ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Forever Rich (2021)
⭐IMDB: 5.5/10 (1 k Votes)
🎬 #Comedy #Crime #Drama #Music #Thriller
🗓️ 2021 🎞️ Movie 📺 720p HD
🌎 #Netherlands
⏰ 1 နာရီ 31 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Forever Rich (2021)===============
ဒီရုပ်ရှင်ဟာ Netflix က ထွက်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်တာနဲ့အညီ ကြည့်ရှုသူတွေရဲ့ ရင်ကို မောစေပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ဆောင်ရဲ့ဘဝကို လိုက်ပါစီးမြောသွားမိတဲ့အခါအားမလိုအားမရဖြစ်မှုတွေ၊ စိတ်တိုင်းမကျဖြစ်မှုတွေ၊ ကိုယ်တိုင်ထလုပ်ချင်စိတ်တွေ စသည်စသည်ဖြင့် ရုပ်ရှင်ကြည့်ပရိသတ်ကိုကြိတ်မနိုင်ခဲမရဖြစ်စေနိုင်ပါတယ်။
ဇာတ်လမ်းဟာ ခန့်မှန်းရခက်နေသလို ဇာတ်ကြောတစ်လျှောက်ဆွဲငင်ယူဆောင်မှုအားကလည်း အတော်ကြီးမားပါတယ်။ သေချာတာကတော့ ဒေါင်းပြီး ကြည့်ရ မတန်မယ့်၊ လူကြီးမင်းတို့ရဲ့ ၁ နာရီမိနစ် ၄၀ တာအချိန်ကို ဖြုန်းတီးပစ်မယ့်ကားမျိုးမဟုတ်တာတော့အခိုင်အမာပါပဲ။ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်ကြေညက်စွာ သရုပ်ဆောင်မှု၊ ဇာတ်လမ်းဇာတ်အိမ်ကောင်းမှု၊ ဇာတ်ပျိုးကနေစလို့ ဇာတ်သိမ်းထိကောင်းလို့ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ရစ်ချီဆိုတဲ့ ကောင်လေးတစ်ယောက်သာမန်ဘဝလေးကနေ နာမည်ကျော်အဆိုတော်ဖြစ်အောင် ကြိုးစားခဲ့ရတဲ့အကြောင်းတွေနဲ့ အခြားဇာတ်ကောင်ပေါင်းများစွာရံထားတဲ့ဇာတ်ရှိန်ကောင်းကောင်းတက်စေနိုင်တဲ့ Forever Rich 2021 လေးကို ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့San Thu Aung ဖြစ်ပါတယ်)
Forever Rich (2021)
⭐IMDB: 5.5/10 (1 k Votes)
🎬 #Comedy #Crime #Drama #Music #Thriller
🗓️ 2021 🎞️ Movie 📺 1080p FHD

In Love All Over Again (2023- )
⭐IMDB: 6.3/10 (651 Votes)
🎬 #Comedy #Drama #Romance
🗓️ 2023- 🎞️ Series 📺 720p HD
🌎 #Spain
⏰ 43 မိနစ် 54 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
In Love All Over Again (2023)In Love All Over Again (2023)
~ IMDb – 6.3/10, Rotten Tomatoes – 80% ~ မက်ဒရစ်က ရထားကြီးတစ်စီးမှာ အကြိမ်ကြိမ်အခါခါ လွဲခဲ့ကြတဲ့ စုံတွဲလေးတစ်တွဲရှိတယ်။ ထင်သလိုအလျဉ်းမဖြစ်တဲ့ ကံကြမ္မာအောက် မြင်မြင်ချင်းအချစ်နဲ့ ချစ်မိကြပေမဲ့ သူတို့အချစ်တွေ အခါခါလွဲခဲ့ကြဖူးတယ်။ ကောင်မလေးက ဒါရိုက်တာဖြစ်ချင်တယ်။ မက်ဒရစ်က အနုပညာကျောင်းမှာတက်ပြီး ရုပ်ရှင်ဇာတ်လမ်းတိုလေး တစ်ကားရိုက်ဖို့ကြိုးစားနေတဲ့ ဒါရိုက်တာပေါက်စမလေးပေါ့။ ကောင်မလေးကိုမတွေ့ခင်က ကောင်လေးရဲ့ ဘဝမှာ ဘာရည်ရွယ်ချက်မှ မရှိခဲ့ဘူး။ ဇာတ်ဆောင်မရှိတဲ့ ကောင်မလေးရဲ့ ရုပ်ရှင်မှာ ဇာတ်ဆောင်ဖြစ်ပေးဖို့ ကြိုးစားရင်း သရုပ်ဆောင်ဖြစ်ဖို့ ဝါသနာ ပါမှန်းမသိပါလာခဲ့တယ်။ စပိန်က နာမည်ကျော် ဒါရိုက်တာကြီးကလည်း သူ့ကို သဘောကျပြီး ခေါ်သုံးချင်ခဲ့တယ်။ ဒီလိုနဲ့ အိမ်အပြန်ရထားကြီးတစ်စီးမှာ ပေါက်တဲ့ဗုံးဟာ သူတို့၂ယောက်ကို ရှင်ကွဲခွဲသွားတယ်။ နှစ်ပေါင်းဘယ်လောက်ကြာလဲတော့ မသိဘူး။ ဒါပေမဲ့ အခါအခါလွဲခဲ့ခြင်းတွေမှာတောင် သူတို့က အခါခါ ပြန်ချစ်မိနေကြဆဲပဲ။ ဒီဇာတ်လမ်းလေးမှာ ပုံပြင်တွေလို အသက်ထက်ဆုံး ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေသည် ဖြစ်မဖြစ် ဆက်ကြည့်ကြရမှာပါ။ ကောလိပ်ကျောင်းသားဘဝကို အနည်းအကျဉ်းပြန်တမ်းတမိစေမယ့်စီးရီးလေးဖြစ်သလို ရုပ်ရှင်ဒါရိုက်တာ အပါအဝင် ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲတွေကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်ရစေမယ့် စီးရီးပါ။ လိင်မှုခန်းတွေတော့ တော်တော်လေးများတာမို့ မိသားစုနဲ့ တွဲဖက်မကြည့်သင့်ပါဘူး။ ဒရာမာလည်းဖြစ် ရုပ်ရှင်အကြောင်းလည်းပါ ကျောင်းသားဘဝကိုပါ လွမ်းမောလို့ကောင်းမယ့် ဇာတ်လမ်းမျိုးရှာနေရင်တော့ ကြိုက်ကြမယ့် နက်ဖလစ် စီးရီးလေးတစ်ခုပေါ့။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)Size ~ 400MB+
Redeeming Love (2022)
⭐IMDB: 6.7/10 (9 k Votes)
🎬 #Drama #Romance #History
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #SouthAfrica #UnitedStatesofAmerica
⏰ 2 နာရီ 14 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှင် ကျွန်မကို ဘာလို့ဒီလောက်ချစ်ရတာလဲ
ကျွန်မက အငယ်အနှောင်းရဲ့ သမီးတစ်ယောက်၊ လူ့လောကထဲရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်ကနေ အပြောခံရသူပါ၊အမေကလည်း မျိုးရိုးကောင်းမဟုတ်သလို လောကဓံလှိုင်းတံပိုးကြား ကာလသားရောဂါနဲ့ ဆုံးခဲ့ရသူပါ။ ကျွန်မဆိုတာကလည်းမိခင်သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက “အိန်ဂျယ်”ဆိုတဲ့နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်းတော့တဲ့မိန်းကလေးတစ်ယောက်ကို ဘာလို့ဒီလောက်ထိချစ်ရတာလဲ
ရှင် ကျွန်မရဲ့အတိတ်အကြောင်း တစ်ဝက်လောက်သိရင်တောင်စွန့်ခွာထွက်ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကိုတောင်ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့်စိတ်ခံစားချက်လို့ပဲ သဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်ထောင်ဖွားယောကျ်ားသားတွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာကြောင့်ကျွန်မကို ဒီလောက်ထိ လက်ထပ်ချင်နေရတာလဲ
