fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
https://m.media-amazon.com/images/M/MV5BMGFhZjY1YWItNjdiOC00ZDFmLWJlNGYtYjU4NDdiYTA1YTMyXkEyXkFqcGdeQXVyMzYzOTYxNzM@._V1_FMjpg_UX1000_.jpg The Doll 2 (2017) ⭐IMDB: 5.2/10 (596 Votes) 🎬 #Horror #Thriller 🗓️ 2017 🎞️ movie 📺 1080p FHD 🌎 Indonesia ⏰ 1 နာရီ 57 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Doll 2 (2017) 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Doll ဇာတ်ကားရဲ့ အဆက် The Doll 2 ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Maira နဲ့ Aldo တို့ လင်မယားက သမီးလေး Kayla ရယ်အိမ်အကူ Yani ရယ်နဲ့ အတူတူနေကြပြီးတော့ ပေျာ်စရာကောင်းတဲ့ မိသားစုလေးပါ။တစ်နေ့မှာ ကားအက်ဆီးဒင့်ဖြစ်ပြီးတော့ သမီးလေး Kayla ဆုံးသွားပါတယ်။သမီးစိတ်နဲ့ Maira လည်း စိတ်ကျရောဂါဖြစ်လာပါတယ်။တစ်နေ့မှာတော့ Maira သူငယ်ချင်း Elsa ရောက်လာပြီးတော့ Maira စိတ်သက်သာသွားအောင်သူ့သမီးအကြိုက်ဆုံး အရုပ်လေးနဲ့ ဝိညာဉ်ခေါ်ဖို့ လုပ်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်ကြည့်ပေးကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။ Genre….. Horror, ThrillerQuality…. 1080p | 720p | 480pFile size…1.12GB | 628MB | 322MBFormat… mp4Duration…. 1h 57minSubtitle…. Myanmar Subtitle (Hardsub)Translator…..Moh MohEncoder…..August

https://image.tmdb.org/t/p/original/y10Ll8lFOIZNIVxvraVirT1GMT5.jpg The Doll 2 (2017) ⭐IMDB: ⁉️ 🎬 #Horror #Thriller 🗓️ 2017 🎞️ Movie 📺 1080p FHD 🌎 Indonesia ⏰ 1 နာရီ 57 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Doll 2 (2017) 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Doll ဇာတ်ကားရဲ့ အဆက် The Doll 2 ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Maira နဲ့ Aldo တို့ လင်မယားက သမီးလေး Kayla ရယ်အိမ်အကူ Yani ရယ်နဲ့ အတူတူနေကြပြီးတော့ ပေျာ်စရာကောင်းတဲ့ မိသားစုလေးပါ။တစ်နေ့မှာ ကားအက်ဆီးဒင့်ဖြစ်ပြီးတော့ သမီးလေး Kayla ဆုံးသွားပါတယ်။သမီးစိတ်နဲ့ Maira လည်း စိတ်ကျရောဂါဖြစ်လာပါတယ်။တစ်နေ့မှာတော့ Maira သူငယ်ချင်း Elsa ရောက်လာပြီးတော့ Maira စိတ်သက်သာသွားအောင်သူ့သမီးအကြိုက်ဆုံး အရုပ်လေးနဲ့ ဝိညာဉ်ခေါ်ဖို့ လုပ်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်ကြည့်ပေးကြပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။ Genre….. Horror, ThrillerQuality…. 1080p | 720p | 480pFile size…1.12GB | 628MB | 322MBFormat… mp4Duration…. 1h 57minSubtitle…. Myanmar Subtitle (Hardsub)Translator…..Moh MohEncoder…..August

https://image.tmdb.org/t/p/original/gzJn9fQTSFLNL93PUhyatS4kGog.jpg Bardo: False Chronicle of a Handful of Truths (2022) ⭐IMDB: 7.1/10 (4 k Votes) 🎬 #Comedy #Drama 🗓️ 2022 🎞️ movie 📺 1080p FHD 🌎 Mexico ⏰ 2 နာရီ 40 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 BARDO, False Chronicle of a Handful of Truths (2022) ~ Directed by Alejandro González Iñárritu ဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ရှိနေတာကိုလည်း ဘာဇာတ်ကြောင်းမှမဖြည်ဘဲကို အတွေးထဲဝင်လာအောင် ရိုက်ပြထားတယ်။ အရှိတရားနဲ့ အိပ်မက်တွေ စိတ်ကူးတွေဟာ ရောထွေးနေတယ်။ ဘာက ဘာလဲ သူပြသွားတဲ့တစ်ကွက်ချင်းကိုကြည့်ပြီး တရိပ်ရိပ်တော့ သိလာလိမ့်မယ်။ ဒါပေမဲ့လည်း သိပ်တော့ မသည်းကွဲချင်ဘူးပေါ့။ ဘယ်အချိန်ထိလဲဆိုရင် သူသတ်မှတ်ထားတဲ့ အချိန်အထိလို့တော့ ပြောရမှာပဲ။ ဆန်းတာက ဒီကားက တစ်ဖက်ကကြည့်ရင် ဟန်များလွန်းတယ်ထင်ရတဲ့အနေအထားမှာရှိတယ်။ ဒါပေမဲ့ ကြည့်ရင်းနဲ့ သူတို့ ဒိုင်ယာလော့တွေ စကားတွေအရှည်ကြီးထိုင်ပြောနေကြတာတွေကို ကြည့်ရင်း ဟန်များနေသလို ထင်ရတာနဲ့ တစ်ချိန်တည်းမှာပဲ ဖန်တီးသူရဲ့ ရိုးသားမှုက အလိုလိုသိလာလိမ့်မယ်။ အဲဒီလိုရိုးသားမှုဟာ တာကော့စကီးကားတွေနဲ့ မစိမ်းတဲ့လူတွေအတွက် ပိုပြီးထင်သာမြင်သာရှိမယ်လို့တော့ ထင်ရတာပဲ။ ဒီလိုရိုးသားလိုက် ဟန်များသလိုဖြစ်လိုက်ဆိုတဲ့အချက်ကို တစ်နေရာမရောက်ခင်အထိတော့ ဒီလိုပဲမြင်နေဦးမယ်။ တစ်နေရာအရောက်တော့ ကျွန်တော်တော့ ဒီကားဟာ ရိုးသားတဲ့ဘက် ပိုသွားတယ်လို့ပဲ မြင်မိတော့တယ်။ အမြင်တူချင်မှလည်းတူမယ်။ ဒီရုပ်ရှင်ကို ကြိုက်ချင်မှလည်း ကြိုက်လောက်မယ်ပေါ့။ အာမ တော့ ခံလို့မရဘူး။ သူ့ဇာတ်လမ်းက ဒိုကူဖစ်ရှင်ရိုက်တဲ့ ဒါရိုက်တာတစ်ယောက်အကြောင်းပေါ့။ ထူးတာက ဒီကားထဲက ဇာတ်ကောင်က ရိုက်ချင်တာက သူ့အကြောင်းပေါ့။ ပြဿနာက ဒီဘဲက သူ့အကြောင်းသူရိုက်ချင်တယ်ဆိုပေမဲ့ သူ့အကြောင်း သူမရိုက်ဘူး။ ဟိုးမဆီမဆိုင် မက္ကဆီကိုကနေ ရွှေ့ပြောင်းအခြေချတဲ့လူတွေအကြောင်းတွေ၊ ဟိုးရှေးခေတ်ကလူတွေအကြောင်းတွေ၊ မက္ကဆီကိုသမိုင်းက တချို့အဖြစ်အပျက်တွေအကြောင်းတွေ ကောက်ရိုက်တယ်။ ဒါပေမဲ့ သူ့ခံယူချက်က ဒီအကြောင်းအရာတွေက သူနဲ့တူညီတယ်လို့ ခံစားရတာကို သူရိုက်ထားတာဆိုတော့ ဒီအကြောင်းအရာတွေကို ပြခြင်းအားဖြင့် သူ့အကြောင်းပါ ပြပြီးပြီလို့ ဆိုလို့ရတယ်။ ဘာလို့ ဒီလိုပြသလဲဆို လူတစ်ယောက်က ကိုယ့်အကြောင်းကိုယ်ရေးတယ်ဆိုပါစို့… ဒါမှမဟုတ်လည်း ရိုက်တယ်ဆိုပါစို့… ဒါကြီးက အမှန်တရားဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ပြောပြရလွယ်တဲ့ ပြောပြချင်တဲ့ အမှန်တွေပဲ ဖြစ်ဖို့တော့များမယ်။ ကိုယ့်မကောင်းကြောင်းကိုယ် ရေးနိုင်တယ်ဆိုတာကလည်း ကိုယ်ပြောပြချင်တဲ့ မကောင်းကြောင်းပဲမလား။ သူက သူ့အကြောင်းကို ဒီလိုအပေါ်ယံကြောကို မရိုက်ချင်ဘူး။ လူတစ်ယောက်အကြောင်းဆိုတာက ဘယ်လိုနေလာတယ် ဘယ်လိုရှင်လာတယ်ဆိုတာထက် တစ်ခါတလေ သူ့ဘဝမှာ သူစကားလုံးနဲ့ပြောဖို့ခက်တဲ့ အတွေးခေါ်တွေ ခံစားချက်တို့ ရှိကောင်းရှိမှာပဲ။ မဟုတ်လည်း ဒီတိုင်းကြီးပြောပစ်ရင် သူများအတွက် ဘာမှမဟုတ်တာတွေဖြစ်သွားနိုင်ပြီး သူ့အတွက်တော့ နက်ရှိုင်းနေတဲ့ဟာမျိုးတွေပေါ့။ ဒီတော့ သူက သူ့အကြောင်းကို စကားလုံးနဲ့လည်းမပြောဘူး။ အရုပ်နဲ့လည်း ရိုက်မပြဘူး။ ဘာနဲ့ ဒိုကူမန်ထရီ ရိုက်ပြသလဲဆို သူရဲ့ Handful of Truths တွေကို သမိုင်းထဲက တချို့ဖြစ်ရပ်တွေမှာ သူ့ကိုယ်သူထည့်ပြီးပြတယ်။ ဒီလိုပြတဲ့နေရာမှာ Chronology ကာလစဉ်အတိုင်း မပြဘူး။ ဗြောက်သောက် ပေါ်လာချင်သလိုပေါ်လာလိမ့်မယ်။ ကာလစဉ်လွဲနေတဲ့ Chronicle လိုမျိုး ပြတယ်။ ဒါပေမဲ့ ဒီလိုပြတဲ့နေရာတွေမှာရော အိပ်မက်လိုနေရာတွေမှာရော သူညှပ်ထားတဲ့ စကားလုံးတွေက ဆန်းသလိုလိုရှိပေမဲ့ သူ့အရင်ကားတွေနဲ့ယှဉ်ရင် သူ့အကြောင်းသူပြောနေတယ်လို့ ထင်ရလောက်အောင် ဇာတ်ကောင်မဆန်နေတာမျိုးတွေကို သူ့ကားတွေကို ရင်းနှီးရင် အလိုလို သတိထားမိလောက်တယ်။ တစ်ဝက်ကျော်လောက်မှာ ကိုယ်တိုင်လည်း သတိထားမိလို့ ဒါရိုက်တာရဲ့ဘဝအကြောင်းရှာကြည့်တော့ ဒီထဲက ဇာတ်ကောင်ရဲ့ဘဝအစပိုင်းက သူ့ဘဝအစပိုင်းနဲ့ ချွတ်စွပ်လိုဖြစ်နေတာကို တွေ့ရတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း နောက်ဆုံးအချိန်ကို ဦးတည်တာဆိုတော့ သူ့အကြောင်းလို့တော့ ပြောလို့မရဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ထဲက ဇာတ်ကောင်က သူ့အကြောင်းကို ပြောပြဖို့ ဒဲ့မပြောဘဲ False Chronicle of a Handf

