ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Subteran (2025) ⭐TMDB: 71% User Score 🎬 #Crime #Drama 🗓 2025 🎞 Series 🌎 #Romania ⏰ 41 မိနစ် 21 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Season 1 အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ဒီတစ်ခါမှာတော့ Netflix ကရိုက်ကူးထားတဲ့ ပထမဆုံးသော Romanian Crime Thriller Series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Single mother တစ်ယောက်ဖြစ်တဲ့ ကာမီဆာဘူဟာ သူ့ခင်ပွန်းလောင်း ဖြစ်တဲ့ ရဲအရာရှိလူကာဗွီနီယာနဲ့အတူ ပျော်ရွှင်တဲ့ဘဝလေးကို ဖြတ်သန်းနေတုန်း အဖြစ်ဆိုးကြီးတစ်ခု မမျှော်လင့်ပဲဖြစ်သွားပါတယ်။ အမှုတစ်ခုအတွက်စုံစမ်းနေတုန်း လူကာကို နာမည်ကြီးလူဆိုးဂိုဏ်းက သတ်သွားပါတယ်။ ဒီအဖြစ်အပျက်အလုံးစုံကိုမြင်လိုက်ရတဲ့ ကာမီဟာ သူ့သားလေးကို လူဆိုးဂိုဏ်းရဲ့လက်ကနေ ကာကွယ်ဖို့နဲ့ အသတ်ခံလိုက်ရတဲ့ သူ့ခင်ပွန်းလောင်းအတွက် တရားမျှတမှုကိုပြန်ယူဖို့အတွက် လူဆိုးဂိုဏ်းထဲကိုအသွင်ယူဝင်ရောက်ကာ သူတို့ရဲ့လျှို့ဝှက်မှောင်ခို လုပ်ငန်းတွေကို ဖော်ထုတ်ဖို့ကြိုးစားပုံကို ကြည့်ရှုကြရမှာပါ။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ထွက်ရှိထားတာဖြစ်ပြီးတော့ IMDb မှာလည်း rating ကောင်းတစ်ခုကို ရထားပါတယ်။...
The Apothecary Diaries (2023) ⭐TMDB: 87% User Score 🎬 #Animation #Drama #Mystery 🗓 2023 🎞 Series 🌎 #Japan ⏰ 23 မိနစ် 49 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maomao ဟာ သူမ၏ ဖခင်နှင့်အတူ အေးချမ်းစွာ နေထိုင်နေပြီး ဆေးဖော်စပ်သူအဖြစ် လုပ်ကိုင်နေပါတယ်။ တစ်ရက်တော့ မမျှော်လင့်ပဲ အိမ်ပြန်လမ်းမှာ ပြန်ပေးဆွဲခံရပြီး နန်းတော်မှာ အစေခံအဖြစ်နဲ့ရောင်းစားခံလိုက်ရပါတယ် နန်းတွင်း အရှုပ်တော်ပုံတွေကြားထဲမှာ မြေစာပင်မဖြစ်ချင်တဲ့ မိုမိုတစ်ယောက်ဟာ အစေခံအဖြစ်နဲ့ပဲ အေးရာအေးကြောင်းနေကာ ၂နှစ်လောက်အလုပ်လုပ်ပြီး ပုံမှန်တိုင်းပြန်နေဖို့တွေးထားပါတယ်။ အဲလိုနဲ့ အေးရာအေးကြောင်းနေရင်းကနေ ဘုရင်ရဲ့ကလေးတွေ နေမကောင်းတာ ကျိန်စာဆိုတဲ့ကောလဟာလကို ကြားပြီးတော့ မိန်းမသား ပီပီ စပ်စုတတ်တဲ့ မိုမိုဟာ နေမကောင်းတဲ့အကြောင်းရင်းကို စုံစမ်းကြည့်လိုက်ပါတော့တယ်။ အကြောင်းရင်းကို သိသွားပြီး တိတ်တဆိတ်လေးကူညီပေးလိုက်တဲ့အတွက် ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ အစေခံပဲ လုပ်မယ်ဆိုတဲ့ မိုမိုတစ်ယောက် ဘုရင်သဘောအကျဆုံးဖြစ်တဲ့ မိဘုရားစီမှာ အခြွေရံဖြစ်သွားပြိးတော့ နန်းတွင်းအရှုပ်တော်ပုံတွေကြားထဲ ပါဝင်ပတ်သတ်ရမှာကို ကြည့်ရှု့ရမှာပါ။ တစ်ပိုင်းမှာ အကြောင်းရာတစ်ခုဖြေရှင်းတဲ့ပုံစံမျိုးမို့လို့ ကြည့်ရတာပျင်းဖို့မကောင်းပဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။...
Going Dutch (2025) ⭐TMDB: 64% User Score 🎬 #Comedy 🗓 2025 🎞 Series 🌎 #UnitedStatesofAmerica ⏰ 24 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Going Dutch (2025) IMDb Rating (5.2) / Rotten Tomatoes (80%) ဒီseriesကတော့ 2025 ကမှ ထွက်ထားတဲ့ Sitcom series လေးတစ်ခုဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး နဲ့ ရယ်ရမယ့် series လေးပါပဲ။ ဒီ series ကတော့ U.S စစ်တပ်ကို နောက်ခံယူပြီးရိုက်ထားတာပါ။ စိတ်ကြီးဝင်နေတဲ့ ကာနယ်တစ်ယောက်ဟာ ပါးစပ်သရမ်းမိပြီး အပြစ်ပေးခံရတဲ့အနေနဲ့ နယ်သာလန်က စခန်းကို တာဝန်ရွှေ့ပြောင်းခံလိုက်ရပါတယ်။ သူရွှေ့ပြောင်းခံလိုက်ရတဲ့ စခန်းဟာ စစ်တပ်မှာ အသေးဆုံး စခန်းထဲက တစ်ခုဖြစ်ပြီး စစ်ရေးအရအရေးပါမှု မရှိပါဘူး။ ဒီစခန်းကို သူ့အရင် တာဝန်ယူထားတာကတော့ သူနဲ့ခွာပြဲနေတဲ့ သူ့ရဲ့သမီးဖြစ်သူကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့အရင်ရာထူးပြန်ရအောင် ချိစ်လုပ်တာ အဝတ်လျှော်တာ ဘိုးလင်းလှိမ့်တာ တို့နဲ့ နာမည်ကြီးတဲ့ စခန်းကို သူ့သမီးနဲ့ အတူပေါင်းပြီး ပုံစံစပြောင်းဖို့ကြိုးစားပါတော့တယ်။ သူတို့ ဒီစခန်းကို ဘယ်လို ပုံစံပြောင်းမလဲဆိုတာ ဟာသလေးနှောပြီး ရိုက်ကူးထားပုံကို ဒီ series မှာ ဆက်လက်ကြည့်ရှုသွားပေးပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alvaro ဖြစ်ပါတယ်။)...
