fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Extraordinary (2023- ) ⭐IMDB: 8.0/10 (4 k Votes) 🎬 #Action #Adventure #Comedy #Fantasy #SciFi 🗓️ 2023- 🎞️ Series 📺 1080p FHD 🌎 #UnitedKingdom ⏰ 28 မိနစ် 52 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Extraordinary (2023)Extraordinary (2023)  ~ IMDb – 8/10, Rotten Tomatoes – 100% ~ ဒီရုပ်ရှင်ဟာ ခင်ဗျားတစ်ခါမှ မမြင်ဖူးတဲ့ စူပါဟီးရိုးလောကအကြောင်းပေါ့။ ဒီကစူပါဟီးရိုးတွေက စူပါဟီးရိုးတွေလို့တော့ပြောရခက်သား။ ဟီးရိုးမဟုတ်တဲ့ စူပါတွေပေါ့။ အများစုကတော့ စူပါငပေါတွေ။ သူတို့လောကမှာ စွမ်းအားတွေက အသက်၁၈ပြည့်ပြီးရင် ပေါ်လာတတ်တယ်။ သူတို့ရတဲ့စွမ်းအားတွေက အသုံးဝင်သလိုလို မဝင်သလိုလိုတွေချည်း။ တစ်ချို့စွမ်းအားတွေဆို ငါ့လခွီးဆိုပြီး အော်မိလောက်အောင် ကကျိုးကကြောင်နိုင်တယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျန်ဆိုတဲ့ ကောင်မလေးက အလုပ်အင်တာဗျူးသွားလျှောက်တယ်။ ကံဆိုးချင်တော့ သူ့ကိုအင်တာဗျူးမယ့်လူရဲ့ စွမ်းအားက တစ်ဖက်လူကို အမှန်တွေချည်းပြောအောင်လုပ်တာဖြစ်နေတယ်။ ဒီတော့ အင်တာဗျူးမှာ ဂျန်က ညက တစ်ကိုယ်ရေဘာညာနေလို့ အိပ်ယာဝင်တာနောက်ကျသွားကြောင်းကနေ အစချီပြီး ဗရုတ်ဗရက်တွေ ပြောမိရှာပါလေရော။ ဒီလိုနဲ့ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ပြီး ဂျန်အိမ်ကိုပြန်လာခဲ့ရတယ်။ ဂျန်က ကယ်ရီနဲ့ ကတ်ဆိုတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူနေတာ။ သူတို့လည်း စူပါတွေပဲ။ ကယ်ရီရဲ့ပါဝါက ဝိညာဉ်တွေကို သူ့ကိုယ်ထဲကို ဆင့်ခေါ်နိုင်တယ်။ သူ့ပါဝါကတော့ ဒီထဲတော်တော်အသုံးဝင်တယ်ပြောရမှာပဲ။ သူ့ပါဝါကြောင့် အလုပ်ကောင်းကောင်းရထားတယ်။ တခြားတော့မဟုတ်ဘူး။ မယားကြီးနဲ့ မယားငယ် လင်ရဲ့သေတမ်းစာနဲ့ပတ်သက်ပြီး တရားရင်ဆိုင်ဖို့ဖြစ်လာရင် သေသွားတဲ့လင်ကို ဆင့်ခေါ်ဝင်ပူးခိုင်းပြီး ဖြေရှင်းပေးရတာပေါ့။ မယားငယ်ပါးချတာခံရမလား မယားကြီးဖိနပ်နဲ့ကောက်ပေါက်ခံရမလား ရင်လေးစရာကောင်းတဲ့အလုပ်ပေါ့။ ဒါတင်မကဘဲ သူ့သူငယ်ချင်းစိတ်ညစ်နေရင် သူ့အစွမ်းနဲ့ ဟစ်တလာကိုခေါ်]ပြီး စိတ်ဒုက္ခပေးခိုင်းလို့လည်းရပါတယ်။ ကတ်ရဲ့ပါဝါကျ‌ အချိန်နောက်ပြန်ရစ်နိုင်တာ။ စဉ်းစားကြည့် ဒီလိုအစွမ်းနဲ့ ဒီကောင် ဘောပွဲလောင်းလောင်း မြင်းပွဲလောင်းလောင်း သူဌေးဖြစ်နေရမှာ။ ဒါပေမဲ့ ဒီကောင်က စော်အိမ်ကနေ စော်အိမ်ကပ်စားပြီး စေတနာ့ဝန်ထမ်းကင်းလုပ်ဖို့ စိတ်ကူးယဉ်နေတယ်။ ဂျန်ဟာ ဒီလိုလူတွေနဲ့အတူနေနေရတာပေါ့။ ဒါပေမဲ့ သူ့မအေတူဖအေကွဲညီမလေးသာ ၁၈နှစ်ပြည့်လို့ She Hulk ဖြစ်သွားတယ်။ ဂျန်ကတော့ ပါဝါမရသေးရှာဘူး။ ဒီအခါမှာ အားလုံးကြားမျက်နှာငယ်ရတဲ့ ဂျန်ဟာ သူ့ကိုယ်ထဲကတိမ်မြုပ်နေတဲ့ စွမ်းအားတွေထွက်လာအောင် ကိုယ်ထူကိုယ်ထနည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ အပေါ်က အစွမ်းတွေက ဒီကားက အဓိကကောင်တွေရဲ့အစွမ်းတွေပဲရှိပါသေးတယ်။ လက်နဲ့သူများကို ထိလိုက်တာနဲ့ တစ်ဖက်လူပြီးသွားအောင် လုပ်ပေးနိုင်တဲ့ ထိပြီးလူသားတို့၊ အီလက်ထရွန်းပစ္စည်းတွေကို ထိန်းချုပ်နိုင်တဲ့အစွမ်းရှိပေမဲ့ အသံမေးလ်တောင်ကောင်းကောင်းမပို့တတ်တဲ့ ဂျန့်အမေတို့၊ သူ့ဘေးနားလူတစ်ယောက်ရှိနေရင် အဲဒီလူရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး နောက်ခံသီချင်းဖွင့်ပေးနိုင်တဲ့ Soundtrack လူသားတို့၊ စပါးက အာဆင်နယ်ကို အိမ်ကွင်းမှာ လေးဂိုး၂ဂိုးနဲ့ နိုင်ခဲ့တဲ့နေ့ကတည်းကနေ ဒီနေ့ထက်ထိ ကြောင်ဖြစ်နေပြီး လူပြောင်းရကြပ်နေတဲ့ အသွင်ပြောင်းလူသားတို့ အစုံတကာ့အစုံပါပဲ။ နောက်အပိုင်းတွေမှာလည်း ဘယ်လိုအစွမ်းတွေ ထပ်ပေါ်လာကြဦးမလဲစောင့်ကြည့်ကြတာပေါ့။ ဒီစူပါဟာသစီးရီးဟာ အစွမ်းတွေတင်စားတာမဟုတ်ဘဲ ပြောသမျှတွေ လုပ်သမျှတွေကလည်း ငစားတွေချည်းပါပဲ။ သူ့ဘာသာစားတာတင်မဟုတ်ဘဲ စူပါမန်း ဘတ်မန်း စပိုက်ဒါမန်းတို့ကို ထည့်ပြောင်ထားတာတွေလည်း ပါပြန်တာပါပဲ။ စားဖို့သက်သက်ရိုက်ထားတဲ့ကားလို့ ပြောရမလားတောင်မသိပါဘူး တစ်ပိုင်းကိုနာရီဝက်ပါပြီး နာရီဝက်လုံးနီးပါး ငစားပဲလုပ်နေတဲ့ ရှားပါးစူပါဟီးရိုးဇာတ်လမ်းတွဲပေါ့။ ဒစ္စနေပလက်ကကားလို့ပြောရမှာတောင် ယုံရခက်ကြီးပါပဲ။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်) Size ~ 400MB+

