ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Carbon (2017) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Crime #Thriller 🗓 2017 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 45 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စက်ရုံကြီးတွေက ထုတ်တဲ့ညစ်ညမ်းတဲ့ ကာဘွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့ ပြဿနာတွေက ဟိုးအရင်ကတည်းက အခုလက်ရှိအချိန်အထိ ကြုံတွေ့နေရသေးတဲ့ပြဿနာ တွေပါပဲ။အဲ့ဒါဆိုရင် စက်ရုံတွေကိုဓာတ်ငွေ့မထုတ်အောင် တားမြစ်ပိတ်ပင်လိုက်လို့ မရဘူးလားဆိုတော့လည်း အဲ့ဒါ အတွက် ညစ်ညမ်းခွင့်ပြုချက်ကို အခွန်ဆောင်ဝယ်ယူပြီး အသုံးပြုလို့ရနေပြန်ပါတယ်။အဲ့ဒါကြောင့်လည်း ဆန္ဒပြသူ တွေကပြ စက်ရုံတွေကလည်း အပြုံးမပျက်ဆက်လက် လည်ပတ်နေနိုင်တာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ ဇာတ်ကားမှာတော့ အဲ့ဒီကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းမှု ခွင့်ပြုချက်ကိုအသုံးချပြီး လပိုင်းအတွင်းသူဌေးတစ်ယောက် ဖြစ်လာခဲ့တဲ့လူတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ ဇာတ်ကားအကြောင်းအရာအတိုင်း Carbon ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားတာပဲဖြစ်ပါတယ်။ အန်တွိုင်းရိုကာလို့ခေါ်တဲ့ ပြင်သစ်ကလုပ်ငန်းပိုင်ရှင် တစ်ယောက်က သူ့အဖေဆီကအမွေဆက်ခံထားတဲ့လုပ်ငန်းကို သူ့ရဲ့ ဦးဆောင်မှုညံ့ဖျင်းမှုတွေကြောင့် အကြွေးလည်ပင်းနစ်ပြီး ဆုံးရှုံးရတော့မလိုဖြစ်နေပါတယ်။အဲ့ဒါအပြင်ကိုမှ ယောက္ခထီး ဖြစ်သူကလည်း ဘီလီယံနာသူဌေးကြီးဖြစ်ပြီး မကူညီတဲ့အပြင် ရှယ်ကောနေလို့ အန်တွိုင်းတစ်ယောက်ကြံရာမရဖြစ်နေပါ တော့တယ်။အဲ့ဒါကြောင့် ဒေဝါလီခံဖို့ဆုံးဖြတ်ပြီးခါမှ သူ့လုပ်ငန်းရဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းပိုင်ခွင့်ကို ပိုက်ဆံလေးနည်းနည်းရလိုရငြား ရောင်းလိုက်တာကို တွေ့ပြီး အကြံတစ်ခုရခဲ့ပါတော့တယ်။အဲ့ဒါကတော့ အဲ့ဒီညစ်ညမ်းမှုခွင့်ပြုချက်တွေကို အသုံးချပြီး အခွန်တွေ လိမ်လည်ကာ စျေးကွက်ကြီးတစ်ခုဖန်တီးဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်က တကယ်ကောင်းပေမဲ့များများရင်းမှ များများမြတ်မဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ဆီကနေ ပိုက်ဆံထပ်ချေးခဲ့ ရပါတယ်။ဒါပေမယ့်သူ့ရဲ့ကံ ဉာဏ် ဝီရိယကြောင့်အကြွေးပေါ် အကြွေးမဆင့်သွားတဲ့အပြင် လပိုင်းအတွင်းကျိကျိတက် ချမ်းသာလာပါတော့တယ်။ဒါပေမယ့်မကောင်းမှုတွေ လိမ်လည်မှုတွေနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေဆိုတာ ဘယ်သောအခါမှ ကြာကြာမတည်မြဲနိင်တဲ့အတွက် အန်တွိုင်းရဲ့သူဌေးဖြစ်ပြီးနောက် ရှေ့ဆက်ဘ၀ခရီးမှာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ဘယ်လိုအရာတွေကို ကျော်ဖြတ်ရင်းနဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။...
Bull Durham (1988) ⭐TMDB: 67% User Score 🎬 #Comedy #Romance #Sport 🗓 1988 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားကစားသမား တစ်ယောက် နာမည်ကျော်ဖို့က ဇွဲ လိုတာလား၊ ကံလား ဉာဏ်လား၊ ဝီရိယ လား။ စန်း လား။ ဒါမှမဟုတ် ပါရမီလား။ ကယ်ရိုလိုင်းနား ပြည်နယ် မြောက်ပိုင်းက ဒါဟမ်မြို့ ဘေ့စ်ဘောအသင်းမှာတော့ Ebby ဆိုတဲ့ ရွှေလက်ပိုင်ရှင်လေးက သူဟာ ဘယ်လောက်ထိ ဖြစ်မြောက်နိုင်တယ် ဆိုတာကို သတိမထားမိပဲ ရှိနေပါတယ်။ ပြာဖုံးနေတဲ့ ပတ္တမြားလေး ကို အရောင်တင်ပေးဖို့ တချိန်တည်းမှာပဲ ဘေ့စ်ဘောကို အလွန် နှစ်သက်တဲ့ Annie ဆိုတဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ အမျိုးသမီး အပြင်၊ အတွေ့အကြုံများတဲ့ ဘောလုံးရိုက်သမားCrash တစ်ယောက် ဒါဟမ် အသင်းဆီရောက်လာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ၁၉၈၉ ထုတ် ရုပ်ရှင်မှာ ရယ်မော မြူးကြွစရာ ကြည့်ရှုရမှာပါ။ ၈၀ကျော်ခုနှစ်က ဖက်ရှင်တွေ၊ သီချင်းတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဘေ့စ်ဘော လောကကြီးကို ဘောင်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေကြေးအရလည်း အလွန်အောင်မြင်ခဲ့ပါတယ်။ ဒါရိုက်တာ ကလည်း ဘေ့စ်ဘော ကစားသမား ဖြစ်ခဲ့တာကြောင့် ဇာတ်ကားက ပိုအသက်ဝင်စစ်မှန်ပြီး ဝေဖန်သူတွေက အားကစားရုပ်ရှင်တွေထဲ နံပါတ် ၁ ပါလို့ ချီးကျူးသံတွေလည်း ကြားနေရဆဲပါ။ ငယ်ရွယ်တဲ့ Tim Robbinsနဲ့ Kevin Costner တို့ သူတို့ထက် အသက်ရော၊ ဝါ ပါကြီးရင့်တဲ့ နုပျိုဆဲ မင်းသမီးကြီး Susan Sarandon နဲ့ အတွဲညီညီ သရုပ်ဆောင်တာကိုလည်း တွေ့မြင်ရမှာပါ။ နောက်ဆုံးမှာ Annie တစ်ယောက် ဘယ်သူနဲ့ လက်တွဲသွားမလဲ။ Ebby နဲ့ Crash ရော သူတို့ ရောက်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားကြမလဲ။ အားကစားသမားတစ်ယောက်ရဲ့ အပြောင်မြောက်ဆုံး၊ အောင်မြင်နိုင်ချေအရှိဆုံး အသက်အရွယ်ဟာ ၂၁နှစ် ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီထက် အသက်ကြီးသွားပြီးနောက်မှာ အဲ့ဒီကစားသမားရဲ့ ဘဝက ဘယ်လိုမျိုးလဲ ဆိုတာကို ရသ အစုံနဲ့ ကြည့်ရှုရမယ့် IMDB rating 7၊ Rt 97% တောင်ရထားတဲ့ ကားကောင်းတစ်ကား ပဲ ဖြစ်ပါတယ်။...
