fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Justice League: Gods and Monsters (2015) ⭐IMDB: 7.0/10 (17 k Votes) 🎬 #Action #Adventure #Animation #Fantasy #SciFi 🗓 2015 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 7 နဲ့ Rotten Tomatoes 88% ရထားတဲ့ ဒီဇာတ်ကားကတော့ ကျွန်တော်တို့မြင်တွေ့နေကျ Justice League မဟုတ်ဘဲ တခြားစကြာဝဠာက Justice League အကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီစကြာဝဠာမှာ Superman က Jor-El နဲ့ Lara တို့ရဲ့သားမဟုတ်ဘဲ General Zod က အဖေဖြစ်နေပါတယ်။ Batman ဟာလည်း လမ်းကြားထဲမှာအသတ်ခံလိုက်ရတဲ့ မိဘနှစ်ပါးရဲ့သားမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆရာဝန်ဖြစ်နေသလို Wonder Woman ဟာလည်း အမေဇုန်ကျွန်းပေါ်က စစ်သည်တစ်ယောက်မဟုတ်ဘဲ မုဆိုးမဘုရင်မတစ်ယောက်ဖြစ်နေပါတယ်။ Lex Luthor ကလည်း Justice League ကိုအမြဲဒုက္ခပေးဖို့ ကြိုးစားနေတဲ့လူတစ်ယောက်မဟုတ်တာကြောင့် တစ်ယောက်ချင်းစီမှာ မတူညီတဲ့စရိုက်နဲ့ နောက်ခံဇာတ်လမ်းတွေရှိနေပါတယ်။ Superman, Batman နဲ့ Wonder Woman ဟာ Luthor နဲ့ပြည်သူတွေဆန္ဒပြနေတဲ့ကြားက Justice League ကိုဖွဲ့လိုက်ကြပြီး စစ်ဆင်ရေးလုပ်တဲ့အခါမှာ တရားဥပဒေဘောင်ကိုကျော်ပြီး လူဆိုးတွေကို သတ်ပစ်ကြတတ်တယ်ဆိုပေမဲ့ သူတို့တွေက ပြည်သူတွေကို မသတ်ကြတာကြောင့် အမေရိကန်အစိုးရက သတင်းဖုံးပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ထုံးလုပ်နည်းကိုသဘောမကျလို့ ဆန္ဒပြတာတွေများလာသလို ပိုဆိုးချင်တော့ အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ အတော်ဆုံးသိပ္ပံပညာရှင်တွေကို သတ်တာကို Justice League ကလုပ်တယ်ဆိုပြီး ချောက်ချခံရပါတယ်။ ဒါကြောင့်ပဲ သမ္မတကြီးက သူတို့ကိုဖမ်းဖို့အမိန့်ချမှတ်လိုက်တဲ့အချိန်မှာ သူတို့သုံးယောက်က အဖမ်းမခံရအောင်ကြိုးစားကြရင်း တရားခံအစစ်ကိုဖော်ထုတ်ကြတာကို တခြား Justice League ဇာတ်ကားတွေနဲ့မတူတဲ့ အရသာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Satu Hari Sebelum Raya (2023) ⭐TMDB: 0% User Score 🎬 #Comedy #Drama #Family 🗓 2023 🎞 tv movie 🌎 #Malaysia ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Satu Hari Sebelum Raya (2023)==============================ဒီမလေးရှားရုပ်ရှင်ကတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်နေ့မတိုင်ခင် အကြိုနေ့မှာ မိဘမဲ့မောင်နှမနှစ်ယောက်ဖြတ်သန်းရတဲ့ တစ်နေ့တာကိုပြထားတဲ့ရုပ်ရှင်ပါပဲ။ အစ်နေ့ကားပေမဲ့ ခရစ္စမတ်ကားနဲ့တောင် တော်တော်လေး အရသာတူပါတယ်။ ခရစ္စမတ်ကားလို အငွေ့အသက်မျိုးနဲ့ပဲ မတူညီတဲ့တင်ဆက်မှုနဲ့ မြင်ရမယ့်ရုပ်ရှင်လို့ပြောလို့ရပါတယ်။အချိန်ကတော့ အစ်နေ့မတိုင်ခင် ၂ညအလိုပေါ့။ အဲဒီနေ့ညမှာ ကလေးလေးက သူ့အစ်မကို အစ်နေ့မှာ သူဝတ်စုံအသစ်ဝတ်ချင်တဲ့အကြောင်းပြောပြရင်းပူဆာတယ်။ သူတို့မောင်နှမဟာ အဖေရော အမေရော မရှိဘဲ နေလာရတာ နည်းနည်းတော့ကြာပြီ။ ရွာကလူတွေကလည်း သူတို့ကို မကြည့်ရှုပေးကြတော့ သူတို့ဘာသာပဲ ခက်ခက်ခဲခဲရှင်သန်ခဲ့ရတယ်။ သူ့မောင်လေးက ပူဆာလာတော့ သူအစ်မက သူတို့ရွာထဲက အလှူကြီးအတန်းကြီး ခမ်းခမ်းနားနားလုပ်နေတဲ့ သူဌေးကြီးဆီသွားပြီး ဝတ်စုံဖိုးလေးပေးဖို့ အသနားခံပေမဲ့ ဟိုကမပေးလိုက်ဘူး။ ဒီလိုနဲ့ နောက်နေ့ကျ သူတို့မောင်နှမ ရွာသူကြီးဆီရောက်လာခဲ့တယ်။ ရွာသူကြီးကလည်း လျှောက်လွှာတင်ရမယ် ဘာညာပြောပြီး မကူညီပြန်ဘူး။ဒီလိုနဲ့ ရွာထဲက လူတွေက သူတို့ကို မကူညီချင်ကြဘဲ နှိမ်ပဲနှိမ်ချချင်တာ သူတို့သိလိုက်တယ်။ ဒီလိုနဲ့ သူတို့မြို့ပေါ်ကို တက်လာခဲ့ကြတယ်။ လမ်းမှာ သူတို့ကို လိုက်နှောင့်ယှက်နေတဲ့ ရွာထဲက ကလေကလေချ၃ယောက်နဲ့လည်း တိုးခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့မြို့ပေါ်ရောက်လာပြီး အကူအညီတောင်းကြည့်ပေမဲ့ မရလို့ လက်မှိုင်ချနေတဲ့ ရွာထဲက ကလေကချေသုံးယောက်လည်း သူတို့နောက်လိုက်လာပြီး မြို့ပေါ်အထိ လာကျီစယ်နေခဲ့တယ်။ ဒီမောင်နှမ၂ယောက်ရော အစ်နေ့အတွက်ဝတ်စုံကို ဘယ်လိုရသွားမလဲ။ ဒီကလေကချေသုံးယောက်ကရော သူတို့နောက်ကို ဘာလို့လိုက်နေလဲ ဒီရုပ်ရှင်မှာမြင်ရမယ့်အပြင် ဒီနေ့ခေတ်လူ့အဖွဲ့အစည်းရဲ့ မထော်မနန်းစာနာမှုတွေကိုလည်း ဒီရုပ်ရှင်မှာ ရှုံ့ချထားပါတယ်။ အကြောင်းအရာကောင်းကောင်းနဲ့ မလေးရှားကားကောင်းလေးပါပဲ။ ကြည့်ရတာတော့ တန်မှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:23:00 Genre_Comedy , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Saliva Jurujyu[FSDSS-548] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 FSDSS 548 ဒီတစ်ခါထပ်တင်ဆက်ပေးမှာကလည်း အားလုံးရဲ့ အကြိုက်Yuko Ono လေးပဲ ဖြစ်ပါတယ်။ ရုပ်ခံလေးနဲ့တင် ဆွဲဆောင်မှုရှိလွန်းပြီးစိတ်ပါလက်ပါ ညှို့မျက်ဝန်းလေးတွေနဲ့ သရုပ်ဆောင်တတ်တဲ့ယူကိုလေးရဲ့ စွမ်းရည်တွေကို တစ်ဝကြီး ရှုစားရဦးမှာပဲဖြစ်ပါတယ်ကိုယ်လုံးကိုယ်ပေါက် အသားအရေ ရုပ်ရည် ဘာတစ်ခုမှကိုပစ်ရက်စရာမရှိတဲ့ ကောင်မလေးရဲ့ အလှတရားတွေကိုတစ်စိမ့်စိမ့်ခံစားကြည့်ရှုကြရဦးမှာပါပဲ….. ဒီဇာတ်လမ်းလေးထဲမှာတော့ အိုနိုလေးက သူနဲ့လိုက်ဖက်တဲ့မမနေရာကနေပြီးတော့ပဲ သရုပ်ဆောင်ပေးထားပြီးဂိုက်ပြပေးတဲ့တပည့်လေးကို ကျောင်းစာအပြင် ဘဝသင်ခန်းစာတွေကိုပါစေတနာပလပွနဲ့ သင်ကြားပေးပုံလေးကို ကြည့်ရင်း စိတ်ပါရင်သူ့ကို ဆရာမအဖြစ်ငှားလို့ရကြောင်းပါ ကြော်ငြာသွားသေးတာမို့ ညိုကီတို့လည်း စိတ်မထိန်းနိုင်ရင် နိပွန်ပြည်အထိလိုက်ပြီးအားပေးလို့ရကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
...

