ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
https://m.media-amazon.com/images/M/MV5BNWJjMzg3MDctMzEyZS00ZGU4LWI0MzgtMDY3NTViZjNjMGU4XkEyXkFqcGdeQXVyMjkxNzQ1NDI@._V1_FMjpg_UX1000_.jpg
Mukundan Unni Associates (2022)
⭐IMDB: 8.0/10 (2 k Votes)
🎬 #Bollywood #Comedy #Crime #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 07 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mukandan Unni Associate====================imdb rating 8.0/ 1.5k
၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ်စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင်သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါ
ခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေအောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီးအိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီးရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါ
ဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံကဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင်ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက်ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်
https://m.media-amazon.com/images/M/MV5BYjVmY2FkMjUtMWZkNS00OGMzLWE4MGYtOWRhY2RlNTZhZjBlXkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
The Hitcher (1986)
⭐IMDB: 7.2/10 (49 k Votes)
🎬 #Action #Thriller
🗓️ 1986 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 38 မိနစ် 01 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hitcher(1986)
===============
ချီကာဂို ကနေ ဆန်ဒရေဂိုကို ကားတစ်စီးပို့နေတုန်း
ဂျင်မ်ဟော်လီစ် ဆိုတဲ့ကောင်လေးက
ဂျွန်ရိုင်ဒါဆိုတဲ့ ကားတားစီးတဲ့လူကိုကူညီ့ခဲတယ်
ဒါပေမယ့်ရိုင်ဒါဟာ သူကလူသတ်သမားလို့ပြောပြီးတော့
ဂျင်မ်ကိုသတ်ဖို့ကြိုးစာခဲ့တယ် ဂျင်မ်ဟာ ရိုင်ဒါလက်ကနေ
ကပ်သီးလေးလွတ်မြောက်လာပြီးတော့ကို ရိုင်ဒါကိုဘယ်တော့မှ
မတွေ့ဖို့ မျှော်လင့်ခဲ့တယ် ဒါပေမယ့် အဲ့ရိုင်ဒါကပဲ မိသားစုတစ်စုကို
သတ်ပစ်ခဲ့တာကိုမြင်တော့ ဂျင်မ်ဟာ နက်ရှ်ဆိုတဲ့ ယာဉ်ရပ်နားစခန်း
စားသောက်ဆိုင်က စားပွဲထိုးမလေး အကူအညီနဲ့ ရိုင်ဒါကို လိုက်ပြီး
ဖမ်းဖို့ ပြုလုပ်ခဲ့ကြတယ် အဲ့အတောအတွင်းမှာပဲတစ်ယောက်နဲ့
တစ်ယောက် ကြမ်းတမ်းတဲ့ ကားနောက်လိုက်တာတွေ ရက်စက်တဲ့
လူသတ်မှုတွေအကြောင်းဖော်ကြူးထားတဲ့ စိတ်ချောက်ခြား
စိတ်လှုပ်ရှားဖွယ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
https://m.media-amazon.com/images/M/MV5BY2U3OWIxMjUtYzkzNy00Nzg0LTg3ZWMtYWE0YTkyY2M3N2MwXkEyXkFqcGdeQXVyMjg1MzM5MDU@._V1_FMjpg_UX1000_.jpg
Phony (2022)
⭐IMDB: 2.2/10 (158 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 32 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆရာ ဆရာ့ကြီးတွေ ကျော်သွားပေးပါ။ ပညာသင်ဆဲ ညီကိုတွေကတော့ တန်းစီပေးပါ။
ဒီဇာတ်ကားကို အညွှန်းမရေးခင် Found Footage film ဆိုတာ ဘာလဲလို့ မိတ်ဆက်ပေးချင်ပါတယ်။ အတိုချုံ့ပြီး အကြမ်းဖျင်းဘာသာပြန်လိုက်ရရင် အပျော်တမ်းရိုက်တဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။လက်ကိုင်ကင်မရာတွေ ၊ CCTV ကင်မရာက ဗွီဒီယိုမှတ်တမ်းတွေကို ရုပ်ရှင်တစ်ခုအောင်ဖန်တီးထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။
ဘာလို့ ဒီအကြောင်းကိုမိတ်ဆက်ပေးနေရသလဲဆိုတော့ ဒီလိုရုပ်ရှင်အမျိုးအစားတွေ ခေတ်စားလာတာနဲ့အမျှ ကြည့်ရှုသူတွေရဲ့အမြင်တွေလည်း နှစ်ခြမ်းကွဲလွဲလာလို့ပါပဲ။ တချို့ကတော့ ဒီရုပ်ရှင်တွေက အချိန်ဖြုန်းတာပဲလို့ မြင်ကြတယ်။ တချို့ကတော့ ဇာတ်လမ်းဇာတ်ညွှန်းကောင်းဖို့သာ အဓိကပဲမို့ သဘောကျတဲ့သူတွေလည်း အများကြီးရှိကြတယ်။
ဆိုတော့ အကြံပြုရရင် ဒီလိုမှတ်တမ်းရိုက်ချက်ရုပ်ရှင်နဲ့ မရင်းနှီးသေးတဲ့လူတွေက စစကြည့်ချင်းမှာ နဝေတိမ်တောင်ဖြစ်နေနိုင်ပါတယ်။
ဇာတ်လမ်းအညွှန်းကတော့ David Bush ဆိုတဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဟာ ဒီနေ့ခေတ်မှာ လူတွေဟာ ရည်းစားသနာရဖို့ ၊ အိပ်ဖော်အိပ်ဖက်ရဖို့အတွက် လိမ်လည်နေကြတဲ့ အတုအယောင်တွေကို ဖော်ထုတ် ရိုက်ကူးတင်ပြချင်ခဲ့သူဖြစ်ပါတယ်။
သို့သော်.. ကိုယ်တိုင်ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမဲ့လည်း စော်ငြင်းကောင်ဖြစ်နေခဲ့တာကြောင့် မြာပွေသူ သူငယ်ချင်းဖြစ်သူကို မင်းသားလုပ်ပေးဖို့ရာ အကူအညီတောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုသူငယ်ချင်းဆီကနေပဲ သင်ခန်းစာတွေကိုလည်း အများကြီးရခဲ့ပါတယ်။
သူငယ်ချင်းဖြစ်သူ ဂျော့ရှ်ရဲ့အဆိုအရ မိန်းကလေးတွေရဲ့ dating app က ပရိုဖိုင်မှာ ‘မိသားစုသာ အရေးကြီးဆုံးပါ’ လို့ ရေးထားရင် အဲဒီအဓိပ္ပာယ်က သူ့မှာ ကလေးရှိနေတာပါ တဲ့..။ ပရိုဖိုင်မှာ ‘တွယ်ငြိရာသာ ဆုံးရှုံးမှာ’ လို့ ရေးထားရင်ရော ဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာတော့ သိချင်သားပဲ။
မှတ်တမ်းရိုက်ချက်တွေရဲ့ ထုံးစံအတိုင်း ကင်မရာတွေက သိပ်မငြိမ်လှဘဲ ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ ဇာတ်ကြောင်းကတော့ သိပ်မဆိုးလှဘူးလို့ ပြောရမယ်။ Plot-twist ကိုလည်း ၂ ခါထည့်ထားပြီးတော့ အဆုံးသတ်မှာ ထဆဲမိအောင်လည်း လုပ်ထားသေးတယ်။ ဒီတော့ ကြည့်ရှုရမှာက ရသတော့ စုံပါတယ်။
ဒါကို ကြည့်နေရင်းနဲ့ ဘယ်လိုတွေးမိလဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန် သင်ခန်းစာပို့ချနေတဲ့ စားဘဲကြီးကို မြင်နေရသလို ခံစားရတယ်။ ပြီးတော့ လူတွေမှာရှိတတ်ကြတဲ့ အငုံစိတ်တွေကိုလည်း သာသာနဲ့နာနာ နှက်ထားသေးတယ်။ ချပြချင်စိတ်တွေများနေပြီး plot-twist ကိုသာ နှစ်ခါမထည့်ထားရင် အတော်လေး အဆင်ပြေမယ့်ရုပ်ရှင်ပဲလို့ ထင်မိတယ်။
ဒီလိုအမျိုးအစားနဲ့ရုပ်ရှင်မျိုးဆိုတော့ လူတွေအားလုံး ကြိုက်ပါ့မယ်လို့ အာမတော့မခံနိုင်ဘူး။ သဘောကျတဲ့သူရော သဘောမကျတဲ့သူတွေရော ရှိနိုင်မယ်ဆိုပေမဲ့လည်း သေချာတာကတော့ ဒီလို Found footage film တွေ ခေတ်စားလာဦးမှာပဲ။ ဒီတော့ မြည်းစမ်းကြည့်တဲ့သဘောနဲ့ပဲဖြစ်ဖြစ် ကြည့်ထားကြည့်ဖို့ CM မှ တင်ဆက်ပေးလိုက်ရပါတယ်။
P.S နောက်ဆုံးအခန်း မကြည့်ပါနဲ့။
https://m.media-amazon.com/images/M/MV5BYWU5ZTk2NTMtYmQ1OC00YTc4LWI1OTItZmExNTNmNTlmNjk2XkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg
She's the One (2013)
⭐IMDB: 6.3/10 (222 Votes)
🎬 #Asian #Comedy #Drama #Romance
🗓️ 2013 🎞️ Movie 📺 720p HD
🌎 #Philippines
⏰ 1 နာရီ 51 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
She is the one (2013)
IMdb Rating (6.3)
ဖိလစ်ပိုင် romance ကားကောင်းလေးတွေကို မျှော်ကြတဲ့သူတွေအတွက် တစ်ဖက်သတ်အချစ် နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား မင်းသမီးတွေကလည်း မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့ဖြစ်ပြီး မင်းသမီးကတော့ Bea Alonzo ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့….
