fa
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Hindi Medium (2017) ⭐IMDB: 7.8/10 (32 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2017 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hindi Medium (2017) IMDb Rating (7.8 )/ Rotten Tomatoes (83%) “မိဘတိုင်းက သူတို့ သားသမီးတွေကိုကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။”“အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။”*****************************************Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။ Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာစိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာတို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟမှုကိုအံဝင်ခွင်ကျအောင် ကလေးပညာရေးအတွက် အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ကိုယ်တိုင်ပညာအရည်အချင်းနည်းပါးတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက်ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။လူကုံတန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာလူ့ဆင်းရဲ ရပ်ကွက်မှာ ဆင်းရဲသားပုံစံ ဟန်ဆောင်ပြီးနေခဲ့ပါတယ်။ အခြေခံ လူတန်းစား နှင့် လူလတ်တန်းစားလူလတ်တန်းစား နှင့် အထက်တန်းစားကြားကကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာက သေသေချာချာ ရိုက်ပြထားပါတယ်။ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး တင်ဆက်ထားပါတယ်။ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူးလက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)
...

RadhaaMadhavam (2024) ⭐IMDB: 8.5/10 (1 k Votes) 🎬 #Bollywood #Drama #Romance #Action #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Radha Madhavam 2024 အတ္တကြားကစတေးခံနှလုံးသား IMDb – 8.7/10 Bollywood အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မျှော်လင့်နေတဲ့ချစ်ပရိသတ်တို့အတွက်သာမန်ချစ်ကြိုက်ညား romanceနဲ့မတူဘဲ မေတ္တာနဲ့သစ္စာကို အလေးပေးရိုက်ကူးထားတဲ့တေလဂူဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ကျေးရွာဇနပုဒ်လေးတစ်ခုက MCCဆိုတဲ့ ပြန်လည်ထူထောင်ရေးစင်တာတည်ထောင်သူရာဒါဆိုတဲ့မိန်းကလေးရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ ပရဟိတသမားတစ်ယောက်ရဲ့ နှလုံးသားကိုနားလည်ချင်ရင် တစ်စုံတစ်ယောက်ကို ကိုယ့်ဘဝထက်ပိုပြီးချစ်ကြည့်လိုက်စမ်းပါတဲ့။ ဒါဆို မိသားစုရဲ့ အိမ်ထောင်ဦးစီးနေရာကို လျစ်လျူရှုလို့ လမ်းဘေးမှာမူးရူးနေတဲ့ယမကာလုလင်တစ်စုကို လိုလေသေးမရှိကူညီနေတဲ့MCCစင်တာ၊ ယောက်ျားဖြစ်သူ သားဖြစ်သူတွေအသိတရားပြန်ဝင်သွားလို့ အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ ရာဒါတစ်‌ယောက် ဒီMCCစင်တာကိုစထောင်ဖြစ်ခဲ့တဲ့အကြောင်းရင်း တစ်နည်း ရာဒါနဲ့မာဒါဗာတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုစခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားရမှာပါ။ ရာဒါနဲ့မာဒါဗာဟာ ငယ်စဉ်ကျောင်းသားအရွယ်ကတည်းက ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်၊ ရာဒါကတော့ ခင်မင်ရုံပဲဆိုပေမဲ့အဲဒီအချိန်ကတည်းကတော့ မာဒါဗာကတော့ တိတ်တခိုးချစ်နေခဲ့ရသူပါ။ ဒါပေမဲ့ ရာဒါရဲ့အဖေဖြစ်သူရဲ့ အမျိုးဇာတ်ကွာခြားမှု မူဝါဒတွေရိုက်သွင်းခံရပြီးမှာတော့ ရာဒါတစ်ယောက် ပြောင်းလဲပြီး မာဒါဗာနဲ့လည်း ဝေးကွာသွားခဲ့ရတာပေါ့။ ဖူးစာပါရင် ဘယ်သူခွဲခွဲ တစ်ချိန်ချိန်တော့ ပြန်ဆုံရသလိုပဲ ရာဒါနဲ့မာဒါဗာတို့ ပြန်ဆုံချိန်မှာတော့ မာဒါဗာရဲ့အချစ်တွေ မပြောင်းလဲခဲ့သလိုရာဒါလည်း သူတောင်မသိလိုက်ဘဲ အချစ်တွေ စတင်ပေါက်ဖွားလာခဲ့ပေမဲ့ အဆင့်အတန်းဆိုတဲ့ အတ္တမာနကြားက သူတို့ရဲ့အချစ်ကဘယ်လိုတွေဆက်ဖြစ်မှာလဲ။ ဘယ်လိုကြောင့်များ ထက်မြက်တဲ့ရာဒါကနေ ပရဟိတသမားရာဒါအဖြစ်ပြောင်းလဲဖို့ဖြစ်လာရတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာပဲ ဆက်လက်ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ V ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်။)
...

Our Mother's Secret Affair (2024) ⭐IMDB: 6.0/10 (86 Votes) 🎬 #Action #Crime #Drama #TVMovie #Thriller 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 26 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Our Mothers Secret Affair ( 2024 ) မိသားစုတစ်ခုရှိတယ်။ ကျိကျိတက်ချမ်းသာလို လုပ်ငန်းကြီးထူထောင်ထားတဲ့ မိသားစုပေါ့။သူတို့မိသားစုမှာ အမေရယ် သမီးရယ် သူ့မောင်ရယ်ရှိတယ်။ သူ့သမီးယောက်ျားကတော့ လုပ်ငန်းရှင်။သူတို့လင်မယားရဲ့အိမ်ထောင်ရေးက ကျန်တာတွေတော့ အဆင်ပြေပေမဲ့ ကလေးမရနိုင်ခဲ့ကြဘူး။ဒီလိုနဲ့ သူ့ယောက်ျားက လမ်းသွားရင် ကားတစ်စီးးကို နောက်ကနေ ဝင်ကြုံးလိုက်မိတယ်။ ကားက စုတ်ပြတ်သတ်သွားတယ်။ဟိုဘက်ကားပိုင်ရှင် မိန်းကလေးကို နောက်နေ့မှာ သူက ကားအသစ်တစ်စီးပို့ပေးလိုက်တယ်။ဒီလိုနဲ့ သူတို့ရဲ့ဇာတ်လမ်းလေးက စခဲ့တယ်။ သူ့မိန်းမနဲ့မရနိုင်ခဲ့တဲ့ ကလေးတွေကိုလည်း ဒီမိန်းကလေးနဲ့ ရခဲ့တယ်။ဒီနောက် ဒါကိုသူ့မိန်းမသိသွားတယ်။ ဗုံးဗုံးလဲသွားတယ်။ သူ့မိန်းမရဲ့မောင်နဲ့အမေကလည်း သူ့မိန်းကလေးကို ခြိမ်းခြောက်လာတယ်။သူ့မိန်းကလေးက နောက်ဆုတ်ပေးလိုက်ရတယ်။ ဒီလိုနဲ့ မွေးလာတဲ့ကလေးနှစ်ယောက်မှာတစ်ယောက်ကို သူနဲ့သူ့မိန်းမကယူ တစ်ယောက်ကို အဲဒီမိန်းကလေးကယူ ။ ကလေးတစ်ယောက်စီယူထားလိုက်ကြတယ်။ဒီလိုနဲ့ ကလေးတွေကြီးလာတဲ့တစ်နေ့ ကလေးတွေသိသွားတဲ့အခါသူတို့အိမ်တွင်းရေး ဇာတ်လမ်းမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်အဖွင့်မှာ စပြထားတယ်။ဘယ်လိုဆုံးမလဲတော့ အကောက်တွေအကွေ့တွေကြား ကိုယ်တိုင်သွားကြည့်လိုက် အညွှန်း နဲ့ ဘာသာပြန်ကတော့Mပဲ ဖြစ်ပါတယ်။
...

