fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
A Small Light (2023-2023) ⭐IMDB: 8.4/10 (4 k Votes) 🎬 #Drama #Biography #History #War 🗓️ 2023-2023 🎞️ Series 📺 1080p 🌎 #UnitedStates #Israel #Netherlands #CzechRepublic #UnitedStatesofAmerica ⏰ 52 မိနစ် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 A Small Light (2023)A Small Light (2023) =============== IMDb Rating – 8.4/10ဒီတစ်ခါမှာတော့ (၁၉၃၉-၁၉၄၅)ဒုတိယကမ္ဘာစစ်ကာလကို ပြန်လည် ခေါ်ဆောင်သွားမယ့် (၂၀၂၃)ခုနှစ်ထွက် စိတ်ဝင်စားစရာ ဖြစ်ရပ်မှန် စီးရီးအသစ်လေးနဲ့ မိတ်‌ဆက်ပေးပါရစေ။ အန်းဖရန့်ခ်ဆိုတဲ့ (၁၅)နှစ် အရွယ် ဂျူးလူမျိုးကောင်မလေးရဲ့ ဒိုင်ယာရီလေးကို အခြေခံရိုက်ကူး ထားတာပါ။ ဂျူးလူမျိုးမိသားစုတစ်စုကို နာဇီရန်ကနေ ကယ်ပြီးဖွက် ထားပေးခဲ့တဲ့ မိပ်ဂီးစ်ဆိုတဲ့ အမျိုးသမီးကို အဓိကဇာတ်ကောင်‌နေရာ က‌နေ ထည့်သွင်းထားပါတယ်။ မိပ်ရဲ့မွေးရပ်က ဩစတြီးယားနိုင်ငံ၊ ဗီယန်နာမြို့။ (၁၉၀၉)ခုနှစ်မှာမွေး တယ်။ ဟိုလန်လို့လည်းသိကြတဲ့ နယ်သာလန်နိုင်ငံက ဒတ်ခ်ျလူမျိုး မိသားစုဆီမှာ မွေးစားခံရပြီး ကြီးပြင်းလာတဲ့သူတစ်ယောက်။ မိပ်ရဲ့ ထူးခြားချက်က ရဲဝံ့တာပဲ။ မကြောက်ဘူးလားဆိုတော့ ကြောက်တယ်။ ဒါပေမဲ့ အကြောက်တရားကိုရင်ဆိုင်ရဲတဲ့ သတ္တိရှိတဲ့ မိန်းမငယ်လေးပေါ့။ (၁၉၃၃)ခုနှစ်က ဂျာမနီမှာ ဟစ်တလာ အာဏာကြီးစိုးချိန်ဆိုတော့ ဂျူးတွေကို ဖိနှိပ်ခွဲခြားတယ်။ ဒါကြောင့် ဂျာမနီက ဂျူးလူမျိုးတွေဖြစ် ကြတဲ့ ဖရန့်ခ်မိသားစုက နယ်သာလန်ကိုပြောင်းလာကြတယ်။ အိမ် ထောင်ဦးစီးဖြစ်တဲ့ အော့တိုဖရန့်ခ်ရဲ့ အော်ပတ်တာကုမ္မဏီမှာ မိပ် အလုပ်ရတယ်။အဲ့အချိန်တုန်းက နယ်သာလန်နိုင်ငံက ကြားနေနိုင်ငံ။ ဂျာမနီက ဟစ် တလာကတော့ ပြင်သစ်ကိုသိမ်းဖို့ စိုင်းပြင်းနေတာ။ ပြင်သစ်ရဲ့ အရှေ့ ဘက်နယ်နိမိတ်ကို ကာထားတဲ့ မက်ဂျီနိုလိုင်းဆီ ရောက်ဖို့ဆို နယ်သာ လန်ကို ဖြတ်ကိုဖြတ်ရမယ်။ ကြားနေဆိုပေမဲ့ ပြင်သစ်သာ စစ်ကြေညာ ရင် ဂျာမနီက နယ်သာလန်ကို ဝင်မှာပဲ။ မိပ်ကတော့ ကြားနေနိုင်ငံမို့ မဝင်လောက်ဘူးပဲထင်ခဲ့တာ။ ဝင်ရင်လည်းတိုက်မယ်ပေါ့လေ။ ဒါပေမဲ့ (၁၉၄၀)ခုနှစ်မှာ နယ်သာလန်ကို ဂျာမနီဝင်တော့ ၅ရက်ပဲခုခံလိုက်ရ သေး၊ မေလ(၁၅)ရက်နေ့မှာ နယ်သာလန်ကျတယ်။ နယ်သာလန်ဘုရင် မကြီးက လန်ဒန်ကိုထွက်ပြေးရပြီး နယ်သာလန်(ဟိုလန်)က ဂျူးလူမျိုး တွေပါ အဖိနှိပ်ခံရတယ်။ ပုန်းအောင်းသူရော လက်ခံသူကိုပါ ထောင်ချ၊‌ သေဒဏ်ပေးနေကြတဲ့ခေတ်။နယ်သာလန်မှာ ပိတ်မိသွားတဲ့ ဂျူးလူမျိုး ဖရန့်ခ်မိသားစုကို မိပ် ပစ်မ ထားရက်။ အခက်အခဲအတားအဆီးကြားထဲကနေ ရအောင်ဖွက်တယ်။ အဲ့တုန်းက နာဇီလက်ထဲက‌နေ ဂျူးလူမျိုးတွေကို ကယ်ခဲ့တဲ့သူတွေအ များကြီးရှိတယ်။ မိပ်က အဲဒီသူတွေထဲတစ်ယောက်။ ဖြစ်ရပ်မှန်ကို အခြေ ခံပြီး ရိုက်ကူးထားတဲ့စီးရီးမို့ ဇာတ်သိမ်းမတိုင်ခင် ဂူးဂဲကို ပြေးပြီးသမိုင်း သွားဖတ်ရင်တော့ စပွိုင်းမိသွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးပါရစေ။ IMDb rating 8.4/10 နဲ့ Rotten Tomatoes 100%ထိ ရရှိထားတဲ့စီးရီးမို့ ကြည့်ရတာနောင်တမရစေမယ့် စီးရီးမျိုးပါ။ အပိုအလိုမရှိတဲ့ဇာတ်ကွက် တွေနဲ့အတူ ဇာတ်ကောင်တစ်ကောင်ချင်းစီတိုင်းကို သံယောဇဉ်တွယ် လာပြီး စီးရီးအစကနေအဆုံး ချို၊ချဉ်၊ဖန်၊ခါး ရသမျိုးစုံကို လေးလေးပင်ပင် ပျစ်ပျစ်နှစ်နှစ် ခံစားရမှာပါ။ဒီစီးရီးထဲမှာဆိုရင် ဒုတိယကမ္ဘာစစ်ကာလ အပြင်အဆင်တွေ၊ လူနေမှု ပုံစံတွေ၊ ဝတ်စားဆင်ယင်မှုတွေအပြင် ဂျူးတွေဘယ်လိုဖိနှိပ်ခံရကြောင်းနဲ့ အဲဒီခေတ်ရဲ့သမိုင်းကြောင်းတွေကိုပါ တဝကြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီစီးရီးထဲမှာ မျောပါရင်း ဒုတိယကမ္ဘာစစ်ကာလကို အချိန်ခရီးသွားကြည့် ကြရအောင်ဗျာ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်။)File Size………….(300 MB) / (800 MB)