The Rig (2023) ⭐TMDB: 67% User Score 🎬 #Drama #Mystery #SciFi #Fantasy 🗓 2023 🎞 Series 🌎 #UnitedKingdom ⏰ 56 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Rig (2023) Amazon Prime က ထွက်ရှိထားပြီး GoT ထဲက Jorah Marmontမင်းသားကြီး Iain Glen အဓိကပါဝင်ထားတဲ့Sci-Fi Thriller စီးရီးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ စကော့တစ်ရှ် ကမ်းလွန်ဒေသရှိ ရေနံတူးစင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ရေလုပ်သားတွေဟာ တာဝန်ပြီးဆုံးချိန် ကမ်းပေါ်ရှိ အိမ်ကိုပြန်နိုင်ဖို့လာကြိုမယ့် ရဟတ်ယာဉ်ကိုစောင့်ဆိုင်းနေချိန် ဘယ်ကမှန်းမသိတဲ့မြူခိုးတွေ ရုတ်ချည်းအုံ့ဆိုင်းလာပြီး ရဟတ်ယာဉ်လာမရတဲ့အခြေအနေနဲ့ ရေနံတူးစင်မှာပဲ ပိတ်မိသွားပါတော့တယ်။ အဲဒီမြူတွေက ပုံမှန်မြူတွေမဟုတ်ဘဲ သူတို့ကို ပုံစံမျိုးစုံနဲ့ ဒုက္ခပေးလာတဲ့အခါအလုပ်သမားတသိုက် ဒီမြူထုကြားအသက်ဆက်ရှင်နိုင်မှာလား၊ဒီမြူတွေက ဘယ်လိုထွက်လာတာလဲ၊ သွေးရိုးသားရိုးဖြစ်ပါ့မလား၊မြူတွေကြားမှာ ဘယ်လိုအရာမျိုးတွေရှိနေမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပါ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ CM Team ပဲဖြစ်ပါတယ်)...
On Call (2025) ⭐TMDB: 74% User Score 🎬 #Crime #Drama #Action #Adventure 🗓 2025 🎞 Series 🌎 #UnitedStatesofAmerica ⏰ 29 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတခါတင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲလေးကတော့ ကင်းလှည့်ရဲတွေရဲ့အကြောင်းတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးပဲဖြစ်ပါတယ်….. အစမှာပဲ ဒယ်ဂါဒိုလ်ဆိုတဲ့ ကင်းလှည့်ရဲမေဟာ ကားတစ်စီးကို မသင်္ကာလို့ ရပ်ခိုင်းပြီးဖမ်းလိုက်ပါတယ်……ကားပေါ်မှာ သူနဲ့သိတဲ့ကောင်လေးတစ်ယောက်ရယ် သတိလစ်နေတဲ့ကောင်မလေးတစ်ယောက်ရယ် နောက်ထပ်ကောင်လေးတစ်ယောက်ရယ်ရှိနေလို့ စိတ်ထဲ မသင်္ကာတာနဲ့ ကားပေါ်ကဆင်းခိုင်းတဲ့အချိန်မှာပဲ သူနဲ့မသိတဲ့ကောင်လေးက သေနတ်နဲ့ပစ်လိုက်လို့ ဆုံးပါးသွားခဲ့ရပါတယ်….. အဲဒါကြောင့် သူ့ကိုလေ့ကျင့်ပေးခဲ့တဲ့ ဟာမွန်ဆိုတဲ့ ရဲအရာရှိက ဒီအမှုကို သူများထက်အလေးအနက်ထားပြီး ကင်းလှည့်နေတဲ့အချိန် တခြားအမှုတွေကိုရှင်းရင်း လိုက်စုံစမ်းတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...
Frieren: Beyond Journey's End (2023) ⭐TMDB: 88% User Score 🎬 #Animation #Action #Adventure #SciFi #Fantasy #Drama 🗓 2023 🎞 Series 🌎 #Japan ⏰ 25 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB – 8.9/10, MyAnimeList – 9.3/10 “ခရီးဆုံးအလွန်က ခရီးရှည်တစ်ပုဒ်” Frieren ဆိုတဲ့ Elf မလေးတစ်ယောက်က လူသား သူရဲကောင်းတစ်ယောက်ရယ်၊ လူသား ဘုန်းတော်ကြီးတစ်ယောက်ရယ် Dwarf မျိုး စစ်သည်တော်တစ်ယောက်ရယ် ပါတီဖွဲ့ပြီး ၁၀ နှစ်ကြာ စွန့်စားခန်းထွက်ပြီး အမှတ်တရပေါင်းစုံနဲ့ နတ်ဆိုးဘုရင်ကို သုတ်သင်ရှင်းလင်းပြီး အကုန်ပြီးသွားတဲ့အနေအထားမျိုးကနေ ဇာတ်လမ်းကို စတည်ထားပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းထောင်ချီ နေနိုင်တဲ့ Elf မျိုးတွေဆိုတော့ သူ့အတွက် ဒါလေးက ဘဝရဲ့ အခိုက်အတန့်လေးတစ်ခုသာသာပဲပေါ့။ လုပ်စရာမရှိ အဖွဲ့ဖျက်သိမ်းတော့ သူက ရိုးရာမပြတ် တစ်ယောက်တည်း ခရီးဆက် လုပ်ချင်ရာလုပ်ပေါ့လေ။ အချိန်တွေက သူ့အတွက် ပြောင်းလဲတာ သူများတွေနဲ့ မတူတော့ သူ့မှာ ဒီ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေ စွန့်စားဖော်တွေဆီမှာ ဘာခံစားချက်မှ မရှိသလို ဖြစ်နေတာရယ်။ ဒါပေမဲ့ နှစ်တွေကြာလာတော့ သူ့လူတွေက သေတဲ့လူကသေ အိုတဲ့လူကအိုဆိုတော့ နည်းနည်းချင်းစီ သူ့ ခံစားချက်ကို မသိမသာ လာပြီး သက်ရောက်မှုရှိလာတယ်။ အဲဒီမှာ နောင်တလည်းရပြီး သူ လူသားတွေအကြောင်းကို ပိုသိအောင်လုပ်မယ် လူတွေကြားက ဆက်နွယ်မှုတွေကို ပိုပြီး နားလည်အောင်လုပ်မယ် ဘဝတန်ဖိုးတွေအကြောင်း သိရမယ်ဆိုပြီး စွန့်စားခန်းခရီးရှည်တစ်ခု တစ်ဖန်ထွက်လာခဲ့ရာကနေ ဒီ ဆွတ်ပျံ့ကြည်နူးဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာပါတော့တယ်။ စသတိထားမိလိုက်တာတော့ IGN ရဲ့ Anime of the Year 2024 Winner ရသွားတယ်တဲ့။ ဟုတ်ပြီ ဒါနဲ့ Rating တွေ သွားကြည့်လိုက်တော့လည်း အားပါးပါး ရှယ်ကြီးတွေဗျာ။ MyAnimeList မှာ သူက Ranked 1 တဲ့။ ပိုစတာလေး ကြည့်တော့လည်း Elf မလေးတစ်ယောက် ခရီးသွားသလိုမျိုးပေါ့ အက်ရှင်လည်း သိပ်မများလောက်ပါဘူး ဘာလဲ ဒါဆို ဇာတ်လမ်းပဲ ဖြစ်ရမယ်ဆိုပြီး စပြီး စမ်းသပ်ကြည့်လိုက်တာ……..။ တကယ်ကို တွယ်ငြိသွားတာဗျို့ ဇာတ်လမ်းအလိုက် နောက်ကနေ ပံ့ပိုးနေတဲ့ ကျေးလက်ရိုးရာ Celtic ဆန်ဆန် Background Sountrack တီးလုံးလေးတွေက တော်တော်ကြီးကို အသက်ဝင်စေတယ်ဗျာ။ နောက်ပြီး သူက ခုလက်ရှိ ခရီးသွားနေတာရယ် အရင်က သူ့အဖွဲ့နဲ့ ခရီးသွားတာတွေရယ်ကို Mix လုပ်ပြီး တင်ဆက်ထားတော့ Nostalgia ဆိုတဲ့ ခံစားချက်ကြီးကို ကောင်းကောင်းခံစားမိတာ။ အချိန်တွေကို တန်ဖိုးထားဖို့တွေ ဘယ်လောက်အရေးပါသလဲဆိုတာတွေကို လှလှပပ ပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဗျ။ ဇာတ်လမ်းက သွားနေရင်း သူတို့အဖွဲ့သားကြားက လျှို့ဝှက်ချက်လေးတွေ တဖြည်းဖြည်းဖော်ရင်း လက်ရှိအဖော်လေးတွေနဲ့လည်း သံယောဇဉ်အသစ်တွေတိုးရင် တချို့အခန်းလေးတွေဆို မျက်ရည်တောင် ဝဲချင်ချင် ဖြစ်သေးတာ။ သူက တခြား Anime တွေလို ဆက်တိုက်ဆွဲခေါ်သွားတာ မဟုတ်ပဲ သဘာဝဆန်တဲ့အတွက်ကြောင့် ဇိမ်လေးနဲ့ စိတ်ပိုင်းဆိုင်ရာ အေးဆေးဖြစ်ပြီး သူ့နာမည်အတိုင်း ခရီးဆုံးတစ်ခုရဲ့အလွန်က ဘဝတွေကို မြင်ရမှာဖြစ်တယ်။ ခုလို Drama ဆန်ဆန်ပဲ ပြောနေလို့ အက်ရှင်မပါတာ မဟုတ်ဘူးနော် Adventure ဖြစ်တဲ့အတွက် သူတို့တွေ စွန့်စားခန်းထွက်ရင်း နတ်ဆိုးတွေ အကောင်တွေနဲ့ တိုက်ခိုက်ရတာတွေပါတယ် စာမေးပွဲစစ်တာတွေပါတယ်၊ တခြား Anime နဲ့ ယှဉ်ရင် နည်းတယ်ဆိုပေမဲ့ Battle Scene တစ်ခန်းတစ်ခန်းက ရှယ်ဖြုတ်တာ။ နောက်ပြီး ဒီ Anime က Waifu လေးတွေက မျက်နှာဝိုင်းလေးတွေနဲ့ Frieren နဲ့ Fern တို့ဆို ချစ်ဖို့ကောင်းနေရော။ Ending သီချင်းဖြစ်တဲ့ Milet ရဲ့ Anytime Anywhere ဆိုရင်လည်း ကြိုက်လွန်းလို့ ခုထိ ခဏခဏတောင် နားထောင်ဖြစ်နေတယ်။ ကဲ စာရှည်သွားတာ ခွင့်လွှတ်ပါဗျာ အေးအေးဆေးဆေး ကြည့်ကြမယ်ဆိုရင် အချိန်ကုန်ရကျိုးနပ်စေရမယ်လို့ ပြောကြားရင်း အဆုံးသတ်လိုက်ပါရစေ။...
Black Knight (2001) ⭐TMDB: 54% User Score 🎬 #Adventure #Comedy #Fantasy 🗓 2001 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။ လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာ အသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။ အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။ အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ ဂျမဲလ်ကတော့ ဒီကိစ္စတစ်ခုလုံးကို သရုပ်ဆောင်လေ့ကျင့်နေတယ်လို့ ထင်မှတ်ပြီးတော့ အလိုက်သင့်ပြောဆိုနေရင်းနဲ့ပဲ. အလယ်ပိုင်းခေတ်ရဲ့ နန်းလုပွဲနဲ့ တော်လှန်ရေးအရေးတော်ပုံကြားထဲကို ဘူမသိကိုးမဘိဘဲ ပဲလှော်ကြားဆားညှပ်ပါသွားပါတော့တယ်။ အလယ်ပိုင်းခေတ်ကို မတော်တဆရောက်သွားခဲ့ရတဲ့. ဗန်းစကားတွေ ကရားရေလွှတ်ပြောနေတတ်တဲ့ ဟောင်ဖွာဖွာလူမည်းတစ်ယောက် ပြဿနာတွေကို သူ့ရဲ့လက်တစ်လုံးခြားဉာဏ်၊ ဝေ့လည်ကြောင်ပတ်စကားတွေနဲ့ ဖြေရှင်းနေရပုံတွေဟာ Martin Lawrence ရဲ့ Acting နဲ့ အလိုက်ဖက်ဆုံးလို့ဆိုရပါလိမ့်မယ်။ အလယ်ပိုင်းခေတ်နဲ့ ၂၁ ရာစုရောစပ်ထားတဲ့ ဟာသဇာတ်လမ်းလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်...
Aurora Teagarden Mysteries: Death at the Diner (2024) ⭐TMDB: 58% User Score 🎬 #Mystery #TVMovie 🗓 2024 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aurora Teagarden Mysteries: Death at the Diner (2024) IMDb Rating (6.6) ဒီဇာတ်ကားတော့ Aurora Teagarden Mysteries Franchise ထဲက ဇာတ်ကားကောင်းတစ်ခုပါ။ အထူးသဖြင့် ပဟေဋိဆန်ဆန် မှုခင်းဇာတ်ကားတွေကို သဘောကျနှစ်သက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းကိုတော့ စားသောက်ဆိုင်တစ်ခုမှာ လူသတ်မှုဖြစ်ရာကနေ ဇာတ်အိမ်တည်ထားပါတယ်။ အမီလီယိုဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကြီးဟာ စားသောက်ဆိုင်လောကရဲ့ အခွန်တိုးတဲ့ကိစ္စကြောင့် စိတ်သောကရောက်နေရပေမယ့် တစ်ချိန်က သူငွေကြေးပြေလည်ခဲ့တဲ့အချိန်မှာ သူ့ပြည်နယ်တစ်ဝိုက်ကသူတွေအားလုံးကို စိတ်စေတနာသန့်သန့်နဲ့ လိုအပ်သူတွေကို အလကားခေါ်ပြီးကျွေးမွေးတဲ့အပြင် ပရဟိတပါအရမ်းလုပ်လို့ တစ်မြို့လုံးက သူ့ကိုချစ်ခင်နေကြသူပါ။ ဒါပေမဲ့ တစ်ညမှာ အမီလီယို့ဝန်ထမ်းတစ်ယောက်ဟာ ပစ္စည်းကျန်ခဲ့လို့ သွားရှာရင်း အမီလီယိုတစ်ယောက် မီးဖိုချောင်ထဲမှာသေနေတာကိုမြင်ခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ အော်ရိုရာဂါးဒန်းဆိုတဲ့ အမီလီယို့ရဲ့ဝန်ထမ်းကောင်လေးတစ်ယောက်၊ စာကြည့်တိုက်မှူးလည်းဖြစ်သူတစ်ယောက်ဟာ ဒီအမှုကြီးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Blended Christmas (2024) ⭐TMDB: 0% User Score 🎬 #Family 🗓 2024 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blended Christmas (2024) IMDb Rating (6.2) လက်ထပ်ပြီးခါစ ကြင်စဉီးဇနီးမောင်နှံနှစ်ယောက်ဟာ ဟန်းနီးမွန်းခရီးထွက်ဖို့ပြင်ဆင်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အမျိုးသားဖြစ်သူရဲ့ ဇနီးဟောင်းဟာ ရုတ်တရက်ကားအက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံတင်လိုက်ရတဲ့အထိဖြစ်သွားပါတယ်။ ဒီလိုနဲ့ အမျိုးသားဟာ သူ့ရဲ့အရင်မိန်းမနဲ့ရထားတဲ့ ကလေးနှစ်ယောက်ကို ဒီတိုင်းမချန်ခဲ့နိုင်ဘူးဆိုပြီး သူ့အရင်မိန်းမကို သွားကြည့်ရင်း ကလေးတွေကို ခဏတဖြုတ်အုပ်ထိန်းဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ပထမဆုံးအကြိမ်ဖြစ်တဲ့ ဟန်နီးမွန်းကို မသွားလိုက်ရတဲ့ ဇနီးသစ်လေးက အမျိုးသားအပေါ် ကတောက်ကစဖြစ်လာပါတယ်။ ခရစ်စမတ် အချိန်ကလည်း ရောက်လုနီးပြီဖြစ်၊ ကောလိပ်ကတည်းက ချစ်ကြိုက်လာကြပေမယ့်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာဝေးကွာခဲ့ရတဲ့ ဇနီးဖြစ်သူဟာ ဆုံးရှုံးခံရတဲ့မိခင်ဖြစ်သူအကြောင်းစဉ်းစားမိရင်း သူနောက်ထပ်အရမ်းချစ်ရတဲ့ ခင်ပွင်းဖြစ်သူကိုပါ ဆုံးရှုံးရတော့မှာကို တွေးယောင်ပြီး ဝမ်းနည်းနေရှာပါတယ်။ ဒါပေမဲ့ နတ်သမီးတစ်ယောက်က လူဖြစ်ဟန်ဆောင်ပြီး ဇနီးဖြစ်သူကို အဘက်ဘက်ကနေ ကူညီပေးတဲ့အခါမှာတော့ မင်းသမီးတို့ မိသားစု ခရစ်စမတ်ကို လူစုံတက်စုံဘယ်လိုဖြတ်သန်းကြမလဲဆိုတာကို ရသမျိုးစုံခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Crazy Safari (1991) ⭐TMDB: 53% User Score 🎬 #Comedy #Fantasy 🗓 1991 🎞 movie 🌎 #HongKong ⏰ 1 နာရီ 32 မိနစ် 24 စက္ကန့် 👑 Channel Myanmarဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ပုလင်းဟာသလို့ လူသိများတဲ့ ဇာတ်ကားတွေရဲ့ နံပါတ် ၃ ဇာတ်ကားပါ။ ရှေ့ကဇာတ်ကားတွေကို ” https://channelmyanmar.to/?s=the+gods+must+be+crazy ” မှာဒေါင်းလို့ရပါတယ်။ ဒီကားလေးရဲ့ အညွှန်းကတော့ ဒါကတော့ The Gods Must Be Crazy ရဲ့ သုံးကားမြောက်လို့ပြောလို့ရမယ့် တရုတ်ကျန်းရှီးစတိုင်နဲ့ပေါင်းစပ်ထားတဲ့ဟာသကားပါ။ အင်္ဂလန်မှာ အလောင်းကောင်ကြီးကိုလေလံတင်တော့ အဲ့အလောင်းကောင်ကြီးက သူ့ဘိုးဘေးဆိုတာသိလိုက်ရတဲ့ စီးပွားရေးသမားကောင်လေးက တာအိုပညာရှင်တစ်ယောက်ကိုငှားပြီး သူ့ဘိုးဘေးအလောင်းကိုဟောင်ကောင်မှာမြေမြှုပ်ပေးဖို့၀ယ်လာခဲ့ပါတယ်။ အဲ့အလောင်းကြီးက တရုတ်တစ္ဆေဖြစ်နေတဲ့အပြင် ဖြစ်ချင်တော့ လမ်းမှာသူတို့ငှားလာတဲ့ကိုယ်ပိုင်လေယာဉ်က ပျက်ပြီး သူ့ဘိုးဘေးကို လေထီးနဲ့အရင်ပို့လိုက်တော့ တရုတ်တစ္ဆေကြီးက ဘွတ်ရှ်မန်းတွေနေတဲ့ရွာကိုသွားကျပါတယ်။ အဲ့ဒီမှာ ဆရာတပည့်နှစ်ယောက်နဲ့ ဘွတ်ရှ်မန်းတွေနဲ့ တရုတ်တစ္ဆေတို့ကြား ဘယ်လိုတွေဂယက်ရိုက်ဦးမလဲ ကြည့်ကြည့်လိုက်ကြပါနော်။ ပုလင်းမင်းသားအကြောင်းဖတ်ချင်ရင်တော့ အောက်မှာဖတ်ပါ။ #Nixau_Toma ( ကမ္ဘာ့ရုပ်ရှင်လောကထဲ ဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မှုငွေကြေးချမ်းသာမှုတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ).……………………………………………………………” ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျွန်တော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျွန်တော်အခုမှကြားဖူးတာဗျ။ ဒီမှာ နေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျွန်တော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ” N!xau Tomaတောင်အာဖရိကတိုက်အစွန် နမီးဘီးယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင်ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။ ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲကကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူမျိူးစုတွေထဲက ၁၂ရာစုလူနေမှုစနစ်လိုနေထိုင်ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။ အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေးကြပြီး လယ်ယာမြေစိုက်ပျိူးမှုကိုတောင်မသိရှိသလို သူတို့ဘာသာစကားဟာလူ၁သောင်းတောင်မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိူးနွယ်ပါ။ ၃နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။သူတို့ယုံကြည်မှုက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မှုမဟုတ်ဘဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိူးတွေပါ။မှတ်တမ်းများအရ ဒီလူမျိူးစုစစ်စစ်ဟာ၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမှု တောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့် မျိူးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်မှုတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာကမ္ဘာ့လူမျိူးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ်။ အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Tomaဆိုတဲ့လူရိုင်းလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တမိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တောပုန်းမှုမှာကြုံရင်း အသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်းလေးနဲ့သူ့အကို N!aau သာကျန်ခဲ့ပြီးတခြားရွာသူကြီးကသူတို့ညီကို၂ယောက်ကို မွေးစားခဲ့ပါတယ်။ Niaau ဟာလဲ ၉နှစ်သားမှာအပျော်တမ်းအမဲလိုက်အဖွဲ့ကပစ်သတ်တာခံခဲ့ရပြီး Tomaတယောက်ထဲမိမဲ့ဖမဲ့မိသားစုမဲ့နဲ့ဘဝကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ Tomaကလူရိုင်းပေမယ့်ဉာဏ်တော့ကောင်းတယ်။ ရွာကလူတွေထဲအမဲလိုက် အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာငါးမွေးမြူဖို့ ရွံ့ကန်တခုကိုသူလုပ်ခဲ့ပါပြီ ဒါကသာမာန်လူတွေအဖို့ကလေးတောင်သိတယ်ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့နည်းပညာသစ်တခုပါပဲ။ အဆိပ်မှုတ်ပြောင်းကိုပေ၃၀နီးပါးပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလဲပေါ့ပါးပြီးအဝေးပစ်နိုင်အောင် ရွာကလူတွေကိုသူသင်ကြားပေးနိုင်ခဲ့ပါပြီ။ သူများတွေတလလောက်လိုက်ရတဲ့အမဲအုပ်ကိုသူ၁၀ရက်နဲ့လိုက်နိုင်သလိုတောလဲကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲရွာမှာပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popularလဲဖြစ်လွန်းသူပါ။ ဒါပေမယ့်သူ့အသက်ကိုသူဘယ်လောက်ရှိမှန်းမရေနိုင်သလို တရက်တာအချိန်ကိုလဲနေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။ မိုးတခါရွာရင်တနှစိလို့သိတဲ့လူမျိူးစုဖြစ်သလို သမင်အုပ် တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့လူမျိူးစုပါ။ နှစ်လရက်နာရီတွေကိုမသိသလိုဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ်၅ကောင်ရှိသူဟာသူဌေးစာရင်းဝင်ဖြစ်ပြီးကျွဲ၁၀ကောင်အမဲလိုက်နိုင်ရင် Heroပါပဲ။ ဒီလိုနဲ့သူ့ အသက် ၂၅လို့ထင်ရတဲ့အချိန်မှာတခြားရွာကသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါ တယ်။ ရွာဆိုတာကလဲ လူ၃၅ယောက်သာရှိတဲ့ရွာလေးပါ။ Peter Jay………………ပီတာကHollywood ရု...
