ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Balamitra (2021)
⭐IMDB: 6.7/10 (1 k Votes)
🎬 #Bollywood #Thriller
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 41 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Balamitra (2021)
IMDb 9.2/10
IMDb Rating မှာ လူ ၅၀၀ ကျော်လောက်က ဒီဇာတ်ကားကို 9.2 ထိပေးထားကြပါတယ်…
အိန္ဒိယ Telugu ဇာတ်ကားအများစုဟာ ဇာတ်ညွှန်းကောင်းပြီး စိတ်လှုပ်ရှားမှုအပြည့်အဝပေးနိုင်ကြပါတယ်…
ဒီဇာတ်ကားကလဲ Telugu Mood အပြည့်ပါတဲ့ စိတ်ဝင်စားစရာ Thriller ဇာတ်ကားကောင်းပါပဲ…
Arjun က ဆေးကျောင်းသားတစ်ယောက်ပါ..သူ့ချစ်သူနာမည်က Deeksha ပါ…
တစ်နေ့မှာတော့ Deeksha ပြန်ပေးဆွဲခံရပါတယ်…
ပြန်ပေးဆွဲသူက Arjun ဆီက ငွေမတောင်းဘဲ လူ ၃ ယောက်ကို သတ်ခိုင်းတဲ့အခါမှာတော့….။
Balamitra (2021)
⭐IMDB: 6.7/10 (1 k Votes)
🎬 #Bollywood #Thriller
🗓️ 2021 🎞️ Movie 📺 1080p FHD

Living (2022)
⭐IMDB: 7.5/10 (6 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedKingdom #Japan #Sweden
⏰ 1 နာရီ 42 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Living (2022)
~ IMDb – 7.5/10, Rotten Tomatoes – 96% ~
ဒီနှစ်ထွက်လာမယ့်ကားတွေထဲ အမျှော်ခဲ့ဆုံးကားက Living ဖြစ်သလို တကယ်ထွက်လာတော့လည်း မျှော်မှန်းထားတာထက်တောင် ပိုကောင်းတယ်လို့ ပြောရမှာပါပဲ။ ဒါဆို ဒီကားကို ဘာလို့မျှော်ရလဲဆိုတဲ့အကြောင်းရင်းက စပြောရမှာပဲ။ ပထမဆုံးအချက်ကတော့ Kazuo Ishiguro ပါ။ သူ့ကို ဒီကလူတော်တော်များများ ရင်းနီးပြီးသားပဲဖြစ်ပါလိမ့်မယ်။ သူက ကျွန်တော်တော်တော်ကြိုက်တဲ့စာအုပ်တွေထဲပါတဲ့An Artist of the Floating Worldခေါ် မြင့်သန်းဘာသာပြန်တဲ့ “လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး” စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာလည်းဟုတ်တယ်။ ၂၀၁၇မှာ နိုဘယ်ဆုရထားတဲ့ စာရေးဆရာလည်းဖြစ်သလို သူ့သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဖြစ်တဲ့ Never Let Me Go ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတာမှာလည်း တော်တော်လေးအောင်မြင်ခဲ့တယ်။ ဒီကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးထားတာပါ။ Kazuo Ishiguro ဟာ အခုရုပ်ရှင် Living (2022) နဲ့လည်း အော်စကာမှာ ဇာတ်ညွှန်းဆု ဆန်ခါတင်ဝင်ထားပါသေးတယ်။
နောက်တစ်ချက်ကတော့ ဒီကားက ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ Ikiru ကို ပြန်ရိုက်ထားတာ။ Ikiru ရဲ့ ဘိုလိုကလည်း To Live ပဲဆိုတော့ နာမည်ပါအတူတူပဲ ပေးထားတယ်လို့ ပြောလို့ရပါတယ်။ Kazuo Ishiguro ကိုယ်တိုင်ကလည်း Ikiru (1952) ကို Bill Nighy နဲ့ ပြန်ရိုက်ချင်နေတာ နှစ်ပေါင်းများစွာကြာနေပြီ။ ရိုက်ချင်လွန်းလို့ကို သူရိုက်ချင်တဲ့မင်းသား Bill Nighy ကို Ikiru ကြည့်ခိုင်းပြီး ရိုက်ပေးနိုင်မလားမေးခဲ့တယ်။ ကူရိုဆာဝါကားပီပီသသ ပြောင်မြောက်လွန်းလေတော့ Nighy ကလည်း ကြည့်ပြီးပြီးချင်းပဲ ရိုက်ဖို့ သဘောတူလိုက်တယ်။
နောက်ဆုံးအချက်ကတော့ Ikiru ရော ဒီကားရောရဲ့ မူရင်းဇာတ်လမ်းက မသိသူမရှိတဲ့ ရုရှစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ အစဉ်အလာကြီးတဲ့The Death of Ivan Ilyichဆိုတဲ့ ဝတ္ထုကိုပြန်ရိုက်ထားတာ။ ကူရိုဆာဝါရဲ့ တင်ပြပုံနဲ့ တော်စတွိုင်းရဲ့ တင်ပြပုံကတော့ မတူဘူး။ ဒါပေမဲ့ အခုဗားရှင်းကျ ကူရိုဆာဝါရဲ့ မူလဗားရှင်းအတိုင်းပဲ အဓိကနေရာတွေတော်တော်များများသုံးပြီး ပြန်ရိုက်ထားတယ်။ နှစ်ခုလုံး မူရင်းဝတ္ထုနဲ့ တင်ပြပုံမတူဘူး။ ကား ၂ကားကကျ အတူတူပဲမို့ ဘယ်ကားကြည့်ရမလဲဆိုရင်တော့ နှစ်ကားလုံးသာကြည့်ပါ။ ဘာလို့လဲတော့ ဆက်ပါမယ်။
