ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Four Rooms (1995) ⭐TMDB: 58% User Score 🎬 #Comedy 🗓 1995 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးက ဟိုတယ်ဧည့်ကြိုကောင်လေး Ted တယောက်ရဲ့ နှစ်သစ်ကူးညမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသနှောပြီးရိုက်ကူးထားတာပါ၊ ထူးခြားတာက ဒီဇာတ်ကားကို ဒါရိုက်တာ ၄ ယောက်ကရိုက်ကူးခဲ့တာဖြစ်ပြီး ဟိုတယ်အခန်း ၄ ခန်းမှာ Ted တယောက်ကြုံတွေ့ခဲ့ရတာတွေကို ပုံဖော်ထားတာပါ၊ ပထမအခန်းကတော့ နတ်ဘုရားတယောက်ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေတဲ့ စုန်းမတွေနဲ့ Ted တယောက်တွေ့ခဲ့ရတာပါ၊ အသက်ပြန်သွင်းဖို့အစီအရင်မှာ ပစ္စည်းတခုလိုအပ်နေခဲ့ပြီး ဒါကိုလည်း Ted ကဖြည့်ဆည်းပေးခဲ့ရပါတယ်၊ ဒုတိယအခန်းကတော့ ရန်ဖြစ်နေတဲ့လင်မယား၂ယောက်အခန်းပါ၊ Ted တယောက် ဒီရန်ပွဲထဲမှာ ကြားညှပ်ခဲ့ရပါတယ်၊ နောက်တခန်းကတော့ ဂန်းစတားတယောက်ရဲ့အခန်းဖြစ်ပြီး ဂန်းစတားရဲ့ သားနဲ့သမီးကို ထိန်းဖို့ဖြစ်လာရကနေ အခက်အခဲပေါင်းများစွာကို Ted တယောက်ထပ်ပြီးကြုံတွေခဲ့ရပါတယ်၊ နောက်ဆုံးအခန်းကတော့ ဟောလိဝုဒ်နာမည်ကြီးတယောက်ရဲ့ အခန်းဖြစ်တာမို့ Ted တယောက်သက်သာရာရပြီထင်ခဲ့ပေမယ့် နှစ်သစ်ကူးညကြုံတွေ့ရသမျှထဲမှာ အဆိုးဆုံးနဲ့ကြောင်တောင်တောင်အနိုင်ဆုံးကိစ္စကို ကြုံတွေ့ခဲ့ရပြန်ပါတယ်၊ဒီဇာတ်ကားက ဟိုတယ်တခုထဲမှာပဲ ဖြစ်ခဲ့တဲ့ မတူညီဖြစ်ရပ်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်ပြီး တကယ်လည်းရယ်ရတဲ့ကားလေးပါ၊...
Tokyo Swindlers (2024) ⭐IMDB: 7.4/10 (434 Votes) 🎬 #Crime #Drama #Thriller 🗓 2024 🎞 tv series 🌎 #Japan ⏰ 1 နာရီ 6 မိနစ် 59 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 iMDb – 7.3/10 ဒီတစ်ခါမှာတော့ The Japan Times ကနေ ဒီနှစ်နွေရာသီအတွက် Guilty pleasure လေး တစ်ခုလို့ တင်စားထားတဲ့ လူလိမ် စီးရီးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ မြေတွေ လိမ်ရောင်းပြီး ယန်းသန်းနဲ့ချီ ရိတ်နေတဲ့ ဒီလူလိမ်အဖွဲ့က ခေါင်းဆောင် တဖြစ်လဲ mastermind လို့လည်း ပြောလို့ရတဲ့ Harrison ၊ စာရွက်စာတမ်းတွေ လုပ်ကြံဖန်တီးပေးပြီး အကွက်ဆင်ရတဲ့ Takumi ၊ ပွဲစားတွေနဲ့ ဆက်သွယ်ရတဲ့ Goto နဲ့ မြေရှင်ယောင်ဆောင်ပေးမယ့် သရုပ်ဆောင်စုဆောင်းရေး အတွက် Reiko တို့ အဓိက ပါဝင်ပါတယ် ။ ယန်း ၁၀ ဘီလီယံတန်တဲ့ မြေကွက်ကို လိမ်ရောင်းဖို့ ကြိုးစားနေတဲ့ သူတို့ အဖွဲ့ နဲ့ ပရောဂျက်တစ်ခု ပျက်သွားလို့ အစားထိုးစရာ မြေကွက်ကောင်းကောင်း လိုချင်နေတဲ့ Sekiyo House ကုမ္ပဏီ ကတော့ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့တယ် ဆိုသလိုပါပဲ ။ မြေကွက်ကလည်း ကြီးသလို ပိုင်ရှင်ကလည်း လက်ခက်တဲ့ သီလရှင်တစ်ပါး ဖြစ်နေတဲ့အခါ လူလိမ်အဖွဲ့က မြေရှင် သီလရှင် Natsumi Kawai ကို အားနည်းချက်ရှာရပါတော့တယ် ။ အဲဒီသီလရှင်ရဲ့ အားနည်းချက်က ဘာများဖြစ်နေမလဲ လူလိမ်အဖွဲ့ကရော ဒါကို ကောင်းကောင်း အသုံးချနိုင်မှာလား ။ သူတို့ အဆုံးထိ အောင်အောင်မြင်မြင် လိမ်သွားနိုင်မှာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ် ။ ဒါ့အပြင် လူလိမ်အဖွဲ့ထဲမှာလည်း မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေ ရှိနေသေးတာမို့ suspense drama ကြိုက်တတ်တဲ့သူတွေအတွက် မိုးအေးအေးမှာ ကြည့်ဖို့ စီးရီးကောင်းတစ်ခုလို့ ညွှန်းလိုက်ပါရစေ ။ File Size – 895 MB / 384 MB Quality –NF WEB-DL 1080p 5.1CH , 720p Episodes – 7 Eps Duration – 1 h Subtitle – Myanmar Hardsub Format – Mp4 Genre : Crime , Drama , Thriller Translator – Esther Oo , Zuri , Hazelle , Aerin and Shwe Pyae Sone Encoder – Min Wai ( Season 1) Ep-1 (1080p)>>CM App/Usersdrive/YoteShin/gdtot/Megaup Ep-1 (720p) >>>CM App/Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-2 (1080p)>>CM App/Usersdrive/YoteShin/gdtot/Megaup Ep-2 (720p) >>>CM App/Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-3 (1080p)>>CM App/Usersdrive/YoteShin/gdtot/Megaup Ep-3 (720p) >>>CM App/Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-4 (1080p)>>CM App/Usersdrive/YoteShin/gdtot/Megaup Ep-4 (720p) >>>CM App/Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-5 (1080p)>>CM App/Usersdrive/YoteShin/gdtot/Megaup Ep-5 (720p) >>>CM App/Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-6 (1080p)>>CM App/Usersdrive/YoteShin/gdtot/Megaup Ep-6 (720p) >>>CM App/Usersdrive/YoteShin/gdtot/Megaup/StreamSb Ep-7 (1080p)>>CM App/Usersdrive/YoteShin/gdtot/Megaup Ep-7 (720p) >>>...