Thunivu (2023) ⭐IMDB: 6.7/10 (23 k Votes) 🎬 #Action #Adventure #Bollywood #Thriller #Crime 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 24 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thunivu (2023)Action, Adventure, ThrillerIMDb 6.7/10 (23K) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ တမီလ်မင်းသားကြီးAjith Kumar (အဂျစ်ကူမား)ရဲ့ ရုံတင်ငွေ ၂၅၀ကုဋေထိ ပြန်လည်အမြတ်ရရှိထားတဲ့ အက်ရှင်ကားကောင်းတခုပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာ ဂိုဏ်းစတားအုပ်စုတစ်စုဟာ ဘဏ်အတွင်းပိုင်းလူတွေ..ရဲတွေနဲ့ ပူးပေါင်းပြီးဘဏ်တစ်ခုကို ဓါးပြတိုက်ဖို့ အစီအစဉ်ရေးဆွဲကြပါတယ်။ သူတို့တွေ ဘဏ်ထဲကိုဝင်စီးပြီး ပိုက်ဆံတွေလုယက်ကြတော့မယ့်အချိန်မှာပဲ သူတို့လုံးဝထင်မှတ်မထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ကို ပြန်လည်ခုခံမယ့်လူတစ်ယောက်ပေါ်လာတာပါပဲ။ သူဟာ ရဲလည်း မဟုတ်စစ်သားလည်းဟုတ်မနေဘဲ သူတို့ဓါးပြတိုက်မယ့်ဘဏ်ကိုပဲ ဓါးပြတိုက်ဖို့ရောက်လာတဲ့ လူတစ်ယောက်ပါ။ ဓါးပြတိုက်မှုတစ်ခုလုံးကို သူ အုပ်စိုးလိုက်တဲ့အချိန်မှာတော့ ရှေ့ဆက်ပြီး ဇာတ်လမ်းဇာတ်ကွက်များနဲ့လှည့်ကွက်တွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ရှာဖွေကြတော့နော်။

Jab Harry Met Sejal (2017) ⭐IMDB: 5.1/10 (21 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 18 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသားရှာရွတ်ခန်းနဲ့ မင်း သမီး   အနွတ်ရှ်ကာရှားမားတို့က ခေါင်းဆောင်  ပါဝင်ထားတာဖြစ်ပြီး သူတို့နှစ်ယောက် ပူးတွဲသရုပ်ဆောင်တဲ့ တတိယမြောက်ဇာတ်ကားဖြစ်သလို ပါရာဂွေး၊ အမ်စတာဒမ်၊ ဗီယင်နာ၊ လစ္စ ဘွန်းနဲ့ ဘူဒါပက်စ်က ရှုခင်းအလှ အပတွေကိုပါ  ခံစားကြည့်ရှုရမှာပါ။ ဟာရင်ဒါဟယ်ရီဆင်းန်နီ ဟာရာဟာ အမ်စတာဒမ်က ဧည့် လမ်းညွှန်တစ်ယောက်ဖြစ်ပြီး စန်းပွင့်သူ ဖြစ်သလို ခင်မင်တတ်၊ ကူညီတတ်သူတစ်ယောက်ဖြစ်ပါ တယ်။ တစ်ရက်မှာတော့ သူဂိုက်လုပ်ပေးနေတဲ့ ဂူဂျာရာတီမိသားစု ကို လေဆိပ်လိုက်ပို့အပြီးမှာတော့ ပြႆနာလေးတစ်ခု စပါတော့ တယ်။ ဂူဂျာရာတီ မိသားစုဝင်တစ် ယောက်ဖြစ်တဲ့ ဆီဂျယ်ဇာဗာရီ ဟာ ခရီးစဥ်မှာ သူ့ရဲ့စေ့စပ်လက် စွပ်ပျောက်သွားလို့ပဲ ဖြစ်ပါတယ်။ လက်စွပ်ပြန်ရှာချင်တဲ့ ဆီဂျယ်ကို ဟယ်ရီက ကူညီပေးဖို့ အင်တင် တင်ဖြစ်နေပေမယ့်လည်း အတူ လိုက်ရှာပေးခဲ့ပါတယ်။ ဟယ်ရီဟာဂူဂျာရာတီ မိသားစုကို လိုက်ပို့ခဲ့တဲ့ နေရာ တွေအကုန်လုံးကို ဆီဂျယ်နဲ့အတူ ပြန်သွားပြီး လက်စွပ်လိုက်ရှာခဲ့ ကြပါတယ်။ အဲဒီလိုသွားရင်းနဲ့ ဟယ်ရီဟာ ဆီဂျယ်ကို စိတ်ဝင် စားခဲ့ပေမယ့် စေ့စပ်လက်စွပ်ရှိ နေတာမို့ ပိုင်ရှင်ရှိနေတယ်ဆိုပြီး ဖွင့်မပြောခဲ့ပါဘူး။ နောက်တော့ လက်စွပ်ကို ဂက်စ်ဆိုတဲ့ လူဆိုးတစ်ယောက် က ခိုးယူသွားတယ်လို့ ယူဆပြီး ဂက်စ်ဆီမှာ လက်စွပ်ပြန်တောင်း ရင်း လူဆိုးအဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။ ဟယ်ရီဒဏ် ရာရသွားတဲ့အတွက် ဆီဂျယ်က သူ့အိတ်ထဲကဆေး သွားယူရင်း လက်စွပ်က အိတ်ထဲမှာရှိနေတာ တွေ့ခဲ့ပြီး ဟယ်ရီကိုတော့ လက် စွပ်ပြန်တွေ့တဲ့အကြောင်း မပြော ခဲ့ပါဘူး။ နောက်ရက်မှာတော့ ဖရန့်စ် ဖတ်မှာလုပ်မယ့် ဟယ်ရီ့သူငယ် ချင်း မင်္ဂလာဆောင်ကို ဟယ်ရီနဲ့ ဆီဂျယ်အတူ သွားခဲ့ကြပြီး မင်္ဂလာပွဲအပြီးမှာ အချေအတင်တစ်ခုဖြစ် ကြကာ ဆီဂျယ်အိန္ဒိယကို ပြန်သွားခဲ့ပါတယ်။ လေဆိပ်ကိုရောက် တော့မှ ဆီဂျယ်က သူ့လက်စွပ်က အိတ်ထဲမှာ အထားမှားပြီး ပျောက်နေတာဖြစ်တယ်လို့ ဟယ်ရီကို အသိပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဆီဂျယ်လည်း အိန္ဒိယကို ပြန်သွားပြီး  ဟယ်ရီလည်း သူ့အလုပ်သူ   ပြန်လုပ်နေပေမယ့် ဆီဂျယ်ကို မေတ္တာရှိနေတာ ကြောင့် တစ်ချိန်လုံး သတိရနေ သလို ဆီဂျယ်ရဲ့ မင်္ဂလာပွဲသွား မယ်ဆိုပြီး ဟယ်ရီတစ်ယောက် အိန္ဒိယကို လိုက်သွားခဲ့ပါတယ်။ ဆီဂျယ်က  အိန္ဒိယမှာ တကယ်ကော မင်္ဂလာဆောင်ဖြစ် ရဲ့လား။ ဟယ်ရီကကော ဆီဂျယ် အပေါ် မေတ္တာရှိနေတဲ့အကြောင်း ပြောဖို့ အခွင့်ကြုံပါ့မလား။ သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း က ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲ ဆိုတာတော့ ရုပ်ရှင်ပိတ်ကားပေါ် မှာ ကိုယ်တိုင်ကြည့်လိုက်ကြပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်က ကသာဒစ်ပါ)

Pushpa: The Rise - Part 1 (2021) ⭐IMDB: 7.6/10 (78 k Votes) 🎬 #Action #Adventure #Bollywood #Crime #Drama #Thriller 🗓️ 2021 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 56 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pushpa : The Rise (2021)===================== IMDB- 8.1/10 ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။ အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။ နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။ သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။ အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။ Box Office မှာလည်း ၀ငျငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်)

