ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
La Confesión (2024)
⭐TMDB: 0.0% User Score
🎬 #Crime #Thriller
🗓 2024 🎞 movie
🌎 #ElSalvador
⏰ 1 နာရီ 27 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
La Confesion / Confessions of a Cam Girl (2024)IMDb – 6.0/10
ခရစ္စတင်းဆိုတဲ့ ကျောင်းသူလေးက မိဘတွေစကားကိုနားထောင်တဲ့ စာတော်တဲ့ကျောင်းသူလေးတစ်ယောက်။မိဘနှစ်ပါးစလုံးက သူတို့မတက်ခဲ့ရတဲ့ ကောလိပ်ကျောင်းတော်ကြီးကို သမီးဖြစ်သူ ခရစ္စတင်း တက်ဖို့အရေးအဖက်ဖက်က ဝိုင်းဝန်းထောက်ပံ့အားပေးနေကြတဲ့ စိတ်အားထက်သန်ကြသူတွေ။ခရစ္စတင်းရဲ့ မိဘတွေရဲ့စိတ်အားထက်သန်မှုနဲ့ မတူညီနေတာက ကောလိပ်မတက်ဘဲ ပဲရစ်ကိုသွားပြီး ဒီဇိုင်နာလုပ်ဖို့ အိပ်မက်ရှိနေပါတယ်။ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြီး ကောလိပ်စရိတ်ထဲကနေ ထောက်ပံ့ပေးဖို့ပြောပေမဲ့ မိဘတွေက လုံး၀လက်မခံကြပါဘူး။ဒီလိုနဲ့ပဲ ပဲရစ်က ဖက်ရှင်ပရိုဂရမ်တစ်ခုမှာ တက်ဖို့အရေး လိုချင်တဲ့ငွေပမာဏရအောင် XPဆိုတဲ့ ဖော်ချွတ်အက်ပ်တစ်ခုမှာ အကောင့်ဖွင့်ပါတော့တယ်။အဲဒီကစလို့ သူ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားပြီး ရင်ဆိုင်လာရတာတွေနဲ့အတူမင်းသမီးချောလေးရဲ့ ရှိုက်ကြီးရှိုက်ငယ် အသွယ်သွယ်ကို ရှုမြင်ရင်း ခံစားကြည့်ရှုကြပါဦး။
(ဒီရုပ်ရှင်ကိုaungmo3hanကဘာသာပြန်တင်ဆက်ထားပါတယ်)...
Ang Kabit Ni Mrs. Montero (1999)
⭐TMDB: 35.0% User Score
🎬 #Adult #Drama #Romance
🗓 1999 🎞 tv mini series
🌎 #Philippines
⏰ 1 နာရီ 49 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ang Kabit Ni Mrs. Montero (1999)
ကယ်လ်မွန်တယ်ရိုဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူဌေးကြီးတစ်ဦးဟာ ဆိုင်ကယ်မတော်တဆမှုနဲ့ အောက်ပိုင်းသေသွားခဲ့ပြီး နယ်မှာရှိတဲ့ သူ့ရဲ့စံအိမ်ကြီးမှာ ကုသမှုခံယူရင်း အနားယူဖို့ပြန်သွားခဲ့ပါတယ်။ သူနဲ့အတူ သူ့ကိုပြစုကုသပေးမယ့် ကုထုံးပညာရှင် အန်နီနဲ့ သူ့ချစ်ဇနီးဂေလ် ဆိုတဲ့ မိန်းမလှနှစ်ဦးလည်းပါလာခဲ့ပါတယ်။
ကယ်လ်က ငွေကြေးချမ်းသာသလောက် မောက်မာရိုင်းစိုင်းပြီး ရက်စက်သူတစ်ဦးပါ။ လိင်ကိစ္စနဲ့ပတ်သက်ရင်လည်း ရမ္မက်ကြီးပြီး ပုံမှန်ထက်ထူးခြားတဲ့ကိစ္စမျိုးတွေကိုလည်း စိတ်ဝင်စားတဲ့အတွက် သူ့ဇနီးကိုတစ်ခြားသူတွေနဲ့လိင်ဆက်ဆံခိုင်းပြီး ထိုင်ကြည့်တာမျိုးကအစ လုပ်လေ့ရှိတဲ့သူမျိုးဖြစ်ပါတယ်။ တဖြည်းဖြည်းသူ့ရဲ့ရက်စက်မှုတွေ၊ မောက်မာမှုတွေကိုစိတ်ကုန်စပြုလာတဲ့ ချစ်ဇနီးဟာ ကယ်လ်ရဲ့ခြံကျယ်ကြီးထဲက အလုပ်သမားကောင်လေးတစ်ဦးဖြစ်တဲ့ ဆတော်ဆိုတဲ့လူငယ်လေးနဲ့ ချစ်ကြိုးသွယ်မိပါတော့တယ်။
နာမည်ကျော်ဂန္ထဝင် Erotic Literature တစ်ပုဒ်ဖြစ်တဲ့ Lady Chatterley’s Lover ကိုအလွတ်တမ်းအခြေခံပြီး ဖိလစ်ပိုင်မှုပြုထားတဲ့ကားပါ။ အဲဒီခေတ်အခါက ထိတ်ထိတ်ကြဲတွေဖြစ်တဲ့ Patricia Javier တို့၊ Sunshine Cruz တို့လိုမင်းသမီးကြီးတွေရဲ့ ငယ်နုစဉ်အလှကို တစ်၀ကြီးငေးမောခွင့်ရမှာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Garadi (2023)
⭐IMDB: 7.4/10 (318 Votes)
🎬 #Bollywood #Comedy
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 25 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Garadi (2023) “ချန်ပီယံ”IMDb – 8.8/10
နပန်းနှစ်သက်တဲ့ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်အတွက် ကန်နေဒါနပန်းရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဆိုရီနဲ့ ရှန်ကာရာဆိုတဲ့ညီကိုနှစ်ယောက်က ချန်ပီယံနပန်းသမားတို့မွေးထုတ်ပေးတဲ့မြို့ရဲ့ ဂုဏ်သတင်းကြီးတဲ့ အိမ်တော်မှာ နေကြတယ်။ဘယ်သူမှယှဉ်လို့မရပါဘူးဆိုတဲ့ မြို့တော်ရဲ့ နာမည်ကျော်နပန်းသမားကြီးကဆိုရီတို့ရဲ့အဖေ နပန်းသမားကြီးကြောင့်နဲ့ မတော်တဆသေဆုံးသွားတဲ့နောက်မှာဆိုရီတို့အဖေကို လူသတ်သမားလို့တံဆိပ်ကပ်ခံရပြီးနောက် လက်သည်မပေါ်ဘဲ အသတ်ခံလိုက်ရပါတော့တယ်။
မျိုးရိုးအစဉ်အလာအတိုင်း အဖေနပန်းသမားကြီးလိုပဲ သားကြီးဖြစ်တဲ့ ရှန်ကာရာအရွယ်ရောက်လာချိန်မှာတော့ မြို့ဂုဏ်ကိုဆောင်မဲ့ ချန်ပီယံကြီးဖြစ်ဖို့ဖိုင်နယ်ပွဲစဉ်မထိုးသတ်ခင်မှာ မတရားမှုကို ငြိမ်မခံနေတဲ့အတွက်ကြောင့်နဲ့ပဲ လူသတ်သမားရဲ့သားကလူသတ်သမားပဲဖြစ်မယ်ဆိုပြီး နပန်းနည်းပြဆရာကြီးက အိမ်တော်ကနေရော မြို့ကနေပါနှင်ထုတ်လိုက်ပါတော့တယ်။
ဒီလိုနဲ့ ညီငယ်ဖြစ်သူ ဆိုရီတစ်ယောက် နပန်းလေ့ကျင့်သင်ကြားရာနေရာမှာ လက်တိုလက်တောင်းလုပ်ရင်းတစ်ယောက်တည်း ကျန်နေခဲ့ပါတော့တယ်။နပန်းကို ရူးရူးမူးမူးစွဲလန်းပေမဲ့ အဖေနဲ့အစ်ကိုဖြစ်သူလို ရာဇဝတ်သားဖြစ်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့သင်ပေးခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ ဆိုရီတစ်ယောက် အရူးအမူးစွဲလန်းရတဲ့ နပန်းပညာကို တိတ်တဆိတ်လေ့ကျင့်လာခဲ့တဲ့နောက်မှာ…၊အဖေဖြစ်သူကို သတ်သွားတဲ့ နောက်ကွယ်ကလူတစ်စုနဲ့ အကြောင်းရင်းကို သိရှိသွားချိန်မှာတော့…။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Check Store Next Door 2 (2022)
⭐IMDB: 7.6/10 (501 Votes)
🎬 #Comedy #Drama #Family