Nosferatu (2024) ⭐TMDB: 67% User Score 🎬 #Fantasy #Horror #Mystery #Drama 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 13 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nosferatu (2024) IMDb Rating (7.6) / Rotten Tomatoes (84%) ဒီရုပ်ရှင်ကတော့ ၁၉၂၂ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ဓဝင်ဂျာမန်ဟော်ရာရုပ်ရှင်ကြီးကို ပြန်လည်ဖန်တီးထားတာပါ။ မူရင်းရုပ်ရှင်ကိုတော့ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်နိုင်ငံမှာဆို ၁၉၇၂ အထိ ပိတ်ပင်ခံခဲ့ရတာပါ။ ဒါ့အပြင် မူရင်းရုပ်ရှင်ဟာ ဘရမ်စတုတ်ရဲ့ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကို မူပိုင်ခွင့်မတောင်းဘဲ မှီငြမ်းရိုက်ကူးခဲ့လို့ ဘရမ်စတုတ်ရဲ့ အမျိုးသမီးက တရားစွဲတာ ခံခဲ့ရပါတယ်။ လျော်ကြေးမပေးနိုင်လို့ ပရိုဂျူဆာတွေက ဒေဝါလီခံသွားပြီး ရုပ်ရှင်ရဲ့ ဖလင်နဲ့ မိတ္တူအားလုံးကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ မိတ္တူအချို့ ဖျက်ဆီးခံရတဲ့ဘေးကနေ လွတ်မြောက်သွားတာမို့ လိုင်းပေါ်မှာ ရှိနေပြီး ချန်နယ်မြန်မာမှာလည်း တင်ပေးထားမှာပါ။ အခု ၂၀၂၄ ဗားရှင်းကတော့ မူပိုင်ခွင့်ယူထားတယ်လို့ မကြေညာထားပေမဲ့ သီးသန့် သဘောတူညီချက်ရှိရင်ရှိမှာပါ။ နောက်ပြီးတော့ ဒရက်ကူလာဝတ္ထုဟာလည်း ထုတ်ဝေပြီး နှစ် ၅၀ အကြာမှာ အများသုံးမူပိုင်ခွင့်စာရင်းထဲ ပါဝင်လာပြီမို့ တရားတော့အစွဲမခံရလောက်ဘူးထင်ပါတယ်။ အခုရုပ်ရှင်ဟာ The Lighthouse 2019 ရဲ့ ဖန်တီးရှင် ရောဘတ်အက်ဂါ ရိုက်ကူးထားတဲ့ဖြစ်ပြီး သူ့ရဲ့လက်ရှိ အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ နို့စ်ဖရာတူ ၁၉၂၂ ဟာ ရောဘတ် ဒါရိုက်တာဘဝမှာ အကြီးအကျယ်လွှမ်းမိုးခဲ့တဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီလို အကောင်းဆုံး ပြန်ရိုက်ကူးနိုင်ခဲ့တာလည်း ဖြစ်မှာပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ အယ်လာဟက်တာအဖြစ် ဂျွန်နီဒက်ရဲ့ သမီး လီလီ-ရို့စ် ဒက်၊ သောမတ်ဟက်တာအဖြစ် နီကိုလတ်ဟောက်ထ်၊ နယ်စားကြီး အောလော့အဖြစ် IT ထဲက လူပြက်ကြီး ဘေလ်စကားစဂတ်၊ ပါမောက္ခဖရန့်အဖြစ် ဝီလီယံဒဖိုးတို့ ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း နို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။ ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။ သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အယ်လန်ဟာ ညဘက်တွေ ယောင်တာ၊ လမ်းထလျှောက်တာ၊ အတက်ရောဂါတွေဖြစ်လာပြီး ဆရာဝန်တွေ ကုလို့မနိုင်လောက်အောင် ဆိုးရွားလာပါတယ်။ သောမတ်ကလည်း အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာတဲ့အခါ ဂမ္ဘီရပညာတွေကိုလေ့လာနေတဲ့ သမားတော် ဗွန်ဖရန့်နဲ့ သောမတ်ဇနီးမောင်နှံတို့ဟာ နို့စ်ဖရာတူ ခေါ် နယ်စားကြီးအောလော့ကို နှိမ်နင်းဖို့ ကြိုးစားကြရပါတော့တယ်။ ဒီရုပ်ရှင်အတွက် ဘေလ်စကားစဂတ်ဟာ အော်ပရာအဆိုတော်တစ်ယောက်နဲ့ အောလော့အသံကို လေ့ကျင့်ခဲ့ပြီးမှ သရုပ်ဆောင်ခဲ့တာပါ။ ဝီလီယံဒဖိုးကလည်း ကြွက်အစစ် အကောင် ၂၀၀၀ နဲ့ ဇာတ်ဝင်ခန်းကို ပီပီပြင်ပြင် သရုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆုတွေ တစ်ပုံကြီးသိမ်းပိုက်ထားပြီး အော်စကာမှာလည်း ထိပ်ဆုံးကပြေးမဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ရောဘတ်အက်ဂါပိုင်တဲ့ ရုပ်ရှင်အလင်းအမှောင်နဲ့ ရိုက်ကွင်းအလန်းတွေ၊ အသံဖန်တီးမှုကောင်းတွေ၊ သရုပ်ဆောင်ကောင်းတွေအပြင် မူရင်းဟော်ရာမြင်ကွင်းတွေနဲ့ ခေတ်သစ်ဟော်ရာစတိုင်တွေကို ပေါင်းစပ်ထားတာမို့ နို့စ်ဖရာတူ ၂၀၂၄ ဟာလည်း ဂန္ဓဝင်ဟော်ရာရုပ်ရှင်စာရင်းထဲမှာ သေချာပေါက်ပါလာမဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ အိပ်ရာခန်းအချို့နဲ့ ရက်စက်တဲ့အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်လို့တော့ သိပ်အဆင်မပြေလောက်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)...