“ကတ်”လို့ခေါ်တဲ့ကောင်မလေးက သူငယ်စဉ်တည်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း “ဝါကီ”ကို သဘောကျနေခဲ့တာ ကြာပါပြီ။ သူတို့ကြားမှာ စိတ် စနိုးစနောင့်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ “ကတ်”က ဝါကီကို move onလုပ်ခဲ့ပြီးပါပြီ။“ဝါကီ”က အစီအစဉ်တင်ဆက်သူ ဖြစ်ပြီးတော့ ကောင်မလေးတွေကို ထည်လဲတွဲတဲ့ playboyအကြီးစားပါ။ အသက်၃၀လောက်ထိ အတည်တကျရည်းစားမရှိဘဲ ရည်းစားအရေအတွက်က အသက်ထက်များပါတယ်။ဒါပေမဲ့ “ကတ်”အပေါ်တော့ မှီခိုတတ်ပြီး သူ့ရဲ့ ကိစ္စအတော်များများကို ကတ်က နောက်ကလိုက်ရှင်းပေးရလေ့ရှိပါတယ်။
တစ်နေ့မှာတော့ “ကတ်”က မိုးရွာထဲမှာ ကားပျက်သွားလို့ပြင်နေတုန်း “ဒေးဗစ်”ဆိုတဲ့ကောင်လေးက ကူညီဖို့ရောက်လာခဲ့ပါတယ်။ ကတ်က အကူအညီကိုငြင်းလိုက်ပေမဲ့ မိုးရေထဲမှာ ကိုယ်တိုင်ကားပြင်နေတဲ့ မမ”ကတ်”ကို သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့် လိုင်းပေါ်မှာ “ကတ်”ကိုရိုက်ထားတဲ့ videoကိုတင်လိုက်တာ ပေါက်သွားပြီး ကြည့်ရှုသူ သန်းချီသွားပါတယ်။ဝါကီတို့အစီအစဉ်ကလည်း “ဒေးဗစ်”ကို ခေါ်ရိုက်ပြီး ကတ်နဲ့ပေးတွေ့နိုင်ဖို့အတွက် “ဝါကီ”ကိုစီစဉ်ခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်က ကတ်ကိုချစ်မိသွားပြီး ကြိုးစားလိုက်နေတဲ့အချိန်မှာ ဝါကီကိုယ်တိုင်က သူ့ရဲ့ ခံစားချက်အစစ်တွေထွက်လာတဲ့အခါ….။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Ingyin San မှတင်ဆက်ထားပါတယ်။)
Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/58မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။
https://m.media-amazon.com/images/M/MV5BYWU5ZTk2NTMtYmQ1OC00YTc4LWI1OTItZmExNTNmNTlmNjk2XkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg
She's the One (2013)
⭐IMDB: 6.3/10 (222 Votes)
🎬 #Asian #Comedy #Drama #Romance
🗓️ 2013 🎞️ Movie 📺 1080p FHD
🌎 #Philippines
⏰ 1 နာရီ 51 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
She is the one (2013)
IMdb Rating (6.3)
ဖိလစ်ပိုင် romance ကားကောင်းလေးတွေကို မျှော်ကြတဲ့သူတွေအတွက် တစ်ဖက်သတ်အချစ် နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသား မင်းသမီးတွေကလည်း မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့ဖြစ်ပြီး မင်းသမီးကတော့ Bea Alonzo ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့….
“ကတ်”လို့ခေါ်တဲ့ကောင်မလေးက သူငယ်စဉ်တည်းကပေါင်းခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း “ဝါကီ”ကို သဘောကျနေခဲ့တာ ကြာပါပြီ။ သူတို့ကြားမှာ စိတ် စနိုးစနောင့်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်ပြီးတဲ့နောက်မှာ “ကတ်”က ဝါကီကို move onလုပ်ခဲ့ပြီးပါပြီ။“ဝါကီ”က အစီအစဉ်တင်ဆက်သူ ဖြစ်ပြီးတော့ ကောင်မလေးတွေကို ထည်လဲတွဲတဲ့ playboyအကြီးစားပါ။ အသက်၃၀လောက်ထိ အတည်တကျရည်းစားမရှိဘဲ ရည်းစားအရေအတွက်က အသက်ထက်များပါတယ်။ဒါပေမဲ့ “ကတ်”အပေါ်တော့ မှီခိုတတ်ပြီး သူ့ရဲ့ ကိစ္စအတော်များများကို ကတ်က နောက်ကလိုက်ရှင်းပေးရလေ့ရှိပါတယ်။
တစ်နေ့မှာတော့ “ကတ်”က မိုးရွာထဲမှာ ကားပျက်သွားလို့ပြင်နေတုန်း “ဒေးဗစ်”ဆိုတဲ့ကောင်လေးက ကူညီဖို့ရောက်လာခဲ့ပါတယ်။ ကတ်က အကူအညီကိုငြင်းလိုက်ပေမဲ့ မိုးရေထဲမှာ ကိုယ်တိုင်ကားပြင်နေတဲ့ မမ”ကတ်”ကို သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့် လိုင်းပေါ်မှာ “ကတ်”ကိုရိုက်ထားတဲ့ videoကိုတင်လိုက်တာ ပေါက်သွားပြီး ကြည့်ရှုသူ သန်းချီသွားပါတယ်။ဝါကီတို့အစီအစဉ်ကလည်း “ဒေးဗစ်”ကို ခေါ်ရိုက်ပြီး ကတ်နဲ့ပေးတွေ့နိုင်ဖို့အတွက် “ဝါကီ”ကိုစီစဉ်ခိုင်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်က ကတ်ကိုချစ်မိသွားပြီး ကြိုးစားလိုက်နေတဲ့အချိန်မှာ ဝါကီကိုယ်တိုင်က သူ့ရဲ့ ခံစားချက်အစစ်တွေထွက်လာတဲ့အခါ….။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Ingyin San မှတင်ဆက်ထားပါတယ်။)
Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/58မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။
https://m.media-amazon.com/images/M/MV5BY2U3OWIxMjUtYzkzNy00Nzg0LTg3ZWMtYWE0YTkyY2M3N2MwXkEyXkFqcGdeQXVyMjg1MzM5MDU@._V1_FMjpg_UX1000_.jpg
Phony (2022)
⭐IMDB: 2.2/10 (158 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 32 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆရာ ဆရာ့ကြီးတွေ ကျော်သွားပေးပါ။ ပညာသင်ဆဲ ညီကိုတွေကတော့ တန်းစီပေးပါ။
ဒီဇာတ်ကားကို အညွှန်းမရေးခင် Found Footage film ဆိုတာ ဘာလဲလို့ မိတ်ဆက်ပေးချင်ပါတယ်။ အတိုချုံ့ပြီး အကြမ်းဖျင်းဘာသာပြန်လိုက်ရရင် အပျော်တမ်းရိုက်တဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။လက်ကိုင်ကင်မရာတွေ ၊ CCTV ကင်မရာက ဗွီဒီယိုမှတ်တမ်းတွေကို ရုပ်ရှင်တစ်ခုအောင်ဖန်တီးထားတဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။