Bas Terakhir Malam Raya (2023) ⭐IMDB: 8.7/10 (6 Votes) 🎬 #Comedy #Horror 🗓 2023 🎞 tv movie 🌎 #Malaysia ⏰ 1 နာရီ 39 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bas Terakhir Malam Raya (  2023 )==============================အစ်နေ့မှာ ဇာတိကိုပြန်ကြမယ့် လူတစ်စုဟာ ဘတ်စ်ကားဂိတ်မှာ လာဆုံကြပါတယ်။ စလာကတည်းက သူတို့ဟာ အလွဲလွဲအမှားမှားတွေနဲ့ နောက်ဆုံး ကားကောင်းမရဘဲ မထင်ထားတဲ့ ကျောင်းကားစုတ်ကြီးနဲ့ ခရီးဆက်ရဖို့ ဖြစ်လာခဲ့တယ်။ ကားကြီးကလည်းစုတ် လမ်းကလည်း မထင်ထားတဲ့လမ်းက သွားခဲ့သလို ကားဆရာကလည်း စိတ်မနှံ့တဲ့လူလိမ်ဖြစ်နေတတော့ တစ်လမ်းလုံး သူတို့ တိုင်တွေပတ်ကြတဲ့အကြောင်းပေါ့။  ဒီလိုနဲ့ စစချင်းတစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောခဲ့ကြတဲ့ သူတို့တွေဟာ တဖြည်းဖြည်းချင်း တစ်ယောက်ဇာတ်လမ်း တစ်ယောက်ကိုပြောပြရင်း တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးခင်လာခဲ့တယ်။ သူတို့ဇာတ်လမ်းဆိုတာကလည်း သရဲအကြောင်း အသည်းကွဲတဲ့အကြောင်း စုံလို့ပဲပေါ့။ဒီလိုနဲ့ ဥပုသ်ကာလပြီးလို့ အစားစားရမယ့်အချိန်ရောက်လာတဲ့အခါမှာ သူတို့ဟာ စားစရာမရှိတဲ့အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီအချိန်နှောင်းပိုင်းမှာပဲ သရဲမတစ်ကောင်ဟာလည်း သူတို့ကားပေါ်ပါလာခဲ့တယ်။  ဒီသရဲမကလည်း အသည်းကွဲနေတဲ့ သရဲမဆိုတော့ အသည်းကွဲနေတဲ့ကောင်တွေနဲ့ အသည်းကွဲနေတဲ့ သရဲမကြား ဘာတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖို့ကောင်းအောင် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒီမလေးရှားရုပ်ရှင်ဟာ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ရယ်စရာတွေအပြည့်နဲ့  အချိန်ဖြုန်းလို့တော့ကောင်းမယ့် ရုပ်ရှင်ပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File size_(2GB)/(870MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:39:00 Genre_Comedy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