Dead Wrong (2024) ⭐IMDB: 3.6/10 (135 Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dead Wrong ( 2024 ) ဒီရုပ်ရှင်က ဇာတ်က စစချင်း ဘာဇာတ်လဲဆိုတာ အသိရခက်တဲ့ပုံမျိုးနဲ့အရင်စပြီးတဖြည်းဖြည်းချင်း အထုပ်ဖြည်ဖြည်လာရင်း သူ့ကာရိုက်တာတွေကို development ကောင်းကောင်းလုပ်ထားတယ်။စစချင်းကတော့ ဘယ်သူလူကောင်းလဲ လူဆိုးလဲ တော်တော်သိရခက်တယ်။အကုန်လုံး ဂန်းစတားတွေ ဆေးရောင်းသမားတွေ သူတို့နဲ့ပတ်သက်နေတဲ့လူတွေချည်းပဲ။အဲဒီကာရိုက်တာတွေရဲ့အလုပ်အကိုင်တွေ ပတ်သက်ဆက်နွယ်နေပုံတွေကို သူပြချင်တဲ့ဇာတ်ကြောင်းဆီ ချိတ်ဆက်သွားတာကဇာတ်ကားအစကို တော်တော်တော့ စိတ်ဝင်စားစရာကောင်းစေခဲ့တယ်။character developmentကောင်းတဲ့ ရုပ်ရှင်လို့တော့ ပြောရမှာပဲ။ခမ်းကြီးနားကြီးရိုက်ထားတဲ့ ကားတော့မဟုတ်တော့ အရမ်းကြီးတော့ ပြည့်စုံမနေပေမဲ့တော်တော်တော့ ကြည့်ကောင်းတယ် စိတ်ဝင်စားဖို့ကောင်းတယ်။မှုခင်းဇာတ် စုံထောက်ဇာတ်ကြည့်ချင်နေတဲ့လူတွေနဲ့တော့ အံကိုက်လိမ့်မယ်။Gone baby Gone လိုဇာတ်မျိုးကြိုက်တဲ့လူတွေလည်း ကြိုက်ကောင်းကြိုက်လိမ့်မယ်။အဲဒီလောက်ကောင်းတယ်လို့တော့ မဆိုလိုဘူး။ ဇာတ်ကတော့ မြို့လေးတစ်မြို့မှာ နာမည်ကျော်မူးယစ်ရာဇာတွေရှိတယ်။သူတို့က လောင်းကစားကြွေးပိနေတဲ့ ကလေးမွေးစားရေးကိစ္စတွေကို အဓိကကိုင်တဲ့ရှေ့နေတစ်ယောက်ကို သူတို့လူအဖြစ် ခြိမ်းခြောက်ပြီး အရသိမ်းသွင်းလိုက်ကြတယ်။အဲဒီရှေ့နေက သူတို့အလုပ်တွေမှာ ဝင်မပါချင်ပေမဲ့ ရွေးစရာရှိတော့ဝင်ပါလိုက်ရတယ်။သူက အဲဒီလက်ကနေလွတ်အောင်ကြံနေတယ်။ တစ်ဘက်မှာလည်း မြို့ပေါ်က အာဏာအကြီးဆုံးမူးယစ်ရာဇာက သူ့သူငယ်ချင်းတစ်ယောက်ကို သူ့ကိစ္စတွေထဲ ဆွဲသွင်းခဲ့တယ်။သူကလည်း သူ့မိန်းမနဲ့ကလေးနဲ့အတူတူနေနိုင်ဖို့ ငွေများများရအောင်ကြိုးစားဖို့ ဝင်သက်မိတယ်။ဒီလိုနဲ့ အဲဒီလူက သူ့မိန်းမကလေးမွေးတဲ့ညမှာ ဆေးရုံမှာ သူတို့ကလေးကိုပျောက်သွားခဲ့တယ်။ဒီကလေးပျောက်တဲ့အမှုမှာ ဘယ်သူတွေ ဘယ်လိုပါဝင်ပတ်သက်နေလဲ။ကလေးကိုရောပြန်တွေ့ကြမှာလား စိတ်ဝင်စားစရာကောင်းအောင်ပြသွားတဲ့ ဇာတ်လမ်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်။
...

The Old Garden (2006) ⭐TMDB: 66% User Score 🎬 #Drama #Romance #History 🗓 2006 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 53 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Old Garden (2006) – အညွှန်း ဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလတောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု‌တွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီးဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်းအဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ ‌တွေ့ဆုံခဲ့ပါတော့တယ်။ ရှုပ်‌ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီးချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ဘာတွေများဆက်ဖြစ်ကြမှာလဲ။ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ShinandCaliပဲ ဖြစ်ပါတယ်။
...