Mulan (2020) ⭐IMDB: 5.8/10 (160 k Votes) 🎬 #Action #Adventure #Drama #Fantasy #Family 🗓 2020 🎞 movie 🌎 #USA #UnitedStates #China #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mulan (2020) IMDb Rating (5.8) / Rotten Tomatoes (72%) ဒီမူလန်ကားကတော့ တရုတ်ကားဆိုပေမယ့် English စကားပြော Disney ရဲ့ရုပ်ရှင်ဖြစ်ပါတယ်။ မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) က အကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်… Mulan ဇာတ်ကောင်ဆိုတာ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို ခနခန Live Action တွေ ပြန်ရိုက်လဲ ပရိတ်သတ်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇာတ်ကောင်တစ်ခုပါ တရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေ ယောင်္ကျားသားတွေကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့အခါ မကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် က ယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီး စစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်.. CM မှာ တင်ဆက်ထားတဲ့ Mulan ရုပ်ရှင်အားလုံးကို ဒီမှာhttps://www.channelmyanmar.to/?s=mulanကြည့်ပါ။...
Hijack 1971 (2024) ⭐IMDB: 7.2/10 (232 Votes) 🎬 #Action #Adventure #Crime #Thriller 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 40 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hijack 1971 (2024) ******************* ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမှာကတော့ 1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာ ကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာ တွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်း ဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကို ခံရပြီး မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။ အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့် တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့ ဖြစ်လာတဲ့အခါမှာတော့…. တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ရာ တစ်ဖက်နိုင်ငံအစိုးရရဲ့ ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လို့မရပါဘူး.. အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို့ အသင့်ပြင်နေတဲ့ တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ.. မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့ မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်.. ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့.. သရုပ်ဆောင်တွေအနေနဲ့ အဓိကဗီလိန် ပြန်ပေးသမားအဖြစ် အားလုံးသိပြီးသားဖြစ်တဲ့ မင်းသား Yeo Jin-goo၊ တွဲဖက်လေယာဥ်မှူး ဂျွန်ထယ်အင်းအဖြစ် မင်းသားကြီး Ha Jung-woo၊ လေယာဥ်မယ်အဖြစ် အလှလေး Chae Soo-bin နဲ့ လေယာဥ်မှူးအဖြစ် မင်းသားကြီး Sung Dong-il တို့က ပါဝင်အားဖြည့်ထားပါတယ်။...
Atonement (2007) ⭐TMDB: 76% User Score 🎬 #Drama #Mystery #Romance 🗓 2007 🎞 movie 🌎 #France #USA #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 3 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Atonement IMDb (7.8)/ Rotten Tomatoes (83%) James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။ အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ….. အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား…..ချစ်ကြိုက်မိခဲ့ကြတယ်…။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်…။ စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့… အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်… နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်…။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ လူငယ်လေးတစ်ယောက်နဲ့ အချစ်အတွက် အရာရာကို ကျောခိုင်းခဲ့တဲ့ လူကုံထံ မလေးတစ်ယောက်ရဲ့ ယုံကြည်..မျှော်လင့်ခြင်းတွေ…. သူတို့ အတူနေချင်ခဲ့ကြတဲ့ ကမ်းခြေ ဘေးက အိမ်ကလေးတစ်လုံးမှာ ပြန်ဆုံတွေ့ကြမဲ့ တစ်နေ့နေ့.. အဆုံးသတ်မှာ ဘာတွေများ ဖြစ်သွားသလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ စီးမျောကြည့်ကြပါ။ အော်စကာ Nomi အတော်ဝင်ထားပြီး Best Achievement in Music Written for Motion Pictures, Original Score ဆုလည်းရထားတဲ့အပြင် တခြားက ဆုတွေလည်း အတော်ရထားတဲ့ ကားပါ။ Genreကတာ့ Romance and Drama ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှတင်ဆက်ထားတာပါ။)...
