ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
High & Low: The Worst X (2022)
⭐IMDB: 6.5/10 (446 Votes)
🎬 #Action #Drama #Crime #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 59 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
High & Low The Worst X ကတော့ ၂၀၂၂ တုန်းကနောက်ဆုံးထွက်ထားတဲ့ ၇ ကားမြောက်ဇာတ်ကားဖြစ်ပြီး High & Low The Worst အပြီး ၃ နှစ်အကြာမှာ ဇာတ်လမ်းတည်ထားတာပါ။အိုယာကျောင်းဂိုဏ်းဟာ ခေါင်းဆောင်အသစ်နဲ့အတူ ဂိုဏ်းအားလုံးထဲမှာ အတောင့်တင်းဆုံးနီးပါးအထိဖြစ်လာပြီး ဒါကို ပြဿနာရှာချင်တဲ့ ဆဲနိုမွန်ကျောင်းဂိုဏ်းက တခြားအဖွဲ့နှစ်ဖွဲ့နဲ့ပေါင်းပြီး အိုယာကျောင်းဂိုဏ်းကိုဖျက်ဆီးကြတဲ့အခါမှာ သုံးဖွဲ့တစ်ဖွဲ့ချကြပါတယ်။ဇာတ်ကောင်အဟောင်းအနေနဲ့ကတော့ တိုဒိုရိုကီ၊ ဖူဂျီအို၊ ဆာချီအိုနဲ့ တခြားဇာတ်ပို့တွေပြန်ပါမှာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေအများကြီးနဲ့ ကျစ်လစ်တဲ့ဇာတ်အိမ်ကြောင့် ကြည့်ဖို့နှစ်ခါမစဉ်းစားသင့်တဲ့ဇာတ်ကားပါ။
Folklore Qizz Class (2023)
⭐⁉️
🎬 #Horror #Thriller
🗓️ 2023 🎞️ Movie 📺 1080p
🌎 #China
⏰ 1 နာရီ 17 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တစ္ဆေပွဲတော် ညတစ်ည မသန့်ရှင်းတဲ့ အရာတွေလူတွေကြားထဲကို ဝင်ရောက်ပျော်မြူးသည့်အချိန်…?ချန်ရှိူ့ မြို့တော်ကြီးမှာ ထူးဆန်း ထိတ်လန့်ဖွယ်ကောင်းတဲ့အရာတွေဖြစ်ပေါ်လာခဲ့ပါတယ် ။ ရွှီထျန်းယို့လိုခေါ်တဲ့ဆင်းရဲသားကောင်လေးဟာ တစ္ဆေပွဲတော်ညမှာ အစာရှာဖို့အပြင်ထွက်ရင်း ကစားပွဲတစ်ခုကို ထူးထူးဆန်းဆန်း ကစားနေကြတဲ့ လူတစ်စုနဲ့ တွေ့ရှိခဲ့ပါတယ် ။
စူးစမ်းလိုစိတ်အပြည့်ရှိတဲ့ ရွှီထျန်းယို့ဟာလဲ သူတို့နဲ့ အတူတူဝင်ရောက်ကစားခဲ့ပြီး အဲဲဒီလူတစ်စုဟာ သရဲတွေ ဖြစ်နေတဲ့အကြောင်း သိရှိသွားတဲ့အခါ….? အိမ်ကို အမြန်ပြန်လာခဲ့ပေမယ့်သူရဲ့ တစ်ဦးတည်းသော မိခင်ကြီးဟာ ထူးဆန်းစွာနဲ့ သေဆုံးနေခဲ့ပါတော့တယ် ။
အဲဒီ ထူးဆန်းတဲ့ ဖြစ်စဥ် ဖြစ်ပြီးချိန်မှ စတင်ပြီး မြို့တော်အတွင်းထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေကြုံလာကာမြို့တော်ဝန်ကတော်ပါ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်လာခဲ့ပါတော့တယ် ။
ဒီလိုနဲ့ပဲ ရွှီထျန်းယို့ကနေ စတင်ခဲ့တဲ့ ထူးဆန်းဖွယ်ရာ အမှုကိုသူတို့တွေ ဘယ်လိုမျိုး စုံစမ်းရှာဖွေမလဲ?ဆိုတာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါ ။
လွမ်းလို့မကျန်ရစ်စေလို
⭐N/A
🎬 #series #romance
🗓️ N/A 🎞️ Series 📺 1080p
🌎 #Myanmar
⏰ 43 မိနစ် 28 စက္ကန့် (တစ်ပိုင်းလျှင်)
👑 FDMN
ဇာတ်ညွှန်း 📜
ငယ်သူငယ်ချင်းမှ တဆင့် ချစ်သူတွေဖြစ်ခဲ့ကြသည့် ညီစေနှင့် ဦးဆောက်ပန်းတို့၏ ချစ်ခရီးလမ်းသည် အိမ်ထောင်ရေးဆိုသည့် ပန်းတိုင်သို့ သွားရန်အချိန်တွင် မထင်မှတ်ထားသည့် ပြဿနာများ ကြုံတွေလာရပြီး ညိုချစ်ဆိုင်ဆိုသည့် လူတစ်ဦး က ဦးဆောက်ပန်းအနားသို့ ရောက်လာသည့်အခါ အချစ်ကြီးသည့် ညိုချစ်ဆိုင်နှင့် ငယ်ချစ်ကို မမေ့နိုင်သည့် ဦးဆောက်ပန်းတို့၏ အားပြိုင်မှုက အချစ်ကို အခြေခံ၍ ပို၍ ပြင်းထန်လာရလေ တော့သည်။
သရုပ်ဆောင်
အောင်ရဲလင်း၊ ညိမ်းသော်၊ ရွှေမှုံရတီ၊ မြတ်ကေသီအောင်၊ ထူးမွန်
ဒါရိုက်တာ
ကိုဇော်(အရုဏ်ဦး)
ထုတ်လုပ်ရေး
ခရေဖြူ
Sky High (2023-2023)