ဘာလို့ ဒီအကြောင်းကိုမိတ်ဆက်ပေးနေရသလဲဆိုတော့ ဒီလိုရုပ်ရှင်အမျိုးအစားတွေ ခေတ်စားလာတာနဲ့အမျှ ကြည့်ရှုသူတွေရဲ့အမြင်တွေလည်း နှစ်ခြမ်းကွဲလွဲလာလို့ပါပဲ။ တချို့ကတော့ ဒီရုပ်ရှင်တွေက အချိန်ဖြုန်းတာပဲလို့ မြင်ကြတယ်။ တချို့ကတော့ ဇာတ်လမ်းဇာတ်ညွှန်းကောင်းဖို့သာ အဓိကပဲမို့ သဘောကျတဲ့သူတွေလည်း အများကြီးရှိကြတယ်။
ဆိုတော့ အကြံပြုရရင် ဒီလိုမှတ်တမ်းရိုက်ချက်ရုပ်ရှင်နဲ့ မရင်းနှီးသေးတဲ့လူတွေက စစကြည့်ချင်းမှာ နဝေတိမ်တောင်ဖြစ်နေနိုင်ပါတယ်။
ဇာတ်လမ်းအညွှန်းကတော့ David Bush ဆိုတဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဟာ ဒီနေ့ခေတ်မှာ လူတွေဟာ ရည်းစားသနာရဖို့ ၊ အိပ်ဖော်အိပ်ဖက်ရဖို့အတွက် လိမ်လည်နေကြတဲ့ အတုအယောင်တွေကို ဖော်ထုတ် ရိုက်ကူးတင်ပြချင်ခဲ့သူဖြစ်ပါတယ်။
သို့သော်.. ကိုယ်တိုင်ရိုက်ကူးဖို့ ကြိုးစားခဲ့ပေမဲ့လည်း စော်ငြင်းကောင်ဖြစ်နေခဲ့တာကြောင့် မြာပွေသူ သူငယ်ချင်းဖြစ်သူကို မင်းသားလုပ်ပေးဖို့ရာ အကူအညီတောင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုသူငယ်ချင်းဆီကနေပဲ သင်ခန်းစာတွေကိုလည်း အများကြီးရခဲ့ပါတယ်။
သူငယ်ချင်းဖြစ်သူ ဂျော့ရှ်ရဲ့အဆိုအရ မိန်းကလေးတွေရဲ့ dating app က ပရိုဖိုင်မှာ ‘မိသားစုသာ အရေးကြီးဆုံးပါ’ လို့ ရေးထားရင် အဲဒီအဓိပ္ပာယ်က သူ့မှာ ကလေးရှိနေတာပါ တဲ့..။ ပရိုဖိုင်မှာ ‘တွယ်ငြိရာသာ ဆုံးရှုံးမှာ’ လို့ ရေးထားရင်ရော ဘာအဓိပ္ပာယ်ဖြစ်မလဲဆိုတာတော့ သိချင်သားပဲ။
မှတ်တမ်းရိုက်ချက်တွေရဲ့ ထုံးစံအတိုင်း ကင်မရာတွေက သိပ်မငြိမ်လှဘဲ ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ ဇာတ်ကြောင်းကတော့ သိပ်မဆိုးလှဘူးလို့ ပြောရမယ်။ Plot-twist ကိုလည်း ၂ ခါထည့်ထားပြီးတော့ အဆုံးသတ်မှာ ထဆဲမိအောင်လည်း လုပ်ထားသေးတယ်။ ဒီတော့ ကြည့်ရှုရမှာက ရသတော့ စုံပါတယ်။
ဒါကို ကြည့်နေရင်းနဲ့ ဘယ်လိုတွေးမိလဲဆိုတော့ လက်ဖက်ရည်ဆိုင်မှာ အာပေါင်အာရင်းသန်သန် သင်ခန်းစာပို့ချနေတဲ့ စားဘဲကြီးကို မြင်နေရသလို ခံစားရတယ်။ ပြီးတော့ လူတွေမှာရှိတတ်ကြတဲ့ အငုံစိတ်တွေကိုလည်း သာသာနဲ့နာနာ နှက်ထားသေးတယ်။ ချပြချင်စိတ်တွေများနေပြီး plot-twist ကိုသာ နှစ်ခါမထည့်ထားရင် အတော်လေး အဆင်ပြေမယ့်ရုပ်ရှင်ပဲလို့ ထင်မိတယ်။
ဒီလိုအမျိုးအစားနဲ့ရုပ်ရှင်မျိုးဆိုတော့ လူတွေအားလုံး ကြိုက်ပါ့မယ်လို့ အာမတော့မခံနိုင်ဘူး။ သဘောကျတဲ့သူရော သဘောမကျတဲ့သူတွေရော ရှိနိုင်မယ်ဆိုပေမဲ့လည်း သေချာတာကတော့ ဒီလို Found footage film တွေ ခေတ်စားလာဦးမှာပဲ။ ဒီတော့ မြည်းစမ်းကြည့်တဲ့သဘောနဲ့ပဲဖြစ်ဖြစ် ကြည့်ထားကြည့်ဖို့ CM မှ တင်ဆက်ပေးလိုက်ရပါတယ်။
P.S နောက်ဆုံးအခန်း မကြည့်ပါနဲ့။
https://m.media-amazon.com/images/M/MV5BZDc1NjA3MGQtNmFhNS00NzYzLThiNjYtZWFhZmJiMjUxYmIwXkEyXkFqcGdeQXVyNTUxOTYwMzU@._V1_FMjpg_UX1000_.jpg
Carol of the Bells (2022)
⭐IMDB: 8.1/10 (258 Votes)
🎬 #Drama #History
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Poland #Ukraine
⏰ 2 နာရီ 01 မိနစ် 36 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Carol of the Bells (2022)ယူကရိန်းရိုးရာတေးကိုမှီငြမ်းထားတဲ့ ရုပ်ရှင်ကားလေးတစ်ပုဒ်ဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ အိမ်နီးနားချင်းတွေဖြစ်တဲ့ ပိုလန်လူမျိုး၊ယူကရိန်းလူမျိုးနဲ့ဂျူးလူမျိုးတို့ အိမ်အကြီးကြီးမှာ ငြိမ်းချမ်းစွာ အတူတူနေထိုင်ကြပါတယ်။ဒါပေမယ့်လို့ သိပ်မကြာခင်မှာပဲ ပထမဆုံး ဆိုဗီယက် စစ်ပွဲကြီးမှာ ပိုလန်လူမျိုးတွေကို သတ်ဖြတ်မှုနဲ့ ယူကရိန်းကိုနာဇီတွေ ဝင်တိုက်တဲ့အခါ ဂျူးလူမျိုးတွေကို သတ်ဖြတ်မှုနဲ့ရင်ဆိုင်ရပါတော့တယ်။အိမ်ကြီးထဲမှာ တူတူနေတဲ့ ယူကရိန်းမိသားစုတစ်စုက သူတို့အသက်ကိုစတေးခံပြီး သူတို့သမီးလေးနဲ့ အိမ်နီးနားချင်းတွေရဲ့ ကလေးကိုဘယ်လိုစောင့်ရှောက်သွားမလဲဆိုတာကိုကြည့်ရမယ့် မိသားစုဆန်ဆန်နွေးထွေးတဲ့ဇာတ်ကားလေးကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။Reviewed & Translated by YoonEncoded by Hubin
https://m.media-amazon.com/images/M/MV5BOTJiMmZmNjgtNjM0ZC00MTA3LTkyODctMzQwOGM0OWZiMTk0XkEyXkFqcGdeQXVyMTU0NzUyMjEy._V1_FMjpg_UX1000_.jpg
Skinamarink (2022)
⭐IMDB: 5.3/10 (3 k Votes)
🎬 #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Canada
⏰ 1 နာရီ 41 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Skinamarink (2022)
~ Rotten Tomatoes – 75%, Meta – 68% ~
