ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Kadhalikka Neramillai (2025) ⭐IMDB: 6.4/10 (743 Votes) 🎬 #Bollywood #Drama #Romance 🗓 2025 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kadhalikka Neramillai 2025 (ပျောက်ဆုံးနေသောအချစ် ) ယိုဂီဘာဘူပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဇာတ်ကားအသစ်လေး ထွက်ရှိလို့လာပါပြီ။ဒရာမာဆိုပေမဲ့ ယိုဂီဘာဘူရဲ့ ထုံးစံအတိုင်းပဲ ဟာသလေးတွေနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ရှရီယာဆိုတဲ့ကောင်မလေးဟာ ကလေးအရမ်းလိုချင်နေတဲ့သူဖြစ်ပြီးတော့သူ့ကောင်လေးနဲ့ မင်္ဂလာဆောင်ပြီးတာနဲ့ တန်းပြီးတော့ ကလေးယူဖို့အတွက်ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့လည်း အသက်အရွယ်ကြောင့်ရောသူ့ရောဂါအခြေအနေကြောင့်ပါ သူဟာ IVF (ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေတည်စေခြင်း)ပြုလုပ်ဖို့အတွက် ဒေါက်တာက အကြံပြုတဲ့အတိုင်းပဲIVFနည်းနဲ့ ကလေးယူဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ ဆစ်ဒ်ဆိုတဲ့ကောင်လေးကတော့ ဒီလောကကြီးက လူသားတွေဟာ ကမ္ဘာဂြိုဟ်ကြီးအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်တယ်လို့ ထင်နေပြီး ကလေးမလိုချင်တဲ့သူတစ်ယောက်ပေါ့။သူဟာလည်း ချစ်ရသူရှိပေမဲ့ ချစ်သူရဲ့ ဆန္ဒအတိုင်း စေ့စပ်ဖို့ စီစဉ်လိုက်ပေမဲ့လက်ထပ်တာတွေ ကလေးယူတာမျိုးတွေကို မလုပ်ချင်သူတစ်ယောက်ပါ။ဆစ်ဒ်မှာ ငယ်ငယ်လေးကတည်းက ဆိုးတူကောင်းဖက်ပေါင်းဖက်လာခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ရှိပါတယ်၊ ဂိုဒါနဲ့ စီသူလို့ ခေါ်ပါတယ်။စီသူဟာ ဂေးတစ်ယောက်ဖြစ်ပြီး ကလေးမွေးချင်နေရာကနေသုက်ပိုးကို အေးခဲထားဖို့အတွက် အကြံပေါ်လာခဲ့ပါတော့တယ်။ ဒီမှာပဲ ငယ်ငယ်လေးကတည်းက ဘာမဆို အတူတူလုပ်ခဲ့ကြတဲ့သူငယ်ချင်းတွေပီပီစီသူဟာ သူသုက်ပိုးအေးခဲမဲ့ကိစ္စကို ဂိုဒါနဲ့ ဆစ်ဒ်ကိုပါ အပါခေါ်ပါတော့တယ်။ဒီလိုနဲ့ ကလေးမလိုချင်တဲ့ ဆစ်ဒ်ရဲ့ အေးခဲထားတဲ့ သုက်ပိုးကနေ မျိုးပွားလာမှာလား ……..ရှရီယာတစ်ယောက်ရော IVF ကုထုံးနဲ့အတူ သူလိုချင်တဲ့ ကလေးလေး ရရှိလာမှာလား …ရှရီယာနဲ့ ဆစ်ဒ်တို့ကရော ဘယ်လို ဆက်စပ်မှုတွေ ရှိနေလဲ …. ဆိုတာကိုကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ ZweYan ~ V ~ Star တို့ဖြစ်ပါတယ်)...
Love Therapist (2017) ⭐TMDB: 0% User Score 🎬 #Drama 🗓 2017 🎞 movie 🌎 #China ⏰ 1 နာရီ 15 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အသဲကွဲရောဂါကိုခံစားဖူးကြပါသလား?အသဲကွဲတဲ့အချိန်ကျရင် ဘယ်လိုရုန်းထွက်ကြလဲ?လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်ရာလုပ်တန်တဲ့ ရှောင်ယာကချစ်ရတဲ့ခွဲခွါခြင်းခံရတော့ အသဲကွဲပြီး အသဲကွဲတာကိုအထူးကုတဲ့စိတ်ရောဂါဆရာဝန်ချန်ရန်ဆီရောက်လာတယ် အချစ်ရှိရင် အခက်အခဲကနေကျော်ဖြတ်နိုင်တယ်အချစ်ရှိတာရှိရင် ဒဏ်ရာကလုံးဝပျောက်ကင်းမှာ ဆိုတဲ့ချန်ရန်ကအသဲကွဲရောဂါကိုကုသတဲ့နေရာမှာအရမ်းနာမည်ကြီးတယ် နာမည်လည်းကြီးသလို ကုသတဲ့နည်းလမ်းကလည်းအတော်ကိုထူးဆန်းတယ်တစ်ခြားဆရာဝန်တွေလို အိပ်ငွေ့ချမေးမြန်းတာမဟုတ်ဘဲနဲ့လူနာနဲ့အတူအိပ်ပြီး အိမ်မက်ထဲမှာကုသပေးတာရှောင်ယာရဲ့အိမ်မက်ထဲဝင်ပြီး သူရဲ့ဇာတ်လမ်းထဲဝင်ပြီးအသဲကွဲရောဂါကိုကုသပေးခဲ့တာ -ကုသနေစဥ် ရှောင်ယာရဲ့အိမ်မက်ထဲမှာဘာတွေဖြစ်ပျက်ကြမလဲ?-ရှောင်ယာအချစ်ရေးကဘယ်လိုဖြစ်မလဲ-ချန်ရန်က ရှောင်ယာရဲ့အသဲကွဲရောဂါကို ကုသပေးနိုင်မလား? စတာတွေကိုစိတ်ကူးယဉ်ဆန်ဆန် စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းလေးဖြစ်လို့အားလုံးအတူတူကြည့်လိုက်ကြရအောင်နော်...
