fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
The Caller (2011) ⭐IMDB: 6.0/10 (12 k Votes) 🎬 #Horror #Mystery #Thriller #Drama #SciFi 🗓 2011 🎞 movie 🌎 #UnitedKingdom #PuertoRico ⏰ 1 နာရီ 32 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Caller (2011) IMDb Rating (6.0) / Rotten Tomatoes (29%) မေရီဟာ နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်နဲ့တရားရင်ဆိုင်ကွာရှင်းပြီးကာစ ပူပူနွေးနွေး မုဆိုးမလေးတစ်ယောက်ဖြစ်ပြီး။ ကိစ္စတွေ ရှင်းပြီးပြီးချင်း တိုက်ခန်းတွဲဟောင်းကြီးတစ်ခုမှာ ရရာအခန်းတစ်ခန်းကိုငှားနေခဲ့ပါတယ်။ အဲ့ဒီအခန်းကိုရောက်ပြီး မကြာမှီမှာပဲ အမည်မသိထူးဆန်းတဲ့ မိန်းမတစ်ယောက်ဆီက ဖုန်းခေါ်ဆိုမှုတွေကို သူ စပြီး လက်ခံရရှိလာပါတော့တယ်။ အဲ့ဒီအမျိုးသမီးဟာ ”ဘော်ဘီရှိလား ဘော်ဘီနဲ့စကားပြောချင်လို့” ဆိုတဲ့ မေးခွန်းကိုတွင်တွင်မေးပြီး မေရီက ဒီတိုက်ခန်းကို သူအခုမှပြောင်းလာတာဖြစ်ပြီး ဘော်ဘီဆို တာကိုမသိသလို ဘော်ဘီဆိုတာလည်းမရှိကြောင်းပြောပေမယ့်လက်မခံပါဘူး။ တစ်ခါတစ်လေဆိုရင် ဘော်ဘီကို မနေ့ညကတောင် ပြူတင်းပေါက်မှာ ရပ်နေတာတွေ့လိုက်သေးတယ်ဆိုတာမျိုးလည်းပြောတတ်ပါသေးတယ်။ မေရီက မယုံသင်္ကာပြန်မေးစမ်းတဲ့အခါမှာလည်း သူနေတဲ့လိပ်စာ အခန်းအစရှိတာတွေမှန်သမျှ ကွက်တိမှန်နေတတ်ပါသေးတယ်။ တစ်နေ့တော့ စကားစပ်မိရင်း စပ်မိရင်း သိလိုက်ရတာက အဲ့ဒီအမျိုးသမီးဟာ အသက် ၄၀ အရွယ်မိန်းမတစ်ယောက်ဖြစ်ပြီး ၁၉၇၀ ဝန်းကျင်က သူနေတဲ့တိုက်ခန်းမှာနေ သွားခဲ့ဖူးတယ်ဆိုတာပါပဲ။ သူ့အနီးဝန်းကျင်မှာစုံစမ်းခဲ့မိတော့ အဲ့ဒီအမျိုးသမီးရဲ့နာမည်အပြည့်အစုံနဲ့ဇာတ်ကြောင်းကိုပါသိခွင့်ရခဲ့ပြီး ဒီတိုက်ခန်းထဲမှာပဲဖုန်းကြိုးနဲ့ဆွဲကြိုးချပြီးသတ်သေသွားခဲ့တာ ကိုပါ ထိတ်လန့်ဖွယ်သိရှိခဲ့ရပါတော့တယ်။ သူနဲ့နေ့တိုင်းဖုန်းပြောတတ်တဲ့ မိန်းမဟာ သူနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်း ၁၉၇၀ ကျော်ကာလမှာ သက်ရှိထင်ရှားရှိနေဆဲလား? ဒါမှမဟုတ် တစ်ချိန်က ဒီတိုက်ခန်းထဲမှာပဲ ဆွဲကြိုးချသေဆုံးခဲ့တဲ့ ဝိဉာဉ်ရဲ့ခြောက်လှန့်မှုတွေလား? အစရှိတဲ့ ပဟေဠိတွေနဲ့အတူ၊ အတိတ်ကာလမှာနေထိုင်ဆဲဖြစ်တဲ့ အမျိုးသမီးဟာ သူနေတဲ့လက်ရှိမျက်မှောက်ခေတ်ကာလအထိအန္တရာယ်ပြုဖို့ကြိုးစားလာတာတွေကို တစ်ကိုယ်တည်းရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ The Caller ဟာ ဗြိတိန်ဟော်ရာဇာတ်ကားတစ်ကားဖြစ်ပြီး Jump scare မပါသလောက်နဲ့ဇာတ်လမ်းဇာတ်အိမ်၊လှည့်ကွက်ကောင်းကောင်းကိုအဆုံးသတ်ထိ သည်း ထိတ်ရင်ဖို့ကြည့်ရှုရမယ့် ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...

Mary (2024) ⭐IMDB: 5.2/10 (7 k Votes) 🎬 #Drama #History #Action 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ ယေရှုကိုယ်တော်ရဲ့ မယ်တော်မေရီအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ biblical film တစ်ပုဒ်ဖြစ်ပါတယ်။ ကလေးမရနိုင်တော့ဘူးလို့ ထင်မှတ်ယုံကြည်နေတဲ့ မိခင်ဖြစ်သူရဲ့ ဝမ်းထဲမှာ မေရီဆိုတဲ့ မိန်းကလေး သန္ဓေတည်ချိန်က စလို့ ယေရှုကို မွေးဖွားတဲ့ အချိန်ထိ မေရီရဲ့ ဘဝအဖြစ်အပျက်တွေကို တစ်ဆင့်ချင်း ရိုက်ကူးထားပြီး စိတ်ဝင်စားဖို့ကောင်းတာမလို့ ရှည်ရှည်ဝေးဝေးတွေ မပြောတော့ဘဲ ဇာတ်လမ်းကိုသာ ကြည့်ရှုလိုက်ကြဖို့ အကြံပြုချင်ပါတယ်။
...