🗓 2022 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 52 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Check the Store Next Door 2 (2022)
Comedy, Drama, Romance ရုပ်ရှင်ကောင်းကောင်းလေးနဲ့chill ချင်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ပါ။IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ နာတာလီဆိုတဲ့ ကောင်မလေးဟာဘာလီမှာ ကားဘီးပေါက်နေရင်း အာဝင်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံဖြစ်ပါတယ်။အာဝင်လည်း ဘီးပေါက်နေတဲ့ နာတာလီ့ကို ကူညီပေးရင်း သူတို့ နှစ်ယောက် ရင်းနှီးသွားခဲ့ပါတယ်။ဒီလိုကနေ သူတို့ ချစ်သူတွေဖြစ်သွားကြပြီး ၂ နှစ်လောက် လက်တွဲလာခဲ့ကြပါတယ်။အဲဒီနောက် သူတို့လည်း လက်ထပ်ပြီးကြတော့ ဘဝတစ်ခုကို ထူထောင်ဖို့ လုပ်ကြပါတယ်။သို့သော် သာမန်လူတန်းစား အာဝင်တို့မိသားစုနဲ့ လူချမ်းသာ နာတာလီတို့ မိသားစုကြား မတူညီတာတွေ များကြသလို၊စိတ်ဒဏ်ရာကိုယ်စီတွေနဲ့မို့ အချစ်တစ်ခု ဆက်ပြီး ရှင်သန်ဖို့ရာ ရုန်းကန်ကြရပါတော့တယ်။Drama အမျိုးအစားဖြစ်တာမို့ အများကြီး ညွှန်းမနေတော့ပါဘူး။ဇာတ်လမ်းအချိုးအကွေ့တွေကို ဝမ်းသာတစ်လှည့် ဝမ်းနည်း တစ်လှည့်နဲ့ ကြည့်ရှုလိုက်ပါဦး။
အညွှန်းနဲ့ဘာသာပြန်ကတော့Leonard Linပဲဖြစ်ပါတယ်...
The Lost Medallion: The Adventures of Billy Stone (2013)
⭐IMDB: 4.9/10 (2 k Votes)
🎬 #Adventure #Family #Fantasy
🗓 2013 🎞 movie
🌎 #Thailand #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lost Medallion : The Adventures of Billy Stone [2013]( IMDb 4.8/10, RT 52%)
ဒန်နီရယ်တစ်ယောက် ဘောလုံးပွဲကြည့်ဖို့ သွားရင်း မစ္စဆယ်လီ့အိမ်က မိဘမဲ့တွေအတွက် ပစ္စည်းပစ္စယတွေ လမ်းကြုံသွားပို့ခဲ့ပါတယ်…ဖြစ်ချင်တော့ အဲ့နေ့ဟာ ကလေးတွေအတွက် ပုံပြင်ပြောပေးနေကျ အမျိုးသမီး နာမကျန်းနေတာကြောင့်ပုံပြောတာဝန်ဟာ ဒန်နီရယ့်အပေါ် ဆိုင်းမဆင့်ဗုံမဆင့် ကျရောက်လာပါတော့တယ်…ဒီလိုနဲ့ ဒန်နီရယ်ဟာလည်း ဘောလုံးပွဲကို ကြည့်ချင်သော်ငြား မိဘမဲ့ကလေးတွေရဲ့ စိတ်ဆန္ဒကိုတစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးလိုတာကြောင့် ပုံပြင်ပြောပေးဖို့ ရွေးချယ်လိုက်ပါတော့တယ်…ဒန်နီရယ်ဟာ ပုံပြောနေကျသူ မဟုတ်တာမို့ မိဘမဲ့ကလေးတွေဖြစ်ကြတဲ့ ဆွမ်းသွမ်းတဲ့ ဟူကို၊ဘုရားသခင်ကို မေးခွန်းထုတ်နေတဲ့ အယ်လီ နဲ့ ဉာဏ်ကောင်းပါလျက် လူတောမတိုး နှုတ်ဆိတ်နေတဲ့ ဘီလီတို့ကို အခြေတည်ပြီးအက်ရှင်အပြည့်နဲ့ စွန့်စားခန်းတွေပါတဲ့ မှော်ဝင်လည်ဘယက် ရှာပုံတော်ကြီးအကြောင်း ပြောပြပါတော့တယ်…ဒန်နီရယ်ပြောပြတဲ့ ပုံပြင်အကြောင်းနဲ့ ဒီထဲက သင်ခန်းစာတွေကို ပရီတ်သတ်တို့ ကိုယ်တိုင် ရှုစားလိုက်ကြပါဦးနော်
အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...
12 Rounds 3: Lockdown (2015)
⭐IMDB: 5.1/10 (5 k Votes)
🎬 #Action #Crime #Thriller
🗓 2015 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်.
လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်… သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီ့တရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ….
ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား….ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.
အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.
အရေးပေါ်သူနာပြုတစ်ယောက်ဖြစ်တဲ့ နစ်ခ် မယ်လွိုင် (Randy Orton) ဟာ သူအတိတ်မှာလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုကြောင့် အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကို ကစားရပါတော့တယ်…. အဲ့ကစားပွဲကို ကြိုးကိုင်တဲ့သူက သူ့မိန်းမကိုပါ ဓားစားခံလုပ်ပြီး ကစားပွဲကို ၁၂ ချီတိတိ သေချာအကွက်ချစီစဉ်ပြီးတော့ သူ့ကို ကစားစေပါတယ်. ဒါ့အပြင် ကစားပွဲတစ်ခုချင်းစီတိုင်းမှာလည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေရှိနေပြီး အဲဒီရည်ရွယ်ချက်တွေရဲ့နောက်ကွယ်က အမှန်တရားကဘာလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်.
နစ်ခ်ကရော သူ့မိန်းမရဲ့အသက်ကို ကယ်နိုင်ပါ့မလား???ကစားပွဲကို ကြိုးကိုင်တဲ့သူကပဲ အနိုင်ရသွားမလား???အချိန် တစ်နာရီခွဲလောက်ကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်.
အရှေ့ကထွက်ခဲ့တဲ့ 12 Rounds ဇာတ်ကားလိုပဲ ဒီကားမှာလဲ WWE Superstar ဖြစ်တဲ့ ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ Randy Orton က အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ထားပြီး Scorpion King 3 အပြင် Death Race 2 + 3 တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Roel Reiné ရိုက်ကူးထားတဲ့အတွက် အချိန်ပေးရတာတန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.
မတော်တဆမှုတစ်ခုကြောင့် တာဝန်ကနေခေတ္တအနားယူလိုက်ရတဲ့ စုံထောက် ဂျွန်ရှောဟာ ရဲဌာနမှာ တာဝန်ပြန်လည်ထမ်းဆောင်ချိန်မှာ အရင်ကတွဲဖက်အဖြစ်လုပ်ခဲ့ဖူးတဲ့ စုံထောက် ဘာ့ခ်ရဲ့ မသမာတဲ့ အလုပ်တွေကို မထင်မှတ်ပဲ သိရှိသွားခဲ့ပြီး လုပ်ဖော်ကိုင်ဖက်ဟောင်း နှစ်ယောက် ဘယ်လိုမျိုး ဆက်ပြီး ရင်ဆိုင်ကြမလဲ….
