fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Malicious (2023) ⭐IMDB: 5.6/10 (391 Votes) 🎬 #Crime #Drama #Horror #Thriller 🗓 2023 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 ခုနှစ်ထွက် Mystery/Thriller ရုပ်ရှင်ကားဖြစ်ပါတယ်။ William ဆိုတဲ့လူက သူ့မိသားစုနဲ့ အတူ ပိတ်ရက်ကို အပျော်ခရီးထွက်လာတဲ့အချိန် မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ သူစိမ်းတစ်ယောက်နဲ့အတူ သူတို့မိသားစု ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာ အသည်းတယားယားနဲ့ ကြည့်ရမှာပါ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းပေမယ့် တဖြည်းဖြည်း intense ဖြစ်လာပါတယ်။ Will ရဲ့ မိန်းမဖြစ်သူနဲ့ မယားပါသမီးက Will ကို ခပ်ခွာခွာသာ ဆက်ဆံကြပါတယ်။ Will က ဘယ်လိုလူမျိုးလဲ? ကားပျက်ပြီး သူတို့ တံခါးကို လာခေါက်တဲ့ သူစိမ်းကရော ဘာပတ်သတ်မှု ရှိတာလဲ? ရုပ်ရှင်ကားထဲမှာ အဖြေရှာ ကြည့်ရှုလိုက်ပါ။
...

Half Heaven (2022) ⭐IMDB: 5.7/10 (37 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Cameroon ⏰ 2 နာရီ 7 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဇာတ်အကွေ့အပြောင်းမြန်မြန်ဆန်ဆန်နဲ့ ကြည့်ရမယ့် Drama ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာတစ်ယောက်က ဘာသာရေးကင်းမဲ့ဇုန်မှာ တရားဟောပြောဖို့အတွက် မိုဘိုကိုဆိုတဲ့ ဘာသာရေးကင်းမဲ့ပြီး လုံးဝကိုအန္တရာယ်များတဲ့နေရာဒေတစ်ခုကို ရောက်လာခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံးမှန်မှန်ကန်ကန်နေထိုင်ခဲ့တဲ့ ဖာသာတစ်ယောက် ရောက်‌ရောက်ချင်းချင်း ဓားပြတိုက်ခံရပြီးတော့ ပြည့်တန်ဆာတွေနေထိုင်တဲ့နေရာမှာ ခဏတာအကူအညီယူပြီးနေထိုင်ဖို့ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဘာသာရေးကင်းမဲ့ပြီး ပြစ်မှုတွေပြည့်နှက်နေတဲ့နေရာကို ဖာသာတစ်ယောက်ဘယ်လိုကြိုးစားရုန်းကန်ပြီး ပြန်လည်တည်ဆောက်သွားမလဲဆိုတာကိုကြည့်ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
...

Fathers and Mothers (2022) ⭐IMDB: 5.9/10 (862 Votes) 🎬 #Comedy #Drama 🗓 2022 🎞 movie 🌎 #Denmark ⏰ 1 နာရီ 37 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင်ဖြစ်ပြီး လူတွေရဲ့ သဘောသဘာဝတွေ ဟန်ဆောင်မှုတွေနဲ့အတူ ကျောင်းသားမိဘတွေကြားထဲက အဖွဲ့အစည်းတွေမှာ မိဘဖြစ်သူတွေ ရုန်းကန်ကြရပုံကို တင်ဆက်ထားပါတယ်။ မိဘရယ်လို့ဖြစ်လာရင် ကိုယ့်ရဲ့သားသမီးအတွက် သက်ဆိုင်ရာအသိုင်းအဝိုင်းတွေမှာ ဝင်ဆန့်ဖို့ ကြိုးစားရုန်းကန်ရတာက လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီရုပ်ရှင်ထဲမှာဆိုလည်း ဇနီးမောင်နှံနှစ်ဦးဟာ သမီးဖြစ်သူအတွက် နယ်မြေအသစ်တစ်ခုက ကျောင်းသစ်တစ်ခုကို ပြောင်းလာခဲ့ကြပါတယ်။ သူတို့တွေဟာ အဲဒီကျောင်းရဲ့ နာမည်ကြီး တောတွင်းစခန်းချမီးပုံပွဲကိုသွားရင်း အဲဒီမှာရှိတဲ့ ကျောင်းသားမိဘတွေကြားမှာ ဝင်ဆန့်ဖို့ ကြိုးစားကြရပါတယ်။ မတူညီတဲ့ စရိုက်တွေကြားထဲကို ရောဝင်ဖို့ကြိုးစားရင်း အပေါ်ယံသကာလောင်းမှုတွေ၊ အားနည်းသူကို နှိမ်ကြတာတွေ၊ကိုယ်စွမ်းကိုယ်စပြချင်တာတွေကို ကြုံတွေ့သည်းခံရပုံတွေကို ဒီရုပ်ရှင်ထဲမှာ တင်ဆက်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Cellphone (2024) ⭐IMDB: 3.0/10 (176 Votes) 🎬 #Drama #Horror #Mystery #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၀င်နီလို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူ သေဆုံးမှုကြောင့် ၀င်နီဟာ PTSD လို့ခေါ်တဲ့ စိတ်ရောဂါတစ်ခုကို ခံစားနေရပါတယ်။ ၀င်နီဟာ အပြောင်းအလဲဖြစ်ဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ ကျေးလက်က လည်ကွင်းအိမ်လေးတစ်ခုကို ခေတ္တပြောင်းရွှေ့လာပါတယ်။ ဒါပေမဲ့ ၀င်နီတစ်ယောက် အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေတဲ့အခါ မျှော်လင့်ထားသလို ခံစားနေရတဲ့စိတ်ဝေဒနာတွေဟာ မလျော့နည်းလာပြီး ပိုလို့တောင်တိုးလာခဲ့တဲ့အပြင် တကယ်မရှိတဲ့ မြင်ကွင်းတွေကိုပါ မြင်လာခဲ့ရပါတယ်။ ဒီထက်ပိုဆိုးတာကတော့ သူမရဲ့ဖုန်းကို တကယ်မရှိတဲ့ ဖုန်းခေါ်ဆိုသူတွေက ခဏခဏခေါ်လာပြီး ၀မ်းနည်းစရာ ကြောက်စရာ စကားတွေ မြင်ကွင်းတွေကို ကြားရ မြင်ရအောင် လုပ်လာခဲ့ပါတယ်။ ၀င်နီအတွက် ကံကောင်းတာတစ်ခုကတော့ ၀င်နီနေထိုင်နေတဲ့ ခြံဘေးမှာ ဂိုထောင်လေးတစ်ခုရှိပြီး အဲဒီဂိုထောင်မှာ အလုပ်လုပ်တဲ့ ခရစ်လို့အမည်ရတဲ့အမျိုးသားဟာ ၀င်နီခံစားနေရတာတွေကို ရိပ်မိသွားတာပါ။ ဒီလိုနဲ့ ခရစ်တစ်ယောက် ၀င်နီကိုချဉ်းကပ်ပြီး အဖော်ပြုပေးဖို့ ၀င်နီတစ်ယောက် သူမခံစားနေတဲ့ စိတ်ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်ပါ့မလား၊ သူတို့နှစ်ယောက် ဘယ်လိုမမျှော်လင့်ထားတဲ့အရာတွေကို ထပ်မံကြုံတွေ့ကြရဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