The Snob (2019) ⭐IMDB: 5.4/10 (24 Votes) 🎬 #Crime #Drama #Uncategorized #Comedy 🗓 2019 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 47 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Snob (2019)*************** ဆွန်းဝူဂျောင်းကတော့ ပန်းချီဆရာမ တစ်ယောက်ဖြစ်ပါတယ် သူမမှာ မျက်နှာပြောင်တိုက်တဲ့ အကျင့်ဆိုးရှိပါတယ်… အမြဲတမ်း အခြား ပန်းချီဆရာတွေရဲ့ ပန်းချီတွေကို ပြန်ကူးရေးဆွဲခဲ့ပါတယ်။ ပြန်မွန်းမံတာလို့ အမည်တပ်ပြီး ပန်းချီပြခန်းတွေမှာ ပြသခဲ့တယ်… တစ်ရက်မှာတော့ သူမရဲ့ ပန်းချီကူးချမှုနဲ့ပက်သက်ပြီး တရားစွဲဆိုခံရတဲ့အခါ… သူမ ဘယ်လိုတွေဆက်ပြီး ပန်းချီလောကမှာ ရှင်သန်မှာလဲ… ဆက်ပြီး ဒီလိုတွေဖြစ်နေဦးမလား… သူလိုချင်တဲ့အောင်မြင်မှုကို ရနိင်မလားဆိုတာကိုတော့
...

7/G (2024) ⭐IMDB: 4.6/10 (631 Votes) 🎬 #Bollywood #Mystery #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 18 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 7G (2024) တိုက်ခန်းနံပါတ် 7GImdb 6.6 လူ့ပတ်ဝန်းကျင်မှာ အများဆုံးမြင်တွေ့ရတာကတော့ ရှေ့တစ်မျိုးနောက်တစ်မျိုးနဲ့ မျက်နှာ၂ဖက်ရှိတဲ့လူတွေပါပဲကိုယ့်ထက်သာလွန်ပြီး အောင်မြင်နေတယ်ဆိုရင် ရှေ့မှာတော့ချီးကျူးနောက်ကွယ်ကျ ကိုယ်ဘေးအန္တရာယ်ကျအောင် ခိုးလုပ်တဲ့လူတွေက လက်တွေ့မှာပါ ရှိတတ်ပါတယ် မနာလိုစိတ်တစ်ခုက ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာကိုဒီကားလေးကြည့်ပြီး သတိထားနိုင်ကြဖို့တင်ဆက်ပေးလိုက်ရပါတယ် 7G ဆိုတဲ့တိုက်ခန်းကိုဝယ်ပြီး အိမ်ပြောင်းလာကြတဲ့ ရာ့ဂ်ျ၊ဗာရှာနဲ့ ရာဟူးဆိုတဲ့ မိသားစု ၃ယောက် ..မွေးကတည်းကတိုက်ခန်းငှားနေခဲ့ရတဲ့ဗာရှာက ကိုယ်ပိုင်အိမ်လေးတစ်လုံးရဖို့ဆိုတာ သူ့အိပ်မက်ဆိုလည်းမမှားဘူးပေါ့မိသားစုရယ်ဖြစ်လာတော့ ကိုယ်ပိုင်အိမ်ရဖို့က သူတို့ပန်းတိုင်ဖြစ်ခဲ့ပြီး တကယ်လည်းကြိုးစားနိုင်ခဲ့တယ် အိမ်သစ်တက်ပွဲအနေနဲ့ အသိမိတ်ဆွေတွေဖိတ်ပြီး ပါတီပွဲလေးလုပ်မိကြတယ် ဒါပေမဲ့ ဒီပါတီပွဲကသူတို့ဘဝကို ကံဆိုးမိုးမှောင်နဲ့ ကမောက်ကမဖြစ်စေနိုင်မဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်လာလိမ့်မယ်ဆိုတာသာသူတို့ကြိုသိခဲ့ရင် သူတို့လုပ်ဖြစ်ကြဦးမလား… သူတို့အောင်မြင်မှုကို မနာလိုဖြစ်နေတဲ့လူတစ်ယောက်က သူတို့ဘဝထဲဘယ်လိုပရလောကသားတွေကိုခေါ်သွင်းလာမလဲမမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ သူတို့ဘယ်လိုတွေရုန်းကန်ရမယ်ဆိုတာကိုတော့…. ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

