ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
https://m.media-amazon.com/images/M/MV5BNTU5MzcyNDgtMTg2MC00YzBhLTg4ZGQtNTViZjZmNzE2NGZlXkEyXkFqcGdeQXVyMTU4MzQzNDkx._V1_FMjpg_UX1000_.jpg
A Christmas Cookie Catastrophe (2022)
⭐IMDB: 6.3/10 (564 Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Canada
⏰ 1 နာရီ 24 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မေပယ်ဝုဆိုတဲ့နယ်မြို့လေးက ခရစ္စမတ်စိတ်ဓာတ်အပြည့်ရှိတဲ့မြို့လေးပါမြို့ထဲမှာ ခရစ္စမတ်ဆိုရင်ရောင်းအားအကောင်းဆုံးထိပ်တန်းလက်ရာနဲ့ ကွတ်ကီးလုပ်ငန်းတစ်ခုရှိတယ်မေပယ်ဝုမြို့မှာ “ခူးပါကွတ်ကီး”ဆိုရင်မသိတဲ့သူမရှိသလောက်ပါပဲ…။“ခူးပါကွတ်ကီး”လုပ်ငန်းတည်ထောင်သူအဖွားခူးပါမရှိတော့တဲ့နောက်မှာ နယူးယော့ခ်မြို့ကလာတဲ့ မြေးမလေးအန်နီခူးပါ က “ခူးပါကွတ်ကီး”ရဲ့CEOဖြစ်လာခဲ့တယ်။
မြို့ကြီးပြကြီးကလာတဲ့ အန်နီခူးပါတစ်ယောက် နယ်မြို့လေးက ကွတ်ကီးဆိုင်ပိုင်ရှင်ဖြစ်လာတဲ့အခါ လုပ်ငန်းအသုံးစရိတ်တွေကိုလျှော့ချတော့တယ်။အန်နီခူးပါရဲ့ လုပ်ဆောင်ချက်တွေကြောင့် ရှယ်ယာရှင်တွေအပါအဝင် တစ်မြို့လုံးက အန်နီခူးပါကိုသိပ်မကြည်ခဲ့ပါဘူးတစ်နေ့ ခူးပါကွတ်ကီးဆိုင်အတွင်းမှာ ဆိုင်ရဲ့အနာဂတ်အဆုံးသတ်သွားနိုင်လောက်တဲ့ လျို့ဝှက်ကိစ္စကြီးတစ်ခုဖြစ်လာတယ်..ဒီလျို့ဝှက်ကိစ္စကြီးရဲ့တရားခံက ဘယ်သူဖြစ်မလဲ။တရားခံရဲ့ရည်ရွယ်ချက်ကရော စခရူးမက်ဒက်ခ်လို့နာမည်ပြောင်ပေးထားရလောက်အောင်တစ်မြို့လုံးမကြည်တဲ့သူမကိုပညာပြချင်တာလား ၊“ခူးပါကွတ်ကီး”လုပ်ငန်းကိုဖျက်ဆီးချင်တာလား ။ဒါမှမဟုတ် ဒီရည်ရွယ်ချက်နှစ်ချက်စလုံး မဟုတ်နေတာမျိုးရောဖြစ်နေမလား…။
အန်နီခူးပါက ဒီပြဿနာကြီးကို မေပယ်ဝုမြို့သူမြို့သားတွေမသိခင်ဘယ်လိုဖြေရှင်းသွားမလဲဘယ်လာကွတ်ကီးဆိုင်ပိုင်ရှင် ဆမ်တို့သားအဖနဲ့ရော ဘယ်လိုရေစက်ဆုံမလဲ“ခူးပါကွတ်ကီး”ဆိုင်ကိုကယ်တင်ဖို့ အတူတူကြိုးစားပေးကြတဲ့သူတွေနဲ့ အန်နီခူးပါရဲ့အလွဲလေးတွေကို ဒီကားထဲမှာ ဟာသဆန်ဆန်တွေ့ရမှာပါ ရိုမန့်ကတော့ပါးပါးလေးပါပါတယ်… ဇာတ်ကားအစကနေ အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ၂၀၂၂ထွက်ခရစ္စမတ်ဇာတ်ကားကောင်းအသစ်ပါ။မင်းသား Victor Webster၊ မင်းသမီး Rachel Boston၊ ကလေးသရုပ်ဆောင် Averie Peters နဲ့ ဟာသသရုပ်ဆောင်များစွာပါဝင်ရိုက်ကူးထားပါတယ်။
https://m.media-amazon.com/images/M/MV5BMWY3ODZlOGMtNzJmOS00ZTNjLWI3ZWEtZTJhZTk5NDZjYWRjXkEyXkFqcGdeQXVyNjU0OTQ0OTY@._V1_FMjpg_UX1000_.jpg
Evil Dead II (1987)
⭐IMDB: 7.7/10 (167 k Votes)
🎬 #Comedy #Fantasy #Horror
🗓️ 1987 🎞️ Movie 📺 720p HD
🌎 United States
⏰ 1 နာရီ 25 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Evil Dead II (1987)
=================
IMDb 7.7 / Rotten Tomatoes 95%
ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ယူဆောင်လာပေးတဲ့ ရုပ်ရှင်ကားလေးကတော့
နာမည်ကျော် Evil Dead ရုပ်ရှင်ကားတွေထဲက ဒုတိယမြောက်ထွက်ရှိခဲ့တဲ့ Evil Dead II ပဲဖြစ်ပါတယ်
Evil Dead ရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း သေသူများအကြောင်း လို့ခေါ်တဲ့ သရဲခေါ်ဂါထာ
စာအုပ်လေးတစ်အုပ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ ချစ်သူနှစ်ယောက် သစ်တောတစ်တောထဲက အိမ်လေးတစ်အိမ်မှာ ခေတ္တတည်းကြစဥ်
တက္ကသိုလ်ပါမောက္ခတစ်ယောက် ချန်ထားခဲ့တဲ့ အသံဖမ်းစက်တစ်ခုကို ဖွင့်နားထောင်နေရင်း
ချစ်သူကောင်မလေးဟာ မကောင်းဆိုးဝါးဝိညာဥ်တစ်ခု ပူးကပ်ခြင်းကိုခံလိုက်ရပါတယ်
ရုပ်သာ ချစ်သူဖြစ်ပြီး နာမ်မှာ မကောင်းဆိုးဝါးဖြစ်နေတဲ့ ချစ်သူကောင်မလေးကို သတ်ပြီးနောက်
ကောင်လေးဟာ ဒီမကောင်းဆိုးစိတ်ဝိညာဥ်တွေထံက ဘယ်လိုလွတ်မြောက်အောင် ကြိုးပမ်းမလဲဆိုတာ
စိတ်ဝင်စားထိတ်လန့်ဖွယ် ကြည့်ရှုရမယ့် Horror & Comedy
ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်
https://m.media-amazon.com/images/M/MV5BODc2MmVjZmUtNjAzMS00MDNiLWIyM2YtOGEzMjg0YjRhMzRmXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
The Evil Dead (1981)
⭐IMDB: 7.4/10 (212 k Votes)
🎬 #Horror
🗓️ 1981 🎞️ Movie 📺 HD
🌎 United States
⏰ 1 နာရီ 26 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပျော်ရွှင်ဖွယ် ခရီးလေး ထွက်လာတဲ့ သူငယ်ချင်းတစ်စု