Thunivu (2023) ⭐IMDB: 6.7/10 (23 k Votes) 🎬 #Action #Adventure #Bollywood #Thriller #Crime 🗓️ 2023 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 24 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Thunivu (2023)Action, Adventure, ThrillerIMDb 6.7/10 (23K) အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ တမီလ်မင်းသားကြီးAjith Kumar (အဂျစ်ကူမား)ရဲ့ ရုံတင်ငွေ ၂၅၀ကုဋေထိ ပြန်လည်အမြတ်ရရှိထားတဲ့ အက်ရှင်ကားကောင်းတခုပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာ ဂိုဏ်းစတားအုပ်စုတစ်စုဟာ ဘဏ်အတွင်းပိုင်းလူတွေ..ရဲတွေနဲ့ ပူးပေါင်းပြီးဘဏ်တစ်ခုကို ဓါးပြတိုက်ဖို့ အစီအစဉ်ရေးဆွဲကြပါတယ်။ သူတို့တွေ ဘဏ်ထဲကိုဝင်စီးပြီး ပိုက်ဆံတွေလုယက်ကြတော့မယ့်အချိန်မှာပဲ သူတို့လုံးဝထင်မှတ်မထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ကို ပြန်လည်ခုခံမယ့်လူတစ်ယောက်ပေါ်လာတာပါပဲ။ သူဟာ ရဲလည်း မဟုတ်စစ်သားလည်းဟုတ်မနေဘဲ သူတို့ဓါးပြတိုက်မယ့်ဘဏ်ကိုပဲ ဓါးပြတိုက်ဖို့ရောက်လာတဲ့ လူတစ်ယောက်ပါ။ ဓါးပြတိုက်မှုတစ်ခုလုံးကို သူ အုပ်စိုးလိုက်တဲ့အချိန်မှာတော့ ရှေ့ဆက်ပြီး ဇာတ်လမ်းဇာတ်ကွက်များနဲ့လှည့်ကွက်တွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ရှာဖွေကြတော့နော်။

Killer Elite (2011) ⭐IMDB: 6.4/10 (132 k Votes) 🎬 #Action #Crime #Thriller #Adventure 🗓️ 2011 🎞️ Movie 📺 720p HD 🌎 #UnitedKingdom #Australia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Killer Elite (2011)============== ခုနှစ် ၁၉၈၀တုန်းက ကြေးစားလူသတ်သမားတွေဖြစ်တဲ့ ဒန်နီ၊ ဟန်တာ၊ ဒေးဗီးစ် နဲ့ မိုင်ယာတို့ဟာ လူတစ်ယောက်ကိုရှင်းဖို့ မက္ကစီကို ကိုရောက်နေ ကြပါတယ်။ ဒန်နီဟာ ပစ်မှတ်ကိုသုတ်သင်ပြီးတဲ့နောက် ပစ်မှတ်ရဲ့ဘေးမှာ ရှိနေတဲ့သားငယ်လေးကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားခဲ့လို့ ကြေးစားလောက ကနေ အနားယူသွားခဲ့ပါတယ်။ နှစ်တွေကြာတော့ အနားယူပြီးနေတဲ့ဒန်နီဆီကို ဖမ်းဆီးခံထားရတဲ့ ဟန်တာ ရဲ့ ပုံနဲ့အတူ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဒန်နီလည်း ဟန်တာကိုကယ်ဖို့အတွက်လိုက်သွားခဲ့တဲ့အချိန်မှာ သိပ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုက စောင့်ကြိုနေပါတယ်။ ရှီကီဆိုတဲ့ရေနံသူဌေးတစ်ယောက်မှာ သား၄ယောက်ရှိပေမယ့် ၃ယောက်ကို အင်္ဂလန်ရဲ့SASအဖွဲ့က ဇီဝိန်ခြွေခဲ့ပြီး ရှီကီကိုနေရပ်ဆီက နှင်ထုတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အခဲမကြေဖြစ်နေတဲ့ ရှီကီဟာ သူ့သားတွေကိုရှင်းခဲ့တဲ့သူတွေကို လက်စား ချေပြီး သူ့အငယ်ဆုံးသားလေးနေရပ်ပြန်ရရေးအတွက် ဟန်တာကို ဓားစာခံလုပ်ပြီး ဒန်နီကိုအတင်းအဓမ္မငှားရမ်းခဲ့တာဖြစ်ပါတယ်။ SAS အဖွဲ့ဟာ အင်မတန်လေ့ကျင့် ရည်ပြည့်၀ပြီး အတော်ဆုံးတပ်ဖွဲ့၀င်တွေသာရှိတာမို့ SAS အဖွဲ့၀င်ဟောင်းတွေကို သတ်ဖို့က ဒန်နီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာပါ။ ဒါပေမယ့် ဒန်နီဟာ ဟန်တာ လွတ်မြောက်ရေးအတွက် ဒီအလုပ်ကိုလက်ခံခဲ့ပြီးတော့ သူတို့တွေ အလုပ်ကိုဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲ၊ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာရော တစ်စုံတစ်ယောက်ရှိနေမလားဆိုတာကို တကယ်မိုက်တဲ့ ဖိုက်တင်ခန်းတွေနဲ့ တစ်၀ကြီးကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Fast and Furious မင်းသားကြီး Jason Statham နဲ့ ဂန္ဒ၀င်မင်းသားကြီး Robert De Niro တို့က ဒန်နီနဲ့ဟန်တာအဖြစ် သရုပ်ဆောင်ထားတာကြောင့် Actionကားကြိုက်သူတွေအနေနဲ့ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ်)

Pushpa: The Rise - Part 1 (2021) ⭐IMDB: 7.6/10 (78 k Votes) 🎬 #Action #Adventure #Bollywood #Crime #Drama #Thriller 🗓️ 2021 🎞️ Movie 📺 1080p FHD 🌎 #India ⏰ 2 နာရီ 56 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Pushpa : The Rise (2021)===================== IMDB- 8.1/10 ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။ အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။ နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။ သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။ အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။ Box Office မှာလည်း ၀ငျငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်)

Killer Elite (2011) ⭐IMDB: 6.4/10 (132 k Votes) 🎬 #Action #Crime #Thriller #Adventure 🗓️ 2011 🎞️ Movie 📺 1080p FHD 🌎 #UnitedKingdom #Australia #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Killer Elite (2011)============== ခုနှစ် ၁၉၈၀တုန်းက ကြေးစားလူသတ်သမားတွေဖြစ်တဲ့ ဒန်နီ၊ ဟန်တာ၊ ဒေးဗီးစ် နဲ့ မိုင်ယာတို့ဟာ လူတစ်ယောက်ကိုရှင်းဖို့ မက္ကစီကို ကိုရောက်နေ ကြပါတယ်။ ဒန်နီဟာ ပစ်မှတ်ကိုသုတ်သင်ပြီးတဲ့နောက် ပစ်မှတ်ရဲ့ဘေးမှာ ရှိနေတဲ့သားငယ်လေးကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားခဲ့လို့ ကြေးစားလောက ကနေ အနားယူသွားခဲ့ပါတယ်။ နှစ်တွေကြာတော့ အနားယူပြီးနေတဲ့ဒန်နီဆီကို ဖမ်းဆီးခံထားရတဲ့ ဟန်တာ ရဲ့ ပုံနဲ့အတူ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဒန်နီလည်း ဟန်တာကိုကယ်ဖို့အတွက်လိုက်သွားခဲ့တဲ့အချိန်မှာ သိပ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုက စောင့်ကြိုနေပါတယ်။ ရှီကီဆိုတဲ့ရေနံသူဌေးတစ်ယောက်မှာ သား၄ယောက်ရှိပေမယ့် ၃ယောက်ကို အင်္ဂလန်ရဲ့SASအဖွဲ့က ဇီဝိန်ခြွေခဲ့ပြီး ရှီကီကိုနေရပ်ဆီက နှင်ထုတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အခဲမကြေဖြစ်နေတဲ့ ရှီကီဟာ သူ့သားတွေကိုရှင်းခဲ့တဲ့သူတွေကို လက်စား ချေပြီး သူ့အငယ်ဆုံးသားလေးနေရပ်ပြန်ရရေးအတွက် ဟန်တာကို ဓားစာခံလုပ်ပြီး ဒန်နီကိုအတင်းအဓမ္မငှားရမ်းခဲ့တာဖြစ်ပါတယ်။ SAS အဖွဲ့ဟာ အင်မတန်လေ့ကျင့် ရည်ပြည့်၀ပြီး အတော်ဆုံးတပ်ဖွဲ့၀င်တွေသာရှိတာမို့ SAS အဖွဲ့၀င်ဟောင်းတွေကို သတ်ဖို့က ဒန်နီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာပါ။ ဒါပေမယ့် ဒန်နီဟာ ဟန်တာ လွတ်မြောက်ရေးအတွက် ဒီအလုပ်ကိုလက်ခံခဲ့ပြီးတော့ သူတို့တွေ အလုပ်ကိုဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲ၊ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာရော တစ်စုံတစ်ယောက်ရှိနေမလားဆိုတာကို တကယ်မိုက်တဲ့ ဖိုက်တင်ခန်းတွေနဲ့ တစ်၀ကြီးကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Fast and Furious မင်းသားကြီး Jason Statham နဲ့ ဂန္ဒ၀င်မင်းသားကြီး Robert De Niro တို့က ဒန်နီနဲ့ဟန်တာအဖြစ် သရုပ်ဆောင်ထားတာကြောင့် Actionကားကြိုက်သူတွေအနေနဲ့ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ်)