Roti Kapda Romance (2024) ⭐IMDB: 7.4/10 (1 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 33 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Roti Kapda Romance 2024 (ဘော်ဒါ၄ယောက်ရဲ့ အချစ်ခရီးလမ်း) ဟာရှာ,ဆူရ်ယာ, ဗစ်ကီနဲ့ ရာဟူးဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။ သူတို့လေးယောက်လုံးဟာ ငယ်စဉ်အရွယ်တုန်းက မိဘတွေကမထိန်းနိုင်တော့ဘဲအဆောင်ပို့ရတဲ့အထိကို ဆိုးခဲ့ကြတဲ့ သူတို့လေးယောက်၊အဆောင်မှာ လေးယောက်သား ဆုံတွေ့ခဲ့ကြရင်းနဲ့အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လို့လာခဲ့ပါတယ်။ ငယ်ငယ်တုန်းကတော့ မခွဲအတူ အမြဲတမ်းနီးနီးကပ်ကပ်ရှိနေခဲ့ကြတဲ့အချိန်မှာပဲသူတို့ရဲ့ခင်မင်မှုတွေကြားမှာ မုန်တိုင်းထန်စေမယ့် ကောင်မလေးတွေသူတို့ဘဝထဲကို ရောက်ရှိလို့လာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းလေးယောက် ခင်မင်မှုတွေပျက်ကုန်ပြီး အကုန် ကွဲကုန်ကြပါတော့တယ်။ဒါပေမဲ့လည်း သူငယ်ချင်းသံယောဇဉ်ကလွယ်လွယ်နဲ့ မဖြတ်တောက်နိုင်တော့အချိန်ကြာလာတာနဲ့ သူတို့ ပြန်လည်သင့်မြတ်သွားကြပါတော့တယ်။ ဒါပေမဲ့လည်း အကုန်လုံးနေရာတွေ မတူညီတော့ပဲ ဝေးကွာနေကြတာပေါ့ ။ ဒီအချိန်မှာ ဆူရ်ယာဟာ အိမ်ခြံမြေလုပ်ငန်းနဲ့ တော်တော်လေးအလုပ်ဖြစ်နေပြီးတော့သူငယ်ချင်းတွေနဲ့ပြန်ဆုံတွေနိုင်ဖို့ အကုန်လုံးကို သူရှိတဲ့ဂိုအာကိုလာဖို့အတွက်လက်မှတ်ဝယ်ပို့လိုက်ရင်း သူငယ်ချင်း၄ယောက် ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ ၄ယောက်သား ပြန်ဆုံတွေ့လာတဲ့နောက်မှာ သူတို့ရဲ့ခင်မင်မှုတွေကို ဖျက်ဆီးခဲ့တဲ့တစ်ချိန်တုန်းက ကောင်မလေးတွေကို မကျေမနပ်ဖြစ်နေသေးတဲ့ ဆူရ်ယာတစ်ယောက်သူ့အနေအထားကို ပြပြီးတော့ ပြန်ချေချင်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့တည်ငြိမ်နေတဲ့ဘဝကို ဖျက်ဆီးသွားခဲ့တဲ့ ကောင်မလေးတွေရဲ့ ဘဝကို၄ယောက်ပေါင်းပြီး ဘယ်လိုတွေ ပြန်လည်နှောင့်ယှက်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

The Dishwasher (2023) ⭐IMDB: 7.2/10 (617 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Canada ⏰ 2 နာရီ 7 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ် စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင် Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင် အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကို အခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာ Prix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို ၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်… မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေး တစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ် လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊ လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင် မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်
...

The Heist Before Christmas (2023) ⭐IMDB: 5.2/10 (728 Votes) 🎬 #Adventure #Family #Comedy #Drama 🗓 2023 🎞 movie 🌎 #Ireland #UnitedKingdom ⏰ 1 နာရီ 17 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Heist Before Christmas (2023) IMDb Rating (5.2) ငွေကြေးဆင်းရဲလို ခရစ္စမတ်ကိုမုန်းတီးနေတဲ့ Mikey Collins ဆိုတဲ့ 12 နှစ်အရွယ်ကောင်လေးက သူ့အမေနဲ့ရန်ခဏခဏဖြစ်တဲ့ ခပ်ဆိုးဆိုးကလေးလေးတစ်ယောက်ပါ။ သူက ခရစ္စမတ်မတိုင်ခင်မှာ ဆန်တာဝတ်စုံနဲ့ ဘဏ်ကိုဓားပြတိုက်သွားတဲ့ လူကြီးတစ်ယောက်ကိုလမ်းပြပြီး ခိုးသွားတဲ့ပိုက်ဆံဝေစုကို ယူဖိုကြံစည်ခဲ့တယ်။ ဒါပေမဲ့ ဘဏ်ဓားပြဆန်တာကို တောထဲမှာသွားရှာရင်း သူ့ကိုယ်သူ ဆန်တာပါလိုပြောတဲ့ ဆန်တာဝတ်စုံနဲ့ အဖိုးကြီးတစ်ယောက်ကိုတွေ့ခဲ့တယ်။ Mikey ကတော့ အဲဒီဆန်တာဖိုးဖိုးကို အတိတ်မေ့သွားတဲ့ ဘဏ်ဓားပြလိုထင်ခဲ့ပေမဲ့ သူ့ညီလေးကတော့ တကယ့်ဆန်တာအစစ်ဆိုပြီးယုံနေလေရဲ့။ Mikey ဘဏ်ဓားပြရဲ့ ခိုးထားတဲ့ငွေကိုရအောင် စွန့်စားရင်း ခရစ္စမတ်ရဲ့အဓိပ္ပါယ်၊ မျှော်လင့်ချက်နဲ့ မိသားစုချစ်ခြင်းတွေကို နားလည်သဘောပေါက်လာမဲ့အကြောင်း သရုပ်ဖော်ထားတဲ့ ခရစ္စမတ်ဟာသဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)
...

