ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
https://image.tmdb.org/t/p/original/bSqt9rhDZx1Q7UZ86dBPKdNomp2.jpg
It's a Wonderful Life (1946)
⭐IMDB: 8.6/10 (460 k Votes)
🎬 #Drama #Family #Fantasy
🗓️ 1946 🎞️ Movie 📺 720p HD
🌎 United States
⏰ 2 နာရီ 11 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
It’s a Wonderful Life (1946)
~ IMDb – 8.6/10, RT – 93%, Meta – 89% ~
It’s a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။
ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can’t Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသားJames Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။
ထူးတာက It’s a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It’s a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။
တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It’s a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီ
https://image.tmdb.org/t/p/original/jlXRWO02WDB3rAyJ3JjQ0RiKcbg.jpg
Tara vs Bilal (2022)
⭐IMDB: 5.1/10 (535 Votes)
🎬 #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 India
⏰ 2 နာရီ 06 မိနစ် 09 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Tara & Bilal (2022)အိန္ဒိယရိုးရာအတိုင်း အသက်ငယ်တုန်းမှာ လက်ထပ်ဖို့ကို လာစေ့စပ်ကြောင်းလမ်းတဲ့သူတွေအစား လန်ဒန်မှာ အခြေချချင်တဲ့စိတ်နဲ့ အွန်လိုင်းရီဗျူးကိုပိုယုံပြီး ပိုင်ဆိုင်မှုအကုန်ရောင်းချ လက်ထပ်ပြီး လိုက်သွားခါမှ ဟိုတယ်မှာ ပစ်ထားခဲ့ခံရတဲ့ တာရာ…မိန်းမ ၅ ယောက်ဦးစီးတဲ့အိမ်က တစ်ဦးတည်းသောယောကျာ်းလေးဖြစ်ပြီး အမေနဲ့အဒေါ်တွေရဲ့ ကျရှုံးခဲ့တဲ့ အိမ်ထောင်ရေးတွေကိုမြင်ပြီး လက်ထပ်ဖို့စိတ်ကုန်နေတဲ့ ခပ်ဆိုးဆိုးကောင်လေးဘီလယ်လ်…သူတို့နှစ်ယောက်ဆုံတွေ့ကြတဲ့အခါ ဘယ်လိုလေးတွေဖြစ်မလဲ…တာရာနဲ့ ရန်ဖြစ်ရင်း ဘီလယ်လ်တစ်ယောက် ကားတိုက်ခံလိုက်ရတဲ့အခါ ဘီလယ်လ်တစ်ယောက်ရော ဘာဆက်ဖြစ်မလဲ ..မိသားစုမေတ္တာနဲ့အတူ social media ကိုယုံမိတဲ့ ဒုက္ခတွေ.. lgbt တွေရဲ့ဆက်ဆံရေးတွေကို ရယ်စရာလေးတွေနှောပြီးဖော်ပြထားလို့အချိန်ပေးရကျိုးနပ်တဲ့ကားလေးဖြစ်မှာမို့ GC ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်Translated by DoHsuHsu, ThinzarReviewed by DoHsuHsuEncoded by Hubin
https://image.tmdb.org/t/p/original/wA0ZX8BC6AB6IimmKyMWT0PzUov.jpg
Mad Heidi (2022)
⭐IMDB: 6.1/10 (688 Votes)
🎬 #Action #Adventure #Comedy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Switzerland
⏰ 1 နာရီ 32 မိနစ် 53 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Mad Heidi (2022)ဟိုင်ဒီဆိုတဲ့ ငယ်ရွယ်နုပျိုတဲ့ကောင်မလေးဟာ သူ့ချစ်သူဂုတ်ပီတာနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဘဝကိုဖြတ်သန်းနေပါသတဲ့။တစ်ရက်မှာ တရားမဝင်နို့ထွက်ပစ္စည်းတွေရောင်းချဖြန့်ဖြူးတဲ့ သူ့ကောင်လေးကို သတ်ပစ်လိုက်ပြီး လှပတဲ့သူမကို ရူးသွပ်နေတဲ့ခေါင်းဆောင်ဖြစ်သူမိုင်လီက နှစ်သက်လိမ့်မယ်ဆိုပြီး သူ့ကိုဖမ်းခေါ်သွားသောအခါ။ သူဘယ်လိုလက်တုံ့ပြန်မလဲ သူ့ရဲ့စိတ်ဓာတ်ခိုင်မာမှု လက်ဖျားခါလောက်တဲ့အထိပါပဲ…. ကြမ်းတမ်းတဲ့မိန်းမလှလေး ဟိုင်ဒီရဲ့ဇာတ်လမ်းကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုလိုက်ရအောင်ပါReviewed & Translated by MayLinEncoded by Hubin
https://m.media-amazon.com/images/M/MV5BODU5MzA3NmUtY2NlZS00NTNjLWFmNTktYzFmNTMwYzUzZTdmXkEyXkFqcGdeQXVyMTUzMTg2ODkz._V1_FMjpg_UX1000_.jpg
Scare Package II: Rad Chad's Revenge (2022)
⭐IMDB: 4.8/10 (203 Votes)
🎬 #Comedy #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 USA
⏰ 1 နာရီ 39 မိနစ် 16 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Following the events of the original with the survivors attending the funeral of “Rad Chad” Buckley, which quickly devolves into an elaborate series of death traps centered around Chad’s favorite films, forcing the guests to band together and use the rules of horror to survive the bloody game.
