ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Upon Entry (2022)
⭐IMDB: 7.0/10 (2 k Votes)
🎬 #Drama
🗓 2022 🎞 movie
🌎 #Spain
⏰ 1 နာရီ 18 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရုပ်ရှင်ကို စကြည့်လိုက်မိတာနဲ့ ထိုင်ရာကနေ မထနိုင်လောက်အောင် ကြည့်ရှုနေသူကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုင်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
Upon Entry ရုပ်ရှင်ဟာ လူဝင်မှုကြီးကြပ်ရေး၊ ယုံကြည်မှုနဲ့ ကိုယ်ရေးကိုယ်တာထုတ်ဖော်မှုတွေရဲ့ ရှုပ်ထွေးပွေလီလှတဲ့ အသွင်အပြင်များစွာကို ကြည့်ရှု့ရမယ့် ဒရာမာ တစ်ခု ဖြစ်ပါတယ်။ Alberto Ammann, Bruna Cusí, Laura Gómezနှင့် Ben Templeတို့လို့ castတွေ အသုံးပြုထားတာကြောင့်လည်း ကြည့်ရှု့သူကို ပြုစားနိုင်တဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်လို့ ထင်မိပါတယ်။
ဇာတ်လမ်းလေးကတော့ ….စာဖတ်သူ ပြည်ပနိုင်ငံတစ်ခုဆီ ခရီးသွားပြီး ပြောင်းရွှေ့အခြေချဖို့ သွားပါတယ် ထားပါစို့။ နိုင်ငံကူးလက်မှတ်၊ ဗီဇာနဲ့ တခြားသောစာရွက်စာတမ်းတွေအပြည့်ပါလျက်နဲ့ လဝက,နေ ကိုယ့်ကိုဆွဲခေါ်ထားလိုက်ပြီး နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးမေးမြန်းပါတော့တယ်။ မေးခွန်းပေါင်းများစွာ စစ်မေးနေပေမယ့် ဘာကြောင့်မေးနေမှန်းလည်း မပြောပြဘဲ၊ ဘာဖြစ်လို့လဲဆိုတာကို မပြောဘဲ၊ အကြောင်းပြချက် မပေးဘဲ ဆက်တိုက်ကို အဘက်ဘက်ကနေ မေးမြန်းနေကြပါတော့တယ်။ ဒီလိုအခြေနေမျိုးမှာဆိုရင် စာဖတ်သူအနေနဲ့ ဘယ်လိုရင်ဆိုင်တွေ့ကြုံလာရမယ်လို့ ထင်ပါသလဲ။ ဘယ်လိုမေးခွန်းတွေနဲ့ စိတ်ကျဉ်းကျပ်အောင် ဘယ်လိုစေ့စပ်သေချာတဲ့ မေးခွန်းတွေနဲ့ အမေးခံရမှာလဲ။ အထူးသဖြင့် ဒီလိုတွေလိုက်မေးနေတာက ဘာကြောင့်များ မေးနေတာလဲ။ စာရွက်စာတမ်းတွေ စုံလျက်သားနဲ့ ဘာလို့ဆက်တိုက် နာရီနဲ့ချီအောင် မေးမြန်းခံနေရတာလဲ။ ဘယ်တော့များမှ ကိုယ်နေထိုင်မယ့် နိုင်ငံထဲကို ဝင်ခွင့်ရမှာလဲ ….ရုပ်ရှင်ရဲ့ ဇာတ်လမ်းကတော့ ဒီလိုမျိုးပဲ ဖြစ်ပါတယ်။
“ဟာနက်ဒက်ဇ်”ဆိုသူဟာ ဗင်နီဇွဲလားနိုင်ငံသား မြို့ပြစီမံကိန်းရေးဆွဲသူတစ်ယောက် ဖြစ်ပါတယ်။ ဟာနက်ဒက်ဇ်ဟာ ပမ်မီးစ်လို့ခေါ်တဲ့ ခေတ်ပြိုင်အကသမား စပိန်သူလေးနဲ့ တွဲနေပါတယ်။ စပိန်သူလေး ပမ်မီးစ်က DV ထီ ပေါက်လို့ အမေရိကန်နိုင်ငံသား green card ရရှိထားလို့ အမေရိကန်နိုင်ငံဆီကို ရည်းစားလေး ဟာနက်ဒက်ဇ်ရဲ့လက်ကိုတွဲကာ ပြောင်းရွှေ့နေထိုင်တော့မှာဖြစ်ပါတယ်။ဇာတ်လမ်း အစမှာ အမေရိကန်နိုင်ငံဆီကို ၂ယောက်သား ထွက်ခွာသွားတာနဲ့ အစပြုထားပြီး အဘက်ဘက်ကနေ စာရွက်စာတမ်းအပြည့်အစုံနဲ့ အမေရိကန် လေဆိပ်ဆီ ချောချောမွေ့မွေ့ရောက်ရှိလာပါတော့တယ်။ ဒါပေမယ့် လူဝင်မှုကြီးကြပ်ရေးဆီ ရောက်တဲ့အခါမှာတော့ စစ်ဆေးမေးမြန်းမယ်ဆိုပြီး ခေါ်ဆောင်ခြင်းခံလာရပါတယ်။ အထက်မှာပြောခဲ့တဲ့အတိုင်းပဲ ဘာလို့ခေါ်တာလဲလည်း မသိ၊ ဘာကြောင့်အမေးခံနေရတာလည်း မသိနဲ့ တစ်ကားလုံးကို မေးခွန်းတွေကြားထဲမှာ လိုက်ပါစီးမြောခံစားခွင့်ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းဇာတ်အိမ်ကို ရိုးရိုးရှင်းရှင်းလေးနဲ့ ကြည့်ရှု့နေသူကို ဆောင်ခေါ်သွားနိုင်တာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ရုပ်ရှင်ကိုကြည့်နေရင်းနဲ့ တစ်ပါတည်း တွေးတောချင်သူတွေအတွက် သိပ်ကိုအကြိုက်တွေ့စေမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ Upon Entry ရုပ်ရှင်ဟာ အချစ်၊ ယုံကြည်မှု၊ ရိုးသားခြင်းရဲ့ ရှုပ်ထွေးမှုတွေကို လှလှပပရိုးရိုးရှင်းရှင်းနဲ့ တည်ဆောက်ပြသွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်လို့ဆိုရင်း နိဂုံးချုပ်အပ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
La Haine (1995)
⭐TMDB: 81.0% User Score
🎬 #Crime #Drama
🗓 1995 🎞 movie
🌎 #France
⏰ 1 နာရီ 38 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ratingအနေနဲ့ရော ရုံတင်ငွေအနေနဲ့ရော အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ပြင်သစ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီရုပ်ရှင်ကို ကာလာနဲ့ရိုက်ကူးခဲ့ပေမဲ့ ထုတ်လုပ်စရိတ်ကြောင့် အဖြူအမဲနဲ့ပဲ ပြသခဲ့တာပါတဲ့။ဒါပေမဲ့ ရုပ်ရှင်မှာ ထည့်သွင်းရိုက်ကူးခဲ့တဲ့ အဲဒီခေတ်အခါက ဆင်းရဲမွဲတေမှု၊ လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ လူငယ်နဲ့အကြမ်းဖက်မှုတို့က ယနေ့အထိတိုင် ထင်ဟပ်နေဆဲဖြစ်တာမို့ အနုပညာကောင်းတရပ်အဖြစ် သတ်မှတ်နေကြတုန်းပါပဲ။
အက်ဘ်ဒဲလ်ဆိုတဲ့ လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က အပြင်းအထန်ရိုက်နှက် ဖမ်းဆီးခဲ့တာကြောင့်ပါရီမြို့ရဲ့ အပြင်မှာ အဓိကရုဏ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲဒီအဓိကရုဏ်းဖြစ်ပြီး နောက်ရက် အက်ဘ်ဒဲလ်နဲ့ ရွယ်တူတွေဖြစ်တဲ့ ဗင်းဇ်၊ ဆာအိဒ်နဲ့ ဟူးဘတ်ဆိုတဲ့ လေလွင့်လူငယ်သုံးယောက်ရဲ့ တနေ့တာ အဖြစ်အပျက်တွေကိုပဲ ရိုက်ကူးတင်ဆက်ထားတာပါ။
ဗင်းဇ်က အက်ဘ်ဒဲလ်နဲ့ ရင်းနီးတဲ့အတွက် ရဲတွေကို အမုန်းကြီးမုန်းပြီး အက်ဘ်ဒဲလ် ဆေးရုံတက်ရင်းသေဆုံးသွားခဲ့ရင် ရဲတစ်ယောက်ကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေသူပါ။ ဒီလိုနဲ့ သူတို့သုံးယောက်ထဲက တစ်ယောက်ဆီမှာ အဓိကရုဏ်းအတွင်း ရဲတစ်ယောက်ဆီကပျောက်ခဲ့တဲ့ သေနတ်တစ်လက်ရှိနေတဲ့အခါမှာတော့ သူတို့သုံးယောက်ရဲ့ဘ၀က အလှည့်အပြောင်းဖြစ်သွားပါတော့တယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...
