ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Go Ahead, Brother (2024) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Action #Adventure #Crime #Drama #Thriller 🗓 2024 🎞 tv series 🌎 #Poland ⏰ 1 နာရီ 2 မိနစ် 41 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Go Ahead, Brother (2024) IMDb Rating (7.1) အော်စကာဟာ အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး စစ်ဆင်ရေးတစ်ခုမှာ သူ့ရဲ့ ရဲဘော်ရဲဘက်ကို မတော်တဆ သေစေမိခဲ့ပြီးတော့ ရာထူးမှ ရပ်နားခံခဲ့ရပါတယ်။ အော်စကာရဲ့ အဖေဖြစ်သူဟာ လောင်းကစားဝါသနာအိုးဖြစ်ပြီး အကြွေးတွေပတ်လည်ဝိုင်းနေတာကြောင့် အော်စကာခမျာ အဖေဖြစ်သူရဲ့ အကြွေးကို လိုက်ဆပ်ပေးလို့မကုန်ပါဘူး။ ဒီလိုနဲ့ အော်စကာတစ်ယောက် အလုပ်ပြုတ်ပြီး မကြာပါဘူး၊ အဖေဖြစ်သူဟာ ဆုံးပါးသွားခဲ့ပြီး အော်စကာကို ဘဏ်ကြွေးတွေနဲ့ ထားခဲ့ပါတော့တယ်။ အဖေဖြစ်သူဆုံးသွားတဲ့အခါ အော်စကာရဲ့ မောင်နှမတွေဟာ အမွေခွဲဖို့ရောက်လာပြီး အဖေဖြစ်သူ ချန်ထားခဲ့တဲ့အိမ်ကို ရောင်းပြီး ရတဲ့ငွေကို ဘဏ်ကြွေးဆပ်ပြီး ပိုတာ ခွဲယူကြဖို့ တွန်းအားပေးလာပါတော့တယ်။ ဒီအချိန်မှာ အော်စကာဟာ သူတို့မိသားစုရဲ့ တစ်ခုတည်းသော အမှတ်တရဖြစ်တဲ့ အိမ်ကလေးကို အဆုံးရှုံးမခံလိုတဲ့အတွက် ငွေကို ရတဲ့နည်းနဲ့ ဘယ်လိုရှာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ Action Thriller ဇာတ်လမ်းတွဲကောင်းပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။)...
The Sabarmati Report (2024) ⭐IMDB: 6.6/10 (21 k Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 4 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Sabarmati Report (2024) ဆာဘာမာတီရထား မီးလောင်မှုIMDb – 6.6/10 12တန်းကျမင်းသားရဲ့ အမိုက်စားကားလေးတစ်ကား ထပ်မံထွက်ရှိလို့လာခဲ့ပါပြီ။ဒီကားမှာတော့ ဟင်ဒီဂျာနယ်လစ်တစ်ယောက်အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ၂၀၀၂ခုနှစ် ဖေဖော်ဝါရီ ၂၇ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဂူဂျာရတ်မြို့ ဂိုဒရာဘူတာမှာရထားမီးလောင်တဲ့ကိစ္စဟာ တစ်နိုင်ငံလုံးအတိုင်းအတာထိအောင် ရိုက်ခတ်မှုတွေများခဲ့ပါတယ်။ ရထားမီးလောင်တာဟာလည်း ရထားတွဲနှစ်ခုပဲ မီးလောင်တာဖြစ်ပြီး မီးလောင်မှုမှာလူပေါင်း ၅၉ယောက်အထိ သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် လူမျိုးရေးခြားနားမှုတွေ,ဇာတ်မျိုးကွဲမှုတွေကလည်း ပါဝင်နေတဲ့အတွက် အဓိကရုဏ်းတွေလည်း ဖြစ်လို့နေပါတယ်။ ဒီသတင်းကို လိုက်ဖို့အတွက် EBT Newsက အင်္ဂလိပ်ဂျာနယ်လစ် မနီကာတစ်ယောက်ဆမာဆိုတဲ့ ဟင်ဒီဂျာနယ်လစ်ကို ကင်မရာသမားအနေနဲ့ ခေါ်သွားပြီးတော့ စုံစမ်းစစ်ဆေးခဲ့ပါတော့တယ်။ ဒိလိုစုံစမ်းရင်းနဲ့ ဒီမီးလောင်မှုဟာ မတော်တဆဖြစ်တာမဟုတ်ဘဲ လုပ်ကြံမှုတစ်ခုဆိုတာကို သိခဲ့ရပါတယ်။မနီကာနဲ့ ဆမာတို့ ဂူဂျာရတ်မှာ စုံစမ်းပြီးနောက် မနီကာကတော့ မီးမလောင်ဘဲ ကျန်ရစ်တဲ့ရထားတွဲတွေကိုဆက်လက်ခုတ်မောင်းသွားတဲ့ အဟမ်ဒါဘတ်ဆီကို လိုက်သွားခဲ့ပြီး ဆမာ့ကိုတော့ ဂူဂျာရတ်ကအခြေအနေတွေကို တင်ပြခိုင်းဖို့ ဒေလီက သတင်းဌာနကို ပြန်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း EBT Newsကို ဆမာတစ်ယောက် ဖြစ်ရပ်မှန်သတင်းတွေ ပေးခဲ့ပေမယ့်အထက်အာဏာပိုင်တွေနဲ့ပူးပေါင်းပြီးတော့ မတော်တဆမှုအနေနဲ့ပဲ ထုတ်ပြန်ခဲ့ပြီးဆမာ့ကိုလည်း ဒီကိစ္စအတွက်နဲ့ စွဲချက်တွေ တင်ပြီး တရားစွဲခဲ့ပါသေးတယ်။ ဒီလိုနဲ့ ဆမာတစ်ယောက် သူ့အပေါ် မဟုတ်မမှန်တင်ထားတဲ့ စွဲချက်တွေကိုသူ့ချစ်သူကောင်မလေးနဲ့အတူတူ ဘယ်လိုတွေ တိုက်ခိုက်သွားမလဲ …….. ဒီရထားတွဲမီးလောင်မှုကိစ္စကိုရော အမှုမှန်ပေါ်ပေါက်အောင် ဘယ်လိုတွေ ဖော်ထုတ်သွားမလဲ …..ဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဒရာမာ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)...