တောင်တွေ ကာရံပြီး ချောက်ကမ်းပါး ခြားနေတဲ့ တောတစ်ဖက်သို့
ခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကို
ရောက်အသွား စပ်စုတက်တဲ့ လူငယ်သဘာ၀ ဗီဇ အရ ပိတ်ထားတဲ့
မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေ အသံသွင်းထားတဲ့
အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာက အစ
သရဲများ နိုးထ စေသော ဂါထာ ကို အသံဖမ်းစက်မှ ပြန်လည်ကြားပြီး
တောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက်
လူငယ်တစ်စု ကို ပြန်ဖို့ မပေးတော့ပဲ မသေမချင်း သတ်ဖို့ ကြံစည်လေသောအခါ
ဒီ ဇတ်ကားလေးကိုတော့ Channel Myanmar မှ ကိုဟေဒိ မှ ဘာသာပြန်ပေးထားတာပါအပိုင်း ၁ ကို ကြိုက်တယ် ဆိုရင်တော့ အပိုင်း ၂ နဲ့ ၃ ကို ဆက်တင်ပေးပါမယ် File size…1.90GB / 1.2GB
Quality…WEB-DL 1080p / 720p
Format…mp4
Duration….1h 25m
Genre ….. Horror
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Thit San Khant
Translated by CM Team
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
https://m.media-amazon.com/images/M/MV5BMjkwMjQ2MDc4N15BMl5BanBnXkFtZTgwMjk2NTM1NzE@._V1_FMjpg_UX1000_.jpg
The Devil Knows His Own (1997)
⭐IMDB: 3.2/10 (42 Votes)
🎬 #Horror
🗓️ 1997 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 51 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်..အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..
ဇာတ်လမ်းအကျဥ်း၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ တံငါမိသားစုလေးပေါ့.. တစ်ညမှာအိမ်ထဲကို လူတစ်ယောက်ဝင်ချလာပြီး မျက်စိရှေ့တင် အဖေဖြစ်သူကိုပစ်သတ်သွားပါတော့တယ်.. သူ့အဖေက သမ္မတစနစ်ထောက်ခံသူမလို့ပါတဲ့.. အနှစ်၂၀ကြာပြီး ၁၉၉၃မှာတော့ ဖရန်ကီ နယူးယောက်ကို ရောက်လာပါတယ်.. အသိရဲ့အကူအညီနဲ့ တွမ်(Harrison Ford)ရဲ့ မြေအောက်ခန်းထဲမှာ အလကားနေခွင့်ရခဲ့ပါတယ်.. တွမ်က ဖြောင့်မတ်ပြီးသဘောကောင်းတဲ့ ရဲအရာရှိပါ.. ဖရန်ကီကိုလည်း သားတစ်ယောက်လို သဘောထားပါတယ်.. ဒါပေမယ့် ဖရန်ကီရဲ့ သရုပ်မှန်ကို သိသွားတဲ့အချိန်မှာတော့….ဖရန်ကီက ဘယ်သူလဲ…နယူးယောက်ကို ဘာလာလုပ်တာလဲ…ဖရန်ကီသရုပ်မှန်ကို သိသွားတဲ့တွမ်ကရော ဘာဆက်လုပ်မှာလဲ…..စိတ်ဝင်စားစရာကောင်းပြီး မင်းသားကြီး၂ယောက် အပြိုင်ကြဲထားတာမလို့ အချိန်ပေးရကျိုးနပ်မှာ အသေအချာပါပဲ
https://m.media-amazon.com/images/M/MV5BNzhiZmZkYjQtMTFlZi00YmQ2LTg5NGEtM2M4ZTg4ZjAyNzI1L2ltYWdlL2ltYWdlXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
Small Soldiers (1998)
⭐IMDB: 6.2/10 (101 k Votes)
🎬 #Action #Adventure #Comedy
🗓️ 1998 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 49 မိနစ် 48 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲ
ဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။
Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့
အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့
အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့
ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကို
သာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့
ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့
ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလို
စောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့
တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကို
ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။
Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့
ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်
အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခု
ကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့
စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့
ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေး
ဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။
လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလို
အတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာက
တမျိုးလေးဗျ Long Long ago Spiderman Triology
ထဲကမင်းသမီးချောလေးပါတွေ့ရတော့
ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။
ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲက
ခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။)
https://image.tmdb.org/t/p/original/oj5wcSTwYBT838q9zCSIVuhXVTO.jpg
Appunti di un venditore di donne (2021)
⭐IMDB: 6.3/10 (356 Votes)
🎬 #Drama #Thriller
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 Italy
⏰ 2 နာရီ 03 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Notes from Women Saleman (2021)
~ IMDb rating – 6.3/10 ~
Drama,Thriller type လေးဖြစ်ပြီး နာမည်ကြီး ဝတ္တုကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားလို့ ကြည့်ရတာ ပျင်းဖို့မကောင်းပဲ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဇာတ်ကောင် Bravo ရဲ့အလုပ်က စော်လေးတွေကို စားဘဲကြီးတွေနဲ့ ချိတ်ပေးရတဲ့ ဝင်ငွေများတဲ့ အလုပ်ဆိုပေမယ့် သူ့အလုပ်အခက်အခဲတွေအကြောင်းရယ်၊ Carla ဆိုတဲ့ အမျိုးသမီး နဲ့ တွေ့ဆုံပြီးနောက် ဘယ်လိုတွေ ဆက်ဖြစ်လဲ…Bravo ငယ်ဘဝက Trauma တွေကဘာတွေလဲ…သူ့ကို လူသတ်မှုမှာ အကွက်ချစီစဥ် ချောက်တွန်းတာ ဘယ်သူတွေလဲ ဆိုတာတွေကို လှည့်ကွက်ကောင်းကောင်းနဲ့ ရိုက်ပြထားထားတာမို့လို့ တစ်ထိုင်တည်းနဲ့ ကြည့်လို့ကောင်းမယ့်ကားလေးပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)
https://image.tmdb.org/t/p/original/yzAq8h2uV5wRR8IRUkqJzlmcSSN.jpg
Arrest The Wicked ( 2022 )
⭐IMDB: ⁉️
🎬 #Action #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 16 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ချစ်ပရိသတ်တို့အတွက် ဆတိုးချေးငွေနဲ့ပတ်သက်ပြီးဗဟုသုတလည်းရ မှတ်သားဖွယ်ရာ တရုတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီကားလေးထဲမှာ ဘယ်ကမှန်းမသိတဲ့ ငွေတွေနဲ့ ချေးငွေလုပ်ငန်းကြီးလုပ်ကာအတိုးပေါ်အတိုးဆင့် ပြီး အတိုးကလူကိုပြန်ဝါးမြိုအောင်တမင် လှည့်ကွက်တွေဆင်ထားတဲ့ ထောင်ချောက်ကြီးအကြောင်းကို ရိုက်ကူးပုံဖော်ထားပါတယ်…
ဇာတ်လမ်းအကျဉ်းလေးကိုဆိုရရင် ကျားဖောင်ဆိုသူဟာသူ့စားသောက်ဆိုင်လေး တိုးချဲ့ဖို့ဆိုတဲ့ စိတ်ကူးနဲ့ငွေတိုးချေးလုပ်ငန်းမှာ ငွေချေးမိရာကနေ နောက်ဆုံးအသက်အန္တရာယ်ကြုံတဲ့အထိ အတိုးက လည်ပင်းပေါ်တက်လာတာပေါ့…
ဒီလိုနဲ့ ဟောင်ကောင်ဘားမှာ အလုပ်လုပ်တဲ့ ဟောက်ဇီတစ်ယောက်လမ်းခွဲကြေး ၃ သိန်းရပြီးကြီးပွားတိုးတက်ဖို့ စိတ်ကူးနဲ့ကျားဖောင်ဆီရောက်လာတာပေါ့… တိုက်တိုက်ဆိုင်ဆိုင်ကျားဖောင်ကလည်း သူ့ကို ပါတနာအဖြစ် စိတ်လိုလက်ရကြိုဆိုနေတာမြင်တော့ သူအပျော်ကြီးပျော်သွားတာပေါ့…
တစ်ဖက်က ကျားဖောင်လည်း အပျော်ကြီးပျော်ကာဟောက်ဇီကို စားသောက်ဆိုင်လွှဲပြီး ထွက်ပြေးသွားလေရဲ့အဲ့တော့ကာ ငွေတိုးချေးသမားတွေကို ငွေပြန်ဆပ်ရမယ့်သူက ဟောက်ဇီဖြစ်သွားတာပေါ့…
နေ့ချင်းညချင်း ဆိုင်ရှင်ကနေ အကြွေးထူဘဝရောက်သွားတဲ့ဟောက်ဇီတစ်ယောက် အတိတ်မေ့နေတဲ့ လူနာတစ်ယောက်နဲ့ ဆုံမိခဲ့ရာကနေ…
ကဲ ဒီတော့ကာ ကျားဖောင်တစ်ယောက် တကယ်ပြေးလွတ်မှာလား…ဟောက်ဇီရော ဘယ်လို ကျော်ဖြတ်မလဲ…ကျားဖောင်လိုပဲ သူလည်း နောက်တစ်ယောက်ပုခုံးပေါ် အကြွေးလွှဲပေးမှာလား…အမြန်သာ ကြည့်လိုက်ကြပါတော့…
https://image.tmdb.org/t/p/original/yzAq8h2uV5wRR8IRUkqJzlmcSSN.jpg
Sarah Takes a Bullet (2022)
⭐IMDB: 8.1/10 (10 Votes)
🎬 #Action #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 16 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ချစ်ပရိသတ်တို့အတွက် ဆတိုးချေးငွေနဲ့ပတ်သက်ပြီးဗဟုသုတလည်းရ မှတ်သားဖွယ်ရာ တရုတ်ကားကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီကားလေးထဲမှာ ဘယ်ကမှန်းမသိတဲ့ ငွေတွေနဲ့ ချေးငွေလုပ်ငန်းကြီးလုပ်ကာအတိုးပေါ်အတိုးဆင့် ပြီး အတိုးကလူကိုပြန်ဝါးမြိုအောင်တမင် လှည့်ကွက်တွေဆင်ထားတဲ့ ထောင်ချောက်ကြီးအကြောင်းကို ရိုက်ကူးပုံဖော်ထားပါတယ်…
ဇာတ်လမ်းအကျဉ်းလေးကိုဆိုရရင် ကျားဖောင်ဆိုသူဟာသူ့စားသောက်ဆိုင်လေး တိုးချဲ့ဖို့ဆိုတဲ့ စိတ်ကူးနဲ့ငွေတိုးချေးလုပ်ငန်းမှာ ငွေချေးမိရာကနေ နောက်ဆုံးအသက်အန္တရာယ်ကြုံတဲ့အထိ အတိုးက လည်ပင်းပေါ်တက်လာတာပေါ့…