Goal! (2005) ⭐TMDB: 68% User Score 🎬 #Drama #Romance #Sport 🗓 2005 🎞 movie 🌎 #USA #UnitedKingdom #UnitedStates #Switzerland #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Director: Danny Cannon ရိုက်ကူးတင်ဆက်ထားပြီးMay 12, 2006 (USA) မှာ ရုံတင်ပြသခဲ့တဲ့ အားကစားစိတ်ဓါတ်ကို အတည်ပြု အဓိက ရိုက်ကူးထားတဲ့ ဘောလုံးရုပ်ရှင် Goal! (1) ဖြစ်ပါတယ်… နယ်စပ်ကနေ ခိုးဝင်လာပြီး တရားမဝင် နေထိုင်နေတဲ့ ဆန်တီရာဂို မူနက် တို့ မိသားစုဟာ အဖေ ဖြစ်သူရဲ့ ခြံရှင်း သန့်ရှင်းရေး ဝန်ဆောင်မှု မှာ ဝိုင်းကူလုပ်ပေးနေရင်း မူနက် ဟာ သူဝါသနာပါတဲ့ ဘောလုံး ကစားချင်းကိုလဲ ကစားနေပါတယ် သူတို့ လူငယ်အသင်းမှာ မူနက် က ဦးဆောင်ကစားရပါတယ် သူပါတဲ့ ပွဲတိုင်းလဲ နိုင်ပါတယ် အတော်ဆုံးလူငယ်စာရင်းထဲ အပါဝင်ပေါ့… ဒါပေမယ့် မူနက် ရဲ့ အဖေဟာ သူ့သား ဘောလုံးကစားတာကို ကြည့်မရပါဘူး အမျိုးမျိုးပိတ်ပင်တားဆီးရင်းနဲ့ သူ့ခြံရှင်းလုပ်ငန်းအတွက် ကားဝယ်ဖို့ကိုလဲ မူနက် ခြေစမ်းဖို့ သွားမယ့် ခရီးစရိတ်ထဲက မသိအောင် ယူသုံးလိုက်ပြန်ပါတယ် အကြီးအကျယ် စိတ်ဓါတ်တွေ ကျနေတဲ့ အချိန် သူကစားတာကို မြင်မိတဲ့ လူငယ်ကင်းထောက်ဟောင်း တစ်ဦးက နာမည်ကြီးအသင်း နယူးကာဆယ် အသင်းမှာ ကစားနိုင်ဖို့ အတွက် အသင်းပိုင်ရှင်နဲ့ စကားပြောဆိုပေးခဲ့ပါတယ် ဒါပေမယ့် ကတိပျက်ကွက်ပြီး သူကစားတာကို လာမကြည့်တဲ့အတွက် စိတ်ဓါတ်တွေ ကျပြန်ပါတယ်.. လူငယ်ကင်းထောက်ဟောင်း ကလဲ သူ့ကတိ ပေးပြီးတဲ့ အတိုင်း မူနက် ကို အင်္ဂလန်ခေါ်ပြီး သူ့အိမ်မှာ ထားခါ နယူးကာဆယ် အသင်းရဲ့ ခြေစမ်းပွဲမှာ သွားရောက်ယှဉ်ပြိုင်ခိုင်းပါတော့တယ်… ပန်းနာရင်ကျပ် ရောဂါ ရှိပြီး တကယ့်ကစားကွင်း အခြေအနေနဲ့ လိုက်လျောညီထွေစွာ မကစားနိုင်တဲ့ မူနက် တစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ထပ်မံ ရှုစားကြပါအုံး….. ဒီဇတ်ကားကို Arkar Phyo မှ တင်ဆက်ပေးထားပါတယ်…===============================Thit San Khant Director: Danny Cannon ရိုက်ကူးတင်ဆက်ထားပြီးMay 12, 2006 (USA) မှာ ရုံတင်ပြသခဲ့တဲ့ အားကစားစိတ်ဓါတ်ကို အတည်ပြု အဓိက ရိုက်ကူးထားတဲ့ ဘောလုံးရုပ်ရှင် Goal! (1) ဖြစ်ပါတယ်… နယ်စပ်ကနေ ခိုး၀င်လာပြီး တရားမ၀င် နေထိုင်နေတဲ့ ဆန်တီရာဂို မူနက် တို့ မိသားစုဟာ အဖေ ဖြစ်သူရဲ့ ခြံရှင်း သန့်ရှင်းရေး ၀န်ဆောင်မှု မှာ ၀ိုင်းကူလုပ်ပေးနေရင်း မူနက် ဟာ သူ၀ါသနာပါတဲ့ ဘောလုံး ကစားချင်းကိုလဲ ကစားနေပါတယ် သူတို့ လူငယ်အသင်းမှာ မူနက် က ဦးဆောင်ကစားရပါတယ် သူပါတဲ့ ပွဲတိုင်းလဲ နိုင်ပါတယ် အတော်ဆုံးလူငယ်စာရင်းထဲ အပါ၀င်ပေါ့… ဒါပေမယ့် မူနက် ရဲ့ အဖေဟာ သူ့သား ဘောလုံးကစားတာကို ကြည့်မရပါဘူး အမျိုးမျိုးပိတ်ပင်တားဆီးရင်းနဲ့ သူ့ခြံရှင်းလုပ်ငန်းအတွက် ကား၀ယ်ဖို့ကိုလဲ မူနက် ခြေစမ်းဖို့ သွားမယ့် ခရီးစရိတ်ထဲက မသိအောင် ယူသုံးလိုက်ပြန်ပါတယ် အကြီးအကျယ် စိတ်ဓါတ်တွေ ကျနေတဲ့ အချိန် သူကစားတာကို မြင်မိတဲ့ လူငယ်ကင်းထောက်ဟောင်း တစ်ဦးက နာမည်ကြီးအသင်း နယူးကာဆယ် အသင်းမှာ ကစားနိုင်ဖို့ အတွက် အသင်းပိုင်ရှင်နဲ့ စကားပြောဆိုပေးခဲ့ပါတယ် ဒါပေမယ့် ကတိပျက်ကွက်ပြီး သူကစားတာကို လာမကြည့်တဲ့အတွက် စိတ်ဓါတ်တွေ ကျပြန်ပါတယ်.. လူငယ်ကင်းထောက်ဟောင်း ကလဲ သူ့ကတိ ပေးပြီးတဲ့ အတိုင်း မူနက် ကို အင်္ဂလန်ခေါ်ပြီး သူ့အိမ်မှာ ထားခါ နယူးကာဆယ် အသင်းရဲ့ ခြေစမ်းပွဲမှာ သွားရောက်ယှဥ်ပြိုင်ခိုင်းပါတော့တယ်… ပန်းနာရင်ကျပ် ရောဂာ ရှိပြီး တကယ့်ကစားကွင်း အခြေအနေနဲ့ လိုက်လျောညီထွေစွာ မကစားနိုင်တဲ့ မူနက် တစ်ယောက် ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ထပ္မံ ရႈစားၾကပါအံုး….. ဒီဇတ်ကားကို Arkar Phyo မှ တင်ဆက်ပေးထားပါတယ်
...