https://m.media-amazon.com/images/M/MV5BMTY2ODUzMDY3OV5BMl5BanBnXkFtZTcwMzg3NDE3Mw@@._V1_FMjpg_UX1000_.jpg Khatta Meetha (2010) ⭐IMDB: 5.8/10 (11 k Votes) 🎬 #Bollywood #Comedy #Crime #Drama 🗓️ 2010 🎞️ Movie 📺 720p HD 🌎 India ⏰ 2 နာရီ 38 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Khatta Meetha (2010)********************ဒီဇာတ်ကားလေးကတော့ IMDb rating 5.8အထိရရှိထားပြီး ပရိတ်သတ်အချစ်တော်မင်းသားကြီးအက်ရှေးကုမားရ်နဲ့မင်းသမီးတရီရှာခရစ်ရှ်နန်းတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Comedyအမျိုးအစားဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဆာချင်ဟာ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုပဲကိုယ်အာရုံစိုက်ပြီးမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွည်ချက်ရှိတဲ့ ရိုးသားကြိုးစားတဲ့ ကန်ထရိုက်တာတစ်ယောက်ပါ။သူဟာ ဘာလုပ်လုပ် တလွဲတချော်တွေချည်း ဖြစ်ကုန်တဲ့အတွက်သူ့ကို အလုပ်ကလူတွေရော သူ့ရဲ့အိမ်သားတွေကပါ တစ်ခါမှ အကောင်းမပြောကြပါဘူး။ ဒီလိုနဲ့ပဲ ကိုယ့်အတွက်ပဲ ကိုယ်သိပြီး ဘဝင်မြင့်တဲ့ ဆာချင်တစ်ယောက် တစ်နေ့မှာတော့သူ့ရဲ့ အချစ်ဦးကို ပြန်တွေ့လိုက်ရတဲ့ခါ ဘာတွေဆက်ဖြစ်မှာလဲ …?ဆာချင်တစ်ယောက် သူလုပ်ချင်တာကိုရော အောင်မြင်အောင်လုပ်နိုင်မှာလား …?အချစ်၊ဟာသနဲ့ အကျင့်ပျက်ချစားမှုတွေအကြောင်း စုံစုံလင်လင်ပါဝင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွှတ်သင့်ပါကြောင်း….ဘာသာပြန်သူတွေကတော့ Intelligence,Soe Kalayarနဲ့ Thaik Sanတို့ပဲဖြစ်ပါတယ်

https://image.tmdb.org/t/p/original/245HaS030UkKjv7ieLiShWlJ91x.jpg The Doll 3 (2022) ⭐IMDB: 4.4/10 (205 Votes) 🎬 #Horror #Thriller 🗓️ 2022 🎞️ movie 📺 1080p FHD 🌎 Indonesia ⏰ 1 နာရီ 55 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Doll 3 (2022) အင်ဒိုနီးရှား အရုပ်သရဲကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ မိဘတွေရဲ့ ကားအက်ဆီးဒင့်ကြောင့်စိတ်ဒဏ်ရာရနေတဲ့ မောင်လေးကို Tara က ပြုစုစောင့်ရှောက်ရပါတယ်။ သူ့မောင်လေးက ဆေးရုံကနေ ဆင်းလာပြီးတဲ့နောက်ပိုင်းအစ်မ Tara မှာ ချစ်သူရှိနေမှန်းသိသွားတော့သူ့ကို Tara က မချစ်တော့ဘူးလို့တွေးပြီးသူတို့လက်ထပ်ခွင့်တောင်းတဲ့နေ့မှာပဲ တိုက်ပေါ်ကနေခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။အဲဒီကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်တဲ့ Tara ကသူ့မောင်လေးကို နှုတ်ဆက်စကားပြောချင်လို့ဆိုပြီးနတ်ဆရာဆီမှာ ဝိညာဉ်ဆင့်ခေါ်ပြီး အရုပ်ထဲကို သူ့မောင်လေးရဲ့ဝိညာဉ်သွင်းလိုက်ပါတယ်။သူ့မောင်လေးက အစတည်းက စိတ်ဒဏ်ရာရနေတဲ့အပြင်သူ့ရဲ့ဝိညာဉ်မှာ မကောင်းဆိုးဝါးစွမ်းအင်ပါ ပါလာတော့သူ့အစ်မကို လုယူသွားမယ့်သူတွေကို အပြတ်ရှင်းဖို့ ကြိုးစားလာတဲ့အခါTara အနေနဲ့ သူချစ်တဲ့သူတွေကို ကာကွယ်နိုင်ပါ့မလား၊သူ့မောင်လေးရဲ့ဝိညာဉ်ကိုရော ပြန်နှင်ထုတ်နိုင်ပါ့မလား၊မောင်လေးနဲ့ ချစ်သူကြားမှာ ဘယ်သူ့ကိုရွေးမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။ Genre….. Horror, ThrillerQuality…. 1080p | 720p | 480pFile size…1.4GB | 832MB | 476MBFormat… mp4Duration…. 1h 55minSubtitle…. Myanmar Subtitle (Hardsub)Translator …..Moh MohEncoder …..August