ဒီလိုနဲ့ ဟောင်ကောင်ဘားမှာ အလုပ်လုပ်တဲ့ ဟောက်ဇီတစ်ယောက်လမ်းခွဲကြေး ၃ သိန်းရပြီးကြီးပွားတိုးတက်ဖို့ စိတ်ကူးနဲ့ကျားဖောင်ဆီရောက်လာတာပေါ့… တိုက်တိုက်ဆိုင်ဆိုင်ကျားဖောင်ကလည်း သူ့ကို ပါတနာအဖြစ် စိတ်လိုလက်ရကြိုဆိုနေတာမြင်တော့ သူအပျော်ကြီးပျော်သွားတာပေါ့…
တစ်ဖက်က ကျားဖောင်လည်း အပျော်ကြီးပျော်ကာဟောက်ဇီကို စားသောက်ဆိုင်လွှဲပြီး ထွက်ပြေးသွားလေရဲ့အဲ့တော့ကာ ငွေတိုးချေးသမားတွေကို ငွေပြန်ဆပ်ရမယ့်သူက ဟောက်ဇီဖြစ်သွားတာပေါ့…
နေ့ချင်းညချင်း ဆိုင်ရှင်ကနေ အကြွေးထူဘဝရောက်သွားတဲ့ဟောက်ဇီတစ်ယောက် အတိတ်မေ့နေတဲ့ လူနာတစ်ယောက်နဲ့ ဆုံမိခဲ့ရာကနေ…
ကဲ ဒီတော့ကာ ကျားဖောင်တစ်ယောက် တကယ်ပြေးလွတ်မှာလား…ဟောက်ဇီရော ဘယ်လို ကျော်ဖြတ်မလဲ…ကျားဖောင်လိုပဲ သူလည်း နောက်တစ်ယောက်ပုခုံးပေါ် အကြွေးလွှဲပေးမှာလား…အမြန်သာ ကြည့်လိုက်ကြပါတော့…
https://image.tmdb.org/t/p/original/3Hdjclma1lkMeJDsA7VfpOY4Jrd.jpg
Arthur, malédiction (2022)
⭐IMDB: 3.2/10 (476 Votes)
🎬 #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 France
⏰ 1 နာရီ 27 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Arthur, Malédiction (2022)
ဒီကားက ဟိုးတုန်းက နာမည်ကျော်ခဲ့တဲ့ Arthur and the Invisibles Trilogyကို Theme ယူပြီး ရိုက်ထားတဲ့ ဆိုက်ကိုလိုဂျီကယ် ဟော်ရာကား။ ဟော်ရာကားတွေထဲ ဆိုက်ကိုလိုဂျီကယ်ဟော်ရာတွေ ဘယ်လောက်စားလဲ သိကြတယ်မလား။ ဒီကားကလည်း အဲဒီလိုခပ်စားစားကား။ စစချင်းမှာ ကြည့်ရင် အရောင်စိုစို ကလေးဘဝဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်လိုလေး အာသာကားတွေလို ဖြစ်တော့မလိုလိုပုံလေးပြထားတယ်။ အမှန်ပြောရရင် ဒီကားကို ကျွန်တော် ဘာကားလဲ ရှာမကြည့်မိဘူး။ ဒီတိုင်းပဲကြည့်လိုက်မိတာ ဆိုတော့ ဘာအမျိုးအစားလဲတောင် မသိခဲ့ဘူး။ တစ်ဝက်လောက်ထိကို ဖန်တက်စီကားလေးလိုလိုပဲထင်နေခဲ့တာ တစ်ဝက်နားကျမှ အရိပ်အယောင်တွေပြ ဘာတွေပြနဲ့ ဒီကားမဟုတ်တော့မဟုတ်တော့ဘူးလို့ သိလိုက်တယ်။ နောက်ကျမှပဲ သတ်တာဖြတ်တာတွေ ပါလာတော့မှ ဒီလိုကားကိုးလို့ သိလိုက်တာ။ ပြောချင်တာက ဒီတိုင်းကြည့်တဲ့လူတစ်ယောက်ဆို ဘာကားမှန်းတောင် သတိထားမိမှာမဟုတ်ဘူး။ တစ်ဝက်လောက်ကျမှ သတ်ချသွားမယ့် အချိုးအကွေ့ကြမ်းတဲ့ ရုပ်ရှင်ပေါ့။
ဆန်းတာက ဒီကားက ဟိုကားထဲက အဖြစ်တွေ တကယ်မရှိနေသလို ပါတော့ပါပေမဲ့ ဟိုကားထဲကလို မှော်ဆန်နေတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီကားကို Spin-off အဖြစ် သတ်မှတ်ထားတယ်။ ဆန်းတော့ဆန်းပါတယ်။ မကြာခင်မှာ ဂရင့်ဟော်ရာတွေ ဝင်နီသည်ပူးလ် ဟော်ရာတွေလာဦးမှာဆိုတော့ အာသာကိုဟော်ရာပြောင်းပစ်တဲ့ ဒီကားကို ကြည့်ပြီး ကြိုကြိုတင်တင် စိတ်ညစ်ကြလို့ရပါပြီ။ ဒီကားကတော့ အဲဒီ၂ကားလောက် တိုက်ရိုက်မဟုတ်တော့ အဲဒီ၂ကားလောက်တော့ ဖျက်လိုဖျက်ဆီးဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအရသာမျိုးဖြစ်မလဲ အပေါ့စားမြည်းစမ်းကြည့်ကြပေါ့။
(ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BZWI4N2FjYzMtMTE3MC00MThjLTliMzAtYjI1MzMyOGM4YzA0XkEyXkFqcGdeQXVyMjY2MTMwNDI@._V1_FMjpg_UX1000_.jpg
Voir la mer (2011)
⭐IMDB: 5.6/10 (548 Votes)
🎬 #Comedy #Drama #Romance
🗓️ 2011 🎞️ Movie 📺 1080p FHD
🌎 France
⏰ 1 နာရီ 31 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Voir la mer (2011)==============
ဒီတစ်ခေါက်မှာတော့ ပြင်သစ် သုံးပွင့်ဆိုင် ဒရမ်မာကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ နီကိုလာနဲ့ ကလီမန့်လို့ခေါ်တဲ့ ညီအစ်ကိုနှစ်ယောက်က အားလပ်ရက်မှာ သူတို့အမေရှိတာ ပြင်သစ်ကိုအလည်သွားဖို့ ခရီးထွက်လာခဲ့ပါတော့တယ်။ ခရီးမသွားခင်မှာပဲပရူဒန့်ဆိုတဲ့ ကောင်မလေးတစ်ယောက်က နီကိုလာနောက်လိုက်ပါပြီးသူမလည်း ခရီးစဥ်မှာအတူပါလာပါတော့တယ်။
တကယ်တော့ ဇာတ်လမ်းလေးက ရိုးရိုးလေးပါပါပဲ . ညီအကိုတွေခရီးထွက်တယ်၊ ကောင်မလေးက လမ်းကြုံလိုက်တယ်ပေါ့။ မရိုးတာကတော့ ကောင်မလေးနဲ့ ညီအကိုနှစ်ယောက်လုံးနဲ့ ညိတာပါပဲ။ကျန်တာတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါ၊ တစ်ခုသတိပေးချင်တာက မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်တဲ့ အခန်းတွေပါဝင်တာမို့ သတိပြုကြည့်ရှုကြပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်)
https://image.tmdb.org/t/p/original/fJQr6E6tUwihQuQgTSDUkKsrVZA.jpg