A Taste of Love (2024) ⭐IMDB: 5.8/10 (218 Votes) 🎬 #Comedy #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 February လကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အောင်မြင်တဲ့စားဖိုမှူးတစ်ယောက်ရဲ့ ဝါသနာနဲ့၊ အလုပ် လက်တွေ့မကျတဲ့ ဘဝအချိုးအကွေ့လေးတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်လေးကတော့ Generation အလိုက် စားဖိုမှူးတွေဖြစ်ကြပြီး ငယ်စဉ်ကတည်းက အိမ်မက်တွေအကြီးကြီးရှိနေတဲ့ တေလာရိုက်ဒါ ဆိုတဲ့ ကောင်းမလေးတစ်ယောက်ဟာ အရွယ်ရောက်လာတော့ အစားအသောက် တီဗွီရှိုးတစ်ခုမှာ နာမည်ကြီး စားဖိုမှူးဖြစ်နေတာပေါ့ တစ်နေ့တော့ သူရဲ့အောင်မြင်မှုကနေ နောက်ထပ်ကမ်းလှမ်းချက်တစ်ခုကြောင့် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ပြီး မွေးရပ်မြေကို ဦးနှောက်ဆေးဖို့ ပြန်လာတဲ့အချိန်မှာ မိသားစုနဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီး…. ဦးနှောက်မဆေးရဘဲ ဘယ်လို အခက်အခဲတွေနဲ့ကြုံရဦးလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...

Anaconda (2024) ⭐TMDB: 0.0% User Score 🎬 #Adventure #Thriller 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ထိုင်ဝမ်မင်းသမီးနဲ့ ဟောင်ကောင်မင်းသားကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ဧရာမမြွေဆိုးကြီးကိုရင်ဆိုင်တဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ သွေးအေးပြီးရက်စက်တဲ့တရားမဝင်မုဆိုးကြီးတစ်ယောက်ဟာထိုင်းမိုးရေတောမှာနေတဲ့ အန်ဒါကွန်ဒါဧရာမမြွေကြီးကိုဖမ်းဖို့ကြိုးစားနေပါတယ်။အဲဒီအချိန်မှာ ဖျော်ဖြေဖို့အတွက်ရောက်လာတဲ့ ဆက်ကပ်အဖွဲ့လေးဟာလမ်းတစ်ဝက်မှာမြစ်ကြောင်းပိတ်နေတာနဲ့ကြုံပြီး ဖြေရှင်းဖို့ကြိုးစားရင်မုဆိုးကြီးနဲ့ဆုံတွေ့တဲ့အခါ ကယ်တင်ရှင်လို့ထင်ထားခဲ့ပေမယ့်တကယ်တော့ ဂြိုလ်ဆိုးဒုက္ခတွေကိုသယ်လာပေးတဲ့သူဖြစ်နေပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ဖမ်းရပါစေ ဧရာမမြွေကြီးကိုရအောင်ဖမ်းဖို့ကြိုးစားတဲ့မုဆိုးကြီးကြောင့် ဆက်ကပ်အဖွဲ့လေးဟာအန္တရာယ်ထဲရောက်သွားခဲ့ပါတော့တယ်။သားရဲတိရိစ္ဆာန်တို့ကြီးစိုးတဲ့တောထဲမှာသူတို့ဟာအသက်ရှင်လွတ်မြောက်ဖို့ဖြစ်နိင်ပါဦးမလား။
...

The Inventor (2023) ⭐IMDB: 5.9/10 (426 Votes) 🎬 #Adventure #Animation #Comedy #Drama #Family #History 🗓 2023 🎞 movie 🌎 #UnitedStates #France #Ireland #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Inventor က ၂၀၂၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Matt Berry, Stephen Fry စသူတွေ ပါဝင်အသံသရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာဆိုရင် 1500 ခုနှစ် ဝန်းကျင် ခေတ်လွန်ပညာရှင် လီရိုနာဒိုဒါဗင်ချီရဲ့ ဘဝနှောင်းပိုင်း အကြောင်းတွေ သူ့ဘဝမီးစာကုန်ခနီးအချိန်တွေမှာ ဘယ်လိုရုန်းကန်မှုတွေ ရင်ဆိုင်ခဲ့ရလဲ ဘာတွေကို ရှာဖွေနေခဲ့တာလဲ သူနောက်ဆုံးမှာရော အောင်မြင်သွားမှာလား စတာတွေကို သူ့ဘဝအကြောင်း လေ့လာရင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်
...