ဒီ၂ကားဟာ တစ်ကားက ဂျပန်မှာ ဇာတ်အိမ်တည်ပြီး တစ်ကားက ၁၉၅၀ အင်္ဂလန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပြတဲ့နိုင်ငံချင်းမတူပေမဲ့ ဇာတ်အိမ်တည်ရာ အချိန်လည်းတူ၊ ဇာတ်ဝင်ခန်းတော်တော်များများလည်းတူ၊ ဇာတ်ကောင်တော်တော်များများလည်း အတူတူပါပဲ။ ဒါပေမဲ့ သရုပ်ဆောင်ပုံတော့ လုံးဝကိုမတူပါဘူး။ ကူရိုဆာဝါကားရဲ့ ဇာတ်ကောင်တွေက မျက်နှာမှာ Emotions တွေ အရမ်းသိသိသာသာပြပြီး ဇာတ်ကောင်ရဲ့ ခံစားချက်ကိုပုံဖော်သွားပေမဲ့ Oliver Hermanus နဲ့ Kazuo Ishiguro တို့ကားရဲ့ ဇာတ်ကောင်တွေက လုံးဝကို အငြိမ်ပါပဲ။ ဒါပေမဲ့လည်း Bill Nighy ကြီးဟာ ဇာတ်ကောင်ရဲ့ဘဝကို၊ ဇာတ်ကောင်ရဲ့ဝေဒနာကို ပေါ်လွင်အောင် သရုပ်ဆောင်ပြသွားပါတယ်။ ငြိမ်ငြိမ်လေးနဲ့ကို လုပ်ပြသွားတာပါ။ ဒါကြောင့်လည်း အော်စကာမှာ သူ အဓိကဇာတ်ဆောင် ဆန်ခါတင်ဝင်ထားတာပါပဲ။ ပုဂ္ဂလိက အမြင်အရတော့ The Whale က ဘရန်ဒန်ဖရေဆာထက် သူ့ကိုပိုကြိုက်ပါတယ်။ ဒါပေမဲ့လည်း သူတို့သုံးထားတဲ့ သာမန်ညောင်ညမိန်းကလေးဇာတ်ကောင် အနေအထားနဲ့ကကျ ဂျပန်မင်းသမီးက အပြတ်အသတ်ပိုလိုက်နေတာတော့ သေချာပါတယ်။
Living (2022) ဟာ Remake ကိုမှ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အကျော်အမော်ကြီးရဲ့ အကောင်းဆုံးဆိုတဲ့ကားတွေထဲက တစ်ကားကို ရိုက်ထားတာပေမဲ့ မူရင်းကားကို ဘယ်လိုမှမမီပါဘူးလို့လည်း ပြောမရသလို ရုပ်ရှင်အဆင့်အတန်းတစ်ခုပေးနိုင်သွားတဲ့ အကြောင်းရင်းက ချစ်စိတ်လို့ပဲ ထင်ပါတယ်။ Kazuo Ishiguro ဟာ Ikiru ကို သိပ်ကြိုက်လွန်းလို့ ဇာတ်ညွှန်းရေးပြီး Bill Nighy နဲ့ ရိုက်ချင်တာဖြစ်တဲ့အတွက် ဒီကားအပေါ်သူ့ချစ်စိတ်ကို ကျွန်တော်တို့ တွေးကြည့်စရာမလိုပါဘူး။ Bill Nighy လည်း မထူးပါဘူး။ ကားကြည့်ပြီး ကြိုက်လို့ သဘောတူလိုက်တာပဲမလား။
ဒါပေမဲ့ ဒီကားကို လက်တွေ့အသက်သွင်းခဲ့တဲ့ ဒါရိုက်တာ Oliver Hermanus ရဲ့ ချစ်စိတ်ကိုတော့ ကျွန်တော်တို့ကားထဲမှာ မြင်နိုင်ပါတယ်။ ဘယ်လိုဆို ဒီကားမှာ Kazuo Ishiguro ရဲ့ အငွေ့အသက်တစ်ချို့ ကျွန်တော်တို့ရနေတာကလွဲ ဒီကားဟာ Ikiru ကို သစ္စာမဖောက်ထားပါဘူး။ ဘယ်လိုအငွေ့အသက်လဲကတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါ။ ကျွန်တော်တော့ လွင့်မျောနေသောကမ္ဘာကြီးထဲက ကျွန်တော့်အကြိုက်ဆုံး စာသားတစ်ချို့နဲ့ ဇာတ်ဝင်ခန်းကို ဒီထဲ အသွင်ပြောင်းပြီး တွေ့လိုက်ရပါတယ်။ Living (2022) ဟာ နှိမ့်ချတယ် သိမ်မွေ့တယ်ဆိုတဲ့ ညွှန်းဆိုချက်တစ်ခု တွေ့လိုက်ပါသေးတယ်။ တကယ်လည်း ဟုတ်တယ်ပြောရမှာပါပဲ။ ဒါရိုက်တာဟာ သူဘာလုပ်နိုင်တယ်
Living (2022)
⭐IMDB: 7.5/10 (6 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom #Japan #Sweden
⏰ 1 နာရီ 42 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Living (2022)
~ IMDb – 7.5/10, Rotten Tomatoes – 96% ~
ဒီနှစ်ထွက်လာမယ့်ကားတွေထဲ အမျှော်ခဲ့ဆုံးကားက Living ဖြစ်သလို တကယ်ထွက်လာတော့လည်း မျှော်မှန်းထားတာထက်တောင် ပိုကောင်းတယ်လို့ ပြောရမှာပါပဲ။ ဒါဆို ဒီကားကို ဘာလို့မျှော်ရလဲဆိုတဲ့အကြောင်းရင်းက စပြောရမှာပဲ။ ပထမဆုံးအချက်ကတော့ Kazuo Ishiguro ပါ။ သူ့ကို ဒီကလူတော်တော်များများ ရင်းနီးပြီးသားပဲဖြစ်ပါလိမ့်မယ်။ သူက ကျွန်တော်တော်တော်ကြိုက်တဲ့စာအုပ်တွေထဲပါတဲ့An Artist of the Floating Worldခေါ် မြင့်သန်းဘာသာပြန်တဲ့ “လွင့်မျောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး” စာအုပ်ကို ရေးခဲ့တဲ့ စာရေးဆရာလည်းဟုတ်တယ်။ ၂၀၁၇မှာ နိုဘယ်ဆုရထားတဲ့ စာရေးဆရာလည်းဖြစ်သလို သူ့သိပ္ပံစိတ်ကူးယဉ်ဝတ္ထုဖြစ်တဲ့ Never Let Me Go ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတာမှာလည်း တော်တော်လေးအောင်မြင်ခဲ့တယ်။ ဒီကားကိုလည်း သူကိုယ်တိုင် ဇာတ်ညွှန်းရေးထားတာပါ။ Kazuo Ishiguro ဟာ အခုရုပ်ရှင် Living (2022) နဲ့လည်း အော်စကာမှာ ဇာတ်ညွှန်းဆု ဆန်ခါတင်ဝင်ထားပါသေးတယ်။
နောက်တစ်ချက်ကတော့ ဒီကားက ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်တဲ့ Ikiru ကို ပြန်ရိုက်ထားတာ။ Ikiru ရဲ့ ဘိုလိုကလည်း To Live ပဲဆိုတော့ နာမည်ပါအတူတူပဲ ပေးထားတယ်လို့ ပြောလို့ရပါတယ်။ Kazuo Ishiguro ကိုယ်တိုင်ကလည်း Ikiru (1952) ကို Bill Nighy နဲ့ ပြန်ရိုက်ချင်နေတာ နှစ်ပေါင်းများစွာကြာနေပြီ။ ရိုက်ချင်လွန်းလို့ကို သူရိုက်ချင်တဲ့မင်းသား Bill Nighy ကို Ikiru ကြည့်ခိုင်းပြီး ရိုက်ပေးနိုင်မလားမေးခဲ့တယ်။ ကူရိုဆာဝါကားပီပီသသ ပြောင်မြောက်လွန်းလေတော့ Nighy ကလည်း ကြည့်ပြီးပြီးချင်းပဲ ရိုက်ဖို့ သဘောတူလိုက်တယ်။