Sonic the Hedgehog 3 (2024) ⭐TMDB: 76% User Score 🎬 #Action #Comedy #Family #ScienceFiction 🗓 2024 🎞 Series 🌎 #Japan #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sonic the Hedgehog 3 (2024) IMDb Rating (7.2) / Rotten Tomatoes (88%) ပထမကားအောင်မြင်ပြီးတော့ ဒုတိယကား တတိယကားတွေမှာ ညံ့သွားတတ်တဲ့ ရုပ်ရှင်တွဲတွေထဲမှာ Sonic 3 မပါခဲ့ပါဘူး။ Sonic ကတော့ တစ်ကားပြီးတစ်ကားကောင်းနေတုန်းပါပဲ။ IMDb 7.2 ရထားပြီး အရင် ဆိုးနစ် ၂ ကားရဲ့ ဒါရိုက်တာ Jeff Fowler ကပဲ ရိုက်ကူးထားတာပါ။ ဗီလိန်ရိုဘော့နစ် နေရာမှာ ဂျင်ကာရေးကြီးပဲ သရုပ်ဆောင်ထားပါတယ်။ အသစ်ပေါ်လာတဲ့ ပါဝါဖြူကောင်အသစ် ရှဲဒိုးနေရာမှာတော့ အားလုံးရဲ့အချစ်တော် မင်းသားကြီး ကီရာနူးရိဗ် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ နက်ကယ် နေရာမှာလဲ အိုင်းဒရစ်အယ်ဘာ ပါပဲ။ ဆိုးနစ်နေရာမှာတော့ ထုံးစံအတိုင်း Ben Schwartz ပါ။ ဇာတ်လမ်းအကျဉ်း ဆိုးနစ်၊ နက်ကယ်၊ တေးစ်တို့ဟာ တွမ်တို့အတွဲနဲ့အတူ မိသားစုလိုက် နားနားနေနေ အပန်းဖြေနေတုန်းမှာ ဂန်းအဖွဲ့ကနေ အကူအညီတောင်းလာပါတယ်။ ဒီတစ်ခါ သူတို့ရင်ဆိုင်ရမှာကတော့ သူတို့လိုပဲ စွမ်းအားရှိဖြူကောင် တစ်ကောင်ဖြစ်နေပြီး သူတို့သုံးယောက်လုံးပေါင်းတာတောင် မနိုင်လောက်အောင်စွမ်းတဲ့ ရှဲဒိုးပဲဖြစ်ပါတယ်။ အဲဒီအတွက် သူတို့ ရိုဘော့နစ်ရဲ့ အကူအညီလိုလာတာကြောင့် မလွှဲမရှောင်သာ ပူးပေါင်းလိုက်ရပါတယ်။ ဆိုးနစ်အဖွဲ့နဲ့ ရိုဘော့နစ်တို့ ရင်ဆိုင်ရမဲ့ ရှဲဒိုးနဲ့အတူ ကြံရာပါကတော့ ရိုဘော့နစ်ရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်နေပြီး အဖွဲ့နှစ်ဖွဲ့ဟာ ကမ္ဘာကြီးရဲ့ ကြိုက်တဲ့နေရာကို ဖျက်ဆီးနိုင်တဲ့လက်နက်တစ်ခုကို အပြိုင်လုပ်ဖို့ ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းကိုမှ ထုံးစံအတိုင်း ဟာသတွေ အက်ရှင်တွေနဲ့ ကြည့်ရမှာပါ။ အရင် ဆိုးနစ် ၂ ကားလုံးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)...
Sonic the Hedgehog 2 (2022) ⭐TMDB: 75% User Score 🎬 #Action #Adventure #Animation #Comedy #Family 🗓 2022 🎞 movie 🌎 #Japan #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sonic the Hedgehog 2 (2022) IMDb Rating (6.5) / Rotten Tomatoes (68%) ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ဆိုးနစ် ဖြူကောင်လေး လာပါပြီ။ ဒီရုပ်ရှင်ကတော့ ဒုတိယကားပါ။ပထမကားကိုလည်း CM မှာ တင်ပေးထားပါတယ်။ဗီလိန်ကလည်း The Mask လို ရုပ်ရှင်တွေနဲ့ ဂန္ထဝင်ဖြစ်ခဲ့တဲ့ ဂျင်မ်ကာရေးပဲ ဖြစ်ပါတယ်။ ပထမကားမှာတော့ ဗီလိန်ကြီး ရိုဘော့နစ်တစ်ယောက် ကမ္ဘာပေါ်ကနေအခြားဂြိုလ်ကို ကန်ထုတ်ခံလိုက်ရပြီး အဆုံးသတ်သွားခဲ့ပါတယ်။အခုကားမှာတော့ ရိုဘော့နစ် ပြန်လာတဲ့အပြင် သူနဲ့အတူ ဆိုးနစ်ကိုတိုက်ခိုက်မယ့် ဂြိုလ်သားလေး နက်ကယ်ပါ ပါလာပါတယ်။ ဒါ့အပြင်ဆိုးနစ်ကိုလေးစားနေတဲ့ မြေခွေးလေး တေးလ်စ်ပါ ပါလာတဲ့အခါတစ်ဖက်ကို နှစ်ယောက်ဆီ ဘယ်လိုရင်ဆိုင်ပြီး တိုက်ခိုက်ကြမလဲဆိုတာကြည့်လိုက်ပါဦး။ Sonic ၂ ကားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=Sonic+the+Hedgehogကြည့်ပါ။...
Sonic the Hedgehog (2020) ⭐TMDB: 73% User Score 🎬 #Action #Adventure #Animation #Comedy #ScienceFiction #Family 🗓 2020 🎞 movie 🌎 #Japan #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sonic the Hedgehog (2020) IMDb Rating (6.5) / Rotten Tomatoes (64%) ကျွန်တော်တို့ငယ်ငယ်ကတည်းက ဂိမ်းလောကမှာ နာမည်ကြီးခဲ့တဲ့ဆိုးနစ် ဖြူကောင်လေး လာပါပြီ။ အခြားဂြိုလ်ကနေလာပြီး အမြန်နှုန်းနဲ့ပါဝါတွေရှိတဲ့ ဆောနစ်ဆိုတဲ့ ဖြူကောင်လေးဟာရန်သူတွေလက်ကနေ ပြေးရင် ကမ္ဘာပေါ်ကို ရောက်လာပါတယ်။ ကမ္ဘာပေါ်မှာ ရဲတစ်ယောက်နဲ့မိတ်ဆွေဖြစ်ပြီးတစ်ချိန်တည်းမှာပဲ သူ့ကို ဖမ်းဖို့လိုက်လာတဲ့သိပ္ပံပညာရှင် ရိုဘော့နစ် နဲ့ပါ ရင်ဆိုင်လာရပါတော့တယ်။ ဒီတော့ ရဲအရာရှိ သောမက် နဲ့ဆောနစ်တို့ သူ့လက်ကလွတ်အောင်ပြေးရင် ဘေကင်းတဲ့ဂြိုလ်တစ်ခုကို ဆောနစ်ကို ပြန်ပို့နိုင်ဖို့ ကြိုးစားရပါတော့တယ်။ ဆောနစ်အဖြစ် ဘန် ရှဝက်က သရုပ်ဆောင်ထားပြီးဗီလိန်နေရာကတော့ မတွေ့ရတာ ကြာပြီဖြစ်တဲ့မင်းသားကြီး ဂျင်မ်ကာရေးမို့ ကြည့်လို့သိပ်ကောင်းပါလိမ့်မယ်။ Rating လည်း 6.5 ဆိုတော့ အားလုံးအပမ်းပြေကြမယ်ထင်ပါတယ်။Sonic ၂ ကားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=Sonic+the+Hedgehogကြည့်ပါ။...