⭐IMDB: 6.3/10 (261 Votes)
🎬 #Crime #Drama #Action #Adventure #Thriller
🗓️ 2023-2023 🎞️ Series 📺 1080p FHD
🌎 #Spain
⏰ 46 မိနစ် 54 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sky High: The SeriesSky High (2023)Spain ဓားပြကားလေးတွေမှ ကြိုက်နှစ်သက်သူတို့အတွက် နောက်ထပ်ရွေးစရာတစ်ခုဖြစ်လာတဲ့ Sky Highဆိုတဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးပါရစေ။
Actionလေးလည်းပါ Family Drama လေးလည်း ပါလို့ ရသအစုံခံစားနိုင်မဲ့ crime thriller စီးရီးလေးဆိုလည်း မမှားပါဘူး။
မှောင်ခိုလုပ်ငန်းတွေကြီးစိုးနေတဲ့ မြို့ရဲ့အဓိကမှောင်ခိုဈေးကွက်ကို ရိုဂယ်လီယိုနဲ့ သူ့သားမက်ဖြစ်သူအန်ဂယ်တို့က ထိန်းချုပ်ထားပါတယ်။
အန်ဂယ်ကတော့ ဖောက်ထွင်းလုယက်ဖို့ကို တာဝန်ယူထားပြီးတော့ ခိုးရာပါပစ္စည်းတွေကိုတော့ ရိုဂယ်လီယိုက ဝယ်မဲ့လူတွေနဲ့ချိတ်ဆက်ပေးပါတယ်။
ရဲဘက်ကလည်း ရိုဂယ်လီယိုကို မှောင်ခိုလောကရဲ့လက်မည်းကြီးမှန်းသိနေပေမဲ့ အကွက်စေ့ထောင့်စေ့လွန်းတဲ့ ရိုဂယ်လီယိုကိုဖမ်းဖို့ လက်ဆုပ်လက်ကိုင်သက်သေ ရှာမရပါဘူး။
ဒီလိုနဲ့ တစ်နေ့မှာ အန်ဂယ်တစ်ယောက် ရုတ်တရက်ဆုံးသွားတဲ့အခါ…– အန်ဂယ်သေဆုံးမှုနဲ့အတူ သမီးဖြစ်သူဆိုလေကိုချုပ်ကိုင်ဖို့ကြိုးစားလာတဲ့ရိုဂယ်လီယို၊
– ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခု ပျောက်ဆုံးနေတဲ့ဘဝကနေရုန်းထွက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ခင်ပွန်းဟောင်းအန်ဂယ်ရဲ့အဖွဲ့နဲ့ပူးပေါင်းမဲ့ single mother ဆိုလေ၊
– ရိုဂယ်လီယိုကို အသေရရအရှင်ရရဖမ်းချင်နေတဲ့စုံထောက်ဒူကဲ၊
– အန်ဂယ်တို့အဖွဲ့ထဲကို ဝင်လာတဲ့ လျှို့ဝှက်ချက်တွေနဲ့လူသစ်လေး ဖာနန် ဒီဒီ ဇာတ်ဆောင် ၄ ယောက် ရဲ့ ဉာဏ်ကစားပွဲနဲ့အတူ ရန်သူ၊ မိတ်ဆွေ မသဲကွဲတဲ့ မြေအောက်လောကသားတွေရဲ့အားပြိုင်မှုကို အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ Mary Christ, Xavier Zy, K.Hein တို့ပဲ ဖြစ်ပါတယ်။Genre….. Crime, Drama
Pathaan (2023)
⭐IMDB: 6.3/10 (126 k Votes)
🎬 #Action #Adventure #Bollywood #Drama #Thriller
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #India
⏰ 2 နာရီ 29 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pathaan (2023)(FUL HD အကြည်ဗားရှင်း)Action, Crime, DramaIMDb 6.4/10 (122K)
ကဲ လူတွေပါးစပ်ဖျားရေပန်းစားနေကြပြီး ဘတ်ဂျတ်ကုဋေ၂ရာကျော်ရင်းပြီးရုံတင်ငွေကုဋေ၁သိန်းကျော်ထိ အမြတ်ပြန်လည်ရရှိထားတဲ့ရှာရွတ်ခန်းရဲ့ ပထန်ဇာတ်ကားကြီးရဲ့ ကြည်တောက်ရှင်ဗားရှင်ကိုတင်ဆက်ပေးပါတော့မယ်နော်။
မင်းသားကြီး ရှာရွတ်ခန်း…ဂျွန်အေဗရာဟင်..ဒီပီကားပါဒူကွန်တို့က Lead Role နေရာကနေသရုပ်ဆောင်ပေးထားကြပြီး တခြားသော သရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားသလိုမင်းသားကြီးဆလ်မာန်ခန်းကလည်း cameo အနေနဲ့ ပါဝင်ပေးထားပါသေးတယ်နော်။
ဒီဇာတ်ကားကို အိန္ဒိယနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Yash Raj Films မှတာဝန်ယူထုတ်လုပ်ပေးထားပြီး လက်ပွားမင်းသားရဲ့ War ဇာတ်ကားကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာ ဆစ်ဒါသ်အာနန်းရဲ့အက်ရှင်လက်ရာတစ်ခုပဲဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ဆလ်မာန်ရဲ့ (Tiger)..လက်ပွားရဲ့ (War) တို့နဲ့ချိတ်ဆက်ပေးမယ့်Pathaan ဇာတ်ကောင်ရဲ့ spin-off ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