Hyena Road (2015) ⭐IMDB: 6.5/10 (9 k Votes) 🎬 #Drama #War #Thriller #Action 🗓 2015 🎞 movie 🌎 #Canada ⏰ 2 နာရီ 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ War/Drama အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာဆိုရင် အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲထဲက ကနေဒါစစ်ဆင်ရေး တပ်ဖွဲ့တွေအကြောင်း စိတ်လှုပ်ရှားဖွယ်မြင်တွေ့ရမှာဖြစ်ပြီး ခေတ်သစ် စစ်ပွဲတွေရဲ့ မရိုးရှင်းလှတဲ့ ဗျူဟာမြောက်လုပ်ငန်းစဉ်တွေအကြောင်း ကိုလည်း ကြိုးစားတင်ပြထားတာ တွေ့ရမှာပဲဖြစ်ပါတယ်.. တောခွေးလမ်းမဟာ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒဟာဒေသမှာ စစ်ဆင်ရေး ဖော်ဆောင်ရတဲ့ ကနေဒါတပ်ဖွဲ့များ ဖောက်လုပ်ခဲ့တဲ့ ဗျူဟာမြောက်ထောက်ပို့လမ်းကြောင်း တခုဖြစ်ပါတယ် ကန်ဒဟာဒေသဟာ တာလီဘန်တို့လှုပ်ရှားကြီးစိုးရာ ဒေသဖြစ်တဲ့ အပြင် တောင်စွယ်၊ တောင်ကုန်း၊ လျှို ချောက်များဖြင့် ကြမ်းတမ်းတဲ့ မြေမျက်နှာသွင်ပြင်ရှိရာ ဒေသဖြစ်လို့ တောခွေးလမ်းမကြီးကို ၂၀၀၆ ကနေ ၂၀၁၁ အထိ ၅ နှစ်ကြာအချိန်ယူတည်ဆောက်ခဲ့ရပါတယ်.. ဒီရုပ်ရှင်မှာတော့ စနိုက်ပါသမားဖြစ်တဲ့ Ryan Sanders နဲ့ သူ့အဖွဲ့ဟာ တောခွေးလမ်းမ ဆောက်လုပ်ရေးလုပ်ငန်းကို တာလီဘန်တို့ နှောင့်ယှက်ခြင်းဘေးကနေ ကာကွယ်စောင့်ကြပ်ပေးရတဲ့အဖွဲ့ ဖြစ်ကြပါတယ်… တဖက်မှာလည်း စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအရာရှိ Pete Mitchell ဟာ တောခွေးလမ်းမ ပြီးစီးအောင်ဖောက်လုပ်နိုင်ဖို့ ထောက်လှမ်းရေးနည်းအတိုင်း ဒေသခံများနှင့် ရင်းနှီးမှုယူကာ ဗျူဟာဖော်ဆောင်နေခဲ့ပါတယ်.. လမ်းမကို စောင့်ကြပ်နေရင်း တနေ့မှာတော့ Ryan Sanders တို့ အဖွဲ့ဟာ တာလီဘန်တို့ရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံရပါတော့တယ် အင်အားမမျှတဲ့ စနိုက်ပါသမားအုပ်စုဟာ တာလီဘန်တွေကို ခံပစ် ထားနိုင်ဖို့ အနီးအနားက ဟာဂျီဘာဘာရွာထဲ ဝင်ပြေးရပြီး ရွာတစ်နေရာ အရောက်မှာတော့ ထူးထူးဆန်းဆန်းမျက်လုံးတွေနဲ့ အဘိုးအို တစ်ယောက်က ၎င်းတို့စနိုက်ပါအဖွဲ့ကို တာလီဘန်တို့လက်မှ လွတ်အောင်ဝှက်ပေးခဲ့ပါတယ်… ဒီအကြောင်းကို ထောက်လှမ်းရေးအရာရှိ Pete Mitchell တစ်ယောက် သိရှိသွားရာမှာတော့… ဒီရုပ်ရှင်ကားလေးဟာ ခေတ်သစ်စစ်ပွဲတွေရဲ့ စစ်ဘက်အရပ်ဘက်ဆိုင်ရာ ဗျူဟာတွေအကြောင်းနဲ့ စစ်ပွဲရဲ့ ပကတိဂုဏ်ယူစရာမရှိပုံတွေ မြေစာပင်ဖြစ်ရတဲ့အရပ်သားတွေရဲ့ အကျပ်အတည်းနဲ့ဆင်းရဲဒုက္ခ တွေကို အရင်းအတိုင်းတင်ပြထားလို့ စစ်ဆန့်ကျင့်ရေးရုပ်ရှင်ကား တကားအနေနဲ့လည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေး ဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်များ လက်မလွတ်ရလေအောင် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ...
Tômeina Watashitachi (2024) ⭐IMDB: 6.4/10 (59 Votes) 🎬 #Crime #Drama #Thriller 🗓 2024 🎞 tv mini series 🌎 #Japan ⏰ 1 နာရီ 7 မိနစ် 19 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Invisible Us (2024) ********************** အပိုင်း (၁ မှ ၆) စ/ဆုံး လူသွားလူလာထူထပ်တဲ့ ရှီဘူရာမှာ လူတစ်ယောက်ဟာ ကျားမမရွေး၊ ကြီးငယ်မရွေး တွေ့ကရာလူတွေကို ဓားနဲ့ထိုးတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်။ တိုကျိုသတင်းထောက်တစ်ဦးဖြစ်တဲ့ အာအိုအီ နာကာဂါဝါဟာ ဒီအမှုကို သိလိုက်ရတဲ့အခါ တရားခံဟာ သူ့ရဲ့အထက်တန်းကျောင်းက ကျောင်းနေဖက်တစ်ဦးဖြစ်မယ်လို့ သံသယဝင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ အာအိုအီဟာ အထက်တန်းကျောင်းနေဖက်ဟောင်းတွေနဲ့ ပြန်လည်ဆက်သွယ်ခဲ့ပြီး အမှုကို ဖော်ထုတ်တဲ့အချိန်မှာ မြုပ်ထားတဲ့ လျှို့ဝှက်ချက်ဟောင်းတွေ၊ အတိတ်က ဆက်ဆံရေးတွေက လက်ရှိကို ထင်ဟပ်မှုတွေ၊ ကြည်နူးဆွတ်ပျံ့စရာ အမှတ်တရတွေကို ရှာဖွေတွေ့ရှိလာခဲ့ရုံမက တရားခံဟာ ဘယ်သူလဲဆိုတာကိုပါ သိလာခဲ့ရတော့တယ်။ ဒရမ်မာနဲ့ သည်းထိတ်ရင်ဖို ရောနှောပေါင်းစပ်ထားတဲ့ ဒီစီးရီးဟာ မှုခင်းကြိုက်သူတွေ၊ စိတ်ပိုင်းဆိုင်ရာ အသားပေး ဇာတ်လမ်းတွေကို နှစ်ခြိုက်တဲ့လူတွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်မှာ သေချာပါတယ်။ (အညွှန်းကိုတော့ Esth မှ ရေးသားထားပါတယ်။)...