နောက်ဆုံးအချက်ကတော့ Ikiru ရော ဒီကားရောရဲ့ မူရင်းဇာတ်လမ်းက မသိသူမရှိတဲ့ ရုရှစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ အစဉ်အလာကြီးတဲ့The Death of Ivan Ilyichဆိုတဲ့ ဝတ္ထုကိုပြန်ရိုက်ထားတာ။ ကူရိုဆာဝါရဲ့ တင်ပြပုံနဲ့ တော်စတွိုင်းရဲ့ တင်ပြပုံကတော့ မတူဘူး။ ဒါပေမဲ့ အခုဗားရှင်းကျ ကူရိုဆာဝါရဲ့ မူလဗားရှင်းအတိုင်းပဲ အဓိကနေရာတွေတော်တော်များများသုံးပြီး ပြန်ရိုက်ထားတယ်။ နှစ်ခုလုံး မူရင်းဝတ္ထုနဲ့ တင်ပြပုံမတူဘူး။ ကား ၂ကားကကျ အတူတူပဲမို့ ဘယ်ကားကြည့်ရမလဲဆိုရင်တော့ နှစ်ကားလုံးသာကြည့်ပါ။ ဘာလို့လဲတော့ ဆက်ပါမယ်။
ဒီ၂ကားဟာ တစ်ကားက ဂျပန်မှာ ဇာတ်အိမ်တည်ပြီး တစ်ကားက ၁၉၅၀ အင်္ဂလန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပြတဲ့နိုင်ငံချင်းမတူပေမဲ့ ဇာတ်အိမ်တည်ရာ အချိန်လည်းတူ၊ ဇာတ်ဝင်ခန်းတော်တော်များများလည်းတူ၊ ဇာတ်ကောင်တော်တော်များများလည်း အတူတူပါပဲ။ ဒါပေမဲ့ သရုပ်ဆောင်ပုံတော့ လုံးဝကိုမတူပါဘူး။ ကူရိုဆာဝါကားရဲ့ ဇာတ်ကောင်တွေက မျက်နှာမှာ Emotions တွေ အရမ်းသိသိသာသာပြပြီး ဇာတ်ကောင်ရဲ့ ခံစားချက်ကိုပုံဖော်သွားပေမဲ့ Oliver Hermanus နဲ့ Kazuo Ishiguro တို့ကားရဲ့ ဇာတ်ကောင်တွေက လုံးဝကို အငြိမ်ပါပဲ။ ဒါပေမဲ့လည်း Bill Nighy ကြီးဟာ ဇာတ်ကောင်ရဲ့ဘဝကို၊ ဇာတ်ကောင်ရဲ့ဝေဒနာကို ပေါ်လွင်အောင် သရုပ်ဆောင်ပြသွားပါတယ်။ ငြိမ်ငြိမ်လေးနဲ့ကို လုပ်ပြသွားတာပါ။ ဒါကြောင့်လည်း အော်စကာမှာ သူ အဓိကဇာတ်ဆောင် ဆန်ခါတင်ဝင်ထားတာပါပဲ။ ပုဂ္ဂလိက အမြင်အရတော့ The Whale က ဘရန်ဒန်ဖရေဆာထက် သူ့ကိုပိုကြိုက်ပါတယ်။ ဒါပေမဲ့လည်း သူတို့သုံးထားတဲ့ သာမန်ညောင်ညမိန်းကလေးဇာတ်ကောင် အနေအထားနဲ့ကကျ ဂျပန်မင်းသမီးက အပြတ်အသတ်ပိုလိုက်နေတာတော့ သေချာပါတယ်။
Living (2022) ဟာ Remake ကိုမှ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အကျော်အမော်ကြီးရဲ့ အကောင်းဆုံးဆိုတဲ့ကားတွေထဲက တစ်ကားကို ရိုက်ထားတာပေမဲ့ မူရင်းကားကို ဘယ်လိုမှမမီပါဘူးလို့လည်း ပြောမရသလို ရုပ်ရှင်အဆင့်အတန်းတစ်ခုပေးနိုင်သွားတဲ့ အကြောင်းရင်းက ချစ်စိတ်လို့ပဲ ထင်ပါတယ်။ Kazuo Ishiguro ဟာ Ikiru ကို သိပ်ကြိုက်လွန်းလို့ ဇာတ်ညွှန်းရေးပြီး Bill Nighy နဲ့ ရိုက်ချင်တာဖြစ်တဲ့အတွက် ဒီကားအပေါ်သူ့ချစ်စိတ်ကို ကျွန်တော်တို့ တွေးကြည့်စရာမလိုပါဘူး။ Bill Nighy လည်း မထူးပါဘူး။ ကားကြည့်ပြီး ကြိုက်လို့ သဘောတူလိုက်တာပဲမလား။
ဒါပေမဲ့ ဒီကားကို လက်တွေ့အသက်သွင်းခဲ့တဲ့ ဒါရိုက်တာ Oliver Hermanus ရဲ့ ချစ်စိတ်ကိုတော့ ကျွန်တော်တို့ကားထဲမှာ မြင်နိုင်ပါတယ်။ ဘယ်လိုဆို ဒီကားမှာ Kazuo Ishiguro ရဲ့ အငွေ့အသက်တစ်ချို့ ကျွန်တော်တို့ရနေတာကလွဲ ဒီကားဟာ Ikiru ကို သစ္စာမဖောက်ထားပါဘူး။ ဘယ်လိုအငွေ့အသက်လဲကတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါ။ ကျွန်တော်တော့ လွင့်မျောနေသောကမ္ဘာကြီးထဲက ကျွန်တော့်အကြိုက်ဆုံး စာသားတစ်ချို့နဲ့ ဇာတ်ဝင်ခန်းကို ဒီထဲ အသွင်ပြောင်းပြီး တွေ့လိုက်ရပါတယ်။ Living (2022) ဟာ နှိမ့်ချတယ် သိမ်မွေ့တယ်ဆိုတဲ့ ညွှန်းဆိုချက်တစ်ခု တွေ့လိုက်ပါသေးတယ်။ တကယ်လည်း ဟုတ်တယ်ပြောရမှာပါပဲ။ ဒါရိုက်တာဟာ သူဘာလုပ်နိုင်တ
Bloody Border (2023)
⭐⁉️
🎬 #Action #Crime
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 24 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားရေး တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကို နှိမ်နင်းရင်း မိမိအတွက် အသက်ပေးသွားသောရဲဘော် ချန်တုန်းအတွက် ယူကျုံးမရဖြစ်နေရသူ – အထူးရဲတပ်ဖွဲ့ခေါင်းဆောင် လုံကျန့်
အဲဒီ စစ်ဆင်ရေးအတွင်းမှာ မိမိရဲ့အခင်မင်ရဆုံး ရဲဘော်ဆုံးရှုံးသွားရတဲ့အပြင်ကိုယ်တိုင်ကလဲ စည်းကမ်းဖောက်ဖျက်ခဲ့မိတာကြောင့် ရဲတပ်ဖွဲ့ကနေပြီးလုံကျန့်ဟာ အထုတ်ခံလိုက်ရပါတော့တယ် ။ နောက်မှာတော့ရဲဘော်ချန်တုန်းရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ ရွာမှာကျန်နေခဲ့တဲ့မိခင်ကြီးကိုစောင့်ရှောက်ချင်တဲ့ ဆန္ဒလေးကို ဖြည့်စည်းပေးဖို့အတွက်လုံကျန့်ဟာ ချန်တုန်းရဲ့ မိခင်ကြီးရှိတာ ရွာကလေးဆီကို ရောက်ရှိလာခဲ့ပါတော့တယ် ။