Sip (2023)
⭐IMDB: 6.0/10 (50 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 54 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Higop (2023)
နိုဝါဟာ နှစ်တွေကြာတဲ့အထိ အချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့ လူငယ်တစ်ယောက်ပါ။ ကြားထဲမှာ သွေးသားဆန္ဒကို ကြုံရာလူနဲ့ဖြေရှင်းတတ်ပေမဲ့ နှလုံးသားကတော့ ရီဆာဆိုတဲ့ သူ့ကိုခြေရာဖျောက်ထွက်ပြေးသွားတဲ့ ကောင်မလေးတစ်ယောက်ကိုစွဲလန်းနေဆဲ ကြုံတိုင်းလိုက်ရှာမိနေဆဲဖြစ်ပါတယ်။
အဲဒီလိုနဲ့ နှစ်နှစ်တာကာလမှာတော့ ရီဆာကို ကော်ဖီဆိုင်တစ်ခုမှာ အလုပ်လုပ်နေတာကိုပြန်တွေ့ခဲ့ရပါတယ်။ အဲဒီဆိုင်ဟာကော်ဖီဆိုင်ဆိုပေမဲ့ ညဘက်မှာတော့ ဘားတစ်ခုဖြစ်သွားပြီး စားပွဲထိုးမလေးတွေရဲ့ခန္ဓာကိုယ်ကို ရောင်းစားနေတာပါ။ ရီဆာကိုယ်တိုင်လည်း ဆိုင်ပိုင်ရှင်ရဲ့အကြွေးနဲ့သိမ်းခံထားရတဲ့ အကမယ်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ကြားထဲမှာကွာခြားနေတဲ့ စည်းတွေအထပ်ထပ်နဲ့ ရီဆာကို သူ့ဘ၀ထဲပြန်ခေါ်နိုင်ပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာဆက်ပြီး အဖြေရှာကြစေလိုပါတယ်။
Pantaxa Laiya ထဲက မင်းသမီးသစ်လေးတွေဖြစ်တဲ့ Angelica Hart နဲ့ Aila Cruz တို့ကို ပွဲထုတ်ထားတာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Laced (2023)
⭐IMDB: 4.5/10 (122 Votes)
🎬 #Thriller #Mystery
🗓 2023 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်က တစ်ကားလုံးကို လူလေးယောက်နဲ့ အိမ်တစ်အိမ်ထဲမှာပဲ ရိုက်ထားပါတယ်။
Charlie နဲ့ Molly နဲ့က မပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို အသက်ဆက်နေကြတာပါ။ Mollyကတော့ Charlieကို ပိုပြီး မုန်းတီးလို့နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ယောကျ်ားစားမယ့် ညစာထဲကို အဆိပ်ခတ်သတ်ဖို့ စီစဉ်ခဲ့တာပါ။ သူ့အကြံက သူတစ်ယောက်ထဲ စီစဉ်ထားတာလား? သူ့ကို ကူညီပေးနေတဲ့ ဖုန်းထဲက အမျိုးသမီးရှိပါတယ်။
ဇာတ်လမ်းအစမှာ Mollyက အဆိတ်ခတ်ထားတဲ့ ညစာကို ပြင်ဆင်လို့နေပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ Charlieကတော့ ဘောလုံးပွဲကို အားကြိုးမာန်တက် ကြည့်နေတာပါ။ ကြည့်ရင်းနဲ့ ယောက်ဖဖြစ်သူကိုပါ ဖုန်းလှမ်းခေါ်လိုက်ပါသေးတယ်။ နှင်းမုန်တိုင်းထန်နေတဲ့အချိန်မှာ Mollyရဲ့ မောင်အရင်း Austinကလည်း သူတို့ အိမ်ကို ဦးတည်လာနေပါတယ်။ Mollyက သူ့ယောကျ်ားအတွက် အဆိပ်ထည့်ထားတဲ့ပန်းကန်ရယ် သူ့အတွက် ပန်းကန်ရယ်ကို ထားပြီး ဖုန်းသွားဖြေနေတုန်းမှာ ယောကျ်ားဖြစ်သူ Charlieက စားပွဲပြင်ပြီး စောင့်လို့နေတာပါ။ ဒီလိုနဲ့ ဘယ်ပွဲက အဆိပ်ပါမှန်း မသိတော့တဲ့ Mollyက သူ့အကြံအစည်အောင်မြင်ပါ့မလား? ဖုန်းထဲက အမျိုးသမီးကရော သူနဲ့ ဘယ်လိုဆက်ဆံရေးလဲ?
ဇာတ်အသွားအလာအေးပေမယ့် thriller ကားကောင်းဖြစ်ပါတယ်။...