The Body (2012) ⭐IMDB: 7.6/10 (75 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2012 🎞 movie 🌎 #Spain ⏰ 1 နာရီ 51 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Body (2012) El cuerpo IMDb Rating (7.6) / Rotten Tomatoes (79 %) စပိန်စကားပြော ဇာတ်ကားတစ်ကားဖြစ်တဲ့ The Body (စပိန်ဘာသာဖြင့် El Cuerpo) ဟာလျှို့ဝှက်သည်းဖိုဇာတ်ကားကောင်းများစွာထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။လျှို့ဝှက်သည်းဖိုဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း လှည့်ကွက်များစွာ ကြုံတွေ့ရမှာကို ကြိုသိနေသည့်တိုင်အောင်တစ်ခုကိုဖွင့်ချလိုက်တိုင်း နောက်ထပ်လှည့်ကွက်တစ်ခုက ထပ်ပေါ်လာတဲ့ Russian Doll ဆန်ဆန် ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ နာမည်အတိုင်း ရင်ခွဲရုံကနေ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ အလောင်းကောင်တစ်ကောင်နဲ့ စတင်ထားပါတယ်။ထိုအလောင်းကတော့ ထက်မြက်ပြီး ကုမ္ပဏီများစွာကို ဦးစီးချုပ်ကိုင်နေတဲ့ မေကာ ဖြစ်ပြီးတော့ သူ့ထက်ငယ်ရွယ်တဲ့အဲလက်စ် နဲ့ လက်ထပ်ထားသူလည်းဖြစ်ပါတယ်။ မေကာ နှလုံးရောဂါဖောက်ပြီးသေဆုံးတဲ့ညမှာပဲ အလောင်းထားရှိရာ ရေခဲတိုက်ရဲ့ညစောင့်အိန်ဂျယ်တောရက်စ်ဟာ ညကြီးမင်းကြီး ရင်ခွဲရုံကနေ တောအုပ်ကို ကြောက်လန့်တကြီး ထွက်ပြေးလာရင်းနဲ့ကားလမ်းပေါ်အတက်မှာ ကားတစ်စီးက ဝင်တိုက်သွားခဲ့ပါတယ်။ ကားတိုက်ခံရတဲ့ဒဏ်ကြောင့်ပဲ ထိုညစောင့်က ကိုမာဝင်သွားခဲ့ပြီးတော့ သူ ထွက်မပြေးခင်မှာရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။ ထိုအခြင်းအရာကို စုံစမ်းဖို့ ရင်ခွဲရုံကိုရောက်လာတဲ့ စုံထောက်ကြီး ဟိုင်မီနဲ့အဖွဲ့ဟာ မေကာရဲ့အလောင်း ထူးဆန်းစွာပျောက်ဆုံးနေမှန်း မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ တစ်ဖက်မှာတော့ အဲလက်စ်က သူ့ရဲ့ အငယ်အနှောင်းဖြစ်တဲ့ ကာလာနဲ့ တွေ့ဆုံပြီး မေကာ့ကို အစဖျောက်ပစ်လိုက်ကြောင်းပြောပြနေပါတယ်။ ထိုအချိန်မှာပဲ မေကာရဲ့အလောင်း ရင်ခွဲရုံကနေ ပျောက်ဆုံးသွားတဲ့အကြောင်း အဲလက်စ်ကိုအကြောင်းကြားလာပါတယ်။ အဲလက်စ် ရင်ခွဲရုံကို ရောက်လာတဲ့အချိန်မှာ စုံထောက်ကြီးဟိုင်မီက စစ်ဆေးမေးမြန်းနေရင်းနဲ့အဲလက်စ်အနေနဲ့ မေကာ့ကို မရှိတော့တဲ့လူတစ်ယောက်လို သုံးနှုန်းပြောဆိုနေတာ သတိထားမိပြီး သံသယဝင်လာပါတယ်။အဲလက်စ်ကို ဆက်လက်စစ်ဆေးဖို့ ရင်ခွဲရုံမှာပဲ ထိန်းသိမ်းထားတဲ့အချိန် ရေခဲတိုက်ထဲက အသံတစ်ခု ကြားရလို့သွားကြည့်တဲ့အချိန်မှာ သူနေ့ခင်းက မေကာသောက်မယ့်ဝိုင်ခွက်ထဲကို ထည့်ခဲ့တဲ့ TH-16 တံဆိပ်ကပ်ထားတဲ့အဆိပ်ဆေးပုလင်းကို သော့ဖျက်ထားတဲ့ လော့ဒ်ကာတစ်ခုထဲမှာ တွေ့လိုက်ရပါတယ်။ သောက်ပြီး ၈ နာရီကြာမှ အစွမ်းပြတဲ့ TH-16 ဟာ သဲလွန်စတစ်စုံတစ်ရာ ရှာမတွေ့ဘဲနှလုံးရောဂါဖောက်ပြီး သေဆုံးအောင် ပြုလုပ်နိုင်တဲ့ ဆေးပုလင်းတစ်ခုဖြစ်နေပါတယ်။အဲလက်စ်အနေနဲ့ သူ တိတ်တဆိတ် ကြံစည်ထားတဲ့ ဒီဆေးပုလင်းကို သူမျက်စိရှေ့ရောက်အောင် ပို့နိုင်သူဟာတခြားသူမဟုတ်ဘဲ သေဆုံးဟန်ဆောင်ပြီး သူ့ကို အကွက်ဆင်ဖမ်းမယ့် မေကာပဲလို့ တစ်ထစ်ချ ယုံကြည်နေပါတယ်။ စုံထောက်ကြီး ဟိုင်မီရောက်လာတဲ့အချိန်မှာတော့ အဲလက်စ်ရဲ့ အိတ်ကပ်ထဲက TH-16 ကို တွေ့ပြီးတော့တစ်ခုခုကို ဖုံးကွယ်ထားမှန်းသိသာနေတဲ့ အဲလက်စ်ကို အလွတ်မပေးဖို့ အကြောင်းပြချက်တစ်ခု တိုးလာခဲ့ပါတယ်။ဇာတ်လမ်းက ဒီနေရာအရောက်မှာပဲ မေကာက တကယ် မသေဘဲ အဲလက်စ်ကို ထောင်ချောက်ဆင်ဖို့ကြိုးစားနေတာလား၊ စုံထောက်ကြီးဟိုင်မီကရော အဲလက်စ်ရဲ့ မသမာမှုကို ဖော်ထုတ်နိုင်မှာလား၊အဲလက်စ်အနေနဲ့ ဒီအခြေအနေက အကောင်းဆုံး ဘယ်လိုရုန်းထွက်နိုင်မလဲ ဒါမှမဟုတ်ဒီကိစ္စတစ်ခုလုံးက သဘာဝလွန်ဖြစ်ရပ်ဆန်းတစ်ခုပဲလား ဆိုတဲ့ မေးခွန်းများစွာကို တောင်းဆိုလာပါတော့တယ်။ တွက်ရခက်တဲ့ပုစ္ဆာရှည်တစ်ပုဒ်ကို တစ်စချင်းစီဆွဲထုတ်ဖြေရှင်းသွားသလိုပဲ ဇာတ်လမ်းအစကနေ အဆုံးအထိစိတ်အာရုံကို ဖမ်းစားသွားမယ့်ဇာတ်လမ်းတစ်ပုဒ်ကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Sumali မှ တင်ဆက်ထားပါတယ်။)...