မသမာတာတွေကိုလုပ်နေတဲ့ ဘာ့ခ်ကရော ဘာအကြောင်းကြောင့် ဒါမျိုးတွေလုပ်နေရသလဲဆိုတာနဲ့ ဂျွန်အနေနဲ့က ဘယ်လိုမတော်တဆမှုမျိုးဖြစ်ထားလို့ တာဝန်ကနေပါ အနားယူထားရသလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာ အက်ရှင်အကြမ်းစားတွေနဲ့ ဒီကားမှာ ဖော်ပြထားပါတယ်.
ဇာတ်လမ်းကြာချိန် ၁ နာရီခွဲလောက်တောက်လျှောက်ကို အက်ရှင်ကြမ်းကြမ်းတွေ လှည့်ကွက်တွေနဲ့ ဇာတ်လမ်းပြီးတဲ့အထိ ထိုင်ရာကနေမထပဲ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်.ရှေ့ကထွက်ခဲ့တဲ့ 12 Rounds 1 နဲ့ 12 Rounds 2 တို့လိုမျိုး ဒီကားမှာလဲ WWE Superstar တစ်ယောက်ဖြစ်တဲ့ Jon Moxley က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ကားကောင်းတွေထဲကတစ်ကားဖြစ်ပါတယ်...
Trese (2021-2021)
⭐IMDB: 7.0/10 (5 k Votes)
🎬 #Animation #SciFi #Fantasy #Mystery #Crime #Action #Adventure #Horror #Thriller
🗓 2021-2021 🎞 tv series
🌎 #UnitedStates #Singapore #Malaysia #Indonesia #Philippines #UnitedStatesofAmerica
⏰ 34 မိနစ် 9 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Trese (2021)Trese Season 1 (2021)
Genre – Animation, Action, Adventure
IMDB – 7.0/10
RT – 70%ခင်ဗျားက Supernatural စီးရီးတို့ DC Comic က Constantine တို့လို
သဘာဝလွန်ဖြစ်ရပ်တွေကို ထောက်လှမ်းစုံစမ်းတာတွေရယ်John Wick တို့ မြေအောက်လောကစတိုင်မျိုးရယ် DC က Animation တွေကိုကြိုက်တယ်ဆိုရင်တော့ မြည်းကို မြည်းစမ်းသင့်တဲ့Netflix Animation စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ ဒီမှာက တစ်ခုပိုသာတာကတော့ သဘာဝလွန်အပိုင်းတွေမှာပုံမှန် ကြားဖူးနေကြ အနောက်တိုင်းက သွေးစုပ်ဖုပ်ကောင်တွေသမန်းဝံပုလွေတွေ မဟုတ်တော့ပဲ ဖိလစ်ပိုင်နိုင်ငံရိုးရာဒဏ္ဍာရီ ပုံပြင်ထဲက သတ္တဝါနဲ့ နတ်ဘုရားတွေ ဖြစ်ပါတယ်။ DC Animation ကောင်းတွေဖြစ်တဲ့ Flashpoint Paradox တို့ Dark Knight Return တို့နဲ့တခြား Batman Animation တွေ ရိုက်ကူးပေးထားတဲ့ Jay Oliva ကရိုက်ကူးရေး ပါဝင်ထားပြီး ဇာတ်လမ်းကတော့ဖိလစ်ပိုင်ရုပ်ပြဇာတ်လမ်းကို ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းပုံစံကတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို အခြေခံထားတယ်။အလက်ဇန္ဒရား ထရေဆေးဆိုတဲ့ ကောင်မလေးက သဘာဝလွန်သက်တော်စောင့်နှစ်ယောက်နဲ့ ဝင်ချက်စတာညီအစ်ကိုလိုလိုကွန်စတင်တင်းတို့လိုမျိုး မနီလာမြို့က ရဲတွေ မတွေးတောနိုင်တဲ့ထူးဆန်းဖြစ်ရပ်တွေဆို ဝင်ပြီး အမှုလိုက်ဖြေရှင်းပေးတယ်ပေါ့လေ။ ဒီ မနီလာမြေအောက်လောကမှာလည်း အဆွမ်းဆိုတဲ့ ပုံပြောင်းလို့ရတဲ့သတ္တဝါမျိုးနွယ်တွေ တစ်ဘာလန်ဆိုတဲ့ မြင်းတစ်ပိုင်းလူတစ်ပိုင်းမျိုးနွယ်တွေနဲ့တခြား သတ္တဝါတွေ နတ်ဘုရားမျိုးနွယ်တွေ စသဖြင့်ကိုယ်စီကိုယ်စီ အုပ်ချုပ်ပြီး လူသားမျိုးနွယ်ဖက်မှာတော့ထရေဆေးက “လကန်း” ဆိုတဲ့ဘွဲ့နဲ့ ကိုယ်စားပြုပြီးသူ့ဖအေ လက်ထက်ကတည်းက တည်ရှိတဲ့ သူတို့ ကမ္ဘာနှစ်ခုကြားကငြိမ်းချမ်းရေး သဘောတူညီချက်ကို ဘယ်သူတွေမှ မဖောက်ဖျက်အောင်ထိန်းသိမ်းရင်း နေရတာပေါ့လေ။ ဒီလိုနဲ့ တဖြည်းဖြည်း ကြာလာတဲ့အခါမှာတော့ အမှောင်မြေအောက်လောကထဲမှာတချို့မျိုးနွယ်တွေက သဘောတူညီချက်တွေကို ချိုးဖောက်ရင်းလူသားကမ္ဘာထိ အန္တရာယ်ကျရောက်လာနိုင်မယ့် ရန်စွယ်တွေ ဖြစ်လာတဲ့အခါထရေဆေးတစ်ယောက် အသက်စွန့် ကာကွယ်ဖို့ ပြင်ဆင်ရပါတော့တယ်….။စီးရီးက ၆ ပိုင်းတည်းကို တစ်ပိုင်းကို အမှုတစ်ခု ပုံစံထင်ရပေမဲ့ နောက်ကျအကုန်လုံးက ဆက်စပ်နေတယ်။ လက်ရှိကာလကို ပြနေရင်း ထရေဆေး ငယ်စဉ်တုန်းက သူ့အဖေနဲ့အတူရှိစဉ်အဖြစ်အပျက်တွေ Flashback ပြန်ပြတာတွေလည်း မိုက်တယ်။ကိုယ်မသိရတဲ့ ဒဏ္ဍာရီ ပုံပြင် ဇာတ်လမ်းအကောင်တွေဆိုတော့အမြင်ဆန်းတယ် ထူးခြားတယ် Animation ကလည်း မိုက်တော့ကြည့်ရတာ ၆ ပိုင်းကို အားတောင်မရဘူး ဇာတ်လမ်းကလည်းနောက်ဆုံးထိ ခန့်မှန်းရမလွယ်ဘူး Plot Twist တွေနဲ့။လက်ရှိတော့ Season 1 ပဲ ထွက်ထားပါသေးတယ်Season 2 ကတော့ ဒီ ၂၀၂၄ ခုနှစ်ထဲ သတင်းသဲ့သဲ့ကြားထားတော့ထွက်လာတာလည်း ချက်ချင်း တင်ဆက်ပေးဦးမှာပဲ ဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ။...