28 Days Later (2002) ⭐TMDB: 72% User Score 🎬 #Drama #Horror #Mystery #Thriller #ScienceFiction 🗓 2002 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 53 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခေတ်သစ် Zombie ရုပ်ရှင်ကမ္ဘာရဲ့ မှတ်တိုင်တစ်ခု==================================== ဒါရိုက်တာ – Danny Boyle ထွက်သည့်နှစ် – ၂၀၀၂ အဓိက သရုပ်ဆောင်များ – Cillian Murphy, Naomie Harris, Christopher Eccleston 28 Days Later ဟာ ရိုးရိုး zombie ဇာတ်ကားတွေနဲ့ မတူတဲ့ ထူးခြားမှုတွေရှိနေပါတယ် ဒါရိုက်တာ Danny Boyle ဟာ ဒီဇာတ်ကားကို Digital Video Camera တွေနဲ့ ရိုက်ကူးခဲ့ပြီး London မြို့ကြီးရဲ့ လူသူကင်းမဲ့နေတဲ့ မြင်ကွင်းတွေကို ထိတ်လန့်စရာကောင်းလောက်အောင် ရိုက်ကူးပြသခဲ့တာပါ ဇာတ်လမ်းအကျဉ်း Jim (Cillian Murphy) ဆိုတဲ့ courier တစ်ယောက်ဟာ ဆေးရုံမှာ ၂၈ ရက်ကြာ Coma နေရာကနေ နိုးလာတဲ့အခါ London မြို့ကြီး လူသူကင်းမဲ့နေတာကို တွေ့ရှိရပါတယ်။ “Rage virus” ဆိုတဲ့ ဗိုင်းရပ်စ်ကြောင့် လူတွေ အကြမ်းဖက်သတ္တဝါတွေဖြစ်ကုန်ကြတာကို တွေ့လိုက်ရတဲ့ အခါမှာ Jim ဟာ Selena (Naomie Harris)၊ Frank (Brendan Gleeson) နဲ့ Hannah (Megan Burns) တို့နဲ့ တွေ့ဆုံပြီး အသက်ရှင်ရပ်တည်ဖို့ ကြိုးစားရပါတော့တယ် ထူးခြားချက်များ ဒီဇာတ်ကားမှာပါတဲ့ infected တွေဟာ ရိုးရိုး zombie တွေလို နှေးကွေးစွာ မလှုပ်ရှားဘဲ အလွန်မြန်ဆန်ပြီး ကြမ်းတမ်းကြပြီးတော့ Digital Video ကင်မရာသုံးထားတာကြောင့် ပိုမို realistic ဖြစ်စေပြီး documentary ပုံစံမျိုး ခံစားရမှာပါ Post-apocalyptic London ရဲ့ ရိုက်ကွင်းတွေကို နာမည်ကြီး tourist နေရာတွေမှာ အစစ်အမှန် ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်များအကြောင်း Cillian Murphy ရဲ့ Jim ဇာတ်ရုပ်က ရိုးသားပြီး လူသားဆန်တဲ့ ဇာတ်ရုပ်ကို အထာကျကျ သရုပ်ဆောင်ထားပြီး Naomie Harris ကလည်း သူ့ရဲ့ ခက်ထန်ပြီး အသက်ရှင်ရပ်တည်ရေးကို ဦးစားပေးတဲ့ Selena ဇာတ်ရုပ်နဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါရိုက်တာအကြောင်း Danny Boyle ဟာ Trainspotting၊ Slumdog Millionaire လို နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဖြစ်ပြီး ဒီဇာတ်ကားမှာလည်း သူ့ရဲ့ ထူးခြားတဲ့ ရိုက်ကူးမှုပုံစံတွေကို တွေ့မြင်ရမှာပါ ဥပမာ – handheld camera techniques တွေ၊ အရောင်အသွေး ပြုပြင်မှုတွေနဲ့ တီးလုံးအသုံးပြုပုံတွေဟာ ဇာတ်လမ်းရဲ့ စိတ်ဖိစီးမှုနဲ့ တင်းမာမှုတွေကို ပိုမိုထင်ဟပ်စေပါတယ်။ 28 Days Later ဟာ zombie genre ထဲမှာ မှတ်တိုင်ထူနိုင်ခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ လူသားတွေရဲ့ survival instinct၊ လူ့အဖွဲ့အစည်းပြိုကွဲသွားတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ပဋိပက္ခတွေကို ထိထိမိမိ တင်ပြထားပါတယ်။ နောက်ပိုင်းထွက်ရှိလာတဲ့ zombie ဇာတ်ကားတွေအပေါ် လွှမ်းမိုးမှုရှိခဲ့ပြီး ခေတ်သစ် horror genre ကို ပြောင်းလဲစေခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
...

Lake George (2024) ⭐IMDB: 6.3/10 (516 Votes) 🎬 #Crime #Thriller #Comedy #Drama 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ Golden Globes ဆု နဲ့ Peabody Awards ဆုရ ဒါရိုက်တာကြီး Jeffrey Reiner ရဲ့ဇာတ်ကားလေးဖြစ်ပြီး Rotten Tomatoes မှာလည်း 95% certified ဖြစ်တဲ့ကားလေးဖြစ်လို Crime/Drama အမျိုးအစားတွေကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ် ပရိသတ်တို လက်လွှတ်မခံသင့်တဲ့ကားလေးပဲဖြစ်ပါတယ်… ထောင်ကထွက်လာခါစ အရာရာဆုံးရှုးပြီးသား Don တစ်ယောက် ဘဝသစ်ပြန်စဖို ထောင်မကျမီတင်ကျန်နေတဲ့ အကြွေးငွေ သွားတောင်းရာမှ လူသတ်မှုတစ်ခုကျူးလွန်ဖို အတင်းအကြပ် စေခိုင်းခံရတဲ့အပေါ်အခြေခံ ဇာတ်အိမ်ဖွဲထားတာဖြစ်ပြီး ခပ်ထုံထုံ ခပ်အေးအေးထောင်ထွက် တစ်ခုလပ် Don နဲ့ ကိုကင်းကုန်သည်ရဲ့ ချစ်သူ သွက်သွက်လက်လက်မိန်းမလည် Phyllis တို မမျှော်လင့် ထားတဲ့ပြစ်မှုတွေ ကျူးလွန်မိသွားပုံကို တင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ် တစ်ဖက်မှာလည်း ပျော်ခဲ့ရတဲ့အတိတ်ကို ပြန်တမ်းတရင်း ပြိုကွဲသွားတဲ့ အိမ်ထောင်ရေးကို ပြန်တည်ဆောက်ဖိုကြိုးစားနေတဲ့ ဒွန်ရဲ့အခြေအနေကိုပါ ဂရုဏာသက်ဖွယ်တင်ဆက်ထားတာဖြစ်တဲ့ အတွက် Crime နဲ့ Drama ကို မျှတအောင်တင်ဆက်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို ခံစားကြည့်ရှုနိုင်ဖို ညွှန်းဆို ပေးလိုက်ရပါတယ်
...