https://m.media-amazon.com/images/M/MV5BYzUwZDVjZDEtOWU0Ni00ZDY4LWJjNDctOTc2NDQxZGYyM2NjXkEyXkFqcGdeQXVyNDYzNDg2MTM@._V1_FMjpg_UX1000_.jpg
Christmas Carol (2022)
⭐IMDB: 8.2/10 (11 Votes)
🎬 #Comedy #Fantasy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 korea
⏰ 2 နာရီ 09 မိနစ် 29 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
အားလုံးအတွက် ခရစ်စမတ်ဆိုတာ ပျော်စရာအချိန်လေးဖြစ်ကြမှာပါ ဒါပေမဲ့ အချိုသော သူတွေအတွက် ခရစ်စမတ်ဆိုတာ နာကြည်းချက်တွေနဲ့ ပြည့်နှက်နေတဲ့ အချိန်လည်း ဖြစ်ကောင်းဖြစ်မှာပါ ….ဒီကားထဲမှာတော့ ဉာဏ်ရည်မမှီတဲ့ ညီလေးဖြစ်သူရဲ့ မတရားခံရမှုအတွက် လက်စားချေတဲ့ အကိုတစ်ယောက်အကြောင်းကြည့်ရမှာပါ။ ခရစ်စမတ်အကြိုနေ့မှာ ရေပုံးထဲမှာ သေလျက်သားတွေ့ခဲ့ရတဲ့ ညီအတွက် အကိုတစ်ယောက်နဲ့ နာကြည်းမှုနဲ့ ဆရာကောင်းနဲ့တွေ့ရင်း လမ်းမှန်ရောက်ခဲ့တဲ့ သူတစ်ယောက်အကြောင်းပါ။ဝမ်းနည်းကြေကွဲဖွယ်ကောင်းတဲ့ ဒီအဖြစ်အပျက်လေးဟာ သူများတွေ ပျော်ကြတဲ့ နှစ်စဉ် ဒီလိုချိန်ဆို အနာဟောင်းက တဆစ်ဆစ်နာလာသလို ခံစားခဲ့ရမှာပါ။ သူများတွေပျော်လေလေ ညီလေးနဲ့အဖွားကို လွမ်းလေလေ သူတိုနဲ့ပျော်ချင်လေလေဖြစ်ရတဲ့ ခံစားချက်လေးကို ခံစားရမှာပါ။ဒီဇင်ဘာလရဲ့ လွမ်းစရာ အေးစက်စက် ညတွေမှာ Christmas Carol ကြားတိုင်း နာကြည်းနေရတဲ့ ကောင်လေးရဲ့ ခံစားချက်ကို ဒီကားလေးထဲမှာ အတူကြည့်ရအောင်လို ဖိတ်ခေါ်ရင်း အေးချမ်းပျော်ရွှင်ပြီး ဘေးကင်းကျန်းမာတဲ့ အချိန်လေးတွေကို ဖြတ်သန်းနိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်နော်Review:nasoyeTranslators: Sharon and nasoyeEncoder: Cham
https://image.tmdb.org/t/p/original/9ldFrM4VkzYRIMmKLzJmQEmJsyK.jpg
Evil at the Door (2022)
⭐IMDB: 2.6/10 (215 Votes)
🎬 #Horror #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Unknown
⏰ 1 နာရီ 21 မိနစ် 42 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
One night every year the world sees an alarming surge in violent home invasions. This is no coincidence.
https://image.tmdb.org/t/p/original/6Fdku46UeJnny4xZK8E1sTVMBRe.jpg
When Christmas Was Young (2022)
⭐IMDB: 6.0/10 (175 Votes)
🎬 #Comedy #Family #Fantasy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Canada
⏰ 1 နာရီ 27 မိနစ် 17 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
When Christmas was Young (2022)လုခ် ဒေါ်ဆန် ဆိုတဲ့ အမျိုးသားဟာ ခရစ္စမတ်ကို သိပ်သဘောမကျသလို အင်မတန် မောက်မာတဲ့ ဂီတမန်နေဂျာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ မောက်မာမှုကြောင့် ဂရမ်မီဆုများရှင် တေးသံရှင်တစ်ယောက်က သူ့ကို စာချုပ်ရပ်ဆဲပြီး အလုပ်ဖြုတ်လိုက်ပါတယ်။သူ့လုပ်ငန်းတစ်ခုလုံး သဲထဲရေသွန်မလို ဖြစ်ရာကနေ ကယ်နိုင်မယ့် တစ်ခုတည်းသော အဖြေဖြစ်တဲ့ မူပိုင်ခွင့်ရဖို့ မြို့သေးလေးတစ်ခုကို ခရစ္စမတ်ကာလအနီးမှာ သွားရောက်ရာကစတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။မူပိုင်ခွင့်ပိုင်ရှင်ကတော့ မယ်လိုဒီ ဒေါက်ဂလက်စ်လို့ ခေါ်တဲ့ တေးရေးတေးဆိုဝါသနာပါတဲ့ ပါရမီရှင်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး စိတ်ထားအထူးကောင်းမွန်ကာ ခရစ္စမတ်ကိုလည်း အင်မတန် မြတ်နိုးသူပါ။ကဲ ဆန့်ကျင်ဘက် မီးနဲ့ရေ ၂ ဦးသား ဘယ်လိုများ ညှိနှိုင်းကြမှာပါလဲ။ခရစ္စမတ်ရဲ့အနှစ်သာရ အပြည့်အဝပါဝင်ပြီး ၅၂၈ နှင့် ၁၅၀၀ ချစ်ခြင်းကို ကြည်နူးဖွယ်ပုံဖော်ထားတာ ဖြစ်လို့ ဒီခရစ္စမတ်ကာလမှာ ခရစ္စမတ်တေးသံမြိုင်မြိုင်နဲ့ ကြည့်ရှုကြရအောင်ပါလား။Translated and reviewed by MonEncoded by Hubin
