ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Until Tomorrow (2022)
⭐IMDB: 7.0/10 (198 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Iran #France #Qatar
⏰ 1 နာရီ 26 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Until Tomorrow (2022)
~ IMDb Rating – 7/10 ~
လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။
ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။
မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ရင်ဆိုင်ရမယ့် ဒုက္ခတွေက မနည်းပါဘူး။ အိမ်ကိုလည်း ပေးသိလို့မရဘူး။ ပတ်ဝန်းကျင်ကလည်း မေးငေါ့ခံရတယ်။ ဒီကြားထဲကမှ အိမ်က မိဘတွေက သူ့ဆီ တစ်ရက်လာလည်ဖို့လုပ်တော့ ကလေးကို တစ်ရက်တလေလေး ထိန်းပေးဖို့လူပတ်ရှာတာတောင် ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်နေရသလိုလိုပါပဲ။
ဒီကားကတော့ အစအဆုံး ကောင်မလေးတစ်ယောက် သူ့ကလေးကို တစ်ရက်တာထိန်းပေးဖို့ အသိမိတ်ဆွေတွေဆီ အကူအညီပတ်တောင်းတဲ့ကားပါပဲ။ ရသွားလား မရသွားလား ငြင်းတဲ့လူတွေကရော ဘယ်လိုအကြောင်းပြချက်တွေနဲ့ငြင်းကြလဲ… ကလေးပေါက်စနလေးကို သူစိမ်းလက်ထဲ ထားခဲ့ရတဲ့ မိခင်ရဲ့ ရင်ထဲရော ဘာတွေဖြစ်နေမလဲ… အစရှိသဖြင့် တစ်ရက်တာ အချိန်လေးအတွင်းတင် ဘာမှမဟုတ်တဲ့အကြောင်းလေးနဲ့ လူတစ်ယောက် ကမ္ဘာပျက်နိုင်တဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစအဆုံးကို တစ်ရက်တာအတွင်းမှာပဲ ဇာတ်အိမ်တည်ထားတဲ့ ကားတွေ သိသလောက်ဆို လက်ချိုးရေလို့ရပါတယ်။ ဒီလိုရိုက်ဖို့က လွယ်တာလည်းမဟုတ်သလို ဒီလိုရိုက်ပြီး ပရိသတ်ကိုပါဆွဲဆောင်နိုင်ဖို့ကတော့ မလွယ်လောက်ပါဘူး။ ဒီလိုကားမျိုး မနှစ်ကတော့ Hong Sang Soo ရဲ့ In Front of Your Face ထွက်ခဲ့ပါတယ်။ မနှစ်ကထွက်ခဲ့တဲ့ အကောင်းဆုံးတွေထဲ ထည့်တွက်လို့ရတဲ့ကားပါပဲ။ ဒီနှစ်တော့ Until Tomorrow ထွက်လာပါတယ်။ ဒီရုပ်ရှင်ဟာ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ကမ္ဘာကြီးကို ချစ်စိတ်နဲ့ ရင်ဆိုင်နေရသူတွေအကြောင်းပေါ့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
Summer Frost (2022)
⭐IMDB: 5.7/10 (35 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #France
⏰ 1 နာရီ 47 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Summer Frost (2022)================
၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Un hiver en été (Summer Frost)လို့ အမည်ရတဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားကို ဒါရိုက်တာ Laetitia Masson ကိုယ်တိုင်ရေးသားရိုက်ကူးခဲ့ပြီး ဇာတ်လမ်းပုံစံကတော့ Drama ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ပြင်သစ်နိုင်ငံရဲ့ နွေရာသီတစ်ခုမှာရုတ်တရက်အပူချိန်မညီမျှမှုတွေ ဖြစ်ပေါ်ခဲ့ရာကနေ ပြင်းထန်တဲ့အအေးလှိုင်းဖြတ်ခြင်းကို ခံစားခဲ့ရပါတယ်။ အအေးဓာတ်က(-10C) အထိကျဆင်းသွားခဲ့ပြီး ရေပိုက်လိုင်းထဲကရေတွေပါ ခဲကုန်ကာ လူတွေရော တိရိစ္ဆာန်တွေပါ အစာရေစာပြတ်လပ်မှု၊ အဆုံးစွန်ထိ အေးခဲမှုတွေကြောင့် အသက်သေဆုံးကြတဲ့အထိ ဖြစ်ကုန်ကြပါတယ်။ တဖြည်းဖြည်းပိုအေးလာတာကြောင့် မကြာခင်မှာပဲကမ္ဘာပျက်တော့မယ်ဆိုပြီး သတင်းတွေမှာ ကြေညာနေကြပါတယ်။ပိုက်ဆံသိပ်ချမ်းသာတဲ့ တချို့လူတွေကတော့ အင်္ဂါဂြိုဟ်ပေါ်မှာသွားနေနိုင်ဖို့အထိ ပြင်ဆင်နေကြပြီး သာမန်လူတွေမှာတော့ စိတ်ဓာတ်ကျကာ မျှော်လင့်ချက်မဲ့နေကြပါတယ်။