Rangoon (2017) ⭐IMDB: 7.0/10 (671 Votes) 🎬 #Action #Bollywood #Crime #Drama #Thriller #Romance 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 00 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb Rating (7.2) ရရှိထားတဲ့ တမီးလ်ဇာတ်ကားပါ။ထူးခြားချက်ကတော့ မြန်မာပြည်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကိုကြည့်ဖြစ်စေခဲ့တဲ့ ဗြိတိသျှကိုကိုမောင် Kyaw Swa Naing  ရဲ့ Facebook ကနေကူးယူဖော်ပြညွှန်းပေးချင်ပါတယ်။ —————————————- Rangoon ဆိုတဲ့ ကုလားကား​။ ၁၉၈၈ မှာမြန်​မာပြည်​က​နေ အိန္ဒိယကို ​ပြောင်​းလာတဲ့ တမီလ်​မိသားစုတစ်​စုက ​ကောင်​​လေး။အရွယ်​​ရောက်ပြီး ​ရပ်​ကွက်​ထဲ ဇ ရှိတဲ့ ဇိုး​ပေါက်​စ​ဖြစ်​လာတဲ့အခါ ​ရွှေ​မှောင်​ခိုလုပ်​ငန်​းရှင်​ကြီးက ဆွဲစားလိုက်​တယ်​။ ​လုပ်​ငန်​းရှင်​ကြီးရဲ့ လက်​ရုံးဖြစ်​လာတဲ့ သူတို့ ​သူငယ်​ချင်​းသုံး​ယောက်​ဟာ ရန်​ကုန်​ကို ​ရွှေ​မှောင်​ခို သွင်​းဖို့…မိုး​ရေး-တမူးနယ်​စပ်​က​နေ တဆင်​့ ဝင်​လာခဲ့တယ်​။ ဇာတ်​လိုက်​ရဲ့ အ​ဖေက တချိန်​က ​​ရွှေဘုံသာလမ်​းက ​ရွှေပွဲစား ဆို​တော့ အခက်​အခဲမရှ်ိပဲ…ရန်​ကုန်​က သူတို့ ပို့ရမယ်​့ ​ရွှေ ဆိုင်​ရာအဖွဲ့အစည်​းရဲ့ ဥက္ကဌ ဆီ ​ရွှေ​တွေပို့နိုင်​ခဲ့တယ်​။ ဒါ​ပေမယ်​့..ရန်​ကုန်​ က သူတို့တည်​းတဲ့ ဟိုတယ်​က​နေ ပြန်​အထွက်​မှာ..မြန်​မာ​ရွှေကုန်​သည်​ဘက်​က လက်​ငငး် ​ချေလိုက်​တဲ့ ​ငွေသား သိန်​း ၆၀၀ ပါတဲ့အိတ်​ထဲမှာ စက္ကူ​တွေချည်​းဖြစ်​​နေတဲ့အခါ….. ဇာတ်​လမ်​းက​တော့ ဆက်​ကြည်​့​ပေါ့ဗျာ။ ဒါ​ပေမယ်​့…ဒီဇာတ်​ကားမှာ ထူးခြားတာက…သူတို့ အိန္ဒိယပြန်​​ရောက်​လို့ သူတို့သူ​ဌေးကို သတင်​းပို့တဲ့အခါ….ရန်​ကုန်​က လုပ်​ငန်​းရှင်​က ပြန်​ခိုးသွားတာဖြစ်​မယ်​လို့​ပြောတယ်​။ အ​ဲ့ဒီမှာ သူ​ဌေးက ဘာ​ပြောလဲဆို​တော့… မင်​းတို့ အခု​ပျောက်​တယ်​ဆိုတဲ့ သိန်​း ၆၀၀ ဟာ မြန်​မာပြည်​က အဲ့ဒီသူ​ဌေးရဲ့ မုန်​့ဖိုးပဲ ရှိတာ..ဟိုက..လုပ်​မလားတဲ့။ ကိုင်​း…မြန်​မာပြည်​က သူ​ဌေး​တွေ ချမ်​းသာချက်​…​ဘောလီးဝုဒ်​က​တောင်​ ဂုဏ်​ပြုရတယ်​..။ Rangoon ဟာ ဟို​နေ့က ​ငွေ​ခြောက်​​ထောင်​ကုန်​ခံပြီး ကျွန်​​တော်​တို့ လင်​မယားနှစ်​​ယောက်​ကြည်​့ခဲ့တဲ့ မြန်​မာဂိုဏ်​းစတားကားထက်​​တော့…စိတ်​လှုပ်​ရှားမှု​ပေးတာအမှန်​ပဲ။ ဆူး​လေ..ပန်​းဆိုးတန်​း…မဂိုလမ်​း မြင်​ကွင်​း​တွေနဲ့ မြန်​မာစကား​ပြောပီပီသသ​တွေပါ…ကြားရမယ်​့…ဇာတ်​ကားပါပဲဗျိုး။

Kaho Naa... Pyaar Hai (2000) ⭐IMDB: 6.9/10 (16 k Votes) 🎬 #Action #Bollywood #Crime #Romance #Musical #Thriller 🗓️ 2000 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 41 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ Bollywoodဖန်တွေအတွက် Hrithik Roshan ကို လက်ပွားမင်းသားဆိုပြီးကမာၻတွင်မက မြန်မာပါကျော်စေတဲ့ Kaho Naa Pyaar Hai ဆိုတဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကား ဘယ်လောက်နာမည်ကြီးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ပါပဲ ႕႕႕ သရုပ်ဆောင် အသစ်တွေသုံးပြီး ပွဲဦးထွက် ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Rakesh Roshan ရဲ့ အစွမ်းကတော့ ၂၀၀၀ခုနှစ်မှာ ရုပ်ရှင်ကားထွက်ခဲ့ပြီး ၂၀၀၀၁မှာတော့ Best Actor Best Male Debut Best Female Debut Best Film Best Music Director Best Director အစရှိတဲ့ ဆုပေါင်းများစွားနဲ့ အိန္ဒိယမှာကော နိုင်ငံတကာမှာပါ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရိုဟစ်ဟာ ကြီးကြီးတက်ချမ်းသာပြီး လိုလေသည့်မရှိ သူဌေးသမီး တစ်ဦး ဖြစ်သူ ဆိုနီယား နှင့် မထင်မှတ်ပဲ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အဆင့်တန်းကွာခြားမှုကြောင့် သူတို့ချစ်ခရီးဟာ မဖြောင့်ဖြူးခဲ့ပါဘူး ရိုဟစ် အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်ခါနီးမှ ကံကြမ္မာဆိုး တစ်ခုနဲ့ ကြုံတွေ့လာရသောအခါ ႕႕႕႕႕ #တေးသီချင်း အလန်းစားတွေနဲ့ ဇာတ်လမ်း ဇာတ်အိမ် ခိုင်ခိုင်နဲ့ ပီတီဖြာစရာ အခန်းလေးတွေဆို ကိုယ်တိုင် ပြုံးမိသလို တချို့တချို့ လွမ်းခံလေးတွေကလည်း မျက်ရည်ဝဲစေလောက်ပါတယ်။ (မိုးအေးအေးလေးမှာ ကော်ဖီခါးခါ တစ်ခွက်နဲ့ ခံစားကြည့်လိုက်ကြပါဦး ခင်ဗျ) (ဘာသာပြန်သူကတော့ CM မှ Translator တစ်ဦးဖြစ်သူ ကိုဇော်ထူး ပဲဖြစ်ပါတယ်)

