ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
War (2019)
⭐IMDB: 6.5/10 (29 k Votes)
🎬 #Action #Adventure #Bollywood #Thriller
🗓️ 2019 🎞️ Movie
📺 #720p #4K
💿 1.30 GB ⦿ 7.64 GB
🌎 #India
⏰ 2 နာရီ 33 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
War (2019)IMDb – 6.5/10_____Rotten – 69%
ကားသစ်တွေ ကားကောင်းတွေ ဆက်တိုက်ထွက်နေတဲ့ကြားက ယနေ့ထွက် ဘောလိဝုဒ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။
နာမည်ကြီး မင်းသားနှစ်ယောက် အားပြိုင်ထားတဲ့ ဒီဇာတ်ကားကြီးဟာဆိုရင်…. ဘတ်ဂျက်ငွေရဲ့ ၃ဆကျော်ကျော် အောင်ပွဲခံခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းလေး ချရင်လည်း မဖတ်ဘဲ ဒေါင်းကြမှာမို့ သိပ်ပြီး မရေးတော့ပါဘူး။
တိုက်ဂါးနဲ့ ရီသိတ်ဟာ အိန္ဒိယတပ်မတော်သားတွေဖြစ်ပြီး တိုက်ဂါးကတော့ ရီသိတ်ရဲ့ တပည့်အဖြစ် မြင်ရပါမယ်။
ရီသိတ်ဟာ လတ်တလောမှာ မစ်ရှင်တစ်ခုကို လုပ်ရင်း တရားခံကို မပစ်ဘဲ ကိုယ့်ဖက်က အရာရှိကို ပစ်သတ်သွားခဲ့တယ်။
သူ ဘာကြောင့် ပစ်ခဲ့တာလဲ….
ဘာကြောင့် သစ္စာဖောက်သွားခဲ့တာလဲ…
သူ့လို တည်ကြည်ဖြောင့်မတ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက် သစ္စာဖောက်သွားတာကို စုံစမ်းဖို့နဲ့ ရှင်းပစ်ဖို့ တာဝန်ပေးခံရသူကတော့… တိုက်ဂါးပါ။
ကဲ…. ဆရာနဲ့ တပည့်….ဘယ်လို ဆက်ဖြစ်ကြမလဲ…..
အမှန်တရားကို ဘယ်လို ဖော်ထုတ်ကြမလဲ…. ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်ကြပါဦးဗျာ။
Ae Dil Hai Mushkil (2016)
⭐IMDB: 5.8/10 (24 k Votes)
🎬 #Bollywood #Drama #Musical #Romance #Music
🗓️ 2016 🎞️ Movie
📺 #720p #1080p #4K
💿 1.62 GB ⦿ 3.15 GB ⦿ 9.65 GB
🌎 #India
⏰ 2 နာရီ 36 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ae Dil Hai Mushkil (2016)” ဒီနှလုံးသားက ရှုပ်ထွေးလွန်းလှပါတယ်”
မထွက်ခင်က သတင်း…
၁၇ နှစ်လောက် တွဲအလုပ်မလုပ်ဖြစ်တော့တဲ့ ဒါရိုက်တာ ကာရန်ဂျိုဟာ နဲ့ မင်းသမီး အက်ရှ်ဝါရိုင်းတို့ ပြန်လည်ပေါင်းစည်းရိုက်ကူးထားတဲ့ ကားလေးပါ… မင်းသားကတော့ Ranbir Kapoor နဲ့ မင်းသမီး Anushka Sharma(PK) တို့ ပါဝင်ပါသေးတယ်… ကာရန်ဟာ Kuch Kuch Hota Hai ကအစပြု ပြီး Dostana(Shut Up & Bounce) ဒီမှာတော့ အေသင်ရဲ့တင်းတယ် ဖြစ်သွားတဲ့ သီချင်းပါတဲ့ ရုပ်ရှင်နဲ့ တအားအောင်မြင်ခဲ့တဲ့သူပါလို့ အက်ရှ်က ပြောပါသေးတယ်…
ပါဝင်သူတို့အကြောင်း…
ကာရန်ဂျိုဟာ – ရုပ်ရှင်ကားကို မညွှန်းခင် ဒါရိုက်တာကို အရင် ပြောပါရစေ… သူ့ရိုက်လိုက်တဲ့ ဒရမ်မာကားတွေဆိုရင် ဒရမ်မာကားမကြိုက်တဲ့သူတွေတောင် ကြိုက်ကြတယ်… လူငယ်ဆန်တယ် ပေါ့ပါးတယ်… စကားလုံး ဒိုင်ယာလော့တွေ အမိုက်စားတွေချည်းပဲ… သူနည်းနည်းလေး ဝင်ပါလိုက်တဲ့ ရုပ်ရှင်ဆိုရင်ပဲ သူ့ရဲ့ လက်ရာပါမှန်းသိသာအောင် မိုက်တာ…
ရာဘင်ကပူး – သူ့ကိုလဲ Yeh Jawaani Hai Deewani(2013) Tamasha(2015) နှစ်ကားကြည့်မိပြီးကတည်းက သတိထားမိတယ်… လူငယ်ဖန်စီကားကိုမှ တွေးစရာနက်နက် စကားလုံး မိုက်မိုက်တွေနဲ့ တွဲပြီး မှတ်မိနေတယ်… အခုကားမှာဆိုလဲ လူငယ်ဆန်ဆန် အချစ်ကို ရူးမိုက်တာ တော်တော်လေးကို သဘာဝကျပါတယ်…
အနူရှကာ – သူမကလဲ ပီကေမှာကတည်းက သတိထားမိတယ်… ဒါပေမဲ့ တကားနဲ့ တကားမှာ ဇာတ်ရုပ်ပေါ်မူတည်ပြီး ရုပ်ပြောင်းသွားတာလေးကိုတော့ သဘောကျတယ်… ဇာတ်ရုပ်နဲ့လိုက်အောင် ဝတ်စား နေထိုင်တာကောင်းတယ်လို့လဲ ပြောချင်တာပေါ့… သူမလဲ သရုပ်ဆောင်လိုက်ရင် ခပ်သွက်သွက်ကားလေးတွေပဲ သရုပ်ဆောင်သလားပဲ လိုက်လဲ လိုက်ပါတယ်… ဒီကားထဲမှာတော့ အချစ်ကိုသိပေမဲ့ အသိရှိတဲ့ သူအဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်… ဆုံးရှုံးဖူးထားတော့ အချစ်ကို ထပ်မဆုံးရှုံးရအောင် ထိန်းသိမ်းထားတာလေးကလဲ ဒီကားမှာ တမျိုးဆွဲဆောင်မှု ရှိနေပါတယ်…
အက်ရှ်ဝါရိုင်း – လတ်တလောတော့ ဆာရာဂျစ်ရယ် Jazbaa ရယ် ရုပ်ရှင်ကားတွေနဲ့ အရမ်းသဘောကျနေတာပါ… သူမကတော့ ဒီကားမှာ ဇာတ်ပို့အနေနဲ့ပေါ့… ဒါကလဲ ကျွန်တော်မြင်မိတာပြောတာပါ… ကိုယ့်ကိုယ်ကို ပေးဆပ်ချစ်တတ်သူ နားလည်တတ်သူ၊ ရာဘင်ရဲ့ နှလုံးသားဒဏ်ရာ ကွက်လပ်ကို ဖြည့်ဆည်း ကုသပေးတဲ့ သူ မမကြီး အဖြစ်နဲ့ သရုပ်ဆောင်ထားပါတယ်…
ဧည့်သည်သရုပ်ဆောင် – လုံး၀ မထင်ထားတာပါ… ရှရွတ်ခန်းက အက်ရှ်ဝါရိုင်းရဲ့ အရင် Ex အဖြစ်သရုပ်ဆောင်ပေးထားပါတယ်… တခန်းဆို တခန်းပဲ ပြောသွားတာတွေက အရမ်းမိုက်ပါတယ်…
အလီဘတ်ကတော့ သိပ်မထင်ရှားပါဘူး ဒီဂျေသူငယ်ချင်း တယောက်အဖြစ်နဲ့ပါ…
သီချင်းတွေ – ပါသမျှသီချင်းတွေ အရမ်းကြိုက်ပါတယ်… ရုပ်ရှင်မကြည့်ရခင်ကတည်းက သီချင်းက အလွတ်ရနေတာပါ… အဆိုတော်တွေတော့ မလေ့လာရသေးပေမဲ့ ဇာတ်ကားအရ ရင်ထဲကဆိုမှ တကယ် ပီပြင်တယ်လို့ ပြောထားသလိုပဲ နားထောင်ရင်း ကြက်သီးပါထမိပါတယ်… Channa Mereya သီချင်းဆိုရင် ရာဘင်သရုပ်ဆောင်ထားတာနဲ့ဆို မျက်ရည်ပါဝဲချင်သွားပါတယ်…
ရုပ်ရှင်အညွှန်း –