ကျွန်မဆိုတာ ကိုယ့်ခံစားချက်ကိုဘေးချိတ်ပြီး ဝမ်းရေးအတွက်ဒီအလုပ်ကို လုပ်နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အတွေးထဲတောင်အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုးကောင်းသားတစ်ယောက်ပါ၊ကျွန်မထက် သာတဲ့ မိန်းကလေးတွေ လက်ချိုးရေမကုန်ပါဘူး၊ရှင် ကျွန်မကို ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်ထောင်မှုရဲ့အဝေးကျွန်မအမြဲထွက်ပြေးနေမိမှာပါ၊ ဒါဆိုလည်း ရှင်ကျွန်မကို ချစ်နေဦးမှာလား….. မိုက်ကယ်
အနာဂတ်မှာ ဘာဆက်ဖြစ်မလဲတော့ ဇာတ်ဆရာအလိုကျပေါ့==========================================
မင်းကိုဘာလို့ ဒီလောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူး
ကိုယ်က လယ်သမားတစ်ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့လမ်းညွှန်မှုလို့ သက်ဝင်ယုံကြည်သူပါ၊ တစ်နေ့ကယ်လီဖိုးနီးယားမြို့ထဲအလာ ကိုယ့်ကိုဘုရားသခင်က အလင်းတစ်ပွင့်ဖန်ဆင်းပြလိုက်သလို မင်းက ကိုယ့်မျက်စိရှေ့ရောက်လာတယ်၊ သိပ်လှတဲ့မိန်းကလေးမို့ မြင်မြင်ချင်း ချစ်မိသွားတယ်၊ နောက် သူများတွေပြောတာ မင်းက ကြေးအမြင့်ဆုံး ပြည့်တန်ဆာတဲ့၊ ကိုယ်တောင်ဘုရားသခင်ကို စိတ်ကွက်မိသွားတယ်၊ ဒီလိုလမ်းမျိုးမှ ကိုယ့်ကိုလာပြရသလားပေါ့
ဒါပေမဲ့ ဘုရားသခင်ကလည်း အင်မတန်ခေါင်းမာတဲ့ပုံပဲအိန်ဂျယ်၊ကိုယ့်မှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ရူးမတတ်ပါပဲ၊ ဒီလိုနဲ့မင်းနဲ့အတူရှိခွင့်ရမယ့် အချိန် မိနစ်၃၀ကို ပေါက်ဈေး၂ဆပေးဝယ်ခဲ့မိတယ်၊ ပျော်ပါးမလို့မဟုတ်ရပါဘူး၊ ဒီမိနစ် ၃၀ကို မင်းနဲ့.အတူစကားတွေပြောချင်လို့၊ ကိုယ့်ခံစားချက်တွေ ရင်ဖွင့်ချင်လို့၊ မင်းကိုလက်ထပ်ခွင့်တောင်းချင်လို့ပါ
မင်းကိုယ့်ကိုအခါခါငြင်းလည်း ကိုယ့်ဘက်က ကလေးဆိုးကြီးလိုပူဆာခဲ့မိတယ်၊ ဒီလိုနဲ့တစ်နေ့ မင်းကို ငွေနဲ့ဝယ်ရဖို့ ဖြစ်လာတယ်၊ကိုယ့်ရဲ့ဇနီးမယားဖြစ်လာတယ်၊ မင်းထွက်ပြေးမယ် ပြောခဲ့သလိုအခါခါထွက်ပြေးခဲ့ပေမဲ့ ဘာကြောင့်လဲမသိပါဘူး မင်းကိုယ်တိုင်ငါ့ဆီပြန်ရောက်ရောက်လာတယ်၊ မင်းကကိုယ့်ရဲ့အိမ်သူသက်ထားဆိုပေမယ့် ကိုယ်စိတ်အလိုမလိုက်ခဲ့ပါဘူး၊ မင်းအဆင်သင့်ဖြစ်တဲ့အထိ ကိုယ်စောင့်နေပါ့မယ်၊ အချိန်ဘယ်လောက်ပဲကြာပါစေပေါ့၊တစ်နေ့တော့ကိုယ်ချစ်ခွင့်ရချင်ပါတယ်၊ နှစ်ယောက်သားကြည်ဖြူစွာနဲ့ပေါ့ အိန်ဂျယ်ရယ်
အနာဂတ်မှာ ဘာဆက်ဖြစ်မလဲတော့ ဇာတ်ဆရာအလိုကျပေါ့
Nayika Devi: The Warrior Queen (2022)
⭐IMDB: 8.2/10 (577 Votes)
🎬 #Biography #Bollywood #Drama #History
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 23 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Nayika Devi 2022 (IMDb 8.5/10)
ဘာဟူဗလီတို့ ဘိုင်ရာဗားတို့လို ရာဇဝင်နောက်ခံ ရှေးနန်းတွင်းအိန္ဒိယအက်ရှင်ကားကောင်းကောင်းတွေကို ကြိုက်နှစ်သက်သူတွေအတွက်ဇာတ်ကားကောင်းတစ်ကားကို ထပ်မံတင်ဆက်ပေးပါရစေ
ဘီစီ ၁၂ ရာစုလောက်က အိန္ဒိယနိုင်ငံဂူဂျာရက်ဂ်ကို အုပ်စိုးခဲ့တဲ့ပထမဆုံးစစ်သည်တော်ဘုရင်မ နာရိကာဒေဗီအကြောင်းကိုရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးဟာဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားပြီးတော့ဘုရင်မနာရိကာဒေဗီရဲ့ ရဲစွမ်းသတ္တိတွေ စစ်သည်တော်လိုမျိုးစစ်မြေပြင်မှာတိုက်ခိုက်ပုံတွေကို အထူးပြုလုပ်ချက်ကောင်းကောင်းနဲ့ရိုက်ကူးထားပြီးသမိုင်းကိုဇာတ်အိမ်တည်ထားတာဆိုတော့ဇာတ်အိမ်မခိုင်မာမှာကို ပူစရာမလိုပါဘူး
စစ်ဘုရင်မိုဟာမတ်ဂိုရီကို ပြန်လည်တိုက်ခိုက်မဲ့ဧကရီနာရိကာဇာတ်ကားလေးကို ရာဇဝင်စစ်ကားကောင်းလေးတွေကိုလွမ်းဆွတ်နေတဲ့ CM ပရိသတ်ကြီးအတွက်တင်ဆင်ပေးလိုက်ပါတယ်
The Cable Guy (1996)
⭐IMDB: 6.1/10 (169 k Votes)
🎬 #Comedy #Drama #Thriller
🗓️ 1996 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 36 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Cable Guy (1996)
~ IMDb – 6.1/10, RT – 55%, Meta – 56% ~
လူတွေဆိုတာ မွေးရာပါ အထီးကျန်ဆန်တဲ့ သတ္တဝါတွေပါတဲ့။ အဲဒါကြောင့် လူတွေက အထီးကျန်မနေရအောင် တစ်စုံတစ်ရာ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ဘဝထဲမှာ ရှိနေအောင် ကြိုးစားကြတယ်။
The Greatest Showman ဇာတ်ဝင်သီချင်းဖြစ်တဲ့ Never Enough ထဲက စာသားလေးလိုပဲပေါ့။ တစ်ကမ္ဘာလုံးကို ဆုပ်ကိုင်ထားနိုင်တဲ့ အစွမ်းရှိရင်တောင် ဝေမျှစရာလူမရှိရင် ဘယ်အရာကမှ မတင်းတိမ်နိုင်ဘူးလေ။
ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ ကေဘယ်သမားလေးက လောကမှာ အရာရာကို လိုချင်တာရနိုင်နေတဲ့ အစွမ်းရှိနေပေမဲ့ ဝေမျှခံစားနိုင်တဲ့သူ မရှိတဲ့အတွက် သူ့ဘဝမှာ လိုအပ်နေတဲ့ တစ်ခုတည်းသောအရာက သူနဲ့ဝေမျှခံစားပေးဖို့လူတစ်ယောက်ပါပဲ။
ခုခေတ်လို အင်တာနက်တွေခေတ်မစားခင်က တီဗီဟာ တစ်ကမ္ဘာလုံးမှာ အကြီးဆုံး ဖျော်ဖြေရေးစနစ်ကြီးဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ တီဗီလိုင်းတွေဆိုတာ ခုခေတ် Netflix တို့လို ပိုက်ဆံပေးမှ ကြည့်လို့ရတဲ့ စနစ်တွေပါ။ အဲဒီတော့ လိုင်းတစ်လိုင်းကို ကြည့်ချင်တယ်ဆိုရင် ကြည့်ချင်တဲ့လိုင်းရဖို့ ကေဘယ်သမားခေါ်ပြီး ချိန်ခိုင်းရပါတယ်။ ကေဘယ်သမားကို ပီရင်တော့ လိုင်းပေါင်းစုံကြည့်လို့ရနိုင်တဲ့ အခွင့်အရေးရှိတော့ ကေဘယ်သမားတွေ မျက်နှာပွင့်တဲ့ခေတ်ပေါ့ဗျာ။