Dogville (2003) ⭐TMDB: 78% User Score 🎬 #Crime #Drama #Thriller 🗓 2003 🎞 movie 🌎 #Denmark #Finland #France #Germany #Netherlands #Norway #Sweden #UnitedKingdom ⏰ 2 နာရီ 58 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 8/10 မင်းသားကြီး Paul Bettany နဲ့ မင်းသမီးကြီး Nicole Kidman တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Crime/ Drama ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် Director Lars Von Trier ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် လက်ရာကောင်းတစ်ခုပါ Manderlay 2005 ရဲ့ Trilogy ဖြစ်ပြီး Manderlay ဇာတ်ကားကိုလည်း ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်အနေနဲ့ပဲ ဖန်တီးထားပါသေးတယ် နှစ်ကားစလုံး ဆုတွေအများကြီးရထားတာပါ နှစ်ကားစလုံးရဲ့ထူးခြားချက်ကလည်း ရိုက်ကွင်းကို စတူဒီယိုခန်းကြီးထဲက အနက်ရောင်စတိတ်စင်ကြီးပေါ်မှာ ပုံစံဖော်ပြီးရိုက်ကူးထားတာက တခြားရုပ်ရှင်ကားတွေနဲ့မတူတဲ့ Director Lars Von Trier ရဲ့ထူးခြားတဲ့ Idea တစ်ခုပဲဖြစ်ပါတယ် ဇာတ်အိမ်ကိုတော့ အမေရိကန်နိုင်ငံ ရော့ကီတောင်တန်းပေါ်က ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးတစ်မြို့အကြောင်းကို တည်ပြီးရိုက်ကူးထားတာပါ တစ်ညမှာ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့ ချောမောလှပတဲ့ ဂရေ့စ် ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ လူဆိုးတွေရဲ့လက်ကနေ ထွက်ပြေးလာရင်းနဲ့ ဒေါ့ဗေးလ် ဆိုတဲ့မြို့လေးကို ရောက်ရှိလာပါတယ် ဒေါ့ဗေးလ် မြို့မှာ လူ့ကျင်ဝတ်အကြောင်းကိုဟောပြောလေ့ရှိတဲ့ စာရေးစရာပေါက်စ တွမ် ဟာ ဂရေ့စ် နဲ့တွေ့ခဲ့ပြီး ဂရေ့စ် ကို ဒေါ့ဗေးလ် မြို့မှာနေထိုင်နိုင်ဖို့နဲ့ မြို့သူမြို့သားတွေလက်ခံလာနိုင်ဖို့အတွက် ကြိုးစားကြပါတော့တယ် တွမ် ကလည်း ဂရေ့စ် ကိုအကြံပေးရင်းနဲ့ မြို့သူမြို့သားတွေကိုလည်း လက်ခံလာနိုင်အောင်စည်းရုံးနဲ့ပေါ့လူဆိုးတွေရဲ့လက်ထဲကိုပြန်မရောက်ချင်တဲ့အချက်က ဂရေ့စ် အတွက်အားနည်းချက်တစ်ခုဖြစ်နေခဲ့ပြီး မြို့သူမြို့သားတွေက အဲဒီအားနည်းချက်ကိုချနင်းပြီး လူ့ကျင့်ဝတ် လူ့စည်းကမ်းတွေကို အမျိုးမျိုးချိုးဖောက်ခံရတဲ့ အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်းဟာ ရင်နာစရာ၊ စိတ်နာစရာ၊ သံဝေဂရစရာ၊ ဒေါသထွက်စရာ၊ ကိုယ်ချင်စာစရာ စတဲ့ ရသပေါင်းစုံကိုပေးစွမ်းနိုင်တဲ့လက်ရာကောင်းတစ်ခုပါ ကျွန်တော်တို့လူသားတွေရဲ့ အမှောင်ဘက်ခြမ်းဟာ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာကို တဖြည်းဖြည်းနဲ့ ဇာတ်ရှိန်မြင့်လာအောင်ရိုက်ကူးထားပါတယ် လောကနိယာမရဲ့ တူသောအကျိုးကိုပြန်ခံစားရမယ်ဆိုတာကိုပါမြင်ရတာကြီးကတော့ တကယ်ကို ကြောက်စရာကောင်းလှပါတယ် Director Lars Von Trier ရဲ့ဘယ်လိုတင်ဆက်ထားသလဲဆိုတာကိုတော့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ဒီဇာတ်ကားလေးကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်...
The Thousand Faces of Feijia (2023) ⭐TMDB: 50% User Score 🎬 #Action #Mystery 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 18 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အေးချမ်းတဲ့ ရွာငယ်လေးတစ်ရွာမှာ ခြင်းတောင်းတွေကိုယ်တိုင်ယက်ပြီးရောင်းတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ အဖေဖြစ်သူကမျက်စိမမြင်ရတော့ခြင်းတွေသေချာယက်ပြီးအေးအေးဆေးဆေးစီးပွားရှာနေပေမယ့်သားဖြစ်သူက သူ့ကိုယ်သူ တစ်ရက်ကြ စွမ်းအားရှင်ကယ်တင်ရှင်ကြီးဖြစ်ရမယ်ဆိုတဲ့အိမ်မက်ရှိနေပါတယ် သူ့အဖေကတော့ သားဖြစ်သူဒုက္ခမရောက်အောင်လို့အမြဲတမ်းသစ်ပင်ကြီးတစ်ပင်ဆီမှာ ဆုတောင်းပေးရင်း သားဖြစ်သူပေါက်ကရတွေမလုပ်ဖို့တားနေရပါတယ်အဲ့ဒီ့လူစွမ်း ကောင်းဖြစ်ချင်တဲ့အိမ်မက်ကလည်းအလကားရှိနေတာတော့မဟုတ်ပါဘူး သူ့ခန္ဓာကိုယ်ထဲမှာကိုယ်ဖျောက်နိုင်တဲ့စွမ်းအင်တစ်မျိုးရှိနေတာကြောင့်ဒီစွမ်းအားကနေတဆင့် သူ့ကိုယ်သူလူစွမ်းကောင်းလုပ်နိုင်မယ်လို့ယုံကြည်နေရင်းပေါ်လာတဲ့ အိမ်မက်ပါ ဒါပေမယ့် ကိုယ်ယောင်ဖျောက်တာတောင် တစ်ခါတစ်လေရလိုက်တစ်ခါတစ်လေမရလိုက်ဖြစ်နေတဲ့အခြေအနေမှာ သူဘယ်လိုလူစွမ်းကောင်းလုပ်မလဲအဲ့စွမ်းအင်ကရော လူသားဖြစ်တဲ့သူ့ဆီဘယ်လိုရောက်နေတာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်လိုက်ကြရအောင်...