The Most Beautiful Wife (1970) ⭐TMDB: 69% User Score 🎬 #Crime #Drama 🗓 1970 🎞 tv series 🌎 #Italy ⏰ 1 နာရီ 48 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1965 ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခဲ့တဲ့ The most beautiful wife ဆိုတဲ့ အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Francesca ဆိုတဲ့ ကောင်မလေးဟာ ငလျင်ကြောင့် အိမ်မရှိတော့ပဲ ဆင်းဆင်းရဲရဲနေရပါတယ်။ တဖက်မှာလဲ မာဖီးယားဂိုဏ်းက Vito ဟာ ပိုက်ဆံရှိတယ်ဆိုပြီး ဆရာကြီးအထာနေတဲ့နေတဲ့သူပါ၊ တစ်နေ့တော့ Vito ဟာ Francesca ကို မြင်ပြီး သဘောကျသွားပြီး လက်ထပ်ခွင့်တောင်းပါတယ်။ အဲ့ဒီအခါ Francesca ကရော Vito ကို ကိစ္စတစ်ခုကြောင့် ငြင်းလိုက်ပါတယ်။ အဲ့လို ငြင်းလိုက်တဲ့ အခါ Vito က လက်ခံမလား။ သူတို့နှစ်ယောက် ဘာဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး...
Until I Kill You (2024) ⭐IMDB: 7.4/10 (4 k Votes) 🎬 #Crime 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 45 မိနစ် 48 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Until I Kill You ( 2024 ) IMDb Rating (7.4) / Rotten Tomatoes (100%) ဒီ Mini-series လေးကတော့ Delia Balmer ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ” Living with a Serial Killer ” ကိုမှီညမ်းပြီး Julia Ford ကရိုက်ကူးထားတာပါ။ အဲ့စာအုပ်မှာ Delia Balmer က သူရဲ့ရည်းစားဟောင်းဖြစ်သူဂျွန်က ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်နေတာကြောင့် သူကြုံခဲ့ရတာတွေနဲ့ သူ့ဘ၀အပေါ်ဘယ်လိုသက်ရောက်စေခဲ့သလဲဆိုတာတွေပါ၀င်ပါတယ်။ Series ကလည်း ဒီလီယာ ဂျွန်ကိုစတွေ့ခဲ့တဲ့အချိန်ကစပြီး ဂျွန်ရဲ့ အမူအရာတွေ ပြောဆိုဆက်ဆံပုံတွေနဲ့ နောက်ဆုံးသူ့ရည်းစားဟောင်းကိုအပိုင်းပိုင်းဖြတ်ပြီး သတ်ခဲ့ပါတယ်လို့ ၀န်ခံလိုက်ပြီး ဒီလီယာကိုအန္တရာယ်ပြုဖို့ကြိုးစားတဲ့နောက် သူကြုံရတာတွေနဲ့တရားရုံးမှာပြန်တွေ့တာတွေကို ရိုက်ကူးပြထားတာပါ။ ပုံမှန်ဆို ကွင်းဆက်လူသတ်သမားတွေဘက်ကပဲ ရိုက်ကူးကြတာများပေမယ့် ဒီ True-crime drama လေးက အခြားနဲ့ကွဲထွက်နေတာက ခံရသူဘက်က ရိုက်ပြထားတာပါ။ လက်ရှိအပြင်က ရည်းစားကောင်မလေးတွေသတ် အပိုင်းပိုင်းဖြတ်ပြီး တူးမြောင်းတွေထဲပစ်ချခဲ့တဲ့ ဂျွန်ဆွစ်နီကတော့ တစ်သက်တစ်ကျွန်းကျနေပါတယ်တဲ့။ True-crime fans တွေလက်မလွှတ်သင့်သလို mini-series လေးမို့ အချိန်ပေးရတန်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)...
La Maison (2024) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Drama 🗓 2024 🎞 tv series 🌎 #France #SouthKorea #UnitedStatesofAmerica ⏰ 52 မိနစ် 20 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 La Maison (2024) IMDb Rating (6.0) / Rotten Tomatoes (92%) နှစ်ပေါင်းရာချီတည်ထောင်လာခဲ့တဲ့ဖက်ရှင်လုပ်ငန်းဟာ စကားအမှားလေးတခုကြောင့် ပျက်စီးစပြုလာတော့မယ့်အချိန် ပြိုင်ဘက်လုပ်ငန်းကလက်ဝါးကြီးအုပ်သွားနိုင်လား ပြန်လည်ရှင်သန်နိုင်မလား???? ၂၀၂၄ထွက် ပြင်သစ်စီးရီးအသစ်ဖြစ်တဲ့အတွက်ကြောင့် ဖက်ရှင်အလန်းလေးတွေလည်းမြင်ရမယ်။ ပြင်သစ်ရဲ့ဖက်ရှင်လောကအကြောင်းကို လည်း စိတ်ဝင်စားဖွယ်ကြည့်ရှူနိုင်ပါမယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Inzali Than Htike ဖြစ်ပါတယ်။)...
A Terrified Teacher at Ghoul School! (2024) ⭐IMDB: 6.8/10 (84 Votes) 🎬 #Animation #Comedy #SciFi #Fantasy 🗓 2024 🎞 tv series 🌎 #Japan ⏰ 25 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမယ့် Fantasy, School life Anime လေးပဲဖြစ်ပါတယ်။ ဒီကားမှာတော့ MC က ကျောင်းဆရာဖြစ်ချင်တဲ့ သူတစ်ယောက်ဖြစ်ပြီး ကျောင်းဆရာဖြစ်တဲ့ အချိန်မှာ ကျောင်းသားလူမိုက်တွေ အနိုင်ကျင့်ခံရလို့ ကျောင်းကနေ ထွက်ပြေးပြီး တစ်နှစ်လောက် အိမ်ထဲမှာ ပုန်းနေခဲ့ပါတယ် အဲဒီလိုနဲ့ မိဘတွေရဲ့ အသိ ကျောင်းအုပ်တစ်ယောက်က သူ့ကို ကျောင်းဆရာအဖြစ်ခန့်လိုက်တဲ့ အခါမှာတော့ သူက Hyakki ဆိုတဲ့ ကျောင်းရှိတဲ့ ကျွန်းကို စိတ်လှုပ်ရှားစွာနဲ့ ရောက်လာခဲ့ပါတယ် ဒီလိုနဲ့ ကျောင်းကို ရောက်ပြီး သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်လာပြီဆိုပြီး ကြည်နူးနေတဲ့ အချိန်မှာပဲ သူရောက်နေတဲ့ ကျောင်းက သာမန်မဟုတ်ဘဲ Youkai(ဂျပန်ဒဏ္ဍာရီလာ မကောင်းဆိုးဝါးများ) တွေရဲ့ ကျောင်းဖြစ်နေပါတယ် အဲဒီ အခါမှာ အလယ်တန်းကျောင်းသားတွေကိုတောင် ကြောက်တတ်တဲ့ MC တစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ Youkai တွေကြားမှာ လူသားတစ်ယောက်အနေနဲ့ အခက်အခဲတွေကို ကျော်ဖြတ်သွားနိုင်မှာလား ဒီကျောင်းအုပ်ကရော သူ့ကို ဘာလို့ ဒီကျောင်းမှာ အလုပ်ခန့်ခဲ့တာလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်...