ရည်းစားက နှင်ချလိုက်လို့ အိမ်ပေါ်က ဆင်းလာရတဲ့ စတီဗင် တစ်ယောက် အိမ်အသစ်မှာနေပြီး သူတို့ခေတ်က တစ်ခုတည်းသော ဖျော်ဖြေရေးကြီးဖြစ်တဲ့ တီဗီလိုင်းတွေကို ဆင်ဖို့ ကေဘယ်သမားခေါ်ရတာပေါ့။ သဘောကောင်းတဲ့ စတီဗင်က ကေဘယ်သမားကို ပိုက်ဆံပေးပြီးခိုင်းရတဲ့ အလုပ်သမားလို သဘောမထားဘဲ တူတူတန်တန်ဆက်ဆံတော့ အမြဲတမ်း မတူမတန် ဆက်ဆံခံနေရပြီး စွန့်ပစ်ခံထားရမှာကိုကြောက်တဲ့ ကေဘယ်သမားက စတီဗင်ကို အရမ်းခင်သွားပြီး အတင်းလိုက်ကပ်ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတဲ့ ဇာတ်လမ်းလေးပါ။
The Cable Guy (1996) ဟာ Comedy, Satire ဆိုတဲ့အတိုင်း ရယ်စရာတွေ ပေါချင်းသောချင်းပါသလို တွေးစရာတွေလည်း အများကြီးပေးမယ့် ဇာတ်ကားပါ။ Cast တွေဆိုတာကလည်း ဟာသအကျော်အမော်တွေဖြစ်တဲ့ Jim Carrey, Ben Stiller, Matthew Broderick, Jack Black နဲ့ Owen Wilson တို့တင်မဟုတ်ဘဲ အခြား နာမည်ကျော် သရုပ်ဆောင်တွေလည်း အများကြီးပါဝင်ပါသေးတယ်။
မင်းသမီးက အသက်ကြီးတဲ့ထိတောင် မပျက်စီးသေးတဲ့ Leslie Mann ဆိုတော့ သူ့ရဲ့ ငယ်ဘဝက အလှကိုလည်း ခံစားလို့ရနိုင်ပါတယ်။ ဒါရိုက်တာကလည်း အားလုံးနဲ့ ရင်းနှီးပြီးသား Ben Stiller ဆိုတော့ ရယ်ချင်တဲ့သူတိုင်းအတွက် ကွက်တိပဲပေါ့ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
The Cable Guy (1996)
⭐IMDB: 6.1/10 (169 k Votes)
🎬 #Comedy #Drama #Thriller
🗓️ 1996 🎞️ Movie 📺 1080p FHD

Atomic Blonde (2017)
⭐IMDB: 6.7/10 (198 k Votes)
🎬 #Action #Mystery #Thriller
🗓️ 2017 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Germany #Sweden #Hungary #UnitedStatesofAmerica
⏰ 1 နာရီ 55 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Atomic Blonde (2017)IMDb – (6.7) /RottenTomatoes – 79%
အကယ်ဒမီဆုရှင် မင်းသမီးချော Charlize Theron သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းကားပါ။လျှို့ဝှက်အေးဂျင့်တစ်ယောက် ထူးဆန်းစွာ အသတ်ခံလိုက်ရတဲ့အတွက် အစိုးရအနေနဲ့ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ MI6 အဆင့်ရှိ အေးဂျင့်တစ်ယောက်ကိုရွေးချယ်လိုက်တယ်သူကတော့ Charlize Theron……သူမဟာ အမှုစုံစမ်းဖို့ ဘာလင်ကိုရောက်ရှိလာခဲ့တယ်….တကယ်တော့ အေးဂျင့်သတ်ခံရမှုဟာ သူမ ထင်ထားတာထက် လျှို့ဝှက်နက်နဲနေပါတယ်…သူမ ရင်ဆိုင်ရတဲ့အဖွဲ့အစည်းက အင်အားကြီးသလို မထင်ထားတဲ့သူတွေလည်း ပါဝင်ပတ်သက်နေလေတော့သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ …. အခက်အခဲတွေကြားက ရုန်းထွက်နိုင်မလားဆိုတာကိုတော့…..Charlize ရဲ့ အလန်းစားဖိုက်တင်ခန်းတွေပါကြည့်ရမဲ့အပြင် Professor X အဖြစ် လူသိများတဲ့James McAvoy ရဲ့ သရုပ်ဆောင်ချက်တွေကိုပါ ကြည့်ရှူရမှာပါ။
R Rated ဇာတ်ကားဖြစ်လို့ အကြမ်းအရမ်းခန်းများများနဲ့ ကလေးသူငယ်တွေတော့ မကြည့်သင့်ပါဘူး။
Liaison (2023- )
⭐IMDB: 6.3/10 (553 Votes)
🎬 #Thriller #Crime #Drama
🗓️ 2023- 🎞️ Series 📺 1080p FHD
🌎 #UnitedKingdom #France
⏰ 53 မိနစ် 10 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Liaison (2023)Liaison (2023)နိုင်ငံရေးအရှုပ်အထွေး စပိုင် အက်ရှင် ဆိုက်ဘာတိုက်ခိုက်မှု…..
ဒီလိုဇာတ်လမ်းသွားကိုစိတ်ဝင်စားသူတွေအတွက် အသစ်စက်စက်စီးရီး Liaison ပါ။
ဇာတ်လမ်းအစမှာ ဘရစ်တိန်မှာ ဆိုက်ဘာတိုက်ခိုက်ခံရမှုအရိပ်အယောင်တွေစတွေ့ရပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုဆိုတော့ ခြိမ်းခြောက်တာတွေအပေးအယူလုပ်တာတွေလုပ်မနေပဲ ခပ်မြန်မြန်ပဲဖြစ်လာပါတယ်။
ဟက်ခံရတာကတော့လန်ဒန်ကသိမ်းရေကာတာပါ။
မုန်တိုင်းကြီးချိန်မှာရေကာတာတွေ ဖွင့်မရအောင်ဟက်ခဲ့တာကြောင့် လန်ဒန်တစ်မြို့လုံးရေကြီးသွားခဲ့ပါတယ်။
ဒါက ဟက်တာလား ဆော့ဖ်ဝဲလ်အမှားအယွင်းလား သူတို့စစ်ဆေးစဥ်မှာပဲ
ဘရစ်တိန်ကိုဆိုက်ဘာတိုက်ခိုက်မယ့်အချက်အလက်တွေကို သိထားတယ်လို့ပြောတဲ့
ဆီးရီးရားဟက်ကာနှစ်ယောက်က ပြင်သစ်မှာနိုင်ငံရေးခိုလှုံခွင့်တောင်းလာပါတယ်။
ဒီဟက်ကာနှစ်ယောက်ကို ရဖို့ ဆီးရီးရား၊ ဗြိတိန် နဲ့ ပြင်သစ် သုံးနိုင်ငံလုံးက
အပြိုင်အဆိုင်ကြိုးပမ်းကြရင်းဆက်ဖြစ်လာမယ့်နိုင်ငံရေး အရှုပ်အထွေးတွေကိုဆက်ကြည့်ရမှာပါ။
အဲ့ဒါအပြင် ဒီပြဿနာထဲမှာ ပါဝင်နေတဲ့ အရာရှိတွေရဲ့ အတိတ်ကအရိပ်တွေ အဆက်ဟောင်းတွေလဲ ပြန်လည်အသက်ဝင်လာတာကြောင့်
နိုင်ငံရေးနဲ့ကိုယ်ရေးကိုယ်တာကြားလွန်ဆွဲမှုတွေ သက်ရောက်မှုတွေကိုလဲကြည့်ကြရဦးမယ့် နိုင်ငံရေးဒရာမာစီးရီးကောင်းတစ်ခုပါပဲ။
စုစုပေါင်း ၆ ပိုင်း ရှိမှာ ဖြစ်ပြီးတော့ အပတ်စဉ် စနေနေ့တိုင်း တင်ဆက်ပေးသွားမှာမို့
အပတ်စဉ် လည်ပင်းရှည်ရဦးမယ့် စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre….. Crime , Dramaa
Driven (2022)
⭐IMDB: 5.6/10 (116 Votes)
🎬 #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 28 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Driven to Murder (2022)==================
Driven to Murder ဆိုတဲ့ Survival ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကားမောင်းရင်းနဲ့လူသတ်ပါတယ်။ အကြောင်းပြချက်မရှိလူသတ်ပါတယ်။ အဲ့ဒီကြားထဲညှပ်သွားတာ အရမ်းသနားဖို့ကောင်းတဲ့ ဆာရာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်။
