင့်တော်သည်ဟုယူဆကာ.Translated & Encoded by AMO

https://image.tmdb.org/t/p/original/m4SDHYqLbYHnq5Lb6XPZPHgBbID.jpg Elena Undone (2010) ⭐IMDB: 6.1/10 (6 k Votes) 🎬 #Adult #Drama #Romance 🗓️ 2010 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 52 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************ LGBT တွေအပေါ် နားလည်စာနာနိုင်စေမယ့်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်။ အယ်လီနာဝင်းတားစ် ဟာ ခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်ရဲ့ အမျိုးသမီးဖြစ်ပြီး သားတစ်ယောက်လည်းရှိပါတယ်။ ခင်ပွန်းသည်နဲ့ အတူ ဘုရားကျောင်းအမြဲတက်ပေမယ့် တချို့သောလှုပ်ရှားမှုများမှာ အင်တိုက်အားတိုက်မဆောင်ရွက်တဲ့အတွက် သူ့ပတ်ဝန်းကျင်မှ ာ အထီးကျန်နေသူတစ်ယောက်ဖြစ်ပါတယ်။ စာရေးဆရာမလွန်းဘတ်ကတော့ ယောက်ျားလျာ တစ်ယောက်ဖြစ်ပြီး သူ့အမေကိုပြုစုရင်းနဲ့ တွဲနေတဲ့ကောင်မလေးက ခြံခုန်သွားတာကြောင့် အသည်းကွဲနေသူ ဖြစ် ပါတယ်။ ယောက်ျားလျာတစ်ယောက်နဲ့ အသည်းကွဲနေတဲ့အိမ်ရှင်မဟာ ကံကြမ္မာရဲ့စေစားမှုကြောင့် မမျှော်လင့်ဘဲ တွေ့ဆုံပါတော့တယ်။ တွေ့ဆုံပြီးနောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်များစွာ ကြုံတွေ့ရပါတော့တယ်။ LGBT တွေရဲ့ခံစားချက်တွေ၊ အခက်အခဲတွေ၊ ပတ်ဝန်းကျင်ရဲ့ မေးငေါ့မှုတွေကို ကြံကြံခံနိုင်ဖို့ရာ သာမန်လူတွေ ထက်အဆများစွာခက်ခဲကြောင်း ရိုက်ပြထားတာပါ။ မိသားစုအတူကြည့်ဖို့ မသင့်တဲ့အခန်းများစွာပါဝင်ပါတယ်။

https://image.tmdb.org/t/p/original/26yQPXymbWeCLKwcmyL8dRjAzth.jpg Devotion (2023) ⭐IMDB: 6.9/10 (4 k Votes) 🎬 #Action #Drama #War 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 2 နာရီ 20 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Devotion (2023) ဖြစ်ရပ်မှန်အခြေခံ စစ်ကားနောက်တစ်ကား လာပါပြီ။Top Gun, Midway စတိုင် လေကြောင်းစစ်ပွဲကားပါပဲ။စစ်ကားကောင်းတွေကလည်း ထွက်ဖို့ရှားတတ်ပြီး ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တွေကလည်းရိုက်စရာဇာတ်လမ်းကုန်နေပြီမို့ အက်မင်ဆိုတတိယကမ္ဘာစစ်တောင် မျှော်နေပါပြီ။ဒီစစ်ကားကတော့ ကောင်းပါတယ်။ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲကာလ၊ တောင်-မြောက်ကိုရီးယားနယ်စပ်တိုက်ပွဲမှာဝင်တိုက်ခဲ့တဲ့အမေရိကန်ရေတပ်လေယာဉ်မှူးတွေအကြောင်းပဲဖြစ်ပါတယ်။သူရဲကောင်းဆုတွေရခဲ့ပြီး ယနေ့ထိ ထင်ရှားဆဲ လေယာဉ်မှူးတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒုတိယကမ္ဘာစစ်အပြီး စစ်ပွဲမတွေ့ဖူးတော့ဘဲ ကင်းထောက်ပျံလိုက် လေ့ကျင့်လိုက်လုပ်နေတဲ့ တိုက်လေယာဉ်အုပ်-၃၂ မှာတစ်ဦးတည်းသော လူမည်းပိုင်းလော့ဖြစ်တဲ့ ဂျက်ဆီဘရောင်းလည်းပါဝင်ပါတယ်။သူရဲ့ သူငယ်ချင်းကောင်းကတော့ တွမ် ဟက်ဒ်နာလို့ခေါ်တဲ့ ဗိုလ်လေးပဲဖြစ်ပါတယ်။သူတို့တွေဟာ လေ့ကျင့်တဲ့အဆင့်ကနေ တောင်မြောက်ကိုရီးယားနယ်စပ်မှာဖြစ်လာတဲ့ စစ်ပွဲကို ကူညီဖို့အတွက်လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ထွက်လာပြီးလေကြောင်းတိုက်ပွဲတွေဆင်နွှဲရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။