Nothing Can't Be Undone by a HotPot (2024) ⭐IMDB: 5.7/10 (62 Votes) 🎬 #Comedy #Crime #Mystery #Drama 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 9 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မမ Yangmi ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ Comedy Suspenseရှပ်ရှင်ဇာတ်ကားလေးတင်ပေးလိုက်ပါပြီ။တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိတဲ့ လူစိမ်း(၄)ယောက်ဟာလာဘ်စားတဲ့အရာရှိတစ်ယောက်ရဲ့အိမ်မှာ လာဘ်စားထားတဲ့ပိုက်ဆံတွေဖွက်ထားတဲ့နေရာသိသွားပြီးတော့ သွားခိုးလာခဲ့ကြတယ်။ ခရီးဆောင်သေတ္တာတစ်လုံးအပြည့်ပိုက်ဆံတွေရလာတဲ့အတွက် အရမ်းပျော်ပြီးပိုက်ဆံခွဲဖို့ကြံနေကြတဲ့အချိန်မှာ အဖွဲ့သားတစ်ယောက်ယူလာတဲ့နောက်ထပ်သေတ္တာတစ်လုံးထဲမှာ အလောင်းတစ်လောင်းပါလာတဲ့အခါအားလုံးဟာဘယ်လိုလုပ်ရမှန်းမသိ ပြာယာခတ်သွားကြတယ်။ (ဟော့ပေါ့တစ်အိုးနဲ့ပြဿနာအားလုံးကိုဖြေရှင်းလို့ရတယ်)ဆိုတဲ့ရုပ်ရှင်နာမည်အတိုင်း (၄)ယောက်သား ဟော့ပေါ့ဝိုင်းမှာထိုင်ပြီးတော့ဒီအလောင်းကိုဘယ်လိုလုပ်ကြမလဲဆိုတာ အကြီးအကျယ်ဆွေးနွေးကြတော့တာပေါ့။ဆူပွက်နေတဲ့ဟော့ပေါ့အိုးနဲ့အတူ သူတို့ရဲ့လောဘတွေနဲ့အလိမ်အညာတွေဟာတဖြည်းဖြည်းပေါ်လာခဲ့တယ်။ သူတို့(၄)ယောက်ရဲ့ တကယ်သရုပ်မှန်တွေကဘယ်သူတွေဖြစ်နေပြီးတော့အမှန်တရားကဘယ်လိုဖြစ်မလဲဆိုတာ ဆက်ပြီးကြည့်လိုက်ပါနော်။
...

Kalvan (2024) ⭐IMDB: 6.5/10 (672 Votes) 🎬 #Adventure #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kalvan 2024 ဆင်ရန်စွယ်IMDb 7.1 ဇာတ်လမ်းအစမှာတော့ မင်းသားချောလေး ဂျီဗီပရာကတ်ရှ်ကူမား (ကမ်ဘာ)တို့သူငယ်ချင်း၂ယောက်က ဘိုးဘွားရိပ်သာက အဘိုးကြီးတစ်ယောက်ကိုတရားရုံးမှာမွေးစားခွင့်တောင်းနေပါတယ် မွေးစားခွင့်တရားဝင်ရခဲ့တော့လူအများကချီးကျူးကြတာပေါ့ ခုလိုခေတ်ကြီးမှာ ကိုယ့်ဝမ်းစာရှာဖို့တောင်ခက်ခဲနေချိန်အဘိုးတစ်ယောက်ကိုပါတင်ကျွေးတယ်ဆိုပြီး သတင်းလည်းပျံ့နေတာပေါ့ဒါပေမဲ့သူတို့ဒီလိုမွေးစားတာက အကြောင်းရှိပါတယ် ဒါကဘာများဖြစ်နိုင်မလဲ ကမ်ဘာတို့ရွာမှာ သစ်တောအုပ်ပိုင်တဲ့ဘောစိမ‌တစ်ယောက်ရှိပါတယ် ဒါပေမဲ့သူ့ပိုင်နက်ကနေတောရိုင်းဘက်ကို မြေတွေခိုးခိုးယူရင်း တောထဲကတိရစ္ဆာန်တွေနေထိုင်ဖို့စားကျက်ကျဉ်းလာတော့ဆင်တွေက မကြာခဏဆိုသလိုလူတွေအိမ်တွေဘက်ကျူးကျော်ရင်း ဆင်နင်းခံရလို့သေတဲ့လူတွေလည်းမနည်းမနောပေါ့ဆင်နင်းခံရလို့တောထဲလူသေရင် တစ်ရွာလုံးသွားကြည့်ကြလို့ သူခိုးဖြစ်တဲ့ကမ်ဘာတို့အကြိုက်ပါပဲရွာထဲဘယ်သူမှမရှိချိန်တွေမှာ ပတ်ခိုးရင်းဘာလာနဲ့တွေ့ခဲ့တယ် ဘာလာလေးကိုမြင်မြင်ချင်းချစ်မိတဲ့သူခိုးကမ်ဘာနဲ့ သူဋ္ဌေးသမီးဘာလာတို့ကရောဘာတွေဆက်ဖြစ်သွားမလဲတစ်ကားလုံးက ကျော်ရက်စရာမရှိအောင်ကို စိတ်ခံစားချက်အဖုံဖုံပေးနိုင်တာကြောင့် လက်မလွှတ်ကြဖို့ညွှန်းဆိုရင်း (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V ~ KKKZ တို့ပဲဖြစ်ပါတယ်
...

