ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
My Imaginary Country (2022)
⭐IMDB: 7.2/10 (327 Votes)
🎬 #Documentary
🗓️ 2022 🎞️ Movie 📺 720p
🌎 #Chile #France
⏰ 1 နာရီ 23 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Imaginary Country(2022)
***************************
၀၁၉ ခုနှစ် အောက်တိုဘာလရဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့တာကစလို့ လူထုအုံကြွမှုဖြစ်စေခဲ့တဲ့
၂ နှစ်ကြာတဲ့ ချီလီနိုင်ငံရဲ့ တော်လှန်ရေးကို ရိုက်ပြထားတဲ့ Documentary ဇာတ်ကားဖြစ်ပါတယ်။
ရထားစီးခကို တိုးပြီး ကောက်ခံတဲ့ လို့ ကျောင်းသားလူငယ်တွေ မကျေမနပ်ဖြစ်ကာ
အဓိကရုဏ်းဖြစ်ရာကစလို့ နှစ်ကြာရှည် ဖိနှိပ်ခံ အမြတ်ထုတ်ခံနေရတဲ့ ပြည်သူလူထုဟာ
တစ်စည်း တစ်လုံးတည်း လမ်းမတွေပေါ်ထွက်ကာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးစနစ်ကို ဆန္ဒပြ ဖော်ထုတ်ခဲ့ကြတယ်။
အစပိုင်းမှာတော့ ရဲတွေရဲ့ မျက်ရည်ယိုဗုံးတွေ နံပါတ်တုတ်နဲ့ ရိုက်တာတွေ ကျည်ဆန်အတုနဲ့ ပစ်တာတွေကို ကြုံခဲ့ရပြီး
လူဦးရေ ၄၀၀ ကျော် မျက်စိကို ထိခိုက်ပြီး အမြင်အာရုံ ပျောက်ခဲ့ရတယ်။ ဒီလိုနဲ့ တော်လှန်ရေး အရှိန်အဟုန်ဟာ တိုးလာပြီး ပြည်သူလူထုဘက်က ဒိုင်းတွေကာ ခဲတွေပေါက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ကြရတယ်။
ဖိုဝါဒီနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဖိနှိပ်ခံထားရတဲ့ အမျိုးသမီးလေးတွေ အိမ်ရှင်မတွေဟာလည်း
ဒယ်အိုးကို တီးပြီး လမ်းမတွေပေါ် ထွက်လာကြတယ်။ အဲ့ဒီနောက်
စစ်တပ်က ဝင်ပြီး ထိန်းချုပ်တဲ့အခါမှာတော့…သူတို့ဘယ်လိုဆက်ဆန္ဒပြကြမလဲ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…
Romancham (2023)
⭐IMDB: 8.1/10 (2 k Votes)
🎬 #Bollywood #Comedy #Horror
🗓️ 2023 🎞️ Movie 📺 1080p
🌎 #India
⏰ 2 နာရီ 11 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Romancham (2023)IMDb 8.1ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်…ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့
ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ်သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ်ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် …
သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ…ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင်
Love So Divine (2004)
⭐IMDB: 6.3/10 (1 k Votes)
🎬 #Comedy #Romance
🗓️ 2004 🎞️ Movie 📺 720p HD
🌎 #SouthKorea
⏰ 1 နာရီ 49 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love So Divine(2004)
*******************
ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီး
ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ…ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကို
သေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်…ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာ
အမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်…ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီ
ခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ …
ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့….