Coco Farm (2023) ⭐IMDB: 6.9/10 (141 Votes) 🎬 #Family #Comedy 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 28 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ချစ်စရာ ကနေဒါ-ပြင်သစ် ကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၂ နှစ်အရွယ်ကောင်လေး မက်စ်တို့သားအဖက မွန်ထရီရယ်မြို့ကြီးကနေ ငွေကြေးအခက်အခဲကြောင့် နယ်မြို့လေးကို ပြောင်းခဲ့ရပါတယ် စွန့်ဦးထီထွင်လိုစိတ်ရှိသူ မက်စ်က နယ်မှာ ဘာမှလုပ်စရာမရှိဘဲ အကြံအိုက်နေချိန်မှာ သူ့ဝမ်းကွဲအစ်ကို ချားစ်တို့အိမ်မှာ ကျွေးတဲ့ ကြက်ဥကို အရသာတွေ့သွားပါတယ် အလုံးအရင်းနဲ့ မွေးမြူရေးလုပ်ငန်းစုကြီးတွေရဲ့ ကြက်ဥနဲ့ အရသာကွာခြားချက်ကို အဖြေရှာပြီး တစ်နိုင်တစ်ပိုင် ကြက်မွေးမြူရေးလုပ်ငန်းကို မက်စ်၊ ချားစ်၊ youtuber ကောင်မလေးနဲ့ အလုပ်မရှိတဲ့ ဘီယာဗိုက် ဦးလေးကြီးတို့နဲ့ စထောင်လိုက်တယ် စထောင်ဖို့ကလည်း ပိုက်ဆံတွေ လိုက်ချေးထားရပြီး ရောင်းချဖို့ကျတော့လည်း ကြက်ဥလုပ်ငန်းအကြီးစားတွေကို မယှဥ်သာတာတွေ တခြားတခြားသော အခက်အခဲပေါင်းစုံတို့ကို ဘယ်လို ဝိုင်းဝန်းအဖြေရှာကြမလဲ ဆိုတာကတော့...
Breaker Morant (1980) ⭐TMDB: 71% User Score 🎬 #Drama #History #War 🗓 1980 🎞 movie 🌎 #Australia ⏰ 1 နာရီ 48 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.8/10 ဒုတိယဗိုးဝါးစစ်ပွဲမှာ ဗိုလ်ကြီးမိုရန့်နဲ့ ဩစတေးလျသားဗိုလ်ကြီးနှစ်ယောက်တို့ စစ်ခုံရုံးတင်ခံရတဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အာဖရိကတောင်ပိုင်းက ဗိုးဝါးပြည်နယ်တွေဖြစ်တဲ့ ဩရိန်းဖရီးပြည်နယ်၊ ထရန်စဗားပြည်နယ်တို့နဲ့ ဗြိတိသျှအစိုးရတို့ ၁၈၉၉ခုနှစ်ကနေ ၁၉၂ဝခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲကို ဗိုးဝါးစစ်ပွဲလို့ခေါ်ပါတယ်။ ဒီစစ်ပွဲကို တောင်အာဖရိကစစ်ပွဲလို့လည်း ခေါ်ကြတယ်။ ဗိုးဝါးဆိုတာ ဒတ်ချ်ဘာသာစကားနဲ့ လယ်သမားကိုခေါ်တာပါ။ ၁၇၉၆ခုနှစ်မှာ အာဖရိကတိုက်ကဗိုးဝါးတွေရဲ့ ဒေသသစ်တွေကို အင်္ဂလိပ်တွေနယ်ချဲ့ကြတယ်။ ဒီမှာပဲ စစ်ပွဲဖြစ်တယ်ပေါ့။ စစ်ပွဲအတွင်း ဗိုလ်ကြီးမိုရန့်အပါအဝင် ဗိုလ်ကြီးသုံးယောက် စစ်ရာဇဝတ်မှုကျူးလွန်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်ခုံရုံးတင်ခံရပါတယ်။ သူတို့တွေ စစ်ခုံရုံးမှာ အမှုရင်ဆိုင်ရတာတွေနဲ့ စစ်ပွဲအတွင်းတွေ့ကြုံရတာတွေအပြင် နိုင်ငံရေးလှည့်ကွက်တွေကို အချိုးညီညီရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်)...
Clickbait: Unfollowed (2024) ⭐IMDB: 5.2/10 (290 Votes) 🎬 #Comedy #Horror #Thriller 🗓 2024 🎞 movie 🌎 #Canada ⏰ 1 နာရီ 32 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆိုရှယ်ပလက်ဖောင်းတစ်ခုရဲ့ တီထွင်သူတစ်ဦးက နယ်ပယ်အသီးသီးမှာ followers 250k စီရှိတဲ့ Influencers ငါးယောက်ကို အိမ်ကြီးတစ်ခုထဲမှာ ဂိမ်းလာကစားဖို့ ဖိတ်ကြားလိုက်ပါတယ်။ သူချပေးတဲ့ ခေါင်းစဉ်နဲ့အညီ contents တွေကို မြန်မြန်ဆန်ဆန် ဗီဒီယိုရိုက်တင်ကာ ပြိုင်ဆိုင်ရတာဖြစ်ပြီး အိမ်ကြီးထဲကနေ အနိုင်ရသူတစ်ဦးတည်းကသာ ထွက်သွားနိုင်မှာဖြစ်ပါတယ်။ လာရောက်ပြိုင်ဆိုင်တဲ့ Influencers ငါးယောက်ထဲက ဘယ်သူက အနိုင်ရပြီး ဘယ်သူတွေကတော့ ကြောက်မက်ဖွယ် ပြစ်ဒဏ်တွေကို ခံရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။...