Horror Streaming Service ဖြစ်တဲ့ Shudder ရဲ့ အသစ်ထွက်ကားလေးပါ။ ဒီရုပ်ရှင်ကိုမရိုက်ခင် ဒါရိုက်တာဟာ Youtube ချန်နယ်တစ်ခုထောင်ပြီး Viewers တွေကို သူတို့ရဲ့အိပ်မက်ဆိုးတွေအကြောင်း မေးမြန်းခဲ့ပါတယ်။ ဒီနောက် သူတို့ပြောတဲ့အိပ်မက်ဆိုးတွေကနေ ဒီရုပ်ရှင်ကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ အဓိကကတော့ အကုန်ဘုံတူနေတယ်ပြောလို့ရတဲ့ အိပ်မက်ကိုပေါ့။ ဒါရိုက်တာဟာ ” ကျွန်တော်ငယ်ငယ်က အိပ်မက်ဆိုးတစ်ခုမက်ခဲ့ဖူးတယ်။ အိပ်မက်ထဲ ကျွန်တော်က မိဘတွေနဲ့အတူအိမ်မှာပေါ့။ ပြီးတော့ ကျွန်တော့်မိဘတွေ ပျောက်သွားပြီး အိမ်ထဲမှာ မကောင်းဆိုးရွားတစ်ကောင်ရှိနေခဲ့တယ်။ ဒီလိုအိပ်မက်မျိုး လူတော်တော်များများလည်း မက်ဖူးကြပါတယ် ” လို့ ပြောခဲ့သလို ဒီလိုပုံစံကိုပဲရိုက်ခဲ့ပါတယ်။
ဒီရုပ်ရှင်ဟာ ဟော်ရာကားပေမဲ့ Experimental Horror ခေါ် အတွေးအမြင်အသစ်ဟော်ရာကားမျိုးဖြစ်တဲ့အတွက် အမြင်များတဲ့ကားတွေနဲ့တော့မတူပါဘူး။ ဒီကားမှာဆို အိမ်တစ်အိမ်ထဲကပစ္စည်းတွေနဲ့ ဇာတ်ကောင်ဆိုလို့ ကလေး၂ယောက်လောက်ကိုပဲသုံးပြီး အိမ်တစ်လုံးထဲတင်ရိုက်ပြထားပါတယ်။ များသောအားဖြင့်တော့ First Person Point of View ကနေ ပြပြီး အိမ်အနှံ့လိုက်ပတ်ကြည့်ခိုင်းပြီး ကိုယ်တိုင် အဲဒီအိမ်ထဲရောက်သွားရသလို ပုံစံမျိုးရိုက်ထားပါတယ်။ မထင်ရင်မထင်သလို ဘာတွေမြင်ရမလဲမသိတာကိုကလည်း တော်တော်လေးလန့်ဖို့ကောင်းသလို ဇာတ်ကလည်း ခပ်ဆန်းဆန်းအကြောင်းအရာတွေပါ သွတ်သွင်းထားလို့ ဟော်ရာဖန်တွေ မြည်းစမ်းကြည့်သင့်တဲ့ ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BYzdiNjQzOWMtNGE3YS00YzUxLWI2MWYtYjhjMmE1ODA0YWNlXkEyXkFqcGdeQXVyMjUzOTY1NTc@._V1_FMjpg_UX1000_.jpg
Frankie and Johnny (1991)
⭐IMDB: 6.7/10 (32 k Votes)
🎬 #Comedy #Drama #Romance
🗓️ 1991 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 59 မိနစ် 01 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Frankie and Johnny (1991)
~ IMDb – 6.7/10, RT – 69%, Meta – 66% ~
Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်းကတော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။
အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်…
ထောင်ကလွတ်လာကစ ဂျွန်နီဟာ နယူးယော့ခ်မြို့ကြီးကိုသွား၊ ထောင်တွင်းမှာတုန်းက တတ်ကျွမ်းခဲ့တဲ့ အချက်အပြုတ်ပညာနဲ့ အလုပ်တစ်ခု စ,ရှာပါတော့တယ်။ ရုပ်ကလေးလှသလောက် ဘဝရဲ့ ပျော်စရာကို ရှာမတွေ့တော့တဲ့ ဖရန်ကီကတော့ ဂျွန်နီအလုပ်လာလျှောက်ဖြစ်သွားတဲ့ စားသောက်ဆိုင်လေးရဲ့ စားပွဲထိုးပါ။
တစ်ခါတလေ တိုက်ဆိုင်မှုဆိုတာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ လူ၂ဦးကြားက မြှားနတ်မောင်ပါပဲ။ သီချင်းခေါင်းစဉ်မှာပါတဲ့ နာမည်ပိုင်ရှင်၂ဦးလုံးဟာ နေရာလေးတစ်ခုမှာ လာတွေ့ဖြစ်ကြတယ်ဆိုတာကိုက ကံကြမ္မာပါ။ ဒီလိုနဲ့ ဖရန်ကီ့ကို ချစ်မိသွားတဲ့ ဂျွန်နီနဲ့ နှလုံးသားကို ဖွင့်ပြဖို့ လူတွေကို ယုံကြည်ဖို့ခက်ခဲနေတဲ့ ဖရန်ကီဆိုတဲ့ မိန်းကလေးတို့ရဲ့ ဇာတ်လမ်းလေးကို တွေ့ရမှာဖြစ်ပါတယ်။
တခြားရှည်ရှည်ဝေးဝေး မစဉ်းစားတောင် ပါတဲ့သရုပ်ဆောင်တွေစာရင်း ကြည့်လိုက်ရင်ကို ဒီကားကြည့်ရတာ တန်နေမှာအမှန်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BYzdiNjQzOWMtNGE3YS00YzUxLWI2MWYtYjhjMmE1ODA0YWNlXkEyXkFqcGdeQXVyMjUzOTY1NTc@._V1_FMjpg_UX1000_.jpg
Frankie and Johnny (1991)
⭐IMDB: 6.7/10 (32 k Votes)
🎬 #Comedy #Drama #Romance
🗓️ 1991 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 59 မိနစ် 01 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Frankie and Johnny (1991)
~ IMDb – 6.7/10, RT – 69%, Meta – 66% ~
Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်းကတော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။
အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်…
ထောင်ကလွတ်လာကစ ဂျွန်နီဟာ နယူးယော့ခ်မြို့ကြီးကိုသွား၊ ထောင်တွင်းမှာတုန်းက တတ်ကျွမ်းခဲ့တဲ့ အချက်အပြုတ်ပညာနဲ့ အလုပ်တစ်ခု စ,ရှာပါတော့တယ်။ ရုပ်ကလေးလှသလောက် ဘဝရဲ့ ပျော်စရာကို ရှာမတွေ့တော့တဲ့ ဖရန်ကီကတော့ ဂျွန်နီအလုပ်လာလျှောက်ဖြစ်သွားတဲ့ စားသောက်ဆိုင်လေးရဲ့ စားပွဲထိုးပါ။
တစ်ခါတလေ တိုက်ဆိုင်မှုဆိုတာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘဲ လူ၂ဦးကြားက မြှားနတ်မောင်ပါပဲ။ သီချင်းခေါင်းစဉ်မှာပါတဲ့ နာမည်ပိုင်ရှင်၂ဦးလုံးဟာ နေရာလေးတစ်ခုမှာ လာတွေ့ဖြစ်ကြတယ်ဆိုတာကိုက ကံကြမ္မာပါ။ ဒီလိုနဲ့ ဖရန်ကီ့ကို ချစ်မိသွားတဲ့ ဂျွန်နီနဲ့ နှလုံးသားကို ဖွင့်ပြဖို့ လူတွေကို ယုံကြည်ဖို့ခက်ခဲနေတဲ့ ဖရန်ကီဆိုတဲ့ မိန်းကလေးတို့ရဲ့ ဇာတ်လမ်းလေးကို တွေ့ရမှာဖြစ်ပါတယ်။
တခြားရှည်ရှည်ဝေးဝေး မစဉ်းစားတောင် ပါတဲ့သရုပ်ဆောင်တွေစာရင်း ကြည့်လိုက်ရင်ကို ဒီကားကြည့်ရတာ တန်နေမှာအမှန်ပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BNjcyYjg0M2ItMzMyZS00NmM1LTlhZDMtN2MxN2RhNWY4YTkwXkEyXkFqcGdeQXVyNjY1MTg4Mzc@._V1_FMjpg_UX1000_.jpg
Sound of Metal (2019)
⭐IMDB: 7.7/10 (131 k Votes)
🎬 #Drama #Music