https://image.tmdb.org/t/p/original/bbVFeTA4vv7gqXb8dPzxTg9j2gr.jpg Dungeons & Dragons (2000) ⭐IMDB: 3.6/10 (34 k Votes) 🎬 #Action #Adventure #D&D Trilogy #Fantasy 🗓️ 2000 🎞️ Movie 📺 1080p FHD 🌎 United States, Czech Republic, Canada ⏰ 1 နာရီ 48 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dungeons & Dragons (2000) Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။ Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။ ~ ဇာတ်လမ်းအကျဉ်း ~ Dungeons & Dragons Trilogy ရဲ့ အကောင်းဆုံးကားလို့ပြောရပါမယ်။ Jeremy Ironsတို့ Marlon Wayansတို့ပါဝင်ထားပါတယ်။ အသစ်ပြမယ့် Reboot ကလည်း ဒီကားကိုပဲ အခြေခံထားတယ် ထင်ပါတယ်။ ဒီကားမှာတော့ အစ်ဇမာရဲ့ဧကရီမလေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထီးနန်းစိုးစံဖို့ဖြစ်လာပါတယ်။ ဒါပေမဲ့ကောင်စီက ဧကရီမလေးရဲ့ မှော်ဆရာတွေနဲ့ သာမန်လူတွေကို တစ်သားတည်းထား တန်းတူညီမျှအခွင့်အရေးပဲ ပေးချင်တဲ့ ပုန်ကန်တတ်တဲ့ဗီဇကို ကြောက်ရွံ့ပြီး ဧကရီမလေးဆီက အာဏာသိမ်းတဲ့ သဘောဆန်ဆန်လုပ်ဖို့ကြံလာပါတယ်။ ဒီခေတ်မှာတော့ ဘုရင်မဟာ နဂါးတွေကိုထိန်းချုပ်နိုင်စွမ်းရှိပြီး နဂါးတွေနဲ့ တိုက်ခိုက်တာတွေ ဘာတွေမြင်ရပါမယ်။ ဒါပေမဲ့ ကောင်စီက ဧကရီမလေးရဲ့ ရာဇတောင်ဝှေးကို အကြောင်းပြချက်ပေးသိမ်းယူဖို့ကြံတာကြောင့် ဧကရီမလေးနဲ့ လူယုံတွေဟာ နဂါးနီတွေကို ထိန်းချုပ်နိုင်တဲ့ ကျိုင်းကိုရှာပြီး သူ့လက်နက်အစားကိုင်စွဲပြီး ကောင်စီကို ဆန့်ကျင်ဖို့ လုပ်ပါတယ်။ ပုံပြင်ထဲမှာသာရှိပြီး မတွေ့တာကြာပြီဖြစ်တဲ့ ဒီကျိုင်းကိုရှာဖို့ မှော်ကျောင်းကမှော်ဆရာမလေးရယ် ဧကရီမလေးရဲ့အမှုထမ်းရယ် သူခိုး၂ကောင်ရယ် လူပုလေးတစ်ကောင်ရယ် စွန့်စားခန်းဖွင့်ကြတာကို ကြည့်ရမှာပါ။ နတ်သူငယ်တွေလည်း ပါပါသေးတယ်။ ဒီတော့ သူ့ပုံစံကြီးက GoT နဲ့ LoTR ကိုပေါင်းထားသလိုလိုပါပဲ။ ဘာနေနေကြည့်ကောင်းတဲ့ စွန့်စားခန်းမှော်ကားတစ်ကားလို့ပြောလို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BM2EyYWRjZjQtMTc4Yy00MTg4LTgwNjgtZDM2ZDUyMWVmODI4XkEyXkFqcGdeQXVyNjc3MjQzNTI@._V1_FMjpg_UX1000_.jpg A Girl on the Shore (2021) ⭐IMDB: 5.8/10 (86 Votes) 🎬 #Adult #Drama #Romance 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 Japan ⏰ 1 နာရီ 48 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ***************************** 18+ ဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်း ကျောင်းသူလေးခိုအုမဲဟာ စီနီယာကျောင်းသားမိဆုခိနဲ့ ဒိတ်နေတယ်လို့ကျောင်းမှာသတင်းထွက်နေပေမယ့် မိဆိုခိဟာခိုအုမဲကို အပျော်ပဲကြံတယ်။စိတ်အလိုရှိရင်ခဏသုံးပြီးပစ်ထားလိုက်တယ်။ဒါပေမယ့် ရုပ်ချောချောကောင်လေးတွေကိုသဘောကျတဲ့ ခိုအုမဲဟာ စိတ်မနာပါဘူးတစ်ဖက်မှာလည်း ပထမနှစ်ကတည်းတစ်တန်းတည်းအတူတူတက်တဲ့အိဆိုဘဲဆိုတဲ့ကောင်လေးက တစ်သီးတစ်ခြားနေတတ်တော့ကျောင်းမှာသူငယ်ချင်းဆိုတာမရှိဘူးဒါပေမယ့် အိုခုမဲတစ်ယောက်တည်းသာသူ့အတွက်သူငယ်ချင်းလို ဖြစ်နေတယ်။အိဆိုဘဲကို အိုခုမဲတစ်ယောက်မကြိုက်ပေမယ့် ဆယ်ကျော်သက်တို့သဘာဝလက်တည့်စမ်းရင်းနဲ့ပဲ….