အချစ်ကိုပေါ့ပေါ့ပါးပါးပဲလို့ တွေးထားတဲ့ လူငယ်တယောက်(ရာဘင်) ဟာ ခဲမှန်ဖူးတဲ့ (အနူရှကာ) နဲ့ မမျှော်လင့်ပဲ ဆုံခဲ့ပါတယ်… စရိုက်တူတဲ့ သူတို့နှစ်ယောက်ဟာ အတွဲမိသွားပါတယ်… ကိုယ်စီ Ex တွေနဲ့ ဆုံတွေ့ချိန်းပြီး ကလပ်မှာ ကကြရာကနေ အဖြစ်အပျက်တွေ ကပြောင်းကပြန်ဖြစ်သွားတော့တာပါပဲ… စိတ်ပြေလက်ပျောက် ၂ ယောက်သား ခရီးအတူတူထွက်ရင်း တဦးကို တဦး ပုံမှန်ထက်ပိုလိုအပ်တယ်လို့ သိလာရပါတယ်… အဲအချိန်မှာပဲ ကြမ္မာငင်တာကတော့ အနူရှကာရဲ့ မှန်ဖူးတဲ့ခဲလေးက ပြန်လာချိတ်တာပါပဲ… ချစ်တာ နဲ့ လက်ထပ်တာမတူတာကိုသိတဲ့ အနူရှကာက ရွေးချယ်မှုတခုကို ပြုလုပ်ခဲ့ပါတယ်… ဒီတခါမှ အသည်းက ဟက်တက်ကို ကွဲတာ ရာဘင်… ဒါကိုထပ်ဆင့်ဖြစ်စေတာက မင်္ဂလာဆောင်ကို လာချီးမြှင့်ခိုင်းတာပါပဲ… ရင်ထဲက သံစဉ်တွေပွင့်အန်ပြီး Channa Mereya သီချင်းဆိုတော့မှ ရာဘင် တကယ် သူ့ကို ချစ်မှန်းသိသွားတာ… ဒါပေမဲ့ လွန်သွားပြီလေ… မခံစားနိုင်တော့လို့ အိမ်အပြန် လေဆိပ်မှာ ဆုံတွေ့လိုက်တာ အက်ရှ်ဝါရိုင်း… သူမကလဲ နှလုံးသားတံခါး အခေါက်ခံရဖူးသူတယောက် အသက်အရွယ်တခုအရ ရင့်ကျက်သွားလို့ ခံနိုင်ရည်ရှိနေတာပါ… ခံစားချက်တွေကို ရင်ထဲကနေ စာရွက်ထဲကူးပြောင်းထားတဲ့ မမကြီးပေါ့… သူ့ရဲ့ စာအုပ်ကို လက်ဆောင်ပေး နှစ်သိမ့်အပြီးမှာတော့ ထုံးစံအတိုင်း ရာဘင်က အချစ်ဇာတ်လမ်းတပုဒ်ကို ထပ်မံသီကုံးတော့တာပါပဲ… မဆွတ်ခင်ကတည်းက ညွှတ်နေတဲ့ မမကြီးလဲ ကောက်ကောက်ပါသွားတော့တာပေါ့… အပျော်တွေမှ မဆုံးသေးဘူး ဒုတိယတကြိမ် ကြမ္မာဆိုးက ရာဘင်ကို လာနောက်ယှက်တာကတော့ အနူရှကာဆီက ဖုန်းဝင်လာတာပါပဲ… ကလေးတယောက်လို အရွဲ့တိုက်ချင်တာနဲ့ Ex ချင်းပေးတွေ့ ခနဲ့ရာမှာ ရင်ထဲက သရုပ်မှန်တွေထွက်ကျလာပြီး မမကြီ
The Tailor (2023- )
⭐IMDB: 6.0/10 (2 k Votes)
🎬 #Drama #Mystery #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #Turkey
⏰ 37 မိနစ် 50 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Tailor (2023)The Tailor (2023)Netflix က ထွက်ရှိထားတဲ့ The Tailor ဆိုတဲ့ တူရကီ Series လေးနဲ့မိတ်ဆက်ပေးပါရစေ။
ပီရာမီဆိုတဲ့ နာမည်ကျော် ဒီဇိုင်နာ တစ်ယောက်ဟာ သူ့ဘဝရဲ့ အရာရာမှာ အောင်မြင်နေတဲ့ သူတစ်ယောက်ပေါ့။
ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ အရာရာမှာ ဆိုးသွမ်းပြီး ဖြစ်သမျှကိုပေါ့ပေါ့လေးနဲ့ ဖြတ်သန်းနေသူပါ။
သူငယ်ချင်းဖြစ်သူက မင်္ဂလာဆောင်အတွက် ပီရာမီ ကို ဝတ်စုံချုပ်ခိုင်းပါတော့တယ်။
ခက်တာက သူ့သူငယ်ချင်းတို့ မိသားစုဟာ သတို့သမီးကို ပြန်ပေးဆွဲသလို ထားထားတာပါပဲ။
သူတို့ မိသားစုက ဘယ်လိုလျှို့ဝှက် ချက်တွေ ရှိနေတာလဲ။
တစ်နေ့ ပီရာမီရဲ့ အဖိုးဖြစ်သူဆုံးသွားပြီး ဇာတိမြေကိုပြန်တဲ့အချိန်မှာ သူ့ရဲ့ငယ်ဘဝ အဖေဖြစ်သူ စိတ်မနှံတဲ့ အရူးကြီးနဲ့
အဖွားဖြစ်သူတို့ဟာ သူနဲ့အတူ အစ္စတန်ဘူမြို့ကို လိုက်လာဖို့အကြောင်းဖန်လာပါတယ်။
ဒါတင်မကဘဲ သူတို့မိသားစုရဲ့ လျှို့ဝှက်ချက်တွေဟာလဲ သူနဲ့အတူပါလာရာမှ တချိန်က အမှန်တရားတွေက တံခါးလာခေါက်ပါတော့တယ်။Comedy in The City ထဲကလို ဘာလို့လဲ ဘာ့ကြောင့်လဲ ဘာအတွက်လဲတွေများနေတဲ့ကားပေါ့။
ဇာတ်သိမ်းပိုင်းမှာရော အားလုံးကို စိတ်ကျေနပ်စေမဲ့ အဖြေတွေပဲပေးသွားမလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre….. Drama, Mystery
Mira (2022)
⭐IMDB: 5.8/10 (707 Votes)
🎬 #Adventure #Drama #SciFi #ScienceFiction #Family
🗓️ 2022 🎞️ Movie
📺 #1080p #720p #480p
💿 1.82 GB ⦿ 976.61 MB ⦿ 465.74 MB
🌎 #Russia
⏰ 1 နာရီ 50 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mira (2023)
ရုရှား သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အသစ်ကိုတင်ပေးထားပါတယ်။ဇာတ်လမ်းရော ရုပ်ရှင်ဆက်တင်တွေရောအတော်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ လေကြောင်းအင်ဂျင်နီယာအာရာဘော့ဗ်ဟာ အာကာသစခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေပါတယ်။သူ့မှာ ဗာလဲရာဆိုတဲ့ သမီးလေးတစ်ယောက် ကမ္ဘာပေါ်မှာ ကျန်ခဲ့တာပေါ့။အာကာသစခန်းဟာ ကမ္ဘာရဲ့ဘေးကနေ ရှားရှားပါးပါး ဧရာမဥက္ကာခဲကြီးတစ်ခုဖြတ်သွားတာကို စောင့်ကြည့်နေတာပါ။တွက်ချက်မှုတွေအရ ကမ္ဘာပေါ်ကို ဥက္ကာခဲအပိုင်းအစတွေ ကျနိုင်ချေ မရှိသလောက်နည်းတာမို့ကမ္ဘာပေါ်ကလူတွေကလည်း ဓာတ်ပုံတွေရိုက်ဖို့ ကြည့်ဖို့ စောင့်နေကြပါပြီ။ဒါပေမဲ့ ထုံးစံအတိုင်း ဥက္ကာအပိုင်းအစတွေ ကမ္ဘာပေါ်ကျကိုကျလာတာပါပဲ။ကမ္ဘာပေါ်တင်မက ဥက္ကာအပိုင်းအစတွေက အာကာသစခန်းကိုလည်း လာထိမှန်တာမို့စခန်းလည်းပျက်စီးသွားခဲ့ပြီးအာရာဘော့ဗ်တစ်ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။သူ့သမီး ဗာလဲရာ ရှိတဲ့မြို့လည်းပျက်စီးသွားပြီး အပျက်အစီးတွေကြားမှာပိတ်မိနေတဲ့ သူ့သမီးကိုအာကာသစခန်းက နောက်ဆုံးလက်ကျန်စွမ်းအင်လေးနဲ့ ဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရမှာပါ။Survival ရုပ်ရှင်အမျိုးအစားမို့ လက်နက်ဆန်းတွေ ဂြိုလ်သားတွေမပါဘဲကပ်ဘေးကြီးထဲမှာ အသက်ရှင်ဖို့ ကြိုးစားရတာတွေကိုပဲ မြင်တွေ့ရမှာဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။
Where the Tracks End (2023)
⭐IMDB: 7.2/10 (262 Votes)
🎬 #Comedy #Drama #Family
🗓️ 2023 🎞️ Movie
📺 #720p #1080p
💿 749.20 MB ⦿ 1.91 GB
🌎 #Mexico
⏰ 1 နာရီ 36 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Where the Tracks End (2023)
~ IMDb rating – 7.2/10 ~