Devil's Workshop (2022)
⭐IMDB: 4.3/10 (1 k Votes)
🎬 #Drama #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 USA
⏰ 1 နာရီ 25 မိနစ် 50 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Devil’s Workshop (2022)ဒီရုပ်ရှင်က Horror အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ၁၅နှစ်လုံး အနုပညာလောကမှာ အောင်မြင်မှုမရရှိပဲ ကျပ်တည်းနေတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်က သူရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ကုသနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာဆရာဝန်နဲ့မပြပဲ။ နတ်ဗေဒပညာရှင် (နတ်ဆရာ)တစ်ယောက်နဲ့ သွားပြခဲ့ပါတယ်။ သူ့ရဲ့ အနုပညာ ခြေလှမ်းပြန်လှမ်းမယ့်အချိန်မှာ စိတ်သစ်ကိုယ်ဖြစ်နေအောင် အဲဒီလိုကုသရာကနေ ဘယ်လိုအခက်ခဲတွေနဲ့ ဆက်လက်ရင်ဆိုင်ရမယ်ဆိုတာကို ကိုယ်တိုင်ကြည့် ရှုခံစားကြဖို့ တိုက်တွန်းချင်ပါတယ်။Reviewed & Translated by LwinMoeEncoded by Siran
https://image.tmdb.org/t/p/original/6Ah6JIhQY3UMcejIzZE3X0cyCPt.jpg
Sodium Day (2018)
⭐IMDB: 5.9/10 (22 Votes)
🎬 #Comedy #Drama
🗓️ 2018 🎞️ Movie 📺 1080p FHD
🌎 South Africa
⏰ 1 နာရီ 40 မိနစ် 08 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Sodium day (2022)ကဲ ဒီတစ်ခေါက်မှာတော့ Netflix ကထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ပုဒ်တင်ဆက်ပေးပါမယ်တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုဖို့တစ်လလောက်သာလိုတော့တဲ့အချိန်မှာ အတန်း12A မှာသင်္ချာသင့်မယ့်ဆရာမရှိဖြစ်နေပါတယ် ဆရာမရှိရတဲ့အကြောင်းအရင်းကလည်းအတန်းထဲကကျောင်းသားတွေရဲ့အမွှေဇယားတွေကိုသည်းမခံနိုင်ကြလို့သင်္ချာဆရာတိုင်းထွက်သွားတာပါ အဲဒီနောက်ဆရာတွေတစ်ယောက်ချင်းအစားထိုး၀င်သင်ရင်း အင်္ဂလိပ်စာဆရာအလှည့်ကျလာတဲ့အခါ သူ့ဘာသာရပ်မဟုတ်တဲ့သင်္ချာကိုဘယ်လိုမျိုးအလွဲလွဲအချော်ချော်သင်ပေးမလဲ အဲဒီနေ့မှာပဲယဉ်ကျေးမှုဖလှယ်ဖို့အတွက်မိတ်ဖက်ကျောင်းလာရောက်လာတဲ့ကျောင်းသားသစ်တွေနဲ့ ကျောင်းမှာရှိနေတဲ့ငမွှေထိုးတွေနဲ့ရောဘယ်လိုဇယားရှုပ်ကြမလဲဆိုတာကိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ် တစ်ကားလုံးအမွှေဇယားတွေဆိုပေမယ့်လူမျိုးရေးခြားမှုတွေ William Shakespeare ရေးခဲ့တဲ့King Learအကြောင်းလေးလဲပါတာမလို့ကြည့်ရှု့လို့ကောင်းမယ့်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်Reviewed & Translated by DrunkEncoded by Hubin
https://m.media-amazon.com/images/M/MV5BOGM1ZWNjMzYtZGE4MS00YjhiLWEwZTEtN2Q4YzE3MDY4MGU3XkEyXkFqcGdeQXVyMTAxMTM4NzU@._V1_FMjpg_UX1000_.jpg
A Night at the Kindergarten (2022)
⭐IMDB: 5.9/10 (137 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Poland
⏰ 1 နာရီ 37 မိနစ် 53 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
A Night at the Kindergarten (2022)ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပြဿနာရှာလွန်းလို့ ကျောင်းထုတ်ခံရတော့မယ့် ချစ်သူရဲ့သားကို ကျောင်းမထုတ်ခံရဖို့ လိုက်ကြိုးစားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တကားထဲနဲ့တင် အထက်တန်းလွှာကျောင်းတွေရဲ့ မိဘများကော်မတီတွေရဲ့လွှမ်းမိုးမှုတွေ တကိုယ်ကောင်းဆန်မှုတွေနဲ့အတူ လှည့်ကွက်အမျိုးမျိုးနဲ့လိုက်ကြိုးစားရတဲ့ မူကြိုကျောင်းက တစ်ညတာကိုရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေးလဲဖြစ်သလို ကြည့်ရတာလဲတန်စေမယ့်ကားလေးမို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင် ။ Adult content လေးတွေတော့အချို့ပါတာမို့ မိသားစု ၊ အသက်မပြည့်သးသူတွေနဲ့တော့ မကြည့်ဖို့ တိုက်တွန်းပါရစေရှင့်။Translated and Reviewed by DoHsuHsuEncoded by Hubin
https://image.tmdb.org/t/p/original/r010tHuiYLpE85q8iggUhkuJ5HK.jpg
Stuck with You (2022)
⭐IMDB: 5.4/10 (147 Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 France