Dragon Sword Outlander (2021) ⭐TMDB: 60% User Score 🎬 #Action #Adventure #ScienceFiction 🗓 2021 🎞 movie 🌎 #China ⏰ 1 နာရီ 49 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တနေ့ကတင်ဆက်ထားတဲ့ To Be Immortal ဇာတ်ကားလေးရဲ့အဆက်သဘောလေးပဲဖြစ်ပါတယ်ဒီကားလေးက သိုင်းပညာနဲ့အဂ္ဂိရတ်ပညာကိုရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါပဲကျင့်ကြံသူတွေဒုက္ခရောက်ပြီး အားလုံးသေဆုံးတော့မဲ့အချိန်မှာဖုယန်နဲ့သူ့သူငယ်ချင်းတစ်စုဟာ ပြသနာကိုဖြေရှင်းဖိုလိုက်ရှာရင်းတောအုပ်တစ်ခုထဲရောက်သွားခဲ့ပါတယ်တကယ်တော့အဲ့တောအုပ်ဟာ သာမန်တောအုပ်တစ်ခုမဟုတ်ပါဘူးလောကကြီးနဲ့အဆက်ဖြတ်ပြီး တသီးတခြားတည်ရှိနေတဲ့ ဝင်္ကပါတောအုပ်တစ်ခုပါ သာမန်သူတွေလည်းမဝင်နိုင်သလို ဝင်ချင်လည်းသားရဲမိစ္ဆာကောင်တွေကြောင့် အသက်မရှင်နိုင်ပါဘူးဒါပေမဲ့ဖုယန်ဟာ ထိုတောအုပ်ထဲကိုရောက်ရှိသွားခဲ့ပါတယ်တောအုပ်ထဲက ကိုယ်ပိုင်ကမ္ဘာမှာနေထိုင်တဲ့ဂိုဏ်းမှအကြီးအကဲအမတမျိုးနွယ်ကလည်း ဖုယန်ကုသတိထားမိပြီးသူ့တပည့်ကိုလိုက်ချဥ်းကပ်ခိုင်းပါတော့တယ်တစ်ဖက်မှာလည်း အဂ္ဂိရတ်ပညာရှင် တန်းကျွင်းကလည်းသူ့ပညာတွေအမွေပေးရန် ဖုယန်ကုအတင်းချဥ်းကပ်အကျပ်ကိုင်ပြီး သင်ပေးပါတော့တယ် ကဲ ဖုယန်တစ်ယောက်လွတ်မြောက်နိုင်မလား?အဂ္ဂိရတ်ပညာကိုလည် တစ်ဖက်ကမ်းခပ်တက်မြောက်နိုင်မလား?သူဘာတွေကြုံတွေ့နေရမလဲ?ဇာတ်လမ်းလေးထဲ စောင့်ကြည့်ပေးပါနော်...
Better Man (2024) ⭐IMDB: 7.6/10 (14 k Votes) 🎬 #Biography #Drama #Fantasy #Musical #Music 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #China #France #Australia #UnitedStatesofAmerica #Cyprus ⏰ 2 နာရီ 16 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Better Man (2024) IMDb Rating (7.7) / Rotten Tomatoes (88%) ဒီရုပ်ရှင်ကတော့ ဗြိတိန်ရဲ့ အအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ ရော်ဘီဝီလီယံရဲ့ ဇာတ်ကြောင်းပါပဲ။ သူရခဲ့တဲ့ ဗြိတိန်ဂီတဆုတွေကို မီတဲ့သူ မရှိပါဘူး။ဒီရုပ်ရှင်တစ်ခုလုံးမှာ ရော်ဘီကို မျောက်တစ်ကောင်အဖြစ်ပုံဖော်သွားပါတယ်။ ဒါကတော့ သူ့ရဲ့ ဂီတလောကထဲက ခံစားချက်အတိုင်း ဆပ်ကပ်မှာ ဖျော်ဖြေနေရတဲ့ မျောက်တစ်ကောင်လိုဖြစ်နေတာရယ်၊ သူ့ကိုယ်သူ သိမ်ငယ်ခဲ့တဲ့အတိတ်တွေရယ်ကိုကိုယ်စားပြုထားတာပါ။ အင်တာဗြူးမှာတော့ ရော်ဘီက “ဒီရုပ်ရှင်မှာကျုပ်လိပ်ခေါင်းကလွဲပြီး ကျန်တာအကုန်ချပြထားတယ်” လို့ကိုပြောသွားတာပါ။ အနုပညာရှင်ပါရမီရှင်တစ်ယောက်ရဲ့ အတိတ်ကဒဏ်ရာတွေ၊ စိတ်ကျရောဂါတွေ၊ အရက်တွေ ဆေးတွေနဲ့ ရုန်းကန်နေရတာတွေကနေ ပြန်တည်ဆောက်ရတာတွေကို တွေ့ရမှာပါ။ အထူးပြုလုပ်ချက်နဲ့ အော်စကာ စကာတင်ထားတာမို့ ရိုက်ကွင်းနဲ့ဖန်တီးချက်တွေ ဘယ်လောက်တောင် ကောင်းလဲ တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ************ အဖေဖြစ်သူက အနုပညာအလုပ်တွေလုပ်ချင်လွန်းလို့ ပစ်သွားတဲ့ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ အဖေဆီက ရတဲ့ အနုပညာပိုးကြောင့်ကြိုးစားရင်း ၁၅ နှစ်မှာတင် နာမည်ကြီး ယောကျာ်းလေးအဆိုအဖွဲ့မှာTake That မှာပါလာပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ရဲ့ အရိပ်ကနေ ထွက်လာရပြီး တစ်ယောက်တည်းပြန်တည်ဆောက်ဖို့ ကြိုးစားရာမှာ အခက်အခဲမျိုးစုံ ကြုံခဲ့ပြီးမှနောက်ဆုံးမှာ ဗြိတိန်သမိုင်းရဲ့ အကောင်းဆုံး ပေါ့အဆိုတော်တွေထဲကတစ်ယောက်ဖြစ်လာပုံတွေကို တွေ့ရမှာပါ။ ရိုက်ချက်ကောင်းကောင်း သီချင်းကောင်းကောင်းတွေနဲ့ ဂီတဇာတ်လမ်းကောင်းကြိုက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။...