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 2 နာရီ 00 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sound of Metal(2020)
**********************************IMDb Rating- 7.8/10Rotten Tomatoes- 97%
ဇာတ်လမ်းအကျဉ်း
ဟီရိုအင်းဆေးသမားဖြစ်ခဲ့တဲ့ Punk-Metalတီးဝိုင်းတစ်ခုရဲ့ ဒရမ်သမား ရူဘင်စတုန်းအတွက်တော့ဒီအလုပ်က တော်တော်လေးကောင်းတဲ့အစားထိုးမှုတစ်ခုပါ။ဒီလိုနဲ့ ဆေးလိပ်၊မူးယစ်ဆေးတွေဖြတ်လိုက်ပြီး လေးနှစ်ကြာသွားတယ်။ဒီအလုပ်ကိုလည်း သူ့ရည်းစား(လူ)နဲ့ ပျော်ပျော်ကြီး ဆက်လုပ်ရင်းပေါ့။
ဒါပေမယ့် သူ့အကြားအာရုံ ချို့ယွင်းလာတာကို တဖြည်းဖြည်းသတိထားမိလာတယ်။ဆရာဝန်ဆီသွားပြကြည့်တော့ ရက်အနည်းငယ်အတွင်းမှာပဲသူ့အကြားအာရုံ ၇၀%ကနေ ၈၀%အထိ ဆုံးရှုံးနေတာကို သိလိုက်ရတယ်။ဆရာဝန်က အသံကျယ်ကျယ်ကြီးတွေကို ရှောင်ဖို့ပြောပေမယ့်Music Industry ထဲကလူဖြစ်နေတဲ့အပြင်Metal Bandတစ်ခုက ဒရမ်သမားလည်းဖြစ်နေတာကြောင့် ဘာမှ မတတ်နိုင်လိုက်ဘူး။စိတ်ဖိစီးမှုတွေကြောင့် ရူဘင်က မသောက်တာလေးနှစ်ရှိပြီဖြစ်တဲ့ဆေးလိပ်ကိုပါ ပြန်သောက်နေလို့ လူက စိတ်ပူလာတယ်။ဒါကို ကုဖို့ အနည်းဆုံး ဒေါ်လာလေးသောင်းလိုတာကြောင့်မကုတော့ဘဲ လူက ရူဘင်ကို (နားမကြားတဲ့လူတွေအတွက်)ပြန်လည်ထူထောင်ရေးစခန်းဆီ ပို့တယ်။
ရူဘင်တစ်ယောက် အဲ့စခန်းမှာ“နားမကြားသူဖြစ်ရခြင်း”အကြောင်းသင်ယူသွားပြီးဘဝအသစ်စဖို့ ပြင်မှာလား မပြင်ဘူးလား ဆိုတာကိုတော့………
============================
“Much like heavy metal music, Sound of Metal isn’t trying to give us warm, pleasant feelings.”
-Emily Clark(plugged in)
ဒီကားကိုကြည့်ပြီး ခံစားချက်တွေ စုံနေအောင် ရတယ်။နားမကြားတဲ့သူတစ်ယောက်ဖြစ်လာတာနဲ့ရူဘင်ဆီကနေ အကြောက်တရား၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှုတွေ ခံစားလာရတယ်။Emily Clarkပြောထားခဲ့တဲ့အတိုင်းပဲဒီဇာတ်ကားက Heavy Metal သီချင်းတစ်ပုဒ်နားထောင်နေရတာနဲ့တူတယ်။နွေးထွေးမှုတွေမပါတာ မဟုတ်ပေမယ့် ဒါတွေကို ပြချင်တာ မဟုတ်ဘူး။လူတစ်ယောက် သူ့ရဲ့ စွဲလမ်းမှုကို ကျော်ဖြတ်ရပုံတွေ၊လုံးဝပြောင်းလဲသွားတဲ့ ဘဝအသစ်နေထိုင်မှုအသစ်မှာ ကြိုးစားနေကြည့်ရပုံတွေကို ပြသွားတာ။
Drummer ဘဝက ဆူညံသံတွေနဲ့ Deafဘဝက တိတ်ဆိတ်မှုတွေကို ယှဉ်ပြသွားတယ်။Deaf Communityကြီးလည်း ချပြသွားပြီးCommunity ထဲကလူတွေအချင်းချင်း ဖေးမတာတွေ၊Deafဖြစ်တာက အားနည်းချက်မဟုတ်ဘူးဆိုတာကိုပါ လှလှပပပြသွားတယ်။
ဒီဇာတ်ကားမှာတော့ Deaf Personတစ်ယောက်ရဲ့ခံစားချက်တွေကိုကြည့်ရှုသူတွေပါ ခံစားမိအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ Riz Ahmedကို ချီးကျူးရမှာပါ။အော်စကာစုနဲ့ လွဲခဲ့ပေမယ့် သူ့သရုပ်ဆောင်ချက်ကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။Sound of Metalဇာတ်ကားဟာ အော်စကာဆန်ခါတင်ခြောက်ဆုဝင်ခဲ့ပြီးနှစ်ဆု(Best Sound & Best Editing)ရရှိခဲ့ပါတယ်။
အခြား ဆုပေါင်း ၈၀ နဲ့ အခြားရုပ်ရှင်ပွဲတော်တွေရဲ့ ဆန်ကာတင်စာရင်းမှာ ၁၆၃ ခါ ဝင်ခဲ့ပါတယ်။
https://m.media-amazon.com/images/M/MV5BNjcyYjg0M2ItMzMyZS00NmM1LTlhZDMtN2MxN2RhNWY4YTkwXkEyXkFqcGdeQXVyNjY1MTg4Mzc@._V1_FMjpg_UX1000_.jpg
Sound of Metal (2019)
⭐IMDB: 7.7/10 (131 k Votes)
🎬 #Drama #Music
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 2 နာရီ 00 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sound of Metal(2020)
**********************************IMDb Rating- 7.8/10Rotten Tomatoes- 97%
ဇာတ်လမ်းအကျဉ်း
ဟီရိုအင်းဆေးသမားဖြစ်ခဲ့တဲ့ Punk-Metalတီးဝိုင်းတစ်ခုရဲ့ ဒရမ်သမား ရူဘင်စတုန်းအတွက်တော့ဒီအလုပ်က တော်တော်လေးကောင်းတဲ့အစားထိုးမှုတစ်ခုပါ။ဒီလိုနဲ့ ဆေးလိပ်၊မူးယစ်ဆေးတွေဖြတ်လိုက်ပြီး လေးနှစ်ကြာသွားတယ်။ဒီအလုပ်ကိုလည်း သူ့ရည်းစား(လူ)နဲ့ ပျော်ပျော်ကြီး ဆက်လုပ်ရင်းပေါ့။
ဒါပေမယ့် သူ့အကြားအာရုံ ချို့ယွင်းလာတာကို တဖြည်းဖြည်းသတိထားမိလာတယ်။ဆရာဝန်ဆီသွားပြကြည့်တော့ ရက်အနည်းငယ်အတွင်းမှာပဲသူ့အကြားအာရုံ ၇၀%ကနေ ၈၀%အထိ ဆုံးရှုံးနေတာကို သိလိုက်ရတယ်။ဆရာဝန်က အသံကျယ်ကျယ်ကြီးတွေကို ရှောင်ဖို့ပြောပေမယ့်Music Industry ထဲကလူဖြစ်နေတဲ့အပြင်Metal Bandတစ်ခုက ဒရမ်သမားလည်းဖြစ်နေတာကြောင့် ဘာမှ မတတ်နိုင်လိုက်ဘူး။စိတ်ဖိစီးမှုတွေကြောင့် ရူဘင်က မသောက်တာလေးနှစ်ရှိပြီဖြစ်တဲ့ဆေးလိပ်ကိုပါ ပြန်သောက်နေလို့ လူက စိတ်ပူလာတယ်။ဒါကို ကုဖို့ အနည်းဆုံး ဒေါ်လာလေးသောင်းလိုတာကြောင့်မကုတော့ဘဲ လူက ရူဘင်ကို (နားမကြားတဲ့လူတွေအတွက်)ပြန်လည်ထူထောင်ရေးစခန်းဆီ ပို့တယ်။
ရူဘင်တစ်ယောက် အဲ့စခန်းမှာ“နားမကြားသူဖြစ်ရခြင်း”အကြောင်းသင်ယူသွားပြီးဘဝအသစ်စဖို့ ပြင်မှာလား မပြင်ဘူးလား ဆိုတာကိုတော့………
============================
“Much like heavy metal music, Sound of Metal isn’t trying to give us warm, pleasant feelings.”