ချန်တုန်း တစ်ယောက် ရဲတပ်ဖွဲ့ကနေပြီး ထုတ်ခံရတဲ့ သတင်းကိုကြားတဲ့အခါမှာ မူးယစ်ဆေးဝါးဒုစရိုက်ဂိုဏ်းခေါင်းဆောင်ဟာ လုံကျန့်ကို သူနဲ့ အတူတူပူးပေါင်းဖို့လာရောက်ခေါ်ဆောင်လာခဲ့ပါတော့တယ် ။ အမှန်တရားအတွက်ဆိုသေတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ကျုံးဝါးသစ္စာဆိုထားတဲ့လုံကျန့်တစ်ယောက် ဒုစရိုက်ဂိုဏ်းရဲ့ ဖိအားပေးမှုတွေကို ပြန်လည်ကြုံတွေ့လာရတဲ့အခါမှာ –
❏ သူဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမှာလဲ ?❏ မိမိအတွက် အသက်ပေးသွားတဲ့ ချန်တုန်းအစား မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရေး တရားမဝင်လက်နက်ကိုင် အဖွဲ့အစည်းကို လက်ရဖမ်းဆီးပေးနိုင်ပါ့မလား ?
❏ သွေးနဲ့ရင်းကာ အသက်ပေးသွားကြတဲ့ သူတွေအတွက် လုံကျန့်တစ်ယောက်ဘယ်လိုလက်စားချေပြီး အမှန်တရားကို ပုံဖော်သွားမလဲဆိုတာ ?ဒီရုပ်ရှင်ဇာတ်ကားကောင်းလေးကို အခုပဲကြည့်ရှူလိုက်ရအောင်ပါ။
Gemini Man (2019)
⭐IMDB: 5.7/10 (116 k Votes)
🎬 #Action #Adventure #Sci-Fi #ScienceFiction #Thriller #SciFi
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #China #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဝယ်လ်စမစ်ရဲ့ Action,Adventure,Sci-Fi အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။
အက်ရှင်အသားပေးနဲ့ သိပ္ပံစိတ်ကူးယဉ် နည်းနည်းဆန်ပါတယ်။
ဟင်နရီဟာ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အတော်ဆုံး လုပ်ကြံရေးသမားပါ။
သူအသက်ရလာလို့ အငြိမ်းစားယူဖို့ ဆုံးဖြတ်တဲ့အခါသူထင်သလို တကယ်အနားမယူနိုင်ပါဘူး။
သူ့ရဲ့ နောက်ဆုံး စစ်ဆင်ရေးက ထင်တာထက် ပိုရှုပ်ထွေးနေခဲ့ပါတယ်။
သူ့နောက်ကို လုပ်ကြံရေးသမားတွေ ပြန်လိုက်လာပြီးလိုက်သတ်ဖို့ကြိုးစားလာကြတယ်။
ဒီတော့ သူ ဒါတွေကိုအလွတ်ရုန်းရင်းနဲ့ ဒီပြသနာတွေရဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာတော့….။
Alone (2023)
⭐IMDB: 4.2/10 (497 Votes)
🎬 #Bollywood #Thriller #Mystery
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 01 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Alone 2023
ဒီဇာတ်ကားလေးမှာ Drishyam(Tamil Version)ရဲ့မင်းသားကြီး Mohanlal ကဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းလေးက မင်းနဲ့စပြီး မင်းနဲ့ဆုံးတယ်လို့ ပြောရလောက်အောင်ကိုဗစ်ကာလမှာ မင်းသားတစ်ယောက်တည်း ဖုန်းတွေပတ်ပြောနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ
ကျွန်တော်တို့အနေနဲ့ ရှယ်ခြောက်ပါတယ်ဆိုတဲ့ Annabelle တို့Conjuring တို့လိုမျိုး jumpscare တွေနဲ့ရှယ်ဖြဲခြောက်ခံရတဲ့အရသာမျိုးကိုသဘောကျမှာပါ
ဒီကားလေးမှာတော့ jumpscare တွေသိပ်မထည့်ဘဲနဲ့ကာလာတွေကလဲလင်းချင်းနေပြီး တစ်ယောက်တည်းပါလားဆိုတဲ့ခံစားချက်ကြောင့် တွေးရင်းနဲ့ ကျောထဲထိစိမ့်စိမ့်လာမှာပါ
ဟုတ်ပါတယ် ကိုဗစ်ကာလတိုက်ခန်းအသစ်ကိုပြောင်းလာတဲ့မင်းသားဟာ သူတစ်ယောက်တည်း စကားပြောသံတွေကိုကြားနေရတဲ့အခါမှာ ဒါကစိတ်ထင်မှားတာလား ဘာဖြစ်တာလဲဆိုတာသူကိုယ်တိုင်အဖြေရှာရင်းနဲ့ အဲ့အသံတွေနောက်ကဇာတ်လမ်းကိုအဖြေရှာဖို့ကြိုးစားမဲ့ ရုပ်ရှင်ကားလေးပါတစ်စိမ့်စိမ့်တွေးကြောက်ရင်း ဘာကြောင့်လဲဆိုတာသိချင်တဲ့သူတွေအတွက်ဒီ horror/thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်
Gemini Man (2019)
⭐IMDB: 5.7/10 (116 k Votes)
🎬 #Action #Adventure #Sci-Fi #ScienceFiction #Thriller #SciFi
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 #China #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဝယ်လ်စမစ်ရဲ့ Action,Adventure,Sci-Fi အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်။
အက်ရှင်အသားပေးနဲ့ သိပ္ပံစိတ်ကူးယဉ် နည်းနည်းဆန်ပါတယ်။