Kalvan (2024) ⭐IMDB: 6.5/10 (672 Votes) 🎬 #Adventure #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 22 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kalvan 2024 ဆင်ရန်စွယ်IMDb 7.1 ဇာတ်လမ်းအစမှာတော့ မင်းသားချောလေး ဂျီဗီပရာကတ်ရှ်ကူမား (ကမ်ဘာ)တို့သူငယ်ချင်း၂ယောက်က ဘိုးဘွားရိပ်သာက အဘိုးကြီးတစ်ယောက်ကိုတရားရုံးမှာမွေးစားခွင့်တောင်းနေပါတယ် မွေးစားခွင့်တရားဝင်ရခဲ့တော့လူအများကချီးကျူးကြတာပေါ့ ခုလိုခေတ်ကြီးမှာ ကိုယ့်ဝမ်းစာရှာဖို့တောင်ခက်ခဲနေချိန်အဘိုးတစ်ယောက်ကိုပါတင်ကျွေးတယ်ဆိုပြီး သတင်းလည်းပျံ့နေတာပေါ့ဒါပေမဲ့သူတို့ဒီလိုမွေးစားတာက အကြောင်းရှိပါတယ် ဒါကဘာများဖြစ်နိုင်မလဲ ကမ်ဘာတို့ရွာမှာ သစ်တောအုပ်ပိုင်တဲ့ဘောစိမ‌တစ်ယောက်ရှိပါတယ် ဒါပေမဲ့သူ့ပိုင်နက်ကနေတောရိုင်းဘက်ကို မြေတွေခိုးခိုးယူရင်း တောထဲကတိရစ္ဆာန်တွေနေထိုင်ဖို့စားကျက်ကျဉ်းလာတော့ဆင်တွေက မကြာခဏဆိုသလိုလူတွေအိမ်တွေဘက်ကျူးကျော်ရင်း ဆင်နင်းခံရလို့သေတဲ့လူတွေလည်းမနည်းမနောပေါ့ဆင်နင်းခံရလို့တောထဲလူသေရင် တစ်ရွာလုံးသွားကြည့်ကြလို့ သူခိုးဖြစ်တဲ့ကမ်ဘာတို့အကြိုက်ပါပဲရွာထဲဘယ်သူမှမရှိချိန်တွေမှာ ပတ်ခိုးရင်းဘာလာနဲ့တွေ့ခဲ့တယ် ဘာလာလေးကိုမြင်မြင်ချင်းချစ်မိတဲ့သူခိုးကမ်ဘာနဲ့ သူဋ္ဌေးသမီးဘာလာတို့ကရောဘာတွေဆက်ဖြစ်သွားမလဲတစ်ကားလုံးက ကျော်ရက်စရာမရှိအောင်ကို စိတ်ခံစားချက်အဖုံဖုံပေးနိုင်တာကြောင့် လက်မလွှတ်ကြဖို့ညွှန်းဆိုရင်း (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V ~ KKKZ တို့ပဲဖြစ်ပါတယ်
...

The Boys (2024) ⭐IMDB: 8.4/10 (27 Votes) 🎬 #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Boys (2024) “ငါးယောက်ပေါင်းလောင်းကျော်”IMDb – 9.1/10 အသစ်ထွက်ရှိလာတဲ့ တမီလ်စကားပြော အိန္ဒိယအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ကိုယ်တိုင်ဇာတ်ညွှန်းရေး ရိုက်ကူးလေ့ရှိတဲ့ တမီလ်လူငယ်ဒါရိုက်တာ ဆန်သို့ရှ်ကိုယ်တိုင်ရိုက်ကူးပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာရူးရူးနေတဲ့ အာကီရာ။နပန်းရူးရူးနေတဲ့ WWEအမာခံပရိသတ် အိုင်တီပညာရှင် ဂျိမ်းစ်။ဆိုရှယ်မီဒီယာကို အစွဲကြီးစွဲနေတဲ့ ဘေဘီ။ ဟင်းချက်ဝါသနာပါတဲ့ လူ့ဂလန့် ကိုလာရူ။ပိုက်ဆံနဲ့ပတ်သက်လာရင် အတွက်အချက်ကြီးတဲ့ ကာသစ်ခ်။ ဒီလိုသူငယ်ချင်းငါးယောက် တိုက်ခန်းတစ်ခန်းမှာ အတူပေါင်းနေပြီး မွဲချက်ကအရက်သောက်စရာမရှိလို့ အရက်ဆိုင်မှာ အကြွေလိုက်တောင်းပြီး သောက်ရတဲ့ဘ၀။ဒီလိုဘ၀ကိုမခံချင်တဲ့စိတ်နဲ့ ငှားနေတဲ့တိုက်ခန်းမှာ ဘားဖွင့်တာကြောင့် တိုက်ခန်းကနေ နှင်ချခံရပြန်ပါရော။ဒီမှာပဲ လွပ်လွပ်လပ်လပ်နေလို့ရမဲ့ လုံးချင်းအိမ်ငှားပြီး ဘားဖွင့်ဖို့ကြံကြပါတော့တယ်။ မြို့စွန်မှာ စျေးပေါပေါနဲ့ အိမ်ကြီးတစ်လုံးတွေ့ပြီး ဝမ်းသာအားရငှားလိုက်တဲ့ရက်မှာပဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့်၂၁ရက် အိမ်ပြင်မထွက်ကျဖို့ ကြေငြာချက်ကျလာပါတော့တယ်။ သူတို့နေတဲ့အိမ်ကြီးကလည်း ရပ်ကွက်ထဲမှာရှိသမျှလူတိုင်းကရှောင်သွားကြပြီး အိမ်ကြီးမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ Zwe Yan ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်)
...