ဒီဇာတ်လမ်းထဲက ဇာတ်ကောင်ဆယ်ယောက်ရဲ့ အထီးကျန်ဝမ်းနည်းမှု စိတ်ပျက်မှုတွေကြောင့် ကမ္ဘာမပျက်ခင် မျှော်လင့်ချက်နဲ့အချစ်ကိုလိုက်ရှာနေကြတဲ့အကြောင်း ရိုက်ပြထားပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စရိုက်၊ ခံယူချက်နဲ့ မျှော်လင့်ချက်အသီးသီးကို ရောနှောပြသထားပြီး ဇာတ်ရှိန်အတက်အကျနည်းပြီးခပ်အေးအေးဇာတ်လမ်းလို့ထင်ရပေမယ့် ဇာတ်လမ်းထဲမှာ ပါးပါးလေးနဲ့ထည့်သွားတဲ့ ဒိုင်ယာလော့ခ်လေးတွေကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။
“ငါတို့တွေ မွေးဖွားခွင့်ရဖို့အတွက် ပိုက်ဆံပေးရတယ်၊ အသက်ရှင်နေထိုင်ရေးအတွက် ပိုက်ဆံပေးရတယ်၊ နောက်ဆုံးသေသွားတဲ့အချိန်ထိ ပိုက်ဆံပေးရတယ်၊ ဒီလိုလည်ပတ်နေတဲ့ကိစ္စကြီးကို ဖျက်သိမ်းပစ်ချင်တယ်”။ ဇာတ်လမ်းတစ်နေရာမှာ တံမျက်စည်းလှဲနေတဲ့သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးအပေါ် က အမှိုက်ချသွားတဲ့အမျိုးသားကို အမှိုက်ပုံးထဲကိုသေချာပစ်ဖို့ ပြောတဲ့အခါမှာ “ငါတို့အခွန်တွေဆောင်ထားတယ် အဲဒီ့အခွန်တွေနဲ့ နင့်ကိုလစာပေးထားရတာ ဒါနင်လုပ်ရမယ့်အလုပ်”ဆိုတဲ့ သဘော မောက်မောက်မာမာပြန်ပြောတယ်။သန့်ရှင်းရေးအမျိုးသမီးက ဒါပိုက်ဆံကြောင့်မဟုတ်ဘူး ဒါကနိုင်ငံသားတစ်ယောက်ရဲ့ မဖြစ်မနေသိနေရမယ့် ကျင့်ဝတ်ဆိုတာမျိုး ပြန်ပြောရဲတယ်။ သူတို့နိုင်ငံမှာ သန့်ရှင်းရေးသမားကလည်း ပြန်ဆုံးမလို့ရတာပဲ၊ယုံကြည်မှုအပြည့်ရှိတယ်။ လူတန်းစားခွဲခြားမှုတွေ၊ လူမျိုးရေးမုန်းတီးမှုတွေရှိတာကို မသိမသာထည့်ရိုက်ထားတယ်။
နောက်ထပ်ဇာတ်ကောင်တစ်ယောက်ကတော့ ကိုယ့်အဖေအပေါ်ဖောက်ပြန်ခဲ့တဲ့အမေကို ကြည့်ရင်း ကြီးပြင်းလာတဲ့ယောက်ျားတစ်ယောက်ဟာမိန်းမတွေကို မယုံကြည်၊ လေးစားမှုမရှိဘဲ အချစ်ကိုကိုးကွယ်တဲ့မိန်းမတွေဆို အထင်သေးတတ်တဲ့လူဖြစ်လာခဲ့တယ်။ ပြီးတော့ ကိုယ်လက်ထပ်ထားတဲ့မိန်းမအပေါ် ဂရုမစိုက်ဘဲ ကွဲသွားတဲ့ရည်းစားဟောင်းအပေါ် စိတ်မပြတ်နိုင်တဲ့ ယောက်ျားတစ်ယောက်ကို “နင့်မိန်းမကိုသာ နင်တကယ်ချစ်ပြီးတကယ်ဂရုစိုက်မယ်ဆိုရင် တခြားတစ်ယောက်အကြောင်းကို ဆယ်နှစ်လုံးလုံးသတိရနေမှာမဟုတ်ဘူး။ သူ့ကိုကွာရှင်းလိုက်တာထက် သူနဲ့အတူရှိနေတဲ့ဆယ်နှစ်တာမှာ တခြားမိန်းမအကြောင်းပဲ သတိရနေတာကမှ သစ္စာဖောက်တာပဲ” ဆိုပြီးပြောထားတဲ့အခန်းဆို တော်တော်လေးရင်ထဲထိစေပါတယ်။
ဒီရုပ်ရှင်ထဲမှာတော့ ကမ္ဘာကြီးအဆုံးမသတ်ခင် လူတွေရဲ့အမျိုးမျိုးသော စိတ်ဆန္ဒတွေ လိုချင်တပ်မက်မှုတွေအကြောင်း ရိုက်ကူးတင်ပြထားပါတယ်။ သူတို့လိုချင်တဲ့ လိင်စိတ်ဆန္ဒ၊ လုံခြုံမှု၊ မိတ်ဆွေ၊ အချစ်၊ အနုပညာ စတဲ့အရာတွေအကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြထားပါတယ်။ မိတ်ဆွေတို့လည်း အခုအချိန်မှာ ကမ္ဘာပျက်တော့မယ်ဆိုရင် ကိုယ့်ရဲ့တကယ့်ဆန္ဒကဘာလဲ၊ကိုယ်ဘာလိုချင်လဲဆိုတာကို စဥ်းစားကြည့်ဖူးပါလား။ ကဲပါ ဒီကားလေးကိုကြည့်လိုက်ကြရအောင် . . .