https://image.tmdb.org/t/p/original/A6McNUszcZnRkSa8ZhwlKoLchrT.jpg
The Loneliest Boy in the World (2022)
⭐IMDB: 5.7/10 (763 Votes)
🎬 #Comedy #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 USA
⏰ 1 နာရီ 30 မိနစ် 03 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
The loneliest boy in the world (2022)ကောင်လေးတစ်ယောက်က မွေးခါစအရွယ်ကတည်းက မိဘရဲ့စိုးရိမ်မှုလွန်ကဲမှုကြောင့် အိမ်ထဲကအိမ်ပြင်မထွက်ပဲ လောကကြီးနဲ့အဆက်အသွယ်ဖျက်ကာ နေခဲ့ရပါတယ်။ကံဆိုးချင်တော့ ကောင်လေးအရွယ်ရောက်လာချိန်မှာ မိဘ၂ယောက်လုံးဆုံးပါးသွားပါတယ်။ မွေးစားဖို့ကလဲ အသက်ကြီးနေပြီမို့ သူ့ကိုတရားရုံးကအမိန့်နဲ့ စုံတွဲတစ်တွဲကမကြာခဏလာစောင့်ကြည့်ပြီး အိမ်တစ်လုံးနဲ့ တစ်ယောက်တည်းနေခွင့်ရခဲ့ပါတယ်။ မွေးကတည်းက လူတွေနဲ့ မဆက်ဆံခဲ့ဖူးတဲ့ ကလေးတစ်ယောက်ကိုယ့်ဒူးကိုယ်ချွန်ရမယ့် အခြေအနေကိုရောက်လာချိန်မှာတော့ ဘယ်လိုကိစ္စတွေဖြစ်လာမလဲဆိုတာ ကမ္ဘာပေါ်မှာအထီးကျန်ဆုံးကောင်လေးတစ်ယောက်ဆိုတဲ့ ရုပ်ရှင်ကားလေးကို Gold Channelမှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။Reviewed by LwinMoeTranslated by LwinMoe & May’sEncoded by Siran
https://image.tmdb.org/t/p/original/t7yiowqY04VXjW2UEi2TRgMXbap.jpg
Monsters in the Closet (2022)
⭐IMDB: 3.5/10 (120 Votes)
🎬 #Comedy #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 USA
⏰ 1 နာရီ 29 မိနစ် 01 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Monster in the Closet (2022)စာအုပ်ထဲက အကြောင်းအရာတွေက အမှန်ဖြစ်ပေါ်လာရင် သင်ဘယ်လိုခံစားရမလဲ။အနက်ရောင်မှော်စွမ်းအားတွေနဲ့ပြုလုပ်ထားတဲ့ ထိုစာအုပ်ကိုအသံကျယ်ကျယ်ရွတ်ဆိုလိုက်ရင် မကောင်းဆိုးဝါးတွေက သင့်ဘ၀ထဲကို၀င်ရောက်လာသပါတဲ့။ ဒီဇာတ်လမ်းကတော့ အသံကျယ်ကျယ်နဲ့ရွတ်ဆိုထားတဲ့ ခြောက်ခြားဖွယ်ဇာတ်လမ်းတွေပါပဲ။တစ်ပုဒ်ချင်းစီက တိုတောင်းပေမဲ့ ခြောက်ခြားဖွယ်ကောင်းလွန်းတဲ့အတွက် အတော်လေးကို စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။Reviewed & Translated by MayLinEncoded by
https://image.tmdb.org/t/p/original/bJOpQRut7NebgYT0nUN9UDyi8og.jpg
The Leech (2022)
⭐IMDB: 5.6/10 (243 Votes)
🎬 #Comedy #Horror
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 USA
⏰ 1 နာရီ 22 မိနစ် 11 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
A devout priest welcomes a struggling couple into his house at Christmas time. What begins as a simple act of kindness quickly becomes the ultimate test of faith once the sanctity of his home is jeopardized.