Drunk, Driving, and 17 (2023) ⭐TMDB: 45% User Score 🎬 #Drama #TVMovie 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၁၇ နှစ်အရွယ် ကင်မ်ဘာလေဆမ်းမားက ပညာရေးထူးချွန်ပြီး အဘက်ဘက်မှာ တာဝန်ကျေတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ပါ။ တနေ့တော့ ကင့်မ်ချစ်သူဒန်က စတန်းဖို့တက္ကသိုလ်မှာ ထက်ဝက်ပညာသင်ဆုနဲ့ရွေးချယ်ခံရတဲ့အတွက် သူ့အိမ်မှာအောင်ပွဲခံပါတီလေးတစ်ခု လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အရက်ဆိုဘီယာအရသာတောင်မကြိုက်တဲ့ကင်မ်က ပါတီပွဲမှာ ဒန်နဲ့တခြားမိန်းကလေးနမ်းတာမြင်သွားတော့ စိတ်လွတ်လွတ်နဲ့ မူးအောင်သောက်ပြီး ကားမောင်းပြန်ခဲ့ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။ ဒီကားမတော်တဆမှုကြောင့် ကင့်မ်ရဲ့ဘဝလမ်းကြောင်းတစ်ခုလုံး ပြောင်းလဲခဲ့ရပါတယ်။ ဒီအခြေအနေကို ကင်မ်ဘယ်လိုရင်ဆိုင်မလဲ၊ အမှားတစ်ခုလေးကနေ ဘယ်လောက်ကြီးမာတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်လဲ၊ ဒီကိစ္စရပ်တခုလုံးက ဘယ်သူတွေအပေါ်တာဝန်ရှိနေလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။
...

Darkness of Man (2024) ⭐TMDB: 70% User Score 🎬 #Action #Thriller 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 49 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Action,Thriller ဇတ်ကားလေးတစ်ခုဖြစ်တဲ့ Darkness Of Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားထဲမှာ မင်းသားကြီးJean-Claude Van Damme က အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့ ရက်ဆဲလ်ဟတ်ချ်ဟာစုံထောက်တစ်ယောက်ဖြစ်ပါတယ် အက်စတာဆိုတဲ့ကိုရီးယားလူမျိုးအမျိုးသမီးကတော့ ရက်ဆဲလ်ရဲ သတင်းပေးသူပါ သူမက ကိုရီးယားဒုစရိုက်လုပ်ငန်းအကြောင်းတွေကိုစုံစမ်းပြီးရက်ဆဲလ်ဆီကိုသတင်းပေးပါတယ် တစ်နေ့မှာတော့ သတို့ရဲ့စစ်ဆင်ရေးအမှားအယွင်းဖြစ်သွားပြီး အက်စတာတစ်ယောက်အသတ်ခံလိုက်ရပါတယ် အက်စတာက သူမ,မသေခင်မှာ ရက်ဆဲလ်ဆီကကတိတစ်ခုတောင်းခဲ့ပါတယ် အဲ့ကတိကတော့ သူမရဲ့ကျန်ခဲ့တဲ့သားလေးကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးဖို့ပါ ရက်ဆဲလ်ကလည်း သူပေးခဲ့တဲ့ကတိကိုတည်နိုင်ဖို့အတွက် အက်စတာရဲ့သားဖြစ်သူဂျေဒန်ကိုကာကွယ်ပေးဖို့အလုပ်ကနေပါထွက်လိုက်ပြီး L.Aမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် ရက်ဆဲလ်တစ်ယောက်ဂျေဒန်ကို ဂိုဏ်းစတားတွေလက်ထဲကနေကယ်တင်ပြီး အက်စတာကိုပေးခဲ့တဲ့ကတိကိုတည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ
...

Doomsday Stories (2023) ⭐IMDB: 4.6/10 (133 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 2 နာရီ 2 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 ခုနှစ်ထွက် Horror Adventure Zombie Apocalypse ကားဖြစ်ပါတယ်… လူတစ်ယောက်က မိန်းမတစ်ယောက်ကို သတ်လိုက်တယ်… အဲ့မိန်းမဆီမှာ ပုံပြင်တွေ ပြုစုထားတာရှိတယ်… အဲ့ပုံပြင်တွေက ဘာလည်းဆိုတာ ကြည့်ရမှာပါ… တစ်ခါတစ်လေ ဒီလို ကားမျိုးလည်း ကြည့်ပေးမှ ရုပ်ရှင်ဇာတ်ကားကောင်းတွေဖန်တီးရတာ ဘယ်လောက်ခက်မှန်း ပို appreciate လုပ်တတ်မှာပါ.. ကြည့်ကြည့်ပါ အနည်းဆုံးတော့ ရယ်ရမယ် ထင်ပါတယ်
...