Darr (1993) ⭐IMDB: 7.6/10 (24 k Votes) 🎬 #Bollywood #Drama #Thriller #Action #Romance 🗓️ 1993 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 56 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bollywood ရဲ့ King Khan လို့ လူသိများတဲ့ ရှာရွတ်ခန်း(SRK) ရဲ့ အကောင်းဆုံး ဇာတ်ရုပ်ကို ပြောပါဆိုရင် ဗီလိန်ဇာတ်ရုပ်ပဲ ပြောရလိမ့်မယ်။ အိန္ဒိယမှာ SRK နှင့် အမီတာဘချမ်း တို့ဟာ ပရိတ်သတ်အပေါ် လွှမ်းမိုးနိုင်လွန်းလို့ သူတို့ တော်ရုံ ဗီလိန် ဇာတ်ရုပ် သိပ်မရိုက်ကြဘူး ပရိတ်သတ် အတုယူ မှားမှာ ကြောက်လို့။ ဒီဇာတ်ကားမှာဆိုလည်း SRK က ရည်စား အိမ်ထောင် ရှိပြီးသား မိန်းကလေး တစ်ယောက်ကို စိတ္တဇ ဆန်ဆန် တဖက်သတ် ချစ်ရတဲ့ ဗီလိန် နေရာက သရုပ်ဆောင်ရပေမယ့် သူ့ သရုပ်ဆောင်ချက်တွေက ပရိတ်သတ် အမြင်မှာ ဗီလိန် မဟုတ်ပဲ ဟီးရိုးဖြစ်စေခဲ့ပါတယ်။ ============================================ “မင်းခံစားနေရတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် မင်းရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားမှာပေါ့” “ဝန်ထုပ်ဝန်ပိုး” “သူ့ အမှတ်တရတွေက ဝန်ထုပ်ဝန်ပိုး မဟုတ်ဘူးဗျ သူ ယုံကြည် စိတ်ချပြီး အပ်နှံထားတဲ့ အပ်နှံမှုတွေ အရမ်းကို ချစ်ဖို့ ကောင်းပြီး အမြတ်တနိုးထားအပ်တဲ့ အပ်နှံမှုတွေဗျ ဒါကို ဝေမျှဖို့ မပြောနဲ့ သူ့ကိုတောင် တခြားတစ်ယောက် ချစ်တာကို ခွင့်မပြုနိုင်ဘူး” ============================================ ဇာတ်လမ်းကတော့ ႕႕႕ ရေတပ် အရာရှိ စူနီးလ် မဟိုသရာ ဟာ မြို့တော်ဝန် သမီးလေးကို ပြန်ပေးဆွဲထားတဲ့ လူဆိုးတွေ လက်ကနေ ကယ်တင် နိုင်ခဲ့လို့ သူနဲ့ သူ့အဖွဲ့သားတွေကို အစိုးရက ခွင့်တစ်လ ပေးလိုက်ပါတယ်။ စူနီးလ် တစ်ယောက် ခွင့်ရတော့ သိပ်ချစ်တဲ့ ချစ်သူစီပဲ အပြေးပြန်ခဲ့ရှာတာပေါ့ သူမက ကီရန်ပါ ကီရန် နှင့် စူနီးလ် အချစ်ရေးဟာ ဖြောင့်ဖြူးပြီး နှစ်ယောက် တစ်အိပ်မက် မက်ဖို့ အထိ အနာဂတ်ဟာ လှပနေကြတာ ကီရန် တစ်ယောက် စူနီးလ် နှင့် လျှောက်လည်ပြီး အပြန် ညတစ်ညမှာ အိမ်တံခါး ဖွင့်နေတုန်း အမှောင်ထဲကနေ သူ့မျက်နှာကို ဓါတ်မီးနဲ့ ထိုးပြီး “ကိုယ် မင်းကို ချစ်တယ် ကီ ကီ ကီ ကီရန် ” ဆိုတဲ့ စကားသံကို ကြားလိုက်ရတယ်။ မိ်န်းကလေး တစ်ယောက် အနေနဲ့ ချစ်တဲ့လို့ အပြောခံရတာဟာ သိပ်စိုးရွံစရာ မဟုတ်ပေမယ့် အမှောင်ထဲကနေ သရဲလို ချစ်ပါတယ်လို့ လာပြောတာဟာ ကီရန့်အတွက် သွေးပျက်စရာ တစ်ခုပါပဲ။ ဆက်တိုက်ဆိုသလိုပဲ ဖုန်းလာလို့ ကိုင်လိုက်သမျှဟာ အသံလေးလေးပင်ပင် နဲ့ “ကိုယ် မင်းကို ချစ်တယ် ကီ ကီ ကီ ကီရန်” ဆိုတာပါပဲ ကီရန်တစ်ယောက် ဖုန်းလာရင် ကြောက်တတ်နေပါပြီ။ ဒီလိုမျိုး မိန်းကလေးတစ်ယောက်ကို ချစ်စကား ပြောနေတဲ့သူကတော့ ရာဟူးလ် ဆိုတဲ့ လူငယ် တစ်ယောက်ပါ။ ရာဟူးလ် ဆိုတာ ငယ်စဥ်ကတည်းက မိခင်ကြီး ကားအက်ဆီဒန့် နဲ့ သေဆုံးသွားလို့ စိတ်ဝေဒနာ ရနေသူ အပေါင်းအသင်း နည်းပြီး အခန်းထဲမှာ အောင်းနေတတ်တဲ့ လူကြောက်လေး အရှက်အကြောက်ကြီးပြီး ကောလိပ်ကျောင်း အတူတူ တက်ခွင့်ရခဲ့ပေမယ့် အသည်းအသန် ချစ်နေရသူကို ဖွင့်မပြောနိုင်ခဲ့သူ ႕႕႕႕႕႕ သူမအတွက် စာတွေ အလီလီရေးခဲ့ပေမယ့် ဒီစာတွေကို ရေးတဲ့ လက်တွေက သူ့စီ မပေးနိုင်ခဲ့ဘူး ႕႕႕႕႕႕ သူ့ ဓါတ်ပုံလေးတွေကို ငေးကြည့်နေရင်း ဘဝကို အသက်ဆက်နေရတဲ့သူ ႕႕႕႕႕႕႕ ဖွင့်ပြောမယ်လို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူ့အရှေ့ ရောက်ရင် ဆွံ့အ သွားခဲ့သူ ႕႕႕႕႕႕႕႕ ကိုယ် ချစ်တဲ့သူ တစ်ခြားတစ်ယောက် ရင်ခွင်ထဲမှာ ပျော်ရွှင်နေတာကို ကြည့်နေရတဲ့ ဘဝ ႕႕႕႕႕ ဒီလို တဖက်နဲ့ ချစ်လာခဲ့သူမှာ ချစ်သူရပြီး လက်ထပ်တော့မယ့် အချိန်ရောက်မှ ႕႕႕႕႕႕ ရာဟူးလ် နှင့် စူနီးလ် တို့ ကီရန် အတွက် ထိပ်တိုက် တွေ့ဖို့ ကံဖန်လာပါတော့တယ်။ ( #ဇာတ်လမ်းက ကောင်းတယ်ဆိုတာထက် ပိုနေလို့ ထပ်မညွှန်းချင်တော့ပါဘူးဗျာ အထူးသဖြင့် SRK ရဲ့ သရုပ်ဆောင်မှုတွေက ကျေနပ်မှု အပြည့်ပေးစေမယ်ဆိုတာ အာမခံပါတယ် ဒီဇာတ်ကားကို #FA တွေကြည့်ပြီး ဖီးလ် လိုက်ကြပါ) (ဇာတ်လမ်း အညွှန်းနဲ.ဘာသာပြန်ကတော့ Channel Myanmar ရဲ. Translator ကြီး ကိုဇော်ထူးပါ)