American Nightmare (2024-2024)
⭐IMDB: 7.6/10 (10 k Votes)
🎬 #Documentary #Crime #Mystery
🗓 2024-2024 🎞 tv mini series
🌎 #UnitedKingdom
⏰ 44 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
American Nightmare (2024)ဒီတစ်ခါတော့ IMDB 7.6/10 နဲ့ RT 95% ရရှိထားတဲ့မှုခင်း Documentary ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးက ဖြစ်ရပ်မှန်တွေကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတကယ့်အပြင်မှာ ဖြစ်ခဲ့ကြတဲ့ သူတွေကပဲ ပြန်လည် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အာရွန်ကွင်းနဲ့ ဒနီးစ်ဟက်စ်ကင်စ်တို့ရည်းစား နှစ် နေအိမ်မှာ အိပ်နေတဲ့ ညအချိန်မှာ အိမ်တွင်းကိုလူတွေ ဖောက်ထွင်း ဝင်ရောက်လာပါတယ်။ဖောက်ထွင်းဝင်ရောက်လာပြီး အာရွန်ရဲ့ ရည်းစား ဒနီးစ်ကိုပြန်ပေးဆွဲ ဖမ်းခေါ်သွားပြီး အာရွန်ကို အိမ်မှာပဲ ကြိုးတုပ်ထားခဲ့ပါတယ်။ဒီအခြေအနေကနေ လွတ်လာပြီး အားကိုးတကြီးနဲ့ ရဲတိုင်ခဲ့တဲ့အာရွန်တစ်ယောက်ကို ရဲတွေက မယုံကြည်ဘဲ သူကိုယ်တိုင်ကဒနီးစ်ကို သတ်လိုက်တယ်လို့ ထင်သွားကြတဲ့အခါမှာဘယ်လိုရုန်းကန်ရမလဲ ဒနီးစ်ကရော ဘာတွေဖြစ်သွားမလဲဘယ်လိုကယ်တင်သွားရမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာဖြစ်ပြီး တကယ်ဖြစ်ခဲ့သူတွေရဲ့ ပြန်လည် မျှဝေမှုတွေကိုသူတို့နဲ့ အတူတူ ခံစားမှု စုံလင်စွာနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။...
Masters of the Universe: Revolution (2024-2024)
⭐IMDB: 7.8/10 (1 k Votes)
🎬 #Animation #Action #Adventure #SciFi #Fantasy #Comedy #Drama #Family
🗓 2024-2024 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 26 မိနစ် 52 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Masters of the Universe: Revolution (2024) Masters of the Universe: Revolution 2024 series
အသစ်ထွက်လာခဲ့ပါပြီ…။ဒီseriesဟာ 2021ထွက် Masters of the Universe: Revelationရဲ့အဆက်ဖြစ်ပေမယ့် ဇာတ်လမ်းသွားက ပုံစံတစ်မျိုးလေးပြောင်းလဲသွားပြီဖြစ်လို့ ခုမှစကြည့်မယ်ဆိုလည်းရပါတယ်။Grayskullရဲ့ ချန်ပီယံ He-Manဆိုတာ စကြာဝဠာမှာ အသန်မာဆုံးလူသားပေါ့…။သူ့အကြောင်းFanတွေအနေနဲ့တော့ သိပြီးသားဆိုပေမယ့် ခုမှအသစ်စကြည့်မယ်သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါဦးမယ်။ဖန်တီးမှုတွေရဲ့အစမှာ အီတာနီယာဂြိုဟ်တည်ရှိပါတယ်၊လူသားနဲ့ မွန်းစတားများ၊ မှော်ဆရာနဲ့စစ်ဘုရင်များ၊ သိပ္ပံနဲ့မှော်ပညာယှဥ်တွဲနေထိုင်နိုင်တဲ့ ရင်သပ်အံ့သြဖွယ်ရာ ကမ္ဘာတစ်ခုပါ…။ဒီလိုယှဥ်တွဲနေထိုင်ခြင်းရှိရင် အငြင်းပွားအချင်းများခြင်းလည်းရှိနေကျ၊စွမ်းအားတိုက်ပွဲတွေလည်းရှိနေကျပါ…။2021စီးရီးက စွမ်းအားလုတိုက်ပွဲတွေမှာ ရန်သူတော်ကြီး Skeletorကျဆုံးသွားပြီးနောက် ဂရေးစကောရဲတိုက်ရဲ့ ချန်ပီယံ He-Manဟာစကြာဝဠာရဲ့ အသန်မာဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။သို့ပေမဲ့ Skeletorဟာ လွယ်လွယ်နဲ့လက်မလျှော့သေးဘဲ He-Manကိုအနိုင်ယူဖို့ သူ့ရဲ့စွမ်းအားအရင်းအမြစ်ကိုပြောင်းလဲကာဆရာအသစ်တင်လိုက်ပါပြီ…၊မှော်စွမ်းအားကနေ နည်းပညာကိုအားကိုးကာ သူ့ကိုယ်သူစက်ရုပ်တစ်ပိုင်းအဖြစ်ပြောင်းလဲလိုက်တာပါ…။စကြာဝဠာတစ်ခုလုံးကို အပိုင်သိမ်းမယ့် အဆင့်မြင့်နည်းပညာနဲ့မှော်ပညာတို့ရဲ့တိုက်ပွဲကို မြင်တွေ့ရမယ့်ဇာတ်လမ်းဖြစ်တာမို့ ရှုစားကြည့်လိုက်ပါတော့ဗျာ...
Hideaways (2011)
⭐IMDB: 6.1/10 (3 k Votes)
🎬 #Fantasy #Thriller
🗓 2011 🎞 movie
🌎 #Ireland #Sweden #France
⏰ 1 နာရီ 33 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတော်တော်များများမှာ မိသားစုကနေဆက်ခံထားရတဲ့
အမွေတွေရှိပါတယ်။ဥပမာ မိဘမှာဆီးချိုရှိရင်သားသမီးမှာ
လိုက်ရှိတာတို့ မိဘဆီကရောဂါတစ်ခုခုအမွေရထားတာမျိုးပေါ့။
ဒါပေမယ့်အခုတင်ဆက်ပေးမဲ့ IMDb Rating 6.1 ရရှိထားတဲ့
Hideaways ဆိုတဲ့ဇာတ်ကားထဲကဖာလွန်ဆိုတဲ့မိသားစုရဲ့
အမွေကတော့ထူးခြားပါတယ်။ဘယ်လိုထူးခြားတာလဲဆိုတော့
သူတို့ဆီမှာသားယောက်ျားလေးတွေမွေးရင် တခြားသူတွေထက်
သာလွန်ထူးကဲတဲ့စွမ်းရည်တွေကိုဆက်ခံရလို့ပါပဲ။ ဒါပေမယ့်
စွမ်းရည်ဆိုလို့ မိုက်တာပေါ့ ဘာညာဆိုပြီးမတွေးလိုက်ပါနဲ့။
လိင်ဆက်ဆံရင် မျက်လုံးကန်းသွားတဲ့စွမ်းရည်တို့ စိတ်လှုပ်ရှားပြီး
ကြောက်လာရင် အနီးအနားကစက်ပစ္စည်းတွေပျက်သွားတဲ့
စွမ်းရည်တို့လိုမျိုး ကြောင်တောင်တောင်ကြီးတွေဖြစ်ပါတယ်။
အခုသူတို့မျိုးဆက်ထဲကနောက်ဆုံးသားယောက်ျားလေးဖြစ်တဲ့
ဂျိမ်းစ်မှာလည်း ကြောင်တောင်တောင်စွမ်းရည်တစ်ခုရှိနေပါတယ်။
အဲ့ဒါကတော့ သူကြောက်လာရင်သူ့နားမှာရှိတဲ့အပင်တွေကအစ
လူတွေအဆုံး အကုန်လုံးသေဆုံးကြရတာဖြစ်ပြီး အဲ့ဒီစွမ်းရည်ကြောင့်ပဲ
မိဘမဲ့ဘ၀ကိုရောက်ရှိပြီး မိဘမဲ့ဂေဟာကိုရောက်ခဲ့ရပါတယ်။ဒါပေမယ့်
မိဘမဲ့ဂေဟာမှာလည်း အဲ့လိုထပ်ဖြစ်ပြီးနောက်ပိုင်းထွက်ပြေးသွားခဲ့ပြီး
ဂျိမ်းစ်တစ်ယောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမယ့် နှစ်ပေါင်း
များစွာကြာတဲ့အချိန်မှာကင်ဆာရောဂါဖြစ်နေပြီး ဆေးရုံကနေ
ထွက်ပြေးလာတဲ့ မေဆိုတဲ့ကောင်မလေးနဲ့ဂျိမ်းစ်နဲ့တွေ့ဆုံခဲ့တဲ့
အခါမှာတော့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်တစား
ကြည့်ရှုရမဲ့ ဒရာမာ စိတ်ကူးယဉ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။...