https://m.media-amazon.com/images/M/MV5BZjhmN2Q1ODctMGFkMS00NzQzLThiY2EtOTg1ZmI1YWFhZjA1XkEyXkFqcGdeQXVyMTA0NDQwNTQx._V1_FMjpg_UX1000_.jpg Sodium Day (2022) ⭐IMDB: 6.3/10 (50 Votes) 🎬 #Comedy #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 South Africa ⏰ 1 နာရီ 41 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sodium Day (2022)===============IMDb Rating – 6.3/10 “Sodium day”ဆိုတဲ့ဇာတ်ကားလေးဟာ တောင်အာဖရိကကျောင်းတစ်ကျောင်းဖြစ်တဲ့ ဂျွန်ရှယ်ဘီကျောင်းဝင်းထဲမှာClass-12Yရဲ့ ကျောင်းသားသုံးယောက် ရေပုံးထဲမှာ ဆိုဒီယမ်ကိုနှစ်ပြီး လက်ကမြင်းရာကစပါတယ်။ ဆိုဒီယမ်ကပေါက်ကွဲသွားတော့ သူတို့ကဂုဏ်ယူတဲ့အနေနဲ့ အဲ့နေ့ကို “Sodium day”လို့ တောင်ကင်ပွန်းတပ်လိုက်ကြပါသေးတယ်။ အဲ့နေ့ “Sodium day”နေ့မှာ ကျောင်းသူတစ်ယောက် ကျောင်းမပျက်စဖူးပျက်တယ်။ တခြားကျောင်းကကျောင်းသားတွေကျောင်းသားဖလှယ်ရေးပရိုဂရမ်နဲ့ မလာစဖူးလာတယ်။ လူမိုက်(၂)ယောက် ကျောင်းထဲကို သေနတ်ကိုင်ပြီးရောက်ချလာတယ်။အဲ့လိုအဖြစ်အပျက်စုံစီနဖာကြောင့် သူတို့ရဲ့ ပျင်းစရာကောင်းတဲ့သာမန်ကျောင်းလေးဟာ အဲ့နေ့မှာငြိမ်သက်နေတဲ့ရေပြင်ကိုကျောက်ခဲပစ်ချလိုက်သလို ဂယက်ထသွားခဲ့ရပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ၊ ပညာရေးအထောက်အပံ့အားနည်းမှုတွေ၊ဒေသလုံခြုံရေးအားနည်းမှုတွေကို နေ့တစ်နေ့တည်းမှာတင် ပုံဖော်ပြသွားတာကို “Sodium Day”ဆိုတဲ့ဇာတ်ကားလေးမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ NgweZin ဖြစ်ပါတယ်)

https://image.tmdb.org/t/p/original/yzbtaa8rNZ7p6IJH0Co4xW98MC1.jpg Dungeons & Dragons: The Book of Vile Darkness (2012) ⭐IMDB: ⁉️ 🎬 #Action #Adventure #D&D Trilogy #Fantasy 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 United Kingdom, Bulgaria ⏰ 1 နာရီ 29 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Dungeons & Dragons : The Book of Vile Darkness (2012) Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။ Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။ ~ ဇာတ်လမ်းအကျဉ်း ~ ဒီတတိယကားကတော့ ပထမကားနဲ့ရော ဒုတိယကားနဲ့ရော မအပ်စပ်တော့ပါဘူး။ ခေတ်တစ်ခေတ်မှာ ဆိုးယုတ်တဲ့‌ မှော်ဆရာတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဒီဘဲက ဘယ်လောက်ယုတ်သလဲဆို သူကလူဆိုတော့ လူ့သက်တမ်းတစ်လျှောက်လေးပဲ ယုတ်ရမှာ နည်းလိုက်တာဆိုပြီး သံသရာအဆက်ဆက်ယုတ်ဖို့ ကြံစည်ပါတယ်။ နတ်ဆိုးကို ဝိညာဉ်ရောင်းပြီး သူ့ခန္ဓာကိုယ်ကို ယုတ်ညံ့မှုအပေါင်းကို ခေါ်ဆောင်လာမယ့် စာအုပ်အဖြစ်ပြောင်းလဲခဲ့တာပါ။ ဒီစာအုပ်ကိုကြည့်မိတဲ့လူတိုင်း မကောင်းဆိုးရွားဖြစ်ကုန်ပါမယ်။ ကြာလာရင်တစ်လောကလုံး မကောင်းဆိုးရွားဖြစ်ပြီး လောကကြီးပျက်မယ့် မဟာအိုင်ဒီယာကြီးပေါ့။ ဒါပေမဲ့ အလင်းနတ်ဘုရား ပါလာရဲ့ ကျေးကျွန်တွေဖြစ်တဲ့ နယူးဆန်းသူရဲကောင်းတွေက သူတို့ကိုတားဆီးပြီး လောကကြီးကိုကယ်တင်လိုက်ပါတယ်။ စာအုပ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ အကုန်တော့မပျက်ဘဲ ကျန်နေတဲ့အစိတ်အပိုင်းတွေကို နောက်မျိုးဆက်ရဲ့လူယုတ်တွေက ပြန်အသက်သွင်းဖို့ကြံပါတယ်။ ဒီအချိန်မှာ ဒါကိုတားမယ့် သူရဲကောင်းတွေက ဘာအစွမ်းမှမရှိတော့ပါဘူး။ နှစ်ရှစ်ရာလုံး အားယားနေခဲ့လို့ စွမ်းအားလက်မဲ့ဖြစ်ကုန်ကြပါပြီ။ တစ်နေ့သူရဲကောင်းသစ်ဝင်တဲ့အခမ်းအနားလုပ်နေတုန်း သူတို့ကို အကုန်သတ်သွားပြီး သူရဲကောင်းတစ်ယောက်သာကျန်ပါတယ်။ သူ့အဖေက‌တော့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူရဲကောင်းဟာ သူ့အဖေကိုဖမ်းထားတဲ့နေရာကို သိရအောင် လူဆိုးတွေနဲ့ပေါင်းပြီး နဂါးတွေဘာတွေသတ်ပြီး လူဆိုးတွေနဲ့ စွန့်စားခန်းထွက်ပါတယ်။ စာအုပ်ပြန်ပေါ်လာမှာကို သူရဲကောင်း ဘယ်လိုတားမလဲတော့ သူတို့ရဲ့စွန့်စားခန်းကြီးမှာ ကျွန်တော်တို့မြင်ကြရမှာပါ။ (ဒီဇာတ်ကားတွေနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)