Headshot (2016) ⭐IMDB: 6.3/10 (16 k Votes) 🎬 #Action #Drama #Thriller #Crime 🗓 2016 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 59 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Headshot (2016) အကြမ်းအရမ်းမှာ နာမည်ကြီးတဲ့ အက်ရှင်မင်းသား Iko ရဲ့ကားဟောင်းထဲက ကားကောင်းလေး ပြန်ကြည့်ကြမယ်နော်။ ၆နှစ်ကနေ ၁၀နှစ်အောက် ကလေးငယ်တွေကိုပဲ ရွေးဖမ်းပြီးတော့လက်ရွေးစင်ခိုးဆိုးလုနှိုက်တွေဖြစ်အောင် ပျိုးထောင်နေတဲ့ အကြမ်းဖက်ဖခင်ကြီးလို တင်စားခေါ်ကြတဲ့လူ၊အဲဒီလူတည်ထောင်ထားတဲ့ဂိုဏ်းကတော့ ကြမ်းပါတယ်ဆိုတဲ့ကောင်တွေကြားမှာတောင် အကြမ်းဆုံး အကြောက်ရဆုံးဂိုဏ်းတစ်ခုပေါ့။ပင်လယ်ကမ်းခြေမှာ ဒဏ်ရာတွေနဲ့လဲကျနေတာကိုမြင်ပြီး ကယ်တင်ခံခဲ့ရာကနေ အိုင်လင်လို့ခေါ်တဲ့ ဆရာဝန်လေးနဲ့တွေ့ဆုံခဲ့ရတဲ့ ကောင်လေး၊သူ့ရဲ့ဒဏ်ရာတွေကြောင့် အတိတ်ကိုပြန်သတိမရဘဲ သူ့ကိုယ်သူ အစ်ရှ်မိုင်ယာလို့ နာမည်ပေးလိုက်ပြီးနောက် ဆရာဝန်မလေးအိုင်လင်နဲ့ ရင်းနှီးလာကြပြီးဆရာဝန်မလေးက သူ့ခေါင်းထဲက ကျည်စတွေကို ထုတ်နိုင်ဖို့ ဂျကာတာကိုသူနဲ့အတူလိုက်ဖို့ ခေါ်ခဲ့ပေမဲ့သူ့ကိုယ်သူပြန်လည်ရှာဖွေမယ်ဆိုပြီးတော့ ရှာဖွေခဲ့ရာကနေ …. ဘယ်လိုတွေကြုံတွေ့ရမလဲ …..အဲဒီဂိုဏ်းနဲ့ရော သူကဘယ်လိုတွေ ပတ်သတ်နေလဲ …..ဒီကောင်လေးနဲ့ ဆရာဝန်မလေးအိုင်လင်တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲ …. ဆိုတာတွေကိုကြမ်းကြမ်းတမ်းတမ်းဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Char Ouပဲ ဖြစ်ပါတယ်။
...

Stranger in the Woods (2024) ⭐IMDB: 3.5/10 (334 Votes) 🎬 #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီးကို Thriller ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အိုလီဗီယာဆိုတဲ့ ကောင်မလေးတစ်ယောက်မှာ သူနဲ့ စေ့စပ်ကြောင်းလမ်းထားသူ ကားမတော်တဆမှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ် သိပ်မကြာခင် သူမကိုလည်း လက်ကောက်ဝတ် လှီးထားတဲ့ ဒဏ်ရာနဲ့ ရေချိုးခန်းထဲမှာ သတိလစ်နေတာကို သူငယ်ချင်းတွေက တွေ့ပြီး အချိန်မီ ဆေးရုံပိုနိုင်ခဲ့ပါတယ်. အဲဒီနောက်တော့ စိတ်ပြေလက်ပျောက် ဖြစ်အောင် သူငယ်ချင်းတွေစုပြီး တောအုပ်စခန်းချဖို အလည်ခရီး ထွက်လာခဲ့ကြပါတယ်  စခန်းကို ရောက်ပြီး နောက်တစ်နေ့မှာ အိုလီဗီယာနဲ့အတူ ပါလာတဲ့ ခွေးမလေး ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက် တယောက်ယောက် စောင့်ကြည့်ခံနေရသလို ခံစားရတဲ့ အိုလီဗီယာတစ်ယောက် ဘာတွေ ကြုံဆုံရမလဲ။ သူငယ်ချင်းတွေ ယုံကြည်ထားကြသလို သူမ ကိုယ်တိုင် သေကြောင်းကြံစည်ခဲ့တာ မဟုတ်ခဲ့ဘူး ဆိုရင်ရော ဘယ်သူက လုပ်ခဲ့တာလဲ
...

Parallel (2024) ⭐IMDB: 4.6/10 (357 Votes) 🎬 #Drama #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်ကားနာမည်အတိုင်း Prallel Universeသီအိုရီနဲ့ ဇာတ်အိမ်တည်ထားတဲ့ Drama Thrillerကားလေးတစ်ကားဖြစ်ပါတယ်…။ ဗီနက်ဆာဟာ မတော်တဆမှုတစ်ခုမှာ သားဖြစ်သူကို ဆုံးရှုံးလိုက်ရလို့ ဖြေမဆည်နိုင်ဖြစ်နေတဲ့အမျိုးသမီးတစ်ယောက်ပါ…။ သားဖြစ်သူနေသွားတဲ့ တောစပ်ကအိမ်လေးမှာပဲ ခင်ပွန်းဖြစ်သူရယ်၊ ခဲအိုဖြစ်သူရယ်နဲ့ အတူနေထိုင်ရင်း ကြေကွဲနေရရှာပါတယ်။ တစ်နေ့ စိတ်သက်သာရာရလို့ရငြား တောအုပ်ထဲကို လမ်းလျှောက်အထွက်မှာ သူနဲ့ချွတ်စွပ်တူတဲ့ အမျိုးသမီးတစ်ယောက်က သူ့ကို သေနတ်နဲ့ပစ်ခတ် တိုက်ခိုက်ပါတယ်။ ဗီနက်ဆာကလည်း ပြန်လည်ပစ်ခတ်ထွက်ပြေးရင်း အိမ်သို့ပြန်ရောက်တဲ့အခါ သူရောက်ရှိနေတဲ့နေရာဟာ သူ့အရင်ကရှိခဲ့တဲ့နေရာမဟုတ်မှန်းသိလိုက်ရပါတော့တယ်…။ မျက်စိရှေ့မှာ မြင်တွေ့နေရပေမယ့်၊ ချွတ်စွပ်တူနေပေမယ့် ကိုယ့်ရဲ့ နေရာဟုတ်မနေခဲ့ပါဘူး။ ဗီနက်ဆာတစ်‌ယောက်က ဘယ်နေရာကိုရောက်သွားတာလဲ ဒါမှမဟုတ် ဘယ်အချိန်ကိုရောက်သွားတာလဲ၊ ဒီတောအုပ်ထဲမှာပဲ ဘယ်လိုလူတွေနဲ့ထပ်ဆုံတွေ့ရဦးမလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ
...