https://image.tmdb.org/t/p/original/56yDERdvxMksjy2SX5QjG0pKUCR.jpg Snow Day (2022) ⭐IMDB: 4.4/10 (125 Votes) 🎬 #Comedy #Family #Musical 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 N/A ⏰ 1 နာရီ 17 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Snow Day (2022) ဒီဇာတ်လမ်းလေးကတော့ ဆောင်းရာသီမှာ ချစ်ရသူနဲ့အတူတူကြည့်ပြီး ဖီးလ်လို့ကောင်းမယ့် လူငယ်ဆန်ဆန် ရိုမန်တစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း … Syracuseလို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ ဆောင်းရာသီနှင်းအရမ်းကျတဲ့ အခါမျိုးမှာ လမ်းတွေဟာနှင်းတွေနဲ့ပိတ်ပြီး ဆိုင်အားလုံးကျောင်းအားလုံးကိုပိတ်ရပါတယ်။ အဲ့လိုပိတ်ပေးတဲ့နေ့ကို Snow Day လို့ခေါ်တာပေ့ါ။ နတ်တာလီဘရတ်စတန်လို့ခေါ်တဲ့ ကလေးမလေးဟာ ‌ကျောင်းစာလုပ်ရမှာကို အရမ်းပျင်းပြီး အချိန်ပြည့် Snow Day ပိတ်ရက်ကိုမျှော်နေသူပါ။ သူ့မှာအကိုတစ်ယောက်ရှိပြီး သူ့အကိုမှာလည်း ကျိတ်ကြွေရတဲ့ ကောင်မလေးရှိနေပြီး တစ်ဖက်မှာလည်း ငယ်သူငယ်ချင်းကောင်မလေးက သူ့ရဲ့ကောင်းဖော်ဆိုးဘက်ဖြစ်နေပြန်ရော။ ဒီလိုနဲ့သူတို့သုံးယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းတွေ ထပ်ဖြစ်လာမလဲဆိုတာကတော့ … (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကZwel Zan Aungပါ။) File Size          :1.9GB,775MB, 393MBQuality            :1080p WEB-DL AC3 5.1CH,720p WEB-DL, 480pFormat            :mp4Duration         :1hr 36minsGenre              :Comedy, Family, MusicalTranslated byZwel Zan AungEncoded byKinnov

https://image.tmdb.org/t/p/original/AvbE67kjH7aeXKMTCdULIfw6U28.jpg The Doll (2016) ⭐IMDB: 5.1/10 (829 Votes) 🎬 #Horror #Thriller 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 Indonesia ⏰ 1 နာရီ 47 မိနစ် 07 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Doll (2016) 2016 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Doll သရဲကားတွေရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဓားပြမှုတစ်ခုမှာ တစ်မိသားစုလုံး ရက်ရက်စက်စက်အသတ်ခံရပြီးတဲ့နောက်မှာ ကလေးမလေးရဲ့ဝိညာဉ်ကတော့ မကျွတ်လွတ်ဘဲ သူပိုင်တဲ့ အရုပ်ကလေးမှာစွဲကပ်နေပါတယ်။ အဲဒီအနီးနားက လူတွေအားလုံးက ကလေးအရုပ်သရဲကို ကြောက်လန့်ပြီးသူနေဖို့ သစ်ပင်တစ်ပင်မှာ အရုပ်လေးကို ချိတ်ဆွဲပေးထားပါတယ်။ဒန်နီရယ်နဲ့ အန်ယာတို့ လင်မယားကတော့ တခြားမြို့ကနေ သူ့ယောက်ျားရာထူးတိုးလို့ ပြောင်းလာကြတဲ့စုံတွဲပါ။သရဲတစ္ဆေတွေကို အယုံအကြည်မရှိတဲ့ ဒန်နီရယ်ကသူ့ရဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်က အရုပ်သရဲနေတဲ့ သစ်ပင်ကို လှဲခိုင်းလိုက်တဲ့အခါမှာတော့ကလေးအရုပ်သရဲက သူတို့အိမ်ကို လိုက်လာပါတော့တယ်။ ကလေးအရုပ်သရဲက သူ့အပင်ကို လှဲလိုက်လို့ လိုက်လာတာလား။တခြားအကြောင်းရင်းတွေရော ရှိနေသေးလား။သူတို့နှစ်ယောက် ကလေးအရုပ်သရဲလက်ကနေ လွတ်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Moh Mohပဲ ဖြစ်ပါတယ်။ Genre…..Horror, ThrillerQuality…. 1080p | 720p | 480pFile size…1.5GB | 703MB | 348MBFormat… mp4Duration….1h 47minSubtitle…. Myanmar Subtitle (Hardsub)Translator …..Moh MohEncoder…..August

https://m.media-amazon.com/images/M/MV5BZDI2ZWI5ODMtNWI5OC00MzI5LWFjZDktZGExNjYxYmM3MTcwXkEyXkFqcGdeQXVyNjQwMDgzNzQ@._V1_FMjpg_UX1000_.jpg 9 Ways to Hell (2022) ⭐IMDB: 4.7/10 (80 Votes) 🎬 #Comedy #Drama #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 45 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 9 ways to hell (2022) 2022 မှာ Dante Inferno ကို inspiration ယူပြီး ရိုက်ထားတဲ့ 9 ways to hell ဟာ LA live Film Festival, Independent Horror Movie Award ​တွေက​နေ ဆုကြီးငါးဆုကို ရခဲ့တဲ့ Horror Compilation ကား​လေးဖြစ်ပါတယ် ဒီကားရဲ့ထူးခြားချက်က Director 9 ​ယောက်ပါဝင်ပြီး Lust,Glutonny,Greed အစရှိတဲ့ Segment 9 ပိုင်းကို Comedy ​ရော Horror ​ရော Drama ​ရော ရသစုံ​ပေးနိုင်​အောင် လက်စွမ်းပြ​ထားပါတယ် အခုလက်ရှိဖြစ်​နေတဲ့ လူမျိုး​ရေးပြသနာ, Social ပြသနာ ​တွေကိုပါ ထည့်သွင်းထားတာမို့ recommend ​ပေးပါတယ်ဗျ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပါ ) File Size__(1.5GB) / (600MB)Quality__WEB-Dl_1080p, 720pIMDb Rating__5/10Format__mp4Duration__01:30:00Type__Comedy, Drama, HorrorSubtitle__Myanmar Subtitle (Hardsub)Translated byDBEncoded byNaing Aung Latt

https://m.media-amazon.com/images/M/MV5BMTI2NzUxNjEzMl5BMl5BanBnXkFtZTcwOTMyNjM4MQ@@._V1_FMjpg_UX1000_.jpg Beverly Hills Chihuahua (2008) ⭐IMDB: 3.9/10 (25 k Votes) 🎬 #Adventure #Comedy #Drama 🗓️ 2008 🎞️ Movie 📺 1080p FHD 🌎 United States, Mexico ⏰ 1 နာရီ 31 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Beverly Hills (2008) အညွှန်း ဒီတစ်ခါမှာတော့ CM ကပရိသတ်ကြီးတို့ရဲ့ Childhood memory လေးတွေကိုတူးဆွပေးမယ့် ဇာတ်ကားကောင်းလေးတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ ခလိုဝီဆိုတာကတော့ LA Beverly Hills သူဌေးရပ်ကွက်မှာ Gucci တွေ Louis တွေအပြည့်နဲ့ ပိုးမွေးသလိုမွေးခံထားရတဲ့ Rk Chihuahuaမလေးဖြစ်ပြီး အတော်လေးလည်းကြီးကြီးကျယ်ကျယ်နိုင်ပါတယ်။ တစ်နေ့မှာတော့ ခလိုဝီ့သခင်က အလုပ်ခရီးသွားရမှာမို့လို့ ခလိုဝီ့ကို စပ်စလူးစိန်တူမဖြစ်သူနဲ့အပ်ခဲ့မိရာမှာ…ကလပ်တက်ပြီး ဘဲပဲငမ်းနေတဲ့ မမချောကြောင့် ခလိုဝီဟာ မက္ကဆီကိုလိုနိုင်ငံအလန်းစားလေးမှာလမ်းပျောက်ပြီး rk ခွေးဘဝကနေ လမ်းဘေးခွေးလုံးလုံးကိုရောက်သွားရပြီး ကုဋေရှစ်ဆယ်သူဌေးသမီးအကွက်နဲ့ ဗီဇာမပါ လေယာဥ်မစီးဘဲ US ကိုပြန်ရဖို့ အမျိုးစုံကြိုးခုန်ရပါတော့တယ်…..။ 2k born တို့ငယ်ငယ် တစ်ရာဖိုးသုံးခွေခေတ်တည်းက Eng Sub တစ်ဝက်တစ်ပျက်ကိုမှ ဘုမသိဘမသိနဲ့တောင် ကြိုက်လွန်းလို့ ကြည့်ခဲ့ရတဲ့ကားကောင်းလေးမို့လို့ ကြည့်ပြီးရင် နောင်တမရမှာအာမခံပါတယ်နော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hnin Wut Yi ပါ )File Size__(1.6GB) / (900MB)Quality__BluRay_1080p, 720pIMDb Rating__5/10Format__mp4Duration__01:31:00Type__Adventure, Comedy, DramaSubtitle__Myanmar Subtitle (Hardsub)Translated byHnin Wut YiEncoded byNaing Aung Latt