သူလုပ်မိတဲ့အပြစ်ဆိုလို့ ညဘက်အချိန်မတော် အငှားကားငှားမိတာပါပဲ။ အခုမှစမ်းသပ်နေဆဲ အက်ပလီကေးရှင်းတစ်ခုကနေကားငှားလိုက်တယ်။ ကားသမားကလည်း စကားပြောကောင်းပြီးရုပ်ရည်ကလည်းအသင့်အတင့်ရှိတော့ ဆာရာနဲ့စကားတွေဖောင်ဖွဲ့ပြောရင်း သူ့အကြောင်းကိုယ့်အကြောင်း စပ်စုမိကြပါတော့တယ်။
လူဆိုးတွေနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကားသမားကဆာရာကိုသေချာရှင်းပြနေရင်း လမ်းဘေးမှာမတ်တပ်ရပ်နေတဲ့သူကိုကားနဲ့ပြေးတိုက်ပါတော့တယ်။ ဆာရာလည်းကြောင်သွားပြီး ရဲခေါ်မယ်လုပ်တော့ မင်းလည်းကြံရာပါဆိုပြီးခြိမ်းခြောက်ကာ ကားပေါ်အတင်းခေါ်သွားပါတော့တယ်။ ကားငှားမယ့်နေရာနဲ့ ဆာရာအိမ်ကအဝေးကြီးမဟုတ်ပေမယ့် အငှားကားနဲ့အိမ်ပြန်တဲ့ ညတစ်ညမှာတော့ဆာရာတစ်ယောက် ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲ? ဘာတွေရင်ဆိုင်ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Vaဖြစ်ပါတယ်)
Biko (2022)
⭐IMDB: 5.4/10 (18 Votes)
🎬 #Drama #Family #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Malaysia
⏰ 1 နာရီ 37 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Biko(2022)
**********
အစ်ဇ်ဝမ်က Single Father တစ်ယောက်ဖြစ်ပြီး သူ့သားလေးဘီကို ကိုပြုစုစောင့်ရှောက်နေရတယ်။အခုတော့ အိမ်ငှားခတောင်မပေးနိုင်ဘဲ သားအဖနှစ်ယောက်လုံး
အိမ်ပေါ်ကနှင်ချခံလိုက်ရတယ်။ကုန်ကားမောင်းတော့ နှစ်ယောက်သားမြို့အပြင်မှာထွက်ပြီး
ကားပေါ်မှာပဲနေကြတယ်။ အစ်ဇ်ဝမ်ရဲ့မိတ်ဆွေ ရှယ်ရီက ရုပ်ရှင်ရိုက်ကွင်းမှာ မန်နေဂျာလုပ်ပြီး
အချိန်အားရင်တော့ ဘီကို ကိုလာကြည့်ပေးတယ်။တစ်နေ့မှာ ရှယ်ရီက နာမည်ကြီးအဆိုတော် ဆာရာရဲ့ဗီဒီယိုသရုပ်ဆောင်မှာ
ကလေးသရုပ်ဆောင်ရွေးပွဲကိုဘီကို ကိုခေါ်သွားပြီး ပြိုင်ခိုင်းတယ်၊ ဘီကို ကအရည်းအချင်းရှိလို့ နောက်ကြောင်းကို
ဆာရာတစ်ယောက်စုံးစမ်းလိုက်တဲ့အခါမှတော့ သူနဲ့လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကလက်ထပ်ခဲ့တဲ့
အစ်ဇ်ဝမ်မှန်းသိသွားခဲ့တယ်။အစ်ဇ်ဝမ် ဟာ စားဝတ်နေရေးအခက်အခဲကြောင့် ဘီကို ကိုသရုပ်ဆောင်လုပ်ဖို့ခွင့်ပြုပေးခဲ့ပေမယ့်ဆာရာနဲ့ နီးစပ်သွားမှာမလိုပါဘူး။ အကြောင်းကတော့ ဘီကို ဟာလွန်ခဲ့တဲ့ဆယ်နှစ်ကျော်က မွေးခဲ့တဲ့ဆာရာရဲ့သားအရင်းဖြစ်နေလို့ပါပဲ။ ဘယ်လောက်ရှောင်လွှဲနေပါစေ ဆာရာဟာ ဘီကို ကိုသူ့သားအရင်းဖြစ်မှန်းသိသွားတဲ့အခါမှတော့……
Rome (2005-2007)
⭐IMDB: 8.7/10 (175 k Votes)
🎬 #Action #Drama #Romance #War
🗓️ 2005-2007 🎞️ Series 📺 1080p FHD
🌎 #UnitedKingdom #UnitedStates
⏰ 1 နာရီ 05 မိနစ် 33 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rome (2005) S1+S2 CompleteRome (2005) series
ဇာတ်အိမ်ခိုင်ခိုင်၊ ဘတ်ဂျတ်တောင့်တောင့်နဲ့ တစ်ခမ်းတစ်နားရိုက်ထားပြီး ဆယ့်ရှစ်အပေါင်းတွေလဲ
အများကြီးပါတဲ့ HBOရဲ့ စီးရီးကို ပြောပါဆိုရင် တစ်ရာမှာ တစ်ရာ့တစ်ယောက်က
Game Of Thronesလို့ပဲ ဖြေကြမှာ သေချာပါတယ်။
ဒါပေမယ့် HBOကပဲ လွှင့်ခဲ့ပြီး တစ်ပိုင်းကို ဒေါ်လာဆယ်သန်း အကုန်ကျခံရိုက်ထားတဲ့
Rome စီးရီးကိုလဲ မေ့မထားသင့်ပါဘူး။ GOTလို fantasyစီးရီးတော့ မဟုတ်ဘူးပေါ့ဗျာ ။
ရောမခေတ် စစ်သမိုင်း နောက်ခံ ဖြစ်ရပ်မှန်စီးရီးဖြစ်ပြီးတော့ ဇာတ်အိမ်ခိုင်ခိုင်ကို
big budgetသုံးရိုက်ထားတာမို့ ကြည့်ရတာ တန်လွန်းလှပါတယ်။ ရောမခေတ် လူနေမှုပုံစံ ၊ အဆောက်ဦး ၊ ဝတ်စားဆင်ယင်မှုပုံစံတွေကို သဘာဝကျစွာ
မြင်ရမှာဖြစ်ပြီး ဒီစီးရီးမှာ သုံးတဲ့ ရောမစစ်သည်တော်တွေရဲ့ ချပ်ဝတ်တန်ဆာတွေကအစ
အသေးစိတ်ဖန်တီးထားတဲ့ ဒီဇိုင်နာလက်ရာ handmadeတွေ ဖြစ်ပါတယ်။ အားလုံး ကြားဖူးနားဝရှိပြီးသား ရောမခေတ်က စစ်ပြိုင် ရန်သူကြီးတွေ ဖြစ်ခဲ့ကြတဲ့
ဂျူးလိယက် ဆီဇာ နဲ့ ပွမ်ပေ မက်ဂနပ်စ်တို့ ရောမရဲ့ ပုလ္လင်ကို လုကြတဲ့အကြောင်းကိုပဲ
ရိုက်ထားတာဖြစ်ပေမယ့်၊ ဒီစီးရီးမှာတော့ ဂျူးလိယက်ဆီဇာရဲ့ သာမန် တပ်သားလေး နှစ်ယောက်ဖြစ်တဲ့
တိုင်တပ်စ် ပူလိုနဲ့ လူစီးယပ်စ် ဗိုရီနပ်စ် တို့နှစ်ယောက်၊ ရောမနိူင်ငံကနေ ရောမနေမဝင်အင်ပါယာကြီးကို
ဖော်ဆောင်ချိန်မှာ မထင်မှတ်ပဲ သမိုင်းရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်သွားခဲ့ကြပုံကို မြင်ကြရမှာပါ။ IMDb 8.7နဲ့ Rt 86 ဆိုတော့ မိုးထိနေတဲ့ ratingတွေရထားတဲ့ စီးရီးပဲ ဖြစ်ပါတယ်။
အဖော်ချွတ်တွေ၊ နှစ်ပါးသွားခန်းတွေ စိပ်တာမို့ မိသားစုနဲ့ မကြည့်ပဲ ဆယ့်ရှစ်ယောက်စုကြည့်ရမယ့်
R ratedစီးရီးဆိုတာကိုလဲ သတိပေးလိုက်ပါတယ်။ File Size – 1.4GB / 500MBQuality – 1080p BluRay AAC5.1Ch / 720pDuration – 60minsTotal Episodes: 12EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & Adventure, Drama
Dark (2017-2020)
⭐IMDB: 8.7/10 (401 k Votes)
🎬 #Crime #Drama #Mystery #SciFi #Fantasy #Thriller
🗓️ 2017-2020 🎞️ Series 📺 720p HD
🌎 #Germany #UnitedStates
⏰ 1 နာရီ 13 မိနစ် 16 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dark (2017) Season 1 [COMPLETE]Deep ပြီး Dark တဲ့ စီးရီးလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။စီးရီးနာမည်ကတော့ Dark (2017)ပါ။ဒီကားလေးက လျှို ့ဝှက်ဆန်းကျယ် တွေးတောပြီး မျောပါသွားရတဲ့ feelingကိုကြိုက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝအကြိုက်တွေ့သွားစေရမှာပါ။