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့HannaH ဖြစ်ပါတယ်)
တိမ်တွေပေါ်ကပန်း
⭐N/A
🎬 N/A
🗓️ N/A 🎞️ Movie 📺 720p HD
🌎 #Myanmar
⏰ 2 နာရီ 11 မိနစ် 26 စက္ကန့်
👑 FDMN
ဇာတ်ညွှန်း 📜
ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးထားပြီး JBJ Entertainment နဲ့ Big 5 Film Production တို့ပူးပေါင်းထုတ်လုပ်ထားတဲ့ "တိမ်တွေပေါ်ကပန်း" အဆင့်မြင့်မြန်မာရုပ်ရှင်ဇာတ်ကားကြီး။
ဒါရိုက်တာ
Various
အမျိုးအစား
Movies
ဘာသာစကား
Burmese
သရုပ်ဆောင်
Ryu Sang Wook,Wut Hmone Shwe Yi
Erotic Nightmare (1999)
⭐IMDB: 5.1/10 (172 Votes)
🎬 #Adult #Horror
🗓️ 1999 🎞️ Movie 📺 1080p FHD
🌎 #HongKong
⏰ 1 နာရီ 26 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Erotic Nightmare (1999)
Lok Yep (Anthony Wong) ဟာ အလတ်စားကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ပြီး ဇနီးသည်၊ မိခင်ဖြစ်သူတို့နဲ့အတူနေထိုင်ပါတယ်။
ဇနီးသည်ကိုချစ်မြတ်နိုးပေမယ့် နှလုံးရောဂါသည်ဇနီးကြောင့် လင်မယားကိစ္စအရာမမြောက်တာကြာနေခဲ့ပြီး ညဘက်တွေဆို အိပ်မက်ယောင် သုက်လွှတ်တဲ့အထိ ရမ္မက်တွေထန်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ဆီကို Fong ဆိုတဲ့လူတစ်ယောက်က ချဉ်းကပ်လာခဲ့ပြီး အိမ်မက်တွေထဲမှာ စကီအလန်းလေးတွေနဲ့ညတိုင်းသာယာဖို့ အိပ်မက်တွေရောင်းပေးမယ့်အကြောင်းပြောလာပါတယ်။ မယုံရဲခဲ့ပေမယ့် တကယ်ပဲ လက်တွေ့ကျနီးစပ်လှတဲ့သာယာမှုကို အိပ်မက်ထဲက တစ်ဆင့်ရရှိလာတဲ့နောက် အဲ့ဒီလူနဲ့ အပေးအယူလုပ်လိုက်မိတဲ့အခါ၊ အဲ့ဒီအောက်လမ်းတွေနဲ့ဖန်တီးထားတဲ့ အိပ်မက်တွေရဲ့ဘေးထွက်ဆိုးကျိုးအဖြစ် သူ့ဘေးက သူချစ်ရတဲ့သူတွေကို ထိခိုက်အန္တရာယ်ပေးလာပါတော့တယ်။
Erotic Nightmare ဟာ Hong Kong ရဲ့ Category 3 ခေတ်နှောင်းပိုင်းမှာထွက်ရှိလာခဲ့ပြီး နာမည်နဲ့လိုက်အောင် ပေါ့ပါ့ပါးပါးနဲ့ Fun ဖြစ်ပါတယ်။ ချောင်းကြည့်၊ ခိုးကြည့်တတ်တဲ့သူတွေရဲ့အာသီသကိုအထူးဖြည့်ဆည်းထားပုံရသလို ဇာတ်လမ်းဖွဲ့စည်းပုံလဲစိတ်ဝင်စားစရာကောင်းတဲ့အတွက် Erotic Horror ပရိသတ်တွေအကြိုက်တွေ့မယ့်ကားပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)
Sharper (2023)
⭐IMDB: 6.5/10 (599 Votes)
🎬 #Crime #Drama #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sharper (2023)
ဒါရိုက်တာ Benjamin Caron ရိုက်ကူးပြီးSebastian Stan နဲ့ မင်းသမီးကြီး Julianne Moore ပါဝင် သရုပ်ဆောင်ထားတဲ့psychological thriller ဇာတ်ကားသစ် ရပါပြီ။Justice Smith နဲ့ Briana Middleton တို့လည်း ပါပါသေးတယ်။
ဇာတ်လမ်းတင်ဆက်ပုံကတော့ နည်းနည်းထူးခြားပါတယ်။အစပိုင်းမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ တွန့်အကြောင်းပြထားပြီးစာအုပ်လာဝယ်တဲ့ ကျောင်းသူလေး ဆန်ဒရာနဲ့ ချစ်သူတွေ ဖြစ်သွားကြပုံကို ရိုက်ပြထားပါတယ်။
တစ်နေ့တော့ ဆန်ဒရာက အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ပိုက်ဆံလိုနေတဲ့အကြောင်း တွန့်ကို ပြောလာပါတယ်။တကယ်တော့ ဆန်ဒရာက တွန်ထင်နေသလို စာကြမ်းပိုးလေး မဟုတ်ဘဲ အကြီးစား လူလိမ်တစ်ယောက်ပါ။