Hard Times (1975) ⭐TMDB: 67% User Score 🎬 #Crime #Drama #Sport #Action 🗓 1975 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1975 ခုနှစ်က ထွက်ထားတဲ့ ဟောင်းပေမယ့်ကောင်းနေဆဲ Action/Sport အမျိုးအစားဇာတ်ကားတစ်ကားပါ ဘယ်ကလာပြီး ဘယ်ကိုသွားမယ်မှန်းမသိရတဲ့ လူထူးဆန်းတစ်ယောက်နဲ့ လမ်းဘေး Boxing ပွဲတွေမှာ ဖျံကျပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လောင်းကစားသမားတစ်ယောက်တွေ့ပြီး ဘာတွေဆက်ဖြစ်မလဲကြည့်ရမှာပါ အပိုအလိုလည်းမရှိ Brutal လည်းဖြစ်တဲ့ fighting scence တွေက ဒီဇာတ်ကားကိုပိုပြီး ထူးခြားစေတဲ့အပြင် အရင်ခေါတ်က မင်းသားကြီးတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေကလည်း အံ့မခန်းပါပဲ Fighting ကားလည်းကြိုက်တယ် ဘောလိဝုဒ်ကားတွေလို အလွန်အကျွံကြီးလည်းမကြိုက်ဘူး သဘာဝကျကျလေးလည်းကြည့်ချင်တယ်ဆိုရင် ဒီကားကသေချာပေါက်လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ...
Dragon Sword (2018) ⭐TMDB: 100% User Score 🎬 #Action #Fantasy 🗓 2018 🎞 movie 🌎 #China ⏰ 1 နာရီ 25 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့်ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင်ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်….ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီးအသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ… သေမင်းလိုလို ဘာလိုလိုဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှသူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ …ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလားချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်…. ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်….ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေအချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ…ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး…ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကိုလေ့ကျင့်ရတာက တစ်မျိုး…နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင်ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့… မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ….သူစာမေးပွဲတွေကို အောင်ပါ့မလား… ဘာစာမေးပွဲတွေလဲ…နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲအဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီးပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်...
Urban Fighter (2012) ⭐IMDB: 3.3/10 (465 Votes) 🎬 #Action 🗓 2012 🎞 movie 🌎 #Germany ⏰ 1 နာရီ 43 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အရှုံးမပေးတဲ့သူအတွက် အောင်ပွဲဟာအမြဲရှိတယ်ဆိုတာ ဘယ်တော့မှ ငြင်းမရတဲ့ အမှန်တရားတစ်ချက်ပါ။ ရှေ့ကိုဆက်လျှောက်နေတဲ့သူက ဘယ်လောက်ပဲခလုတ်တိုက်တိုက် အနောက်ကိုပြန်ရောက်သွားစရာ အကြောင်းမရှိဘူးလေ။ အလွန်ဆုံးရှိ မှောက်ရက်လဲ ဒူးပြဲ တံတောင်ပြဲပေါ့။ ဒီလိုပါပဲ ဘ၀မှာ အရှုံးမပေးပဲ ရှေ့ဆက်လျှောက်နေတဲ့သူတွေကလည်း တစ်ချိန်ချိန်မှာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ကိုရောက်မှာပါပဲ။ ဒီဇာတ်ကားမှာ မိုက်ကီဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တခြားသူနဲ့ယှဉ်ရင် အနည်းငယ် ညှက်သယောင်ယောင်ရှိတဲ့လူငယ်တစ်ယောက်ပါ။ သူတို့မြို့ဟာ လမ်းသရဲတွေနဲ့ ပြည့်နေပြီး အထိန်းအကွပ်မဲ့နေတဲ့ မြို့ကြီးတစ်မြို့ပါ။ နေရာတိုင်းမှာ လမ်းသရဲအဖွဲ့မျိုးစုံနဲ့ ကိုယ်ကဦးအောင်ချရင်ချ၊ မချရင်ကိုယ့်ကိုချသွားတာချည်းပါပဲ။ မိုက်ကီတို့ကလည်း လမ်းသရဲအဖွဲ့တွေထဲက အဖွဲ့ငယ်လေးတစ်ခုပဲပေါ့။ သူတို့က သူများကိုရန်ပြုမယ့်အဖွဲ့မျိုးမဟုတ်ပဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ဖွဲ့စည်းထားရတာမျိုးပါ။ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကတော့ မားတစ်စ် လို့ခေါ်ပြီး မိုက်ကီရဲ့ ဆရာလည်းဖြစ်၊ အကိုလိုလည်း ချစ်ခင်ရတဲ့သူတစ်ယောက်ပါ။ တစ်ရက်မှာတော့ မြို့ကိုကြီးစိုးထားတဲ့ ဘလက်စ်ဆိုတဲ့အဖွဲ့ဟာ မိုက်ကီတို့ခေါင်းဆောင် မားတစ်စ်ကို သတ်ပစ်လိုက်တဲ့နောက် မိုက်ကီဟာ ဘလက်စ်အပေါ်ကို ရန်ငြိုးတွေ ကြီးထွားလာပါတော့တယ်။ မြို့ရဲ့အကြီးဆုံးလမ်းသရဲအဖွဲ့ကြီး ဘလက်စ်ကို လူညက်လေးမိုက်ကီ လက်စားချေနိုင်မလားဆိုတာကို ထိုးခန်း သတ်ခန်း တစ်၀ကြီးနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် တခွပ်ခွပ်မြည်တဲ့ ဖိုက်တင်ကားကောင်းကောင်း မျှော်လင့်နေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။...