Adrishyam – The Invisible Heroes (2024) ⭐TMDB: 0% User Score 🎬 #Drama #Crime 🗓 2024 🎞 Series 🌎 #India ⏰ 46 မိနစ် 48 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Adrishyam – The Invisible Heroes (2024)Adrishyam – The Invisible Heroes (2024) “မျက်ကွယ်” IMDb – 5.4/10အိန္ဒိယမှုခင်းဒရာမာရုပ်ရှင်တွေ ကြိုက်တတ်ရက်နဲ့ IMDb rating 5.4ဆိုတဲ့ပမာဏကို ရိတ်တင်နည်းတယ်ထင်ပြီး မကြည့်မိရင်တော့ လူကြီးမင်းတို့ နောင်တရဖို့ရာ ရာနှုန်းပြည့်ပါပဲ။ ထိပ်တန်းအိန္ဒိယရုပ်သံဇာတ်လမ်းတွဲမင်းသမီး ဒေ့ဗ်ယန်ကာတရီပတီ၊ ရုပ်ကြမ်းသလောက် သရုပ်ဆောင်ပီပြင်လွန်းလှတဲ့ မင်းသားကြီး အီဂျက်ဇ်ခန်းတို့နှစ်ယောက် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ။ အပိုင်း၁၄ပိုင်းနဲ့ Sony LIVကနေ ထုတ်လွှင့်ခဲ့တဲ့အပြင် YouTubeပေါ်မှာပါ အခမဲ့ကြည့်လို့ရအောင် ထုတ်လွှင့်ခဲ့တဲ့ အမိုက်စားဝက်ဘ်စီးရီးတစ်ခု။ရာဗီနဲ့ ပါဗာတီတို့က ဒီဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ကောင်နှစ်ဦး။ အိန္ဒိယမိုးလေဝသဌာနမှာ အလုပ်လုပ်နေပါတယ်ဆိုပြီး သူတို့ချစ်ခင်ရင်းနှီးရတဲ့သူတွေကစလို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးကို အသိပေးထားကြသူတွေ။ သူတို့ရဲ့ တကယ်တမ်းအလုပ်က အကြမ်းဖက်လုပ်ရပ်တွေနဲ့ တိုင်းပြည်ကိုဖျက်ဆီးကြတဲ့ ဆိုးရွားလှတဲ့အကြမ်းဖက်သမားတွေကို တားဆီးနှိမ်နှင်းကြရတဲ့ ထောက်လှမ်းရေးအေးဂျင့်တွေ။မိသားစုကိုယ်စီနဲ့ ဘ၀နှစ်ခုကိုချိန်ညှိရင်း အဆင်ပြေအောင်ရှင်သန်နေကြရသူတွေ။ သူတို့တွေ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးရင်း သူတို့ဘ၀ထဲကလူတွေနဲ့ အဆင်ပြေဖို့ချိန်ညှိနေထိုင်ကြရပုံတွေကို မျက်တောင်မခတ်စတမ်း ခံစားကြည့်ရှုကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Ten Inch Hero (2007) ⭐TMDB: 71% User Score 🎬 #Comedy #Drama #Romance 🗓 2007 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ten Inch Hero (2007)Genre – Comedy, Drama, RomanceIMDB – 7.3/10 ကြည့်နေရင်းနဲ့ ပီတိဖြစ်လို့ ပြုံးရယ်ရတာမျိုး Heartwarmingဖြစ်တဲ့ ဒရမ်မာအချစ်ဟာသကားလေးပါ။ အချစ်ဟာသဆိုလို့ မင်းသမီး မင်းသားဆိုပြီး နှစ်ယောက်တည်းကိုFocus ထားတာမျိုး မဟုတ်ပဲ အသိုင်းအဝန်းလေးတစ်ခုကလူသားတွေရဲ့ ကိုယ်စီ ပြဿနာလေးတွေ အခက်အခဲလေးတွေကိုအချင်းချင်း ဖေးမကူညီပြီး ဘယ်လိုကျော်လွှားကြမလဲဆိုတာကို ရိုက်ပြထားတာလေး ဖြစ်ပါတယ်။ ဒရမ်မာကားဆိုလို့ မိသားစုနဲ့ ကြည့်ဖို့ဆိုရင် အိပ်ရာပေါ်ကအခန်းကိုအပေါ်ဗလာကျင်းနဲ့ ၂ ခန်းလောက်လေး ပါဝင်လို့ သတိတော့ထားရမှာပါ။သရုပ်ဆောင်တွေဆိုရင်လည်း အရင်ဆုံး ပြေးမြင်မိမှာကSupernatural က ကျွန်တော်တို့ အချစ်တော်ကြီး Dean (Jensen Ackles) ဟာဒီကားထဲမှာ ဖက်ရှင်အလန်းစားနဲ့ ထူးထူးခြားခြား ပါဝင်ထားပါသေးတယ်။ ဒါတင်မကပဲ ယခုလက်ရှိ သူ့ ဇနီးဖြစ်သူ Danneel Ackles လည်း ပါဝင်ထားပါသေးတယ်ဒီရုပ်ရှင်တုန်းကတော့ လင်မယားမဖြစ်ကြသေးဘူးပေါ့လေ (ချောတာလည်းအတော်ချောဗျ)။နောက်ပြီး မင်းသမီးလေး ၂ ယောက်ဆိုလည်း ချစ်စရာလေးတွေပါ တခြားသရုပ်ဆောင်တွေလည်းကိုယ်စီနေရာက တာဝန်ကျေပွန်ကြပါတယ်။ ဇာတ်လမ်းလေးကို ပြောရမယ်ဆို ကမ်းခြေမြို့လေးရဲ့ ဆန်းဝှစ်ချ်ဆိုင်ကလူထူးဆန်း အချိန်ပိုင်းဝန်ထမ်းတွေနဲ့ ဆိုင်ပိုင်ရှင်ကြီးကို အခြေပြုတင်ဆက်ထားပါတယ်။ လျှို့ဝှက်ချက်တွေနဲ့ တခြားမြို့ကနေ ပြောင်းလာတဲ့ အနုပညာကောလိပ်ကျောင်းသူလေးရှိမယ်ကောင်လေးတွေကို တစ်ညတာအနေနဲ့ပဲ သဘောထားပြီး အပျော်ရှာ ပေါ့ပေါ့နေတဲ့ ကောင်မလေးရှိမယ်ဆံပင်ပုံအဆန်း အဝတ်အစားအဆန်းတွေနဲ့ ရော့ခ်ကာလေးရှိမယ်အွန်လိုင်းပေါ်ကနေ တွေ့ထားတဲ့ ကောင်လေးကို အပြင်မှာတွေ့ဖို့ ကြိုးစားနေတဲ့ ကွန်ပြူတာကြမ်းပိုးမလေးရှိမယ်လမ်းတစ်ဖက်က သဘာဝတရားကို ချစ်မြတ်နိုးတဲ့ ဗေဒင်ဆရာမကို ကြွေဆင်းနေတဲ့ ဟစ်ပီဆိုင်ပိုင်ရှင်ကြီး ရှိမယ်။ ဒီလူတွေရဲ့ ကိုယ်စီ ဇာတ်လမ်းလေးတွေ လျှို့ဝှက်ချက်လေးတွေတစ်ယောက်နဲ့တစ်ယောက် အချစ်ရေး လူမှုရေး စတာတွေကို ရိုင်းပင်းကူညီကြပြီးကိုယ့်ပန်းတိုင် ရည်ရွယ်ချက်ကို ရောက်ရှိအောင် ဘယ်လိုလေးတွေ လုပ်ကြမလဲဆိုတာနွေးထွေးစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ တွေးမိလိုက်တာကတော့ဒီလိုဆိုင်လေးမှာ ဒီလိုလူတွေနဲ့ လုပ်ကြည့်လိုက်ချင်သေးတယ်ဆိုပြီး Heartwarming ဖြစ်ရသေးပါတယ်။ Rating ကလည်း 7.3 ဆိုတော့ မကောင်းမှာတော့ မပူပါနဲ့။ နောက်ဆုံးတစ်ခုပြောချင်တာကတော့ကျွန်တော်တို့ Dean ကြီး ဒီကားထဲမှာ ဝတ်ထားသမျှ တီရှပ်တွေရဲ့စာသားတွေကို သတိထားဖတ်စေချင်ပါတယ် အတော်ရယ်ရတဲ့ အိုင်ဒီယာလေးတွေမို့လို့ပါ။...