Sanctuary (2023- ) ⭐IMDB: 8.0/10 (3 k Votes) 🎬 #Drama #Sport 🗓️ 2023- 🎞️ Series 📺 1080p 🌎 #Japan ⏰ 32 မိနစ် 48 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sanctuary (2023)Sanctuary ( 2023 ) ============== IMDb Rating – 8.0/10ဒီဇာတ်လမ်းတွဲက ရှားရှားပါးပါးမြင်ရတယ်‌ပြောရမလား နက်ဖလစ်မှာ ကျွန်တော်တို့ ပုံမှန်အနေနဲ့ ဒီလိုဂျပန်ဇာတ်လမ်းတွဲမျိုး မြင်ရခဲတယ်။ သူက တခြားမဟုတ်ဘဲ ဆူမိုနပန်းပွဲတွေအကြောင်း ရိုက်ထားတဲ့ ဇာတ် လမ်းကိုး။ ထူးတာက ဒီလို ရိုက်ထားတဲ့နေရာမှာ ဇာတ်လမ်းက ဇာတ် လမ်းလည်းဆန်သလို တစ်ဖက်မှာလည်း ဇာတ်လမ်းမဆန်ဘူး။ ပြော ချင်တာက ဇာတ်လမ်းပေမဲ့ ဒိုကူမန်ထရီရိုက်ထားသလို အငွေ့အသက် ပါရတယ်။ ဒီလိုရိုက်ထားလို့ ပျင်းစရာတော့ လုံးဝမကောင်းဘဲ ပိုစိတ် ဝင်စားစရာကောင်းသွားတယ်။ ဆူမိုက ဂျပန်မှာပဲ တွေ့ရနိုင်တဲ့ ဂျပန်ရိုးရာအားကစားစစ်စစ်ပါပဲ။ ဆူမိုကို ဂျပန်မှာ ပထမဆုံး စကစားတာက ၁၆ရာစုအလယ်ပိုင်း တိုခုဂါဝခေတ် ကတည်းကဆိုတော့ အခုထိဆို ၅ရာစုလောက်ရှိပြီပြောရမယ်။ ဆူမိုဆိုတဲ့ စကားလုံးကို စတွေ့တာက ၇၁၂ခုနှစ်ကတည်းကဆိုတော့ နှစ်ထောင်ချီ ပြီလည်း ‌ပြောကြတယ်။ ဆူမိုအားကစားဟာ ကြမ်းတမ်းခက်ခဲတဲ့ အား ကစားတစ်ခုပီသစွာပဲ ဆူမိုသမိုင်းတစ်လျှောက်မှာ ယိုခိုဇုနလို့ခေါ်တဲ့ grand championတွေ သိပ်မရှိခဲ့ဘူး။ ဒီလိုချန်ပီယံဖြစ်လာဖို့ကလည်း မလွယ်ခဲ့ ဘူး။ ဒါပေမဲ့လည်း ဆူမိုနပန်းသမားတိုင်းနီးပါး ဆူမိုစဆော့ပြီဆိုတာနဲ့ သူတို့ရဲ့ပန်းတိုင်က ယိုခိုဇုနဖြစ်လာဖို့ကို ဦးတည်နေတယ်။ အဲဒီလိုဖြစ် လာပြီဆို ရတဲ့အခွင့်အလမ်းတွေ ငွေကြေးတွေကလည်း မက်မောဖို့ ကောင်းသကိုး။ဇာတ်လမ်းကတော့ ခိယောရှိလို့ခေါ်တဲ့ လူပေလူတေတစ်ယောက်ရဲ့ဘဝ နဲ့စတယ်။ အကြွေးတွေပတ်လည်ဝိုင်းနေတဲ့ အိမ်က လူပေါ့။ သူဟာ ဆူမိုကို စိတ်ဝင်စားတဲ့လူ လုံးဝမဟုတ်ပေမဲ့ အဲဒီအကြွေးတွေကြောင့်ပဲ ငွေလိုချင်လို့ ခက်ခဲကြမ်းတမ်းတဲ့ ဆူမိုနပန်းသမားလမ်းကို လျှောက်ခဲ့ တယ်။ လူရွတ်ဆိုတော့ ဆူမိုရဲ့ စည်းတွေဘောင်တွေကို သူသဘောမကျ သလို လိုက်လည်းမလိုက်နာဘူး။ ဆူမိုလေ့ကျင့်ရေးရဲ့အသက်ဖြစ်တဲ့ ခါးအောက်ပိုင်းလေ့ကျင့်မှုကိုလည်း သူက အချည်းနှီးလို့ထင်တယ်။ လိုက်မလုပ်ဘူးပေါ့။ ဒါပေမဲ့ အဲဒီလေ့ကျင့်ရေးတွေဟာ အလကားထား ထားတာမဟုတ်တော့ သူနိုင်တော့မနိုင်ခဲ့ပါဘူး။ ပွဲတိုင်းရှုံးခဲ့သလို ဆောင့် ကြွားကြွားလုပ်နေတာကြောင့်လည်း ပိုအနိုင်ကျင့်ခံခဲ့ရတယ်။ ဒီကနေမှ သူ့ရဲ့ လွတ်လပ်တဲ့ပုံရယ် ဆူမိုရဲ့အခြေခံတွေရယ်‌ပေါင်းပြီး ထိပ်တန်းဆူမို ကစားသမားဖြစ်လာအောင် လျှောက်တဲ့လမ်းမှာ အောင်မြင်မလား ကျရှုံး မလား ကျွန်တော်တို့ကြည့်ရမှာပါ။ ဒီကားမှာ ခပ်ချောချောမင်းသားလည်း မပါသလို ကာရိုက်တာတွေကလည်းလန့်ဖို့ကောင်းပါတယ်။ အဓိကဇာတ် ကောင်ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမယ့် ဆူမိုနပန်းသမားဆိုလည်း တကယ့် အပြင်က နပန်းသမားအစစ်ကို ခေါ်သုံးထားတယ်။ နောက်Deadpool 2 ကားထဲက စော်လေးယုခိအိုတစ်ဖြစ်လဲ Shioli Kutsunaလည်းပါတယ်။ Deadpool 3 မှာလည်း ပြန်ပါဦးမှာပါ။ ဒီစီးရီးမှာတော့ သူက အမေရိကန် ဖွားဂျပန်သူ သတင်းထောက်မလေးအဖြစ် သရုပ်ဆောင်ထားတယ်။ သူ့ ကာရိုက်တာဟာ ဆူမိုလောကကို ကျွန်တော်တို့နဲ့အတူရင်းနှီးလာဖို့ ထည့် သွင်းထားတဲ့ ကာရိုက်တာလို့ပြောလို့ရတယ်။ သူက ဆူမိုလောကရဲ့ရက် စက်တဲ့လေ့ကျင့်ရေးတွေကို မနှစ်မြို့တဲ့လူဖြစ်ပြီး ဆူမိုလောကရဲ့အမှောင် ခြမ်းတွေကို ကမ္ဘာကြီးသိအောင်ထုတ်ဖော်ချင်တဲ့လူပေါ့။ နောက်မင်းသားရဲ့ ပြိုင်ဘက်တွေ လေ့ကျင့်ဖော်တွေ သူ့ကိုအားပေးတဲ့လူတွေစသဖြင့် ကာရိုက် တာမျိုးစုံကို စုံနေအောင်ထည့်သွင်းပြီး ဆူမိုလောကကြီးကို လက်တွေ့ကျ အောင်ပုံဖော်ထားတယ်။ဒီဆူမိုကားမှာ ကျွန်တော်တို့အမြဲမြင်နေရသလို ပြိုင်ဘက်က ဘယ်လောက် မှားမှား အားကစားစိတ်နဲ့ အရာရာကိုကျော်ဖြတ်မယ်ဆိုတဲ့ ဆိုက်မျိုးနဲ့တော့ မြင်ရမှာမဟုတ်ဘူး။ အေး မင်းကညစ်တယ်မလား ငါလည်း ပြန်ညစ်ပြမယ် ဆိုပြီး စည်းကမ်းတွေကို လက်တစ်လုံးခြားလုပ်တဲ့ကောင်တွေ ဒဲ့ကြီးဖောက်ပြီး ထီမထင်တဲ့ကောင်တွေ မျိုးစုံကို တွေ့ရလိမ့်မယ်။ ဒီလိုရက်စက်ခြင်းတွေနဲ့ တစ်ချိန်တည်းမှာပဲ ငယ်ငယ်က ကျွန်တော်တို့ကြည့်ခဲ့ကြတဲ့ ပြိုင်ကားအနီလေး ကားထဲက ကားအနီလေးက သံချေးတက်နေတဲ့ကားစုတ်ကြီးကို တွန်းပေးပြီး အတူတူပန်းဝင်ခဲ့ကြသလို အရှုံးအနိုင်တွေက အရေးမကြီးတော့တဲ့အခါတွေ လည်း ကျွန်တော်တို့တွေ့ရလိမ့်မယ်။ အရှုံးတွေ အနိုင်တွေ ကောင်းတာတွေ မကောင်းတာတွေရဲ့ ကြားက စည်းက တော်တော်ပါးပါတယ်။ ဆူမိုဆိုတဲ့ အရာ တစ်ခုကို ချစ်ခြင်းနဲ့ မချစ်ခြင်းကလည်း တော်တော်ပါးတယ်။ ဒါတွေအားလုံးကို ဒီဇာတ်လမ်းဟာ မြင်သာအောင် ရိုက်ပြသွားခဲ့တယ်။ တကယ်လို့သာ ခင်ဗျား လည်း ကျွန်တော့်လို ဆူမိုဆိုတာကို လူဝကြီးနှစ်ယောက် အားပြိုင်တွန်းတဲ့ပွဲလို့ ထင်ကောင်းထင်ခဲ့မယ်ဆိုရင် ဒီဇာတ်လမ်းတွဲဟာ ခင်ဗျားအမြင်ကို ပြောင်းလဲ ပေးနိုင်မှာတော့ သေချာတယ်။ ဒီဇာတ်လမ်းဟာ ဆူမိုကို ခင်ဗျား မချစ်မိရင် တောင် လေးစားမိသွားအောင် လုပ်ပေးပါလိမ့်မယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန

Lionel Messi: Destiny (2023) ⭐IMDB: 8.0/10 (48 Votes) 🎬 #Documentary #Sport 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.6 GB ⦿ 686.6 MB 🌎 #UnitedKingdom ⏰ 59 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lionel Messi: Destiny (2023) ဒီ Documentary ကို BBC UK က ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တဲ့အ​ကြောင်း Footage​ တွေ Interview​ တွေအစုံနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ​ဘောလုံးပရိသတ်​တွေအားလုံး သိပြီးသားဖြစ်တဲ့အတိုင်း အာဂျင်တိုင်းသား​တွေဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ ​ပြောရမယ့် ​ဆော်ဒီအာ​ရေဗျကို ၂-၁ ရလဒ်နဲ့ အ​ရေးနိမ့်ပြီး အုပ်စုကထွက်ရမယ့် အ​နေအထားက​နေ လက်ကျန်ပွဲ​တွေဖြစ်တဲဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို အနိုင်ကန်ပြီး ရှုံးထွက်အဆင့်မှာ ဩဇီ၊ ကွာတားမှာ နယ်သာလန်၊ ဆီမီးမှာ ခရို​အေးရှားနဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်တို့ကို အနိုင်ယူ​ကျော်ဖြတ်ကာ သူတို့ရဲ့ ၃ကြိမ်​မြောက် ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။ ဒီပွဲမှာ လူတိုင်းစောင့်ကြည့် ထုတ်ခဲ့တဲ့မေးခွန်းက ကမ္ဘာ့အ​​ကောင်းဆုံးကစားသမား The Greatest of All Time လို့ သတ်မှတ်ထားကြတဲ့ အာဂျင်တီးနားအသင်း​ခေါင်း​ဆောင် လီယွန်နယ်မက်ဆီတစ်​ယောက် သူရဲ့ပထမဆုံးကမ္ဘာ့ဖလားကို ရယူသွားနိုင်မလားဆိုတဲ့မေးခွန်းပါ။ ၂၀၂၂ပြိုင်ပွဲဟာ လီယိုရဲ့ ၅ကြိမ်​မြောက်ကမ္ဘာ့ဖလားဖြစ်သလို ​နောက်ဆုံးပြိုင်ပွဲလည်းဖြစ်သွားနိုင်တဲ့အ​ခြေအ​နေမှာ ​​ပေါ်တူဂီအသင်းရဲ့ခေတ်ပြိုင်ကြယ်ပွင့် စီ​ရော်နယ်ဒိုနဲ့ ဘယ်သူကပိုသာလဲ ဘယ်သူက GOAT အစစ်လဲဆိုတဲ့ အားပြိုင်မှု​တွေရှိ​သလို အာဂျင်တီးနားဂန္ထဝင်ကြီး ဒီ​ယေဂိုမာရာဒိုနာ စွမ်း​​ဆောင်ခဲ့သလိုမျိုး ကမ္ဘာ့ဖလားကိုအရယူ​ပြီး အာဂျင်တိုင်း​တွေရဲ့ ဂန္ထဝင်အစစ်ဖြစ်​နိုင်မလား ​​စောင့်ကြည့်ခဲ့သူ​တွေလည်း ဒုနဲ့​ဒေးပါပဲ။ ဒါ​ပေမဲ့ လီယိုက ဒီဖိအား​နဲ့ သံသယ​တွေကို အ​ကောင်းဆုံး​ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရ​ရှိအောင် ဦး​ဆောင်ခဲ့သလို အ​ကောင်းဆုံးဆုဖြစ်တဲ့ ရွှေ​ဘောလုံးဆုကိုပါ အရ​ယူသွားခဲ့ပါတယ်။ ဒီဒိုကူမှာ လီယိုရဲ့ဦး​​ဆောင်မှု​တွေ အာဂျင်တိုင်းအသင်းသား​တွေရဲ့ ပေးဆပ်ကစားမှု​တွေကို မြင်​တွေ့ရမှာဖြစ်သလို ပြိုင်ပွဲတ​လျှောက် အ​ကောင်းဆုံး Highlight​ တွေကိုပါ ပရိသတ်​တွေအ​နေနဲ့ ပြန်လည်ခံစားနိုင်မှာပါ။ ဘာသာပြန်သူအ​နေနဲ့က​ နာမည်ကြီးပွဲတင်ဆက်သူ Peter Drury ရဲ့“Messi has shaken hands with paradise”အစချီတဲ့ Iconic Monologue​​s ကို ပြန်ခံစားချင်​ပေမယ့် BBC ရဲ့ Docu ဖြစ်​နေတဲ့အတွက် BBC ပွဲတင်ဆက်သူ​တွေရဲ့​ကြေညာသံနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ တကယ်လို့ သင်ဟာ လီယွန်နယ်မက်ဆီရဲ့ ပရိသတ်ဖြစ်တယ်ဆိုရင်၊ ကမ္ဘာ့ဖလား​အောင်မြင်မှုဟာ နိုင်ငံတိုင်း၊ လူတိုင်းလိုချင်တပ်မက်​ရတဲ့ အ​ကြောင်းရင်းကိုသိချင်ရင် BBC ရဲ့ ဒီ Documentary က သင်တို့အတွက်ပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကိုXမှ ပြန်ဆို ရေးသားထားပါတယ်)

