ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Forest of Death (2023) ⭐IMDB: 3.7/10 (353 Votes) 🎬 #Drama #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 15 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Forest of Death (2023) =============== ဇာတ်လမ်းအကျဉ်း – Deanနဲ့Samရဲဲ့Supernaturalကြည့်ဖူးသူဆိုရင် ၀င်ဒီဂိုဆိုတဲ့မကောင်းဆိုးဝါးနဲ့ စိမ်းမယ်မထင်ပါဘူး။ အသွင်ပြောင်းနိုင်ကောင်တွေဖြစ်ပြီး လူတွေရဲ့အသံကိုတုပပြီး ရုပ်ကိုလည်းပုံစံတူအောင်လုပ်နိုင်ကြတဲ့ကောင်တွေပါ။ ဒီကားထဲမှာဆိုရင် သူငယ်ချင်းလေးယောက် တောအုပ်ဘေးက သစ်သားအိမ်လေးကို ပိတ်ရက်အပန်းဖြေဖို့လာရင်း ၀င်ဒီဂိုရဲ့ သားကောင်ဖြစ်သွားကြပုံတွေကို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာပါ။ ဒီကားလေးက horror/thrillerဖန်တွေအကြား ခရမ်းချဉ်သီးပုပ် ၁၀၀အပြည့်ရထားတဲ့အတွက် ကြိုက်သူ မကြိုက်သူတွေ ဝေဖန်မှုအများဆုံးကားတွေထဲကတစ်ကားပါ။ ဇာတ်ကားပေါ်မှာ တစ်ယောက်ချင်းစီရဲ့ခံစားမှုအရသာကလည်း မတူညီနိုင်တဲ့အတွက် ကောင်းလား မကောင်းဘူးလားဆိုတာ ကိုယ်တိုင်ပဲကြည့်ရှုဆုံးဖြတ်ပေးကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့...
Rebel Moon - Part Two: The Scargiver (2024) ⭐IMDB: 5.9/10 (553 Votes) 🎬 #Action #Adventure #Drama #ScienceFiction #Fantasy #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rebel Moon – Part Two: The Scargiver (2024)=================================IMDb Rating – 6.9/10 ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကိုစတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာနဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်းဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူတိုင်းကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း –ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက်လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခုခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံမရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ်သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီးမဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည်တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲဆိုတာ တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...
Rebel Moon - Part One: A Child of Fire (2023) ⭐IMDB: 5.6/10 (107 k Votes) 🎬 #Action #Adventure #Drama #ScienceFiction #Fantasy #SciFi 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စတားဝေါ ဖန်မိတ် ရုပ်ရှင်ကြီးလာပါပြီ။ ဒီဇာတ်လမ်းကို စတားဝေါလူကြီးဆန်ဆန်ဗားရှင်းအဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ ဒစ္စနေးနဲ့လူးကပ်ရုပ်ရှင်ကုမ္ပဏီက လက်မခံတာကြောင့် Star Wars ရုပ်ရှင်အဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်ရိုက်ကူးဖြစ်သွားတာပါ။ ဒါကြောင့် ဂျဒိုင်းတွေနဲ့အလင်းဓားတွေ မပါဝင်ပေမဲ့ အင်ပါယာ နဲ့ ဖိနှိပ်ခံဂြိုလ်တွေ၊ တော်လှန်ရေးအဖွဲ့တွေ အကုန်ပါဝင်နေပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကျောရိုးကိုလည်း ဇက်ရဲ့ အကြိုက်ဆုံးရုပ်ရှင် Seven Samurai (1954) ကို မှီငြမ်းထားတာမို့ အာကာသထဲက ဆာမူရိုင်း ၇ ယောက် ဇာတ်လမ်းမျိုးဖြစ်နေပြန်ပါတယ်။ လက်ရှိ ဝေဖန်ရေးဆရာတွေ အကြိုက်မတွေ့တဲ့အချက်ကလည်း ဒီအချက်ပဲဖြစ်ဖို့များပါတယ်။ မူရင်းဖန်တီးချက် ဘာမှမပါသေးဘဲ စတားဝေါ နဲ့ ဆဲဗင်းဆာမူရိုင်း ဒါမှမဟုတ် Magnificent Seven ကြည့်ပြီးသားလူတွေအတွက် မဲပြာပုဆိုးဖြစ်နေလို့ပါပဲ။ ဒါပေမဲ့ ပထမရုပ်ရှင်ပဲ ရှိသေးတာမို့ နောက်ထွက်လာမဲ့ အပိုင်းတွေမှာ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ အောင်မြင်နိုင်ပါသေးတယ်။ ဒီအချက်တွေကို မေ့ပစ်ပြီး ကြည့်မယ်ဆိုရင်တော့ ဇက်ရဲ့ထုံးစံအတိုင်း ရိုက်ချက်လှလှ၊ ဒိုင်ယာလော့ကောင်းကောင်း၊ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ ကြည့်ပျော်တဲ့ရုပ်ရှင်မို့ လူတိုင်းကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်း ဗဲ့ဒ်ဆိုတဲ့ ရွာကလေးက လယ်သမားတွေဆီကို အင်ပါယာဗိုလ်ချုပ်တစ်ယောက်ရောက်လာပြီး ရိက္ခာတွေ မတန်တဆ တောင်းတယ်။ ဒါကို ရွာသားတွေကမပေးနိုင်တော့ ပြန်ခုခံဖို့ အကူအညီတောင်းဖို့ ကြိုးစားတယ်။ သူတို့မှာလည်း ကြေးစားတပ်တွေငှားဖို့ ပိုက်ဆံမရှိပါဘူး ရိက္ခာအပိုလေးနည်းနည်းပဲပေးနိုင်တာပါ။ ရွာမှာ ခိုအောင်းနေတဲ့ ဝရမ်းပြေးစစ်သည်တော်တစ်ယောက်နဲ့ လယ်သမားလေးတစ်ယောက်တို့ စကြဝဠာထဲမှာ ခြေဆန့်ပြီး မဖြစ်စလောက်ရိက္ခာလေးပေးရုံနဲ့ လယ်သမားတွေဘက်ကနေ ကူတိုက်ပေးမဲ့ စစ်သည်တော်တွေကို လိုက်စုစည်းကြတာက အပိုင်း-၁ ရဲ့ ဇာတ်လမ်းပါပဲ။ အပိုင်း-၂ မှာတော့ ဒီဆာမူရိုင်းတွေ အင်အားအရမ်းကြီးတဲ့ အင်ပါယာကြီးကို ဘယ်လိုခုခံတော်လှန်ကြမလဲဆိုတာ တွေ့ရမှာပါ။...