Yellow Dragon's Village (2021) ⭐TMDB: 56% User Score 🎬 #Action #Drama #Horror #Crime #Thriller #Adventure 🗓 2021 🎞 movie 🌎 #Japan ⏰ 1 နာရီ 8 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yellow Dragon Village (2021) Horror ဖန်တွေအတွက် ဂျပန် Horror အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ကောလိပ်ကျောင်းသားသူငယ်ချင်းအုပ်စုတစ်စုဟာ အပျော်ခရီးတစ်ခုထွက်လာရင်းနဲ့လမ်းမှာ မမျှော်လင့်ဘဲ ဖုန်းတိုင်မမိတဲ့နေရာမှာမှ ကားဘီးပေါက်သွားခဲ့ပါတယ်။ဒီလိုနဲ့ ဘေးဘီဝဲယာ အကူအညီရလိုရငြားလိုက်ရှာကြရင်းနဲ့ ရွာတစ်ရွာကို တွေ့သွားပြီးတော့ အကူအညီသွားတောင်းကြပါတော့တယ်။ရွာက လူကြီးတွေကလည်း သဘောတွေအရမ်းကောင်း စားစရာတွေနဲ့ ဧည့်ခံရင်း တစ်ညအိပ်သွားပြီးမနက်ကားပြင်ပြီးမှ သွားကြဖို့ ပြောရာကနေ အဲဒီရွာမှာပဲ တစ်ညအိပ်ဖို့ အကြောင်းဖြစ်လာပါတယ်။ဒီလိုနဲ့ သူတို့ အိပ်ရာကနိုးလာတဲ့အခါမှာ ဒီရွာက ပုံမှန်မဟုတ်ဘူးဆိုတာကို ရိပ်မိသွားပြီးနောက်ပိုင်း ဘယ်လိုတွေ ဖြစ်လာမလဲ …..ကျောင်းသားတွေနဲ့ ဒီရွာနဲ့ ဘယ်လိုတွေ ပတ်သက်နေမလဲ….နောက်ကွယ်မှာရော ဘယ်လို လျှို့ဝှက်ချက်တွေရှိမလဲ… ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Char Ouပဲ ဖြစ်ပါတယ်။...
Precious Cargo (2016) ⭐IMDB: 4.6/10 (10 k Votes) 🎬 #Action #Comedy #Thriller #Crime 🗓 2016 🎞 movie 🌎 #UnitedStates #Canada ⏰ 1 နာရီ 30 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ကြည့်ရှုသူချစ်ပရိတ်သတ်ကြီးကို ၂၀၁၆ကထွက်ရှိခဲ့တဲ့ Precious Cargo ဆိုတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ် ဒီဇာတ်ကားကို ဒါရိုက်တာ Max Adams ကရိုက်ကူးပုံဖော်ထားပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Bruce Willis ,Mark-Paul Gosselaar နဲ့ မင်းသမီး Claire Forlani ,Logan တို့က ပါဝင်သရုပ်ဆောင် ထားပါတယ် ဇာတ်လမ်းအစမှာ ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Mark-Paul Gosselaar တို့အဖွဲ့ လက်နက်အလှယ် အလဲလုပ်ရာကနေ အပြန်အလှန်ပစ်ခတ်ကြပုံနဲ့ စတင် ထားပါတယ် အဲ့နောက် ရုတ်တရက် ဂျက်ခ်ရဲ့ရည်းစားဟောင်း ဖြစ်တဲ့ ကာရန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က အက်ဒီလို ခေါ်တဲ့ တကယ့် လူဆိုးဂိုဏ်းခေါင်းဆောင်နဲ့ ပတ်သက် မိပါတယ် တည်ငြိမ်အေးချမ်းနေတဲ့ ဂျက်ခ်တို့ရဲ့အဖွဲ့လေးဆီကို ကာရန်တစ်ယောက်ရောက်လာတဲ့အချိန်မှာ သူနဲ့အတူမုန်တိုင်း ကိုပါ တစ်ပါတည်းခေါ်ဆောင်လာခဲ့ပါတယ် အကြောင်းက ကာရန်က အက်ဒီလို့ခေါ်တဲ့သူခိုးဓားပြဂိုဏ်းခေါင်းဆောင်ကို အကြွေးပေးစရာသန်းချီရှိနေပါတယ် အဲ့နောက်ကိုယ်ဝန် ရှိချင်ယောင်ဆောင်ထားတဲ့ ကာရန်တစ်ယောက် ကလေးကို ဗန်းပြပြီး စီအိုင်အေရဲ့ ဒေါ်လာသန်းချီတန်တဲ့ စိန်တွေကို ခိုးယူဖို့ ဂျက်ခ်တို့အဖွဲ့ကိုအကူအညီတောင်းပါတယ် ခိုးမယ့်အဖွဲ့ကဂျက်ခ်တို့ အပြင် တကယ့်နာမည်ကျော် အက်ဒီတို့ကပါ ဒီစိန်တွေကို အပြိုင်အဆိုင်ရယူဖို့ကြိုးစား ကြပါတယ် အဲ့ဒီနောက် ဂျက်ခ်တို့ရဲ့သူခိုးဆီကနေ သူဝှက်ပြန်လုမယ့်အစီအစဉ်ကရော ဘာတွေဆက်ဖြစ်ကြမလဲ ကာရန်ဗိုက်ထဲက ကလေးကရောဘယ်သူ့ကလေးဖြစ်မလဲ ဂျက်ခ်တို့ကရော ဒီစိန်တွေကို အက်ဒီနှောင့်ယှက်နေတဲ့ ကြားထဲနေ အောင်အောင်မြင်မြင်ခိုးထုတ်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ ပရိတ်သတ်ကြီးကိုယ်တိုင် လိုက်ပါစီးမျောကြည့်လိုက်ပါဦး ဒီဇာတ်ကားက Action, Comedy & Thriller အမျိုးအစား ကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်...