My Imaginary Country (2022)
⭐IMDB: 7.2/10 (327 Votes)
🎬 #Documentary
🗓️ 2022 🎞️ Movie 📺 1080p
🌎 #Chile #France
⏰ 1 နာရီ 23 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Imaginary Country(2022)
***************************
၀၁၉ ခုနှစ် အောက်တိုဘာလရဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြခဲ့တာကစလို့ လူထုအုံကြွမှုဖြစ်စေခဲ့တဲ့
၂ နှစ်ကြာတဲ့ ချီလီနိုင်ငံရဲ့ တော်လှန်ရေးကို ရိုက်ပြထားတဲ့ Documentary ဇာတ်ကားဖြစ်ပါတယ်။
ရထားစီးခကို တိုးပြီး ကောက်ခံတဲ့ လို့ ကျောင်းသားလူငယ်တွေ မကျေမနပ်ဖြစ်ကာ
အဓိကရုဏ်းဖြစ်ရာကစလို့ နှစ်ကြာရှည် ဖိနှိပ်ခံ အမြတ်ထုတ်ခံနေရတဲ့ ပြည်သူလူထုဟာ
တစ်စည်း တစ်လုံးတည်း လမ်းမတွေပေါ်ထွက်ကာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးစနစ်ကို ဆန္ဒပြ ဖော်ထုတ်ခဲ့ကြတယ်။
အစပိုင်းမှာတော့ ရဲတွေရဲ့ မျက်ရည်ယိုဗုံးတွေ နံပါတ်တုတ်နဲ့ ရိုက်တာတွေ ကျည်ဆန်အတုနဲ့ ပစ်တာတွေကို ကြုံခဲ့ရပြီး
လူဦးရေ ၄၀၀ ကျော် မျက်စိကို ထိခိုက်ပြီး အမြင်အာရုံ ပျောက်ခဲ့ရတယ်။ ဒီလိုနဲ့ တော်လှန်ရေး အရှိန်အဟုန်ဟာ တိုးလာပြီး ပြည်သူလူထုဘက်က ဒိုင်းတွေကာ ခဲတွေပေါက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့ကြရတယ်။
ဖိုဝါဒီနဲ့ အမျိုးသမီးအခွင့်အရေးတွေကို ဖိနှိပ်ခံထားရတဲ့ အမျိုးသမီးလေးတွေ အိမ်ရှင်မတွေဟာလည်း
ဒယ်အိုးကို တီးပြီး လမ်းမတွေပေါ် ထွက်လာကြတယ်။ အဲ့ဒီနောက်
စစ်တပ်က ဝင်ပြီး ထိန်းချုပ်တဲ့အခါမှာတော့…သူတို့ဘယ်လိုဆက်ဆန္ဒပြကြမလဲ
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့…
Murder Mystery (2019)
⭐IMDB: 6.0/10 (143 k Votes)
🎬 #Action #Comedy #Mystery #Crime #Romance
🗓️ 2019 🎞️ Movie 📺 720p
🌎 #UnitedStates #Italy #Canada #Monaco #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Murder Mystery (2019)=================
၂၀၁၉ထွက်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင်ထားတဲ့ဇာတ်ကားကောင်းလေးပါ။
ဇာတ်လမ်းအကျဉ်းကိုစလိုက်ရအောင်ဗျာ …နယူးယောက်က စုံထောက်စာမေးပွဲကိုခဏခဏကျတဲ့ရဲအရာရှိတစ်ယောက်နဲ့ သူ့မိန်းမ ကအိမ်ထောင်သက်၁၅နှစ် ပြည့်မှာ ဇနီးသည်ရဲ့အလိုဆန္ဒကိုလိုက်လျောသောအားဖြင့် မင်္ဂလာဦးပေးထားခဲ့တဲ့ ဥရောပခရီးထွက်ဖို့ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ပေါ်ရောက်တော့ ကယ်ဗန်ဒစ်ချ်ဆိုတဲ့လူတစ်ယောက်နဲ့ရင်းနှီးသွားတယ်။ စကားတွေ ပြောဖြစ်ရင်းနဲ့ သူ့ဦးလေးဘီလီယံနာ အဖိုးကြီးမင်္ဂလာဆောင်ဂုဏ်ပြုပွဲလုပ်တဲ့အပန်းဖြေသင်္ဘောကိုခေါ်လို့လင်မယားနှစ်ယောက်လိုက်သွားတာပေါ့။
ညဖက်ရောက်တော့အခန်းထဲမှာအဖိုးကြီးရဲ့မိသားစုတွေမိတ်ဆွေရှေ့မှာ အဖိုးကြီးက သူ့ဇနီးသည်ငယ်ငယ်လေးကိုသူပိုင်ဆိုင်သမျှ ဘီလီယံနာ ၇၀ လုံးလွှဲပေးဖို့လက်မှတ်ထိုးခါနီး ရုတ်တရက်မီးပြတ်ပြီး အဖိုးကြီးအသတ်ခံလိုက်ရတယ်။ ဇာတ်လမ်းကအဲ့ကနေစတော့တာပဲ . . .