https://image.tmdb.org/t/p/original/gDTZNcZj4Kg7Dcu4becTshfTyAS.jpg
Vinski and the Invisibility Powder (2021)
⭐IMDB: 5.8/10 (95 Votes)
🎬 #Comedy #Family #Fantasy
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 Finland
⏰ 1 နာရီ 24 မိနစ် 49 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Vinski and The invisibility powder( 2021)ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Giffoni Film Festival (2022) ကလေးရုပ်ရှင်ပွဲတော်တွင် ဆုတွေအများကြီးရရှိခဲ့တဲ့ Vinski and The invisibility powder ဆိုတဲ့ Fantasy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အသက် ၁၀ နှစ်အရွယ် Vinskiဆိုတဲ့ကောင်လေးဟာ introvert လေးတစ်ဦး ဖြစ်တဲ့အပြင် သူငယ်ချင်းတွေကြားထဲလည်း လူဝင်မဆံ့ဖြစ်နေတဲ့ ကလေးလေး တစ်ယောက်ပါ။ Single motherတစ်ဦးဖြစ်တဲ့ အမေဖြစ်သူKristaနဲ့ အတူတူ Vinski ဟာ Hömpstadဆိုတဲ့ မြို့လေးမှာ နေထိုင်ကြပါတယ်။ တစ်ရက်မှာ Vinskiဟာ ဆေးဆိုင်တစ်ခုကို ရောက်သွားပြီး ထူးဆန်းတဲ့ ဆေးဆရာကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆေးဆရာကြီးက Vinski ကို ကိုယ်ပျောက်ပေါင်ဒါအကြောင်း ပြောပြပြီး အသုံးပြုပုံတွေကိုပါ သင်ပေးလိုက်ပါတော့တယ်။ Hömpstadမြို့လေးမှာ သောင်းကျန်းနေတဲ့ သူခိုးတွေကို ဒီpowderသုံးပြီး Vinski ဘယ်လိုဖြေရှင်းမလဲ နောက်ဆုံးမှာ သူခိုးတွေကိုကော ဖမ်းမိနိုင်မလား ဆေးဆရာကြီးက ဒီကိုယ်ပျောက်ပေါင်ဒါအကြောင်း Vinskiကို ဘာကြောင့်ပြောပြခဲ့တာလဲ ဆိုတာကို GC ပရိသတ်ကြီးက ဆက်လက် ကြည့်ရှုပေးပါဦးနော်။Reviewed and Translated by SY.phyoEncoded by CuKar
https://m.media-amazon.com/images/M/MV5BMjIyOTkyMDE5N15BMl5BanBnXkFtZTcwNjIwNzQwMw@@._V1_FMjpg_UX1000_.jpg
Dogtooth (2009)
⭐IMDB: 7.2/10 (98 k Votes)
🎬 #Adult #Drama
🗓️ 2009 🎞️ Movie 📺 1080p FHD
🌎 Greece
⏰ 1 နာရီ 37 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
********************
ထူးဆန်းတဲ့မိသားစုတစ်စုရှိတယ်.. အိမ်ထောင်ဦးစီးဖြစ်တဲ့အဖိုးကြီးဟာ
သူ့ကလေးတွေကို တစ်ခါတစ်လေခွေးတွေလိုပြုမူဆက်ဆံတာပါပဲ..
ဒီလိုပြုမူပုံတွေဟာ ကလေးတွေအပေါ်အများကြီးသက်ရောက်မှုရှိတယ်..
အဘိုးကြီးကဘာလို့ ဒီလိုနေတာလဲ..
သားသမီးတွေကရောဘယ်လိုမျိုးတွေ တုန့်ပြန်မလဲဆိုတာကိုတော့..
https://m.media-amazon.com/images/M/MV5BMDgyYTYxYjAtNzA0Yy00Yzc1LWIwYmMtMzg0ZTgwY2FmMTI3XkEyXkFqcGdeQXVyMjI3NDAyNg@@._V1_FMjpg_UX1000_.jpg
Hit the Road (2021)
⭐IMDB: 7.3/10 (3 k Votes)
🎬 #Drama
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 Iran
⏰ 1 နာရီ 34 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hit The Road (2021)
~ IMDb – 7.3/10, Rotten Tomatoes – 95% ~
IMDb 7.3/10 ရထားတယ်၊ Rotten Tomatoes က 95 % ရထားတယ်၊ BFI London နဲ့ Singapore International ဆုတွေ ရထားတယ်ဗျာ…၉၃ မိနစ်ကြာ ဇာတ်လမ်းတစ်ပုဒ်ကို လူဇာတ်ကောင် လေးယောက် တိဇာတ်ကောင် တစ်ကောင်တည်းနဲ့ စိတ်ဝင်စားဖွယ်ရိုက်ပြထားတယ်…