https://image.tmdb.org/t/p/original/abJiDooakUefaStfGBShm0I3ENc.jpg Survival of the Dead (2009) ⭐IMDB: 4.8/10 (22 k Votes) 🎬 #Comedy #Drama #Horror 🗓️ 2009 🎞️ Movie 📺 1080p FHD 🌎 United States, Canada ⏰ 1 နာရီ 30 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Survival of the Dead (2009) ======================= ခေတ်ကြီးက Zombies တွေ နဲ့ ကမ္ဘာကြီးကပရမ်းပတာတွေဖြစ်နေတဲ့ အချိန်ပေါ့။ ဒီလိုအခြေအနေတွေကြားမှာ အထက်ကိုစိတ်နာပြီးတပ်ပြေး လာတဲ့ ‌ဆာ့ခ်ျတို့ စစ်သားတွေတသိုက်။ ပလမ်းကျွန်းပေါ်မှာကလည်း အိုဖလင်း မိသားစုနဲ့ မဲလ်ဒွန်းမိသားစုရဲ့ဇွန်ဘီး တွေအပေါ်အယူအဆကွဲလွဲပုံကြောင့်ပစ်ခတ်နေကြတာကပုံမှန်လိုပဲ။ အိုဖလင်းတွေက ဒီဖုတ်ကောင်တွေကိုအမြစ်ဖြုတ်သတ်ပစ်ရမယ် ထင်ကြတယ်။ မဲလ်ဒွန်းတွေက ဒီကောင်တွေကိုပြောင်းလဲနိုင်မယ်ထင်ကြတယ်။ အားလျော့တာတဲ့ အိုဖလင်းတွေရဲ့ခေါင်းဆောင် ပတ်ထရစ်ဟာ တနေ့မှာ‌တော့ ကျွန်းကနေပါနှင်ထုတ်ခံရပါတော့တယ်။ ကျွန်းကိုပြန်နိုင်ဖို့ကြံနေတဲ့ ပတ်ထရစ်နဲ့ ဘေးကင်းရာနေရာတခုရှာနေတဲ့ဆာ့ခ်ျတို့တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ သူတလူငါတမင်းခေတ်မှာဘယ်သူကများ အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာကိုရှုစားပေးကြပါဦး…

https://m.media-amazon.com/images/M/MV5BYzM2MGJhZWEtZmVlMS00MTRlLWE0Y2UtNmNjMTc5MWJiMWM1XkEyXkFqcGdeQXVyMTUwNDIyODk@._V1_FMjpg_UX1000_.jpg Old Strangers (2022) ⭐IMDB: 3.4/10 (179 Votes) 🎬 #Drama #Horror #Mystery 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 United States, Canada ⏰ 1 နာရီ 01 မိနစ် 59 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Old Strangers (2022) ၁၀နှစ်တာလောက်မတွေ့ဖြစ်ကြတဲ့ သူငယ်ချင်းတွေ တစ်နေ့နှင်းတောင်ဘက်က Cabinကို ပထမဆုံး အပျော်ခရီးထွက်ကြတာပေါ့။ ဟိုရောက်တဲ့အခါမှာ ဟိုတယ်ကနေ တောင်တက်ကြမယ်ဆိုပြီး ထွက်ကြရာကနေ တောလမ်းတစ်ခုအရောက်မှာ ထူးဆန်းတဲ့ အင်းစက်အသိုက်တစ်ခုကိုတွေ့ခဲ့ရပါတယ်။ တစ်ယောက်က သွားထိမိလိုက်ရာကနေ အဲဒီ့ဥတစ်ခုကနေပြီး သူ့ကိုတုပ်လိုက်ပါတယ်။ အဲဒီကနေသူတို့ ဘာတွေလယ်လို ဆက်ဖြစ်မယ်ဆိုတာကို ကိုယ်တိုင်ကြည့်ရှုကြပါခင်ဗျ။ ရုပ်ရှင်ချိန် ၁နာရီပဲရှိပြီး Sc-fi အမျိုးအစားပေမယ့် Horror အမျိုးအစားမျိုးလဲဖြစ်တာကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်ခင်ဗျ။ Reviewed & Translated by LwinMoe Encoded by Hubin