Goal! II: Living the Dream (2007) ⭐TMDB: 60% User Score 🎬 #Drama #Romance #Sport 🗓 2007 🎞 movie 🌎 #USA #UnitedKingdom #Spain #Germany #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Goal I ရဲ့ အဆက်ဖြစ်တဲ့ Goal II မှာဆိုရင်တော့ ဆန်တီရာဂို မူနစ် ဟာ နယူးကာဆယ်အသင်းမှာခြေစွမ်းပြနေမှုများကြောင့်..ဥရောပ အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲမက်ထရစ်ကဝယ်ယူခဲ့ပါတယ်..စပိန်မြေမှာသွားရောက်အခြေချကစားရမယ့်မူနစ်တစ်ယောက်ကိုချစ်သူကကြည်ဖြူခြင်းမရှိခဲ့ပေမယ့် နောက်ဆုံးမှာချစ်သူနဲ့အတူလိုက်ခဲ့ရတယ်.. ဒီထက်ပိုပြီးပြောလိုက်ရင်အရသာမရှိတော့မှာဆိုးလို့မပြောတော့ပါဘူး 🙂 ပတ်ဝန်းကျင်အသစ်..အခြေအနေအသစ်တွေ..လူမျိုးစုံတွေကြားမှာ မူနစ်တစ်ယောက်ဘယ်လိုရုန်းကန်ရမလဲ..ရီးရဲမက်ထရစ်လို ဥရောပအသင်းကြီးမှာရော..မူနစ်နေရာရအောင်ဘယ်လိုကြိုးစားပြီးအခက်အခဲတွေများစွာကြားထဲမှာ ရုန်းထွက်မလဲဆိုတာကိုဆက်လက်ရှုစားကြပါGoal I ကိုကြည့်ချင်ရင်တော့ အောက်ကလင့်မှာပေးထားပါတယ်.. Goal I ရဲ့ အဆက်ဖြစ်တဲ့ Goal II မှာဆိုရင်တော့ ဆန်တီရာဂို မူနစ် ဟာ နယူးကာဆယ်အသင်းမှာခြေစွမ်းပြနေမှုများကြောင့်..ဥရောပ အသင်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲမက်ထရစ်က၀ယ်ယူခဲ့ပါတယ်..စပိန်မြေမှာသွားရောက်အခြေချကစားရမယ့်မူနစ်တစ်ယောက်ကိုချစ်သူကကြည်ဖြူခြင်းမရှိခဲ့ပေမယ့် နောက်ဆုံးမှာချစ်သူနဲ့အတူလိုက်ခဲ့ရတယ်.. ဒီထက်ပိုပြီးပြောလိုက်ရင်အရသာမရှိတော့မှာဆိုးလို့မပြောတော့ပါဘူး 🙂 ပတ်၀န်းကျင်အသစ်..အခြေအနေအသစ်တွေ..လူမျိုးစုံတွေကြားမှာ မူနစ်တစ်ယောက်ဘယ်လိုရုန်းကန်ရမလဲ..ရီးရဲမက်ထရစ်လို ဥရောပအသင်းကြီးမှာရော..မူနစ်နေရာရအောင်ဘယ်လိုကြိုးစားပြီးအခက်အခဲတွေများစွာကြားထဲမှာ ရုန်းထွက်မလဲဆိုတာကိုဆက်လက်ရှုစားကြပါGoal I ကိုကြည့်ချင်ရင်တော့ အောက်ကလင့်မှာပေးထားပါတယ်
...

Chinatown Chacha (2024) ⭐IMDB: 5.8/10 (16 Votes) 🎬 #Action #Comedy #Family 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 43 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်တန်း ဒိုင်ယာရီ(၂၀၂၄) ဂျိုင်ဖိဆွတ်အပြီးမှာလာမယ့် ထည်ဝါခမ်းနားချစ်ပုံပြင်များအတွဲ ၂ ရဲ့ လေးတွဲမြောက်ကမင်းသမီးချောလေး Mint ရဲ့ ဒုတိယ movie ခြေလှမ်းဖြစ်တဲ့ Chinatown Cha Chaဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဒီဟာသဇာတ်မြူးလေးကရော ဘယ်လိုတွေခွီရမလဲ ရှုစားကြပါဦး။ တစ်မိသားစုလုံး တစ်မျိုးမဟုတ်တစ်မျိုး ချွတ်ချော်ကံဆိုးနေတဲ့မိသားစုရဲ့သမီးဖြစ်တဲ့ကီးသူ့ရဲ့ကံကောင်းပုံကိုပြောရမယ်ဆို မွေးမွေးချင်းမှာပဲ ဆရာဝန်လက်ထဲကချောပြီးပြုတ်ကျလို့အူဝဲပေါက်စထဲက ကံတွေ မဟားတရား ဆိုးတဲ့ ကီးတစ်ယောက်ခုချိန်မှာလည်း စာတမ်းအတွက်အကြံမထွက်လို့ တိုင်ပတ်နေပြန်ပါပြီ။ ဒီလိုနဲ့ ဘုရားကျောင်းမှာ ဝတ်သွားပြုရင်း သူ့အကြောင်းအကုန်သိနေတဲ့ထူးဆန်းတဲ့အဘိုးကြီးနဲ့တွေ့ပြီး အတိတ်က ကျိန်စာဆိုတဲ့အရာကို သိလိုက်ရတဲ့အခါ…ကျိန်စာရဲ့အရင်းအမြစ် သူ့ရဲ့အဘေးဖြစ်တဲ့ခွန်၊တစ်ချိန်ကနာမည်ဆိုးထွက်တဲ့ ဘိုင်ဆွန်ဂိုဏ်းခေါင်းဆောင်ဖြစ်နေပါသတဲ့။ဒီကံဆိုးမှုတွေကနေ လွတ်ကင်းဖို့ ‌ကီးတစ်‌ယောက် အခေါင်းထဲဝင်အိပ်ရင်းကနေအဘေးခွန်သက်ရှိထင်ရှားရှိနေတဲ့အတိတ်ကာလက ထိုင်ဆိုတဲ့လူရဲ့ခန္ဓာကိုယ်ထဲရောက်သွားပါတော့တယ်။ကံဆိုးမှုတွေပပျောက်ဖို့ သူ့ရဲ့ဘဝပေးမစ်ရှင်ကို ကီးတစ်ယောက်ထမ်းဆောင်နိုင်ပါ့မလားဆိုတာအခွီအလွဲလေးတွေနဲ့ရောစပ်လို့ ရှုစားလိုက်ရအောင်ပါ။ အညွှန်းကိုတော့Mary Christက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Mary&Char Ouပဲ ဖြစ်ပါတယ်
...