Pasukan Garuda: I Leave My Heart in Lebanon (2016)
⭐IMDB: 7.1/10 (21 Votes)
🎬 #Action #Drama #War
🗓 2016 🎞 movie
🌎 #Indonesia
⏰ 1 နာရီ 35 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pasukan Garuda: I Leave My Heart in Lebanon (2016)
IMDb – 7.2/10
စစ်ပွဲဆိုတဲ့အရာက လူသားတွေရဲ့သမိုင်းမှာ ခေတ်အဆက်ဆက် တည်ရှိလာခဲ့တဲ့အရာ။အဆိုးဆုံးဖြစ်ရပ်လို့ လက်ညှိုးထိုးပြရရင် ဒုတိယကမ္ဘာစစ်ပေါ့၊အရပ်သားပြည်သူတွေနဲ့ စစ်တပ်ဖွဲ့ဝင် နှစ်ခုလုံးပေါင်းလိုက်ရင် အသက်ပေါင်း ၆၂သန်းဆုံးရှုံးခဲ့ရတယ်။ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့အချိန်မှာတော့ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ သိလာကြတာကနောက်ထပ် တတိယကမ္ဘာစစ်ဆိုတာကြီး ဖြစ်ပွားခဲ့ရင် နျူကလီးယားလက်နက်တွေဓာတုဇီ၀လက်နက်တွေ စတာတွေကြောင့် လူသားတွေ မျိုးတုန်းသွားနိုင်စေတယ်ဆိုတာပါပဲ။နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ကမ္ဘာ့ငြိမ်းချမ်းရေးတို့အတွက် ဖွဲ့စည်းထားတဲ့ နိုင်ငံတကာအဖွဲ့အစည်းအဖြစ် ၁၉၄၅ခုနှစ်မှာ ကုလသမဂ္ဂကိုဖွဲ့စည်းတည်ထောင်ခဲ့တယ်။၁၉၅၇ခုနစ်မှာ အီဂျစ်နဲ့ အစ္စရေးကြား တိုက်ပွဲဖြစ်ပွားတော့ အင်ဒိုနီးရှားနိုင်ငံကနေကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းဖို့ တပ်ဖွဲ့တစ်ခုကို စေလွှတ်ခဲ့တယ်။အဲဒီတပ်ဖွဲ့ကို ဂါရူဒါလို့ နာမည်ပေးထားတယ်။ဂါရူဒါတပ်ဖွဲ့ကို တခြားစစ်ရေးပဋိပက္ခဖြစ်ပွားတဲ့ဆူဒန် ကွန်ဂိုနဲ့ လက်ဘနွန်တို့လိုနိုင်ငံတွေကိုလည်း စေလွှတ်ခဲ့တယ်။ဒီဇာတ်လမ်းမှာတော့ လက်ဘနွန်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်ဆောက်ရွက်ဖို့ စေလွှတ်ခြင်းခံရတဲ့ စစ်သည်တွေနဲ့ အမိမြေမှာကျန်ခဲ့တဲ့ ချစ်ခင်ရသူတွေကြားက ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။အင်ဒိုနီးရှားမှာ ချစ်ရသူရှိရက်နဲ့ ဇာတ်လမ်းရဲ့နာမည် လက်ဘနွန်မှာ ကိုယ့်နှလုံးသားကိုထားရစ်ခဲ့ဆိုပြီးဘယ်လိုဖြစ်ရတာလဲဆိုတာတော့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။
(အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanပဲဖြစ်ပါတယ်)...
A Hot Spring Trip – Mizuhara Misono (Deconsored – JUL-814)
⭐-
🎬 #Adult
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 2 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတခါတင်ဆက်ပေးမဲ့ မင်းသမီးလေးကတော့ ဝဝကစ်ကစ်လေးနဲ့ ချစ်စရာမင်းသမီးလေး Mizuhara Misono ပဲဖြစ်ပါတယ်……ပြည့်ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်လေးရယ် ချိုလှတဲ့ မျက်နှာဘေးလေးရယ်နဲ့ ငြူတုတုအသံလေးတွေကတော့ ပရိသတ်ကြီးကို ပြိုလဲသွားစေမဲ့ အဓိကအကြောင်းရင်းတွေပါပဲ………
ဒီ JUL-814 ဆိုတဲ့ကားလေးကတော့ လက်တွေ့နဲ့ သိပ်မကွာတဲ့ ပုံစံလေးနဲ့ရိုက်ပြတင်ဆက်ထားတာပါ……ကုမ္ပဏီရဲ့ ဂုဏ်ပြုပွဲကို ရေပူစမ်းမှာလုပ်ဖို့ ရွေးချယ်တော့ မင်းသမီးလေးက မိန်းကလေးရယ်လို့ သူတစ်ယောက်တည်းပါလာတော့တာပါပဲ……အဲဒါနဲ့ ရေပူစမ်းလေးဘာလေးစိမ် အရက်လေးဘာလေးသောက်ပြီး အပန်းဖြေကြတဲ့အကြောင်းလေး တင်ဆက်ထားတာမို့ လက်မလွတ်တမ်းသာ ကြည့်လိုက်ပါဦးလို့…..
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...
Cronos (1993)
⭐TMDB: 67.0% User Score
🎬 #Drama #Fantasy #Horror #Thriller
🗓 1993 🎞 movie
🌎 #Mexico
⏰ 1 နာရီ 33 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDB – 6.7
Rotten Tomatoes – 90%
1990 ကျော်ကဇာတ်လမ်းဖြစ်တဲ့အတွက် သူ့ခေတ်သူ့အခါမှာတော့
အတော်လေးပေါက်တယ်လို့ ဆိုရမှာပါ။ အကောင်းဆုံး ဒါရိုက်တာ ၊
အကောင်းဆုံးသရုပ်ဆောင် စတဲ့ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးခဲ့တဲ့
ဇာတ်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့
၁၅၃၆ ခုနှစ်မှာအဂ္ဂိရတ်ဆရာတစ်ယောက်ဖြစ်တဲ့ အူဘာတိုဖူလ်ကာနလီ ဟာ
ထာဝရအသက်ပေးစွမ်းနိုင်မယ့်စက်တစ်ခုကိုတီထွင်ခဲ့ပါတယ်။
ရဲတွေစုံစမ်းမှုတွေကြောင့် ထွက်ပြေးရင်း မက်စီကိုနိုင်ငံ ဗယ်လာကုဇ်
မှာပုန်းနေခဲ့တယ်။ နှစ်ပေါင်း ၄၀၀ ကြာပြီးနောက်မှာ အူဘာတိုဖူလ်ကာနလီဟာ
အမိုးပိပြီးနှလုံးကိုသစ်ချောင်းထိုးမိကာသေဆုံးသွားခဲ့တယ်။
သူရဲ့တီထွင်မှုတွေ ပိုင်ဆိုင်မှုတွေကို ရဲအရာရှိတွေဟာ ပြည်သူတွေကိုမချပြခဲ့ပဲ
လေလံတင်ရောင်းချခဲ့တယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲကတစ်ခုက
GRAND BAZAAR ရှေးဟောင်းပစ္စည်းအရောင်းဆိုင် မှာရှိနေခဲ့တယ်။
ဒီလာဂွာဒီယာ လုပ်ငန်းစုကလည်း သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုအသည်းအသန်
လိုက်ဝယ်နေတယ်။ GRAND BAZAAR ပိုင်ရှင် အဖိုးကြီးက ရုပ်ထုတစ်ခုထဲက
နေရွှေရောင်အင်းစက် စက်ရုပ်ပစ္စည်းလေးကိုရှာတွေ့ပြီးနောက်မှာတော့...