https://m.media-amazon.com/images/M/MV5BZWFiN2M1NjYtMDgwNy00ODNlLThjYjctNGUzZTA0YzQ0OGU0XkEyXkFqcGdeQXVyMjAxODMxOTc@._V1_FMjpg_UX1000_.jpg The Shipment (2021) ⭐IMDB: 3.5/10 (6 k Votes) 🎬 #Action #Crime #Drama 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 Unknown ⏰ 1 နာရီ 33 မိနစ် 38 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Narco Sub (2021)ကာတယ်လ်ဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ မကောင်းတဲ့လုပ်ရက်ပေါင်းစုံလုပ်တဲ့အဖွဲ့အစည်းတစ်ခုပါ။ အဲ့အဖွဲ့အစည်းအကြောင်းကိုပြောပြတဲ့ပုံစံနဲ့ ဒီဇာတ်လမ်းကိုစတင်ထားခဲ့ပါတယ်။ ဆယ်ကျော်သက် ကလေးမလေးတွေကိုပြန်ပေးဆွဲပြီး လိင်ကျွန်လုပ်ခိုင်းသလို ချမ်းသာသည့်မိသားစုကဆိုလျှင် မိဘတွေဆီကနေပြန်ရွေးငွေတွေခြိမ်းခြောက်ပြီးတောင်းခံလေ့ရှိတယ်။ မူးယစ်ဆေးကိုလည်းကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ပြီး စကားနဲ့တင်မဖော်ပြနိုင်လောက်အောင် ဆိုးရွားတဲ့လုပ်ဆောင်ချက်တွေလုပ်ဆောင်လေ့ရှိပါတယ်။ ဒီအဖွဲ့ကိုဖြိုခွဲမယ့် အေးဂျင့်ဟာ မဖြိုခွဲနိုင်သေးခင်မှာပင် မိသားစုနဲ့အတူပြန်ပေးဆွဲခံလိုက်ရပြီး သူကိုယ်တိုင်မူးယစ်ဆေးတွေသွားပို့ဖို့ ဖြစ်လာပါတော့တယ်။ မိသားစုကိုဒီယုတ်မာလွန်းတဲ့အဖွဲ့ဆီကနေဘယ်လိုပြန်ကယ်တင်မလဲ။ ဒီအဖွဲ့ကိုဖြိုခွင်းဖို့ဆိုတာက သူ့အတွက်ဖြစ်နိုင်ပါ့မလား။ အက်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့သလို တကယ့်ကိုသဘောကျစရာဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်။Reviewed & Translated by MayLinEncoded by Siran

https://image.tmdb.org/t/p/original/7DTWN79hsN5AZEhW8w4SOquSI4D.jpg Good Night Oppy (2022) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Documentary 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 45 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Good Night Oppy (2022) ~ IMDb – 7.7/10, Rotten Tomatoes – 88% ~ အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားနှစ်ကောင်ရှိတယ်ဗျ။ ကွိကွိကွကွ အသံတွေနဲ့ ရုပ်ဆိုးပန်းဆိုး ထိုးထိုးထောင်ထောင်ကောင်တွေပေါ့။ ကမ္ဘာပေါ်က လွှတ်လိုက်တဲ့ ကမ္ဘာသား ဂြိုဟ်သူမနှစ်ယောက်။ “အခွင့်လမ်း” နဲ့ “စိတ်ဓာတ်” တဲ့။ အမွှာညီအစ်မနှစ်ယောက်ပေါ့။ “စိတ်ဓာတ်” က အကြီးမ၊ ပြဿနာမလေးပေါ့။ အငယ်မ “အခွင့်လမ်း” က မယ်ကံကောင်းလေး။ သူတို့က အင်္ဂါဂြိုဟ်လေ့လာရေးအတွက် နာဆာကလွှတ်လိုက်တဲ့ ဂြိုဟ်ပေါ်သွားယာဉ် (Rovers) လေးတွေပါ။ အင်္ဂါဂြိုဟ်လို့ခေါ်တဲ့ ဂြိုဟ်နီကြီးကို ကမ္ဘာသားတွေ စိတ်ဝင်စားနေတာကြာပြီ။ ဂြိုဟ်ကြီး (၈) လုံးထဲမှာ (အခုတော့ ၈ လုံးပဲရှိတယ်လို့ ပြောတယ်ဗျ) အင်္ဂါဂြိုဟ်ပဲရွေးပြီး ဘာလို့စိတ်ဝင်စားကြတယ်မသိ။ ဇာတ်ကားတွေကလည်း အင်္ဂါဂြိုဟ်၊ နာဆာဂြိုဟ်သုတေသနကလည်း အင်္ဂါဂြိုဟ်။ ကဲပါလေ။ သူတို့က အင်္ဂါဂြိုဟ်ဆိုတော့လည်း လိုက်ဂါလိုက်ပါ့မယ်။ အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိသလား… ရေရှိခဲ့ဖူးလား… သက်ရှိတွေရှိသလား… သက်ရှိတွေ ရှိခဲ့ဖူးလား… လား…ပေါင်းများစွာရဲ့အဖြေကို လူတစ်စုက ရှာဖွေကြတဲ့ ရုပ်သံမှတ်တမ်းလေးပေါ့။ လူတစ်စုဆိုလို့ နှယ်နှယ်ရရတော့မဟုတ်။ သိပ္ပံအဖွဲ့၊ ဘူမိဗေဒအဖွဲ့၊ အင်ဂျင်နီယာအဖွဲ့ တကယ့်ထိတ်ထိတ်ကြဲတွေချည်းပဲ။ အင်္ဂါဂြိုဟ် ဟိုဘက်ခြမ်း ဒီဘက်ခြမ်းကို ဂြိုဟ်ပေါ်သွားယာဉ်နှစ်စင်း အင်္ဂါဂြိုဟ်ရက် (ကမ္ဘာရက်ထက် မိနစ်လေးဆယ်ပို) ၉၀ (သုံးလ) စာ ခန့်မှန်းသက်တမ်းနဲ့ ‌စေလွှတ်ခဲ့တာပါ။ ဒါပေမဲ့ အစ်မဖြစ်သူက (၆) နှစ်ကျော် နဲ့ ညီမဖြစ်သူက ဆယ့်ငါးနှစ်နီးပါး တာဝန်ထမ်းဆောင်သွားတဲ့အကြောင်းတွေကို စုံစုံလင်လင်သိရမှာမို့ ကိုယ်တိုင်ပဲ ကြည့်ရှု‌နိုင်ပြီဖြစ်ပါကြောင်း။ (ဒီဒိုကူမန်ထရီနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)