Winnie the Pooh: Springtime with Roo (2004) ⭐TMDB: 68% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2004 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 6 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Winnie The Pooh ဆိုရင် ဝက်ဝံဝါဝါလေးနဲ့ သူ့သူငယ်ချင်း Tiggers တို့ Piglet တို့ကို 90′ born တွေနဲ့2000 born တွေတော်တော်များများသိကြမှာပါ။ Heart Warming ဖြစ်ဖို့ကောင်းတဲ့ ဇာတ်လမ်းလေးတွေနဲ့ ကလေးတွေအတွက် Life Lesson လေးတွေပါပြီး ကလေးတွေသာမကပဲ ငယ်ငယ်တုန်းက Winnie The Pooh ကိုပြန်ကြည့်ချင်တဲ့ လူကြီးတွေရော Nostalgia Feeling လေးပြန်ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးတွေကိုလည်း အဆင်သင့်သလို ဘာသာပြန်ပေးထားပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ ရက်ဘစ်က အီစတာမှာ အီစတာမလုပ်တော့တဲ့အခါ ရူး နဲ့ ကျန်တဲ့ သူငယ်ချင်းတွေက အီစတာ ဖြစ်ဖို့အတွက် ဝိုင်းဝန်းကြိူးစားကြတာကို ရိုက်ပြပေးထားပါတယ်။...
Primal Rage (2018) ⭐TMDB: 54% User Score 🎬 #Horror #Thriller 🗓 2018 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အတိတ်က အပြစ်ကြွေးတစ်ခုကြောင့် ထောင်ဒဏ်ကျခံနေရသူ မက်စ်ကို ကိုယ်တိုင်သွားကြိုခဲ့တဲ့ ဇနီးဖြစ်သူ အက်ရှလေရဲ့ ဇာတ်ဝင်ခန်းနဲ့ ဒီဇာတ်လမ်းကို စဖွင့်ထားပါတယ်။ သူ့ရဲ့မျက်ကွယ်မှာ အရွယ်ရောက်ပြီး ကျောင်းတက်စပြုနေတဲ့သားဖြစ်သူကို ပြန်တွေ့ဖို့ မက်စ်နဲ့ အက်ရှလေတို့ဟာ အမေရိကန်အရှေ့မြောက်ပိုင်းက တောအုပ်ကို ဖြတ်သန်းပြီးဖောက်လုပ်ထားတဲ့လမ်းကတစ်ဆင့် ပြန်လာခဲ့ပါတယ်။ ဓာတ်ဆီဆိုင်အရောက်မှာပဲ ဆီဖြည့်အနားယူနေရင်းက တောအုပ်ထဲကို အမဲလိုက်ခရီးထွက်မယ့် မုဆိုးတစ်သိုက်နဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် အချင်းများမယ့်ရန်ကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ထိုနေရာတစ်ဝိုက်မှာပဲ လူပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် နယ်ခံရဲမှူးကြီးကိုယ်တိုင် လိုက်လံစုံစမ်းနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ နှင်းလူရဲ့လက်ချက်ဖြစ်ကြောင်း တဖွဖွပြောနေတဲ့ ဓာတ်ဆီဆိုင်စာရေးရဲ့စကားကို ရူးနှမ်းပေါကြောင်တဲ့စကားအဖြစ်သာ ယူဆနေခဲ့ပါတယ်။ မက်စ်နဲ့အက်ရှလေတို့ ခရီးပြန်ဆက်ပြီးတဲ့နောက် မကြာခင်မှာပဲ ဝတ်လစ်စလစ်နဲ့ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။ ထိုလူရဲ့ဒဏ်ရာတွေက သူတို့ကားနဲ့တိုက်တာနဲ့တင် ဒီလောက်မဆိုးရွားနိုင်မှန်း သိသာနေတာကြောင့် အက်ရှလေက ရဲကို ဖုန်းဆက်ဖို့ပြောပြခဲ့ပါတယ်။ ထောင်ကနေ ပူပူနွေးနွေးလွတ်လာတဲ့ မက်စ်အနေနဲ့ကတော့ ပြဿနာကို ရှောင်ရှားဖို့ ဖြောင့်ဖြခဲ့ပေမယ့် တောအုပ်ထဲကနေ လှမ်းပစ်လိုက်တဲ့ ခဲလုံးစာမိပြီး တောင်စောင်းကနေတစ်ဆင့် ရေစီးမြန်တဲ့ချောင်းထဲကို ပြုတ်ကျခဲ့ပါတယ်။ ရေစီးထဲကို မေ့ပြီးမျောပါသွားတဲ့ မက်စ်နောက်ကို အက်ရှလေက မဆိုင်းမတွဘဲ ခုန်ဆင်းလိုက်ပါ ကယ်ဆယ်ခဲ့ပါတယ်။ အက်ရှလေ ခေါ်ဆိုထားတဲ့ ၉၁၁ ကောလ်ကြောင့် အခင်းဖြစ်ရာကို ရောက်လာတဲ့ ရဲမှူးကြီးဟာ လူစိမ်းကိုလည်း မတွေ့ရ၊ ဖုန်းခေါ်ထားတဲ့ အက်ရှလေတို့ရဲ့ကားကိုသာ တောင်စောင်းအောက်မှာ တွေ့ခဲ့ရပါတယ်။ ပါကင်ဂီယာထိုးထားတဲ့ကားကိုတောင်စောင်းအောက်ရောက်အောင်ပို့ဖို့ဆိုတာ အရမ်းအားသန်တဲ့လူတစ်ယောက် တွန်းမှသာ ဖြစ်နိုင်ခြေရှိကြောင်း သိသွားတဲ့အချိန်မှာတော့ ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်ဒီးယန်းတို့ရဲ့ ဒဏ္ဍာရီဖြစ်တဲ့ အို-မာ (ခေါ်) နှင်းလူရဲ့အကြောင်းကို လစ်လျူရှုထားလို့မရတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။ ရေစီးထဲ မျောပါသွားတဲ့ မက်စ်နဲ့အက်ရှလေ၊ အို-မာရဲ့အကြောင်းကို စုံစမ်းမယ့် ရဲမှူးကြီးနဲ့ တောအုပ်ထဲကို အမဲလိုက်သွားကြတဲ့ တောသားမုဆိုးတစ်သိုက်တို့ရဲ့ ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်နေမလဲဆိုတာကို ဆက်လက်ရှုစားနိုင်ဖို့ CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။...
Tomorrowland (2015) ⭐TMDB: 63% User Score 🎬 #Action #Adventure #Family #Fantasy #SciFi #Mystery #ScienceFiction 🗓 2015 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 File size…(2.5 GB)/(1.9 GB)Quality….Blu-Ray 1080p / 720pFormat… mp4Duration…. 02:10:00Genre… Quest, Action, Adventure, Family, Fantasy, Mystery, Sci-FiSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Ha Des...