” လောကကြီးမှာ ရှင်သန်နိုင်ဖို့ ပုတ်သင်ညိုလို ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေနေတတ်ရမယ် ” တဲ့။
ဒီကားထဲက အဓိကကျတဲ့ဒိုင်ယာလော့ပါ။ အဓိပ္ပါယ်ရှိပါတယ်။ ဘ၀မှာ ရေကြည်ရာမြက်နုရာ နေထိုင်ရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာပါ။
အေးအေးငြိမ်ငြိမ်လေးကြည့်ရမယ့် စပိန်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အီကာဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းကလေးတွေက အဓိကဇာတ်လိုက်တွေပါ။ အီကာရဲ့အဖေက ရထားလမ်းဖောက်တဲ့အလုပ်သမားဖြစ်တဲ့အတွက် သူတို့မိသားစုက ရထားလမ်းဖောက်ရာ မြို့တွေတစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့နေထိုင်ရပါတယ်။ ဒီလိုနဲ့ မက်ဆီကိုက နယ်မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ ဒီနေရာလေးမှာ သူချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ဆရာမနဲ့ ခွေးလေးကို ရခဲ့ပါတယ်။
နယ်မြို့လေးဆိုတော့ စာသင်ကျောင်းလေးကလည်း ကျောင်းသားအနည်းစုပဲရှိပြီး ကျောင်းအုပ်ဆရာမတစ်ယောက်တည်းကပဲ စာသင်ပေးပါတယ်။ အဲဒီဆရာမက အီကာကို စာဖတ်တတ်အောင် သင်ပေးပါတယ်။ သူက အီကာကို ပုတ်သင်ညိုတစ်ကောင်လို နေနိုင်ရမယ်လို့ ဆုံးမခဲ့သူပါ။
အီကာချစ်ခင်ရတဲ့ သူငယ်ချင်းတွေလည်းရလာပြီး သူတို့နဲ့ အတူ ကလေးသဘာ၀ဆော့ကစားရင်း အီကာက ဒီမြို့လေးကနေ မပြောင်းချင်တော့ပါဘူး။ ရထားလမ်းဖောက်တဲ့နေရာမှာလည်း အလုပ်ရှင်က အလုပ်သမားတွေကို ညှာတာမှုမရှိဘဲ အလုပ်မြန်မြန်ပြီးအောင် ခိုင်းတာပါ။
နောက်တော့ အီကာမပြောင်းချင်တာကိုသိတဲ့ မိဘတွေက အလုပ်ထွက်ပြီး ဒီမြို့လေးမှာပဲအခြေချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အီကာပျော်နေတုန်းမှာပဲ သူ့အဖေက အလုပ်ထဲမှာမတော်တဆဖြစ်ပြီးဆုံးသွားတဲ့အခါ…..
အဖေမရှိတော့တဲ့အတွက် အီကာတို့သားအမိ ဘယ်လိုဆက်လုပ်ကြမလဲ… အီကာက ဆရာမပြောသလို ပုတ်သင်ညိုလို ဘယ်နေရာမှာမဆို ရှင်သန်နိုင်အောင် ကြိုးစားမှာလား… သိချင်ရင်တော့ ဆက်လက်အားပေးလိုက်ကြပါဦး။ တစ်ခုခုတော့ ရင်ထဲကျန်ခဲ့မှာသေချာပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)
OK Jaanu (2017)
⭐IMDB: 5.2/10 (5 k Votes)
🎬 #Bollywood #Drama #Romance
🗓️ 2017 🎞️ Movie
📺 #720p #1080p #4K
💿 1.29 GB ⦿ 2.72 GB ⦿ 6.51 GB
🌎 #India
⏰ 2 နာရီ 16 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတော့ Channel Myanmar ပရိသတ်ကြီးအတွက် အရိုမှာနာမည်ကြီးတဲ့ Bollywood အချစ် ဒရမ်မာ ကားလေးတင်ဆက်လိုက်ပါတယ်
လက်နောင်မှာနေတဲ့ ဂိမ်းဒီဇိုင်နာလေး အေဒီဟာ အမေရိကန်ကိုပြောင်းပြီး နေထိုင်ဖို့ ဆန္ဒရှိနေသူပါ။
သူ့သူငယ်ချင်းမင်္ဂလာဆောင်တစ်ခုမှာ တာရာဆိုတဲ့မိန်းမချောလေးနဲ့ ဆုံတွေ့ပြီး ကြိုက်မိသွားပါတော့တယ်။
တာရာကကျတော့ ဗိသုကာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဗိသုကာဘွဲ့ရပညာရှင်ပါ။
သူမရဲ့အိမ်မက်ကတော့ ပဲရစ်ကိုသွားပြီ အဆင့်မြင့်ဗိသုကာပညာတွေကိုဆည်းပူးဖို့ပါတဲ့။
အိပ်မက်တွေကိုယ်စီနဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သဘောကျသွားကြပါတယ်…
ဒါပေမယ့် သူတို့ရဲ့အိပ်မက်တွေကတော့ ထပ်တူမကျခဲ့ပါဘူး…
အိပ်မက်တွေမတူတဲ့ သူတို့နှစ်ယောက် လမ်းမခွဲခင်ထိ အတူတူနေဖို့ ဆုံးဖြတ်ပြီး ပျော်ရွှင်နေကြပေမယ့်
ကိုယ့်လမ်းကိုယ်လျှောက်ဖို့ လမ်းခွဲရမယ့်အချိန်တွေ နီးကပ်လာတဲ့အခါမှာတော့…
အချစ်က အရာရာကို ကျော်ဖြတ်ပြသွားမလားဆိုတာ…။
Padmaavat (2018)
⭐IMDB: 7.0/10 (35 k Votes)
🎬 #Bollywood #Drama #History #Romance #War
🗓️ 2018 🎞️ Movie
📺 #720p #1080p #4K
💿 1.30 GB ⦿ 2.76 GB ⦿ 7.90 GB
🌎 #India
⏰ 2 နာရီ 43 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သမိုင်းရာဇဝင်အခြေခံ ဒရာမာကားအမျိူးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့ ၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။
ဒါရိုက်တာ Sanjay ဆိုတာ ဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့Aishwaray တို့ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ်ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။
ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရှုတင်ဖျက်စီးခံခဲ့ရပါတယ်။
ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။
ဆက်တင်တစ်ခုလုံး မီးတင်ရှို့ခံခဲ့ရပါတယ်။
မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ မွတ်စလင်မ်ဘုရင်တစ်ဦး နဲ့ဟိန္ဒူဘုရင့်မိဖုရားတို့အကြား လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က ဖြစ်ပျက်ခဲ့တဲ့ ရာဇဝင်တစ်ခုကို အခြေခံရိုက်ကူးထားပြီး ရာဇဝင်မှာ မွတ်စလင်မ်ဘုရင်ကဟိန္ဒူဘုရင်နဲ့မျိူးနွယ်တွေအပေါ် မတရား၊အနိုင်ကျင့်၊စော်ကားခဲ့မူတွေကြောင့် ရားဂျ်ပူးသ် ဟိန္ဒူမျိုးနွယ်ဝင်တွေဟာ နှစ်ပေါင်းရာနဲ့ချီ မွတ်စလင်မ်ဘုရင်ကို မုန်းတီးခဲ့ကြတာပါ။
ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်နဲ့ထပ်တူမဖြစ်ပါဘူး။
ရုပ်ရှင်ဆိုတဲ့အတွက်ကြောင့် ပရိသတ်စိတ်ဝင်စားနိုင်မဲ့ ဇာတ်ညွှန်းကိုပြင်ဆင်ရေးသားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
Spoiler Alert!