https://image.tmdb.org/t/p/original/56yDERdvxMksjy2SX5QjG0pKUCR.jpg Snow Day (2022) ⭐IMDB: 4.4/10 (125 Votes) 🎬 #Comedy #Family #Musical 🗓️ 2022 🎞️ movie 📺 720p HD 🌎 N/A ⏰ 1 နာရီ 17 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Snow Day (2022) ဒီဇာတ်လမ်းလေးကတော့ ဆောင်းရာသီမှာ ချစ်ရသူနဲ့အတူတူကြည့်ပြီး ဖီးလ်လို့ကောင်းမယ့် လူငယ်ဆန်ဆန် ရိုမန်တစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း … Syracuseလို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ ဆောင်းရာသီနှင်းအရမ်းကျတဲ့ အခါမျိုးမှာ လမ်းတွေဟာနှင်းတွေနဲ့ပိတ်ပြီး ဆိုင်အားလုံးကျောင်းအားလုံးကိုပိတ်ရပါတယ်။ အဲ့လိုပိတ်ပေးတဲ့နေ့ကို Snow Day လို့ခေါ်တာပေ့ါ။ နတ်တာလီဘရတ်စတန်လို့ခေါ်တဲ့ ကလေးမလေးဟာ ‌ကျောင်းစာလုပ်ရမှာကို အရမ်းပျင်းပြီး အချိန်ပြည့် Snow Day ပိတ်ရက်ကိုမျှော်နေသူပါ။ သူ့မှာအကိုတစ်ယောက်ရှိပြီး သူ့အကိုမှာလည်း ကျိတ်ကြွေရတဲ့ ကောင်မလေးရှိနေပြီး တစ်ဖက်မှာလည်း ငယ်သူငယ်ချင်းကောင်မလေးက သူ့ရဲ့ကောင်းဖော်ဆိုးဘက်ဖြစ်နေပြန်ရော။ ဒီလိုနဲ့သူတို့သုံးယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းတွေ ထပ်ဖြစ်လာမလဲဆိုတာကတော့ … (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကZwel Zan Aungပါ။) File Size          :1.9GB,775MB, 393MBQuality            :1080p WEB-DL AC3 5.1CH,720p WEB-DL, 480pFormat            :mp4Duration         :1hr 36minsGenre              :Comedy, Family, MusicalTranslated byZwel Zan AungEncoded byKinnov

https://m.media-amazon.com/images/M/MV5BMjE4NTA1NzExN15BMl5BanBnXkFtZTYwNjc3MjM3._V1_FMjpg_UX1000_.jpg How to Lose a Guy in 10 Days (2003) ⭐IMDB: 6.4/10 (242 k Votes) 🎬 #Comedy #Drama 🗓️ 2003 🎞️ movie 📺 720p HD 🌎 United States, Germany ⏰ 1 နာရီ 55 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2003 ခုနှစ်က ထွက်ခဲ့တဲ့ How to lose a Guy in 10 days ဆိုတဲ့ကားပါ ဒါကတော့Romance/Comedy အမျိုးအစားလေးပါ ဒီထဲမှာတော့ ဘန်ဂျမင်ဘယ်ရီဆိုတဲ့ ကြော်ငြာတာဝန်ခံတစ်ယောက်ဟာ စီမံကိန်းအကြီးကြီးတစ်ခုကို ရဖို့အတွက် အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဘန်ဂျမင်ဟာ မိန်းကလေးတစ်ယောက်ကို 10 ရက်အတွင်း သူ့ကိုကြွေဆင်းလာစေရမယ်လို့ လောင်းကြေးထပ်လိုက်တာပါ တစ်ချိန်တည်းမှာပဲ မဂ္ဂဇင်းမှာ 10 ရက်အတွင်း ယောကျ်ားတစ်ယောက်က ကိုယ့်ကိုထားခဲ့ချင်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို ရေးဖို့ ကုန်ကြမ်းလိုက်ရှာမယ့် အန်ဒီ အန်ဒါဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိနေပါတယ် သူဟာစမ်းသပ်ဖို့အတွက် ယောကျ်ားတစ်ယောက်ကိုရှာဖွေဖို့ ဖြစ်လာပါတယ် အလောင်းအစားလုပ်ပြီး သိပ်မကြာခင်မှာ သူတို့ နှစ်ယောက် ဆုံတွေ့ခဲ့ကြပါတယ် သူတို့ရည်ရွယ်ချက်တွေအတိုင်း ဘယ်သူကအောင်မြင်သွားမလဲ ဘာတွေဖြစ်သွားတယ်ဆိုတာကို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာပါ comedy ချစ်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ File Size : (900 MB)Quality : Blu-Ray 720pRunning Time : 1hr 56minFormat : Mp4Genre :Comedy, RomanceSubtitle : Myanmar Subtitle (Hard Sub)Source : 1080p.BluRay.x264-SPARKSSubtitle by Wai Linn KyawEncoded by Thanhtike Zaw

https://channelmyanmar.org/wp-content/uploads/2017/12/MV5BMjE4NTA1NzExN15BMl5BanBnXkFtZTYwNjc3MjM3._V1_.jpg How to Lose a Guy in 10 Days (2003) ⭐IMDB: ⁉️ 🎬 #Comedy #Drama 🗓️ 2003 🎞️ Movie 📺 720p HD 🌎 United States, Germany ⏰ 1 နာရီ 55 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2003 ခုနှစ်က ထွက်ခဲ့တဲ့ How to lose a Guy in 10 days ဆိုတဲ့ကားပါ ဒါကတော့Romance/Comedy အမျိုးအစားလေးပါ ဒီထဲမှာတော့ ဘန်ဂျမင်ဘယ်ရီဆိုတဲ့ ကြော်ငြာတာဝန်ခံတစ်ယောက်ဟာ စီမံကိန်းအကြီးကြီးတစ်ခုကို ရဖို့အတွက် အလောင်းအစားတစ်ခုလုပ်ခဲ့ပါတယ် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဘန်ဂျမင်ဟာ မိန်းကလေးတစ်ယောက်ကို 10 ရက်အတွင်း သူ့ကိုကြွေဆင်းလာစေရမယ်လို့ လောင်းကြေးထပ်လိုက်တာပါ တစ်ချိန်တည်းမှာပဲ မဂ္ဂဇင်းမှာ 10 ရက်အတွင်း ယောကျ်ားတစ်ယောက်က ကိုယ့်ကိုထားခဲ့ချင်အောင် ဘယ်လိုလုပ်မယ်ဆိုတာကို ရေးဖို့ ကုန်ကြမ်းလိုက်ရှာမယ့် အန်ဒီ အန်ဒါဆန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိနေပါတယ် သူဟာစမ်းသပ်ဖို့အတွက် ယောကျ်ားတစ်ယောက်ကိုရှာဖွေဖို့ ဖြစ်လာပါတယ် အလောင်းအစားလုပ်ပြီး သိပ်မကြာခင်မှာ သူတို့ နှစ်ယောက် ဆုံတွေ့ခဲ့ကြပါတယ် သူတို့ရည်ရွယ်ချက်တွေအတိုင်း ဘယ်သူကအောင်မြင်သွားမလဲ ဘာတွေဖြစ်သွားတယ်ဆိုတာကို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးလေး ရိုက်ကူးထားတာပါ comedy ချစ်ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ File Size : (900 MB)Quality : Blu-Ray 720pRunning Time : 1hr 56minFormat : Mp4Genre :Comedy, RomanceSubtitle : Myanmar Subtitle (Hard Sub)Source : 1080p.BluRay.x264-SPARKSSubtitle by Wai Linn KyawEncoded by Thanhtike Zaw

https://m.media-amazon.com/images/M/MV5BMTI4MTQ1NjQ2Ml5BMl5BanBnXkFtZTcwNTkzMTMzMQ@@._V1_FMjpg_UX1000_.jpg The Cave (2005) ⭐IMDB: 5.1/10 (39 k Votes) 🎬 #Adventure #Horror #Sci-Fi 🗓️ 2005 🎞️ movie 📺 720p HD 🌎 United States, Germany ⏰ 1 နာရီ 37 မိနစ် 09 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2005 ခု နှစ်မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Bruce Hunt က ရိုက်ကူးတင်ဆက်ထားပါတယ်.. စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းလေးဖြစ်လို့ အညွှန်းကိုတော့ မပေးတော့ပါဘူး.. ကိုယ်တိုင်ကြည့့်ပီးတော့ပဲ ခံစားလိုက်ပါ… Adventure, Horror, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာ မို့ချောက်ချောက်ချားချားနဲ့ဇာတ်လမ်းမိုက်မိုက်လေးတွေကြည့်ချင်သူတွေအတွက်တော့ သဘောကျ နှစ်သက်မယ့်ကားကောင်းတစ်ကားပါပဲ