ဟင်နရီဟာ စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ရဲ့ အတော်ဆုံး လုပ်ကြံရေးသမားပါ။
သူအသက်ရလာလို့ အငြိမ်းစားယူဖို့ ဆုံးဖြတ်တဲ့အခါသူထင်သလို တကယ်အနားမယူနိုင်ပါဘူး။
သူ့ရဲ့ နောက်ဆုံး စစ်ဆင်ရေးက ထင်တာထက် ပိုရှုပ်ထွေးနေခဲ့ပါတယ်။
သူ့နောက်ကို လုပ်ကြံရေးသမားတွေ ပြန်လိုက်လာပြီးလိုက်သတ်ဖို့ကြိုးစားလာကြတယ်။
ဒီတော့ သူ ဒါတွေကိုအလွတ်ရုန်းရင်းနဲ့ ဒီပြသနာတွေရဲ့အကြောင်းရင်းကို ဖြေရှင်းဖို့ ကြိုးစားတဲ့အခါမှာတော့….။
အချစ်စစ်
⭐N/A
🎬 #thriller #romance #cinema
🗓️ N/A 🎞️ Movie 📺 1080p FHD
🌎 #Myanmar
⏰ 2 နာရီ 27 မိနစ် 43 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ဖခင်ဖြစ်သူ ဦးထွန်းတောက် ကိုနာကျည်းနေတဲ့ နေလင်းထွန်းတောက် မှာဖခင်နဲ့စကားများပြီးလမ်းတစ်နေရာမှာအဖွားကြီးတစ်ယောက်ရဲ့ကျိန်စာတိုက်ခြင်း_x000D_
ကိုဘယ်လိုခံရမလဲ…နေလင်းထွန်းတောက် မှာမထင်မှတ်ဘဲကားတိုက်မှုဖြစ်ခဲ့ရာကအစပြုပြီးမေ့မျောနေခဲ့ရာဝိညာဉ်မလေး မေ ရဲ့အကူညီကြောင့်ကျိန်စာ_x000D_
ဖြစ်တဲ့ အချစ်စစ် ရဲ့မျက်ရည်၃စက်ကိုဘယ်လိုရအောင်ယူနိုင်မလဲ...ဟန်ဆောင်မှုတွေဖုံးကွယ်နေတဲ့မျက်ရည်တွေကြောင့် အချစ်စစ်ရဲ့မျက်ရည်ကိုရနိုင်ပါ့မလားဆိုတာ...
သရုပ်ဆောင်
နေတိုး၊ ရွှေမှုံရတီ၊ ဆုမြတ်နိုးဦး
ဒါရိုက်တာ
သိန်းဟန် (ဖီးနစ်)
ထုတ်လုပ်ရေး
ဖီးနစ်
Ragnarok (2020- )
⭐IMDB: 7.5/10 (39 k Votes)
🎬 #Action #Drama #Fantasy #SciFi #Mystery #Thriller
🗓️ 2020- 🎞️ tv series 📺 1080p FHD
🌎 #Denmark #Norway
⏰ 41 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ragnarok (2020)Ragnarok (2020) Season 01 Complete
~ IMDb – 7.5/10, Rotten Tomatoes – 70% ~ “Ragnarok” ဆိုတာနဲ့ Marvel စူပါဟီးရိုး မိုးကြိုးနတ်ဘုရား Thor နဲ့ သေမင်းနတ်ဘုရားမ ဟယ်လာ တို့ရဲ့ဇာတ်လမ်းကို လူတိုင်းပြေးမြင်မိကြမှာပါ။ ကမ္ဘာပျက်ကိန်းကို သမုတ်တဲ့ စကားလုံးတစ်ခုပေါ့။ ဒီဇာတ်လမ်းကလည်း မိုးကြိုးနတ်ဘုရားသောရ်ရဲ့အကြောင်း၊ Ragnarok ကို ကာကွယ်တဲ့အကြောင်းပါပဲ။ ဒီဇာတ်လမ်းထဲမှာတော့ Thor ဖြစ်လာမယ့် ကောင်လေး မက်ဂ်နာ ဟာ သူတို့ငယ်စဉ်ကနေခဲ့ဖူးတဲ့ မြို့ငယ်လေးကို မိခင်ဖြစ်သူရဲ့အလုပ်ကြောင့် ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။ ငယ်ငယ်ကတည်းက သူများနဲ့မတူပဲ ကြင်နာတတ်တဲ့စိတ်ထားရှိတဲ့ မက်ဂ်နာ ဟာ တရားမျှတမှုကို အင်မတန်အလေးထားပြီး တစ်ဖက်သားအပေါ် ကူညီတတ်ပါတယ်။ မက်ဂ်နာ တို့ အက်ဒါမြို့ကို ရောက်လာတဲ့နေ့မှာပဲ စိတ်ထားကောင်းတဲ့ မက်ဂ်နာ ဟာ အဘိုးအိုတစ်ယောက်ကို ကူညီပေးရာမှ မိမိကိုယ်တိုင်တောင် သတိမထားမိဘဲ မိုးကြိုးနတ်ဘုရား သော်ရ် ရဲ့ အစွမ်းတွေကို တဖြည်းဖြည်းပိုင်ဆိုင်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း နတ်ဘုရားတွေ မရှိတော့တဲ့အတွက်… ရှေးဟောင်းဒဏ္ဍာရီထဲက နှစ်ထောင်ချီဘီလူးတချို့ဟာ လူယောင်ဆောင်ပြီး မက်ဂ်နာ တို့ မြို့မှာ ဖြစ်တည်မှုအသီးသီးနဲ့ နေထိုင်နေကြပါတယ်။ ဒီမှာ ဘီလူးတွေနဲ့ သောရ် ထိပ်တိုက်တွေ့ရင်း ဖြစ်လာမယ့် တိုက်ပွဲတွေကို ဒီစီးရီးမှာ ကျွန်တော်တို့ တဝကြီးရှုစားရမှာပါ။ Norse Mythology အကြောင်းကို အခြေခံပြီး မူလဘူတရေမြေနေရာဖြစ်တဲ့ နော်ဝေးကရိုက်ထားတဲ့ကားမို့ Norse Mythology ကိုရိုက်ထားတဲ့ ဇာတ်လမ်းတွေထဲ အကောင်းတစ်ခုလို့သမုတ်ကြသလို နတ်ဘုရားတွေနဲ့ ဘီလူးတွေကြားက အက်ရှင်ခန်းတွေကလည်း ဒီစီဆင်မှာတင် ကြမ်းနေမှာဖြစ်သလို နောက်စီဆင်ကျလည်း ဘယ်လိုတွေ ဆက်လာမလဲ မျှော်ကြရပါမယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Thar Htet ပဲဖြစ်ပါတယ်)Size ~ 500MB+

Ardha Shathabdham (2021)
⭐IMDB: 4.2/10 (269 Votes)
🎬 #Action #Bollywood #Drama #Romance
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 56 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ardha Shathabdham (2021)
“ချစ်ခြင်းမေတ္တာက အမျိုးဇာတ်နဲ့ အယူဝါဒတွေကိုကျော်လွန်နိုင်တဲ့နေ့လေး ရောက်လာခဲ့ရင်”
“ကျွန်တော် ပန်းလေးတစ်ပွင့်လို ပွင့်လန်းနေပါ့မယ်အမြဲတမ်းထင်ကျန်ရစ်နေဖို့ပေါ့….”