ဇာတ်လမ်းကို Ranveer Singh နဲ့စထားပါတယ်။
Ranveer ဟာသူ့ဦးလေးဖြစ်သူ ဒေလီရဲ့ဘုရင် Sultan Jallaluddin Khilji နဲ့လာရောက်တွေ့ဆုံပြီး ဦးလေးရဲ့ သမီး Aditaya Rio ကို တောင်းပါတယ်။
Aditya ကလည်း Ranveer ကို ကြိုက်နေတဲ့အတွက်သူတို့၂ ဦးကို ဘုရင်က လက်ထပ်ပေးလိုက်ပါတယ်။
မင်္ဂလာဆောင်တဲ့ နေ့မှာတောင် ရန်ဘီးက တခြားမိန်းမတွေနဲ့ပျော်ပါးနေလို့မျိုးနွယ်ထဲက လူကြီးတစ်ဦးက တားတဲ့အခါ အဲ့လူကိုသတ်ပစ်ပြီး မင်္ဂလာဆောင်ခန်းမကိုဝင်ရောက်လာခဲ့ပါတယ်။
အဲ့နေ့ကစပြီး Adiya ဟာ Ranveer ပေးတဲ့ ဒုက္ခတွေကိုခါးဆီးခံရတော့တာပါပဲ
အဲ့အချိန် တဖက်မှာတော့ Depika (ဘုရင့်သမီးတော်)ဟာတောထဲ အမဲလိုက်နေရင်း သမင်တစ်ကောင်ကို မြှားနဲ့ပစ်ရာမှာရှာဟိဒ်ကပူးရ်(Rajput ဘုရင်)ကို မှားပြီးပစ်မိရာကနေ ၂ ယောက်ဆုံကြပါတယ်။
သူ့ကြောင့် ဒါဏ်ရာ ရနေတဲ့ ရှာဟိဒ်ကို ကုသပေးရာကနေ သူတို့၂ ယောက် ချစ်ကြိုက်ပြီး လက်ထပ်လိုက်ကြတယ်။
ရှာဟိဒ်မှာ မယားကြီးရှိပေမဲ့ ရှာဟိဒ် ဒီပီကားနဲ့လက်ထပ်တာကိုကြိုပြီး မသိခဲ့သလို နန်းတော်ကို ခေါ်လာတော့မှ မယားကြီးကသိရပါတယ်။
ဒီလိုနဲ့Depika ရဲ့ အလှ နဲ့လိမ္မာရေးခြား ရှိမူကြောင့် Rajput တိုင်းပြည်မှာ Padmavati မင်းသမီးကို ဘုရင်နဲ့တန်းတုချစ်ခင်လေးစားလာကြပါတယ်။
(ဒီနေရာမှာ အိန္ဒိယမှာရှိတဲ့ မွတ်စလင်မ်/ဟိန္ဒူ ဘုရင်တွေ အကုန်မိန်းမတွေ လိုချင်သလောက်ယူပြီး မယားငယ်ယူပြီးရင် မယားကြီးချောင်ထိုးခံရတာ၊မိန်းမတွေမှာ စောဒကတက်ခွင့်မရှိတာ၊သူတို့ကိုတလေးတစား အသိပေးတိုင်ပင်တာမျိုးမရှိ စတာတွေကတော့တူညီတာ တွေ့ရပါတယ်။)
အဲ့နောက်မှာတော့ Rajput နယ်ကြီးပျက်သုန်းဖို့အကြောင်းခံဖြစ်လာမဲ့ ဂုရုကြီးလို့ခေါ်တဲ့ ရှာဟိဒ်ကပူးရ် ကိုးကွယ်တဲ့ဘုန်းကြီးတပိုင်းလူတပိုင်းဆီ ဒီပီကားကို ခေါ်သွားပါတယ်။
ဒီပီကားအလှကိုမြင်ပြီး ဂုရုကြီး နှာဗူးထကာ ညဘက်ရှာဟိဒ်နဲ့ဒီပီကား မင်္ဂလာဦးညကို သွားချောင်းတာ မိပြီးပြည်နှင်ဒါဏ်ပေးခံလိုက်ရပါတယ်။
တဖက်မှာလည်း ရန်ဘီးကတိုင်းတွေပြည်နယ်တွေကို စစ်ခင်းပြီး အနိုင်တိုက်ရာမှ နံမည်ကြီးလာပြီး ဦးလေးလည်းတော်ပြီး ယောက္ခထီးလည်းတော်စပ်တဲ့ဒေလီဘုရင်ကို ဖြားယောင်းပြီး သတ်ပစ်ကာ ထီးနန်းကို သိမ်းပိုက်လိုက်ပါတယ်။
Rajput ကနေ နှင်ထုတ်ခံရတဲ့ ဂုရူကြီး ဒေလီကိုရောက်လာပြီး နှာဗူးဘုရင် ရန်ဘီးကို ဒီပီကားရဲ့အလှအကြောင်းသွေးထိုးပါတော့တယ်။
အဲ့မှာ ရန်ဘီး heat တက်ပြီး Rajputကို စစ်ချီပါတယ်။၆ လတိတိ ဝိုင်းထားတယ်။
စစ်လည်းမတိုက်ရ၊ဘာကြောင့်မှန်းမသိ ကွင်းပြင်ထဲ ၆လကျော် ဒုက္ခခံနေရတဲ့အောက်ခြေစစ်သည်တွေ စိတ်ပျက်ပြီး ပြန်မယ်ဖြစ်နေတဲ့အချိန်စစ်သူကြီးက ရန်ဘီးကို လာပြောပြတယ်။
အဲ့မှာ ဘုရင်တွေ၊စစ်ဗိုလ်ချုပ်ကြီးတွေ အောက်ခြေစစ်သားတွေကို ဂျင်းထည့်တဲ့အလုပ်ကို ရန်ဘီးက ထွက်လုပ်ပါတယ်။
ဒီကိုရောက်နေတာ မိန်းမတစ်ယောက်ကို နှာဗူးကြဖို့ဆိုတာမသိတဲ့ အောက်ခြေစစ်သားတွေကို ခပ်တည်တည်နဲ့ရန်ဘီးကမိန့်ခွန်းပြောပါတယ်။
ငါတို့ခိရ်ဂျီမျိုးနွယ်တွေမှာ အိပ်မက်တစ်ခုရှိတယ်။
င
Waco: The Aftermath (2023- )
⭐IMDB: 7.2/10 (2 k Votes)
🎬 #Drama
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 51 မိနစ် 46 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Waco: The Aftermath (2023)Waco: The Aftermath (2023)
======================
IMDb Rating – 7.2/10ဒီဇာတ်လမ်းက 1993 ခုနှစ် Davidian စခန်းမှာ ဖြစ်ပွားခဲ့တဲ့
ခြောက်ခြားစရာ အဖြစ်အပျက် နောက်ပိုင်းမှာ စတင်လာတဲ့
ဖြစ်ရပ်မှန် ဘာသာရေး တော်လှန်ရေးပွဲအကြောင်းကို ရိုက်
ကူးထားတာပါ။ Waco မှာ လူတွေသေဆုံးခဲ့ပြီး လူတစ်ချို့က
FBI နှင့် အစိုးရကို အပြစ်တင်နေချိန် FBI ညှိနှိုင်းရေးသမား
Gary Noesner လည်း သူ့ကိုယ်သူ လိပ်ပြာမလုံဖြစ်ပြီး နောင်
တရမိသည်။
Davidian စခန်းမှာ အသက်ရှင်ကျန်ရစ်ခဲ့သည့် သူများ တရား
ရုံးမှာရင်ဆိုင်ရပုံ၊ အမေရိကန်အစိုးရနှင့် David Koresh ဦးဆောင်
သည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတို့ကြား တော်လှန်ရေး
ဖြစ်ပွားခဲ့ပုံကို ရိုက်ကူးထားပြီး မင်းသားကြီး Michael Shannon
ပါဝင်တဲ့ ရာဇဝတ်၊ တရားရေးရာ စီးရီးကောင်းတစ်ပုဒ် ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal
Htoo Zin ဖြစ်ပါတယ်။)File Size………….(300 MB) / (800 MB)
Strangeness (2022)
⭐IMDB: 6.9/10 (1 k Votes)
🎬 #Comedy #Drama #History
🗓️ 2022 🎞️ Movie
📺 #1080p #480p
💿 2.73 GB ⦿ 298.08 MB
🌎 #Italy
⏰ 1 နာရီ 48 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Strangeness (or) La Stranezza (2022)==========================IMDb Rating – 6.9/10