https://m.media-amazon.com/images/M/MV5BMDQ5MjkyZTAtYzNmZi00YTU5LTg3NzktYTcxYTg4YWZmMWNjXkEyXkFqcGdeQXVyNDY5NjU5MDE@._V1_FMjpg_UX1000_.jpg The Chosen: Forbidden Cave (2015) ⭐IMDB: 5.0/10 (183 Votes) 🎬 #Horror #Thriller 🗓️ 2015 🎞️ Movie 📺 720p HD 🌎 South Korea ⏰ 1 နာရီ 46 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Chosen: Forbidden Cave (2015) ဒဏ္ဍာရီအဆိုတွေ ရှိခဲ့တဲ့ တားမြစ်ထားရလောက်တဲ့ထိ ကြောက်စရာကောင်းတဲ့ မြွေလိုဏ်ဂူတစ်ခု… အဲ့ဒီဂူထဲက အငြိုးကြီးတဲ့မကောင်းဆိုးဝါးတစ်ကောင်ဟာ မျိုးရိုးစဉ်ဆက်အလိုက် ရွေးချယ်ထားသူ နတ်ဆရာမျိုးရိုးမှာ ကူးပြောင်းလာရင်း ဂင်ဂွန်းဂျူဆိုတဲ့ အမျိုးသမီးဆီရောက်လာတဲ့အခါ ဂွန်းဂျူက လက်ခံဖို့ ငြင်းဆန်လိုက်တဲ့အခါမှာတော့ မိသားစုမှာ ကံဆိုးမှုတွေကြုံတွေ့ပြီး နောက်ဆုံး သမီးဖြစ်သူဆီ မကောင်းဆိုးဝါးက ကူးပြောင်းသွားတဲ့အခါ… ကူညီပေးမယ့် စိတ်ရောဂါဆရာဝန်ဖြစ်ရုံသာမက ဝိဉာဉ်လောကကိုပါ သိကျွမ်းတဲ့ ပါမောက္ခ ရှင်းဂျင်မြောင်နဲ့အတူ သူတို့အခက်အခဲကို ကျော်ဖြတ်သွားနိုင်မလားဆိုတာ ကြည့်ရှုလိုက်ကြရအောင်ပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) File Size__(1GB)Quality__720pIMDb Rating__5.5/10Format__mp4Duration__01:46:00Type__Horror , ThrillerSubtitle__Myanmar Subtitle (Hardsub)Translated byHay Mann ThitsarEncoded byNaing Aung Latt

https://m.media-amazon.com/images/M/MV5BNmQ3ODI0OWMtZjNlYS00MWQxLTg4MjEtNWM0NjAxZGUyZDk4XkEyXkFqcGdeQXVyOTAzMTc2MjA@._V1_FMjpg_UX1000_.jpg Arjun Patiala (2019) ⭐IMDB: 4.3/10 (2 k Votes) 🎬 #Action #Bollywood #Drama 🗓️ 2019 🎞️ Movie 📺 1080p FHD 🌎 India ⏰ 1 နာရီ 47 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Arjun Patiala (2019)*******************ဒိဇာတ်ကားလေးကတော့ IMDb rating 4.3ရရှိထားတဲ့ Comedy/Actionအမျိုးအစားဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး အာရ်ဂျွန်ပါတိယာလာအဖြစ်ဒိလ်ဂျီးတ် ဒိုဆာန့်ခ်ျနဲ့ ရီတူးရန်ဒါဝါအဖြစ် ကရီသီးဆနွန်းတို့ကပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။အချစ် ဟာသနဲ့ အက်ရှင်တွေစုံစုံလင်လင်ပါဝင်ပြီး ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အာရ်ဂျွန်ပါတယာလာလို့ခေါ်တဲ့ရဲအရာရှိနဲ့သူ့ရဲ့လက်ထောက်အိုနီဒါတို့ဟာဆိုရင် သူတို့ရဲ့မြို့ထဲမှာရမ်းကားနေတဲ့လူမိုက်တွေကို ရှင်းထုတ်ပစ်ဖို့ အကြံထုတ်ကြပါတယ်။ အဲဒီအချိန် အာရ်ဂျွန်တစ်ယောက်ဟာ ရီတူဆိုတဲ့အလုပ်မှာစိတ်အားထက်သန်တဲ့သတင်းထောက်မ‌ချောချောလေးနဲ့ ‌ ဆုံတွေ့ကာ သူမကို မြင်မြင်ချင်းသဘောကျနှစ်ခြိုက်မိသွားပါတယ်။ အာရ်ဂျွန်တစ်ယောက်မြို့ထဲက လူမိုက်တွေကိုရှင်းထုတ်ပစ်ပြီးသူ့ရဲ့အိပ်မက်ကို အကောင်အထည် ဖော်နိုင်မှာလား…ရီတူကရော အာရ်ဂျွန်ကိုလက်ခံပါ့မလား….အာရ်ဂျွန်ရဲ့အကြံအစည်ကို‌ရော လူမိုက်တွေက ရိပ်မိသွားမလား….ဘယ်လို အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူ ပေးကြပါလို့ ….ဘာသာပြန်တွေကတော့ Intelligenceနဲ့ Soe Kalayarတို့ဖြစ်ပြီးဘာသာပြန်လိုအပ်ချက်များကို ဖြည့်စွက်ပြင်ဆင်ထားတာကတော့ Thaik Sanပဲ ဖြစ်ပါတယ်။