Amityville Frankenstein (2023) ⭐IMDB: 4.0/10 (559 Votes) 🎬 #Comedy #Family #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 3 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Friendish Thieves ဆိုတဲ့ Video Game တစ်ခုကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူခိုးနှစ်ယောက်က ထူးဆန်း ခြောက်ခြားဖွယ် ကောင်းတဲ့ အိမ်တစ်အိမ်ကို နာရီတစ်လုံးခိုးဖို့သွားရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ ကြုံလာရမဲ့ အဖြစ်အပျက်တွေကတော့ အဆင်ပြေမှုတွေလား အဆင်မပြေမှုတွေလား သူ့ဘာသာသူကြောက်စရာကောင်းနေပြီးသား အိမ်ကြီးကနေ ဘာကြောက်စရာတွေထပ်ကြုံရဦးမှာလဲ ဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး...
A Song from the Dark (2024) ⭐IMDB: 6.6/10 (1 k Votes) 🎬 #Drama #Fantasy #Mystery #Horror 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 44 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating(6.6/10) နိုင်ဂျီးရီးယားကရှေးခေတ်အယူအဆတွေအပေါ်မှာ အခြေခံထားတဲ့ သာဘာဝလွန်ဖြစ်ရပ်ကားလေးပါ၊ ဆုတောင်းသံတွေကြောင့် ဝိညာဉ်တွေဟာ သက်ရှိလောကစွပ်ဖက်နိုင်စွမ်းရှိပြီး ဒီလိုစွပ်ဖက်မှုကိုလည်း ကာကွယ်ပေးတဲ့သူတွေကလည်းရှိပါတယ်၊ Ashionye တို့မျိုးရိုးဟာ seers လို့ခေါ်တဲ့ သက်ရှိတွေကို ဝိညာဉ်တွေလက်ထဲကနေကာကွယ်ပေးတဲ့သူတွေပါ၊ Ash ကလည်းဒီပါရမီကိုဆက်ခံခဲ့ရပြီး ငယ်ငယ်ထဲက သူ့အဖေဟာ ဝိညာဉ်တွေရဲ့ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရတာမို့ တကောင်ကြွက်ဖြစ်ခဲ့ရတာပါ၊ အဲ့ဒီနောက်မှာ Magnus နဲ့ Isioma တို့လင်မယားက England ကိုခေါ်သွားတာကြောင့် England မှာဘဝအသစ်စခဲ့ရပါတယ်၊ အရွယ်ရောက်လာတဲ့အခါ သူ့ရဲ့ပါရမီကိုအသုံးချပြီး ငွေရှာနေခဲ့ပါတယ်၊ Magnus နဲ့ Isioma တို့ကလည်းအတူမနေကြတော့ပဲ Isioma ကသူကလေးတွေနဲ့အတူ သူ့သတို့သားလောင်း Russell နဲ့အတူနေထိုင်နေကြတာပါ၊ Magnus ကနိုင်ဂျီးရီးယားနိုင်ငံရေးသမားတယောက်ဖြစ်လာခဲ့ပြီး တရက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ ကိုယ့်ဟာကိုသတ်သေသွားခဲ့ပါတယ်၊ ဒါဟာသမရိုးကျသေဆုံးခဲ့ရတာမျိုးမဟုတ်ဘဲ အမှောင်ထုကဝိညာဉ်တွေနဲ့ဆက်စပ်နေခဲ့ပါတယ်၊ Isioma နဲ့ သူ့ကလေး၃ယောက်မှာလည်း အမှောင်ထုနဲ့နီးကပ်လာတဲ့ အရိပ်အယောင်တွေဖြစ်လာပြီး Ash တယောက်ကဒါတွေကိုဖြေရှင်းပေးဖို့ဖြစ်လာပါတယ်၊ Ash တယောက်ကရင်ဆိုင်ရမယ့် ဝိညာဉ်ကဘယ်သူလဲ၊ Magnus တို့ကဘာတွေများလုပ်ခဲ့လို့ ဒီဝိညာဉ်က မိသားစုတခုလုံးကိုပစ်မှတ်ထားခဲ့ရတာလဲ၊နောက်ဆုံးမှာကော Isioma နဲ့ ကလေး၃ယောက်က အသက်ရှင်သွားနိုင်ပါ့မလား...