Yash Raj ကုမ္ပဏီဟာ နောက်ပိုင်းမှာ spy universe ကို တည်ဆောက်သွားမယ့်ပုံပေါ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံသမ္မတကြီးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဒူဘိုင်းက အခမ်းအနားပွဲတစ်ခုမှာ ပြန်ပေးဆွဲဖို့ရှိနေခဲ့ပါတယ်။
ဒီတော့ လုံခြုံရေးကို သုံးဆတိုးမြှင့်ပြီး စောင့်ကြပ်ပေးနေခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ ကိစ္စကအကြမ်းဖက်အဖွဲ့အစည်းဟာ သမ္မတကြီးကိုပြန်ပေးမဆွဲဘဲ သမ္မတကြီးနဲ့အတူလိုက်ပါလာတဲ့သိပ္ပံပညာရှင်နှစ်ယောက်ကို ပြန်ပေးဆွဲလိုက်ပါတော့တယ်။
ခေါင်းခဲစေတဲ့ကိစ္စက ဘာလို့ သိပ္ပံပညာရှင်တွေကို ပြန်ပေးဆွဲခဲ့တာလဲ…။
ဆိုတော့ အက်ရှင်ခန်းတွေ အကြမ်းအရမ်းတွေနဲ့ ရေလည်မိုက်အောင် ရှုစားရဦးမှာမို့ပေါက်ပေါက်…အားလူးကြော်လေးတွေစားပြီး ဇိမ်ကျပေတော့နော်။
ပြောင်းလဲခြင်းနောက်ကွယ်
⭐N/A
🎬 #
🗓️ N/A 🎞️ Series 📺 1080p
🌎 #Myanmar
⏰ 29 မိနစ် 1 စက္ကန့် (တစ်ပိုင်းလျှင်)
👑 FDMN
ဇာတ်ညွှန်း 📜
အောင်မြင်မှုကိုရိုးရိုးသားသားကြိုးစားရှာဖွေနေတဲ့ X-Boys အဖွဲ့မှာအရင်းအနှီးမရှိတာကြောင့် အေဂျင်စီပိုင်ရှင် မိုးဟေရီ နဲ့ တွေ့ကာ
လက်တွဲဖို့ဖြစ်လာရင်း လမ်းဘေးမှာဖျော်ဖြေမှုတစ်ခုလုပ်ခဲ့ရာ ငွေဂုဏ်မောက်နေတဲ့ ရဲထက် နဲ့ X-Boys အဖွဲ့ခေါင်းဆောင် ထူးမြတ် နဲ့
ဘယ်လိုပြသနာဖြစ်သွားမလဲ…အငြိုးကြီးလှတဲ့ ရဲထက် တစ်ယောက် ထူးမြတ် တို့အဖွဲ့ကို ဘယ်လိုဒုက္ခလှလှပေးရင်းက ထူးမြတ် ကိုသတ်လိုက်မိခဲ့ရာက
အစပြုပြီး ထူးမြတ် အမှုကိုလိုက်နေစဉ်မှာ ရဲထက် တစ်ယောက်အိမ်မှာနေရင်းအသတ်ခံလိုက်ရတော့ ရဲထက် ရဲ့ဖခင် ဦးမိုးမြင့် တစ်ယောက်သားဇောနဲ့
X-Boys အဖွဲ့ကိုဖမ်းဖို့ ပြောလာခဲ့ရင်း X-Boys အဖွဲ့မှာပျောက်ချင်းမလှပျောက်ဆုံးခဲ့ပြီးနောက်မှာ Project K အဖွဲ့ကြယ်ပွင့်လေးတွေရောက်လာခဲ့တော့
ဦးမိုးမြင့် မှာသားဖြစ်သူအမှုကိုမမေ့နိုင်ဘဲဆက်လက်စုံစမ်းနေခဲ့ရာကအစပြုပြီး …Projet K အဖွဲ့ကိုသံသယဝင်ခဲ့ရာအမှန်တကယ်ပဲ Projet K အဖွဲ့မှာ
X-Boys အဖွဲ့ဖြစ်နေမလား…X-Boys အဖွဲ့မှာဘယ်လိုပျောက်သွားသလဲဆိုတာ ပြောင်းလဲခြင်း နောက်ကွယ် ကဇာတ်လမ်းတွဲလေးမှာ
စိတ်ဝင်စားဖွယ်ဘယ်လိုကြည့်ရမလဲဆိုတာ…သိမ်မွေ့ နဲ့ မြူနှင်း အပြင် သီရိ တို့က X-Boys အဖွဲ့နဲ့ဘယ်လိုပတ်သတ်မှုရှိနေကြမလဲဆိုတာ…
သရုပ်ဆောင်
Project K ၊ ရဲအောင်၊ အောင်လေး၊ နေထွဋ်၊ ထူးမြတ်၊ သင်ဇာဝင့်ကျော်
ဒါရိုက်တာ
အရုဏ်ဦး(ပွင့်သိင်္ဂီဇော်)
ထုတ်လုပ်ရေး
ဆောင်းညပြာသို
အသည်းကွဲပီယဆေး
⭐N/A
🎬 #series #comedy #romance #horror
🗓️ N/A 🎞️ Series 📺 1080p
🌎 #Myanmar
⏰ 33 မိနစ် 47 စက္ကန့် (တစ်ပိုင်းလျှင်)
👑 FDMN
ဇာတ်ညွှန်း 📜
အသက် ၃၀ အရွယ် ဂေါ်မစွံသည့် လူပျိုကြီး ကြည်မောင်သည် လိုက်သမျှမိန်းကလေးတိုင်း၏ အငြင်းခံရသဖြင့် ဖခင်ဖြစ်သူအပါအဝင် တစ်ရွာလုံး၏ လှောင်ရယ်ခြင်းကိုခံရပြီးနောက်ဆုံးတွင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့သည်။ သေဆုံးပြီးသည့် ကြည်မောင်ကိုအသုံးချကာ ပယောဂဆရာနှင့်သူငယ်ချင်းတစ်သိုက်က ပီယဆေးဖော်စပ်လိုက်သည်ကို မကျွတ်လွတ်သေးသည့် ကြည်မောင်တစ်ယောက်သိသွားသောအခါ...