နောက်တော့ ဆန်ဒရာ ဘယ်လိုလုပ်ပြီး လူလိမ်ဖြစ်လာလဲဆိုတာနဲ့သူ့ကို အလိမ်အညာပညာရပ်တွေ သင်ပေးတဲ့ မက်စ်ဆိုတဲ့သူနဲ့ တွေ့ဖြစ်ကြပုံကို ရိုက်ပြထားပါတယ်။
အဲဒီနောက်တော့ မက်စ်အကြောင်း၊အဲဒီနောက် မက်စ်ရဲ့ဘဝထဲက မက်ဒလင်းအကြောင်းတွေကို တစ်ဆင့်ချင်းစီ ပြသွားပါတယ်။
ပြောရရင် လှေကားထစ်တွေလိုမျိုး တစ်ဆင့်ချင်း တက်သွားတဲ့ ဇာတ်လမ်းပါ။လှေကားထစ်တွေရဲ့ အဆုံးမှာ ဘာတွေ ရှိမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါဦး။
အညွှန်းကိုတော့Roman NoXက ရေးထားပေးပြီးတော့ဘာသာကြန်ထားတာကတော့Roman NoXနဲ့Kai Zennတို့ပဲ ဖြစ်ပါတယ်။
Unlocked (2023)
⭐IMDB: 7.0/10 (124 Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 57 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Unlocked(2023)
***************
ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်က သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါဝင်တဲ့ဖုန်းကျပျောက်သွားရာမှ ပြန်ရလာတဲ့အခါမှာ ဖုန်းက အရင်လို မဟုတ်တော့ဘဲ
တစ်ခုခု ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်…
အဲ့ဒီပြောင်းလဲမှုတွေကြောင့်ပဲ သူ့ရဲ့ဘဝက ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်လာရတယ်…
အဲ့ဒါတွေက ဘာကြောင့်များလဲ သူ့ဖုန်းကရောဟက်ခံလိုက်ရတာလားဘယ်တုန်းကလဲ ဘယ်သူဟက်ခဲ့တာလဲ
မေးခွန်းတွေနဲ့ ဘယ်နေရာသွားသွား တစ်ယောက်ယောက်က
ဖုန်းကနေတစ်ဆင့် စောင့်ကြည့်နေသလို ခံစားရတဲ့ အဲဒီအမျိုးသမီး…နောက်ဆုံးကျရင် ဘယ်လိုဖြစ်သွားမလဲတရားခံကိုရော ရှာတွေ့သွားမလားဆိုတာကိုတော့ …..
Unlocked ရုပ်ရှင်ဇာတ်ကားက ၂၀၂၃တောင်ကိုရီးယား သည်းထိတ်ရင်ဖို Netflix ဇာတ်ကားဖြစ်ပြီးတော့ Kim Tae-joonကဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးထားသောဇာတ်ကားဖြစ်တယ် Cast တွေအနေနဲ့ Chun Woo-hee Im Si-wanနဲ့ Kim Hee Wonတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်
OMG! Oh My Girl (2022)
⭐IMDB: 6.7/10 (171 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Thailand
⏰ 2 နာရီ 05 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
OMG! Oh My Girl(2022)
**********************
ကောင်လေးနဲ့ ကောင်မလေးဟာ ငယ်သူချင်းဖြစ်ကြတဲ့အလျှောက်
တစ်ယောက်နဲ့တစ်ယောက်သံယော်ဇဉ်ရှိကြတယ်..
ကောင်မလေးဘက်ကရိုးသားတယ်ဆိုပေမယ့် ကောင်လေးကတော့
မရိုးသားဘူး..သူငယ်ချင်းစည်းကိုလည်းကျော်ချင်
ကောင်မလေးဘက်ကစိတ်ဆိုးမှာလည်းကြောက်တော့
သူ့အဖြစ်ဟာ အဆင်မပြေလှ..တစ်နေတော့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်က
လာအကူအညီတောင်းတယ်..မင်းဘော်ဒါ စကီလေးကိုငါသဘောကျတယ်ကွာ ..
သူ့အကြိုက်လေးငါ့ပြော မင်းပေးတဲ့အကြံဉာဏ်တိုင်းလုပ်မယ်လို့အပူကပ်လာရော..
ငြင်းမကောင်းတော့ ကောင်မလေးမကြိုက်လောက်တဲ့ တလွဲအကြံဉာဏ်တွေနဲ့
ဆေးထိုးပါလေရော…သူ့ဘော်ဒါ ကံကောင်းတာလား သူကံဆိုးတာလားမသိ..
သူ့ရဲ့ ဂျင်းဆေးကွက်မှာ ကောင်မလေးကပြန်ကြိုက်သွားလေရဲ့..
အဲ့ဒီနောက်မှာတော့….