Midnight in Paris (2011) ⭐IMDB: 7.6/10 (450 k Votes) 🎬 #Comedy #Fantasy #Romance 🗓 2011 🎞 movie 🌎 #France #Spain #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း….အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့အတိတ်တွေအကြောင်း…အဲ့ဒီမြို့ကလေးကစာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်းအဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်…. ။အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင်အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု..နေခြည်အောက်မှာပဲတည်တည်မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင်ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ဖြေမဲ့လူအတော်များလောက်မယ်။ဗင်းဆင့်ဗန်ဂိုး ပေါဂော်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆိုအစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကိုမွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်..ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတ်ိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ ” နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာ၀တ္ထုတို့ဟာအမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့”တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာကျွန်တော် ဖတ်ခဲ့ဖူးတယ်။ဒီ ရုပ်ရှင်မှာတော့…အချိန်အခါ နေရာ အဆောက်အဦးတို့မှာသိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကိုကျွန်တော်တို့ ခံစားကြရမှာပါ။ IMDb Rating – 7.7/10 ရရွိထားပါတယ္။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)...
Siren (2024) ⭐IMDB: 7.2/10 (1 k Votes) 🎬 #Action #Bollywood #Crime #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 35 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Siren (2024) အချက်ပေးသံIMDb 7.3/10 ဒီတစ်ခါစီအမ်ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်တာကတော့လျှို့ဝှက်သည်းဖိုအက်ရှင်ကားလေးပါ. ဇာတ်လမ်းအကျဥ်းချုပ်ကတော့ သီလာဂါက မိန်းမနဲ့သူငယ်ချင်းကို သတ်မှုနဲ့ စွပ်စွဲခံရပြီးထောင်ကျနေခဲ့တာပါ. လူသတ်ခဲ့ပေမယ့်လည်း တခြားအပြစ်သားတွေလိုမဟုတ်ဘဲသူလုပ်ခဲ့တာကိုနောင်တရပြီး ထောင်ထဲကတောင်အပြင်တစ်ခါမှမထွက်ဘဲနေခဲ့တာပါ. အမေ့ကိုသတ်ခဲ့လို့အပြင် လူသတ်သမားသမီးလို့ အခေါ်ခံရလို့လည်း မုန်းတီးနေတဲ့သမီးကို ရင်မဆိုင်ရဲလို့လည်းပါပါတယ် .ဒီလိုနဲ့ တစ်နေ့မှာအဖေနေမကောင်းလို့ အမေကခံဝန်နဲ့အသနားခံစာတင်ရာကနေ သီလာဂါတစ်ယောက်အိမ်ပြန်ရဖို့အကြောင်းဖန်လာပါတော့တယ်. အိမ်ပြန်ရောက်တော့လည်း သမီးဖြစ်သူကအတွေ့မခံဘဲ ရှောင်ပုန်းနေခဲ့ပါတယ်. ထိုင်နေတော့အကောင်းထသွားမှကျိုးမှန်းသိဆိုတဲ့အတိုင်း သီလာဂါတစ်ယောက်ထောင်ထဲမှာ၁၄နှစ်နေခဲ့တုန်းက အကောင်း.အိမ်ကို၁၄ရက်ပြန်ကာမှ နောက်ထပ်လူသတ်မှုတစ်ခုမှာမျက်မြင်သက်သေနဲ့တကွ စွပ်စွဲခံရပြီး အရင်အမှုရောအခုအမှုကိုပါ ကိုယ်ကိုတိုင်ဖြေရှင်းရဖို့ဖြစ်လာပါတော့တယ်. တစ်ဖက်မှာလည်းသမီးဖြစ်သူနဲ့ဆက်ဆံရေးကဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဒီကားလေးမှာဆက်စောင့်ကြည့်ပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
Primal Fear (1996) ⭐TMDB: 77% User Score 🎬 #Action #Crime #Drama #Mystery #Thriller 🗓 1996 🎞 Series 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1996 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb rating 7.7 ရရှိထားတဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးကတော့ အော်စကာဆုအတွက် စကာတင်စာရင်း တဆုနာမည်၀င်ခဲ့ပြီး တခြား ရုပ်ရှင်ဆုတွေလညး္ ၁၀ ဆုတောင် ရရှိခဲ့ပါတယ် ကဲ ဒီလောက် တောင် ညွှန်းနေမှတော့ ကောင်းလား မကောင်းလားကို မပြောတော့ပုဗျာ ဇာတ်လမ်း အကျဥ်းဖက်ကို လှည့်ကြတာပေါ့ ဇာတ္လမ္း အက်ဥး္ေလးကေတာ့ နာမည်ကြီး အမှုလိုက်ရှေ့နေတယောက်ဟာ မထင်မှတ်ပဲ လူသတ်မှုတခုကို လိုက်လံဖော်ထုပ်ရာမှ အရင် ရီးစားဟောင်းနဲ့ ပါ၀င်ပတ်သက်မီပြီး လူသတ်မှုရဲ့ အမှန်တရားဟာလဲ နှစ်ပေါင်းများစွာကြာအောင် ဖုံကွယ်ခြင်း ခံထားလိုက်ရာမှ ဘယ်လို တွေကြောင့် အမှုကပေါ်ပေါက်သွားလေမလဲ ဆိုတာကို ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ ဇာတ်ကားလေးထဲမှာတော့ Don’t believe everything you see တဲ့ဗျာ...