ဒါနဲ့ ရဲလင်မယားနှစ်ယောက်က သံသယရှိတဲ့လူတွေကိုစုံစမ်းကြတယ်၊ သူတို့သံသယရှိတယ်လို့ထင်တဲ့သူတွေကလည်း တစ်ယောက်ပြီးတစ်ယောက်သေသွားကြတယ်။ဘယ်လိုအလွဲလေးတွေနဲ့လိုက်စုံစမ်းကြမလဲဆိုတာ ရယ်စရာတွေကြည့်ရင်းရင်းအပန်းဖြေရင်းကြည့်ကြမယ်ဗျာ
IMDB rating 6.1ရထားတဲ့ ဟာသ ကားလေးမို့အားပေးကြပါဦး
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ)
Love So Divine (2004)
⭐IMDB: 6.3/10 (1 k Votes)
🎬 #Comedy #Romance
🗓️ 2004 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 49 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love So Divine(2004)
*******************
ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီး
ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ…ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကို
သေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်…ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာ
အမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်…ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီ
ခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ …
ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့….
The Man with Two Brains (1983)
⭐IMDB: 6.4/10 (27 k Votes)
🎬 #Comedy #Sci-Fi #Romance #SciFi
🗓️ 1983 🎞️ Movie 📺 1080p
🌎 #UnitedStates
⏰ 1 နာရီ 30 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဥ်းကတော့ ဇနီးသည်ကွယ်လွန်ထားလို့ ပူပူနွေးနွေး မုဆိုးဖိုဖြစ်နေတဲ့ ဦးနှောက်ခွဲစိတ်ဆရာဝန်တစ်ဦးဟာ မိန်းမလှလေး တစ်ယောက်ကို ကားနဲ့တိုက်မိပြီး အဆိုပါမိန်းမလှလေးက ဦးခေါင်းဒဏ်ရာရသွားလို့ သူကိုယ်တိုင်တီထွင်ထားတဲ့ ဦးခေါင်းခွဲစိတ်နည်းနဲ့ အသက်ကယ်ပေးလိုက်ပါတယ်။ ဇာတ်လိုက်ကျော် ဦးနှောက်ခွဲစိတ်ဆရာဝန်ဟာ မိန်းမလှလေး သတိရလာတဲ့နောက်မှာ သူမရဲ့ စရိုက်မှန်ကိုမသိဘဲ ချစ်မိသွားပြီး လက်ထပ်လိုက်ပါတော့တယ် ။ ပျားရည်ဆမ်းခရီးအနေနဲ့ ဩစတြီးယားနိုင်ငံကို ခရီးထွက်သွားပြီး ထူးဆန်းတဲ့ဆရာဝန်တစ်ယောက်နဲ့ စကားစပ်မိရာကနေ ထူးဆန်းတဲ့ လူသတ်မှုတွေအကြောင်း ၊ အသတ်ခံရတဲ့ သူ့သူငယ်ချင်းဆရာဝန်အကြောင်း သိရှိခဲ့ရတဲ့အပြင် စကားပြောတတ်တဲ့ ဦးနှောက်တစ်လုံးနဲ့ပါ တွေ့ဆုံခဲ့ပါတော့တယ်။ ဒါ့အပြင် သူ့ဇနီးရဲ့ စရိုက်မှန်တွေကို သိသွားပြီးနောက်မှာ ဘယ်လိုတွေ ဆက်လက်ဖြေရှင်းမလဲဆိုတာကတော့ …. IMDb rating 6.4 ရရှိထားပြီး ထေ့လုံး၊ ငေါ့လုံး၊ ဟာသလေးတွေပါ ညှပ်ထည့်ထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ခန္ဓာကိုယ်ဗလာအသားပေးပြကွက်တွေနဲ့ လိင်ပိုင်းဆိုင်ရာစကားလုံးတွေ ပါဝင်တာကြောင့် အသက် 18 နှစ်အောက် ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး
The Dead Zone (1983)
⭐IMDB: 7.2/10 (73 k Votes)
🎬 #Drama #Horror #Sci-Fi #SciFi #Thriller
🗓️ 1983 🎞️ Movie 📺 720p
🌎 #UnitedStates #Canada
⏰ 1 နာရီ 44 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Dead Zone 1983
Imdb 7.2/10 rotten tomatoes 88%
1979 ခုနှစ်က ထွက်ရှိခဲ့တဲ့ Stephen King ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ The Dead Zoneကိုအခြေပြုပြီးရိုက်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအသွားကတော့ ဂျွန်နီစမစ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်ဟာ ယာဥ်မတော်တဆမှုကြောင့် ၅နှစ်ကြာ ကိုမာဝင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုမာကနေ ပြန်လည်သတိရလာတဲ့အခါမှာ သူ့မှ ာ လူတွေကို ထိလိုက်တာနဲ့ အဲ့လူရဲ့အနာဂတ်ကိုမြင်နိုင်တယ်ဆိုတာကိုသိခဲ့ရတယ် သူဟာသူ့ကိုယ်သူစစချင်းမယုံကြည်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့လူတွေကိုကူညီဖို့ပြုလုပ်လာခဲ့တယ် သူဟာ ဂရက်ဂ်စတေးလ်ဆန်လို့ခေါ်တဲ့ မဲရွေးဝင်ခံနေတဲ့ အမတ်တစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီးတဲ့နောက်ပိုင်းမှာပဲ ဂျွန်နီတစ်ယောက်ဘယ်လိုဆုံးဖြတ်ချက်တွေချခဲ့လဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Johnny Smithအဖြစ် အော်စကာဆုရှင် Christopher Walkenက သရုပ်ဆောင်ထားပြီးတော့ Johnny Smithရဲ့ ရည်းစားအဖြစ်အဖြစ်Brooke Adamsမှပါဝင်သရုပ်ဆောင်ထားသလို အမတ် Greg Stillsonအဖြစ် Martin Sheenမှပါဝင်သရုပ်ဆောင်ထားပါတယ်တယ်
Bangkok Love Story (2007)
⭐IMDB: 5.8/10 (1 k Votes)
🎬 #Action #BL #Crime #Drama #Romance
🗓️ 2007 🎞️ Movie 📺 720p
🌎 #Thailand
⏰ 1 နာရီ 45 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bangkok Love Story (2007)
ထိုင်းရုပ်ရှင်တွေထဲ Thai queer Film တွေရဲ့ နေရာယူမှုကလည်း တော်တော်ကြီးမားတယ်လို့ ပြောလို့ရပါတယ်။1985ထွက်ခဲ့တဲ့ The Last Songဟာ ပထမဆုံး ထိုင်း queer Film ဖြစ်ခဲ့ပြီးသူ့အနီးအနား ခုနှစ်တွေမှာ Tortured Love (1987)နဲ့ I Am a Man (1987)တို့ဆက်လက်ထွက်ရှိခဲ့ပြီးဒီသုံးကားကို Thai queer cinemaရဲ့ first waveလို့ သတ်မှတ်ခဲ့ကြတယ်။အဲဒီနောက်ပိုင်းတော့ New Wave ခေတ် ၂၀၀၀ဝန်းကျင်လောက်မှ ထပ်ထုတ်ခဲ့ကြပုံပါပဲ။ ကြားထဲသိပ်မတွေ့ရတော့ဘူး။ဒီဘက်နှစ်တွေမတိုင်ခင်အထိလည်း အရမ်းအများကြီးထုတ်ခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။Bangkok Love Storyဟာ ၂၀၀၀ကျော်ဝန်းကျင်က သိပ်အများကြီးမရှိခဲ့တဲ့ ထိုင်း Queer Filmကားကောင်းတွေထဲက တစ်ကားပါပဲ။ဒါပေမဲ့လွယ်လွယ်နဲ့ ထုတ်ခဲ့ရတာတော့မဟုတ်ပါဘူး။ Pre-productionကာလမှာထိုင်းရဲတပ်ဖွဲ့ရဲ့ ကန့်ကွက်ခြင်းခံခဲ့ရသလို ဆင်ဆာနဲ့ ပတ်သက်ပြီး အခက်အခဲတွေလည်း တွေ့ခဲ့တယ်။ယောက်ျားချင်းကြိုက်တဲ့ကားပေမဲ့ ကနွဲ့ကလျတွေမပါဘဲ ခပ်ကြမ်းကြမ်း၂ပွေ ကြိုက်တဲ့ကားဖြစ်နေတာ့သရုပ်ဆောင်၂ယောက်က ဒီရုပ်ရှင်ဟာ အန်းလီရဲ့ Brokeback Mountainနဲ့ဆင်နေတယ်လို့ အပြောခံရနိုင်ပေမဲ့ဒါရိုက်တာက Brokeback Mountainကို မရိုက်ခင်ကတည်းက အိုင်ဒီယာရခဲ့တယ်လို့တော့ ဆိုပါတယ်။ဒါပေမဲ့လည်း ပုဂ္ဂလိက အမြင်အရတော့ Brokeback Mountainမှာ ဝေါင်ကာဝေးရဲ့ Happy Together နဲ့ ဆင်တဲ့အပြတွေရှိခဲ့သလိုဒီကားလည်း Brokeback Mountainနဲ့ကင်းတယ်ဆိုရင်တောင် Happy Together နဲ့ ကင်းချင်မှကင်းပါလိမ့်မယ်။အပြ တွေနဲ့တင်ကို Inspiration နည်းနည်းပါတယ်တော့ ခံစားရတယ်။
ဇာတ်လမ်းကတော့ မိုးတိမ်လို့ခေါ်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ သူက လူကိုသတ်ချင်လို့သတ်နေတာတော့မဟုတ်ဘူး။အမေနဲ့ညီကို ထောက်ပံ့ဖို့ ငွေမရှိလို့ ကြံရာမရတဲ့ အဆုံး လူသတ်စားတဲ့လူမျိုးပေါ့။ဒါပေမဲ့ သူ့ရပ်တည်ချက်ကတော့ရှင်းတယ်။ လူကောင်းကို လုံးဝမသတ်ဘူး။ဒီလိုနဲ့ တစ်နေ့ကျ သူ့အလုပ်ရှင်က သူ့ကိုကျောက်လို့ခေါ်တဲ့ လူကိုဖမ်းလာခိုင်းပြီး သတ်ခိုင်းတယ်။ကျောက်က လူကောင်းဖြစ်နေပြီး သူ့ကိုအလုပ်အပ်တဲ့လူက လူယုတ်ဖြစ်နေတော့ ကျောက်ကိုမသတ်ဘဲ သူ့ကိုအလုပ်အပ်တဲ့လူကို သတ်ဖို့လုပ်တယ်။ဒီကနေ သူလည်းဒဏ်ရာရပြီး ကျောက်နဲ့အတူထွက်ပြေးလာရာကနေ သူတို့အချစ်ဇာတ်လမ်း စတယ်ပေါ့။ မိုးတိမ်မှာ မြူလို့ခေါ်တဲ့ညီတစ်ယောက်ရှိတယ်။သူ့ညီက သူတို့ငယ်ငယ်က သူတို့ပထွေးလုပ်လို့ HIV ရှိနေပြီး သူ့အမေကလည်း AIDSနဲ့ သေလုသေခင်ဖြစ်နေတယ်။မိုးတိမ်ရဲ့ ရည်ရွယ်ချက်က သူ့အမေနဲ့ညီကိုခေါ်ပြီး အဝေးတစ်နေရာကိုထွက်သွားဖို့ပေါ့ ဒါပေမဲ့ အစောကကိစ္စဖြစ်လာတော့ သူ့အစီအစဉ်တွေအကုန် ကမောက်ကမဖြစ်ကုန်တယ်။နောက်ပိုင်းကျ ကျောက်နဲ့ မိုးတိမ်နဲ့ မြူကြား အချိတ်အဆက်တစ်ခုဖန်တီးပေးလိုက်ပြီး သူတို့၃ယောက်အကြောင်းနဲ့သူတို့၂ယောက်ရဲ့ အချစ်ဇာတ်လမ်းကို တိုက်ခန်းခိုက်ခန်းတွေအပြည့်နဲ့ ခပ်ကြမ်းကြမ်းဇာတ်လမ်းအဖြစ် အသက်သွင်းထားတယ်။Bangkok Love Storyဟာ လိင်ဆက်ဆံခန်းတွေကိုပေါ်ပေါ်ထင်ထင်သုံးပြီး အဲဒီခေတ်ကာလမှာ အပြရဲဆုံး ထိုင်းqueer Film အဖြစ်သတ်မှတ်ခံခဲ့ရတယ်။စီနီမာလည်းမဆိုးလှသလို ဇာတ်ကလည်းမဆိုးသလို ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်သီချင်းကလည်း တော်တော်လေးကောင်းတယ်။အဲဒီသီချင်းကတော့ Calories Blah Blah ရဲ့ “Yahk-Roo…Tae-Mai-Yahk-Taam”ဆိုတဲ့သီချင်းပါ။တစ်ခါတလေ OSTတွေက ရုပ်ရှင်တစ်ကားကို ကျွန်တော်တို့ ရင်ထဲရောက်အောင်ပို့ပေးပြီး ဘယ်တော့မှမမေ့နိုင်အောင် လုပ်ပေးနိုင်စွမ်းရှိတယ်မလား။ဒီရုပ်ရှင်ဟာ ခင်ဗျားဘယ်တော့မှမမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်လာနိုင်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့WiRa Aungပဲ ဖြစ်ပါတယ်။