ထိုင်းအချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး Cast တွေကလည်း ဆယ်ကျော်သက်
ချစ်စဖွယ်လေးတွေဖြစ်လို့ ကြည့်ရှုခံစားသင့်ပါကြောင်း…

Blueback (2022)
⭐IMDB: 5.8/10 (415 Votes)
🎬 #Drama #Family #Adventure
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Australia
⏰ 1 နာရီ 43 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။
Shine (1996)
⭐IMDB: 7.6/10 (55 k Votes)
🎬 #Biography #Drama #Music #Romance
🗓️ 1996 🎞️ Movie 📺 1080p FHD
🌎 #Australia
⏰ 1 နာရီ 47 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိုးရေထဲဆေးပေါ့လိပ်တိုလေးကိုက်ပြီးပြေးလွှားနေတဲ့လူတစ်ယောက်၊ ပြောတဲ့စကားတွေကလည်း ဗလုံးဗထွေးနဲ့ရယ် တစ်ခွန်းကိုထပ်ခါတလှဲလှဲလည်းပြောသေးတယ်။ စကားပြောနေရင်း ထပြီးရယ်တတ်တဲ့သူ့ပုံစံက ခင်ဖို့ကောင်းမယ့်ပုံ။ လူအများရှေ့မှာဖျော်ဖြေဖို့ စန္ဒရားခုံရှေ့ထိုင်လိုက်တာနဲ့ ပြဿနာတတ်နေပုံပေါက်ပြီး စပြီးတီးလို့ ဆုံးတာနဲ့ လက်ခုပ်ဩဘာပေးသံတွေနဲ့ ဩချရလောက်တဲ့ အဆိုပါပုဂ္ဂိုလ်ဟာ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကျော် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ပဲဖြစ်ပါတယ်။ငယ်ငယ်လေးကတည်းက ဂီတမှာတစ်ဖက်ကမ်းခပ်ထူးချွန်ခဲ့တဲ့ ဒေးဗစ်ဟာ အဖေဖြစ်သူရဲ့အဆမတန်ဖိအားပေးမှုတွေကြားမှာ ကြီးပြင်းခဲ့ရသူတစ်ယောက်။ ဂီတကျောင်းကိုရောက်ပြန်တော့လည်း ဂီတကလွဲလို့ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာလေးဟာ သူ့အတွက်ခက်ခဲနေခဲ့တယ်။ ဒေးဗစ်မှာ သူ့ခံစားချက်တွေကိုဖော်ပြဖို့ စကားလုံးတွေမရှိပါဘူး ဂီတသာလျှင်တစ်ခုတည်းသောအဖော်မွန်ဖြစ်ပါတယ်။ သူ့အဖေရဲ့ဖိအားပေးစကားတွေ၊ သူ့ဆရာပါမောက္ခကြီးရဲ့မောင်းနှင်မှုတွေ၊ အပြင်းထန်လေ့ကျင့်မှုတွေ၊ အောင်မြင်မှုဒဏ်တွေအကြားမှာ ဒေးဗစ်ရဲ့စိတ်ဓာတ်ဟာဗုန်းဗုန်းလဲကျပါတော့တယ်။အဆိုပါ ရုပ်ရှင်ဟာ ဩစတေးလျနိုင်ငံသား ဂျူးလူမျိုး စန္ဒရားပါရမီရှင် ဒေးဗစ်ဟပ်ဖ်ဂေါ့(David Helfgott)ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်မင်းသားကြီး Geoffrey Rush မှ ဒေးဗစ်ဟပ်ဖ်ဂေါ့အဖြစ် ပြီပြင်စွာရုပ်လုံးထုသရုပ်ဆောင်ထားပြီး ၁၉၉၆ တွင် အကောင်းဆုံးဇာတ်ဆောင်အော်စကာဆုအား ဆွပ်ခူးရရှိခဲ့ပါတယ်။ Box Office တွင်လည်း ကန်ဒေါ်လာ ၃၆သန်းထိ ဝင်ငွေရရှိခဲ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ဂန္ဒဝင်ဂီတသံများအကြားပျောက်ဆုံးနေတဲ့ ဒေးဗစ်တစ်ယောက် အောင်မြင်မှုလမ်းကြောင်းပေါ် ဘယ်နည်းဘယ်ပုံနဲ့ပြန်ရောက်လာပုံအား ခမ်းနားလှပတဲ့စန္ဒရားသံများနဲ့အတူ ပင့်သက်ရှိုက်ကာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
ကြိုးဖုန်း
⭐N/A
🎬 N/A
🗓️ N/A 🎞️ Movie 📺 1080p FHD
🌎 #Myanmar
⏰ 1 နာရီ 40 မိနစ် 07 စက္ကန့်
👑 VIU
ဇာတ်ညွှန်း 📜
အမှုမဲ့အမှတ်မဲ့ ကိုင်ကြည့်မိလိုက်တဲ့ကြိုးဖုန်းလေးတစ်ခုက အစပြုတဲ့ ခြောက်ခြားဖွယ်ရာ အခြေအနေတစ်ခု.. ဒီအဖြစ်ဆိုးကနေ အားလုံး လွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်ခုန်စွာနဲ့ ကြည့်လိုက်ကြရအောင်။
ဒါရိုက်တာ
Eaindra Kyaw Zin
အမျိုးအစား
Movies
ဘာသာစကား
Burmese
သရုပ်ဆောင်
Various,Phyo Ngwe Soe
OMG! Oh My Girl (2022)
⭐IMDB: 6.7/10 (167 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Thailand
⏰ 2 နာရီ 05 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
OMG! Oh My Girl(2022)
**********************
ကောင်လေးနဲ့ ကောင်မလေးဟာ ငယ်သူချင်းဖြစ်ကြတဲ့အလျှောက်
တစ်ယောက်နဲ့တစ်ယောက်သံယော်ဇဉ်ရှိကြတယ်..