Dan in Real Life (2007) ⭐TMDB: 65% User Score 🎬 #Comedy #Drama #Romance 🗓 2007 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ဇာတ်ကားနာမည်မှာပါတဲ့ အတိုင်း Dan ဆိုတဲ့ လူတစ်ယောက် အကြောင်းပါ။ ဇာတ်ကားအမျိုးအစားက အချစ်ဟာသဇာတ်မြူးလေးပါ။ ခွက်ထိုးခွက်လန်ရယ်ရတဲ့ဟာသကားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အချစ်ကားဆိုတာတော့ တကယ်အဟုတ်ပါ။ Rating တွေကတော့ IMDb – 6.8/10 နဲ့ Rotten Tomato 65% ဆိုတော့ ကြည့်ပျော်ပါတယ်ဆိုတာ ထူးညွှန်းစရာတော့ မလိုသလောက်ပါပဲ။ အရမ်းကြီးထူးထွေဆန်းပြားနေတာတွေ မပါဘဲဖြစ်တတ်တာလေးတွေကို ရိုက်ပြသွားတာကိုက တကယ်ဖြစ်ပျက်နေတာကိုကြည့်ရသလိုဖြစ်စေတာမျိုးပါ။ Dan ဆိုတဲ့ သမီး ၃ ယောက်အဖေ မုဆိုးဖိုတစ်ယောက်ရဲ့ အကြောင်းကို Thanks Giving အတွက် မိသားစုတွေဆုံကြတဲ့အချိန် ဆုံကြတဲ့နေရာလေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်လမ်းလေးပါ။ အချစ်အကြောင်းသိချင်တာဆို ကြည့်ကြည့်ပါလို့ ပြောလို့ရတဲ့ ဇာတ်လမ်းပါ။ အချစ်က ဘယ်လိုဆိုတာ ပြထားတာလေးတွေအပြင် ထူးထူးခြားခြား အချစ်ကဘာဆိုတာ ပြောပြထားတာလေးပါ ပါတယ်။ သိရအောင် ကြည့်ကြည့်လိုက်ပါဦး။ အသက်အရွယ်ကို လိုက်ပြီးတော့ရော အချစ်က မတူကွဲပြားတတ်လားဆိုတာမျိုးကိုလည်း ထည့်ရိုက်ပြထားသေးတယ်။ နောက်ထပ်တစ်ခုက Right Time, Right Person မဖြစ်ရ မကြုံရရင်ရော ဘာတွေများဖြစ်ကုန်တတ်လဲ၊ အဲ့လိုကြုံရတဲ့လူတွေ ဘယ်လိုလုပ်ကြလဲ ဆိုတာလည်း သိရမယ့်ဇာတ်လမ်းလေးပါ။ အချစ်အကြောင်းချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ ဘဝအတွက် အရေးပါတဲ့ သတင်းစကားလေးလည်း ပါတယ်။ ဇာတ်ကားနာမည်မှာ In Real Life ထည့်ထားတာက အဲ့ဒီ့ ဘဝနေနည်းလေးကို သက်သေပြထားတာလို့ ပြောလို့ရတယ်။ စာတွေရေးတဲ့လူက သူ့စာတွေထဲမှာ ရေးထားသလိုနေဖို့ထက် တကယ့်ဘဝမှာ ဘယ်လိုနေရမလဲဆိုတာ သူကိုယ်တိုင်သိလာတာကို ရိုက်ပြထားတာမလို့ပါ။ ပြီးတော့ မိသားစုတွေကြားက ပျော်စရာလေးတွေ၊ ကလေးတွေ အထူးသဖြင့်ဆယ်ကျော်သက်တွေကို ထိန်းကျောင်းသင်ပြပုံ Parentingတွေ၊ မိဘတွေ လုပ်မိတတ်တဲ့ အမှားတွေ အစရှိသဖြင့် စုံစုံစိစိလေး အံဝင်ခွင်ကျ သူ့အကန့်နဲ့သူ ပါပါသေးတယ်။ အဲ့ဒါတွေအကုန်လုံးကို ဒီတိုင်းပေါ့ပေါ့ပါးပါးလေး သိရ ကြည့်ရမယ့် ဇာတ်ကားလေးဆိုတော့ တစ်နာရီခွဲလောက် အချိန်ပေးဖို့ ထိုက်တန်မှာပါ။ အဓိက သရုပ်ဆောင် Steve Carell နဲ့ Juliette Binoche ရယ်၊ တခြားသရုပ်ဆောင်တွေရယ်က သဘာဝကျကျလေး ပါဝင်ထားပါတယ်။ ဒီမိသားစုဇာတ်လမ်းကို ရိုက်ဖို့အတွက် အဲ့ဒီသရုပ်ဆောင်တွေအကုန်လုံးက ဇာတ်ကားမရိုက်ခင်ကတည်းက အဲ့ဒီ့ဇာတ်ကားရိုက်တဲ့အိမ်လေးမှာ မိသားစုဝင်တွေလို ရင်းနှီးနေအောင် တကူးတက သွားနေကြပြီးမှကို ရိုက်ထားတဲ့ ဇာတ်ကားလို့ပြောပါတယ်။ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။...
Dragonfly (2002) ⭐TMDB: 65% User Score 🎬 #Drama #Fantasy #Thriller #Mystery 🗓 2002 🎞 Series 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာသူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကိုပြန်လာခဲ့ပါတယ်။တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါလိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကိုကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ“အမ်မလီရဲ့ ဂျိုး” လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီးဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ နှလုံးရပ်သွားပြီးတဲ့နောက်ဟိုဘက်ခြမ်းမှာ အလင်းရောင်တစ်ခု၊ ဂျိုးရဲ့ ဓာတ်ပုံကိုပြနေတဲ့ အမျိုးသမီးတစ်ယောက်၊သက်တံ့ရဲ့အဆုံးမှာ ကြက်ခြေခတ်ပုံကို တွေ့ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ခဏအကြာမှာတော့ နောက်ကလေးတစ်ယောက်ရဲ့ အခန်းမှာလည်း ကြက်ခြေခတ်ပုံတွေ တွေ့ခဲ့ပြီး ဂျိုးကိုချက်ချင်းမှတ်မိကာ “သက်တံ့ဆီကို သွားရမယ်” လို့လည်း ပြောခဲ့ပါတယ်။အိမ်မှာလည်းပဲ ဇနီးသည်ရဲ့ အမှတ်အသားလို ဖြစ်နေတဲ့ “ပုစဉ်း”နဲ့ ပတ်သက်ပြီး အရိပ်အယောင်တွေ၊နိမိတ်တွေ ကြုံတွေ့ခဲ့ရပြန်ပါတယ်။ ထူးခြားဆန်းကြယ်မှုတွေ အလုပ်မှာရော၊ အိမ်မှာပါ ဆက်တိုက်ကြုံတွေ့ပြီးတဲ့ နောက်မှာတော့ ဂျိုးအနေနဲ့ သိပ္ပံနည်းကျ ဖြေရှင်းလို့မရတဲ့ ဒီပြဿနာကိုဆေးရုံမှာ ကလေးငယ်တွေကို သေရွာပြန်အတွေ့အကြုံတွေအကြောင်း အင်တာဗျူးခဲ့ဖူးသူစစ္စတာမက်ဒဲလိုင်းဆီကို အဖြေတစ်ခု ရှာဖွေဖို့ မရမက တွေ့ဆုံခဲ့ပါတယ်။စစ္စတာမက်ဒဲလိုင်းကတော့ အမ်မလီအနေနဲ့ ဂျိုးကို တခြားဘက်က ဆက်သွယ်ဖို့ကြိုးစားနေတာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ နောက်ဆုံး ဦးနှောက်သေနေတဲ့လူနာတစ်ယောက်ဆီက သူ့ဇနီးရဲ့ ခေါ်သံကို ကြားရပြီး ဆေးရုံမှာ အုတ်အော်သောင်းတင်းအခြေအနေတစ်ခု ဖြစ်ပွားခဲ့ပြီးချိန်မှာတော့ ဂျိုးအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ မဖြစ်နိုင်တော့ဘဲအလောင်းလုံးဝရှာမတွေ့နိုင်တဲ့ သူ့ဇနီးရဲ့မတော်တဆဖြစ်ရပ်ကို အသေးစိတ်စုံစမ်းဖို့ သူ့မိန်းမသေဆုံးခဲ့ရာ တောင်အမေရိကနယ်မြေကို ခရီးဆက်ခဲ့ပါတယ်။မသိခြင်းများစွာကနေတစ်ဆင့် ပဟေဠိတစ်ခုကို အဖြေညှိရှာဖွေနိုင်မလားဆိုတာကိုလျှို့ဝှက်ဆန်းကြယ်ကြိုက် ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။...