ဒီဇာတ်လမ်းလေးက အိန္ဒိယနိုင်ငံတွင်း မတည့်အတူနေအမျိုးဇာတ်တွေအကြောင်းကို ပညာပေးရိုက်ကူးထားတဲ့ကားလေးတစ်ကားပဲဖြစ်ပါတယ်…
ခရစ်ရှနားဆိုတဲ့ကောင်လေးက ဟိုးကလေးဘဝကတည်းကပွရှ်ပါးဆိုတဲ့ကောင်မလေးကို ချစ်ခင်နှစ်သက်လာခဲ့တယ်..အရွယ်ရောက်လာတော့လည်း မပြယ်သော ချစ်ခြင်းတရားတွေနဲ့ တိတ်တခိုး ချစ်မြတ်နိုးနေဆဲပဲ…
သူတို့ရွာမှာက ဇာတ်နိမ့်ဇာတ်နိမ့်တအားခွဲခြားလွန်းလို့ဇာတ်နိမ့်ဇာတ်မြင့်လူနှစ်ဦးလက်ထပ်ကြရင် သေကွဲကွဲရတတ်တယ်..တစ်ရက် ခရစ်ရှနားဟာ သူချစ်ရတဲ့ပွရှ်ပါးပန်ဖို့ အမြတ်တနိုးပျိုးလာခဲ့တဲ့ ပန်းလေးတစ်ပွင့်ဟာ သူကိုယ်တိုင်မပေးရသေးဘဲ သူ့ချစ်ရတဲ့သူခေါင်းထက်ကို ရောက်နေပါတော့တယ်..
ရက်အတော်များများစောင့်မျှော်နေခဲ့ရတဲ့ ဒီအခွင့်အရေးကိုလက်လွှတ်လိုက်ရတဲ့အတွက် ဒေါသစိတ်လွန်ကဲပြီး ရမ်းလိုက်မိတဲ့သူက ရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်နေပါတော့တယ်
ရွာအုပ်ချုပ်ရေးမှူးကလည်း ဒါကိုအမျိုးဇာတ်ပြဿနာဖန်တီးပြီး သူနဲ့ရန်ငြှိုးရှိတဲ့သူကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါမှာတော့ တစ်ရွာလုံး အုတ်အော်သောင်းနင်း ဆူပူသတ်ဖြတ်မှုတွေဖြစ်လာပါတော့တယ်…
ဒီလိုနဲ့ ခရစ်ရှနားရယ် ပွရှ်ပါးရယ် သူတို့ရဲ့အမျိုးဇာတ်ပြဿနာကြီးနေတဲ့သူတို့ရွာလေးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်…
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ Thuya ဖြစ်ပါတယ်။)
Dil Ka Rishta (2003)
⭐IMDB: 4.8/10 (2 k Votes)
🎬 #Bollywood #Drama #Musical #Romance
🗓️ 2003 🎞️ movie 📺 720p HD
🌎 #India
⏰ 2 နာရီ 23 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကျွန်တော်တို့ငယ်ငယ်တုန်းက မဂ္ဂဇင်းတွေမှာ မျက်ဝန်းလဲ့ပြာပြာ မျက်ခုံးကောင်းကောင်း နှုတ်ခမ်းဖူးဖူးနဲ့
အိန္ဒိယမင်းသမီးတစ်ပါးကို မကြာခဏမြင်ဖူးခဲ့ကြပါတယ်…
သူကတော့ ၁၉၉၄ ခုနှစ်ရဲ့ Miss World ဆုရှင် Aishwarya Rai ပါပဲ…
အခုတင်ဆက်မှာကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Drama,Romance ဇာတ်ကားလေး Dil Ka Rishta (2003) ပဲဖြစ်ပါတယ်..
Dil Ka Rishta ဆိုတာ မြန်မာလိုဆို နှလုံးသားနှောင်ကြိုးလို့ အဓိပ္ပာယ်ရပါတယ်…
ဆွေးမြေ့ဖွယ်ဇာတ်ကားနာမည်က Rai ရဲ့ရီဝေဝေအလှတွေနဲ့ အပ်စပ်လွန်းလှပါတယ်…
ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်ဇာတ်လမ်းပါ…
တစ်ယောက်က မီလျံနာသူဌေးသား…
မင်းသမီးက ချစ်ရသူရှိပြီးသား ဆရာမလေး…
သူဌေးသားက ပိုင်ရှင်ရှိပြီးသား ဆရာမလေးကိုမှ ချစ်မိသွားတဲ့အခါမှာတော့….
၃ ပွင့်ဆိုင် ဇာတ်လမ်းမှာ ၂ ယောက်ထဲ ရှေ့ဆက်ဖို့ဆိုတာ ရင်ကိုခွဲထုတ်သလို နှလုံးသားနှောင်ကြိုးတွေကိုဖြတ်ချရတာမျိုးပါပဲ…
နာကျင်ရတယ်….ဒါပေမယ့်
အချစ်ဆိုတာ နာကျင်ခံခက် ကြည်နူးဆွတ်ပျံ့တဲ့ ဘုရားသခင်ရဲ့ပြစ်ဒဏ်မျိုးပဲမလား….။
Thugs of Hindostan (2018)
⭐IMDB: 4.0/10 (21 k Votes)
🎬 #Action #Adventure #Bollywood
🗓️ 2018 🎞️ movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 44 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၁၈ က ရုံတင်ခဲ့တဲ့ အာမာခန်း နှင့် အမီတာဘာချမ်း တို့
ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားတဲ့ Thugs Of Hindostan ကို
CM Fan တွေ အတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေက
ကျွန်အရောင်းအဝယ် ကုန်သွယ်မှုတွေ အပြင် တစ်ဖြေးဖြေး စီးနင်းလာတဲ့အခါ
မျိုးချစ်စိတ် ရှိတဲ့ ဘုရင့်အမျိုးအနွယ်တွေက ပုန်ကန်ဖို့ လုပ်ကြပါတယ်
ဒါပေမဲ့ အရမ်းလည်လွန်းတဲ့ လူဖြူ အရာရှိ ကလိုက်ဖ် က အတော်များများကို
သတ်ပစ်ခဲ့ပါတယ်…
အဲ့ဒီထဲကမှ ဘုရင်ကြီး တစ်ပါးရဲ့ သမီးဖြစ်သူ ဇာဖီရာ ဟာ
လူယုံတော်ကြီး အာဇတ် နဲ့ အတူ လွတ်မြောက်သွားခဲ့ပါတယ်..