Just for Showmance (2023)
⭐IMDB: 6.6/10 (97 Votes)
🎬 #Comedy #Romance #TVMovie
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုခေတ်မှာအင်တာနက်တွေကိုလူတိုင်းသုံးလာတာနဲ့အမျှ အွန်လိုင်း
Influencer ဆိုတာကလည်းအလုပ်တစ်ခုဖြစ်လာပါပြီ။ကိုယ့်ကိုယ်ကိုယ်
နာမည်ကြီးသထက်ကြီးအောင်ကြိုးစားရင်း ထုတ်ကုန်တွေထုတ်ရောင်းတာ
စပွန်ဆာတွေကြော်ငြာပေးတာအစရှိသဖြင့်နဲ့ငွေဝင်လမ်းကြောင်းရှာဖွေရပါတယ်။
အခုတင်ဆက်ပေးမဲ့ Just For Showmance ဆိုတဲ့ဇာတ်ကားထဲက
တယ်ရာဆိုတဲ့ အမျိုးသမီးကလည်း Influencer တစ်ယောက်ဖြစ်ပြီး
ဒီနေ့မှာပဲသူ့ရဲ့ Skincare တွေကိုပွဲထုတ်ရောင်းချခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ
သူ့မှာ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့အိပ်မက်လည်းရှိပြီး လူရွေးပွဲ
တွေလည်းဝင်ရွေးခံထားပါတယ်။ဒါပေမယ့် သူက လိုအပ်သလောက်နာမည်
သိပ်မကြီးတဲ့အတွက် သူ့ပစ္စည်းတွေအများကြီးမရောင်းရတဲ့အပြင် တီဗီအစီအစဉ်
တင်ဆက်သူဖြစ်ဖို့လည်းရွေးချယ်မခံရပါဘူး။အဲ့ဒီအချိန်မှာပဲကံကောင်းစွာနဲ့
Happily Ever After ဆိုတဲ့အစီအစဉ်တစ်ခုမှာပါဝင်ဖို့ သူ့ဆီဖုန်းဆက်လာခဲ့
ပါတယ်။Happily Ever After ဆိုတာကတစ်ခါမှ မမြင်မတွေ့ဖူးတဲ့သူ
နှစ်ယောက်ကို လက်ထပ်ပေးတဲ့တီဗီရှိုး အစီအစဉ်တစ်ခုဖြစ်ပြီး အဲ့ဒီမှာပါဝင်ရင်
နာမည်ကြီးမှာ မလို့တယ်ရာလည်း နှစ်ခါပြန်စဉ်းစားမနေပဲ လက်ခံလိုက်ပါ
တော့တယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်က နာမည်ကြီးလာဖို့ပဲဖြစ်ပြီး
လက်ထပ်ဖို့ မဟုတ်တဲ့အတွက်သူနဲ့ချိတ်ပေးမဲ့ လူကိုစုံစမ်းပြီးသွားညှိနှိုင်းခဲ့
ပါတော့တယ်။သူနဲ့ချိတ်ပေးမဲ့ လူကတော့ကျေးလက်မှာ နေထိုင်တဲ့ဂျိုးဆိုတဲ့
မုဆိုးဖိုကလေးအဖေလူရိုးလေးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိပါတယ်။
အဲ့ဒီသမီးလေးကသွက်လက်ပြီး သူ့အဖေကိုအတင်းတိုက်တွန်းတာကြောင့်
ဂျိုးလည်းလက်ခံလိုက်ရပြီး တကယ်တမ်းသူတို့ကြားမှာ သံယောဇဉ်တွေ
တွယ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို
Romantic ဆန်ဆန်ကြည့်ရှုရမဲ့ IMDb Rating 6.9 ရရှိထားတဲ့
ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။...
maboroshi (2023)
⭐TMDB: 81.0% User Score
🎬 #Animation #Drama #Fantasy #Romance
🗓 2023 🎞 movie
🌎 #Japan
⏰ 1 နာရီ 52 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Maboroshi (2023)
~ IMDb – 6.4/10, RT – 62%, MyDramaList – 7.3/10 ~
အဲဒီမြို့ကလေးမှာ လူတွေဟာ ဘယ်တော့မှ ရုပ်ရော နာမ်ရောပြောင်းလဲမလာကြဘူး။ ဒီအဖြစ်တွေဟာ မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး ဒီမြို့ကလေးရဲ့ အချက်အချာ စတီးစက်ရုံကြီးကို နတ်ဘုရားတွေ ဝင်စီးရာက စတယ်။ ဒီစတီးစက်ရုံကြီးက တစ်မြို့လုံးက လူတွေအားလုံးကို အလုပ်ပေးထားတဲ့နေရာတစ်ခု။ ကောင်းကင်မှာ အက်ကွဲကြောင်းတွေပေါ်လာပြီး တစ်ခုသောမနက်မှာ စတီးစက်ရုံကြီးဟာ ဘယ်သူမှ ဝင်လည်ပတ်ပေးစရာမလိုဘဲ သူ့ဘာသာ လည်ပတ်နေတော့တယ်။ စက်ရုံက အဓိကထုတ်ပေးတာက ဝံပုလွေလို သဏ္ဍာန်ရှိတဲ့ မီးခိုးတွေပေါ့။ အဲဒီမီးခိုးတွေက အလုပ်၂ခုလုပ်တယ်။ တစ်ခုက ကောင်းကင်က အက်ကွဲကြောင်းကိုဖာတာ၊ တစ်ခုက လူတွေကို ပျောက်ကွယ်အောင်လုပ်တာ။ ဘယ်လိုလူတွေကိုပျောက်ကွယ်အောင် လုပ်သလဲဆိုရင်တော့ ခံစားချက်ရှိတဲ့လူတွေကို…။ အဲဒီမြို့ကလေးက လူတွေဟာ ခံစားချက်ရှိနေလို့မရဘူး။ ခံစားချက်မရှိအောင်လည်းနေရတယ်။ ခံစားချက်တစ်ခုရှိလာပြီဆိုတာနဲ့ မီးခိုးဝံပုလွေတွေဟာ အဲဒီလူကို ဝါးမြိုသွားတတ်တယ်။ ခံစားချက်ရှိလာလေ လူတွေရဲ့ နှလုံးသားမှာ အက်ကွဲကြောင်းတွေပေါ်လာလေ မြို့ကလေးရဲ့ ကောင်းကင်က အက်ကွဲကြောင်းတွေကလည်း ပိုအက်ကွဲလာပြီး မြို့ဟာ ပိုပျက်လာတတ်တယ်။ မြို့က လူကြီးတွေက အဲဒီမြို့ကလေးကလူတွေကို အပြောင်းအလဲမရှိအောင်ရော ခံစားချက်မရှိအောင်ရော ထိန်းချုပ်ထားတယ်။
သူတို့ခံစားချက်တွေ မပြောင်းလဲကြသလိုပဲ အဖြစ်တွေ ရာသီတွေကလည်း မပြောင်းလဲဘူး။ အမြဲတမ်း ဆောင်းကျနေတဲ့ မြို့ကလေးမှာ သူတို့အသက်တွေကလည်း ကြီးမလာကြသလို မြို့ကလေးကလူတွေမှာ ဘယ်လိုဒဏ်ရာမျိုးပဲရရ နာကျင်မှုဆိုတာလည်း မရှိဘူး။ ရုပ်ရဲ့အထိအခိုက်နဲ့ နာကျင်မှုကို သူတို့တွေရှာကြည့်ကြပေမဲ့လည်း နာကျင်မှုက သူတို့ဆီ ရောက်မလာခဲ့ဘူး။ သူတို့ကိုနာကျင်စေနိုင်တဲ့ တစ်ခုတည်းသောအရာက ချစ်မိခြင်းပဲရှိခဲ့တယ်။ ချစ်မိသူတွေများလာရင်လည်း မြို့ကလေးရဲ့ကောင်းကင်မှာ အက်ကွဲကြောင်းတွေ တိုးသည်ထက်တိုးလာရင်း မြို့ကလေးရဲ့ပျက်ကပ်ဟာ ဆိုက်ရောက်လာလိမ့်မယ်။ တချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ အမျက်တော်ရှခံနေရတာလို့ ဆိုကြတယ်။ တစ်ချို့ကတော့ ဒီမြို့ကလေးဟာ နတ်ဘုရားတွေရဲ့ ကရုဏာလို့ဆိုကြတယ်။ မြို့ကလေးကလူတွေကို ရှိခဲ့ဖူးတဲ့ အလှပဆုံးအချိန်တစ်ခုမှာ သိမ်းဆည်းထားပေးချင်တာလို့ ဆိုကြတယ်။ အလှပဆုံးအချိန်တွေမှာ ခံစားချက်မဲ့စွာရှင်သန်မလား… ခံစားချက်တစ်ခုရဲ့ အရွေ့မှာ မြို့ကလေးရဲ့ ကောင်းကင်အက်ကွဲကြောင်းတစ်ခုတိုးစေမလား… ကတော့ မြို့ကလေးက လူတွေရဲ့ ရွေးချယ်မှုပေါ့။ Maboroshi မှာ အဲဒီရွေးချယ်မှုတွေ ဘယ်လောက်ခက်ခဲပြီး အဲဒီရွေးချယ်မှုတွေ ဘယ်လောက်လှပလဲ မြင်ရလိမ့်မယ်။ အခုပြောနေတဲ့ဇာတ်ကြောင်းဟာ စတိသဘောပါပဲ။ Maboroshi ရဲ့ ဇာတ်ကြောင်းဟာ ဒီထက်အများကြီးပိုရှုပ်ထွေးတယ်။
Maboroshiဟာ ဘယ်လိုကားမျိုးလဲပြောရရင် ကျွန်တော့်အတွက်တော့ Fragmentation တစ်ကြောင်းကို ပြန်အမှတ်ရစေခဲ့တယ်။ “ပြောင်းလဲမရနိုင်တဲ့ရင်နာစရာတွေအတွက် ချစ်စရာ အနုပညာထွက်ပေါက်ဟာ အိမ်နီးချင်းတိုတိုရိုကလေးမှာ ရှိနေတယ်” ဆိုတဲ့ စာသားတစ်ကြောင်းပေါ့။ တိုတိုရိုနဲ့ မတူတာက ဒီရုပ်ရှင်ကတော့ အရှိတရားကို လက်ခံပြီး ဒီထွက်ပေါက်တွေကနေ ကျွန်တော်တို့ရွေ့ပြီး ပိုလှတဲ့နေ့တွေအတွက် ရှေ့ဆက်မလား။ ဒီထွက်ပေါက်ကလေးကိုပဲ မက်မောပြီးနေလိုက်မလားဆိုတာကို ပြသွားခဲ့တယ်။ Maboroshi ဟာ အန်နမဲကြည့်နေကျမဟုတ်တဲ့လူတွေအတွက်တော့ အဆင်ပြေဖို့မသေချာပေမဲ့ အန်နမဲဖန်တွေအတွက်တော့ ကားကောင်းတစ်ကားဖြစ်နေလိမ့်မယ်။ Perfect Blue, Paprika, The Prestige, Inception, Shutter Island နဲ့ Predestionation တို့လို ရုပ်ရှင်တွေကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်ကြပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
The Lost Boys (2023)
⭐IMDB: 6.8/10 (828 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #Belgium #France
⏰ 1 နာရီ 23 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lost Boys (2023)
~ IMDb – 6.8/10, Rotten Tomatoes – 100% ~
” ကျွန်တော်က ဂျိုးပါ။ ကျွန်တော့်ငယ်ဘ၀အကြောင်းသိပ်မမှတ်မိပေမဲ့ အမေနဲ့အတူ ရေကန်ဘေးမှာ လမ်းလျှောက်လေ့ရှိတာကိုတော့မှတ်မိတယ်။ ဆောင်းရာသီဆို ရေကန်ကြီးရေခဲသွားတဲ့အခါ အဲဒီပေါ်မှာလမ်းလျှောက်ရင်း ရေခဲထဲမှာ အစီအရီပိတ်မိနေတဲ့ငါးတွေကိုတွေ့ဖူးတယ်။ ငယ်ငယ်တုန်းကတော့ ၀က်ဝံတွေလို ငါးတွေကဆောင်းခိုနေတာ ဆောင်းကုန်ရင် ပြန်အသက်ရှင်လာမယ်လို့ထင်ခဲ့ပေမဲ့ အခုတော့သိပြီ။ ငါးတွေကသေသွားကြတာဗျ…
ကျွန်တော် အခု လူငယ်ထိန်းသိမ်းရေးစခန်းကိုရောက်နေတာ ခြောက်လပြည့်တော့မယ်။ စခန်းကို လူသစ် ဝီလီယမ်ဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာတယ်။ သူနဲ့ကျွန်တော်က နှလုံးသားချင်းနီးတယ်ဗျ။ ညဆို အခန်းနံရံတွေကတဆင့် ကျွန်တော်တို့ဆက်သွယ်တယ်။ ကျန်တဲ့အချိန်ကျတော့ ခန္ဓာကိုယ်ချင်းပေါ့ဗျာ။ ကျွန်တော့်လွတ်ရက်ကနီးပြီ။ တရားသူကြီးရဲ့အဆုံးအဖြတ်လိုသေးပေမဲ့ သေချာသလောက်တော့ရှိတယ်ဗျာ။ ကျွန်တော်လည်း မျှော်လင့်နေမိတယ်။ ဒါပေမဲ့ ဝီလီယမ်ကို ဒီကိစ္စဘယ်လိုပြောပြရမှာပါလိမ့်… ”
လူငယ်ထိန်းသိမ်းရေးစခန်းရောက်နေကြတဲ့ ကောင်လေးတွေအကြောင်းရိုက်ကူးထားတာဖြစ်ပြီး သူတို့ရဲ့မျှော်လင့်ချက်တွေ ရင်းနှီးမှုတွေ တပ်မက်စရာကောင်းတဲ့အချစ်တွေ နာကျင်စရာကောင်းတဲ့အချိုးအကွေ့တွေကို ရိုက်ပြထားတဲ့ လှပလွန်းတဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Badland Hunters (2024)
⭐IMDB: 7.2/10 (38 Votes)
🎬 #Action #Adventure #Drama #ScienceFiction #SciFi #Thriller
🗓 2024 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 49 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Badland Hunters (2024)
အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။
Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့နေချင်စဖွယ်ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာသဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။
Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံတွေလောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။
နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့သဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကိုနမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ CMနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။
အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Laii, Milkeux, Mary, Kppks, Shin, Caliတို့ပဲ ဖြစ်ပါတယ်။...