National Theatre Live: Vanya (2024) ⭐IMDB: 8.6/10 (909 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 55 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 National Theatre Live: Vanya (2024) IMDb Rating (8.6) ၂၁ ရာစု မရောက်ခင်အထိ ရုပ်ရှင်ဇာတ်လမ်းတွေကိုဆိုတာ ဒစ်ဂျစ်တယ်နည်းပညာအားဖြင့် လိုတဲ့အချိန်အတိုင်း လိုချင်တဲ့ပုံစံမျိုးနဲ့ ကြည့်ချင်တာတွေကို သမာရိုးကျ ပွဲလမ်းသဘင်တွေ ရုပ်ရှင်ပြဇာတ်ရုံတွေမှာပဲ အမြဲသွားလည်ပတ်ကြည့်နေကြရတာပါ။ ဒီရုပ်ရှင်ဇာတ်လမ်းမှာလည်း ၂၀ ရာစုက သမာရိုးကျမိသားစုလေးတစ်ခုရဲ့ ဘဝပုံရိပ်ကို ဖော်ကျူးထားတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)...
Money (2016) ⭐IMDB: 5.5/10 (3 k Votes) 🎬 #Crime #Mystery #Thriller 🗓 2016 🎞 movie 🌎 #UnitedStates #Spain #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ လောကကြီးမှာ ရှိနေတဲ့ အထက်တန်းလွှာ အကြောင်းကို ရိုက်ပြထားတာပါ ဂျူဟန်ဆိုတဲ့သူက ဆင်းရဲတဲ့ ဘဝကနေ အထက်တန်းလွှာ ရောက်ဖို့ အသည်းအသန်ကြိုးစားနေခဲ့ပါတယ် ဒီလို အောင်မြင်မှုနောက်ကို လိုက်နေရာကနေ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် အထက်တန်းလွှာက သူတွေနဲ့ ပါဝင် ပတ်သက်လာရတာဖြစ်ပါတယ် အဲဒီလို ပတ်သက်လာရတဲ့အခါမှာ ဘယ်လိုတွေဖြစ်သွားမလဲ အောင်မြင်မှုနောက်ကို လောဘတကြီးလိုက်နေတဲ့ ဂျူဟန်တစ်ယောက် ဒီပတ်ဝန်းကျင်မှာ အဆင်ပြေပါ့လား သူကိုယ်တိုင်ရော ပြောင်းလဲသွားမှု တွေရှိမှာလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်...
The Proud Princess (2024) ⭐IMDB: 7.3/10 (66 Votes) 🎬 #Action #Adventure #Animation #Family #Fantasy #Comedy #Romance 🗓 2024 🎞 movie 🌎 #Czechia #CzechRepublic #Poland #Slovakia ⏰ 1 နာရီ 24 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Proud Princess (2024)IMDB rating—-rating 7.3 Annimation MOVIE ဖြစ်ကာ…အဓိက အသံ သရုပ်ဆောင် တွေအဖြစ် .Marek Lambora.Anna Fialova.Ales Prochazka…တို့က ပါဝင်ထားပါတယ်… ဇာတ်လမ်းအကျဥ်း…တိုင်းပြည်တစ်ပြည်ရဲ့ မာနကြီးတယ်လို့သတင်းထွက် နေတဲ့မင်းသမီးလေးတစ်ပါးကို….တခြားတိုင်းပြည်တစ်ခုရဲ့ဘုရင်တစ်ပါးက တော့ ဥယျာဉ်မှူး အယောင်ဆောင်ပြီးတွေ့ကြတဲ့အခါ…အချစ်ဇတ်လမ်းလေးတစ်ခု ဖြစ်ပေါ်လာပါတယ်… ဒီအချစ်ဇာတ်လမ်းလေးက ဇာတ်သိမ်းလှမှာလားအယောင်ဆောင်မှုလေးပေါ်သွားတဲ့အခါမင်းသမီးကလက်ခံနိုင်မှာလား စတာတွေကိုအန်နီမေးရှင်းကောင်းကောင်းနဲ့ကြည်ရမှာမလို့တင်ဆက်ပေးလိုက်ပါတယ်...
Ocean's Eight (2018) ⭐IMDB: 6.3/10 (250 k Votes) 🎬 #Comedy #Crime #Action 🗓 2018 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ocean’s Eight (2018) IMDb Rating (6.3) / Rotten Tomatoes (69 %) Sandra Bullock ,Cate Blanchett, Anne Hathaway စတဲ့ ဝါရင့်ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ Rihanna တို့လို အဆိုကျော်တွေပါဝင်ထားပြီး Ocean ဇာတ်ကားတွေရဲ့ အရသာကိုထပ်မံပုံဖော်မယ့်ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား ဂျော့ကလူနေးတို့ ဘရတ်ပစ်တို့ရဲ့ Ocean 11,12,13 ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီး Theme ပုံစံလဲ တူညီပါတယ်…မတူတာကတော့ ရှေ့ကဇာတ်ကားတွေမှာ အမျိုးသားသရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေဖြစ်ကြပြီး အခု Ocean 8 မှာတော့ အမျိုးသမီးသရုပ်ဆောင်တွေပါ။ Anna Wintour, Zayn Malik, Katie Holmes, Maria Sharapova, Serena Williams, Kim Kardashian, Kylie Jenner, Kendall Jenner, Gigi Hadid စတဲ့နာမည်ကြီးတွေလဲ Cameo အဖြစ်ပါဝင်တာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ … $150 million တန်ကြေးရှိတဲ့ Cartier စိန်ဘယက်ကြီးကို Danny Ocean ရဲ့ညီမ Debbie Ocean နဲ့အပေါင်းအပါတစ်စု ခိုးယူကြမှာပါ။ သရုပ်ဆောင်မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကို အခြေပြုလို့ အက်ရှင်တချို့နဲ့ ရယ်မော်ပျော်ရွှင်ဖွယ်တင်ဆက်ထားတာမို့ လက်မလွတ်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားပါပဲ။...