Nanny Dearest (2023)
⭐IMDB: 5.1/10 (72 Votes)
🎬 #Drama #Thriller
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #Canada
⏰ 1 နာရီ 27 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အသက်ငယ်ငယ်လေးနဲ့ သမီးလေးမွေးထားတဲ့ တေလာတစ်ယောက် ပိုက်ဆံရဖို့အတွက် မမျိုးဥလှူဒါန်းမှုလုပ်ခဲ့ပြီး အိမ်ပြန်လာတဲ့အချိန်မှာ သူ့ကောင်လေးရဲ့မတော်တဆလုပ်ရပ်ကြောင့် မွေးကင်းစသမီးသေဆုံးသွားတာကိုသိလိုက်ရပါတယ်။ ဒီလိုနဲ့တေလာလည်းစိတ်လွတ်သွားပြီး သူ့ကောင်လေးကို သ-တ်လိုက်မိတဲ့အတွက် ထောင်ဆယ်နှစ်ကျသွားပါတော့တယ်။ ဆယ်နှစ်အကြာ တေလာတစ်ယောက်ထောင်ကပြန်လွတ်လာတဲ့အချိန်မှာ သူ့သမီးလေးကိုပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့ ထောင်ထဲမှာတုန်းကသိခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီကိုယူပြီး သူရဲ့မမျိုးဥကို လက်ခံခဲ့တဲ့ မိသားစုနောက်ကို ပြန်လိုက်ရှာခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့မမျိူးဥကိုလက်ခံခဲ့တဲ့မိသားစုကိုရှာတွေ့ပြီး အဲဒီမိသားစုထဲကို ဝင်လို့ရအောင်လုပ်ရင်း သူ့ရဲ့သမီးနားကိုကပ်ဖို့ကြိုးစားတဲ့အခါမှာ သူ့သမီးအနားမှာနေသွားနိုင်မလား၊ လက်ခံခဲ့တဲ့မိသားစုက ရော သူဘယ်သူလဲဆိုတာကို သိသွားမလား၊ သူ့သမီးရဲ့ အမေဖြစ်ခွင့်ရမှာလား၊ ဘယ်လိုအရှုပ်ထုတ်တွေလုပ်မိမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှု့ရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။
Bangkok Love Story (2007)
⭐IMDB: 5.8/10 (1 k Votes)
🎬 #Action #BL #Crime #Drama #Romance
🗓️ 2007 🎞️ Movie 📺 1080p

The Passengers of the Night (2022)
⭐IMDB: 7.0/10 (2 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p
🌎 #France
⏰ 1 နာရီ 51 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Passengers of the Night (2022)
၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7 ရထားပါတယ်။၁၉၈၀ ခုနှစ် ဝန်းကျင်ကာလကို အခြေခံထားပြီးတော့ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို မျောသွားရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ Elisabeth ဟာ ခင်ပွန်းသည်ကထားသွားတော့ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်နဲ့ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်ရပါတော့တယ်။အလုပ်မလုပ်ဘဲ အိမ်ရှင်မအလုပ်ပဲလုပ်လာခဲ့တော့ အလုပ်ရှာရခက်နေပါတယ်။နောက်ဆုံးမှာ ညပိုင်းရေဒီယိုထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ အလုပ်ဝင်လို့ရသွားတော့Talualah