The World's End (2013) ⭐IMDB: 6.9/10 (299 k Votes) 🎬 #Action #Comedy #SciFi #ScienceFiction 🗓 2013 🎞 movie 🌎 #Japan #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကဲ Three Flavours Cornetto Trilogy ထဲက နောက်တစ်ကားလာပါပြီ…. Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။ The World’s End (2013) ရုပ်ရှင်မှာတော့ Simon Pegg နဲ့ Nick Frost တို့အပြင် Martin Freeman , Rosamund Pike တို့လိုနာမည်ကျော်သရုပ်ဆောင်တွေပါအားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က မအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးကြီး တစ်ခုကို ပြန်လုပ်ကြဖို့ ကြံစည်လာကြပါတယ်။ အဲဒီ စစ်ဆင်ရေးကတော့ သူတို့မြို့ရဲ့ လမ်းတစ်လျှောက်လုံးက အရက်ဆိုင် အကုန်လုံးက အစကနေ အဆုံးထိ ရောက်အောင်တစ်ညထဲနဲ့ သောက်သွားဖို့ပါပဲ။ အရက်ကို ခွေးလိုဝက်လို့ သောက်ဖို့အကြံနဲ့ ဇာတိမြို့ကို ချီတက်လာတဲ့ ဇိုးတစ်သိုက်ဟာ သူတို့မြို့ကို ရောက်ရှိလာချိန်မှာတော့ မထင်မှတ်ထားပဲ လူသားအားလုံးနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဂြိုလ်သားတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ…… ဒီရုပ်ရှင်က အတော်လေးလည်း ရယ်ရပြီး တွေးစရာလေးတွေလည်း ပေးထားမှာမို့ ကိုယ်တိုင်ကြည့်ပြီးမှ တွေးလို့ ပြုံးလိုက် လုပ်နေရမယ့် အမျိုးအစားမျိုးပါပဲ။ Cornetto Trilogy ၃ ကားစလုံး အတည်ပေါက်နဲ့ရယ်နေရတာမလို့ လက်လွတ်မခံသင့်ပါဘူး။...
Oink (2022) ⭐IMDB: 7.1/10 (918 Votes) 🎬 #Animation #Comedy #Family 🗓 2022 🎞 movie 🌎 #Netherlands #Belgium ⏰ 1 နာရီ 13 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခွေးလေး ကြောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးတာများပေမယ့် ဝက်ကလေးတွေကိုတော့ အဲဒီလိုမွေးတာ သိပ်မမြင်ဖူးကြဘူးမလား? ဒီကားထဲက Babs ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့မွေးနေ့မှာ သူ့အဖိုးဆီကနေ ဝက်ပေါက်ကလေးတစ်ကောင်ကို မွေးနေ့လက်ဆောင်အနေနဲ့ လက်ဆောင်ရရှိခဲ့ပါတယ်… အချိန်ကြာလာတာနဲ့အမျှ ကောင်မလေးနဲ့ဝက်ကလေးတို့ ကြားက သံယောဇဉ်ကြိုးဟာပိုပြီးခိုင်မာလာခဲ့ပါတယ် ဒါပေမယ့် ကောင်မလေးကို ဝက်ကလေးမွေးနေ့ လက်ဆောင်ပေးတဲ့သူ့အဖိုးရဲ့တကယ့်သရုပ်မှန်က ဘာလဲ… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကြည့်ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...
The Wedding March (2016) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Comedy #Drama #Family #Romance #TVMovie 🗓 2016 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Wedding March (2016)IMDb – 6.3/10 ခြောက်ကားမြောက်ထိထွက်ရှိခဲ့တဲ့ အမေရိကန်-ကနေဒီယန် rom-comရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲကပထမဆုံးရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကျော် Before trilogyလို ရသမျိုးကို သူ့နည်းသူ့ဟန်နဲ့ ခံစားရစေမယ်လို့ ထင်ပါတယ်။ ရည်းစားဦးကို မြေးဦးရတဲ့ထိတောင် မေ့မရပါဘူးတဲ့။ မစ်ခ်နဲ့ အိုလီဗီယာဆိုတဲ့ စုံတွဲလေးကလည်းငါ့ကို အသဲခွဲသွားတာဆိုတဲ့ တစ်ဖက်သက်ခံစားချက်ကိုယ်စီနဲ့ ဝေးကွာခဲ့ကြတဲ့ရည်းစားဦးတွေ။ မစ်ခ်ကတော့ သမီးတစ်ယောက်အဖေ မုဆိုးဖိုအဖြစ်နဲ့ သာယာလှပတဲ့ရေကန်အနီးကဟိုတယ်အသေးစားလေးကို ဦးစီးလုပ်ကိုင်နေသူတစ်ယောက်။ ငယ်ရွယ်စဉ်က အောင်မြင်တဲ့အဆိုတော်ဖြစ်ခဲ့ပေမဲ့လည်းအကြောင်းကြောင်းကြောင့် ပရိသတ်တွေနဲ့ဝေးကွာသွားခဲ့သူ။တစ်နေ့ သူ့ဟိုတယ်လေးမှာ မင်္ဂလာဆောင်မဲ့ အောင်မြင်နေတဲ့အိမ်ခြံမြေပွဲစားတွေအတွက် မဖြစ်မနေ ဧည့်ခံသီချင်းဆိုပေးဖို့ ကြုံလာပါတော့တယ်။ဖြစ်ချင်တော့ သတို့သမီးက သူ့ငယ်ချစ်ဦး အိုလီဗီယာဖြစ်နေပါရော။ အိုလီဗီယာမှာလည်း ပထမအိမ်ထောင်နဲ့ရတဲ့မစ်ခ်ရဲ့သမီးနဲ့ရွယ်တူ သမီးတစ်ယောက်ရှိနေပါတယ်။ငါ့အသဲကိုခွဲသွားတာဆိုတဲ့ ခံယူချက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်မရဖြစ်နေရာကနေ အကြောင်းအရင်းမှန်ကိုသိလိုက်ရတဲ့နောက်မှာ။မစ်ခ်နဲ့ အိုလီဗီယာတို့ရဲ့ ဇာတ်လမ်းလေးကို တစ်ကားချင်းစီမှာ ရသအမျိုးမျိုးခံစားရစေမှာမို့အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanဖြစ်ပါတယ်)...