Init (2024) ⭐IMDB: 7.8/10 (7 Votes) 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 50 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူဝီဆာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ ပညာသင်ဆုနဲ့ကျောင်းတက်ဖို့ မနီလာကိုရောက်လာခဲ့ပါတယ်။သူ့အရင်ကျောင်းပြီးခဲ့တဲ့သူတို့မြို့ခံတစ်ဦးရဲ့လမ်းညွှန်မှုကြောင့် ကျောင်းသားတွေစုနေကြတဲ့ အပြင်ဆောင်လေးတစ်ခုမှာ ငှားနေဖြစ်ခဲ့ပြီးအခန်းဖော်ကောင်မလေးနဲ့ဖြစ်တဲ့ ဒိုင်ယန်းနဲ့လည်းရင်းနှီးအဖွဲ့ကျခဲ့ပါတယ်။ အပေါ်ယံအေးဆေးတည်ငြိမ်တဲ့ အဖြူထည်အသွင်ရှိတဲ့ လူဝီဆာမှာ ဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်တစ်ခုရှိပါတယ်။အဲ့ဒီလျှို့ဝှက်ချက်ကြောင့်ပဲ အဆောင်မှာနေတဲ့ယောက်ျားတိုင်းဟာ လူဝီဆာနဲ့မကင်းမရှင်းဇာတ်လမ်းတွေပတ်ရှုပ်ကြပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Sisterhood (2024) ⭐IMDB: 7.5/10 (502 Votes) 🎬 #Drama #Comedy 🗓 2024 🎞 tv series 🌎 #India ⏰ 23 မိနစ် 30 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sisterhood (2024)“စစ်စတာမိန်းကလေးကျောင်း” IMDb 7.5 အသစ်ထွက်ရှိလာတဲ့ ဟင်ဒီ ဟာသ/ ကျောင်းသား ဒရာမာဇာတ်လမ်းတွဲလေးကို ပရိသတ်တိုအတွက် တင်ဆက်ပေးလိုက်ပါတယ် ဟင်ဒီ ခရစ်ယာန် သီလရှင်ကျောင်းတစ်ကျောင်းမှာ ဇာတ်လမ်းကို အခြေတည်ထားပြီးအကျင့်စရိုက်မတူတဲ့ ကိုးတန်းကျောင်းသူလေးတွေရဲ့ ကျောင်းသူဘဝကို ဖော်ပြထားပါတယ် နီကီတာက စစ်စတာတွေ မကြိုက်တဲ့ ဇိုးတစ်ယောက်ဖြစ်ပြီး ကျောင်းထုတ်ခံရဖိုလက်တကမ်းအကွာရောက်နေသူပါ သူ့အချစ်ဆုံးသူငယ်ချင်းဇိုယာကတော့ လုံးဝဆန့်ကျင်ဘက် ရှစ်တန်းမှာ ၉၈% မှတ်နဲ့ ပထမရခဲ့သူ။ မလည်မဝယ် ကိုးတန်းနှစ်ကျကျောင်းသူ အန်းကတော့ သူ့ကိုလှောင်ပြောင်သူတွေကြားမှာဇိုယာ့ကို အားကိုးရသူဖြစ်ပြီး ကျောင်းသူသစ် သူဌေးသမီး ဂါဂီကတော့ မာနခပ်ထွားထွားကျောင်းသူဖြစ်ပါတယ် အကျင့်စရိုက် လုံးလုံးလျားလျားကွဲပြားနေတဲ့ သူတိုလေးယောက် ငယ်ရွယ်နုပျိုတဲ့ကျောင်းသူဘဝမှာ အသစ်အဆန်းတွေ ရှာဖွေကြပုံ၊ သူငယ်ချင်း အချင်းချင်း ရိုင်းပင်းကူညီစိတ်၊ရိုးသားဖြူစင်ခြင်း၊ ဘဝနှင့် အလှတိုကို ခံစားရမယ့် မီနီစီးရီးလေး ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ BpL ~ Yunni ~ Alex ~ ToMo ~ KKKZ တို ဖြစ်ပါတယ်...
The Decameron (2024) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Comedy #Drama #History 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 56 မိနစ် 29 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Decameron (2024)Genre – Comedy, Drama, History 1348 ခုနှစ် အီတလီနိုင်ငံ ပလိပ်ရောဂါ ကပ်ဘေးဆိုက်ကပ်ချိန်လူတိုင်း လူတိုင်း ရှင်သန်ရဖို့ ဖြစ်လာတယ်။ အဲဒီမှာပဲ ကပ်ရောဂါ မကူးစက်သေးတဲ့ ကျေးလက်ဒေသကဆန်တာအိမ်တော် မြို့စားက လူကုံထံတွေကိုလက်ထပ်ပွဲအတွက် လာရောက်ဖို့ ဖိတ်ကြားလိုက်တဲ့အခါမှာ… – ပါးစပ်ကဘုရားဘုရား လက်ကကားရားကားရား ဇနီးသည်နဲ့ လူမသိ သူမသိ ကြိတ်သူငယ်ထောင်ချင်တဲ့ ခင်ပွန်းသည်– လေတိုက်ရင်တောင် သေမလိုဖြစ်ပြီး ၉၆ ပါးရောဂါပေါင်းစုံနဲ့ ချူချာကောင် ဂီလာနနဲ့ မြင်သမျှ မိန်းကလေးတိုင်းကို နှာဗူးလိုက်ရမှ ကျေနပ်တဲ့ ဆရာဝန်– မြို့စားနဲ့ အမြန်ဆုံး ညားချင်လှပါပြီဆို ရွပိုးထိုးနေတဲ့ ၂၈ နှစ် အပျိုကြီးနဲ့ အပျိုကြီးလုပ်သမျှ အကုန်မြှောက်ပေးနေတဲ့ အထိန်းတော်– ဖအေကိုပါ ဇီဝိန်ချုပ်ပြီး ဘဝမပျက်အောင် သူဌေးနဲ့ လင်တော်ချင်နေတဲ့ သမီးမိုက်နဲ့ ရူးကြောင်မူးကြောင်နဲ့ ပါသွားတဲ့ အစေခံမလေးတို့ တသိုက်ပျော်ပျော်ကြီး ဆန်တာအိမ်တော်ကို ရောက်သွားကြပြီး နေရာတစ်ခု မပျောက်ရေး ဒို့အရေးဆိုပြီးကူလီကူမာ များနေတဲ့ အထိန်းတော်ကြီးနဲ့ တွေ့ကာ ဘာတွေ ပေါက်ကရ သောက်တလွဲတွေဖြစ်ကြမလဲဆိုတာကို ရယ်ရယ်မောမော ကြည့်ရမယ့် Netflix အသစ်ထွက် စီးရီးလေး ဖြစ်ပါတယ်။...