Sam Bahadur (2023)
⭐IMDB: 8.2/10 (9 k Votes)
🎬 #Bollywood #Drama #History #War #Biography
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 29 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sam Bahadur 2023 ဆမ်ဗဟာဒူးလ်
IMDb-8.2/10
ဒီဇာတ်လမ်းလေးဟာ အိန္ဒိယရဲ့ပထမဆုံး အဆင့်မြင့်ဗိုလ်မှူးချုပ်ကြီး ဆမ်နက်ရှောရဲ့ဘဝဇာတ်ကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ War Drama စစ်ကားလေးပဲဖြစ်ပါတယ်
69th Filmfare Awards မှာ ဆန်ကာတင်ရှစ်ဆုအထိပါဝင်ခဲ့ပြီး ဝေဖန်ရေးဆရာများရဲ့ချီးကျူးမှုပေါင်းများစွာကို ရရှိထားတဲ့ Real life Adaptation ဇာတ်ကားပဲဖြစ်ပါတယ်
ကိုလူချောကြီး Vicky Kaushal ယူနီဖောင်းနဲ့ခန့်ခန့်သန့်သန့်မြင်တွေ့ရမှာဖြစ်ပြီးအလှနှစ်ပါး Fatima Sana Shaikh နဲ့ Sanya Malhotra တို့လည်းပါဝင်ထားတဲ့ရုံတင်ငွေ ၁၂၈ ကုဋေကျော်ရရှိထားတဲ့ကားဖြစ်ပါတယ်
ဗိုလ်ချုပ်ကြီး မန်နက်ရှောရဲ့ဘဝဇာတ်ကြောင်းဆိုပေမဲ့ ဗြိတိသျှလက်အောက်ခံဘဝဒုတိယကမ္ဘာစစ်ကာလထဲက ဗိုလ်ဖြစ်ခဲ့တဲ့ ဗိုလ်မန်နက်ရှောရဲ့ တိုက်ပွဲပေါင်းများစွာစစ်ပွဲပေါင်းများစွာကို ကြည့်ရှုရမှာဖြစ်ပြီး အိန္ဒိယရဲ့ ဂန္ဓဝင်ဗိုလ်ချုပ်ကြီးတစ်ယောက်ဘယ်လိုဖြစ်လာခဲ့လဲဆိုတာ တိုက်ပွဲဇာတ်ဝင်ခန်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်လို့စစ်ကားကောင်းကောင်းမျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Chaahat (2020)
⭐TMDB: 0.0% User Score
🎬 #Adult #Bollywood #Drama #Romance
🗓 2020 🎞 tv movie
🌎 #India
⏰ 25 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Chaahat (2020)
လူ့အလိုနတ်မဖြည့်နိုင်ဆိုသလို လူတွေမှာကဆန္ဒတွေ လိုချင်တောင်းတမှုတွေကလဲ အတော်ကိုများပါတယ်
စားကောင်းတာမြင်ချင်ရင်စားချင်တယ် လှတာတွေ့ရင်ဝတ်ချင်တယ်စသဖြင့် အဆုံးမသတ်နိုင်တဲ့လိုအင်ဆန္ဒနဲ့ ရမ္မက်တွေကြား လူတွေဟာ အတော်ကိုပူလောင်တိုင်ပတ်လျှက်ပါပဲ…
ဒီရုပ်ရှင်မှာလဲ လူတွေရဲ့အကြီးမားဆုံးဆန္ဒထဲကတခုဖြစ်တဲ့အိမ်ထောင်ရေးအာသီသ ဆန္ဒရမ္မက်ကို ပညာပေးသဖွယ်တင်ဆက်ပေးထားပါတယ်
မိန်းမသားသဘာဝ အိမ်ထောင်ရေးဆန္ဒမပြည့်ဝတဲ့အခါစိတ်ရှုပ်ထွေးတတ်ကြတော့ ဖြေသာရာ ထွက်ပေါက်ရှာတတ်ကြပါတယ်…
ထွက်ပေါက်တွေက ကိုယ့်အတွက်ဖြေသာရာတခုဆိုပေမဲ့တခြားလူအတွက်ရောအဆင်ပြေပါ့မလား …
ထွက်ပေါက်ရှာတိုင်း အဆင်ပြေသွားမှာလားဆိုတာကိုအညိုစင်အလှအပတွေနဲ့မွမ်းမံရင်း ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်...
The Story of Yuan Tiangang (2024)
⭐TMDB: 50.0% User Score
🎬 #Action #Fantasy #History
🗓 2024 🎞 movie
🌎 #China
⏰ 1 နာရီ 27 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
” ငါ့ကံကြမ္မာက ကောင်းကင်ဘုံပေါ်မမူတည်ဘူး ငါ့အပေါ်ပဲမူတည်တယ် ”ဒီဇာတ်ကားလေးကတော့ ကံကြမ္မာဆိုတဲ့အရာကိုမယုံတဲ့ ယွမ်ထျန်းကန်းတစ်ယောက်ကံကြမ္မာနဲ့အတိုက်အခံလုပ်ပြီး ဘဝကိုရှင်သန်သွားတဲ့ဇာတ်ကားလေးပါ ။
ဇာတ်လမ်းအကျဉ်းအနေနဲ့ယွမ်ထျန်းကန်းဆိုတဲ့ ကလေးလေးက ငယ်ငယ်တည်းက ကံကြမ္မာဆိုးတဲ့မွေးဖွားလာခဲ့တဲ့သူပါ ။မွေးမွေးချင်းပဲ မိဘနှစ်ပါးအပြင် အိမ်နီးနားချင်းတွေကိုပါ ထူးဆန်းစွာနဲ့သေသွားစေခဲ့ပါတယ် ။အဲဒီလိုနဲ့ရွာသားတွေပါ သူ့ကိုမကောင်းဆိုးဝါးဆိုပြီးနှင်ထုတ်ကြပါတော့တယ် ။
ဒါပေမဲ့ စိတ်သဘောထားကောင်းတဲ့ သူ့ရဲ့ဦးလေးဖြစ်သူကယွမ်ထျန်းကန်းကိုခေါ်ထားပြီး သူ့နောက်ကိုလိုက်ပြီးတောက်ဓမ္မကျင့်စေပါတယ် ။ဒီလိုနဲ့သူ အသက် ၁၅နှစ်မှာ အပြင်းအထန်ဖျားပြီးမေ့လဲသွားခဲ့ပါတယ် ။ပြန်နိုးလာတဲ့အချိန်မှာ သူ့ဦးလေးရော သူတို့ဂိုဏ်းတစ်ခုလုံးအမြစ်ပြန်သုတ်သင်ခံလိုက်ရတာကိုသိလိုက်ရပါတော့တယ် ။
အဲဒါကြောင့်ပဲ ယွမ်ထျန်းကန်းဟာ သူ့ကိုယ်သူအပြစ်တင်ရင် ကံကြမ္မာဆိုးကံကြမ္မာကောင်းဆိုတာတွေကိုမယုံဘဲ ကံကြမ္မာနဲ့တိုက်ခိုက်ဖို့လုပ်ပါတော့တယ် ။သူ့ကိုယ်သူလူသတ်သမားအဖြစ်ခံယူရင်း ကံကြမ္မာနဲ့ဘယ်လိုတိုက်ခိုက်သွားမလဲသူကရော အဆုံးမှာဘယ်လိုရှင်သန်ကျန်ရစ်ခဲ့မလဲ ?ပျောက်ဆုံးနေတဲ့ရတနာဓားနဲ့ သူကရောဘယ်လိုဆက်နွယ်နေမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်...
无间毒票 (2024)
⭐TMDB: 0.0% User Score
🎬 #Action #Crime
🗓 2024 🎞 movie
🌎 #China
⏰ 1 နာရီ 25 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မူးယစ်ရာဇာတွေကြားထဲကတိုက်ပွဲတစ်ခုအကြောင်းရိုက်ထားတဲ့အက်ရှင်ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ပထမဆုံးမူးယစ်ဆေးဘုရင်က ဘိန်းဖြူဆိုတာအားလုံးသိကြမှာပါ။
ခေတ်ပြောင်းလဲလာတာနဲ့အမျှ ဘိန်းဖြူနောက်မှာ ဒုတိယမျိုးဆက်သစ်မူးယစ်ဆေးဖြစ်တဲ့ မက်သမ်ဖီတာမင်း စိတ်ကြွဆေးက ကြီးစိုးခဲ့ပြန်တယ်။အဲဒီအချိန်မှာ တတိယမျိုးဆက်မူးယစ်ဆေးသစ်ကိုဖော်စပ်ဖို့ ကြိုးစားလာတယ်။အဲဒါတတိယမျိုးဆက်မူးယစ်ဆေးက ပိုပြီးအာနိသင်ပြင်းပြီးဖုံးကွယ်ထားဖို့လဲပိုလွယ်တယ်။ အဲဒါကိုမရှုစိမ့်နိုင်တဲ့ စိတ်ကြွဆေးရာဇာကတတိယမျိုးဆက်ကိုပြန်ဖိနှပ်ဖို့ကြံစည်ပြီး သူလျှိုလွှတ်ခဲ့တယ်။
မူးယစ်ရာဇာနှစ်ယောက် အားပြိုင်နေတုန်း သူတို့နောက်မှာရဲတွေကတိတ်တဆိတ်လိုက်နေတယ်ဆိုတာကို မရိပ်မိပါဘူး။ဓာတုဗေဒပါရမီရှင်ဖြစ်ပေမယ့် မတရားတဲ့နည်းလမ်းမှာအသုံးချတော့မသမာသူတွေရဲ့အဆုံးသတ်ကဘယ်လိုဖြစ်မလဲ။...