ဒီ အီတလီကားလေးကတော့ ၁၉၂၀ ဝန်းကျင် ပြဇာတ်ရေးဆရာအဖြစ်နာမည်ကြီးပြီး စာပေနိုဘယ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီကအနုပညာရှင် လူဝီဂျီပီရန်ဒယ်လိုကို ဇာတ်ကောင်အဖြစ် ရိုက်ကူးထားတဲ့ အီတလီ ပြဇာတ် ဘဝသရုပ်ဖော် ဟာသဒရမ်မာလေးပါ။ဟာသဆိုပေမဲ့ ဒီတိုင်းရယ်နေတာမျိုး မဟုတ်ပဲ အနီးစပ်ဆုံးပြောရရင် ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကာတွန်းလိုမျိုး လူအမျိုးမျိုးအလွဲလွဲအချော်ချော် ဖြစ်သလိုမျိုးလေးတွေပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဆစ်စီလီမြို့မှာ သုဘရာဇာလုပ်ရင်းပြဇာတ်ရေးဆရာလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ်ဘတ်စတီယာနိုနဲ့ အိုနိုဖရီယို ဆိုတာပေါ့။ သူတို့ရဲ့ ပထမဆုံး ပြဇာတ်ကို ပွဲထုတ်ဖို့ ပြင်နေတာလည်း ဖြစ်တယ်။ လူနှစ်ယောက်ရေးတာဆိုပေမဲ့ တစ်ယောက်တစ်မျိုးရယ်ပါ၊ တစ်ယောက်က ဟာသချတယ်၊တစ်ယောက်က ဒရမ်မာချတယ် ဒါကို မရရအောင် ကကြမယ့်လူတွေ။တစ်ရက်ကျ သူတို့မြို့ကို အထက်မှာ ရေးခဲ့သလို ဆရာကြီးဖြစ်တဲ့လူဝီဂျီဆိုသူက သူ့နို့ထိန်း သေဆုံးသွားခဲ့လို့ ဒီနှစ်ယောက်နဲ့ မြေမြုပ်တဲ့အချိန် အုတ်ဂူမရတဲ့ပြဿနာကနေစပြီး သုံးယောက်သား မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပါ။
ကြားထဲမှာ ဒီနှစ်ယောက်ရဲ့ ပြဇာတ်အဖွဲ့ကလူတွေရဲ့ ဘဝအကြောင်းကိုဟာသလေးတွေနဲ့ရောပြီး ပြဇာတ်တိုက် အခက်အခဲ လွဲချော်ပုံတွေ တင်ဆက်ထားတယ်။ ဒီနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာလေးတွေကိုလည်းပြသပေးထားတယ်။ သူတို့ ပွဲဦးထွက်အောင်မြင်မလား ဆရာကြီးကရောဘယ်လိုနေရာက ပါဝင်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဇာတ်ကားရဲ့ပုံစံကတော့ ဆရာကြီးလူဝီဂျီရဲ့ နာမည်ကြီးပြဇာတ်ဖြစ်တဲ့Six Characters In Search Of an Author ဆိုတာ ဒီနှစ်ယောက်ကြောင့်Inspire ရတဲ့စတိုင်မျိုးနဲ့ ရိုက်ထားတာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)
Jacir (2022)
⭐IMDB: 6.7/10 (192 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie
📺 #1080p #720p #480p
💿 1.72 GB ⦿ 604.28 MB ⦿ 337.69 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jacir (2022)==========IMDb Rating – 6.7/10
ဒီဇာတ်လမ်းက Syrian စစ်ဘေးရှောင် ဒုက္ခသည်တစ်ယောက်ဖြစ်တဲ့ Jacir အမေရိကန်ပြည်ထောင်စုရဲ့ Memphis မှာ နေထိုင်အလုပ်လုပ်ရင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဖော်ပြထားပါတယ်။ အင်္ဂလိပ်စကားကို သင်ယူရင်း အမေရိကန်လူနေမှုဘဝကို နေသားကျအောင် ကြိုးစားနေတဲ့ Jacir ပေါ့။
ဒါပေမဲ့ တခြားနိုင်ငံမှာ အလုပ်လုပ်ရင်း နေထိုင်နေရတဲ့ Jacirဘဝက အရမ်းခက်ခဲခဲ့တယ်။ Syria မှာ သူ့မိသားစုဝင်တွေအကုန်လုံးကို ဆုံးရှုံးခဲ့ရတာမို့ Jacir တစ်ယောက်တည်း အာရပ်စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း စားဝတ်နေရေးအတွက်ငွေရှာရတယ်။ ဒီကြားထဲ လူမျိုးရေး ခွဲခြားတာတွေ၊ ရဲတွေဆီကနယ်နှင်ဒဏ်ခြိမ်းခြောက်ခံရတာတွေ၊ ဆင်းရဲချို့တဲ့မှုနဲ့ မူးယစ်ဆေးအပေးအယူ ကိစ္စတွေပါ ပါဝင်လာလို့ ပြဿနာပေါင်းစုံ ရှောင်လေတိုးလေ ဖြစ်လာတာပါပဲ။
ဒီဇာတ်လမ်းမှာ လူအချင်းချင်း ကြင်နာတတ်ဖို့၊ Friendshipရဲ့အရေးပါပုံနဲ့ Jacir ရဲ့ ဘဝအပေါ် ခံယူထားတဲ့ အဓိကအချက်ဖြစ်တဲ့ “ဘယ်လောက်ပဲ နာကျင်ရပါစေ ပျက်ဆီးနေတဲ့ အရာတွေကိုပြန်ပြင်ပြီး ဘဝကို ပျော်ပျော်နေထိုင်ဖို့” ဆိုတဲ့ နာကျင်မှုတွေကိုလက်လွှတ်တတ်ဖို့ကိုလည်း သင်ပေးသွားမှာဖြစ်လို့ အတုယူစရာဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)
Deadly Love Poetry (2022)
⭐IMDB: 4.9/10 (51 Votes)
🎬 #Horror #Thriller #Drama
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 1.41 GB ⦿ 728.93 MB
🌎 #Indonesia
⏰ 1 နာရီ 41 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating/(5.0)
Ranum ဆိုတဲ့ မိန်းမလှလေးတစ်ယောက်၊ လှပစွာ၊ ပျော်ရွှင်စွာ၊ အေးချမ်းစွာနေထိုင်လာခဲ့တယ်။ သူက ကဗျာလေးတွေကိုချစ်တဲ့သူ။ စာသားအနုအရွလေးတွေနဲ့ အရာရာကို စိတ်ကူးယဉ်တတ်သူ၊ နှလုံးသားလေးလှသလို ပန်းတွေလိုပွင့်ဖူးလာတဲ့ စကားလုံးလေးတွေကို နှင်းဆီငုံနှုတ်ခမ်းက မြွတ်ဟတတ်သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ Ranum ဆီကို Rendy ဆိုတဲ့ စားဖိုမှူးလေး ဝင်လာခဲ့တယ်။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ နှုတ်စကားချိုချိုလေးတွေက Ranum ကို ဖမ်းစားတယ်ပေါ့လေ။ ဒါပေမဲ့ Rendy ဟာ ကောင်ဆိုးလေးတစ်ယောက်၊ တစ်ဖက်မှာ Ranum ဆီကိုချဉ်းကပ်ရင်း အခြားတစ်ယောက်ဆီမှာလည်း ခြေရှုပ်နေသတဲ့။ Rendy ဟာ လှေနံနှစ်ဖက်နင်းနေရင်း ရုတ်တရက် အသေဆိုးနဲ့သေသွားခဲ့တယ်။ အဲဒီနောက်ပိုင်းကစလို့ Ranum ရဲ့ဘဝမှာ မုန်တိုင်းထန်လာတယ်ပေါ့။ နောက်ပြီးတော့ အဝတ်အစားတွေကို နှလုံးသားနဲ့ ချုပ်ပါတယ်ဆိုတဲ့ ဖက်ရှင်မမတစ်ယောက်က အညုစကားတွေနဲ့ Ranum ကို ဆွဲဆောင်ပြန်ရော။ မိန်းကလေးနှစ်ယောက် ချစ်သူအဖြစ် လက်တွဲကြဖို့ သိမ်းသွင်းခံရတဲ့ Ranum တစ်ယောက် စိတ်ပါလုလုအဖြစ်မျိုး။ ဒါပေမဲ့ အဲဒီမမကလည်း နောက်ကြောင်းမရှင်းတဲ့ စားဆော်ကြီး။ အဲဒီမမကြီးက သူ့ရဲ့ သူငယ်ချင်းဟောင်း ကောင်မလေးနဲ့ ပလူးနေပြန်ရော။ ဖက်ရှင်မမလည်း မကြာပါဘူး။ သေတာပဲ။ Ranum အပေါ် ဖောက်ပြန်သမျှလူတွေ အသေဆိုးနဲ့ သေလာရတဲ့အချိန် Ranum နောက်မှာ အကောင်အထည်မဲ့၊ လျှို့ဝှက်ဆန်းကြယ်အရာတစ်ခု အရိပ်လိုကပ်ပါလာခဲ့တယ်။ ဒီတော့ ဖောက်ပြန်သူတွေကို Ranum ကပဲသတ်တာလား။ အသံမပေး အကောင်အထည်မပြတဲ့ အဲဒီအရိပ်နဲ့ပဲဆိုင်နေသလား။ အဲဒီနောက်ပိုင်း ဘယ်လိုကြုံရမယ်ဆိုတာတော့ အင်ဒိုနီးရှား သရဲကားတွေရဲ့ Vibe နဲ့ ခံစားနိုင်ပြီဖြစ်ကြောင်းပါ။