Raabta (2017) ⭐IMDB: 4.7/10 (8 k Votes) 🎬 #Bollywood #Comedy #Drama #Mystery #Romance #Thriller #Action #Fantasy 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 23 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bollywood ပရိတ်သတ်တွေအတွက် ၂၀၁၇ထွက် အလန်စားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Magdheera , Anegan တို့လို ဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့ လူတွေအတွက် အကြိုက်တွေ့စေမှာပါ။ Raabta ဆိုတော့ မြန်မာလိုဆိုရင် ဆက်နွယ်မှု ညညဆို အိပ်မရပဲ အိပ်မက်ဆိုးတွေကနေလန့်လန့်နိုးနေတတ်တဲ့ ကောင်မလေး တစ်ယောက် သူ့အိပ်မက်ထဲမှာတော့ လူတစ်ယောက်ကို ကြိုးတုပ်ပြီး ရေထဲ ပစ်ချလိုက်သလိုလို သူကိုယ်တိုင်ပဲ ရေနစ်နေသလိုလိုနဲ့ အိပ်နေရင်း လန့်လန့်နိုးတတ်တဲ့ ဆိုင်ရာ ဆိုတဲ့ ကောင်မလေး ပျော်ပျော်နေတတ်ပြီး တွေ့မရှောင် ဆော်ကြောင်တတ်တဲ့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရှိဗ် ရှိဗ်ရဲ့ အကျင့်အတိုင်း ဆော်လိုက်ကြောင်ရင်း ဆိုင်ရာကို မြင်တွေ့ပြီး လိုက်ရင်းကနေ အမှန်တကယ် သံယောဇဥ်တွေ ဖြစ်လာတဲ့အခါမှာတော့ ဒီနှစ်ယောက်ရဲ့ ကြားကို ဇခ် ဆိုတဲ့ သူ တစ်ယောက် ရောက်လာတဲ့ အခါ ႕႕႕႕႕ ဇာတ်လမ်းက သာမန် သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတွေလို မဟုတ်ပဲ အတိတ်ကအကြောင်းတွေ အလှည့်အပြောင်းတွေနဲ့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ခုလို့ ညွှန်းလိုက်ပါတယ်။ (မြန်မာစာတန်းထိုးဖိုင်ကိုတော့ Mmsubtitles မှကူညီပေးထားတာဖြစ်ပါတယ်)

The Lost Room (2006-2006) ⭐IMDB: 8.1/10 (32 k Votes) 🎬 #Action #Fantasy #Mystery #SciFi 🗓️ 2006-2006 🎞️ Series 📺 480p SD 🌎 #UnitedStates ⏰ 32 မိနစ် 45 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 အဓိက အကြောင်းအရာအားလုံးက သော့ လေး တစ်ချောင်းကနေ စ တင်လာပါတယ် ရှေး ယုံတမ်းပုံပြင်တွေအရ မှော်ဆန်တဲ့ ခရီးသွား တစ်ယောက်ဟာ အခန်းတစ်ခုအတွင်း တည်းခိုနေထိုင်ခဲ့ပါတယ် ပြီးတော့ ထိုအခန်းအတွင်း ပစ္စည်းအားလုံးဟာ တန်ခိုး ကိုယ်စီ အသက်၀င်ပြီး တန်ဖိုးရှိကုန်ကြပါတယ် တစ်နည်းနည်းဖြင့် ထိုပစ္စည်းတစ်ချို့ အပြင်ရောက်လာခဲ့ပြီး ရာဇ၀တ်သားတွေလက်ထဲကို ရောက်ရှိပြီး သတ်ဖြတ် လုယက်ကြပါတော့တယ် ထို အခန်းထဲကို ၀င်တဲ့ သော့တံ ကတော့ ဘယ်တံခါးကို ဖွင့်ဖွင့်ရောက်ချင်တဲ့နေရာကို ချက်ချင်း ပို့ဆောင်ပေး ဖွင့်ပေးတဲ့ လိုတရ သော့တံ ဖြစ်ပြီး သမီးတစ်ယောက် အဖေ ရဲသား တစ်ယောက်ဆီ ရောက်သွားရာကနေ ဇတ်လမ်း စ ပါတော့တယ်…. (သစ်ဆန်းခန့်) ll Complete Download (အကုန်စုဒေါင်းရန်

Tanu Weds Manu Returns (2015) ⭐IMDB: 7.6/10 (29 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2015 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 07 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The film is a sequel to Tanu Weds Manu (2011), in which stars Kangana Ranaut (Tanu) and R. Madhavan (Manu) reprise their roles from the original. Tanu and Manu’s marriage collapses. What happens when Manu meets Tanu’s lookalike Kusum – and when Tanu returns? Kangana Ranaut also portrays the additional role of a Haryanvi athlete Kusum in the film. Tanuနဲ့ Manu တို့ဟာ လက်ထပ်ပြီးလေးနှစ်ကြာတဲ့အထိ လန်ဒန်မှာနေကြပါတယ်။ Tanu ဟာ သူ့သူငယ်ချင်းကလေးမွေးလို့ ဇာတိပြန်သွားခဲ့ပါတယ်။ Manu ကလည်း ကောလိပ်တစ်ခုမှာ ဆေးပညာမိန့်ခွန်းပြောဖို့ သွားတဲ့အခါ Tanu နဲ့ တူတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အိမ်ထောင်ရေးနဲ့ အတူ Manu ဟာလည်း Tanu နဲ့တူတဲ့ Kussumနဲ့ လက်ထက်ဖို့ လုပ်တဲ့အခါ လက်ထက်ဖြစ်မလား။ Tanuကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှု့ခံစားကြည့်ကြပါ။ အမျိုးအစားက Comedy, Romance ဖြစ်ပေမဲ့ IMdb Rating အမြင့်စားဖြစ်လို့ ကားကောင်းလေးတစ်ခုဖြစ်မှာ သေချာပါတယ်။

Naam Shabana (2017) ⭐IMDB: 6.2/10 (7 k Votes) 🎬 #Action #Bollywood #Thriller #Drama 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 27 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2015 တုန်းကထွက်ခဲ့တဲ့ Baby ဇာတ်ကားရဲ့ Spin-off movieပါ။ယုတ္တိရှိရှိရိုက်ထားတဲ့အက်ရှင်ကားပါ။ ဘောလိဝုဒ်အသည်းစွဲမင်းသား Akshay Kumar လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Baby ဇာတ်ကားရဲ့ Back story ပါ။ Baby mission မတိုင်ခင်က အေးဂျင့်မလေး ရှဘနားရဲ့ဘဝအကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ခက်ထန်ကြမ်းတမ်းလှတဲ့ဘဝကိုရင်ဆိုင်ခဲ့ရတဲ့ရှဘနားဆိုတဲ့မိန်းကလေးက သူ့ရဲ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုကင်းမဲ့စွာ မရယ်မပြုံးပဲနေနေခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက ချစ်ခွင့်ပန်လာတဲ့အခါမှာတော့ ရှဘနားရဲ့မရယ်မပြုံးဘဲခက်ထန်နေရတဲ့ အကြောင်းအရင်းကိုမမျှော်လင့်ပဲသိလိုက်ရပါတော့တယ်။ သူငယ်ချင်းကောင်လေးကဖွင့်ပြောလိုက်ပြီးတဲ့အချိန်မှာ သူ့ဘဝရဲ့ပျော်ရွှင်စရာအလင်းရောင်ကိုသူမြင်တွေ့လိုက်ရပါတယ်။ အပြန်လမ်းမှာ သူ့ရဲ့ဘဝကိုအလင်းပေးမယ့်ချစ်သူအသတ်ခံလိုက်ရတဲ့အခါမှာတော့ ရှဘနားရဲ့စိတ်ဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတော့တယ်။ ဇာတ်လမ်းဇာတ်ကွက်တည်ဆောက်ထားပုံလည်းတော်တော်လေးကောင်းပါတယ်။ နောက်ထပ် Babyဇာတ်ကားရဲ့Spin-off movieတွေ ထပ်ထွက်စေချင်လောက်အောင်ကိုကောင်းတာပါ။ အများကြီးညွှန်းနေရင် ဇာတ်လမ်းပေါ့သွားမှာစိုးလို့ ဇာတ်ကားကိုသာခံစားရင်းကြည့်လိုက်ကြပါ။ ဘောလိဝုဒ်ပေါကားအက်ရှင်အပိုကားတွေထက်ပိုကောင်းတဲ့ဇာတ်ကားတစ်ကားမို့ ပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲ 2015 တုန်းကထွက်ခဲ့တဲ့ Baby ဇာတ်ကားရဲ့ Spin-off movieပါ။ယုတၲိရှိရှိရိုက်ထားတဲ့အက်ရှင်ကားပါ။ ဘောလိဝုဒ်အသည်းစွဲမင်းသား Akshay Kumar လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Baby ဇာတ္ကားရဲ႕ Back story ပါ။ Baby mission မတိုင်ခင်က အေးဂျင့်မလေး ရှဘနားရဲ့ဘဝအကြောင်းကိုပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ခက်ထန်ကြမ်းတမ်းလှတဲ့ဘဝကိုရင်ဆိုင်ခဲ့ရတဲ့ရှဘနားဆိုတဲ့မိန်းကလေးက သူ့ရဲ့ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှုကင်းမဲ့စွာ မရယ်မပြုံးပဲနေနေခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက ချစ်ခွင့်ပန်လာတဲ့အခါမှာတော့ ရှဘနားရဲ့မရယ်မပြုံးဘဲခက်ထန်နေရတဲ့ အကြောင်းအရင်းကိုမမျှော်လင့်ပဲသိလိုက်ရပါတော့တယ်။ သူငယ်ချင်းကောင်လေးကဖွင့်ပြောလိုက်ပြီးတဲ့အချိန်မှာ သူ့ဘဝရဲ့ပျော်ရွှင်စရာအလင်းရောင်ကိုသူမြင်တွေ့လိုက်ရပါတယ်။ အပြန်လမ်းမှာ သူ့ရဲ့ဘဝကိုအလင်းပေးမယ့်ချစ်သူအသတ်ခံလိုက်ရတဲ့အခါမှာတော့ ရှဘနားရဲ့စိတ်ဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတော့တယ်။ ဇာတ်လမ်းဇာတ်ကွက်တည်ဆောက်ထားပုံလည်းတော်တော်လေးကောင်းပါတယ်။ နောက်ထပ် Babyဇာတ်ကားရဲ့Spin-off movieတွေ ထပ်ထွက်စေချင်လောက်အောင်ကိုကောင်းတာပါ။ အများကြီးညွှန်းနေရင် ဇာတ်လမ်းပေါ့သွားမှာစိုးလို့ ဇာတ်ကားကိုသာခံစားရင်းကြည့်လိုက်ကြပါ။ ဘောလိဝုဒ်ပေါကားအက်ရှင်အပိုကားတွေထက်ပိုကောင်းတဲ့ဇာတ်ကားတစ်ကားမို့ ပရိသတ်ကြီးအကြိုက်တွေ့စေမှာအမှန်ပါပဲ