The Disappearance of Cari Farver (2022) ⭐IMDB: 6.0/10 (207 Votes) 🎬 #Drama #Thriller #TVMovie 🗓️ 2022 🎞️ Movie 📺 #1080p #720p #480p 💿 1.4 GB ⦿ 637.7 MB ⦿ 363.2 MB 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းဟာ လူပျောက်ဆုံးမှု မှုခင်းဖြစ်ရပ်မှန်(၂၀၁၂ မှ ၂၀၁၇) ကို အ‌ခြေခံ ‌ရိုက်ကူးထားကာ ပါ၀င်သော အဓိကဇာတ်‌‌​​ကောင်လေးဦးအနက်သုံးဦးမှာ ဖြစ်ရပ်မှန်မှနာမည်ရင်းများဖြစ်တယ် ဇာတ်လမ်း အကျဉ်းက​တော့ ​ကာရီ ပျောက်ဆုံးပြီး ဒေ့နဲ့ သူ့ ရည်းစားဟောင်း လစ်ဇ်ဟာ ကာရီဆီမှ ခြိမ်းခြောက် နှောက်ယှက်သော မက်ဆေ့များ တောက်လျှောက်လက်ခံရရှိ​လေတယ် ရဲ​တွေ ကာရီပျောက်ဆုံးမှုကို လိုက်လံစုံစမ်းရင်း ဘာကို ​ဘယ်လို တွေ့ရှိသလဲ ဆိုတာကို​တော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါ​တော့

Mercy (2023) ⭐IMDB: 5.0/10 (150 Votes) 🎬 #Action #Thriller 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.8 GB ⦿ 666.1 MB 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mercy (2023) လောလောလတ်လတ် ပူပူနွေးနွေး အသစ်စက်စက်ထွက်ရှိထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ မစ်ရှဲလ်က အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့ပြီး အခုအချိန်မှာတော့ မာစီဆေးရုံမှာပဲ ဆရာဝန်အနေနဲ့ သားလေးနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွင်းဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းက သားငယ်ရိုင်ယန်ကို FBI ကဖမ်းမိသွားခဲ့ပြီး ဂိုဏ်းကလူတွေက ပြန်ကယ်ဖို့ကြိုးစားရာကနေ သေနတ်ဒဏ်ရာနဲ့လူနာတွေ မစ်ရှဲလ်တို့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ ရိုင်ယန်ကိုကယ်ထုတ်ဖို့ သူ့အစ်ကို ရှောန်အပြင် သူ့အဖေ ပက်ဒီနဲ့ ကွင်းဂိုဏ်းသားတွေပါရောက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုဓားစာခံလုပ်လိုက်တဲ့အပြင် သူ့သား ဘော်ဘီကိုပါ ဖမ်းလိုက်ချိန်မှာတော့ ဆေးထိုးအပ်ကိုင်တဲ့ မစ်ရှဲလ်တစ်ယောက် သေနတ်ပြန်ကိုင်ရ‌ပါတော့တယ်။ အက်ရှင်ကားဆိုပေမယ့် အချိန်ပြည့်ဝုန်းဒိုင်းပစ်ခတ်နေတာမဟုတ်ဘဲ လိုအပ်မှပစ်ခတ်တာတွေရှိတာကြောင့် မျက်စိသိပ်မနောက်ရဘူးလို့ပြောနိုင်ပါတယ်။ National Treasure, Transformers နဲ့ Enemy of the state အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Jon Voight အပြင် တခြားသရုပ်ဆောင်ကောင်းတွေပါဝင်တာကြောင့် အပျင်းပြေကြည့်ရှုဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)

Spider-Man: Across the Spider-Verse (2023) ⭐IMDB: 9.1/10 (65 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Family #Fantasy #SciFi 🗓️ 2023 🎞️ Movie 📺 #720p #1080p 💿 1.4 GB ⦿ 2.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 16 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (  Cam Version ထဲကမှ အကြည်ဆုံးကို ရွေးပြီး  တင်ဆက်လိုက်ရပါတယ် …) IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man: Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်း စပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါ မြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကား တွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့ တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင် စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့ တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင် စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံက စပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင် ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။

Spider-Man: Into the Spider-Verse (2018) ⭐IMDB: 8.4/10 (574 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Comedy #Family #Fantasy #SciFi 🗓️ 2018 🎞️ Movie 📺 #720p #1080p #4K 💿 876.0 MB ⦿ 2.0 GB ⦿ 7.1 GB 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 With great power comes great responsibility ကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ်ဒီစကားပုံလေးကိုမြင်တာနဲ့long long ago Spider man movie ထဲကUncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါ Spider man ဆိုတဲ့ comic characterကို Tobey Magurie နဲ့ triologyရိုက်ခဲ့သလို Andrew Garfield နဲ့လဲ၂ ကားထပ်ရိုက်ခဲ့ပါတယ် Tobey ရော Andrew ရော အတော်အောင်မြင်ခဲ့တယ်ပြောရမှာပါ အခု Into the spiderverse ဆိုပြီး Animation တစ်ကားထပ်ထွက်လာပါတယ် ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော် ပီတာပါကာ အပါဝင် မိုင်းစ်မိုရဲလတ်စ် ဆိုတဲ့ လူမဲ စပိုက်ဒါမန်းလေး ပါမြင်ရမှာပါ အခုကားက Comic timeline နဲ့လုံးဝကွဲထွက်ပါတယ် အခြား comic game reference တွေယူပြီး သူ့ဘာသူတည်ဆောက်သွားတယ် spider man 6 ယောက်ထည့်သွင်းထားတယ် spiderverse ဆိုတဲ့အတိုင်း multiverse တွေကလာတဲ့ အခြားspider man တွေပါလာတယ် ဇာတ်လမ်းအကျဉ်းကတော့ villain ဖြစ်တဲ့ ကင်းပင်က အမှုန်အရှိန်ပေးစက်သုံးပြီး portal တွေဖွင့် အခြားuniverse က သူ့မိသားစုကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ် ဒါပေမယ့် အမှုန်အရှိန်ပေးစက်ရဲ့ side effect ကြောင့် reality တွေပျက်စီးပြီး မြို့ပျက်တော့မှာသိလို့ ပီတာပါကာက ဝင်တားတယ် အဲ့အချိန်မှာပဲ မိုင်းစ်မိုရဲလတ်စ်က ပင့်ကူကိုက်ခံရပြီး spider man အစွမ်းတွေရခါစ ဒီလိုနဲ့ multiverse တွေက portal တွေပွင့်ပြီး မိုင်းစ်မိုရဲလတ်စ် တို့ universe ကို အခြား universe တွေက Peter Parker, Spider Gwen, Peni Parker, Spider man Noir နဲ့ PeterPorker တို့ရောက်လာပါတယ် အတော်လေးကိုပြီးပြည့်စုံတဲ့ story lineလို့မြင်မိပါတယ် Animationပိုင်းတွေကတော့ပြောစရာကိုမလိုဘူးPeni Parker တို့ Peter Porker (SpiderHam) တို့ပါထည့်ထားတာ စိတ်ဝင်စားဖို့ကောင်းတယ် အကောင်းဆုံးလို့ဆိုရမှာက theme song နဲ့ background music ပဲ theme song တွေက unique ဖြစ်တယ် ဥပမာ Prowler လာတဲ့အခန်းတွေမှာဆို သူလာမှန်းသိရတဲ့ theme song မျိုးတွေ Spider man ဇာတ်ရုပ်တိုင်းမြူ းမြူ းကြွကြွ theme song တွေက ကြည့်ရတာ တကယ်မိုက်တယ် အားတက်စရာကောင်းတယ် plot ကလဲအတော်လေးကိုကွဲထွက်တယ် ပြီးတော့အခြား spider man game တွေ ထဲက villain တွေပါတွဲမြင်ရတာအားရစရာပါ ကျွန်တော် Marvel ရော DC fan ပါ ဒါပေမယ့်အဲ့ထဲမှာ အသနားမိဆုံးက spider man ပဲ အခြား superhero တွေလိုမချမ်းသာဘူး နာမည်မကြီးဘူး သာမန်ဓာတ်ပုံဆရာလေးတစ်ယောက် နေ့စဉ်အလုပ်တွေနဲ့ ရုန်းကန်နေတဲ့ကြားက အသက်ကယ်ဖို့ နှစ်ခါပြန်မစဉ်းစားတဲ့ Super strength နဲ့သာမညလူသား သူ့အတွေးကရိုးစင်းတယ်ဒါပေမယ့် သူ့အပြုအမူနဲ့ဆုံးဖြတ်ချက်ကအောချရတယ် ဘယ်အခြေနေမှာဖြစ်ဖြစ် spider manဆိုတာစိတ်ဓာတ်ကျတတ်တဲ့ hero မဟုတ်ဘူး သူ့ကြည့်လိုက်ရင်အမြဲပျော်ရွှင်နေတတ်တဲ့ကျွန်တော်တို့ရဲ့ friendly neighbourhood spider man Animation ကားလို့ဆိုပေမယ့် Tobey ရဲ့ spider man တုန်းကလိုဖီလ်းမျိုးအငွေ့အသက်မျိုး ပြန်ခံစားလိုက်ရတယ် ကြည့်ရတာတော်တော်တန်ပါတယ် Spider man ကို ကလေးဘဝကတည်းကကြိုက်ခဲ့တာခုချိန်ထိပဲ ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင် က အညွှန်းရေးပေးထားပြီး ဟိန်းသက်နိုင် နဲ့ မျိုးညွှန့် တို့က ဘာသာပြန်ပေးထားပါတယ်