https://image.tmdb.org/t/p/original/j9zWPwaHDWE3K1Mb5RNahzwd3KY.jpg Nanny McPhee (2005) ⭐IMDB: 6.6/10 (79 k Votes) 🎬 #Comedy #Family #Fantasy 🗓️ 2005 🎞️ Movie 📺 1080p FHD 🌎 United States, United Kingdom, France ⏰ 1 နာရီ 39 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nanny McPhee(2005) =================== ဇာတ်လမ်းအစမှာ ပြောခဲ့သလိုပဲ “ကျွန်တော်တို့ရဲ့ ဇာတ်လမ်းကို ဝမ်းနည်းဖို့ကောင်းအောင်. ထိုင်ခုံအလွတ်တစ်လုံးနဲ့. စတင်ရလိမ့်မယ်. တကယ်လို့ အဲဒီ့ခုံက လွတ်မနေခဲ့ဘူးဆိုရင် ကျွန်တော်တို့မှာ ပြောစရာဇာတ်လမ်းရှိမှာမဟုတ်ပါဘူး.” ဇနီးသည် ဆုံးပါးသွားတဲ့နောက် မစ္စတာဘရောင်းဟာ မိခင်ရဲ့စောင့်ရှောက်မှုလိုအပ်နေတဲ့ ကလေးခုနှစ်ယောက်ကို ကြည့်ရှုဖို့ ကလေးထိန်း (နာနီ)ကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သို့ပေမယ့် အလုပ်အရမ်းများတဲ့ ဖခင်ရဲ့ အာရုံစိုက်မှု၊ ဂရုစိုက်မှု၊ မေတ္တာတွေကို တောင့်တနေတဲ့ ကလေးတစ်စုဟာ သူတို့ရဲ့မကျေနပ်ချက်တွေကို ငှားရမ်းထားတဲ့ နာနီများအပေါ် ပုံချပြီး ပညာပေးမောင်းထုတ်ခဲ့တာ (၁၇)ယောက် တိုင်ခဲ့ပါတယ်။ မိခင်ရဲ့ မေတ္တာကိုလည်း လွမ်းဆွတ်၊ ဖခင်ရဲ့ ဂရုစိုက်မှုတွေကိုလည်း တောင့်တရင်းနဲ့ အလိုမကျတဲ့ စိတ်များစွာနဲ့ ဆိုးသွမ်းနေတဲ့ ကလေးတစ်သိုက် အများအမြင်မှာ ဆိုးသွမ်းနေတဲ့ ကလေးတွေ အပေါ် စာနာနားလည်ပြီး မေတ္တာအပြည့်အဝ ထားပေးနိုင်တဲ့ အိမ်စေလေးအီဗန်ဂျလင်းအဒေါ်ဖြစ်သူရဲ့ နောက်အိမ်ထောင်ပြုဖို့ တိုက်တွန်းချက်တွေကြောင့် ကလေးတွေရဲ့ ရှေ့ရေးအတွက် ဒိမိသားစုလေးမပြိုကွဲဖို့ ဗျာများနေရတဲ့ မုဆိုးဖို မစ္စတာဘရောင်း ဒီမိသားစုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ကတော့ ဆန်းကြယ်မှု (Miracle) တစ်ခု လိုအပ်နေပါတယ်။ ဘယ်လိုဆန်းကြယ်မှုကများ ဒီမိသားစုရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးသွားမယ်ဆိုတာကို CM ကနေ ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။

https://m.media-amazon.com/images/M/MV5BN2E0MGQ2OTEtOWMzOC00MTkzLThhMDgtNTg3YjVkZDQ2Mzg0XkEyXkFqcGdeQXVyMTA5Njc5Nzcy._V1_FMjpg_UX1000_.jpg Saudi Vellakka (2022) ⭐IMDB: 8.0/10 (940 Votes) 🎬 #Bollywood #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 India ⏰ 2 နာရီ 27 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 8.2 လူတွေဟာ အကြောက်တရားနဲ့ပတ်သက်လာရင် လုပ်မိလုပ်ရာ လုပ်တတ်ကြရင်းရှုပ်ထွေးသွားတတ်ကြပြီး ပြဿနာတွေတစီတတန်းကြီးတတ်ခဲ့ရပုံကိုဒီဇာတ်ကားလေးက မီးမောင်းထိုးပြထားတဲ့ ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ် ကားနာမည်က မာလာယလမ်ဘာသာနဲ့ ပြန်ရင် ဆော်ဒီအုန်းသီးနုတဲ့ဟုတ်ပါတယ်ဆော်ဒီအာရေဗျက အုန်းသီးနုတော့ မဟုတ်ဘူးနော်မာလာယလမ်ကဒေသတစ်ခုလေးရဲ့နာမည်ကိုပြောတာပါဒီဇာတ်ကားလေးက အမှုတစ်ခုကိုအခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ် ကလေးတွေဟာ ခရစ်ကတ်ကစားရင်းနဲ့ အဖွားအိုကိုထိမှန်သွားရာကနေ စပြီးဒီအမှုဟာ ကိုးနှစ်ကြာအထိ ကြာညောင်းခဲ့ပါတယ် အမှန်တော့ သူတို့မိသားစုကိုကြည့်မရတဲ့ဘေးအိမ်က တရားလိုမိသားစုကိုမြှောက်ထိုးပင့်ကော်လုပ်ပြီးအမှုဖွင့်ခိုင်းခဲ့တာပါပုဒ်မကလည်း ၃၂၆ အာမခံမရတဲ့ပုဒ်မပေါ့ အဘွားအရွယ် ဆီးချို သွေးတိုးလည်းရှိတဲ့လူအတွက် လွယ်ကူမနေလေတော့….ဆက်လက်ပြီး ဒီအမှုမှာ ဘယ်သူဟာ အမှန်တရားကို အောင်နိုင်မလဲဘာတွေသင်ခန်းစာရမလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါနော်..။