ကောင်မလေးဘက်ကရိုးသားတယ်ဆိုပေမယ့် ကောင်လေးကတော့
မရိုးသားဘူး..သူငယ်ချင်းစည်းကိုလည်းကျော်ချင်
ကောင်မလေးဘက်ကစိတ်ဆိုးမှာလည်းကြောက်တော့
သူ့အဖြစ်ဟာ အဆင်မပြေလှ..တစ်နေတော့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်က
လာအကူအညီတောင်းတယ်..မင်းဘော်ဒါ စကီလေးကိုငါသဘောကျတယ်ကွာ ..
သူ့အကြိုက်လေးငါ့ပြော မင်းပေးတဲ့အကြံဉာဏ်တိုင်းလုပ်မယ်လို့အပူကပ်လာရော..
ငြင်းမကောင်းတော့ ကောင်မလေးမကြိုက်လောက်တဲ့ တလွဲအကြံဉာဏ်တွေနဲ့
ဆေးထိုးပါလေရော…သူ့ဘော်ဒါ ကံကောင်းတာလား သူကံဆိုးတာလားမသိ..
သူ့ရဲ့ ဂျင်းဆေးကွက်မှာ ကောင်မလေးကပြန်ကြိုက်သွားလေရဲ့..
အဲ့ဒီနောက်မှာတော့….
ထိုင်းအချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး Cast တွေကလည်း ဆယ်ကျော်သက်
ချစ်စဖွယ်လေးတွေဖြစ်လို့ ကြည့်ရှုခံစားသင့်ပါကြောင်း…
OMG! Oh My Girl (2022)
⭐IMDB: 6.7/10 (167 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Thailand
⏰ 2 နာရီ 05 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
OMG! Oh My Girl(2022)
**********************
ကောင်လေးနဲ့ ကောင်မလေးဟာ ငယ်သူချင်းဖြစ်ကြတဲ့အလျှောက်
တစ်ယောက်နဲ့တစ်ယောက်သံယော်ဇဉ်ရှိကြတယ်..
ကောင်မလေးဘက်ကရိုးသားတယ်ဆိုပေမယ့် ကောင်လေးကတော့
မရိုးသားဘူး..သူငယ်ချင်းစည်းကိုလည်းကျော်ချင်
ကောင်မလေးဘက်ကစိတ်ဆိုးမှာလည်းကြောက်တော့
သူ့အဖြစ်ဟာ အဆင်မပြေလှ..တစ်နေတော့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်က
လာအကူအညီတောင်းတယ်..မင်းဘော်ဒါ စကီလေးကိုငါသဘောကျတယ်ကွာ ..
သူ့အကြိုက်လေးငါ့ပြော မင်းပေးတဲ့အကြံဉာဏ်တိုင်းလုပ်မယ်လို့အပူကပ်လာရော..
ငြင်းမကောင်းတော့ ကောင်မလေးမကြိုက်လောက်တဲ့ တလွဲအကြံဉာဏ်တွေနဲ့
ဆေးထိုးပါလေရော…သူ့ဘော်ဒါ ကံကောင်းတာလား သူကံဆိုးတာလားမသိ..
သူ့ရဲ့ ဂျင်းဆေးကွက်မှာ ကောင်မလေးကပြန်ကြိုက်သွားလေရဲ့..
အဲ့ဒီနောက်မှာတော့….
ထိုင်းအချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး Cast တွေကလည်း ဆယ်ကျော်သက်
ချစ်စဖွယ်လေးတွေဖြစ်လို့ ကြည့်ရှုခံစားသင့်ပါကြောင်း…
OMG! Oh My Girl (2022)
⭐IMDB: 6.7/10 (167 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Thailand
⏰ 2 နာရီ 05 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
OMG! Oh My Girl(2022)
**********************
ကောင်လေးနဲ့ ကောင်မလေးဟာ ငယ်သူချင်းဖြစ်ကြတဲ့အလျှောက်
တစ်ယောက်နဲ့တစ်ယောက်သံယော်ဇဉ်ရှိကြတယ်..
ကောင်မလေးဘက်ကရိုးသားတယ်ဆိုပေမယ့် ကောင်လေးကတော့
မရိုးသားဘူး..သူငယ်ချင်းစည်းကိုလည်းကျော်ချင်
ကောင်မလေးဘက်ကစိတ်ဆိုးမှာလည်းကြောက်တော့
သူ့အဖြစ်ဟာ အဆင်မပြေလှ..တစ်နေတော့ ကောင်လေးရဲ့သူငယ်ချင်းတစ်ယောက်က
လာအကူအညီတောင်းတယ်..မင်းဘော်ဒါ စကီလေးကိုငါသဘောကျတယ်ကွာ ..