အပိုင်း၁ဝပိုင်းပါရှိပါတယ်။လူသားတွေ နားလည်လက်ခံထားတာက မနေ့ကပြီးရင် ဒီနေ့လာမယ်။ဒီနေ့ပြီးရင် မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ အစီအစဉ်အတိုင်းသွားနေကြတယ်လို့ပါပဲ။တကယ်လို့ အဲ့လိုအချိန်ကာလတွေဟာအစီအစဉ်အတိုင်းရှိနေတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးတစ်ခုလိုမျိုး အဆုံးအစမရှိစွာ လည်ပတ်နေတာမျိုးဆိုရင်ရော?ဒီလိုအတွေးမျိုးတွေပေါ်မှာ အခြေခံကာဇာတ်အိမ်တည်ထားတဲ့ စီးရီးကောင်းလေးကတော့ Dark (2017)ပါ။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြချင်ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့…ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်။ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာ သဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ချ်အတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာ ရဲမှုးအောလ်ရစ်ချ်ရဲ ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်။လွန်ခဲ့တဲ့ ၃၃နှစ်ကပျောက်ဆုံးသွားတဲ့ မက်စ်ကို ပျောက်သွားချိန်ကအသက်အရွယ်အတိုင်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်ရဲ ့အလောင်းအနေနဲ ့ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့ဘာဆက်လုပ်ကြမလဲ?မက်စ်ရဲ ့အလောင်းကလဲလတ်လတ်ဆတ်ဆတ် တစ်နေ့ကမှသေထားတဲ့အလောင်းဖြစ်နေတဲ့အခါ…Imdb Rating 8.6/10 ရရှိထားတဲ့ စီးရီးလေးမို့ မကောင်းမှာတော့မပူရပါဘူး။လျှို့ဝှက်ဆန်းကျယ် အတွေးနယ်ချဲ ့ရတဲ့ ခံစားချက်ကို သဲတစ်ထိတ်ထိတ်ရင်တစ်ဖိုဖိုခံစားချင်တဲ့ ပရိသတ်ကြီးအတွက်ဒီ Dark ဆိုတဲ့စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။Quality – 720p NF WEB-DLDuration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama, MysterySource : 1080p.NF.WEB-DL.DDP5.1.x264-NTb
Jessica Jones (2015-2019)
⭐IMDB: 7.9/10 (217 k Votes)
🎬 #Drama #Sci-Fi & Fantasy #SciFi #Fantasy #Action #Crime #Thriller
🗓️ 2015-2019 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 46 မိနစ် 26 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Marvel’s Jessica Jones (2015)
MCU ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Defenders အဖွဲ့ထဲမှာ Daredevil, Luke Cage, Jessica Jones နဲ့ Iron Fist တို့ ပါဝင်ကြပါတယ်။ အဆိုပါ ၄ ဦးထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jessica Jones ရဲ့ နောက်ခံဇာတ်လမ်းကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ စီးရီးတစ်ခုပဲ ဖြစ်ပါတယ်။ ဂျက်ဆီကာ ဂျုံးစ်ဟာ မိသားစုလိုက် ကားမတော်တဆဖြစ်မှုကနေ နောက်ဆုံးရှင်ကျန်ခဲ့သူတစ်ဦးဖြစ်ပြီး ထိုမတော်တဆမှုကနေပဲ သဘာဝလွန် ခွန်အားတိုးလာခြင်းနဲ့ ခုန်ပျံနိုင်တဲ့စွမ်းအားတချို့ ရရှိလာခဲ့ပါတယ်။ သူမဟာ ထိုစွမ်းအားတွေကို အသုံးပြုလို့ လူတွေကို ကူညီရတာ သဘောကျခဲ့ပေမဲ့လည်း…တစ်ရက်မှာ ကေးလ်ဂရေ့ဗ်ဆိုတဲ့ စိတ်ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိသူတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိပြီး စိတ်ညှို့ခံခဲ့ရပါတယ်။ ကေးလ်ဂရေ့ဗ်ဟာ ဂျက်ဆီကာရဲ့စွမ်းအားတွေကို အသုံးချလို့ မကောင်းတဲ့လုပ်ရပ်တွေ၊ လူတွေကို ထိခိုက်အောင် လုပ်ခဲ့တဲ့အတွက် ဂျက်ဆီကာဟာ အသိစိတ်ဝင်လာချိန်မှာ ကေးလ်ဂရေ့ဗ်ဆီကနေ ထွက်ပြေးလာခဲ့တာ တစ်နှစ်ကြာသွားပြီဖြစ်တဲ့ အချိန်ကာလကနေ ဒီစီးရီးကို အစပြုထားပါတယ်။ ဇာတ်လမ်းအကျဉ်းအရ ၊ ရုံးအလုပ်ထွက်ပြီး အလွတ်စုံထောက်လုပ်နေတဲ့ ဂျက်ဆီကာ့ဆီကို သမီးဖြစ်သူဆီ အဆက်အသွယ်မရလို့ စိတ်ပူနေတဲ့မိဘနှစ်ယောက်လာရောက် အမှုအပ်ခဲ့ပါတယ်။ ထိုမှတဆင့် ဆက်စပ်သဲလွန်စတွေနဲ့ အမှုလိုက်ရင်း ပျောက်ဆုံးသွားတဲ့ကောင်မလေးကို ဖမ်းဆီးသွားတဲ့လူကို ရှာတွေ့သွားမိတဲ့အခါ…။ ကိုယ်လွတ်ရုန်းပြေးဖို့ ကြိုးစားခဲ့ပေမဲ့လည်း အပြစ်မဲ့သူ မိန်းကလေးကို ကယ်တင်ပြီးမှ ပြေးဖို့စိတ်ပြောင်းသွားတဲ့ ဂျက်ဆီကာဟာ ပျောက်ဆုံးနေတဲ့မိန်းကလေးကို အောင်မြင်စွာ ကယ်ထုတ်လာနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အခြေအနေတွေ တစ်မျိုးတစ်ဖုံပြောင်းလဲသွားပြီး နောက်ဆက်တွဲကိစ္စတွေဖြစ်လာတဲ့အခါ..။ ဂျက်ဆီကာ ဂျုံးစ်ရဲ့ စုံထောက်စွမ်းရည်နဲ့ အမှုဖြေရှင်းနည်းတွေကို စီးရီး ၃ ခုစာ တစ်ဝကြီး ကြည့်ရှုရမှာပါ။ Marvel Comic book : Jessica Jones ကို အခြေခံထားတဲ့ ဒီစီးရီးဟာ comic ဖတ်ထားတဲ့သူတွေကိုတော့ အပြည့်အဝ စိတ်ကျေနပ်စေမယ်လို့ အာမခံနိုင်မှာ မဟုတ်ပါဘူး။ Live action စီးရီးကိုတော့ စီးရီးလို့သာ ဖြည့်တွေးကြည့်ရှုကြဖို့ ညွှန်းလိုက်ရပါတယ်။File size…686Mb / 1.32Gb
Star Trek: Strange New Worlds (2022- )
⭐IMDB: 8.2/10 (34 k Votes)
🎬 #Action #Adventure #Sci-Fi #SciFi #Fantasy
🗓️ 2022- 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 52 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Star Trek: Strange New Worlds (2022)