Infamous (2006)
⭐TMDB: 65.0% User Score
🎬 #Biography #Crime #Drama
🗓 2006 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Infamous ဇာတ်ကားဟာ 2006 ခုနှစ်မှာထွက်ရှိခဲ့ပြီး Douglas McGrath ရေးသားခဲ့ကာ ဒါရိုက်တာ Douglas McGrath ရိုက်ကူးခဲ့တဲ့ အမေရိကန် ဒရာမာဇာတ်ကား အမျိုးအစားပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့
Truman Capote ဟာ ဉာဏ်ရည်ထက်မြတ်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပါတယ် သူဟာ Kansas မြို့မှာ မိသားစုတစ်စုလုံးကို အသတ်ခံရခဲ့တဲ့အကြောင်း သိခဲ့ပါတယ် အဲ့တာနဲ့ Capote ဟာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ Harper Lee နဲ့အတူ အမှုဖြစ်ခဲ့တဲ့မြို့ကို လည်ပတ်ပြီး လူတွေရဲ့ တုံ့ပြန်မှုအကြောင်းကို သတင်းရေးချင်ခဲ့ပါတယ် ပထမဆုံး သူဟာ ဒေသခံတွေကို လူသတ်မှုအကြောင်း မေးမြန်းခဲ့ပါတယ်
လူသတ်သမားတွေကို ဖမ်းမိတဲ့အခါမှာလည်း Capote ဟာလူသတ်သမားတွေရဲ့ ပြစ်မှုကျူးလွန်ခဲ့ရတဲ့အကြောင်းအရင်းနဲ့ လူသတ်သမားတွေရဲ့စိတ်ခံစားချက်တွေကို ဖော်ပြတဲ့ စာအုပ်ထုတ်ပြီး သတင်းဖော်ပြမှုပုံစံသစ်ကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်
Capote ဟာသူ့ရဲ့စာအုပ်ကိုဖန်တီးတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ၊ သတင်းယူရင်းနဲ့ လူသတ်သမားနဲ့ Capote ရဲ့ ဆက်ဆံရေး၊ Capote ရဲ့ လူမှုဆက်ဆံရေးကောင်းပုံတွေကိုပါ စွဲမက်ဖွယ် ကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
Infamous ဇာတ်ကားဟာ Thriller/Drama အမျိုးအစားဖြစ်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့၊ သုတရော ရသကိုပါ ပေးစွမ်းပါတယ် ထူးချွန်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အခုခေတ်မှာ ရှားပါးပစ္စည်းတစ်ခုလို့တောင်ထင်ရတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်...
Suka (2023)
⭐IMDB: 3.2/10 (54 Votes)
🎬 #Action #Drama #Crime
🗓 2023 🎞 tv movie
🌎 #Australia
⏰ 1 နာရီ 24 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဘိုးဘေးဘီဘင်လက်ထပ်ကတည်းက ရန်ငြိုးကြီးလာတဲ့ဂိုဏ်းနှစ်ခုအကြားက ရိုမီယို ဂျုလိယက်လို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ တရုတ်အက်ရှင်ကားဖြစ်ပါတယ်။
အိုးလ်ရေးဗားလို့အမည်ရတဲ့ လမ်းတလျှောက်မှာ ဒါဝုဂိုဏ်းနဲ့ ယန်းဂိုဏ်းတို့ဟာ ဈေးဆိုင်တွေကို ဆက်ကြေးတောင်း ပိုင်နက်လုတဲ့နေရာမှာ အားပြိုင်နေကြပါတယ်။ ဒီဂိုဏ်းတိုက်ပွဲဟာ ဒါဝုဂိုဏ်းရဲ့ခေါင်းဆောင်အသတ်ခံလိုက်ရအပြီးမှာတော့ တင်းမာမှု ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒါဝုဂိုဏ်းက ဝါစီယာဟာ သမီးဖြစ်သူရဲ့လုံခြုံရေးအတွက် အဝေးတစ်နေရာမှာ ပညာသွားသင်ဖို့လွှတ်လိုက်ပါတယ်။
ဒီလိုနဲ့ ဝါစီယာရဲ့သမီးဖြစ်သူ ဟွေ ဟာ အရွယ်ရောက်လာတဲ့တစ်နေ့မှာ အမေဖြစ်သူကိုတွေ့ဖို့ မွေးဖွားရာဇာတိမြို့က အိုးလ်ရေးဗားလမ်းကိုပြန်လာခဲ့တဲ့နောက်မှာ မထင်မှတ်ထားတဲ့ အချစ်ဇာတ်လမ်းကိုကြုံလိုက်ရပြီး ဒီအချစ်ဇာတ်လမ်းရဲ့ အကျိုးဆက်ကတော့ သွေးချောင်းစီးဖို့အကြောင်းဖန်လာတဲ့အခါမှာ...
Midwives (2023)
⭐IMDB: 7.1/10 (231 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #France
⏰ 1 နာရီ 40 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sages femmes ဆိုတာကတော့ ပြင်သစ်လို သားဖွားဆရာ/မများလို့ အဓိပ္ပာယ်ရပါတယ်။ ဒီဒရာမာရုပ်ရှင်လေးက သားဖွားဆရာ/မတွေရဲ့ လုပ်ငန်းခွင်အကြောင်းကို မီးမောင်းထိုးရိုက်ကူးပြထားတာပါ။
ဆိုဖီယာနဲ့ လူဝိစ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ငါးနှစ်တာလေ့လာဆည်းပူးပြီးနောက်မှာ သားဖွားမီးယပ်အလုပ်ကို လက်တွေ့လုပ်ကိုင်ဖို့ရာ ပြည့်သူ့ဆေးရုံတစ်ခုကို ရောက်ရှိလာခဲ့ပြီး လူအင်အားမလုံလောက်တဲ့ဆေးရုံလေးမှာ အစာစားချိန် အပေါ့သွားချိန်တောင်မရလောက်အောင် လုပ်ကိုင်ပြီး ပြဿနာ၊ အခက်အခဲ၊ ၀မ်းနည်းစရာ၊ ပျော်ရွှင်စရာပေါင်းစုံနဲ့ ကြုံတွေ့ရပါတော့တယ်။
ဒီရုပ်ရှင်လေးထဲမှာ မီးဖွားတဲ့အလုပ်ဟာ ပင်ပန်းခက်ခဲသလောက် မီးဖွားမယ့်သူကိုကူညီပေးတဲ့ သားဖွားမီးယပ် ဆရာ/မတွေရဲ့ အလုပ်အကိုင်ဟာလည်း မလွယ်ကူကြောင်းကို သေချာရိုက်ပြထားပါတယ်။ ဇာတ်အိမ်အချိတ်အဆက်လေးတွေကလည်း နွေးထွေးပြီး ပီတဖြစ်စရာကောင်းတဲ့အပြင် ဆေးပညာနဲ့ပတ်သက်တဲ့ ဗဟုသုတလည်းရစေမယ့် ဒရာမာကားကောင်းလေးဖြစ်တာမလို့ သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။...