Happy's Place (2024) ⭐TMDB: 62% User Score 🎬 #Comedy #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အပိုင်းသစ် ( ၈ ) The Big Bang Theory တို့ Young Sheldon တို့ The Office တို့ဆိုတဲ့ နာမည်ကြီးဟာသရှိုးတွေကို Sitcom လို့ခေါ်ကြပါတယ်။ တီဗီမှာပြသတဲ့ဟာသရှိုးတွေဖြစ်ပြီး ဟာသရုပ်ရှင်ကားတွေနဲ့မတူဘဲ တစ်မူထူးခြားရယ်ရတဲ့ရှိုးမျိုးတွေဖြစ်ပါတယ်။အခုလည်းအသစ် ထွက်ရှိလာတဲ့ Sitcom ကောင်းလေးတစ်ခုကိုတင်ဆက်ပေး လိုက်ပါတယ်။နာမည်ကတော့ Happy’s Place ဖြစ်ပြီး လက်ရှိ IMDb Rating 5.3 အထိရရှိထားပါတယ်။ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်းနာမည်ကြီးသရုပ်ဆောင်တွေပဲ ဖြစ်တဲ့အတွက် တစ်နေ့တာအမောအပန်းတွေဖြေဖျောက် ချင်ရင်တော့ရွေးချယ်ကြည့်ရှုဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းကိုတော့ နာမည်အတိုင်းပဲ Happy’s Place လို့ခေါ်တဲ့ အရက်ဆိုင်မှာတည်ထားပြီး အဲ့ဒီဆိုင်ကိုဦးစီးနေသူကတော့ ဘော်ဘီဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။မကြာသေးခင်ကမှ အဖေဖြစ်သူဆုံးသွားတဲ့အတွက် ဝမ်းနည်းပူဆွေးလို့တောင် မ၀သေးဘူး ပြဿနာတစ်ခုကထပ်ရောက်ချလာပါတော့တယ်။ အဲ့ဒီပြဿနာကတော့ သူတစ်ခါမှမကြားဖူးတဲ့သမီးဖြစ်သူ နောက်တစ်ယောက်ထပ်ရောက်ချလာတာပါပဲ။ပြီးတော့ သူ့အဖေက အဲ့ဒီသမီးနှစ်ယောက်လုံးကို ဆိုင်ကိုပူးတွဲပိုင်ဆိုင်ခွင့် ပေးချင်တယ်ဆိုပြီး သေတမ်းစာမှာရေးထားတဲ့အတွက် ဘော်ဘီ တစ်ယောက် အဖေဆုံးတာတွေရော သူ့အဖေဖောက်ပြန်ခဲ့တာ တွေရော ဆိုင်ကိုတခြားသူနဲ့ပေါင်းပြီးဦးစီးရမယ်ဆိုတာတွေ ပေါင်းပြီး ခေါင်းကိုက်ရပါတော့တယ်။ထပ်ပေါ်လာတဲ့သမီး ဆိုတာကလည်း အစ်စဘယ်လာလို့ခေါ်တဲ့ကောင်မလေးကလည်း သူမွေးရင်သူ့သမီးအရွယ်လောက်ပဲရှိမဲ့ ဆယ်ကျော်သက် ကောင်မလေးဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ပေါင်းပြီး ဟက်ပီးဆိုင်ကိုဘယ်လိုဦးစီးကြပြီး ဘယ်လိုရယ်စရာတွေကြုံတွေ့ ရဦးမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမဲ့ ပေါ့ပေါ့ပါးပါး TV Series လေးပဲဖြစ်ပါတယ်။ File Size – 646 MB Quality –WEB-DL 1080p HEVC Episodes – 13 Eps Duration – 21 min Subtitle – Myanmar Hardsub Format – mkv Genre : Comedy , Drama Translator – Saw Lay Encoder – Min Wai ( Season 1 ) Ongoing Sereies Ep-1 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-2 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-3 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-4 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-5 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-6 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-7 (1080p)>>Usersdrive/YoteShin/gdtot/Megaup Ep-8 (1080p)>>Usersdrive/YoteShin/gdtot/Megaup (ကျန်ရှိသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားပါမည်)...
Sweet Kaaram Coffee (2023) ⭐IMDB: 7.2/10 (3 k Votes) 🎬 #Comedy #Family #Drama 🗓 2023 🎞 tv series 🌎 #India ⏰ 41 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sweet Kaaram Coffee (2023)”ချိုမြိန်တဲ့ ကော်ဖီတစ်ခွက်”============================================ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြောဟာသ ဒရာမာ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။.လူ့ဘဝကြီးက တိုတိုလေးတဲ့။အချိန်တွေ ကုန်လို့ကုန်သွားမှန်းမသိရတဲ့ လူ့ဘဝသက်တမ်းခဏလေးအတွင်းမှာ မိဘကောင်း၊ ခင်ပွန်းကောင်း၊ဇနီးကောင်း၊ သားသမီးလိမ္မာဆိုတဲ့ ခေါင်းစဉ်တွေအောက်ကနေကိုယ်လုပ်ချင်တာတွေ ဘာတစ်ခုမှလုပ်ခွင့်မရဘဲမိသားစုရဲ့ ဝေယျာဝစ္စတွေအတွက်ပဲ အချိန်ပေးရင်းသက်တမ်းကုန်ဆုံးသွားရတဲ့သူတွေ ဘယ်လောက်တောင်ရှိနေမလဲ..။.ဒီဇာတ်လမ်းတွဲထဲမှာဆိုရင်လည်း သားဖြစ်သူက အမြဲတမ်းစိုးရိမ်နေလို့အိမ်ထဲကနေအပြင်တောင် မထွက်ရတဲ့ အမျိုးသမီးကြီးတစ်ယောက်၊မိသားစုအတွက်ပဲ တစ်ဘဝလုံး အချိန်ပေးခဲ့ပေမဲ့မိသားစုက ခိုင်းစရာလူလောက်ပဲ သဘောထားတာခံရပြီးလူရာသွင်းမခံရတဲ့ အမျိုးသမီးတစ်ယောက်နဲ့ကိုယ်တိုင်ကြိုးစားလို့ အမျိုးသမီးခရစ်ကတ်သမားတစ်ယောက်ဖြစ်လာပေမဲ့မိန်းကလေးဖြစ်နေလို့ လုံလောက်အောင် အသိအမှတ်ပြုမခံရတဲ့ မိန်းကလေးတစ်ယောက်။.မွန်းကျပ်တာတွေများလာတဲ့ သူတို့သုံးယောက်ဟာ တစ်ခါလောက်တော့ ကိုယ်ကြိုက်တာကိုယ်လုပ်ကြည့်ကြမယ်ဆိုပြီး မိန်းကလေးသုံးယောက်တည်း ပထမဆုံးအကြိမ်အပန်းဖြေခရီးတစ်ခုကိုသွားဖို့ကြိးစားကြရင်း ကြုံတွေ့ရတဲ့စွန့်စားခန်းတွေ၊ အခက်အခဲတွေနဲ့ လူ့ဘဝရဲ့ ဒဿနတွေကိုဒီဇာတ်လမ်းတွဲထဲမှာ ပေါ့ပေါ့ပါးပါး မြင်ကြရမှာဖြစ်ပါတယ်…။.(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