The Empty Chair: Final Exam (2023) ⭐IMDB: 4.3/10 (117 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 26 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Empty Chair : Final Exam (2024) စာမေးပွဲဖြေနေရတဲ့ မောင်ငယ်ညီမငယ်လေးတွေ ဖြေနေရင်းစာမရတော့ဘူးဆိုအခန်းစောင့်ဆရာမကို တစ်ကွက်ပြလို့ရမယ့် အင်ဒိုသရဲကားလေးတစ်ကား ဖန်တီးပေးလိုက်ပါပြီ။Trailerထွက်ရှိလာကတည်းက Horror ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်လို့Trendနေသလောက်မှ ကောင်းရဲ့လားဆိုတာလေး ကြည့်ရှုအကဲဖြတ်လိုက်ရအောင်ပါ။ စာမေးပွဲခန်းထဲမှာ မရှိမဖြစ်အမြဲပါတဲ့လူသုံးမျိုးသုံးစားကတော့ စာရတဲ့ကောင်ရယ်၊စာရတဲ့ကောင်ဆီက ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေထုတ်ပြီး ခိုးချမယ့်ကောင်ရယ်၊ခိုးချမယ့်ကောင်တွေရဲ့ ဉာဏ်နီဉာဏ်နက်ကိုအမီလိုက်အမိဖမ်းပြမယ့် အခန်းစောင့်ဆရာမရယ်ပေါ့။အခုဒီရုပ်ရှင်လေးကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုရမယ့်နေ့လေးနဲ့ အစပျိုးထားပါတယ်။ ဘင်ထန်ဘန်ဆာ ဆိုတဲ့ကျောင်းဟာ သူတို့မြို့လေးမှာတော့ အကောင်းဆုံးကျောင်းဆိုတဲ့ဆုကို နှစ်တိုင်းသိမ်းပိုက်နေတဲ့ ထိပ်သီးကျောင်းတစ်ကျောင်းပါ။အရာရာထိပ်ကပြေးနေတဲ့ကျောင်းမှာတက်နေရတဲ့ ကျောင်းသားတွေအဖို့လည်း expectations တွေနဲ့ဖိအားတွေကလည်းမနည်းမနောဖြစ်တဲ့အပြင် ကျောင်းအုပ်အမန်ဒါကလည်း အတော်လေးစည်းကမ်းတင်းကြပ်တဲ့သူပါ။အခုလည်း ဓာတုဗေဒဖြေမယ့်နေ့မှာ ထူးဆန်းစွာနဲ့ ကျောင်းသူတစ်ယောက်မလာလို့ ထိုင်ခုံလွတ်နေပေမဲ့စာရတဲ့ကောင်ကလည်း စာမေ့မှာကြောက်လို့ ဇောကပ် စာမရတဲ့ကောင်ကလည်း ခိုးချဖို့ဇောကပ်နေတာမလို့ ဒီခုံလွတ်ကို သတိမထားမိပါဘူး။ စာမေးပွဲစတာနဲ့ အစဉ်အလာအတိုင်းပဲ အမန်ဒါကိုယ်တိုင်ခိုးချတဲ့ကျောင်းသားတွေကို မျက်စိဒေါက်ထောက်ကြည့်ပြီး စောင့်ကြပ်နေတဲ့ကြားကနေမရမက ပဟေဠိအတူအဖြေညှိဖို့လုပ်တဲ့ အာရီရယ် ပါရှာ အင်ကာနဲ့ နာလာဆိုတဲ့ကျောင်းသား ၄ ယောက်ကတော့ ဈေးဦးပေါက်သွားတဲ့အတွက် စစ်မေးခန်းထဲထည့်ပြီးသီးသန့်စာမေးပွဲ ဖြေရတဲ့ဘဝ ရောက်သွားပါတော့တယ်။ စာစစ်ခန်းမှာ စာမေးပွဲဖြေဆိုပြီးချိန်မှာတော့ ကျောင်းသားတစ်ယောက် ရုတ်တရက်လဲကျရာကနေပူတယ် ပူတယ်ဆိုတဲ့ညည်းတွားသံနဲ့အတူ ကျောင်းသားတွေတစ်ယောက်ပြီးတစ်ယောက် သရဲပူးခံရပြီးတော့ လူသတ်ပွဲကြီးစတင်လာတဲ့အခါ… ခေါ်ထားတဲ့အပနှင်ဆရာအာယုကလည်းမရောက်လာသေး၊ကြောက်လန့်နေတဲ့ကျောင်းသားတွေကလည်း ကျောင်းပြင်ကိုထွက်ပြေးဖို့ကြိုးစားနေရင်းသရဲကဝင်ပူးပြီး သတ်ကြဖြတ်ကြနဲ့ အုတ်အော်သောင်းနင်းဖြစ်နေပေမဲ့ခိုးချထားတဲ့ဆရာသမား ၄ ယောက်ကတော့ တခြားနေရာမှာခွဲဖြေနေတာဖြစ်လို့ ဒါတွေကို မသိနေပါဘူး။ဒါပေမဲ့ ဆရာမကြီးအမန်ဒါကလည်း ဆရာအာယုမလာမချင်း ကျောင်းသားတွေကိုထွက်ခွင့်မပေးတော့သရဲပူးတဲ့လူတွေ လူသေအလောင်းတွေ တစ်စတစ်စများလာတဲ့ကြားကအာရီရယ် ပါရှာ အင်ကာနဲ့ နာလာတို့နဲ့ ကျန်နေတဲ့ကျောင်းသားတွေဘယ်လိုအလွတ်ရုန်းကြမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။
...