Andrea Gets a Divorce (2024) ⭐IMDB: 6.5/10 (662 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Austria ⏰ 1 နာရီ 34 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Andrea Gets a Divorce (2024) IMDb Rating (6.5) ဒီဇာတ်ကားမှာ အန်ဒရီရယ် (Birgit Minichmayr) ဆိုတဲ့ ရဲအဖြစ်လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ဦးကို ပြသထားပါတယ်။ သူ့ရဲ့ရွေးချယ်မှုတွေကနေ တဖြည်းဖြည်းပေါက်ကွဲလာပြီး သူ့ဘဝဟာ အတိတ်နဲ့လက်ရှိကြားမှာ အကျပ်ရိုက်လာပါတယ်။ ဒါရိုက်တာ Josef Hader က ဟာသနဲ့ ဒရမ်မာကို စွဲမက်ဖွယ်ပေါင်းစပ်ထားပြီး လူနေမှုနဲ့ အတွေးအခေါ်တွေကို ထိတွေ့အောင်ဖန်တီးနိုင်ပါတယ်။ ရုပ်ရှင်မှာ အတွေးတွေနဲ့ အနည်းငယ်ထိတ်လန့်ဖွယ်အခန်းတွေပါဝင်ပေမယ့်လည်း ဇာတ်ကွက်တွေ တဖြည်းဖြည်းတည်ဆောက်ထားတာကြောင့် အလွယ်တကူ နားလည်နိုင်မှာမဟုတ်ပါဘူး။ မကောင်းတဲ့အချက်အနေနဲ့ ဇာတ်ညွှန်းဟာ တစ်ချို့လူတွေအတွက် ခံစားရခက်နိုင်ပြီး အနည်းငယ် ချွတ်ယွင်းချက်တွေ ရှိနိုင်ပါတယ်။ သို့သော် အမြင်အသစ်နဲ့ ပြုလုပ်ထားတဲ့ ဇာတ်ကားတစ်ခုဆိုတာ သေချာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။)...
Ocean's Twelve (2004) ⭐TMDB: 66% User Score 🎬 #Crime #Thriller 🗓 2004 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ocean’s Twelve (2004) IMDb Rating (6.5) / Rotten Tomatoes (55 %) George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts ၊ Catherine Zeta‑Jones တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ ကဲ Ocean 11 ရဲ့ နောက်ဆက်တွဲ Ocean 12 ပါဗျား… 2004 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ ထုတ်လုပ်သူကတော့ ပထမဇာတ်လမ်းက ပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ ဆုတံဆိပ် ၄ ခုနဲ့ စံကာတင်စာရင်း ၁၀ ခု ဝင်ခဲ့ပါတယ်။ Rating တွေနဲ့ ဆုပိုင်းမှာ အနည်းငယ် လျော့သွားတာကိုတော့ သတိထားမိမယ် ထင်ပါတယ်ခင်ဗျ။ ဒါပေမယ့်လည်း ဒီလို အလှည့်အပတ်ဇာတ်လမ်းလေးတွေကိုမှ ကြိုက်သူတွေအတွက်ကတော့ Mr.Bean ရဲ့ ဝက်ဝံရုပ်ပါပဲဗျာ…. LA က ကာစီနိုတွေကို တစ်ညတည်းနဲ့ ဖြောင်ခဲ့အပြီးမှာတော့ Danny Ocean (George Clooney) နဲ့ သူ့အဖွဲ့ဟာ ပြဿနာအကြီးစားကြီးကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရပါပြီ။ အဲဒါကတော့ LA သမိုင်းမှာ အကြီးစားလုယက်မှုအဖြစ် တမ်းဝင်သွားခဲ့ပေမယ့်လည်း သူတို့အဖွဲ့သားတွေဟာ ခိုးလာတဲ့ ပိုက်ဆံတော်တော်များများကို သုံးဖြုန်းပစ်လိုက်မိပါပြီ။ကာစီနိုသူဌေး Terry Benedict (Andy Garcia) က သူ့ငွေတွေ ဆုံးရှုံးသွားတဲ့အတွက် ဒေါသူပုန်ထလို့ မပြီးနိုင် သေးပါဘူးခင်ဗျ။ ဒီတော့ကာ Ocean အဖွဲ့ကို သူ့ပိုက်ဆံတွေအပြင် နောက်ထပ် million နည်းနည်းလောက် ထပ်ဆောင်းပေးဖို့ တောင်းဆိုလို့လာပြန်ပါတယ်။ ပြောရရင်တော့ ပေးမလား Jail မလားပေါ့ဗျာ။ ဒီမှာတင် အကုန် အကြပ်ရိုက်ကုန်ကြပြီ။ ခြူးကလည်း တစ်ပြားမှ ပြန်မထုတ်နိုင်ဆိုတော့ တစ်ဖွဲ့လုံး နောက်ထပ်ဂွင်ဖန်ရင်ကောဆိုတဲ့ စိတ်တွေရောက်သွားကြပါတယ်။ ဒီတစ်ခါကတော့…. ဟဲ ဟဲ ဟဲ ဥရောပတစ်ခွင် ဗြန်းဗြန်းဆင်ပေါ့ဗျာ…။ (ရုပ်ရှင်အညွှန်းကို KAT & BROS Facebook Page မှကူးယူဖော်ပြပါသည်။)...