Time Bandits (2024) ⭐IMDB: 5.9/10 (1 k Votes) 🎬 #SciFi #Fantasy #Action #Adventure #Comedy 🗓 2024 🎞 tv series 🌎 #UnitedKingdom #UnitedStates #NewZealand #UnitedStatesofAmerica ⏰ 47 မိနစ် 12 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Time Bandits ဒီဇာတ်လမ်းတွဲလေးကတော့ ဟာသနှောထားတဲ့ဇာတ်အိမ်ကိုလည်း သဘောကျတယ်၊ အာကာသတွင်းပေါက်တို့ အချိန်ခရီးသွားတာတို့ စတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တယ်ဆိုတဲ့သူတွေအတွက် ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကယ်ဗင်ဆိုတဲ့ ကောင်လေးဟာ တခြားရွယ်တူကလေးတွေလို ဘောလုံး ဂိမ်း ဖုန်း စတာတွေကို စိတ်မဝင်စားပဲ ရှေးခေတ်က အတိတ်သမိုင်းကြောင်းတွေကို အရူးအမူးစိတ်ဝင်စားပြီးတော့ အမြဲလိုလို ဒီထဲမှာပဲ အချိန်ကုန်နေတတ်လို့ သူငယ်ချင်းမရှိရှာပါဘူး။ တစ်နေ့မှာတော့ သူ့အိပ်ခန်းထဲမှာ အာကာသတွင်းပေါက်တစ်ခုပေါ်လာပြီးတော့ အထဲကနေ အန္တိမဖန်ဆင်းရှင်ဆီက မြေပုံကို ခိုးလာတဲ့ အာကာသဓားပြအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပါတော့တယ်။ ဒီလိုနဲ့ ကယ်ဗင်ဟာ မြေပုံခိုးလာတဲ့ ခိုးသားတွေနဲ့ အာကာသတွင်းပေါက်ထဲကို လိုက်သွားမိပြီးတော့ အတိတ်ကာလတွေကို ပြန်ရောက်သွားပါတော့တယ်။ ဒီတော့ ကယ်ဗင်အနေနဲ့ သူလက်ရှိအချိန်ကာလကို ပြန်လာနိုင်ပါ့မလား၊ ဒီမြေပုံက ဘာလဲ၊ ဒီမြေပုံကို ခိုးလာတဲ့သူခိုးတွေက ဘယ်သူလဲ၊ ဘယ်သူ့ဆီက ခိုးလာတာလဲ မြေပုံပိုင်ရှင်ရဲ့ လက်ထဲက ဘယ်လိုလွတ်အောင်ပြေးမလဲ စသဖြင့် ဟူသိဟူသိ သိချင်စိတ်တွေနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ်။...
Hit-Monkey (2021) ⭐IMDB: 7.8/10 (9 k Votes) 🎬 #Animation #Action #Adventure #Comedy #Fantasy #SciFi 🗓 2021 🎞 Series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 27 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Marvel’s Hit-Monkey (2021) ==================== IMDb Rating – 8.4/10 Hulu ကနေ မာဗယ်ကာတွန်းတစ်ခုကို တင်ဆက်လိုက်ပါတယ်။ စုစုပေါင်း ဆယ်ပိုင်းပါဝင်ပါတယ်။ ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ။ မျောက်လူသတ်သမားပါ။ ဆရာမျောက်ဟာ အစတုန်းကတော့ တောအုပ်ကြီးထဲက မျောက်အုပ်ထဲက ဉာဏ်ကောင်းတဲ့ မျောက်တစ်ကောင်သက်သက်ပါပဲ။ ဒါပေမဲ့ သူတို့ဆီကို သေနတ်ဒဏ်ရာနဲ့ရောက်လာတဲ့ အရမ်းတော်တဲ့ ကြေးစားလူသတ်သမားကို ကယ်တင်လိုက်မိပြီးနောက်မှာ သူ့ဆီကနေ အတိုက်အခိုက်အသတ်အဖြတ် ပညာတွေ ရလာပါတယ်။ လူသတ်သမားနောက်ကို လိုက်သတ်လာတဲ့ လူတစ်စုကြောင့် သူ့ရဲ့ ဆွေမျိုးမျောက်တွေအကုန်သေပြီး လူသတ်သမားလည်း သေသွားတဲ့အခါ ဒီတာဝန်ကိုခိုင်းလိုက်တဲ့လူတွေကို ရေဆုံးမြေဆုံး ကလဲ့စားချေဖို့ သေနတ်တွေဓားတွေကို ဆွဲပြီး ထွက်လာပါတော့တယ်။ မာဗယ်ကာတွန်းဇာတ်အိမ်ခိုင်ခိုင်နဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့ အထာကျကျ ရိုက်ကူးထားတာမို့ အတော်လေးကြည့်လို့ကောင်းမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး . ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်။)...
Mulan II (2004) ⭐TMDB: 65% User Score 🎬 #Action #Animation #Comedy #Family 🗓 2004 🎞 movie 🌎 #China #Egypt #HongKong #India #Japan #Kazakhstan #Malaysia #Pakistan #Singapore #USA #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mulan II : The Final War (2004)IMDb: 5.6/10 ဒီဇာတ်လမ်းမှာတော့ မူလန် နဲ့ ရှန်နဲ့ လက်ထပ်ဖို့ပြင်ဆင်နေချိန် လျို့ဝှက် တာဝန်တစ်ခုပေးအပ်ခံလိုက်ရတဲ့အခါ ကြုံတွေ့ရမဲ့ စွန့်စားခန်းတွေအကြောင်းပါ။ အားပေးကြပါဦး။...