ဒီဇာတ်လမ်းက ခင်ဗျားတို့ကို ကြည်နူးရင်ခုန်စရာတွေတော့ ပေးနေမှာ မဟုတ်ဘူးဗျ။ မရေရာမှုတွေပြည့်နေတဲ့ ဒီဇာတ်လမ်းရဲ့ ပထမဆုံးသော ဒိုင်ယာလော့ကိုက…” ဘယ်ရောက်ပြီလဲ “တဲ့။
အဖေ အမေ သားနှစ်ယောက် ခွေးတစ်ကောင် အငှားကားတစ်စီးနဲ့ ထွက်လာတဲ့ ဒီခရီးဟာ ပျော်ပွဲစားခရီးတော့ ဟုတ်မနေခဲ့ပါ။ နိုင်ငံရဲ့ မတည်ငြိမ်မှုတွေကြောင့် လမ်းဆုံးရောက်သွားတဲ့ မိသားစုတစ်စုရဲ့ နောက်ဆုံးအနေနဲ့ အရာရာပုံအောပြီး သားအကြီးဖြစ်သူကို တိုင်းတစ်ပါးကို မှောင်ခိုလွှတ်ဖို့ နယ်စပ်ကို ထွက်လာခဲ့ကြခြင်းပါ။
တရားမဝင်တဲ့ အလုပ်ဖြစ်လို့ လမ်းခရီးမှာ စိုးရိမ်ပူပန်ရတဲ့အပြင် သားအငယ်က တစ်ပူပူ ခွေးက တစ်ဆူဆူနဲ့ ဒုက္ခတွေကြားမှာ အားတင်းရင်း ပန်းတိုင်ရောက်ဖို့ ကြိုးစားနေရှာရတဲ့ မိသားစုတစ်စုကို ခင်ဗျားတို့မြင်ရပါလိမ့်မယ်…
တီးမိခေါက်မိသလောက်တော့ ဒီဇာတ်လမ်းက အီရန်နိုင်ငံရဲ့ ခေတ်အခြေအနေတစ်ခုကို ဒါရိုက်တာက မီးမောင်းထိုးပြချင်လို့ ရိုက်ပြထားတာပါ… ဇာတ်အေးအေးနဲ့ ဒီလောက် Rating တွေ ရထားတာပဲ ကြည့်ပေါ့။
ဒီတော့ ခေတ်ရဲ့ရိုက်ခတ်မှုနောက်ကွယ်က ဒုက္ခသားတွေရဲ့ အဖြစ်ကို ရိုက်ပြထားတဲ့ ဒီကားကြည့်ရင်း ခင်ဗျားတို့အတွက်လည်း တစ်ခုခုတော့ အတွေးမရတောင် ကိုယ့်နိုင်ငံအတွက် သံဝေဂရစေချင်လို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAct Molemyမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BNDU4MDExZjktNzEzYy00MDE0LWE1OTYtZDQzZGUwZTA0NzM2XkEyXkFqcGdeQXVyMjUwOTMwNw@@._V1_FMjpg_UX1000_.jpg
Destined at Christmas (2022)
⭐IMDB: 6.8/10 (536 Votes)
🎬 #Comedy #Family #Romance
🗓️ 2022 🎞️ Movie 📺 720p HD
🌎 United States
⏰ 1 နာရီ 27 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Destined at Christmas (2022)=======================IMDb Rating – 6.8/10
Black Fridayဆိုတာ အမေရိကန်အခေါ်မှာတော့ ခရစ္စမတ်ကာလကျေးဇူးတော်နေ့အလွန် တစ်ရက်(သောကြာနေ့)ကိုဆိုလိုပါတယ်။အဲဒီနေ့ကို ခရစ္စမတ်အတွက် ရောင်းဝယ်ဖောက်ကားတဲ့ရာသီအစလို့သတ်မှတ်ကြပြီး အရောင်းဈေးတွေလည်း ချပေးကြတဲ့ကာလဖြစ်ပါတယ်။
အဲဒီနေ့ မနက်အစောပိုင်းမှာပဲ ကလေးအဖေတစ်ခုလပ် ဖြစ်တဲ့ TheoHallနဲ့ ရည်းစားဖြစ်သူနဲ့လမ်းခွဲထားတာ လပိုင်းလေးသာ ရှိသေးတဲ့Kim Fenechတို့ဟာ ဆုံမိကြလေရဲ့။ တစ်မနက်လုံး စကားတွေဖောင်ဖွဲ့ရင်းသံယောဇဉ်တွေ ငြိတွယ်လာသော်ငြားလည်း စတိုးဆိုင်တစ်ဆိုင်ထဲအဝင်မှာမီးအား ပြတ်တောက်သွားတာကနေ အစပြုပြီး လူချင်းကွဲသွားကြပါတော့တယ်။ Kimနဲ့ Theoဆိုပြီး နာမည်လေးအစလေးတစ်လုံးသာ သိကြတဲ့ သူတို့နှစ်ယောက်၊ တစ်ယောက်ကို တစ်ယောက်ရှာကြဖို့ကြိုးပမ်းတဲ့အခါ ဘယ်လိုဘယ်ပုံတွေဖြစ်လာမှာလဲ။ သူတို့တတွေရဲ့ မေတ္တာလမ်းခရီးကရော ဖြောင့်ဖြူးနိုင်ပါ့မလားဆိုတာကိုတော့ဆက်လက်ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားကိုတော့ Romanceတွေသာရိုက်လေ့ရှိတဲ့ BrittneyWiscombeက စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး IMDb Rating မှာ6.8/10 ရရှိထားပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hugoဖြစ်ပါတယ်)
https://image.tmdb.org/t/p/original/4BREJsRq3ycZCikU4GCc6SWs7hu.jpg
Blasting ( 2022 )
⭐IMDB: ⁉️
🎬 #Action #Crime