နှစ်ပေါင်းအတော်ကြာတဲ့ အခါ ပင်လယ်ဓါးမြကြီး ပုန်ကန်သူ အာဇတ် နဲ့
အဖွဲ့ဖြစ်ပေါ်လာပြီး အင်္ဂလိပ်အစိုးရကို သွေးလန့်စေခဲ့ပါတော့တယ်…
အင်္ဂလိပ်အစိုးရကလဲ သူတို့ အချုပ်အခြာ အာဏာ တည်မြဲရေးအတွက်
အာဇတ် ကို ဖမ်းမိရဖို့အတွက် အတော်ဆုံးလူ လိုက်ရှာတဲ့အခါမှာတော့
ပိုက်ဆံကလွဲပြီး ဘာမှ မသိ ပိုက်ဆံသာ ဘုရားသခင် လို့ မှတ်ယူထားတဲ့
ဖီရန်ဂီ နဲ့ စတင် တွေ့တော့တာပါပဲ…
ဖီရန်ဂီ ရဲ့ ပလန် နဲ့ အာဇတ် ကို ဖမ်းမိဖို့ ကြိုးစားကြတဲ့အခါမှာတော့….
ဒီဇတ်လမ်းကို Nyi Nyi Koe က ဘာသာပြန်ပေးထားပါတယ်။
Tuesdays and Fridays (2021)
⭐IMDB: 4.5/10 (847 Votes)
🎬 #Bollywood #Comedy #Drama #Musical #Romance #Music
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #India #UnitedKingdom
⏰ 1 နာရီ 45 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Netflix ကတင်ဆက်ထားတဲ့ Bollywood ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ချောမောလှပပြီး စည်းကမ်းကြီးတဲ့ ဆီရာဟာမွန်ဘိုင်းကရုပ်ရှင်လုပ်ငန်းမှာ ဥပဒေကိစ္စတွေစီမံဆောင်ရွက်ပေးနေတဲ့ ရှေ့နေမလေးပါဗာရွန်ကတော့ လန်ဒန်မှာနေထိုင်တဲ့ နာမည်ကြီးလူငယ်စာရေးဆရာတစ်ဦးပါ။တစ်နေ့ ဗာရွန်ဟာ သူ့ဝတ္တုကို ရုပ်ရှင်ရိုက်မယ့်ကိစ္စအတွက်အိန္ဒိယကိုလာရင်း မူပိုင်ခွင့်ကိစ္စတွေညှိနှိုင်းဖို့ ဆီရာနဲ့ စတင်ဆုံစည်းမိပါတယ်။ဗာရွန်ရဲ့ ဝတ္တုအကြောင်း အပြန်အလှန်ဆွေးနွေးကြရင်း သူတို့နှစ်ဦးဟာ ရင်းနှီးသွားပါတယ်။ထို့နောက် ဗာရွန်လည်း လန်ဒန်ကိုပြန်သွားပြီး ဆီရာက သူ့အလုပ်သူဆက်လုပ်နေခဲ့ပါတယ်။အလုပ်မှာထူးချွန်တဲ့အတွက် ကုမ္ပဏီက လစာပြည့်ခွင့် ၂ လပေးတဲ့အတွက်ဆီရာဟာ သူ့မိခင် နေထိုင်ရာ လန်ဒန်မြို့ကို အလည်လာခဲ့ပါတယ်။လန်ဒန်မှာ မမျှော်လင့်ဘဲ ဗာရွန်နဲ့ ဆီရာတို့ ပြန်လည်ဆုံစည်းမိပါတယ်။အဲဒီနောက်မှာတော့ သူတို့နှစ်ဦးရဲ့ ရင်ထဲမှာ တစ်ယောက်ကိုယ်တစ်ယောက်စိတ်ဝင်စားမှုလေးတွေရှိလာပါတယ်။ ဒါပေမဲ့ ဗာရွန်မှာ အကျင့်တစ်ခုရှိပါတယ်။အဲဒါကတော့ ဗာရွန်ဟာ ကောင်မလေးတစ်ယောက်ကို ခုနစ်ပတ်ထက်ပိုပြီးတွဲလေ့မရှိပါဘူး။ဗာရွန်ရဲ့ခံယူချက်က တွဲလာတာကြာလာတာနဲ့အမျှ စကားများရန်ဖြစ်ပြီး လမ်းခွဲတာထက်စာရင်စောစောစီးစီး နှစ်ဦးသဘောတူ ကြိုတင်လမ်းခွဲတာပိုကောင်းတယ်လို့ ခံယူထားသူပါ။ဆီရာကတော့ တစ်ယောက်ဆိုတစ်ယောက် အချိန်အကြာကြီး အတည်တကျ လက်တွဲချင်သူပါ။သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြပေမဲ့ ဗာရွန်ရဲ့ ခုနစ်ပတ်ပဲတွဲမယ်ဆိုတဲ့ခံယူချက်ကြောင့် ရှေ့ဆက်မတိုးဖြစ်ကြပဲ သူငယ်ချင်းလိုလိုဘာလိုလိုအနေအထားမှာပဲရှိနေခဲ့ပါတယ်။အဲဒီအနေအထားကို လက်မခံနိုင်တော့တဲ့ ဆီရာဟာ ရှေ့နေပီပီ ဗာရွန်နဲ့ စာချုပ်တစ်ခုချုပ်ဖို့ စီစဉ်ပါတော့တယ်။အဲဒါကတော့ တစ်ပတ်မှာ အင်္ဂါနေ့နဲ့သောကြာနေ့ နှစ်ရက်ပဲ သမီးရည်းစားလိုနေမယ် ကျန်တဲ့ရက်တွေမှာကိုယ်နေချင်သလိုနေ တွဲချင်တဲ့သူနဲ့တွဲလို့ရတယ် တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြေးဆိုတဲ့စာချုပ်ပါ။ထိုစာချုပ်ကို နှစ်ဦးသဘောတူလက်မှတ်ထိုးပြီးနောက် သူတို့ဟာ တစ်ပတ်ကို နှစ်ရက် ဒိတ်ဖြစ်ကြပါတယ်။ထို့နောက် ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။မင်းသားမင်းသမီးအသစ်တွေဆိုပေမဲ့ သရုပ်ဆောင်တာ မဆိုးတဲ့အပြင်မင်းသမီးက အတော်လေးကိုချောကြောင်း သတင်းကောင်းပါးချင်ပါတယ်။
Ramarjuna (2021)
⭐IMDB: 5.7/10 (248 Votes)
🎬 #Action #Bollywood #Romance
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 13 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ramarjuna (2021)=================IMDb 6.7/10