Me Before You (2016) ⭐IMDB: 7.4/10 (267 k Votes) 🎬 #Drama #Romance 🗓️ 2016 🎞️ Movie 📺 #720p #1080p #4K 💿 830.6 MB ⦿ 1.3 GB ⦿ 3.2 GB 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Datshin Review : Me Before You (2016)Drama, Romance— Plot —.အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။.— Review —.Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ်၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။.ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။.အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။.အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။.အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါ

Fool's Paradise (2023) ⭐IMDB: 4.8/10 (2 k Votes) 🎬 #Comedy 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 2.2 GB ⦿ 703.0 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fool’s Paradise(2023) ********************* ဒီဇာတ်လမ်းလေးကတော့ ရုပ်ရှင်လောကအကြောင်း‌ သရော်ထားတဲ့ Comedyကားလေးပါ။အနုပညာလောကရဲ့ ကျော်ကြားမှုတွေ၊ ဂုဏ်‌တွေ၊ ငွေတွေနောက်လိုက်ကြတဲ့သူတွေရဲ့ ဇာတ်ကြောင်းဘဝတွေပါ။အနုပညာရှင်တွေဆိုတာ နေ့ချင်းညချင်းနာမည်ထကြီး၊ နေ့ချင်းညကြီးပဲ ခွက်ပျောက်ဖြစ်သွားတဲ့သဘောရှိပါတယ်။ဒီလောကထဲမှာပဲ နာမည်ကြီးစဥ်က ကပ်ဖားယပ်ဖားလုပ်ပြီး အရှိန်အဝါမှေးမှိန်သွားမှ ပစ်ချတတ်တဲ့ အေဂျင်စီတွေရဲ့ သဘောကိုလည်း မြင်တွေ့နိုင်ပါတယ်။ဇာတ်လမ်းကြောင်းအနေနဲ့ စကားလည်းမပြောတတ်၊ ဉာဏ်ရည်ကလည်း ငါးနှစ်ကလေးသာသာ ကျပ်မပြည့်တဲ့သူတစ်ယောက် အနုပညာလောကကြီးမှာနာမည်ကြီးဖြစ်လာပုံကိုရိုက်ကူးပြထားတာပါ။တစ်ကားလုံးမှာမှ စကားက လေးလုံးပဲပြောသွားပါတယ်။ သူ့ကို အမှီပြုပြီး ဖြတ်ခုတ်တွေ၊ ကပ်ဖားတွေ၊ အချောင်စားချင်တဲ့သူတွေအကြောင်းမြင်တွေ့ရမှာပါ။Mr. Beanလို စကားမပြောဘဲ ဝါးလုံးကွဲရယ်ရအောင်လုပ်ပြတဲ့ကားမျိုးတော့မဟုတ်ပါဘူး။သရော်ကားဖြစ်တာနဲ့အညီ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ တစ်ပတ်ရိုက်အကွက်တွေ မြင်တွေ့ရမယ့်ကားမျိုးပါ။

Female Inquisitor (1987) ⭐IMDB: 4.4/10 (219 Votes) 🎬 #Adult #Asian #Horror #SciFi 🗓️ 1987 🎞️ Movie 📺 #1080p #720p 💿 1.4 GB ⦿ 604.8 MB 🌎 #Japan ⏰ 1 နာရီ 10 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rusted Body: Guts of a Virgin 3 (Gômon kifujin) (1987)Female Inquisitor 1987 စစ်ကြီးပြီးသွားတော့ လူတွေက ဦးရာလူစနစ်နဲ့ ရသလောက်အနိုင်ကျင့်နေကြတဲ့အချိန်ပိုက်ဆံအများကြီးပိုင်ထားတဲ့သူတွေ မလုံခြုံတဲ့အချိန်… သူတပါးပိုင်ဆိုင်တဲ့ပိုက်ဆံတွေကို ငမ်းငမ်းတက်လိုချင်နေတဲ့ဂိုဏ်းတဂိုဏ်းရှိနေပါတယ် အဲဒီဂိုင်းက ရက်စက်လွန်းလို့ နာမည်ကြီးလှပါတယ်အဓိက ဦးဆောင်နေတာက မထင်ရက်လောက်အောင် လှပချောမောတဲ့အမျိုးသမီးနှစ်ဦး ဦးဆောင်ထားတယ် သူတို့နှစ်ယောက်က ညှင်းပန်းနည်းတွေက ကြောက်စရာကောင်းလှတယ်တနေ့ သူတို့ ယန်း သန်း ၁၄၀ အနံ့ရပြီးလိုက်ကြတဲ့အခါသူတို့ရဲ့ ညှင်းပန်းမှုတွေက ခက်ထန်သလို နူးညံ့တာလေးတွေရော ရောယှက်နေတာမမကြီးတစ်ယောက်နဲ့ အရွယ်ငယ်ကောင်မလေးတယောက်ရဲ့အတိုင်ဖောက်ညီညီ သတင်းလိုက်တာလေးတွေက DS Fans တွေအကြိုက်ဖြစ်လို့တင်ဆက်ပေးလိုက်ပါတယ်

Thir13en Ghosts (2001) ⭐IMDB: 5.6/10 (90 k Votes) 🎬 #Fantasy #Horror 🗓️ 2001 🎞️ Movie 📺 #1080p #720p 💿 2.0 GB ⦿ 866.8 MB 🌎 #Canada #UnitedStates ⏰ 1 နာရီ 31 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Horror ကားတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ညိုကီတို့ အတွက် သရဲကားတစ်ကား တင်ဆက်လိုက်ပါတယ်။ 2001 ခုနှစ်က ဇာတ်ကားဖြစ်ပြီး IMDb 5.6 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆိုးသွမ်းရက်စက်တဲ့ ၀ိညာဉ်တွေကို အကြံတစ်ခုနဲ့ လိုက်ဖမ်းနေတဲ့ လူတစ်ယောက်ရဲ့ အိမ်ကို အမွေဆက်ခံဖို့ ရောက်ရှိလာတဲ့ မိသားစုတစ်ခုရဲ့ကြောက်စရာ အဖြစ်ဆိုးအကြောင်းပါ။ ဒီဇာတ်ကားမှာ ပါဝင်တဲ့သရဲတွေ အကြောင်းကို သိနိုင်စေဖို့ ဘာသာပြန်သူ ညီသံလွင်မှ စာထဲမှာ ကွင်းစကွင်းပိတ်နဲ့ ထည့်ရေးပေးထားတဲအတွက် စာအနည်းငယ် များနေတဲ့နေရာတွေမှာ ရပ်ပြီး ဖတ်ကြည့်မယ်ဆိုရင် ပို စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။