Jangan Lupa Aku Cinta Padamu (2024) ⭐TMDB: 0% User Score 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 31 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jangan Lupa Aku Cinta Padamu (2024) ============================ သင်က ည12နာရီ သန်းခေါင်ယံအချိန် အဝတ်လျှော်ဆိုင်အမှောင်ထဲမှာ တစ်ယောက်တည်းထိုင်ပြီး ကိုယ့်ရဲ့ အတိတ်က မလုပ်ဖြစ်ခဲ့တဲ့အရာတွေကို နောင်တရနေတယ်ဆိုပါစို့။ ရုတ်တရက်ပဲ လူသူမရှိတဲ့ အဝတ်လျှော်ဆိုင်ကြီးက တီးလုံးသံတွေထွက်လာပြီး သင့်ရှေ့က အဝတ်လျှော်စက်တစ်လုံးက သင့်ကို စကားစပြောလာမည် ဆိုရင်ဖြင့်….။ ဒီဇာတ်လမ်းက အချိန်ခရီးသွားစက်နဲ့ အတိတ်ကအချိန်ဆီကိုပြန်သွားရင်း ကိုယ့်ချစ်သူနဲ့အမှားတွေပြင်ဆင်ဖို့ကြိုးစားမဲ့ Amir ရဲ့ အရှုပ်တော်ဇာတ်ကို ဟာသဆန်စွာ ရိုက်ကူးထားတာဖြစ်ပြီး plotကောင်းတွေနဲ့ အချစ်စစ်ရဲ့ လှပမှုကို သိရှိခံစားရမဲ့ Mlaysia ဇာတ်ကားကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

A Guilty Conscience (2023) ⭐IMDB: 7.2/10 (2 k Votes) 🎬 #Comedy #Crime #Mystery #Drama #Thriller 🗓 2023 🎞 movie 🌎 #HongKong #China ⏰ 2 နာရီ 7 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Guilty Conscience (2023)=======================IMDb rating – 7.2, RT – 93%Awards – 4wins & 17 nominations ဒီကားလေးကတော့ crime/ mystery အမျိုးအစားဟောင်ကောင်ကားလေးဖြစ်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ အေဒီရီယန်လန်ဆိုတဲ့ ၀တ်လုံတော်ရရှေ့နေက ကလေးသူငယ်ညင်းပန်းနှိပ်စက်မှုနဲ့စွဲချက်တင်ခံထားရတဲ့ ဆင်ဂယ်မားကျန်းမျိုးရိုးကို အမှုလိုက်ပေးပါတယ်။ နောက်တော့ သူ့ရဲ့ပေါ့ပျက်ပျက်နိုင်မှုကြောင့် မိခင်ဖြစ်သူကအပြစ်မရှိဘဲ လူသေစေမှုနဲ့ (၁၇)နှစ် ထောင်ဒဏ်ကျခံလိုက်ရပါတယ်။ အဲဒီကနေမှ အေဒရီယန်လန်က အပြစ်ရှိစိတ်နဲ့ အဲဒီအမှုကိုအယူခံပြန်၀င်နိုင်ဖိုကြိုးစားပြီး ဆင်ဂယ်မားဖြစ်သူကို တရားသေလွှတ်နိုင်ဖိုကြိုးစားပါတယ်။ ဒါပေမဲ့ အမှူကမရိုးရှင်းပဲ နောက်ကွယ်မှာ အင်အားကြီးမိသားစုတစ်ခုရှိနေပါတယ်။ ငွေများငွေနိုင်တဲ့လောကကြီးမှာ ‌ကျန်းမျိုးရိုးမိခင်ဖြစ်သူက အပြစ်မရှိကြောင်းပြသနိုင်ပါ့မလား တကယ့်တရားခံအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလား စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ ရထားတဲ့ဆုတွေနဲ့ ratingတွေကိုကြည့်လိုက်ရင် ပြစ်ရက်စရာမရှိတဲ့ကားလေးမလို တင်ဆက်ပေးလိုက်ရပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Hands of Hell (2023) ⭐IMDB: 2.9/10 (135 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 19 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ “Hands of Hell” ဆိုတဲ့ ဇာတ်ကားကတော့ အမေရိကန်နိုင်ငံရဲ့ Texas မြို့အရှေ့ဘက်မှာ ဇာတ်လမ်းတည်ထားပါတယ်။ စိတ်ကျန်းမာရေးဆေးရုံကနေ စိတ္တဇလူသတ်သမားနှစ်ဦးလွတ်လာတဲ့အခါ Texas မြို့ လူသူနဲ့ အလှမ်းဝေးတဲ့နေရာတစ်ခုမှာ အပန်းဖြေခရီး ထွက်လာကြတဲ့ လူငယ်တစ်စုနဲ့ ထိုလူသတ်သမားနှစ်ဦး တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဒီလူငယ်တစ်စုက ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ လူသတ်သမားနှစ်ဦးကဘဲ အနိုင်ရသွားမလား။ ဒီလူငယ်တစ်စုပဲ လွတ်မြောက်သွားမလား စိတ်လှုပ်ရှားစရာ ကြည့်ရမယ့်ဇာတ်ကားမျိုးဘဲဖြစ်ပါတယ်။ Horror film ပုံစံမျိုးဖြစ်တဲ့အတွက် Weekend လိုမျိုးမှာ ကြည့်ဖို့သင့်တော်တဲ့ movie တစ်ခုပဲဖြစ်ပါတယ်။
...