https://m.media-amazon.com/images/M/MV5BZWMyMGZjNmEtYWMxOS00OWFkLWIyYjgtYjI0ZjcwN2NmMjlmL2ltYWdlXkEyXkFqcGdeQXVyNTAyODkwOQ@@._V1_FMjpg_UX1000_.jpg True Legend (2010) ⭐IMDB: 6.4/10 (9 k Votes) 🎬 #Action #Asian #Fantasy 🗓️ 2010 🎞️ movie 📺 720p HD 🌎 China ⏰ 1 နာရီ 54 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 6.4 ရထားပြီး တိုက်ခိုက်ခန်းတွေ များများပါတဲ့ ဇာတ်ကားတစ်ကားကို သိုင်းကားကြိုက်ပရိတ်သတ်ကြီး အတွက်တင်ဆက်ပေးလိုက်ပါရစေ ပါ၀င်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေက ပရိတ်သတ်ကြီး နဲ့ သိပ်မစိမ်းလှတဲ့ မင်းသားမင်းသမီးတွေဖြစ်ပြီး အဓိက ဇာတ်ဆောင်မင်းသားကြီးကတော့ သိုင်းလောကမုန်တိုင်း ဇာတ်လမ်းတွဲထဲက မင်းသားကြီး ယွဲ့ဖုနး္ ဖြစ်ပါတယ် သိုင်းလောက မုန်တိုင်းဇာတ်ကားထဲကလိုပဲ ဒီကားထဲမှာလဲ ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်သွားနိုင်တာကို ပရိတ်သတ်ကြီးက ခံစားကြည့်ရှူရမှာပါ ဒီဇာတ်လမ်းလေးထဲမှာတော့ အတ္တတွေ မာန်မာနတွေနဲ့ လက်စားချေခြင်းရဲ့ ပူလောင်ခြင်းသဘောတရားတွေသာမကပဲ လူ့လောက မှာ နေ့စဥ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ သဘောသဘာ၀တွေကိုပါ မီးမောင်းထိုးပြထားပြီး အတ္တကြီးပြီး စိတ်ဖောက်ပြန်တတ်ပုံကိုလညး္ ပီပီပြင်ရိုက်ကူးပြထားတာကိုတွေ့ရပါတယ် ဇာတ်လမ်း အကျဥ်းလေးကတော့ ဗိုလ်မှူး စုဟာ သူ့စစ်တပ်ကနေ အနားယူပြီး မိန်းမဖြစ်သူနဲ့ အတူ ဘ၀ကို ရိုးရှငး္စွာ ဖြတ်သန်းနေသူတစ်ဦးပါ စု ရဲ့ ယောက္ဖ နဲ့ မိန်းမကို စုရဲ့ အဖေကပဲ မွေးစားပြီး ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်  ဒီလို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်ဆိုတာကလညး္ စု ရဲ့ အဖေဟာ လူအများ အကျိုးအတွက် စု ယောက္မကြီးကို သတ်ခဲ့လို့လညး္ဖြစ်ပါတယ် ဒီလို နဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ စုရဲ့ ယောက္ဖဟာ တစ်နေ့မှာ အိမ်ပြန်လာပြီး မွေးအဖေရဲ့ သွေးကြွေးကလဲ့စားကို လှလှပပကြီး ဆပ်လိုက်တဲ့ အခါမှာတော့ ကဲ ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့နော် ဒီဇာတ်ကားကို ဘာသာပြန်ပေးတဲ့သူကတော့ Kyaw Myo Thu ပဲဖြစ်ပါတယ်ဗျ [IMDb 6.4 ရထားပြီး တိုက်ခိုက်ခန်းတွေ များများပါတဲ့ ဇာတ်ကားတစ်ကားကို သိုင်းကားကြိုက်ပရိတ်သတ်ကြီး အတွက်တင်ဆက်ပေးလိုက်ပါရစေ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားမင်းသမီးတွေက ပရိတ်သတ်ကြီး နဲ့ သိပ်မစိမ်းလှတဲ့ မင်းသားမင်းသမီးတွေဖြစ်ပြီး အဓိက ဇာတ်ဆောင်မင်းသားကြီးကတော့ သိုင်းလောကမုန်တိုင်း ဇာတ်လမ်းတွဲထဲက မင်းသားကြီး ယွဲ့ဖုန်း ဖြစ်ပါတယ် သိုင်းလောက မုန်တိုင်းဇာတ်ကားထဲကလိုပဲ ဒီကားထဲမှာလဲ ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်သွားနိုင်တာကို ပရိတ်သတ်ကြီးက ခံစားကြည့်ရှူရမှာပါ ဒီဇာတ်လမ်းလေးထဲမှာတော့ အတ္တတွေ မာန်မာနတွေနဲ့ လက်စားချေခြင်းရဲ့ ပူလောင်ခြင်းသဘောတရားတွေသာမကပဲ လူ့လောက မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ လူတွေရဲ့ သဘောသဘာဝတွေကိုပါ မီးမောင်းထိုးပြထားပြီး အတ္တကြီးပြီး စိတ်ဖောက်ပြန်တတ်ပုံကိုလည်း ပီပီပြင်ရိုက်ကူးပြထားတာကိုတွေ့ရပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ဗိုလ်မှူး စုဟာ သူ့စစ်တပ်ကနေ အနားယူပြီး မိန်းမဖြစ်သူနဲ့ အတူ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူတစ်ဦးပါ စု ရဲ့ ယောက္ဖ နဲ့ မိန်းမကို စုရဲ့ အဖေကပဲ မွေးစားပြီး ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်  ဒီလို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်ဆိုတာကလည်း စု ရဲ့ အဖေဟာ လူအများ အကျိုးအတွက် စု ယောက္မကြီးကို သတ်ခဲ့လို့လည်းဖြစ်ပါတယ် ဒီလို နဲ့ အုပ်ချုပ်ရေးမှူးဖြစ်လာတဲ့ စုရဲ့ ယောက္ဖဟာ တစ်နေ့မှာ အိမ်ပြန်လာပြီး မွေးအဖေရဲ့ သွေးကြွေးကလဲ့စားကို လှလှပပကြီး ဆပ်လိုက်တဲ့ အခါမှာတော့ ကဲ ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်ရှူလိုက်ပါတော့နော် ဒီဇာတ်ကားကို ဘာသာပြန်ပေးတဲ့သူကတော့ Kyaw Myo Thu ပဲဖြစ်ပါတယ်ဗျ]Yoteshin Linkပြန်ရပါပြီ၊ အရင်ဆုံး Playstoreကနေ Update တင်ပေးဖို့လိုပါမယ်။ ပြီးရင် Phone Settingထဲကနေ Appကို Clear Dataလုပ်ပေးပါ။ Sing inဝင်တဲ့အခါ 403 Errorပြရင် အချိန်တစ်ခုလောက်စောင့်ပြီးမှပြန်ဝင်ပါ။ Googleဘက်ကနေ Limitကန့်ထားတာမို့ပါ။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins

https://m.media-amazon.com/images/M/MV5BNjAxZTEzNzQtYjdlNy00ZTJmLTkwZDUtOTAwNTM3YjI2MWUyL2ltYWdlXkEyXkFqcGdeQXVyNTAyODkwOQ@@._V1_FMjpg_UX1000_.jpg Tae Guk Gi: The Brotherhood of War (2004) ⭐IMDB: 8.0/10 (40 k Votes) 🎬 #Action #Asian #Drama #War 🗓️ 2004 🎞️ Movie 📺 720p HD 🌎 South Korea ⏰ 2 နာရီ 28 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူကြိုက်များပြီးသားစစ်ကားတကားဖြစ်သလို မြန်မာစာတန်းထိုးနဲ့ ရသပြည့်ပြည့်၀၀ ခံစားရအောင်တင်ဆက်ပေးလိုက်ပါတယ်သမိုင်းနောက်ခံ Fatherland Liberation War လို့ခေါ်တဲ့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြားမှာ25ဇူလိုင်လ၁၉၅၀ကနေစပြီးဖြစ်ပွါးခဲ့ပါတယ် ၃နှစ်ကြာ(၁၉၅၀ ဇူလိုင် ၂၇မှ)ပြီးမယ့်ဒီစစ်ပွဲမှာ အမေရိကန်တွေက တောင်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့သလို ဆိုဗီယက်အထောက်အပံ့ရထားတဲ့တရုတ်တွေကမြောက်ကိုရီးယားဘက်ကဝင်တိုက်ပေးခဲ့တယ်ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလအရှိန်မြင့်နေတဲ့အချိန်မှာဖြစ်ခဲ့တဲ့ဒီစစ်ပွဲမှာ၁၉၄၅စက်တင်ဘာလ၈ရက်နေ့ ဒုတိယဗိုလ်ချုပ်ကြီး အန်ချီယွန်ကိုရောက်လာပြီးလတ္တီကျူ38ဒီဂရီမျဉ်းနဲ့အပြိုင်ဒေသမှာ ဂျပန်တို့လက်နက်ချပွဲတက်ရောက်ခဲ့တယ်၁၉၄၅ဒီဇင်ဘာလမှာ ဆိုဗီယက်အမေရိကန်ကော်မရှင်အဖွဲ့ကကိုရီးယားကိုအုပ်ချုပ်ခဲ့တယ် ဂျပန်ကိုအတူတိုက်ထုတ်ခဲ့ကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာတောင်မြောက်ကွဲပြီးသူသေကိုယ်သေတိုက်နေသလို စစ်အေးကာလသြဇာကြီးမားဖို့အတွက်အမေရိကန်နဲ့ဆိုဗီယက်တို့ကလဲအပြိုင်အဆိုင်တိုက်ကောင်းနေကြတဲ့အချိန်လဲဖြစ်တယ် ဇာတ်လမ်းအကျဉ်း အေးချမ်းပြီးပျော်ဖို့ကောင်းတဲ့မိသားစုတခုမှာဂျင်တေး ဂျင်ဆောက်ညီအကို၂ယောက်….ညီအကို၂ယောက်ကတော့  ဒါရိုက်တာရင်နဲ့ထယ်ဆောက်လို့လူသိများတဲ့နာမည်ကြီးမင်းသား နှစ်ယောက်ပဲဖြစ်ပါတယ်…သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်းဇာတ်ကားဟာ ပိုပြီးတော့ ရသမြောက်ခဲ့တယ်လို့ပဲဆိုရမှာပေ့ါ…..အဖေမရှိတော့ပေမယ့် သူတို့ကိုချစ်တဲ့စကားမပြောနိုင်တဲ့အမေရယ် အကိုဂျင်တေးရဲ့စေ့စပ်ထားတဲ့မိန်းမရယ်သူ့မောင်လေးတွေနဲ့သူတို့မိသားစုကအတော်ကိုအေးချမ်းခဲ့တယ် ဖိနပ်ချုပ်ဖိနပ်တိုက်တဲ့အကိုဖြစ်သူကစာတော်ပြီးလိမ္မာရေးခြားရှိတဲ့သူ့ညီကိုအတော်ကိုချစ်ခဲ့တယ်… ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲကသူတို့မိသားစုကိုမမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတွေသယ်လာပေးခဲ့တယ်အသက်၁၈နှစ်ကနေ၃၀ကြား ယောက်ျားအားလုံးစစ်မှုထမ်းရမယ်ဆိုတဲ့အမိန့်အောက်မှာညီဖြစ်သူဂျင်တေးအစားလိုက်သွားဖို့တောင်းဆိုရင်းကနေညီအကို၂ယောက်စလုံး စစ်ပွဲထဲပါခဲ့တယ် စစ်ဖြစ်နေတဲ့ကာလမှာညီဖြစ်သူကိုအိမ်ပြန်နိုင်အောင်ဘယ်လိုကြိုးစားခဲ့လဲ…သူချစ်တဲ့သူ့ဇနီးလောင်း..သူ့မိခင်ကြီးတို့ဘယ်လိုရုန်းကန်ခဲ့ရသလဲ…ဖိနပ်ချုပ်နေရင်းနဲ့သူ့ညီစာသင်ပေးခဲ့တဲ့ ကောင်လေးတယောက်က မြောက်ကိုရီးယားတပ်ထဲအတင်းသွင်းခံရတဲ့အခါမှာ သူတို့ဘယ်လိုတွေရင်ဆိုင်ခဲ့ကြလဲ…စစ်ပွဲသရုပ်ပေါ်လွင်အောင်ရိုက်ထားတဲ့စစ်ကားဖြစ်သလိုအချစ်အမုန်းရသစုံအောင်ဇာတ်အိမ်ဖွဲ့ထားတဲ့ဒီစစ်ကားလေးဟာလည်းအပစ်အခတ်အကြမ်းအတမ်းတွေကြားမှာ ဂရုဏာသက်စရာ သနားစရာ ဇာတ်ဝင်ခန်းတွေကိုရိုက်ပြသွားတဲ့ ရိုက်ကွက်တွေဟာဆိုရင် တကယ်ကိုပြောင်မြောက်လွန်းပါတယ်IMDb rating 8.2 ထိရထားပြီး အတော်လေးကိုကောင်းတဲ့စစ်ကားဖြစ်ကြောင်းညွှန်းပါရစေမဖြစ်မနေကြည့်သင့်တဲ့စစ်ကားတကားဖြစ်တယ်လို့ပဲညွှန်းပါရစေ…