⏰ 59 မိနစ် 18 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Stuck With You (2022)ဒီတစ်ခေါက်ကတော့ ထူးထူးခြားခြား နှစ်သစ်ကူးအကြိုညမှာ ပါတီပွဲသွားရင်း ဓာတ်လှေကားထဲမှာ ပိတ်မိနေတဲ့ သူစိမ်း နှစ်ယောက်ရဲ့ ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်။ ဆိုင်ရာပိုင်ရာ လူတွေဆီမှာ သူ့တို့ရဲ့ စိတ်ဝ်ိဉာဏ်ကို ပေးအပ်ထားတဲ့ သူတို့နှစ်ယောက်အပေါ် ဘယ်လို ကံတရားမျိုးတွေ ဖြစ်လာပြီး ဘယ်လိုမျိုး အခက်အခဲတွေ ကြုံတွေ့ခဲ့ရလဲဆိုတာကို ချိတ်ဆက်မှုကောင်းကောင်း လေး ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် New Year Night မှာ အေးအေးလေးနဲ့ Chill ချင်တဲ့ GC ပရိတ်သတ်တွေကို တင်ဆက်ပေးလိုက်ပါတယ်….Happy New Year ….Reviewed & Translated by Yamohn AyeEncoded by Siran
https://image.tmdb.org/t/p/original/sWR1x6UCMCGN9xEf8RGhPS934X0.jpg
The Lion King II: Simba's Pride (1998)
⭐IMDB: 6.4/10 (69 k Votes)
🎬 #Adventure #Animation #Comedy
🗓️ 1998 🎞️ Movie 📺 1080p FHD
🌎 USA, Australia
⏰ 1 နာရီ 21 မိနစ် 06 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lion King 2
********************
အားလုံးရဲ့ အချစ်တော် ခြင်္သေ့လေးစင်ဘာဟာ အရွယ်ရောက်လို့
ဘုရင်ကြီးစင်ဘာအဖြစ် အုပ်စုကို တာဝန်ယူနေပါပြီ။ အရိုက်အရာ
ဆက်ခံမယ့် ခီယာရာဆိုတဲ့ အဖေတူသမီးတော်လေး တစ်ယောက်လည်း
ရှိပါတယ်။ ခီယာရာလေးဟာ အရွယ်ရောက်လို့ အရာရာကို စူးစမ်းလို
စိတ်ပြင်းပြနေပါတယ်။ ဒီတော့ ငယ်ရာကကြီးလာတဲ့ စင်ဘာ စိတ်ပူရပါပြီ။
တစ်ဘက်မှာလည်း နယ်နှင်ခံလိုက်ရတဲ့အုပ်စုက ခြင်္သေ့မ ဇီရာဟာ
စကားရဲ့အရိုက်အရာကို ဆက်ခံမယ့် ကိုဘူးလေးကို ပျိုးထောင်ပေး
နေပါတယ်။ လက်စားချေဖို့ အမုန်းတရားတွေနဲ့ အပြင်းအထန်လေ့ကျင့်
ပေးနေပါပြီ။ ဇီရာဟာ စင်ဘာကို အလစ်ချောင်း လုပ်ကြံဖို့ ကိုဘူးကို
အသုံးချပါတော့တယ်။ အစီအစဉ်အရ ကိုဘူးတစ်ယောက် စင်ဘာနဲ့
နီးစပ်နိုင်ဖို့ သမီးဖြစ်သူ ခီယာရာကို အရင်ချဉ်းကပ်ရပါတယ်။ အသုံးချဖို့
စခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။
အမုန်းတရား လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ အုပ်စုနှစ်ခုကြားက
ချစ်သူနှစ်ဦးရဲ့ လမ်းခရီးလေး ဖြောင့်ဖြူးပါ့မလား အတူပေါင်းစည်းနိုင်ဖို့
ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ မူဖာဆာပြောခဲ့တဲ့အတိုင်း
တစ်သားတည်းဖြစ်အောင် ပေါင်းစည်းနိုင်ပါ့မလားုတာကိုတော့…
https://image.tmdb.org/t/p/original/zEbqAz11yoX8f5zx09xEyfyjIdi.jpg
Ghost Blowing Lantern: Return of the South China Sea (2022)
⭐IMDB: ⁉️
🎬 #Action #Adventure
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 47 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Adventureကိုကြိုက်နှစ်တဲ့ပရိတ်သတ်တွေအတွက်ဇာတ်လမ်းကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်မင်းသားကတော့ ဆုတံဆိပ်တွေအများကြီးရထားတဲ့Pan YueMing နဲ့ X Sister နဲ့ပွဲထွက်ထားတဲ့နာမည်ကြီးမင်းသမီး Zhang YuQiနဲ့ဆိုတော့ ဇာတ်လမ်းကတော့အလွန်ကိုကောင်းလွန်းပါတယ်
ရှေးဟာင်းပစ္စည်းတွေကိုရှာဖွေရတာကြိုက်တဲ့ မောကျင်းအဖွဲ့ ဝင်ဟူပါးယီးတို့အဖွဲ့က ကောင်းချင်းအုတ်ဂူမှာအရဲစွန့်ပြီးနောက် အဖွဲ့ကွဲသွားကြတယ်အမေရိကန်ပါမောက္ခချိန်က နန်းဟိုင်းရဲ့သန္တာကျောက်တန်းမှချင်ဝမ်အရိုးမှန်ကိုရှာဖွေဖို့အတွက် မောကျင်းအဖွဲ့ ဟူပါးယီးတို့ကိုဖိတ်ခေါ်ခဲ့တယ်
ကောင်းချင်းအုတ်ဂူမှာကျိန်စာမိခံရတဲ့ဟူပါးယီးကသွားဖို့ငြင်းဆိုခဲ့ပေမဲ့ အဖွဲ့ဝင်တွေကြောင့် လိုက်ပါခဲ့ပြန်တယ်နန်းဟိုင်းပင်လယ်ကိုသွားတဲ့အချိန်မှာ နှင်းမိုးလေးတွေကျပြီးတော့ထူးဆန်းတဲ့အရာတွေ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုပေါ်လာခဲ့တယ်
မောကျင်းတို့အဖွဲ့က ဒီအခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား?ရတနာပစ္စည်းကိုဆယ်ယူနိုင်မလား?အဲ့နေရာမှာပဲသေဆုံးကြမလားဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်
https://image.tmdb.org/t/p/original/sVJME5R1NmTXtbdnAxYPx7Xa7kr.jpg
The Lion King 3: Hakuna Matata (2004)
⭐IMDB: 6.5/10 (42 k Votes)
🎬 #Adventure #Animation #Comedy
🗓️ 2004 🎞️ Movie 📺 1080p FHD
🌎 Australia, USA
⏰ 1 နာရီ 16 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lion King 3
================
The Lion King ရဲ့ ဇာတ်ဆောင် ခြင်္သေ့လေး စင်ဘာရဲ့ အချစ်တော်
သူငယ်ချင်း တီမုန်နဲ့ ပွန်ဘာကို အားလုံး သိကြပြီးဖြစ်မှာပါ။