Mudbrick (2023) ⭐IMDB: 6.1/10 (1 k Votes) 🎬 #Horror #Drama 🗓 2023 🎞 movie 🌎 #Serbia ⏰ 1 နာရီ 29 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Horror ချစ်သူများအတွက် Psycho ဆန်ဆန် Horror ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Mudbrick ဖြစ်ပြီး လက်ရှိ IMDb Rating 7.9 အထိရရှိထားပါတယ်။ ဘက်ဂျက်အများကြီးနဲ့ အလန်းစားတွေရိုက်ကူးထားတာမျိုး မဟုတ်ဘဲ ကျေးလက်ဒေသလေးတစ်ခုမှာပဲ ဇာတ်ကားနာမည် အတိုင်း ရွှံ့အုတ်နဲ့ဆောက်လုပ်ထားတဲ့အိမ်လေးတစ်အိမ်နဲ့ လယ်ကွက်တစ်ခုမှာ ဇာတ်ကောင်နည်းနည်းနဲ့ ခြောက်ခြားအောင် တစ်မျိုးကြီးဖြစ်အောင်ရိုက်ကူးထားတာမျိုးပဲဖြစ်တဲ့အတွက် တစ်မျိုးတစ်ပါးလေးရှုစားချင်တဲ့လူတွေအတွက်ကတော့ကွက်တိပါပဲ။ ဇာတ်လမ်းအစမှာတော့ အထက်ကပြောခဲ့တဲ့ ရွှံ့အုတ်နဲ့ဆောက်ထားတဲ့ ယာကို့ဗ်ရဲ့အိမ်လေးကို မတွေ့ရတာတော်တော်ကြီးကိုကြာနေပြီ ဖြစ်တဲ့ပေါလ်တစ်ယောက်ပြန်ရောက်လာခဲ့ပါတော့တယ်။ အဓိကပေါလ်ပြန်လာရတဲ့အကြောင်းအရင်းက သူတို့နှစ်ယောက်ရဲ့ အဖေဖြစ်သူဆုံးပါးသွားပြီး ယာကို့ဗ်နေနေတဲ့အိမ်ကို သူ့ကိုအမွေ ပေးခဲ့လို့ပဲဖြစ်ပါတယ်။မတွေ့ရတာကြာပြီးမှဒီအတိုင်းအမွေယူဖို့ ပြန်လာတယ်ဆိုရင်လည်းမကောင်းတဲ့အတွက် ညီအစ်ကိုနှစ်ယောက် ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း အတူနေထိုင်ခဲ့ကြရင်း ဒီအိမ်ပေါ်မှာအစွဲအလမ်းကြီးတဲ့ယာကို့ဗ်ရဲ့စိတ်ထားအမှန်တွေ ပေါ်လာတဲ့အခါမှာတော့ ဘယ်လိုကြောက်မက်ဖွယ်ရာတွေကို ဘယ်လိုဇာတ်ကွက်တွေနဲ့ရိုက်ကူးထားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားဖို့ညွှန်းပေးလိုက်ချင်ပါတယ်။
...

The Snow Sister (2024) ⭐IMDB: 7.0/10 (2 k Votes) 🎬 #Drama #Family #Fantasy #Adventure 🗓 2024 🎞 movie 🌎 #Norway #UnitedStates ⏰ 1 နာရီ 38 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇင်ဘာလကို ရောက်ရှိလာပြီဆိုတော့ CM ကနေ ခရစ္စမတ်ကားလေးတွေ ဘာသာပြန်တင်ဆက်ပေးဖို့ အချိန်ကို ရောက်လာပါပြီ ။ ဒီတစ်ခါ တင်ဆက်ပေးလိုက်တဲ့ ကားလေးကတော့ IMDb 7.1 ရရှိထားတဲ့ ခရစ္စမတ် ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ခရစ္စမတ်မှာ မပျော်တဲ့သူဆိုတာ မရှိဘူးလို့ လူတိုင်းက ထင်ချင်ထင်ကြပါလိမ့်မယ် ။ ဒါပေမဲ့ ယူလီယန်ဆိုတဲ့ ကောင်လေးကတော့ ခရစ္စမတ်ရောက်မှာကိုတောင် စိုးရိမ်မိပါသတဲ့ ။ ဒီလိုနဲ့ သူ တစ်သက်လုံး မပျော်ရွှင်ရ လောက်တော့ဘူးလို့ ထင်ခဲ့တဲ့ ခရစ္စမတ်ကာလမှာ ယူလီယန်ဟာ ဟက်ဗစ်လို့ ခေါ်တဲ့ ထူးထူးဆန်းဆန်း သူငယ်ချင်းမလေးတစ်ယောက် ရခဲ့ပါတယ် ။ ယူလီယန် ရေကူးတော်တာကို အရမ်းအားကျတဲ့ သူငယ်ချင်းမလေး ဟက်ဗစ်က သူကိုယ်တိုင်တော့ ရေကူးရမှာကြောက်ပါတယ်တဲ့ ။ မိသားစုဝင်လည်း တစ်ယောက်မှမတွေ့ရဘဲ အိမ်မှာ အမြဲတစ်ယောက်တည်းလိုလိုတွေ့ရတတ်တဲ့ ဟက်ဗစ်မှာ ဘာလျှို့ဝှက်ချက်တွေရှိနေမှာလဲ ။ အဲဒီလျှို့ဝှက်ချက်တွေက သူတို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးကို ပြောင်းလဲစေမှာလား ။ ယူလီယန်ရဲ့ ခရစ္စမတ်ကရော ပြန်လည်အသက်ဝင်လာနိုင်မှာလား ဆိုတာကိုတော့ အားလုံးပဲ အတူတူ ကြည့်ရှုလိုက်ရအောင်ပါနော်
...