https://m.media-amazon.com/images/M/MV5BOTU2OTgzNTMtZDg1NS00MWEyLTk4YzYtZWM3YjI4YmQ5N2NiXkEyXkFqcGdeQXVyNjYxMjkzMzQ@._V1_FMjpg_UX1000_.jpg Brotherhood of Blades 2 (2017) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Action #Asian #Drama #History 🗓️ 2017 🎞️ Movie 📺 720p HD 🌎 China ⏰ 1 နာရီ 59 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2014 မှာ ထွက်ရှိခဲ့တဲ့ ‘Brotherhood of Blades’ ရုပ်ရှင် နောက်ဆက်တွဲရုပ်ရှင်ဖြစ်ပြီး ပထမကားမှာ ပါ၀င်ခဲ့တဲ့ မင်းသား Chang Chen အပြင် နာမည်ကျော်မင်းသမီး Yang Mi တို့ ပါ၀င်လာပါတယ်။ ပထမကားလိုပဲ မင်အင်ပါယာကို အခြေခံတဲ့ ရုပ်ရှင်ဖြစ်ပြီး အင်ပါယာရဲ့ ကိုယ်ရံတော်အဖွဲ့သား တဦးဖြစ်တဲ့ Shen Lian က သူ့အပေါ် ပူးပေါင်းကြံစည်ထားတဲ့ မတရားမှုရဲ့ နောက်ကွယ်က အမှန်တရားကို ရှာဖွေဖော်ထုတ်မှာဖြစ်ပြီး martial arts အသားပေးသွားမှာပါ။ တွဲဖက် ကိုယ်ရံတော်နဲ့ ဓါးသမားအသစ်တွေလည်း ပါ၀င်အုံးမှာပါ။ 2014 မှာ ထွက်ရှိလာတဲ့ Brotherhood of Blades ဟာ ရုပ်ရှင်ကားကောင်းအဖြစ် မှတ်ချက်ကောင်းတွေ အညွှန်းကောင်းတွေ ရခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ဆက်တွဲ ထပ်မံရိုက်ကူးလာခဲ့တာပါ။ ဒီတကြိမ်မှာတော့ Yang Mi, Zhang Yi, Xin Zhi Lei တို့ကို အားဖြည့်လာခဲ့ပါတယ်။ ဒီ sequel ရုပ်ရှင်မှာတော့ ပထမကားမှာ ပါ၀င်ခဲ့တဲ့ အခြားကာရိုက်တာတွေ မပါလာတော့ပဲ အဓိကမင်းသားဖြစ်တဲ့ ထိုင်၀မ်သရုပ်ဆောင် Chang Chen ပဲ ပြန်ပါလာပါတယ်။ တွဲဖက်အဖြစ်တော့ နာမည်ကျော်မင်းသမီးချော Yang Mi (Eternal Love, L.O.R.D: Legend of Ravaging Dynasties) ပါ၀င်လာပါတယ်။ ဒါရိုက်တာ Lu Yang ကပဲ ပြန်လည်တာ၀န်ယူရိုက်တာဖြစ်ပါတယ်။ ဒါရိုက်တာ Lu Yang ဟာ ဘေဂျင်ရုပ်ရှင်အကယ်ဒမီမှာ ဒါရိုက်တာပိုင်း အဓိကနဲ့ မာစတာဒီဂရီ ရခဲ့သူပါ။ သူပထမဆုံး ရိုက်ကူးတဲ့ My Spectacular Theatre (2010) ဟာ Busan နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Audience Award ဆုရခဲ့ပါတယ်။ Brotherhood of Blades (2014) ဟာ ဒုတိယမြောက် ဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ကားဖြစ်ပြီး အောင်မြင်မှုရခဲ့သလို တရုတ်ပြည်ရဲ့ အလားအလာရှိတဲ့ လူငယ်ဒါရိုက်တာအဖြစ်လည်း မှတ်ချက်ကောင်း ရသွားခဲ့ပါတယ်။ ဒီတကြိမ် ရုပ်ရှင်ကိုတော့ တရုတ်ပြည် အဓိကမြို့ကြီး အတော်များများမှာ သွားရောက်ရိုက်ကူးထားခဲ့ကာ ဇွန်လမှာတုန်းက ရှန်ဟိုင်းရုပ်ရှင်ပွဲတော်မှာ ပြသထားခဲ့တယ်။ တရုတ် နာမည်ကျော် Weibo.com မှာ ရုပ်ရှင်ကားကောင်းအဖြစ် အညွှန်းကောင်းတွေကို ရရှိထားပြီး မင်းသား Chang Chen ကို ချီးကျူးထားကြပါတယ်။ Ref: china.org #motaku #ဟန္သာ (ရုပ်ရှင်အညွှန်းကိုMotaku.Clubမှ ကူးယူဖော်ပြပါသည်။)