Zack Snyder's Justice League (2021) ⭐IMDB: 7.9/10 (438 k Votes) 🎬 #Action #Adventure #DCEU #Fantasy #SciFi 🗓 2021 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 4 နာရီ 2 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာhttps://channelmyanmar.org/category/special-package/dceu/ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။ DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။ – Man of Steel (2013)– Batman vs Superman: Dawn of Justice (2016)– Suicide Squad (2016)– Wonder Woman (2017)– Justice League (2017) (Theatrical Cut)– Aquaman (2018)– Shazam! (2019)– Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020)– Wonder Woman 1984 (2020)– Zack Snyder’s Justice League (2021)– The Suicide Squad (2021)– Black Adam (2022)– Shazam!: Fury of the Gods (2023)– The Flash (2023)– Blue Beetle (2023)– Aquaman and the Lost Kingdom (2023) +++++++++++++++++++++++++++++ Zack Snyder’s Justice League (2021) [or ] Justice League (2017) IMDb Rating (7.9) / Rotten Tomatoes (72%) စောင့်မျှော်နေတဲ့ Snyder’s Cut တော့ ထွက်ရှိလာပါပြီ 2017 မှာထွက်ရှိခဲ့တဲ့ Justice League ရဲ့ အကြီးအကျယ် Failed တာကြောင့် DC ပရိတ်သတ်တွေဟာ Zack Snyder နှုတ်မထွက်ခင်က Version ကို WB ကိုအသည်းအသန်တောင်းကြပါတယ် 4 နှစ်အကြာမှာတော့ အိမ်မက်တွေဖြစ်မြောက်ပြီလို့ဆိုရမှာပါ ဒီဇာတ်ကားဟာ Super Man & Batman ကားရဲ့ အဆုံးသတ်ကနေစပြီး ဇာတ်လမ်းပြန်တည်ထားပါတယ်..SuperMan သေဆုံးပြီးတဲ့နောက် ကနေစပြီး Mother Box သုံးခုနိုးထလာမှုနဲ့အတူ Steppenwolf ဟာ လိုက်လံစုဆောင်းပါတော့တယ် Mother Box သုံးခုရဲ့ကြီးမားတဲ့ အစွမ်းကိုသိနေတဲ့ Wonder Woman ဟာ Bruce Wayne ကိုပြောပြပြီး ဖြစ်လာမယ့် အန္တရာယ်တွေအတွက် တားဆီးဖို့ လူစုခိုင်းပါတော့တယ် ဒီလိုနဲ့ပဲ Justice League အဖွဲ့ဖြစ်တည်လာဖို့ Bruce Wayne ကစတင်ပြီး လူစုပါတော့တယ်…ဒီဇာတ်ကားဟာ 4 နာရီကြာမြင့်တာဖြစ်ပြီး တချို့ဇာတ်ကောင်တွေရဲ့ Origin တွေဟာလည်းပြည့်ပြည့်စုံစုံပါတယ် ဒီတခါတော့ JL ဟာသင်တို့ကိုစိတ်ပျက်စေမှာမဟုတ်လောက်ဘူးလို့ထင်ပါတယ်… Screen Ratio ကတော့ Zack Snyder ရဲ့ သူ့ Original အတိုင်း ခပ်ရှည်ရှည်ပဲဖြစ်ပါမယ်။...
My Boss, Whom I Hate So Much- Rio Asahi (IPZZ-138-Decensored) ⭐- 🎬 #Adult 🗓 - 🎞 Series 🌎 #Japan ⏰ 2 နာရီ 4 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 JAV မင်းသမီးတွေ Rio Asahi လိုမျက်နှာကျမျိုးက မြင်တာနဲ့မှတ်မိစရာလေးပါပဲ.. ရှင်းသန့်တဲ့မျက်နှာလေးနဲ့ ဖြူနွဲ့တဲ့ သူမပုံစံမျိုးလေးက နှစ်ခြိုက်စရာပုံမျိုးလေးပါ။ IPZZ-138-Decensored ဒီဇာတ်လမ်းမှာတော့ JAV ဇာတ်လမ်းတွေထဲမြင်နေကျ ဇာတ်အိမ်မျိုးဆိုပေမယ့် Rio Asahi နဲ့ကျလဲ လိုက်ဖက်နေတာမျိုးပါပဲ။ JAV ဆိုတာ အာသာပြေစိတ်ကူးယဉ်ဇာတ်လမ်းတွေမလို့ ဒီတိုင်းထွက်ပေါက်တစ်ခုအနေနဲ့ပဲ ခံစားမယ်ဆို အဆင်ပြေပါတယ်။ Decensored Version နဲ့မလို့ Rio Asahi ပရိတ်သတ်တွေကျေနပ်ကြမယ်ထင်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
The Trades (2024) ⭐TMDB: 100% User Score 🎬 #Comedy 🗓 2024 🎞 Series 🌎 #Canada ⏰ 25 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Trades (2024)The Trades (2024) =============== IMDb Rating – 6.2/10CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb rating 6.2/10 ရရှိထားတဲ့ 2024ခုနှစ်ထွက် Comedy စီးရီးလေးပဲဖြစ်ပါတယ်။ ဂဟေဆော်လုပ်ငန်းခွင်က အလုပ်သ မားတွေအကြောင်းကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ Single- Cam Sitcom အမျိုးအစားလေးပါ။ ဇာတ်လမ်းအညွှန်းကတော့ တော့ဒ်ဟာ ဂျာမန်ထုတ်ဂဟေဆော် စက်ရုပ်တစ်ရုပ်ကို လုပ်ငန်းခွင်ထဲ သွင်းခဲ့မိတာကြောင့် လုပ်ဖော် ကိုင်ဖက်တွေက “ငါတို့နေရာမှာ စက်ရုပ်အစားထိုးမလို့လား၊ မင်း ဘာကောင်လဲ ငါဘာကောင်လဲ”တွေဖြစ်ကုန်ပါတော့တယ်။ သူ့ အထက်လူကြီး ဆိုဒ်မန်နေဂျာက အဲလိုဖြစ်အောင်ဂွင်ဆင်လိုက် တာပါ။ အဲ့မှာတင် ဆိုဒ်မန်နေဂျာကို သွားဖြဲရာကနေ ဟိုက ဝိအပြဲ လွန်ပြီး ဆေးရုံတင်လိုက်ရပါလေရော။ အစကတည်းက ဆိုဒ်မန် နေဂျာတစ်ပိုင်းနီးနီးဖြစ်နေတဲ့ တော့ဒ်ဟာ ဗြုန်းစားကြီး ဆိုဒ်မန်နေ ဂျာဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ တော့ဒ်တစ်ယောက် လုပ်ငန်းခွင်မှာ သူ့အလုပ်သမားတွေနဲ့ ဘယ်လိုဆက်နှစ်ပါးသွားရ မလဲ၊ ဒုက္ခသုက္ခတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ ကြည့် ရှုခံစားလိုက်ကြပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team မှ ဖြစ်ပါတယ်။)...