“အာကာသ… နောက်ဆုံးမှ စူးစမ်းလေ့လာနိုင်ခဲ့တဲ့ နယ်ပယ်ဒေသသစ်… ဒီနေရာတွေဟာ အင်တာပရိုက်စ် အာကာသယာဉ်ကြီးရဲ့ ခရီးစဉ်တွေပါပဲ။ သူ့ရဲ့ ငါးနှစ်တာ အထူးတာဝန်က ထူးခြားဆန်းကျယ်တဲ့ ကမ္ဘာသစ်တွေကို စူးစမ်းလေ့လာဖို့၊ သက်ရှိအသစ်တွေကို ရှာဖွေဖို့၊ ယဉ်ကျေးမှုအသစ်တွေကို ရှာဖွေဖို့ ဖြစ်ပါတယ်။ ဘယ်သူမှ မသွားဖူးသေးတဲ့ နေရာတွေဆီ ရဲရင့်စွာ ရှေ့ဆက်ကြပါစို့…” လက်ရှိ Star Trek franchise မှာ Timeline နှစ်ခု ကွဲထွက်နေပါတယ်။ တစ်ခုက ယခင့်ယခင် ထွက်ရှိခဲ့ပြီးသား Original series နဲ့ Next generation တို့ တည်ရှိရာ Prime Timeline ဖြစ်ပြီးတော့ နောက်တစ်ခုက Romulan တွေ အချိန်ခရီးသွားပြီး USS Kelvin ယာဉ်ကို ဖျက်ဆီးလိုက်တာကနေ ကွဲထွက်လာတဲ့ Kelvin Timeline ဖြစ်ပါတယ်။ ယခု Strange New Worlds ဟာ Prime Timeline မှာရှိနေတဲ့ Captain Kirk ရဲ့ ဖခင် Samuel Kirk ရဲ့ အချိန်ကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Star Trek: Discovery ရဲ့ Spin-off ဆိုလည်း ဟုတ်ပါတယ်။ ဒီအချိန်မှာ အင်တာပရိုက်စ်ယာဉ်ကို ဦးစီးနေသူဟာ ကပ္ပတိန် ခရစ်စတိုဖာပိုက်ခ်ပါ။ Star Trek ရဲ့ နာမည်ကျော် ဇာတ်ကောင် မစ္စတာ Spock ဟာလည်း အင်တာပရိုက်စ်ရဲ့ အကြီးတန်းအရာရှိ (နံပါတ်တစ်) တောင် မဖြစ်သေးဘဲ သိပ္ပံဌာနမှူးအနေနဲ့သာ ရှိနေတဲ့ အချိန်ဖြစ်ပါတယ်။ Original series မစခင် အချိန်ပေါ့။ USS Discovery ယာဉ်ဟာ သူ့ကိစ္စနဲ့သူ အနာဂတ် နှစ် ၉၀၀ ကို ခုန်ကျော်ရောက်သွားချိန်မှာ သူ ခုန်သွားခဲ့တဲ့ နေရာအနီးက ဂြိုဟ်တစ်လုံးပေါ်က Civilization ဟာ လှမ်းမြင်လိုက်ရပါတယ်။ အဲဒီမှာ ဒီဇာတ်လမ်းကို စတင်ထားပါတယ်။ အင်တာပရိုက်စ်ရဲ့ အထူးတာဝန်က သက်ရှိအသစ်တွေ Civilization အသစ်တွေကို ရှာဖွေဖို့ ဖြစ်တာကြောင့် အဲဒီဂြိုဟ်ကို လာရဖို့ အကြောင်းဖန်လာပါတယ်။ အင်တာပရိုက်စ်ဟာ သူ့ရဲ့ငါးနှစ်တာ အထူးတာဝန်မှာ ဘယ်လို ထူးခြားဆန်းပြားတဲ့ ကမ္ဘာအသစ်တွေ၊ သက်ရှိအသစ်တွေကို ရှာဖွေတွေ့ရှိရမလဲ၊ ဘယ်လို အန္တာရာယ်တွေကနေ ရုန်းထွက်ကြမလဲဆိုတာကို ဒီစီးရီးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။File size…752MB / 419MB
Agent Carter (2015-2016)
⭐IMDB: 7.9/10 (85 k Votes)
🎬 #Drama #Sci-Fi & Fantasy #SciFi #Fantasy #Action #Adventure #Crime #Mystery
🗓️ 2015-2016 🎞️ Series 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 41 မိနစ် 56 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Marvel’s Agent Carter (2015)
မာဗယ်ရဲ့ တခြားစကြဝဠာတစ်ခုမှာ
ပထမဆုံးစူပါဟီးရိုး ကပ္ပတိန်ကာတာဖြစ်ခဲ့တဲ့
အေးဂျင့်ပက်ဂီကာတာရဲ့ ကိုယ်ပိုင်ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်ဗျ။
ကမ္ဘာစစ်ကြီးပြီးသွားတဲ့အချိန်မှာ ပက်ဂီကာတာဟာ
အက်စ်အက်စ်အာရ်ဆိုတဲ့ လျှို့ဝှက်ထောက်လှမ်းရေး အေဂျင်စီတစ်ခုမှာ
အေးဂျင့်တစ်ယောက်အဖြစ်နဲ့ တာဝန်ဆက်ထမ်းဆောင်ခဲ့ပါတယ်။
စစ်ကြီးထဲမှာတုန်းက ကပ္ပတိန်အမေရိကနဲ့ ဘေးချင်းယှဉ်ပြီးတိုက်ခိုက်ခဲ့တဲ့အထိ အရည်အချင်းရှိခဲ့ပေမဲ့
ဖိုဝါဒီတွေ လွှမ်းမိုးနေတဲ့ စစ်ပြီးခေတ်မှာတော့ အေးဂျင့်ကာတာဟာ
အရည်အချင်းတွေ ထုတ်ပြခွင့်မရဘဲ ရုံးအတွက် ဖုန်းလက်ခံပေးတာ၊
နေ့လယ်စာမှာပေးတာ စတဲ့အလုပ်တွေသာ လုပ်နေရပြီး
အေးဂျင့်တစ်ယောက်ဖြစ်ပေမဲ့ အတွင်းရေးမှူးသာသာ သဘောထား၊ ဆက်ဆံခံနေခဲ့ရပါတယ်။
တစ်နေ့မှာတော့ လက်နက်တွေကို တရားမဝင်ရောင်းချမိတာကြောင့်
နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အစွပ်စွဲခံထားရတဲ့
မိတ်ဆွေဟောင်းဖြစ်သူ ဟောင်းဝဒ်စတာ့ခ်တစ်ယောက်
သူ့ရဲ့နာမည်ကို ပြန်ဆယ်ပေးဖို့အတွက်
အေးဂျင့်ကာတာကို အကူအညီတောင်းလာတဲ့အခါမှာတော့
အရည်အချင်းပြခွင့်မရသေးတဲ့ အေးဂျင့်ကာတာအတွက်
အခြေအနေတွေဟာ အပြောင်းအလဲကြီး ပြောင်းလဲခဲ့ရပါတော့တယ်။
ဒီ Agent Carter ဆိုတဲ့ ဇာတ်လမ်းတွဲဟာ MCU ထဲမှာ အပါအဝင်ဖြစ်ပြီး
Captain America: The First Avenger ရဲ့ တိုက်ရိုက် နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပါတယ်။
ဒီ Series ဟာ ဇာတ်လမ်းသွား ခပ်သွက်သွက်နဲ့သွားထားပြီး
ပက်ဂီကာတာနဲ့ ဟောင်းဝဒ်စတာ့ခ်ရဲ့အိမ်တော်ထိန်း ဂျားဗစ်တို့ရဲ့ စွန့်စားခန်းတွေနဲ့အတူ
ဇာတ်လိုက်မမ ဟေးလေးအတ်ထ်ဝဲရဲ့ အလှအပတွေကိုပါ မြင်တွေ့ရမှာဖြစ်လို့
မာဗယ်ပရိသတ်တွေအနေနဲ့ အနည်းဆုံး တစ်ခေါက်လောက်တော့ကြည့်ဖူးသင့်တဲ့ ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်ဗျ…။File size…686Mb / 1.32Gb
Ten Little Mistresses (2023)
⭐IMDB: 7.2/10 (82 Votes)
🎬 #Comedy #Mystery
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #Philippines
⏰ 2 နာရီ 06 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ten Little Mistressess (2023)
2023မှာ ထွက်ရှိထားတဲ့ Ten Little Mistresses ဆိုတဲ့Comedy, Mystery ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒွန်ဗယ်လန်တီဆိုတဲ့သူဌေးကြီးတစ်ယောက်ဟာ သူ့မိန်းမ ချာရိုဆုံးပြီးနောက် မယားငယ်ဆယ်ယောက်ထားခဲ့ပါတယ်။တစ်နေ့မှာ သူ့ရဲ့မွေးနေ့မှာ သူ့ရဲ့မယားငယ်အားလုံးကို အိမ်တော်ကိုဖိတ်ကြားခဲ့ပြီးလက်ဆောင်တွေပေးခဲ့ပြီး သူ့ဘဝအသစ်ပြန်စတင်ချင်ကြောင်းပြောကြားခဲ့တယ်။
ဒါပေမယ့် သူပြောခဲ့သလို မရိုးရှင်းခဲ့ပါဘူးသူ့ရဲ့မွေးနေ့မှာ သူ့ညီ ဒွန်ကွန်စတမ်တင်ကို သတ်ဖို့စီစဉ်ခဲ့ပါတယ်။မယားငယ်အားလုံးကလည်း သူ့ရဲ့အစီအစဉ်တွေမသိခဲ့ဘဲ လက်ဆောင်တွေကိုပဲ မက်မောနေခဲ့ကြပါတယ်။နောက်ဆုံးအသတ်ခံရတဲ့သူကတော့ သူ့ညီတင် မကဘဲ သူတို့ညီအစ်ကို နှစ်ယောက်လုံး ဖြစ်နေခဲ့ပါတယ်။အားလုံးထင်ထားခဲ့သလို ဒွန်ဗယ်လန်တီက သူ့ရဲ့ညီကို သတ်ခဲ့တာ မဟုတ်ဘဲမယားငယ်တစ်ယောက်က အကုန်သေချာ အကွက်ချစီစဉ်ခဲ့ပြီး နှစ်ယောက်လုံးကိုသတ်ခဲ့တာပါ။ဘယ်သူ ဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ရှုစားကြည့်ကြပါဦး။