https://image.tmdb.org/t/p/original/dpiJWb4NrWgcOg2rusuLhDM0hTm.jpg Eastern Promises (2007) ⭐IMDB: 7.6/10 (246 k Votes) 🎬 #Crime #Drama #Thriller 🗓️ 2007 🎞️ Movie 📺 1080p FHD 🌎 United Kingdom, Canada, United States ⏰ 1 နာရီ 40 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Eastern Promises (2007) ===================== Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည် Eastern Promises ထဲက promises (ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင် လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကို ဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာ ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့ “အလုပ်ကောင်းကောင်းရမှာ”ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကို လိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာ ကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။ သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစု ဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့ လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့ သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။ အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာ လုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်က အသည်းသန် လိုက်ဖမ်းနေတဲ့ဂိုဏ်းဆိုလည်း မမှားပါဘူး။ သေဆုံးသူအမျိုးသမီးဟာ အဲဒီဂိုဏ်းနဲ့ ဘယ်လိုပတ်သက်မိခဲ့တာလဲ၊ သားဖွားဆရာမအနေနဲ့ကရော အဖြစ်မှန်ကို ဖော်ထုတ်သွားနိုင်မလား၊ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ Eastern Promises ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါ။

https://m.media-amazon.com/images/M/MV5BNTQ5MTEzNTQ2MV5BMl5BanBnXkFtZTgwMzMyNTY5MzE@._V1_FMjpg_UX1000_.jpg Homesick (2015) ⭐IMDB: 5.6/10 (2 k Votes) 🎬 #Adult #Drama 🗓️ 2015 🎞️ movie 📺 1080p FHD 🌎 Norway ⏰ 1 နာရီ 38 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Homesick (2015)============= ဇာတ်လမ်းအကျဉ်းကတော့ ဘဲလေးအကသင်တန်းဆရာမလေး ရှာလိုတေးဟာ ငယ်ငယ်ကတည်းက မိတကွဲ ဘတကွဲနဲ့နေခဲ့ရတယ်။ အဖေက အရက်သမား ။ဆေးရုံတက်နေရတယ်။ အမေကလည်း စာပေပိုင်းဆိုင်ရာမှာပဲစိတ်ဝင်စားတယ်။ သူ့ သူငယ်ချင်းမာတေးနဲ့ အတူနေတာများပြီးတော့ မာတေးရဲ့ အစ်ကိုနဲ့ ချစ်သူရည်းစားဖြစ်နေတာပေါ့။ ဒါပေမယ့်ရှာလိုတေးမှာ အစ်ကိုတစ်ယောက်ရှိတယ်။ မိဘတွေကွဲသွားကြတော့ မောင်နှမနှစ်ယောက်က မတွေ့ဖြစ်ကြတာကြာနေပြီဖြစ်သလို သူ့အစ်ကိုက သူတို့ကိုအရမ်းမုန်းနေပါတယ်။ ဒါပေမယ့် ရှာလိုတေးဟာ သူ့အစ်ကိုအိမ်ကိုမကြာခဏဆိုလိုသွားချောင်းတယ်။ နောက်ပိုင်းမှာ သူ့အစ်ကိုမိန်းမရဲ့နားချမှုကြောင့်မောင်နှမနှစ်ယောက်ကိုသွားအတူ လာအတူ စားအတူဖြစ်လာရင်းနဲ့ပဲ နောက်တစ်ဆင့်တွေတက်ကုန်ကြတဲ့အခါမှာတော့…(18+ အခန်းတွေပါတာကြောင့် မိသားစုနဲ့အတူမကြည့်ရှုသင့်ပါ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Gokuဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BMTg0NTI4MTI4N15BMl5BanBnXkFtZTgwNzc1ODc1MjE@._V1_FMjpg_UX1000_.jpg Midnight Ballad for Ghost Theater (2006) ⭐IMDB: 6.5/10 (94 Votes) 🎬 #Comedy #Fantasy #Horror 🗓️ 2006 🎞️ Movie 📺 1080p FHD 🌎 South Korea ⏰ 2 နာရီ 01 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Midnight