The Talented Mr. Ripley (1999) ⭐TMDB: 72% User Score 🎬 #Crime #Drama #Thriller 🗓 1999 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် ဆယ်လဘရီတီအမှုတစ်ခုဖြစ်တဲ့ ဂျွန်နီဒပ် နဲ့ အမ်ဘာဟက် တို့ တရားခွင်မှာ အမ်ဘာဟက်ဟာ ဒီရုပ်ရှင်ထဲက စကားလုံးတွေကို ခိုးယူပြောကြားခဲ့တဲ့အတွက် လူရယ်စရာဖြစ်သွားခဲ့ပါတယ်။ ဒေါ်လာသန်း ၁၀၀ တန် တရားခွင်ကြီးမှာတောင် အတုယူပြောရလောက်တဲ့ စကားလုံးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။ Ripleyဟာပါတီတစ်ခုမှာ ပီယာနိုတီးနေတုန်း သူငှားထားတဲ့ဂျာကင်ကြောင့် လူကုံထံသူဌေးကြီးဖြစ်သူ Herbert Greenleaf ကသူ့ကိုပရင့်စတန်ကျောင်းထွက်လို့ထင်ပြီး သူ့သားသူငယ်ချင်းဖြစ်မယ်လို့ထင်နေပါတယ်Herbert ကTom ကိုအီတလီမှာလေလွင့်နေတဲ့ သူ့သားဖြစ်သူ Dicky ကိုသွားခေါ်ဖို့စည်းရုံးပါတယ်။ ငွေလိုနေတဲ့ Tom ကလည်းလက်ခံလိုက်ပြီး အီတလီကိုသွားကာ Dicky ကို သူဟာDicky မမှတ်မိတဲ့ကျောင်းနေဘက်သူငယ်ချင်းဖြစ်ကြောင်းအယုံသွင်းပြီး မိတ်ဖွဲ့နိုင်ခဲ့ပါတယ်။တွမ်ဟာ အီတလီက Dicky ရဲ့ဇိမ်ကျတဲ့ ဘ၀ကိုအားကျပြီးအခွင်သင့်တိုင်း Dicky လိုဟန်ဆောင်တတ်တယ်။ Dicky ကိုယ်တိုင်တွမ်ကိုငြီးငွေ့လာချိန်မှာတော့ အထက်တန်းစားဘ၀ကိုစွဲလမ်းနေပြီဖြစ်တဲ့ တွမ်ဟာသူ့အလိမ်အညာကိုဖုံးဖိနိုင်ဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ဟန်ဆောင်ဘ၀တစ်ခုကို ထိန်းသိမ်းနိုင်ဖို့ ဘယ်အထိသွားနိုင်မလဲ 1999 ကထွက်ရှိထားတဲ့ Thriller လေးပါ။ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ Matt Damon,Jude Law, Gwyneth Paltrow,Cate Blanchett, Philip Seymour Hoffman တို့ပါ၀င်ထားပါတယ် Matt Damon ရဲ့စိတ်မသက်မသာဖြစ်စရာ သရုပ်ဆောင်မှုကိုကြည့်ရမှာပါ။ (ပထမတင်ဆက်တုန်းက Hindi သံတွေပါသွားလို့ ခုအသံအမှန်နဲ့ပြန်လည်တင်ဆက်ထားပါတယ်။ ယခင်ဒေါင်းမိထားသူများ အသစ်ပြန်ဒေါင်းကြပါခင်ဗျာ။)...
卧狼行动 (2023) ⭐TMDB: 0% User Score 🎬 #Action 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သူလျိုအဖြစ်နှစ်ပေါင်းများစွာလုပ်ရတယ်ဆိုတာက တကယ်ကိုခက်ခဲပြီးအဆုံးမှာကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဆိုတာပါမေ့သွားတတ်ပါတယ်တဲ့ ။ဒီဇာတ်လမ်းလေးကတော့ မူးယစ်ဆေးကုန်သွယ်မှုတွေကိုဖမ်းဆီးဖို့အတွက်ရဲတွေနဲ့သူလျိုပူးပေါင်းပြီး အမှုလိုက်ကြတဲ့ မှုခင်းကားမျိုးပဲဖြစ်ပါတယ် ။ မူးယစ်ရာဇာဂိုဏ်းကြီးတစ်ဂိုဏ်းက နိုင်ငံခြားကမူးယစ်ဆေးတွေကိုတရုတ်ပြည်တွင်းကိုတင်သွင်းဖို့အတွက် တရုတ်ပြည်တွင်းကသူတွေနဲ့ပူးပေါင်းပြီး နယ်စပ်မှာ ကုန်ရောင်းကုန်ဝယ်လုပ်လေ့ရှိပါတယ် ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သူတို့ကုန်သယ်မဲ့သတင်းပေါက်ကြားပြီးတော့လမ်းမှာပဲ လျို့လောင်စန်းလို့ခေါ်တဲ့သူဆီမှာ အလုခံလိုက်ရပါတယ် ။နယ်စပ်မှာဖြစ်တဲ့ကိစ္စမလို့ ရဲတွေကလည်းသိသွားပါတော့တယ် ။ အဲဒီလိုနဲ့ရဲမှူးကောင်းလဲချီက လျို့လောင်စန်းရဲ့ငယ်သူငယ်ချင်းဖြစ်သူတဖြစ်လဲထောင်ကျနေ (၈) နှစ်ကြာပြီဖြစ်တဲ့ သာ့ဖေးကို ထောင်ကနေထွက်ချင်ရင်လျို့လောင်စန်းလုသွားတဲ့ကုန်တွေကိုပြန်ရှာလာခဲ့ဆိုတဲ့မစ်ရှင်နဲ့အတူ လျို့လောင်စန်းဆီပြန်လွှတ်လိုက်ပါတော့တယ် ။ ဒီလိုနဲ့ ဇာတ်လမ်းလေးထဲမှာ သူဘယ်လိုမျိုးမစ်ရှင်ကိုပြီးအောင်လုပ်မလဲ ?လျို့လောင်စန်းကိုရော ရဲတပ်ဖွဲ့ကဖမ်းမိနိုင်မလား ?မူးယစ်ဆေးရောင်းတဲ့ဂိုဏ်းတွေကိုရောဖမ်းမိမလားဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ...