Distortion (2012)
⭐TMDB: 73.0% User Score
🎬 #Drama #SciFi #Thriller
🗓 2012 🎞 movie
🌎 #Thailand
⏰ 1 နာရီ 47 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Distortion (Khon Lok Jit) (2012)IMDb – 6.2/10
ရုပ်ရှင်နယ်ပယ်မှာ နိုင်ငံအသီးသီးကရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းနာမည်ပါပဲ။အခုတင်ဆက်ပေးမဲ့ ဇာတ်လမ်းတော့ ထိုင်းရုပ်ရှင်ဇာတ်လမ်းပါ။ထင်ယောင်ထင်မှားမှုကနေ ဖြစ်ပေါ်လာတဲ့ psychological-thriller ရုပ်ရှင်ပေါ့။
စိတ်ရောဂါပညာရှင်၊ သိပ္ပံပညာရှင်၊ စီးပွားရေးသမားနဲ့ ကျောင်းသူလေးတစ်ယောက်။သူတို့လေးဦးကြားက ဖုံးကွယ်ထားတဲ့ အကြောင်းအရာကိုယ်စီနဲ့ တိုက်ဆိုင်စွာပဲကွင်းဆက်လူသတ်မှုထဲမှာ ကိုယ်စီပါဝင်လာကြတဲ့အခါ…။ဒေါက်တာကူရန်ဆိုတဲ့ စိတ်ရောဂါပညာရှင်က သတင်းမှာတွေ့လိုက်ရတဲ့ လူသတ်မှုဖြစ်ရာနေရာကိုရောက်လာခဲ့ပါတယ်။တိုက်ဆိုင်စွာနဲ့ပဲ အဲဒီလူသတ်မှုနောက်မှာ ကွင်းဆက်လူသတ်မှုတွေဖြစ်လာခဲ့ပြီးအသတ်ခံလိုက်ရတဲ့သူတွေကလည်း လိင်တူချစ်သူတွေဖြစ်နေပါတယ်။ထပ်ပြီးတိုက်ဆိုင်တာက အသတ်ခံရတဲ့လူတွေဟာ ဒေါက်တာကူရန်ရဲ့ ကျောင်းနေဖက်တွေဖြစ်နေတဲ့နောက်မှာတော့…။
(အညွှန်းနဲ့ဘာသာပြန်ကတော့aungmo3hanပဲ ဖြစ်ပါတယ်)...
Deerskin (2019)
⭐IMDB: 6.6/10 (11 k Votes)
🎬 #Comedy #Horror
🗓 2019 🎞 movie
🌎 #France #Belgium #Switzerland
⏰ 1 နာရီ 17 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို rating 6.6/10
အထိရရှိတားပြီး ဒါရိုက်တာ Quentin Dupieux ရိုက်ထူးထားပြီး
၂၀၁၉ကထွက်ရှိထားတဲ့ Deerskinဆိုတဲ့ ဇာတ်ကားလေးတစ်ကားနဲ့
မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားက အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု
အကောင်းဆုံးရုပ်သံတည်းဖြတ်ဆု ပရိတ်သတ်က ရွေးချယ်မှု
အများဆုံးဆုနဲ့ ဆန်ကာတင်စာရင်း ၁၁ဆုထိချိတ်ထားပါတယ်
ဒီဇာတ်ကားမှာ ပြင်သစ်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်အကျော်အမော်တွေ
ဖြစ်ကြတဲ့ မင်းသားJean Dujardin နဲ့ မင်းသမီး Adele Haenel
တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်..
ဇာတ်လမ်းကဂျောချ့်ဆိုတဲ့ မိန်းမနဲ့ကွာရှင်းပြီး ခြေဦးတည့်ရာ ထွက်လာတဲ့
လူတစ်ယောက် ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း ဆိုင်တစ်ခုမှာ သားမင်သားရေ
စစ်စစ်နဲ့ လုပ်ထားပြီး သဘာဝလွန်စွမ်းအင်တွေနဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့
ဂျက်ကတ်အင်္ကျီတစ်ထည်ကို ဝယ်လိုက်ိမပါတယ် ရောင်းတဲ့သူကလည်း
ဂျော့ချ်ကို ကျေးဇူးတင်လွန်းလို့ လက်ဆွဲဗီဒီယိုကင်မရာလေးတစ်လုံးပါ
အပိုအနေနဲ့ လက်ဆောင် ပေးလိုက်မိရာကနေ စပါတယ် နောက်တစ်နေ့
ငွေသွားထုတ်တဲ့ အချိန်မှာတော့ ဂျော့ချ်တစ်ယောက် သူ့မိန်းမဖြစ်သူက
ဘဏ်စာရင်း ပိတ်လိုက်တာကို ခံလိုက်ရပါတယ် ဒီလိုနဲ့ ဂျောချ်တစ်ယောက်
စိတ်ညစ်ညစ်နဲ့ ဘားတစ်ခုကိုသွားထိုင်မိရာကနေ ဒန်းနစ်ဆိုတဲ့ တည်းဖြတ်
တာကိုဝါသနာပါတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံမိပြီး သူ့ကိုယ်သူ ရုပ်ရှင်
ရိုက်တဲ့သူတစ်ယောက်ဖြစ်ကြောင်း သူဒီကိုရုပ်ရှင်ရိုက်ဖို့အတွက် လာလေ့လာ
ဖြစ်ကြောင်း လိမ်ညာမိလိုက်ပါတယ် အဲ့ဒီနောက်မှာတော့ သူ့ရဲ့ထုတ်လုပ်
သူနဲ့ အဖွဲ့သားတွေဟာ ဆိုက်ဘေးရီးယားမှာ အရေးကြီးတဲ့ရုပ်ရှင်တစ်ကားကို
ရိုက်နေတဲ့အတွက် သူ့ဇာတ်ကားအတွက် တည်းဖြတ်တဲ့သူတစ်ယောက်
လိုနေကြောင်းပြောပြီး ဒန်းနစ်ကို တည်းဖြတ်တဲ့သူအဖြစ် ခန့်အပ်လိုက်ပြီး
လက်ဆွဲကင်မရာတစ်လုံးနဲ့ ဗီဒီယိုလိုက်ရိုက်ပါတော့တယ် ဒီလိုနဲ့ ဂျက်ကတ်
အင်္ကျီရဲ့လွှမ်းမိုးမှုကို တဖြည်းဖြည်းခံလာရတဲ့ ဂျော့ချ်တစ်ယောက် ဒန်းနစ်ရဲ့
အကူအညီနဲ့ “ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ဂျက်ကတ်အင်္ကျီဝတ်တဲ့သူ
ဖြစ်ရမယ်”ဆိုတဲ့ ခပ်ကြောင်ကြောင်အိပ်မက်တစ်ခုကို အကောင်အထည်
စဖော်ရင်း ပြစ်မှုတွေကိုပါ ကျူးလွန်မိလာပါတော့တယ် အဲ့နောက် ဘာတွေကို
ကြုံတွေ့လာရမလဲ သူ့ရဲ့အိပ်မက်ကိုကော အပြီးသတ်အကောင်အထည်ဖော်
နိုင်ပါ့မလား ဘယ်လိုတွေကြိုးပမ်းမလဲ ဒန်းနစ်ကကော ဂျောချ့်ရဲ့လိမ်ညာ
မှုတွေကိုသိရှိသွားမလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုသူပရိတ်သတ်ကြီး
ကိုယ်တိုင်ပဲ လိုက်ပါစီးမျောကြည့်ရှုလိုက်ပါဦး…
ဒီဇာတ်ကားက Comedy &Horror အမျိုးအစားကိုမှ ကြည့်ရှုရတာ
ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့
ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်...