1992 (2024) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Drama #Mystery #Action #Crime #Thriller 🗓 2024 🎞 tv mini series 🌎 #Spain ⏰ 50 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1992 (2024) IMDb Rating (5.6) အမ်ပါရို ဆိုတဲ့အမျိုးသမီးဟာ သူ့ယောက်ျား အယ်ဗာရိုဆီကိုအသွား ရုံးရှေ့အရောက်မှာ အဆောက်အဦးတစ်ခုလုံးပေါက်ကွဲသွားခဲ့ပါတယ်။ သူမဟာ ယောက်ျားဖြစ်သူ အယ်ဗာရိုရဲ့ ရုံးခန်းဆီကို ပြေးသွားတဲ့အခါ အသက်မမှီတော့ပါဘူး။ အဲဒီမှာ သူမဟာ တစ်ကိုယ်လုံးမီးကျွမ်းပြီးတော့ မဲနက်နေတဲ့ နောက်ထပ်အလောင်းတစ်ခုကို တွေ့ခဲ့ပါတယ်။ ထူးဆန်းတာက အဲအလောင်းရဲ့လက်ထဲမှာ ပလတ်စတစ်အရုပ်လေးတစ်ခုက မီးမကျွမ်းနေပဲ တစ်ယောက်ယောက်က တမင်သက်သက် ထားခဲ့သလို အသစ်စက်စက်ရှိနေတာကို မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ရဲတွေရောက်လာတဲ့အခါမှာတော့ အဲအရုပ်က မရှိတော့တဲ့အတွက် မတော်တဆဖြစ်ရပ်လို့ သတ်မှတ်ပြီး အမှုကို ပိတ်သိမ်းလိုက်ပါတော့တယ်။ ဒါပေမဲ့ သူမဟာ ဒီပေါက်ကွဲမှုရဲ့နောက်ကွယ်မှာ တရားခံရှိနေတယ်လို့ ယုံကြည်လို့နေပါတယ်။ တစ်ဖက်မှာတော့ အယ်ဗာရိုရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ ရဲအရာရှိဟောင်း ရီကာဒို ဇူရီတာဟာ အလုပ်ချိန်မှာ အရက်အမြဲတမ်းသောက်ပြီး အရက်မဖြတ်နိုင်လို့ အလုပ်ထုတ်ခံလိုက်ရတဲ့အတွက် လုံခြုံရေးခေါင်းဆောင်အဖြစ် လုပ်ကိုင်နေပါတယ်။ ဒီတော့ ကျန်ရစ်တဲ့ မုဆိုးမဖြစ်သူ အမ်ပါရိုနဲ့ အရာရှိဟောင်း ဇူရီတာတို့ဟာ အယ်ဗာရိုသေဆုံးမှုကို ကိုယ်ထူကိုယ်ထ စုံစမ်းကြရင်း ဒီအမှုက ထင်ထားသလို မရိုးရှင်းပဲ လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ကိစ္စတစ်ခုကို ပြန်တူးဆွမိတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။...
Ellis (2024) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Mystery #Crime #Drama 🗓 2024 🎞 tv series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 2 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ellis (2024) IMDb Rating (7.7) / Rotten Tomatoes (89%) 2024 မှအသစ်စက်စက်ထွက်ရှိထားတဲ့ မှုခင်း ဒရာမာ စုံထောက် ဇာတ်လမ်းတွဲဖြစ်တဲ့ Ellis Season 1 နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းတွဲကတော့ ပုံမှန်ကြည့်နေကျ ဇာတ်လမ်းတွဲတွေလို အပိုင်းအများကြီးမပါဝင်ဘဲ တစ်နာရီကျော်ခန့်ရှည်တဲ့ အပိုင်း ၃ ပိုင်းသာပါဝင်တာဖြစ်လို့ ဇာတ်လမ်းတွဲအရှည်ကြီးတွေမကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းကတော့ DCI Ellis လို့ခေါ်တဲ့ အမျိုးသမီး Protagonist တစ်ယောက်ကိုဇာတ်အိမ်တည်ထားပြီး England မှာ မှုခင်းတွေကိုဖြေရှင်းရတဲ့ပုံကိုဖော်ပြထားပါတယ်။ စုံထောက်ဇာတ်ကားဆိုတဲ့အတိုင်း လှည့်ကွက်တွေ အချိုးကွေ့တွေကလည်း ပါတတ်စမြဲမို့ စုံထောက်ဇာတ်လမ်းတွေကြိုက်တတ်တဲ့သူတွေအဖို့ လက်လွတ်မခံသင့်တဲ့ဇာတ်လမ်းလေးပါ။ IMDb မှာလည်း 7.7 အထိရထားသလို Rotten Tomatoes မှာလည်း 89% အထိရရှိထားတဲ့အတွက် အောင်မြင်တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။)...
Don't Love (2024) ⭐IMDB: 8.0/10 (1 k Votes) 🎬 #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 55 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Preminchoddu 2024 ငယ်နုသူတို့ရဲ့ချစ်မာယာ IMDb -8.0/10 အချစ်ကိုမထိတွေ့ဖူးတဲ့ ဆယ်ကျော်သက်အရွယ်အပျိုဖြန်းလေးတွေဆိုတာ သစ်ရွက်လေးလှုပ်ရင်တောင်ရယ်မောမိတတ်တဲ့ စိတ်ကစားတတ်တဲ့အရွယ်ပေါ့။ ဒီအချိန်မှာ ဆယ်ကျော်သက်အချစ်ကို ကိုးကွယ်လို့ နှလုံးသားက ဦးနှောက်ရဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖုံးလွှမ်းသွားတဲ့အခါ ဖြစ်လာတတ်တဲ့ပြဿနာတွေကို မီးမောင်းထိုး ရိုက်ကူးပြထားတဲ့ ညီမလေးဖတ်ဖို့တေလဂူဗားရှင်း ရုပ်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ လာလာစာဆိုတဲ့ကောင်မလေးဟာ သူငယ်ချင်းတွေကြားမှာမအူမလည်နဲ့ ခိုင်းဖတ် တောက်တိုမယ်ရလေးပေါ့။တက္ကသိုလ်ဆိုတော့ ထုံးစံအတိုင်းပဲ အကြီးတန်းတွေကစော်လေးတွေကိုမြင်ရင် ပါးစပ်အငြိမ်မနေ ကျီစယ်နှောင့်ယှက်တတ်တာအစဉ်အလာကြီးလိုဖြစ်နေတော့ လာလာစာတစ်ယောက်အတော်လေး စိတ်ညစ်နေတဲ့အချိန် ကာမဲဆိုတဲ့ စီနီယာကသူ့ဘက်ကရပ်တည်ပေးတာမြင်တော့ ကာမဲကို ဟီးရိုးကြီးလိုမြင်သွားတာပေါ့။ ဖြစ်ချင်တော့ အကြီးတန်းထဲက ဇိုးစော်ကြီးက ကာမဲကိုကြူဖို့ လာလာစာကနေတစ်ဆင့်ဆက်သွယ်ရာကနေ နဂိုကတည်းက ကာမဲကိုရင်ထဲမှာကြိတ်ပြီးအမှတ်တွေပေးနေတဲ့ လာလာစာတစ်ယောက် ကာမဲရဲ့ ယောက်ျားမာယာသဲကိုးဖြာထဲကို ငြိတွယ်မိသွားချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)...