Dayi: Bir Adamin Hikayesi (2021) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Action #Adventure #Drama #Romance 🗓 2021 🎞 movie 🌎 #Turkey ⏰ 2 နာရီ 5 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dayi: Bir Adamin Hikayesi (2021) (ယောကျ်ားတစ်ယောက်ရဲ့ ဇာတ်လမ်း)IMDb – 6.1/10 ဆုပေါင်းများစွာရရှိဖူးတဲ့ မင်းသားကြီးတွေပါဝင်ထားတဲ့ တူရကီ ဂန်းစတားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပုံဖော်ထားတဲ့ရုပ်ရှင်။ဒီရုပ်ရှင်ထွက်တဲ့အချိန်တုန်းက ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေဆီကနေအကောင်းဆုံးတူရကီရုပ်ရှင်တွေထဲကတစ်ကားလို့ ချီးကျူးခံခဲ့ရပါတယ်။ ချေဗာဟိရှ်က ထင်ရာစိုင်းတတ်ပြီး မှားနေတာကိုမြင်ရင်အမှန်ပြင်ပေးလိုက်ဖို့ဝန်မလေးတဲ့ ခပ်ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်။အရွယ်ရောက်လာတဲ့ထိ တဇွတ်ထိုးနိုင်လွန်းလို့ အဖေဖြစ်သူကဘာမှ လက်ကြောတင်းအောင် မလုပ်နိုင်တဲ့ကောင်ဆိုပြီး အမြင်မကြည်တာမို့မိခင်ဖြစ်သူက အစ္စတန်ဘူလ်မှာကြီးပွားနေတဲ့ ရပ်ဆွေရပ်မျိုးလုပ်ငန်းရှင်တစ်ယောက်ဆီကို ပို့လိုက်ပါတယ်။ဒီမှာပဲ ချေဗာဟိရှ်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။အစ္စတန်ဘူလ်က အစ်ကိုကြီးလိုခင်ရတဲ့ လုပ်ငန်းရှင်သူဌေးက ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့အခါမှာချေဗာဟိရှ်ရဲ့ ထင်ရာစိုင်းတဲ့စိတ်နဲ့ ဒီလုပ်ငန်းတွေထဲမှာ ပါဝင်ပတ်သက်မိတဲ့အခါမှာတော့…။ (aungmo3hanဘာသာပြန်ပေးထားပါတယ်)
...

The Zone of Interest (2023) ⭐IMDB: 7.6/10 (40 k Votes) 🎬 #Drama #History #War 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #Poland #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင် အော်စကာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ အသံဆု နဲ့ ဇာတ်ညွှန်းဆုတို့ ဆန်ကာတင်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ သမိုင်း ဒရာမာ ရုပ်ရှင်ကောင်းတစ်ကားလာပါပြီ။ ဒီဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ နာဇီအရာရှိမိသားစုဖြစ်တဲ့ ဟို့စ် နဲ့ သူ့မိန်းမ ဟက်ဝစ်တို့ ရဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးအကြောင်းပါ။ သားသမီးတွေနဲ့ ဥယျာဉ်တွေနဲ့ ပျော်စရာအိမ်လေးတစ်အိမ်မှာ သူတို့နေကြတယ်။ သူတို့အိမ်နဲ့ကပ်ရပ်မှာတော့ ချွေးတပ်စခန်းကြီးတစ်ခုရှိတယ်။ သေနတ်သံတွေအော်သံတွေ အမြဲလိုလိုကြားရတယ်။ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဆိုလို့ အိမ်ဘေးက ရေကန်ထဲကို မီးရှို့သတ်ထားတဲ့ ဂျူးအလောင်းအပိုင်းအစတွေ မျောလာတတ်တာလေးပါပဲ။ ဟို့စ်ရဲ့အဓိက တာဝန်က ချွေးတပ်စခန်းက အလုပ်သမားတွေ ရွေးထုတ်ဖို့နဲ့ ပိုနေတဲ့ ဟန်ဂေရီထဲက ဂျူး ၆ သိန်းလောက်ကို အဆိပ်ငွေ့ပေးပြီး သတ်ပေးဖို့ပါပဲ။ ဒီအလုပ်က သူ့အတွက်ခက်ခဲပါတယ်။ ခံစားရလို့တော့မဟုတ်ပါဘူး။ အရိုးပြာတွေရှင်းဖို့၊ နေ့စဉ် မီးရှို့တဲ့အလောင်းအရေအတွက် ပြည့်ဖို့၊ အဆိပ်ငွေ့ပေးရတာ အဆင်ပြေဖို့တွေ စီမံရတာပါပဲ။ သူရာထူးတိုးနဲ့ နယ်ပြောင်းရတဲ့အခါ သူ့မိန်းမ ဝမ်းနည်းရပေမဲ့၊ ဂျူးတွေကို သတ်ဖို့အတွက် သူတို့အိမ်နေရာလေးကို ပြန်ပြောင်းရွှေ့ခံရတော့ မိသားစုတွေ အရမ်းကို ပျော်နေကြပုံကို ကြည်နူးစရာလေး ရိုက်ကူးပြထားတာပါ။ နာဇီမိသားစုလေးရဲ့ ရိုးရှင်းတဲ့ အိပ်မက်လေးကို ဂျူးတွေရဲ့အလောင်းပုံကို တစ်ချက်တောင် စိတ်ကူးထဲမထားဘဲ တည်ဆောက်သွားပုံလေးကို ရိုက်ပြထားတာမို့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စကားပုံမျိုးကို အပီပြင်ဆုံးတွေ့ရမှာပါ။ ဒီရုပ်ရှင်ရဲ့ ရက်ရက်စက်စက်လှပတဲ့ ပြကွက်ကတော့ ဒီရက်စက်တဲ့လုပ်ရက်တွေကို အားတင်းပြီးလုပ်နေရတဲ့ပုံမပြဘဲ သာမန်ရုံးအလုပ်လေးလို လုပ်နေရင်း သာမန်ဘဝအဖြစ် ပေါ့ပေါ့ပါးပါးနေနေတဲ့ မိသားစုရဲ့ပုံကို တင်ပြတဲ့ဟန်ပါပဲ။ ကြည့်ရင်းနဲ့ ဘာကိုပြချင်တာလဲ ခံစားမိပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။
...