I Am Dragon (2015)
⭐IMDB: 6.8/10 (6 k Votes)
🎬 #Adventure #Fantasy #Romance
🗓 2015 🎞 movie
🌎 #Russia
⏰ 1 နာရီ 47 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
I am Dragon (2015)
နဂါးလေးကိုမှ ချစ်မိနေပါပြီဆိုတဲ့ CMပရိသတ်တို့အတွက် Animationကောင်းကောင်းနဲ့Positive review တွေပိုင်ဆိုင်ထားတဲ့ IMDb-6.8ရ ရုရှားနဂါးကားလေး တင်ဆက်ပေးချင်ပါတယ်။တောင့်တောင့်ဖြောင့်ဖြောင့် six pack နဲ့ နဂါးလေးရယ် လှရက်လွန်းလှတဲ့ မင်းသမီးလေးရယ်ကို ငမ်းရတာနဲ့တင် အတော်တန်တဲ့ ရုပ်ရှင်လေးဆိုတော့ရုရှားအဆင်လေး ပြောင်းကြိုက်ချင်သူတွေအတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း….
တစ်ချိန်က နဂါးတွေကြီးစိုးနေစဉ်ကာလမှာ မြို့ငယ်လေးတစ်မြို့က လူတွေက ရွာကအပျိုချောတွေကို နဂါးကြီးကို ဆက်သရပါသတဲ့။ဒီမိန်းကလေးတွေကို နဂါးစာအဖြစ် ဆက်သနေရတာဟာ ဒီမြို့လေးအတွက်တော့ ဓလေ့ထုံးစံတစ်ခုလိုဖြစ်လာခဲ့ပါတယ်။သိပ်ချစ်တတ်တဲ့ လူငယ်တစ်ယောက် မပေါ်လာခင်ပါပဲ။
ဒီလူငယ်လေးကတော့ နဂါးကိုဆက်သရတော့မယ့်ချစ်သူမိန်းကလေးကို အရပြန်လုဖို့ စိတ်ပိုင်းဖြတ်ခဲ့ပေမဲ့ အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့ရပါတယ်။ချစ်သူကို ကယ်ဖို့မမီလိုက်တဲ့ ဒေါသဇောနဲ့ပဲ အချစ်ကြီးတဲ့လူငယ်လေးက နဂါးကြီးကို လှံနဲ့ပစ်ခွင်းအနိုင်ယူပြီး နဂါးသတ်သမားဘွဲ့ကို ခံယူလိုက်ပါတော့တယ်။နှစ်တွေကြာတော့ နဂါးဆိုတာ တကယ်ရှိတယ်တောင်မထင်ရတော့တဲ့အထိ ဒဏ္ဍာရီတစ်ပုဒ်သာသာဖြစ်လာတာပေါ့။
အခုလက်ရှိမှာတော့ ဒီနဂါးသတ်သမားရဲ့မျိုးဆက်ဖြစ်တဲ့ အီဂါဆိုတဲ့လူငယ်လေးဟာ မြို့ကိုအုပ်စိုးတဲ့မင်းသားကြီးရဲ့ သမီးထွေးနဲ့ လက်ဆက်ဖို့ပြင်နေပါတယ်။ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့ နဂါးတွေ နတ်သမီးပုံပြင်တွေကြားမှာ မွေ့လျော်နေတဲ့သမီးဖြစ်သူကို သူရဲကောင်းမျိုးဆက်လက်အပ်ချင်တဲ့မင်းသားကြီးနဲ့တစ်ဖက်က သူရဲကောင်းအဘိုးရဲ့အရှိန်အဝါနဲ့ ဂုဏ်မောက်နေတဲ့အီဂါတို့ကြား နေရကြပ်နေတဲ့ မီယိုဆာလ်ဗာမင်းသမီးလေးတစ်ယောက်လက်ထပ်ပွဲမှာ နဂါးခေါ်သီချင်းဆိုပြီးနောက်မှာ နဂါးကြီးက ဂူကြီးတစ်ခုထဲကို ခေါ်သွားတာခံလိုက်ရတဲ့အခါ…
ကျင်းထဲမှာ မီယာနဲ့တွေ့တဲ့ အမည်မသိကောင်လေးက ဘယ်သူလဲ။မီယာကိုခေါ်လာတဲ့နဂါးကြီးကရော ဘယ်ရောက်သွားလဲ။နဂါးသတ်သမားမျိုးဆက်ဆိုပြီး လက်စွမ်းပြချင်တဲ့အီဂါတစ်ယောက်ကရော မီယာကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့Mary Christပဲဖြစ်ပါတယ်)...
The Fighting Chefs (2013)
⭐IMDB: 4.8/10 (19 Votes)
🎬 #Action #Comedy #Romance
🗓 2013 🎞 movie
🌎 #Philippines
⏰ 1 နာရီ 48 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Fighting Chefs (2013)
ဟိုးအရင်က ထွက်ရှိခဲ့တဲ့ ဖိလစ်ပိုင် ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်။အားလပ်တဲ့အချိန်လေးမှာ အချိန် ၁ နာရီခွဲကျော်ကျော်ပေးပြီး ပေါ့ပေါ့ပါးပါး ကြည့်ရသလို၊ဖိလစ်ပိုင်မင်းသမီး လှလှလေးတွေကိုလည်း ငမ်းလို့ရမယ့် ရုပ်ရှင်မျိုးပါ။
ဇာတ်လမ်းက ထူးခြား၊ ဇာတ်အိမ်ခိုင်မာလို့ အချိန်ပေးရကျိုးနပ်မယ့် Action, Comedy အမျိုးအစား ရုပ်ရှင်ပါ။ဇာတ်လမ်းအကျဉ်းကတော့ သူဌေးကြီးတစ်ယောက်ရဲ့ မြေပေါ်က အဆောက်အဦးတစ်ခုမှာစားသောက်ဆိုင်တွေ ကိုယ်စီဖွင့်ကြရင်း တစ်ပိုင်တစ်နိုင်နဲ့ လုပ်စားကြတဲ့ စားဖိုမှူးတွေ ရှိကြပါတယ်။ဒါပေမယ့် သမ္မာအာဇီဝကျကျ လုပ်စားနေကြတဲ့ သူတို့ဘဝတွေကို ဂြိုဟ်ဆိုးဝင်မွှေပါတော့တယ်။မြေပိုင်ရှင် သူဌေးကြီးက အဲအဆောက်အဦးကို ဖျက်ပြီးတော့ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်တော့မှာမို့သူတို့အားလုံးကို အချိန် သုံးလ ပေးပြီးတော့ နှင်ထုတ်ပါတော့တယ်။ဒါပေမယ့် သူဌေးကြီးရဲ့ ညီဖြစ်သူကတော့ သုံးလအချိန်ပေးတာကို မကျေနပ်ဘဲစားဖိုမှူးတွေကို အမြန်ဆုံးထွက်သွားအောင် နှင်ထုတ်ဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေ ထုတ်သုံးတာတဲ့အချိန်မှာတော့စားဖိုမှူးတွေလည်း သူတို့လုပ်ငန်းရှင်သန်နိုင်ဖို့ တိုက်ပွဲဝင်ကြရပါတော့တယ်….
အညျွန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...