ဇာတ်လမ်းက Comedy လည်းပါသလို မြုပ်ကွက်ကလေးလည်းပါတာမို့ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့မဲ့ကားလေးမို့ ခံစားကြည့်လိုက်ပါဦးနော်
အညွှန်း နဲ့ ဘာသာပြန်ကတော့Myo Myoပဲ ဖြစ်ပါတယ်။
5-25-77 (2022)
⭐IMDB: 6.4/10 (916 Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 2 နာရီ 13 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
5-25-77 (2022)
~ IMDb – 6.4/10, Rotten Tomatoes – 100% ~
ခင်ဗျားတို့မှာ ငယ်ဘဝအိပ်မက်တွေ ရှိခဲ့ဖူးကြလားဗျ… အမှန်တကယ်ဖြစ်ချင်တာလား… မိဘအုပ်ထိန်းသူအသိုင်းအဝိုင်းရဲ့ကိစ္စတစ်ခုခုကြောင့် ဖြစ်ချင်တာမျိုးလား…
ဥပမာ ကိုယ့်အသိုင်းအဝိုင်းထဲက ချစ်ရတဲ့တစ်ယောက် မဖြစ်သင့်ပဲအသက်ဆုံးရှုံးလိုက်ရလို့ ဆရာဝန်ကြီးလုပ်မယ်ဆိုတာမျိုး…ဒါမှမဟုတ်ရင်လည်း အိမ်မှာနေရ၊ မြို့ကြီးပြကြီးမှာ နေရတာမွန်းကျပ်လို့ ကြီးလာရင်တောင်ပေါ်ဒေသလေးတစ်ခုမှာ ဆရာမလေးတစ်ယောက်လုပ်ချင်တယ်ဆိုတာမျိုးပေါ့…
ထားပါတော့…
လူဦးရေ 750 ပဲနေထိုင်တဲ့ Illinois ပြည်နယ်၊ Lake County ရဲ့ Wadsworth ဆိုတဲ့ဒေသလေးမှာ မွေးဖွားလာခဲ့သူ Patrick Read Johnson ဟာ ဆယ်နှစ်မပြည့်ခင်အရွယ်ကတည်းက အိမ်ရဲ့နောက်ဖေးမြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာလေးဖြစ်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝ ရောက်လာတဲ့အခါမှာ သူ့ရဲ့ငယ်ဘဝကရိုက်ထားတဲ့ ဇာတ်ကားများစွာကို ထုတ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်သန်နေပါတယ်။ ငယ်ပေါင်း ဇာတ်ကားရိုက်ဖော်ရိုက်ဖက် သူငယ်ချင်း Bill Holmes ကတော့ အိပ်မက်ထက် လက်တွေ့ကျကျသမားဖြစ်တာမို့ သူ့သူငယ်ချင်းကို လက်တွေ့ဘဝမှာပဲ အဆင်ပြေစေချင်သူပေါ့…
Patrick ရဲ့မိခင်ဟာ သူ့ယောက်ျားနဲ့ကွာရှင်းပြီးတဲ့နောက် ဇာတ်ကားတွေအရမ်းရိုက်ပြီး ပွေရှုပ်စုတ်ပြတ်နေတဲ့ သူ့သားကို တတ်နိုင်တဲ့ဘက်က Support ပေးပါတယ်။ Pat ဟာလည်း ကလေးဘဝကလိုပဲ Sci-Fi ရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်ပြီး အကောင်အထည်ဖော်ချင်နေတာပဲဖြစ်ပါတယ်။ တစ်ဒေသလုံးက လူတွေထဲမှာ Patrick ဟာ Sci-Fi Geek ပါပဲ။ ဘယ်သူမှလက်မခံတဲ့ လူတွေကြားထဲမှာ Pat ဟာ သူ့ကိုလက်ခံနိုင်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Patrick ကို အောင်မြင်စေချင်တဲ့အမေဟာ သူ့ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ Hollywood ကို သွားပြီး Director ပညာတွေကိုဆက်လက်သင်ယူဖို့ရာ Illinois ကနေ California ဆိုတဲ့ အနောက်ဖက်ခရီးကို လွှတ်လိုက်ပါတော့တယ်။ ဒီကနေစလို့ လူငယ်တစ်ယောက်ရဲ့ ဘဝတစ်ကွေ့ဖြစ်တဲ့ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲဆိုတာ ကိုတော့ CoA Comedy Drama ပီပီသသ ကြည့်ရမှာဖြစ်ပါတယ်။
ပြောစရာရှိတာက ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်နာမည် Patrick Read Johnson ဟာ ဒီကားရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ။ ဒီကားက အကြောင်းအရာတော်တော်များများက သူ့ဘဝကို အခြေခံထားတယ်လို့ပြောရမယ်။ အခုဆို သူ့အသက်က ၆၁နှစ်ပေါ့။ ဒီကားက သူ့ငယ်ဘဝအားကျခဲ့ရတဲ့ စတန်ကလေကူးဘရစ်တို့၊ Douglas Trumbull တို့၊ စတီဗင်စပီးဘာ့ဂ်တို့ ဂျော့လူးကတ်စ်တို့နဲ့ သူ့ဘဝအကြောင်းကို ရောနှောပြထားတယ်လို့ပြောလည်းမမှားဘူး။ ကောင်လေးဟာ ၁၉၆၈မှာထွက်ခဲ့တဲ့ ကူးဘရစ်ရဲ့ 2001: A Space Odyssey ကို ရူးသွပ်ပြီး ဒီကနေမှ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်အာကာသဇာတ်လမ်းတွေကို စိတ်ကူးနဲ့ရေးထားတာတွေမနည်းဘူး။ စပီးဘာ့ဂ်ရဲ့ Jaws တို့၊ Duel တို့ကိုကြည့်ပြီး အဲဒီကားထဲက အတိုင်း နောက်ဖေးကွက်လပ်မှာ ကိုယ်တိုင်ရှိတာလေးနဲ့ ဖန်တီးပြီး ရိုက်ကြည့်တဲ့အထိ ရုပ်ရှင်ပိုးသန်ခဲ့တဲ့လူပေါ့။ ဒါရိုက်တာလည်းဖြစ်ဖို့ ဟောလိဝုဒ်ကိုလည်း သွားခဲ့တယ်။
ဒီကမ္ဘာမှာ သေချာတာက ဘယ်အရာမှအသစ်ရှိမနေဘူး။ အနည်းဆုံးတော့ စိတ်ကူးအသစ်ဆိုတာ မရှိသလောက်ရှားတယ်။ ခင်ဗျားမသိတာပဲရှိမယ်။ ခင်ဗျားလိုမျိုး ထပ်တူညီတဲ့ စိတ်ကူးမျိုးရှိတဲ့လူတွေတော့ ရှိကိုရှိဦးမှာပဲ။ ပက်ထရစ်ဟာ ဟောလိဝုဒ်ကိုသွားတော့ စပီးဘာ့ဂ်နဲ့တွေ့တယ်။ စပီးဘာ့ဂ်က ဒီအချိန်မှာ Close Encounters of the Third Kind ကို ရိုက်နေပြီ။ Sci-Fi ရုပ်ရှင်လောကရဲ့ မှတ်တိုင်တစ်ခုလို့ပြောရမယ့်ကားပဲပေါ့။ ဘယ်လောက်အာကာသအကြောင်း နောကျေလဲဆို ဒီကားရဲ့နာမည်ရဲ့ အဓိပ္ပာယ်ကိုပါ သူသိတယ်။ စပီးဘာ့ဂ်နဲ့စကားပြောပြီးတော့ စပီးဘာ့ဂ်က သူ့ကို ဒေါက်ဂလပ် ထရမ်ဘူးလ်နဲ့ သွားတွေ့ခိုင်းတယ်။ သူ့ကားရဲ့ VFX ဆရာပေါ့။ နောက် ကူးဘရစ်ရဲ့ 2001 ရဲ့ VFX ဆရာလည်း ဟုတ်တယ်။ နောက် သူက ဂျော့လူးကတ်စ်ရိုက်နေတဲ့ စတားဝါးစ်ပထမကားအကြောင်းသိလိုက်ရတယ်။ ပြောရရင် စတားဝါးစ်ဟာ သူရိုက်ချင်တဲ့အကြောင်းအရာလဲဟုတ်တယ်။ သူပြချင်တဲ့အရာလည်းဟုတ်တယ်။ လူးကတ်စ်က သူ့အိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ်။
ဒီရုပ်ရှင်ရဲ့နာမည် 5-25-77 ကိုက စတားဝါးစ်စပြတဲ့ ဒိတ်ပဲ။ သူဟာ သူမရိုက်လိုက်ရတဲ့အကြောင်းအရာကို သူများကရိုက်သွားပေမဲ့လည်း ဒီကားကို အားလုံးကြည့်ရအောင် လိုက်ဆော်ဩခဲ့တယ်။ ဒီလိုရုပ်ရှင်တွေကို ချစ်တဲ့ သူ့စိတ်ကို ထင်းနေတဲ့အခန်းပေါ့။ ထူးတာက ဒီကားဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားလို့ပြောလို့ရပေမဲ့ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းသက်သက်ထက်ပိုတယ်၊ ပြန်ထိန်းကွပ်ပေးသွားတယ်။ သူ့သူငယ်ချင်းရဲ့လက်တွေ့ကျမှုဟာ သူ့ရဲ့စိတ်ကူးယဉ်ဆန်မှုကို ပြန်ထ