Neeli Megha Shyama (2025) ⭐IMDB: 8.8/10 (10 Votes) 🎬 #Bollywood #Romance 🗓 2025 🎞 movie 🌎 #India ⏰ 1 နာရီ 54 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Neeli Megha Shyama (2024)“သူနဲ့တွေ့မှ” အသစ်ထွက်ရှိလာတဲ့ တေလဂူးစကားပြောအချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရှမ်ဆိုတဲ့ သူဌေးသားဟာဆိုရှယ်မီဒီယာဖော်လိုဝါများဖိုနဲ့ အရက်ဆိုင်ထိုင်ဖိုကလွဲရင်ဘဝမှာ ရည်မှန်းချက်ထွေထွေထူးထူးမရှိတဲ့သူပါ သူ့အဖေ ကြိမ်းမောင်းတာလည်း မကြာခဏခံရပြီးတစ်ရက်မှာတော့ မာနာလီဆိုတဲ့ တောင်ပေါ်ဒေသမှာခြေကျင်တောင်တက်ခရီးသွားဖို စိတ်ကူးပေါက်လာပါတယါ သူ့ရည်မှန်းချက်ကတော့ ဉာဏ်အလင်းကို ရှာဖွေဖိုပါပဲဒီကနေ မယ်ဂါဆိုတဲ့ ဆတ်တောက်တောက်လမ်းပြကောင်မလေးနဲ့တွေ့တဲ့အခါ ဘယ်လိုအချစ်ဇာတ်လမ်းလေးပေါ်ပေါက်လာမှာလဲ ဆိုတာကတော့ … အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ KKKZ ~ Star ~ Cym တိုမှ ဖြစ်ပါတယ်...
Cunk on Life (2024) ⭐TMDB: 77% User Score 🎬 #Comedy #Documentary 🗓 2024 🎞 tv series 🌎 #UnitedKingdom ⏰ 1 နာရီ 11 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခုကတော့ လူသိများတဲ့ Charlie Brooker ရဲ့ British mockumentary television series ဖြစ်တဲ့ Cunk on Earth နဲ့ Cunk on Britain တို့လိုမျိုး ဘ၀နဲ့ပတ်သက်ပြီး သက်ဆိုင်ရာပညာရှင်တွေကို အူကြောင်ကြောင်မေးခွန်းတွေနဲ့ အင်တာဗျူးပြမယ့် film တစ်ခုပါ။ ဒီတစ်ခုမှာဆိုရင် ဘ၀နဲ့ပတ်သက်တဲ့ကိုးကွယ်ယုံကြည်မှုတွေ နာမည်ကြီးပန်းချီပညာရှင်တွေအတွေးအခေါ်ပညာရှင်တွေ Big-Bang theory ၊Existentialism၊Nihilismတွေ အခုလူသားတွေဘ၀မှာအချိန်နဲ့အမျှပါ၀င်လာနေတဲ့ AI တွေအပေါ်အထင်အမြင်တွေပါပြီး ကန့်ရဲ့ပုံစံအတိုင်းပဲ မျက်နှာတည်ကြီးနဲ့ တလွဲဆံပင်ကောင်းမေးခွန်းတွေနဲ့ ပုံဖော်သွားမှာကို တ၀ကြီးကြည့်ရှုရမှာပါ။...
Wolf Hollow (2023) ⭐TMDB: 43% User Score 🎬 #Comedy #Horror 🗓 2023 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အောစတောင်းမြို့လေးက ကျေးလက်ဒေသမြို့ငယ်လေးတစ်ခု။ ရေးနဲ့ ဘာ့ထ်တို့ ညီအစ်ကိုတတွေမှာ ညီဖြစ်သူ ရေးက နယူးယောက်မှာ အနုပညာကျောင်းတက်ဖို့ ထွက်သွားတဲ့နောက် အစ်ကိုဖြစ်သူတို့ မိသားစုနဲ့ အဆက်အသွယ်ဖြတ်သွားခဲ့ပါတယ်။ အဲဒီအချိန်တွေမှာပဲ သူတို့ဟာ အောစတောင်းမြို့လေးက ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကြောင့် လူအသေအပျောက် များနေခဲ့ချိန်။ ကုတ်ရာခြစ်ရာ ပြတ်ရာတွေကြောင့် Wolf Hollowလို့နာမည်တွင်နေတာပေါ့။ ဒီကိစ္စတွေဖြစ်တာများတဲ့ ဘာ့ထ်နဲ့ ရေးတို့မိဘစဉ်ဆက် ပိုင်ဆိုင်ခဲ့တဲ့ သားရဲအိမ်ကြီးကို တစ်နေ့မှာ ရေးတို့ရိုက်ကူးရေးအဖွဲ့ဟာ ရုပ်ရှင်ရိုက်ဖို့ ရောက်လာကြရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ သဲထိတ်ရင်ဖို ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ သတ္တဝါဆန်းတစ်ကောင်ကြောင့် အသက်မသေအောင် တောတောင်ထဲ ပြေးကြလွှားကြ ရင်ဖိုဖွယ် ဇာတ်လမ်းတွေကို ကြိုက်တတ်တဲ့လူတွေ ကြည့်သင့်တဲ့ရုပ်ရှင်မျိုးပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်။)...