The Love Issue (2023)
⭐IMDB: 6.1/10 (126 Votes)
🎬 #Romance #TVMovie #Comedy #Drama
🗓 2023 🎞 tv movie
🌎 #Canada
⏰ 1 နာရီ 29 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့ ကြည်ကြည်နူးနူးလေး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ခံစားရဦးမှာပါ…။
မမျှော်လင့်ဘဲ တွေ့ဆုံကြရပေမယ့် ကိုယ်စီကိုယ်စီအကြောင်းလေးတွေကြောင့်
ချစ်သူတွေအဖြစ်ဟန်ဆောင်ကြရတဲ့ ဇာတ်လမ်းသွားလေးကိုမှ ခံစားချက်
အနိမ့်အမြင့်အစုံနဲ့ တင်ဆက်ပြထားပါတယ်…။
မင်းသားနဲ့မင်းသမီးကို လိုက်ဖက်အောင် ဇာတ်အိမ်ဖွဲ့ထားပုံလေးက သိမ်သိမ်မွေ့မွေ့လေးပါ…။
ဇာတ်အိမ်လေးကတော့…
အလှအပမဂ္ဂဇင်းတစ်ခုရဲ့ အယ်ဒီတာဖြစ်တဲ့ ဒါဆီဟာ မဂ္ဂဇင်းမျက်နှာဖုံးကာဗာ
ရိုက်ဖို့အတွက် ဓာတ်ပုံဆရာတစ်ယောက်အလိုရှိနေတာပါ…။
ရှာသမျှ ဓာတ်ပုံဆရာတွေကလည်း အလုပ်အချိန်ဇယားအပြည့်ဆိုတော့
ကြံရခက်နေပါလေရော..။
ဆုံဆည်းဖို့အကြောင်းဖန်လာပြန်တော့လည်း အချစ်ကအနီးလေးတင်ရှိနေတာပါ…။
နိတ်ဟာ နာမည်ကျော်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့ပြီး ကိစ္စလေးတစ်ခုကြောင့်
အလုပ်ကနေ ခဏအနားယူနေတာပါ။
အလုပ်ပြန်လုပ်မယ်ဆိုတော့ ဒါဆီနဲ့တွေ့ဖို့အကြောင်းဖန်လာပါလေရော။
သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဘယ်လိုဖြစ်လာမလဲဆိုတာကို
ရိုက်ကွင်းရိုက်ကွက်လှလှလေးတွေနဲ့မြင်တွေ့ရဦးမယ့်ကားလေးပါ...
Unit 262 (2023)
⭐IMDB: 1.6/10 (167 Votes)
🎬 #Action
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 24 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
FBIနဲ့ Unit 262တို့ရဲ့ စစ်ဆင်ရေး တစ်ခုအကြောင်း တင်ဆက်ပေးချင်ပါတယ်။
Unit 262 ဆိုတာက နိုင်ငံတကာက အလိုရှိနေတဲ့ မူးယစ်ဆေးဝါးဂိုဏ်းချုပ်တွေ၊ လက်နက် မှောင်ခိုမှုတွေနဲ့ လူကုန်ကူးမှုတွေ၊ နျူကလီယားမှောင်ခိုရောင်းဝယ်မှုတွေကို တိုက်ဖျက်နေတဲ့ အစ္စရေး ဖိုက်တာတပ်ဖွဲ့ ဖြစ်ပါတယ်။
ယာကုပ် ဟာဒါ,ဟာ ယာနဗ် ကပ်ဖ်နီနဲ့ အတူတူပေါင်းပြီး အနောက်ဘက်ကမ်းရိုးတန်းမှာ မကောင်းမှု ဒုစရိုက်မှန်သမျှကို ကြိုးကိုင်ခြယ်လှယ်လုပ်ကိုင်နေကြတဲ့ ရာဇဝတ်သား ဂိုဏ်းခေါင်းဆောင်တွေ ဖြစ်ပါတယ်။ ဟာဒါတို့ တစ်သိုက် ကြိုက်သလို မကောင်းမှုလုပ်နေပေမယ့် အမေရိကန်တွေကတော့ မသိသလို မဆိုင်သလို လျစ်လျူရှု့ထားပါတယ်။ ဒါပေမယ့် နျူကလီးယားရောင်းဝယ်နေတယ်ဆိုတဲ့ သတင်းကြားတော့ အမေရိကန်ကြီးက FBIတွေကို စေလွှတ်လိုက်ပါတော့တယ်။
ရွန်းနီ,ဟာ FBI အေးဂျင့်တစ်ယောက် ဖြစ်ပါတယ်။ သူက Unit 262နဲ့ ပူးပေါင်းပြီး ဟာဒါတို့ကို ဖမ်းစီးဖို့ သူလျှိုအနေနဲ့ ဟာဒါ့ရဲ့အနီးနားမှာ ဝင်လုပ်ရပါတော့တယ်။ ယခုရုပ်ရှင်ဟာ အမေရိကန်နဲ့ အစ္စရေးနိုင်ငံ ၂ခုအကြား ကျဥ်းမြောင်းတဲ့ စစ်ဆင်ရေး တစ်ခုကို သေချာရိုက်ပြထားနိုင်ပြီး ကြည့်ရှုရတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းလှပါတယ်။
Castတွေရဲ့သရုပ်ဆောင်ကလည်း အင်မတန် ကောင်းမွန်လှပြီး ကမ္ဘာကြီးကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ကို ဖြေရှင်းကြပုံတွေကို ရင်ခုန်ဖွယ်ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း သာမန်နဲ့ကွဲထွက်နေပြီး ရုပ်ကူးထားတဲ့ပုံစံကလည်း အများနဲ့မတူတဲ့အတွက်ကြောင့် သာမန်သူလျှိုရုပ်ရှင်တွေလိုမဟုတ်ဘဲ ကြည့်ရှု့ရတာ တစ်မျိုးထူးပြီး ကြည့်လို့ကောင်းမှာပါ။
အညွှန်းနဲ့ ဘာသာပြန်သူကတော့ Minn Khant Kyi Win ဖြစ်ပါတယ်။...