Ballad for Ghost Theater (2006)=============================IMDb Rating – 6.5/10 ၂၀၀၆ ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်လမ်းဟောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဂီတရုပ်ရှင်ပုံစံလေးမို့လို ပြဇာတ်သီချင်းပုံစံလေးတွေ အများကြီးပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်း———————-ဆောင်းဆိုဒန်ဆိုတဲ့ကောင်မလေးဟာ မိဘတွေမရှိဘဲ အဘွားဖြစ်သူနဲ့ ကြီးပြင်းလာခဲ့တယ်။ တစ်ရက်မှာတော့ သူမရဲ့အဘွားကရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့ပါတယ်။ မပျောက်ဆုံးခင်တစ်ရက်မှာ ဆမ်ဂေါအီဇာတ်ရုံကိုသွားမယ်လို့ အဘွားက ပြောသွားခဲ့တာကြောင့် ပျောက်ဆုံးသွားတဲ့အဘွားက ဆမ်ဂေါအီကိုကျိန်းသေပေါက်လာမယ်လို့ ဆိုဒန်တစ်ယောက်ထင်နေခဲ့ပါတယ်။ဒါကြောင့် ဆမ်ဂေါအီဇာတ်ရုံရဲ့ လက်မှတ်ရုံစာရေးအဖြစ် အလုပ်လျှောက်ခဲ့ပါတယ် ။ အလုပ်လျှောက်ပြီးသိပ်မကြာခင်မှာပဲ ဆိုဒန်တစ်ယောက် ဇာတ်ရုံထဲက သရဲတွေနဲ့ တွေ့တော့တယ်။ အစပိုင်းမှတော့ သရဲတွေကိုကြောက်ရွံနေပေမဲ့ နောက်ပိုင်းမှတော့ သရဲတွေနဲ့ ရင်းနှီးသွားပြီးအဲဒီဇာတ်ရုံကနေ မပြန်ဘဲနေခဲ့တာပေါ့။ ဆိုဒန်ရဲ့အဘွားက ငယ်ရွယ်စဉ်တုန်းက မင်းသမီးတစ်ယောက်ဖြစ်ခဲ့တာကိုသိလို့ အဘွားပါဝင်ထားတဲ့ဇာတ်ကားကို ဒီဇာတ်ရုံမှာပြနိုင်ဖို စီစဉ်ခဲ့တာပေါ့။ဒါပေမဲ့ ဒီဇာတ်ရုံကိုရောင်းပစ်လိုက်ဖို့ ဖြစ်လာတဲ့အခါမှာ ဆိုဒန်တစ်ယောက် ဇာတ်ရုံမရောင်းပစ်ရဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hay Tharဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BMTg0NTI4MTI4N15BMl5BanBnXkFtZTgwNzc1ODc1MjE@._V1_FMjpg_UX1000_.jpg Midnight Ballad for Ghost Theater (2006) ⭐IMDB: 6.5/10 (94 Votes) 🎬 #Comedy #Fantasy #Horror 🗓️ 2006 🎞️ Movie 📺 720p HD 🌎 South Korea ⏰ 2 နာရီ 01 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Midnight Ballad for Ghost Theater (2006)=============================IMDb Rating – 6.5/10 ၂၀၀၆ ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်လမ်းဟောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဂီတရုပ်ရှင်ပုံစံလေးမို့လို ပြဇာတ်သီချင်းပုံစံလေးတွေ အများကြီးပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်း———————-ဆောင်းဆိုဒန်ဆိုတဲ့ကောင်မလေးဟာ မိဘတွေမရှိဘဲ အဘွားဖြစ်သူနဲ့ ကြီးပြင်းလာခဲ့တယ်။ တစ်ရက်မှာတော့ သူမရဲ့အဘွားကရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့ပါတယ်။ မပျောက်ဆုံးခင်တစ်ရက်မှာ ဆမ်ဂေါအီဇာတ်ရုံကိုသွားမယ်လို့ အဘွားက ပြောသွားခဲ့တာကြောင့် ပျောက်ဆုံးသွားတဲ့အဘွားက ဆမ်ဂေါအီကိုကျိန်းသေပေါက်လာမယ်လို့ ဆိုဒန်တစ်ယောက်ထင်နေခဲ့ပါတယ်။ဒါကြောင့် ဆမ်ဂေါအီဇာတ်ရုံရဲ့ လက်မှတ်ရုံစာရေးအဖြစ် အလုပ်လျှောက်ခဲ့ပါတယ် ။ အလုပ်လျှောက်ပြီးသိပ်မကြာခင်မှာပဲ ဆိုဒန်တစ်ယောက် ဇာတ်ရုံထဲက သရဲတွေနဲ့ တွေ့တော့တယ်။ အစပိုင်းမှတော့ သရဲတွေကိုကြောက်ရွံနေပေမဲ့ နောက်ပိုင်းမှတော့ သရဲတွေနဲ့ ရင်းနှီးသွားပြီးအဲဒီဇာတ်ရုံကနေ မပြန်ဘဲနေခဲ့တာပေါ့။ ဆိုဒန်ရဲ့အဘွားက ငယ်ရွယ်စဉ်တုန်းက မင်းသမီးတစ်ယောက်ဖြစ်ခဲ့တာကိုသိလို့ အဘွားပါဝင်ထားတဲ့ဇာတ်ကားကို ဒီဇာတ်ရုံမှာပြနိုင်ဖို စီစဉ်ခဲ့တာပေါ့။ဒါပေမဲ့ ဒီဇာတ်ရုံကိုရောင်းပစ်လိုက်ဖို့ ဖြစ်လာတဲ့အခါမှာ ဆိုဒန်တစ်ယောက် ဇာတ်ရုံမရောင်းပစ်ရဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hay Tharဖြစ်ပါတယ်)