The Killing Performance (2024) ⭐TMDB: 65% User Score 🎬 #Comedy #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 8 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ လူသတ်မှုတရားခံကို ဖော်တိုင်း သေဆုံးသူ ဝိညာဉ်ကိုခေါ်မေးတတ်တဲ့ မန်စစ်ဆေးရေးမှူးကြီးတစ်ယောက်ဟာ ပြဇာတ်ရုံကမော့လင်ယိဆိုတဲ့ မြို့မျက်နှာဖုံး သဘင်သည်မလေးသေနတ်ပစ်ခံရတဲ့အမှုမှန်ပေါ်ဖို့ လိုက်ခဲ့ပုံကို နောက်ခံထားရိုက်ကူးထားတဲ့ killing performance ဆိုတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းလေးမှာမြို့မျက်နှာဖုံး သဘင်သည်မလေး မော့လင်ယိဟာပုရိသယောက်ျားသားတို့ နှလုံးသားကို ပိုင်ဆိုင်ထားပေမယ့် အားလုံးကို ငြင်းနေသူတစ်ဦးပေါ့…ဒီလိုနဲ့ ဒီကောင်မလေးနားဝဲနေတဲ့ ပျားပိတုန်းတွေကြားထဲမှာမှဘယ်သူက နှလုံးသားကို အပိုင်ရမလဲ ကြိုးစားနေကြရာကနေကောင်မလေးဟာ ပြဇာတ်ရုံက အနောက်ပန်းခြံထဲမှာတင်သေနတ်ပစ်ခံရပြီး အသက်ဆုံးရှုံးသွားခဲ့ရတယ်…ဒီအပြင် ဘယ်သူက တရားခံဆိုတာကိုရဲနဲ့ အမှုစစ်တွေလိုက်တာတောင် မသိခဲ့ဘူးတဲ့…. ဒီလိုနဲ့ ဇာတ်လိုက်ကျော်ကြီး မန်စစ်ဆေးရေးမှူးကို ခေါ်ခဲ့ရာကနေသံသယရှိသူ ၇ ယောက်ထွက်လာပြီး ဘယ်သူက တကယ့်တရားခံဆိုတာကိုစစ်ဆေးရင်း စစ်ဆေးရင်း မေးခွန်းထဲက မေးခွန်းပေါ်ဆိုသလိုတစ်ခုချင်း အလိမ်အညာတွေကနေ ဖုံးကွယ်ထားတဲ့အမှန်တရားကိုသိရပေမယ့် အဆုံးသတ်မှာ တကယ် မော့လင်ယိကိုသတ်တဲ့တရားခံရှာတွေ့မတွေ့ဆိုတာတော့ ဇာတ်ကားလေးက အဖြေတစ်ခုပေးမှာပါ...
Moonlight Mile (2002) ⭐TMDB: 63% User Score 🎬 #Drama #Romance 🗓 2002 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Moonlight Mile(2002) ******************** Roadhouse နဲ့ Southpaw မှာ ပွဲကြမ်းခဲ့တဲ့ မင်းသားJake Gyllenhaalရဲ့ ဒွမ်မာကားကောင်းလေးပါ… လူတိုင်းရဲ့ ဘဝနဲ့အချစ်ဇာတ်လမ်းမှာ ကိုယ်ဖြစ်ချင်တာတွေ၊ မျှော်လင့်ထားရတာတွေ ကိုယ်စီကိုယ်စီရှိတတ်ကြပါတယ်….။မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူးဆိုရင်ရော ဘယ်လိုဆက်ရင်ဆိုင်မလဲ…။လက်တွေ့ဘဝကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်…။ ဂျိုး နဲ့ မကြာခင်လက်ထပ်ရတော့မယ့် ဇနီးလောင်းဖြစ်သူဟာ သေနတ်ပစ်ခတ်မှု မတော်တဆဖြစ်မှုတစ်ခုမှာ သေဆုံးသွားရပါတယ်…ဒါကြောင့်ဂျိုးဟာ ဇနီးလောင်းဖြစ်သူရဲ့မိဘတွေ ပူဆွေးနေတာတွေသက်သာစေဖို့ ယောက္ခမအိမ်မှာ သွားနေပေးဖြစ်ပါတယ်…။ယောက္ခမတွေကလည်း သမီးဖြစ်သူသေဆုံးသွားတော့ သမက်ဖြစ်သူကိုသာအားကိုးရင်း နေ့စဥ်ပူဆွေးစရာတွေကျော်ဖြတ်ရင်းပေါ့….။ဒီလိုနေထိုင်နေရတာကြာလာတော့…ဂျိုးဟာ သူ့ဘဝရဲ့အနှစ်သာရကိုမေ့လျော့လာခဲ့ရပါတယ်…ဘာလို့ဆို ချစ်သူကလည်းသေဆုံးသွား… ဘဝကလည်း သူများတွေအတွက်သာ နှစ်မြုပ်ရင်းအချိန်ကုန်လွန်လာခဲ့လေတော့ အဓိပ္ပာယ်မရှိဖြစ်လာတယ်ပေါ့….ဒီတော့ ဂျိုးဟာ အဓိပ္ပာယ်မဲ့နေတဲ့ သူ့ဘဝကို ဘယ်လိုမှန်မှန်ကန်ကန်ဖြစ်အောင်ပြန်ရွေးချယ်မလဲ….။လူတိုင်းမှာ ကိုယ့်နားခိုရာအိမ်ရှိပြီးသားပါ…။ဂျိုးကရော သူ့ဘဝရဲ့နားခိုးရာအိမ်ကို ဘယ်လိုတွေ့အောင်ရှာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုရင်း…ဘဝနဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ရှာဖွေကြည့်လို့ရပါပြီဗျာ...