To the Wonder (2024) ⭐TMDB: 85% User Score 🎬 #Drama 🗓 2024 🎞 Series 🌎 #China ⏰ 47 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 To the Wonder (2024)ဒီတစ်ခေါက်မှာတော့ CM ရဲ့ တရုတ်ကား အမာခံပရိသတ်တို့အတွက်… သဘာဝရှုခင်းနဲ့ နေ့စဉ်ဘဝကို ရိုးရှင်းစွာ ဖြတ်သားနေတဲ့ ရွာလေးတစ်ခုမှာ ဖြစ်တည်ခဲ့တဲ့ အချစ်ပုံပြင်လေးကို ပုံဖော်ထားတဲ့ My Altay ဆိုတဲ့ဒရာမာတိုလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ My Altay ထဲက လီဝမ်ရှိုးဆိုတဲ့ ကာရိုက်တာဟာ My Altay ဆိုတဲ့ ဝတ္ထုစာအုပ်ကို ရေးသားသူ လီကျွမ်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ချရေးထားတယ်ဆိုတဲ့ အချက်ပါပဲ… ဇာတ်လမ်းအကျဉ်း လီဝမ်ရှိုးလို့ခေါ်တဲ့ တရုတ်ဟန်မျိုးနွယ် မိန်းကလေးတစ်ယောက်ဟာ Altayက မြို့လေးကနေ မြို့ကြီးပေါ်တက်ပြီး ဘဝကို ရုန်းကန်ကြိုးစားနေသူတစ်ယောက်ပေါ့… အလုပ်တွေတစ်ခုပြီးတစ်ခု အဆင်မပြေလိုက် ပြောင်းလိုက်၊မပြေလည်လိုက် ပြောင်းနဲ့ ဘဝဆိုတဲ့ စကားလုံး ၂ လုံးအောက်မှာ ပြားပြားဝပ်ခံနေရသူ တစ်ယောက်ပေါ့… ဒီလိုနဲ့ သူ့မြို့လေးက သူ့အမေရဲ့ ကုန်စုံဆိုင်လေးဆီ အလည်ပြန်တဲ့အချိန်မှာပဲ သူရှာနေတဲ့ ဘဝနဲ့ မတူညီတဲ့ Kazakh လူမျိုးကောင်လေး ပါထိုက်နဲ့ ဆုံတွေ့ခဲ့ပါတော့တယ်…“ပါးထိုက်က ဘယ်လိုလူမျိုးလဲဆိုရင် မြင်းတစ်ကောင်လို ကြီးမားပြီး လယ်ကွင်းပြင်မှာ ထီးထီးမားမားရပ်နေတာ လုံးဝရှင်ဘုရင်တစ်ပါးလိုပဲ” “ပါးထိုက်က ဝမ်ရိုးအတွက်တော့ ဒီရွာလေးကို တစ်ခဏတိုက်သွားတဲ့ လေပြေလေးလိုပဲ သူ့ဘဝထဲကို အေးချမ်းမှုပေးနိုင်သလို ဖမ်းဆုပ်ခွင့်မရှိတဲ့ သူတစ်ယောက်လိုမျိုးပေါ့”ဒီလိုနဲ့ နွေရာသီမှာ ပါးထိုက်ကြောင့် အချစ်ကို ထိတွေ့ခွင့်ရလိုက်တဲ့ ဝမ်ရှိုးတစ်ယောက် ပါထိုက်ကို ချစ်တဲ့အချစ်တွေကြောင့် သူ့ဘဝ ဘယ်လိုပြောင်းလဲသွားမှာလဲ… ဝတ္ထုမဆန်တဲ့ ဘဝထဲကို ဝတ္ထုဆန်တဲ့ အချစ်တစ်ခုဝင်ရောက်လာပြီးနောက် သူတို့ ၂ ဦး ဘဝ ဘယ်လိုအပြောင်းအလဲနဲ့ ရင်ဆိုင်ရမယ်ဆိုတာ ဇာတ်လမ်းလေးကို ကြည့်ရင်း သိရှိလာမှာမို့ ဘဝအမောပြေ ကြည့်ဖြစ်အောင် ကြည့်ကြည့်ဖို့ ပြောချင်ပါတယ်...
The Machine Girl (2008) ⭐TMDB: 59% User Score 🎬 #Action #Comedy #Horror #Adventure #Crime #Thriller 🗓 2008 🎞 movie 🌎 #Japan #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Machine Girl (2008) လူသတ်သမားလို့ အစွပ်စွဲခံရပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခဲ့တဲ့မစ္စတာဟျူဂါမှာ သားနဲ့သမီးနှစ်ယောက်တည်း ကျန်ခဲ့ပါတယ်။အဖေဖြစ်သူရဲ့ အရိပ်မဲကြီးနဲ့အတူ ဘဝကို ရုန်းကန်ရင်းနေလာရတဲ့အာမီနဲ့ ယူတို့ဟာ ဘဝကိုနှစ်ယောက်တည်း ဖြတ်သန်းလို့နေလာကြပါတယ်။ဒီလိုနဲ့ တစ်ရက်ကျောင်းမှာ မောင်လေးဖြစ်သူ ယူဟာယာကူဇာရဲ့သားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရရင်း ဆုံးပါးသွားခဲ့ရပါတယ်။မောင်လေးဖြစ်သူနှင့်အတူ တာကဲရှိဆိုတဲ့ကောင်လေးလည်း အတူသေဆုံးသွားခဲ့ရပါတယ်။ဒီလိုနဲ့ မောင်လေးဖြစ်သူရဲ့ သေဆုံးမှုဟာ သတ်သေတာမဟုတ်ဘဲအနိုင်ကျင့်ခံရလို့ သေသွားရတာကို သိသွားတဲ့အချိန်မှာတော့တာကဲရှိရဲ့ မိဘတွေနဲ့အတူ အာမီဟာ ယူနဲ့ တာကဲရှိတို့ကိုသတ်သွားတဲ့သူတွေကိုဘယ်လိုပုံစံနဲ့ လက်စားချေမလဲဆိုတာကို သွေးသံတရဲရဲနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Char Ouပဲ ဖြစ်ပါတယ်။...
Fall in Love With the Brother-in-law (2020) ⭐TMDB: 40% User Score 🎬 #Adult #Drama 🗓 2020 🎞 Series 🌎 # ⏰ 1 နာရီ 12 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] Fall in Love With the Brother in law (2020) ********************************************** ဒီဇာတ်လမ်းလေးမှာတော့ဇနီးဖြစ်သူ ယူဂျင်းဟာ သူမယောက်ျားနဲ့ ဆက်ဆံရေး အဆင်မပြေတာနဲ့ ယောက်ျားဖြစ်သူကဖောက်ပြန်နေတယ်လို သံသယဝင်နေခဲ့ပါတယ်ဒါကြောင့် သူငယ်ချင်းဖြစ်သူကနေတဆင့် ယောက်ျားဖြစ်သူနောက်ကို လိုက်စုံစမ်းပေးဖိုအေဂျင်စီတစ်ခုကို ရှာတွေ့သွားခဲ့ပါတယ်။ဒါပေမဲ့ လူလိုက်ခိုင်းဖိုအတွက် ငွေလိုနေလို ယောက်ျားဆီက တောင်းပေမဲ့လည်း မရခဲ့ပါဘူးတစ်ဖက်မှာလည်း ယောက်ျားရဲ့ညီဖြစ်သူ မင်ဟိုကလည်း သူတိုလင်မယားနဲ့ အတူတူ တစ်အိမ်တည်းမှာ နေနေတာဖြစ်ပါတယ်မင်ဟိုဟာ သူ့ရဲ့အလိုဆန္ဒပြည့်ဝဖိုအတွက် မရီးဖြစ်သူကို အသုံးချရာကနေဘယ်လိုပြဿနာတွေ ဆက်ဖြစ်လာမလဲယူဂျင်းကလည်း သူ လိုနေတဲ့ ပိုက်ဆံကို ဘယ်လိုရှာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးFile Size MB Quality : 1080p,720p Format…mp4 Duration…01:12:13 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။...