Traveling Sandwich (2022) ⭐⁉️ 🎬 #Drama 🗓️ 2022 🎞️ Movie 📺 #1080p #720p 💿 1012.1 MB ⦿ 450.0 MB 🌎 #Japan ⏰ 49 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Traveling Sandwich (2022) အလောင်ကားတွေ အဆွေးကားတွေအကြည့်များပြီး ပြာဖြစ်နေတဲ့CM ပရိသတ်တို့အတွက်ကျေးလက်သဘာဝအကြောင်းရိုက်ကူးထားတဲ့ ဂျပန် ရုပ်ရှင်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တောတောင်ရေမြေရဲ့သဘာဝ၊ စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်တဲ့ဂျပန်နယ်မြို့လေးရဲ့ နေထိုင်မှုဘဝကို တစေ့တစောင်းရိုက်ကူးပြထားပြီးသွားရည်ယိုချင်စရာ Sandwich လေးတွေကိုပါ ငမ်းရမှာဆိုတော့ညဘက်မှာကြည့်မိရင်တော့ ‌ရေခဲသေတ္တာထဲ လှန်လှောရှာမိစေမယ့်ရုပ်ရှင်လေးပါပဲ။ တိုကျိုမှာSandwichဆိုင်ဖွင့်ထားတဲ့ Kurumiနဲ့ Kaedeဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကပုံမှန် ဖြစ်ရိုးဖြစ်စဉ်ဘဝတွေထဲမှာ ရှင်သန်ရတဲ့ဘဝကို မနှစ်မြို့ရာက စလို့ကားပေါ်မှာ‌ Sandwichဆိုင်ပြောင်းဖွင့်ဖို့ အကြံရရာကနေ အစပြုထားပါတယ်။ဦးတည်ရာမဲ့လျှောက်သွားရင်းနဲ့ ရောက်တဲ့နေရာမှာရှိတဲ့ပစ္စည်းနဲ့ မီနူးသစ်ကိုတီထွင်တာကတော့Traveling Sandwich ဆိုင်လေးရဲ့ ထူးခြားချက်တစ်ခုပါပဲ။ဒီတစ်ခါမှာတော့ Sandwich ကားလေးက ရောက်တတ်ရာရာသွားရင်းနဲ့တာကာဆာကီဆိုတဲ့ စိုက်ပျိုးရေးမြို့လေးကို ရောက်သွားပါတယ်။ “ပေါင်မုန့်ဆိုတာ ရှိနေရင်ဝေမျှရတယ်” ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ Kurumiတစ်ယောက်လမ်းမှာတွေ့သမျှလူတွေကို ကူညီရင်းနဲ့ ရွာသားတွေနဲ့ ဘယ်လိုရင်းနှီးသွားမလဲ။စိုက်ပျိူးရေးမြို့ငယ်လေးဖြစ်တာနဲ့အညီ ဒေသထွက်ကုန်ဖြစ်တဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေနဲ့ဘယ်လိုထူးခြားတဲ့ sandwich တွေကို ဖန်တီးသွားမလဲ။သူတို့ကိုတည်းခိုခွင့်ပေးထားတဲ့‌တောင်သူကြီးယိုဂျီရဲ့ပြဿနာကိုရောဘယ်လိုကူညီဖြေရှင်းပေးသွားမလဲ‌ဆိုတာကို အားလုံးအတူကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်အပန်းဖြေဖို့ ရုပ်ရှင်လေးတစ်ကားလည်းကြည့်ချင်တယ်အချိန်လည်းအများကြီးမပေးချင်ဘူးဆိုသူတွေအတွက်တစ်နာရီနဲ့ Healingဖြစ်စေမယ့် ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။

The Legend & Butterfly (2023) ⭐IMDB: 6.2/10 (239 Votes) 🎬 #Drama #History #Romance 🗓️ 2023 🎞️ Movie 📺 #1080p #720p #480p 💿 2.9 GB ⦿ 1.0 GB ⦿ 313.4 MB 🌎 #Japan ⏰ 2 နာရီ 49 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Legend And Butterfly(2023) ****************************** ဂျပန် တန်းမွန်းခေတ်က ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကို အခြေခံပြီး ဒါရိုက်တာOtomo Keishiကရိုက်ကူးတင်ဆက်ထားပါတယ်..သမိုင်းကြောင်းလေးကိုအနည်းငယ်ပြောပြရရင် ဂျပန်ဟာအဲဒီခေတ်အဲဒီအခါတုန်းက ပုဂံမတိုင်ခင် မြန်မာနိုင်ငံလိုပဲ တစ်နယ်စီသီးခြားကွဲပြားနေခဲ့တာပါ .. ဒါပေမဲ့ အနော်ရထာလက်ထက်မှာပုဂံအင်ပါယာအနေနဲ့စုစည်းနိုင်ခဲ့သလိုပါပဲ .. ဇာတ်လမ်းထဲကဇာတ်လိုက်ဖြစ်တဲ့ အိုဒါ နိုဘူနဂဆိုတာ ဂျပန်ပြည်ကိုပထမဆုံးအကြိမ်စုစည်းနိုင်ခဲ့တဲ့ daimyō(စစ်ဘုရင်)တစ်ပါးဖြစ်ခဲ့ပါတယ်..ဇာတ်လမ်းအကျဥ်းကတော့ အိုဝါရီစီရင်စုရဲ့ သခင် အိုဒါ နိုဘူနဂ နဲ့ မီနိုစီရင်စုက မင်းသမီးနိုဟီမဲတို့ရဲ့လက်ထပ်ပွဲနဲ့အစပြုထားပါတယ်တစ်နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Daimyō ကြီးဖြစ်လာမှာပေမဲ့ နိုဘူနဂဟာ သမိုင်းမှာ အိုဝါရီရဲ့အရူးလို့နာမည်ပြောင်ရတဲ့အထိကိုပေါကြောင်ကြောင်နဲ့ပါ … တဖက်မှာတော့ မင်းသမီးနိုကအလွန်ထက်မြက်ပြီးမြွေပွေးရဲ့သမီးလို့ပါ နာမည်ကြီးသူပါ .. စရိုက်ရောပညာဉာဏ်ပါမတူတဲ့သူတို့နှစ်ယောက် နိုင်ငံရေးပရိယာယ်တွေကြောင့်သာလက်ထပ်လိုက်ပြီးနောက်ပိုင်းမှာတော့…