The Book of the Nine Cauldrons: The Treasure of Yu the Great (2023)
⭐TMDB: 0.0% User Score
🎬 #Action #Adventure #Drama
🗓 2023 🎞 tv mini series
🌎 #China
⏰ 1 နာရီ 35 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Visual Effects ကောင်းကောင်းနဲ့ သိုင်းကားကောင်းကောင်းလေးကြည့်ချင်သူတွေအတွက် သိုင်းကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။သိုင်းပညာရှင်တွေအုပ်စိုးတဲ့လောကတစ်ခုကို ယွီဟွမ်ဆိုတဲ့သိုင်းလောကထွဋ်ခေါင်တစ်ယောက်ကသူ့ရဲ့ကောင်းကင်ခွင်းရဲဒင်းသိုင်းနဲ့အုပ်စိုးခဲ့တယ်။
ယွီဟွမ်မရှိတော့တဲ့နောက်ပိုင်းမှာ လောကကြီးကပဋိပက္ခတွေနဲ့ယှဉ်ပြိုင်မှုတွေနဲ့ပြန်ပြည့်နေခဲ့တယ်။တစ်နေ့မှာတော့ ယွီဟွမ်းရဲ့အမွေရတနာသိုက်ကိုဖွင့်တဲ့သော့ဟာ ပေါ်ထွက်လာခဲ့တယ်။ရတနာကိုအပိုင်စီးချင်တဲ့ ချင်းဟူကျွန်းဂိုဏ်းသားတွေဟာသော့ကိုအပိုင်စီးဖို့ကြိုးစားနေရင်း သော့ဟာထိန်ချင်းရှန်းရဲ့လက်ထဲကိုရောက်လာခဲ့တယ်။အဲဒီသော့အတွက်ကြောင့် ထိန်ချင်းရှန်းတို့ဂိုဏ်းဟာကပ်ဘေးကြီးဆိုက်လာပါတယ်။
ဂိုဏ်းကြီး(၉)ဂိုဏ်းဟာ ယွီဟွမ်ရတနာကိုရဖို့အတွက်ရောက်လာကြပြီး ရတနာသိုက်ကိုဖွင့်ဖို့ကြိုးစားကြပါတယ်။အဲဒီအချိန်မှာပဲ ထိန်ချင်းရှန်းဟာ သူ့ရဲ့ဂိုဏ်းသားတွေအတွက်လက်စားချေဖို့လမ်းကိုစတင်လိုက်ပါတယ်။...
Wolfkin (2022)
⭐IMDB: 5.5/10 (341 Votes)
🎬 #Drama #Fantasy #Horror
🗓 2022 🎞 movie
🌎 #Luxembourg #Belgium
⏰ 1 နာရီ 30 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Twilight လိုသမန်းဝံပုလွေကားမျိုးတွေကိုကြိုက်တဲ့သူတွေအတွက်
Wolfkin ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
IMDb Rating 5.5 ရရှိထားပြီး ကြည့်ရတာမဆိုးဘူးလို့ပြောလို့
ရပါတယ်။နာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ တခမ်းတနားရိုက်ကူး
ထားတာမျိုးတော့မဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကမဆိုးတာမို့
လက်ခံလို့ရတဲ့အနေအထားတစ်ခုမှာတော့ရှိပါတယ်။
ယောက်ျားထားသွားတာကိုခံခဲ့ရပြီးနောက်မှာ အီလိန်းကသူ့ရဲ့သားလေး
ဖြစ်တဲ့ မာတင်နဲ့ အမေတစ်ခုသားတစ်ခုပဲ ကျန်ခဲ့ပါတော့တယ်။
ငွေကြေးမပြည့်စုံတဲ့အပြင် မိဘတွေပါမရှိတော့တဲ့အီလိန်းအတွက်
ကလေးတစ်ယောက်ကို သူတစ်ယောက်တည်းပြုစုပျိုးထောင်ပေးဖို့
ဆိုတာကခက်ခဲခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ ကျောင်းမှာ မာတင်ကတခြား
ကလေးတွေနဲ့ရန်ဖြစ်တဲ့အခါမှာတော့ ကျောင်းကခေါ်တွေ့တာတွေလည်း
ခံခဲ့ရပါတယ်။ဒီလိုနဲ့ တဖြည်းဖြည်းချင်းအခြေအနေပိုဆိုးလာပြီးမာတင်လည်း
ကလေးတစ်ယောက်အနေနဲ့ အရမ်းစိတ်ညစ်နေတဲ့အခါမှာတော့ စိတ်ပြေ
လက်ပျောက်ဖြစ်သွားအောင် သူ့အဖေဘက်ကအဖိုးအဖွားတွေဆီ
အတူတူသွားခဲ့ကြပါတော့တယ်။ဟိုရောက်တဲ့အခါမှာတော့ သူတို့သားမှာ
မာတင်လေးရှိနေတာကိုသိတောင်မသိခဲ့ပေမဲ့ အီလိန်းတို့ကိုနွေးနွေး
ထွေးထွေးကြိုဆိုခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီအိမ်မှာနေရင်းနဲ့မှထူးဆန်းတဲ့
အရာတွေကြုံတွေ့လာပြီး မာတင်လဲတဖြည်းဖြည်းနဲ့ထူးဆန်းလာတဲ့
အခါမှာတော့ သူတို့မသိနိုင်တဲ့ဘယ်လိုနက်နဲ ထူးဆန်းတဲ့အရာတွေရှိနေမယ်
ဆိုတာကို လျှို့ဝှက်နက်နဲစွာရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Boy Swallows Universe (2024-2024)
⭐IMDB: 8.1/10 (8 k Votes)
🎬 #Drama #Crime #Mystery
🗓 2024-2024 🎞 tv mini series
🌎 #Australia #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 18 မိနစ် 27 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Boy Swallows Universe (2024) IMDb – 8.2/10
Your browser does not support the video tag.Rotten Tomatoes – 83% ဒီတစ်ခါ Netflix က ပြန်လည်ရိုက်ကူးထားတဲ့ Rating ကောင်းကောင်းဇာတ်လမ်းတွဲကောင်းလေး တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းရဲ့ မူရင်းဝတ္ထု ရေးသားသူ စာရေးဆရာ ထရန့်ဒယ်လ်တန်ကဒီဇာတ်လမ်းနဲ့ ပွဲဦးထွက် အောင်မြင်မှုရရှိခဲ့ပြီး နိုင်ငံတကာမှာ ဘာသာစကား၃၄ မျိုးနဲ့ ဘာသာပြန်ဆိုဖြန့်ချိရတဲ့ အထိ အောင်မြင်ခဲ့တာပါ။စာရေးသူရဲ့ ငယ်စဉ်ဘဝအကြောင်း ဖြစ်ရပ်မှန်တွေကို မှီငြမ်းထားတာ ဖြစ်ပြီးဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးတဲ့ နေရာမှာလည်း ဇာတ်ကောင်အံဝင်ခွင်ကျဖြစ်မှုတွေကြောင့် Rating ကောင်းတွေရရှိထားပါတယ်။ ဇာတ်လမ်း အကျဉ်း
***************၁၉၈၀ ခုနှစ်ဝန်းကျင် ဩစတေးလျနိုင်ငံ ဘရစ်စဘိန်းမြို့က ‘ဒါရာ’ဆိုတဲ့ဆင်ခြေဖုံး ရပ်ကွက်လေး တစ်ခုမှာ အယ်လိုင်းဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ ဖခင်က ငယ်စဉ်ကတည်းက အနားမှာ မရှိဘူး။သူ့မှာ စကားမပြောတဲ့ အစ်ကိုတစ်ယောက်ရှိတယ်၊ မိခင်ဖြစ်သူကဆေးမှုနဲ့ ထောင်ကျနေပြီးတော့ ပထွေးလုပ်သူက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ တစ်ယောက်။ဒီလို ပတ်ဝန်းကျင်မှာ ရှင်သန်နေရတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က လမ်းမှန်ကိုရောက်ဖို့ ကြိုးစားရုန်းကန်ရင်း ဘဝ အခက်အခဲကံကြမ္မာ အနိမ့်အမြင့်မျိုးစုံ ကြုံတွေ့ရတာတွေကို ရိုက်ကူးတင်ဆက်ထားတာပါ။စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ ညီအစ်ကို သွေးသားရင်း သံယောဇဉ်တွေနဲ့ သာမန်သမားရိုးကျ မဟုတ်တဲ့ သူငယ်ချင်းမိတ်ဆွေ ဖြစ်တည်မှု အကြောင်းတွေကိုကြည့်ရှု ခံစားရမှာ ဖြစ်ပါတယ်။...