-Emily Clark(plugged in)
ဒီကားကိုကြည့်ပြီး ခံစားချက်တွေ စုံနေအောင် ရတယ်။နားမကြားတဲ့သူတစ်ယောက်ဖြစ်လာတာနဲ့ရူဘင်ဆီကနေ အကြောက်တရား၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှုတွေ ခံစားလာရတယ်။Emily Clarkပြောထားခဲ့တဲ့အတိုင်းပဲဒီဇာတ်ကားက Heavy Metal သီချင်းတစ်ပုဒ်နားထောင်နေရတာနဲ့တူတယ်။နွေးထွေးမှုတွေမပါတာ မဟုတ်ပေမယ့် ဒါတွေကို ပြချင်တာ မဟုတ်ဘူး။လူတစ်ယောက် သူ့ရဲ့ စွဲလမ်းမှုကို ကျော်ဖြတ်ရပုံတွေ၊လုံးဝပြောင်းလဲသွားတဲ့ ဘဝအသစ်နေထိုင်မှုအသစ်မှာ ကြိုးစားနေကြည့်ရပုံတွေကို ပြသွားတာ။
Drummer ဘဝက ဆူညံသံတွေနဲ့ Deafဘဝက တိတ်ဆိတ်မှုတွေကို ယှဉ်ပြသွားတယ်။Deaf Communityကြီးလည်း ချပြသွားပြီးCommunity ထဲကလူတွေအချင်းချင်း ဖေးမတာတွေ၊Deafဖြစ်တာက အားနည်းချက်မဟုတ်ဘူးဆိုတာကိုပါ လှလှပပပြသွားတယ်။
ဒီဇာတ်ကားမှာတော့ Deaf Personတစ်ယောက်ရဲ့ခံစားချက်တွေကိုကြည့်ရှုသူတွေပါ ခံစားမိအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ Riz Ahmedကို ချီးကျူးရမှာပါ။အော်စကာစုနဲ့ လွဲခဲ့ပေမယ့် သူ့သရုပ်ဆောင်ချက်ကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။Sound of Metalဇာတ်ကားဟာ အော်စကာဆန်ခါတင်ခြောက်ဆုဝင်ခဲ့ပြီးနှစ်ဆု(Best Sound & Best Editing)ရရှိခဲ့ပါတယ်။
အခြား ဆုပေါင်း ၈၀ နဲ့ အခြားရုပ်ရှင်ပွဲတော်တွေရဲ့ ဆန်ကာတင်စာရင်းမှာ ၁၆၃ ခါ ဝင်ခဲ့ပါတယ်။
https://m.media-amazon.com/images/M/MV5BMjIxOTIzMTM5OF5BMl5BanBnXkFtZTgwNDIxNTA1NzE@._V1_FMjpg_UX1000_.jpg
Whiskey Tango Foxtrot (2016)
⭐IMDB: 6.6/10 (53 k Votes)
🎬 #Biography #Comedy #Drama #War
🗓️ 2016 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 52 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Whiskey Tango Foxtrot(2016)
**************************
ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကို
စာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့
အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်
ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊
လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။
ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်
အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။
ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊
ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့
စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာက
အမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ စိတ်အရမ်းရှုပ်တဲ့အခါ၊ အလွန်အမင်းအံအား
သင့်တဲ့အခါမှာ ပြောလေ့ရှိတဲ့ (Wtf) What The Fuck ဆိုတာပါပဲ။
https://m.media-amazon.com/images/M/MV5BMjIxOTIzMTM5OF5BMl5BanBnXkFtZTgwNDIxNTA1NzE@._V1_FMjpg_UX1000_.jpg
Whiskey Tango Foxtrot (2016)
⭐IMDB: 6.6/10 (53 k Votes)
🎬 #Biography #Comedy #Drama #War
🗓️ 2016 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 52 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Whiskey Tango Foxtrot(2016)
**************************
ကင်မ်ဘေကာဟာ သတင်းဌာနတစ်ခုမှာ သူများတွေရေးတဲ့သတင်းတွေ၊ ဆောင်းပါးတွေကို
စာချော အောင် ပြင်ပေးရတဲ့အလုပ်ကိုလုပ်ကိုင်သူပါ။ တစ်ရက် အမေရိကန်တို့ အီရတ်ကိုဝင်တိုက်တော့
အီရတ်ကို သတင်းဌာနက လူတွေအများကြီးလွှတ်လိုက်ရတဲ့အတွက်
ဘယ်သူမှ သိပ်မသွားချင်တဲ့ အာဖဂန်နစ္စတန်ကို စစ်သတင်းထောက် အနေနဲ့ ဌာနက လွှတ်လိုက်ပါတော့တယ်။
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုသလို အာဖဂန်နစ္စတန်ရဲ့ ချီးနံ့ ယင်နံ့တလှောင်လှောင် လေထု၊
လိမ်တောင်းတဲ့သူတောင်းစား၊ မိန်းမတွေကိုခွဲခြားမှုတွေ စကြုံပါတော့တယ်။
ဒါပေမယ့် မူလက ၃လပဲနေဖို့ စိတ်ကူးခဲ့တဲ့ ကင်မ်ဘေကာဟာ တကယ်တမ်းမှာ (၃)နှစ်ကျော်
အာဖဂန်မှာ စစ်သတင်းထောက်လုပ်ဖြစ်ခဲ့ပြီး နာမည်လည်းကြီးသွားခဲ့ပါတယ်။
ဒီလိုဖြစ်သွားအောင် ဘယ်လို စိတ်ဝင်စားစရာ အဖြစ်အပျက်တွေ၊ ဘယ်လိုစိတ်ဒုက္ခတွေ၊
ဘယ်လိုမွန်းကြပ်မှုတွေက သူ့ကို တွန်းအားပေး စေ့ဆော်ခဲ့လဲဆိုတာ ဇာတ်ကားထဲမှာ ရှုစား ရမှာပါ။ဒီဇာတ်ကားဟာ အပြင်မှာတကယ်ရှိတဲ့ စစ်သတင်းထောက် ကင်မ် ဘေကာ (Kim Baker)ရဲ့
စာအုပ်ကို မှီးပြီးရိုက်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားရဲ့နာမည်ဖြစ်တဲ့ Whisky.Tango.Foxtrot ဆိုတာက
အမေရိကန် မရိန်းတပ်ဖွဲ့တွေ စကားပြောစက်ထဲမှာသုံးတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ စိတ်အရမ်းရှုပ်တဲ့အခါ၊ အလွန်အမင်းအံအား
သင့်တဲ့အခါမှာ ပြောလေ့ရှိတဲ့ (Wtf) What The Fuck ဆိုတာပါပဲ။
https://image.tmdb.org/t/p/original/rJeVFEsjpRrbHXcjcFUvegQV71l.jpg
Chasing The Dragon ( 2023 )
⭐IMDB: ⁉️
🎬 #Action #Crime
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 34 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း ဟောင်ကောင်မှ ရဲတပ်ဖွဲ့တွေဟာဒုစရိုက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျင့်ပျက် ချစားမှုတွေလုပ်ကိုင်ခဲ့ကြပြီးတော့ ဟောင်ကောင်ဟာဒုစရိုက်နယ်မြေကြီးသဖွယ်ဖြစ်လို့လာခဲ့ပါတယ် ။
အဲဒီအချိန်မှာပဲ တိုက်ရည် ခိုက်ရည်ကောင်းတဲ့ ဝူကော်ဟောင် နဲ့သူ့ရဲ့ ငယ်သူငယ်ချင်းနှစ်ယောက်တို့ဟာ ဟောင်ကောင်ကိုမှောင်ခိုလုပ်ငန်းလုပ်ပြီး စီးပွားရှာချင်လို့ ရောက်လာခဲ့ကြပါတယ် ။
ကံအကြောင်းဖန်လာပြန်တော့ ဟောင်ကောင်ရဲ့အမှုစစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ရွှီလဲ့နဲ့ တွေ့ဆုံခဲ့ပြီးရွှီလဲ့ဆီမှာ အခစားဖို့ ဖြစ်လာခဲ့ပါတယ် ။ အမှုစစ်ရွှီလဲ့ဟာလက်ရှိမှာ ပိုင်အိမ်တော် မမလေးကျန်းနီရဲ့ ခင်ပွန်းဖြစ်နေပြီးတော့တစ်နေ့မှာ သေဆုံးနေပြီဟု သိထားတဲ့ သူ့ရဲ့ရည်းစားဟောင်း ကျန်းနီနဲ့ မတော်တဆ တွေ့ဆုံလိုက်ရတဲ့ အခါမှာတော့….?