The Antisocial Network: Memes to Mayhem (2024) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Documentary 🗓 2024 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Antisocial Network – Memes To Mayhem ဆိုတဲ့ ဇာတ်ကားကတော့ Documentary လို့ ခေါ်တဲ့မှတ်တမ်းရုပ်ရှင်ကားဖြစ်ပါတယ်။ ဘာအကြောင်း မှတ်တမ်းရုပ်ရှင်လဲဆိုတော့ လူသားတွေရဲ့ သမိုင်းမှာအကြီးမားဆုံးအောင်မြင်မှုလို့ လက်ခံထားတဲ့ အင်တာနက်အကြောင်းလို့ ပြောရမှာပါ။ Ratingတွေကတော့ IMDb – 6.3/10နဲ့ Rotten Tomato မှာ Tomatometer 92 တောင် ရထားတာပါ။တကယ်ကြည့်လိုက်ပြီးရင်တော့ Rating တွေက နည်းတောင်နေသေးပါ့လားလို့ ခံစားမိစေမယ့်ဇာတ်ကားလို့ပြောလို့ရပါတယ်။ ဘာတွေများစိတ်ဝင်စားဖို့ကောင်းနေတာလဲဆိုရင်တော့ Hacker Group ဖြစ်တဲ့ Anonymousလို့ဖြစ်လာမယ့် လူငယ်လေးတွေ အင်တာနက်ပေါ်မှာ စ’လုပ်မိတဲ့ အပျော်ကိစ္စလေးတွေကနေတကယ့်သမိုင်းဝင်အဖြစ်အပျက်တွေ ကမ္ဘာနဲ့ချီတဲ့ အချိုးအကွေ့တွေပါ ဖြစ်သွားတဲ့ ဖြစ်ရပ်မှန်ကိုရိုက်ပြထားလို့ပါ။ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကြီးငယ်တွေအကုန်လုံးကိုတကယ်ဖြစ်အောင်လုပ်သွားတဲ့လူတွေက ပြန်ပြောပြထားတာပါ။ ဘယ်ကနေစပြီး ပါသလဲဆို အင်တာနက်ခေတ်ဦးက ဂျပန် အက်နီမေးတွေကနေတဆင့်ဆက်ပြီးဖြစ်လာတဲ့ လူငယ်တွေကြား အရမ်းရေပန်းစားခဲ့တဲ့ ဝက်ဘ်ဆိုဒ်တွေကနေ အခုနောက်ဆုံး ၂၀၂၀ခုနှစ် အမေရိကန်ရွေးကောက်ပွဲအထိ အင်တာနက်ယဉ်ကျေးမှုရဲ့အရွေ့နဲ့ အရေးပါပုံတွေ အကြောင်းကိုပုံဖော်ရိုက်ပြထားတာပါ။ ဘာအကြောင်းတွေ သိသွားရမလဲဆို အခုမြင်နေရတဲ့ Memes တွေအကြောင်း၊ Social Networkတွေအကြောင်း၊ နာမည်ကြီး Hacker Group ဖြစ်တဲ့ Anonymous အကြောင်း၊ Trump သမ္မတဖြစ်လာတာရဲ့ အကြောင်းပြချက်တွေ အကျိုးဆက်တွေနဲ့ အင်တာနက်ကြောင့် ဖြစ်လာခဲ့တဲ့ အမေရိကန်နဲ့ကမ္ဘာ့နိုင်ငံတစ်ချို့က ဆူပူအုံကြွမှုတွေအကြောင်းတွေအပြင် အင်တာနက်သုံးစွဲသူ လူတွေရဲ့အမူအကျင့်နဲ့ စိတ်သဘောသဘာဝ၊ အင်တာနက်ကို အသုံးချနိုင်မှုရဲ့ ကောင်းကျိုးတွေ ကြောက်စရာဆိုးပြစ်တွေနဲ့ နောက်ထပ်နောက်ထပ်တွေ အများကြီး သိသွားရမှာပါ။ မှတ်တမ်းရုပ်ရှင်ဆိုတော့ အဲ့လောက်အများကြီးကို သတင်းတွေလို ထိုင်ပြောပြနေမှာများလားလို့ထင်သွားရင် မှားပါလိမ့်မယ်။ ကြားဖူးပြီး မကြုံဖူးတဲ့ကိစ္စတွေကို ကြည့်နေရတာက ကိုယ်ပါတကယ်အဲ့ဒီအဖြစ်အပျက်တွေထဲ ရောက်သွားပြီး သိမြင်လာရသလို ခံစားရစေမှာပါ။ ကိုယ်တွေ့ကြုံဖူးကောင်းကြုံဖူးနိုင်တဲ့ ကြားဖူးတဲ့ဖြစ်ရပ်တွေနဲ့ တူတာတွေလည်း အများကြီးပါနေနိုင်ပါတယ်။လိုက်ကြည့်နေရင်းက နားလည်သဘောပေါက်မြင်သိလာရတာတွေ တကယ့်ကို အများကြီးပါ။ လူကြီးလူငယ်မရွေး သဘောကျမယ့် ဇာတ်ကားမျိုးပါ။ တကယ့်ဖြစ်ရပ်မှန်ကို တကယ့်အပြင်ကလူတွေက ပြောပြတာကို နားထောင် လိုက်ကြည့်ရင်း သူတို့နဲ့အတူပျော်ရွှင် တက်ကြွ စိတ်ညစ် စိတ်ပျက် အံ့ဩ သနား ကြောက်ရွံ့ ထိတ်လန့်နဲ့ အစရှိသဖြင့် တကယ့်ကိုရသမျိုးစုံကိုလည်း ခံစားရစေပါတယ်။ ကိုယ်သိမြင်တွေ့ကြုံလိုက်ရတာတွေ များလွန်းလို့ ၁ နာရီနဲ့ ၂၅ မိနစ်ဆိုတဲ့အချိန်က တန်လိုက်တာလို့ခံစားမိစေနိုင်မယ့် ဇာတ်ကားမျိုးဖြစ်မှာပါ။တကယ့် အပြင်က နာမည်ကြီး Hacker တွေဖြစ်တဲ့Anonymous ဆိုတဲ့ ဆရာကြီးတွေနဲ့ အတူ တကယ့်အပြင်က လူတွေနဲ့ ရိုက်ထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်လို့ မင်းသား မင်းသမီးရယ်လို့ ထူးပြောစရာမပါပါဘူး။ “မကောင်းတာကို မပါဘူးလားဟ” ဆိုလည်း ထူးပြောစရာမပါပါဘူး။ပါခဲ့ရင်တောင် တခြားကြိုက်ချင်စရာ ကောင်းတာတွေက အများကြီးပိုမှာ သေချာတယ်လို့ ပြောလို့ရတဲ့မှတ်တမ်းရုပ်ရှင်ပါ။ ဟုတ် မဟုတ် သိရအောင် ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။...