The End (2024) ⭐TMDB: 55% User Score 🎬 #Drama #Fantasy #Musical #SciFi #ScienceFiction 🗓 2024 🎞 Series 🌎 #UnitedKingdom #Denmark #Germany #Ireland #Italy #Sweden ⏰ 2 နာရီ 29 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The End (2024) IMDb Rating (7.6) / Rotten Tomatoes (97%) ဒီဇာတ်ကားလေးမှာတော့ သာမန်တွေးကြည့်ရင်တော့ လားလားမှမဆိုင်တဲ့ ကမ္ဘာပျက်ကပ်နဲ့ ဂီတရုပ်ရှင်ကို တွဲစပ်ထားတဲ့ post-apocalyptic musical ဇာတ်ကားကောင်းလေးပဲဖြစ်ပြီး ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသမီးကြီး တီလ်ဒါ ဆွင်တန်က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး ကမ္ဘာမြေက လူသားတွေ နေထိုင်ရှင်သန်လို့မရတဲ့အနေအထားဖြစ်လာပြီး ၂၅ နှစ်အကြာမှာ မြေအောက်ဆားတွင်းကို နေစရာအိမ်လုပ်ပြီး အသက်ရှင်ကျန်ခဲ့တဲ့ လူချမ်းသာမိသားစုတစ်စုကို ဇာတ်အိမ်တည်ထားပါတယ်။ ဒီမိသားစုလေးဟာ မြေအောက်မှာ တစ်နေ့တစ်နေ့ ပျိုးပင်လေးတွေစိုက် ပန်းချီကားလေးတွေကို ဟိုဖက်နံရံ ပြောင်းချိတ် ဒီဘက်နံရံပြောင်းချိတ် စာပေအနုပညာတွေ ဆွေးနွေးပြီး ဘာမှမဖြစ်သလို စိတ်ကို တင်းခံထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်က မထင်မှတ်ထားပဲ အသက်ရှင်နေပြီး သူတို့ရဲ့ မြေအောက်အိမ်ကလေးကို ရောက်လာခဲ့ပါတယ်။ ဒီလိုကနေ ဘာမှမဖြစ်သလို စိတ်ကိုတင်းခံထားပြီး ခံစားချက်ကို မြိုသိပ်ထားတဲ့မိသားစု ဒီကောင်မလေးရောက်လာတဲ့အခါ ဘယ်လိုခံစားကျော်ဖြတ်ရမလဲ ဆိုတာကို သံစုံမြိုင်ဆိုင်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။)...
407 Dark Flight (2012) ⭐TMDB: 39% User Score 🎬 #Horror #Thriller 🗓 2012 🎞 movie 🌎 #Thailand ⏰ 1 နာရီ 45 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သရဲတစ္ဆေဇာတ်လမ်းတွေဆိုရင် အထူးပိုင်နိုင်ကျွမ်းကျင်တဲ့ အရှေ့တောင်အာရှနိုင်ငံများထဲကမှ ထိုင်းနိုင်ငံရဲ့ ၂၀၁၂ ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြောင့် လေယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတဲ့ SA-407 လေယာဉ်ကြီးနောက်ကွယ်က အကြောင်းအရာကိုမဖော်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် လေကြောင်းလိုင်းအနေနဲ့ ထိုလေယာဉ်ကြီးကို ပြန်လည်ပြင်ဆင်ဆေးမှုတ်ပြီး ပျံသန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အောက်စီဂျင်ပြတ်လပ်မှုကြောင့် ခရီးသည်တွေ ထင်ယောင်ထင်မှားဖြစ်ပြီး ထူးဆန်းတာတွေ မြင်တွေ့ခဲ့ရတယ်လို့ ယူဆပြီး ယခုတစ်ကြိမ်မှာ ဘယ်လိုဖြစ်ရပ်ဆိုးမှ ပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ရပ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လေယာဉ်မယ်ဖြစ်သူ နယူးအတွက်တော့ ဒီလေယာဉ်ကြီးပေါ်ကို ပြန်ရောက်ခဲ့ပြီး ကံကြမ္မာလှည်းဘီး တစ်ပတ်ပြန်လည်ဖို့ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ကို အပြီးသတ်ပြင်ဆင်ပေးနေတဲ့ နယူးရဲ့ချစ်သူ ဘန့်ခ်တစ်ယောက် ကုန်သိုလှောင်ခန်းထဲမှာ စစ်ဆေးနေတုန်း အပြင်ထွက်မရဘဲ လေယာဉ်ပေါ်မှာ ပါလာခဲ့ပါတယ်။ လေယာဉ်မောင်းနှင်ပြီး မကြာခင်မှာပဲ လေယာဉ်တွင်းအောက်ဆီဂျင် ထိုးကျလာပြီးတော့ ခရီးသည်တွေအတွက် သေရေးရှင်ရေး အခြေအနေဖြစ်လာခဲ့ပါတယ်။ လေယာဉ်မှူးအခန်းကိုလည်း ဆက်သွယ်မရ၊ ဝင်မရဖြစ်နေတာကြောင့် ခရီးသည်တွေကို ကယ်တင်ပေးဖို့တာဝန်က လေယာဉ်မယ်ခေါင်းဆောင်ဖြစ်တဲ့ နယူးနဲ့ ဘန့်ခ်တို့ ပခုံးပေါ် ကျရောက်လာခဲ့ပါတယ်။ ခြောက်ခြားစရာတွေကို တစ်ယောက်စ နှစ်ယောက်စ ကြုံတွေ့လာခဲ့ရတာကနေစပြီး ခရီးသည်တွေကို သရဲစတင်ပူးကပ်လာရာကနေတစ်ဆင့် အချင်းချင်းထင်ယောင်ထင်မှားနဲ့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရဲတဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာကြတဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေ တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှု နဲ့ စွန့်လွှတ်အနစ်နာခံမှု ရဲရင့်မှု နဲ့ သူရဲဘောကြောင်မှု အမုန်းတရား နဲ့ ချစ်ခြင်းမေတ္တာစတဲ့ ခံစားချက်တွေ လွန်ဆွဲကြပုံကို ဒီခြောက်ခြားဖွယ်ခရီးစဉ်တစ်ခုတည်းမှာ ရောပြွန်းခြယ်သထားတဲ့ ဇာတ်ကားလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။...
Nothing Even Matters (2024) ⭐TMDB: 50% User Score 🎬 #Action #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 53 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆေးမှုနဲ့ထောင်ကျနေတဲ့ထရပ်ဗစ်တစ်ယောက် ထောင်ထဲမှာ၅နှစ်နေပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့အခါ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်တဲ့ ဘန်နီနဲ့ပြန်တွေ့ပြီး ဘန်နီတို့အိမ်ကိုလိုက်သွားခဲ့ပါတယ် ဘန်နီရဲ့အသက်ကိုကယ်ခဲ့ဖူးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ မိသားစုလိုနေဖို့ဘန်နီရဲ့အမေဖြစ်သူဘလင်ဒါက ထရပ်ဗစ်ကို စည်းရုံးပြီး သူတို့ရဲ့လုပ်ငန်းထဲကိုဝင်လုပ်ဖို့ခိုင်းလာပါတော့တယ် ထောင်ကထွက်လာပြီးကတည်းက ထောင်ထပ်ကျနိုင်မယ့် အလုပ်မှန်သမျှ မကောင်းတာမှန်သမျှကို ရှောင်ဖို့ ကြိုးစားနေတဲ့ထရပ်ဗစ်တစ်ယောက် ဘန်နီတို့ကမ်းလှမ်းတဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဆိုတဲ့အလုပ်ကိုလက်ခံလိုက်ပါတယ် တစ်ရက် ဘန်နီတို့အိမ်မှာဘဲယ်လို့ခေါ်တဲ့မိန်းမလှလေးကို တွေ့မိပြီး မျက်စိကျသွားမိရာကနေ ဘန်နီတို့ရဲ့လုပ်ငန်း အကြောင်းကို တစ်စွန်းတစ်စသိလာတဲ့အပြင် ဘဲယ်ရဲ့ ဘဝသရုပ်မှန်ကိုပါသိလာခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီလုပ်ငန်းဟာသူလုံးဝမလုပ်ချင်တဲ့အလုပ်ဖြစ်နေတဲ့အခါ ထရပ်ဗစ်တစ်ယောက်အိမ်ကနေထွက်သွားပါတော့တယ် အဲဒီနောက်ပိုင်းထရပ်ဗစ်တစ်ယောက်ဘာတွေဆက်ကြုံရမလဲ ဆိုတာကို အတူတူကြည့်လိုက်ရအောင်ဗျာ...