❏ တစ်ဖက်က သူ့ရဲ့ အာဏာရာထူးတွေကို ထောက်ပံ့ပေးနေတဲ့ မမလေး❏ တစ်ဖက်က သူ့ကိုအရမ်းချစ်ရှာပြီး အမြဲအဖော်ပြုပေးနေခဲ့တဲ့ ချစ်ရသူအာဏာနဲ့ အချစ်ရဲ့ ကြားမှာ ရွှီလဲ့ တစ်ယောက်ဘာတွေကိုရွေးချယ်မလဲ ။ဒုစရိုက်အမှုတွေက နက်နဲ သထက် နက်နဲလာတဲ့အခါမှာရောအမှုစစ်တစ်ယောက်အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ ။တစ်ခြား နောက်ကွယ်က ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေ ပုန်းကွယ်နေဦးမလဲဆိုတာသိရဖို့ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်လားရှင် ။
https://m.media-amazon.com/images/M/MV5BNDBlMmFhYTYtZjM0My00YWE0LWJkNTAtNGQwNmJkMzNmZDdhXkEyXkFqcGdeQXVyMDgyNTMwMg@@._V1_FMjpg_UX1000_.jpg
Razzennest (2022)
⭐IMDB: 6.3/10 (551 Votes)
🎬 #Comedy #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Austria
⏰ 1 နာရီ 20 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သာမန် Horror ကားတွေနဲ့မတူဘဲ ဒီကားထဲမှာတော့ သရုပ်ဆောင်တွေမြင်ရမှာမဟုတ်ဘဲ စကားပြောနေတဲ့အသံပဲကြားနေရမှာပါ။
ရုပ်ရှင်ဝေဖန်ရေးသမား ဘာဘတ်နဲ့ တောင်အာဖရိကကရုပ်ရှင်ရိုက်ကူးသူ အူစတောရီဇန်တို့ “ရက်ဇန်းနက်စ်”ဆိုတဲ့ အူစတောရီဇန်ဖန်တီးထားတဲ့ရုပ်ရှင်ကို ကြည့်ရင်း အသံတိုက်ရိုက်ထုတ်လွှင့်ဖို့အတွက် စတူဒီယိုထဲအသံသွင်းနေကြတာကို ဇာတ်အိမ်တည်ထားပါတယ်။
ဒါပေမဲ့ အသံသွင်းနေရင်း စတူဒီယိုထဲ ထူးဆန်းတာတွေဖြစ်လာတဲ့အခါ..
ဖြစ်နေတာတွေကိုမမြင်ရဘဲ အသံပဲကြားရပေမယ့် ရင်ထဲတစ်ထိတ်ထိတ်နဲ့ Horror ရသပေးနိုင်တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။
https://image.tmdb.org/t/p/original/gvrrD1qgV3rLMqUSRydeDljy28l.jpg
The Guqin Requiem ( 2023 )
⭐IMDB: ⁉️
🎬 #Action #Fantasy
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #China
⏰ 1 နာရီ 18 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ရဲ့ ပရိသတ်တွေအတွက် The Guqin Requiem ဆိုတဲ့သိုင်းကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
သိုင်းလောကမှ ကျိုရှောင်းစောင်းကို ရရှိသူကသိုင်းလောကတစ်ခုလုံးကို အုပ်ချုပ်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီတစ်ခုက စပါတယ်။ ထိုစောင်းကိုလုယူနေကြတဲ့အချိန်မှာ လောကသားတွေကသူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြပါတယ်။
နောက်ဆုံးမှာ စစ်သူကြီးဝေ့ချီချိုးရှန်းက ရရှိခဲ့ပြီးဖုန်းယွဲတိုင်းပြည်ကို ယူဆောင်သွားခဲ့ပါတယ်။ထိုနောက် ကျိုရှောင်းစောင်းကို ဖုန်းယွဲတိုင်းပြည်ရဲ့ရတနာအဖြစ်သတ်မှတ်ခဲ့ပြီး သိုင်းလောကလဲ ခဏတာ ငြိမ်းချမ်းသွားခဲ့ပါတယ်။
ဒါပေမဲ့ တိုင်းပြည်ရတနာကို လိုချင်မှုကြောင့် အိမ်နီးချင်းနိုင်ငံမှဖုန်းယွဲတိုင်းပြည်ကို စစ်ခင်းခဲ့ပါတော့တယ်။ဝေ့ချီချိုးရှန်းနဲ့ လျန်းရီးတိုက တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတာကိုမကြည့်ရက်သဖြင့် ရန်သူကို အသက်ပေးတိုက်ခိုက်ပြီးတိုင်းပြည်ကို ကာကွယ်ခဲ့ပါတယ်။ ကျိုရှောင်းစောင်းလဲ ထိုနောက် ပျောက်ကွယ်သွားတော့တယ်။
၁၇ နှစ်ကြာပြီးနောက် ဖုန်းယွဲတိုင်းပြည် ချင်းဟိုင်ယန့်တွင်လျှိဝှက်တဲ့ ချင်းနန်ဖန်သခင်က သိုင်းလောကထဲမှ လူတော်တွေကို ဂီတစမ်းသပ်ပွဲသို ဖိတ်ခေါ်ခဲ့ပါတယ်။လျှိဝှက်ပြီးထူးခြားတဲ့ မိန်းကလေး လင်ကျွင်းနဲ့ ရုပ်ရည်ချောမောတဲ့ဂီတပညာရှင်လင်လွင်တို့ တစ်ချိန်တည်း မြိုအဝင်ဝမှာဆုံတွေ့ခဲ့ပြီး အထင်လွှဲမှုတွေ ဖြစ်ခဲ့ပါတယ်။လင်ကျွင်းရဲ့ အိတ်ထဲကနေ ကျိုရှောင်းစောင်းကြီး ထွက်လာတဲ့အခါ ……
သူတိုနှစ်ယောက် ဂီတပွဲတော်သွားတဲ့ လမ်းတစ်လျှောက် ဖြောင့်ဖြူးအဆင်ပြေပါ့မလား ……ကျိုရှောင်းစောင်းကို လိုချင်နေတဲ့ လူတွေကရော ဘယ်သူတွေလဲ ……နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်ကရော ဘာဖြစ်နေမလဲဆိုတာကို …….ဇာတ်လမ်းလေးထဲမှာပဲ အတူတကွ ကြည့်ရှုအဖြေရှာကြရအောင်နော်။
https://m.media-amazon.com/images/M/MV5BMzMxMDc5NDAtMzA2MC00ZTAyLTg3YjctMzMwMWEwMzZlNTQxXkEyXkFqcGdeQXVyMzM0NzI3OTI@._V1_FMjpg_UX1000_.jpg
Anons (2017)
⭐IMDB: 6.7/10 (2 k Votes)
🎬 #Comedy #Drama
🗓️ 2017 🎞️ Movie 📺 1080p FHD
🌎 #Turkey #Bulgaria
⏰ 1 နာရီ 35 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Anons (2017)===========IMDb Rating – 6.7/10
တူရကီနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တာတွေ တော်တော်ရှိခဲ့ဖူးပါတယ်။ ဒီကားမှာတော့ ၁၉၆၀ ခုနှစ်ကျော်ဝန်းကျင်ကစစ်တပ်ကနေပြီးတော့ တူရကီနိုင်ငံအစိုးရဆီကနေ နိုင်ငံအာဏာသိမ်းဖို့ကြိုးစားခဲ့တဲ့အကြောင်းနဲ့စတာပေါ့။ ဒါပေမယ့် တခြားနိုင်ငံရေး၊ စစ်ရေးတွေထက် ဒီထဲမှာ တူရကီစစ်တပ်က စစ်ဗိုလ်လေးယောက် အဲ့အာဏာသိမ်းဖို့လုပ်မယ့်အကြောင်းကို တူရကီရဲ့ရေဒီယိုအစ္စတန်ဘူလ်ဆိုတဲ့အသံလွှင့်ဌာနကနေလွှင့်ကြေညာဖို့အတွက် ညလုံးပေါက်ခရီးသွားကြတာကိုပဲ Black Comedy ဆန်ဆန်၊ Satire သဘောဆန်ဆန်ရိုက်ထားတာပါ။
ရုပ်ရှင်အစကနေအဆုံးထိ အဲ့အကြောင်းပဲဆိုတော့ စစချင်းပျင်းဖို့ကောင်းမယ်ထင်ရပေမယ့်လို့ သူတို့လေးယောက်သွားရတာကအဆင်ချောမနေဘဲ ကိစ္စအဖုံဖုံပေါ်ပေါပြီး ပြဿနာတွေတက်နေရတာကိုကြည့်နေရင်းနဲ့စိတ်ဝင်စားဖို့ကောင်းပြီးဆက်ကြည့်ချင်စိတ်ဖြစ်မိမှာပါ။ နောက်ဆုံးဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီAnons (Announcement) ကားကိုပဲဆက်ကြည့်လိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ FionaGillen ဖြစ်ပါတယ်)
https://m.media-amazon.com/images/M/MV5BMjA3MDU2MTUwN15BMl5BanBnXkFtZTcwNjA0OTAxMw@@._V1_FMjpg_UX1000_.jpg
Dread (2009)
⭐IMDB: 5.6/10 (13 k Votes)
🎬 #Drama #Horror #Thriller
🗓️ 2009 🎞️ Movie 📺 1080p FHD
🌎 #UnitedKingdom #UnitedStates
⏰ 1 နာရီ 34 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dread (2009)
လူတိုင်းမှာ အကြောက်တရား ကိုယ်စီရှိတတ်ကြတယ်။ တချို့က ပိုးဟတ်ကြောက်တယ်။ တချို့က အမှောင်ကြောက်တယ်။ တချို့က လူတွေနဲ့ ပြောဆို ဆက်ဆံရမှာ ကြောက်တယ်။ တချို့အကြောက်တရားတွေက သာမန်ဖြစ်ပေမယ့် တချို့ကတော့ လွန်လွန်ကြူးကြူး စိတ်ချောက်ချား ထိတ်လန့်တတ်ကြတယ်။
အဲဒီလိုထိတ်လန့်ခြင်းတွေရဲ့ နောက်ကွယ်က စိတ်ဒဏ်ရာတွေ အကြောင်းရင်းတွေကို ဖော်ထုတ်ချင်တဲ့ ကျောင်းသား ၃ယောက်ရှိခဲ့တယ်။ ကျောင်းရဲ့ သုတေသနစာတမ်း အတွက်ပေါ့။
စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့ ကျောင်းသား၃ယောက်က တခြားသူတွေရဲ့ အကြောက်တရားတွေ၊ ထိတ်လန့်မှုတွေ၊ အတွေ့အကြုံတွေကို မေးမြန်းပြီး ဗီဒီယိုတွေရိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကိုယ့်အကြောက်တရားကို ကျော်လွှားနိုင်ဖို့ တခြားသူတွေရဲ့ ထိတ်လန့်မှုအပေါ် အမှီပြုပြီး အလွှဲသုံးစား လုပ်တဲ့အခါ…
အခုတ်အထစ် ပြကွက်ကြမ်းကြမ်းလေးတွေနဲ့ ကျောချမ်းစေမယ့် Thriller ကားကောင်းလေး ဖြစ်တာမို့ အားပေးလိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMugiwara Yaမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BNDhhNjFiZGYtM2NhZC00MWRlLWI4ZjctYzgwNzhkODhlMTkxXkEyXkFqcGdeQXVyMzY0MTE3NzU@._V1_FMjpg_UX1000_.jpg
God's Crooked Lines (2022)
⭐IMDB: 7.0/10 (11 k Votes)
🎬 #Drama #Mystery #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Spain
⏰ 2 နာရီ 36 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
God’s Crooked Lines (2022)
အဲလေ့စ် ဂူးတ်ဆိုတဲ့ အလွတ်တန်းစုံထောက်အမျိုးသမီးတစ်ယောက်ဟာ စိတ်ကျန်းမာရေးဆေးရုံမှာ အမှုတစ်ခုကိုစုံစမ်းဖို့ ယောင်္ကျားဖြစ်သူကို အဆိတ်ခတ်သတ်ဖို့ကြိုးစားတဲ့ သံသယလွန်ကဲမှုစိတ်ရောဂါရှင်လူနာအနေနဲ့ ရောက်လာခဲ့ပါတယ်။
ဆေးရုံထဲမှာ အမှုကိုစုံစမ်းနေတုန်းမှာပဲ သူ့ကိုအပြင်လူဆိုတာသိနေရမယ့် ဆေးရုံရဲ့ဒါရိုက်တာကိုယ်တိုင်က သူ့ကိုစိတ်မနှံ့တဲ့လူလို ဆက်ဆံလာတဲ့အခါ အဲလေစ့်တစ်ယောက် သူအရူးမဟုတ်ဘူးဆိုတဲ့အကြောင်းကိုရှင်းပြရင်း ပြဿနာတွေ ပိုကြီးမားလာခဲ့ပါတယ်။
အဲလေ့စ်နဲ့အတူ ဆေးရုံကိုရောက်လာတဲ့ ဆရာဝန်ညွှန်ကြားချက်စာထဲမှာတော့ အဲလေ့စ်ဟာ ဟာကွက်မရှိလိမ်နိုင်သူ၊ ဉာဏ်ထက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူနဲ့ဆန့်ကျင်တဲ့လူမှန်သမျှကို အကြောင်းအမျိုးမျိုးနဲ့ ယုံလာအောင် လှည့်စားတတ်လို့ သူပြောသမျှ ဘာတစ်ခုမှမယုံဖို့ပြောထားပါတယ်။
ဒါပေမယ့် အဲလေ့စ်ကတော့ သူဟာပုံမှန်လူတစ်ယောက်ဖြစ်ပြီး ဒီကိုရောက်နေရတဲ့တစ်ခုတည်းသောအကြောင်းအရင်းက အမှုစုံစမ်းဖို့အတွက်ပဲဖြစ်တယ်ဆိုပြီး အခိုင်အမာပြောလာခဲ့ပါတယ်။
အဲလေ့စ်ဟာ စိတ်ကျန်းမာရေးချို့တဲ့ပြီး ကယောင်ကတန်းတွေမြင်နေတဲ့သူလား?
ဒါမှမဟုတ် အမှန်တကယ် အမှုစုံစမ်းဖို့ရောက်လာတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်လားဆိုတာကို ပဟေဠိဆန်စွာကြည့်ရှုမှာပဲဖြစ်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Han Tharပါ။)