Run! (2024) ⭐IMDB: 3.6/10 (92 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Run! (2024) ဒါရိုက်တာ Bill Brenenstuhl နှင့် Paul Stenerson တို့ thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေးလံခေါင်သီတဲ့ သဲကန္တာရမြို့လေးမှာ သူတို့ရဲ့ ကတိသစ္စာတွေပြုရင်းကနေ စိတ်ရူးပေါက်နေတဲ့သူတစ်ယောက်ရဲ့ဂိမ်းလေးထဲကိုရောက်သွားရာကနေ ဇာတ်လမ်းလေးကိုစထားပါတယ် ။ ရုပ်ရှင်သည် သည်းထိတ်ရင်ဖိုစရာ အခြေအနေမှာ ချစ်ခြင်း၊ ဒဏ်ပေးခြင်း၊ရှင်သန်ခြင်း အကြောင်းအရာတွေကိုစူးစမ်းတယ်ပေါ့။ ဒီဇာတ်ကားမှာ Alena von Stroheim၊ Jeremy Miller၊ Kevin Muster နဲ့ Jackie Green တို့ ပါဝင်ပါတယ်။ review ပေးတဲ့သူတော်တော်များများကတော့မကောင်းဘူးပြောကြတာများပါတယ်။ သည်းထိတ်ရင်ဖိုဇာတ်ကားများကို‌နှစ်သက်ရင်တော့ Run! ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

Singham Again (2024) ⭐IMDB: 5.1/10 (73 k Votes) 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Singham Again 2024 (IMDb 5.8/10) ဆင်ဂဟမ် ပြန်လာပြီ….. အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင်ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီ ဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ် 2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီးကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ် Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲသေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စအာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ် သရုပ်ဆောင်ကြေးနဲ့တင်မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲ ဇာတ်ကားနာမည် သရုပ်ဆောင်နဲ့တင် ရှိန်စရာမို့ဇာတ်လမ်းအကျဉ်းလေးကို နဲနဲလေးပဲပြောပါတော့မယ်။ဇာတ်လမ်းကတော့ အာရှေးရဲ့ရဲအဖွဲ့သစ်ကို တည်ထောင်ပြီးချိန်မှာ အငြိုးကြီးတဲ့ရန်သူတွေကအာရှေးဇနီးကို ပြန်ပေးဆွဲတာကို ကယ်တင်ဖို့အတွက် ရာမာယနဇာတ်ကို Reference ယူထားပြီးတော့အာရှေးနဲ့သူ့အဖွဲ့သားတွေက ကြိုးစားကြတာကို မိန်းမလဲကယ် နိုင်ငံတော်ကိုဘယ်လိုကာကွယ်မလဲဆိုတာ အချစ်အလွမ်းအက်ရှင်စုံစွာနဲ့ ကြည့်ရှုအားပေးရမှာပါပဲ ပါဝင်တဲ့သရုပ်ဆောင်တွေနဲ့တင် တန်နေတဲ့ဇာတ်ကား ပရိသတ်ကြီးလည်းကာလရှည်စွာစောင့်မျှော်နေရတဲ့ဇာတ်ကား Police Universe ကိုအားပေးစောင့်မျှော်နေကြသူတွေအတွက်မို့ CM ကနေ အချိန်မနှေးပဲပရိသတ်ရှေ့မှောက် အရောက်တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်
...

Sooryavanshi (2021) ⭐IMDB: 5.9/10 (80 k Votes) 🎬 #Action #Bollywood #Crime #Thriller #Drama 🗓 2021 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sooryavanshi (2021) မြန်မာစာတန်းထိုး ဒီ Sooryavanshi ကားကတော့ ပူပူနွေးနွေးထွက်ရှိလာတဲ့ Akshay Kumar နဲ့ Katrina Kaif တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Singham , Simmba ကားတွေနဲ့ ရှေ့မှာ မိတ်ဆက်ခဲ့တဲ့ ကားဆိုလည်း မမှားပါဘူး။ ဟောလိဝုဒ်မှာလို ပြောရရင် Sooryavanshi ကို မိတ်ဆက်တဲ့ Solo ကားလို့ပဲ ဆိုရမယ်။ မတူတာကို ပြောရရင် ဆူရိယဗန်သျှီက အကြမ်းဖက်နှိမ်နင်းရေးဘက်ကမို့ ဟိုး 1993 ခုနှစ်က အိန္ဒိယနိုင်ငံတဝှမ်းမှာ ဖြစ်ပျက်ခဲ့တဲ့ အစဥ်လိုက် ဗုံးဖောက်ခွဲမှုတွေက စတင်ပြီး မျက်မှောက်ခေတ်မှာ ဘုံဘေမြို့ (ယခု မွန်ဘိုင်း) အတွင်း ဖောက်ခွဲရေးအဖျက်လုပ်ငန်းတွေ လုပ်မယ့် အကြမ်းဖက်သမားတွေကို လိုက်လံတားဆီးမယ့် အက်ရှင်ဆို လေပေါ်မပျံ ၊ အိုဗာတွေ မပါတဲ့ အမိုက်စား ဇာတ်ကားဖြစ်နေတဲ့ အချက်ပါပဲ။ အသတ်အပုတ်တွေထက် အပစ်အခတ်များများပါတဲ့ လူဆိုးနဲ့ရဲ့ ဥာဏ်ချင်းယှဥ်မယ့် ကြည့်ပျော်တဲ့ ကားကောင်းတကားဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီးချော Katrina Kaif ရဲ့ အလှအပကိုပါ ငေးခွင့်ရဦးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။
...