အိန္ဒိယအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်..အက်ရှင်တွေရှယ်ကြမ်းသလို မင်းသမီးလေးလဲ အသေချောပါတယ်။
ဇာတ်လမ်းကတော့..ရမ် ဆိုတဲ့ ကောင်လေးဟာ အာမခံကုမ္ပဏီက Agent တစ်ယောက်ဖြစ်ပြီးရိုးသားကြိုးစားတဲ့အပြင် သူတစ်ပါးကိုကူညီဖို့လည်း လက်မနှေးသူဖြစ်ပါတယ်။သူနေထိုင်တဲ့ရပ်ကွက်က လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက်ထဲဖြစ်ပြီးရပ်ကွက်ထဲမှာ လူတော်လူကောင်းလေးတစ်ဦးအဖြစ် လူသိများပါတယ်။
တစ်နေ့မှာတော့ ပါဝါကြီးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုကသူတို့ရဲ့ဆင်းရဲသားရပ်ကွက် မြေနေရာကို မတရားသိမ်းယူဖို့ကြံစည်လာပါတယ်…မတရားမှုဆို သည်းမခံနိုင်တဲ့ ရမ် တစ်ယောက် ဒီကိစ္စမှာ ကိုယ်တိုင်ဝင်ရောက် ဖြေရှင်းတဲ့အခါ…။
မင်းသားချော Aneesh Tejeshwar နဲ့ မင်းသမီးချော Nishvika Naidu တို့ပါဝင်သရုပ်ဆောင်ထားပြီးအိန္ဒိယအက်ရှင်ဒရမ်မာ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားဖြစ်ပါတယ်။
Manorama: Six Feet Under (2007)
⭐IMDB: 7.5/10 (8 k Votes)
🎬 #Bollywood #Crime #Drama #Mystery #Thriller
🗓️ 2007 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 10 မိနစ် 09 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (7.6/10) / Rotten Tomatoes (75%)
ဒီဇာတ်ကားက ဇာတ်ကားနဲ့မတူပါဘူး….
ရုပ်ရှင်ဆိုတဲ့ ရသကို မရစေဘဲ တကယ့်ဖြစ်ပျက်နေသလို ကြည့်နေရင်း ခံစားနေရတာပါ…
ဘာအလှအပ ဘာအကမှလဲ မပါပါဘူး…
ရိုက်ချက်တွေကလဲစားပါတယ်…ကိုယ်က ဇာတ်ဆောင်တွေနောက်ကို လိုက်ချောင်းနေရသလိုမျိုး နစ်ဝင်စေပါတယ်…
ဇာတ်လမ်းကလဲအရှုပ်..ကြည့်နေရင်း ဖြေရှင်းနေရင်း ပိုပိုရှုပ်လာပါတယ်…
နောက်ဆုံး ဒါရိုက်တာက ပုံတွေ နောက်ခံစကားပြောတွေနဲ့ ရှင်းပြလိုက်မှပဲ
ဪ..ဒီလိုပါလားဆိုပြီး သက်ပြင်းချနိုင်ပါတယ်…
ဇာတ်ကောင် တစ်ယောက်စီတိုင်းရဲ့ ကာရိုက်တာတွေက တကယ့်အပြင်ကလိုပါပဲ…အပိုတွေမပါဘူး…
အရှိအတိုင်း တုံးတိတိကြီးပါပဲ…
ဇာတ်လမ်းကတော့ မအောင်မြင်တဲ့စာရေးဆရာတစ်ယောက် နိုင်ငံနဲ့ချီတဲ့အမှုတစ်ခုထဲ မထင်မှတ်ဘဲရောက်သွားတာကို ရိုက်ထားတာပါပဲ..
ရုပ်ရှင်နဲ့မတူတဲ့ရုပ်ရှင်ဆိုတော့ ရုပ်ရှင်ကြိုက်တဲ့လူတွေနဲ့ ကီးမကိုက်လောက်ပါဘူး။
အေးအေးဆေးဆေး တစ်ယောက်ထဲ လွင့်မျောမယ်..ဇာတ်ဆောင်တွေနောက် လိုက်ပါခံစားမယ်ဆိုရင်တော့
ဒီကားက သင့်ကိုသေချာပေါက်ခေါ်ဆောင်သွားမှာပါ။
စုံထောက်ကားတွေထဲတော့ ဒီဇာတ်ကားက အရှိအတိုင်းခံစားရတဲ့ ရှားရှားပါးပါး ဘောလိဝုဒ်ဇာတ်ကားပါပဲ။
Shemaroo Entertainment ကထုတ်လုပ်ဖြန့်ချိထားတာပါ။
Collar Bomb (2021)
⭐IMDB: 5.0/10 (2 k Votes)
🎬 #Action #Bollywood #Thriller #Crime
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 26 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (6.2)
Disney+Hotstar က ထုတ်လွှင့်ထားတဲ့ Action , Thriller Bollywood ဇာတ်ကားကောင်းလေးကို တင်ဆက်လိုက်ပါတယ်….
ဇာတ်လမ်းကတော့ ကြမ်းပါတယ်…
အသေခံဗုံးခွဲသမားတစ်ယောက်က ဗုံးတွေအပြည့်ဝတ်ဆင်ပြီး ကျောင်းဆောင်ထဲဝင်လာပါတယ်…
ကျောင်းထဲက ကလေးတွေရဲ့ အသက်ကို သူက အလဲအလှယ်လုပ်မှာပါ….
ကလေးတွေ အသက်ရှင်ချင်ရင် ကလေးမိဘတွေက ကိုယ့်ဖာသာ အသေခံရမှာပါ…
အပေးအယူကြမ်းတဲ့ ဇာတ်ကြောင်းနောက်ကွယ်မှာလဲ လျှို့ဝှက်ချက်တွေက ရှိနေပါသေးတယ်…
အသက်ရှင်ဖို့ အလျော်အစားကြမ်းနေတဲ့ ၂၀၂၁ ကာလကြီးနဲ့ ကိုက်ညီမယ့် ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုပါတယ်..။
Manorama: Six Feet Under (2007)
⭐IMDB: 7.5/10 (8 k Votes)
🎬 #Bollywood #Crime #Drama #Mystery #Thriller
🗓️ 2007 🎞️ Movie 📺 1080p FHD