Behind Veils (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Comedy #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 42 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sir Madam Sarpanch (2023) “ဆိုရှယ်မီဒီယာပါးဝတဲ့ ဂူရူဒေ့ဗ်တို့ရွာ”IMDb-6.2/10 National Film Award ဆုရှင်ကြီး Praveen Morchhale ရေးတဲ့ ရွာလေးတစ်ရွာရဲ့ဟာသအဖုံဖုံနဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ ဆုံးသွားတဲ့ဖခင်ရဲ့ ဆန္ဒကြောင့် ဇာတိရွာမှာစာကြည့်တိုက်ဆောက်ပေးဖို့ပြန်လာခဲ့တယ်ရွာရောက်လို့ ဦးလေးဖြစ်သူ ဂူရူဒေ့ဗ်နာမည်နဲ့လိုက်စုံစမ်းရာကစ ရွာလည်တော့တာပဲတစ်ရွာလုံးမှာ ဂူရူဒေ့ဗ်က လက်ညှိုးထိုးမလွဲဖြစ်နေတယ်တဲ့အဘွားဖြစ်သူကလည်း ဆိုရှယ်မီဒီယာတွေနဲ့ အကျွမ်းတဝင်ရှိပြီးလက်ဖက်ရည်အစား အမြှုပ်ကော်ဖီတိုက်ပါတဲ့စာကြည့်တိုက်အတွက် စာအုပ်တွေထားဖို့အတွက်နေရာရှာကြပြန်တော့သူ့အဖေပိုင်ခဲ့ဖူးတဲ့အိမ်ဟာ ရွာလူကြီးတွေအပိုင်သိမ်းထားရာဖြစ်နေတယ်ဒီလိုနဲ့ ရွာလူကြီးဆီသွား မြေပြန်တောင်းရာက၈ တန်းအောင်ရွာလူကြီးနဲ့ MBA ဘွဲ့ရ မြို့သူအန်နာတို့ ထိပ်တိုက်တွေ့လာချိန်မှာ…. မြို့နဲ့အလှမ်းဝေးပေမဲ့ ဆိုရှယ်မီဒီယာတွေနဲ့ အလှမ်းမဝေးတဲ့အတွေးစုံအမျိုးစုံ ရွာဒေသခံတွေကြား ဘယ်လိုဆက်ဖြစ်ကြမလဲ….. အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

We Have Never Been Modern (2023) ⭐IMDB: 7.0/10 (361 Votes) 🎬 #Drama #Mystery #Crime 🗓 2023 🎞 movie 🌎 #Czechia #Slovakia #CzechRepublic ⏰ 1 နာရီ 58 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်းကတော့ ဟယ်လီနာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ နယ်မြို့လေးတစ်မြို့ကို ခေတ်မီတဲ့စက်မှုမြို့ဖြစ်အောင် ပြောင်းလဲဖို့အားထုတ်နေတဲ့ ခင်ပွန်းဖြစ်သူနဲ့ နယ်မြို့လေးမှာပြောင်းရွှေ့နေထိုင်ပါတယ်။ ခင်ပွန်းဖြစ်သူကလည်း စက်ရုံဒါရိုက်တာတစ်ယောက်၊ ဟယ်လီနာကလည်း ကိုယ်ဝန်လွယ်ထားရပြီ အစစအရာရာ သာယာပျော်ရွှင်စရာအိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားကြတာလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ မထင်မှတ်ထားပဲ လိင်အင်္ဂါနှစ်ခုပါတဲ့ ထူးဆန်းသောမွေးကင်းစက‌လေးအလောင်းကို စက်ရုံဝန်းထဲမှာ တွေ့လိုက်ရပြီးနောက်မှာ ကောလဟာလတွေကို ဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။ ဆေးပညာနဲ့နီးစပ်ပြီး‌ ဆေးပညာဗဟုသုတကြွယ်ဝတဲ့ ဟယ်လီနာရဲ့ရှင်းပြချက်ကို လက်မခံကြတဲ့အခါ ဟယ်လီနာတစ်ယောက် ဘယ်လိုဖြေရှင်းဖို့ကြိုးစားမလဲ ပတ်ဝန်းကျင်က‌ရော သူ့ရဲ့ဖြေရှင်းချက်ကို လက်ခံပါ့မလား စသည်တို့ကို စိတ်ဝင်စားဖွယ်ကြည့်ရှုမှာ ဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကို အပြိုက်အဆိုင်ခေတ်မီအောင်ကြိုးစားကြပေမယ့် အတွေးအမြင်တွေကို တိုးတက်အောင်မကြိုးစားကြတဲ့ လူအဖွဲ့အစည်းကြီးကိုလည်း We have never been modern ဆိုပြီး သရော်ထားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
...