သူ့အကြိုက်လေးငါ့ပြော မင်းပေးတဲ့အကြံဉာဏ်တိုင်းလုပ်မယ်လို့အပူကပ်လာရော..
ငြင်းမကောင်းတော့ ကောင်မလေးမကြိုက်လောက်တဲ့ တလွဲအကြံဉာဏ်တွေနဲ့
ဆေးထိုးပါလေရော…သူ့ဘော်ဒါ ကံကောင်းတာလား သူကံဆိုးတာလားမသိ..
သူ့ရဲ့ ဂျင်းဆေးကွက်မှာ ကောင်မလေးကပြန်ကြိုက်သွားလေရဲ့..
အဲ့ဒီနောက်မှာတော့….
ထိုင်းအချစ်ဇာတ်ကားကောင်းလေးဖြစ်ပြီး Cast တွေကလည်း ဆယ်ကျော်သက်
ချစ်စဖွယ်လေးတွေဖြစ်လို့ ကြည့်ရှုခံစားသင့်ပါကြောင်း…
Blueback (2022)
⭐IMDB: 5.8/10 (415 Votes)
🎬 #Drama #Family #Adventure
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Australia
⏰ 1 နာရီ 43 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။
Taoist Priest In The Tomb (2023)
⭐⁉️
🎬 #Adventure #Fantasy #Mystery
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 22 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှေးခေတ်မင်းဆက်ရဲ့ သင်္ချိုင်းမြေကြီးတစ်ခုဖြစ်တဲ့ လော့ထျန်းဟွမ်းနယ်မြေကြီး ။ထူးဆန်းတဲ့အရာတွေကြောင့် ချိတ်ပိတ်ခဲ့တာ ကြာပေမဲ့သင်္ချိုင်းတူးဖော်သူတွေကြောင့် လော့ထျန်းဟွမ်းရဲ့ လျှို့ဝှက်ချက်ကြီးကပြန်လည်နိုးထလာခဲ့တဲ့အခါ ။ သူနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ရွာငယ်လေးတွေမှာလဲ ကြောက်မက်ဖွယ်ရာကိစ္စတွေဖြစ်ခဲ့ပြီးလူတွေဟာလဲ တစ်စ တစ်စနဲ့ ပျောက်ဆုံးလို့လာခဲ့ပါတယ် ။ဒီကိစ္စတွေနဲ့ တစ်ချိန်က ပတ်သတ်ခဲ့တဲ့ ကျူးချွဲ့တစ်ယောက် … ?
❏ သူ့ရဲ့ ရွာသူရွာသား မိတ်ဆွေတွေကို ကယ်တင်ဖို့❏ သူတို့နေထိုင်ရာ နယ်မြေ အဒွန့်ရှည်စေဖို့❏ လော့ထျန်းဟွမ်း ကိစ္စကြီးမှာ သေဆုံးသွားကြပြီတဲ့ဖခင်အတွက် ပြန်လည်လက်စားချေဖို့
“သူဘယ်လိုတွေ လုပ်ဆောင်မလဲ ? လော့ထျန်းဟွမ်းရဲ့လျှို့ဝှက်ချက်ကြီးကိုသူဖြေရှင်းနိုင်ပါ့မလား ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ရုပ်ရှင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ အခုပဲကြည့်ရှူလိုက်ရအောင်ပါနော် ။”
Remember Member (2022)
⭐IMDB: 5.0/10 (471 Votes)
🎬 #Drama #Horror #Thriller
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Japan
⏰ 1 နာရီ 45 မိနစ် 05 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Re/Member(2022)
*****************
အထက်တန်းကျောင်းသူလေး အဆုက က ကျောင်းမှာဆိုရင် ဘယ်လိုကနေဘယ်လို
အပယ်ခံဘဝရောက်လိုရောက်မှန်းမသိ ရောက်သွားတဲ့ တစ်ခန်းလုံးရဲ့ အပယ်ခံကျောင်းသူလေးပါ….
တစ်ညမှာ သူ့ရဲ့ဖုန်းထဲကို “အလောင်းရှာဖွေရေး” ဆိုတဲ့ ကစားပွဲကို ကစားဖို
ရွေးချယ်ခံလိုက်ရကြောင်း SMS တွေ တောက်လျှောက်ဝင်လာပါတော့တယ်…
အဆုကလည်း ကြောက်ပြီး အိပ်လိုက်ပေမယ့် နိုးလာတော့ သူတိုကျောင်းထဲက
ဘုရားကျောင်းထဲရောက်နေပြီး သူနဲ့တူတူ သူ့အတန်းဖော်တွေဖြစ်တဲ့ ရှိတာ၊
အာဆုရှိ၊ တာကာဟီရို၊ ရူမီကိုနဲ့ အတန်းခေါင်းဆောင်ရီအဲ တိုပါ ကစားပွဲထဲ
အလိုအလျောက်ရောက်နေကြတာကိုတွေ့လိုက်ရပါတယ်…
ကစားပွဲရဲ့နာမည်အတိုင်း အလောင်းတစ်ခုရဲ့အစိတ်အပိုင်းတွေကိုရှာရမှာဖြစ်ပြီးဘာလိုဒီကစားပွဲဖြစ်လာရသလဲ…သူတိုခြောက်ယောက်ဘာလို အရွေးချယ်ခံရသလဲ…ဒီကစားပွဲကို ဘယ်လိုအနိုင်ကစားရမလဲ ဆိုတာတွေကို
သည်းထိပ်ရင်ဖို ဒရမ်မာလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်…….