Begum Jaan (2017) ⭐IMDB: 5.6/10 (3 k Votes) 🎬 #Action #Bollywood #Drama #History 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 06 မိနစ် 44 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ဘောလီဝုဒ်ဖန်တွေအတွက် ၂၀၁၇ထွက်အလန်းစား တစ်ကားကို တင်ဆက်ပေးထားပါတယ်။ #ဒီဇာတ်ကားက အက်ရှင်ဇာတ်ကား တစ်ကား မဟုတ်ပါဘူး#ဒီဇာတ်ကားက အနုအရွလေးတွေပါတဲ့ ဒရာမာကား တစ်ကား မဟုတ်ပါဘူး။#နှစ်ချို့ဝိုင်လို စူးရှရှ ခပ်ပြင်းပြင်းနဲ့ တကယ့်အနှစ်တွေပါတဲ့ ဇာတ်ကားတစ်ကားပါ(ဝိုင်ဘယ်လို အရသာရှိလဲ မသိဘူးနော် :p) ဒီဇာတ်ကားဟာ ၁၉၄၇ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ၁၉၄၇ ခုနှစ်မှာ အိန္ဒိယကို အုပ်ချူပ်နေတဲ့ ဗြိတိသျှနောက်ဆုံး ဘုရင်ခံဟာအိန္ဒိယ နိုင်ငံကြီးကို အိန္ဒိယ-ပါကစ္စတန် ဆိုပြီး နှစ်နိုင်ကွဲထွက်သွားအောင် နှစ်ခြမ်းခွဲခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံကနေ အစစအရာရာဟာ နှစ်ပိုင်းဖြစ်ပြီးနယ်စပ်မျဥ်း နှစ်ကြောင်းရေးဆွဲကာ သံဆူးကြိုးတွေကာရံခဲ့ပါတယ်။ အရာရာကို နှစ်ခြမ်းခွဲခဲ့ပေမယ့် နယ်စပ်မျဥ်းနှစ်ကြောင်းလုံးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်ခု ရှိနေပါတယ်အဲ့ဒါကတော့ #ဘေဂွန်ဂျမ်းရဲ့ ဆောင်ကြာမြိုင်ပါပဲ။ #ဘေဂွန်ဂျမ်းဆိုတာ ငယ်ဘဝကတည်းက ဒုက္ခကို မိတ်ဖွဲ့ပြီး ဘဝကိုဒေါင်ကျကျပြားကျကျ ဒူပေဒဏ်ပေခံလာသူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ သတို့သမီးဘဝနဲ့ မွေးရပ်မြေက စွန့်ခွာသွားခဲ့ရပေမယ့်ကံကြမ္မာဆိုးကြောင့် ပြည်တန်ဆာခေါင်း တစ်ယောက်အဖြစ်နဲ့ ဇာတိကို ပြန်လာခဲ့ရသူတစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဥပဒေက သူ့ကို ပြန်ကြောက်နေရတဲ့သူ တစ်ယောက်။ #ဘေဂွန်ဂျမ်းဆိုတာ ဘုရင်ကိုယ်တိုင်က ကောင်းချီးပေးထားရသူ တစ်ယောက်။ အဲ့ဒီလို ဘေဂွန်ဂျမ်းလို လူမျိုးရဲ့ ဆောင်ကြာမြိုင်ဟာနယ်စပ် စစ်ဆေးရေးဂိတ်တွေ ဆောက်လုပ်မှာမို့မဖြစ်မနေ နှစ်ခြမ်းခွဲမှကို ဖြစ်လာတဲ့အခါ ဘေဂွန်ဂျမ်းနဲ့ ပြည်တန်ဆာ ၁၁ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကတော့ ……… ့ ( ဇာတ်လမ်းကတော့ Age Rating က 15+လို့တော့ ပြောထားပေမယ့်ဇာတ်လမ်းထဲမှာ အသုံးအနှုန်းတွေ ကြမ်းပါတယ်တချို့ဇာတ်ဝင်ခန်းတွေ လန်းပါတယ်မိသားစုနဲ့ ကြည့်ဖို့ ကို်ယ်တိုင်အရင်ကြည့်ပြီးမှ ဆုံးဖြတ်ကြပါလို့ ???? ) (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်ကတော့ ကွီးဇော်ထူး ပါ)

Baby (2015) ⭐IMDB: 7.9/10 (58 k Votes) 🎬 #Action #Adventure #Bollywood #Thriller #Crime 🗓️ 2015 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 39 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bollywood Star တစ်​​ယောက်​ဖြစ်​တဲ့ stunt ​တွေလဲလူစားမထိုး… ကိုယ်​ခံပညာလဲကျွမ်​းကျင်​တက်​​မြောက်​ထားတဲ့ shay Kumar နဲ့ Baahubali ထဲက ဗီလိန်​ကြီး Rana Daggupati တို့တွဲဖက်​သရုပ်​​ဆောင်​ထားပြီး…. Action/Thriller အမျိုးအစားဖြစ်​ပါတယ်​…. ဇာတ်​လမ်​းအကျဥ်​းက​တော့…အိနိၵယမှာ ပါကစ္စတန်​ စစ်​​သွေးကြွ​တွေဘုံးခွဲမယ်​့အ​ကြောင်​း​ပေါ့….. Ashay Kumar က လျှိ့ဝှက်​​အေးဂျင်​့အဖြစ်​သရုပ်​​ဆောင်​ထားပြီး… သူ့တပည်​့ Rana Daggupati နှင်​့အတူ ဘယ်​လိုနည်​း​တွေနဲ့ Pakistan စစ်​​သွေးကြွ​တွေကို ဖမ်​းဆီးမလဲ သတ်​ပစ်​မလဲဆိုတာ​တွေကို…ရင်​တထိတ်​ထိတ်​နဲ့ ကြည်​့ရှုခံစားရမှာဖြစ်​ပါတယ်​… Rustom ထဲကလို Ashay Kumar ရုပ်​တည်​တည်​နဲ့လှုပ်​ရှားမှု action ​တွေကိုမြင်​​တွေ့ရမှာပါ… (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Khant Shwe Thaik  ပဲ ဖြစ်ပါတယ်)