Organ Trail (2023)
⭐IMDB: 5.1/10 (220 Votes)
🎬 #Horror #Western #Drama #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 1.76 GB ⦿ 1.01 GB ⦿ 517.51 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 54 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Drama/Thriller/Western IMDb – 5.3/10 ဒီဇာတ်လမ်းရဲ့ ပိုစတာကိုမြင်လိုက်တာနဲ့ သွေးသံတရဲရဲနဲ့ ကြောက်ဖို့ကောင်းတဲ့ခံစားချက်ဝင်မိမှာပါ ဒါပေမဲ့ ဒီဇာတ်ကားက သာမန် horror movie တွေလိုမျိုးမဟုတ်ဘဲနဲ့ ပရိတ်သတ်ကြီးကို ဇာတ်လမ်းအစကနေ အဆုံးအထိ ဇာတ်ရှိန်တဖြည်းဖြည်းတက်သွားပြီး စိတ်ဝင်စားအောင် ဖမ်းစားသွားနိုင်တဲ့ thriller ဆန်ဆန် ဇာတ်ကားကောင်းတစ်ခုပါ။
အကြမ်းဖက်မှုတွေ လက်တုံ့ပြန်မှုတွေကို အနောက်ပိုင်းစတိုင် horror ဆန်ဆန်ရိုက်ကူးထားပြီးတော့ ဒီဇာတ်လမ်းကိုတော့ ၁၈၀၀ ပြည့်နှစ်တွေတုန်းက အော်ရီဂွန်ချိုင့်ဝှမ်းနဲ့ မစ်ဆူရီမြစ်ကို ဆက်သွယ်ပေးတဲ့ လှည်းလမ်းကြောင်းဖြစ်တဲ့ Orgeon Trail ကိုအခြေတည်ပြီး ဒါရိုက်တာက နာမည်ပေးခဲ့တာပါ။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… အက်ဘီဂေးလ်တို့မိသားစုလေးယောက် မုန်တိုင်းဒဏ်ကိုဖြတ်ကျော်ပြီး Orgeon Trail ကိုဖြတ်သွားတော့မယ်အချိန်မှာ သူတို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။
အဲဒါကတော့ အက်ဘီဂေးလ်ရဲ့အဖေက သူ့အစ်ကိုနဲ့ အမဲလိုက်ထွက်နေရင်း ဒဏ်ရာရအမျိုးသမီးတစ်ယောက်ကို ကယ်ဆယ်ခဲ့တာပါ။သူ့အဖေတို့ ဒဏ်ရာရာအမျိုးသမီးကို ကယ်ဆယ်ပေးပြီး သူတို့ယာယီစခန်းအထိ ခေါ်လာခဲ့တဲ့အချိန်မှာတော့ အက်ဘီဂေးလ်တို့ဆီကို ဘယ်လိုဒုက္ခမျိုးတွေယူဆောင်လာမှာလဲ…အက်ဘီဂေးလ်တို့ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူခံစားရမှာပါ
Band Baaja Baaraat (2010)
⭐IMDB: 7.2/10 (17 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2010 🎞️ Movie
📺 #1080p #720p #4K
💿 3.74 GB ⦿ 1.59 GB ⦿ 10.70 GB
🌎 #India
⏰ 2 နာရီ 23 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating (7.2)
မင်းသား ရန်ဗီးဆင်းနဲ့ မင်းသမီး အနွရှ်ကားတို့ ပါဝင်ထားတဲ့ ဒီဘောလိဝုဒ်ဇာတ်ကားက Rating မြင့်တဲ့ အချစ်ဟာသရုပ်ရှင်ဇာတ်ကားကြီးပါ။
ဇာတ်လမ်းကတော့…
ရွာပြန်ပြီးလယ်လုပ်ရတော့မယ့်ကောင်လေးနဲ့ အိမ်ကယောကျ်ားအတင်းပေးစားခံနေရတဲ့ကောင်မလေးတို့နှစ်ယောက်
မင်္ဂလာဆောင်တစ်ခုမှာ အမှတ်မထင်ဆုံကြတဲ့အခါ…
ကောင်မလေးရဲ့ချစ်စဖွယ်အမူအရာတွေကို ချစ်မိသွားတဲ့ ကောင်လေး…
ပိုင်ရှင်လျာထားခံရတဲ့ကောင်မလေးတို့ဇာတ်လမ်း
ဘယ်လိုတွေရှေ့ဆက်ဖြစ်မယ်ဆိုတာ…။
မင်းသားရော မင်းသမီးရော ချစ်စရာကောင်းသလို ဇာတ်လမ်းလေးကလဲ အရိုအကအလှတွေနဲ့ကြည့်ကောင်းလှတာမို့
ဘောလိဝုဒ်ပရိတ်သတ်တွေ လက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။
The Bride of Badrinath (2017)
⭐IMDB: 6.1/10 (13 k Votes)
🎬 #Bollywood #Comedy #Drama #Romance
🗓️ 2017 🎞️ Movie
📺 #4K #1080p #720p
🌎 #India
⏰ 2 နာရီ 19 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မင်းသား Varun Dhawan နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ချစ်စရာဇာတ်ကားလေးပါ။
Badrinath Ki Dulhania ဆိုတာ မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့ဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။
ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ်သူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော်
ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင်သတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။
သတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော်အချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ်လင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့
ဒီလို မိန်းကလေးအခွင့်ရေးနည်းပါးတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူး
ဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ဘဲနာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တယ်။
ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကိုမုန်းလွန်းလို့ ကိုယ်ဘဝကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့အတွက်အိမ်ထောင်ပြုဖို့ဆိုတာ လုံးဝကို စိတ်မဝင်စားတဲ့ မိန်းကလေးတစ်ယောက်…
ဘဒ်ရီအနေနဲ့ ဗီဒဟီကို သူ့သတို့သမီးဖြစ်အောင်ကြိုးစားနိုင်ပါ့မလားဆိုတာကတော့…။
(ဇာတ်လမ်းလေးကလည်း ကြည်နူးစရာတွေ, ဝမ်းနည်းစရာတွေ,မခံမရပ်နိုင်စရာလေးတွေနဲ့ အမှန်အကန် တင်ဆက်ထားတဲ့အတွက်ကြောင့် ဘောလိဝုဒ် ဒရမ်မာလေးတွေကို ကြိုက်တယ်ဆိုရင်ဖြင့် လက်မလွတ်သင့်ဘူးလို့ ထပ်ညွှန်းပါရစေ )
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ ခံစားတင်ဆက်ထားပါတယ်။)
A Most Violent Year (2014)
⭐IMDB: 7.0/10 (75 k Votes)
🎬 #Action #Crime #Drama #Thriller
🗓️ 2014 🎞️ Movie
📺 #1080p
🌎 #UnitedStates #UnitedArabEmirates #UnitedStatesofAmerica
⏰ 2 နာရီ 5 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Most Violent Year (2014)
အဓိက သရုပ်ဆောင်အဖြစ် Moon Knight မင်းသား Oscar Isaac က သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းနာမည်အတိုင်း စီးပွားရေးသမားတစ်ယောက်ရဲ့ အခက်ခဲ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်အကြောင်း ရိုက်ကူးပြထားတာပါ။ သူဟာ လောင်စာဆီသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်နေပြီး မိသားစုကိုလည်း ကောင်းကောင်မွန်မွန်စောင့်ရှောက်ထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့ သူ့ရဲ့ ဆီသယ်ယာဥ်တွေဟာ ခဏခဏ ဓါးပြတိုက်လုယက်ခံနေရပြီး ဘယ်သူက လုပ်နေမှန်းမသိရပါဘူး။ တစ်ခါအလုခံရရင် ဒေါ်လာ 6000လောက်ပါသွားပါပြီ။နောက်တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းကို တိုးချဲ့မယ်ဆိုပြီး ဘဏ်ချေးငွေနဲ့ နယ်မြေတစ်ခုဝယ်ဖို့ စုထားတာလေးနဲ့စရံချေထားလိုက်ပါတယ်။
ဖြစ်ချင်တော့ လုယက်မှုတွေကြားရှုပ်ထွေးလာပြီး၊ ဘဏ်ကလည်းငွေမချေးပေးတော့ စရံဆုံးပြီး ကူကယ်ရာမရ မွဲပြာကျမယ့်အခြေအနေကိုဆိုက်နေပါပြီ။ မိတ်ဆွေတွေကို အကူအညီတောင်းတော့လည်း တကယ်ဒုက္ခရောက်ရင် ကူညီမယ့်သူက ခပ်ရှားရှားရယ်။
ဒီတော့ ဒီလိုကြပ်တည်းတဲ့အခြေအနေကနေ ရုန်းထွက်နိုင်ပါ့မလား၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့…
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Themesပါ။)
Vong Nhi (2023)
⭐IMDB: 5.3/10 (48 Votes)
🎬 #Drama #Horror #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #480p
🌎 #Vietnam
⏰ 1 နာရီ 58 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Unborn Soul (2023)
ဗီယက်နမ် Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Horror ဆိုပေမယ့် ဒရာမာကားကောင်းကောင်းတစ်ကားလိုဇာတ်လမ်းအချိတ်အဆက်မိမိ တင်ပြထားတာမို့ တစ်ကားလုံး ပျင်းမနေဘဲ အဆုံးထိ ကြည့်မိမယ့်ကားမျိုးပါပဲ။
အမျိုးသမီးဇာတ်ကောင် ၃ ယောက်ရဲ့ ဆက်နွယ်မှုတွေကို တင်ပြရင်းနဲ့ ဒီဇာတ်လမ်းက ပုံပေါ်လာမှာပါ။
ပထမဆုံးအမျိုးသမီး “ထောင်”ကတော့ ယောက်ျားဖြစ်သူနဲ့အတူ ကလေးရဖို့အတွက် လေးနှစ်တောင်စောင့်ဆိုင်းခဲ့ရသူပါ။ဒါပေမဲ့ တစ်နေ့မှာတော့ အတိတ်က မကောင်းမှုတွေကြောင့် သူ့အိမ်မှာ သန္ဓေသားဘဝနဲ့ သေဆုံးရတဲ့ကလေးသရဲကပ်ပြီး ဒုက္ခရောက်တော့တာပါပဲ။
ဒုတိယအမျိုးသမီး “ဖွန်း” ကတော့ ကိုယ်ဝန်ဖျက်ချတဲ့ဆေးခန်းက ဆရာဝန်ပါ။တစ်ဖက်မှာ သူတစ်ပါးကလေးအသက်သတ်နေရပေမဲ့ တစ်ဖက်မှာတော့ သူ့ရဲ့သားလေး မင်းကို အသက်ဆက်ရှင်နိုင်အောင် ကြိုးစားနေရတာပါ။သားအတွက် ဆေးဖိုးရှာနိုင်အောင် ကိုယ်ဝန်ဖျက်ချရတဲ့ ဖွန်းတစ်ယောက် လိပ်ပြာလုံလုံနဲ့ လုပ်နိုင်ပါ့မလား။
တတိယအမျိုးသမီးကတော့ နတ်မိမယ်လေးမိဘမဲ့ဂေဟာက အမျိုးသမီးပါ။မိဘမဲ့တွေကို စောင့်ရှောက်ရတာအပြင် ကိုယ်ဝန်ဖျက်ချပြီးထွက်လာတဲ့ သန္ဓေသားအလောင်းတွေကိုကောင်းရာမွန်ရာမှာ မြေမြှုပ်ရင်းနဲ့ အောက်ဆိုက်ရှာနေရတဲ့သူပေါ့။သူ့ရဲ့အကြောင်းအရာကရော ဘယ်လိုဆက်ဖြစ်မလဲ။ဒီအမျိုးသမီးသုံးယောက် ဘယ်လိုဆက်စပ်နေမလဲ။သန္ဓေသားသရဲတွေနဲ့ သူတို့သုံးယောက်ရဲ့ ပတ်သက်ဆက်နွှယ်ပုံက ဘယ်လိုလဲဆိုတာကိုတော့ဒီကားထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။
IRL: In Real Love (2023- )
⭐IMDB: 3.1/10 (196 Votes)
🎬 #Reality #RealityTV #Romance
🗓️ 2023- 🎞️ Series 📺 1080p
🌎 #India
⏰ 49 မိနစ် 46 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IRL: In Real Love (2023) Ep 1 to 10 CompleteIRL (In Real Love)Dating Reality Show ကို စတင်မိတ်ဆက်ပေးခဲ့တဲ့ အမေရိကန်ရဲ့ Too hot too handle အောင်မြင်သွားပြီးနောက်ပိုင်း ဆက်ထွက်လာတဲ့ Love Island(Australia,Brazil)
အိုပါးတွေ အိုင်ဒေါတွေလို လှပချောမောတဲ့ ကိုရီးယားသား/သူလေးတွေကို ကြည့်ခဲ့ရတဲ့ Single inferno အပြီးမှာ
အိန္ဒိယပရိသတ်ကြီးအတွက် ညိုချောလေး ဖြူနုလေးတွေကို netflix ကနေစီစဉ်တင်ဆက်ထားပေးတဲ့ Show အသစ်လေးလာပါပြီ