Gam Gam Ganesha (2024) ⭐IMDB: 7.6/10 (107 Votes) 🎬 #Action #Bollywood #Comedy #Crime 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 17 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gam Gam Ganesha (2024)”ဂျင်ပေါ်က ထုံးများ”===================================== Baby (2023) ရုပ်ရှင်ထဲက အချစ်ကံခေသူ သုံးဘီးဆရာလေး၊ဗီဂျေးအသေးရဲ့ကလုန်း မင်းသား အာနန်ဒေဗီရာကွန်ဒါရဲ့ IMDb 7.7 ရထားတဲ့အသစ်ထွက် အက်ရှင်ဟာသရုပ်ရှင်လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက်ကတော့ ဂန်းနစ်ရှ်ဆိုတဲ့ တက်သစ်စ အချိန်ပိုင်း လူငယ်ဖောက်ထွင်းဝိဇ္ဇလေးပါ။သူဟာ လုပ်ရည်ကိုင်ရည် သေသပ်လွန်းလို့ ဖောက်ထွင်းမှုတစ်ခါလုပ်တိုင်း တစ်ခါလူမိခံနေရတဲ့သူပေါ့။ တစ်နေ့မှာတော့ ဂန်းနစ်ရှ်ဟာ ရွာတစ်ရွာရဲ့ ဘုရားပွဲထဲထဲမှာ ဖောက်ထွင်းမှုကြီးတစ်ခုကျူးလွန်ဖို့ကြိုးစားနေတုန်းမှာ အဲဒီဘုရားပွဲထဲမှာပဲ ကိစ္စကြီးတစ်ခုလုပ်ဖို့ ကြံစည်နေတဲ့လက်ရဲဇတ်ရဲအမတ်မင်းတစ်ယောက်ရဲ့ လက်မရွံ့လက်ပါးစေ ရူဒရာဆိုတဲ့လူမိုက်တစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပြီး ငြိကုန်ကြပါတော့တယ်။ ဂန်းနစ်ရှ်က ဘာတွေခိုးဖို့ ကြံစည်နေတာလဲ၊ ရူဒရာကရောဘုရားပွဲထဲမှာ ဘာတွေလုပ်နေတာလဲ၊ရူဒရာ့လို လက်မရွံ့တစ်ယောက်ကို ဂန်းနစ်ရှ် ဘယ်လိုရင်ဆိုင်မလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

Hotel Cocaine (2024) ⭐IMDB: 6.6/10 (156 Votes) 🎬 #Crime #Thriller 🗓 2024 🎞 tv series 🌎 #Canada #Australia #UnitedStatesofAmerica ⏰ 54 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသစ်ထွက်ရှိလာတဲ့ “Hotel Cocaine” စီးရီးဟာ ၁၉၇၀ ပြည့်နှစ်ကာလတွေက အမေရိကန်၊ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ကို အခြေတည်ထားတဲ့ ရုပ်သံစီးရီးတစ်ခုဖြစ်ပါတယ်။ ဒီမြို့မှာရှိတဲ့ Mutiny Hotel ဟာ မူးယစ်ဆေးဝါး၊ နိုက်ကလပ်နဲ့ ညစ်ညမ်းမှုတွေ၊ အကျင့်ပျက်ချစားမှုတွေကြောင့် လူသိများတဲ့နေရာတခုဖြစ်ပါတယ်။ ကမ္ဘာကျော်ဆယ်လီတွေကအစ ဒီနိုက်ကလပ်မှာ လာရောက် ပျော်ပါးကြတာပါ။ ဟိုတယ်မန်နေဂျာဖြစ်သူ Roman Compte ဟာ အထူးအေးဂျင့်တွေနဲ့ ပါဝင်ရှုပ်ထွေးမိပြီး လူကုန်ကူးဘုရင် တပါးဖြစ်တဲ့ သူ့ရဲ့အကိုအရင်းဖြစ်သူကို သစ္စာဖောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ အန္တရာယ်များလွန်းတဲ့ ရာဇဝတ်မှုတွေ၊ မြေအောက်ဒုစရိုက်ဂိုဏ်းတွေ၊ ဖက်ဒရယ် အထူးအေးဂျင့်တွေရဲ့ စစ်ဆင်ရေးတွေနဲ့ မိသားစုတွင်း ပဋိပက္ခတွေကို ထိထိမိမိပုံဖော်တင်ဆက်ထားတာဖြစ်ပြီး တုန်လှုပ်ချောက်ခြားဖွယ်ရာ ဘိန်းမှောင်ခိုဇာတ်လမ်းတပုဒ်ကို စိတ်လှုပ်ရှားစွာ ကြည့်ရှုကြရမှာပါ။ File Size – 1.19 GB / 456 MB Quality –WEB-DL 1080p 5.1CH , 720p Episodes –  8 Eps Duration –  54 min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime , Thriller Translator – Zaw Myint Encoder – Min Wai ( Season 1) Ep 1 ***** 720P   >>>>CM App Link/Usersdrive/Megaup 1080P >>>>
...

Pup-o, ma3! (Ouale, Franceza si Ardelenii) (2023) ⭐IMDB: 4.8/10 (121 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Romania ⏰ 1 နာရီ 30 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရိုးမေးနီးယန်း ဟာသဇာတ်လမ်းတစ်ခုဖြစ်ပြီး ညီအကိုသုံးယောက်က မိန်းမမယူရသေးတဲ့ အကို ကို ရိုးရာသိုးမွှေးနေ့မှာ ကောင်မလေးကိုနမ်းရင် နမ်းတဲ့သူကိုယူရတဲ့ ဆိုတဲ့ ရိုးရာ ကိုအသုံးချပြီး မိန်းမယူဖိူ့ကြိုးစားကြရင်း အလွဲအချော်တွေဖြစ်တာကို ဟာသအသားပေးလေးရိုက်ပြထားတာပါ။
...