Hunt (2023)
⭐IMDB: 4.5/10 (175 Votes)
🎬 #Action #Bollywood #Crime #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 10 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hunt (2023)
=============
မကြာသေးခင်မှထွက်ရှိထားပြီး Rating ကောင်းလှတဲ့ တယ်လဂူဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ပါဝင်သရုပ်ဆောင်သူအရမ်းမများပေမယ့် plot အသားပေးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
Bromance ခိုင်မာလှတဲ့ ဟိုက်ဒရာဘတ်ရဲဌာနရဲ့ ရဲမှူးချုပ်ဖြစ်တဲ့မိုဟန်၊ ဒုတိယရဲမှူးချုပ်တွေဖြစ်တဲ့အာဂျွန်နဲ့ အာဟန်တို့ဟာ ဌာနတစ်ခုတည်း တာဝန်ထမ်းဆောင်ပြီး သိပ်ကိုရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။
တစ်ရက်မှာ အာဟန်ဟာ နိုင်ငံတော်ကပေးတဲ့ ဂုဏ်ပြုဆုပေးပွဲမှာ ဆုယူပြီးမိန့်ခွန်းပြောနေတုန်း စနိုက်ပါနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ဒီတော့ မိတ်ဆွေနှစ်ယောက်ဖြစ်တဲ့ အာဂျွန်နဲ့မိုဟန်တို့ဟာ သူတို့မိတ်ဆွေအသတ်ခံရမှုကိုဖော်ထုတ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။တစ်ညမှာ အာဂျွန်ဟာ အမှုမှန်ကိုဖော်ထုတ်လိုက်နိုင်ခဲ့ပေမယ့် ကားတိမ်းမှောက်မှုဖြစ်ခဲ့ပြီး အတိတ်မေ့သွားပါတော့တယ်။
ဒီလိုနဲ့ အာဂျွန်တစ်ယောက်နဲ့ မိုဟန်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အမှုကို အစကပြန်လိုက်ရပါတော့တယ်။ရက်ပိုင်းအနည်းငယ်အတွင်း မွန်ဘိုင်းမြို့ကိုပြောင်းရတော့မယ့် အာဂျွန်တစ်ယောက်သူ့မိတ်ဆွေအသတ်ခံရမှုရဲ့တရားခံကို အချိန်မှီ ဖမ်းမိနိုင်ပါ့မလား။
တရားခံကဘယ်သူများဖြစ်နေမလဲဆိုတာကတော့ မေးခွန်းပေါင်းများစွာနဲ့Plot twist ကောင်းလှတဲ့ဇာတ်ကားဖြစ်တာမို့ အချိန်ပေးကြည့်ရှုရတန်မဲ့ဇာတ်ကားအဖြစ်ညွှန်ပေးလိုက်ရပါစေ။
အာဂျွန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sudheer Babu ဖို့ဇာတ်ကောင်သစ်ဖြစ်နေပေမယ့် ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကိုမြင်တွေ့ရမဲ့အပြင်ချီးကျူးမှုများစွာခံထားရတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
The Son (2022)
⭐IMDB: 6.1/10 (3 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom #France
⏰ 2 နာရီ 04 မိနစ် 04 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Son(2022)
*************
Wolverine မင်းသားကြီး Hugh Jackman အဓိကပါဝင်သရုပ်ဆောင်ထားပြီး
မိဘတစ်ယောက်ရဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေ၊သားသမီးရဲ့စိတ်အပေါ် မိဘရဲ့အိမ်ထောင်ရေးကအများကြီးသက်ရောက်ကြောင်းဖော်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။Peter Millerဟာ အလုပ်နဲ့မအားလပ်တဲ့ဖခင်တစ်ယောက်ဖြစ်ပြီးလောလောလတ်လတ်လေးမှ ဒုတိယဇနီးဖြစ်သူနဲ့ကလေးမွေးထားသူပေါ့။အရင်ပထမအိမ်ထောင်နဲ့တုန်းကလည်း အသက်17နှစ်အရွယ်သားတစ်ယောက်ကျန်ခဲ့ပြီး
မိဘတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲကြောင့် စိတ်ဝေဒနာရနေသူပါ။တစ်နေ့မှာတော့ ဒီသားဖြစ်သူဟာ ကျောင်းကိုတစ်လလုံး ရောက်မလာကြောင်းကို
ယခင်ဇနီးဖြစ်သူဆီကသိလိုက်ရတဲ့အခါမှာတော့….Peter Miller ကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိတာမဟုတ်တဲ့အတွက်
သားဖြစ်သူအလှည့်ကျ ဖခင်ကောင်းဖြစ်ပေးမယ်ဆိုပြီး ကြိုးစားရင်း….
Hunt (2023)
⭐IMDB: 4.5/10 (171 Votes)
🎬 #Action #Bollywood #Crime #Thriller
🗓️ 2023 🎞️ Movie 📺 720p HD