သရုပ်ဆောင်
အောင်မင်းခန့်၊ တေဇလင်းရောင်၊ ထွန်းပုလဲရတနာ၊ ကေကေဖြိုး၊ ဂျီဂျီး
ဒါရိုက်တာ
သားကြီး
ထုတ်လုပ်ရေး
Bo Bo Entertainment

သမီးဆိုး
⭐N/A
🎬 #series #romance #drama
🗓️ N/A 🎞️ Series 📺 1080p
🌎 #Myanmar
⏰ 35 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်)
👑 FDMN
ဇာတ်ညွှန်း 📜
ရွှေပုံဧရာသည် အကျိုးပေးကောင်းသော အိမ်ဆည်းလည်းလေးအဖြစ် သည်းသည်းလှုပ်ချစ်ခံရသူဖြစ်သဖြင့် အရာရာကို အနိုင်လိုချင်သူဖြစ်သည်။ အလိုလိုက်ခံရလွန်းဖြင့် ဆိုးသွမ်းကာ ယောက်ျားများနှင့်လည်း ထည်လဲ ပတ်သက်သူဖြစ်သည်။ ရွှေပုံဧရာသည် မိမိ၏ အစ်မအရင်းဖြစ်သူ ချမ်းမြချို၏ ချစ်သူ ဘုန်းဉာဏ်စင်အပေါ်တွင် မေတ္တာသက်ဝင်မိကာ အစ်မဖြစ်သူနှင့် ပတ်သက်နေသည်ကိုပင် မငဲ့ညာတော့ပဲ ဘုန်းဉာဏ်စင်ကို မရရအောင် လက်ထပ်ယူဖို့ အကြမ်းဆုံးနည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလာသည့်အခါ…..။
သရုပ်ဆောင်
တိုင်ရွန်၊ အေးချမ်းမောင်၊ ညီနန္ဒ၊ မင်းမြန်မာ၊ မင်းခန့်ညီ၊ ရတနာဗို၊ ထက်ထက်ထွန်း၊ မျိုးစန္ဒီကျော်၊ August Moe၊ နှင်းဦးဝေ၊ ဝါဝါအောင်
ဒါရိုက်တာ
မယ်မင်းဘုံ
ထုတ်လုပ်ရေး
အောင်သီရိ
ရတနာပုံ
⭐N/A
🎬 #
🗓️ N/A 🎞️ Series 📺 1080p
🌎 #Myanmar
⏰ 35 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်)
👑 FDMN
ဇာတ်ညွှန်း 📜
မန္တလေးရတနာပုံမှာချစ်ခြင်းတရားတွေနဲ့စတင်ခဲ့ကြမယ့် လင်းယံ နဲ့ နေရီ...နေရီ ရဲ့အစ်ကိုဖြစ်သူ မိုးနောင် နဲ့ မေသော် တို့ရဲ့တည်ငြိမ်တဲ့ချစ်ခြင်းတရားတွေအပြင်ညီမင်းထက် နဲ့ စုထားသက် တို့ရဲ့စိတ်ပင်ပန်းလှတဲ့တစ်ဖက်သတ်အချစ်....ရုတ်တရက် မေသော် သေဆုံးမှုကိုသိရှိသွားတဲ့ မိုးနောင်...မေသော် ရဲ့သေဆုံးမှုကိုယူကြုံးမရဖြစ်နေတဲ့ မေသော် ရဲ့မောင် လင်းယံ...အစ်မဖြစ်သူအတွက်ကလဲ့စားချေဖို့ဖြစ်လာတဲ့ လင်းယံ မှာ နေရီ ကိုပြန်ကလဲ့စားချေခဲ့ရာကအစပြုပြီးနေရီ ရဲ့တန်ပြန်ကလဲ့စားကို လင်းယံ တစ်ယောက်ခံနိုင်ရည်ရှိပါ့မလားဆိုတာ...ညီမင်းထက် နဲ့ စုထားသက် တို့ရဲ့အချစ်ကံတရားကကောအဆင်ပြေပါ့မလားဆိုတာ...မန္တလေးရတနာပုံ ဆိုတဲ့နေရာကအချစ်အမုန်ဟာသအလွမ်းတွေကိုဘယ်လိုပြသသွားနိုင်မလဲ....
သရုပ်ဆောင်
ဟိန်းဝေယံ၊ မိုးယံဇွန်၊ ထွန်းကိုကို၊ နေရဲ၊ ကေညီ၊ သားညီ၊ ထူးသာ၊ အေးဝတ်ရည်သောင်း၊ ရတနာဗို၊ ဇွန်သံစဉ်၊ ချစ်ကြေးမုံ၊ ရတနာနိုနို
ဒါရိုက်တာ
သားညီ
ထုတ်လုပ်ရေး
Media 7
Pathaan (2023)
⭐IMDB: 6.4/10 (126 k Votes)
🎬 #Action #Adventure #Bollywood #Drama #Thriller
🗓️ 2023 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 29 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pathaan (2023)(FUL HD အကြည်ဗားရှင်း)Action, Crime, DramaIMDb 6.4/10 (122K)
ကဲ လူတွေပါးစပ်ဖျားရေပန်းစားနေကြပြီး ဘတ်ဂျတ်ကုဋေ၂ရာကျော်ရင်းပြီးရုံတင်ငွေကုဋေ၁သိန်းကျော်ထိ အမြတ်ပြန်လည်ရရှိထားတဲ့ရှာရွတ်ခန်းရဲ့ ပထန်ဇာတ်ကားကြီးရဲ့ ကြည်တောက်ရှင်ဗားရှင်ကိုတင်ဆက်ပေးပါတော့မယ်နော်။
မင်းသားကြီး ရှာရွတ်ခန်း…ဂျွန်အေဗရာဟင်..ဒီပီကားပါဒူကွန်တို့က Lead Role နေရာကနေသရုပ်ဆောင်ပေးထားကြပြီး တခြားသော သရုပ်ဆောင်ပေါင်းများစွာလည်းပါဝင်ထားသလိုမင်းသားကြီးဆလ်မာန်ခန်းကလည်း cameo အနေနဲ့ ပါဝင်ပေးထားပါသေးတယ်နော်။
ဒီဇာတ်ကားကို အိန္ဒိယနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Yash Raj Films မှတာဝန်ယူထုတ်လုပ်ပေးထားပြီး လက်ပွားမင်းသားရဲ့ War ဇာတ်ကားကို တာဝန်ယူရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာ ဆစ်ဒါသ်အာနန်းရဲ့အက်ရှင်လက်ရာတစ်ခုပဲဖြစ်ပါတယ်။
ဒီဇာတ်ကားဟာ ဆလ်မာန်ရဲ့ (Tiger)..လက်ပွားရဲ့ (War) တို့နဲ့ချိတ်ဆက်ပေးမယ့်Pathaan ဇာတ်ကောင်ရဲ့ spin-off ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။