Mulan (1998) ⭐TMDB: 79% User Score 🎬 #Adventure #Animation #Comedy #Family 🗓 1998 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mulan 1998IMDb: 7.7/10 ဒီကာတွန်းရုပ်ရှင်လေးဟာ တရုတ်ပြည်ကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန် ကို ပြန်လည်ပြီး ဇာတ်လမ်းဖွဲ့ ရေးဆွဲခဲ့တယ်လို့ သိရပါတယ်…တိုင်းပြည် စစ်ဖြစ်နေချိန်မှာ ယခင် တာဝန်ထမ်းဆောင်ခဲ့သော သက်ကြီးစစ်သားဟောင်းများကိုပြန်လည် ဆင့်ခေါ်ခဲ့ပါတယ် အကယ်၍ သက်ကြီးစစ်သားနှင့်အရာရှိများက စစ်ထဲ မလိုက်နိုင်အောင်ကျန်းမာရေး ဆိုးဝါးနေခဲ့ရင် အိမ်တွင်ရှိသော သား တူ မြေး ယောင်္ကျားသား တစ်ဦးစီကိုစစ်ထဲသို့ ပို့ပေးပါရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ပြန်ထားပါတယ်… အဲ့ဒီအချိန်မှာပဲ မုလန် ရဲ့ အဖေဆီသို့ ထိုစာချွန်လွှာ ရောက်လာတဲ့အချိန်ကျန်းမာရေး မကောင်းတော့တဲ့ အဖေကို ကြည့်ရင်း တစ်ဦးထဲသော သမီးဖြစ်သူမုလန် ဟာ ကွယ်လွန်ပြီးသော ဘိုးဘွားတွေ ရဲ့ မှတ်တိုင်များ ရှေ့တွင် ဆုတောင်းပြီးဖခင် မသိအောင် ဖခင်စစ်ဝန်တန်ဆာတွေ ခိုးဝတ်ကာ ထွက်ခွာသွားပါတော့တယ်… ယောင်္ကျားလေးကဲ့သို့ ပြင်ဆင်ပြီး စစ်မြေပြင်ကို ထွက်ခွာသွားသော ဖခင်ချစ်တဲ့မုလန် လေးကို မြင်တဲ့ ကွယ်လွန်ပြီးတဲ့ ဘိုးဘွားများဟာ အရေးပေါ် အစည်းဝေးခေါ်ပြီးမုလန် အား စောင့်ရှောက်ရန် အိမ်စောင့်ထားသော နဂါးလေး မူရှုး ကို မုလန် အနားတွင်နေစေရန် စေလွှတ်ခဲ့ပါတော့တယ်… စစ်တပ်ထဲတွင် မိန်းကလေးမှန်း မသိအောင် ဟန်ဆောင်နေရပြီး အခက်အခဲများစွာတွေ့ရမယ့် မုလန် တစ်ယောက် စစ်ပွဲကြီးတွင် အောင်နိုင်ပါ့မလားအိမ်ပြန် ဖခင်ကြီးနဲ့မိခင်ကြီး တို့ကို တွေ့နိုင်ပါအုံးမလား ဆိုတာ ဟာသ ရသ စုံလင်လှတဲ့ Mulan ကာတွန်းရုပ်ရှင်လေးကို ကြည့်ပြီးအဖြေရှာကြည့်လိုက်ကြပါ… (သစ်ဆန်းခန့်)...
Person of the Year (2024) ⭐TMDB: 35% User Score 🎬 #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 38 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူဆိုတာ ချီးကျူးခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ဆိုပေမဲ့ အခုလို အင်တာနက်ခေတ်မှာလူတွေရဲ့ သတိထားမှုခံရရင် ပိုက်ဆံရပါတယ်။ ဒါပေမဲ့သာမန်လူတစ်ယောက်ကနေ လူအများလေးစားအားကျတဲ့ လူတစ်ယောက် ဖြစ်သွားတဲ့အခါ……. ရွှဲမင်ဟာ ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့လူတစ်ယောက် ဖြစ်ပါတယ်။သူ့ဘဝတစ်ဝက်ကို လောင်းကစားလုပ်ရင်း အရက်သောက်ရင်းဆိုးသွမ်းလှည့်ဖြားရင်းနဲ့ ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။အဲဒါကြောင့် မိန်းမနဲ့သားရဲ့ အထင်သေးခြင်းကို ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ တစ်ရက်မှာ အရက်မူးနေတဲ့ ရွှဲမင်က မီးလောင်မှုတစ်ခုနဲ့ ကြုံခဲ့ပြီးသူသတိရလာတဲ့ အချိန်မှာတော့ သူက မြို့ကလေးမှာသူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ လူတွေက သူ့ကိုမီးလောင်တဲ့အချိန် လူ ၆ ယောက်ကို ကယ်တင်ခဲ့တဲ့သူရဲကောင်းလို့ ယုံကြည်နေကြပြီး နေ့ချင်းညချင်း နာမည်ကြီးသွားခဲ့ပါတယ်။ ဒါပေမဲ့ ရွှဲမင်ကတော့ သူ့ကိုယ်သူ အတုမှန်း သိနေခဲ့ပါတယ်။အစကတော့ သားနဲ့မယားကို အထင်ကြီးစေချင်လို့ သူရဲကောင်းအဖြစ်လက်ခံခဲ့ပေမဲ့ လူတွေက ချီးကျူးလေ သူ့မှာ စိတ်မလုံလေ ဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ သူဟာ စိတ်ဒုက္ခဒဏ်ကိုမခံစားနိုင်တော့ဘဲ အမှန်တရားကို ထုတ်ဖော်ခဲ့ပါတယ်။ သူရဲကောင်းကြီးကနေ လူလိမ်ကြီး ဖြစ်သွားတဲ့အခါရွှဲမင်တို့ မိသားစု ဘယ်လို မုန်တိုင်းမျိုးတွေနဲ့ ရင်ဆိုင်ရမလဲ……ဆေးရုံမှာ အသက်အန္တရာယ်ရှိနေတဲ့ သူရဲကောင်းအစစ်ကိုကူညီချင်တဲ့ ရွှဲမင်တစ်ယောက် ဘယ်လိုတွေ ဆက်လုပ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