Raaghu (2023) ⭐IMDB: 9.5/10 (42 Votes) 🎬 #Action #Bollywood #Horror #Thriller 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.4 GB ⦿ 597.0 MB 🌎 #India ⏰ 1 နာရီ 31 မိနစ် 47 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raaghu 2023IMDb – 9.6/10 ဇာတ်လမ်းအကျဉ်း ကိုဗစ်ကာလအတွင်း တစ်နိုင်ငံလုံးနီးပါး လော့ခ်ဒေါင်းချလိုက်တဲ့အချိန်မှာတော်တော်များများဒုက္ခရောက်ကုန်ကြတယ်။ အလုပ်တွေလည်းနားလိုက်ရပြီးအိမ်မှာပဲပိတ်မိနေရတဲ့အချိန်ပေါ့။ ဒါပေမဲ့ ဆေးဝါးပို့ဆောင်ရေးသမားဖြစ်တဲ့ရာဂူကတော့အဲဒီအချိန်မှာဆေးဝါး‌‌တွေပို့ရင်းအလုပ်များနေရတယ်။ လူတကာပိတ်မိနေတဲ့ချိန်မှာ လွတ်လပ်စွာသွားလာနိုင်တဲ့ပို့ဆောင်ရေးသမားကိုသတိထားမိသွားတဲ့ မသမာသူတွေကဒါကိုအခွင့်ကောင်းယူပါတော့တယ်။တစ်နေ့မှာ‌ ပါဆယ်တစ်ခုပို့ပေးဖို့ ရာဂူတစ်ယောက်ဖုန်းလက်ခံရရှိသွားတဲ့အချိန်မှာတော့ ပါဆယ်တစ်ထုပ်ကြောင့်မထင်မှတ်ဘဲသူ့အသက်ကိုပါ ခြိမ်းခြောက်လာတော့တယ်။ ဇာတ်လမ်းအစမှာတင် ဇာတ်ကွက်ကိုခပ်သွက်သွက်ပဲစထားတာမို့တစ်ကွက်မှမပျင်းရဘဲ ဇာတ်ကားဆုံးတဲ့အထိ ရင်တမမနဲ့ကြည့်ရှူရမှာဖြစ်ပါတယ်။(အညွှန်းရေးသားသူကတော့ Nyein ဖြစ်ပြီးဘာသာပြန်တွေကတော့ Nyein~Aditi~Chiclon3နဲ့ Yunni တို့ပဲဖြစ်ပါတယ်

The Black Demon (2023) ⭐IMDB: 3.6/10 (2 k Votes) 🎬 #Horror #SciFi #Thriller #Uncategorized 🗓️ 2023 🎞️ Movie 📺 #1080p #720p #480p 💿 2.2 GB ⦿ 1.1 GB ⦿ 588.8 MB 🌎 #Mexico #DominicanRepublic #UnitedStates ⏰ 1 နာရီ 41 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်‌တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း “မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ”၊ “မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်” အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ သေချာပါတယ်ခင်ဗျာ။ သိပ်ပြီးအားမရမိတဲ့အချက်ကတော့ အရင်ကြည့်ဖူးတဲ့ The Meg တို့ Deep Blue Sea တို့လောက် သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပါမနေတာပါပဲ။ ဒီတစ်ခုကလွဲရင် ဇာတ်အိမ်လည်းခိုင်ပြီး ဒီနှစ် (၂၀၂၃) မှာမှထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားတစ်ကားဖြစ်တာမို့ အားလပ်ရက်မှာ မုန့်လေးစားရင်း ဇာတ်ကားလေးကြည့် အေးအေးဆေးဆေးလေး chill ဖို့ အဆင်ပြေမဲ့ကားတစ်ကားပါပဲခင်ဗျာ။

Influencer (2022) ⭐IMDB: 6.0/10 (2 k Votes) 🎬 #Horror #Mystery #Thriller 🗓️ 2022 🎞️ Movie 📺 #1080p #720p #480p 💿 1.3 GB ⦿ 745.8 MB ⦿ 358.6 MB 🌎 #UnitedStates #Thailand #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အရမ်းလည်း dark မဖြစ်ဘဲ တထိတ်ထိတ်နဲ့ရင်ခုန်ရမဲ့ mystery ဆန်ဆန် movie ကောင်းလေးတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် (၂၀၂၃) ထွက် အသစ်ဆက်ဆက် mystery ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။ မက်ဒီဆင်က နာမည်သိပ်မရှိတဲ့ သာမန် social influencer တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံကို အလည်အပတ်ခရီးစဉ်အနေနဲ့ရော၊ ကြော်ငြာပစ္စည်းတွေအတွက် blog တွေရိုက်ကူးဖို့အတွက်ရော ရောက်ရှိလာခဲ့ပါတယ်။ မပြေလည်တဲ့ rs ပြဿနာတွေအတွက်ရော၊ မအောင်မြင်တဲ့ သူ့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကြောင့်ရော စိတ်ဖိစီးမှုတွေများနေစဉ်မှာပဲ CW လို့ခေါ်တဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ရဲ့ စတွေ့ခဲ့ပါတယ်။ CW က ဖော်ရွေတတ်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့အတွက်လည်း အများကြီးကူညီပေးခဲ့တဲ့ မိတ်ဆွေတစ်ယောက်ပါ။ ဒါပေမဲ့လည်း မက်ဒီဆင်ထိုင်းနိုင်ငံကပြန်ခါနီးမှာပဲ ပက်စပို့ခိုးခံလိုက်ရပြီး ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းက ပုံမှန်နဲ့မတူတဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး IMDB rating ကလည်း 6.1 အထိရရှိထားတာမို့ mystery ဆန်ဆန်ဇာတ်ကားတွေကို နှစ်သက်တတ်တဲ့သူတွေအတွက် ကြည့်ရအဆင်ပြေစေမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ။

Barons (2022- ) ⭐IMDB: 5.6/10 (427 Votes) 🎬 #Drama #Animation #Action&Adventure #Documentary 🗓️ 2022- 🎞️ Series 📺 1080p 🌎 #Australia ⏰ 56 မိနစ် 52 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Barons (2022) CompleteBarons (2022) Complete Limited Series  ဒီတစ်ခါ မိတ်ဆက်​​ပေးမယ့် စီးရီး​​လေးက​တော့ ၁၉၇၀ နှစ်ပိုင်း သြ​စ​တြေးလျနိုင်ငံ လှိုင်းစီးဝတ်စုံ​လောကမှာ ပြိုင်ဘက်​တွေဖြစ်ခဲ့တဲ့ ​ဘေလာဘွန်းနဲ့ ကွစ်​ဆေးဗားကို ​ကျောရိုးယူရိုက်ထားတဲ့ သြစ​တြေးလျ ဒရာမာစီးရီး​ကောင်း​လေး Barons ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ တ​ရော့နဲ့ စနတ်ပါဆိုတဲ့ သူငယ်ချင်းနှစ်​ယောက် လှိုင်းစီးဝတ်စုံကုမ္ပဏီတစ်ခုကို အတူတူလုပ်ကိုင်​နေရင်း ​တွေး​ခေါ်ပုံ ​ရှေ့ဆက်​လျောက်မယ့်အစီအစဥ်​တွေမတူ​တော့တဲ့အတွက် လမ်းခွဲလိုက်ကြတဲ့အခါ အချစ်ဆုံးသူငယ်ချင်း​တွေကြား ဖြစ်လာမယ့် က​တောက်ကဆ​တွေ လူငယ်ကားပီပီ အချစ်​ရေးဇာတ်ရှုပ်​တွေ ကျရှုံးမှု​တွေ ​အောင်မြင်မှု​တွေကို ရသ​ပေါင်းများစွာနဲ့ ကြည့်ရှုရပါလိမ့်မယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်) Size ~ 600MB+