End of the Rope (2023) ⭐IMDB: 4.5/10 (292 Votes) 🎬 #Crime #Drama #Western #Mystery 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 2 နာရီ 19 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကြိုးရဲ့အဆုံးတစ်ဖက် Rotten Tomatoes 76%အထိ ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ရင်ထဲမှာ လှိုက်ကနဲခံစားသွားစေရမယ့် အီမိုရှင်းအနိမ့်မြင့်အတက်ကျဖြစ်အောင် လုပ်ပေးနိုင်မှာတော့ သေချာပါတယ်။ စီအေဂျေကော့ဆန်ကတော့ တစ်မြို့လုံးရဲ့ အထင်ကြီးလေးစားမှုကို ခံနေရတဲ့ မြောက်ဒက်ကိုတာပြည်နယ်၊ Schaferမြို့က ရဲမှူးတစ်ဦးဖြစ်ပါတယ်။ တဖက်မှာလည်း ချာလ်းစ်ဘန်နွန်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူကတော့ စီအေနဲ့မတူဘဲ တစ်မြို့လုံးရဲ့ မုန်းတီးခြင်းခံနေရသူဖြစ်ပါတယ်။ သူ့ရဲ့ဘဝလေးက ဇာတ်ကြောင်းတော့ မလှရှာပါဘူး သူ့ဖခင်ကိုယ်တိုင်က သူ့ကိုထားခဲ့ပြီး သူ့မိခင်ကလည်း သူ့ကိုအိမ်ပေါ်ကနေ နှင်ချထားတာပါ။ ဒီလိုကြုံရာကျပန်း လယ်အလုပ်တွေမှာ ဝင်လုပ်ရင်းနဲ့ နေထိုင်နေသူပါ။ ဘဝပေးကုသိုလ်ကံမကောင်းလှတဲ့ ချာလ်းစ်ကို တမြို့လုံးက သူ့ကို အကုသိုလ်ကောင်လေးလို့ သတ်မှတ်ကာ မုန်းတီးနေကြပါသေးတယ်။ ဒီလို အမုန်းခံနေရတဲ့ ချာလ်းစ်အတွက် ပိုမိုဆိုးရွားတဲ့အဖြစ်ပျက်တစ်ခုက စောင့်ကြိုနေပါတယ်။ ထိုအရာကတော့ ရဲမှူး စီအေရဲ့သမီးတွေ ရှိနေတဲ့ အိမ်ကို မတော်တဆ မီးရှို့ပြီး သတ်လိုက်မိသွားပါတယ်။ စီအေတစ်ယောက်လည်း ဆုံးသွားတဲ့သမီးတွေအတွက် ပူဆွေးသောက ရောက်ရင်းနဲ့ ရဲမှူးအလုပ်ကနေ အနားယူသွားပါတော့တယ်။ ဒီလိုနဲ့ ချာလ်းစ်တစ်ယောက် ထောင်ကျသွားပြီး ပြန်လွတ်လာတော့ စီအေရဲ့မိတ်ဆွေဖြစ်သူ ကောင်တီကော်မရှင်နာ အဲလ်ဘတ်တို့မိသားစုလယ်မှာ ဝင်အလုပ်လုပ်ပါတယ်။ ကိုယ့်သမီးတွေကို သတ်သွားတဲ့ ချာလ်းစ်ကို အလုပ်ပေးထားတော့ အဲလ်ဘတ်ကို စီအေကတော့ မကျေနပ်ဘူးပေါ့လေ။ ဒါပေမဲ့ နှောင့်ယှက်ခြင်းတစ်စုံတစ်ရာတော့ မပြုခဲ့ပါဘူး။ ဒီလိုနဲ့ ချာလ်းစ်တစ်ယောက်အလုပ်ဝင်လုပ်ရင်း ၂လအကြာမှာတော့ အဲလ်ဘတ်မိသားစုတစ်စုလုံး အစနမရှိဘဲ ပျောက်သွားပါတော့တယ်။ ထိုအကြောင်းကို သိသွားတဲ့ စီအေက ရဲမှူးနေရာမှာ ယာယီပြန်လုပ်ရင်း အဲလ်ဘတ်တို့မိသားစုပျောက်ဆုံးရခြင်းနဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းပါတော့တယ်။ အဲလ်ဘတ်တို့မိသားစုလိုက် ပျောက်ဆုံးသွားတာနဲ့ ချာလ်းစ်ဘန်နွန်နဲ့ ဘာများပတ်သက်နေမလဲ။ ဘန်နွန်က အဲလ်ဘတ်တို့ကို မိသားစုလိုက်သတ်လိုက်တာလား။ ဘန်နွန်ကို ဖမ်းဖို့ သက်သေတွေကို ဘယ်လိုရှာကြမလဲ။ တစ်မြို့လုံးရဲ့မုန်းတီးခြင်းကို ခံနေရတဲ့ ဘန်နွန်ရဲ့အဆုံးသတ်က ဘယ်လိုဖြစ်သွားမလဲ။ တရားဥပဒေရဲ့ဘက်တော်သားဖြစ်ခဲ့တဲ့ စီအေကလည်း သူ့သမီးတွေရဲ့အသက်တွေကို နှုတ်ယူခဲ့တဲ့ ဘန်နွန်ကို တရားကျကျနဲ့ စီရင်နိုင်ပါ့မလားဆိုတာကို အဆုံးထိစိတ်ဝင်တစားနဲ့ ကြည့်ရှု့ရမှာဖြစ်ပါတယ်ခင်ဗျာ။ အညွှန်းနဲ့ဘာသာပြန်သူကတော့ Minn Khant Kyi Winဖြစ်ပါတယ်။
...

Tati Part Time (2024) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Romania ⏰ 1 နာရီ 41 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Tati Part Time ဆိုတဲ့ဇာတ်ကားလေးက 2024 ခုနှစ်မှာထွက်ရှိလာတဲ့ကားသစ်လေးဖြစ်ပါတယ်။အလုပ်လုပ်တဲ့နေရာမှာ အမြဲတမ်းပေါ့ပျက်ပျက်လုပ်တတ်လို့ ခဏခဏအဆူခံရတဲ့ lustin ဆိုတဲ့ရှေ့နေလေးဆီကို အမေဖြစ်သူက lustin ခေါင်းကိုင်ဖခင်လုပ်ပေးရမယ့် 8 နှစ်အရွယ် ကလေးမလေးတစ်ယောက်ကိုခေါ်လာပြီး တစ်လတိတိကြည့်ရှုစောင့်ရှောက်ပေးရမယ်လို့ပြောပြီး ကလေးမလေးကိုသူ့ဆီထားခဲ့ပါတယ်။ ကလေးမလေးကလဲ ခေသူမဟုတ်တဲ့စွာစိလေးဖြစ်နေတဲ့အခါ ရှေ့နေလေး lustin ဟာ ကလေးကိုလည်းထိန်းရ အလုပ်လည်းလုပ်ရသေးတာမလို့ ဘယ်လိုအလွဲလေးတွေကြုံရမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုလို့ရနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
...