ဒီဇာတ်လမ်းလေးမှာတော့ ကန့်လန့်ကာနောက်က တီမုန်နဲ့ ပွန်ဘာတို့ကို
နည်းနည်းသွားကြည့်လိုက်ကြရအောင်…
ဇာတ်လမ်းလေးက ဒီလိုစပါတယ် …
မြွေပါလေးတွေဟာ သက်ရှိစက်ဝန်းကြီးရဲ့ အောက်ပိုင်းက
သတ္တဝါလေးတွေပါ။ ဒီတော့ တခြားအင်အားကြီး သားရဲတွေရဲ့ ရန်ကို
အမြဲပူပန်နေကြရပါတယ်။ တီမုန်တို့ မြွေပါလေးတွေဟာ သူတို့ကို စားမယ့်
ခွေးအတွေ ရန်က ကာကွယ်ဖို့ တစ်နေ့တစ်နေ့ တွင်းတွေတူးရတာနဲ့ပဲ
အချိန်ကုန်နေပါတယ်။ မြွေပါလေး တီမုန်ကတော့ ဒီလို တွင်းတွေတူးရ
ပုန်းကြရတဲ့ဘဝကို သဘောမကျလှပါဘူး။ အများနဲ့မတူတဲ့ တီမုန်
အုပ်စုထဲမှာ အဆင်မပြေဖြစ်လာရပါပြီပြီ။ ဒါ့အပြင် အပြင်မှာ
သူနဲ့အဆင်ပြေတဲ့နေရာ ရှိရမယ်လို့လည်း တစ်ထစ်ချ ယုံကြည်နေပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ သူနဲ့အဆင်ပြေရာကို ရှာဖို့ အမေနဲ့
အဖော်မြွေပါတွေကို ထားခဲ့ပြီး ခရီးနှင်ပါတော့တယ်။ လမ်းမှာ
ဘာလုပ်ရမယ် ဘယ်ကိုသွားရမယ်ဆိုတာ မသိလို့ ငိုနေတဲ့ တီမုန်
ပညာရှိမျောက်ကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ မျောက်ကြီးက
မင်းက ဟာကူနာမာထာထာ-အပူအပင်ကင်းတဲ့ဘဝကို
ရှာနေတာပဲလို့ လမ်းစပေးလိုက်ပါတယ်။ ရှာတွေ့ချင်ရင်
“look beyond what you see” မြင်နေရတာထက်ကျော်ပြီး
ကြည့်နိုင်ရမယ်လို့လည်း လမ်းညွှန်ပေးလိုက်ပါသေးတယ်။
ဟာကူနာမာထာထာကို ရှာဖို့ ကြိုးစားတော့မယ့် တီမုန်လေးရဲ့
လမ်းခရီးမှာ ဘယ်သူတွေနဲ့ ကြုံရဆုံရမလဲ သူတို့လေးတွေကို
ဘယ်လိုအန္တရာယ်တွေစောင့်ကြိုနေမှာလဲ သူစိတ်ကူးထားတဲ့
ဟာကူနာမထာထာကိုရော ရှာတွေ့နိုင်ပါ့မလား ဆိုတာကိုတော့….
https://m.media-amazon.com/images/M/MV5BNjQyZmUxZjEtNzI0ZS00OTI1LWE5ZTItNGE5NTI2NDg4MjRlXkEyXkFqcGdeQXVyMTc4MzI2NQ@@._V1_FMjpg_UX1000_.jpg
Christmas Full of Grace (2022)
⭐IMDB: 4.5/10 (564 Votes)
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 N/A
⏰ 1 နာရီ 46 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ်အခါသမယအတွက် ပရိသတ်ကြီး ရယ်ရယ်မောမောကြည့်ရအောင် ခရစ္စမတ်နောက်ခံ Brazilian romantic comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်
ဇာတ်လမ်းလေးကတော့ဥစ္စာပေါ၊ ရုပ်နည်းနည်းချောတဲ့ Carlinhos ဆိုသူဟာ သူရဲ့ ၁၀ နှစ်တာရည်းစား Bebela ကို လက်ထပ်ခွင့်တောင်းနေတဲ့အချိန်မှာပဲ Bebela ကတခြားမိန်းမတစ်ယောက်နဲ့အတူရှိနေတာကို သိလိုက်ရပါတော့တယ်။
ဒီလို Carlinhos တစ်ယောက် ပုလင်းကွဲလည်းရှ။ ချိုလည်းပေါက်ဖြစ်သွားတဲ့အချိန်က တိုက်တိုက်ဆိုင်ဆိုင် သူ့မိသားစုနဲ့ ခရစ္စမတ်ပိတ်ရက်ကို အတူဖြတ်သန်းဖို့ ချိန်းဆိုထားပြီးသားအချိန် လာဖြစ်နေပါတော့တယ်။
အဲတော့ မိသားစုရှေ့မှာ အရှက်မကွဲချင်တဲ့ Carlinhos ဟာ သူခုမှ ပထမဆုံးတွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို သူ့ရည်းစားအသစ်ယောင်ဆောင်ခိုင်းပြီး သူ့မိသားစုနဲ့တွေ့ဖို့ အိမ်ခေါ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး
https://m.media-amazon.com/images/M/MV5BYTYxNGMyZTYtMjE3MS00MzNjLWFjNmYtMDk3N2FmM2JiM2M1XkEyXkFqcGdeQXVyNjY5NDU4NzI@._V1_FMjpg_UX1000_.jpg
The Lion King (1994)
⭐IMDB: 8.5/10 (1 M Votes)
🎬 #Adventure #Animation #Drama
🗓️ 1994 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 28 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lion King (1994)
==================
IMDb – 8.5/10______Rotten – 94%Won 2 Oscars.Another 35 wins & 34 nominations
ဝေါ့ဒစ်စနေးရဲ့ မာစတာပိစ် တစ်ခုလာပါပြီဗျာ။ ကလေးတုန်းကတည်းက
အသဲစွဲ ကာတွန်းလေးပါ။ IMDb 8.5 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့
တောဘုရင်ခြင်္သေကြီး မူဖာဆာ မှာ စင်ဘာဆိုတဲ့ သားလေးမွေးဖွားလာပြီး
သူ့နေရာကို တစ်နေဆက်ခံခွင့်ပေးဖို့ လျာထားခဲ့ပါတယ်။ အဲဒါကို မကျေနပ်တဲ့
စင်ဘာရဲ့ ဦးလေး မူဖာဆာရဲ့ ညီက ခွေးအတွေနဲ့ ပေါင်းပြီး မူဖာဆာကို
လုပ်ကြံပြီး စင်ဘာလေးကို သူ့အပြစ်လို့ထင်အောင်လုပ်ပြီးအဝေးကြီးကို
ထွက်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာ ခွေးအတွေကို ခြင်္သေ့တွေနဲ့ပေါင်းနေစေပြီး
တောအုပ်ကြီးတစ်ခုလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ အကူညီရှာဖို့ထွက်လာတဲ့
ခြင်္သေမငယ်သူငယ်ချင်းနဲ့ အတိတ်ကနေ ထွက်ပြေးနေတဲ့
စင်ဘာတွေ့ ပြန်တွေ့ကြတဲ့အခါမှာ…….