Where the Truth Lies (2009)
⭐IMDB: 6.1/10 (536 Votes)
🎬 #Crime #Mystery #Thriller
🗓 2009 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 39 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Case of Itaewon Homicide (2019)
ဆိုးလ်မြို့ရဲ့ နိုင်ငံခြားသားများနဲ့ အစည်ကားဆုံး အီထယ်ဝန်မှာ၁၉၉၇ ခုနှစ်က တကယ်ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းသားလေး ဂျိုဂျွန်ဖီဟာ ရည်းစားဖြစ်တဲ့ကောင်မလေးနဲ့ date မယ်ဆိုပြီး အီထယ်ဝန်ကို ရောက်လာခဲ့ပါတယ်။နောက်ကျနေပြီမလို့ အိမ်ပြန်ချင်နေပြီဖြစ်တဲ့ ကောင်မလေးကို အချိန်ဆွဲဖို့ သန့်စင်ခန်းဝင်မယ်ဆိုပြီးဘာဂါဆိုင်တစ်ဆိုင်ရဲ့ သန့်စင်ခန်းထဲကို အမြန်ပြေးဝင်သွားပါတယ်။ကံဆိုးချင်တော့ အဲဒီသန့်စင်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။
အိမ်အခြေအနေက အဆင်မပြေပေမဲ့ အချိန်ပိုင်းအလုပ်လုပ်ကာ ကြိုးစားပညာသင်ယူနေတဲ့ ကျောင်းသားလေးရဲ့ သေဆုံးမှုအတွက်ရင်ကျိုးကျန်ခဲ့ရတဲ့ မိသားစုက ကိုရီးယားတရားရုံးမှာ အမှုစစ်ပေးမဲ့ အမှုစစ်ဘတ်ကို အားကိုးရှာတယ်။
သံသယရှိသူ ၂ ဦးက နိုင်ငံခြားသားဆိုတော့ အမှုကို စီအိုင်ဒီဘက်က အရင်စစ်တယ်။ပြီးတော့ မက္ကဆီကန်-ကိုရီးယားစပ် ပီအာဆန်ကို တရားခံလို့ သတ်မှတ်ပြီး ကိုရီးယားဘက်ကို လွှဲပေးတယ်။အမှုစစ်ဘတ်က ဒီအမှုကို ကိုင်တော့ နောက်တစ်ဦး ကိုရီးယားလူမျိုးအမေရိကန်နိုင်ငံသားကိုပါ အမှုတွဲထဲ ထည့်ပြီး သေချာစစ်ဆေးမေးမြန်းတယ်။
သူတို့ ၂ ဦးလုံးက ဂျိုဂျွန်ဖီသေဆုံးနေတဲ့ သန့်စင်ခန်းထဲမှာ အတူတူရှိခဲ့တဲ့အချက်၊လူသတ်လက်နက်က ပီအာဆန်ဆီမှာ တွေ့တယ်ဆိုတဲ့ အချက်တွေ ရှိခဲ့ပေမဲ့ အေဂျေရဲ့ ထွက်ဆိုချက်တွေက ကွဲလွဲမှုတွေ ရှိနေတယ်။နှစ်ယောက်လုံးကတော့ တစ်ယောက်ကို တစ်ယောက်လွှဲချတယ်။
အမှုစစ်ဘတ် ခေါင်းစားရပြီ။ စီအိုင်ဒီဘက်က စစ်ဆေးချက်တွေကလည်းတစ်ဖက်သတ်ဆန်သလိုလို လုပ်ကြံထားသလိုလို၊ ဒါဟာ သံသယရှိသူတွေနဲ့ သူ့ကြားက ဦးနှောက်တိုက်ပွဲပဲ။
Open ending ဖြစ်ပြီး ကိုယ်ကြည့်တဲ့ ရှုထောင့်ကနေ အရာအားလုံးက ပြောင်းလဲသွားနိုင်တာမို့လို့ဇာတ်ကားကြည့်ပြီး တစ်ခုခု စဥ်းစားစရာ ရသွားချင်ရင်တော့ ကြည့်ဖို့ အထူး recommend ပါတယ်။
အညျွန်း နဲ့ ဘာသာပြန်ကတော့Kppksပဲ ဖြစ်ပါတယ်။...
E-Sarn Tootsie Part 1 (2024)
⭐TMDB: 0.0% User Score
🎬 #Comedy
🗓 2024 🎞 movie
🌎 #Thailand
⏰ 1 နာရီ 13 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တောပန်းလေးများ ပွင့်ရာမြေ (၂၀၂၄)
တောမှာ ပွင့်တဲ့ တောပန်းပွင့်လေးတွေ လာပါပြီနော်။ဇာတ်ကားလေးကတော့ LGBTQ+ကို အသားပေး ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါOMGဇာတ်လမ်းတွဲတွေထဲက အဓိကသရုပ်ဆောင်ပန်ကိတ်လေးပါဝင်နေတော့ အထွေအထူးညွှန်းနေဖို့မလိုတော့ပါဘူး
အိုလေ့ ဆူးကတ် မိုင့်မင်းတို့က အချော်တကောက်သယ်ရင်းတွေပါအိုလေ့ကတော့ အလှမယ်ပြိုင်ပွဲမှာ သရဖူရဖို့ သူ့ရဲ့အိပ်မက်တစ်ခုဖြစ်ခဲ့ပေမယ့်မပြည့်စုံတဲ့သူ့အလှကြောင့် အိပ်မက်မဖြစ်နိုင်ခဲ့ပါဘူးအိုလေ့တယောက် သူ့ရဲ့အစားထိုးပြိုင်ပေးဖို့ အလှမယ်တစ်ယောက်ကို လိုက်ရှာနေခဲ့တော့တယ်တိုတေလို့ခေါ်တဲ့ကျေးလက်အဆိုတော်ကောင်လေးကို အတုမပေးလုပ်ပြီး ပြိုင်ခိုင်းဖို့ သိမ်းသွင်းဖို့ ကြံနေရာတိုတေရဲ့မိဘတွေက ခွင့်မပြုတာကြောင့် အိုလေ့တို့သူငယ်ချင်းတွေဘယ်လိုအကြံအစည်တွေ ထုတ်ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ
အညျွန်းကိုတော့Lei Wutyi Tunက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Lei&Fake Loveပဲ ဖြစ်ပါတယ်။...
Cinderella (2006)
⭐TMDB: 64.0% User Score
🎬 #Horror #Thriller #Mystery
🗓 2006 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 37 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sinderella (2006)
စင်ဒရဲလားပုံပြင်အဖြေရှာရမယ့် ကိုရီးယားသည်းထိတ်ရင်ဖိုကား လာပါပြီ။
တစ်ဦးတည်းသော သမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ဟျွန်းဆုဟာပလက်စတစ်ဆာဂျရီဆရာဝန်ဖြစ်တဲ့ မိခင်လက်အောက်မှာ မင်းသမီးတစ်ပါးလို ကြီးပြင်းလာရပါတယ်။ဆယ်ကျော်သက်အရွယ်မှာ အလှအပကို ဦးစားပေးပြီး ခွဲစိတ်ပြုပြင်နေကြတဲ့ သူငယ်ချင်းတွေကြားထဲမှာမှသူကတော့ ပြစ်မျိုးမှဲ့မထင် အလှမျိုးနဲ့ သဘာဝအတိုင်း လှလို့နေတာပါပဲ။
ဒါပေမဲ့ မကြာခင်မှာပဲ သူ့အမေဆီမှာ ခွဲစိတ်မှုခံယူခဲ့တဲ့သူငယ်ချင်းတွေသံသယဝင်ဖို့ကောင်းတဲ့ အကြောင်းရင်းတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြပါတော့တယ်။တစ်ချိန်တည်းမှာပဲ သူနဲ့မျက်နှာချင်းတူတဲ့ ကလေးမလေးတစ်ယောက်ရှိတဲ့အကြောင်း ရှာတွေ့သွားတဲ့အခါ…။
မိခင်ဖြစ်သူ ဖုံးကွယ်ထားတဲ့လျှို့ဝှက်ထားတဲ့ လျှို့ဝှက်ချက်…စင်ဒရဲလားညီအစ်မ ဇာတ်မှာ ဘယ်သူက,မလဲဆိုတာကိုအခန်းတိုင်း မျက်တောင်မခတ်ဘဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Su Myatပဲ ဖြစ်ပါတယ်။...