Ocean's Thirteen (2007) ⭐TMDB: 67% User Score 🎬 #Crime #Thriller 🗓 2007 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ocean’s Thirteen (2007) IMDb Rating (6.9) / Rotten Tomatoes (70 %) Al Pacino၊ George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac တို့လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ Ocean ဟာ Trilogy Film Series ဖြစ်တဲ့အတွက် ၃ ပိုင်းတိတိ ထွက်ရှိထားပါတယ်။Series အလိုက် Ocean 13 ဆိုတဲ့ အမည်နဲ့ပဲ 2007 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။ဒါရိုက်တာ၊ ထုတ်လုပ်သူနဲ့ သရုပ်ဆောင်များကိုတော့ အထူးမိတ်ဆက်ပေးစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ Rating တွေ ပြန်တက်လာတာကို တွေ့ရမှာပါ။ ဆုတံဆိပ်အနေနဲ့ဆိုရင် People’s Choice Awards, USA 2008 ကို ရရှိခဲ့ပြီး စံကာတင် ၅ ဆု ရှိခဲ့ပါတယ်။ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့ရတာက Danny Ocean (George Clooney) နဲ့ သူ့အဖွဲ့က ကာစီနိုင်ပိုင်ရှင် လူညစ်ကြီး Terry Benedict ကို သူတို့ခိုးသွားတဲ့ ငွေတွေ ပြန်ပေးလိုက်တာပြီး အေးဆေးဖြစ်သွားတာကိုပါ။ ဒါပေမယ့်လည်း ဒါက သူတို့အဖွဲ့ ပြန်မပေါင်းမိခင်ခဏပါ။ သူတို့အဖွဲ့ထဲက Danny ရဲ့ သူငယ်ချင်းလည်းဖြစ်၊ အကြံပေးလည်းဖြစ်တဲ့ Reuben Tishkoff က တစ်ခြား ကာစီနို ပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Willy Bank (Al Pacino) နဲ့ ပေါင်းပြီး ဟိုတယ်လ်တစ်ခု ထောင်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ လူညစ်ပတ် Bank နဲ့ လက်တွဲဖြုတ်ချင်လာပါတော့တယ်။ Bank ရဲ့ သဘောက Tishkoff ဒုက္ခရောက်လေ သူပျော်လေပါပဲ။ Tishkoff နှလုံးရောဂါနဲ့ ဆေးရုံရောက်တော့ ပိုဆိုးတော့တာပေါ့ဗျာ။ Danny နဲ့ သူ့အဖွဲ့သားတွေဟာ Bank ကွက်ကျော်ရိုက်သွားတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေပါဘူး။ Bank နဲ့ ရန်ညှိုးရန်စရှိခဲ့ဘူးတဲ့ သူတို့ရဲ့ ရန်သူတော်ဟောင်းကြီး Benedict နဲ့ ပေါင်းပြီး မဟာစီမံကိန်းကြီးတစ်ခု ထွင်ပါလေရောခင်ဗျ။ Bank ရဲ့ ကျော်ဇောမှုတွေကို ဖျက်စီးပြီး သူ့ရဲ့ မာနကို ရိုက်ချိုးပစ်လိုက်ဖို့ပါ။ ဒီတစ်ခါမှာတော့ သူတို့ဟာ ငွေအတွက်မဟုတ်ပါဘူး…. လက်စားချေဖို့ လုပ်ကြမှာပါ…။ (ရုပ်ရှင်အညွှန်းကို KAT & BROS Facebook Page မှကူးယူဖော်ပြပါသည်။)...
Dan Hawk Psychic Detective (2024) ⭐IMDB: 4.7/10 (35 Votes) 🎬 #Thriller 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 9 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dan Hawk Psychic Detective (2024) ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Crime/Thriller မှုခင်း သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Ben Shockley ရိုက်ကူးထားတာဖြစ်ပြီး ဗြိတိသျှစကားပြော ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းကတော့ Dan Hawk ဟာ ရဲဝန်ထမ်းအဖြစ်ကနေ အနားယူပြီး စာရေးဆရာတစ်ဦးအဖြစ် အသက်မွေးနေပါတယ်။ အဲဒီအချိန်မှာ သူ့ရဲ့စာအုပ်စီးရီးဖြစ်တဲ့ Pumpkin Head ဝတ္ထုတွေထဲက ဇာတ်ကောင်အတိုင်း ဖရုံသီးကြီးခေါင်းစွပ်ထားတဲ့ serial killer တစ်ဦး ပေါ်ပေါက်လာချိန်မှာတော့ Dan Hawk တစ်ယောက် တရားခံဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ ဗြိတိသျှစကားပြောဇာတ်လမ်းဖြစ်ပြီး ဘတ်ဂျက်ဇာတ်ကား တစ်ခုဖြစ်တဲ့ ဒီဇာတ်လမ်းလေးက ကြာချိန်တိုပြီး ဇာတ်အိမ်ရိုးရှင်းတဲ့အတွက် အပျင်းပြေ ကြည့်ရှုလို့ကောင်းမဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wilfenheim ဖြစ်ပါတယ်။)...
Ocean's Eleven (2001) ⭐TMDB: 74% User Score 🎬 #Crime #Thriller 🗓 2001 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ocean’s Eleven (2001) IMDb Rating (7.7) / Rotten Tomatoes (83 %) George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ ဆုပေါင်း ၄ ဆု ရရှိခဲ့ပြီးတော့ အခြား ၂၀ ဆုအတွက် ဇကာတင် စဉ်းစားခံခဲ့ရပါတယ်။ ဒီဇာတ်လမ်းမှာတော့ George Clooney (Dapper Dany Ocean) က ခေါင်းဆောင် နေနဲ့ သရုပ်ဆောင်သွားမှာပါ။ Dapper Danny Ocean (George Clooney) သူ့အပေါင်းအပါ ၁၁ ယောက် Las Vegas မှာရှိတဲ့ ကာစီနို ၃ ခုစလုံးကို ဆက်တိုက်ဆိုသလို ဝင်ဖြောင်တဲ့ အကြောင်းပါ။ Danny Ocean ဟာ ပြီးခဲ့တဲ့ ၂၄ နာရီ အကြာကပဲ နယူးဂျာစီ ထောင်ကနေ ဝန်ခံချုပ်နဲ့ လွတ်လာခဲတာဖြစ်ပြီး သမိုင်းမှာ အကြီးစား လုယက်မှု ကြီးတစ်ခုကို စံချိန်တင်ချင်နေခဲ့တာပါ။ သူက Frank Catton၊ Rusty Ryan နဲ့ Linus Caldwell စတဲ့ ၁၁ ယောက်ပါတဲ့ အဖွဲ့တစ်ခု ဖွဲ့လိုက်ပါတယ်။ သူတို့ရဲ့ ပစ်မှတ်လား??? Bellagio တို့၊ Mirage တို့၊ ပြီးတော့ MGM Grand ပေါ့ဗျာ။ အဲ့ကာစီနို ၃ ခုလုံးက Terry Benedict ပိုင်တာဗျ။ သိပ်တော့မလွယ်ဘူးဗျို့။ မသိမသာဝင်ပြီး ဒေါ်လာ သန်း ၁၅၀လောက်နဲ့ ထွက်လာရမှာကိုး။ သူတို့က စည်းကမ်း ၃ ခုနဲ့ လုပ်တာပါ၊ “ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့၊ မဆိုင်တဲ့လူတွေဆီက မခိုးရဘူး၊ ပြီးတော့သူတို့မှာ ရှုံးစရာကို မရှိတဲ့ပုံစံနဲ့ ဝိုင်းတွေမှာ ကစားမယ်” ဆိုတဲ့ စည်းကမ်းတွေပါ။ အလိမ်အကောက်လေးတွေနဲ့ မှုခင်းဆန်ဆန်ဇာတ်လမ်းမှဆိုရင်တော့….။ (ရုပ်ရှင်အညွှန်းကို KAT & BROS Facebook Page မှကူးယူဖော်ပြပါသည်။)...