ဆိုတဲ့ အိမ်ခြေရာမဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံလို့ သနားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။မိသားစုကို တစ်ကိုယ်တည်းတာဝန်ယူရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ်ကာကွယ်စောင့်ရှောက်ပေးတဲ့အပြင် သွေးမတော်သားမစပ် Talualah ကိုလည်း ကူညီစောင့်ရှောက်ပေးတဲ့Elisabeth ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့မိသားစုရဲ့ ဘဝဖြတ်သန်းပုံကို လှလှပပရိုက်ပြထားပြီးအေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်လို့ ပြင်သစ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။
Nanny Dearest (2023)
⭐IMDB: 5.1/10 (72 Votes)
🎬 #Drama #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD

Faraaz (2022)
⭐IMDB: 4.6/10 (890 Votes)
🎬 #Action #Bollywood #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 1 နာရီ 52 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Faraaz 2022IMDb 4.6/10Action/Thriller
ဒီဇာတ်ကားဟာ 2016ခုနှစ် ဘင်္ဂလားဒေ့ရှ်က ကော်ဖီဆိုင်တစ်ခုမှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာတော့ မတူညီတဲ့ဘဝတွေကို ဖြတ်သန်းနေရတဲ့ လူငယ်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ တချို့ကတော့ နောင်ရေးအတွက် ပိုပြီးကောင်းမွန်တဲ့အလားအလာတွေကို ဖန်တီးနေရချိန်မှာတချို့လူငယ်လေးတွေကတော့ ကိုယ်ယုံကြည်ရာတစ်ခုအတွက်ဘဝတွေကိုစတေးပြီး စွန့်စားနေကြပါတယ်။
အဲဒီနေ့က ဒါကာမှာ သာမန်နေ့ရက်လေးတစ်ရက်ဖြစ်နေခဲ့ပေမယ့်ရုတ်တရတ်ဆိုသလို အကြမ်းဖက်အဖွဲ့ဝင်တွေက ကော်ဖီဆိုင်တစ်ခုကိုဝင်စီးလိုက်ကြပါတယ်။ အဲဒီအဖွဲ့ကလူငယ်လေးတွေကတော့ သူတို့ယုံကြည်ရာကိုးကွယ်ရာဘာသာအတွက် မှန်ကန်မယ်လို့ထင်တဲ့အရာကို လုပ်နေခဲ့ကြတာပါ။ဒါပေမဲ့ ကော်ဖီဆိုင်ထဲမှာ ရှိနေတဲ့ ဘဝအမျိုးမျိုးနဲ့လူတွေကရောဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားမလို့စိတ်လှုပ်ရှားစွာနဲ့ ဆက်ပြီး ကြည့်ရှုပေးကြပါဦး။
Palm Trees and Power Lines (2022)
⭐IMDB: 6.5/10 (1 k Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Palms tree and Power Line (2022)
Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။
လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
Love Today (2022)
⭐IMDB: 8.1/10 (13 k Votes)
🎬 #Bollywood #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 32 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love Today (2022)IMDb – 8.1/10