Mononoke (2007) ⭐TMDB: 79% User Score 🎬 #Animation #Mystery #SciFi #Fantasy 🗓 2007 🎞 Series 🌎 #Japan ⏰ 23 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မကြာသေးခင်တုန်းက Mononoke ကို Movie အဖြစ်ထွက်ရှိလာလို့ တင်ဆက်ပေးခဲ့ပါသေးတယ်။ အဲဒါကြောင့် ပရိတ်သတ်တွေကို ဒီ ၂၀၀၇ ခုနှစ်တုန်းက စထွက်ခဲ့တဲ့ စီးရီးလေးကိုလည်း ပြန်ပြီး ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ Mononokoe အကြောင်း စပြောရမယ်ဆိုရင် သူ့ရဲ့ အံ့သြဖွယ်ရာ Art Style တွေပဲ ဖြစ်ပါတယ်။ ပုံမှန် Anime နဲ့ မတူပဲ အရောင်တွေစုံလင်ပြီး ကြည့်နေရတာ လှုပ်ရှားနေတဲ့ ရေဆေးပန်းချီကားချပ်တွေလိုပါပဲ။ မကြည့်တတ်တဲ့လူတွေအတွက်တော့ နည်းနည်းခေါင်းမူးစရာ ဖြစ်နေမလားတော့ မသိပါဘူး။ ကဲ Mononoke ရဲ့ အကြောင်းပြောရမယ်ဆို သူက Supernatural စီးရီးက ညီအစ်ကိုနှစ်ကောင်လို ဆရာမ ဒဂုန်ခင်ခင်လေးရဲ့ မှော်ဆရာမှတ်တမ်းထဲက အထက်လမ်းအပနှင်ဆရာတွေလိုပဲ ဒီထဲက ဘဲကြီးကလည်း ဆေးကုန်သည်အဖြစ် ရွာရိုးကိုးပေါက် လျှောက်သွားပြီးပရလောက ဖြစ်ရပ်ဆန်းကြယ်တွေကို လိုက်လံဖြေရှင်းပေးတဲ့လူပါ။ သူ့ဆီမှာ ထူးဆန်းတဲ့ ဓားတစ်ချောင်း ရှိနေပြီး အဲဒီ ပရလောကသားတွေကို နှိမ်နှင်းဖို့ “သွင်ပြင်သဏ္ဍာန်” “အမှန်တရား” “အကြောင်းရင်း” ဒီ အချက် ၃ ချက်နဲ့ ပြည့်စုံမှ ဓားကို ကိုင်စွဲပြီး သုတ်သင်ဖြေရှင်းပေးတာပါ။ ဒီ စီးရီးထဲမှာဆိုလည်း ၁၂ ပိုင်းတိတိ ပါဝင်ပြီး ဇာတ်လမ်းတိုလေးတွေအနေနဲ့ “ကလေးသရဲ” “ပင်လယ်သရဲ” “လူသတ်မှုမှ သရဲ” “ကြင်ရာရှာပွဲမှ သရဲ” “ကြောင်သရဲ” ဆိုပြီး အစားစား ပါဝင်ထားတာဖြစ်လို့ ခံစားကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ...
Laid (2024) ⭐IMDB: 6.8/10 (2 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 tv series 🌎 #UnitedStates #Australia #UnitedKingdom #UnitedStatesofAmerica ⏰ 34 မိနစ် 18 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Season 1 အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး Everything Everywhere All at Once ရုပ်ရှင်ဇာတ်ကားနဲ့ လူသိများလာတဲ့ မင်းသမီး Stephanie Hsu ရဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့ series သစ်လေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ Ruby ဟာ အသက် ၃၃နှစ်အရွယ် သာမန်လူလတ်ပိုင်း အမျိုးသမီး တစ်ယောက်ဖြစ်ပြီး သူနဲ့အတည်တကျဖြစ်နိုင်မဲ့ Right person ကို ရှာဖွေနေသူပါ။ သူဟာ ရည်းစားတွေအများကြီး တွဲခဲ့ဖူး dateခဲ့ဖူးပေမဲ့ သူနဲ့ကိုက်ညီမဲ့လူရှာမတွေ့လို့ တွဲလိုက် ပြတ်လိုက် ဒိတ်လိုက်နဲ့ single lifeကို ဖြတ်သန်းနေသူပါ။ ဒီလိုနဲ့တစ်နေ့မှာ သူ့ရဲ့ကောလိပ်တုန်းကရည်းစားဟောင်း ဘရန်ဒန် ဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် ဘရန်ဒန်ရဲ့ အသုဘကို သွားခဲ့ပါတယ်။ အဲဒီအသုဘကအပြန်မှာတင် ကောလိပ်က သူနဲ့ hook up ခဲ့ဖူးတဲ့ ကောင်လေးဟာလည်း သူ့မျက်စိရှေ့မှာတင် ကားတိုက်ပြီး ဆုံးသွား ပြန်ပါတယ်။ ရည်းစားဟောင်း ၂ယောက် ရှေ့ဆင့်နောက်ဆင့် ဆုံးသွားတာ တိုက်ဆိုင်မှုလို့ဆိုနိုင်ပေမဲ့ Rubyနဲ့ တွဲခဲ့ပြီး တူတူအိပ်ခဲ့ဖူးတဲ့ယောက်ျားတိုင်းဟာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာကြပါတယ်။ ဒီလို ဆန်းကြယ်တဲ့ဖြစ်ရပ်ကို သတိထားမိသွားတဲ့ Rubyတစ်ယောက် သူ့ exတွေကို မကြာခင်သေရတော့မယ်ဆိုတာ လိုက်သတိပေးပါတော့တယ်။ Rubyရဲ့ exတွေက ဘာလို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကြရတာလဲ၊ ဒီကိစ္စကြီးကို ရပ်တန့်သွားအောင် Ruby ဘယ်လိုဖြေရှင်းမလဲဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်အိမ်ဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးရှိတာမလို့ ကြည့်ရှုသူတွေ အကြိုက်တွေ့စေမဲ့ စီးရီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။...
Churchill at War (2024) ⭐IMDB: 7.5/10 (1 k Votes) 🎬 #Documentary #Biography #History #War 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 59 မိနစ် 37 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Churchill at War (2024) IMDb Rating (7.5) ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိထားတဲ့ Netflix ရဲ့ မီနီစီးရီး တစ်ခုဖြစ်ပြီး လေးပိုင်းပါဝင်တဲ့ Documentary အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ဗြိတိန်ကို ဦးဆောင်ခဲ့တဲ့ ဝင်စတန်ချာချီရဲ့ စစ်အတွင်း အခန်းကဏ္ဍနဲ့ ဆုံးဖြတ်ချက်တွေ၊ ဝင်စတန်ချာချီရဲ့ ငယ်ဘဝကနေစပြီး ၂၀ ရာစုရဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့အထိ သူရင်ဆိုင်ကြုံတွေ့ခဲ့တဲ့အဖြစ်တွေကို မှတ်တမ်းရုပ်ရှင်ပုံစံ တင်ဆက်ထားတာပါ။ ဇာတ်လမ်းမှာ episode လေးခုပါဝင်ပြီး အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်အပြင် အခြားသော သမိုင်းပညာရှင်နဲ့ နိုင်ငံရေးသုတေသီတွေလည်း ဝင်ရောက်ဆွေးနွေးထားပါသေးတယ်။ ချာချီရဲ့ ငယ်စဥ်ကလေးဘဝ၊ စစ်သားဘဝကနေ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှအင်ပါယာရဲ့ ပဲ့ကိုင်ရှင် ဖြစ်တဲ့အထိ ဘဝဖြစ်စဥ်၊ အိမ်ထောင်ရေး၊ အတွေးအခေါ်လွှမ်းမိုးမှုတွေကို တကယ့်သမိုင်းမှတ်တမ်းပုံရိပ်တွေနဲ့အတူ စိတ်ဝင်စားဖွယ် တင်ပြထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာ ချာချီအဖြစ် Christian Mckay၊ အမေရိကန်သမ္မတ ရုစဗဲ့အဖြစ် Langley Kirkwood၊ ဆိုဗီယက်အာဏာရှင် စတာလင်အဖြစ် Martin Kluge တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ သမိုင်းကို စိတ်ဝင်စားသူတိုင်း ကြည့်သင့်တဲ့ Documentary စီးရီးလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။)...