Blue Period (2024) ⭐IMDB: 6.7/10 (140 Votes) 🎬 #Drama #Comedy 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 55 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blue Period (2024)IMDb – 6.7/10 Blue Periodဆိုတဲ့ မန်ဂါစီးရီးကို live-actionအနေနဲ့ ရိုက်ကူးပုံဖော်ထားပြီးGordon Maedaတို Fumiya Takahashiတို အဓိကပါဝင်ထားပါတယ်။ ယာတိုရာဆိုတဲ့ အထက်တန်းကျောင်းသားတစ်ယောက်။ မိသားစုက အခြေခံလူတန်းစားဖြစ်ပြီးဘ၀ကို ပေါ့ပေါ့ပါးပါးနေတတ်သူဆိုပေမဲ့ စာကြိုးစားတဲ့ကျောင်းသားတစ်ယောက်လည်းဖြစ်တယ်။ လုပ်စရာရှိတာ လုပ်လိုက်တယ်ဆိုတဲ့ပုံစံနဲ ပုံမှန်ဖြတ်သန်းနေတဲ့သူ။ အတန်းဖော်တစ်ယောက်ရဲ့ပန်းချီကားကို ကြည့်မိလိုက်ရာကစ သူ ပန်းချီအနုပညာကိုချစ်မြတ်နိုးမှန်းခံစားသွားမိခဲ့တယ်။ဒီလိုနဲ့ ဝင်ခွင့်အောင်ဖို အရမ်းခက်တဲ့ တိုကျိုအနုပညာတက္ကသိုလ်တက်ဖို ယာတိုရာတစ်ယောက်အသည်းအသန်ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamဖြစ်ပါတယ်)...
An Almost Christmas Story (2024) ⭐TMDB: 72% User Score 🎬 #Adventure #Animation #Fantasy #Family 🗓 2024 🎞 movie 🌎 #USA #UnitedKingdom #UnitedStatesofAmerica ⏰ 24 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 An Almost Christmas Story (2024)========IMDb rating – 7/10Rotten Tomatoes – 100% Animated Short Film လေးဖြစ်ပြီး rating ကလည်း ကောင်းတော့ ကြည့်သင့်တဲ့အထဲ ပါပြန်ရော။ ဒီကာတွန်းလေးထဲမှာ Russian Doll (2019-2022) စီးရီးမှာပါတဲ့ သရုပ်ဆောင် Natasha Lyonne ကvoice acting လုပ်ပေးထားတဲ့အပြင် Wreck-It Ralph ကာတွန်း(၂)ကားလုံးမှာ Ralph အဖြစ်ပါဝင်ထားတဲ့အသံသရုပ်ဆောင် John C. Reilly ကလည်း အခုကာတွန်းလေးထဲအဓိက နေရာကနေ ပါဝင်ထားတယ်ဆိုတော့ အတော့်ကို မိုက်ပါတယ်။ ဒီကာတွန်းတိုလေးရဲ့ ဒါရိုက်တာက David Lowery ဆိုတော့ ရှယ်ဖြစ်ပြန်ရော။David Lowery ဆိုတာ Pete’s Dragon, A Ghost Story နဲ့ The Green Knight စတဲ့နာမည်ကြီးရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဘဲပါ။ ဒီကာတွန်းတိုလေးရဲ့ ဇာတ်လမ်းသဘောကတော့ New York မြို့ကြီးရဲ့ တောအုပ်ကြီးထဲရှိတဲ့၊Moon ဆိုတဲ့ ဇီးကွက်လေးအကြောင်းပါပဲ။ စပ်စုပ်တတ်တဲ့ ဇီးကွက်လေးဖြစ်တာကြောင့်မထင်မှတ်ထားပဲ မိသားစုနဲ့ ကွဲခဲ့ရပြီး New York မြို့ကြီးထဲ ရောက်သွားခဲ့ပါတယ်။ဒါနဲ့ပဲ အိမ်ဖြစ်တဲ့ သူ့ရဲ့ တောအုပ်ကြီးထဲပြန်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ရင်ထဲ နွေးထွေးစေတဲ့ ကာတွန်းလေးဖြစ်တာကြောင့်ကြည့်ပြီးတဲ့သူတိုင်းလည်း ရင်ထဲ တစ်ခုခုကျန်ခဲ့မှာ ကျိန်းသေပါပဲ။...