Oh My Darling (2023) ⭐IMDB: 5.5/10 (865 Votes) 🎬 #Bollywood #Comedy #Romance 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.8 GB ⦿ 801.7 MB 🌎 #India ⏰ 1 နာရီ 59 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb – 6.9 /10Oh my darling (2023) ဒီတစ်ခေါက်မှာကတော့မင်းသမီးချောလေး Anikha Surendran ပါဝင်သရုပ်ဆောင်ထားပြီးMalayalamအမျိုးအစားဖြစ်တဲ့အပြင် ရိုမန့်လည်းဆန် ရယ်လည်းရယ်ရတဲ့ Oh my darlingဆိုတဲ့၂၀၂၃ထွက်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းနာမည်နဲ့တင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာကို ခန့်မှန်းမိကြမှာပါဒီဇာတ်လမ်းလေးကတော့ လူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ဇာတ်လမ်းလေးတွေကိုသဘာဝကျကျထည့်သွင်းပေးထားပါတယ် ဂျိုရယ်နဲ့ဂျန်နီက သိပ်ချစ်ကြတဲ့လူငယ်စုံတွဲလေးဖြစ်ပြီး သူတို့နှစ်ဦးကြားမှာလည်းရိုဆန်ဆန်ဖြစ်ရပ်တွေ အချစ်တွေနဲ့ပြည့်နှက်နေတာပါ ဂျိုရယ်ကသူ့အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်ဖြစ်ကာ ဂျန်နီကတော့ကိုရီးယားကားတွေကိုရူးသွပ်တဲ့ခေတ်မိန်းမပျိုလေးတစ်ယောက်ဖြစ်ပါတယ်ရိုးရှင်းနေတဲ့ သူတို့ရဲ့ဘဝထဲကို ရှုပ်ထွေးတဲ့ဇာတ်လမ်းလေးတစ်ပုဒ်က ဂျန်နီရဲ့မွေးနေ့ကိုအစပြုပြီးထွက်လာပါတော့တယ် ဂျန်နီရဲ့မွေးနေ့ကနေထွက်လာတဲ့ဇာတ်လမ်းလေးကသူတို့နှစ်ဦးကိုဘယ်လိုပြောင်းလဲသွားစေမလဲ သူတို့ကရောဒီဖြစ်ရပ်ကိုဘယ်လိုမျိုးတွေရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ဟာသဇာတ်နှောပြီးရင်ခုန်စွာကြည့်ရှူ့လိုက်ရအောင်

Sea of Time (2022) ⭐IMDB: 7.6/10 (728 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 #1080p #720p 💿 2.0 GB ⦿ 963.7 MB 🌎 #Netherlands ⏰ 1 နာရီ 52 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sea of Time (2022) ~ IMDb rating – 7.6/10 ~ ဒီကားရဲ့ ဇာတ်လမ်းဟာ လက်တွေ့ဘဝက ကြေကွဲစရာဖြစ်ရပ်မှန်လေးကို အခြေခံထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်တွေတုန်းက ယိုဟန်နာနဲ့ လူးကပ်စ်တို့ဟာ သူတို့ရဲ့ သားလေး ကိုင် နဲ့အတူ ရွက်လွှင့်ခရီးတစ်ခုထွက်ရင်း အဆုံးအစမဲ့ သမုဒ္ဒရာကြီးထဲ အပျော်ခရီးစဉ်လေးတစ်ခုထွက်ခဲ့ကြပါတယ်။ ကမ္ဘာပေါ်မှာ… ပင်လယ်ရေပြင်ကြီးထဲမှာ… သူတို့ ၃ ယောက်တည်းရှိတဲ့အတိုင်း အပူအပင်ကင်းကင်း ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့။ တစ်ရက်မှာသူတို့သားလေး ကိုင် ပင်လယ်ထဲ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တာကစပြီး ကျန်ခဲ့တဲ့သူတို့ ၂ယောက်ရဲ့ဘဝကလည်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေနဲ့ ကမောက်ကမဖြစ်ခဲ့ရတယ်။ သူတို့သားလေးပျောက်ဆုံးမှုအပေါ် ဖြေမဆည်နိုင်လွန်းလို့ အဲဒီအဖြစ်အပျက်ကြီးကို မေ့ထားပစ်ချင်တဲ့ ဖခင်ဖြစ်သူလူးကပ်စ်နဲ့ သားလေးအကြောင်းကိုပဲမေ့မရဖြစ်နေတဲ့ ယိုဟန်နာတို့ ကတောက်ကဆတွေဖြစ်ရာကနေ ဝေးသွားကြပါတော့တယ်။ ‌နှစ်ပေါင်း ၃၅ နှစ်အကြာမှ သူတို့ချင်းပြန်တွေ့ကြတဲ့အခါ ဘဝကိုယ်စီနဲ့ဖြစ်နေကြပါပြီ။ ဒါပေမဲ့ သူတို့သားလေးအပေါ်ထားတဲ့သတိရစိတ်တွေ ကတော့ လတ်ဆတ်နေတုန်း… ချစ်ရက်နဲ့ဝေးခဲ့ရတဲ့သူတို့ချစ်ခြင်းတွေကလည်း သင်းပျံ့နေတုန်း… အချိန်တွေကကုစားသွားမှာပါလို့ ကျွန်တော်တို့အမြဲပြောလေ့ရှိပေမဲ့ တချို့အဖြစ်အပျက်တွေဟာ အချိန်တွေဘယ်လောက်ကြာကြာ ဘယ်လောက်ပဲမေ့ပစ်ဖို့ကြိုးစားကြိုးစား ရုန်းထွက်ဖို့ခက်ခဲတတ်ကြတယ်။ သူတို့ကကော ကိုယ်စီဘယ်လိုရုန်းထွက်ကြမလဲ… ဒီရုပ်ရှင်ဟာ သရုပ်ဆောင်တွေရဲ့ အသက်ပါချက်နဲ့တင် ကိုယ်တိုင်လည်း ထပ်တူခံစားလာရသလို မွန်းကြပ်မှုတွေ နောင်တတွေ ဖြေဆည်မရဖြစ်ခြင်းတွေပါ တပြုံကြီးခံစားရစေမယ့် Drama ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)

The People Under the Stairs (1991) ⭐IMDB: 6.4/10 (37 k Votes) 🎬 #Comedy #Horror #Mystery #Thriller 🗓️ 1991 🎞️ Movie 📺 #1080p #720p 💿 2.7 GB ⦿ 773.8 MB 🌎 #UnitedStates ⏰ 1 နာရီ 42 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The People Under The Stairs (1991) ~ IMDb – 6.4/10, Rotten Tomatoes – 70% ~ ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​​တော့ 1991 မှာ ထွက်ရှိထားတဲ့ ​ကြောက်လည်း​ကြောက်ရ ရယ်လည်းရယ်ရမယ့် သည်းထိတ်ရင်ဖို ဟာသကား​လေးThe People Under the Stairsပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ တား​​ရော့ရူး အမတစ်​ယောက်​ကြောင့် နာမည်ရင်းထက် နာမည်​ပြောင်သာလူသိများကြတဲ့ ဖူး(Fool)တစ်​ယောက် မ​တော်​လောဘမက်တဲ့ ​မြေပိုင်ရှင် ​လင်မယား နှစ်​ယောက်​ကြောင့် အိမ်​ပေါ်ကဆင်းရဖို့ အ​ကြောင်းဖန်လာတဲ့အခါ… အ​မေဖြစ်သူကလည်း ကင်ဆာ​ရောဂါ ခံစား​နေရပြီး ခွဲစိတ်ဖို့ ပိုက်ဆံမတတ်နိုင်​သေးတဲ့အချိန် ​မြေပိုင်ရှင်​လင်မယားအိမ်မှာ ​ရွှေပြားသွားခိုးဖို့ ထွက်လာတဲ့အခါ… အိမ်ကြီးရဲ့​နောက်ကွယ်က ဖြစ်ရပ်မှန်​တွေ အိမ်ကြီးထဲမှာ ဘာ​တွေ လျှို့ဝှက်ထားတာ​တွေရှိလဲ… အိမ်ကြီးထဲဝင်​ဖောက်မိတဲ့အခါ ဘာ​တွေ​တွေ့ကြုံရမလဲ… ဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရမယ့်အပြင် အလွဲ​လေး​တွေလည်းပါတာမို့ ရယ်လည်းရယ်ရမယ့် ကား​ကောင်း​လေးတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)