Doll Bride (2024) ⭐TMDB: 0% User Score 🎬 #Mystery #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယွင်ဝူမြို့က ယွင်ဝူတံတားမှာ လှေကားထစ် 99ထစ်ရှိပြီးလှေကားထစ်99ထစ်လုံးလျှောက်လှမ်းပြီးရင်တော့ကြင်စဦးဇနီးမောင်နှံတွေ အိုအောင်မင်းအောင်ပေါင်းရမယ်ဆိုတဲ့ ဒဏ္ဍာရီရှိပါတယ်တဲ့ ။ ဒါပေမဲ့ ထျန်အိမ်တော်ရဲ့သခင်လေးမင်္ဂလာဆောင်တဲ့နေ့မှာမြူခိုးတွေလည်းထူထပ်နေပြီးတော့ တံတားကိုဖြတ်တဲ့အခါမှာလှေကားထစ်က 99ထပ်အပြင် နောက်တစ်ထပ်ပါပိုနေခဲ့ပါတယ် ။ ဒီလိုနဲ့နတ်ဆရာမရဲ့အပြောအရ အဲဒီတံတားကအမွှာလှေကားထစ်တစ်စုံပေါ်လာတတ်တာကတစ္ဆေမင်္ဂလာဆောင်မှဆိုတော့ဒီမင်္ဂလာပွဲကဂြိုလ်ဆိုးဝင်ပြီမလို့ မင်္ဂလာပွဲဖျက်ဖို့အကြံပေးခဲ့ပါတယ် ။ ဒါပေမဲ့ မင်္ဂလာပွဲကိုဆက်ကျင်းပကြတဲ့ ထျန်အိမ်ကမင်္ဂလာပွဲကတကယ်ကြီးကပ်ဆိုက်လာခဲ့ပါတော့တယ် ။သတို့သမီးကရုပ်တရက်ပြီးစက္ကူရုပ်ဖြစ်သွားပြီးမင်္ဂလာပွဲမှာပါဝင်တဲ့သူတွေပါ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အချိန်မှာတော့… တကယ်ပဲသရဲသတ်တာဖြစ်မလား ? ဒီလိုထူးဆန်းတဲ့သေဆုံးမှုတွေရဲ့နောက်ကွယ်မှာတစ်ခုခုရှိလို့နေမလား ? အမှုတွေကရောဘယ်လိုတွေတစ်ခုပြီးတစ်ခုထပ်ပေါ်လာအုံးမလားဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမှာပဲဖြစ်လို့ အဆုံးထိခံစားကြည့်ရှု့ပေးကြပါဦး...
Cursed (2005) ⭐TMDB: 54% User Score 🎬 #Comedy #Horror 🗓 2005 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Now You See me , Social Nwtwork တို့နဲ့နာမည်ကြီးခဲ့တဲ့ Jesse Eisenberg ရဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ သမန်းဝံပုလွေဇာတ်ကားလေးဖြစ်ပါတယ် အယ်လီနဲ့ ဂျင်မီတို့ မောင်နှစ်မ ၂ ယောက်ဟာ အိမ်ပြန်လမ်းမှာ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိလို့ ထွက်ကြည့်ရာကနေ သတ္တဝါကြီးတစ်ကောင် ကိုက်တာခံလိုက်ရပါတယ် နောက်တော့ သူတို့ကိုကိုက်လိုက်တာ သမန်းဝံပုလွေတစ်ကောင်မှန်းသိလာပါတယ် သူတို့ မောင်နှစ်မ ၂ ယောက်လည်း လပြည့်နေ့ သန်းခေါင်ယံညမှာ…ဝံပုလွေအဖြစ် ပြောင်းလဲသွားမဲ့ ကျိန်စာကို ဖြေဖျက်ဖို့ ကြိုးစားရင်း သူတို့ကို တိုက်ခိုက်ခဲ့တဲ့ မူရင်းဝံပုလွေကောင်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်… Cursed ဆိုတဲ့အတိုင်း ဒီဝံပုလွေကျိန်စာကို ဘယ်လိုကြိုးစား ပယ်ဖျက်သွားမလဲဆိုတာ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်...
Dangerous Evidence (2024) ⭐TMDB: 0% User Score 🎬 #Uncategorized 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 9 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝမှာအဆင်ပြေဖို့အတွက် အလွယ်နည်းလိုက်ပြီးပိုက်ဆံရှာချင်တဲ့မိန်းကလေးတစ်ယောက်ဟာ မပတ်သက်သင့်တဲ့သူနဲ့ပတ်သက်မိပြီးမယူသင့်တဲ့ပစ္စည်းကိုယူခဲ့မိတဲ့အတွက်ကြောင့် လိုက်သတ်ခံနေရတယ်။ ရဲအရာရှိတစ်ယောက်ဟာ မိန်းကလေးကိုကယ်တင်ခဲ့တဲ့အတွက်သူ့သမီးလေးကိုပါ ပြန်ပေးဆွဲခံလိုက်ရတယ်။အရေးကြီးသက်သေဖြစ်နေတဲ့မိန်းကလေးကို ခေါ်လာပြီးသမီးလေးနဲ့လဲယူလို့ရမယ်လို့ပြန်ပေးသမားတွေကပြောလာတဲ့အခါ……ပြစ်မှုကျူးလွန်တဲ့ နောက်ကွယ်ကအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဟာဘာတွေဖြစ်နေမလဲ……ဘာကြောင့်များ မိန်းကလေးလက်ထဲကသက်သေပစ္စည်းကို လိုချင်နေကြတာဖြစ်မလဲ…..အမှန်တရားနဲ့သမီးလေးကြားမှာ ဘာကိုရွေးရပါ့မလဲ...
Trafficked (2017) ⭐IMDB: 5.8/10 (2 k Votes) 🎬 #Crime #Drama #Thriller 🗓 2017 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Trafficked (2017)Genre – Drama, Thriller တကယ့်ဖြစ်ရပ်အပေါ် မှီငြမ်းစိတ်ကူးကွန့်မြူးထားတဲ့ လူကုန်ကူးပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်။ အမေရိကန် ကယ်လီဖိုနီးယားက ဆယ်ရာဆိုတဲ့ကောင်မလေးက မိဘမဲ့ဂေဟာကနေ ၁၆ နှစ်ပြည့်လို့ ထွက်လာတဲ့အခါ ကမ်းခြေမှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး လိမ်ခေါ်သွားရာကနေ လူကုန်ကူးခံလိုက်ရပါတယ်။ အိန္ဒိယက အမ်ဘာဆိုတဲ့ကောင်မလေးကျ ကောင်လေးတစ်ယောက်ကို မချစ်နိုင်လို့ ငြင်းလိုက်တာကို ဟိုကောင်က မကျေနပ်ပဲ အက်ဆစ်နဲ့ပက်ပြီး ဆောင်ကြာမြိုင်ကို ရောင်းစားရာကနေ လူကုန်ကူးခံရပါတယ်။ နိုင်ဂျီးရီးယားက မာလီဆိုတာကျ ယောက်ျားဖြစ်သူက ဆောက်လုပ်ရေးဝင်လုပ်ရင်း ခြေထောက်ထိသွားတော့ မိန်းမကိုယ်တိုင် အလုပ်ထွက်လုပ်မယ်ဆိုပြီး လူကုန်ကူးခံရတယ်။ ဒီလိုနဲ့ ဒီ ၃ ယောက်သားဟာ အမေရိကန် တက်ဆက်မှာရှိတဲ့ ဆောင်ကြာမြိုင်တစ်ခုမှာ အတူတူ သွားတွေ့ကြပြီး အခက်အခဲ ဒုက္ခတွေကြားက ဘယ်လိုတွေ ထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။...