Thalakona (2024) ⭐IMDB: 8.5/10 (1 k Votes) 🎬 #Action #Bollywood #Thriller #Adventure 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 6 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Thalakona 2024 နိုင်ငံရေးပါတီတစ်ခုမှာ ရွေးကောက်ပွဲနီးလာတဲ့အချိန် လူငယ်ဥက္ကဋ္ဌမရှိတဲ့အတွက်အဲဒီနေရာအတွက် ရွေးကောက်ရန် အဖွဲဝင်တွေကိုခေါ်ပြီး ဒီမိုကရေစီဆန်ဆန်သင့်တော်သူများကို ထင်မြင်ချက်ပေးခိုင်းပေမဲ့လည်း အရိုးစွဲနေတဲ့ ထုံးစံတွေအတိုင်းဝန်ကြီးရဲ့ညီဖြစ်သူဗီဂျေးကို ဒီနေရာပေးဖို တင်ပြသူအများအပြားရှိခဲ့သလိုအမြင်အသစ်တွေနဲ့ ပါတီအတွက် အကူအညီရပြီး တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ရီဗန့်သ်ကို ထောက်ခံသူတွေလည်းရှိပါတယ်။ သိုပေမဲ့လည်း ဝန်ကြီးဘက်ကလူတွေနဲ့အချင်းမများချင်တဲ့အတွက် ဗီဂျေးကိုပဲ ဒီနေရာအတွက် ပေးလိုက်ဖို ရီဗန့်သ်တစ်ယောက်လိမ္မာပါးနပ်စွာနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ရာဗန့်သ်တစ်ယောက်ဗီဂျေးကို ဝန်ကြီးရဲ့အင်အားနဲ့မမျှလိုပေးလိုက်ရပေမဲ့ ဒီနေရာကိုပြန်လည်ရယူနိုင်ဖို အခွင့်အလမ်းကို အမြဲရှာဖွေလျက်ရှိပါတယ်။ တစ်ဖက်မှာလည်း ဆာရာဆိုတဲ့ကောင်မလေးဟာ မစ်ပြိုင်ပွဲတစ်ခုမှာ မစ်အိန္ဒိယအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။သူဟာလည်း ကိုယ့်ကိုယ်လာမထိသရွေ့ အေးဆေးပဲ လာထိလိုကတော့ မီးပွင့်သွားမယ်ဆိုတဲ့သူမျိုးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ ဆာရာနဲ့ ဗီဂျေးတို တွေ့ကြပြီး ဗီဂျေးက ဆာရာ့အပေါ်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်မိရာက ဆာရာက ဗီဂျေးနဲ့ သူ့လူတွေကိုပြန်သမလိုက်ရာကနေ အဲဒီလိုဖြစ်ပျက်နေတဲ့ ဗီဒီယိုက ရာဗန့်သ်လက်ချက်နဲ့ ပြန့်သွားတဲ့အခါမှာတော့ ……… ဗီဂျေးတစ်ယောက် ဒီအရှုပ်ကိစ္စကြီးကို သူ့အစ်ကိုဝန်ကြီးအားကိုးနဲ့ ဘယ်လိုရှင်းသွားမလဲ …….ရာဗန့်သ်တစ်ယောက်ကရော ဒီအရှုပ်ကို အခွင့်ကောင်းယူပြီးလူငယ်ဥက္ကဋ္ဌရာထူးနေရာကို ဘယ်လိုအရယူသွားမလဲ ……ဒီအရှုပ်တွေကြားထဲမှာ ဝင်မပါချင်တဲ့ ဆာရာတစ်ယောက်သူငယ်ချင်းတွေနဲ့အတူ ဒီကိစ္စကိုရှောင်နိုင်ဖိုခရီးထွက်ရာကနေ ဘာတွေ ဘယ်လို ကြုံတွေ့ရဦးမလဲ ……ဆိုတာတွေကို ကြည့်ရှုရမဲ့ Thriller ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)...
Remember (2015) ⭐IMDB: 7.5/10 (29 k Votes) 🎬 #Drama #Thriller #Mystery 🗓 2015 🎞 movie 🌎 #Canada #Mexico #Germany #SouthAfrica ⏰ 1 နာရီ 34 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 black and white ခေတ်ကမင်းသားကြီးChristopher Plummerပါဝင်သရုပ်ဆောင်ထားတဲ့ 2015မှာထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးပါ ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာခေါင်းဆောင်တဲ့နာဇီတွေက ‘ခရစ်စတယ်ည’နာမည်တွင်ခဲ့တဲ့ ၁၉၃၈ ခုနှစ် နိုဝင်ဘာ ၉-၁၀ ရက်နေ့တွေမှာ ဂျူးတွေနဲ့ဂျူးတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေဆိုင်ခန်းတွေကို အကြမ်းဖက်ဖျက်ဆီးခဲ့ကြပါတယ် ဒီဖြစ်စဉ်မှာ ဂျူးလူမျိုး၃သောင်းခန့် အဖမ်းခံရကာစစ်အကျဉ်းစခန်းကို ပို့ခံခဲ့ရပြီး ဂျူး၁၀၀ထက်မနည်းသေဆုံးခဲ့ပါတယ် ဒီဖြစ်ရပ်ဟာ Holocaust Genocide ကိုဦးတည်စေခဲ့ပါတယ် Holocaust မှာ ဂျူးများအပြင်LGBTတွေ, လူမည်းတွေ, ဂျစ်ပစီတွေ, မသန်စွမ်းတွေပါ နာဇီတွေရဲ့သားကောင်ဖြစ်ခဲ့ရပါတယ် Auschwitzလိုစစ်အကျဉ်းစခန်းတွေမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု, အဆိပ်ဓာတ်ငွေ့ပေးနှိပ်စက်မှုတွေပါပြုလုပ်ခဲ့ကြပါတယ် ဒီဖြစ်ရပ်တွေကိုအခြေတည်ထားတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် သမိုင်းကြောင်းစိတ်ဝင်စားသူတွေအကြိုက်တွေ့စေမှာပါ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ပြန်ရောဂါရှိနေတဲ့ဇက်ဖ်က သူ့မိန်းမဆုံးသွားပြီးနောက်ပိုင်းမှာနာဇီလက်ထက်က သူ့ရဲ့မိသားစုကိုသတ်ခဲ့တဲ့ တရားခံဖြစ်တဲ့ စစ်အကျဉ်းစခန်းက ခေါင်းဆောင်ပိုင်းတစ်ယောက်ကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတယ် ဘိုးဘွားရိပ်သာက သူ့သူငယ်ချင်းမက်စ်ရဲ့အကူအညီနဲ့ ဘယ်လိုစိတ်ဝင်စားစရာ ရှာပုံတော်ဖွင့်မလဲ ဘယ်လို ဇာတ်လမ်းလှည့်ကွက်တွေ ကြုံရဦးမလဲဆိုတာ နာဇီနဲ့ဂျူးတွေကြားကပဋိပက္ခ သမိုင်းကြောင်းတွေကို ပြန်လည်ခံစားရင်း ရှုစားကြပါဦး...