Yash Raj ကုမ္ပဏီဟာ နောက်ပိုင်းမှာ spy universe ကို တည်ဆောက်သွားမယ့်ပုံပေါ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံသမ္မတကြီးကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဟာ ဒူဘိုင်းက အခမ်းအနားပွဲတစ်ခုမှာ ပြန်ပေးဆွဲဖို့ရှိနေခဲ့ပါတယ်။
ဒီတော့ လုံခြုံရေးကို သုံးဆတိုးမြှင့်ပြီး စောင့်ကြပ်ပေးနေခဲ့ပါတယ်။ မထင်မှတ်ထားတဲ့ ကိစ္စကအကြမ်းဖက်အဖွဲ့အစည်းဟာ သမ္မတကြီးကိုပြန်ပေးမဆွဲဘဲ သမ္မတကြီးနဲ့အတူလိုက်ပါလာတဲ့သိပ္ပံပညာရှင်နှစ်ယောက်ကို ပြန်ပေးဆွဲလိုက်ပါတော့တယ်။
ခေါင်းခဲစေတဲ့ကိစ္စက ဘာလို့ သိပ္ပံပညာရှင်တွေကို ပြန်ပေးဆွဲခဲ့တာလဲ…။
ဆိုတော့ အက်ရှင်ခန်းတွေ အကြမ်းအရမ်းတွေနဲ့ ရေလည်မိုက်အောင် ရှုစားရဦးမှာမို့ပေါက်ပေါက်…အားလူးကြော်လေးတွေစားပြီး ဇိမ်ကျပေတော့နော်။
Soo (2022)
⭐IMDB: 6.0/10 (204 Votes)
🎬 #Drama #Romance #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Estonia
⏰ 1 နာရီ 25 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Soo(2022)
တောမတ်စ်ဆိုတဲ့ ပန်းချီဆရာ အမျိုးကောင်းသားလေးဟာ ပြစ်သစ်နိုင်ငံ ပဲရစ်စ် ရွှေမြို့တော်ကြီးကနေမွေးရပ်ဌာနေဖြစ်တဲ့ အက်စတိုးနီးယားက ဆိုရူးရွာကို ပြန်လည်ရောက်ရှိလာပါတယ်။
သူပြန်ရောက်လာတဲ့အချိန်မှာ အစ်ကိုဖြစ်သူ ယိုဟန်နာ့စ်က မိဘဘိုးဘွားပိုင်ခြံကို ရောင်းပစ်ပြီးခြံအသစ်မှာ လီစ်ဆိုတဲ့ ဇနီးချောလေးနဲ့ အခြေကျနေပါတယ်။
တစ်နေ့တော့ ဆိုရူးရွာစပ်က နွံတွေထူထပ်တဲ့ စိမ့်တောထဲမှာ ပန်းချီဆွဲဖို့ ကုန်ကြမ်းရှာရင်းတောမတ်စ်တစ်ယောက် ဟီလ်ဒါဆိုတဲ့ ကောင်မလေးနဲ့ ဆုံစည်းမိသွားပါတယ်။
ဟီလ်ဒါက အရက်သမားအဖေရဲ့ကောင်းမှုကြောင့်လူရမ်းကား မာဂျာ့ခ်နဲ့ အလိုမတူဘဲ လက်ထပ်ရတော့မလို ဖြစ်နေပြီး ခိုကိုးရာမဲ့နေသူပါ။အဲဒီမှာ မေတ္တာတရားကြီးမားလှတဲ့ တောမတ်စ်ကကောင်မလေးအတွက် လူစွမ်းကောင်း လုပ်ပေးဖို့ ကြိုးစားတဲ့အခါမှာတော့…
ပထမကမ္ဘာစစ်ကာလကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ အက်စတိုးနီးယား ဇာတ်ကားဖြစ်ပြီးတော့IMDb rating 6.1 ရရှိထားပါတယ်။သည်းထိတ်ရင်ဖို ရိုမန့်ဆန်တာမျိုးကို ကြိုက်ရင်တော့ ကြည့်ပျော်တဲ့ ဇာတ်ကားမျိုးပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Roman NoXပဲ ဖြစ်ပါတယ်။
Ju Dou (1990)
⭐IMDB: 7.6/10 (9 k Votes)
🎬 #Drama #Romance
🗓️ 1990 🎞️ Movie 📺 720p HD
🌎 #China #Japan
⏰ 1 နာရီ 35 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ju Dou (1990)
~ IMDb – 7.6/10, Rotten Tomatoes – 100% ~
ကျန်းရိမူဆိုတာနဲ့ သူ့ကနဦးကားတော်တော်များများကြည့်ဖူးတဲ့လူဆို အနီရဲရဲအရောင်တွေကိုပဲ ပြေးမြင်ကြမှာပါပဲ။ တရုတ်ကားတစ်ကားကြည့်လို့ စီနီမာတိုဂရပ်ဖီက Composition လည်း သာမန်မြင်နေကျတွေထက် ကျကျနနဖြစ်နေ၊ အရောင်အသုံးတွေကလည်း စုတ်ချက်ပြင်းပြင်းဆွဲထားသလိုတွေဖြစ်နေရင် သူ့ပဲပြေးမြင်မိကြမှာပဲ။ ကနဦးကားတွေမှာဆိုရင်တော့ ရဲရဲနီနီတွေပေါ့။ Red Sorghum, Ju Dou, To Live, Raise the Red Lantern တို့လိုကားတွေပေါ့။ နောက်ပိုင်းကားတွေမှာတော့ Shadow တို့၊ House of Flying Daggers တို့၊ Curse of the Golden Flower တို့၊ Hero တို့လို အသားပေးအရောင်ပြောင်းသွားတဲ့ကားတွေများပေမဲ့ အဲဒီအရောင်တွေမှာလည်း သူပြချင်တဲ့အရောင်ကိုပဲ တစ်စိုက်တစ်မတ်သုံးသွားတတ်တဲ့ သူ့ဟန်ကို မြင်နေရသေးတာပါပဲ။ ဆိုတော့ ကျန်းရိမူဆိုတာနဲ့ ကျွန်တော်တို့ ပြေးမြင်မိကြမှာက စစချင်းဆို တရုတ်လူနေမှုဘဝ တရုတ်လူ့ဘောင် လူစနစ်ကိုပေါ်လွင်တဲ့ ဇာတ်လမ်းတွေနဲ့ အနီနီရဲရဲတွေပေါ့။ နောက်ပိုင်းကတော့ သူ့အရောင်တွေပေါ့။