Rangoon (2017) ⭐IMDB: 5.6/10 (5 k Votes) 🎬 #Action #Bollywood #Drama #History #War #Romance 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 27 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်ကားနာမည်လေးနဲ့တင်စိတ်ဝင်စားဖို့ကောင်းသွားပြီဆိုတာသိကြမှာပါ။ဒီကားလေးကဒီနှစ်၂၀၁ရခုနှစ်ထုတ်အိန္ဒိယကားလေးဖြစ်ပါတယ်။ဇာတ်အိမ်ကိုဒုတိယကမ္ဘာစစ်နောက်ခံထားပြီးမင်းသမီးအသားပေးကားလေးဖြစ်ပါတယ်။၁၉၄၃ခုနှစ် ဒုတိယကမ္ဘာစစ်မီးတောက်နေတဲ့အချိန်မှာအိန္ဒိယနိုင်ငံဟာလည်းကိုယ့်နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပ်းနေတဲ့အချိန်ဖြစ်ပါတယ်။အိနိယအမျိုးသားတပ်မတော်ခေါင်းဆောင်ဟာလည်းမဟတ္တမဂန္ဒီရဲ့အကြမ်းဖက်ဝါဒကိုသဘောမတွေ့ဖြစ်နေတာပါ။သူကတုတ်တုတ်ချင်းလှံလှံချင်းရှင်းချင်သူပါ။အဲဒီအချိန်အင်ဒိုချိုင်းနားဒေသမှာဂျပန်အင်ပါယာတန်ခိုးထွားလာတာနဲ့အတူအိန္ဒိယတပ်မတော်ဟာဂျပန်တွေနဲ့မဟာမိတ်ဖွဲ့လိုက်ပါတယ်ဗြိတိသျှတပ်မတော်အတွင်းကအိန္ဒိယတပ်သားတွေအနေနဲ့အိန္ဒိယတပ်မတော်နဲ့ရောဂျပန်တပ်မတော်နဲ့ပါတိုက်ပွဲဝင်ရတော့တယ်။အဲဒီအချိန်မှာပဲအိန္ဒိယကသဘင်သည်မင်းသမီးလေးဂျူလီကလည်းရုပ်ရှင်လောကမှာအောင်မြင်လာသူဖြစ်ပါတယ်။အင်ဒို-မြန်မာနယ်စပ်မှာစစ်ရေးတင်းမာလာတာနဲ့အမျှအင်္ဂလိပ်တပ်ကနေပြီးတော့တိုက်ပွဲဝင်နေတဲ့သူ့တပ်သားတွေစိတ်ဓာတ်မြင့်လာအောင်အားပေးတဲ့အနေနဲ့ဂျူလီကိုသွားရောက်ဖျော်ဖြေဖို့လွတ်လိုက်ပါတယ်။ခရီးစဉ်အတွင်းမှာပဲစစ်ပွဲသုံ့ပန်းအဖြစ်လွတ်လာတဲ့မာလိတ်ရဲ့အစောင့်အရှောက်နဲ့သွားရောက်ကြပါတယ်။ဒါပေမယ့်မြစ်တခုကိုအဖြတ်မှာ ဂျပန်လေယာဉ်တွေရဲ့တိုက်ခိုက်မှုကြောင့်ရထားလည်းပျက်စီးသွားပါတယ်။အင်္ဂလိပ်တပ်နေနဲ့ဂျူလီတယောက်သေဆုံးသွားပြီလို့ထင်ထားခဲ့ပေမယ့်မာလိတ်ရဲ့ကယ်ဆယ်မှုနဲ့အတူလွတ်မြောက်လာခဲ့ပါတယ်။ဒီလိုစစ်ပွဲအရှုပ်အထွေးတွေကြားမှာပဲမင်းသမီးတယောက်ပြည်တော်ပြန်နိုင်မလား။ဘယ်လိုအခက်အခဲတွေတွေ့ပြီးဘယ်လိုကျော်လွားခဲ့ရလဲဘာတွေဆက်ဖြစ်မလဲရန်ကုန်မှာဘယ်လိုဇာတ်လမ်းလေးတွေရှိမလဲဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကြည့်လိုက်ရအောင်ဗျာ။အဲဒီခေတ်ရန်ကုန်မြို့ရဲ့အခြေအနေအငွေ့အသက်လေးတွေကိုပါခံစားရမှာဖြစ်ပါတယ်။ဇာတ်ကားကလည်း၃နာရီနီးပါးတောင်ဆိုတော့ဇာတ်လမ်းအလှည့်အကွက်လေးတွေကိုအားရပါးရခံစားရမှာပါ။ကဲမြန်မာနိုင်ငံရဲ့ကိုလိုနီခေတ်အငွေ့အသက်လေးတွေကိုခံစားရင်းဇာတ်ကားလေးကိုဘယ်လိုအဆုံးသတ်မလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန်သူကတော့ Tariq L Walker ပဲဖြစ်ပါတယ်)

Irada (2017) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Bollywood #Drama #Thriller #Mystery 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 48 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စစ်သားတစ်ဦးဖြစ်တဲ့ ပရပ်ဂျစ်မှာ အရမ်းချစ်ရတဲ့ ရီယာဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ် သူ့သမီးလေးမှာရောဂာနောက်ဆုံးအဆင့်ရှိနေတာကိုသိလိုက်ရတဲ့အခါ သူ့အသည်းတွေကွဲကြေသွားခဲ့ပါတယ် သူ့သမီးလေးရဲ့ရောဂာဖြစ်ရတဲ့အကြောင်းအရင်းကိုရှာဖွေနေရင်းနဲ့ ပန်ဂျပ်ပြည်နယ်က တခြားလူတွေလည်း ရေထောက်ပံ့ရေးကနေလာတဲ့ရေကြောင့် ကင်ဆာရောတွေဖြစ်ပြီးသေဆုံးနေရတာကိုသိလိုက်ရပါတော့တယ် တာဝန်ရှိသူတွေက အဲ့ဒါကိုမျက်ကွယ်ပြုထားတဲ့အခါမှာ သူကဘယ်လိုဘယ်ပုံစံတွေနဲ့ဖြေရှင်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတဲ့ဇာတ်ကားတစ်ကားပါ သာမန်ဘောလိဝုဒ်ဇာတ်ကြောကနေခွဲထွက်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ (ဘာသာပြန်သူကတော့ Linnthura1988 ပဲဖြစ်ပါတယ်)

Rowdy Rathore (2012) ⭐IMDB: 5.8/10 (23 k Votes) 🎬 #Action #Bollywood #Comedy #Crime 🗓️ 2012 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 23 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDB 5.8 နဲ့ RT 67% ထိရရှိထားတယ့် အက်ရှေးကူမားရ်ရဲ့ဇာတ်ကားကောင်း တကားကို Bollywood Fan တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေး ကတော့လူလိမ် သူခိုး ရှီဗားဟာ သူ့ကောင်မလေးကြောင့်ခိုးတယ့် အလုပ်ကို စွန့်လွန့်ဖို့ ကြိုးစားခဲ့ပြီးနောက်ဆုံးအနေနဲ့ ဟဲဗီး တခုကို ခိုးတဲ့အခါမှာတော့သေတ္တာထဲမှာ ခလေးတယောက်ကို ပါလာတာကို တွေ့လိုက်ရပါတယ်။ ခလေးကလည်း မြင်မြင်ချင်း သူ့ကိုအဖေလို့ ခေါ်လိုက်တော့ သူကိုယ်တိုင် အံအားသင့်သွားပါတော့တယ်။ အမှန်တော့ ဒီခလေး အဖေဖြစ်သူက သူနဲ့ရုပ်တူတဲ့ရဲအုပ် ဗစ်ကရန် ရာထော ဆိုတဲ့လူပဲ ဖြစ်ပါတယ်။ ဒီခလေး ဘာကြောင့် သူ့စီရောက်လာရတာလဲ ႕႕႕႕႕ဘာတွေ ဆက်ဖြစ်ကြဦးလဲ ႕႕႕႕႕႕ရဲအုပ် ဗစ်ကရန်ရာထောကကော ဘာဖြစ်သွားလို့လဲ့႕ရှီဗားကကော ဒီပြသနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ႕႕႕႕ဆက်လက်ရှု့စားလိုက်ပါဦး ခင်ဗျ့႕ရုပ်ရှင်ကားကလည်း သီချင်းအက အမိုက်စားတွေနဲ့တခန်းတနားကြီး တင်ဆက်ထားလို့ လက်လွတ်မခံသင့်ဘူးလို့တော့ထက်ပြောလိုက်ပါရစေ ႕႕႕႕႕ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ ကိုဇော်ထူးပဲဖြစ်ပါတယ်)