https://m.media-amazon.com/images/M/MV5BMjdmYzllZDYtY2EzYS00ZTlhLTlkNzMtNWIzOTk5MTBhNzEyXkEyXkFqcGdeQXVyMzg2MzE2OTE@._V1_FMjpg_UX1000_.jpg Brotherhood of Blades (2014) ⭐IMDB: 6.6/10 (3 k Votes) 🎬 #Action #Asian #Drama #History 🗓️ 2014 🎞️ movie 📺 720p HD 🌎 China ⏰ 1 နာရီ 51 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Screenshots မင် မင်းဆက် နောက်ဆုံးကာလများတွင် ဆရာတူ ညီအစ်ကိုသုံးယောက်သည် ဂျင်းရိဝေ ခေါ်ဘုရင့်လျှူိ့ဝှက်ရဲအဖွဲ့ တွင် ဝင်ရောက်အမှုထမ်းကြသည်။ တစ်ကယ်တော့ သူတို့က ညီအစ်ကိုလေးယောက်ဖြစ်ပြီး တစ်ယောက်မှာ လေလွင့်နေ၍ ရံဖန်ရံခါ ညီအငယ်ဆုံးထံ အကြွေးလာတောင်းလေ့ရှိသည်။ သူတို့လုပ်ခလစာမှာ တစ်နှစ်မှ ငွေစ နှစ်ဆယ်ခန့်သာရှိသည်။ အစ်ကိုကြီးကရာထူးတိုးချင်သည်။ အထက်အရာရှိကို တောင်းပန် မျက်နှာချိုသွေးသော်လည်း အရာရှိက ငွေသာလိုချင်၍ အခက်တွေ့ရသည်။ အစ်ကိုလတ်ကလည်း သူ့ပယောဂမကင်းဘဲ ဆောင်ကြာမြိုင်ရောက်သွားရရှာသော မိန်းကလေးကို ပြန်ရွေးချင်သည်။ အငယ်ဆုံးညီကလည်း လေလွင့်နေသောအစ်ကိုက ငွေစ တစ်ရာ လာတောင်းနေ၍ ဒုက္ခရောက်နေသည်။ တစ်နေ့တွင် ဘုရင့်နန်းတော်မှကုန်းကုန်းတစ်ယောက်ရောက်လာပြီး သစ္စာဖောက် ကုန်းကုန်း ဝေကျုံးရှန် ကို လိုက်လံဖမ်းဆီးဖို့အမိန့်ပေးသည်။ ထိုကုန်းကုန်းက သူတို့ညီအစ်ကို သုံးယောက်ကို တိတ်တဆိတ်မှာသည်ကတော့ဝေကျုံးရှန်ကို အသေသတ်ဖို့ဖြစ်ပေသည်။(ဝေကျုံးရှန် ဆိုသော ကုန်းကုန်းမှာ သမိုင်းတစ်လျှောက် တန်ခိုးအာဏာအကြီးဆုံး၊ အဆိုးသွမ်းဆုံးကုန်းကုန်း တစ်ယောက်ဖြစ်သည်။ ဧကရာဇ် ထျန်းချိ ကို ငယ်စဥ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်ခဲ့သူဖြစ်ရာ ထျန်းချိ ဧကရာဇ်ဖြစ်သော အခါ  အဖအရာ ထား၍ မြှောက်စားထားသဖြင့်နန်းတွင်းတွင် တန်ခိုးအထက်ဆုံး၊ အာဏာ အပြင်းဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ သူ့လက်ထက်တွင်ဂျင်းရိဝေ လျှူိ့ဝှက်အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းနှင့်မတည့်သူများကို ရက်စက်စွာ နှိပ်ကွပ်ခဲ့သည်။ ဧကရာဇ်ကွယ်လွန်ခါနီးတွင် သူ့ညီ ချုံးကျန်းကို အာဏာလွှဲပေးခဲ့ရာ ဝေကျုံးရှန် အနည်းငယ် အခက်တွေ့ခဲ့သည်။ချုံးကျန်းဧကရာဇ်သည် ဝေကျုံးရှန်ကို ကြောက်ရွံ့သဖြင့် မထင်မရှားသာ နေခဲ့ရာ ဘုရင်ဖြစ်သောအခါဝေကျုံးရှန်ကို ရှင်းလင်းပစ်ရန် အကြံထုတ်သည်။ နန်းတော်တစ်ခုလုံး ဝေကျုံးရှန်လူချည်းဖြစ်သဖြင့်သူ့အာဏာကို အတော်ပြန်တည်ဆောက်ယူရသသည်။ ထို့နောက် ပြစ်မှုများရှာ၍ ဝေကျုံးရှန်ကိုမြိုင်ရပ်နှင်လိုက်သည်။ သို့သော်ဘုရင့်အကြံပေးတစ်ယောက်က ကျားကို တောထဲပြန်လွှတ်သည်နှင့်တူကြောင်းပြော၍ ဝေကျုံးရှန်ကို ပြန်ဖမ်းလာဖို့ အမိန့်ထုတ်သည်။ နောက်ဆုံး ဝေကျုံးရှန် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားသည်။ ချုံးကျန်းဧကရာဇ်သည် မင် မင်းဆက်၏ နောက်ဆုံး ဧကရာဇ်ဖြစ်ပြီး သူကွယ်လွန်သောအခါ မန်ချုး ကျင်မင်းဆက်က တရုတ်တပြည်လုံးကို စတင်အုပ်စိုးသည်။)ညီအစ်ကိုသုံးယောက်တို့တွေ့သောအခါ အစ်ကိုလတ်က ဝေကျုံးရှန်လာဘ်ထိုးသည်ကို လက်ခံပြီးလူငယ်တစ်ယောက်အလောင်းကိုမီးရှုိ့၍ ပြန်ယူလာကာ ဝေကျုံးရှန်သေပြီဟုအထက်ကို တင်ပြခဲ့သည်။အစ်ကိုလတ်လာဘ်ယူခဲ့သည်ကို ကျန်ညီကိုနှစ်ယောက်က မသိကြပေ။ဝေကျုံးရှန်ကို သတ်ခိုင်းသော ကုန်းကုန်းသည် ဝေကျုံးရှန်နေရာကို လိုချင်သည်။ သို့သော် ဝေကျုံးရှန်မသေကြောင်း သူသိသောအခါ တုန်လှုပ်သွားသည်။ ဝေကျုံးရှန်က ထိုကုန်းကုန်းကို သူလာဘ်ထိုးလိုက်သော ညီအစ်ကို သုံးယောက်ကို အကြောင်းရှာ၍ ပြန်သတ်ခိုင်းသည်။ သို့သော် သူတို့ညီအစ်ကိုသုံးယောက်မှာလွယ်လွယ်နှင့်မသေချေ။ အစ်ကိုလတ်က သူ ရလာသော လာဘ်ငွေဖြင့် ညီအစ်ကိုတို့၏ ငွေကြေးပြႆဏနာများကိုရှင်းသည်။ အစ်ကိုကြီးကို ရာထူးတိုးပေးဖို့ အထက်အရာရှိကို လာဘ်ထိုးသည်။ အထက်အရာရှိကသူ့ထက်ရာထူးကြီးသူကို မျက်နှာလုပ်ဖွင့်ပြောရာ အစ်ကိုကြီး ရာထူးတိုးအခမ်းအနားတွင် အရှက်ခွဲခံရသည်။အစ်ကိုလတ်ခမျာလည်း သူကြိုက်သော ဆောင်ကြမြိုင်ကမိန်းကလေးသည် သူ့ကိုမကြိုက်ဘဲ တခြားလူတစ်ယောက်ကိုကြိုက်နေသည်ကို သိရသောအခါအသဲကွဲရသည်။ ထို့နောက် အစ်ကိုလတ်က ကျန်ညီအစ်ကိုများကို သူလာဘ်ယူခဲ့ကြောင်းဝန်ခံသည်။ သူတို့ညီအစ်ကိုသုံးယောက်သည် ကြောက်မက်ဖွယ်ရာ လျှူိ့ဝှက် ပူးပေါင်းကြံစည်မှုတစ်ခုကြားတွင် ရောက်နေကြောင်း သဘောပေါက်လာသောအခါ …..။ဒါရိုက်တာ လုယန်ရိုက်ကူး၍ ချန်းချန် ခေါင်းဆောင်ပါဝင်ထားသော ဤဇာတ်ကားသည် ဒရာမာသိုင်းအက်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး IMDb Rating(6.6/10) ရရှိထားပါသည်။(ရုပ်ရှင်အညွှန်းကို mandalaygazette.com မှကူးယူဖော်ပြပါသည်။)

https://image.tmdb.org/t/p/original/6e2YvN1tQK4xQHlmy7GJTuXOt2u.jpg Naruto Shippûden: The Lost Tower (2010) ⭐IMDB: 6.8/10 (4 k Votes) 🎬 #Action #Adventure #Animation 🗓️ 2010 🎞️ movie 📺 1080p FHD 🌎 Japan ⏰ 1 နာရီ 25 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Naruto shippuden movie 4 : the lost tower ==================================Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece,bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja,Dattebayo 😅ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့အထိmoti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်းက​လေးဘဝကို ၃ကားထွက်ခဲ့ပြီး shippudenလူငယ်ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာစတုတ္ထကားဖြစ်ပြီးIMDb 6.8/10My anime list 7.4/10ရထားပါတယ်ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့Konohaရွာက Narutoတို့အဖွဲ့ဟာ လူဆိုးတစ်​ယောက်ကိုလိုက်ဖမ်းရင်းနဲ့မြို့ပျက်ကြီးတစ်ခုကို​ရောက်သွားပါတယ်။အဲ့ဒီမြို့ပျက်ထဲမှာ 4th Hokageရဲ့ ချိတ်ပိတ်ထားတဲ့အစီအရင်တစ်ခုရှိပြီး အဲ့ဒီအစီအရင်ကိုလူဆိုးကစုပ်ယူလိုက်တဲ့​နောက်မှာ​တော့ Naruto ဟာ အတိတ်ကို​ရောက်ရှိသွားကာ 4th hokageနဲ့ပြန်ဆုံမိပါ​တော့တယ်။အနာဂတ်ကလာတဲ့ Naruto​ကြောင့် သမိုင်း​ကြောင်း​ပြောင်းသွားမလား သားအဖချင်း​ပြောချင်တဲ့စကား​တွေကဘာ​တွေလဲ ပစ္စုပ္ပန်ကို Narutoပြန်လာနိုင်ပါ့မလားဆိုတာကိုကိုယ်တိုင်ကြည့်ရှုလိူက်ပါ​တော့