Stuff and Dough (2001) ⭐TMDB: 67.0% User Score 🎬 #Drama #Thriller #Crime 🗓 2001 🎞 tv movie 🌎 #Romania ⏰ 1 နာရီ 35 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Marfa si banii ဆိုတာ ပစ္စည်း နဲ့ ငွေ ကို ရိုမေးနီးယားဘာသာစကားနဲ့ရေးထားတာပါ။ IMDb 7.3 အထိရရှိထားတဲ့ low budget film တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့… မိဘတွေကို အိမ်ဆိုင်ဖွင့်ကူရင်း တောက်တိုမယ်ရလုပ်ပြီး နေထိုင်နေတဲ့ အိုဗီဒူဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ်။ အိုဗီဒူက မိဘတွေနဲ့ အိမ်ခွဲနေပြီး သူ့ရဲ့ကိုယ်ပိုင်ဈေးဆိုင်လေးကို ဖွင့်ချင်တာ။ ဒီလိုဖွင့်ဖို့က‌လည်း အရင်းအနှီးတစ်ခုကတော့ လိုနေတာမလို့ အကြံအစည်ကိုအကောင်အထည်မဖော်နိုင်သေး ဖြစ်နေတယ်။ တစ်ရက်မှာတော့ အိုဗီဒူကို အဖိုးကြီးတစ်ယောက်က ၃ ၊ ၄ နာရီ‌ပဲမောင်းရမယ့် ခရီးတစ်ခုအတွက် မြိုးမြိုးမြက်မြက်ပေးဖို့ ကမ်းလှမ်းလာတယ်။ ဒီအလုပ်ကတော့ အိုဗီဒူတို့မြို့ကနေ တခြားမြို့ကို ပစ္စည်းပို့ပေးရမှာပါ။ နဂိုကတည်းက ပိုက်ဆံအချီကြီးရဖို့ စောင့်မျှော်နေတဲ့ အိုဗီဒူလည်း ဂွင်တွေ့သွားပြီ သူငယ်ချင်းအတွဲဖြစ်တဲ့ ဗာလီနဲ့ ဘက်တီ တို့ကိုခေါ်ပြီး ဗန်ကားလေးတစ်စီးနဲ့ ဘူကာရက်စ်မြို့ကနေထွက်ခွာလာခဲ့တယ်။ ထုံးစံအတိုင်း လမ်းရောက်တော့မှ သယ်လာရတဲ့ပစ္စည်းတွေဟာ သာမန်ပစ္စည်းတွေမဟုတ်မှန်း သိလိုက်ရတဲ့နောက်မှာတော့ အိုဗီဒူတို့သူငယ်ချင်းသုံးယောက် လမ်းခရီးမှာ ဘယ်လိုအခက်အခဲတွေဆက်တွေ့ပြီး ခရီးဆုံးအောင် ဘယ်လိုဆက်သွားကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
...

Red Like the Sky (2006) ⭐TMDB: 76.0% User Score 🎬 #Drama 🗓 2006 🎞 movie 🌎 #Italy ⏰ 1 နာရီ 41 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၁၉၇၀ခုနှစ်ပိုင်းတုန်းက ကိုယ်လက်အင်္ဂါချို့တဲ့သူတွေ အထူးသဖြင့်မျက်မမြင်တွေကို အစိုးရကအစ၊ မျက်မမြင်ကျောင်းမှ တာဝန်ရှိသူတွေကိုယ်တိုင်တောင် ဘယ်လိုဖိနှိပ်ဆက်ဆံကြလဲဆိုတာကို မီးမောင်းထိုးပြထားပြီး နောက်ဆုံးမှာ ကောင်လေးတစ်ယောက်ကြောင့် ဘာတွေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို ရိုက်ပြထားတဲ့ Dramaကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကတော့ မီကိုဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက ရုပ်ရှင်တွေနဲ့ မျိုးစုံသောအသံတွေကို စူးစမ်းလေ့လာရတာကို ဝါသနာပါခဲ့ပါတယ်။ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကနေ သူရဲ့မျက်လုံးတစ်စုံလုံး ဘာမှမမြင်ရလောက်တော့တဲ့အထိ ထိခိုက်သွားခဲ့ရပါတယ်။ အဲဒီခေတ်တွေတုန်းက အီတလီနိုင်ငံမှာ မျက်မမြင်တွေဟာ မျက်မမြင်သီးသန့်ကျောင်းကလွဲပြီး ဘယ်ကျောင်းကိုမှတက်ခွင့်မရှိတာကြောင့် မီကိုရဲ့မိဘတွေက သူ့ကို ဝေးလံလှတဲ့ကျောင်းကို တစ်ယောက်တည်းပို့လိုက်ရပါတယ်။ ပျော်ရွှင်နေရတဲ့ဘဝကနေ မတော်တဆမှုတစ်‌ခုကြောင့် သူ့ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့တဲ့အတွက် မီကိုဟာ အရမ်းဝမ်းနည်းနေပေမဲ့ သူမသိလိုက်တာက သူ့ရဲ့အမြင်အာရုံဆုံးရှုံးသွားတာကြောင့် သူ့ရဲ့အကြားအာရုံဟာ အရမ်းကောင်းလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တဖြည်းဖြည်းနှင့် ဆရာကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ တွေ့လာပြီးတော့ သူ့ဘဝကို သူလက်ခံပြီး သူ့ရဲ့အရည်အချင်းကိုသိသွားတဲ့မီကိုဟာ ငယ်ငယ်ကတည်းကဝါသနာပါတဲ့ မျိုးစုံသောအသံတွေနဲ့ ဘာတွေလုပ်ပြနိုင်မလဲ သူ့ဘဝကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို အေးအေးဆေးဆေးလေး ကြည့်ရှုခံစားပေးကြပါဦး။
...

Love & Jane (2024) ⭐IMDB: 6.0/10 (457 Votes) 🎬 #Romance #TVMovie #Comedy 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်ကျော် စာရေးဆရာမ Jane Austen (1775-1817) ရဲ့ဝတ္ထုတွေကို စွဲလမ်းနေတဲ့ လီလီ ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်ကိုမပြောခင် အင်္ဂလန် စာရေးဆရာမ Jane Austen ဟာဆိုရင် သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့အောင်မြင်ခဲ့တဲ့ ဝတ္ထုတွေကို ရုပ်ရှင်တွေ၊ Series တွေ ပြန်ရိုက်ထားတာလည်း အများကြီးရှိသလို သူ့ရဲ့ Biography ကို ပြန်ရိုက်ကူးထားတာတွေလည်း ရှိပါသေးတယ် ဒီဇာတ်ကားလေးကတော့ အဲလိုသူ့ရဲ့ဝတ္ထုတွေကို ရုပ်ရှင်ပြန်ရိုက်ထားတာမျိုးမဟုတ်ဘဲနဲ့ သူ့ကိုစွဲလမ်းနေတဲ့ လီလီ ဆိုတဲ့ မိန်ကလေးတစ်ယောက်အကြောင်းကိုရိုက်ကူးထားတာမျိုးပါ ဂျိန်း စာပေချစ်သူများအဖွဲ့ ဆိုပြီးတော့လည်း Book Club တစ်ခုမှာ ဥက္ကဌအနေနဲ့တာဝန်ယူထားပါသေးတယ် ဒီဇာတ်ကားမှာ ထူးထူးခြားခြားထည့်သွင်းထားတဲ့ plot တစ်ခုကတော့ စာရေးဆရာမ Jane Austen က လီလီ ရဲ့ ပြင်းပြတဲ့ဆန္ဒတစ်ခုကြောင့် ကိုယ်ထင်ပြပြီး ဒီဘက်ခေတ်ကိုရောက်လာတဲ့ လူတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် ဒီတော့ လီလီ အတွက် Jane Austen က သူ့ဘဝထဲကို ဘယ်လောက်ထိပါဝင်ပတ်သက်နေတာလဲ သူ့ရဲ့ စိတ်ကူးတွေ၊ အလုပ်တွေ၊ နှလုံးသားရေးရာတွေမှာရော Jane က ဘယ်လောက်ထိ ပါဝင်ပတ်သက်နေလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါဦး…….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...