5-25-77 (2022)
⭐IMDB: 6.4/10 (916 Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 2 နာရီ 13 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
5-25-77 (2022)
~ IMDb – 6.4/10, Rotten Tomatoes – 100% ~
ခင်ဗျားတို့မှာ ငယ်ဘဝအိပ်မက်တွေ ရှိခဲ့ဖူးကြလားဗျ… အမှန်တကယ်ဖြစ်ချင်တာလား… မိဘအုပ်ထိန်းသူအသိုင်းအဝိုင်းရဲ့ကိစ္စတစ်ခုခုကြောင့် ဖြစ်ချင်တာမျိုးလား…
ဥပမာ ကိုယ့်အသိုင်းအဝိုင်းထဲက ချစ်ရတဲ့တစ်ယောက် မဖြစ်သင့်ပဲအသက်ဆုံးရှုံးလိုက်ရလို့ ဆရာဝန်ကြီးလုပ်မယ်ဆိုတာမျိုး…ဒါမှမဟုတ်ရင်လည်း အိမ်မှာနေရ၊ မြို့ကြီးပြကြီးမှာ နေရတာမွန်းကျပ်လို့ ကြီးလာရင်တောင်ပေါ်ဒေသလေးတစ်ခုမှာ ဆရာမလေးတစ်ယောက်လုပ်ချင်တယ်ဆိုတာမျိုးပေါ့…
ထားပါတော့…
လူဦးရေ 750 ပဲနေထိုင်တဲ့ Illinois ပြည်နယ်၊ Lake County ရဲ့ Wadsworth ဆိုတဲ့ဒေသလေးမှာ မွေးဖွားလာခဲ့သူ Patrick Read Johnson ဟာ ဆယ်နှစ်မပြည့်ခင်အရွယ်ကတည်းက အိမ်ရဲ့နောက်ဖေးမြေကွက်လပ်မှာ သူငယ်ချင်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာလေးဖြစ်ခဲ့သူပါ။ အထက်တန်းကျောင်းသားဘဝ ရောက်လာတဲ့အခါမှာ သူ့ရဲ့ငယ်ဘဝကရိုက်ထားတဲ့ ဇာတ်ကားများစွာကို ထုတ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ရှင်သန်နေပါတယ်။ ငယ်ပေါင်း ဇာတ်ကားရိုက်ဖော်ရိုက်ဖက် သူငယ်ချင်း Bill Holmes ကတော့ အိပ်မက်ထက် လက်တွေ့ကျကျသမားဖြစ်တာမို့ သူ့သူငယ်ချင်းကို လက်တွေ့ဘဝမှာပဲ အဆင်ပြေစေချင်သူပေါ့…
Patrick ရဲ့မိခင်ဟာ သူ့ယောက်ျားနဲ့ကွာရှင်းပြီးတဲ့နောက် ဇာတ်ကားတွေအရမ်းရိုက်ပြီး ပွေရှုပ်စုတ်ပြတ်နေတဲ့ သူ့သားကို တတ်နိုင်တဲ့ဘက်က Support ပေးပါတယ်။ Pat ဟာလည်း ကလေးဘဝကလိုပဲ Sci-Fi ရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြိုက်နှစ်သက်ပြီး အကောင်အထည်ဖော်ချင်နေတာပဲဖြစ်ပါတယ်။ တစ်ဒေသလုံးက လူတွေထဲမှာ Patrick ဟာ Sci-Fi Geek ပါပဲ။ ဘယ်သူမှလက်မခံတဲ့ လူတွေကြားထဲမှာ Pat ဟာ သူ့ကိုလက်ခံနိုင်တဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ Patrick ကို အောင်မြင်စေချင်တဲ့အမေဟာ သူ့ရဲ့ အိပ်မက်တွေကို ဖမ်းဆုပ်နိုင်ဖို့ Hollywood ကို သွားပြီး Director ပညာတွေကိုဆက်လက်သင်ယူဖို့ရာ Illinois ကနေ California ဆိုတဲ့ အနောက်ဖက်ခရီးကို လွှတ်လိုက်ပါတော့တယ်။ ဒီကနေစလို့ လူငယ်တစ်ယောက်ရဲ့ ဘဝတစ်ကွေ့ဖြစ်တဲ့ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းမလဲဆိုတာ ကိုတော့ CoA Comedy Drama ပီပီသသ ကြည့်ရမှာဖြစ်ပါတယ်။
ပြောစရာရှိတာက ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်နာမည် Patrick Read Johnson ဟာ ဒီကားရဲ့ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာ။ ဒီကားက အကြောင်းအရာတော်တော်များများက သူ့ဘဝကို အခြေခံထားတယ်လို့ပြောရမယ်။ အခုဆို သူ့အသက်က ၆၁နှစ်ပေါ့။ ဒီကားက သူ့ငယ်ဘဝအားကျခဲ့ရတဲ့ စတန်ကလေကူးဘရစ်တို့၊ Douglas Trumbull တို့၊ စတီဗင်စပီးဘာ့ဂ်တို့ ဂျော့လူးကတ်စ်တို့နဲ့ သူ့ဘဝအကြောင်းကို ရောနှောပြထားတယ်လို့ပြောလည်းမမှားဘူး။ ကောင်လေးဟာ ၁၉၆၈မှာထွက်ခဲ့တဲ့ ကူးဘရစ်ရဲ့ 2001: A Space Odyssey ကို ရူးသွပ်ပြီး ဒီကနေမှ သူ့ကိုယ်ပိုင် စိတ်ကူးယဉ်အာကာသဇာတ်လမ်းတွေကို စိတ်ကူးနဲ့ရေးထားတာတွေမနည်းဘူး။ စပီးဘာ့ဂ်ရဲ့ Jaws တို့၊ Duel တို့ကိုကြည့်ပြီး အဲဒီကားထဲက အတိုင်း နောက်ဖေးကွက်လပ်မှာ ကိုယ်တိုင်ရှိတာလေးနဲ့ ဖန်တီးပြီး ရိုက်ကြည့်တဲ့အထိ ရုပ်ရှင်ပိုးသန်ခဲ့တဲ့လူပေါ့။ ဒါရိုက်တာလည်းဖြစ်ဖို့ ဟောလိဝုဒ်ကိုလည်း သွားခဲ့တယ်။
ဒီကမ္ဘာမှာ သေချာတာက ဘယ်အရာမှအသစ်ရှိမနေဘူး။ အနည်းဆုံးတော့ စိတ်ကူးအသစ်ဆိုတာ မရှိသလောက်ရှားတယ်။ ခင်ဗျားမသိတာပဲရှိမယ်။ ခင်ဗျားလိုမျိုး ထပ်တူညီတဲ့ စိတ်ကူးမျိုးရှိတဲ့လူတွေတော့ ရှိကိုရှိဦးမှာပဲ။ ပက်ထရစ်ဟာ ဟောလိဝုဒ်ကိုသွားတော့ စပီးဘာ့ဂ်နဲ့တွေ့တယ်။ စပီးဘာ့ဂ်က ဒီအချိန်မှာ Close Encounters of the Third Kind ကို ရိုက်နေပြီ။ Sci-Fi ရုပ်ရှင်လောကရဲ့ မှတ်တိုင်တစ်ခုလို့ပြောရမယ့်ကားပဲပေါ့။ ဘယ်လောက်အာကာသအကြောင်း နောကျေလဲဆို ဒီကားရဲ့နာမည်ရဲ့ အဓိပ္ပာယ်ကိုပါ သူသိတယ်။ စပီးဘာ့ဂ်နဲ့စကားပြောပြီးတော့ စပီးဘာ့ဂ်က သူ့ကို ဒေါက်ဂလပ် ထရမ်ဘူးလ်နဲ့ သွားတွေ့ခိုင်းတယ်။ သူ့ကားရဲ့ VFX ဆရာပေါ့။ နောက် ကူးဘရစ်ရဲ့ 2001 ရဲ့ VFX ဆရာလည်း ဟုတ်တယ်။ နောက် သူက ဂျော့လူးကတ်စ်ရိုက်နေတဲ့ စတားဝါးစ်ပထမကားအကြောင်းသိလိုက်ရတယ်။ ပြောရရင် စတားဝါးစ်ဟာ သူရိုက်ချင်တဲ့အကြောင်းအရာလဲဟုတ်တယ်။ သူပြချင်တဲ့အရာလည်းဟုတ်တယ်။ လူးကတ်စ်က သူ့အိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သွားတယ်။
ဒီရုပ်ရှင်ရဲ့နာမည် 5-25-77 ကိုက စတားဝါးစ်စပြတဲ့ ဒိတ်ပဲ။ သူဟာ သူမရိုက်လိုက်ရတဲ့အကြောင်းအရာကို သူများကရိုက်သွားပေမဲ့လည်း ဒီကားကို အားလုံးကြည့်ရအောင် လိုက်ဆော်ဩခဲ့တယ်။ ဒီလိုရုပ်ရှင်တွေကို ချစ်တဲ့ သူ့စိတ်ကို ထင်းနေတဲ့အခန်းပေါ့။ ထူးတာက ဒီကားဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားလို့ပြောလို့ရပေမဲ့ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းသက်သက်ထက်ပိုတယ်၊ ပြန်ထိန်းကွပ်ပေးသွားတယ်။ သူ့သူငယ်ချင်းရဲ့လက်တွေ့ကျမှုဟာ သူ့ရဲ့စိတ်ကူးယဉ်ဆန်မှုကို ပြန