The New Dragon Inn: Heroes Awakening (2024) ⭐TMDB: 0% User Score 🎬 #Action #Mystery #Drama 🗓 2024 🎞 Series 🌎 #China ⏰ 1 နာရီ 25 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နန်းတွင်းမှာ မင်းကြီးနာမကျန်းဖြစ်နေပြီး မိန်းမစိုးတွေစိတ်တိုင်းကျချယ်လှယ်နေတဲ့အချိန်မှာ ကျိုးမိသားစုတစ်ခုလုံးဟာလည်းအပြစ်ရယ်လို့ ကြီးကြီးမားမားမလုပ်မိဘဲ ပုန်ကန်သူအဖြစ်ခေါင်စဉ်အတပ်ခံရပြီး မတရားဖမ်းဆီးခံခဲ့ရပါတယ် ။ အဲဒီအချိန် ကျိုးမျိုးဆက်ဖြစ်တဲ့ ကျိုးဟွိုင်အန်းကို မိန်းမစိုးလက်ထောက်ကရှီးချန်မှာ တစ်အိမ်လုံးအသတ်ခံလိုက်ရတဲ့ ချွီမိသားရဲ့အငယ်ဆုံးသမီးကိုရှီးချန်ကလူတွေလက်ထဲမရောက်ခင် ပြန်လုလာခဲ့ပေးဖို့နဲ့လာမဲ့တစ္ဆေပွဲတော်နေ့မှာ တာဝန်ခံဖုန်ဆီကို လုံမန်ကျွန်းလုံမန်တည်းခိုဆောင်မှာ လွှဲပြောင်းပေးဖို့ တာဝန်ပေးလိုက်ပါတော့တယ် ။ ဒီတာဝန်သာအောင်မြင်ရင် သူ့မိသားစုဝင်တွေရဲ့ စီရင်ချက်ကတစ်မျိုးပြောင်းသွားနိုင်တာမလို့ အခွင့်အရေးကို လက်လွှတ်မခံဖို့ပါမှာကြားလိုက်ပါတော့တယ် ။ဇာတ်လမ်းထဲမှာတော့ ဟွိုင်အန်းတစ်ယောက် ချွီအိမ်ရဲ့သမီးအငယ်ဆုံးလေးကိုဘယ်လိုကယ်တင်လာမယ်ဆိုတာရယ် လုံမန်တည်းခိုဆောင်မှာဘယ်လိုလျို့ဝှက်ချက်တွေ ဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာရယ်ချွီအိမ်ကသမီးငယ်လေးကိုရော ဘာလို့လိုက်သတ်နေကြလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော်...
Mix Up (2024) ⭐IMDB: 4.4/10 (59 Votes) 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 29 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mix Up (2024)“သာယာမှုအသစ်အဆန်း” ဒီတစ်ခါမှာတော့ ထူးထူးခြားခြားအိမ်ထောင်ရေးဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် အိမ်ထောင်ရေးမှာ ဟန်ချက်မျှဖို့က အရေးကြီးဆုံးပါဘဲ။အိပ်ရာပေါ်က ကိစ္စဖြစ်စေ၊ နေ့ဒဓူဝကိစ္စဖြစ်စေ တစ်ဖက်ကဘွင်းဘွင်းရှင်းရှင်းပွင့်လင်းပြီး တစ်ဖက်မှာကျ အုံ့တုံ့တုံ့ဖြစ်နေရင်တော့ ပဋိပက္ခတွေပဲ ဖြစ်တော့မှာပေါ့ မတူတဲ့ စုံတွဲနှစ်တွဲ…. တစ်တွဲမှာ ယောကျာ်းက အရမ်းပွင့်လင်း၊မိန်းမက ရှေးရိုးဆန်ပြီး နောက်ထပ်မောင်နှံကျတော့ယောကျာ်းက မခုတ်တတ်တဲ့ ကြောင်လေးလို၊မိန်းမက ရဲရဲတင်းတင်းနဲ့ ဘယ်လိုမှ လမိုင်းမကပ်ကြဘူး အိပ်ရာပေါ်မှာလည်း လိုချင်တာ မလိုချင်တာ ညှိမရသလိုနေ့စဥ်ဘဝမှာလဲ တကျက်ကျက်ပေါ့ ။ သူတို့ရဲ့ စိတ်ကုဆရာဝန်ကအပန်းဖြေခရီးထွက်ဖို့ အကြံပေးတဲ့အခါမှာ … ပွင့်လင်းသူနှစ်ယောက်ဆုံမိပြီး … အုံ့တုံ့တုံ့နှစ်ယောက်လည်းညားကြပါလေရော ဖောက်ပြန်တာဆိုပေမယ့် သူတို့လိုချင်သလိုtype တူနေတော့ အဆင်ပြေသွားမှာလားနောက်ထပ်ပြဿနာတွေ ရှုပ်လာဦးမှာလား ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ တို့ ဖြစ်ပါတယ်...
Mind Your Language (1977) ⭐TMDB: 82% User Score 🎬 #Comedy 🗓 1977 🎞 Series 🌎 #UnitedKingdom ⏰ 26 မိနစ် 54 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mind Your Language (1977) Mind your Language ဆိုတဲ့ British Sitcom လေးဟာ ကမ္ဘာပေါ်မှာ နာမည်ကောင်းနဲ့ရော၊ နာမည်ဆိုးနဲ့ရော ကျော်ကြားပါတယ်။ ဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ ခေတ်ကာလအခြေအနေက နိုင်ငံရေး လူမျိုးရေး ဘာသာရေးဟာသတွေ ခေတ်စားတဲ့အချိန်လို့ပြောရမလား။ အဲဒီလိုဟာသတွေ ပြောတတ်ရင်ကို ပညာတတ် လူချစ်လူခင်များသူလို့သက်မှတ်တဲ့ခေတ်မှာ ဒီဟာသစီးရီးထဲ ဒီလိုမျိုးတွေ အပြွတ်လိုက်ပါတာ မဆန်းဘူးပြောရမှာပါပဲ။တံခါးပိတ်စနစ် ကျင့်သုံးလုနီးပါးဖြစ်နေတဲ့ တရုတ်နိုင်ငံအပေါ်မှာ ဗြိတိန်သားတို့ အမြင်မကြည်ဘူးထင်ပါရဲ့။ သာတူညီမျှကောင်းစားရေး အရေခြုံကွန်မြူနစ်စနစ်နဲ့ ဒီမိုကရေစီအရေခြုံအရင်းရှင်ဝါဒတို့ အားပြိုင်မှုကိုလည်း တွေ့နိုင်ပါလေရဲ့။ စက်မှုတစ်ခေတ်မှာ ထွန်းတောက်လာတဲ့ ဂျပန်နိုင်ငံကိုတော့ တလေးတစားနေရာပေးထားတာကို ဘက်လိုက်မှုတစ်ခုအနေနဲ့ တွေ့ရပါတယ်။ အီတလီ နဲ့ ပြင်သစ်တို့ကို ထူးထူးကဲကဲ လှောင်ပြောင်မထားပေမဲ့ တဏှာပေမကြီးတဲ့သူတွေအဖြစ် ပုံဖော်ထားခြင်းကလည်း အီတလီ နဲ့ ပြင်သစ်တို့ အဲဒီခေတ်က လူကြီးကြိုက်ကားတွေ အားကောင်းမှုကို မီးမောင်းထိုးပြလိုက်သလိုပေါ့။ အိန္ဒိယ စပိန် ဂျာမန် တို့ကိုတော့ ဗြိတိန်သားတွေ ချမ်းသာပေးထားလေရဲ့။ဘာသာရေးအပိုင်းမှာတော့ အဲဒီခေတ်က နိုင်ငံတိုင်း သိပ်အမြင်မကြည်ဖြစ်ရတဲ့ အစ္စလမ်ဘာသာကို အခွင့်သာတိုင်း ဟာသလုပ်နေတာ တွေ့ရမှာပါ။ ရိုမန်ကက်သလစ်ကိုလည်း ချမ်းသာမပေးထားပါဘူး။ ဘရင်ဂျီဘာသာကိုတော့ ဒီဇာတ်လမ်းတွဲထဲမှာ မတွေ့မိသလိုပါပဲ။ ဒါကြောင့်မလို့ နိုင်ငံရေး လူမျိုးရေး ဘာသာရေး မပြောအပ်တဲ့ ဟာသတွေ တပြုံကြီးပါနေလို့ ရိုက်ကူးသူ ဗြိတိန်တွေကိုယ်တိုင်က ပယ်ဖျက်ထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ဘာသာပြန်တဲ့နေရာမှာတောင် အဲဒီနေရာတွေကို စာတန်းမထိုးထားလို့ နားထောင်ပြီး ပြန်ပေးမယ်စဉ်းစားပေမဲ့ ဆင်ဆာဖြတ်ထိုက်တဲ့ စကားပြောတွေမလို့ မပြန်ပေးတော့တာပါ။ ဒီဟာသဇာတ်လမ်းတွဲက အင်္ဂလိပ်စာကို အင်္ဂလန်မှာ လာရောက်သင်ယူကြတဲ့ နိုင်ငံခြားသားတွေနဲ့ အင်္ဂလိပ်စာ ဆရာတစ်ယောက်ရဲ့ ဖြစ်အင်တွေကို ရိုက်ကူးထားတာပါ။ အင်္ဂလိပ်စာသင်ရင်း ကြုံရတဲ့ဟာသတွေမလို့ ဘာသာရပ်ဆိုင်ရာ အသံထွက်အမှား၊ စာလုံးပေါင်းအမှား၊ အဓိပ္ပာယ်တူစကားလုံးကို အခြားစကားလုံးနဲ့ အစားထိုးမှားတာ စတဲ့ ဘာသာရပ်ဆိုင်ရာ ဟာသတွေ အများစုပါဝင်လို့ အင်္ဂလိပ်စာကျွမ်းကျင်ရင် ပိုပြီးရယ်ရဖို့ရှိပါတယ်။ဘာသာပြန်သူအနေနဲ့ကလည်း ဘာဖြစ်လို့ရယ်ရတယ်ဆိုတာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းပြထားရတော့ ရယ်ရတဲ့ဟာသ အနည်းငယ်ပေါ့သွားနိုင်ပါတယ်။ ဒါပေမဲ့ အနီးစပ်ဆုံး မြန်မာမှုပြုထားတော့ အဆင်ပြေမယ်ထင်ပါတယ်။ ဥပမာအနေနဲ့ အီတလီကျောင်းသားက သူ့ဆရာကို professorie (ပရော်ဖက်ဆော်ရီ) လို့ ခေါ်ပုံက သူတို့နားထဲမှာ ကန့်လန့်ဖြစ်ရတာပေါ့။ ဒီတော့ ကျွန်တော်တို့ဆီမှာ ပရော်ဖက်ဆာ (ပါမောက္ခ) တွေကို ”ပေါင်မုန့်ခြောက်” လို့ ခေါ်တတ်တာလေး သတိရတာနဲ့ သူအဲဒီလိုခေါ်တိုင်း ပါမောက္ခအစား ပေါင်မုန့်ခြောက် လို့ ရေးလိုက်ပါတယ်။ လန်ဒန်အရှေ့ပိုင်းသားတွေရဲ့ ကာရံညီဗန်းစကားတွေကိုလည်း မြန်မာမှုပြုပြီး ဘာသာပြန်ပေးထားပါတယ်။ L (လ) သံ နဲ့ R (ရ) သံ မပီတာလေးတွေကလည်း ဟာသဖြစ်စရာမလို့ မြန်မာမှုပြုလို့ရတဲ့နေရာတွေမှာ မရရအောင် ထည့်ပေးထားပါတယ်ဘယ်လိုပဲဖြစ်ဖြစ် အင်္ဂလိပ်စာကို အတိုင်းအတာတစ်ခုလောက် သိထားရုံနဲ့ ရယ်နေရမှာဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်သူတွေကလည်း ဗြိတိန်ရုပ်ရှင်လောကမှာ ထိပ်တန်းတွေဖြစ်ကြတာမလို့ နာမည်ကြီးထိုက်တဲ့ ဟာသဇာတ်လမ်းတွဲပါ။ မရယ်ရဘူးဆိုရင်တော့ ယဉ်ကျေးမှုကွာခြားတာနဲ့ ဘာသာပြန်သူရဲ့ လိုအပ်ချက်ပဲ ဖြစ်မှာပါ။...
Maryland (2023) ⭐TMDB: 65% User Score 🎬 #Drama 🗓 2023 🎞 Series 🌎 #Ireland #UnitedKingdom ⏰ 50 မိနစ် 28 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Maryland (2023)Maryland (2023)IMDb rating – 6.6 အခုတစ်ခေါက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာက… အပိုင်း ၃ ပိုင်းပဲရှိတဲ့ mini series လေး ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲ အရှည်ကြီးကြည့်ဖို့ အချိန်မပေးနိုင်ဘူးဆိုတဲ့သူတွေအတွက် ကြည့်လို့အဆင်ပြေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျစ်ကျစ်လျစ်လျစ်နဲ့ အဓိကဇာတ်ကြောင်းကို ထိမိဂွိအောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အညွှန်းကတော့…ရိုဆလင်းနဲ့ ဘက်ကာဆိုတဲ့ ညီအစ်မနှစ်ယောက်ရဲ့အမေ မယ်ရီက Isle of Man ဆိုတဲ့ ကျွန်းမှာ ရုတ်တရက်သေဆုံးသွားပါတယ်။ ခရီးထွက်သွားတယ်ဆိုတဲ့ အမေဖြစ်သူက ဒီကျွန်းကို ဘာလို့ရောက်နေရတာလဲ၊ ဘယ်လိုသေသွားတာလဲ စသဖြင့် ပဟေဠိတွေပေါ်လာပါတယ်။ဒါကြောင့် စိတ်မကောင်းစရာဖြစ်ရပ်နဲ့အတူပဲ၊ ဝေးကွာနေတဲ့ ရို့စ်နဲ့ဘက်တို့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းကြပါတယ်။ ဆိုတော့ ညီအစ်မနှစ်ယောက်ကြား ဘာတွေဖြစ်ကြဦးမလဲ၊ သူတို့အမေနဲ့ပတ်သတ်တဲ့ပဟေဠိတွေကို ဘယ်လိုအဖြေရှာကြမလဲ၊ ဘာတွေသိလာရဦးမလဲ ဆိုတာ ကြည့်ရှုရမှာပါ။မိသားစုတိုင်းမှာ ညီအစ်မနှစ်ယောက်ယှဉ်လာရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခလေးတွေကို သဘာဝကျကျပုံဖော်ထားပါတယ်။ သူတို့နှစ်ယောက် ပြန်ပြေလည်အောင် ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာကို စိတ်ခံစားချက်ပေါင်းစုံနဲ့ ကြည့်ရှုကြရမှာပါ။ ရိုဆလင်းအဖြစ် မင်းသမီး Eve Best နဲ့ ဘက်ကာအဖြစ် မင်းသမီး Suranne Jones တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...