The Water Flows to the Sea (2023) ⭐IMDB: 6.3/10 (118 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 3 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၃ ဇွန်လ ၉ ရက်ကထွက်ရှိထားတဲ့ဂျပန် Romance ရုပ်ရှင်ဟာ မမနဲ့မောင်လေးကြားက အချစ်ဇာတ်လမ်းဖြစ်ပြီး Mizu wa Umi ni Mukatte Nagareru ဆိုတဲ့ Manga စီးရီးကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ****************နာအိုတာဆုဆိုတဲ့အထက်တန်းကျောင်းသားလေးဟာ အိမ်ကနေကျောင်းတက်ရမှာဝေးတာကြောင့် ဦးလေး အိမ်မှာလာနေဖို့ဖြစ်လာခဲ့ပါတယ်။ မိုးသည်းတဲ့နေ့မှာ ဦးလေးအိမ်နဲ့အနီးဆုံးဘူတာကိုရောက်ရှိလာတဲ့နာအိုတာဆုကို အရွယ်ရောက်ပြီးအမျိုးသမီးဆာကာကီကလာကြိုရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ နာအိုတာဆုရဲ့ဦးလေးဟာ တကယ်တော့ မျှဝေနေထိုင်ကြရတဲ့အိမ်မှာနေတာဖြစ်တဲ့ အတွက် နာအိုတာဆုဟာ တခြားလူတွေနဲ့ပါအတူနေရဖို့ ဖြစ်လာပါတယ်။ ဆာကာကီက အသက် ၂၆ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး နာအိုတာဆုရဲ့ဦးလေးရှီဂီမီချီကတော့ ကာတွန်းရေးဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ မိဘတွေ မသိအောင်ပုံမှန်အလုပ်ကနေထွက်ထားသူဖြစ်ပါတယ်။ သူတို့နဲ့အတူတခြားနေထိုင်သူတွေဖြစ်တဲ့နာရူဆဲက ကမ္ဘာပတ် နေတဲ့တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး အီဇူမီယာကတော့ အမျိုးသမီးအဝတ်အစားတွေနဲ့ဗေဒင်ဟောသူတစ်ဦးပါ။ သူတို့တွေနဲ့အတူနေထိုင်ကြရင်း နာအိုတာဆုဟာ ဆာကာကီကို ချစ်သွားခဲ့ပေမယ့် သူတို့နှစ်ဦးချစ်ကြိုက်လို့မရတဲ့ အတိတ်က အကြောင်းအရာတွေပြန်လည်ပေါ်ပေါက်လာတဲ့အခါမှာတော့ နာအိုတာဆုနဲ့ဆာကာကီတို့ရဲ့အချစ်က ရှေ့ဆက်နိုင်ဦးမှာလား ဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
...

Sasquatch Sunset (2024) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Action #Adventure #Comedy #Fantasy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sasquatch Sunset (2024) ခြေပြားကြီးတို့ မိသားစု ဒီရုပ်ရှင်ကိုတော့ နာမည်ကျော် ဒါရိုက်တာ ပရိုဂျူဆာ Ari Aster က ထုတ်လိုက်ခဲ့တာဖြစ်ပါတယ်။ Ari ကို Hereditary တို့ Midsommar တို့နဲ့ သိကြမှာပါ။ မင်းသားကတော့ Social Network ကားတို့ Now You See Me တို့နဲ့ ရင်းနှီးနေကြမဲ့ Jesse Eisenberg ပါပဲ။ ရုပ်ရှင်ကတော့ Sasquatch မိသားစုတစ်ခုအကြောင်းပါပဲ။ Sasquatch ဆိုတာကို မသိရင်တောင် သူနဲ့ အဓိပ္ပါယ်တူတဲ့ Bigfoot ကောင်ကြီးတွေဆိုရင် သိကြမှာပါ။ ဒီရုပ်ရှင်က သူတို့ရဲ ဘဝနေထိုင်မှုအကြောင်းနဲ့ လူတွေရဲ့ အမြင်အကြောင်းကို လေးလေးနက်နက်ရိုက်ပြထားတာပါပဲ။ အပိုဆောင်းအနေနဲ့ကတော့ ခက်ခဲတဲ့ ဘာသာစကား အသုံးအနှုန်းတွေကို သေချာ ဘာသာပြန်ရှင်းပြပေးထားလို့ အင်္ဂလိပ်စာ လေ့လာသူတွေလည်း ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခံစားကြည့်လိုက်ပါဦး………………… (  Mr. Anderson  အထူးခံစားဘာသာပြန်ထားသည်
...

Adagio (2023) ⭐IMDB: 6.7/10 (980 Votes) 🎬 #Action #Crime #Thriller 🗓 2023 🎞 movie 🌎 #Italy #France ⏰ 2 နာရီ 7 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားကတော့ အီတလီ action crime thriller အမျိုးအစားလေးဖြစ်ပြီး အမှုမှန်သိအောင်ဇာတ်အိမ်အတိုင်း စီမျောကြည့်ရတဲ့ ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းလေးကိုပြောပြရင် ပါတီပွဲတစ်ခုမှာ မာနွယ်ဟာ ပွဲထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေအကုန် ဖုန်းနဲ့မှတ်တမ်းတင် ရိုက်ယူပြီး ရဲတပ်ဖွဲ့ကိုပြန်ပို့ပေးနေတာပါ…။ သို့ပေမဲ့ ရဲတွေဟာ ဒီပွဲထဲမှာ အခြားလျှို့ဝှက်ကင်မရာတွေ တပ်ဆင်ထားပြီး မာနွယ့်ကို နှစ်ကွက်တစ်ကွက်ရိုက်ပြီး ချောက်ချဖို့ကျန်တယ်ပေါ့။ ဒါကို မာနွယ်က သိသွားတော့ ရဲတွေလက်အောက်က လွတ်အောင်ပြေးရင်း အဖေဖြစ်သူရဲ့ မိတ်ဆွေတွေဆီ ရောက်သွားပါတယ်…။ ဇာတ်လမ်းကရှည်ချင်တော့ ဒီလူတွေဟာ အီတလီ လူဆိုးဂိုဏ်းသားတွေဖြစ်နေပါလေရော…. ဒီတော့ မာနွယ်တစ်ယောက် ရဲတွေလက်က လွတ်အောင်ပြေးနိုင်မလား၊ လူဆိုးဂိုဏ်းသားတွေလက်ထဲပဲ ရောက်သွားမလား… ဘယ်သူတွေက လူကောင်းလူဆိုးတွေဖြစ်နေမလဲဆိုတာတော့ ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါတော့ဗျာ
...