Singham Returns (2014) ⭐IMDB: 5.7/10 (11 k Votes) 🎬 #Action #Bollywood #Crime #Drama 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့သမာသမတ်ကျတဲ့ ရဲအရာရှိဘာဂျီရို ဆင်းဂမ်ရဲ့နိုင်ငံရေးအကောက်ကြံတဲ့လူတွေကို ခြေမှုန်းတဲ့အကြောင်းပါပဲ အသိဉာဏ်နည်းပြီး အယူသီးသူတွေရဲ့ကိုးကွယ်မှုကြောင့် အင်အားကြီးနေတဲ့ဘိုးတော်လိုလိုဘာလိုလို ဘာဘာကြီးဆိုသူဟာ နိုင်ငံရေးပါတီတစ်ခုက ခေါင်းဆောင်တစ်ယောက်နဲ့ပေါင်းပြီးရွေးကောက်ပွဲအနိုင်ရဖို့ ပိုက်ဆံသုံးပြီး ဆင်းရဲတဲ့ပြည်သူတွေဆီက မဲတွေဝယ်ယူဖို့ကြိုးစားကြပါတယ် ဒီလိုနဲ့မထင်မှတ်တဲ့ ကိစ္စတစ်ခုကြောင့် သူတို့လုပ်ရပ်တွေ ပေါ်မလိုဖြစ်သွားတဲ့ အခါမှာတော့ သူတို့သရုပ်မှန်ကို ဖုံးကွယ်ဖို့အကြမ်းဖက်ပြီးတော့ရော နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ပါကြိုးစားကြပါတော့တယ် ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ သူတို့ရှိတာသိပေမယ့်သက်သေမရှိလို့ ဖမ်းမရပဲ ဖြစ်နေခဲ့ပါတယ်ဆင်းဂမ်က သူတို့ကို ဘယ်လို အဆုံးသတ်ပေးမလဲဆိုတာတော့ဒီဇာတ်ကားထဲမှာ ကြည့်ရှုသွားရမှာပါ………………………………………………. ဆင်းဂမ်က တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးဥပဒေရအပြစ်ပေးလို့မရတဲ့သူတွေကိုဘယ်လိုဘယ်နည်းနဲ့ အပြစ်ပေးလည်းဆိုတာတော့ပထမကားကြည့်ပြီးတဲ့သူတွေသိပြီးသားဖြစ်မှာပါ ဒုတိယကားမှာလည်း ပထမကားထက်ပိုမိုက်တဲ့ပုံစံတွေနဲ့ ဥပဒေအရထိလို့မရတဲ့ လူဆိုးတွေကို ဆုံးမသွားမှာပါဇတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Chanyein Soe ဖြစ်ပါတယ်
...

Singham (2011) ⭐IMDB: 6.8/10 (20 k Votes) 🎬 #Action #Bollywood #Drama #Crime 🗓 2011 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းကတော့ ငွေကြေးချမ်းသာတဲ့ဒုစရိုက်သမားတွေက လာဘ်စားတဲ့ရဲတွေနဲ့ပေါင်းပြီးဥပဒေကိုဂရုမစိုက် ထင်တိုင်းကြဲနေကြပါတယ် ဒါကိုမခံနိုင်တဲ့ သမာသမတ်ကျတဲ့ရဲတစ်ယောက်ကသူတို့ကိုဆန့်ကျင်ဖို့ကြိုးစားတဲ့အခါမှာတော့ အဲဒီရဲကိုလာဘ်စားတယ်ဆိုပြီးလုပ်ကြံအမှုဆင်ကာ ထောင်ချဖို့ကြိုးစားပါတော့တယ် ဘယ်လိုမှဖြေရှင်းလို့မရတော့တဲ့ အဆုံးမှာတော့လုပ်ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင်ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့ပါတယ် သုံးနှစ်ကြာပြီးနောက်မှာ အဲဒီရဲရဲ့မိန်းမပြန်အစဖော်တဲ့အတွက်ကြောင့်နောက်တစ်ခါဒီအမှုကို ပြန်စစ်ဖို့တာဝန်ကျတဲ့သူကတော့ရဲအရာရှိ ဘာဂျီရိုဆင်းဂမ် ပဲဖြစ်ပါတယ်… ဆင်းဂမ်ဟာ သတ်သေသွားတဲ့ရဲအရာရှိဟောင်းရဲ့ရုံးခန်းမှာထိုင်ပြီး ဒီဒုစရိုက်သမားတွေရဲ့ နည်းမျိုးစုံခြိမ်းခြောက်ဒုက္ခပေးတဲ့ကြားကဘယ်လိုပြန်ပြီး အပြစ်ပေးနိုင်အောင်လုပ်သွားမလဲကိုတော့ဇာတ်ကားထဲမှာဆက်ကြည့်သွားကြပါလို့ ဘာသာပြန်ကတော့ May Thu ဖြစ်ပြီး အညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ်
...

Old Man Jackson (2023) ⭐IMDB: 4.0/10 (126 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Old Man Jackson (2023) IMDb Rating (7.5) Oldman Jackson ရုပ်ရှင်က စိတ်ဖိစီးတဲ့ရောဂါရနေတဲ့ သက်ကြီးပိုင်းတစ်ယောက်ရဲ့ ဘဝအမောတွေကို ဟာသနှောပြီးရိုက်ကူးထားတာပါ။ အလုပ်ကိုပဲ ဦးစားပေးလွန်းတဲ့အတွက် မိသားစုနဲ့ ဖြစ်စေ ၊ မိတ်ဆွေတွေနဲ့ဖြစ်စေ မဝင်ဆံ့တော့ဘဲ နောက်ဆုံး အထီးကျန်ပြီး စိတ်လေခြောက်ခြားလာတဲ့အကြောင်း ရိုက်ထားတာပါ။ ဒီဇာတ်ကားနဲ့ ဆုတစ်ခုရရှိထားပါတယ်။ မိသားစုနဲ့အတူကြည့်ဖို့ ကောင်းပါတယ်။ ဒါရိုက်တာ Johnny Ray Gibbs က စီစဥ်ရိုက်ကူးခဲ့ပြီးတော့ IMDb rating 7.5 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)
...