1988 မှာ ကျန်းရိမူဟာ Red Sorghum နဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့ပြီး အတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ပါတယ်။ Red Sorghum ဟာ ဂေါင်လီက ပထမဆုံး အဓိကမင်းသမီးအဖြစ် ပွဲဦးထွက်တဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ Golden Bear မှာ BP ဆုလည်းရခဲ့တယ်။ နောက် 1989 မှာ Codename Cougar ဆိုတဲ့ရုပ်ရှင်ကိုရိုက်တယ်။ ကျန်းရိမူကိုယ်တိုင် ဒီကားကို သူ့အဆိုးဆုံးကားအဖြစ် သတ်မှတ်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးခဲ့တယ်။ 1989 မှာပဲ ဂေါင်လီကိုပဲသုံးပြီး Yang Fengliang နဲ့တွဲပြီး Ju Dou ကိုရိုက်ခဲ့တယ်။ ဒီကားမှာလည်း ဂေါင်လီကိုပဲ သုံးထားတယ်။ ဒီကားကတော့ ကိန်းမှာဆုရပြီး အော်စကာဆန်ခါတင်ဝင်ခဲ့တယ်။ ဒီသုံးကားဟာ ၁၉၉၀မတိုင်ခင်ရိုက်ခဲ့တဲ့ ကျန်းရိမူရဲ့အစောဆုံး သုံးကားပါပဲ။
Ju Dou က စစချင်းသူ့ရုပ်ရှင်တွေရဲ့ ပုံစံအတိုင်းပဲ တရုတ်က နာမည်ကြီးဝတ္တုတစ်ပုဒ်ကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ Liu Heng ရဲ့ Fuxi Fuxi ဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတယ်။
ထုံးစံအတိုင်း စစချင်းမှာတော့ တရုတ်ပြည်မှာ ဘန်းခံထိတဲ့ကားပဲ။ ကားရဲ့အကြောင်းအရာဖြစ်တဲ့ သွေးရင်းစပ်ယှက်မှုကြောင့် ဘန်းတယ်လို့တော့ထင်ရတာပဲ။ မသေချာဘူး။ ဇာတ်လမ်းကကျ ဒီလို…အထည်ဆေးဆိုးလုပ်ငန်းပိုင်တဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်။ ကပ်စေးနဲတော့ လူပိုမခေါ်ဘဲ သူ့တူနဲ့အတူပဲ ဒီလုပ်ငန်းကို လုပ်တယ်။ သူက သားလိုချင်လို့ မိန်းမယူတာ ဂေါင်လီ့ဇာတ်ကောင်ပါနဲ့ဆို ၃ယောက်ရှိပြီ။ ဒါပေမဲ့ သူကိုယ်တိုင်ကိုက မစွမ်းနေတော့ အဖတ်မတင်ဘူး။ အဘိုးကြီးက သူမစွမ်းတာကို လက်မခံနိုင်ဘဲ မိန်းမတွေအသုံးမကျလို့ဆိုပြီး လုပ်ပြီး သူ့မိန်းမတွေကိုနှိပ်စက်တယ်။ ဒီလိုနဲ့ပဲ ရှေ့က ၂ယောက်သေသွားပြီ။ ခုက ဂေါင်လီ့တစ်လှည့်။ နှိပ်စက်တာကို မခံနိုင်တော့တဲ့ ဂေါင်လီက အဘိုးကြီးရဲ့တူနဲ့ ကာမဆက်ဆံပြီး ကလေးရသွားတယ်။ အဘိုးကြီးကတော့ သူ့ကလေးပဲထင်နေတယ်။ ဒီနောက် အဘိုးကြီးသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲ ရိုက်ပြထားတယ်။ ဒါပဲ ဇာတ်ကရှင်းရှင်းလေး။ ဒါပေမဲ့ ဒီဇာတ်ကောင်လေးသုံးကောင်ကိုပဲ ကာရိုက်တာသေချာပေါ်အောင် ပုံဖော်ထားပြီး လိင်ဆွဲဆောင်မှုကို အစွမ်းကုန်သုံးပြီးရိုက်ထားတယ်။ ကြည့်ဖူးသမျှ ကျန်းရိမူဂေါင်လီကားတွေထဲတော့ ဒီကားက ဂေါင်လီရဲ့ လိင်ဆက်ဆံခန်းအများဆုံးကားဖြစ်သလို အဲဒီအခန်းတွေမပါဘဲနဲ့တောင် သူ့ဆွဲဆောင်မှုအပေါ်ဆုံးကားလည်းဟုတ်တယ်။ ဒီလိုဘာမှမဟုတ်တဲ့ ဇာတ်လေးရဲ့ နောက်ကွယ်မှာကို တရုတ်ရဲ့မုဆိုးမယဉ်ကျေးမှု၊ ဖိုဝါဒီကြီးစိုမှု၊ ဘူဇွာတွေရဲ့ နိုင်ထက်စီးနင်းမှု၊ နောက် နာမည်နဲ့ပတ်သက်တဲ့ သူတို့ယုံကြည်မှုတွေကိုပါ မြင်နိုင်တယ်။ ဇာတ်ကတော့ ကျဉ်းပေမဲ့ ပုံဖော်တဲ့လူတွေက သူတို့သိတဲ့ကိစ္စတွေဆိုတော့ အပြည့်စုံဆုံးဖြစ်အောင် ပုံဖော်ခဲ့ကြပုံပါပဲ။
ထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုလည်းရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ Academy Award for Best Foreign Language Film ကို ဆန်ခါတင်ခဲ့တဲ့ ပထမဆုံး တရုတ်ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရခြင်းပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
Ju Dou (1990)
⭐IMDB: 7.6/10 (9 k Votes)
🎬 #Drama #Romance
🗓️ 1990 🎞️ Movie 📺 1080p FHD

The Earth of Three Colors (2021)
⭐IMDB: 6.5/10 (118 Votes)
🎬 #Drama
🗓️ 2021 🎞️ Movie 📺 1080p FHD
🌎 #Indonesia
⏰ 2 နာရီ 9 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ranah 3 Warna (2022)
ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။
ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။
ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကိုကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားကသူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Xavier Zyပဲ ဖြစ်ပါတယ်။
Never Alone (2022)
⭐IMDB: 6.3/10 (27 Votes)
🎬 #Drama #Musical #Music
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Never Alone (2022)
ဒီကားလေးကတော့ 2022 မှာထွက်ထားတဲ့ High School Drama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီကားလေးက Covid စဖြစ်တဲ့ 2020 ကာလမှာ Based ထားပြီး ဒီ Covid ကာလကို ဆယ်ကျော်သက်လူငယ်တွေ ဘယ်လိုဖြတ်ကျော်ခဲ့ရတယ်ဆိုတာကိုသီချင်းကောင်းလေးတွေနဲ့ Musical ဆန်ဆန်လေး ထိထိမိမိရိုက်ကူးထားပါတယ်။
IMDbမှာလည်း 6.3/10 တောင်ရရှိထားပြီး ရုပ်ရှင်ဆု ၉ ဆု ရရှိထားပါတယ်။ဇာတ်လမ်းလေးကတော့ နိတ်ဆိုတဲ့ကောင်လေးက သူ့ရဲ့သူငယ်ချင်းအုပ်စုထဲက အေမီဆိုတဲ့ကောင်မလေးကို ကြိတ်သဘောကျနေပါတယ်။တစ်နေ့မှာတော့ သွားဖွင့်ပြောလိုက်ပြီး အေမီကလည်း ကျောင်းပြန်ဖွင့်တဲ့နေ့ကျရင် အဖြေပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမယ့် ကျောင်းပြန်ဖွင့်မယ့်နေ့ ကျောင်းရှေ့ရောက်ကာမှ Covid ပြဿနာတွေကြောင့် ကျောင်းကိုခေတ္တပိတ်ထားလိုက်ပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်။အဲ့ဒီကစလို့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးအပြင်ကို အခြားFriendship ကိစ္စတွေပါ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကို သီချင်းကောင်းများစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Xavier Zyပဲ ဖြစ်ပါတယ်။
Bridget Jones: The Edge of Reason (2004)
⭐IMDB: 6.0/10 (116 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2004 🎞️ Movie 📺 720p HD
🌎 #UnitedKingdom #France #Germany #Ireland #UnitedStates
⏰ 1 နာရီ 49 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bridget Jones: The Edge of Reason (2004)
ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့Bridget Jones’s Diaryရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။
ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလားဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။
မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။
ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။
ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ မာ့ခ်က ဘရစ်ဂျစ်လွတ်အောင်ကူညီတာကိုတော့ အမှန်အတိုင်းမပြောခဲ့ပါဘူး။
သူငယ်ချင်းတွေပြောပြလို့ အမှန်အတိုင်းသိလိုက်ရတဲ့အခါ ဘရစ်ဂျစ်တို့ ချစ်သူနှစ်ဦး ပြန်လည်အဆင်ပြေပြီး ပျော်ရွှင်စရာအဆုံးသတ်ဖြစ်မလား… ဘရစ်ဂျစ်အထင်လွဲနေတဲ့ရှေ့နေမလေးရဲ့ တကယ့်ချစ်သူကရော ဘယ်သူလဲဆိုတာ လှည့်ကွက်လေးတွေနဲ့ ကြည်ကြည်နူးနူး ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)
Bridget Jones: The Edge of Reason (2004)
⭐IMDB: 6.0/10 (116 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2004 🎞️ Movie 📺 1080p FHD

I Want to Be Killed by a High School Girl (2022)
⭐IMDB: 5.4/10 (48 Votes)
🎬 #Drama #Horror #Thriller #Crime
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Japan
⏰ 1 နာရီ 52 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
To be killed by a High School Girl (2022)