The Shamrock Spitfire (2024) ⭐IMDB: 5.3/10 (148 Votes) 🎬 #Drama #War #Biography 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 48 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှတော်ဝင်လေတပ်မှာ အသက် ၂၁ နှစ်နဲ့ အသက်အငယ်ဆုံး ဒုတိယဗိုလ်မှူးကြီးအဖြစ် သမိုင်းဝင်ခဲ့တဲ့ တိုက်လေယာဉ်မှူး အိုင်ယာလန်နိုင်ငံသားလေး ဘရက်ဒန်ရဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားက ဆုပေါင်း ၅၂ ဆုနဲ့ nomination ၇ ဆုဝင်ထားတာပါ။ ဇာတ်လမ်းနာမည်က Shamrock ဆိုတာက အိုင်ယာလန်နိုင်ငံသားတွေရဲ့ သင်္ကေတ အရွက်၃ရွက်ပါ ရှန်မ်ရော့ခ်သစ်ရွက်လေးကို ညွှန်းဆိုတာဖြစ်ပြီး Spitfire ဆိုတာကတော့ ဒုတိယကမ္ဘာစစ်အတွင်း နာမည်ကျော်ခဲ့တဲ့ ဗြိတိန်တိုက်လေယာဉ်ဖြစ်ပါတယ်။ လေယာဉ်ရဲ့ အင်ဂျင်က မြင်းကောင်ရေအား ၁၀၄၀ အားရှိပြီး Rolls Royce မာလင်အင်ဂျင်ဖြစ်ကာ တစ်နာရီကို အမြင့်ဆုံး ၃၇၄ မိုင်နဲ့ ပေ ၃၇၀၀၀ လောက်အထိကို ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဖေက အိုင်ယာလန်ဖြစ်ပြီး အမေ အင်္ဂလိပ်လူမျိုးက မွေးဖွားလာတဲ့ ဘရက်ဒန် ဖီနူကန်လေးက ငယ်စဉ်ကတည်းက ပျံသန်းလိုစိတ်ပြင်းပြသူလေးပါ။ အသက်အရွယ်ရောက်လာတော့ တော်ဝင်လေတပ်ရဲ့ လူသစ်ခေါ်စာကိုတွေ့ပြီး အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ရာမှာ အခက်အခဲအတားဆီးတွေကြားက တပ်စုခေါင်းဆောင်၊ တပ်စုခေါင်းဆောင်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ရောက်ရှိအောင် ဘယ်လိုတက်လှမ်းခဲ့ရသလဲ၊ ဘယ်လိုအခက်အခဲ အတားအဆီးတွေဖြတ်ကျော်ခဲ့ရလဲဆိုတဲ့ အိုင်ယာလန်နိုင်ငံသား Spitfire လေယာဉ်မှူးလေးရဲ့ ဘဝ အနိမ့်အမြင့် အတက်အကျတွေကို ရှုစားကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။)...
Carmen (2022) ⭐IMDB: 5.7/10 (1 k Votes) 🎬 #Drama #Musical 🗓 2022 🎞 movie 🌎 #Australia #France ⏰ 1 နာရီ 56 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Carmen ဆိုတဲ့ဇာတ်ကားလေးကတော့ 2022 မှာထွက်ရှိထားတဲ့ကားလေးဖြစ်ပြီး musical/romance အမျိုးအစားဖြစ်ပါတယ်။Carmen “ကာမန်” ဆိုတဲ့နာမည်လေးက “ကဗျာ” လို့အဓိပ္ပါယ်ရပါတယ်တဲ့။ကာမန်ဆိုတဲ့အမျိုးသမီးငယ်လေးဟာ လွှတ်လပ်မှုကိုရှာဖွေဖို့ မက်စီကိုကနေလော့အိန်ဂျယ်လစ်ကိုခရီးဆက်ရင်း လမ်းမှာအမှတ်မထင်လူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့မိပါတယ်။ သူတို့နှစ်ယောက်အတူတူ အချင်းချင်းရိုင်းပင်းကူညီပြီး လော့အိန်ဂျယ်လစ်ကိုခရီးဆက်ကြရင်း ဘယ်လိုအခက်အခဲမျိုးတွေကိုကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။...
Reasonable Doubt (2014) ⭐IMDB: 5.7/10 (21 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2014 🎞 movie 🌎 #Canada #Germany #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဥပဒေမှာ Reasonable Doubt ဆိုတာက အမှုတစ်ခုနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ကကျူးလွန်တယ် ဆိုတာကို သက်သေတွေအရ အကျိုးသင့်အကြောင်းသင့် သံသယဝင်ပြီးစစ်ဆေးဖို့လုပ်တာကိုခေါ်တာပါ ဒါပေမဲ့ သူဟာတရားခံအစစ်ပါလို့ကောက်ချက် ပြီးစီရင် ချက်ချဖို့ကတော့ အထက်ကပြောခဲ့တဲ့ Reasonable Doubt ဆိုတဲ့ အဆင့်ထက်ကျော်လွန်ဖို့လိုပါတယ်.. ဘာလို့လဲဆိုတော့လူတစ်ယောက်ကို အဲလိုမျိုး အကျိုးအကြောင်းသင့်သံသယဝင်ခံရအောင်လုပ်ဖို့က ပစ္စည်းသက်သေတွေဖန်တီးယူလို့ရတာကြောင့်ပါ. ကဲ ဆိုတော့ ဒီဇာတ်ကားမှာအဲဒါကိုသေသေချာချာ မြင်တွေ့ရမှာပဲဖြစ်ပါတယ် မစ်ချ်ဆိုသူဟာ အစိုးရ ခရိုင်ရှေ့နေရုံးက ဒိတ်ဒိတ်ကြဲရှေ့နေတစ်ဦးဖြစ်ပါတယ် သူ့မှာလှပတဲ့ဇနီးရယ် သမီးလေးရယ်နဲ့ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ထားသူပါ တစ်ညမှာ အမှုတစ်ခုအတွက်သူငယ်ချင်းတွေနဲ့ အောင်ပွဲခံသောက်ကြရင်းအမူးလွန်ပြီး ကားမောင်း အိမ်ပြန်တဲ့မစ်ချ်ဟာ လူတစ်ယောက်ကိုဝင်တိုက်မိ ခဲ့ပါတယ်. အဲဒီမှာစပြီးတော့ မစ်ချ်တစ်ယောက် မကြုံစဖူးအဖြစ်အပျက်တွေကြုံလာဖို့အကြောင်း ဖန်လာတော့တာပါပဲ မစ်ချ်တိုက်မိတဲ့လူက ဘယ်လိုလူမျိုးလဲ.. မစ်ချ်ကကောအဲအတွက်ဘာတွေဆက်လုပ်ရမလဲ… ဆိုတာကိုဆက်ကြည့်ရင်းနဲ့ ဇာတ်ကားကောင်းလေးကိုခံစားလိုက်ရအောင်ပါ...
Sarfarosh (1999) ⭐TMDB: 68% User Score 🎬 #Action #Bollywood #Crime #Drama #Thriller 🗓 1999 🎞 movie 🌎 #India ⏰ 2 နာရီ 43 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sarfarosh (1999) “တာဝန်”IMDb – 8.1/10 ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီးရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါ အိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့်အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန်ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကိုဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီး အကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင်အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါအဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ် လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ ….. အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီအရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