Last ExMas (2024) ⭐IMDB: 5.5/10 (290 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 25 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Julesနဲ့Maggieတို့ဟာ အထက်တန်းကတည်းကတွဲလာခဲ့တာနှစ်နှစ်ကြာခဲ့ပါပြီ သို့သော်လည်းတစ်နေ့မှာတော့နှစ်ယောက်သား ရန်တွေဖြစ်ကြ ကွဲကြပြဲကြ ဖြစ်ခဲ့ပြီးဆယ်နှစ်ကြာသွားပါတယ် နှစ်ယောက်သား L.A NewYorkအသီးသီးမှာ အောင်မြင်တဲ့အလုပ်အကိုင်တွေနဲ့အခြေချခဲ့ပြီး တစ်နေ့မှာတော့ မွေးရပ်မြေကိုပြန်လာဖို့ဖြစ်လာခဲ့ပြီး နှစ်ယောက်သား အတူတူပြန်လည်ဆုံတွေ့ခဲ့ကြတဲ့အခါမှာတော့ ခံစားချက်တွေပြန်လည်ပွင့်လန်းကြလာပုံကိုLGBTQ+ Theme Romantic Genre အဖြစ် ကြည်နူးစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်
...

Thozhar Che Guevara (2024) ⭐IMDB: 4.9/10 (27 Votes) 🎬 #Bollywood #Crime #Action #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 59 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thozhar Cheguevera 2024သိုဇာချီဂွေဗားရား ဒီတစ်ခါတော့ သည်းထိပ်ရင်ဖိုဆန်ဆန်ဇာတ်လမ်းအမျိုးအစားတွေကို ကြိုက်နှစ်သက်သူများအတွက်၂၀၂၄ ခုနှစ်ထွက် အိန္ဒိယ-တမီးလ်စကားပြော Action-drama အမျိုးအစားဖြစ်တဲ့Thozhr CheGuevaraဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကို တော်လှန်မယ့် ဇာတ်လမ်းအမျိုးအစားတစ်ခုဖြစ်တာကြောင့်အကြမ်းအရမ်း အလွမ်းအဆွေး ဇာတ်လမ်းဇာတ်ကွက်စုံလင်စွာနဲ့ကြည့်ရှုခံစားနိုင်မှာပါ ဇာတ်လမ်းအစမှာ ဆင်းရဲနွမ်းပါးလွန်းတဲ့ရွာကလူတွေအတွက် ပညာသင်စေချင်တဲ့အတွက်သူ့ရဲ့စိတ်ဆန္ဒတွေကိုထုတ်ဖော်မိတာကြောင့် သေလုမျောပါးဖြစ်အောင် အရိုက်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်ရဲ့အရမ်းကိုမချိမဆံ့ဖြစ်စရာ ဇာတ်လမ်းပုံစံနဲ့ ဇာတ်အိမ်ကိုစတည်ထားခဲ့ပါတယ်။ အထက်တန်းလွှာ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ ကာလီဗာဟန်ဟာ ဆင်းရဲသားနင်းပြားတို့ကိုခေါင်းမထောင်နိုင်စေဖို့အတွက် ပညာရေးသင်ကြားခွင့်မရှိအောင် အမျိုးမျိုးဖိနှိပ်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ပညာရေးကိုလိုလားသူတွေ တစ်ယောက်တစ်လေပေါ်လာပြီး စာသင်ကြားခွင့်ရဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ဒီထဲကမှ ကျောင်းသားလေးတစ်ယောက်က မေးခွန်းထုတ်မိတဲ့အတွက်သူ့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံလာရတဲ့အထိ ပဋိပက္ခတွေမှာ ချည်နှောင်ခံလာရပြီးသူ့ရဲ့ဘဝလေးပြိုပျက်ကာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့တယ်။ ဒီပညာရေးလိုလားသူတွေအနိုင်ရမလား ၊နိုင်ငံရေးနဲ့နွယ်တဲ့ပဋိပက္ခဝင်္ကပါတွေကိုဘယ်လိုဇာတ်ကွက်တွေနဲ့ရိုက်ပြထားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်)
...

Lamas (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 9 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Lamas (2024) GL တွေကိုဓာတ်ကျနေတဲ့ Vivamax ရဲ့အသစ်ထွက် ကားသစ်ပါ။ မိုနာဆိုတဲ့ ကောင်မလေးဟာ မုန့်တိုက်ပိုင်ရှင်ရဲ့ သမီးဖြစ်ပြီး သူ့အဖေရဲ့ချုပ်ချယ်မှုကြောင့် စိတ်ညစ်နေရပါတယ်။ မိုနာကို ကောင်လေးတစ်ယောက်နဲ့ သဘောတူ ဇွတ်ပေးစားဖို့ကြံနေပေမယ့် မိုနာက မိန်းမချင်းပဲစိတ်ဝင်စားတာပါ။ တစ်နေ့တော့ သူ့ခံစားချက်တွေကို နိုးကြားစေမယ့် လီနာဆိုတဲ့ ကောင်မလေးသူ့လက်ထောက်အဖြစ်အလုပ်ဝင်လာချိန်မှာတော့ မိုနာတစ်ယောက် ဖခင်ကိုအာခံဖို့သတိ္တတွေရှိလာပါတော့တယ်။ Ataska Mercado နဲ့အတူအရင်ဇာတ်ကားတွေမှာ မထင်မရှားပါခဲ့တဲ့ မင်းသမီးသစ်လေးတွေ အများကြီးပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...