၂၀၂၂ မှာထွက်ရှိထားပြီး rating ရှယ်ရထားတဲ့အပြင် ရုံ၀င်ငွေမှာရှယ်မြတ်ထားတဲ့ တမီးလ်ရုပ်ရှင်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ လူကြိုက်များတဲ့အပြင် မစိမ်းတဲ့တမီးလ်နာမည်ကြီးသရုပ်ဆောင်တွေပါပြီး ယူတတ်ရင် ပညာလည်းရမယ့် ရုပ်ရှင်တစ်ကားပေါ့…
ဇာတ်လမ်းအကျဉ်းချစ်သူနှစ်ယောက်ဟာ အချင်းချင်းချစ်တယ်လို့ပြောကြတယ်၊ သက်တမ်းကြာလာရင်ကိုယ့်အကြောင်း သူ့အကြောင်းထဲထဲ၀င်၀င်သိကြတယ်၊ဘာလျှို့ဝှက်ချက်မရှိဘူး အချင်းချင်းယုံကြည်ပါတယ်လို့ပြောကြတယ်…ဒါပေမယ့်အဲ့ဒါကစကားအရပဲလား၊ အဲ့ဒါကိုတကယ်သက်သေပြရဲကြရဲ့လား…ဒါဆိုရင်ကိုယ့်ရဲ့ ကိုယ်ပိုင်ဖုန်းကို ကိုယ်ချစ်ရတဲ့သူ၊ ယုံကြည်ရပါတယ်ဆိုတဲ့ သူကိုပေးသုံးရဲလား၊ password နံပါတ်တွေပေးရဲလားပေါ့…ဒီဇာတ်ကားမှာတော့ ချစ်သူနှစ်ဦးဟာ အချင်းချင်းချစ်ကြတယ် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိတယ်ဆိုတာကိုသက်သေပြဖို့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းချင်းလဲသုံးခိုင်းပါတော့တယ်။
အဲ့မှာဇာတ်လမ်းစတော့တာပါပဲ…ဒီတော့ အချင်းချင်းယုံကြည်ပါတယ်ဆိုတဲ့ ချစ်သူနှစ်ဦးကဖုန်းကိုအသာတကြည်လဲသုံးနိုင်ကြရဲ့လား၊ ဖုန်းpassword မဖွင့်မနိုင်အောင် ဘယ်လိုကြံစည်ကြမလဲ၊ဘာလျှို့ဝှက်ချက်တွေများ ရှာတွေ့သွားကြမလဲ၊ အချင်းချင်းလက်ခံနိုင်ပါဦးမလားဆိုတာ…ကိုယ့်မှာလည်းချစ်ရတဲ့သူရှိရင် ဖုန်းလဲသုံးခိုင်းပြီး အချစ်စမ်းကြည့်လို့ရတာပေါ့…
On a Wing and a Prayer (2022)
⭐IMDB: 5.3/10 (70 Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie 📺 720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
On a Wing and a Prayer (2022)
ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။
ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။
နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ လေဆိပ်တာ၀န်ရှိသူတွေနဲ့ ဆက်သွယ်ပြီး ကြိုးစားရပါတော့တယ်။
တာ၀န်ရှိသူတွေက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စဉ်းစားပြီး အခန့်မသင့်ရင် လေယာဉ်ကို သမုဒ္ဒရာထဲ ပျက်ကျနိုင်အောင် ညွှန်ကြားထားကြပါတယ်။ ဒက်ကတော့ သူ့မိသားစုကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားမောင်းနှင်ပါတယ်။ ဒက်တို့မိသားစု မြေပြင်ကို ဘေးကင်းကင်း ဆင်းနိုင်ပါ့မလား၊ ကြားထဲမှာ ဘယ်လို ဒုက္ခတွေကြုံရဦးမလဲ၊ ဘယ်သူတွေက ကူညီပေးမှာလဲ၊ ဘုရားသခင်ကရော နောက်ဆုံးမှာ ကယ်တင် စောင်မပါ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ။
ဇာတ်ကားတစ်ကားလုံးနီးပါးက လေယာဉ်ကိုမြေပေါ် ဆင်းဖို့ တာ၀န်ရှိသူတွေနဲ့ကြိုးစားနေတာကို ရိုက်ထားတာဖြစ်တဲ့အတွက် လေယာဉ်နဲ့ပတ်သက်တာကို ကြိုက်နှစ်သက်တဲ့လူတွေ ကြည့်ရှုသင့်တဲ့ကားတစ်ကားဆိုလည်း မမှားပါဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai Kay Khaingမှ ပြန်ဆို ရေးသားထားပါတယ်)