September Babies (2024) ⭐IMDB: 7.1/10 (7 Votes) 🎬 #Action #Drama #Thriller 🗓 2024 🎞 movie 🌎 #Switzerland ⏰ 1 နာရီ 34 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 September Babies ရုပ်ရှင်ဟာ ၂၀၂၄ ထွက် ဂျာမနီ စကားပြော အက်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်း: အဖွဲ့ တစ်ခုကထိန်းချုပ်နေတဲ့ လောကကြီးမှာ ဘွန်နီနဲ့ဘိုနို လို့ခေါ်တဲ့ ဘွန်နှစ်ယောက်ရယ် ညှင် ဆိုတဲ့လူတစ်ယောက်ရယ် ၁၂ နှစ်အရွယ် ဇီယာ ဆိုတဲ့ကောင်မလေးတစ်ယောက်ရယ်ရှိနေပါတယ်။ ဇီယာဟာ အဖွဲ့က ကျွေးမွေးထားပြီး လေ့ကျင့်ပေးထားတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဘွန်နှစ်ယောက်ရော ညှင်ရောက အတော်လေးကိုကျွမ်းကျင်တဲ့ လုပ်ကြံရေးသမားတွေဖြစ်ပါတယ်။ ဒါပေမယ့် ဇီယာမသိခဲ့တာက ခါးသီးတဲ့အမှန်တရားရှိနေတယ်ဆိုတာပါပဲ။ အဖွဲ့မှာ ပရင့်စ်(မင်းသား) ဆိုတဲ့လူတစ်ယောက်ရှိနေပြီး သူကပဲအကုန်လုံးကိုထိန်းချုပ်ထားပါတယ်။ လက်တွေ့မှာ ၁၂ နှစ်အရွယ်ကောင်မလေးအတွက် ဒီလောကကြီးက ကြမ်းတမ်းလှပါတယ်။ အဲတော့ ဇီယာ ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဇီယာပြန်လာတဲ့အခါမှာတော့
...

8 Found Dead (2022) ⭐IMDB: 4.8/10 (407 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စုံတွဲ ၂ တွဲက ပိတ်ရက်မှာ အတူအချိန်ဖြုန်းဖို့အတွက် လူသူနဲ့ကင်းဝေးပြီး သဲကန္တာရတစ်ခုရဲ့အလယ်မှာရှိတဲ့ အိမ်တစ်လုံးကို ငှားရမ်းခဲ့ပါတယ်။ ပိတ်ရက်မှာ သူတို့ ငှားထားတဲ့ အိမ်ကိုရောက်တဲ့အခါမှာတော့ အခြားစုံတွဲတစ်တွဲက အိမ်ထဲမှာ ရောက်နှင့်ပြီးသားပါ။ စုံတွဲ ၃ တွဲရဲ့ တစ်ညတာအတွင်း ရုန်းကန်ရမှုကို ကြည့်ရမှာ ဖြစ်ပြီး ဇာတ်လမ်းအမျိုးအစားကတော့ Horror/ Suspense အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

The Couch: Black Girl Erupted (2023) ⭐IMDB: 6.5/10 (37 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.5 ရထားတဲ့ဒရာမာရုပ်ရှင်ကားကောင်းလေးပါ။ ရိန်နာဆိုတဲ့ လူမည်းအမျိုးသမီးတစ်ဦးက ဥပဒေကုမ္ပဏီတစ်ခုမှာ ရှေ့နေအလုပ်ကိုလုပ်ကိုင်နေပါတယ်။ ရိန်နာဟာ လုပ်ဖော်ကိုင်ဖက်တွေအကြားမှာ လူမျိုးရေးခွဲခြားမှုတွေ၊ ဘက်လိုက်မှုတွေကိုသည်းခံလာပြီး ရာထူးတက်ဖို့အတွက် ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ ရိန်နာတို့မိသားစုကလည်း ရှေးရိုးစွဲပြီး စံနှုန်းတွေကိုမြင့်မြင့်သတ်မှတ်ကြတဲ့မိသားစုပါ။ ရိန်နာမှာ ငယ်ငယ်ကတည်းက ပြိုင်ဆိုင်လာတဲ့ညီမတစ်ယောက်လည်းရှိပါတယ်။ ဒီလိုနဲ့ ရိန်နာဟာ လုပ်ငန်းခွင်မှာရော မိသားစုအကြားမှာပါ ဖိအားတွေကိုခံစားရပါများလာတဲ့အခါမှာတော့ ဒေါသ နဲ့ စိုးရိမ်စိတ်တွေကို မထိန်းချုပ်နိုင်တော့ဘဲ အရာရာ ကမောက်ကမဖြစ်ကုန်ပါတော့တယ်။ ရိန်နာဟာ သူမခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် သူမ မလုပ်ချင်ဆုံးအရာတစ်ခုဖြစ်တဲ့ ကုထုံးဆရာ၀န်ဆီသွားပြဖို့ရာကို ရွေးချယ်လိုက်ရပါတော့တယ်။ ရိန်နာတစ်ယောက် သူမရဲ့ပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းဖို့ကြိုးစားမလဲ၊ နောက်ဆုံးမှာရော သူမအတွက်မကောင်းတဲ့အရာတွေကို သူမ ပြင်ဆင်သွားနိုင်မလား၊ သူမရဲ့ဘ၀‌မှာ ဘာတွေဘယ်လိုဆက်ကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