Jaspal (2024) ⭐IMDB: 7.9/10 (11 Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #France ⏰ 2 နာရီ 9 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jaspal 2024 (ဂျက်စ်ပါ)IMDb _ 7.6 ရုန်းထွက်ချင်တဲ့ ဘဝတစ်ခုမှာနေနေကြရတဲ့ ညီအစ်ကို၂ယောက်ဖြစ်တဲ့ဂျက်စ်ပါနဲ့ ဗစ်ကီ ..ဂျက်စ်ပါကတော့ လက်လှမ်းမမီနိုင်တဲ့နေရာတစ်ခုကကောင်မလေးကိုခိုးချစ်နေသူတစ်ယောက်ပါ ဗစ်ကီကတော့ ကနေဒါကိုပြောင်းရွှေ့နေထိုင်ပြီးတော့ ဘဝသစ်စချင်သူတစ်ဦး သူတို့လက်ရှိဘဝကတော့ကြေးစားလူသတ်သမားတွေ ပိုက်ဆံပေးခိုင်းရင်ဘယ်သူ့ကိုမဆိုသတ်ပေးရတဲ့ လူသတ်သမားတွေပေါ့ ငွေကဒုတိယဘုရားသခင်ဆိုသလို ငွေပိုရှိတဲ့ကောင်ဘုရင်ဖြစ်နေတဲ့ချန်ဒီဂါ့တ်မှာ ရဲအရာရှိဆန်ဂျေးခိုင်းတာကိုလုပ်နေရတဲ့ဒီ၂ယောက်က နောက်ထပ်အလုပ်နည်းနည်းလေးသာထပ်လုပ်ပေးမယ်ဆိုရင် သူတို့ဘဝတွေကိုကနေဒါပြောင်းပြီးတော့ အသစ်စနိုင်မဲ့အခွင့်အရေးရှိနေပါတယ် ဒါပေမဲ့ကံဆိုးချင်တော့ဒီလိုအခွင့်အရေးနီးကပ်လာတော့မှ ဆန်ဂျေးဆင်ထားတဲ့ထောင်ချောက်ထဲဝင်သွားမိတဲ့အခါ… သူတို့တွေ ဘယ်လိုရုန်းထွက်ကြမလဲ သူတို့အိပ်မက်တွေကိုရောအကောင်အထည်ဖော်နိုင်မှာလားဆိုတာကတော့… (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...

Narayana & Co (2023) ⭐IMDB: 5.9/10 (55 Votes) 🎬 #Bollywood #Comedy #Family 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Narayana & Co (2023) “နာရာယာနာနဲ့ အပေါင်းအပါများ”IMDb – 5.9/10 ပေါ့ပေါ့ပါးပါးနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ မိသားစုဒရာမာဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးပါရစေဗျ။ဇာတ်လမ်းရဲ့နာမည်အတိုင်းပါပဲ နာရာယာနာဆိုတဲ့ဘိုးတော်နဲ့ သူ့အပေါင်းအပါတွေဖြစ်တဲ့ဗြောင်းဆန်အောင် တလွဲတွေလုပ်ကြတဲ့မိသားစုပေါ့။ နာရာယာနာဆိုတာ နှစ်ပေါင်းသုံးဆယ်လုံး ဘဏ်တစ်ခုမှာ ငွေကိုင်ဆိုတဲ့အလုပ်ကလွဲဘာမှစိတ်မဝင်စားတဲ့သူ။သူ့ဘ၀တလျောက် ဒီအလုပ်ကိုပဲ လုပ်လာခဲ့တာ။ဇနီးသည်ဖြစ်သူကကျ ဆာရီကလွဲဘာမှစိတ်မဝင်စား။ဘ၀တလျောက်လုံးဘယ်သူကဘယ်ဆာရီဝတ်ထားတာနဲ့သူ ဘယ်ဆာရီကြိုက်တယ်ဆိုတာကိုပဲ အာရုံထားတဲ့သူ။ သားအကြီးကောင်ကကျ လောင်းကစားသမား။အချိန်ပြည့် သူ့ခေါင်းထဲမှာလောင်းကစားလုပ်ဖို့အတွေးရှိတဲ့သူ။အငယ်ကောင်ကကျ တဏှာရူး နှာဘူး။ဘေးအိမ်ကအဒေါ်ကြီး အင်္ကျီလဲတာပဲမှန်ပြောင်းတစ်လက်နဲ့ ချောင်းကြည့်နေတဲ့ကောင်။ ရထားပေါ်မှာ တောင်းစားရတဲ့ဘ၀ကနေ လူချမ်းသာတစ်ယောက်ဖြစ်လာတဲ့ဂန်းစတားကြီးတစ်ယောက်လည်းရှိသေးတယ်။သူက နာရာယာနာတို့မိသားစုနဲ့ ဘာမှမဆိုင်။ ဆိုင်လာတာက သားနှစ်ယောက် ယူလာတဲ့ဒုက္ခတွေကနေနာရာယာနာတို့တစ်မိသားစုလုံးရာဇဝင်အိုးကို ဒုတ်နဲ့သွားထိုးမိရာကစတဲ့ဇာတ်လမ်းပေါ့။ ဒီလိုအလွဲလွဲအချော်ချော်တွေနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့တလေဂူးလ်ဟာသဇာတ်လမ်းလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်
...