ဖောက်ပြန်တာတွေခေတ်စားနေတဲ့ လောကကြီးမှာ
ခံစားချက်တွေမလွန်ကျူးကြခင် ကိုယ်ခန္ဓာရင်းနှီးမှုတွေမပါဘဲ ပေါ်တင်ပဲတည့်တွဲကြရင်ရော…ခေါင်းစဉ်လေးအတိုင်းပါပဲ အချစ်စစ်မှာတဲ့အချစ်စစ်မှာဘာတွေလိုအပ်လဲ ကိုယ့်စံချိန်တွေကဘာတွေလဲ ဒါတွေဂာတစ်ခါတလေမှာ ရင်းနှီးသွားမှ ကြုံဖူးသွားကြမှသိကြတာတွေရှိပါတယ်နာမည်ကြီးမင်းသားမင်းသမီးတွေမဟုတ်ဘဲ သက်ဆိုင်ရာနယ်ပယ်တွေမှာအောင်မြင်ထင်ရှားသူတွေပါဝင်ထားတဲ့ အချစ်စစ်ကိုရှာကြသူများ ဟာသပေါ့ပါး Reality ရှိုးလေးတင်ဆက်ပေးလိုက်ပါတယ်သတ်မှတ်ထားတဲ့ အဆောက်အဦးတွေမှာခွဲနေကြတဲ့ ယောက်ျားလေးအဖွဲ့နဲ့ မိန်းကလေးအဖွဲ့
အစမှာတည်းက အားလုံးကရွေးချယ်ထားတဲ့လက်တွဲဖော်လုပ်ထားတဲ့ အတွဲကိုယ်စီရှိပါတယ်
ဒါပေမဲ့ တခြားသူတွေနဲ့ဆိုရင်ရောဘယ်လိုနေမလဲဆိုပြီး အွန်လိုင်းကနေစတီတာကြပလီကြပေါ့
ဒီလိုနဲ့ Meet Cute ဆိုတဲ့ App လေးကအောင်သွယ်ပေးပြီး ဒီလူတွေအချင်းချင်းပဲ ကော်ဖီဒိတ်လိုက် ပန်းခြံဒိတ်လိုက် ကမ်းခြေဒိတ်လိုက် ပြန်လာရင်
တီတူးခဲ့တာလေးတွေပြောလိုက်နဲ့ပေါ့ အစောကတည်းက တွဲဖက်ရွေးထားပြီးသူတွေကတော့ သူတို့ ပါတနာတခြားသူမသွားရင် ဘယ်လိုခံစားရလဲ ရင်ဖွင့်ကြ ဖြေရှင်းကြပေါ့ဒီလိုနဲ့ သူတို့တွေစတည်းကအကောင်းဆုံးဖြစ်မယ်ထင်တဲ့သူနဲ့ပဲ အဆင်ပြေမလား တခြားသောသူတွေနဲ့ပဲ စိတ်ချင်းဆက်အဆင်ပြေသွားမလားဆိုတာ
အချစ်ဒဿနခံယူချက်လေးတွေ တစ်ဖြတ်တစ်ကဒ်ခံစားရင်း ရှုစားပါဦးနေပူတယ် ရင်ပူတယ် ပရိသတ်ကြီးကိုဒီထပ်ပိုမပူစေချင်လို့ အပြင်အဆင်လေးကအစမျက်စိအေးစေတဲ့ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ခံစားနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်
ကုလားမင်းသားမင်းသမီးတွေကို ဇာတ်ကားထဲ သီချင်းထဲကြည့်ရုံနဲ့ မဝသေးတဲ့ ကိုယ်လိုလူတွေအတွက် လက်မလွှတ်တမ်းကြည့်ရှုရမယ့် dating show လေးပါလို့ လက်တို့ပေးလိုက်တယ်နော်File Size – 1.2GB / 600MBQuality – 1080p NF WEB DL / 720pDuration –52minsTotal Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Reality TV~ Romance
Deadpool 2 (2018)
⭐IMDB: 7.6/10 (605 k Votes)
🎬 #Action #Adventure #Comedy #SciFi
🗓️ 2018 🎞️ Movie
📺 #4K #720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 14 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Deadpool 2 (2018) ကို အလန်းဆုံးဗားရှင်းဖြစ်တဲ့ Super Duper Cut Version နဲ့ တင်ဆက်လိုက်ပါတယ်။
အရင် Version တွေမှာမပါတဲ့ အခန်းအပိုအလိုတွေအများကြီးပါပါတယ်
အလန်းကြီးပါ အခုပဲ ဒေါင်းလုတ်ဆွဲကြည့်လိုက်ပါ
—————
Deadpool ရုပ်ရှင်ဆိုတဲ့အတိုင်း တစ်ကားလုံးက Deadpool ပီသခဲ့တယ်။
အရင်ကားထက်ပိုပြီး ပြောင်၊ ပိုပြီးအရှက်မရှိ၊ ပိုပြီးကြမ်းထားတယ်။
အထူးသဖြင့် Credit scene တွေဆို ရစရာကိုမရှိဘူး။
Plot ပိုင်းမှာ အရမ်းကြီးတော့မရှိ။
ဇာတ်လမ်းရဲ့ ဇာတ်ဝင်ခန်းအများစုက action ရယ် ဓာတ်ပူး မျက်နာပြောင်နေတာရယ်က အဓိက များတယ်၊
ကိုဓာတ်ပူးရဲ့ X Force အဖွဲ့ skill ကိုပြထားတာလည်း တော်တော်မိုက်တယ်။
တော်တော်ကိုကြမ်းပြထားနိုင်တယ်။ ထင်မထားဘူး။
Domino နဲ့ Cable ကိုပုံဖော်ထားတာလည်း တော်တေယ်လေးကောင်းတယ်။
Cable လုပ်တဲ့ Thanos ကြီးလည်း သရုပ်ဆောင်လန်ထွက်နေတာပဲ။
မဆီမဆိုင်စဉ်းစားမိတာက Deadpool ဘေးမှာနေရင်း Cable ကြီး မရယ်မိအောင် တော်တော်လုပ်ယူရမလားပဲ။
Deadpool 2 ဟာ တစ်ကားလုံးနီးပါး ဗြင်းနေတာနဲ့ ပြောင်နေတာတွေ ချည်းမို့ လုံးဝ ကြည့်ပျော်တဲ့ ကားတစ်ကားပါ။
Ref လုပ်ပြီး ဟာသတွေထုတ်ထားတာတွေများတဲ့အတွက် အများစုကတော့ အားလုံးနားလည်မှာ မဟုတ်လောက်ဘူး။
And btw, နာမည်ကြီးလှပါတယ်ဆိုတဲ့ မင်းသားတစ်ယောက် cameo ပါသေးတယ်။
သေချာကြည့်ကြည့်ကြပေါ့ဗျ။
နောက်ထပ် Cameo ကတော့ IT ထဲက Pennywise လုပ်ခဲ့တဲ့ မင်းသား Bill Skarsgård လေးက Zeitgeist အဖြစ်ပါဝင်ထားတာပါပဲ
(ဇာတ်လမ်းအညွှန်းကို Datshin Page မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။)
Beyond the Hills (2012)
⭐IMDB: 7.5/10 (13 k Votes)
🎬 #Drama #Romance #Uncategorized
🗓️ 2012 🎞️ Movie
📺 #1080p #720p #480p
🌎 #Romania #France #Belgium
⏰ 2 နာရီ 32 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Quality….Webrip 1080p / 720p / 480pFormat…mp4Duration….02:30:00Genre…Drama, RomanceSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Mark
Maid for Revenge (2023)
⭐IMDB: 5.3/10 (91 Votes)
🎬 #Drama #Mystery #TVMovie
🗓️ 2023 🎞️ Movie 📺 480p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Quality….Webrip 1080p / 720p / 480pFormat…mp4Duration….01:27:00Genre…Mystery, Tv Movie, DramaSubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Thiha