The Moon & Back (2022) ⭐IMDB: 5.4/10 (178 Votes) 🎬 #Comedy 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 16 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကောင်းတဲ့အမှတ်တရတွေနဲ့ ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာပဲ ပိတ်လှောင်မိနေတဲ့ ဆယ်ကျော်သက်မလေးရဲ့ ဖခင်ဆုံးပြီးဘဝအကြောင်းကိုရိုက်ထားတာဖြစ်ပြီး The moon and back ဆိုတဲ့ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ချစ်ခြင်းမေတ္တာရဲ့ တန်းခိုးစွမ်းအင်ကြီးမားပုံကို ဒီဇာတ်ကားမှာ မတူညီတဲ့ ရှုထောင့်မျိုးစုံကနေခံစားလို့ရမှာဖြစ်ပါတယ်။ ဖခင်ရဲ့ကွန်ပြူတာရှင်းရင်းမှ တွေ့လိုက်ရတဲ့ဇာတ်လမ်းကလစ်ဒ်ဒီယာ့ကိုဘယ်လိုပြောင်းလဲပေးမှာလဲ၊ ချစ်ရတဲ့လူကိုဖခင်အနေနဲ့ ဆုံးရှုံးလိုက်ရတဲ့ သမီးလစ်ဒ်ဒီယာနဲ့ ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့မိခင်ကြားက သဘောထားကွဲလွဲမှုလေးတွေကရော ဘာတွေလဲ။ ပျော်လိုက်၊ငိုလိုက်၊ရယ်လိုက်နဲ့ တစ်ခုခုအဆင်မပြေရင်ဘဝမမည်တဲ့ လောကကိုသူတို့သားအမိတွေဘယ်လိုခွန်းအားတွေနဲ့ ရှေ့ဆက်လည်းဆိုတာကို လွမ်းဖွယ်ကြည်နူးဖွယ်တွေ့မြင်ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာကြောင့် channel myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။
...

Piglady (2023) ⭐IMDB: 2.7/10 (377 Votes) 🎬 #Adult #Crime #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟော်ရာရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအတွဲနှစ်တွဲက ခရစ်စမတ်မှာ ခရီးထွက် အနားယူအပန်းဖြေကြဖို့ လူသူအရောက်အပေါက်နည်းတဲ့ သစ်တောထဲက သစ်လုံးအိမ်လေးတစ်ခုကို ထွက်လာခဲ့ကြပါတယ်။ ဒီသစ်လုံးအိမ်လေးက သစ်တောထဲက တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိတာပါ။ ဒီသူငယ်ချင်းတစ်စုဟာ သစ်လုံးအိမ်မှာနေရင်း တစ်ရက်မှာတော့ အနီးနားက ၀က်မွေးတဲ့မိန်းမကြီးဆီမှာ ၀က်သား၀ယ်မိလိုက်ပါတယ်။ သူတို့မသိလိုက်တာကတော့ ဒီ၀က်မွေးတဲ့မိန်းမကြီးက သာမန်မိန်းမကြီးမဟုတ်တာကိုပါ။ ဒီလိုနဲ့ သစ်လုံးအိမ်မှာ ဒချိဖို့ရောက်လာကြတဲ့ဒီအတွဲနှစ်တွဲဟာ မထင်မှတ်ထားတဲ့ကံဆိုးမှုတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့… ညစ်ညမ်းတဲ့အသုံးအနှုန်းနဲ့ ရိုက်ချက်တွေပါ၀င်တာကြောင့် ၁၈ နှစ်အောက်ကြည့်ဖို့မသင့်ပါဘူး။
...

New Life (2024) ⭐TMDB: 69% User Score 🎬 #Horror #Mystery #ScienceFiction #Thriller 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အမေရိကန် နယ်စပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မိန်းမငယ်လေး Jessica — သူ့ဘဝတစ်လျှောက်လုံး လယ်ယာလုပ်ရင်း မြို့သေးသေးလေးမှာ နေခဲ့ရပြီး ချစ်သူနဲ့အတူ လောကကြီးကို မြင်တွေ့ခွင့်ရဖို့ ပျံသန်းတော့မယ့် အချိန် ကံကြမ္မာဆိုးတစ်ခုက ပြေးလွှားရဖို့ ဖြစ်လာတယ် သက်လတ်ပိုင်း အမျိုးသမီး Elsa ကတော့ အော်ပရေးရှင်း fixer တစ်ယောက် – တစ်ကိုယ်တည်းသမားဖြစ်ပြီး အလုပ်ပြီးရင်းအလုပ်လုပ်ရင်း ငြီးငွေ့စရာဘဝကို ပိုင်ဆိုင်ထားသူ ဆေးစစ်ချက်အရ ASL ခေါ် ကြွက်သားအားနည်းတဲ့ ရောဂါတစ်မျိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေတဖြည်းဖြည်းချင်း ချိနဲ့လာသူက Jessica ကို လိုက်ဖမ်းရတယ်… ဒါတွေနောက်ကွယ်က အကြောင်းရင်းလျှို့ဝှက်ချက်တစ်ခုက ဘာများဖြစ်မလဲ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်းလေးပါ
...