The Merchant of Venice (2004) ⭐TMDB: 68% User Score 🎬 #Drama #Romance 🗓 2004 🎞 movie 🌎 #UnitedKingdom #Italy #Luxembourg #UnitedStates ⏰ 2 နာရီ 12 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အလယ်ခေတ် ၁၆ ရာစု ဝန်းကျင်မှာ ဥရောပဒေသတစ်လျှောက် ဖြန့်ကျက်နေထိုင်တဲ့ ဂျူးတွေက ဘာသာရေးအရ ခွဲခြားဖိနှိပ်ခြင်းကို ခံရပါတယ်။ ဖွံ့ဖြိုးလွတ်လပ်လှပါချည်ရဲ့ဆိုတဲ့ ဗင်းနစ်မြို့မှာတောင် ဂျူးဘာသာဝင်တွေက ခရစ်ယာန်ဘာသာဝင်တွေနဲ့ တန်းတူအခွင့်အရေး မရကြပါဘူး။ ဗင်းနစ်ရဲ့ ‘ဂက်တို’ လို့ခေါ်တဲ့ ရှေးဟောင်းဒေသတစ်ခုမှာပဲ ဂျူးလူမျိုးတွေကို စုစည်းနေထိုင်ခိုင်းပြီး ညနေ နေဝင်တာနဲ့ အဲဒီဒေသရဲ့ ဂိတ်တံခါးကို ခရစ်ယာန်တပ်တွေနဲ့ ပတ်လည်ဝိုင်း ပိတ်ချပါတယ်။ နေ့ဘက်ဆိုရင် ဂက်တိုဒေသကနေ ထွက်ခွာတဲ့ ဘယ်ဂျူးမဆို ဂိတ်ရိုးကို ကျော်တာနဲ့ အနီရောင်ဦးထုပ်ကို ဝတ်ဆင်ရပါတယ်။ ခရစ်ယာန်တွေနဲ့ မရောသွားအောင်ပေါ့။ အဲဒီနည်းနဲ့ ဗင်းနစ်ရဲ့ ဥပဒေထဲမှာ ဂျူးတွေကို တရားဝင်ခွဲခြားထားတာပါ။ နောက်ပြီး ဘယ်ဂျူးမဆို စည်းစိမ်ဥစ္စာ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ ဒီတော့ ဗင်းနစ်မြို့မှာ နေတဲ့ ဂျူးဘာသာဝင်တွေက ဘာစီးပွားမှ လုပ်မရမဲ့ တူတူဆိုပြီး ရှိတဲ့ငွေကို အတိုးချေးစားကြပါတယ်။ အဲဒီငွေတိုးချေးစားတာကိုလဲ ခရစ်ယာန်ဘာသာမှာ တားမြစ်ပညတ်ထားပြန်တယ်။ ဗင်းနစ်မြို့က ကုန်သည် – The Merchant of the Venice ရုပ်ရှင်က နာမည်ကျော် ဝီလျံရှိတ်ခ်စပီးယားရဲ့ ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ၂၀၀၄ ခုနှစ်က ရုပ်ရှင်ပါ။ အလယ်ခေတ် ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ကို အခြေတည်ပြီး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းက အန်တိုနီယိုလို့ခေါ်တဲ့ ဗင်းနစ်က နာမည်ကြီး ကုန်သည်တစ်ဦးက သူ့မိတ်ဆွေ ဘာဆန်နီယို အကူအညီတောင်းလို့ ရှိုင်းလော့ခ်လို့ ခေါ်တဲ့ ဂျူးလူမျိုးသူကြွယ်ဆီမှာ ငွေချေးပါတယ်။ ဘာဆန်နီယိုက ပေါ်တီယာလို့ခေါ်တဲ့ မိန်းမလှလေးတစ်ဦးကို တင်တောင်းသွားချင်တာမို့ အဲဒီငွေကို လိုတာပါ။ ဂျူးကြီးကလဲ ငွေကို အတိုးမယူဘဲ ချေးလိုက်ပါတယ်။ ဒါပေမဲ့ အပြန်အလှန်အနေနဲ့ အဲဒီငွေကို အချိန်မီ မဆပ်နိုင်ခဲ့ရင် အန်တိုနီယို့အသားတစ်ပေါင်ကို လှီးယူမယ်လို့ ကတိကဝတ်တောင်းလိုက်တာပါ။ ဒါပေမဲ့ အန်တိုနီယိုက ပြန်မဆပ်နိုင်ခဲ့ပါဘူး။ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုတွေကို ကာလအဆက်ဆက် ခံလာရတဲ့ ဂျူးကြီးရဲ့ လက်စားချေချင်ဇော အဟုန်တွေက ဘယ်လောက်ပြင်းလဲ၊ ချေးထားတဲ့ ငွေကို အန်တိုနီယို တစ်ယောက် ပြန်မဆပ်နိုင်တော့တဲ့ အခါ ဘာဆက်ဖြစ်မလဲ၊ ဘာဆန်နီယိုနဲ့ ပေါ်တီယာတို့ ကြားက အချစ်ကကြိုးကရော ဘယ်လိုနှစ်ပါးသွားမလဲနဲ့ ဗင်းနစ်မြို့ရဲ့ ဥပဒေက ဂျူးတွေကို ဘယ်လိုဘယ်ပုံနဲ့ ခွဲခြားထားလဲ . . . စတာတွေကို ဥရောပအလယ်ခေတ်ရဲ့ ပြယုဂ်ကို အမိဖမ်းရင်း တစ်စိမ့်စိမ့်နဲ့ အရသာခံကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အဓိက ဇာတ်လိုက်ဖြစ်တဲ့ ဂျူးကြီး ရှိုင်းလော့ခ်ကိုတော့ The Godfather ရုပ်ရှင်တွေထဲ မိုက်ကယ်ကော်လီယွန်အဖြစ် မြင်တွေ့နေကျဖြစ်တဲ့ ဂန္ထဝင်မင်းသားကြီး Al Pacino က ပါဝင်သရုပ်ဆောင်ထားပါတယ်။ အန်တိုနီယိုနေရာမှာတော့ Kingdom of Heaven နဲ့ The Man in the Iron Mask တို့မှာ ပါဝင်ခဲ့တဲ့ Jeremy Irons က အားဖြည့်ပေးထားသလို အချစ်သူရဲကောင်း ဘာဆန်နီယိုဇာတ်ကောင်ကိုတော့ Enemy at the Gate က Joseph Fiennes က ယူထားပါတယ်။ အသက်ရှူမှားအောင်ကို လှပြီး တစ်ကားလုံး မျက်တောင်မခတ်တမ်း ငမ်းရမဲ့ ရှုမငြီး အလှပဂေးလေး ပေါ်တီယာနေရာမှာတော့ X-Men, John Carter နဲ့ Walking Dead တို့မှာ ပါဝင်ဖူးတဲ့ မင်းသမီးချောလေး Lynn Collins ကို တွေ့ရပါလိမ့်မယ်။
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ မနက် ၁၀ နာရီ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ 🌃 ည ၁၁ နာရီ မှ မနက် ၆ နာရီ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁၂ နာရီ မှ မနက် ၈ နာရီ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Cruel Encounters (2023) ⭐IMDB: 6.2/10 (99 Votes) 🎬 #Drama #Thriller 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ မိသားစုအမွေအရှုပ်အရှင်းတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးလိုက် ပြန်ခံရလိုက်နဲ့ လုံးချာလည်နေတဲ့မိသားစုကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ ဒေါ်လာဘီလီယံနဲ့ချီပြီးတန်ကြေးရှိတဲ့ကုမ္ပဏီကြီးရဲ့ပိုင်ရှင်ဟာ ကိုယ်ပိုင်လေယာဉ်နဲ့ခရီးသွားတုန်း လေယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီတော့လဲ ကျန်ခဲ့တဲ့မိသားစုဝင်တွေက ကျန်ခဲ့တာတွေမှန်သမျှကိုမောင်ပိုင်စီးဖို့ကြိုးစားတော့တာပေါ့။ ဒီလိုနဲ့တစ်ယောက်ကိုတစ်ယောက်ချောက်ချလိုက် အရှက်ခွဲလိုက်နဲ့အလုပ်ရှုပ်နေတုန်းမှာ သူတို့မသိသေးတာက လေယာဉ်ပျက်ကျတာက သွေးရိုးသားရိုးမဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့ပယောဂကြောင့်ဖြစ်နေတာပါ။ ဒီလိုနဲ့ ထိုသို့လေယာဉ်ပျက်ကျအောင် ဘယ်သူလုပ်ခဲ့တာလဲ, ဘယ်လိုလှည့်ကွက်တွေနဲ့ နောက်ဆုံးမှာ ကုမ္ပဏီကို ဘယ်သူကရသွားမှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ကြပါဦး။
...