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 25 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ ကြမ်းမှရမ်းမှကြိုက်တယ်ဆိုတဲ့CMပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ကားလေးကတော့Blastingဆိုတဲ့ မှုခင်းကားလေးတစ်ကားပါ
ရှောင်ကွေ့တိုညီအစ်ကိုနှစ်ယောက်ဟာ ဒုစရိုက်သမားသောင်းယွီချင်ရဲ့ဖိအားပေးခံရမှုကြောင့် ပေါင်ဖူရတနာဆိုင်ကို လုယက်ဖိုပါသွားခဲ့ကြပါတယ်
အစ်ကိုဖြစ်သူဟာ လောင်သောင်းရဲ့လှည့်စားမှုခံရပြီးရတနာဆိုင်ထဲမှာတင် ပေါက်ကွဲပြီးသေဆုံးသွားသောအခါတာဝန်ထမ်း ဆောင်နေစဥ်အတွင်းရတနာဆိုင်ပေါက်ကွဲမှုအတွက် ဓားစာခံသွားကယ်ခဲ့သော ရဲသားရွှရဲသားတစ်ယောက်ပေမဲ့ တစ်ဖက်ရန်သူက လက်နက်ချပြီးသူ့ကိုကယ်ဖိုအကြိမ်ကြိမ်တောင်းဆိုသောကြောင့်ဗုံးကိုဖြုတ်ပြီးကယ်ဖို အစွမ်းကုန်ကြိုးစားပေးပေးခဲ့ပါတယ်
ဒါပေမဲ့ သူကဗုံးဖြုတ်မကျွမ်းကျင်ဒါကြောင့်မကယ်တင်လိုက်နိုင်ပဲ ရှောင်ကွေ့အစ်ကိုကသေဆုံးသွားခဲ့ရပါတော့တယ်မသေဆုံးခင်မှာ ရှောင်ကွေ့ကိုကယ်တင်ပေးဖိုသူ့အစ်ကိုက နောက်ဆုံးအနေနဲ့ ဟစ်အော်မှာကြားခဲ့သောအခါ
နောက်ခုနှစ်အကြာမှာတော့ အဲ့ကိစ္စကိုမမေ့နိုင်လို့ ကြိုးစားခဲ့တဲ့ ကပ္ပတိန်ရွှပိုက်ဆံဝေစုမပေးဘဲ လိမ်လည်ပုန်းရှောင်နေသော ဒုစရိုက်သမားသောင်းယွီချင်သွေးကြွေးအတွက် လိုက်ရှာနေသော ရှောင်ကွေ့ကဲဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းလေးပဲ ကြည့်လိုက်ရအောင်နော်
https://m.media-amazon.com/images/M/MV5BZGQ0ZGU3YmMtMTYwYS00MDMxLWIyNDMtNmNlMzk5ZmJkYjQ2XkEyXkFqcGdeQXVyMTA0MjU0Ng@@._V1_FMjpg_UX1000_.jpg
The Beasts (2022)
⭐IMDB: 7.7/10 (3 k Votes)
🎬 #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Spain, France
⏰ 2 နာရီ 19 မိနစ် 02 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Beasts (2022)
==============
IMDb Rating – 7.7/10
IMDb 7.7နဲ့ RT 100% ရထားတဲ့ စပိန်-ပြင်သစ်စကားပြောThrillermystery ဇတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။
အန်တွမ်နဲ့ ဇနီးဖြစ်သူအော်ဂါတို့ဟာ ပြင်သစ်နိုင်ငံကနေ စပိန်နိုင်ငံရှိတောင်ပေါ်ရွာလေး တစ်ရွာမှာ စိုက်ပျိုးမွေးမြူရေးလုပ်ရင်း အေးရာအေးကြောင်း နေထိုင်ဖို့ ရည်ရွယ်ထားကြသူတွေပါ။ ဒါပေမဲ့ သူတို့ရဲ့အိပ်မက်က ထင်သလောက်မချောမွေ့ဘဲ ရွာခံလူထုရဲ့ မနွေးထွေးတဲ့ကြိုဆိုမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အထူးသဖြင့် အိမ်နီးချင်းဖြစ်တဲ့ညီအစ်ကို၂ယောက်နဲ့ မကြာခဏခိုက်ရန်ဖြစ်ခဲ့ရသလို အသက်ကိုပါခြိမ်းခြောက်တဲ့အထိ အမုန်းပွားမှုတွေရှိနေတာပါ။ ဒီလိုနဲ့ တစ်နေ့မှာခင်ပွန်းဖြစ်တဲ့ အန်တွမ် ရုတ်တရက် ပျောက်ဆုံးသွားပါတော့တယ်။
အော်ဂါကတော့ သူ့ခင်ပွန်းအသတ်ခံရတာလို့ တထစ်ချယုံကြည်ရင်းယောကျ်ားဖြစ်သူအလောင်းနဲ့ တရားခံတွေကိုရှာဖွေရာ သူထင်သလိုအန်တွမ်က အသတ်ခံလိုက်ရတာလား၊ တရားခံဘယ်သူဖြစ်နေမလဲ၊ဒီတိုင်းပဲပျောက်ဆုံးသွားတာလား စသဖြင့် မေးခွန်းများစွာနဲ့ကြည့်ရှုရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ illidanဖြစ်ပါတယ်)
https://image.tmdb.org/t/p/original/4BREJsRq3ycZCikU4GCc6SWs7hu.jpg
Okujô no tsuribito (2022)
⭐IMDB: ⁉️
🎬 #Action #Crime