https://m.media-amazon.com/images/M/MV5BMzc3Yjg1MmUtODllMy00MmZkLTgyNDAtZDg0N2I4OWEzZTkxXkEyXkFqcGdeQXVyNTM0NTU5Mg@@._V1_FMjpg_UX1000_.jpg
Serendipity (2001)
⭐IMDB: 6.8/10 (115 k Votes)
🎬 #Comedy #Romance
🗓️ 2001 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 31 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Serendipity (2001)==============IMDb Rating – 6.8/10
ခရစ်စမတ် ရာသီ နယူးယောက်မြို့တော်မှာ..ဂျိုနာသန်ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ..ဆာရာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို Bloomingdale ဆိုတဲ့ department storeတစ်ခုမှာ စတွေ့ခဲ့မိပါတယ်။
သူတို့နှစ်ယောက်ဟာ ကတ်ရှ်မဲ လက်အိပ်အနက်ကလေး တစ်စုံတည်းကို ဝယ်ဖို့ ပြိုင်တူဆုပ်ကိုင်မိခဲ့တာ..။နှစ်ယောက်လုံးမှာသက်ဆိုင်သူ ကိုယ်စီရှိတော့ စကားအပြန်အလှန်ပြောရင်း လက်ဆုံကျပြီး ဆိုင်ကလေး တစ်ဆိုင်မှာအတူထိုင်ဖြစ်ကြတယ်ဆိုပါတော့..။ ဆိုင်ကလေးရဲ့ နာမည်က Serendipity 3 ပါ။ အပြင်မှာတကယ်လဲရှိပါတယ်။
ကိုယ်တွေ အင်းလျားလမ်းမှာတောင်နာမည်လေးခပ်ဆင်ဆင် တစ်ခုရှိတယ် Serenity လေ။ (Serenity ကို ‘သက်ငြိမ်’ လို့နာမည်ပေးခဲ့ဖူးတယ်၊ အရင်တုန်းက အင်းလျားလမ်းမှာသင်္ကြန်မဏ္ဍပ် လက်မှတ်ဝယ်ရင် ဒီဘက်ကနေ ဟိုဘက်ထိလျှောက်ခဲ့ဖူး။အခုတော့ အဲဒီဆိုင်လေးထာ၀ရပိတ်သွားခဲ့ပါပြီ)
( Serendipity ကိုတကယ်တမ်း အဓိပ္ပါယ်ဆိုရမယ်ဆိုရင် မမျှော်လင့်ပဲရတနာသိုက်ကြီးကိုရှာတွေ့တယ်ဆိုတာမျိုး၊ထပ်ပြီးရှင်းရမယ်ဆိုရင်တော့ရှာမနေပဲနဲ့ အခုမှ ကိုယ့် လက်တွဲဖော်အစစ် ဖူးစာကိုရှာတွေ့သွားတာလို့ဆိုလိုချင်ဟန်ရှိတယ်)။ ခုနက စကားအတိုင်းပြန်ကောက်ရရင် ဆာရာကသူ့ဘဝရဲ့ ဆုံးဖြတ်ချက်တွေ အကြောင်းပြောပြဖြစ်ခဲ့တယ်။ သူတို့နှစ်ယောက်ဟာ စားသောက်ဆိုင်မှာ ကျန်နေခဲ့တဲ့ ပစ္စည်းတွေကို claim လာလုပ်ရင်းနောက်တစ်ခါ ထပ်ဆုံဖြစ်ကြပါတယ်။ ဒါကတော့ ကံကြမ္မာမှာ သူတို့တွေရေစက်ပါလာတယ်လို့ ယူဆပြီး ဖုန်းနံပါတ်လေးတွေ ဖလှယ်ဖြစ်ခဲ့တယ်။ဆာရာ့လက်ထဲက ဖုန်းနံပါတ်ကလေး လေထဲလွင့်ပါးသွားတော့ ဒါဟာနမိတ်ဆိုးပဲလို့ ဆာရာက ယူဆလိုက်တော့တယ်။
ဒီတော့ ဖုန်းနံပါတ်တွေကို တစ်ခြားနည်းနဲ့ ဖလှယ်ဖြစ်ခဲ့တယ်။ တစ်ယောက်က ငါးဒေါ်လာတန်လေးပေါ်မှာ နံပါတ်ရေးတယ်။ နောက် တစ်ယောက်ကမနက်ဖြန်ရောင်းမယ့် စာအုပ်တစ်အုပ်ရဲ့ အတွင်းဖုံးလေးမှာ ရေးတယ်။သူတို့သာ တကယ်တမ်း ဖူးစာဖက်ဆိုရင် တစ်ယောက်ယောက်ဟာ တစ်ခုခုကို ပြန်ရှာတွေ့ပြီး အဆက်အသွယ်ပြန်ရကြမယ်ဆိုတဲ့ မျှော်လင့်ချက်ကလေးတွေကိုယ်စီနဲ့ပေါ့လေ . . . ကဲ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုလိုက်ပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို Alias မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်)