ဒီဂျပန်ကားက တော်တော်လေးစားတယ်။ ဇာတ်အိမ်တည်ထားက သူ့နာမည်အတိုင်းပဲ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ဒါပေမဲ့ သူက စိတ်ပညာနဲ့ သဘာဝလွန်ကို သမပြီး မှုခင်းဒရာမာလိုလို ပြသွားတယ်။ဒီကားရဲ့ အဓိကဇာတ်လိုက်က အထက်တန်းကျောင်းတစ်ကျောင်းက သမိုင်းဆရာ။သူက သမိုင်းဆရာဆိုပေမဲ့ အစက စိတ်ပညာသင်ယူနေရင်းကနေ အကြောင်းတစ်ခုကြောင့် အထက်တန်းကျောင်းမှာ ဆရာဝန်လုပ်တဲ့လူ။
ဆန်းတာက သူ့ရဲ့ စိတ္တဇပဲ။ ထူးထူးဆန်းဆန်းပဲ သူက သူ့ကို သတ်တာခံချင်တဲ့ရောဂါရှိနေတယ်။ဒါပေမဲ့ တွေ့ကရာလူသတ်တာခံချင်တာမျိုးတော့မဟုတ်ဘူး။ အတိအကျဆို ၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး သတ်တာ ခံချင်တာ။ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီလိုသတ်တာမှာ ပလိန်းကြီးသတ်တာလည်းမခံချင်ဘူး။ သူက ပြန်ရုန်းကန် ပြန်လွတ်အောင်လုပ်ဦးမယ်။ဒါကိုမှ ဟိုကမရမကသတ်ရမယ့် အခြေအနေကို လိုချင်တာ။ သူ့လို လူကြီးကို ကလေးမလေးက သတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။
ဒါကြောင့်မို့ သူရွေးထားတဲ့ပစ်မှတ်က Personality တွေ ကွဲနေတဲ့ အထက်တန်းကျောင်းသူလေး။သူ့ချည်းဆိုရင်တော့ ဒီကောင်မလေးက သာမန်ကောင်မလေး အားပဲ။ဒါပေမဲ့ ဒီကောင်မလေးက အသက်၈နှစ်မှာတင် အသက်၃၀ကျော် လူကြီးတစ်ယောက်ကို သတ်ဖူးတယ်။ဒါပေမဲ့သူ ဘာမှမမှတ်မိဘူး။ သူ့ရဲ့တခြား Personalityတွေကလည်း သူ့ကိုမမှတ်မိစေချင်ဘူးကိုး။ သူဒီလိုကွဲနေမှန်းလည်း သူလည်းမသိဘူး။
ဒီတော့ ကျောင်းဆရာဟာ Personalityကွဲနေတဲ့ ကောင်မလေးရဲ့ တခြားစိတ်တွေကို အသုံးချပြီး သူ့ဆန္ဒပြည့်ဝအောင်ကြံတယ်။ဒါပေမဲ့ ကောင်မလေးဘက်မှာ သူ့သူငယ်ချင်း သဘာဝလွန်စွမ်းအားတွေရှိနေတဲ့ ကလေးမလေးကတစ်ချို့အဖြစ်တွေကို ကြိုမြင်နေတော့ သူနည်းနည်းတော့ တိုင်ပတ်လာတယ်။ဘာတွေဆက်ဖြစ်မလဲ ကျောင်းဆရာပဲ အောင်မြင်သွားမလား။ ကောင်မလေးပဲ လွတ်မြောက်သွားမလား။ကောင်မလေးထဲက Personalityတွေ နိုးထလာအောင် ကျောင်းဆရာက ဘယ်လိုတွေကြံပြီကောင်မလေး သူငယ်ချင်းက ဘယ်လိုတွေတားမလဲတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါ။တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ရှုပ်ထွေးတဲ့ဇာတ်လမ်းပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Wပဲ ဖြစ်ပါတယ်။
The Tiger's Nest (2022)
⭐IMDB: 5.7/10 (183 Votes)
🎬 #Drama #Family #Adventure
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Italy #Canada #UnitedKingdom #Spain
⏰ 1 နာရီ 34 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Tiger’s Nest (2022)
ကလေးတစ်ယောက်နဲ့ တိလေးတစ်ကောင်ဇာတ်လမ်းဆိုတာမျိုးကရုပ်ရှင်ချစ်သူတွေငယ်ငယ်က ပထမဆုံးထိတွေ့ခဲ့တဲ့ရုပ်ရှင်တွေထဲမှာပါဝင်ပြီးဘယ်အသက်အရွယ်ရွယ်ပဲရောက်ရောက် စိတ်အပန်းပြေမှုတွေပေးနိုင်တဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေးတွေပါ။
ဒီဇာတ်လမ်းမှာတော့ ငလျင်ဘေးကြောင့်မိဘမဲ့ဖြစ်ခဲ့တဲ့ ဘလ်မနီဆိုတဲ့ကလေးရယ် ကျားလေးတစ်ကောင်ရယ်ဇာတ်လမ်းပါ။ဘလ်မနီက ကျားကလေးကိုမှောင်ခိုသမားတွေလက်ကနေ ကယ်ပေးခဲ့တာပါ။ဒီကျားလေးကို အန္တရာယ်ကင်းဖို့ဘယ်နေရာပို့မလဲစဥ်းစားရင်း အမေ့ကိုလဲလွမ်းနေတဲ့ဘလ်မနီက အမေပြောပြဖူးတဲ့ဒဏ္ဍာရီကိုသတိရသွားပါတယ်။ဟိမလေရာတောင်တန်းပေါ်မှာ ကျားသိုက်လို့ခေါ်တဲ့ဘုန်းကြီးကျောင်းရှိပါတယ်။ဒဏ္ဍာရီအရတော့ ဟိုးအရင်ကဂုရုကြီးတစ်ပါးဟာ ကျားပျံကြီးကိုစီးပြီးအဲ့ဒီကိုသွားခဲ့ပါတယ်။နောက်တော့အဲ့ဒီနေရာက ဘုန်းကြီးကျောင်းဖြစ်လာခဲ့တယ်ပေါ့။အဲ့ဒီကျားသိုက်ကို ခရီးနှင်မယ့်ကောင်လေးနဲ့ကျားတစ်ကောင်ရယ် သူတို့ကြုံရမယ့်အခက်အခဲတွေရယ်ကိုကြည့်ရှုရဦးမှာပါ။
ဇာတ်လမ်းလေးကကောင်းတဲ့အပြင် နီပေါ ဘူတန် ဟိမလေရာတောင်တန်းတွေရဲ့ အလှအပရှုခင်းတွေရိုးရာဓလေ့တွေပါမြင်ရမှာဆိုတော့ ကြည့်ဖို့သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။