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 25 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါ ကြမ်းမှရမ်းမှကြိုက်တယ်ဆိုတဲ့CMပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးမဲ့ကားလေးကတော့Blastingဆိုတဲ့ မှုခင်းကားလေးတစ်ကားပါ
ရှောင်ကွေ့တိုညီအစ်ကိုနှစ်ယောက်ဟာ ဒုစရိုက်သမားသောင်းယွီချင်ရဲ့ဖိအားပေးခံရမှုကြောင့် ပေါင်ဖူရတနာဆိုင်ကို လုယက်ဖိုပါသွားခဲ့ကြပါတယ်
အစ်ကိုဖြစ်သူဟာ လောင်သောင်းရဲ့လှည့်စားမှုခံရပြီးရတနာဆိုင်ထဲမှာတင် ပေါက်ကွဲပြီးသေဆုံးသွားသောအခါတာဝန်ထမ်း ဆောင်နေစဥ်အတွင်းရတနာဆိုင်ပေါက်ကွဲမှုအတွက် ဓားစာခံသွားကယ်ခဲ့သော ရဲသားရွှရဲသားတစ်ယောက်ပေမဲ့ တစ်ဖက်ရန်သူက လက်နက်ချပြီးသူ့ကိုကယ်ဖိုအကြိမ်ကြိမ်တောင်းဆိုသောကြောင့်ဗုံးကိုဖြုတ်ပြီးကယ်ဖို အစွမ်းကုန်ကြိုးစားပေးပေးခဲ့ပါတယ်
ဒါပေမဲ့ သူကဗုံးဖြုတ်မကျွမ်းကျင်ဒါကြောင့်မကယ်တင်လိုက်နိုင်ပဲ ရှောင်ကွေ့အစ်ကိုကသေဆုံးသွားခဲ့ရပါတော့တယ်မသေဆုံးခင်မှာ ရှောင်ကွေ့ကိုကယ်တင်ပေးဖိုသူ့အစ်ကိုက နောက်ဆုံးအနေနဲ့ ဟစ်အော်မှာကြားခဲ့သောအခါ
နောက်ခုနှစ်အကြာမှာတော့ အဲ့ကိစ္စကိုမမေ့နိုင်လို့ ကြိုးစားခဲ့တဲ့ ကပ္ပတိန်ရွှပိုက်ဆံဝေစုမပေးဘဲ လိမ်လည်ပုန်းရှောင်နေသော ဒုစရိုက်သမားသောင်းယွီချင်သွေးကြွေးအတွက် လိုက်ရှာနေသော ရှောင်ကွေ့ကဲဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာ ဇာတ်လမ်းလေးပဲ ကြည့်လိုက်ရအောင်နော်
https://m.media-amazon.com/images/M/MV5BNWFmZmMzMGItNDZlNy00NDUwLTg3NTEtYWYyOGI0NWFhYmQ1XkEyXkFqcGdeQXVyMjUzOTY1NTc@._V1_FMjpg_UX1000_.jpg
The Big Hit (1998)
⭐IMDB: 6.0/10 (30 k Votes)
🎬 #Action #Comedy #Crime
🗓️ 1998 🎞️ Movie 📺 720p HD
🌎 United States
⏰ 1 နာရီ 32 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Shawshank Redemption, The Basketball Diaries, Ted 1,2,3, Planet of the Apes,Transformers အစရှိတဲ့ တစ်ကမ္ဘာလုံးကြိုက်ကြတဲ့ရုပ်ရှင်တွေအပြင် ထွက်ရှိထားတာ သိပ်မကြာသေးတဲ့ Uncharted , Me time တို့မှာလည်း သရုပ်ဆောင်ထားပြီး ဒီကားမှာလည်းအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့Mark Wahlbergရဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားလာပါပြီ။ Jakie Chanရဲ့ Twin dragons, Crime storyအစရှိတဲ့ ရုပ်ရှင်တွေကိုရိုက်ကူးပေးထားတဲ့ Director Kirk Wongကပဲ ဒီကားကိုရိုက်ကူးပေးထားတာဖြစ်ပါတယ်
ဇာတ်လမ်းကတော့ မယ်ဗင်(Mark Wahlberg)က အလုပ်မှာတော်ပင်မယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းညစ်ပတ်တာခံနေရသလို ရည်းစားတွေရဲ့ ပလေးခြင်းကိုခံနေရတဲ့ကြေကွဲလူငယ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ခဲခို(Keiko)ဆိုတဲ့ ဂျပန်သူဌေးမွဲကြီးရဲ့ သမီးဖြစ်သူကိုပြန်ပေးဆွဲတဲ့အမှုထဲမှာပါဝင်ပတ်သက်မိပါတော့တယ်။ ခဲခိုကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ မယ်ဗင်တစ်ယောက်ဘယ်လိုအခက်ခဲတွေကြုံရမလဲ သူ့ရဲ့ပလေးခံဘဝလေးကနေ အချစ်စစ်ကိုရှာတွေ့သွားမလား၊ အသက်ဘေးကနေရော လွတ်မြောက်သွားနိုင်ကြပါ့မလား ဆိုတာတွေကို ဒီကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။ Actionဇာတ်ကားကြိုက်တဲ့လူတွေအတွက် ဒီကားကတော်တော်ကောင်းပါတယ်၊ ပျင်းလည်းမပျင်းရသလို ဇာတ်လမ်းကလည်း သူ့အရှိန်နဲ့သူသွားနေတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ကြည့်နေရင်း အချိန်ကုန်သွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူး၊ နောက်ဆုံးအနေနဲ့ထပ်ဖြည့်ပြီးပြောရရင် ခဲခိုနေရာမှာသရုပ်ဆောင်တဲ့ ကောင်မလေးတော်တော်ချောတယ်ဗျာ။ ဇာတ်လမ်းဇာတ်သွားကလည်း ကောင်းတဲ့ထဲပါပြီး မင်းသားကလည်းကောင်း၊ မင်းသမီးကလည်းချောတော့ ကြည့်သာကြည့်လိုက်ပါတော့ဗျို့။
https://m.media-amazon.com/images/M/MV5BNTQ4ZmY0NjgtYzVhNy00NzhiLTk3YTYtNzM1MTdjM2VhZDA3XkEyXkFqcGdeQXVyMTkxNjUyNQ@@._V1_FMjpg_UX1000_.jpg
Last Christmas (2019)
⭐IMDB: 6.5/10 (81 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2019 🎞️ Movie 📺 1080p FHD
🌎 United Kingdom, United States, China
⏰ 1 နာရီ 42 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်လေးက ရုံတင်ကတည်းက အတော်လူကြိုက်များခဲ့ပါတယ်။
Romance ကား ကောင်းကောင်းလေးပါပဲ။
ပျော်ဖို့ကောင်းတယ် ချစ်စရာကောင်းတယ်
မထင်ထားတဲ့ ဇာတ်လမ်းမျိုးလေးဖြစ်နေတယ်ပေါ့။
နောက်ခံသီချင်းလှလှလေးတွေသုံးထားတယ်။
ကျွန်တော်ကတော့ မင်းသမီး အမ်မလီယာကလာ့ခ်ရဲ့ ဖန်မို့ ပိုကြိုက်မိပါတယ်။
မစ်ချဲယိုကလည်း ဇာတ်ပို့အဖြစ် အားဖြည့်ပေးထားပါတယ်။
ဇာတ်လမ်းကတော့ Last Christmas သီချင်းကို အဓိက ဇာတ်အိမ်တည်ထားတာပေါ့။
ကတ်ထရီးနား ခေါ် ကိတ် ဟာ အမေ နဲ့ရော
အစ်မနဲ့ရော မတည့်တဲ့ ဂျစ်ကန်ကန်ကောင်မလေး၊
ဘဝကို အရက်တွေ ယောကျာ်းတွေနဲ့ ဖြစ်သလိုဖြတ်သန်းနေတဲ့သူပေါ့။
တစ်ရက်မှာတော့ ထူးဆန်းပြီး လူတွေကို ကူညီတတ်တဲ့ တွမ် ဆိုတဲ့ ကောင်လေးနဲ့ စမိချိန်မှာ…..။
https://image.tmdb.org/t/p/original/5az8rzupOLWufBl0W02ubB9lSmU.jpg
Zombie Chikadees ( 2022 )
⭐IMDB: ⁉️
🎬 #Action #Horror #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 27 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီးတစ်ယောက်ဖြစ်တဲ့မောင်ရှန်းဟောင်ဟာ ဖီးနစ်ကျွန်းကို သွားရောက်ခဲ့ပြီးတော့ဗီဇပြောင်းငှက်မျိုးစေ့တွေရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်
ထူးဆန်းစွာနဲ့ပဲ လူတွေကလဲ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလို့ နေပါတယ် တစ်ဆက်ထဲမှာပဲမြို့တော်ရဲ့ လူချမ်းသာအိမ်တော်ဖြစ်တဲ့ မုန့်အိမ်တော်ရဲ့သခင်ကြီးဟာ သေဆုံးရာကနေပြီးဖုတ်သစ္ဆေတစ်ကောင်ကို ပြန်နိုးထလာခဲ့ပါတယ်
ထိပ်တန်းငှက်လေ့ကျင့်ရေး ဆရာကြီး မောင်ရှန်းဟောင်ကဒီသေဆုံးမှုဟာ ငှက်တစ်ကောင်တိုက်ခိုက်ခံရလို့ သေဆုံးတယ်လို့ကောက်ချက်ချခဲ့ပေမဲ့ ဘယ်သူကမှယုံကြည်ချင်းမရှိခဲ့ပါဘူးမြို့တော်က လူတွေကလဲ ကောလဟာလတွေမှတစ်ဆင့်စိတ်တွေ ကယောင်ခြောက်ခြားတွေဖြစ်လို့လာမှာအုံကြွမှုတွေပါ ဖြစ်လို့လာပါတယ် ဒီလိုနဲ့ မုန့်အိမ်တော်ရဲ့သခင်လေးဖြစ်သူလဲဖြစ် ညွှန်ကြားရေးမှူးချုပ်လဲဖြစ်တဲ့မုန့်ချန်နဲ့ အတူတူ အမှန်တရားကို ရှာဖွေခဲ့ကြတဲ့အခါ –
❏ ဘာတွေဆက်ဖြစ်ကြမှာလဲ❏ သူတို့ပြောနေတဲ့ ဖုတ်သစ္ဆေဆိုတဲ့ အရာကရော အမှန်ပဲ ဖြစ်နေမလား❏ အဲဒီတိုက်ခိုက်ကြတဲ့ ငှက်ဆိုးတွေကရောဘာတွေကြောင့်ဖြစ်နေကြမလဲ ဆိုတာ ရင်တထိတ်ထိတ်နဲ့စိတ်ဝင်တစားအဖြေရှာကြရမဲ့ horror အမျိုးအစားလေးဇာတ်ကားကောင်းလေး တစ်ကားဖြစ်လို့ အခုပဲကြည့်ရှုလိုက်ရအောင်လားရှင်
